အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍�...
By thway64
432K 22K 276
"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား... More
1။
2။
3။
4။
5။
6။
7။
8။
9။
10။
11။
12။
13။
14။
15။
16။
17။
18။
19။
20။
21။
23။
24။
25။
26။
27။
28။
29။
30။
31။
32။
33။
34။
35။
36။
37။
38။
39။
40။
41။
42။
43။
final part။
Extra
Extra 1
Extra 2
Xello !!
Extra 3 final
အသိပေးချက် !
Xello!!
22။
7.3K 435 4
By thway64
At 6:50PM
အခန်းထဲတွင်ဖုန်းတစ်လုံးနှင့်ဖင်တစ်ကြွကြွဖြစ်နေသူမှာအိမ့်ဆုနေသော်ပင်ဖြစ်သည်။အချိန်တွေသာကုန်သွားသော်လည်း အခုချိန်ထိမဆက်သွယ်လာကြသေးတဲ့ မမတွေအားဒေါပွနေရသည်။မနက်အစောကြီး အမှီးတောင်မမြင်ရလေအောင် ခိုးထွက်သွားသောသူတို့သည် နေ့ အားနှုတ်ဆက်ခွင့်လေးတောင်‌ပေးမသွားချေ။
"မိတ်ဆွေ~ခေါ်ဆိုသော~တယ်လီဖုန်းမှာ~ ဆက်သွယ်မှု~ဧရိယာပြင်ပသို့~ရောက်ရှိနေပါသဖြင့်~ခေါ်ဆို၍မရနိုင်ပါရှင်~~။"
"~မိတ်~ဆွေခေါ်ဆိုသော~တယ်လီဖုန်းမှာ~"
~"မိတ်~ဆွေ...!!
နေ့လည်တစ်နာရီလောက်ကြီးဖုန်းခေါ်ကြည့်ပေမယ့်လည်းမကိုင်။ယခုညရောက်ပြန်တော့
လည်းဧရိယာပြင်ပဆိုတော့ တစ်ယောက်တည်းကမ္ဘာတွေပျက်နေရသည်။
"ဟာကွာ ။တောက်။အရေးထဲဒီ$လိုင်းတွေကလည်းအသုံးကိုမကျဘူး။"
အခုချိန်ထိမရောက်ကြသေးလို့လား။ဒါမှမဟုတ်လမ်းမှာများတစ်ခုခု ဟာ လွဲပါစေ ဖယ်ပါစေ ။ငါဘာတွေလျှောက်တွေးနေမိတာလဲ။
ကိုယ့်ကိုယ်ကိုကြိမ်ဆဲမိရင်း မွေ့ယာကုတင်ပေါ်တွက်လူးလိမ့်နေမိသည်။ သူ့အသံလေးမှခုချိန်မကြားရရင်တစ်ညလုံးနေလို့ထိုင်လို့ရမှာမဟုတ်ဘူးဆိုတာကိုယ်တိုင်သာသိသည်။
"ဒေါက် ဒေါက် အငယ်လေးရေ ။
ထမင်းစားရအောင်ဆင်းခဲ့တော့လေကွယ်။"
"ဟုတ်။ မာမီ လာပြီ.!
အခန်းအပြင်ဘက်မှမာမီ့အသံကြောင့် စိတ်မပါစွာဆင်းလာရခဲ့ပြန်သည်။အခုချိန်မှာဘာမှ
စားချင်စိတ်မရှိသော်လည်း စည်းကမ်းကြီးလွန်းသည့်ဒယ်ဒီကြောင့် စားမဝင်လည်းအတင်းထိုးထည့်ရပေအုံးမည်။
ဖုန်းလေးအားလက်ထဲမှကိုင်ကာ ဒယ်ဒီ့၏ဘယ်ဘက်သို့ကုတ်ကုတ်ကလေးဝင်ထိုင်လိုက်တော့ ဒယ်ဒီဟာဖုန်းကိုင်ထားသည့်လက်ကိုတစ်ချက်ကြည့်ပြီးဘာမှတော့မပြောပေ။
ရှေ့မှာချထားသောဟင်းလျာတွေ၏အနံ့ဟာနှာခေါင်းအတွင်းသို့ခပ်သင်းသင်းမွှေးကြိုင်နေသည်။သူ့အကြိုက်တွေဖြစ်တဲ့ ကြက်ဘုကြော်ကမပါမဖြစ်ပင်။
တစ်ပြိုင်တည်းပင် ခုနကမဆာသည့်ဗိုက်ဟာတစ်ဂွီဂွီဖြစ်လာ‌ေလသည်။
(စိတ်ပူတာနဲ့ဗိုက်ဆာတာနဲ့တစ်ခြားဆီပါ ဟီးဟီး ။ )
အခုဆိုရင်ဖြင့် ‌နေ့ ကြက်ဘုကြော်တွေအားလုစားမည့် မမ မရှိတော့သည်မို့တစ်ယောက်တည်းသာစိတ်ကြိုက်အဝဆွဲနေ‌လိုက်သည်။
"ဒွီးးး ဒွီးးးး"
ပလုတ်ပလောင်းဖြင့် အားရပါးရစားနေစဉ်ပင် ဘေးနားမှချထားသည့်ဖုန်းလေးဟာတုန်ခါလာသည်မို့ မျှော်လင့်တစ်ကြီးကြည့်လိုက်တော့ အသဲပုံတစ်ခုတည်းသာမှတ်ထားသည့် နံပါတ်လေး။
မျက်နှာငယ်လေးဖြင့် မိဘနှစ်ပါးအားကြည့်လိုက်တော့ ထမင်းစားနေရင်းမို့ကိုင်စေချင်ပုံမရပေ။
"ယိမ်းလေးဆီကလား သွားကိုင်ချင်ကိုင်လေ။ ပြီးမှဆက်စားဟုတ်ပြီလား။"
နေ့ ပုံစံအားရိပ်‌မိနေသောမာမီဟာအပြုံးလေးဖြင့်ခွင့်ပြုပေးသည်မို့ ဝမ်းသာအားရဖြင့်အခန်းထဲသို့ပြေးတက်လာခဲ့သည်။အနောက်မှာ ဒယ်ဒီတစ်ယောက်ဘယ်လိုကျန်နေခဲ့မှန်းမသိပါ။အပြစ်ပေးမယ်ဆိုရင်လည်းနောက်နေ့မှခံရတာ‌ပေါ့လေ။
"ဟယ်~လို ။"
"အင်း။ ဘာလုပ်နေတုန်း။"
နားစည်အတွင်းသို့ နူးညံ့စွာတိုးဝင်လာသောချိုမြမြအသံလေးကြောင့် ရင်ထဲကပူပန်နေသည့်ပလုံးကြီးဟာကျသွားတော့သည်။
ဟူး။တော်ပါသေးရဲ့။ဘာမှမဖြစ်လို့။
"အိမ့်ဆုနော်သော် တို့‌မေးတာကြားရဲ့လား။"
"အာ ဘာမေးလိုက်တာလဲဟင်။"
"ဘာလုပ်နေတာလဲလို့ မေးတာလေ။ တကယ်မကြားဘူးလား။"
"ဟီး မကြားလိုက်ဘူး။ အစ်မရဲ့" အင်း ဘာလုပ်နေတုန်း" ဆိုတဲ့စကားလေးငါးလုံးနဲ့တင်ကို ဒီလူသေလို့ရနေပြီသိရဲ့လား။ အရမ်းပြုစားနိုင်တာဘဲ ။အရမ်းလည်းလွမ်းတယ်။"
"ကလေးကလားစကားတွေ။ ဘယ်စာအုပ်ထဲကကျက်လာတာလဲ။"
ဖုန်းထဲကနေ တစ်ခစ်ခစ်ရယ်ကာလှောင်သလိုပြောနေသည့် အစ်မ ကြောင့်မျက်ခုံးတွေတွန့်ကွေးပစ်လိုက်မိသည်။
"ဟွန်း ဒီစကားတွေက နေ့ နှလုံးသားကနေတိုက်ရိုက်လာတာပါနော်။အကယ်၍စာအုပ်ထဲကနဲ့တူနေရင်လည်းcopyပေါ့လေ။ဒါပေ
မယ့် ရင်ထဲကလာတဲ့တကယ်အစစ်အမှန်တွေဆိုတာတော့ယုံစေချင်တယ်။"
"ဟုတ်ပါပြီ။ မင်းစကားတတ်တာတို့သိပါတယ်ကွယ် ဟုတ်ပြီလား။"
"ဒါကတော့ ချစ်တာကိုး အစ်မရဲ့ ။"
နေ့ ဘက်ကပြောလိုက်သော်လည်း တစ်ဖက်ကာ ပြန်ဖြေသည့်အသံမကြားရတော့ပေ။ အနောက်ဆီက အနည်းငယ်ညံနေသည်မို့ အစ်မတစ်ယောက်ဘာတွေလုပ်နေလဲဆိုတာသိချင်လာမိသည်။
"ခနလေးနော် ကလေး။"
အဆုံးမှာရုတ်တရက်ကြီးသုံးနှုန်းလိုက်သောနာမ်စားကြောင့် အိမ့်ဆုနေသော်ကတော့ငုတ်တုတ်ကြီးဖြင့်အရည်တွေပျော်နေလေ‌ေတာ့သည်။
________________
"ယိမ်းရေ လာပါအုံး ။
ဒီမှာ တို့ဒေါ်လေးနဲ့မိတ်ဆက်ပေးချင်လို့။"
ဝင့်လွှာ၏အသံကြောင့် ဖုန်းလေးအားချရင်း လူတွေစုံနေသည့်အနားသို့သွားထိုင်လိုက်ရသည်။
"ဒါက သမီးသူငယ်ချင်းတွေပါ ဒေါ်လေး။ဒီတစ်ယောက်ကပန်းဆုနေသော် ၊ ဟိုဘက်ကတစ်ယောက်ကယိမ်းနွဲ့ဟန်ပန်တဲ့။ ယိမ်းနဲ့ ဝင့်လွှာ ဒါကငါ့ဖေဖေရဲ့ညီမအရင်းလေ ၊ ဒေါ်လေး ဆန်းမြ တဲ့ ။"
‌"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ရှင့်။"
ပန်းက လောကွပ်ချော်ကာနှုတ်ဆက်နေသော်လည်း ယိမ်းကဖြင့်ဘာစကားမှမဆိုမိဘဲပြုံး၍သာနှုတ်ဆက်လိုက်သည်။
"ငါ့တူမသူငယ်ချင်းတွေကလည်း အချောအလှတွေဘဲ ။ဟား ရွာသားတွေမြင်ရင်တော့ အိမ်ကိုချောင်းပေါက်မတတ် ရေလာငင်မှာကျိန်းသေပေါက်ဘဲ ။ တောင်းထဲထည့်ဖွက်ထားရမလိုဖြစ်နေပါပြီကွယ်။"
ဝင့်လွှာ၏ဒေါ်လေးဖြစ်သူအပြောကြောင့် အကုန်လုံးရယ်မိလိုက်ကြသည်။
" ငါ့တူမကြီးကတစ်နေ့တစ်ကြားလှလာလိုက်တာကွယ် ။အပျိုးကြီးဖားဖားတောင်ဖြစ်နေပါရော့လား။
ဝင့်လွှာအားအသေချာကြည့်ကာပြောနေသည့် ဒေါ်လေးဆန်းမြဆိုသည့်အမျိုးသမီးအား တူမဖြစ်သူအားလွမ်းဆွတ်နေသည်ဆိုတာ သိသာလှသည်။ ထို့နောက်ယိမ်းတို့ဘက်အားလှည့်၍
"ဒေါ်လေးကိုလည်းသမီးတို့ဒေါ်လေးလို့သဘောထားလို့ရပါတယ်ကွယ်။ဘာမှလည်းအားနာစရာမလိုဘူး ကြားလား ၊ငါ့တူမတို့။"
"ဟုတ်ကဲ့ရှင့်။"
------------
At 8:00PM..
သုံးယောက်သားထိန်ထိန်လင်းနေသည့်လရောင်အောက်တွင်ရှိကွပ်ပြစ်ပေါ်သောထိုင်နေကြခြင်းဖြစ်သည်။ဝင့်‌လွှာ၏ဒေါ်လေးဖြစ်သူဟာ မြို့သူနုနုနယ်နယ်လေးတွေအား ခြင်ကိုက်မည်ဆို၍ခြင်ဆေးခွေပါ ထွန်းပေးထားသည့်အပြင် အပျင်းပြေစားရအောင် လက်ဖက် ၊ ထန်းညက် ၊ကျောက်ကြော၊ ရေနွေးကြမ်းစသဖြင့်လာချထားပေသည်။
ဝင့်လွှာ၏ဒယ်ဒီဟာဒီဇာတိကဆိုဘဲ။ အဘွားကတော့လွန်ခဲ့သည့်လအနည်းငယ်ကဆုံးသွားသည်တဲ့လေ။ ထို့ကြောင့် ဒီအိမ်‌မှာအပျိုကြီးဖြစ်တဲ့ဒေါ်လေးတစ်ယောက်ဘဲကျန်နေခြင်းဖြစ်သည်။သို့ပေမယ့်လို့ ဒီရွာတွင်လည်း‌ဆွေမျိုးတွေရှိတာမို့ စိတ်ချရပါသည်။သွေးချင်းမောင်နှမသုံးယောက်ရှိပြီး ဒယ်ဒီကအလတ်ဖြစ်သည်။ အငယ်ဆုံးကဒေါ်လေးဆန်းမြဖြစ်ပြီး ၊ အကြီးဆုံးဖြစ်သူဒေါ်လေးဆန်းကြည်၏အိမ်ကိုတော့မနက်ဖြန်မှသွားနှုတ်ရမည်ဖြစ်သည်။
တက္ကသိုလ်ကျောင်းတော်သားကို~ အကြင်နာပိုမိလို့~....။အားငယ်မိတယ်~~ မေ့မှာ~။ မခင်တွယ်မှာစိုးလို့~...။
ထိုစဉ် အိမ်ပေါ်မှကျန်ခဲ့သည့်ဖုန်းလေးဟာထမြည်လာသည်မို့ ယိမ်း တစ်ယောက်ထိပ်လန့်သွားမိသလို ပန်းနှင့်ဝင့်လွာကိုကြည့်လိုက်တော့ ပြုံးစိစိဖြစ်နေကြမို့ တစ်ကိုယ်လုံးပူထူသွားမိသည်။
ဂုဏ်ရည်မတူလည်း~မေ့အသည်း~~ ကြည်ဖြူလိုက်စမ်းပါ ~။မခင်တွယ်လို့လည်း~~ မဟုတ်ဘူး~။ရင်နာနာနဲ့ပါ~~။
"အဟမ်း။ အိမ်ကဆက်တာထင်တယ်
တို့ ဖုန်းသွားပြောလိုက်အုံးမယ်။"
ထိုသို့ပြောရင်းရှက်ရှက်နှင့်အိမ်ပေါ်တက်သွားသော ယိမ်းကိုကြည့်ရင်းနှစ်ယောက်စလုံးရယ်လိုက်မိကြသည်။
"ယိမ်းက တို့တွေအချင်းချင်းဘဲကိုရှက်တတ်လိုက်ကွယ်။ "
"အဟင်း ဟုတ်ပ သိပ်ကိုအရှက်ကြီးတာ။ ဒါနဲ့လေ ဝင့်လွှာ ယူကော သူတို့အတွဲလေးကိုဘယ်လိုမြင်လဲ။"
ပန်း၏အမေးအား ဝင့်လွှာဟာချက်ချင်းမဖြေသေးဘဲ ကြယ်ရောင်စုံလင်းလက်နေသည့်ကောင်းကင်ကြီးကိုငေးကြည့်‌သည်။
"တို့ဒယ်ဒီက လိင်တူဖြစ်နေလို့ တို့ကဒီလိုအရာမျိုးကိုမုန်းတီးနေတယ်လို့ထင်နေမိတာမလား။"
ဝင့်လွှာ၏ထင်မြင်ချက်ဟာမှန်နေသည်မို့ ပန်းငြိမ်နေလိုက်သည်။
"စစချင်းတော့အံ့ဩတုန်လှုပ်သွားမိတာဝန်ခံပါတယ်။ ဒါပေမယ့်တစ်ဖြည်းဖြည်းချင်းပြန်စဉ်းစားကြည့်တော့ အချစ်ကအချစ်ပါဘဲလေ ။ယောကျာ်းမိန်းမရယ်လို့မဟုတ်ဘဲ အဓိကကလူနှစ်ဦးချစ်နေကြဖို့ဘဲမဟုတ်လား။ တို့ဒယ်ဒီက လိင်တူဖြစ်နေလို့သမီးတစ်ယောက်အနေနဲ့မရှက်ရွံ့မိပါဘူး။"
"ပန်းသိလား။တို့တစ်ခုတော့ရှက်မိတယ်။ မာမီကလည်းနောက်တစ်ယောက်နဲ့ ပြီးတော့ဒယ်ဒီကလည်း ....။"
ပြောရင်း မျက်ရည်လေးတွေစီးကျကာရှိုက်သံသဲ့သဲ့ပါထွက်လာသည်မို့ အလိုလိုနေရင်းကိုယ်ပါမျက်ရည်ဝဲလာရသည်။
"ဆက်မပြောပါနဲ့ ယူရယ်။တို့နားလည်ပါတယ်။"
"အစတည်းကအချစ်မပါရင်ဘာလို့လက်ထပ်ခဲ့ကြသေးလဲကွယ်။ သူတို့ကြားထဲမှာတို့ကဘဲမနေတတ်ဖြစ်ရတယ်။"
ပုခုံးပေါ်သို့မှီချလာသောဝင့်လွှာကြောင့် ကျောလေးအားခပ်ဖွဖွပုတ်ပေးမိသည်။
"တောင်းပန်ပါတယ် ယူရယ်။တို့အပြစ်ပါ။ အတင်းမေ့ပစ်ထားရတဲ့အရာကြီးကို ပြန်သတိရစေခဲ့လို့။ "
************
တစ်ဖက်တွင်လည်း။
"တို့ဆောရီးလို့ပြောနေတာဘဲလေ ။ဒါကိုဘာဖြစ်နေရတာတုန်း ရှင်က။"
"ဘာဖြစ်နေတာတုန်း ဟုတ်လား။ စိတ်ဆိုးနေတာလေ ၊မသိဘူးလား။ခနဆိုပြီး အကြာကြီးပြစ်ထားတာဘယ်သူလဲ။ ဒီမှာဘယ်လောက်စိတ်ပူနေရလဲသိရဲ့လား ။"
တစ်ဖက်ကမျက်နှာကိုမမြင်ရသော်လည်း ဒီကလေးနှုတ်ခမ်းကြီးစူထော်နေမည်ဆိုတာမြင်ယောင်မိသည်။
"စိတ်ပူရအောင် တို့ကကလေးလား ။ "
"ဟာ ကလေးမဟုတ်လို့စိတ်ပူနေရတာပေါ့ဗျ။ အခုဘယ်မှာလဲ ‌မမဝင့်လွှာရဲ့ရွာကိုရောက်ပြီလား။"
"အင်း ငါးနာရီလောက်ကရောက်တယ်။ ဒီမှာ အရမ်းအေးချမ်းတာဘဲ သိလား ပတ်ဝန်းကျင်ကတိတ်ဆိတ်ပြီးအရမ်းနေလို့ကောင်းတယ်။"
စကား‌အကောင်းပြောလိုက်သော်လည်း ပြန်တုံ့ပြန်လာသည့်စကားတွေကြောင့် ယိမ်းမှာအရှက်ပိုရပြန်သည်။
"အပြောမစောပါနဲ့အုံး အစ်မရာ ။
ပြီးမှ နေ့ ရင်ခွင်ကပိုနေလို့ကောင်းတယ်ဆိုပြီးစကားပြင်လို့မရဘူးနော်။"
******************
နောက်တစ်နေ့မနက်ကျောင်းတွင်။
"ဟဲ့ မနက်စောစောစီးစီး  ရုပ်ကိုက လဒရုပ်နဲ့ ။ကျက်သရေမရှိလိုက်တာဟယ်။အန်တောင်အန်ချင်တယ်။"
အဝေးကိုငေးကာမှိုင်နေသည့် နေနေ့ အားကြည့်ကာ ထုံစံအတိုင်းဖူးခတ်မကဖဲ့လာပါတော့သည်။
"နင်သေချင်လို့လား ။ငါချောတာငါသိတယ်။အဲ့လောက်အမွှန်းတင်မနေနဲ့။ဟွန်း"
"လွမ်းနေ‌ပါတယ်ဆိုမှ ဒီရုပ်ဆိုးပန်းဆိုးfaမကတစ်မျိုး။"
"ဘာ။ "
"နင်တို့ကလည်းဟယ် တွေ့ရင်ကိုက်မယ်ဆိုတာချည်းဘဲ။ ဒီနေ့ ကျောင်းတက်ရတာဘယ်သူမှစိတ်မပါဘူး မလား။ငါတို့အတန်းလစ်ပြီး ဘီယာဆိုင်သွားကြမယ်လေ။မကောင်းဘူးလား။"
အနေအေးပြီး စာဂျ‌ပိုးလေး မိုးမြင့်တိမ်လွှာဆီကထိုစကားကိုကြားတော့ အကုန်လုံးအလန့်တစ်ကြားဖြစ်သွားလေသည်။ အရင်က ဘီယာဆိုင်သွားမယ်ဆိုရင်တောင် အတင်းဘူးခံကာငြင်းတတ်သည့်သူတို့တိမ်လွှာလေးမှဟုတ်ပါရဲ့လားလို့မေးယူ‌ရလောက်မည်။
"ဘယ်လို ။ဘယ်လို။‌ပြန်ပြောစမ်း။"
"ဟယ် ငါတို့မိုးမြင့်တိမ်လွှာလေးမှဟုတ်ရဲ့လား။"
"တိမ်လွှာ နင်ဆေးသောက်မှားလာတာလား။"
တစ်ယောက်တစ်ယောက်ပေါက်၏မေးသံတွေကြောင့် ငတိမကစပ်ဖြီးဖြီးရုပ်ကိုတည်လိုက်ပြီး
"တကယ်ပြောနေတာ။ဘာလဲ မသွားကြချင်ဘူးလား။အဲ့ဆိုလဲ...!
"မဟုတ်ဘူး။သွားမယ်။သွားမယ်။
မြန်မြန်လာကျ အဖိုးတန်တဲ့တစ်နေ့တာကိုပျော်ပျော်ကြီးဖြတ်သန်းကြရအောင်‌ ရေးးး။"
ဤသို့ဖြင့် တစ်ဖွဲ့လုံးပျော်ပျော်ရွှင်ရွှင်နှင့်ဘီယာဆိုင်သို့ဒိုးကြပါလေတော့သည်။
****************
ဘီယာဆိုင်တွင်တော့ တစ်ဖွဲ့လုံးမိုးမမြင်လေမမြင်နဲ့မူးကြပါလေရော။အရမ်းကိုလိမ္မာယဉ်ကျေးအနေအေးသည့် တိမ်လွှာလေးကလည်း ဘာစိတ်ညစ်‌စရာတွေရှိလို့လဲမသိပေ။ခုံပေါ်တောင်မှောက်နေလေ၏ အခုချိန်ထိသိပ်မမူးသေးတာကတော့ ဖူးခတ်နှင့်ဟန်နှင့်ပင်။ ဟန်ကရီဝေဝေဖြစ်နေပေမယ့် ဖူးခတ်ကခေါင်းတွေကိုက်နေလို့ ဟုဆိုကာနည်းနည်းဘဲသောက်သည်။
အမူးအရှုးအကွဲပြဲဆုံးကတော့ အိမ့်ဆုနေသော်တစ်ယောက်ပင်။ တစ်အေ့အေ့ တစ်ဂေ့ဂေ့ဖြင့် မျက်လုံးတွေဆိုဖွင့်တောင်မဖွင့်နိုင်တော့။ ချစ်ရသူ၏မျက်နှာလေးအား တစ်နေကုန်မတွေ့ရသည့်ခံစားချက်ဟာဆိုးဝါးလှသည်။ ဘာဘဲလုပ်လုပ် သူ့ဆီဘဲစိတ်ရောက်သွားတားးမိတာမျိုး ၊ဘယ်နေရာဘဲကြည့်ကြည့် သူ့ကိုဘဲပြေးမြင်နေမိတာမျိုး။ကိုယ့်ကိုယ်ကိုမချစ်တတ်ဘူးဟုထင်ထားမိခဲ့သော်လည်းဒီအစ်မကြီးနဲ့ကျမှအရှုံးပေးရလေသည် ။
နေနေ့အားကြည့်ကာ ဟန်က ပြီတီတီမျက်နှာဘေးဖြင့် ဖုန်းကင်မရာအားနှိပ်လိုက်လေသည်။
"ဟဲ့ နေနေ ။နင်မယိမ်းကိုဘယ်လောက်ထိချစ်လဲ။"
"ဟမ် ဘယ်လောက်ထိချစ်လဲဆိုတော့ ...ဂေ့ အေ့။
အားးးး!
"ဟဲ့ ဘာ ဘာဖြစ်တာတုန်း ။ ဘယ်နေရာကနာလို့လဲ။
"ဟီးဟီး ဒီနားကအကောင်ငယ်လေးက
ပေါက်ကွဲမတက်ထခုန်နေလို့ အေ့~ ။ မခံစားနိုင်တော့လို့အော်မိသွားတာ ဟဲ။ အေ့~ ငါကလေ သူ့ကိုအများကြီးချစ်တယ် အများကြီးဘဲ ဟောဒီလောက်ကြီးလေ..ဂေ့~~ အေ့~။
"သူဆိုတာဘယ်သူတုန်း! ရှင်းရှင်းပြောဟဲ့။"
"ဟွန်း ယိမ်းနွဲ့ဟန်ပန်ဆိုတဲ့ အစ်မကြီး‌‌ေလ။ အေ့ ~သူပေါ့ ၊ အမြဲတမ်းခပ်တည်တည်ကြီးနဲ့ ~အေ့ ~ဂေ့ ၊ မသိရင်ငါကသူ့အလုပ်သမားကျနေတာဘဲ ဟွန့် ။ ပြီးတော့ အချစ်တွေအများကြီးဒီ‌ေလာက်အတင်းထိုးပေးနေတာကို လေနဲ့ပြန်မှုတ်ထုတ်တယ်လေ ~အေ့ ~~။"
‌နှုတ်ခမ်းတစ်ထော်ထော်ဖြင့် လက်ညိုးထိုးကာမကျေမနပ်ရန်စွာနေသည့် ကလေးမ၏ဗွီဒီရိုအားကြည့်ကာ ရယ်လည်းရယ်မိလိုက်သလို ဒေါသထွက်မိသည်။ ဒီလောက် အတန်တန်မှာထားလျက်နဲ့ အတန်းလစ်ကာဘီယာဆိုင်သို့ခြေဦးလှည့်နေသည့် ကလေးမဟာသိပ်ဆိုးသည်။ ထိုဗီဒီရိုယာပို့လာသည့် ဟန်လေးကိုလည်း လိုင်းပေါ်မှစာရိုက်၍လှမ်းဆူရသည်။
အတူကြည့်နေကြသည့် ဝင့်လွှာနှင့်ပန်းဟာလည်းတစ်ခစ်ခစ်ရယ်လေသည်။ အခုချိန်ဟာ မနက်ဆယ်နာရီ ပင်ရှိသေး၏ ဒါကိုပင် ဒင်းတို့က မနက်ခင်းပိုင်းတင်ကို ကျောင်းမတက်ဘဲဘီယာဆိုင်သွားကြသည်တဲ့လေ။
"အဟား ။ငါ့ညီမကတော့လုပ်ပြီ။ဒင်းအဲ့လိုပုံစံနဲ့အိမ်ကိုဘယ်လိုပြန်မလဲ သိချင်စမ်းရဲ့။ "
"ပန်းရဲ့ညီမလေးကအဆိုးလေးဘဲ။ယိမ်းရေ ယူတော့ ကလေးထိန်းရမယ့်ကံပါလာတယ်ထင်ပါရဲ့။"
သူငယ်ချင်းနှစ်ယောက်၏စကားတွေအားလျစ်လျူရှုကာ မျက်ခုံးတွေအားတွန့်ချိုးလိုက်မိသည်။
အိမ့်ဆုနေသော် ‌အိမ့်ဆုနေသော် တွေ့ကြသေးတာပေါ့။
_____
23.2.2023
7:38𝑷𝑴
𝑻𝒉𝒘𝒂𝒚64
ကြိုးစားပါအုံးမည်။အပိုင်း(23)မျှော်
_____________
Zawgyi
အချစ်၏ဟန်ပန်
အပိုင်း(၂၂)
At 6:50PM
~"မိတ်~ဆွေ...!!
"ဒေါက် ဒေါက် အငယ်လေးရေ ။
"ဟုတ်။ မာမီ လာပြီ.!
တစ်ပြိုင်တည်းပင် ခုနကမဆာသည့်ဗိုက်ဟာတစ်ဂွီဂွီဖြစ်လာလေသညျ။
"ဒွီးးး ဒွီးးးး"
"ဟယ်~လို ။"
"အင်း။ ဘာလုပ်နေတုန်း။"
ဟူး။တော်ပါသေးရဲ့။ဘာမှမဖြစ်လို့။
"အာ ဘာမေးလိုက်တာလဲဟင်။"
"ခနလေးနော် ကလေး။"
အဆုံးမှာရုတ်တရက်ကြီးသုံးနှုန်းလိုက်သောနာမ်စားကြောင့် အိမ့်ဆုနေသော်ကတော့ငုတ်တုတ်ကြီးဖြင့်အရည်တွေပျော်နေလေတော့သညျ။
________________
"ယိမ်းရေ လာပါအုံး ။
"ဟုတ်ကဲ့ရှင့်။"
------------
At 8:00PM..
"အဟမ်း။ အိမ်ကဆက်တာထင်တယ်
"ဆက်မပြောပါနဲ့ ယူရယ်။တို့နားလည်ပါတယ်။"
************
တစ်ဖက်တွင်လည်း။
******************
"ဘာ။ "
"ဘယ်လို ။ဘယ်လို။ပြန်ပြောစမ်း။"
"မဟုတ်ဘူး။သွားမယ်။သွားမယ်။
****************
အားးးး!
"ဟဲ့ ဘာ ဘာဖြစ်တာတုန်း ။ ဘယ်နေရာကနာလို့လဲ။
_____
23.2.2023
ကြိုးစားပါအုံးမည်။အပိုင်း(23)မျှော်
Continue Reading
You'll Also Like
21.6K 641 140
Ayo silakan di lihat liriknya sambil mendengarkan lagunya,tingal cari sesuai huruf aja gampangkan. *kalo klian suka india apa salahnya lah untuk men...
164K 17.1K 200
Qu Meng'er tidak berharap bahwa kematiannya yang disebabkan oleh ayahnya akan membuatnya terlahir kembali. Ketika dia membuka kembali matanya, dia t...
432K 22K 51
"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!
108K 7.5K 131
Assalamualaikum wr wb teman-teman . . 🔑 Ambil yang baik, buang yang buruk Hanya manusia penuh khilaf 😇 📣Quotes dan syair ini diambil dari berbaga...