24ရက်10လပိုင်းစေ့စပ်ပွဲနေ့ ။
မှန်ထဲမှကိုယ့်ကိုယ်ကိုပြန်ကြည့်ရင်း သွားမစိနိုင်အောင်ပြုံးနေသည်မှာမည်မျှကြာပြီပင်မပြောတတ်ပေ။ မမ ဝင်လာမှသာ ရုပ်ကိုပြန်တည်လိုက်ရသည်။ယနေ့ကား အစ်မနှင့် နေနေ့၏စေ့စပ်ပွဲနေ့ပင်ဖြစ်သည်။ တစ်နေ့တစ်မျိုးမရိုးရအောင် အစ်မကိုပိုးပန်းနေရတာနဲ့တင် ဒီနေ့လေးဟာရောက်မှန်းမသိရောက်လာခဲ့လေသည်။
"နေသော် ပြီးပြီလား ။ နင့်သူငယ်ချင်းတွေေတာင်ရောက်လာေနပြီ ။ဆင်းခဲ့တော့လေ။"
"အံမယ် ဒီလိုမျိုးလေးကျတော့လည်းငါ့ညီမကလှသားဘဲ ။"..
နေ့အား အထက်အောက်ကြည့်ရင်း ပြောလာသည့် မမ ကြောင့်မျက်လုံးလေးတွေဟာအရောင်တောက်သွားသည်။ တကယ်လည်း သူ့ကိုယ်သူပြန်ကြည့်ကာ ကျေနပ်မိပါသည်။မိန်းကလေးဆန်ကြည့်တော့လည်း ငါလေးလှရှာသားဘဲ ဟိဟိ။
" အဲ့တာကြောင့် မှန်ရှေ့ကမခွာနိုင်အောင်ဖြစ်နေတာလေ ကိုယ့်ကိုယ်ကိုကြွေရလွန်းလို့။..!
နေ ခေါင်းကိုမော့ကာလက်မထောင်ပြီးပြောလိုက်တော့ မမ ဟာသူချီးမွန်းလိုက်သည့်စကားကိုပင်နောင်တရချင်သွားသည်ထင်၏
နင့်ကိုေတာ့မနိုင်ဘူး ဟုဆိုကာ အခန်းထဲမှထွက်သွားသော မမကြောင့် နေ ပါအောက်သို့ဆင်းလာခဲ့ရေတာ့သည်။ မိတ်ကပ်မကြိုက်ေသာ သူ့အဖို့ အလှမပြင်ချင်ဘူး ဟုငြင်းဆန်ခဲ့သော်လည်း မရသည့်အဆုံးမှာတော့ အလျော့ပေးလိုက်ရသည်။ထိုအစား နေရမခက်စေရန်ခပ်ပါးပါးလေးသာလိမ်းခြယ်စေသည်။ နေ အောက်ထပ်သို့ဆင်းလာတော့ သူငယ်ချင်းတွေဟာအစုံအလင်ရောက်ရှိလို့နေနှင့်ပြီ။ လုံးဝမမြင်ဖူးသော လူတစ်ယောက်အလား နေ့အား တစ်ကိုယ်လုံးစူးစိုက်ကြည့်နေကြသောကြောင့် နေရခက်သွားရ၏
ဒင်းတို့တွေ ငါ့ကိုဘယ်လိုတွေများနှိပ်ကွပ်ကြအုံးမလဲပေါ့။
"ဝိုးးး ကောင်မ အရမ်းတွေမိန်းမဆန်ပြီးလှနေချက်ဘဲ ...။"
"ဟုတ်ပဟယ် ဒီလိုမျိုးလေးကျတော့လည်း ငါ့တို့သူငယ်ချင်းကြီးက အရမ်းလှနေပါလား။"
"ငါကတော့ နေ့ ကိုဒီပုံစံနဲ့ပိုသဘောကျတယ် "
"အမယ်လေး တိမ်လွှာရယ် ဒင်းမိန်းမဆန်လည်းဒီနေ့တစ်ရက်ဘဲ ။ အရမ်းတွေချီးကျွေးမနေနဲ့။"
မဲ့ရွဲ့ကာ မျက်စောင်းပစ်ပြောသော သက်ငုံဖူးကြောင့် နေ့ နှုတ်ခမ်းတွေစူလာလေပြီ။
'အဲ့ချီးတွေ နင်စားလေ"
"ဟားဟားးး ။"
"ဒါနဲ့ နင့်မမကမလာသေးဘူးလား"
"မမလား ခြံထဲမှာနေမှာပေါ့ "
"ဟဲ့ ဪ ငါပြောတာမမပန်းကိုမဟုတ်ဘူး မမယိမ်းကိုပြောတာ "
မမယိမ်း ဆိုသည့်အသံကြောင့် ရင်ထဲကဒိန်းကနဲဖြစ်သွားရသည်။ အသက်ရှုသံေတွမြန်ကာ ရင်ဘက်ကနှိမ့်ချီမြင့်ချီဖြစ်လာလေ တော့ လူကဘာမှမလုပ်ရဘဲမောလာသလိုဖြစ်နေသည်။ တကယ်ပါဘဲ ၊ဒီအစ်မ ဟာလေ နေ့ကိုသိပ်စိုးမိုးနိုင်လွန်းတယ် ။
"ဟုတ်သားဘဲ ခြံထဲသွားကြစို့လေ ။ မယိမ်းရောက်လာရင်မသိဘဲနေမယ်။"
ဟန့် စကားကိုအကုန်လုံးထောက်ခံကာ ခြံထဲသို့ထွက်လာခဲ့ကြ၏ နေ တို့အပြင်ကိုထွက်လာတော့ ဧည့်သည်တွေပင် စုံလုနီးပါးဖြစ်နေသည်။ ဒယ်ဒီနှင့် မာမီဟာ ဧည့်သည်တွေကို အပြုံးပန်းတွေဖြင့်ဖော်ရွေစွာစီးကြိုနေသလို မမ ဟာလည်း လုပ်ငန်းရှင်ခပ်ငယ်ငယ်လေးတွေနှင့် စကားပြောနေသည်ကိုတွေ့ရသည်။ ထို့မြင်ကွင်းအားကြည့်ကာ မျက်မှောင်ကုပ်လိုက်မိသည်။
"မမ လာ "
မမ လက်အားဆွဲကာ ဆောင့်ခေါ်လိုက်တော့ နားမလည်သလိုနှင့်ကြည့်လာသည်။
"ဟင် ဘာလဲ နေသော်ရဲ့ မမ ဧည့်သည်ေတွနဲ့စကားပြောနေတယ်လေ"
"ဟိုမှာ မမဝင့်လွှာရောက်နေပြီလို့ ၊ကိုယ့်ဧည့်သည်ကို ဧည့်မခံတော့ဘူးလား။"
အနည်းငယ်ရိုင်းသည့်အမူအယာဖြစ်နေလည်း နေ ဂရုမစိုက်ပါ။ကိုယ့်အစ်မကိုတော့နှမြောတွန့်တိုပါသည်။ နေ လက်ညိုးထိုးကာ ပြသည့်နေရာ ကို လှမ်းကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပင် မမ ဝင့်လွှာဟာကားပေါ်မှဆင်းလာသည်နှင့်ကြုံသည်။ ထိုအခါ မမ တစ်ယောက်ပျာပျာသလဲလဲဖြင့် သူ့မိတ်ဆွေများအားနှုတ်ဆက်ကာ အနောက်မှလိုက်လာလေ၏
"ဝင့်လွှာ လာ '
မမဝင့်လွှာ၏လက်အားဆွဲကာ စားပွဲဝိုင်းတစ်ခုဆီဝင်ထိုင်သည့် မမ ကြောင့် နေ လည်းသူငယ်ချင်းတွေရှိရာဝိုင်းသို့လျှောက်လာခဲ့၏
" ဧည့်သည်တွေတောင်စုံနေပြီဘဲ တို့လာတာနောက်ကျသွားတယ် "
"နောက်မကျပါဘူးယူရယ် ယိမ်းဆိုအခုထိအမှီးတစ်စတောင်မမြင်ရသေးဘူး ။ တို့ညီမကဆို ခြံဝကိုလှမ်းလှမ်းကြည့်ရတာနဲ့တင် သစ်ကုလားအုပ်ကြီးဖြစ်တော့မယ်။
ပန်း၏အပြောကြောင့် နှစ်ယောက်လုံးရယ်ေမာလိုက်မိသည်။ ပြောရင်းဆိုရင်းပင် ခြံထဲသို့ ကားတစ်စီးထိုးဝင်လာတာကြောင့် စောင်းငဲ့၍ကြည့်လိုက်တော့ အရှိန်အဝါေတွအပြည့်ဖြင့်ယိမ်းတို့မိသားစုဟာဆင်းလေသည်။
-----------
"ဟဲ့ ဟဲ့ ဟိုမှာ မယိမ်းတို့လာပြီ.."
"ဟင် ဘယ်မှာတုန်း။!
ပါးစပ်အဟောင်းသားဖြင့် မေ့ငေါ့၍ပြောလာသည့် ဖူးခတ်မကြောင့် အကုန်လုံးခေါင်းထောင်ကြည့်ကြသည်။ အားပါးပါး နေ့ လိုပင် ပိုးသားအဖြူရောင်ချည်သားဝမ်းဆက်ကိုရုိးရုိးယဥ်ယဥ်ေလးသာဝတ်ဆင်ထားသော်လည်း နတ်သမီးရုံးလောက်အောင်လှေနသည်။တင်ပါးနီးနီးထိရှည်သည့် ဆံပင်တွေကိုတော့ ရိုးရိုးလေးချထားကာ ဘေးနှစ်ဖက်မှ ကျစ်ဆံမှီးလေးတွေကျစ်ထားလေသည်။ ခပ်ပါးပါးလိမ်းခြယ်ထားသည့် မိတ်ကပ်လေးရယ်နှင့် အနီေရာင်ခပ်ဖျော့ဖျော့လေးဆိုးထားသော နှုတ်ခမ်းနှစ်လွှာမှာကြည့်ယုံနဲ့တင်နူးညံ့စေမှန်းသိ၏ မိသားစုလိုက် လျှောက်လှမ်းလာသော်လည်း နေ့ မျက်စိထဲတွင်တော့ အစ်မ တစ်ယောက်ကိုသာကွက်ကွက်ကွင်းကွင်းမြင်မိသည်။
ဤမျှလောက်ပင် အစ်မ ဟာနေ့ကိုပြုစားနိုင်လွန်းသည်။
"အဟမ်း အတောင့်လိုက်ကြီး သေသွားတာလား "
"ဟဲ့ ကောင်မ သွားရည်တွေသုတ်လိုက်အုံး။မြင်မကောင်းဘူးဟဲ့ ။"
နေ့ ပုံစံအားကြည့်ကာရွဲ့ပြောနေကြသည်မို့ မျက်စောင်းထိုးကာ အကြည့်တွေကိုပြန်ပြင်လိုက်ရ၏ထို့စဉ် မမ တို့ဝိုင်းထဲ ထိုင်ချသွားသော အစ်မ ကြောင့် နေ နှုတ်ခမ်းစူလိုက်ပြီး ထသွားဟန်ပြင်သည်။
"အမလေးလေး အိမ့်ဆုနေသော်တို့များနော် ဟန်တောင်မဆောင်နိုင်ဘူး "
"ဟွန်း ရည်းစားကပစ်သွားလို့ ဘဲပစ်မဖြစ်နေတဲ့ဖူးခတ်မရေ သွားလိုက်ပါအုံးမယ်ရှင်"
ဖူးခတ်အား ပြန်ဖဲ့ကာ မမ တို့ဝိုင်းဆီသို့ တစ်စိုက်မတ်မတ်လျှောက်သွားလိုက်သည်။ ဝတ်ထားသည်က လုံချည်ဖြစ်တာကြောင့် ခြေလှမ်းတွေကလျှောက်ရတာ မလွပ်လပ်ပေ။ ခါတိုင်းဆိုလျှင်ဂျင်းပန်တို့စတိုင်ပန်တို့နဲ့သာအနေများသည်မို့ ဒါကြီးကအရမ်းကိုကသိကအောက်ဖြစ်လှသည်။ နေ့ အရပ်နဲ့တောင် အရမ်းရှည်လွန်းနေသည့် လုံချည်ကိုတက်မနင်းမိရေလအောင် သတိထားနေရသည်။ မမ တို့ဝိုင်းကိုနီးလာလေလေ ရင်တွေခုန်လာရလေလေဖြစ်ရသည်။
ထို့သို့ဖြင့် ရှက်ပျာရှက်ပျာလျှောက်နေရင်းမှာပင် မြက်ခင်းပေါ်က ဘယ်ကမှန်းမသိတဲ့ ကျောက်စရစ်ခဲတစ်လုံးအား နင်းမိကာချော်ထွက်သွားလေသည်။
"အာ့ ဘုတ် ။
"အဟင့် သေပါပြီ "
စီးထားသည့်က တစ်ခါတစ်လေမှမစီးခဲဖူးလှသောဒေါက်မြှင့်ဖိနပ်မို့ ခြေထောက်လေးဟာ တစ်ပတ်လှည်ထွက်သွားလေသည်။ နေ့ ၏ဗရုတ်ဆန်စွာလဲကျသွားပုံအား နေ့ သူငယ်ချင်းအုပ်စုနှင့် အနားကလူတစ်ချို့သာမြင်တွေ့လိုက်ရသည်မို့ တော်သေး၏ ရောက်လုလုဆဲဆဲမှာပင် ရုတ်တရက်ဖြစ်သွားသည့် အရာကြောင့် မမတို့ကလည်း အံ့ဩစွာကြည့်နေကြသည်။
"ရရဲ့လားဗျ ကျွန်တော်ထူပေးမယ်နော်"
ထိုစဉ် ဘယ်ကတည်းကရောက်နေမှန်းမသိတဲ့ ကောင်လေးတစ်ယောက်က ဒူးတုတ်ထိုင်ကာ သူကူတွဲပေးမည်ဟုပြောလာသည်။ နေ လည်းမထနိုင်တာက တစ်ကြောင်း သူငယ်ချင်းတွေကိုကြည့်လိုက်တော့ အပြေးေရာက်မလာကြဘဲ ဇာတ်လမ်းကြည့်နေသလို ပြူးကြောင်လေးတွေဖြင့်ထိုင်ကြည့်နေတာကတစ်ကြောင်းမို့ အရမ်းကိုအားကိုးရသည့် သူငယ်ချင်းတွေအားစိတ်ထဲမှကျိန်ဆဲမိလိုက်သည်။ မတတ်နိုင်သည့်အဆုံးမှာ ထိုကောင်လေး၏အကူအညီကိုယူလိုက်ရသည်။
"အာ့ ..!
"မထောက်နိုင်ဘူးထင်တယ် ခြေချင်းဝတ်လိမ်သွားတာလား မသိဘူး ..!
ထိုကောင်လေးသည် နေ့ ပုခုံးအားထိန်းကိုင်ထားရင်းဆို၏ ကောင်လေးဟု ဆိုသော်လည်း နေ့ ထက်အနည်းငယ်တောင်ကြီးမည့်ပုံပင်။
"ကျွန်တော်ပွေ့ပြီးခေါ်သွားပေးရမလား "
"အာ ..!
"ဒီမှာ ကောင်လေး ဒီပွဲကဘာပွဲလဲ သိလား '
ထိုစဥ်နောက်ကျောဆီကနေ ထွက်ပေါ်လာသော အသံကြောင့်ကျောတွေဟာမတ်ကနဲပင်။
"ဗျာ ဟို လုပ်ငန်းရှင်တွေနဲ့ပါတီပွဲမဟုတ်ဘူးလားဟင်"
"ဟိုစင်ပေါ်က စာတန်းကိုသေချာဖတ်ကြည့်လိုက်ပါအုံး ဒီပွဲက မင်းထင်သလို ရိုးရိုးပါတီပွဲမဟုတ်ဘူးကွ တို့နှစ်ယောက်ရဲ့စေ့စပ်ပွဲဘဲ!
မေ့ငေါ့ကာ ခပ်အေးအေးလေးဆိုလာသည့် စကားကြောင့် စင်ပေါ်ကိုလှမ်းကြည့်မိတော့ မအိမ့်ဆုနေသော် နှင့် မယိမ်းနွဲ့ဟန်ပန်တို့၏ စေ့စပ်ပွဲမဂ်လာ ဟုသောစာတန်းလေးအားတွေ့လိုက်ရသည်။
"အဲ့တာကြောင့် မင်းသူ့ကိုပွေ့ပြီးခေါ်သွားပေးမယ်ဆိုဆို ဘယ်လောက်ဘဲကူညီပါတယ်ပြောပြော လူအများအထင်လွဲစရာတွေဖြစ်ကုန်လိမ့်မယ် ကူညီပေးချင်တဲ့စိတ်ရှိတာ ကျေးဇူးတင်မိပေမယ့် သူ့ကိုတို့ဘဲတွဲခေါ်ပေးလိုက်ပါ့မယ်ကွယ် ခွင့်ပြုပါအုံး..!!
ထိုကောင်လေးအား ပြောအပြီး မျက်လုံးပြူးလေးဖြင့် ကြောင်ကြည့်နေသောကလေးမအား ထိန်းယူကိုင်လိုက်ကာ
"ဘာကြည့်နေတာလဲ လာ။"
"အာ့ အစ်မ နာတယ် ဟင့် "
"နာလည်းခနတော့သည်းခံကွယ် ။ အဲ့ဒီကောင်လေး မင်းကိုပွေ့သွားမှာတကယ်မလိုလားဘူး။"
အစ်မ ၏အသံခတ်ဆတ်ဆတ်လေးကြောင့် ခြေထောက်ကနာနေသော်လည်း အသံမထွက်ရဲတော့ပေ။ ထိုအစား အံ့ကိုသာကြိတ်ထားမိပါ၏ နေနေ့ ၏လက်တစ်ဖက်ဟာအစ်မ၏ပုခုံးပေါ်သို့ ရောက်နေတာကြောင့် အစ်မကိုဖက်ထားသလိုဖြစ်နေသည်။ထို့အတူ နီးကပ်သည့်အနေအထားကြောင့် အစ်မ၏ကိုယ်သင်းရနံ့လေးဟာနှာဖျားသို့တိုးဝှေ့ကျီစယ်နေသယောင်ဖြစ်နေသည်မို့ နာနေသည့်အနာတောင်ဘယ်နားတောင်ရောက်သွားမှန်းမသိပေ။
နေနေ့ အားတွဲခေါ်လာသည့် နေရာကား မမတို့ထိုင်နေသည့် စားပွဲဝိုင်းတွင်သာဖြစ်၏
"ခနထိုင်နေအုံးကွယ် ငြိမ်ငြိမ်နေခဲ့နော် မလှုပ်မိစေနဲ့ "
မျက်ခုံးပင့်ရင်း အမိန့်ေပးသလိုပြောသွားသည့် အစ်မကြောင့် တုတ်တုတ်မျှမလှုပ်ရဲဘဲထိုင်နေခဲ့ရသည်။
"ဟဲဟဲ ဘာဖြစ်သွားသေးလဲ "
"ဟာ မမ နင်ရယ်နိုင်သေးတယ်ပေါ့လေ နင့်ညီမတစ်ယောက်လုံး ဒီလောက်ဖြစ်သွားတဲ့ကိစ္စကို ။!
မေးထောက်ကာ ခပ်ပြုံးပြုံးဖြင်ြမေးလာသည့် မမ ကြောင့် နေနေ အံ့ဩလို့မဆုံးပေ။ ကိုယ့်ညီမလေး ဒီလိုဖြစ်နေတာတောင် သူကရယ်နိုင်သေးတယ်ပေါ့လေ။
"ဟဲ့ မရယ်လို့ငိုနေရမှာလား ငါသာ လာပြေးထူရင် နင်တို့အကြည်စိုက်နေတာပျက်သွားမှာပေါ့ အဟွန်း ငါ့ကိုကျေးဇူးတောင်တင်ရအုံးမှာ။"
ထိုအခါမှ နေ တစ်ယောက်နားလည်သွားကာ ရှက်ရွံ့စွာဖြင့် လည်ပင်းကိုပွတ်သပ်နေမိ၏ မမ ဘေးနားကနေ ခပ်ပြုးပြုံးကြည့်နေသည့် မမ ဝင့်လွှာကြောင့်လည်း ပို၍နေရခက်သွားရသည်။
"ယိမ်းက ဆေးဗူးသွားယူတာထင်တယ် ငြိမ်ငြိမ်လေးထိုင်နေလိုက်နော် ညီမလေး "
"ဟုတ်ကဲ့ မမဝင့်လွှာ"
"မမနေသော် လူကြီးတွေကခေါ်ခိုင်းလိုက်လို့
သားမမကော "
နေ တို့ထိုင်နေသည့်ဝိုင်းသို့ ခပ်သုတ်သုတ်လေးရောက်လာရင်း ပြောသည့် ဘုန်းထက်ကြောင့် နေ ထိုင်ရမလိုလို ထရမလိုလိုဖြစ်ရပြန်သည်။ ထိုစဉ်ဘဲ ဆေးသေတ္တာလေးအား ဆွဲကာ ပြန်ရောက်လာသော အစ်မ ကြောင့်
"အစ်မ လူကြီးတွေကခေါ်ခိုင်းလို့တဲ့ နေ တို့်ဘယ်လိုလုပ်ကြမလဲဟင် '
"အို ဘာကိုဘယ်လိုလုပ်ရမလဲ ! မင်းခြေထောက်မှ မထောက်နိုင်ဘဲ ၊ မသွားနဲ့ပေါ့ !!
ဘာကိုမှဂရုမစိုက်စွာအေးအေးလူလူပြောနေသည့်အစ်မကြောင့် နေ လည်းငြိမ်နေလိုက်၏ ထို့စဉ် မြက်ခင်းပေါ်သို့ဒူးတုတ်ထိုင်ချကာ နေ့ ခြေထောက်အား ဆေးလိမ်းပေးရန်ပြင်နေသော အစ်မ ကြောင့် မျက်လုံးပြူးသွားရပြန်သည်။ အစ်မ၏လုပ်ရက်အား မမတို့ကလည်းကြောင်ကြည့်နေသလို ပွဲရှိဧည့်သည်တွေ၏ မျက်လုံးတွေသည်လည်း နေ တို့နှစ်ယောက်ဆီမှာပင် ။ အားကျခြင်းေတွပါသောအကြည့်တွေလား ၊ဒါမှမဟုတ် အထင်သေးခြင်းတွေပါသောအကြည့်တွေလား ဆိုတာမဝေခွဲတတ်ပေမယ့် နေ ဂရုမစိုက်ပါ။
"ဟို မလုပ်ပါနဲ့ နေ ငရဲကြီးလိမ့်မယ် အစ်မ"
မဝံ့မရဲတားလိုက်မိသော်လည်း အစ်မ ဟာတစ်ချက်သာမော့ကြည့်ပြီး နေ့ ခြေထောက်အားသေချာကိုင်၍နှိပ်ပေးနေသည်။
"ဘာမှမဖြစ်တော့ဘူး ခနနေရင်ပြန်ကောင်းသွားလိမ့်မယ် ကြားလား"
"ကျေးဇူးတင်ပါတယ် အစ်မ "
နေ ကျေးဇူးစကားဆိုလိုက်ေတာ့ အစ်မဟာရုပ်တည်ကြီးဖြင့် ခေါင်းငြိမ့်ပြသည်။
"မောင်လေး ရော့ ဆေးသေတ္တာပြန်သွားပေးချည်အုံး"
"ဟို ဟုတ်ကဲ့ "
"ဒါဆို ဒီမှာထိုင်နေခဲ့အုံးကွယ် တို့ဘဲလူကြီးတွေဆီသွားလိုက်မယ် ။"
ထိုသို့ပြောရင်းပင် ချာကနဲလှည့်ထွက်သွားလေမို့ အင်တင်တင်နဲ့သာထိုင်နေခဲ့ရပြန်သည်။ မမ နှင့် မမဝင့်လွှာအား ကြည့်လိုက်တော့ တိုးတိုး တိုးတိုးနှင့်ဘာတွေပြောနေကြလဲမသိပေ။ နေ့ အားအရေးမလုပ်တာကြောင့် သူငယ်ချင်းတွေဝိုင်းကိုလှမ်းကြည့်မိတော့ ဒင်းတို့ကမူးရှုးလို့နေပြီ ။ ဖူးခတ်မ ဆိုခေါင်းပင်မထောင်နိုင်တော့ဘဲ စားပွဲပေါ်တွင်မှောက်နေ၏ ရီဝေဝေဖြစ်နေသည့် ဟန်က တစ်ချက်ပြန်လှမ်းကြည့်နေတာမို့ ဒင်းကတော့မဆိုးသေးဘူးဟုကောက်ချက်ချလိုက်သည်။
" ကျွန်တော်လာတာနောက်ကျသွားတယ်ထင်တယ် "
"ဪ ဒေါက်တာစည်သူမျိုးပါလား !?
"ဟုတ်ကဲ့ ဒယ်ဒီကနေမကောင်းဖြစ်နေတာမို့ ကျွန်တော်ဘဲလာလိုက်တာဗျ"
မမ အားတစ်လှည့်ပြောအပြီး နေ့ဘက်သို့စောင်းငဲ့၍
"သက်သာသွားပြီလား ညီမ"
" ဟုတ်ကဲ့"
"Constructionပါနော်ညီမလေး "
"ဟုတ် ကျေးဇူးတင်ပါတယ် အကို"
ခပ်ပြုံးပြုံးဖြင့် ဂုဏ်ပြုစကားဆိုနေသည့် အကိုစည်သူမျိုးကြောင့် နေ တစ်ယောက်တည်နေရာကနေ ပြုံးမိသွားလေသည်။ ငယ်ငယ်ကတည်းက ေနမကောင်းဖြစ်သည့်အချိန်တိုင်း ကိုစည်သူမျိုးနဲ့သာကုခဲ့ရတာမို့ နေနေ့တစ်တွက်အကိုတစ်ယောက်လိုမျိုး ဖြစ်နေသည်။
"သုံးဆောင်ပါအုံး ဒေါက်တာ မာမီတို့က ဟိုးဘက်ခြမ်းမှာ ဧည့်သည်တွေနဲ့စကားကောင်းနေတယ်ထင်တယ် ကျွန်မသွားခေါ်လိုက်ရမလား"
"နေပါစေဗျာ ကျွန်တော်နေတတ်ပါတယ် ဟို ဒီဘက်က ..!
ဝင့်လွှာအား လက်ညိုးထိုး၍မေးလာတာကြောင့်
"ဟုတ်သားဘဲ ကျွန်မမေ့နေတာ မိတ်ဆက်ပေးမယ်နော် ဒါကကျွန်မသူငယ်ချင်း သင့်မြတ်ဝင့်လွှာပါ !ဝင့်လွှာ ဒါက တို့မိသားစုရဲ့Family doctorေလ ကိုစည်သူမျိုးတဲ့ ။"
"တွေ့ရတာဝမ်းသာပါတယ်ဗျာ "
"ဟုတ်ကဲ့ပါရှင့်"
ထိုလူကြီးသုံးယောက်၏အနားမှာ နေနေ တစ်ယောက်ကဖြင့် ပွဲကြည့်ပုရိတ်သတ်ဖြစ်နေရ၏ အစ်မဟာလည်း ပြန်ရောက်မလာသေးသလို ခြေထောက်ကလည်း နာနေသေးသည်မို့ စိတ်ညစ်ရသည်။ ဒီခြေထောက်ကြောင့်မို့သာပေါ့ မဟုတ်ရင် ဒီလူကြီးတွေအနားကနေ ထပြေးလိုက်ချင်သည်။အပြင်စီးပွားရေး အကြောင်းတွေနှင့်ဆေးဝါးလောကအကြောင်းတွေအားအချင်းချင်း ဖလှယ်၍ဆွေးနွေးနေပုံမှာ နားညီးလှ၏
ခနအကြာမှာတော့ ဒေါက်တာစည်သူမျိုးလည်းပြန်သွားသလို အစ်မဟာလည်းပြန်ရောက်လာလေသည်။ သို့သော် တစ်မူထူးခြားနေသည်က အစ်မ တင်မကဘဲ အစ်မ၏အနောက်မှတန်းစီပါလာသော လူအုပ်ကြီးကြောင့်ပင်။ ထို့ထဲတွင် နှစ်ဖက်မိဘများလည်းပါသလို နေ့ ၏အချစ်ဆုံးမူးရှုးနေသည့်သူငယ်ချင်းတွေဟာလည်းဒယိမ်းဒယိုင်ဖြင့်ပါလာလေသည်။ ထိုသည်ကို အံ့ဩစွာ ပြူးကြည့်နေကြသည်မှာ နေ တို့သုံးယောက်ပင်ဖြစ်သည်။
ထိုစဉ်အရှေ့သို့ တိုးလာရပ်သည့်အစ်မအား နေ မော့ကြည့်မိလိုက်သည်။ နေ ထင်တာမမှားဘူးဆိုလျှင် အစ်မ၏မျက်နှာလေးဟာ ခပ်ရဲရဲလေးဖြစ်နေသည်။
"အငယ်လေး ယိမ်းလေးကိုလက်စွပ်စွပ်ပေးလိုက်လေကွယ်"
လက်စွက်ဗူးလေးအား အသင့်ဖွင့်လျက်ကိုင်းထားသည့် မာမီဟာ ခပ်ပြုံးပြုံးဖြင့်ဆိုလာတာကြောင့် နေ သဘောပေါက်တော့သည်။ ယခုအခြေအနေအကား နေနေ ကခုံပေါ်မှာထိုင်လျက်သားဖြစ်နေသည်မို့ နာနေသော်လည်း အားတင်းကာထရပ်လိုက်သည်။
အစ်မနှင့်မာမီတို့က ခြေထောက်ဒဏ်ရာကြောင့်ထိုင်လျက်ဘဲစွပ်ပေးပါဟု ပြောသော်လည်း နားမထောင်ခဲ့ပါ။
𝒩ဆိုသည့်စာလုံးလေးပါသည့် ရွှေရောင်လက်စွပ်လေးအား အစ်မ၏လက်သကြွယ်လေးသို့ညင်သာစွာစွပ်ပေးလိုက်တော့ အစ်မဟာလည်း နေ့ ၏လက်သကြွယ်သို့𝓎ဆိုသည့်စာလုံးလေးထွန်းထားသည့် လက်စွပ်လေးအားပြန်စွပ်ပေးလေသည်။ထိုသည်နှင့်တစ်ပြိုင်နက် ကျယ်လောင်စွာထွက်ပေါ်လာသော လက်အုပ်သံတွေကြောင့် နေ ပြုံးပျော်ကာအစ်မ၏မျက်နှာလေးကိုသာငေးနေမိပါ၏
ထို့ညလေးဟာ နေ့ အတွက်အဖိုးမဖြတ်နိုင်သောနေ့လေးတစ်နေ့ပင်။
11.2.2023
𝒯𝒽𝓌𝒶𝓎64
8.19PM
ကြိုးစားပါအုံးမည်။အပိုင်း(18)မျှော်
ကျွန်တော့်fackbook accလေးlockကျသွားတာမလို့ Wattpadမှာဘဲ upပေးပါမယ်နော် ။