အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်...

By Miracle_Phyu97

65K 6.5K 80

Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Roman... More

Description
Ch-1.2
Chapter-2.1
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4.1
Chapter-4.2
Chapter-5.1
Chapter-5.2
Paid Gp
Chapter-6.1
Chapter-6.2
Chapter-7.1
Chapter-7.2
Chapter-8.1
Chapter-8.2
Chapter-9.1
Chapter-9.2
Chapter-10.1
Chapter-10.2
Chapter-11.1
Chapter-11.2
Chapter-11.3
Chapter-12.1
Chapter-12.2
Chapter-12.3
Chapter-13.1
Chapter-13.2
Chapter-14.1
Chapter-14.2
Chapter-15.1
Chapter-15.2
Chapter-16.1
Chapter-16.2
Ch-17.1
Ch-17.2
Ch-18.1
Ch-18.2
Chapter-18.3
Ch-18.4
Ch-19.1
Ch-19.2
Ch-19.3
Ch-20.1
Ch-20.2
Attention
Ch-21.1
Ch-21.2
Ch-21.3
Ch-22.1
Ch-22.2

Ch-1.1

3.2K 214 5
By Miracle_Phyu97

အခန်း (၁) (က)

မနက် နှစ်နာရီခွဲတွင် စစ်ယွီသည် အညောင်းဆန့်လိုက်ကာ တင်းနေသော အကြောများအား ဖြေလျော့လိုက်ပြီး save ခလုတ်ကို နှိပ်ကာ သူမ၏လက်ရေးစာမူအား မန်ဟွာအက်ဒီတာထံ ပို့လိုက်သည်။

အားလုံးပြီးသွားသည့်နောက် သူမသည် အိပ်ချင်နေသော မျက်လုံးများကိုပွတ်ကာ သမ်းလိုက်ပြီး ထုံးစံအတိုင်းလိုပင် စာဖတ်သူလေးများ၏ မှတ်ချက်များကိုကြည့်ရန် ဝဘ်ဆိုဒ်ထဲသို့ ဝင်လိုက်သည်။

စစ်ယွီသည် အလွတ်တန်း ဝဘ်တွန်းရေးဆွဲသူဖြစ်သည်။ သူမသည် ခွေးသွေးဇာတ်လမ်းများကို အလွန်နှစ်ခြိုက်သူဖြစ်၏။ သူမ၏ လက်ရာများမှာ ဒီပုံစံများပင်ဖြစ်ပြီး အမျိုးမျိုးသော သစ္စာဖောက်မှုများနှင့် စိတ်ပျက်စရာ အဆုံးမရှိပေ။ ခွေးသွေးဒရာမာများသည် အသစ်အဆန်းမဟုတ်သော်ငြား စစ်ယွီသည် စာဖတ်သူများအား အရမ်းအိုဟောင်းနေပေမဲ့ ထပ်ပြီးဖတ်ချင်နေသေးတယ်ဆိုသည့် မှတ်ချက်များတက်လာစေရန် လုပ်ဆောင်နိုင်သည့် အစွမ်းအစရှိပေသည်။

ဤ "စူပါစတားလေးရဲ့ အလိုလိုက်ခံ အိမ်ထောင်ရေး" ဟူသည့်မန်ဟွ အသစ်သည်လည်း သူမ၏ ပင်ကိုယ်စတိုင်အတိုင်း ခွေးသွေးအပြည့်ပင်။ သူမ၏ မှတ်ချက်ရေးသည့်နေရာတွင် လူများ ကြိတ်ကြိတ်တိုးနေကြသော်လည်း ထင်မထားစွာပင် ပရိသတ်များသည် ဇာတ်လိုက်နှစ်ယောက်၏ အချစ်ရေးတိုးတက်မှုအား စိတ်မဝင်စားကြပေ။ ထူးထူးခြားခြား သူတို့သည် မထင်မရှား ဇာတ်ပို့ဇာတ်ကောင်လေးဖြစ်သော ဇာတ်လိုက်၏ မအေတူဖအေကွဲအစ်မ ကျိုးစစ်ယွီအား စိတ်ဝင်စားနေကြ၏။

သူမသည် ထိုဇာတ်ပို့ အမျိုးသမီးဇာတ်ကောင်အား ဖန်တီးစဉ်အခါက သာမန်ကာလျှံကာပင် သူမ၏ နာမည်အရင်းကိုသာ ကောက်ထည့်လိုက်သည်။ ထို့အပြင် သူမသည် ထိုဇာတ်ပို့လေး၏ အခြေအနေအား အသေးစိတ် ရေးပေးထားသေးသည်။ ဥပမာ သူမသည် ကလေးဘဝကတည်းက အားနည်းကာ နေမကောင်းပေ၊ ခြေလှမ်းလေး နည်းနည်းလှမ်းလိုက်တာနဲ့ သွေးအန်သည်၊ စသည်ဖြင့်ပင်။ သူမသည် ဇာတ်ပို့အမျိုးသမီးလေးအား ဖျားနာနေသော ကျိုးပဲ့လွယ်သည့် အလှလေးအဖြစ် ပြတ်ပြတ်သားသား သရုပ်ဖော်ထားလေသည်။

ခွေးသွေးဝတ္ထုများထဲမှ ဇာတ်ပို့ အမျိုးသမီးများကဲ့သို့ပင် ကျိုးစစ်ယွီ၏ ရည်ရွယ်ချက်မှာလည်း ဇာတ်လမ်းအား တိုးတက်စေရန်နှင့် ဇာတ်လိုက်နှစ်ယောက်ကြားမှ ခလုတ်ကန်သင်းလေး ဖြစ်လာရန်ဖြစ်၏။ သူမသည် အရာအားလုံး ပိုင်ဆိုင်ထားရသော သူမ၏ ဖအေတူမအေကွဲ မောင်လေးအား မနာလိုပေ။ ထိုမနာလိုမှုသည် အားကောင်းစွာဖြင့် လက်တုံ့ပြန်လိုမှုအဖြစ် ပြောင်းလဲသွား၏။ ထိုအကြောင်းပြချက်ကြောင့် ကျိုးစစ်ယွီသည် မကောင်းတာမှန်သမျှ လုပ်ခဲ့လေသည်။ သူမသည် ကျီလင်း၏ အပြစ်ရှိစိတ်အား အခွင့်ကောင်းယူကာ သူ့ကို ပိပိရိရိသတ်ရန် ကြံစည်ခဲ့သည်။

ဒါပေါ့၊ ဇာတ်ပို့လေးရဲ့ အကြံအစည်ဆိုတာ ပေါ်ကိုပေါ်သွားရမှာပဲလေ။ သူမ၏အကြံအစည်များ ပေါ်သွားပြီးနောက် ကျိုးစစ်ယွီသည် လူများစွာ၏ အထင်အမြင်သေးခြင်း ဆဲဆိုခြင်းအား ခံခဲ့ရသည်။ ကျီလင်းသည် သူ့အစ်မအတွက် နောက်ဆုံးသော သက်ညှာမှုလေးမှာလည်း ကုန်သွားပြီဖြစ်သည်။ နောက်ဆုံးတွင် သူမသည် ဝဋ်လည်ကာ တုနှိုင်းမရတဲ့ အထီးကျန်သော သေဆုံးခြင်းမျိုးနဲ့ သေဆုံးခဲ့ရသည်။

ထိုအရာသည် စစ်ယွီရေးဖို့ မှန်းထားသော ဇာတ်ပို့လေး၏ အဆုံးသတ်ဖြစ်သည်။ စာဖတ်သူများသည် အရင်ကလိုပင် အေးအေးဆေးဆေးဖတ်ပြီး ဇာတ်ပို့လေးအား ရှုံ့ချအပြစ်တင်ကြရင်း ပြီးသွားမည်ဟု သူမ ထင်ခဲ့၏။ မထင်မှတ်ထားစွာပင် စာဖတ်သူအများစုသည် ထိုဇာတ်ပို့အား သဘောကျကြကာ သူမအခန်းအား အပိုရေးပေးရန် နေ့တိုင်းတောင်းဆိုကြသည်။

[Azmin] : ဖျားနေတဲ့ နူးညံ့တဲ့ အလှလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။ ငါတော့ စောက်ရမ်း ပေါက်ကွဲတော့မယ်။

[A flower in TangMen] : အဲ့ဒီဇာတ်ပို့လေးက သွေးအန်နေရင်းတောင် လျို့ဝှက်ကြံစည်နေတာကို မြင်ရတာ ဘာလို့လဲမသိ ငါ သူ့ကို ထောက်ပံ့ပေးချင်စိတ်ပေါ်လာပြီ ... ဒီလို ဆန့်ကျင်ဘက်ကောင်မလေးက ကြာပန်းဖြူစစ်စစ်ဖြစ်တဲ့ ဇာတ်လိုက်မ ရှုချင်းဝမ်ထက်တောင် ပိုကောင်းသေးတယ်။ အာ... ငါထင်တာတော့ မောင်နှမအတွဲလေးကလည်း လုံးဝ လက်ခံနိုင်ပါတယ်နော်။

[နာနတ်သီးဆော့စ် နာနတ်သီးကိတ်] : စစ်ယွီရှောင်ကျဲကျဲကို ကောင်းတဲ့အဆုံးသတ်လေး လုပ်ပေးပါ။ စာရေးသူရေ မင်းသာ သူ့ကို အမြှောက်စာလေးဖြစ်ခိုင်းလို့ကတော့ ငါ မင်းအိမ်အောက်က သစ်ကိုင်းခြောက်ရဲ့ သုံးပေလောက်မှာ ငါ့ကိုယ်ငါ ကြိုးဆွဲလာချပစ်မယ် အားအားးးးးးးး။။။

စစ်ယွီ : "...." စာဖတ်သူတွေရဲ့ အကြိုက်က ဒီတစ်ခေါက်တော့ ပိုပိုဆိုးလာပြီထင်တယ်ဟ။

စစ်ယွီသည် ကွန်းမန့်များအား အပေါ်ယံဖတ်ကြည့်ကာ သူမကွန်ပြူတာကို ပိတ်လိုက်သည်။ ပြောစရာစကားတောင် ပျောက်ရှသွားတယ်။ စာဖတ်သူတွေမှာ ပြင်းပြင်းထန်ထန် ငိုကြွေးနေကြသော်ငြားလည်း သူတို့၏အတွေးများမှာ သူမအပေါ် လုံးဝ သက်ရောက်မှု မရှိပေ။ ဒါ့အပြင် ဒီအငြှိုးထားတတ်တဲ့ ဇာတ်ပို့လေးကသာ အမြှောက်စာဇာတ်ကောင်ဖြစ်မသွားဘူးဆို ခွေးသွေးမန်ဟွာလို့ ဘယ်လိုလုပ်ပြီး ယူဆလို့ရပါ့မလဲ။

စစ်ယွီသည် မီးပိတ်ကာ စိတ်အေးချမ်းသာစွာ ကုတင်ပေါ်လှဲလိုက်သည်။ သူမ အိပ်မပျော်သွားခင်အထိ ထိုအကြောင်းအား တွေးနေခဲ့လေသည်။ မန်ဟွာအဆုံးသတ်ရောက်ပြီး ဇာတ်ပို့လေးရဲ့ ဆိုးဆိုးဝါးဝါး အဆုံးသတ်ကိုသာ ပရိသတ်တွေ မြင်ရင် ဘာပြောကြမလဲ သူမ သိချင်နေမိပြီ ....

{အဲ့လို အကျင့်ယုတ်လို့ ကူးပြောင်းသွားတာ (⁠ ⁠ꈍ⁠ᴗ⁠ꈍ⁠)}

"ကျိုးစစ်ယွီ၊ မင်း ကောင်းကောင်းအနားမယူထားဘူးလား။။ လူတိုင်းက မင်းကိုစောင့်နေကြတာ။ ငါတို့ တစ်မနက်လုံး အချိန်ဖြုန်းပြီးပြီ။ မင်း ဘယ်အချိန်ထိများ အချိန်ဆွဲထားဦးမယ်လို့ စဉ်းစားနေတာလဲ။ အယောင်ဆောင်ပြီး ဖျားနာပြတာလည်း တော်ရုံတန်ရုံလောက်ပဲ ကောင်းပါတယ်။"

မူးဝေနေရင်းပင် စစ်ယွီသည် သူမဘေးနားတွင် အော်ဟစ်နေသော မိန်းမတစ်ယောက်၏ ဒေါသတကြီးအသံကို ကြားလိုက်ရသည်။ အသံသည် စူးရှနေကာ နားပင်အူသွား၏။ သူမသည် မျက်မှောင်ကြုံ့ကာ မျက်စိဖွင့်ကြည့်လိုက်သည်။ သူမရှေ့တွင် မရင်းနှီးသော မိန်းမတစ်ယောက် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရ၏။ ထိုမိန်းမသည် သူမအား ဆိုးရွားသောမျက်နှာပေးဖြင့် ငုံ့ကြည့်နေသည်။

စစ်ယွီနိုးလာသည်ကို မြင်သောအခါ ထိုမိန်းမသည် နှာမှုတ်ကာ စိတ်မရှည်စွာ အမိန့်ပေးလိုက်သည်။ "မြန်မြန်ထပြီး မျက်နှာသစ်တော့။ မစ်စတာကျန်းချောင်က ဒီနေ့တစ်ရက်ပဲ ရိုက်ကူးရေးလုပ်မှာ။ ဒီနေ့ နင့်ရဲ့ မျက်နှာဖုံးရိုက်ကူးရေး မပြီးလို့ကတော့ နင်အဲ့ဒီအတွက် အကုန်ပေးရမယ်မှတ်။"

စစ်ယွီ အံ့အားသင့်သွားသည်။ ဒါတွေက ဘာတွေတုန်း။ သူမ အိမ်မှာ အိပ်နေခဲ့တာ မဟုတ်ဘူးလား။

ဘာတွေဖြစ်နေတာလဲဆိုတာ သူမ အဖြေရှာဖို့ပင် အချိန်မပေးတော့ဘဲ လူနှစ်ယောက်သည် သူမ၏ဘေးတစ်ဖက်တစ်ချက်မှ ရောက်လာပြီး သူမအား ဆိုဖာမှ ဆွဲမလိုက်သည်။ စစ်ယွီမှာ နောက်တစ်ခန်းရှိ အဝတ်လဲခန်းထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။ သူမ အသိစိတ်ပြန်ဝင်လာသောအခါ သူမမှာ အလှပြင်ရန်အတွက် ခုံတွင်ထိုင်နေပြီဖြစ်သည်။

မှန်ရှေ့တွင်မှ စစ်ယွီသည် သူမ၏ အခုပုံစံကို သေချာကြည့်လိုက်မိသည်။ မိတ်ကပ်မှန်ထဲတွင် အလှလေးတစ်ယောက်ပုံပေါ်နေသည်။ တကယ့်ကို လွန်လွန်ကြူးကြူးလှပေမယ့် သူမ၏အသားအရေမှာ ဖြူဖျော့နေတာတော့ စိတ်မကောင်းစရာပင်။ သူမ၏ မျက်လုံးနှင့် မျက်ခုံးထိပ်ဖျားတို့မှာ ဖျားနာခြင်း၏ အသွင်သဏ္ဍာန်အား ဆောင်နေ၏။ လှပပေမဲ့ ကွဲလွယ်တဲ့ ကြွေပန်းအိုးလေးလို တစ်ချက်လေးထိလိုက်တာနဲ့ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်သလိုပင်။

ဒါကြီးက .... ငါမှ မဟုတ်တာ။

စစ်ယွီမှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူမသည် အိမ်မှာနေရတာကြိုက်ပြီး အားကစားမလုပ်ဖြစ်ပေမဲ့ သူမ သေချာပေါက်ကို ဒီလို ဖျားနာနေသည့်ပုံမရှိပေ။ ကြည့်ရသည်မှာ သူမသည် အချိန်မရွေးသေသွားနိုင်သည့်ပုံပင်။

ထိုအချိန်တွင် သူမ၏ဆံပင်အား ပြင်ပေးနေသော စတိုင်လစ်မှ ပြုံးကာပြောလိုက်သည်။

"မစ်ကျိုး ရှင်က တကယ့်ကို ဒီတစ်ခေါက် ဓာတ်ပုံရိုက်ရမဲ့ theme နဲ့ အလိုက်ဖက်ဆုံးလူပဲ။ ရှင်ကလေ မိတ်ကပ်လိမ်းဖို့တောင်မလိုဘူး။ ရှင့်ရဲ့နဂိုမျက်နှာလေးကပဲ အဲ့ဒီခံစားချက်မျိုးရဖို့ သင့်တော်နေပြီ။ ဒီတစ်ခေါက်တော့ အယ်ဒီတာခေါင်းဆောင်ရဲ့ ရွေးချယ်မှုက တကယ်အတိအကျပဲ။ အဲ့လိုမထင်ဘူးလား လင်းကျဲ။"

စတိုင်လစ်၏ နောက်ဆုံးစကားလုံးများသည် အနောက်က ဆိုဖာပေါ်တွင် ထိုင်နေသော အမျိုးသမီးအား ပြောနေခြင်းဖြစ်သည်။ ထိုမိန်းမသည် သူမအား ခုနတုန်းက ပြောဆိုနေသည့် မိန်းမဖြစ်ကြောင်း စစ်ယွီ အတည်ပြုလိုက်သည်။

စတိုင်လစ်၏စကားကိုကြားသောအခါ ယွီလင်းသည် နှုတ်ခမ်းတွန့်လိုက်၏။ သူမမျက်လုံးများထဲက အလိုမကျမှုများကို ဖုံးကွယ်ကာ မပျော်မရွှင်ပြောလိုက်သည်။ "သင့်တော်လည်း ဘာလုပ်ရမှာလဲ။ ကမ္ဘာပေါ်မှာ သူမတစ်ယောက်တည်းပဲ မော်ဒယ်လုပ်နေတာမှ မဟုတ်တာ။ နောက်တစ်ခေါက်ဆို ပိုပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ လူတစ်ယောက်ကို ရှာရမယ်။ အနည်းဆုံးတော့ တစ်မနက်လုံး မူးပြီးအန်နေတဲ့ တစ်ယောက်လိုမျိုးတော့ မဟုတ်ရဘူးပေါ့။ ဘယ်လောက်တောင် ပျော့ညံ့လိုက်သလဲ။"

ယွီလင်း၏ သွယ်ဝိုက်ပြောဆိုခြင်းအား ကြားလိုက်ရသောအခါ စတိုင်လစ်မှာ ကို့ရို့ကားယားသာ ပြုံးပြလိုက်ပြီး ဘာမှမပြောတော့ပေ။

ယွီလင်း၏စိတ်ထဲတွင် စစ်ယွီအား ထောက်ပြပြောဆိုချင်စိတ်များသာ ရှိနေသည်။ သူမသည် ဒီနယ်ပယ်ထဲတွင် နှစ်ပေါင်းများစွာရှိလာခဲ့တာဖြစ်ပြီး ဤကဲ့သို့ ပြဿနာများလွန်းသည့် မော်ဒယ်လ်ကို ဒီတစ်ခါပဲ တွေ့ဖူးသေးသည်။ ပုံမှန်လိုသာဆို ယွီလင်းသည် သူမအား ချက်ချင်း အစားထိုးပစ်မည်ဖြစ်၏။ သို့သော် ကျိုးစစ်ယွီသည်ကား အယ်ဒီတာခေါင်းဆောင် အထူးရွေးချယ်ထားတဲ့လူ ဖြစ်နေသည်။ ယွီလင်းသည် သူမ၏ စိတ်မကျေမနပ်ဖြစ်မှုအား သည်းခံကာ ဒီရှုတင် မြန်မြန်ပြီးပါတော့ဟုပဲ မျှော်လင့်နေရ၏။

သူတို့ကိုယ်သူတို့ ဘယ်လောက်ပဲတန်လဲဆိုတာ မသိတဲ့ ဒီလိုမော်ဒယ်မျိုးက တစ်ခါရိုက်ပြီးတာနဲ့ အမည်ပျက်စာရင်းထဲ ထည့်လိုက်သင့်တဲ့ လူမျိုးပဲ။

***

Zawgyi

အခန္း (၁) (က)

မနက္ ႏွစ္နာရီခြဲတြင္ စစ္ယြီသည္ အေညာင္းဆန္႔လိုက္ကာ တင္းေနေသာ အေၾကာမ်ားအား ေျဖေလ်ာ့လိုက္ၿပီး save ခလုတ္ကို ႏွိပ္ကာ သူမ၏လက္ေရးစာမူအား မန္ဟြာအက္ဒီတာထံ ပို႔လိုက္သည္။

အားလုံးၿပီးသြားသည့္ေနာက္ သူမသည္ အိပ္ခ်င္ေနေသာ မ်က္လုံးမ်ားကိုပြတ္ကာ သမ္းလိုက္ၿပီး ထုံးစံအတိုင္းလိုပင္ စာဖတ္သူေလးမ်ား၏ မွတ္ခ်က္မ်ားကိုၾကည့္ရန္ ဝဘ္ဆိုဒ္ထဲသို႔ ဝင္လိုက္သည္။

စစ္ယြီသည္ အလြတ္တန္း ဝဘ္တြန္းေရးဆြဲသူျဖစ္သည္။ သူမသည္ ေခြးေသြးဇာတ္လမ္းမ်ားကို အလြန္ႏွစ္ၿခိဳက္သူျဖစ္၏။ သူမ၏ လက္ရာမ်ားမွာ ဒီပုံစံမ်ားပင္ျဖစ္ၿပီး အမ်ိဳးမ်ိဳးေသာ သစၥာေဖာက္မႈမ်ားႏွင့္ စိတ္ပ်က္စရာ အဆုံးမ႐ွိေပ။ ေခြးေသြးဒရာမာမ်ားသည္ အသစ္အဆန္းမဟုတ္ေသာ္ျငား စစ္ယြီသည္ စာဖတ္သူမ်ားအား အရမ္းအိုေဟာင္းေနေပမဲ့ ထပ္ၿပီးဖတ္ခ်င္ေနေသးတယ္ဆိုသည့္ မွတ္ခ်က္မ်ားတက္လာေစရန္ လုပ္ေဆာင္ႏိုင္သည့္ အစြမ္းအစ႐ွိေပသည္။

ဤ "စူပါစတားေလးရဲ႕ အလိုလိုက္ခံ အိမ္ေထာင္ေရး" ဟူသည့္မန္ဟြ အသစ္သည္လည္း သူမ၏ ပင္ကိုယ္စတိုင္အတိုင္း ေခြးေသြးအျပည့္ပင္။ သူမ၏ မွတ္ခ်က္ေရးသည့္ေနရာတြင္ လူမ်ား ႀကိတ္ႀကိတ္တိုးေနၾကေသာ္လည္း ထင္မထားစြာပင္ ပရိသတ္မ်ားသည္ ဇာတ္လိုက္ႏွစ္ေယာက္၏ အခ်စ္ေရးတိုးတက္မႈအား စိတ္မဝင္စားၾကေပ။ ထူးထူးျခားျခား သူတို႔သည္ မထင္မ႐ွား ဇာတ္ပို႔ဇာတ္ေကာင္ေလးျဖစ္ေသာ ဇာတ္လိုက္၏ မေအတူဖေအကြဲအစ္မ က်ိဳးစစ္ယြီအား စိတ္ဝင္စားေနၾက၏။

သူမသည္ ထိုဇာတ္ပို႔ အမ်ိဳးသမီးဇာတ္ေကာင္အား ဖန္တီးစဥ္အခါက သာမန္ကာလွ်ံကာပင္ သူမ၏ နာမည္အရင္းကိုသာ ေကာက္ထည့္လိုက္သည္။ ထို႔အျပင္ သူမသည္ ထိုဇာတ္ပို႔ေလး၏ အေျခအေနအား အေသးစိတ္ ေရးေပးထားေသးသည္။ ဥပမာ သူမသည္ ကေလးဘဝကတည္းက အားနည္းကာ ေနမေကာင္းေပ၊ ေျခလွမ္းေလး နည္းနည္းလွမ္းလိုက္တာနဲ႔ ေသြးအန္သည္၊ စသည္ျဖင့္ပင္။ သူမသည္ ဇာတ္ပို႔အမ်ိဳးသမီးေလးအား ဖ်ားနာေနေသာ က်ိဳးပဲ့လြယ္သည့္ အလွေလးအျဖစ္ ျပတ္ျပတ္သားသား သ႐ုပ္ေဖာ္ထားေလသည္။

ေခြးေသြးဝတၳဳမ်ားထဲမွ ဇာတ္ပို႔ အမ်ိဳးသမီးမ်ားကဲ့သို႔ပင္ က်ိဳးစစ္ယြီ၏ ရည္႐ြယ္ခ်က္မွာလည္း ဇာတ္လမ္းအား တိုးတက္ေစရန္ႏွင့္ ဇာတ္လိုက္ႏွစ္ေယာက္ၾကားမွ ခလုတ္ကန္သင္းေလး ျဖစ္လာရန္ျဖစ္၏။ သူမသည္ အရာအားလုံး ပိုင္ဆိုင္ထားရေသာ သူမ၏ ဖေအတူမေအကြဲ ေမာင္ေလးအား မနာလိုေပ။ ထိုမနာလိုမႈသည္ အားေကာင္းစြာျဖင့္ လက္တုံ႔ျပန္လိုမႈအျဖစ္ ေျပာင္းလဲသြား၏။ ထိုအေၾကာင္းျပခ်က္ေၾကာင့္ က်ိဳးစစ္ယြီသည္ မေကာင္းတာမွန္သမွ် လုပ္ခဲ့ေလသည္။ သူမသည္ က်ီလင္း၏ အျပစ္႐ွိစိတ္အား အခြင့္ေကာင္းယူကာ သူ႕ကို ပိပိရိရိသတ္ရန္ ၾကံစည္ခဲ့သည္။

ဒါေပါ့၊ ဇာတ္ပို႔ေလးရဲ႕ အၾကံအစည္ဆိုတာ ေပၚကိုေပၚသြားရမွာပဲေလ။ သူမ၏အၾကံအစည္မ်ား ေပၚသြားၿပီးေနာက္ က်ိဳးစစ္ယြီသည္ လူမ်ားစြာ၏ အထင္အျမင္ေသးျခင္း ဆဲဆိုျခင္းအား ခံခဲ့ရသည္။ က်ီလင္းသည္ သူ႕အစ္မအတြက္ ေနာက္ဆုံးေသာ သက္ညႇာမႈေလးမွာလည္း ကုန္သြားၿပီျဖစ္သည္။ ေနာက္ဆုံးတြင္ သူမသည္ ဝဋ္လည္ကာ တုႏိႈင္းမရတဲ့ အထီးက်န္ေသာ ေသဆုံးျခင္းမ်ိဳးနဲ႔ ေသဆုံးခဲ့ရသည္။

ထိုအရာသည္ စစ္ယြီေရးဖို႔ မွန္းထားေသာ ဇာတ္ပို႔ေလး၏ အဆုံးသတ္ျဖစ္သည္။ စာဖတ္သူမ်ားသည္ အရင္ကလိုပင္ ေအးေအးေဆးေဆးဖတ္ၿပီး ဇာတ္ပို႔ေလးအား ႐ႈံ႕ခ်အျပစ္တင္ၾကရင္း ၿပီးသြားမည္ဟု သူမ ထင္ခဲ့၏။ မထင္မွတ္ထားစြာပင္ စာဖတ္သူအမ်ားစုသည္ ထိုဇာတ္ပို႔အား သေဘာက်ၾကကာ သူမအခန္းအား အပိုေရးေပးရန္ ေန႔တိုင္းေတာင္းဆိုၾကသည္။

[Azmin] : ဖ်ားေနတဲ့ ႏူးညံ့တဲ့ အလွေလးက အရမ္းခ်စ္ဖို႔ေကာင္းတာပဲ။ ငါေတာ့ ေစာက္ရမ္း ေပါက္ကြဲေတာ့မယ္။

[A flower in TangMen] : အဲ့ဒီဇာတ္ပို႔ေလးက ေသြးအန္ေနရင္းေတာင္ လ်ိဳ႕ဝွက္ၾကံစည္ေနတာကို ျမင္ရတာ ဘာလို႔လဲမသိ ငါ သူ႕ကို ေထာက္ပံ့ေပးခ်င္စိတ္ေပၚလာၿပီ ... ဒီလို ဆန္႔က်င္ဘက္ေကာင္မေလးက ၾကာပန္းျဖဴစစ္စစ္ျဖစ္တဲ့ ဇာတ္လိုက္မ ႐ႈခ်င္းဝမ္ထက္ေတာင္ ပိုေကာင္းေသးတယ္။ အာ... ငါထင္တာေတာ့ ေမာင္ႏွမအတြဲေလးကလည္း လုံးဝ လက္ခံႏိုင္ပါတယ္ေနာ္။

[နာနတ္သီးေဆာ့စ္ နာနတ္သီးကိတ္] : စစ္ယြီေ႐ွာင္က်ဲက်ဲကို ေကာင္းတဲ့အဆုံးသတ္ေလး လုပ္ေပးပါ။ စာေရးသူေရ မင္းသာ သူ႕ကို အေျမႇာက္စာေလးျဖစ္ခိုင္းလို႔ကေတာ့ ငါ မင္းအိမ္ေအာက္က သစ္ကိုင္းေျခာက္ရဲ႕ သုံးေပေလာက္မွာ ငါ့ကိုယ္ငါ ႀကိဳးဆြဲလာခ်ပစ္မယ္ အားအားးးးးးးး။။။

စစ္ယြီ : "...." စာဖတ္သူေတြရဲ႕ အႀကိဳက္က ဒီတစ္ေခါက္ေတာ့ ပိုပိုဆိုးလာၿပီထင္တယ္ဟ။

စစ္ယြီသည္ ကြန္းမန္႔မ်ားအား အေပၚယံဖတ္ၾကည့္ကာ သူမကြန္ျပဴတာကို ပိတ္လိုက္သည္။ ေျပာစရာစကားေတာင္ ေပ်ာက္႐ွသြားတယ္။ စာဖတ္သူေတြမွာ ျပင္းျပင္းထန္ထန္ ငိုေႂကြးေနၾကေသာ္ျငားလည္း သူတို႔၏အေတြးမ်ားမွာ သူမအေပၚ လုံးဝ သက္ေရာက္မႈ မ႐ွိေပ။ ဒါ့အျပင္ ဒီအၿငႇိဳးထားတတ္တဲ့ ဇာတ္ပို႔ေလးကသာ အေျမႇာက္စာဇာတ္ေကာင္ျဖစ္မသြားဘူးဆို ေခြးေသြးမန္ဟြာလို႔ ဘယ္လိုလုပ္ၿပီး ယူဆလို႔ရပါ့မလဲ။

စစ္ယြီသည္ မီးပိတ္ကာ စိတ္ေအးခ်မ္းသာစြာ ကုတင္ေပၚလွဲလိုက္သည္။ သူမ အိပ္မေပ်ာ္သြားခင္အထိ ထိုအေၾကာင္းအား ေတြးေနခဲ့ေလသည္။ မန္ဟြာအဆုံးသတ္ေရာက္ၿပီး ဇာတ္ပို႔ေလးရဲ႕ ဆိုးဆိုးဝါးဝါး အဆုံးသတ္ကိုသာ ပရိသတ္ေတြ ျမင္ရင္ ဘာေျပာၾကမလဲ သူမ သိခ်င္ေနမိၿပီ ....

{အဲ့လို အက်င့္ယုတ္လို႔ ကူးေျပာင္းသြားတာ (⁠ ⁠ꈍ⁠ᴗ⁠ꈍ⁠)}

"က်ိဳးစစ္ယြီ၊ မင္း ေကာင္းေကာင္းအနားမယူထားဘူးလား။။ လူတိုင္းက မင္းကိုေစာင့္ေနၾကတာ။ ငါတို႔ တစ္မနက္လုံး အခ်ိန္ျဖဳန္းၿပီးၿပီ။ မင္း ဘယ္အခ်ိန္ထိမ်ား အခ်ိန္ဆြဲထားဦးမယ္လို႔ စဥ္းစားေနတာလဲ။ အေယာင္ေဆာင္ၿပီး ဖ်ားနာျပတာလည္း ေတာ္႐ုံတန္႐ုံေလာက္ပဲ ေကာင္းပါတယ္။"

မူးေဝေနရင္းပင္ စစ္ယြီသည္ သူမေဘးနားတြင္ ေအာ္ဟစ္ေနေသာ မိန္းမတစ္ေယာက္၏ ေဒါသတႀကီးအသံကို ၾကားလိုက္ရသည္။ အသံသည္ စူး႐ွေနကာ နားပင္အူသြား၏။ သူမသည္ မ်က္ေမွာင္ၾကဳံ႕ကာ မ်က္စိဖြင့္ၾကည့္လိုက္သည္။ သူမေ႐ွ႕တြင္ မရင္းႏွီးေသာ မိန္းမတစ္ေယာက္ မတ္တပ္ရပ္ေနသည္ကို ျမင္လိုက္ရ၏။ ထိုမိန္းမသည္ သူမအား ဆိုး႐ြားေသာမ်က္ႏွာေပးျဖင့္ ငုံ႔ၾကည့္ေနသည္။

စစ္ယြီႏိုးလာသည္ကို ျမင္ေသာအခါ ထိုမိန္းမသည္ ႏွာမႈတ္ကာ စိတ္မ႐ွည္စြာ အမိန္႔ေပးလိုက္သည္။ "ျမန္ျမန္ထၿပီး မ်က္ႏွာသစ္ေတာ့။ မစ္စတာက်န္းေခ်ာင္က ဒီေန႔တစ္ရက္ပဲ ႐ိုက္ကူးေရးလုပ္မွာ။ ဒီေန႔ နင့္ရဲ႕ မ်က္ႏွာဖုံး႐ိုက္ကူးေရး မၿပီးလို႔ကေတာ့ နင္အဲ့ဒီအတြက္ အကုန္ေပးရမယ္မွတ္။"

စစ္ယြီ အံ့အားသင့္သြားသည္။ ဒါေတြက ဘာေတြတုန္း။ သူမ အိမ္မွာ အိပ္ေနခဲ့တာ မဟုတ္ဘူးလား။

ဘာေတြျဖစ္ေနတာလဲဆိုတာ သူမ အေျဖ႐ွာဖို႔ပင္ အခ်ိန္မေပးေတာ့ဘဲ လူႏွစ္ေယာက္သည္ သူမ၏ေဘးတစ္ဖက္တစ္ခ်က္မွ ေရာက္လာၿပီး သူမအား ဆိုဖာမွ ဆြဲမလိုက္သည္။ စစ္ယြီမွာ ေနာက္တစ္ခန္း႐ွိ အဝတ္လဲခန္းထဲသို႔ ဆြဲေခၚခံလိုက္ရသည္။ သူမ အသိစိတ္ျပန္ဝင္လာေသာအခါ သူမမွာ အလွျပင္ရန္အတြက္ ခုံတြင္ထိုင္ေနၿပီျဖစ္သည္။

မွန္ေ႐ွ႕တြင္မွ စစ္ယြီသည္ သူမ၏ အခုပုံစံကို ေသခ်ာၾကည့္လိုက္မိသည္။ မိတ္ကပ္မွန္ထဲတြင္ အလွေလးတစ္ေယာက္ပုံေပၚေနသည္။ တကယ့္ကို လြန္လြန္ၾကဴးၾကဴးလွေပမယ့္ သူမ၏အသားအေရမွာ ျဖဴေဖ်ာ့ေနတာေတာ့ စိတ္မေကာင္းစရာပင္။ သူမ၏ မ်က္လုံးႏွင့္ မ်က္ခုံးထိပ္ဖ်ားတို႔မွာ ဖ်ားနာျခင္း၏ အသြင္သ႑ာန္အား ေဆာင္ေန၏။ လွပေပမဲ့ ကြဲလြယ္တဲ့ ေႂကြပန္းအိုးေလးလို တစ္ခ်က္ေလးထိလိုက္တာနဲ႔ အစိတ္စိတ္အႁမႊာႁမႊာ ကြဲသြားႏိုင္သလိုပင္။

ဒါႀကီးက .... ငါမွ မဟုတ္တာ။

စစ္ယြီမွာ မိုးႀကိဳးပစ္ခံလိုက္ရသလို ခံစားလိုက္ရ၏။ သူမသည္ အိမ္မွာေနရတာႀကိဳက္ၿပီး အားကစားမလုပ္ျဖစ္ေပမဲ့ သူမ ေသခ်ာေပါက္ကို ဒီလို ဖ်ားနာေနသည့္ပုံမ႐ွိေပ။ ၾကည့္ရသည္မွာ သူမသည္ အခ်ိန္မေ႐ြးေသသြားႏိုင္သည့္ပုံပင္။

ထိုအခ်ိန္တြင္ သူမ၏ဆံပင္အား ျပင္ေပးေနေသာ စတိုင္လစ္မွ ျပဳံးကာေျပာလိုက္သည္။

"မစ္က်ိဳး ႐ွင္က တကယ့္ကို ဒီတစ္ေခါက္ ဓာတ္ပုံ႐ိုက္ရမဲ့ theme နဲ႔ အလိုက္ဖက္ဆုံးလူပဲ။ ႐ွင္ကေလ မိတ္ကပ္လိမ္းဖို႔ေတာင္မလိုဘူး။ ႐ွင့္ရဲ႕နဂိုမ်က္ႏွာေလးကပဲ အဲ့ဒီခံစားခ်က္မ်ိဳးရဖို႔ သင့္ေတာ္ေနၿပီ။ ဒီတစ္ေခါက္ေတာ့ အယ္ဒီတာေခါင္းေဆာင္ရဲ႕ ေ႐ြးခ်ယ္မႈက တကယ္အတိအက်ပဲ။ အဲ့လိုမထင္ဘူးလား လင္းက်ဲ။"

စတိုင္လစ္၏ ေနာက္ဆုံးစကားလုံးမ်ားသည္ အေနာက္က ဆိုဖာေပၚတြင္ ထိုင္ေနေသာ အမ်ိဳးသမီးအား ေျပာေနျခင္းျဖစ္သည္။ ထိုမိန္းမသည္ သူမအား ခုနတုန္းက ေျပာဆိုေနသည့္ မိန္းမျဖစ္ေၾကာင္း စစ္ယြီ အတည္ျပဳလိုက္သည္။

စတိုင္လစ္၏စကားကိုၾကားေသာအခါ ယြီလင္းသည္ ႏႈတ္ခမ္းတြန္႔လိုက္၏။ သူမမ်က္လုံးမ်ားထဲက အလိုမက်မႈမ်ားကို ဖုံးကြယ္ကာ မေပ်ာ္မ႐ႊင္ေျပာလိုက္သည္။ "သင့္ေတာ္လည္း ဘာလုပ္ရမွာလဲ။ ကမ႓ာေပၚမွာ သူမတစ္ေယာက္တည္းပဲ ေမာ္ဒယ္လုပ္ေနတာမွ မဟုတ္တာ။ ေနာက္တစ္ေခါက္ဆို ပိုၿပီး ပေရာ္ဖက္႐ွင္နယ္ဆန္တဲ့ လူတစ္ေယာက္ကို ႐ွာရမယ္။ အနည္းဆုံးေတာ့ တစ္မနက္လုံး မူးၿပီးအန္ေနတဲ့ တစ္ေယာက္လိုမ်ိဳးေတာ့ မဟုတ္ရဘူးေပါ့။ ဘယ္ေလာက္ေတာင္ ေပ်ာ့ညံ့လိုက္သလဲ။"

ယြီလင္း၏ သြယ္ဝိုက္ေျပာဆိုျခင္းအား ၾကားလိုက္ရေသာအခါ စတိုင္လစ္မွာ ကို႔႐ို႕ကားယားသာ ျပဳံးျပလိုက္ၿပီး ဘာမွမေျပာေတာ့ေပ။

ယြီလင္း၏စိတ္ထဲတြင္ စစ္ယြီအား ေထာက္ျပေျပာဆိုခ်င္စိတ္မ်ားသာ ႐ွိေနသည္။ သူမသည္ ဒီနယ္ပယ္ထဲတြင္ ႏွစ္ေပါင္းမ်ားစြာ႐ွိလာခဲ့တာျဖစ္ၿပီး ဤကဲ့သို႔ ျပႆနာမ်ားလြန္းသည့္ ေမာ္ဒယ္လ္ကို ဒီတစ္ခါပဲ ေတြ႕ဖူးေသးသည္။ ပုံမွန္လိုသာဆို ယြီလင္းသည္ သူမအား ခ်က္ခ်င္း အစားထိုးပစ္မည္ျဖစ္၏။ သို႔ေသာ္ က်ိဳးစစ္ယြီသည္ကား အယ္ဒီတာေခါင္းေဆာင္ အထူးေ႐ြးခ်ယ္ထားတဲ့လူ ျဖစ္ေနသည္။ ယြီလင္းသည္ သူမ၏ စိတ္မေက်မနပ္ျဖစ္မႈအား သည္းခံကာ ဒီ႐ႈတင္ ျမန္ျမန္ၿပီးပါေတာ့ဟုပဲ ေမွ်ာ္လင့္ေနရ၏။

သူတို႔ကိုယ္သူတို႔ ဘယ္ေလာက္ပဲတန္လဲဆိုတာ မသိတဲ့ ဒီလိုေမာ္ဒယ္မ်ိဳးက တစ္ခါ႐ိုက္ၿပီးတာနဲ႔ အမည္ပ်က္စာရင္းထဲ ထည့္လိုက္သင့္တဲ့ လူမ်ိဳးပဲ။

Continue Reading

You'll Also Like

351K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.4M 48.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
280K 21.1K 40
မင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် (Own Creation) Started Date 10.1.2022 Ended Date 18.5.2022 မင္းကိုခ်စ္တယ္ခ်စ္ပုံ...
283K 10.2K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...