အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍�...
By thway64
431K 22K 276
"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား... More
1။
2။
3။
4။
5။
6။
7။
8။
9။
10။
11။
12။
13။
14။
15။
16။
17။
18။
19။
20။
22။
23။
24။
25။
26။
27။
28။
29။
30။
31။
32။
33။
34။
35။
36။
37။
38။
39။
40။
41။
42။
43။
final part။
Extra
Extra 1
Extra 2
Xello !!
Extra 3 final
အသိပေးချက် !
Xello!!
21။
7.1K 421 8
By thway64
"အစ်မလို့ လိုက်မယ်လို့ နော်နော်"
ယိမ်း၏လက်မောင်းလေးအားဆွဲကိုင်ကာကလေးတစ်ယောက်လိုချွဲနေသည့်ကလေးကြီးကြောင့် ယိမ်းတစ်ယောက်အကြံအိုက်နေရသည်။ ဒီလိုတွေနားပူနားဆာလုပ်မည်ဆိုးတာကြောင့် တိတ်တိတ်ကလေးခိုးသွားမည်ဆိုသည့်အတွေးဟာဖြင့်ကြက်ပျောက်ငှက်ပျောက်ပင်။ဒီကလေးမဟာကျောင်းပျက်ခံပြီးခရီးကိုလိုက်ခဲ့ချင်သည်တဲ့လေ။
"ဆိုတော့ မင်းကျောင်းကိုဘယ်လိုလုပ်ခဲ့မှာလဲ။
"ပျက်လိုက်မယ်လေ ။မနက်ဖြန်ပိတ်ရက်‌ဆိုတော့နှစ်ရက်ဘဲပျက်မှာမို့ ဘာမှမဖြစ်လောက်ပါဘူးဟီး။"
မဆိုင်းမတွပင်ပြန်ဖြေလာသည့်သူကြောင့် သက်ပြင်းငွေ့သွေ့သာချမိလိုက်ပါ၏
"မဖြစ်‌ေသးပါဘူးကွယ် ။သွားမယ့်ရက်ကလည်းသုံးရက်ဆိုပေမယ့်ပြန်မယ့်နေ့နဲ့ဆိုလေးရက်မြောက်လေ ။သုံးရက်ကြီးတောင်ပျက်သွားမှာ ။"
"အစ်မကလည်း ဟင့်။အစ်မနဲ့မှမခွဲနိုင်တာ။အစ်မမျက်နှာလေးမမြင်ရရင်ကိုမနေနိုင်တာမို့ လိုက်ခွင့်ပြုပါနော် နော်လို့။"
"အို လိုက်လို့မဖြစ်ဘူးလို့ပြောနေတယ်လေ။ကလေးလည်းမဟုတ်ဘဲနဲ့ဂျီမကျစမ်းပါနဲ့ အိမ့်‌‌ဆုနေသော်ရယ်။တို့စိတ်ရှုပ်လွန်းလို့ပါ။"
‌အသံမြင့်ကာမာန်လိုက်မိတော့ ယိမ်း၏လက်မောင်း‌ဆီသို့မှီတွယ်ထားသောလက်တွေအားရုတ်လိုက်သည်။တစ်ပြိုင်တည်းညို့မှိုင်းလာသည့်မျက်ဝန်းတွေဖြင့် ငိုပါလေတော့သည်။ ပိတ်ရက်ဖြစ်တာကြောင့်ယိမ်းကလည်းအိမ်မှာဖြစ်သလို ကျောင်းပိတ်သောကလေးမဟာလည်းခရီးသွားမည့်အကြောင်းကိုသိသွားသဖြင့်အိမ်သို့ရောက်လာပြီးအပူကပ်နေခြင်းဖြစ်သည်။
"တိမ်စမ်း။ကလေးလည်းမဟုတ်ဘဲနဲ့ မရှက်ဘူးလား။ မီးဖိုခန်းထဲကမာမီကြားသွားမယ်။"
နှစ်ယောက်သားထိုင်နေကြသည်ကားဧည့်ခန်းမှာသာဖြစ်တာကြောင့်မီးဖိုခန်းထဲတွင်ချက်ပြုတ်နေသောမာမီကြားသွားမည်စိုး၍တိတ်ရန်သတိပေးရသည်။ ပိတ်ရက်ဖြစ်သည့်တိုင်ဒယ်ဒီကတော့ခါတိုင်းလိုဂေါက်ရိုက်သွားပြီး မောင်လေးကတော့ကျူရှင်သွားသည်မို့ အိမ်မှာဒီကလေးမအပါအဝင်သူတို့သုံးယောက်သာရှိသည်။
ထပ်၍မာန်လိုက်မိတော့ ကလေးမဟာအငိုမတိတ်သည့်အပြင်ပို၍ပင်အော်ငိုလေသည်မို့ ခေါင်းတွေပင်ကိုက်လာရသည်။ သူ့အားမချော့သည့်တိုင်ငိုနေလျက်ဖြင့်သာ ထထွက်သွားသောသူကြောင့်သက်ပြင်းတစ်ချက်ရှိုက်မိလိုက်သည်။ကလေးမဟုတ်ဘဲနဲ့ တကယ်‌ဆိုးသည့်ကလေး။
"ဟိတ် နေအုံး။ပြန်တော့မလို့လား။"
အိပ်အပေါက်ဝထိလိုက်လာပြီးလက်ပိုက်ကာမေးလာသည့်လူ‌ဆိုးမကြီးကြောင့် မျက်ရည်တွေသုတ်ကာခပ်စူးစူးပြန်တုံ့ပြန်မိသည်။ထို့နောက်ပြန်‌ပြောလာသည့်စကားကြောင့် အိမ့်ဆုနေသော်တစ်ယောက်ဒေါပွကာကားကိုသာတစ်ဟုန်ထိုးမောင်းထွက်လာခဲ့တော့သည်။
"အိမ်ကိုတန်းပြန်တဲ့လေ။"
**************
တစ်နေ့လုံးအခန်းထဲကမထွက်သည့်အိမ့်ဆုနေသော်ကြောင့် ပန်းတစ်ယောက်ဘာလိုလုပ်ရမှန်းမသိတော့သဖြင့် ယိမ်းကိုသာလှမ်း၍အားကိုးတစ်ကြီးပင့်ရတော့သည်။ခရီးသွားမည့်ကိစ္စအား သူ့အားမပြောရန်မှာထားပေမယ့်လို့ စချင်စိတ်ဖြင့်‌ပါးစပ်ကလွှတ်ကနဲထွက်သွားသည့်တိုင်ချက်ချင်းကားသော့ယူကာထွက်သွားသည်ကား ယိမ်းဆီသို့ထင်၏ အခုတော့ဖြင့် အငိုမျက်လုံးအပြုံးမျက်နှာဖြင့်အိမ်သို့တစ်ဟုန်ထိုးမောင်းပြန်လာသည့်သူကြောင့် အခြေအနေမကောင်းမှန်းရိပ်မိလိုက်သည်။
"ယိမ်း လာပါအုံး။ယူ့ဆီကပြန်လာပြီးကတည်းကအခန်းထဲကနေကိုမထွက်တော့ဘူး။"
"မပြောပါနဲ့ဆိုတာ ဘာလို့သွားပြောတာလဲ ပန်းဆုနေသော်ရယ်။သူ့မှာကျောင်းတစ်ဖက်ကြီးနဲ့လိုက်လို့ဘယ်ဖြစ်မလဲ။ပြီးတော့ကျောင်းတွေကခုမှဖွင့်ခါစဆိုတော့ခွင့်ယူလို့ရမယ်မထင်ဘူး"
ယိမ်း စိတ်ပျက်လက်ပျက်ဖြင့် ပန်းဆုနေသော်အားခပ်ဆတ်ဆတ်‌လေးပြန်ပြောလိုက်လေသည်။
"ငါ‌လည်းမရည်ရွယ်ပါဘူးဟယ်။သူ့ကိုစချင်တာနဲ့ပါးစပ်ကလွှတ်ကနဲထွက်သွားတာ။ကဲ ပါ အဲ့ဒါကအရေးမကြီးဘူး။အဲ့တစ်ယောက်ကိုသွားချော့ပေးပါအုံး။နင်ချော့ရင်တစ်ခါတည်းပျော့လာမှာပါဟ။"
"တစ်ကတည်း မပြောပါနဲ့လို့အတန်တန်မှာထားလျက်နဲ့ကို။ "
ပွစိပွစိဖြင့်ရန်လုပ်နေသည့်ယိမ်းကြောင့် နေသော့်အခန်းရှိရာသို့အတင်းတွန့်‌ပို့လိုက်ပြီး အောက်ထပ်သို့ပြန်ဆင်းလာခဲ့သည်။သူမ၏တစ်ဦးတည်းသာရှိသည့်ညီမဟာ ယိမ်းနွဲ့ဟန်ပန်ဆိုတဲ့နာမည်ကြားယုံနဲ့တင်ကိုအမှီးလေးတစ်နံ့နံ့ဖြစ်နေသည်ကိုပန်းတင်မပြောနဲ့ဘေးကလူတွေအကုန်သိကြသည်လေ။
"ဪ ဒေါက်တာရောက်နေတာလား"
အောက်ထပ်သို့ပြန်ဆင်းလာတော့ ဧည့်ခန်းမှာထိုင်နေသည့်ဒေါက်တာကိုစည်သူမျိုးနှင့် ဧည့်ခံနေသောမာမီ့အားတွေ့လိုက်ရသည်။
"ဟုတ်တယ်သမီးရေ။ မောင်စည်သူမျိုးတို့အိမ်ကအုန်းနို့ခေါက်ဆွဲချက်လို့လာပို့ပေးတာတဲ့။"
"ဪ ဟုတ်လား။ဒါဆို ကျွန်မချိုင့်လှယ်ပေးလိုက်မယ်နော်။"
ပန်းပြောလည်းပြောရင်းစားပွဲပေါ်မှာအခန့်သားနေရာယူထားသည့်ငါးဆင့်ချိုင့်ကြီးအားယူရန်အပြု
"ဟို ရပါတယ်ဗျ။ကျွန်တော်နောက်နေ့မှဘဲအေးဆေးလာလာယူလိုက်ပါ့မယ်။"
"မဟုတ်တာ မောင်ရင်ရယ်။ ဒေါက်တာဆိုတော့အလုပ်ကများများနဲ့တကူးတစ်ကြီးလာယူစရာမလိုပါဘူးကွယ်။သွား သွား သမီး လှယ်ပေးလိုက် ။တစ်ခါတည်းဆေးကြောပြီးယူခဲ့နော်။"
"ဟုတ်ကဲ့ ။"
မာမီ၏စကားကြောင့် ‌ဒေါက်တာစည်မျိုးဟာဘာမှထပ်မပြောတော့သည်မို့ ခေါင်းတစ်ချက်ငြိမ့်ပြကာ ချိုင့်လေးအားဆွဲယူလိုက်တော့သည်။ ဒေါက်တာစည်သူမျိုးဟာပန်းအပေါ်မှာခံစားချက်တစ်စုံတစ်ရာရှိနေ‌သည်ကိုရိပ်မိပါသည်။ညညဆိုရင် "ဘာလုပ်နေလဲ ၊ ထမင်းစားပြီးပြီလား၊အိပ်ပြီလား"စသဖြင့်ထိုစကားလုံးတွေနဲ့သာလည်ပတ်နေသည်မို့ ဒီဒေါက်တာအတော်ရိုးတာဘဲဟုတွေးမိလိုက်သည်။အိမ်၏Family Doctorဖြစ်သည်ကတစ်ကြောင်း၊ နှစ်နဲ့ချီပြီးသိလာရတာတစ်ကြောင်းမို့ ကိုစည်သူမျိုးဟာလူကောင်းလူမွန်ဖြစ်ပုံရပြီး ယုံကြည်လို့ရသည်ဟုထင်မိပါသည်။
*************
"ဒေါက် ဒေါက်"
"မမ ငါဘာသာအေးဆေးနေချင်လို့ပါဆို လာမနှောင့်ယှက်နဲ့လို့ ။
အခန်းထဲမှထွက်ပေါ်လာသာအသံစူးစူးလေးကြောင့်အသံမထွက်အောင်ပင်ရယ်မောမိလိုက်သည်။ဆက်၍စချင်စိတ်ကြောင့် အခန်းတံခါးလေးအားထပ်မံခေါက်လိုက်တော့
"ရား။မမ ငါနင်နဲ့ရန်မဖြစ်ချင်ဘူးနော်။Please!! ကိုယ့်အခန်းထဲကိုအေးဆေး‌နေစမ်းပါဟာ ။"
"အဟမ်း တို့ပါ အိမ့်ဆုနေသော်။
အိမ်ရှင်ကအခန်းတံခါးလာမဖွင့်ပေးတော့လည်းပြန်ရတော့မှာပေါ့လေ။"
ထိုစဉ် အခန်းထဲမှအသံတိတ်ဆိတ်သွားပြီး ချလောက်ဟု မြည်သံနှင့်အတူပွင့်လာသောတံခါး။
"ဟွန်း ပြန်ပေါ့။ "
နှုတ်ခမ်းထော်ကာ ပြန်ပေါ့ ဟုပြောနေသော်လည်းချက်ချင်းကြီးပြေးလာဖွင့်သောပုံစံကြောင့်ဟန်မဆောင်နိုင်ပါဘဲရယ်မိတော့သည်။
အခန်းထဲသို့ရောက်ရောက်ချင်းပင် လူငယ်ပီပီပြင်ဆင်‌ထားသောအခန်းပုံစံအားကြည့်အားမျက်ခုံးတွေအားတွန့်ချိုးလိုက်မိသည်။ မင်းသမီး‌ပုံတွေဟုထင်ရသောကောင်မလေးလေးယောက်၏ပုံတွေသာပြည့်နေ၏ ထိုထဲမှာမှအရပ်မြင့်မြင့်နှင့်ကောင်မလေး၏ပုံတွေဟာပိုများနေသည်။ ထိုအပြင် ကာတွန်းပုံဟာလည်းနေရာအကျယ်ကြီးယူထားလေ၏
ထိုကလေးမအားလှည့်ကြီးလိုက်တော့ မွေ့ယာပေါ်မှာမှောက်လျက်အနေအထားဖြင့်မေးထောက်ကာကြည့်‌နေသောသူကြောင့် မလုံမလဲဖြင့် ‌မွေ့ယာကုတင်၏ဘေးကထိုင်ခုံလေးပေါ်သို့ထိုင်ချလိုက်သည်။
"ဘာလာလုပ်တာလဲ။"
မျက်ခုံးပင့်ရင်းပီပီတီတီမျက်နှာဘေးဖြင့်‌မေးလာသည့်အကောင်သေ‌းသေးလေးကြောင့်
"မင်းဆီလာတာမဟုတ်ဘူးနော်။ပန်းဆီလာတာ။"
မာနလေးကခံနေတော့ ခပ်တည်တည်ဖြင့်သာဟန်မပျက်ပြောလိုက်လေသည်။ ယိမ်း၏အပြောကြောင့်စိတ်မကောင်းဖြစ်သွားသောပုံဖြင့်မျက်တောင်လေးတွေပုတ်ကလက်ပုတ်ကလက်လုပ်ကာကြည့်နေသောသူကြောင့်
"အဲ့ဆိုဘာလို့‌ နေ့ အခန်းထဲဝင်လာတာလဲ။ မမ ဆီလာရင်မမအခန်းထဲသွားပေါ့။"
ပြောနေရင်းပင် မျက်ရည်ကြည်လေး
တွေဝေ့သီလာသည့်ကလေးမကြောင့် စိတ်မကောင်းဖြစ်ရပြန်သည်။ဒီကလေးမလေးဟာလေ တကယ်ကိုလူ‌ေကာင်သေးသေးလေးနှင့်ဝမ်းနည်းတတ်ပြန်ကော ။
ထိုသို့တွေးလိုက်မိရင်း အကြီးဖြစ်သည့်ယိမ်းကဘဲ သက်ပြင်းတစ်ချက်ချလိုက်မိကာ
"တကယ်တော့ ပန်းဆီလာတာမဟုတ်ဘူး။ မနက်ကကိစ္စအတွက်မင်းကိုတောင်းပန်ချင်လို့။ တို့ဘက်ကလွန်သွားတာဝန်ခံပါတယ် ။"
"ဟွန့် လူကိုအော်ချင်တိုင်းအော်ပြီး ခုမှ။"
"အဲ့လိုနှုတ်ခမ်းကြီးစူထော်ပြီးမပြောပါနဲ့လားကွယ်။မတော်လို့အဲ့နှုတ်ခမ်းကြီးကတို့ပါးကိုလာထိုး‌နေမှာကြောက်ရတယ်။"
ကိုယ့်ကြောင့်စိတ်မကောင်းဖြစ်သွားသည့်သူ‌ကြောင့် အနည်းငယ်ရွှင်လန်းလာလို့ငြားပြုံးစစဖြင့်စလိုက်မိသော်ငြား ပြန်ဖြေလာသည့်စကားတွေကြောင့် စွန့်အသွားရလေသည်။
" အဟွန်း မကြောက်ပါနဲ့။စိတ်ချ။ဒီနှုတ်ခမ်းကအစ်မ ပါးကိုလာမထိုးစေရပါဘူး‌နော်။
ဘာလို့ဆို အစ်မနဲ့နှုတ်ခမ်းနဲ့တစ်ထပ်တည်းကျလာမှာမို့လို့လေ။"
-----
A Few minutes later
"အဟား။ဒါရှက်နေတာပေါ့လေ။"
အကြောင်းမရှိနှုတ်ခမ်းလေးအားကိုက်ရင်းမျက်နှာလွဲကာဟိုကြည့်ဒီကြည့်လျှောက်ကြည့်ကာငြိမ်သွားသည့်ယိမ်းကြောင့် ကုတင်ပေါ်ကကလေးမဟာ အမြင်ကပ်စရာမျက်နှာဘေးဖြင့်စလာပါတော့သည်။
"ရှက်နေတာလေးကလည်းကွာ။ချစ်ချင်စရာကြီး။
"အို အိမ့်ဆုနေသော်။ "
"အစ်မကလည်း။နေ ကအစ်မကိုတစ်ကယ်ချစ်တာ ယုံပါနော်။"
မွေ့ယာပေါ်မှဆင်းလာကာကြမ်းပြင်ပေါ်သို့ဒူးထောက်ထိုင်ချပြီး ယိမ်း၏လက်လေးတွေအားအုပ်မိုးကိုင်ကာ ပြောလာသည့်စကား။
အရောင်တွေတစ်လဲ့လဲ့ဖြင့်မော့ကြည့်ကာ
ယိမ်း၏အဖြေကိုမျှော်‌လင့်နေသောကလေးမလေးဟာသခင်ကိုမုန့်တောင်းနေသည့်ခွေးမလေးနှင့်တူ၏
"အဟမ်း။မင်းစိတ်ကောက်ပြေပြီဆိုရင် ပြန်တော့မယ်လေနော်။ ဪ ခရီးကိုတော့လုံးဝ
မလိုက်ရဘူးနော်။"
ရှက်အားမူပိုကာဖြင့် စကားလမ်းကြောင်းလွဲသွားသည့်အစ်မကြောင့် နေ့ မှာဆွဲနမ်းချင်စိတ်ကိုမနည်းထိန်းရသည်။ သူတို့နှစ်ယောက်ရောက်နေသည့်နေရာကားကိုယ့်အိပ်ခန်းတွင်ဆိုတော့ပိုဆိုးလေသည်။ခါတိုင်းထက်ပင်စကားတွေဟာပို၍ရဲတင်းနေသယောင်။
"အဖြေပေးလေ။ အဲ့ဒါဆို မလိုက်တော့ဘူး။
"အစ်မကလည်း လုပ်ပါ။ အဖြေပေးပါနော်။နေ ကအစ်မကိုအတည်ချစ်တာ။"
ငြိမ်နေသော အစ်မကြောင့် ကိုယ့်လက်ထဲမှာရှိနေသည့်လက်နုနုနှစ်ဖက်အားလှုပ်ရမ်းရင်းအဖြေကိုမရမကတောင်းနေမိသည်။ ကော့ညွှတ်နေသောမျက်တောင်လေးတွေဟာတစ်ဖြတ်ဖြတ်ခပ်ရင်းအကြည့်လွဲနေသူကြောင့် ရှက်နေသည်ဆိုတာသိလိုက်ရသည်။
"အစ်မနော် ဘာမှပြန်မပြောရင်ဖက်နမ်းပစ်လိုက်မှာ။တကယ်ကိုစိတ်ထိန်းထား
ရတာမို့ စိတ်ကိုသာစိတ်ရှိလက်ရှိလွှတ်ပေးလိုက်ရရင်‌ဖြင့်။ဟွန်း ဟွန်း။"
"ဒီမှာ ။မင်းအခန်းထဲမှာဆိုပြီးအနိုင်ကျင့်ဖို့အကြိုးစား‌နဲ့နော်။ "
"ဒါဆိုအဖြေပေးလေလို့။နော် "
"ခက်တာဘဲကွယ်။နောက်သုံးလလောက်နေရင်ဘဲလက်ထပ်ရတော့မှာဘဲကို။ဒီလိုစကားတွေကပြောဖို့လိုသေးလို့လား။"
"လိုတာပေါ့။အစ်မရဲ့။အများကြီးအများကြီးကိုလိုတယ်။"
"ခရီးကပြန်လာရင် ပေးမယ်ဟုတ်ပြီလား။
"တကယ်နော် အစ်မ။ ဟား ပျော်လိုက်တာ ။
မွေ့ယာပေါ်တွင်ခုန်ပေါက်ကာအော်နေသည့်ကလေးမကြောင့် သဘောကျစွာတစ်ခစ်ခစ်ရယ်မောမိပါသည်။ တကယ့်ကို ကလေးလေးဘဲ။
***************
"မမ နောက်တစ်ခါသွားရင် သားကိုလည်းခေါ်နော်"
မျက်နှာငယ်လေးဖြင့်လိုက်ချင်နေရှာသောမောင်လေးကြောင့်ခေါင်းလေးကိုခပ်ဖွဖွပုတ်‌လိုက်မိသည်။ငယ်ငယ်ကတည်းကညအိပ်ည‌ေနခရီးတစ်ခါမှမသွားဖူးသည်မို့ လိုက်ချင်နေရှာသည့်မောင်ဖြစ်သူကြောင့်အနည်းငယ်တော့စိတ်မကောင်းဖြစ်မိသည်။
သို့ပေမယ့် ကျောင်းကတစ်ဖက်၊နှစ်ဝက်စာမေးပွဲကလည်း တစ်ရက်တစ်ရက်နှင့်နီးလာသည်ကတစ်ကြောင်းမို့ ကျောင်းပျက်ရန်မဖြစ်သည့်မောင်လေးဟာစိတ်မကောင်းဖြစ်နေပုံရသည်။
"ဒါပေါ့။နောက်တစ်ခါသွားရင် မမမောင်လေးကိုခေါ်မယ်နော်။ ခုကကျူရှင်သွားတော့မှာလား။မုန့်ဖိုးကောကျန်သေးရဲ့လား။"
"ဟုတ် မမ ။တစ်ဝက်တောင် ကျန်သေးတယ်။"
"ဟုတ်ပါပြီ။ဒါဆို မမပြန်လာမှထပ်ပေးမယ်နော်။"
ခေါင်းငြိမ့်ကာကျောပိုးလွယ်အိတ်လေးအားလွယ်ရင်း စိတ်မပါသောထွက်သွားသော မောင်ဖြစ်သူအားကြည့်ကာ တစ်ယောက်သောသူကိုသတိရမိ‌ေလသည်။ ထိုကလေးမလည်း ခုလိုစိတ်မကောင်းဖြစ်နေမည်လားမပြောတတ်ပါ။ယိမ်းအနေနှင့်ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုပို၍ဦးစားပေးတတ်ချင်သည့်စိတ်အား သူတို့လေးတွေဆီမှာရှိစေချင်သည်။
နောက်တစ်ခေါက်မှတို့တွေအတူတူသွားကြအောင်ပါ ကလေးတို့ရေ။ (ယိမ်း၏မောင်လေးနှင့် သူ့ကလေးလေးအားရည်ရွယ်ချင်းဖြစ်သည်။)
21.2.2023
6:42𝑷𝑴
𝑻𝒉𝒘𝒂𝒚64
ကြိုးစားပါအုံးမည်။အပိုင်း(22)မျှော်
_________________
Zawgyi
အချစ်၏ဟန်ပန် အပိုင်း(၂၁)
"ဟိတ် နေအုံး။ပြန်တော့မလို့လား။"
**************
"ဟုတ်ကဲ့ ။"
*************
"ဒေါက် ဒေါက်"
"ဟွန်း ပြန်ပေါ့။ "
"ဘာလာလုပ်တာလဲ။"
-----
A Few minutes later
"အဟား။ဒါရှက်နေတာပေါ့လေ။"
"ရှက်နေတာလေးကလည်းကွာ။ချစ်ချင်စရာကြီး။
"အို အိမ့်ဆုနေသော်။ "
မလိုက်ရဘူးနော်။"
"ဒါဆိုအဖြေပေးလေလို့။နော် "
"တကယ်နော် အစ်မ။ ဟား ပျော်လိုက်တာ ။
***************
21.2.2023
6:42
64
ကြိုးစားပါအုံးမည်။အပိုင်း(၂၂)မျှော်
Continue Reading
You'll Also Like
626K 32.6K 40
Jeon Jungkook:Yeoja Kim Taehyung:Namja Jeon jungkook yeoja nerd yang memiliki paras cantik dan juga imut,yang selalu dibuli oleh teman-temannya karen...
1M 58.6K 115
#1 - Puisi (2 November 2018) Ini adalah kumpulan diksi yang membutuhkan ruang untuk abadi. Ketika membacanya nanti, mungkin ada banyak hal yang akan...
30.6K 4.2K 22
Pembaca dari dunia yang sama namun berbeda. Dengan cara yang tidak klise, pahlawan dan penjahat tersayang kita menemukan diri mereka dipindahkan ke d...
300K 6.9K 60
Kami berdua hanyalah manusia biasa, pendosa yang tidak punya pilihan selain bertahan dengan harapan kebahagiaan.. Ini adalah kisah hidup, yang sulit...