အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍�...
By thway64
431K 22K 276
"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား... More
1။
2။
3။
4။
5။
6။
7။
8။
9။
10။
11။
12။
13။
14။
15။
16။
17။
18။
19။
21။
22။
23။
24။
25။
26။
27။
28။
29။
30။
31။
32။
33။
34။
35။
36။
37။
38။
39။
40။
41။
42။
43။
final part။
Extra
Extra 1
Extra 2
Xello !!
Extra 3 final
အသိပေးချက် !
Xello!!
20။
8K 417 2
By thway64
"ပေါင်မုန့်ကြက်ဥကြော်ကြိုက်တယ်မလား သမီးလေး ။စားနော်။သမီးယိမ်း‌ဆိုရင်အရမ်းကြိုက်တာ။"
"ဟီး ဟုတ်ကဲ့။ သမီးလည်းအရမ်းကြိုက်တယ် များကြီးစားမယ်နော် မာမီ"
"စားပါရှင် မာမီကအများကြီးကြော်ထားတာ။ "
မျက်နှာချင်းဆိုင်မှာထိုင်နေကာအပြန်အလှန်ပြောနေကြသည့်လူနှစ်ယောက်အားကြည့်‌ေနရင်းပင် ယိမ်းတစ်ယောက်မျက်စိဆံမွှေးစူးနေတာကြာပြီ။ မနက်စောကြီးရောက်ချလာကာ မနက်စာပင်ဝင်စားရန်အသင့်ဖြစ်နေသည့်သူကားအိမ့်ဆုနေသော်ပင်ဖြစ်သည် ။ ကျောင်းသွားဟန်ပြင်ထားသောပုံစံကြောင့်ကျောင်းသို့မသွားဘဲ ဘာကိစ္စယိမ်းအိမ်သို့ရောက်ချလာသလဲမပြောတတ်ပေ။
"ဒါနဲ့တက္ကသိုလ်တွေဖွင့်နေပြီမဟုတ်လား သမီး။ ကျောင်းမသွားဘူးလား။"
ကော်ဖီခွက်အားမော့သောက်ရင်းမေးလိုက်သည့်ဒယ်ဒီကြောင့်ယိမ်းမေးစရာပင်မလိုတော့ပေ။
"ဟုတ် ဖွင့်တာတစ်ပတ်လောက်ရှိပါပြီ ဒယ် ဟို အန်ကယ် ။ဒီနေ့လည်းဖွင့်ပါတယ် ၊ အစ်မနဲ့မတွေ့တာကြာပြီဆိုတော့လေ ခနဝင်လာခဲ့တာ ဟီး။"
ဒီကလေးမဒယ်ဒီ့ကိုတော့ရှိန်ပုံရ၏ မာမီ့ကိုကျသွက်သွက်လက်လက်နှင့်တစ်ရင်းတစ်နှီးရှိသည့်တိုင် တည်တည်တံ့တံ့နေတတ်သည့်ဒယ်ဒီ့ကိုတော့အ‌ေတာ်‌ေလးရှိန်‌ေနပုံပေါ်သည်မို့ ကြိတ်ပြုံးလိုက်မိသည်။
ထိုစကားကိုကြားတော့ဒယ်ဒီဟာခေါင်းတစ်ဆတ်ဆတ်ငြိမ့်ရင်း
"သမီးကငယ်သေးတယ်ဆိုတာ သိတယ်မလား ။ကျောင်းလည်းမပြီးသေးဘူးဆိုတော့ အန်ကယ့်အနေနဲ့စာကိုဘဲအာရုံစိုက်စေချင်တယ်။ သမီးယိမ်းနဲ့ တွေ့ချင်သပဆိုလည်းပိတ်ရက်ကျလာလည်ပေါ့ကွာ မဟုတ်ဘူးလား ။ ဒါပေမယ့်ကိုယ့်တက်လမ်းကို‌ေတာ့ကိုယ်တိုင်မပိတ်မိစေနဲ့‌ေပါ့ဟုတ်လား။"
"ဟုတ်ကဲ့ အန်ကယ်"
ဒယ်ဒီ့၏ဩဝါဒအဆုံးမှာ ထိုကလေးမဟာခေါင်းငြိမ့်ရင်းပြန်ဖြေသည်။ဒယ်ဒီကစကားစလိုက်တော့ သူ့ခမျာခနစားမည့်ပေါင်မုန့်ကြက်ဥလေးတောင်လက်ကချလိုက်ရသည်မဟုတ်လား။ မထိဝံ့ မတို့ဝံ့ဖြစ်နေသည့်ကလေးမကြောင့် ယိမ်းကဘဲမနေနိုင်သည့်အဆုံးမှာကော်ဖီခွက်အားငဲ့ကာသူ့အရှေ့သို့တိုးပေးလိုက်ရသည်။
ယိမ်းတို့မနက်စားစားပြီးတော့ထိုကလေးမ၏ကျောင်းရှိရာသို့ထွက်လာခဲ့တော့သည်။ အဲ့ကနေတစ်ဆင့်မှယိမ်း၏ကုမ္ပဏီဆို့တစ်ဆင့်ပြန်သွားရမည်ဖြစ်၏
"ဆိုတော့ တို့အိမ်ကိုဘာနဲ့လာတာလဲ !?
"ကားနဲ့လေ မမလိုက်ပို့တာ ။"
နေက ပြန်ဖြေလိုက်တော့ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ရင်း ကားကိုသာအာရုံစိုက်မောင်းနေလေသည်မို့ ငြိမ်နေလိုက်ရသည်။ နီညိုရောင်ဝမ်းဆက်ကလေးဟာဖြင့်အစ်မ၏ဖြူဝင်းနေသောအသားအရေနှင့်လိုက်ဖက်စွာတင့်တယ်လို့နေသည်။ကားစတီယာဒိုင်ပေါ်တွင်တည်ရှိနေသည့်လက်ဖမိုးဖြူဖြူလေးအားအကြည့်ရောက်မိတော့ လက်သကြွယ်မှာဝတ်ထားသည့်လက်စွပ်ကလေးကိုမြင်တော့ကျေနပ်စွာပြုံးလိုက်မိသည်။
"အစ်မ နေ့ ကိုသတိမရဘူးလား။"
အစ်မအားကြည့်၍ချစ်လွန်းသည့်စိတ်ကထိန်းမရစွာပင်မေးမိတော့တည်ငြိမ်သူကြီးကမကြားချင်ယောင်ဆောင်သည်။
"အစ်မလို့ အယ် မှားလို့ အစ်မဟုတ်ဘူး ။ဟီး အချစ် ။"
အဆုံးကနာမ်စားကိုကြားလိုက်၍ထင်သည်။ ချက်ချင်းနေ့ဘက်အားလှည့်ကြည့်သည်။ မျက်လုံးပြူးပြကာမာန်တော့မည့်ပုံကိုရိပ်မိတာကြောင့် ကိုယ်ကအရင်ဦးအောင်‌ရန်စွာမိလေသည်။
"အို အိမ့်ဆု‌...
"သိတယ် သိတယ် အိမ့်ဆုနေသော်! အိမ်ဆုနေသော်!ဆိုပြီးဘဲအော်‌ေငါက်တော့မှာမလား ။ အစ်မ ဆိုတဲ့နေရာမှာအချစ်လို့ပြောင်းခေါ်တာမှားလား ၊ အစ်မက နေ့အစ်မမှမဟုတ်တာ ၊ အစ်မဆိုလို့ နေ့ မှာပန်းဆုနေသော်တစ်ယောက်ဘဲရှိတာ။
အစ်မကနေ့အပိုင်ဆိုတာအခြားလူတွေသိအောင်ဒီလိုခေါ်ရမှာပါဆို ။
နောက်ဆုံးစကားလေးမှာခေါင်းငုံ့၍တိုးဖျော့ညင်သာစွာဆိုမိလိုက်သည်။
"အဲ့လိုခေါ်ရမယ်လို့ဘယ်သူကပြောလဲ "
"ဟန်သု့ပန်က"
သတိလက်လွတ်ဇွတ်ကနဲထွက်သွားပြီးမှ အလန့်တစ်ကြားဖြင့်သူ့ပါးစပ်သူပိတ်လိုက်သော်လည်းမမှီလိုက်တော့ပေ။ဟိုကပြောတိုင်းအဟုတ်မှတ်ပြီးလိုက်လုပ်တဲ့ဘေးကကလေးမ၏ခေါင်းအားနာနာလေးခေါက်လိုက်ချင်သည်။
"အစ်မနော် ဟန့်ကိုသွားမဆူနဲ့။ သူကစေတနာနဲ့အကြံပေးတာမို့သူ့မှာအပြစ်မရှိဘူး။"
ယိမ်း၏စိတ်ကိုသိသည့်အလားနှုတ်ခမ်းတစ်ထော်ထော်နဲ့သူ့သူငယ်ချင်းကိုကာကွယ်နေသည့်သူကြောင့်
"ဒါဆိုပြောပါအုံး ဘယ်သူ့မှာအပြစ်ရှိတာလဲ။မင်းလား။"
"အာ "
"ပြောစမ်းကွယ် မင်းလား ။ဟန်လေးလား ။
နှစ်ယောက်ထဲကတစ်ယောက်ကိုတော့အပြစ်ပေးမှဖြစ်မယ်။"
ယိမ်းထိုသို့ပြောလိုက်တော့ စဉ်းစားရကြပ်သွားပုံဖြင့်လက်နှစ်ဖက်အားအကြောင်းမဲ့ပွတ်သပ်နေလေသည်။
"ဘယ်လိုအပြစ်ပေးမှာလဲဟင်။ဟို အပြစ်ပေးပြီးရင် အချစ်လို့ခေါ်ခွင့်ပြုမှာလား။"
ကလေးလေးတစ်ယောက်လိုမျက်လုံးလေးတွေဝိုင်းစက်ကာအပြစ်ကင်းစင်သည့်ပုံစံဖြင့်ပြောလာသူကြောင့် စိတ်ထဲမှာကြိတ်ပြုံးမိလိုက်သည်။ဒီကလေးမတုံးမလိုလိုနှင့်လည်သားဘဲ။သို့ပေမယ့်လည်းမဖြစ်ပါ ၊ ဒီလိုအရှက်မဲ့သည့်နာမ်စားယိမ်းအတွက်
စိမ်းသက်သက်ကြီးဖြစ်နေသလို ၊အများရှေ့မှာဆိုလျှင်လည်း ယိမ်းရှက်လွန်းလို့ခေါင်းပင်ဖော်နိုင်မည်မဟုတ်ပေ။
ယိမ်းခေါ်ခွင့်မပြုဘူးဟုငြင်းဆိုလိုက်တော့ ဒီကလေးမ အပြစ်ပေးတာလည်းမခံနိုင်ဘူးတဲ့လေ။ ယိမ်းကိုပင်လှည့်မကြည့်တော့ဘဲနှုတ်ခမ်းကြီးစူကာကားမှန်ကိုသာငေးရင်းလိုက်ပါလာလေသည်။ ဘယ်သူ့ကိုအပြစ်ပေးရမှာလဲဆိုတော့ ဟန်သု့ပန်ကိုတဲ့လေ။ယိမ်းမှာ ရယ်ရခက် ၊ငိုရခက်ဖြစ်သွားရသည်။ဒီကလေးမ သူငယ်ချင်းကို‌တော့ချစ်ရှာသားဟုထင်လိုက်ပေမယ့် သူငယ်ချင်းကိုကာကွယ်တာမျိုးမဟုတ်ဘဲ သူ့အကျိုးသာကြည့်တဲ့သူဖြစ်နေသည်။
ကလေးမ၏ကျောင်းသို့ရောက်တော့ အထဲထိမဝင်တော့ဘဲအပေါက်ဝမှာတင်သာကားကိုရပ်ပေးလိုက်သည်။ ကျောင်းပေါက်၏အပြင်ကခုံတန်းလေးတွေပေါ်မှာထိုင်စောင့်နေကြသည့် ဟန်လေးတို့တစ်သိုက်ဟာယိမ်း၏ကားအနီလေးကိုမြင်တော့ ခပ်သုတ်သုတ်ထလာကြ၏
‌"ဆင်းတော့လေ။ဟိုမှာ မင်းသူငယ်ချင်းတွေလာနေပြီ ။"
"အစ်မရော ဆင်းလေ"
"တို့ကဘာလို့ဆင်းရမှာတုန်း ။ စာသင်ရအောင်လည်း ကလေးမဟုတ်ကလားမဟုတ်။"
"ဒါဆို နေ့ ကိုကျကလေးလို့ပြောတာလား။"
"မဟုတ်လို့လား။"
သူ့ကိုသူလက်ညိုးဖြင့်ထိုးကာမကျေမနပ်ဖြစ်ကာမေးလာသည်မို့ ယိမ်းမျက်ခုံးပင့်ရင်းပြန်မေးလိုက်သည်။
"ဟွန်း။မဟုတ်ဘူးနော်။ဒီလိုတွေတက်နေတယ်ဆိုတာ အစ်မကြောင့်ဆိုတာသိရဲ့လား။"
"အို တို့နဲ့ဘာဆိုင်လို့"
"ဟုတ်တယ်လေ။အစ်မကိုပြည့်ပြည့်စုံစုံထားနိုင်ဖို့ ၊ နေ ကစာကြိုးစားနေရတာ။ဟောကျောင်းပြီးရင်လည်းအလုပ်ကကြိုးစားရအုံးမယ် ဟူး ။ နေ့ဘာသာဆို ဘာမှမလုပ်ဘူး၊အိမ်မှာဘဲထိုင်စားနေမှာ သိရဲ့လား။
ထိုကလေးမ၏စကားကြောင့် ယိမ်းစိတ်ထဲမှာနေရခက်သွားရသည်။ခုထိကလေးစိတ်တောင်ကောင်းကောင်းမပျောက်သေးတဲ့ကလေးကဒီလိုတွေလည်းတွေးတတ်တာဘဲလား။
"ဒါဆိုလည်းတစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေစမ်းပါလား။ ဘာလို့တို့ကိုလက်ထပ်ချင်နေရတာလဲ။"
"ဒါလေးတောင်မသိဘူးလား ချစ်လို့ပေါ့။ ဟွန့် ဒီကချစ်လွန်း ..
"ကဲ တော်ပြီ ။ဟိုမှာမင်းသူငယ်ချင်းတွေတို့ကားမှန်းကိုခေါက်နေပြီ။မြန်မြန်ဆင်းချည်တော့ကွယ်။'
ရှက်ယမ်းယမ်းကာပါးစပ်ထဲရှိရာပြောမိလိုက်လည်းစကားသွက်လှသည့်ကလေးမက
မတုံ့မဆိုင်းပင်ပြန်ဖြေလာသည့်မို့ မျက်နှာပူစွာဖြင့်အမြန်တားဆီးလိုက်ရသည်။
နေ့ စကားဆုံးအောင်ပင်ပြောခွင်ပေးဘဲကားပေါ်မှအတင်းတွန်းချနေသူကြောင့် နှုတ်ခမ်းကြီးစူထွက်ကာ ကားပေါ်မှဆင်းလာရတော့သည်။ဟွန်း အဲ့တာကြောင့်အပျိုကြီးဖြစ်နေတာဘဲနေမှာ ။အဓိကနေရာရောက်ပြီဆိုရင်သူဘဲဖျက်လိုဖျက်ဆီးလုပ်လုပ်နေတာ။ကျေကိုမကျေနပ်ဘူး ။ဟွန်း။
"ဟဲ့ ပါးစပ်ကလည်းပွစိပွစိနဲ့ ဘာတွေဖြစ်လာတာတုန်း။"
ကားပေါ်မှဆင်းဆင်းချင်း တစ်ယောက်သောသူကိုရန်လုပ်နေရင်းမှဖူးခတ်၏မေးလာသောအမေး။
"နေနေ့ကို မယိမ်းလိုက်ပို့တာလား။!
တိမ်လွှာ၏အသံနှင့်အတူအခုထိရှိနေသေးသည့်ကား၏မှန်လေးဟာပွင့်လာသည်မို့ အကုန်လုံးကြည့်မိလိုက်ကြသည်။ကားမှန်ပွင့်ပွင့်လာခြင်းပင်မြင်လိုက်ရသည့်မျက်နှာလှလှလေး ၊ အပြုံးသဲ့သဲ့ကလေးဖြင့်ပြုံးပြ၍နှုတ်ဆက်လာသောအစ်မသည်သိပ်ကိုလှလွန်း‌နေသည်။ကားပေါ်တုန်းက ရန်ဖြစ်နေရတာနဲ့ကော ၊စိတ်ကောက်နေရနဲ့ပါအလုပ်ရှုပ်နေခဲ့သည်မို့သေချာမကြည့်လိုက်ခြင်းဖြစ်လိမ့်မည်။
"ကလေးတို့ အတန်းဘဲလစ်‌မနေကြနဲ့နော်။စာကိုသေချာလိုက်သင်ကြအုံး။ကြားလား။!!
"ဟုတ်ကဲ့ မမယိမ်း"
နေနေမှ လွဲ၍အကုန်လုံးအသံညီတူဟစ်ကာ‌ခေါင်းငြိမ့်ကြသည်။ ထိုအခါ အစ်မဟာပြုံး၍ လိမ္မာကြောင်းပြောလေသည်။
"အဲ့တစ်ယောက်ကိုလည်း စာသေချာလိုက်လုပ်လို့ပြောလိုက်အုံး။ ကဲ အစ်မသွားပြီနော်။"
အရှေ့ဆုံးကနေစူပုတ်ပုတ်ဖြင့်ရပ်နေသော နေနေ့အားမေးငေါ့ပြကာပြောလိုက်သော အစ်မ‌ကြောင့် ပို၍ပင်စိတ်ဆိုးမိသည်။ လူတစ်ယောက်လုံးရပ်နေပါလျက်နဲ့ နေ့ အားတိုက်ရိုက်မပြောဘဲ ဟိုကောင်မတွေအားမှာသွားသည်လေ။
ရွတ်ကနဲထွက်သွားသောကားလေးအား မြင်ကွင်းမှပျောက်သွားသည့်တိုင်တစ်ဆုံးကြည့်‌နေမိသည်။
"ဒုတ် "
အနောက်ကနေဇတ်ပိုးအားလက်ဖြင့်လာချသည်မို့ နာလွန်း၍မျက်နှာကြီးရှုံ့မဲ့သွားရသည်။ မကျေမနပ်ဖြင့်နောက်လှည့်ကြည့်လိုက်တော့ ခါး‌ကြီး‌ေထာက်၍ကြည့်နေသောဖူးခတ်မ။
"အား နာလိုက်တာဟာ ။ချီးဘဲ..!! ဖူးခတ်မ နင်သေချင်လို့လား။
"ဟိုကဖြင့်သွားတာကြာလှပြီ။ နင်ကိုကအကဲပိုလွန်းလို့ကိုချလိုက်တာ ။ ရှိနေတုန်းကကျမျက်နှာကြီးအောက်သိုးနေပြီး သွားမှလဒလို့ငေးကြည့်မနေနဲ့လေဟယ်။"
ပြန်ရန်တွေ့ဖို့ပြင်လိုက်စဉ်မှာဘဲ"ဒင်းတို့ရန်ဖြစ်နေပုံနဲ့အတန်းတက်လိုက်ရမှာမဟုတ်ဘူး"ဟုဆိုကာ ဂုတ်ပိုးမှဆွဲ၍ခေါ်သွားသောသေနာမတွေကြောင့်အင်တင်တင်ဖြင့်ပါသွားရလေသည်။
************
ယိမ်း ကုမ္ပဏီသို့တက်ကြွသည့်ခြေလှမ်းများဖြင့်လှမ်းလာခဲ့သည်။ခါတိုင်းနေ့တွေနှင့်မတူသည်ကား ယနေ့နည်းနည်းလေးပြုံးယောင်သန်းနေသလိုပင်။
"𝑴𝒐𝒓𝒏𝒊𝒏𝒈 မမယိမ်း "
"𝑴𝒐𝒓𝒏𝒊𝒏𝒈ပါရှင်"
ဝင်ဝင်ခြင်းပင်အပေါက်ဝမှာဆီးကြိုးကာ‌မောနင်းလုပ်နေသောဝန်ထမ်းမလေးအားအပြုံးလေးဖြင့်ပြန်လည်နှုတ်ဆက်လိုက်သည်။
ယိမ်း၏ရုံးခန်းသို့မရောက်မှီအတွင်းရေးမှူးမလေးသက်သက်၏အလုပ်နေရာကဆီးကြို‌နေသည်။ယိမ်းနွဲ့ကာတစ်လှမ်းချင်းလျှောက်လာသည့်ယိမ်းအားပါးစပ်အဟောင်းသားဖြင့်ငေးနေသည်ကြောင့် ပြုံးမိလိုက်သည်။
"𝑴𝒐𝒓𝒏𝒊𝒏𝒈ပါနော် မမ။ ဟီးဟီး မမကလေ နေ့တိုင်းကိုလှနေတော့တာဘဲ။ "
"ဟုတ်ပါပြီ ကျေးဇူးပါရှင်။ ကဲ ဒီနေ့အချိန်ဇယားလေးပြောပေးနော် ။
"ဟီး ဟိုလေ မမ ။ဒီနေ့ကလေလုပ်ရမှာတွေကအရမ်းများနေတော့ မေ့သွားမှာစိုးလို့
ဖိုင်ထဲမှာဘဲချရေးထားလိုက်တယ်။"
"အာ ဟုတ်ပြီ။ အဲ့ဆိုဖိုင်ဘဲယူသွားလိုက်တော့မယ်နော်။"
"ဟီး ဟုတ်ကဲ့ မမ။ဒီမှာ..!
ကမ်းပေးလာသည့်ဖိုင်တွဲအသေးလေးအားလှမ်းယူပြီးယိမ်း၏ရုံးခန်းထဲသို့ဝင်ရန်အပြု
"အော် ဒါနဲ့လေ မမ။ မမရုံးခန်းထဲမှာမမသူငယ်ချင်းတွေရောက်နေတယ် ။"
"အော် အင်းအင်း"
သက်သက်၏အပြောကြောင့် ယိမ်း၏မျက်လုံးတွေဟာရွန်းလဲ့သွားလေသည်။ယိမ်းအနေဖြင့် မတွေ့ရတာကြာပြီဖြစ်တဲ့သူငယ်ချင်းလေးတွေကိုသတိရ‌နေပြီမဟုတ်လား။
"ယိမ်း ရောက်လာပြီလား။နောက်ကျတယ်နော်။"
အခန်းထဲသို့ဝင်ဝင်ခြင်းပင် ဆိုဖာခုံပေါ်မှာ‌ခြေချိတ်ကာထိုင်နေသည့်ပန်း၏ရွဲ့တဲ့တဲ့အမေး။ ဝင့်လွှာသည်လည်း ပန်း၏အနားမှာထိုင်နေကာယိမ်းအားပြုံး၍နှုတ်ဆက်သည်။
"နောက်ကျမှာပေါ့။ဘယ်ကကလေးလည်းမသိပါဘူး။အိမ်ကိုမျက်စိလည်လမ်းမှားပြီးရောက်လာလို့ ကျောင်းကိုအရင်လိုက်ပို့ပြီးမှကျွန်‌တော်မျိုးမဒီကိုလာရတာလေ။"
"ဘယ်က ကလေးမှမဟုတ်ဘူး။ယူ့ကလေးလေးလေ။ နော် ဝင့်လွှာရယ်။
‌မျက်ခုံးပင့်ရင်းမဲ့ရွဲ့ကာပြောနေသည့် ပန်းဆုနေသော်၏စကားအားတုန့်ပြန်ဖို့အရာအတွက်စကားရှာနေရသည်။ဒင်းဟာလေ သူ့ညီမလိုဘဲစကားသိပ်တတ်တာ ၊ ဒီလိုအခြေအနေမျိုးမှာဆိုယိမ်းကသာရှက်ပြီးဘာဆိုဘာမှခွန်းတုံ့မပြန်နိုင်မမြဲပင်။
"ပန်းဆုနေသော် ။ယူတော်တော်အားနေလား။သူများအလုပ်ထဲထိလိုက်လာရအောင် ။"
"ခါတိုင်းလည်းဒီလိုဘဲလာနေကြဘဲကို ။ ခုမှရှက်ယမ်းယမ်းပြီးအော်ငေါက်မနေနဲ့။ မနေ့ညကလည်း ရှက်ပြီးဖုန်းချသွာတာများ ပြန်တောင်မဆက်ဘူး။ငါမှာတော့မျှော်လိုက်ရတာ။"
ပန်း၏အပြောကြောင့် ဝင့်လွှာဟာသဘောကျစွာဖြင့်ခပ်သဲ့သဲ့လေးရယ်မောနေသလို ယိမ်းကလည်း မကြားချင်ယောင်ဆောင်ကာဒီနေ့လုပ်ရမည့်စာရင်းတွေအားတစ်ချက်ကြည့်နေလိုက်သည်။
"ယိမ်း။ လာပါအုံး။တို့တိုင်ပင်စရာလေးရှိလို့ !
တစ်ခုခုပြောချင်နေပုံရသောဝင့်လွှာကြောင့် အရှက်ပြေချောင်းဟန့်လိုက်ပြီးပန်းဆုနေသော်အားမျက်စောင်းထိုးကာဝင့်လွှာ၏ဘေးသို့သွားထိုင်လိုက်သည်။
"တို့တွေ ခရီးတစ်ခုလောက်သွားရအောင်လား။ ‌တိတ်ဆိတ်အေးချမ်းမယ့်နေရာမျိုးလေ  နယ်ဘက်ဖြစ်ဖြစ်ပေါ့။"
'အိမ်နဲ့အဆင်မပြေသေးဘူးလားဟင် ။တစ်ခုခုစိတ်အဆင်မပြေတာများ...!
စိတ်ပူစွာမေးမိသော်လည်းခပ်လောလောပြန်ဖြေသည့်သူကြောင့်နားထောင်ပေးလိုက်ရတော့သည်။ဝင့်လွှာတစ်ယောက်ဟာလေ တကယ်ကိုဟန်ဆောင်ကောင်းတဲ့လူ။
"ဘာမှမရှိပါဘူး ယိမ်းရဲ့။တို့အဆင်ပြေပါတယ်။ဒီတိုင်းအေးဆေးပြီးငြိမ်းချမ်းမယ့်နေရာလေးကိုသွားပြီးအပန်းဖြေချင်လို့ရယ်။"
ဝင့်လွှာ၏စကားကြောင့်ယိမ်းသက်ပြင်းငွေ့ငွေ့ချမိလိုက်သလို တစ်ဖက်တစ်ချက်မှာရှိတဲ့ပန်းဆုနေသော်တစ်ယောက်ဟာလည်းမျက်နှာမကောင်းလှပေ။
"အလုပ်များနေတဲ့ယိမ်းကိုတော့အားနာပါတယ်။တစ်ကယ်လို့အလုပ်တွေပစ်ထားလို့မရရင်လည်း.."
"မဟုတ်တာ ဝင့်လွှာရယ်။တို့လည်းခုတစ်လောအလုပ်တွေအရမ်းများနေတာနဲ့အပန်းဖြေခရီးလေးထွက်ရင်ကောင်းမလားလို့စဉ်းစားနေတာ။အတော်ဘဲဖြစ်သွားတာပေါ့။"
အမှန်တစ်ကယ်တော့ ဝင့်လွှာတစ်ယောက်စိတ်ချမ်းသာရန်အတွက်သာပြောလိုက်ခြင်းဖြစ်သည်။ဒီမှာကျန်ခဲ့မည့်အလုပ်ကိစ္စတွေကိုတော့စိတ်ချလှတာမဟုတ်။ယိမ်း ဦးဆောင်လုပ်နေရသည့်အလုပ်တွေဟာနည်းနည်းနောနောမှမဟုတ်ဘဲလေ။ဘာဘဲဖြစ်ဖြစ်ခုချိန်မှာသူငယ်ချင်းကသာအရေးကြီးနေတာမို့ လိုက်သွားရန်သာတွေးမိပါသည်။
"ဝိုး ယိမ်းလည်းလိုက်မယ်ဆိုတော့ တို့တွေဘယ်ကိုသွားကြမှာလဲ "
ခုနကမျက်နှာထားနှင့်ကွဲပြားစွာခပ်မြူးမြူးပြောလာသည့်ပန်းဆုနေသေည်၏အမေးအား ခပ်ဖျော့ဖျော့လေးပြန်ဖြေသည့်ဝင့်လွှာ။တကယ်ဘဲ ယိမ်းတို့သူငယ်ချင်းသုံးယောက်ဒုတိယအကြိမ်အတူတူခရီးခြင်းဖြစ်သည်။
"တို့အမျိုးတွေရှိတဲ့ နယ်ဘက်ကိုသွားကြတာပေါ့။"
********
19.2.2023
5:38𝑷𝑴
𝑻𝒉𝒘𝒂𝒚64
ကြိုးစားပါအုံးမည်။အပိုင်း(21)မျှော်
_____________
Zawgyi
အချစ်၏ဟန်ပန်
အပိုင်း(၂၀)
ဒီကလေးမဒယ်ဒီ့ကိုတော့ရှိန်ပုံရ၏ မာမီ့ကိုကျသွက်သွက်လက်လက်နှင့်တစ်ရင်းတစ်နှီးရှိသည့်တိုင် တည်တည်တံ့တံ့နေတတ်သည့်ဒယ်ဒီ့ကိုတော့အတျောလေးရှိနျနေပုံပျေါသညျမို့ ကြိတ်ပြုံးလိုက်မိသည်။
"ဟုတ်ကဲ့ အန်ကယ်"
"အို အိမ့်ဆု...
"ဟန်သု့ပန်က"
"အာ "
"ပြောစမ်းကွယ် မင်းလား ။ဟန်လေးလား ။
"အစ်မရော ဆင်းလေ"
"မဟုတ်လို့လား။"
"ဟုတ်ကဲ့ မမယိမ်း"
"ဒုတ် "
************
" မမယိမ်း "
"ပါရှင်"
"ဟီး ဟုတ်ကဲ့ မမ။ဒီမှာ..!
"အော် အင်းအင်း"
"ယိမ်း ရောက်လာပြီလား။နောက်ကျတယ်နော်။"
"ဘယ်က ကလေးမှမဟုတ်ဘူး။ယူ့ကလေးလေးလေ။ နော် ဝင့်လွှာရယ်။
********
19.2.2023
5:38
64
ကြိုးစားပါအုံးမည်။အပိုင်း(၂၁)မျှော်
Continue Reading
You'll Also Like
30.6K 4.2K 22
Pembaca dari dunia yang sama namun berbeda. Dengan cara yang tidak klise, pahlawan dan penjahat tersayang kita menemukan diri mereka dipindahkan ke d...
1.5M 113K 55
Spiritual - Romansa Kisah seorang perempuan yang ditinggal nikah oleh laki-laki yang pernah menyuruhnya untuk menunggu selama 2 tahun. Namun takdir...
8.7M 149K 197
Ada berjuta baris kata yang tak mampu untuk bibir ucapkan namun masih mampu dirangkai oleh jemari. Aku biarkan diriku bersahabat dengan kertas dan pe...
3K 406 40
Tak pernah Kinara bayangkan ia akan menjadi seorang istri dari orang seaneh Leon sekaligus agen rahasianya. Meski pernikahan mereka hanya berlandask...