အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်...

By Miracle_Phyu97

65K 6.5K 80

Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Roman... More

Description
Ch-1.1
Chapter-2.1
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4.1
Chapter-4.2
Chapter-5.1
Chapter-5.2
Paid Gp
Chapter-6.1
Chapter-6.2
Chapter-7.1
Chapter-7.2
Chapter-8.1
Chapter-8.2
Chapter-9.1
Chapter-9.2
Chapter-10.1
Chapter-10.2
Chapter-11.1
Chapter-11.2
Chapter-11.3
Chapter-12.1
Chapter-12.2
Chapter-12.3
Chapter-13.1
Chapter-13.2
Chapter-14.1
Chapter-14.2
Chapter-15.1
Chapter-15.2
Chapter-16.1
Chapter-16.2
Ch-17.1
Ch-17.2
Ch-18.1
Ch-18.2
Chapter-18.3
Ch-18.4
Ch-19.1
Ch-19.2
Ch-19.3
Ch-20.1
Ch-20.2
Attention
Ch-21.1
Ch-21.2
Ch-21.3
Ch-22.1
Ch-22.2

Ch-1.2

1.8K 178 2
By Miracle_Phyu97

အခန်း (၁) (ခ)

ယွီလင်းသည် ဖုန်းရှန့်မဂ္ဂဇင်း၏ ဒုတိယအယ်ဒီတာခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်ပြီး သူမသည် ယခုရှုတင်အတွက် အဓိကတာဝန်ရှိသူလည်းဖြစ်သည်။ ဖုန်းရှန့်သည် ထိပ်တန်းပြည်တွင်းဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်ပြီး အချိန်တိုင်း သူမတို့၏ မျက်နှာဖုံးစာမျက်နှာမှာ လတ်တလော လူကြိုက်အများဆုံးဖြစ်လေ့ရှိ၏။ မျက်နှာဖုံးစာမျက်နှာတွင် ပါဝင်နိုင်သူများမှာ လူသိများသော စတားများ ဒါမှမဟုတ် လူသိများသော မော်ဒယ်များသာဖြစ်သည်။ ဆယ်လီများ၏ ပရော်ဖက်ရှင်နယ်ဆန်မှုအား အရေးကြီးသော တိုင်းတာမှုများထဲမှ တစ်ခုဖြစ်ကြောင်း ပြောနိုင်ပေသည်။

သူမတို့သည် ထုတ်ကုန်တစ်ခုအား ကြော်ငြာပေးရန် လက်တွဲထားသောကြောင့် ဒီတစ်ခေါက် လိုအပ်သော မျက်နှာဖုံးပုံစံမှာ နူးညံ့ဖျော့တော့ပြီး အားနွဲ့သော ပုံစံမျိုးဖြစ်သည်။ ထိုပုံစံမျိုးရှိသော မော်ဒယ်များမှာ အလွန်ရှာရခက်၏။ အင်တာဗျူးပေါင်း ဒါဇင်ကျော်မျှလုပ်ပြီးသော်လည်း ဖုန်းရှန့်၏ အယ်ဒီတာခေါင်းဆောင်မှာ စိတ်မကျေနပ်နိုင်ဘဲ တစ်ခုခုလိုနေသည်ဟုသာ ခံစားခဲ့ရသည်။ အချိန်မလုံလောက်သောကြောင့် ကုမ္ပဏီ၏လက်အောက်တွင် အလုပ်လုပ်နေသော မန်နေဂျာတစ်ဦးသည် ဖျားနေသော်လည်း လွန်စွာလှပသည့် ကျိုးစစ်ယွီအား ထောက်ခံပေးခဲ့သည်။

အယ်ဒီတာခေါင်းဆောင်သည် တစ်ချက်ကြည့်ပြီး သဘောတူလိုက်၏။ တကယ်ဆိုရင် သူမလေးက ဒီရှုတင်အတွက်ပဲ ပြီးပြည့်စုံစွာ ထုဆစ်ခံထားရတာမဟုတ်ဘူးလား။ ထို့ကြောင့် ကျိုးစစ်ယွီသည် လူသစ်လေးဖြစ်သည်ကို စိတ်ထဲမထားဘဲ စာချုပ်အား ချက်ချင်းလက်မှတ်ထိုးကာ သူမအား ဒီရာသီ မျက်နှာဖုံးစာမျက်နှာ၏ မော်ဒယ်ဖြစ်စေခဲ့သည်။

ယွီလင်းသည် ကျိုးစစ်ယွီအား ပထမဆုံးမြင်စဉ်က သူမ၏မျက်နှာအား လွန်စွာသဘောကျမိခဲ့၏။ သူမက အရမ်းလွန်လွန်းနေတာတော့ နှမျောစရာပဲ။

အဲ့ဒါက သူမသည် အလုပ်အား သေချာ ပူးပေါင်းမလုပ်ဆောင်လို့ မဟုတ်ဘဲ သူမသည် အကြိမ်ပေါင်းများစွာ မူးလဲပြီး အိမ်သာသို့ပြေးသွားကာ ပြင်းပြင်းထန်ထန် အန်ခဲ့ခြင်းတို့ကြောင့်သာ ဖြစ်သည်။ ထိုအရာက ယွီလင်း၏စိတ်ရှည်မှုကို လုံးလုံးလျားလျားပျောက်သွားစေပြီး သူမ၏ပါးစပ်မှ ထိုသို့သောစကားမျိုးကိုပါ ထွက်လာစေခဲ့၏။

စစ်ယွီသည် ယွီလင်း၏အတွေးတို့အား သတိမထားမိပေ။ ထို့အစား သူမသည် သူမ ယခု လက်ခံရရှိလိုက်သော အချက်အ‌လက်များကြောင့်သာ ထိတ်လန့်နေရသည်: ကျိုးစစ်ယွီ၊ ဖုန်းရှန့်မဂ္ဂဇင်း၊ အကြိမ်ကြိမ်အခါခါမူးလဲခြင်းများ .... ဒါက သူမရဲ့စာအုပ် <<စူပါစတားလေးရဲ့ အလိုလိုက်ခံ အိမ်ထောင်ရေး>>ထဲက ဇာတ်ကြောင်းကြီး မဟုတ်ဘူးလား။

သူမသည် သူမရဲ့ကိုယ်ပိုင်မန်ဟွာထဲက အမျိုးသမီးဇာတ်ပို့လေး ကျိုးစစ်ယွီ အဖြစ် ကူးပြောင်းလာခဲ့တာလား။

စစ်ယွီ၏မျက်နှာမှာ အစိမ်းရောင်ပြောင်းသွားသည်။ သူမ နေလို့ထိုင်လို့ မကောင်းတော့ပေ။ စာရေးဆရာတစ်ယောက်အနေဖြင့် အမျိုးသမီးဇာတ်ပို့လေး၏ အခြေအနေတွေအကြောင်း သူမထက် ပိုသိသူမရှိနိုင်ပေ။

ကျိုးစစ်ယွီသည် သူမအဖေအား အသက်ငယ်ငယ်တွင် ဆုံးရှုံးလိုက်ရပြီး သူမ၏အမေမှာ စိတ်ကြီးဝင်ပြီး လောဘကြီးသော မိန်းမဖြစ်သည်။ သူမသည် ချမ်းသာသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် မဖော်ပြအပ်သော ဆက်ဆံရေးရှိကာ ကိုယ်ဝန်ရခဲ့သည်။ အဖေကျိုး သေသည်နှင့် သူမသည် ထိုယောက်ျားနောက် ကောက်ကောက်ပါအောင်လိုက်သွားပြီး ချမ်းသာပြီး အာဏာရှိသောမိသားစု၏ သခင်မဖြစ်လာခဲ့သည်။ မွေးလာတဲ့ကလေးကတော့ ဇာတ်လိုက်ကောင် ကျီလင်းပါပဲ။

အမေက ထွက်ပြေးသွားသည်နှင့် မိသားစုသည် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့၏။ ကျိုးစစ်ယွီမှာ သူမ၏အဖွားဖြင့်သာ နေနိုင်ခဲ့သည်။ သူမသည် ကလေးကတည်းက အားနည်းကာ အလွန်ဖျားနာခဲ့ပြီး ဆေးမသောက်လျှင် အသက်မရှင်နိုင်ပေ။ ဒါပေါ့ ဘယ်ဆေးကများ ပိုက်ဆံမကုန်လို့လဲ။ အဲ့လိုနဲ့ အိမ်ရှိ စုဆောင်းငွေများမှာ ဖြေးဖြေးချင်း သုံးရင်းသုံးရင်း စစ်ယွီတစ်ယောက် ကောလိပ်တက်သောအခါ ငွေလုံးဝပြတ်သွားခဲ့သည်။

မန်ဟွာထဲတွင် ကျိုးစစ်ယွီသည် ရက်စက်ပြီး ဂရုမစိုက်တတ်တဲ့ မိန်းမဖြစ်သော်လည်း သူမသည် သူမအဖွားအား ရိုသေကာ ပြောစကား နားထောင်လေသည်။ ကျိုးစစ်ယွီသည် သူမအဖွားအား သူမအတွက် နောက်ထပ် စိတ်မပူစေချင်တော့ပေ။ ထို့ကြောင့် မိသားစုအား ဝင်ငွေထောက်ပံ့ရန် အချိန်ပိုင်းလုပ်ရန် ပြင်ဆင်ခဲ့သည်။ သို့သော် သူမ၏ကျန်းမာရေးမှာ ဆိုးဝါးလှသည်။ အထွေထွေအလုပ်သမားဌာနမှ တစ်ခုခုဖြစ်သွားမည်ကို ကြောက်သောကြောင့် သူမအား ငြင်းခဲ့သည်။ ထို့နောက် ဤကုမ္ပဏီ၏မန်နေဂျာမှ သူမအား မျက်နှာသာပေးကာ မော်ဒယ်လုပ်ရန် ကမ်းလှမ်းခဲ့၏။ ကျိုးစစ်ယွီသည် အရေးတကြီးငွေလိုနေသောကြောင့် ချက်ချင်းသဘောတူခဲ့သည်။

သိပ်မကြာခင်တွင် သူမသည် ဖုန်းရှန့်မဂ္ဂဇင်း၏ မျက်နှာဖုံးစာမျက်နှာအတွက် ဓာတ်ပုံရိုက်ရမည့် ဖိတ်ခေါ်ချက်ကို ရရှိခဲ့သည်။ ဤအရာသည် သူမဘဝအတွက် အပြောင်းအလဲပွိုင့်ကြီးဖြစ်သည် -- အတိအကျကို ဘာကြောင့်လဲဆိုတော့ သူမသည် သူမ၏မောင်လေး ကျီလင်းအား ဒီရှုတင်တွင် ပထမဆုံး တွေ့မှာဖြစ်ပေသည်။

စုယွိ၏စိတ်မှာ ခုန်ပေါက်နေပြီး ပြဿနာများက ပိုလို့ရှိနေသေး၏။ သူမမှာ စိတ်ဝိညာဉ်ကင်းမဲ့စွာ မှန်ထဲမှ မရင်းနှီးသော လူမမာ အလှလေးအား ငေးကြည့်လိုက်စဉ်တွင် သူမဘေးရှိ စတိုင်လစ်၏ ခေါင်းတွင် ပန်းရောင်ဖျော့ဖျော့အလင်းလေးရှိနေသည်ကို သတိထားမိသွားသည်။ စစ်ယွီကြောင်သွား၏။ သူမသည် ချက်ချင်းပင် လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ရှင့်ရဲ့ခေါင်းပေါ်မှာ ...."

စတိုင်လစ်သည် မှန်ထဲသို့ကြည့်လိုက်သော်လည်း သူမခေါင်းပေါ်မှာ ပုံမှန်ပဲဖြစ်သည်။ ခေါင်းပေါ်မှာ ဘာမှရှိမနေပါဘူး အာ။

စတိုင်လစ်၏ ထူးထူးဆန်းဆန်း မျက်နှာပေးအား မြင်လိုက်ရသော စစ်ယွီသည် စတိုင်လစ်တစ်ယောက် ထိုအလင်းလေးအား မမြင်နိုင်ကြောင်း ချက်ချင်းသိလိုက်၏။ ထို့ကြောင့် သူမ၏ အကြည့်တို့အား သူမနောက်က ဆိုဖာတွင်ထိုင်နေသော ယွီလင်းဆီ ပို့ခိုက်သည်။ သူမသဘ် တူညီသောအလင်းပုံစံမျိုး ယွီလင်း၏ခေါင်းပေါ်တွင်လည်း တွေ့လိုက်ရသည်။ ယွီလင်း၏ခေါင်းပေါ်မှ အလင်းသည် စတိုင်လစ်လေးထက် ပိုပြီး‌ တောက်ပနေသည်။

စစ်ယွီသည် ယွီလင်းကိုလည်း ထိုကဲ့သို့ မေးခွန်းမျိုး မေးကြည့်လိုက်သော်လည်း ယွီလင်း၏ စိတ်မရှည်သော အမူအရာကိုသာ ပြန်ရလိုက်၏။ "နင် အခု ဘာလုပ်ဦးမလို့လဲ။"

စစ်ယွီသည် နာနာခံခံလေးပင် ပါးစပ်ပိတ်လိုက်သည်။ ကောင်းပြီ အခု သူမ နားလည်သွားတာကတော့ : အဲ့ဒီအလင်းတွေက ထင်ယောင်ထင်မှား ဖြစ်နေတာမဟုတ်ဘဲ သူမတစ်ယောက်ထဲသာမြင်နိုင်ပြီး တစ်ခြားလူများမမြင်နိုင်ပေ။

ပြင်ဆင်တာပြီးပြီးချင်း ယွီလင်းသည် သူမအား စတိတ်ပေါ်ဆွဲခေါ်သွားသည်။ လမ်းတစ်လျှောက် စစ်ယွီ၏မျက်လုံးထဲတွင် လူတိုင်း၏ခေါင်းပေါ်၌ အလင်းလေးတွေ ရှိနေကြ၏။ လူတိုင်းကလည်း အဲ့ဒါကို သတိမပြုမိကြပေ။

သူမ အာရုံစိုက်သည့်အချိန်မှ အလင်းလေးတွေက ပေါ်လာတာဖြစ်သည်။ အဲ့ဒါက ဘာကိုဆိုလိုတာလဲ သူမ မသိပေ။ ဖြစ်နိုင်တာတော့ ဒါက မန်ဟွာထဲ ကူးပြောင်းသွားခဲ့ရတဲ့ ဆိုးကျိုးပဲနေမှာ။ ဒါပေမဲ့ သူမခေါင်းပေါ်မှာတော့ ဘာဖြစ်လို့ ဘာမှရှိမနေတာတုန်း။

စစ်ယွီတစ်ယောက် အတွေးများနေတုန်းမှာပင် ယွီလင်းသည် သူမအား စတူဒီယိုအလည်သို့ တွန်းပို့လိုက်၏။ စတိတ်သည် သစ်တောပုံစံ ခင်းကျင်းထား၏။ သူမသည် ကြောင်တောင်တောင်နှင့် ထိုနေရာတွင် ရပ်နေသည်မှာ နောက်ကနေ အော်သံတစ်ခု မကြားရခင်အထိ ဖြစ်သည်။

"အဲ့ဒီက ကလေးမ ပန်းတွေပေါ် မြန်မြန်လှဲချလေ။ ဒီရိုက်ကွင်းက 'သေနေတဲ့ အလှလေး'ကို ရိုက်မှာ 'သေနေတာ' နားလည်လား။ မင်း အခုလေးတင် အသက်ထွက်သွားတဲ့ ခံစားချက်မျိုးဆို အရမ်းကောင်းတယ်။"

စစ်ယွီ၏ နှုတ်ခမ်းများ တွန့်ချိတ်သွားသည်။ လှည့်ကြည့်လိုက်သောအခါ စိတ်အားထက်သန်နေသော လူလတ်ပိုင်း လူတစ်ယောက်ကို တွေ့လိုက်ရပြီး သူသည် ဓာတ်ပုံဆရာ ဖြစ်ပုံပေါ်သည်။ သူ့ခေါင်းထိပ်ရှိအရောင်မှာ လက်ရှိလူတွေအားလုံးထဲတွင် အရင့်ဆုံးဖြစ်ပြီး လိမ္မော်နီရောင်ပေါက်နေ၏။

စစ်ယွီသည် သေနေတဲ့အလှလေးဆိုတာ ဘယ်လိုမျိုးလဲ သူမနားမလည်သော်ငြား သူမသည် လှဲချလိုက်ကာ ဓာတ်ပုံဆရာပြောသည့်အတိုင်း ပို့စ်ပေးလိုက်သည်။

"မှားတယ်။ မှားတယ်။ ဒီခံစားချက်ကြီးက မှားနေတယ်လေ။" ဓာတ်ပုံဆရာ ကျန်းချောင်မှာ များစွာသော ဆုများကို ရရှိခဲ့ပြီး သူသည် ပြီးပြည့်စုံခြင်းကိုသာ လိုချင်‌ပေသည်။ စိတ်မကျေနပ်စရာ နည်းနည်းလေး‌ရှိနေပါက သူသည် ထပ်ခါထပ်ခါလုပ်ခိုင်းနေမည်ဖြစ်၏။ သူသည် လက်တွေခြေထောက်တွေအား ဘယ်နားထားရမလဲ မသိသည့် ပန်းတွေကြားထဲမှ ကြောင်တောင်တောင် မိန်းကလေးအား ကြည့်ကာ မျက်မှောင်ကြုံ့လိုက်သည်။ သူ အော်ဟစ်လိုက်၏။ "နည်းနည်းလောက် ပျော့ပျော့ပြောင်းပြောင်းလုပ်လေ။ ဘာဖြစ်လို့ နင်က ကျောက်တုံးတစ်တုံးကြီးလို တောင့်ခဲနေရတာလဲ။"

စစ်ယွီ စိတ်ထဲတွင် ငိုနေမိပြီ။ ကျေးဇူးပြုပြီး ငါ့ကို တစ်ယောက်ထဲ ထားခဲ့ပါတော့ ဟုတ်ပြီလား။ ငါက ပန်းချီဆွဲတဲ့လူတစ်ယောက်ပါပဲ၊ ငါ တကယ် မော်ဒယ်မလုပ်နိုင်ဘူးလို့ အား။

နာရီဝက်ခန့် ညှိပြီးသော်လည်း စစ်ယွီမှာ ဘာမှတိုးတက်မလာပေ။ အချိန်တွေကုန်သွားတာနှင့်အမျှ သူမမှာ ပိုလို့ မသက်မသာခံစားလာရ၏။ သူမခေါင်းသည် မူးဝေနေပြီး မျက်လုံးများမှာလည်း ပြာနေကာ ရင်ဘတ်ကိုလည်း ကျောက်တုံးကြီးတစ်တုံးဖိထားသလို ခံစားနေရသည်။ သူမ ချက်ချင်းပင် သဘောပေါက်လိုက်သည်။ ဒါက သူမရဲ့အဖျားလက္ခဏာတွေပင်။

.... ငါ ဘာဖြစ်လို့ ဒီလောက်ကံဆိုးရတာလဲ။

{အကျင့်ပုတ်လို့ (⁠ ‌⁠°⁠ᴥ⁠ ‌⁠°⁠ )}

ထိုအချိန်တုန်းက စစ်ယွီသည် ဤဇာတ်ပို့လေး၏ ခန္ဓာကိုယ်အား ဖျားနာ၊ အားနည်း၊ သွေးအန်ခြင်းစသည်တို့ကို ပျော်ပျော်ကြီး ရေးခဲ့ခြင်းဖြစ်သည်။ အခုတော့ သူမသည် ပြန်သွားပြီး ဂရုမစိုက်ခဲ့သော သူမကိုယ်သူမသာ သေအောင်ရိုက်သတ်ပစ်ချင်မိသည် : ကိုယ့်ဟာကိုယ်လုပ်ခဲ့တဲ့ကိစ္စပဲ။ အခုတော့ ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်စားနေရပြီမလား။

စစ်ယွီသည် ခဏအနားယူဖို့ ပြောရမလားမပြောရဘူးလား တွေဝေနေ၏။ သူမပါးစပ်ကိုဖွင့်လိုက်စဉ်ပင် ချိုမြမြအရသာက သူမလည်ပင်းတစ်လျှောက် ဆန်တက်လာသည်။

အားလုံး၏ မျက်စိရှေ့တွင်ပင် သူမသည် သွေးတစ်လုတ် အန်ထုတ်လိုက်၏။

***

Zawgyi

အခန္း (၁) (ခ)

ယြီလင္းသည္ ဖုန္း႐ွန္႔မဂၢဇင္း၏ ဒုတိယအယ္ဒီတာေခါင္းေဆာင္မ်ားထဲမွ တစ္ေယာက္ျဖစ္ၿပီး သူမသည္ ယခု႐ႈတင္အတြက္ အဓိကတာဝန္႐ွိသူလည္းျဖစ္သည္။ ဖုန္း႐ွန္႔သည္ ထိပ္တန္းျပည္တြင္းဖက္႐ွင္မဂၢဇင္းတစ္ခုျဖစ္ၿပီး အခ်ိန္တိုင္း သူမတို႔၏ မ်က္ႏွာဖုံးစာမ်က္ႏွာမွာ လတ္တေလာ လူႀကိဳက္အမ်ားဆုံးျဖစ္ေလ့႐ွိ၏။ မ်က္ႏွာဖုံးစာမ်က္ႏွာတြင္ ပါဝင္ႏိုင္သူမ်ားမွာ လူသိမ်ားေသာ စတားမ်ား ဒါမွမဟုတ္ လူသိမ်ားေသာ ေမာ္ဒယ္မ်ားသာျဖစ္သည္။ ဆယ္လီမ်ား၏ ပေရာ္ဖက္႐ွင္နယ္ဆန္မႈအား အေရးႀကီးေသာ တိုင္းတာမႈမ်ားထဲမွ တစ္ခုျဖစ္ေၾကာင္း ေျပာႏိုင္ေပသည္။

သူမတို႔သည္ ထုတ္ကုန္တစ္ခုအား ေၾကာ္ျငာေပးရန္ လက္တြဲထားေသာေၾကာင့္ ဒီတစ္ေခါက္ လိုအပ္ေသာ မ်က္ႏွာဖုံးပုံစံမွာ ႏူးညံ့ေဖ်ာ့ေတာ့ၿပီး အားႏြဲ႕ေသာ ပုံစံမ်ိဳးျဖစ္သည္။ ထိုပုံစံမ်ိဳး႐ွိေသာ ေမာ္ဒယ္မ်ားမွာ အလြန္႐ွာရခက္၏။ အင္တာဗ်ဴးေပါင္း ဒါဇင္ေက်ာ္မွ်လုပ္ၿပီးေသာ္လည္း ဖုန္း႐ွန္႔၏ အယ္ဒီတာေခါင္းေဆာင္မွာ စိတ္မေက်နပ္ႏိုင္ဘဲ တစ္ခုခုလိုေနသည္ဟုသာ ခံစားခဲ့ရသည္။ အခ်ိန္မလုံေလာက္ေသာေၾကာင့္ ကုမၸဏီ၏လက္ေအာက္တြင္ အလုပ္လုပ္ေနေသာ မန္ေနဂ်ာတစ္ဦးသည္ ဖ်ားေနေသာ္လည္း လြန္စြာလွပသည့္ က်ိဳးစစ္ယြီအား ေထာက္ခံေပးခဲ့သည္။

အယ္ဒီတာေခါင္းေဆာင္သည္ တစ္ခ်က္ၾကည့္ၿပီး သေဘာတူလိုက္၏။ တကယ္ဆိုရင္ သူမေလးက ဒီ႐ႈတင္အတြက္ပဲ ၿပီးျပည့္စုံစြာ ထုဆစ္ခံထားရတာမဟုတ္ဘူးလား။ ထို႔ေၾကာင့္ က်ိဳးစစ္ယြီသည္ လူသစ္ေလးျဖစ္သည္ကို စိတ္ထဲမထားဘဲ စာခ်ဳပ္အား ခ်က္ခ်င္းလက္မွတ္ထိုးကာ သူမအား ဒီရာသီ မ်က္ႏွာဖုံးစာမ်က္ႏွာ၏ ေမာ္ဒယ္ျဖစ္ေစခဲ့သည္။

ယြီလင္းသည္ က်ိဳးစစ္ယြီအား ပထမဆုံးျမင္စဥ္က သူမ၏မ်က္ႏွာအား လြန္စြာသေဘာက်မိခဲ့၏။ သူမက အရမ္းလြန္လြန္းေနတာေတာ့ ႏွေမ်ာစရာပဲ။

အဲ့ဒါက သူမသည္ အလုပ္အား ေသခ်ာ ပူးေပါင္းမလုပ္ေဆာင္လို႔ မဟုတ္ဘဲ သူမသည္ အႀကိမ္ေပါင္းမ်ားစြာ မူးလဲၿပီး အိမ္သာသို႔ေျပးသြားကာ ျပင္းျပင္းထန္ထန္ အန္ခဲ့ျခင္းတို႔ေၾကာင့္သာ ျဖစ္သည္။ ထိုအရာက ယြီလင္း၏စိတ္႐ွည္မႈကို လုံးလုံးလ်ားလ်ားေပ်ာက္သြားေစၿပီး သူမ၏ပါးစပ္မွ ထိုသို႔ေသာစကားမ်ိဳးကိုပါ ထြက္လာေစခဲ့၏။

စစ္ယြီသည္ ယြီလင္း၏အေတြးတို႔အား သတိမထားမိေပ။ ထို႔အစား သူမသည္ သူမ ယခု လက္ခံရ႐ွိလိုက္ေသာ အခ်က္အ‌လက္မ်ားေၾကာင့္သာ ထိတ္လန္႔ေနရသည္: က်ိဳးစစ္ယြီ၊ ဖုန္း႐ွန္႔မဂၢဇင္း၊ အႀကိမ္ႀကိမ္အခါခါမူးလဲျခင္းမ်ား .... ဒါက သူမရဲ႕စာအုပ္ <<စူပါစတားေလးရဲ႕ အလိုလိုက္ခံ အိမ္ေထာင္ေရး>>ထဲက ဇာတ္ေၾကာင္းႀကီး မဟုတ္ဘူးလား။

သူမသည္ သူမရဲ႕ကိုယ္ပိုင္မန္ဟြာထဲက အမ်ိဳးသမီးဇာတ္ပို႔ေလး က်ိဳးစစ္ယြီ အျဖစ္ ကူးေျပာင္းလာခဲ့တာလား။

စစ္ယြီ၏မ်က္ႏွာမွာ အစိမ္းေရာင္ေျပာင္းသြားသည္။ သူမ ေနလို႔ထိုင္လို႔ မေကာင္းေတာ့ေပ။ စာေရးဆရာတစ္ေယာက္အေနျဖင့္ အမ်ိဳးသမီးဇာတ္ပို႔ေလး၏ အေျခအေနေတြအေၾကာင္း သူမထက္ ပိုသိသူမ႐ွိႏိုင္ေပ။

က်ိဳးစစ္ယြီသည္ သူမအေဖအား အသက္ငယ္ငယ္တြင္ ဆုံး႐ႈံးလိုက္ရၿပီး သူမ၏အေမမွာ စိတ္ႀကီးဝင္ၿပီး ေလာဘႀကီးေသာ မိန္းမျဖစ္သည္။ သူမသည္ ခ်မ္းသာေသာ စီးပြားေရးလုပ္ငန္း႐ွင္တစ္ဦးႏွင့္ မေဖာ္ျပအပ္ေသာ ဆက္ဆံေရး႐ွိကာ ကိုယ္ဝန္ရခဲ့သည္။ အေဖက်ိဳး ေသသည္ႏွင့္ သူမသည္ ထိုေယာက်္ားေနာက္ ေကာက္ေကာက္ပါေအာင္လိုက္သြားၿပီး ခ်မ္းသာၿပီး အာဏာ႐ွိေသာမိသားစု၏ သခင္မျဖစ္လာခဲ့သည္။ ေမြးလာတဲ့ကေလးကေတာ့ ဇာတ္လိုက္ေကာင္ က်ီလင္းပါပဲ။

အေမက ထြက္ေျပးသြားသည္ႏွင့္ မိသားစုသည္ တျဖည္းျဖည္း ဆုတ္ယုတ္လာခဲ့၏။ က်ိဳးစစ္ယြီမွာ သူမ၏အဖြားျဖင့္သာ ေနႏိုင္ခဲ့သည္။ သူမသည္ ကေလးကတည္းက အားနည္းကာ အလြန္ဖ်ားနာခဲ့ၿပီး ေဆးမေသာက္လွ်င္ အသက္မ႐ွင္ႏိုင္ေပ။ ဒါေပါ့ ဘယ္ေဆးကမ်ား ပိုက္ဆံမကုန္လို႔လဲ။ အဲ့လိုနဲ႔ အိမ္႐ွိ စုေဆာင္းေငြမ်ားမွာ ေျဖးေျဖးခ်င္း သုံးရင္းသုံးရင္း စစ္ယြီတစ္ေယာက္ ေကာလိပ္တက္ေသာအခါ ေငြလုံးဝျပတ္သြားခဲ့သည္။

မန္ဟြာထဲတြင္ က်ိဳးစစ္ယြီသည္ ရက္စက္ၿပီး ဂ႐ုမစိုက္တတ္တဲ့ မိန္းမျဖစ္ေသာ္လည္း သူမသည္ သူမအဖြားအား ႐ိုေသကာ ေျပာစကား နားေထာင္ေလသည္။ က်ိဳးစစ္ယြီသည္ သူမအဖြားအား သူမအတြက္ ေနာက္ထပ္ စိတ္မပူေစခ်င္ေတာ့ေပ။ ထို႔ေၾကာင့္ မိသားစုအား ဝင္ေငြေထာက္ပံ့ရန္ အခ်ိန္ပိုင္းလုပ္ရန္ ျပင္ဆင္ခဲ့သည္။ သို႔ေသာ္ သူမ၏က်န္းမာေရးမွာ ဆိုးဝါးလွသည္။ အေထြေထြအလုပ္သမားဌာနမွ တစ္ခုခုျဖစ္သြားမည္ကို ေၾကာက္ေသာေၾကာင့္ သူမအား ျငင္းခဲ့သည္။ ထို႔ေနာက္ ဤကုမၸဏီ၏မန္ေနဂ်ာမွ သူမအား မ်က္ႏွာသာေပးကာ ေမာ္ဒယ္လုပ္ရန္ ကမ္းလွမ္းခဲ့၏။ က်ိဳးစစ္ယြီသည္ အေရးတႀကီးေငြလိုေနေသာေၾကာင့္ ခ်က္ခ်င္းသေဘာတူခဲ့သည္။

သိပ္မၾကာခင္တြင္ သူမသည္ ဖုန္း႐ွန္႔မဂၢဇင္း၏ မ်က္ႏွာဖုံးစာမ်က္ႏွာအတြက္ ဓာတ္ပုံ႐ိုက္ရမည့္ ဖိတ္ေခၚခ်က္ကို ရ႐ွိခဲ့သည္။ ဤအရာသည္ သူမဘဝအတြက္ အေျပာင္းအလဲပြိဳင့္ႀကီးျဖစ္သည္ -- အတိအက်ကို ဘာေၾကာင့္လဲဆိုေတာ့ သူမသည္ သူမ၏ေမာင္ေလး က်ီလင္းအား ဒီ႐ႈတင္တြင္ ပထမဆုံး ေတြ႕မွာျဖစ္ေပသည္။

စုယြိ၏စိတ္မွာ ခုန္ေပါက္ေနၿပီး ျပႆနာမ်ားက ပိုလို႔႐ွိေနေသး၏။ သူမမွာ စိတ္ဝိညာဥ္ကင္းမဲ့စြာ မွန္ထဲမွ မရင္းႏွီးေသာ လူမမာ အလွေလးအား ေငးၾကည့္လိုက္စဥ္တြင္ သူမေဘး႐ွိ စတိုင္လစ္၏ ေခါင္းတြင္ ပန္းေရာင္ေဖ်ာ့ေဖ်ာ့အလင္းေလး႐ွိေနသည္ကို သတိထားမိသြားသည္။ စစ္ယြီေၾကာင္သြား၏။ သူမသည္ ခ်က္ခ်င္းပင္ လက္ညိႇဳးထိုးကာ ေျပာလိုက္သည္။ "႐ွင့္ရဲ႕ေခါင္းေပၚမွာ ...."

စတိုင္လစ္သည္ မွန္ထဲသို႔ၾကည့္လိုက္ေသာ္လည္း သူမေခါင္းေပၚမွာ ပုံမွန္ပဲျဖစ္သည္။ ေခါင္းေပၚမွာ ဘာမွ႐ွိမေနပါဘူး အာ။

စတိုင္လစ္၏ ထူးထူးဆန္းဆန္း မ်က္ႏွာေပးအား ျမင္လိုက္ရေသာ စစ္ယြီသည္ စတိုင္လစ္တစ္ေယာက္ ထိုအလင္းေလးအား မျမင္ႏိုင္ေၾကာင္း ခ်က္ခ်င္းသိလိုက္၏။ ထို႔ေၾကာင့္ သူမ၏ အၾကည့္တို႔အား သူမေနာက္က ဆိုဖာတြင္ထိုင္ေနေသာ ယြီလင္းဆီ ပို႔ခိုက္သည္။ သူမသဘ္ တူညီေသာအလင္းပုံစံမ်ိဳး ယြီလင္း၏ေခါင္းေပၚတြင္လည္း ေတြ႕လိုက္ရသည္။ ယြီလင္း၏ေခါင္းေပၚမွ အလင္းသည္ စတိုင္လစ္ေလးထက္ ပိုၿပီး‌ ေတာက္ပေနသည္။

စစ္ယြီသည္ ယြီလင္းကိုလည္း ထိုကဲ့သို႔ ေမးခြန္းမ်ိဳး ေမးၾကည့္လိုက္ေသာ္လည္း ယြီလင္း၏ စိတ္မ႐ွည္ေသာ အမူအရာကိုသာ ျပန္ရလိုက္၏။ "နင္ အခု ဘာလုပ္ဦးမလို႔လဲ။"

စစ္ယြီသည္ နာနာခံခံေလးပင္ ပါးစပ္ပိတ္လိုက္သည္။ ေကာင္းၿပီ အခု သူမ နားလည္သြားတာကေတာ့ : အဲ့ဒီအလင္းေတြက ထင္ေယာင္ထင္မွား ျဖစ္ေနတာမဟုတ္ဘဲ သူမတစ္ေယာက္ထဲသာျမင္ႏိုင္ၿပီး တစ္ျခားလူမ်ားမျမင္ႏိုင္ေပ။

ျပင္ဆင္တာၿပီးၿပီးခ်င္း ယြီလင္းသည္ သူမအား စတိတ္ေပၚဆြဲေခၚသြားသည္။ လမ္းတစ္ေလွ်ာက္ စစ္ယြီ၏မ်က္လုံးထဲတြင္ လူတိုင္း၏ေခါင္းေပၚ၌ အလင္းေလးေတြ ႐ွိေနၾက၏။ လူတိုင္းကလည္း အဲ့ဒါကို သတိမျပဳမိၾကေပ။

သူမ အာ႐ုံစိုက္သည့္အခ်ိန္မွ အလင္းေလးေတြက ေပၚလာတာျဖစ္သည္။ အဲ့ဒါက ဘာကိုဆိုလိုတာလဲ သူမ မသိေပ။ ျဖစ္ႏိုင္တာေတာ့ ဒါက မန္ဟြာထဲ ကူးေျပာင္းသြားခဲ့ရတဲ့ ဆိုးက်ိဳးပဲေနမွာ။ ဒါေပမဲ့ သူမေခါင္းေပၚမွာေတာ့ ဘာျဖစ္လို႔ ဘာမွ႐ွိမေနတာတုန္း။

စစ္ယြီတစ္ေယာက္ အေတြးမ်ားေနတုန္းမွာပင္ ယြီလင္းသည္ သူမအား စတူဒီယိုအလည္သို႔ တြန္းပို႔လိုက္၏။ စတိတ္သည္ သစ္ေတာပုံစံ ခင္းက်င္းထား၏။ သူမသည္ ေၾကာင္ေတာင္ေတာင္ႏွင့္ ထိုေနရာတြင္ ရပ္ေနသည္မွာ ေနာက္ကေန ေအာ္သံတစ္ခု မၾကားရခင္အထိ ျဖစ္သည္။

"အဲ့ဒီက ကေလးမ ပန္းေတြေပၚ ျမန္ျမန္လွဲခ်ေလ။ ဒီ႐ိုက္ကြင္းက 'ေသေနတဲ့ အလွေလး'ကို ႐ိုက္မွာ 'ေသေနတာ' နားလည္လား။ မင္း အခုေလးတင္ အသက္ထြက္သြားတဲ့ ခံစားခ်က္မ်ိဳးဆို အရမ္းေကာင္းတယ္။"

စစ္ယြီ၏ ႏႈတ္ခမ္းမ်ား တြန္႔ခ်ိတ္သြားသည္။ လွည့္ၾကည့္လိုက္ေသာအခါ စိတ္အားထက္သန္ေနေသာ လူလတ္ပိုင္း လူတစ္ေယာက္ကို ေတြ႕လိုက္ရၿပီး သူသည္ ဓာတ္ပုံဆရာ ျဖစ္ပုံေပၚသည္။ သူ႕ေခါင္းထိပ္႐ွိအေရာင္မွာ လက္႐ွိလူေတြအားလုံးထဲတြင္ အရင့္ဆုံးျဖစ္ၿပီး လိေမၼာ္နီေရာင္ေပါက္ေန၏။

စစ္ယြီသည္ ေသေနတဲ့အလွေလးဆိုတာ ဘယ္လိုမ်ိဳးလဲ သူမနားမလည္ေသာ္ျငား သူမသည္ လွဲခ်လိုက္ကာ ဓာတ္ပုံဆရာေျပာသည့္အတိုင္း ပို႔စ္ေပးလိုက္သည္။

"မွားတယ္။ မွားတယ္။ ဒီခံစားခ်က္ႀကီးက မွားေနတယ္ေလ။" ဓာတ္ပုံဆရာ က်န္းေခ်ာင္မွာ မ်ားစြာေသာ ဆုမ်ားကို ရ႐ွိခဲ့ၿပီး သူသည္ ၿပီးျပည့္စုံျခင္းကိုသာ လိုခ်င္‌ေပသည္။ စိတ္မေက်နပ္စရာ နည္းနည္းေလး‌႐ွိေနပါက သူသည္ ထပ္ခါထပ္ခါလုပ္ခိုင္းေနမည္ျဖစ္၏။ သူသည္ လက္ေတြေျခေထာက္ေတြအား ဘယ္နားထားရမလဲ မသိသည့္ ပန္းေတြၾကားထဲမွ ေၾကာင္ေတာင္ေတာင္ မိန္းကေလးအား ၾကည့္ကာ မ်က္ေမွာင္ၾကဳံ႕လိုက္သည္။ သူ ေအာ္ဟစ္လိုက္၏။ "နည္းနည္းေလာက္ ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္းလုပ္ေလ။ ဘာျဖစ္လို႔ နင္က ေက်ာက္တုံးတစ္တုံးႀကီးလို ေတာင့္ခဲေနရတာလဲ။"

စစ္ယြီ စိတ္ထဲတြင္ ငိုေနမိၿပီ။ ေက်းဇူးျပဳၿပီး ငါ့ကို တစ္ေယာက္ထဲ ထားခဲ့ပါေတာ့ ဟုတ္ၿပီလား။ ငါက ပန္းခ်ီဆြဲတဲ့လူတစ္ေယာက္ပါပဲ၊ ငါ တကယ္ ေမာ္ဒယ္မလုပ္ႏိုင္ဘူးလို႔ အား။

နာရီဝက္ခန္႔ ညႇိၿပီးေသာ္လည္း စစ္ယြီမွာ ဘာမွတိုးတက္မလာေပ။ အခ်ိန္ေတြကုန္သြားတာႏွင့္အမွ် သူမမွာ ပိုလို႔ မသက္မသာခံစားလာရ၏။ သူမေခါင္းသည္ မူးေဝေနၿပီး မ်က္လုံးမ်ားမွာလည္း ျပာေနကာ ရင္ဘတ္ကိုလည္း ေက်ာက္တုံးႀကီးတစ္တုံးဖိထားသလို ခံစားေနရသည္။ သူမ ခ်က္ခ်င္းပင္ သေဘာေပါက္လိုက္သည္။ ဒါက သူမရဲ႕အဖ်ားလကၡဏာေတြပင္။

.... ငါ ဘာျဖစ္လို႔ ဒီေလာက္ကံဆိုးရတာလဲ။

{အက်င့္ပုတ္လို႔ (⁠ ‌⁠°⁠ᴥ⁠ ‌⁠°⁠ )}

ထိုအခ်ိန္တုန္းက စစ္ယြီသည္ ဤဇာတ္ပို႔ေလး၏ ခႏၶာကိုယ္အား ဖ်ားနာ၊ အားနည္း၊ ေသြးအန္ျခင္းစသည္တို႔ကို ေပ်ာ္ေပ်ာ္ႀကီး ေရးခဲ့ျခင္းျဖစ္သည္။ အခုေတာ့ သူမသည္ ျပန္သြားၿပီး ဂ႐ုမစိုက္ခဲ့ေသာ သူမကိုယ္သူမသာ ေသေအာင္႐ိုက္သတ္ပစ္ခ်င္မိသည္ : ကိုယ့္ဟာကိုယ္လုပ္ခဲ့တဲ့ကိစၥပဲ။ အခုေတာ့ ကိုယ္ေဖာ္တဲ့ေဆး ကိုယ္ျပန္စားေနရၿပီမလား။

စစ္ယြီသည္ ခဏအနားယူဖို႔ ေျပာရမလားမေျပာရဘူးလား ေတြေဝေန၏။ သူမပါးစပ္ကိုဖြင့္လိုက္စဥ္ပင္ ခ်ိဳျမျမအရသာက သူမလည္ပင္းတစ္ေလွ်ာက္ ဆန္တက္လာသည္။

အားလုံး၏ မ်က္စိေ႐ွ႕တြင္ပင္ သူမသည္ ေသြးတစ္လုတ္ အန္ထုတ္လိုက္၏။

Continue Reading

You'll Also Like

218K 36.4K 98
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
569K 30.3K 61
📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ...
509K 38.3K 50
ဇိုင်းမြတ်မဟာမောင်❤️ထိန်ယံလင်း - ဇိုင်းမြတ်မဟာမောင်...မင်းနာမည်ကလည်း ရှည်လျားထွေပြားလိုက်တာ။ - အင်း ရှည်တယ်ထင်ရင် မောင်လို့တစ်လုံးထဲခေါ်။တစ်ခြားဘယ်သူ...