"ယိမ်း မျက်နှာလည်းမကောင်းပါလား။ဘာများဖြစ်လို့လဲဟင်။ "
"ဘာဖြစ်ပါဘူး ဝင့်လွာရယ် ။ ပုံမှန်ပါဘဲ။"
"မဟုတ်တာဟယ် ။ သူများတွေကိုလိမ်လို့ရရင်ရမယ်။ငါတို့အချင်းချင်းကိုတော့လိမ်လို့မရဘူးနော် ယိမ်း။ ဘာလဲ နေသော်နဲ့တစ်ခုခုဖြစ်လို့လား။"
စိမ့်စိမ့်ေလးအား ထားခဲ့ကာဖုန်းပြောပြီးပြန်လာကတည်းကယိမ်းမျက်နှာပျက်နေသည်ကို နှစ်ယောက်လုံးသတိထားမိလိုက်ကြသည်။ေဒါ်ေလးဆန်းမြအိမ်သို့ပြန်ရောက်လာသည့်အထိ ပုံမှန်မဟုတ်သည့်ယိမ်းကြောင့် မေးလိုက်မိခြင်းဖြစ်သည်။
"ယိမ်း ။ ငါတို့မှာဒီသူငယ်ချင်းလေးသုံးယောက်ဘဲရှိတာလေ၊ ငါတို့ကိုမှမတိုင်ပင်ရင် ဘယ်သူ့ကိုသွားတိုင်ပင်မှာလဲ။"
ပန်း၏စကားအဆုံးမှာ ယိမ်း၏သက်ပြင်းချသံ။
"တို့ ဟိုကလေးကိုမာန်လိုက်မိတယ်။ ဒါပေမယ့်တို့ကကောင်းစေချင်တဲ့စိတ်တစ်ခုတည်းအတွက်နဲ့ပါ ယူရယ်။"
"ဘယ်သူလဲ နေသော့်ကိုလား။"
ပန်းဆု၏အမေးအား မျက်နှာမကောင်းစွာဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။ ထိုကလေးမကိုခုလိုမာန်မိတိုင်း ယိမ်းရင်ထဲတွင်လည်းနေလို့မကောင်းတာ ကိုယ်တိုင်သာသိသည်။
---------------
ဝင့်လွှာ၏စကားအတိုင်းဘဲ ထိုရွာလေးတွင်သုံးရက်ခန့်မျှနေခဲ့ပြီးတွင်ေတာ့ ပြန်လာခဲ့ကြသည်။
"မမ ပြန်လာပြီလား။"
ပန်း၏အိမ်နှင့်ပိုနီးတာကြောင့် ပန်းဆုနေသော်အားအရင်ပို့ပေးလိုက်မည်ဟု ဝင့်လွှာ၏အပြောအားခေါင်းငြိမ့်လိုက်မိသည်။
သူမတို့ကားလေးရောက်ရောက်ခြင်းပင် အိမ်ထဲကနေ jjဘောင်းဘီကြီးနှင့်ပြေးထွက်လာသည့်ကလေးမအား ကားမှန်ကနေတစ်ဆင့်ကြည့်နေမိသည်။
"အွန်း ညီမလေး။ အိတ်တွေကူသယ်ပေးအုံး။"
"ခိုင်းတတ်တယ်နော် ။သယ်ပေးမလို့ဘဲထွက်လာတာပါ။"
အချင်းချင်းပြောနေကြသည့်ညီအစ်မနှစ်ယောက်၏အသံတွေအား ကားထဲကနေ၍နားစွင့်နေလိုက်သည်။အမြဲလိုလိုမတည့်သည့် ဒီနှစ်ယောက်ကလည်းဒီလိုအချိန်ကျနွေးထွေးသားဘဲဟုတစ်ပြိုင်နက်အတွေးလိုက်မိရင်း ခပ်သဲ့သဲ့လေးပြုံးလိုက်မိသည်။
"ကဲ။ဒါဆိုတို့တွေသွားတော့မယ်နော် ယူ။
ယိမ်းကိုလည်းလိုက်ပို့ရအုံးမှာဆိုတော့လည်း အရမ်းနောက်ကျသွားမှာစိုးလို့။"
ဝင့်လွှာဟာကားမှန်ကိုချလိုက်ရင်း နှုတ်ဆက်သည်။ ထိုအခါ ဆတ်ကနဲမော့ကြည့်လာသောသူ ။ ယိမ်းက ကားမောင်းသူဘေးမှထိုင်လိုက်လာသည်ကြောင့် သူယိမ်းကိုမြင်မှာသေချာပေါက်ပင်ဖြစ်သည်။ သို့ပေမယ့်လို့ ယိမ်းအားတစ်ချက်သာကြည့်ပြီး ဝင့်လွှာကိုနှုတ်ဆက်သည်။ ထိုအပြုအမှုကြောင့် ယိမ်းအတော်လေးစိတ်မကောင်းဖြစ်သွားရသည်။ ယိမ်းကိုေတွ့လျှင်ခါတိုင်းလိုပင် ပြေးလာပြီးဆူညံနေအောင်လာနှုတ်ဆက်မည်ဟု အထင်ဟာလွဲမှားသွားမှန်းသိလိုက်ရသည်။
*************
"ဝင့်လွှာ ကားကိုဂရုစိုက်မောင်းနော်။"
"အင်းပါ ယိမ်းရဲ့။တို့သွားပြီနော်။"
ယိမ်းအားလိုက်ပို့ပြီးသည်နှင့် ချက်ချင်းပြန်ထွက်သွားသောဝင့်လွှာ၏ကားလေး ခြံအပြင်သို့ရောက်သွားပြီဆိုမှ အိမ်ထဲသို့ဝင်လာခဲ့သည်။
"သမီး ပြန်လာပြီလား။ခရီးပန်းနေရောပေါ့ကွယ်။ ရေမိုးချိုးပြီးနားချေအုံး။ ပြီးရင် ထမင်းစားရအောင်ဆင်းခဲ့နော်။ သမီးမောင်လေးလည်းပြန်လာတော့မှာရယ်။"
"ဟုတ်ကဲ့ မာမီ။"
မီးဖိုခန်းထဲတွင်မမောနိုင်မပန်းနိုင်ချက်ပြုတ်နေရှာသောမာမီဟာခပ်ပြုံးပြုံးဖြင့်ဆီးကြိုသော်လည်း တက်တက်ကြွကြွဖြင့်ပြန်မနှုတ်ဆက်နိုင်ပါ။ ဒီကလေးမ ဘာကြောင့်ယိမ်းအား မသိသလိုလုပ်သွားတာလဲဟုသာထပ်တစ်လဲလဲတွေးပူနေမိသည်။ တစ်နေ့ကကိစ္စသည် ယိမ်းဘက်ကလွန်သွားမှန်းသိသော်လည်း သူကောင်းဖို့ရာအတွက်သာဆူငေါက်လိုက်ခြင်းမို့နောင်တဆိုသည့်စိတ်ကတော့ဖြစ်ပေါ်မနေပေ။
ယိမ်းတစ်ယောက် လေးပင်စွာဖြင့်သာ ရေချိုးရန်ပြင်ရတော့သည်။သူမ ခရီးပန်းလာသည့်ဒဏ်ကြောင့် အနားယူမှဖြစ်တော့မည်ဆိုတာ သိလိုက်သည်။
************
အိမ့်ဆုနေသော်တို့အိမ်တွင်...။
ခရီးပြန်လာအပြီး တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေသည်မို့ မဖြစ်မနေရေချိုးကာကုတင်ပေါ်သို့အစောကြီးနားနေလိုက်သည်။ထိုစဉ်ဘဲ ပန်း၏အခန်းထဲသို့လာရှုပ်နေသာညီမတော်ကြောင့် မျက်နှာကြီးမဲ့ပစ်လိုက်သည်။
"မမ ဟိုရွာမှာတုန်းကအစ်မ နေမကောင်းဖြစ်ခဲ့တာလားဟင်။"
"ဘယ်ကသာ ၊မဖြစ်ပါဘူးဟဲ့။"
ရုပ်ကအူကြောင်ကြောင်ဖြင့် ပေါက်တက်ကရမေးနေသည့် နေသော့်အားစိတ်ပေါက်ပေါက်နဲ့အော်ပစ်လိုက်သည်။
"ဟုတ်လား။ဒါဆိုဘာလို့မျက်နှာမကောင်းတာလဲမသိဘူး။"
"ခရီးပန်းလာလို့ဖြစ်မှာပေါ့ နေသော်ရယ်။ငါတောင် တစ်ကိုယ်လုံးညောင်းညာနေတာ ၊ နားချင်နေပြီ။သွားတော့ ကိုယ့်အခန်းကိုယ်။"
ထိုသို့ခတ်ဆတ်ဆတ်လေးအော်လိုက်တော့ ချက်ချင်းမျက်နှာပျက်သွားလေသည်မို့ စကားမှားသွားတာလားဟုပင်ထင်ယောင်ထင်မှားဖြစ်သွားရသည်။
"သွားမှာပါ ဟွန့်။ နင်လည်း ဟိုအမျိုးသမီးရဲ့သူငယ်ချင်းလို့ကိုမပြောရဘူး။လေသံကိုကတစ်လေသံထဲဘဲ။ ပြန်မယ် ။ဒီအိမ်မှာမနေဘူး ။
"နင်ကဒီအိမ်မှာမနေလို့ဘယ်မှာသွားနေမှာတုန်း။"
"ဘွားအိမ်ကိုပေါ့ ။ငါအိမ်ပေါ်ကနှင်ချခံရတာမသိဘူးမလား။ အခုဆိုရင် ဒယ်ဒီနဲ့တောင်မျက်နှာချင်းဆိုင်ရဲသေးတာမဟုတ်ဘူး။ ဒီနေ့တောင် နင်ပြန်လာမှာဆိုလို့ ခနပြန်လာတာ။"
အိမ်ပေါ်ကနှင်ချခံရတယ်ဆိုသည့်အပြောကြောင့် တစ်နေ့က လူမှန်းသူမှန်းမသိအောင်သောက်ခဲ့သည့်ကိစ္စကြောင့်ဖြစ်မည်ဆိုတာတန်းသိလိုက်သည်။တစ်အိမ်လုံးမှာဩဇာအာဏာရှိတဲ့ဒယ်ဒီ့ကိုတော့သူလည်းကြောက်ပါသည်။ အငယ်ဆုံးလေးမို့ဆိုးလျင်တိုင်းဆိုးနေသည့်နေသော်နှင့်စည်းကမ်းတင်းကြပ်လွန်းသည့်ဒယ်ဒီ့ကြားမှာ ပန်းနှင့်မာမီကသာပွဲကြည့်ပရိတ်သက်အမြဲဖြစ်ရသည်။အခုလည်းကြည့်လေ အိမ်ပေါ်ကနေတောင်နှင်ချတယ်ဆိုတော့ ဒယ်ဒီဘယ်လောက်ထိစိတ်ဆိုးနေမလဲဆိုတာခန့်မှန်းစရာပင်မလိုပေ။
ခြေရင်းကနေငိုမဲ့မဲ့လေးဖြစ်နေသည့်ညီမလေးအားကြည့်ကာ စိတ်မကောင်းဖြစ်မိတာနှင့်လှဲအိပ်နေရာမှထထိုင်လိုက်သည်။
"နေသော်ရယ်။ ဘာလို့ဒီလောက်ထိဆိုးနေရတာတုန်း ။ ဒယ်ဒီ့အကြောင်းမသိတာကြလို့။ "
"ငါသောက်ချင်လို့သောက်တာမဟုတ်ပါဘူး မမရာ။ အစ်မကိုလွမ်းလွန်းလို့ မလွမ်းတော့အောင်သောက်မိယုံပါ။ နင်တို့ကငါ့ကိုနှုတ်တောင်မဆက်ဘဲ တိတ်တိတ်လေးခိုးသွားကြတာလေ။အဲ့တော့ အတိုင်းအဆမရှိလွမ်းပြီပေါ့။"
"အမလေး ငါနင့်အစ်မအရင်းဆိုတာလည်းသတိရအုံး။ မရှက်မပြုနဲ့ပြောထွက်တယ်နော်။"
အမြင်ကပ်ကပ်ဖြင့်ပြောလိုက်မိတော့မှ ဒင်းကရှက်ကိုးရှက်ကန်ဖြစ်သွားကာ
"ဟီး ဒါကတော့ချစ်တာကိုးလို့။"
"ဒါနဲ့မေးပါအုံးမယ် နင်ယိမ်းကိုတကယ်မမှတ်မိဘူးလား။"
"အင်း စတွေ့တုန်းကတော့ မမှတ်မိဘူး။အခုတော့အိမ်မက်လိုလိုဘာလိုလိုနဲ့ပြန်မှတ်မိလာတယ် သိလား မမ ။ငါဘာလို့ အဲ့တာတွေမေ့သွားတာလဲ မသိဘူးနော်။"
"အင်း ငါလည်းစဉ်းစားနေတာ။ အော် ဒါနဲ့ဒီလိုလုပ်ပါ့လား။ကိုစည်သူမျိုးကိုအကူညီတောင်းကြည့်လေ။"
မမ၏အပြောအား ခေါင်းငြိမ့်မိလိုက်သည်။ ဒေါက်တာစည်သူမျိုးအား ဆွေးနွေးတိုင်ပင်ကြည့်သင့်သည်ဟုထင်သည်။ မကြာခနဆိုသလို ခေါင်းမူးတတ်တာကြောင့် အစောကတည်းကပြကြည့်ဖို့စိတ်ကူးထားတာမိပင်။
"ဒါနဲ့ နေသော် ။ နင်အခုလိုပြန်မှတ်မိလာတာကိုယိမ်းကောသိလား။"
"ဟင့်အင်း မပြောပြဘူးလေ။ ငါပြောပြလိုက်ရင် ညီအစ်မဇုန်ထဲပြန်ဝင်နေရမှာပေါ့။"
ထိုအခါ မမဟာရုပ်ကိုတစ်မင်မဲ့ပစ်လိုက်ရင်း
"ဟွန်း ။ငါ့မှာတော့ ကိုယ့်ညီမလေးတော်လှတော်လှနဲ့ ၊ ယိမ်းလိုမိန်းကလေးကိုရအောင်ယူနိုင်တယ်ဆိုပြီးချီးမွန်းနေမိတာ ။ဘယ်ဟုတ်မလဲ ၊ဒင်းကဘဲတစ်ဖတ်သက်ဖြစ်နေတာကိုး။"
မမ၏အပီအပြင်ဖဲ့နေမှုကြီးကြောင့် အရှိုက်ကိုထိသွားဟန်ဖြင့် နှုတ်ခမ်းလေးစူထော်လာလေသည်။
"ဒါပေမယ့် စိတ်မပူနဲ့တော့။ ယိမ်းကလည်းနင့်အပေါ်ခံစားချက်ရှိနေပြီထင်တယ်။"
"တစ်ကယ်လား ။တစ်ကယ်ပြောတာလား။"
ရုပ်ကချက်ချင်း အပျော်လွန်းစို့ပြီး အသည်းအသဲမေးမိသည်။
"အေးလို့ ။ဟိုမှာတုန်းကနင်နဲ့ဖုန်းပြောလာပြီးကတည်းက မျက်နှာပျက်နေတာဒီရောက်တဲ့ထိဘဲ။ဒါပေမယ့် နင့်ဘက်ကလည်းကြိုးစားပေါ့ဟယ် ။ တစ်နေ့ကလို ဘီယာတွေဘဲထိုင်သောက်နေမယ်ဆိုရင်တော့ ကိုယ့်ပြစ်နဲ့ကိုယ်ဒဏ်ခံပေအုံးပေါ့။"
"ငါမသောက်ပါတော့ဘူးဟ ။ မမလို့ ငါ့ကိုပြောပြအုံး အစ်မကငါနဲ့ပတ်သက်ပြီးဘာတွေပြောသေးလဲဟင်။"
"သိချင်တယ်ပေါ့။"
လူယုတ်မာအပြုံးဖြင့်မေးငေါ့၍မေးလာသည့်အမေး။မျက်လုံးအဝိုင်းသားလေးဖြင့် ခွေးလေးတစ်ကောင်လိုအမြီးလေးတစ်နှံ့နှံ့ဖြင့်ခေါင်းတစ်ဆက်ဆက်ငြိမ်ပြလိုက်မိသည်။
"ဝါး ညောင်းညာနေတာဘဲ။ဟဲဟဲ ငါ့ကိုနှိပ်ပေးရင်ပြောပြမယ်။"
"ရား မမ ။နင်အနိုင်မကျင့်နဲ့နော်။"
***************
"မြေးလေး ပိတ်ရက်ကြီးကို ဘယ်သွားမလို့တုန်းကွယ်။ ရှိုးတွေမိုးတွေနဲ့ ဘာလဲ ၊ မြေးချွေးမလေးဆီသွားမလို့လား။"
အခန်းထဲမှ အဝတ်အစားတွေအထပ်လိုက်ဖြင့်ရှုပ်ပွနေကာ ဖီးလိမ်းပြင်ဆင်နေသည့် နေနေ့အား ဘွားကပြုံးစစဖြင့်မေးလာသည်။ပိတ်ရက်ဆိုသော်ငြားလည်း ဆယ်တန်းကလေးတွေအတွက်ကတော့ပိတ်ရက်လည်းမနားရပေ။ သို့သော် တီတီ့ရှိနေသည်ကြောင့် အားတုန်းလေး အစ်မဆီသွားရန်အမိအရပြင်ဆင်နေတော့သည်။
"ဟီး ဟုတ်တယ် ဘွား။ သူပြန်ရောက်လာကတည်းကမတွေ့ရသေးလို့လေ။အဲ့ဒါမျက်နှာလေးသွားပြရင်းနဲ့ ပြောစရာရှိတာလေးတွေလည်းပြောချင်လို့။"
နေ့ မျက်နှာကြီးဟာဟန်ပင်မဆောင်နိုင်အောင်ပြုံးဖြီးလို့နေသည်။ ညကမမအား စိတ်ကျေနပ်ထိနှိပ်ပေးကာ အစ်မကဘာတွေပြောလဲ ဟုအတင်းကပ်မေးရသည်။သို့သော် နှိပ်ပေးရတာနှင့်တန်ပါသည်။မမ ပြောပြသည့်စကားတွေအရဆို အစ်မလည်းနေ့အပေါ်မှာခံစားချက်ရှိနေမည်ဆိုတာ နားထောင်ယုံနှင့်သိနိုငိသည်။
အိမ့်ဆုနေသော်တစ်ယောက်အကုန်ပြင်ဆင်ပြီးကာ အစ်မဆီသို့သွားရန်ပြင်သည်။နေ့ မှာကားမရှိတာကြောင့် တီတီ့၏ကားအားငှားသွားရမည်ဖြစ်သည်။
ဆယ်တန်းကလေးတွေအားစာသင်နေသည့်တီတီ့ဆီသို့ သွားလိုက်သည်။ စာတွေငုံ့ရေးနေသည့် ကလေးတွေဟာ နေ့ ကိုမြင်တော့ တီတီ့ကြောင့်အသံမထွက်ရဲကြဘဲ
ပြုံး၍သာနှုတ်ဆက်လာကြသည်။ တစ်ဆက်တည်း အလယ်တန်းကယောက်ဖဖြစ်သူဘုန်းထက်ဟန်ပန်ကိုမြင်တော့ မျက်စိတစ်ဖက်မှိတ်ပြလိုက်လေသည်။ အရင်ကဆို နေက မူလတန်းလေးတွေကိုသာစာကူပြသေးသည်မို့ တီတီ့ကျောင်းသားတွေထဲမှာ ဘုန်းထက်ပါနေမည်ဆိုတာမသိခဲ့ပေ။ တစ်လောလေးကမှ ဆယ်တန်းတွေကိုဝင်ကူပြပေးရင်း ဘုန်းထက်နှင့်ဆုံခဲ့ခြင်းဖြစ်သည်။ စစခြင်းတော့ ဘုန်းထက်ကလည်းအတော်အံ့ဩသွားလေသည်။ သူ၏ဆရာမက နေ့ ရဲ့တီတီဖြစ်နေသည်ကိုး။
"တီတီ ကားသော့ပေးအုံး။ နေ အပြင်သွားချင်လို့။"
ထိုသို့ ပြောလိုက်တော့ စာအုပ်ကြည့်နေသည့် တီတီကမော့ကြည့်လာသည်။
"ရော့။တစ်ကတည်း ပိတ်ရက်မို့အနားပေးထားတာကို အိမ်မှာဘဲနေမယ်မရှိဘူး။ ကြိုသတိပေးလိုက်မယ်နော် ၊ မူးရှူးလာရင်တော့ ဒီအိမ်ကနေလည်း ခေါင်းနဲ့ဆင်းရမယ်မှတ်။"
ကလေးတွေ၏ရှေ့ပင် အကျယ်ကြီးအော်ကာဆူနေသည့် တီတီ့ကြောင့်စူပုတ်သွားလေသည်။ သို့ပေမယ့် စိတ်ကောက်၍မယူလို့မဖြစ်ပေ။မဟုတ်ရင် အစ်မဆီသွားဖို့နောက်ကျနေအုံးမည်လေ။
"မမနေနေကလှလိုက်တာကွာ။ဘယ်လိုလေးလဲမသိဘူး ၊ မိန်းကလေးဆန်မနေတာတောင် ချစ်ချင်စရာလေး။"
ဘေးနားကနေ နှာဘူးရုပ်နှင့် မမနေသော့်အားကြည့်ကာ တီချယ် မကြားရလေအောင် ခပ်တိုးတိုးပြောလာသည့်စကားကြောင့် နားရင်းကိုအုပ်ပစ်လိုက်သည်။
"ဟေ့ကောင် ၊ နှာဘူးကျမယ်မကြံနဲ့။သူ့မှာ မိန်းမရှိတယ်ကွ။"
"ဘာ။"
မျက်လုံးတွေပြူးကျယ်သွားကာ အီးမှန်ထားသလိုရှုံ့မဲ့သွားသည့် ဇေယျကြောင့် ဘုန်းရယ်မိလိုက်သည်။
********************
အစ်မ၏အိမ်လေးသို့ ရောက်လာတော့ ခပ်စိမ်းစိမ်းဖြစ်သည့်ကားအစိမ်းရောင်လေးအားအရင်ဆုံးတွေ့လိုက်ရသည်။ တစ်ဆက်တည်း အိမ်ထဲကနေအတူထွက်လာကြသော လူနှစ်ယောက်ကြောင့် ဒေါသတွေဟာထောင်းကနဲထွက်သွားရသည်။ အသက်အားဖြင့် မမတို့နှင့်ရွယ်တူတန်းတူရှိပုံရသည့် ခပ်သန့်သန့်အမျိုးသားနှင့် နေ တစ်ခါမှမရဖူးသည့် အပြုံးတွေဝေဆာကာစကားတွေဖောင်ဖွဲ့နေသောချစ်ရသူအားရင်နာနာဖြင့်ကြည့်မိလိုက်သည်။ ဟိုလူကြီးဦးသူရိန်များလားဆိုပြီး သေချာကြည့်မိလိုက်သော်လည်း ဒင်းမဟုတ်ပြန်။နေ တစ်ခါမှမတွေ့ဖူးသည့်မျက်နှာစိမ်းသာဖြစ်နေသည်။
ဘာကိုမှမတွေးနိုင်တော့ဘဲ ထိုကားစိမ်းစိမ်းရှိရာတည့်တည့်သို့အရှိန်ဖြင့်ထိုးဝင်လာခဲ့သည်။
"ဒုန်း။"
"ဟာ "
"အမလေး ။
အနောက်ကနေဝင်၍ကျုံးလိုက်တာကြောင့် ပိန့်ခွက်သွားသော ကားအနောက်ပိုင်းအားကြည့်ကာ မချိုမချဉ်ပြုံးမိလိုက်သည်။ ဒီကားနေရာမှာ ဒီလူရဲ့အခွက်သာဖြစ်လိုက်ရရင်တော့ဖြင့် ဘယ်လောက်တောင်ကြည့်ကောင်းလိုက်မလဲ။သို့သော် စိတ်ကူးနှင့်တစ်ခြားဆီ အရင်ဆုံးခံလိုက်ရတာကတော့ ကိုယ်တိုင်ပင်။ယုတ်မာချင်သည့်စိတ်ကကြီးစိုးနေလေတော့ ကားစတီယာဒိုင်နှင့်နဖူးနှင့်ဆောင့်မိကာ တစ်ကိုယ်လုံးအီစိမ့်သွားရလေသည်။
မူးမူးဖြင့် ကားပေါ်ကအတင်းအားယူဆင်းလိုက်တော့
"အိမ့်ဆုနေသော်။ ကားကိုဘယ်လိုမောင်းလာတာလဲ ။ မင်းကားတစ်စီလုံးကိုတောင်မမြင်ဘူးလား ။"
မျက်နှာအပျက်ပျက်နှင့်ယိုင်တိုင်တိုင်ထွက်လာသော ကလေးမကိုစိတ်ပူသွားတာတစ်ေကြာင်း ဘေးနားကပုံရိပ်အား အားနာတာကြောင့်တစ်ကြောင်းကြောင့် ယိမ်း၏လေသံဟာတင်းမာသွားလေသည်။
ထိုအခါ ရှေ့က ကလေးမဟာ ယိမ်း မနှစ်မြို့သောခပ်ချဉ်ချဉ်အပြုံးအားဆင်မြန်းလိုက်ရင်း ပြောလာသောစကားကြောင့်ပိုလို့ပင်ဒေါသထွက်သွားရလေသည်။
"မြင်သားဘဲ။သေချာအေနာက်ကေနတည့်တည့်ဝင်တိုက်လိုက်တာ။ ဟိုလူလည်း စိတ်မပူပါနဲ့ ၊အဟက် တန်သလောက်လျော်ကြေးပေးမှာမို့"
ထိုအခါကိုလွင်၏မျက်နှာသည်အနည်းငယ်ပျက်ယွင်းသွားပေမယ့် ယိမ်း၏မျက်နှာနှင့်မို့ ဟန်မပျက်တည်ထားပုံရသည်။
"ယိမ်းကဘဲ တောင်းပန်ပါတယ် အကိုရယ်။ ဒီကလေးမက ကားမောင်းတတ်တာမကြားသေးလို့ပါ။ အကို့ ကားကိစ္စအတွက် ယိမ်းအကုန်တာဝန်ယူပေးပါ့မယ်နော်။"
"ရပါတယ် ယိမ်းရယ်။ဒီလောက်လေးကအကို့အတွက်အပန်းမကြီးပါဘူး။ "
ရှေ့ကနေ အကြည်စိုက်ကစကားအပြန်အလှန်ပြောနေကြသည့် လူနှစ်ယောက်အား မျက်မှောင်ကုပ်ကြီးဖြင့်စူးစူးရဲရဲကြည့်နေလိုက်သည်။
နေ ဟာအစ်မအတွက်ဘယ်တုန်းကမှ အရေးမပါခဲ့တဲ့သူ။နေ့ အတွက်ဆိုပြီး
အပြုံးလေးတစ်ပွင့်တောင် လိုလိုလားလားစွန့်ကြဲပေးခဲ့ဖူးရဲ့လား။ နူးညံ့သောစကားတစ်ခွန်း ဆိုဖူးရဲ့လား။ နေ့ အပေါ်မှာဘယ်တုန်းကများ မြူမှုန်တစ်မှုန်လောက်နွေးထွေးပေးခဲ့ဖူးသလဲ။ဦးနှောက်ကိုအလုပ်ပေးကာသေချာပြန်စဉ်းစားကြည့်မိတော့
ပြီးခဲ့တဲ့ ဆက်ဆံရေးအတွင်းမှာ နေ့ဘက်ကသာအသည်းအသန်ဖြစ်နေခဲ့ပြီး အစ်မဘက်ကအလိုက်သင့်လေးသာတုံ့ပြန်မှုရှိခဲ့သည်။
"တို့ပြောနေတာကြားရဲ့လား ။အိမ့်ဆုနေသော် ။မင်းအမှားအတွက် အကိုမင်းေမာ်ကို တောင်းပန်လိုက်ပါ။"
နီဆွေးကာ ပါးလွှာသောနှုတ်ခမ်းတစ်စုံအားသေချာစိုက်ကြည့်နေမိသည်။အမြဲတမ်းငေးေမာခဲ့ရသည့် နှုတ်ခမ်းပါးလေးဟာစွဲမက်စရာအတိပေမယ့် ဒီတစ်ကြိမ်မှာတော့မနှစ်မြို့နိုင်ပါ။ ရုတ်ချည်းချက်ချင်းပင် မူးဝေလာပြီးထိုးကိုက်လာသောခေါင်းကြောင့် မျက်လုံးတွေအား စုံမှိတ်ကာခေါင်းကိုဖိကိုင်လိုက်သည်။
"အိမ့်ဆုနေသော် ..!
"အိမ့်ဆုနေသော်..
"အိမ့်ဆုနေသော်..!
"အိမ့်ဆုနေသော် ..!
တစ်ပြိုင်းတည်းဆက်တိုက်ဆိုသလိုကြားလိုက်ရသည့်ကား သူမ၏နာမည်သာဖြစ်သည်။ထိုအသံသည် နူးညံ့ခြင်းကင်းမဲ့သော်လည်း မာထန်နေတာမျိုးလည်းမဟုတ်ပေ။မနူးညံ့မချိုသာပါသော်လည်း အသံလေးဟာကြည်လင်နေပြီး နားဝင်ချိုသည်။တစ်စိမ့်စိမ့်နှင့်ထပ်ခါထပ်ခါနားထောင်ချင်စရာအတိဖြစ်နေသည်။
သို့သော် ထပ်မံကြားလာရသည့် စကားကြောင့် မျက်ရည်တွေရစ်သိုင်းလာကာ ဖျက်ကနဲမျက်လုံးတွေအားပြန်ဖွင့်လိုက်မိသည်။ ခုနကထိ မျက်ရည်မကျခဲ့သော သူဟာအတားဆီးမဲ့စွာစီးကျလို့နေသည်။
"တို့ပြောနေတာကြားရဲ့လား အိမ့်ဆုနေသော်။
ကိုမင်းမော်ကိုတောင်းပန်လိုက်ပါ။"
ခုနကနှင့်တစ်လေသံတည်းဖြစ်သည့် အစ်မ၏အသံ။ စကားလုံးတွေတိုင်းဟာအကုန်နီးပါထပ်တူကျနေသည့်အပြင် တူညီသည့်ခုနက နာမည်ကိုကြားလိုက်ရချိန်မှာတော့ နေ့ ကမ္ဘာကြီးဟာလုံးဝအမှောင်အတိကျသွားလေသည်။
**********
27.2.2023
1:02𝑷𝑴
𝑻𝒉𝒘𝒂𝒚64
ကြိုးစားပါအုံးမည် ။အပိုင်း(25)မျှော်
________________
Zawgyi
အခ်စ္၏ဟန္ပန္
အပိုင္း(၂၄)
"ယိမ္း မ်က္ႏွာလည္းမေကာင္းပါလား။ဘာမ်ားျဖစ္လို႔လဲဟင္။ "
"ဘာျဖစ္ပါဘူး ဝင့္လြာရယ္ ။ ပုံမွန္ပါဘဲ။"
"မဟုတ္တာဟယ္ ။ သူမ်ားေတြကိုလိမ္လို႔ရရင္ရမယ္။ငါတို႔အခ်င္းခ်င္းကိုေတာ့လိမ္လို႔မရဘူးေနာ္ ယိမ္း။ ဘာလဲ ေနေသာ္နဲ႕တစ္ခုခုျဖစ္လို႔လား။"
စိမ့္စိမ့္ေလးအား ထားခဲ့ကာဖုန္းေျပာၿပီးျပန္လာကတည္းကယိမ္းမ်က္ႏွာပ်က္ေနသည္ကို ႏွစ္ေယာက္လုံးသတိထားမိလိုက္ၾကသည္။ေဒါ်ေလးဆန်းမြအိမ်သို့ပြန်ရောက်လာသည့်အထိ ပုံမွန္မဟုတ္သည့္ယိမ္းေၾကာင့္ ေမးလိုက္မိျခင္းျဖစ္သည္။
"ယိမ္း ။ ငါတို႔မွာဒီသူငယ္ခ်င္းေလးသုံးေယာက္ဘဲရွိတာေလ၊ ငါတို႔ကိုမွမတိုင္ပင္ရင္ ဘယ္သူ႕ကိုသြားတိုင္ပင္မွာလဲ။"
ပန္း၏စကားအဆုံးမွာ ယိမ္း၏သက္ျပင္းခ်သံ။
"တို႔ ဟိုကေလးကိုမာန္လိုက္မိတယ္။ ဒါေပမယ့္တို႔ကေကာင္းေစခ်င္တဲ့စိတ္တစ္ခုတည္းအတြက္နဲ႕ပါ ယူရယ္။"
"ဘယ္သူလဲ ေနေသာ့္ကိုလား။"
ပန္းဆု၏အေမးအား မ်က္ႏွာမေကာင္းစြာျဖင့္ေခါင္းၿငိမ့္ျပလိုက္သည္။ ထိုကေလးမကိုခုလိုမာန္မိတိုင္း ယိမ္းရင္ထဲတြင္လည္းေနလို႔မေကာင္းတာ ကိုယ္တိုင္သာသိသည္။
---------------
ဝင့္လႊာ၏စကားအတိုင္းဘဲ ထို႐ြာေလးတြင္သုံးရက္ခန႔္မွ်ေနခဲ့ၿပီးတြင္ေတာ့ ျပန္လာခဲ့ၾကသည္။
"မမ ျပန္လာၿပီလား။"
ပန္း၏အိမ္ႏွင့္ပိုနီးတာေၾကာင့္ ပန္းဆုေနေသာ္အားအရင္ပို႔ေပးလိုက္မည္ဟု ဝင့္လႊာ၏အေျပာအားေခါင္းၿငိမ့္လိုက္မိသည္။
သူမတို႔ကားေလးေရာက္ေရာက္ျခင္းပင္ အိမ္ထဲကေန jjေဘာင္းဘီႀကီးႏွင့္ေျပးထြက္လာသည့္ကေလးမအား ကားမွန္ကေနတစ္ဆင့္ၾကည့္ေနမိသည္။
"အြန္း ညီမေလး။ အိတ္ေတြကူသယ္ေပးအုံး။"
"ခိုင္းတတ္တယ္ေနာ္ ။သယ္ေပးမလို႔ဘဲထြက္လာတာပါ။"
အခ်င္းခ်င္းေျပာေနၾကသည့္ညီအစ္မႏွစ္ေယာက္၏အသံေတြအား ကားထဲကေန၍နားစြင့္ေနလိုက္သည္။အၿမဲလိုလိုမတည့္သည့္ ဒီႏွစ္ေယာက္ကလည္းဒီလိုအခ်ိန္က်ႏြေးေထြးသားဘဲဟုတစ္ၿပိဳင္နက္အေတြးလိုက္မိရင္း ခပ္သဲ့သဲ့ေလးၿပဳံးလိုက္မိသည္။
"ကဲ။ဒါဆိုတို႔ေတြသြားေတာ့မယ္ေနာ္ ယူ။
ယိမ္းကိုလည္းလိုက္ပို႔ရအုံးမွာဆိုေတာ့လည္း အရမ္းေနာက္က်သြားမွာစိုးလို႔။"
ဝင့္လႊာဟာကားမွန္ကိုခ်လိဳက္ရင္း ႏႈတ္ဆက္သည္။ ထိုအခါ ဆတ္ကနဲေမာ့ၾကည့္လာေသာသူ ။ ယိမ္းက ကားေမာင္းသူေဘးမွထိုင္လိုက္လာသည္ေၾကာင့္ သူယိမ္းကိုျမင္မွာေသခ်ာေပါက္ပင္ျဖစ္သည္။ သို႔ေပမယ့္လို႔ ယိမ္းအားတစ္ခ်က္သာၾကည့္ၿပီး ဝင့္လႊာကိုႏႈတ္ဆက္သည္။ ထိုအျပဳအမႈေၾကာင့္ ယိမ္းအေတာ္ေလးစိတ္မေကာင္းျဖစ္သြားရသည္။ ယိမ္းကိုေတွ့လျှင်ခါတိုင်းလိုပင် ေျပးလာၿပီးဆူညံေနေအာင္လာႏႈတ္ဆက္မည္ဟု အထင္ဟာလြဲမွားသြားမွန္းသိလိုက္ရသည္။
*************
"ဝင့္လႊာ ကားကိုဂ႐ုစိုက္ေမာင္းေနာ္။"
"အင္းပါ ယိမ္းရဲ႕။တို႔သြားၿပီေနာ္။"
ယိမ္းအားလိုက္ပို႔ၿပီးသည္ႏွင့္ ခ်က္ခ်င္းျပန္ထြက္သြားေသာဝင့္လႊာ၏ကားေလး ၿခံအျပင္သို႔ေရာက္သြားၿပီဆိုမွ အိမ္ထဲသို႔ဝင္လာခဲ့သည္။
"သမီး ျပန္လာၿပီလား။ခရီးပန္းေနေရာေပါ့ကြယ္။ ေရမိုးခ်ိဳးၿပီးနားေခ်အဳံး။ ၿပီးရင္ ထမင္းစားရေအာင္ဆင္းခဲ့ေနာ္။ သမီးေမာင္ေလးလည္းျပန္လာေတာ့မွာရယ္။"
"ဟုတ္ကဲ့ မာမီ။"
မီးဖိုခန္းထဲတြင္မေမာနိုင္မပန္းနိုင္ခ်က္ျပဳတ္ေနရွာေသာမာမီဟာခပ္ၿပဳံးၿပဳံးျဖင့္ဆီးႀကိဳေသာ္လည္း တက္တက္ႂကြႂကြျဖင့္ျပန္မႏႈတ္ဆက္နိုင္ပါ။ ဒီကေလးမ ဘာေၾကာင့္ယိမ္းအား မသိသလိုလုပ္သြားတာလဲဟုသာထပ္တစ္လဲလဲေတြးပူေနမိသည္။ တစ္ေန႕ကကိစၥသည္ ယိမ္းဘက္ကလြန္သြားမွန္းသိေသာ္လည္း သူေကာင္းဖို႔ရာအတြက္သာဆူေငါက္လိုက္ျခင္းမို႔ေနာင္တဆိုသည့္စိတ္ကေတာ့ျဖစ္ေပၚမေနေပ။
ယိမ္းတစ္ေယာက္ ေလးပင္စြာျဖင့္သာ ေရခ်ိဳးရန္ျပင္ရေတာ့သည္။သူမ ခရီးပန္းလာသည့္ဒဏ္ေၾကာင့္ အနားယူမွျဖစ္ေတာ့မည္ဆိုတာ သိလိုက္သည္။
************
အိမ့္ဆုေနေသာ္တို႔အိမ္တြင္...။
ခရီးျပန္လာအၿပီး တစ္ကိုယ္လုံးေညာင္းညာကိုက္ခဲေနသည္မို႔ မျဖစ္မေနေရခ်ိဳးကာကုတင္ေပၚသို႔အေစာႀကီးနားေနလိုက္သည္။ထိုစဥ္ဘဲ ပန္း၏အခန္းထဲသို႔လာရႈပ္ေနသာညီမေတာ္ေၾကာင့္ မ်က္ႏွာႀကီးမဲ့ပစ္လိုက္သည္။
"မမ ဟို႐ြာမွာတုန္းကအစ္မ ေနမေကာင္းျဖစ္ခဲ့တာလားဟင္။"
"ဘယ္ကသာ ၊မျဖစ္ပါဘူးဟဲ့။"
႐ုပ္ကအူေၾကာင္ေၾကာင္ျဖင့္ ေပါက္တက္ကရေမးေနသည့္ ေနေသာ့္အားစိတ္ေပါက္ေပါက္နဲ႕ေအာ္ပစ္လိုက္သည္။
"ဟုတ္လား။ဒါဆိုဘာလို႔မ်က္ႏွာမေကာင္းတာလဲမသိဘူး။"
"ခရီးပန္းလာလို႔ျဖစ္မွာေပါ့ ေနေသာ္ရယ္။ငါေတာင္ တစ္ကိုယ္လုံးေညာင္းညာေနတာ ၊ နားခ်င္ေနၿပီ။သြားေတာ့ ကိုယ့္အခန္းကိုယ္။"
ထိုသို႔ခတ္ဆတ္ဆတ္ေလးေအာ္လိုက္ေတာ့ ခ်က္ခ်င္းမ်က္ႏွာပ်က္သြားေလသည္မို႔ စကားမွားသြားတာလားဟုပင္ထင္ေယာင္ထင္မွားျဖစ္သြားရသည္။
"သြားမွာပါ ဟြန႔္။ နင္လည္း ဟိုအမ်ိဳးသမီးရဲ႕သူငယ္ခ်င္းလို႔ကိုမေျပာရဘူး။ေလသံကိုကတစ္ေလသံထဲဘဲ။ ျပန္မယ္ ။ဒီအိမ္မွာမေနဘူး ။
"နင္ကဒီအိမ္မွာမေနလို႔ဘယ္မွာသြားေနမွာတုန္း။"
"ဘြားအိမ္ကိုေပါ့ ။ငါအိမ္ေပၚကႏွင္ခ်ခံရတာမသိဘူးမလား။ အခုဆိုရင္ ဒယ္ဒီနဲ႕ေတာင္မ်က္ႏွာခ်င္းဆိုင္ရဲေသးတာမဟုတ္ဘူး။ ဒီေန႕ေတာင္ နင္ျပန္လာမွာဆိုလို႔ ခနျပန္လာတာ။"
အိမ္ေပၚကႏွင္ခ်ခံရတယ္ဆိုသည့္အေျပာေၾကာင့္ တစ္ေန႕က လူမွန္းသူမွန္းမသိေအာင္ေသာက္ခဲ့သည့္ကိစၥေၾကာင့္ျဖစ္မည္ဆိုတာတန္းသိလိုက္သည္။တစ္အိမ္လုံးမွာဩဇာအာဏာရွိတဲ့ဒယ္ဒီ့ကိုေတာ့သူလည္းေၾကာက္ပါသည္။ အငယ္ဆုံးေလးမို႔ဆိုးလ်င္တိုင္းဆိုးေနသည့္ေနေသာ္ႏွင့္စည္းကမ္းတင္းၾကပ္လြန္းသည့္ဒယ္ဒီ့ၾကားမွာ ပန္းႏွင့္မာမီကသာပြဲၾကည့္ပရိတ္သက္အၿမဲျဖစ္ရသည္။အခုလည္းၾကည့္ေလ အိမ္ေပၚကေနေတာင္ႏွင္ခ်တယ္ဆိုေတာ့ ဒယ္ဒီဘယ္ေလာက္ထိစိတ္ဆိုးေနမလဲဆိုတာခန႔္မွန္းစရာပင္မလိုေပ။
ေျခရင္းကေနငိုမဲ့မဲ့ေလးျဖစ္ေနသည့္ညီမေလးအားၾကည့္ကာ စိတ္မေကာင္းျဖစ္မိတာႏွင့္လွဲအိပ္ေနရာမွထထိုင္လိုက္သည္။
"ေနေသာ္ရယ္။ ဘာလို႔ဒီေလာက္ထိဆိုးေနရတာတုန္း ။ ဒယ္ဒီ့အေၾကာင္းမသိတာၾကလို႔။ "
"ငါေသာက္ခ်င္လို႔ေသာက္တာမဟုတ္ပါဘူး မမရာ။ အစ္မကိုလြမ္းလြန္းလို႔ မလြမ္းေတာ့ေအာင္ေသာက္မိယုံပါ။ နင္တို႔ကငါ့ကိုႏႈတ္ေတာင္မဆက္ဘဲ တိတ္တိတ္ေလးခိုးသြားၾကတာေလ။အဲ့ေတာ့ အတိုင္းအဆမရွိလြမ္းၿပီေပါ့။"
"အမေလး ငါနင့္အစ္မအရင္းဆိုတာလည္းသတိရအုံး။ မရွက္မျပဳနဲ႕ေျပာထြက္တယ္ေနာ္။"
အျမင္ကပ္ကပ္ျဖင့္ေျပာလိုက္မိေတာ့မွ ဒင္းကရွက္ကိုးရွက္ကန္ျဖစ္သြားကာ
"ဟီး ဒါကေတာ့ခ်စ္တာကိုးလို႔။"
"ဒါနဲ႕ေမးပါအုံးမယ္ နင္ယိမ္းကိုတကယ္မမွတ္မိဘူးလား။"
"အင္း စေတြ႕တုန္းကေတာ့ မမွတ္မိဘူး။အခုေတာ့အိမ္မက္လိုလိုဘာလိုလိုနဲ႕ျပန္မွတ္မိလာတယ္ သိလား မမ ။ငါဘာလို႔ အဲ့တာေတြေမ့သြားတာလဲ မသိဘူးေနာ္။"
"အင္း ငါလည္းစဥ္းစားေနတာ။ ေအာ္ ဒါနဲ႕ဒီလိုလုပ္ပါ့လား။ကိုစည္သူမ်ိဳးကိုအကူညီေတာင္းၾကည့္ေလ။"
မမ၏အေျပာအား ေခါင္းၿငိမ့္မိလိုက္သည္။ ေဒါက္တာစည္သူမ်ိဳးအား ေဆြးႏြေးတိုင္ပင္ၾကည့္သင့္သည္ဟုထင္သည္။ မၾကာခနဆိုသလို ေခါင္းမူးတတ္တာေၾကာင့္ အေစာကတည္းကျပၾကည့္ဖို႔စိတ္ကူးထားတာမိပင္။
"ဒါနဲ႕ ေနေသာ္ ။ နင္အခုလိုျပန္မွတ္မိလာတာကိုယိမ္းေကာသိလား။"
"ဟင့္အင္း မေျပာျပဘူးေလ။ ငါေျပာျပလိုက္ရင္ ညီအစ္မဇုန္ထဲျပန္ဝင္ေနရမွာေပါ့။"
ထိုအခါ မမဟာ႐ုပ္ကိုတစ္မင္မဲ့ပစ္လိုက္ရင္း
"ဟြန္း ။ငါ့မွာေတာ့ ကိုယ့္ညီမေလးေတာ္လွေတာ္လွနဲ႕ ၊ ယိမ္းလိုမိန္းကေလးကိုရေအာင္ယူနိုင္တယ္ဆိုၿပီးခ်ီးမြန္းေနမိတာ ။ဘယ္ဟုတ္မလဲ ၊ဒင္းကဘဲတစ္ဖတ္သက္ျဖစ္ေနတာကိုး။"
မမ၏အပီအျပင္ဖဲ့ေနမႈႀကီးေၾကာင့္ အရွိုက္ကိုထိသြားဟန္ျဖင့္ ႏႈတ္ခမ္းေလးစူေထာ္လာေလသည္။
"ဒါေပမယ့္ စိတ္မပူနဲ႕ေတာ့။ ယိမ္းကလည္းနင့္အေပၚခံစားခ်က္ရွိေနၿပီထင္တယ္။"
"တစ္ကယ္လား ။တစ္ကယ္ေျပာတာလား။"
႐ုပ္ကခ်က္ခ်င္း အေပ်ာ္လြန္းစို႔ၿပီး အသည္းအသဲေမးမိသည္။
"ေအးလို႔ ။ဟိုမွာတုန္းကနင္နဲ႕ဖုန္းေျပာလာၿပီးကတည္းက မ်က္ႏွာပ်က္ေနတာဒီေရာက္တဲ့ထိဘဲ။ဒါေပမယ့္ နင့္ဘက္ကလည္းႀကိဳးစားေပါ့ဟယ္ ။ တစ္ေန႕ကလို ဘီယာေတြဘဲထိုင္ေသာက္ေနမယ္ဆိုရင္ေတာ့ ကိုယ့္ျပစ္နဲ႕ကိုယ္ဒဏ္ခံေပအုံးေပါ့။"
"ငါမေသာက္ပါေတာ့ဘူးဟ ။ မမလို႔ ငါ့ကိုေျပာျပအုံး အစ္မကငါနဲ႕ပတ္သက္ၿပီးဘာေတြေျပာေသးလဲဟင္။"
"သိခ်င္တယ္ေပါ့။"
လူယုတ္မာအၿပဳံးျဖင့္ေမးေငါ့၍ေမးလာသည့္အေမး။မ်က္လုံးအဝိုင္းသားေလးျဖင့္ ေခြးေလးတစ္ေကာင္လိုအၿမီးေလးတစ္ႏွံ႕ႏွံ႕ျဖင့္ေခါင္းတစ္ဆက္ဆက္ၿငိမ္ျပလိုက္မိသည္။
"ဝါး ေညာင္းညာေနတာဘဲ။ဟဲဟဲ ငါ့ကိုႏွိပ္ေပးရင္ေျပာျပမယ္။"
"ရား မမ ။နင္အနိုင္မက်င့္နဲ႕ေနာ္။"
***************
"ေျမးေလး ပိတ္ရက္ႀကီးကို ဘယ္သြားမလို႔တုန္းကြယ္။ ရွိုးေတြမိုးေတြနဲ႕ ဘာလဲ ၊ ေျမးေခြၽးမေလးဆီသြားမလို႔လား။"
အခန္းထဲမွ အဝတ္အစားေတြအထပ္လိုက္ျဖင့္ရႈပ္ပြေနကာ ဖီးလိမ္းျပင္ဆင္ေနသည့္ ေနေန႕အား ဘြားကၿပဳံးစစျဖင့္ေမးလာသည္။ပိတ္ရက္ဆိုေသာ္ျငားလည္း ဆယ္တန္းကေလးေတြအတြက္ကေတာ့ပိတ္ရက္လည္းမနားရေပ။ သို႔ေသာ္ တီတီ့ရွိေနသည္ေၾကာင့္ အားတုန္းေလး အစ္မဆီသြားရန္အမိအရျပင္ဆင္ေနေတာ့သည္။
"ဟီး ဟုတ္တယ္ ဘြား။ သူျပန္ေရာက္လာကတည္းကမေတြ႕ရေသးလို႔ေလ။အဲ့ဒါမ်က္ႏွာေလးသြားျပရင္းနဲ႕ ေျပာစရာရွိတာေလးေတြလည္းေျပာခ်င္လို႔။"
ေန႕ မ်က္ႏွာႀကီးဟာဟန္ပင္မေဆာင္နိုင္ေအာင္ၿပဳံးၿဖီးလို႔ေနသည္။ ညကမမအား စိတ္ေက်နပ္ထိႏွိပ္ေပးကာ အစ္မကဘာေတြေျပာလဲ ဟုအတင္းကပ္ေမးရသည္။သို႔ေသာ္ ႏွိပ္ေပးရတာႏွင့္တန္ပါသည္။မမ ေျပာျပသည့္စကားေတြအရဆို အစ္မလည္းေန႕အေပၚမွာခံစားခ်က္ရွိေနမည္ဆိုတာ နားေထာင္ယုံႏွင့္သိနိုငိသည္။
အိမ့္ဆုေနေသာ္တစ္ေယာက္အကုန္ျပင္ဆင္ၿပီးကာ အစ္မဆီသို႔သြားရန္ျပင္သည္။ေန႕ မွာကားမရွိတာေၾကာင့္ တီတီ့၏ကားအားငွားသြားရမည္ျဖစ္သည္။
ဆယ္တန္းကေလးေတြအားစာသင္ေနသည့္တီတီ့ဆီသို႔ သြားလိုက္သည္။ စာေတြငုံ႕ေရးေနသည့္ ကေလးေတြဟာ ေန႕ ကိုျမင္ေတာ့ တီတီ့ေၾကာင့္အသံမထြက္ရဲၾကဘဲ
ၿပဳံး၍သာႏႈတ္ဆက္လာၾကသည္။ တစ္ဆက္တည္း အလယ္တန္းကေယာက္ဖျဖစ္သူဘုန္းထက္ဟန္ပန္ကိုျမင္ေတာ့ မ်က္စိတစ္ဖက္မွိတ္ျပလိုက္ေလသည္။ အရင္ကဆို ေနက မူလတန္းေလးေတြကိုသာစာကူျပေသးသည္မို႔ တီတီ့ေက်ာင္းသားေတြထဲမွာ ဘုန္းထက္ပါေနမည္ဆိုတာမသိခဲ့ေပ။ တစ္ေလာေလးကမွ ဆယ္တန္းေတြကိုဝင္ကူျပေပးရင္း ဘုန္းထက္ႏွင့္ဆုံခဲ့ျခင္းျဖစ္သည္။ စစျခင္းေတာ့ ဘုန္းထက္ကလည္းအေတာ္အံ့ဩသြားေလသည္။ သူ၏ဆရာမက ေန႕ ရဲ႕တီတီျဖစ္ေနသည္ကိုး။
"တီတီ ကားေသာ့ေပးအုံး။ ေန အျပင္သြားခ်င္လို႔။"
ထိုသို႔ ေျပာလိုက္ေတာ့ စာအုပ္ၾကည့္ေနသည့္ တီတီကေမာ့ၾကည့္လာသည္။
"ေရာ့။တစ္ကတည္း ပိတ္ရက္မို႔အနားေပးထားတာကို အိမ္မွာဘဲေနမယ္မရွိဘူး။ ႀကိဳသတိေပးလိုက္မယ္ေနာ္ ၊ မူးရႉးလာရင္ေတာ့ ဒီအိမ္ကေနလည္း ေခါင္းနဲ႕ဆင္းရမယ္မွတ္။"
ကေလးေတြ၏ေရွ႕ပင္ အက်ယ္ႀကီးေအာ္ကာဆူေနသည့္ တီတီ့ေၾကာင့္စူပုတ္သြားေလသည္။ သို႔ေပမယ့္ စိတ္ေကာက္၍မယူလို႔မျဖစ္ေပ။မဟုတ္ရင္ အစ္မဆီသြားဖို႔ေနာက္က်ေနအုံးမည္ေလ။
"မမေနေနကလွလိုက္တာကြာ။ဘယ္လိုေလးလဲမသိဘူး ၊ မိန္းကေလးဆန္မေနတာေတာင္ ခ်စ္ခ်င္စရာေလး။"
ေဘးနားကေန ႏွာဘူး႐ုပ္ႏွင့္ မမေနေသာ့္အားၾကည့္ကာ တီခ်ယ္ မၾကားရေလေအာင္ ခပ္တိုးတိုးေျပာလာသည့္စကားေၾကာင့္ နားရင္းကိုအုပ္ပစ္လိုက္သည္။
"ေဟ့ေကာင္ ၊ ႏွာဘူးက်မယ္မႀကံနဲ႕။သူ႕မွာ မိန္းမရွိတယ္ကြ။"
"ဘာ။"
မ်က္လုံးေတြျပဴးက်ယ္သြားကာ အီးမွန္ထားသလိုရႈံ႕မဲ့သြားသည့္ ေဇယ်ေၾကာင့္ ဘုန္းရယ္မိလိုက္သည္။
********************
အစ္မ၏အိမ္ေလးသို႔ ေရာက္လာေတာ့ ခပ္စိမ္းစိမ္းျဖစ္သည့္ကားအစိမ္းေရာင္ေလးအားအရင္ဆုံးေတြ႕လိုက္ရသည္။ တစ္ဆက္တည္း အိမ္ထဲကေနအတူထြက္လာၾကေသာ လူႏွစ္ေယာက္ေၾကာင့္ ေဒါသေတြဟာေထာင္းကနဲထြက္သြားရသည္။ အသက္အားျဖင့္ မမတို႔ႏွင့္႐ြယ္တူတန္းတူရွိပုံရသည့္ ခပ္သန႔္သန႔္အမ်ိဳးသားႏွင့္ ေန တစ္ခါမွမရဖူးသည့္ အၿပဳံးေတြေဝဆာကာစကားေတြေဖာင္ဖြဲ႕ေနေသာခ်စ္ရသူအားရင္နာနာျဖင့္ၾကည့္မိလိုက္သည္။ ဟိုလူႀကီးဦးသူရိန္မ်ားလားဆိုၿပီး ေသခ်ာၾကည့္မိလိုက္ေသာ္လည္း ဒင္းမဟုတ္ျပန္။ေန တစ္ခါမွမေတြ႕ဖူးသည့္မ်က္ႏွာစိမ္းသာျဖစ္ေနသည္။
ဘာကိုမွမေတြးနိုင္ေတာ့ဘဲ ထိုကားစိမ္းစိမ္းရွိရာတည့္တည့္သို႔အရွိန္ျဖင့္ထိုးဝင္လာခဲ့သည္။
"ဒုန္း။"
"ဟာ "
"အမေလး ။
အေနာက္ကေနဝင္၍က်ဳံးလိုက္တာေၾကာင့္ ပိန႔္ခြက္သြားေသာ ကားအေနာက္ပိုင္းအားၾကည့္ကာ မခ်ိဳမခ်ဥ္ၿပဳံးမိလိုက္သည္။ ဒီကားေနရာမွာ ဒီလူရဲ႕အခြက္သာျဖစ္လိုက္ရရင္ေတာ့ျဖင့္ ဘယ္ေလာက္ေတာင္ၾကည့္ေကာင္းလိုက္မလဲ။သို႔ေသာ္ စိတ္ကူးႏွင့္တစ္ျခားဆီ အရင္ဆုံးခံလိုက္ရတာကေတာ့ ကိုယ္တိုင္ပင္။ယုတ္မာခ်င္သည့္စိတ္ကႀကီးစိုးေနေလေတာ့ ကားစတီယာဒိုင္ႏွင့္နဖူးႏွင့္ေဆာင့္မိကာ တစ္ကိုယ္လုံးအီစိမ့္သြားရေလသည္။
မူးမူးျဖင့္ ကားေပၚကအတင္းအားယူဆင္းလိုက္ေတာ့
"အိမ့္ဆုေနေသာ္။ ကားကိုဘယ္လိုေမာင္းလာတာလဲ ။ မင္းကားတစ္စီလုံးကိုေတာင္မျမင္ဘူးလား ။"
မ်က္ႏွာအပ်က္ပ်က္ႏွင့္ယိုင္တိုင္တိုင္ထြက္လာေသာ ကေလးမကိုစိတ္ပူသြားတာတစ္ေကြာင်း ေဘးနားကပုံရိပ္အား အားနာတာေၾကာင့္တစ္ေၾကာင္းေၾကာင့္ ယိမ္း၏ေလသံဟာတင္းမာသြားေလသည္။
ထိုအခါ ေရွ႕က ကေလးမဟာ ယိမ္း မႏွစ္ၿမိဳ႕ေသာခပ္ခ်ဥ္ခ်ဥ္အၿပဳံးအားဆင္ျမန္းလိုက္ရင္း ေျပာလာေသာစကားေၾကာင့္ပိုလို႔ပင္ေဒါသထြက္သြားရေလသည္။
"ျမင္သားဘဲ။ေသခ်ာအေနာက်ကေနတည့်တည့်ဝင်တိုက်လိုက်တာ။ ဟိုလူလည္း စိတ္မပူပါနဲ႕ ၊အဟက္ တန္သေလာက္ေလ်ာ္ေၾကးေပးမွာမို႔"
ထိုအခါကိုလြင္၏မ်က္ႏွာသည္အနည္းငယ္ပ်က္ယြင္းသြားေပမယ့္ ယိမ္း၏မ်က္ႏွာႏွင့္မို႔ ဟန္မပ်က္တည္ထားပုံရသည္။
"ယိမ္းကဘဲ ေတာင္းပန္ပါတယ္ အကိုရယ္။ ဒီကေလးမက ကားေမာင္းတတ္တာမၾကားေသးလို႔ပါ။ အကို႔ ကားကိစၥအတြက္ ယိမ္းအကုန္တာဝန္ယူေပးပါ့မယ္ေနာ္။"
"ရပါတယ္ ယိမ္းရယ္။ဒီေလာက္ေလးကအကို႔အတြက္အပန္းမႀကီးပါဘူး။ "
ေရွ႕ကေန အၾကည္စိုက္ကစကားအျပန္အလွန္ေျပာေနၾကသည့္ လူႏွစ္ေယာက္အား မ်က္ေမွာင္ကုပ္ႀကီးျဖင့္စူးစူးရဲရဲၾကည့္ေနလိုက္သည္။
ေန ဟာအစ္မအတြက္ဘယ္တုန္းကမွ အေရးမပါခဲ့တဲ့သူ။ေန႕ အတြက္ဆိုၿပီး
အၿပဳံးေလးတစ္ပြင့္ေတာင္ လိုလိုလားလားစြန႔္ႀကဲေပးခဲ့ဖူးရဲ႕လား။ ႏူးညံ့ေသာစကားတစ္ခြန္း ဆိုဖူးရဲ႕လား။ ေန႕ အေပၚမွာဘယ္တုန္းကမ်ား ျမဴမႈန္တစ္မႈန္ေလာက္ႏြေးေထြးေပးခဲ့ဖူးသလဲ။ဦးႏွောက္ကိုအလုပ္ေပးကာေသခ်ာျပန္စဥ္းစားၾကည့္မိေတာ့
ၿပီးခဲ့တဲ့ ဆက္ဆံေရးအတြင္းမွာ ေန႕ဘက္ကသာအသည္းအသန္ျဖစ္ေနခဲ့ၿပီး အစ္မဘက္ကအလိုက္သင့္ေလးသာတုံ႕ျပန္မႈရွိခဲ့သည္။
"တို႔ေျပာေနတာၾကားရဲ႕လား ။အိမ့္ဆုေနေသာ္ ။မင္းအမွားအတြက္ အကိုမင္းေမာ်ကို ေတာင္းပန္လိုက္ပါ။"
နီေဆြးကာ ပါးလႊာေသာႏႈတ္ခမ္းတစ္စုံအားေသခ်ာစိုက္ၾကည့္ေနမိသည္။အၿမဲတမ္းေငးေမာခဲ့ရသည့် ႏႈတ္ခမ္းပါးေလးဟာစြဲမက္စရာအတိေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့မႏွစ္ၿမိဳ႕နိုင္ပါ။ ႐ုတ္ခ်ည္းခ်က္ခ်င္းပင္ မူးေဝလာၿပီးထိုးကိုက္လာေသာေခါင္းေၾကာင့္ မ်က္လုံးေတြအား စုံမွိတ္ကာေခါင္းကိုဖိကိုင္လိုက္သည္။
"အိမ့္ဆုေနေသာ္ ..!
"အိမ့္ဆုေနေသာ္..
"အိမ့္ဆုေနေသာ္..!
"အိမ့္ဆုေနေသာ္ ..!
တစ္ၿပိဳင္းတည္းဆက္တိုက္ဆိုသလိုၾကားလိုက္ရသည့္ကား သူမ၏နာမည္သာျဖစ္သည္။ထိုအသံသည္ ႏူးညံ့ျခင္းကင္းမဲ့ေသာ္လည္း မာထန္ေနတာမ်ိဳးလည္းမဟုတ္ေပ။မႏူးညံ့မခ်ိဳသာပါေသာ္လည္း အသံေလးဟာၾကည္လင္ေနၿပီး နားဝင္ခ်ိဳသည္။တစ္စိမ့္စိမ့္ႏွင့္ထပ္ခါထပ္ခါနားေထာင္ခ်င္စရာအတိျဖစ္ေနသည္။
သို႔ေသာ္ ထပ္မံၾကားလာရသည့္ စကားေၾကာင့္ မ်က္ရည္ေတြရစ္သိုင္းလာကာ ဖ်က္ကနဲမ်က္လုံးေတြအားျပန္ဖြင့္လိုက္မိသည္။ ခုနကထိ မ်က္ရည္မက်ခဲ့ေသာ သူဟာအတားဆီးမဲ့စြာစီးက်လိဳ႕ေနသည္။
"တို႔ေျပာေနတာၾကားရဲ႕လား အိမ့္ဆုေနေသာ္။
ကိုမင္းေမာ္ကိုေတာင္းပန္လိုက္ပါ။"
ခုနကႏွင့္တစ္ေလသံတည္းျဖစ္သည့္ အစ္မ၏အသံ။ စကားလုံးေတြတိုင္းဟာအကုန္နီးပါထပ္တူက်ေနသည့္အျပင္ တူညီသည့္ခုနက နာမည္ကိုၾကားလိုက္ရခ်ိန္မွာေတာ့ ေန႕ ကမၻာႀကီးဟာလုံးဝအေမွာင္အတိက်သြားေလသည္။
**********
27.2.2023