အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်...

By Miracle_Phyu97

65K 6.5K 80

Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Roman... More

Description
Ch-1.1
Ch-1.2
Chapter-2.1
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4.1
Chapter-5.1
Chapter-5.2
Paid Gp
Chapter-6.1
Chapter-6.2
Chapter-7.1
Chapter-7.2
Chapter-8.1
Chapter-8.2
Chapter-9.1
Chapter-9.2
Chapter-10.1
Chapter-10.2
Chapter-11.1
Chapter-11.2
Chapter-11.3
Chapter-12.1
Chapter-12.2
Chapter-12.3
Chapter-13.1
Chapter-13.2
Chapter-14.1
Chapter-14.2
Chapter-15.1
Chapter-15.2
Chapter-16.1
Chapter-16.2
Ch-17.1
Ch-17.2
Ch-18.1
Ch-18.2
Chapter-18.3
Ch-18.4
Ch-19.1
Ch-19.2
Ch-19.3
Ch-20.1
Ch-20.2
Attention
Ch-21.1
Ch-21.2
Ch-21.3
Ch-22.1
Ch-22.2

Chapter-4.2

1.2K 154 1
By Miracle_Phyu97

အခန်း (၄) (ခ)

ပုံမှန်လိုပင် မနှစ်မြို့ဖွယ် ခါးသက်နေသော ‌ဆေးအား သောက်ပြီးနောက် သူမသည် တက်စီငှားကာ ဖုန်းရှန့်ကုမ္ပဏီသို့ သွားလိုက်၏။ မမျှော်လင့်ထားစွာပင် သူမအား လာကြိုသောလူမှာ ယွီလင်းဖြစ်နေသည်။

ရှုတင်အတွင်းတွင် စစ်ယွီအား မကျေမနပ်ဖြစ်နေခဲ့သော အမူအရာနှင့် ယှဉ်ရပါလျှင် ယခုတစ်ခေါက် ယွီလင်း၏အပြုအမူမှာ ပိုပြီးငြင်သာလာကာ သူမမျက်နှာတွင် အပြုံးတစ်ခုအား ချိတ်ဆွဲထား၏။ "မင်း ရောက်လာပြီလား။ မစ္စတာကျန်းချောင်က ဒီတစ်ခေါက် ရှုတင်ကို အရမ်းစိတ်ကျေနပ်ပြီးတော့ အခွင့်အရေးရရင် နင်နဲ့ အလုပ်အတူတူ ထပ်လုပ်ရဖို့ မျှော်လင့်ပါတယ်တဲ့။ နင်တော့ ချက်ကောင်းကို ထိလိုက်ပြီ။"

ယွီလင်းသည် စစ်ယွီ၏အသားအရောင်အား ဂရုတစိုက် လေ့လာနေသည်။ သူမ၏မျက်နှာမှာ ဘာအရောင်မှမရှိဘဲ သူမ၏နှုတ်ခမ်းများမှာလည်း ဖြူရော်နေတာကို မြင်မိသောအခါ ထိုနေ့က သွေးအန်သောမြင်ကွင်းအား သတိရမိသွားပြီး နည်းနည်း ထပ်မေးလိုက်သည်။ "နင် နေကောင်းလာပြီလား။"

"လင်းကျဲ၊ ဒါက ကျွန်မရဲ့ ရောဂါဟောင်းလေးပါပဲ။ စိတ်ပူစရာမရှိပါဘူး။" ဟု စစ်ယွီသည် ရိုရိုသေသေ ဖြေလိုက်၏။

အမှန်တကယ်တော့ သူမသည် ယွီလင်း၏ခေါင်းအား အာရုံရနေခြင်းဖြစ်သည်။ သူမတို့နှစ်ယောက် နောက်ဆုံးတွေ့ခဲ့တုန်းက ယွီလင်း၏ခေါင်းပေါ်တွင် ပန်းရောင်ရင့်ရင့် ရှိနေသော်လည်း ယနေ့တွင်မူ မီးခိုးရောင်မြူများအဖြစ် ပြောင်းလဲသွားသည်။ ယွီလင်းမှာ အရင်ကအတိုင်းပဲ ဘာမှမသိသည့်ပုံပင်။

အစတွင် စစ်ယွီသည် ထိုမီးခိုးအား ဖုန်များဟုထင်မိတာဖြစ်သည်။ ထို့ကြောင့် ယွီလင်း ဟိုဘက်လှည့်ကာ ပစ္စည်းယူသောအချိန်တွင် သူမလက်အား ထုတ်ကာ ခါပေးလိုက်သည် ----

သူမ၏လက်က ထိုအမဲရောင်မြူများကို ထိလိုက်လျှင်ထိလိုက်ခြင်း တစ်စက္ကန့်လောက်တွင် သူမစိတ်ထဲသို့ များစွာသော မြင်ကွင်းများ ဝင်ရောက်လာလိမ့်မည်ဟု ဘယ်သူက ထင်ပါ့မလဲ။ လူရှုပ်နေသော လမ်းမပေါ်တွင် လျှောက်လမ်းပေါ်သို့ လမ်းချော်လာသော ကားတစ်စီးသည် ကျောင်းလွယ်အိတ်လွယ်ထားသော ကလေးမလေးအား တိုက်မိကာ မီတာအနည်းငယ်လောက်လွင့်သွားပြီး မြေကြီးပေါ်သို့ကျသွားသည်။ သွေးတွေက နေရာအနှံ့ပြန့်ကျဲနေပြီး အသက်မပါသော မျက်လုံးများနှင့် ဝိုင်းအုံနေသော လူအုပ်ကြီး ... ထို့အပြင် ထိုကောင်မလေး၏ မျက်နှာမှာ သူမရှေ့တွင် ရပ်နေသော ယွီလင်းနှင့် ၇၀ ၈၀ ရာခိုင်နှုန်းလောက် တူညီနေသည်။

ထိုအပိုင်းအစများသည် စစ်ယွီ၏စိတ်ထဲသို့ အမြန်စီးဆင်းသွား၏။ သူမ၏ ပင်ကိုယ်အသိစိတ်အား ပြန်ရသောအခါ သူမသည် အလျင်အမြန်ပင် အသက်ရှူလိုက်ရသည်။

ဒါကြီးက ဘာကြီးလဲ .... နိမိတ်လား။ ယွီလင်း၏ခေါင်းပေါ်တွင် ပေါလောပေါ်နေသော အနက်ရောင်မြူအား ထိသည့်အချိန်မှာမှ ထိုအရာများကို သူမမြင်ရခြင်းဖြစ်သည်။ ဒီနိမိတ်က ယွီလင်းနဲ့ ဆက်စပ်နေတာလား။ ယွီလင်း ဒါမှမဟုတ် သူမနဲ့ရင်းနှီးသူတစ်ယောက်ယောက် ဒီအဖြစ်ဆိုးကြီးကို ကြုံရမယ်လို့ ဆိုလိုတာလား။

စစ်ယွီသည် မျက်လုံးမှိတ်ကာ အသက်ရှူထုတ်လိုက်ပြီး အလွန်အမင်းမြန်နေသော သူမ၏နှလုံးခုန်သံအား လျော့သွားအောင် စိတ်တည်ငြိမ်စေလိုက်သည်။ ရုတ်တရတ်ကြီး ဒီလိုသွေးသံရဲရဲမြင်ကွင်းကိုမြင်ရတာ သူမအတွက်တော့ ပေါ့သေးသေးမဟုတ်ပေ။

ယွီလင်းသည် သူမအား တစ်ခြားတစ်ခုပြောဖို့ ခေါင်းလှည့်လိုက်ပြီး သူမ၏ပုံစံအား တွေ့သွား၏။ ယွီလင်းမှာ ကြောင်သွားသည်။ "နင် ဘာဖြစ်တာလဲ။" နောက်ထပ် ‌နေမကောင်းမဖြစ်ပါနဲ့တော့။

"ဟင့်အင်း၊ ကျွန်မ ရုတ်တရတ်ကြီး နည်းနည်းနေမကောင်းသလို ခံစားရလို့ပါ။ အရမ်းကြီးမဆိုးပါဘူး။" သူမသည် ခဏတာ တုံ့ဆိုင်းနေ၏။ ထို့နောက် ယွီလင်းအား ကြည့်ကာ မေးလိုက်သည်။ "လင်းကျဲ၊ အစ်မမှာ သမီးတစ်ယောက်ရှိတာလား။"

ယွီလင်းမှာ စိတ်ရှုပ်သွားရ၏။ "အင်း"

သူမသည် အလုပ်နှင့်ဘဝအား ပိုင်းခြားထားသောလူဖြစ်၍ ထူးဆန်းသည်ဟု တွေးနေမိသည်။ သူမသည် သူမ၏ကိုယ်ပိုင်ကိစ္စများအား ဘယ်သူ့ကိုမှ မပြောဖူးပေ။ ဒီကောင်မလေး ဘယ်က ကြားလာတာပါလိမ့်။

စစ်ယွီသည် နောက်မေးခွန်းတစ်ခုမေးကာ အတည်ပြုလိုက်၏။ "ကလေးက အလယ်တန်းတက်နေတာလား။"

ယွီလင်း ခေါင်းငြိမ့်လိုက်၏။ "သူမက ဒီနှစ် ခြောက်တန်းတက်နေတာလေ။" စစ်ယွီတစ်ယောက် အတွေးထဲ နစ်မြုပ်သွားသည်ကို မြင်မိသောအခါ သူမသည် မမေးဘဲ မနေနိုင်တော့ပေ။ "နင် ဘာဖြစ်လို့ မေးတာလဲ။"

"ဒီအတိုင်းပဲ မေးကြည့်လိုက်တာပါ။ တစ်ခြားလူတစ်ယောက် ပြောနေတာ ကြားမိလို့။" စစ်ယွီသည် အေးအေးဆေးဆေးပင် ခေါင်းစဉ်ပြောင်းလိုက်သည်။ သူမ၏အတွေးထဲတွင် ပေါ်လာသောကလေးမှာ ယွီလင်း၏ကလေးဆိုတာ ခုနှစ်ဆယ်ရာခိုင်နှုန်း သေချာနေပြီဖြစ်သည်။ အဲ့ဒါဆိုရင် အဲ့ဒီအနက်ရောင်မြူက ယွီလင်းရဲ့သမီး ကားအက်ဆီးဒင့်ဖြစ်မယ်လို့ သတိပေးနေတာလား။

စစ်ယွီ မသေချာပေ။ သူမသည် မန်ဟွာ၏ မူရင်းစာရေးသူဖြစ်သော်လည်း အဓိကဇာတ်ကောင်များ၏ ကံကြမ္မာအပေါ်တွင်သာ အာရုံစိုက်ခဲ့တာဖြစ်သည်။ ဖြတ်လျှောက်လေးတစ်ယောက်အနေနှင့် တစ်ခါသာ ပေါ်လာဖူးသော ယွီလင်းအတွက်တော့ သူမ၏အနာဂတ်လမ်းကြောင်းအား သူမ မသိပေ။ ဒါက ကွဲပြားချက်တွေ အများကြီးနဲ့ ကမ္ဘာအစစ်ဆိုတော့ ပြောနေစရာ‌ မလိုတော့ပေ။

ထို့အပြင် စစ်ယွီသည် သူမခေါင်းပေါ်မှ အနက်ရောင်မြူသည် ဆိုးဝါးသောနိမိတ် ဟုတ် မဟုတ်ကို သိပ်မသေချာသေးပေ။ ဘာပဲဖြစ်ဖြစ် သူမသည် ယွီလင်းအား 'ဟေး ရှင့်သမီးက ကားတိုက်ခံရတော့မှာ' လို့တော့ တိုက်ရိုက်ပြောလို့မရဘူးလေ ဟုတ်တယ်မလား။ အဲ့လိုသာ ပြောလိုက်ရင် လူတွေက သူမကို သေတဲ့အထိ ရိုက်သတ်ကြမယ်ဆိုတာ ပြောနေစရာတောင်မလိုဘူး။

ကြည့်ရသည်မှာ သူမဟာသူမ အဖြေရှာဖို့ လိုအပ်သည်ဟု ထင်မိ၏ ....

ယွီလင်းသည် ဤဖြစ်ရပ်သေးသေးလေးအား မြန်မြန်ဆန်ဆန်ပင် မေ့သွားပြီး သူမ စကားထပ်စလာခဲ့သည်။ "စကားမစပ် အက်ဒီတာခေါင်းဆောင်နဲ့ ငါက ဒီတစ်ခေါက် ထုတ်ကုန်အတွက် ရိုက်ကူးရေးကို တကယ်သဘောကျတယ်။ နင့်ရဲ့အခြေအနေအရဆို ပိုကောင်းတဲ့အခွင့်အရေးတွေကို ကြိုးစားသင့်တယ်လို့ ငါထင်တယ်။ ကျီလင်း၊ နင် သူ့ကိုကြားဖူးလား။"

ထိုနာမည်အား ကြားသောအခါ စစ်ယွီသည် သူမနှုတ်ခမ်းအား မသိစိတ်ဖြင့် ကိုက်လိုက်မိသည်။

ကျီလင်း သူမ ဘယ်လိုလုပ်ပြီး မသိဘဲ နေပါ့မလဲ။ ကျီလင်းသည် <<စူပါစတားလေးရဲ့ အလိုလိုက်ခံ အိမ်ထောင်ရေး>> မန်ဟွာ၏ အဓိကဇာတ်လိုက်ဖြစ်သည်။ ထို့အပြင် သူသည် မူလကိုယ်၏ သွေးတစ်ဝက်မောင်လေးလဲ ဖြစ်သေးသည်။ သို့သော် စစ်ယွီသည် ထိုနာမည်အား ယွီလင်းပါးစပ်မှ ကြားလိုက်ရမည်ဟု ထင်မထားခဲ့ပေ။

"ကျွန်မ သိတာပေါ့။" စစ်ယွီစိတ်ထဲတွင် မကောင်းသော ခံစားချက်ကြီးရနေ၏။ သူမ မှတ်မိတာသာ မမှားခဲ့ရင် ဒီနောက်ပိုင်းသည် အဓိကဇာတ်လမ်းထဲမှာ...

ကောင်းပြီ၊ ယွီလင်း ဆက်ပြောလိုက်သည်။ "ကျီလင်းရဲ့ သီချင်းဗီဒီရိုအသစ်က ဇာတ်ဆောင်မင်းသမီးရွေးပွဲ ကျင်းပမှာ။ အချိန်က ဒီသော‌ကြာပဲ နင် သေချာပြင်ဆင်ထားရမယ်။ ငါနင့်ကို သဲလွန်စလေးပြောပြမယ် ကျီလင်းရဲ့ ရှင်းဖေးကုမ္ပဏီကို ဟွမ်းယီက တိတ်တိတ်လေး ဝယ်ထားပြီးပြီ။ အခု ဟွမ်းယီက အသစ်လေးတွေရှာနေတာ။ နင်သာ ပိုပြီးကောင်းကောင်းလေး ဖျော်ဖြေလိုက်ရင် ဟွမ်းယီက နင့်ကို ရွေးသွားနိုင်တယါ။ နင် အခုရှိနေတဲ့ အရည်အချင်းရှာဖွေအေဂျင်စီလား သူတို့ရဲ့အမြင်က ကျဉ်းပြီးတိမ်လွန်းတယ်။ သူတို့ဆီမှာ နေရာတိုင်းမှာ အန္တရာယ်တွေချည်းပဲ။ သေချာပေါက်ကို ‌အခြေအနေကောင်းမဟုတ်ဘူး။ နင် အဲ့လို ငရဲလိုနေရာက လွတ်ချင်တယ်ဆိုရင် ဒီအခွင့်အရေးကို ကောင်းကောင်း ဆုပ်ကိုင်ထားရမယ်။"

နောက်ဆုံးရှုတင်ပြီးသွားသည့်နောက် အက်ဒီတာခေါင်းဆောင်နှင့် ဓာတ်ပုံဆရာမှာ စစ်ယွီအား အရူးအမူး ချီးကျူးခဲ့ကြ၏။ ဒီမော်ဒယ်လေးသည် သူမ၏ရောဂါကိုပင်မမှုဘဲ ရှုတင်ပြီးသွားအောင် ရိုက်သွားနိုင်သည်ကို သူတို့ လေးစားမိနေကြသည်။ ထို့အပြင် ထွက်လာသောပုံများသည်လည်း အလွန်ကောင်းမွန်ပေသည်။ ဤလောကထဲတွင် ဒီလိုကျွမ်းကျင်မှုမှာ ရှားပါးလှသည်။ ထို့ကြောင့် ကျိုးစစ်ယွီအပေါ် ယွီလင်း၏အမြင်မှာ များစွာတိုးတက်လာခဲ့သည်။

စစ်ယွီတစ်ယောက် တွေဝေနေသည်ကို မြင်သောအခါ သူမလေးသည် စကား၏အခြေအနေကို သဘောမပေါက်သေးဟု ထင်ပြီး ထပ်အကြံပေးလိုက်သည်။ "တိုတိုပြောရရင် နင် ငါ့စကားတွေကို မှတ်ထားရမယ်။ ဟွမ်းယီရဲ့ နောက်ကွယ်က ဘယ်သူလို့ထင်နေတာလဲ။ အဲ့ဒါ ရုန်မြို့တော်ရဲ့ လုမိသားစုပပဲ။"

***

Zawgyi

အခန္း (၄) (ခ)

ပုံမွန္လိုပင္ မႏွစ္ၿမိဳ႕ဖြယ္ ခါးသက္ေနေသာ ‌ေဆးအား ေသာက္ၿပီးေနာက္ သူမသည္ တက္စီငွားကာ ဖုန္း႐ွန္႔ကုမၸဏီသို႔ သြားလိုက္၏။ မေမွ်ာ္လင့္ထားစြာပင္ သူမအား လာႀကိဳေသာလူမွာ ယြီလင္းျဖစ္ေနသည္။

႐ႈတင္အတြင္းတြင္ စစ္ယြီအား မေက်မနပ္ျဖစ္ေနခဲ့ေသာ အမူအရာႏွင့္ ယွဥ္ရပါလွ်င္ ယခုတစ္ေခါက္ ယြီလင္း၏အျပဳအမူမွာ ပိုၿပီးျငင္သာလာကာ သူမမ်က္ႏွာတြင္ အျပဳံးတစ္ခုအား ခ်ိတ္ဆြဲထား၏။ "မင္း ေရာက္လာၿပီလား။ မစၥတာက်န္းေခ်ာင္က ဒီတစ္ေခါက္ ႐ႈတင္ကို အရမ္းစိတ္ေက်နပ္ၿပီးေတာ့ အခြင့္အေရးရရင္ နင္နဲ႔ အလုပ္အတူတူ ထပ္လုပ္ရဖို႔ ေမွ်ာ္လင့္ပါတယ္တဲ့။ နင္ေတာ့ ခ်က္ေကာင္းကို ထိလိုက္ၿပီ။"

ယြီလင္းသည္ စစ္ယြီ၏အသားအေရာင္အား ဂ႐ုတစိုက္ ေလ့လာေနသည္။ သူမ၏မ်က္ႏွာမွာ ဘာအေရာင္မွမ႐ွိဘဲ သူမ၏ႏႈတ္ခမ္းမ်ားမွာလည္း ျဖဴေရာ္ေနတာကို ျမင္မိေသာအခါ ထိုေန႔က ေသြးအန္ေသာျမင္ကြင္းအား သတိရမိသြားၿပီး နည္းနည္း ထပ္ေမးလိုက္သည္။ "နင္ ေနေကာင္းလာၿပီလား။"

"လင္းက်ဲ၊ ဒါက ကြၽန္မရဲ႕ ေရာဂါေဟာင္းေလးပါပဲ။ စိတ္ပူစရာမ႐ွိပါဘူး။" ဟု စစ္ယြီသည္ ႐ို႐ိုေသေသ ေျဖလိုက္၏။

အမွန္တကယ္ေတာ့ သူမသည္ ယြီလင္း၏ေခါင္းအား အာ႐ုံရေနျခင္းျဖစ္သည္။ သူမတို႔ႏွစ္ေယာက္ ေနာက္ဆုံးေတြ႕ခဲ့တုန္းက ယြီလင္း၏ေခါင္းေပၚတြင္ ပန္းေရာင္ရင့္ရင့္ ႐ွိေနေသာ္လည္း ယေန႔တြင္မူ မီးခိုးေရာင္ျမဴမ်ားအျဖစ္ ေျပာင္းလဲသြားသည္။ ယြီလင္းမွာ အရင္ကအတိုင္းပဲ ဘာမွမသိသည့္ပုံပင္။

အစတြင္ စစ္ယြီသည္ ထိုမီးခိုးအား ဖုန္မ်ားဟုထင္မိတာျဖစ္သည္။ ထို႔ေၾကာင့္ ယြီလင္း ဟိုဘက္လွည့္ကာ ပစၥည္းယူေသာအခ်ိန္တြင္ သူမလက္အား ထုတ္ကာ ခါေပးလိုက္သည္ ----

သူမ၏လက္က ထိုအမဲေရာင္ျမဴမ်ားကို ထိလိုက္လွ်င္ထိလိုက္ျခင္း တစ္စကၠန္႔ေလာက္တြင္ သူမစိတ္ထဲသို႔ မ်ားစြာေသာ ျမင္ကြင္းမ်ား ဝင္ေရာက္လာလိမ့္မည္ဟု ဘယ္သူက ထင္ပါ့မလဲ။ လူ႐ႈပ္ေနေသာ လမ္းမေပၚတြင္ ေလွ်ာက္လမ္းေပၚသို႔ လမ္းေခ်ာ္လာေသာ ကားတစ္စီးသည္ ေက်ာင္းလြယ္အိတ္လြယ္ထားေသာ ကေလးမေလးအား တိုက္မိကာ မီတာအနည္းငယ္ေလာက္လြင့္သြားၿပီး ေျမႀကီးေပၚသို႔က်သြားသည္။ ေသြးေတြက ေနရာအႏွံ႔ျပန္႔က်ဲေနၿပီး အသက္မပါေသာ မ်က္လုံးမ်ားႏွင့္ ဝိုင္းအုံေနေသာ လူအုပ္ႀကီး ... ထို႔အျပင္ ထိုေကာင္မေလး၏ မ်က္ႏွာမွာ သူမေ႐ွ႕တြင္ ရပ္ေနေသာ ယြီလင္းႏွင့္ ၇၀ ၈၀ ရာခိုင္ႏႈန္းေလာက္ တူညီေနသည္။

ထိုအပိုင္းအစမ်ားသည္ စစ္ယြီ၏စိတ္ထဲသို႔ အျမန္စီးဆင္းသြား၏။ သူမ၏ ပင္ကိုယ္အသိစိတ္အား ျပန္ရေသာအခါ သူမသည္ အလ်င္အျမန္ပင္ အသက္႐ွဴလိုက္ရသည္။

ဒါႀကီးက ဘာႀကီးလဲ .... နိမိတ္လား။ ယြီလင္း၏ေခါင္းေပၚတြင္ ေပါေလာေပၚေနေသာ အနက္ေရာင္ျမဴအား ထိသည့္အခ်ိန္မွာမွ ထိုအရာမ်ားကို သူမျမင္ရျခင္းျဖစ္သည္။ ဒီနိမိတ္က ယြီလင္းနဲ႔ ဆက္စပ္ေနတာလား။ ယြီလင္း ဒါမွမဟုတ္ သူမနဲ႔ရင္းႏွီးသူတစ္ေယာက္ေယာက္ ဒီအျဖစ္ဆိုးႀကီးကို ၾကဳံရမယ္လို႔ ဆိုလိုတာလား။

စစ္ယြီသည္ မ်က္လုံးမွိတ္ကာ အသက္႐ွဴထုတ္လိုက္ၿပီး အလြန္အမင္းျမန္ေနေသာ သူမ၏ႏွလုံးခုန္သံအား ေလ်ာ့သြားေအာင္ စိတ္တည္ၿငိမ္ေစလိုက္သည္။ ႐ုတ္တရတ္ႀကီး ဒီလိုေသြးသံရဲရဲျမင္ကြင္းကိုျမင္ရတာ သူမအတြက္ေတာ့ ေပါ့ေသးေသးမဟုတ္ေပ။

ယြီလင္းသည္ သူမအား တစ္ျခားတစ္ခုေျပာဖို႔ ေခါင္းလွည့္လိုက္ၿပီး သူမ၏ပုံစံအား ေတြ႕သြား၏။ ယြီလင္းမွာ ေၾကာင္သြားသည္။ "နင္ ဘာျဖစ္တာလဲ။" ေနာက္ထပ္ ‌ေနမေကာင္းမျဖစ္ပါနဲ႔ေတာ့။

"ဟင့္အင္း၊ ကြၽန္မ ႐ုတ္တရတ္ႀကီး နည္းနည္းေနမေကာင္းသလို ခံစားရလို႔ပါ။ အရမ္းႀကီးမဆိုးပါဘူး။" သူမသည္ ခဏတာ တုံ႔ဆိုင္းေန၏။ ထို႔ေနာက္ ယြီလင္းအား ၾကည့္ကာ ေမးလိုက္သည္။ "လင္းက်ဲ၊ အစ္မမွာ သမီးတစ္ေယာက္႐ွိတာလား။"

ယြီလင္းမွာ စိတ္႐ႈပ္သြားရ၏။ "အင္း"

သူမသည္ အလုပ္ႏွင့္ဘဝအား ပိုင္းျခားထားေသာလူျဖစ္၍ ထူးဆန္းသည္ဟု ေတြးေနမိသည္။ သူမသည္ သူမ၏ကိုယ္ပိုင္ကိစၥမ်ားအား ဘယ္သူ႕ကိုမွ မေျပာဖူးေပ။ ဒီေကာင္မေလး ဘယ္က ၾကားလာတာပါလိမ့္။

စစ္ယြီသည္ ေနာက္ေမးခြန္းတစ္ခုေမးကာ အတည္ျပဳလိုက္၏။ "ကေလးက အလယ္တန္းတက္ေနတာလား။"

ယြီလင္း ေခါင္းၿငိမ့္လိုက္၏။ "သူမက ဒီႏွစ္ ေျခာက္တန္းတက္ေနတာေလ။" စစ္ယြီတစ္ေယာက္ အေတြးထဲ နစ္ျမဳပ္သြားသည္ကို ျမင္မိေသာအခါ သူမသည္ မေမးဘဲ မေနႏိုင္ေတာ့ေပ။ "နင္ ဘာျဖစ္လို႔ ေမးတာလဲ။"

"ဒီအတိုင္းပဲ ေမးၾကည့္လိုက္တာပါ။ တစ္ျခားလူတစ္ေယာက္ ေျပာေနတာ ၾကားမိလို႔။" စစ္ယြီသည္ ေအးေအးေဆးေဆးပင္ ေခါင္းစဥ္ေျပာင္းလိုက္သည္။ သူမ၏အေတြးထဲတြင္ ေပၚလာေသာကေလးမွာ ယြီလင္း၏ကေလးဆိုတာ ခုႏွစ္ဆယ္ရာခိုင္ႏႈန္း ေသခ်ာေနၿပီျဖစ္သည္။ အဲ့ဒါဆိုရင္ အဲ့ဒီအနက္ေရာင္ျမဴက ယြီလင္းရဲ႕သမီး ကားအက္ဆီးဒင့္ျဖစ္မယ္လို႔ သတိေပးေနတာလား။

စစ္ယြီ မေသခ်ာေပ။ သူမသည္ မန္ဟြာ၏ မူရင္းစာေရးသူျဖစ္ေသာ္လည္း အဓိကဇာတ္ေကာင္မ်ား၏ ကံၾကမၼာအေပၚတြင္သာ အာ႐ုံစိုက္ခဲ့တာျဖစ္သည္။ ျဖတ္ေလွ်ာက္ေလးတစ္ေယာက္အေနႏွင့္ တစ္ခါသာ ေပၚလာဖူးေသာ ယြီလင္းအတြက္ေတာ့ သူမ၏အနာဂတ္လမ္းေၾကာင္းအား သူမ မသိေပ။ ဒါက ကြဲျပားခ်က္ေတြ အမ်ားႀကီးနဲ႔ ကမ႓ာအစစ္ဆိုေတာ့ ေျပာေနစရာ‌ မလိုေတာ့ေပ။

ထို႔အျပင္ စစ္ယြီသည္ သူမေခါင္းေပၚမွ အနက္ေရာင္ျမဴသည္ ဆိုးဝါးေသာနိမိတ္ ဟုတ္ မဟုတ္ကို သိပ္မေသခ်ာေသးေပ။ ဘာပဲျဖစ္ျဖစ္ သူမသည္ ယြီလင္းအား 'ေဟး ႐ွင့္သမီးက ကားတိုက္ခံရေတာ့မွာ' လို႔ေတာ့ တိုက္႐ိုက္ေျပာလို႔မရဘူးေလ ဟုတ္တယ္မလား။ အဲ့လိုသာ ေျပာလိုက္ရင္ လူေတြက သူမကို ေသတဲ့အထိ ႐ိုက္သတ္ၾကမယ္ဆိုတာ ေျပာေနစရာေတာင္မလိုဘူး။

ၾကည့္ရသည္မွာ သူမဟာသူမ အေျဖ႐ွာဖို႔ လိုအပ္သည္ဟု ထင္မိ၏ ....

ယြီလင္းသည္ ဤျဖစ္ရပ္ေသးေသးေလးအား ျမန္ျမန္ဆန္ဆန္ပင္ ေမ့သြားၿပီး သူမ စကားထပ္စလာခဲ့သည္။ "စကားမစပ္ အက္ဒီတာေခါင္းေဆာင္နဲ႔ ငါက ဒီတစ္ေခါက္ ထုတ္ကုန္အတြက္ ႐ိုက္ကူးေရးကို တကယ္သေဘာက်တယ္။ နင့္ရဲ႕အေျခအေနအရဆို ပိုေကာင္းတဲ့အခြင့္အေရးေတြကို ႀကိဳးစားသင့္တယ္လို႔ ငါထင္တယ္။ က်ီလင္း၊ နင္ သူ႕ကိုၾကားဖူးလား။"

ထိုနာမည္အား ၾကားေသာအခါ စစ္ယြီသည္ သူမႏႈတ္ခမ္းအား မသိစိတ္ျဖင့္ ကိုက္လိုက္မိသည္။

က်ီလင္း သူမ ဘယ္လိုလုပ္ၿပီး မသိဘဲ ေနပါ့မလဲ။ က်ီလင္းသည္ <<စူပါစတားေလးရဲ႕ အလိုလိုက္ခံ အိမ္ေထာင္ေရး>> မန္ဟြာ၏ အဓိကဇာတ္လိုက္ျဖစ္သည္။ ထို႔အျပင္ သူသည္ မူလကိုယ္၏ ေသြးတစ္ဝက္ေမာင္ေလးလဲ ျဖစ္ေသးသည္။ သို႔ေသာ္ စစ္ယြီသည္ ထိုနာမည္အား ယြီလင္းပါးစပ္မွ ၾကားလိုက္ရမည္ဟု ထင္မထားခဲ့ေပ။

"ကြၽန္မ သိတာေပါ့။" စစ္ယြီစိတ္ထဲတြင္ မေကာင္းေသာ ခံစားခ်က္ႀကီးရေန၏။ သူမ မွတ္မိတာသာ မမွားခဲ့ရင္ ဒီေနာက္ပိုင္းသည္ အဓိကဇာတ္လမ္းထဲမွာ...

ေကာင္းၿပီ၊ ယြီလင္း ဆက္ေျပာလိုက္သည္။ "က်ီလင္းရဲ႕ သီခ်င္းဗီဒီ႐ိုအသစ္က ဇာတ္ေဆာင္မင္းသမီးေ႐ြးပြဲ က်င္းပမွာ။ အခ်ိန္က ဒီေသာ‌ၾကာပဲ နင္ ေသခ်ာျပင္ဆင္ထားရမယ္။ ငါနင့္ကို သဲလြန္စေလးေျပာျပမယ္ က်ီလင္းရဲ႕ ႐ွင္းေဖးကုမၸဏီကို ဟြမ္းယီက တိတ္တိတ္ေလး ဝယ္ထားၿပီးၿပီ။ အခု ဟြမ္းယီက အသစ္ေလးေတြ႐ွာေနတာ။ နင္သာ ပိုၿပီးေကာင္းေကာင္းေလး ေဖ်ာ္ေျဖလိုက္ရင္ ဟြမ္းယီက နင့္ကို ေ႐ြးသြားႏိုင္တယါ။ နင္ အခု႐ွိေနတဲ့ အရည္အခ်င္း႐ွာေဖြေအဂ်င္စီလား သူတို႔ရဲ႕အျမင္က က်ဥ္းၿပီးတိမ္လြန္းတယ္။ သူတို႔ဆီမွာ ေနရာတိုင္းမွာ အႏၲရာယ္ေတြခ်ည္းပဲ။ ေသခ်ာေပါက္ကို ‌အေျခအေနေကာင္းမဟုတ္ဘူး။ နင္ အဲ့လို ငရဲလိုေနရာက လြတ္ခ်င္တယ္ဆိုရင္ ဒီအခြင့္အေရးကို ေကာင္းေကာင္း ဆုပ္ကိုင္ထားရမယ္။"

ေနာက္ဆုံး႐ႈတင္ၿပီးသြားသည့္ေနာက္ အက္ဒီတာေခါင္းေဆာင္ႏွင့္ ဓာတ္ပုံဆရာမွာ စစ္ယြီအား အ႐ူးအမူး ခ်ီးက်ဴးခဲ့ၾက၏။ ဒီေမာ္ဒယ္ေလးသည္ သူမ၏ေရာဂါကိုပင္မမႈဘဲ ႐ႈတင္ၿပီးသြားေအာင္ ႐ိုက္သြားႏိုင္သည္ကို သူတို႔ ေလးစားမိေနၾကသည္။ ထို႔အျပင္ ထြက္လာေသာပုံမ်ားသည္လည္း အလြန္ေကာင္းမြန္ေပသည္။ ဤေလာကထဲတြင္ ဒီလိုကြၽမ္းက်င္မႈမွာ ႐ွားပါးလွသည္။ ထို႔ေၾကာင့္ က်ိဳးစစ္ယြီအေပၚ ယြီလင္း၏အျမင္မွာ မ်ားစြာတိုးတက္လာခဲ့သည္။

စစ္ယြီတစ္ေယာက္ ေတြေဝေနသည္ကို ျမင္ေသာအခါ သူမေလးသည္ စကား၏အေျခအေနကို သေဘာမေပါက္ေသးဟု ထင္ၿပီး ထပ္အၾကံေပးလိုက္သည္။ "တိုတိုေျပာရရင္ နင္ ငါ့စကားေတြကို မွတ္ထားရမယ္။ ဟြမ္းယီရဲ႕ ေနာက္ကြယ္က ဘယ္သူလို႔ထင္ေနတာလဲ။ အဲ့ဒါ ႐ုန္ၿမိဳ႕ေတာ္ရဲ႕ လုမိသားစုပပဲ။"

Continue Reading

You'll Also Like

241K 26.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
281K 10.1K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.4M 48.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.8M 121K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...