အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍�...
By thway64
432K 22K 276
"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား... More
1။
2။
3။
4။
5။
6။
7။
8။
9။
10။
11။
12။
13။
14။
15။
17။
18။
19။
20။
21။
22။
23။
24။
25။
26။
27။
28။
29။
30။
31။
32။
33။
34။
35။
36။
37။
38။
39။
40။
41။
42။
43။
final part။
Extra
Extra 1
Extra 2
Xello !!
Extra 3 final
အသိပေးချက် !
Xello!!
16။
7.9K 424 2
By thway64
"အငယ်လေးကအခုထိ မနိုးသေးဘူးထင်ပါတယ်ကွယ်။ ထိုင်ပါအုံး ။မာမီသွားနိုး‌ေချအံုးမယ်။နေမကောင်းလို့ဆိုပြီး အလိုလိုက်ထားတာကို အငယ်လေးကဆိုးချင်တိုင်းဆိုးနေတော့တာ..." ။
"ရပါတယ် အန်တီရယ် နိုးမနေပါနဲ့တော့ ယိမ်းလည်း ပြန်တော့မှာပါ ။သူ့အတွက် မုန့်လေးတွေဝင်လာပို့လိုက်တာ ။"
"အို အခုမှရောက်တာကိုသမီးရယ် နေပါအုံးလား။ ပြီးတော့ ဘယ်ချိန်ထိ အန်တီနေမှာလဲကွယ် ၊ အမျိုးတွေဘဲတော်ရတော့မှာ ရှေ့လျှောက်မာမီလို့ဘဲခေါ်တော့ ။
ယိမ်း၏‌အရှေ့မှာ ခပ်ခပ်ပြုံးဆိုလာသည့် အန်တီ့စကားကို ယိမ်းပြန့်၍မတုံ့ပြန်မိပေ။ မျက်မှာလွဲ၍နှုတ်ခမ်းလေးအား ဖွဖွကိုက်ရင်း အရှက်ပြေဟိုကြည့်ဒီကြည့်ဖြင့်ထိုင်နေလိုက်ရသည်။ ခနနေတော့ ‌"ဟင်းအိုးတန်းလန်းကြီး ထားခဲ့တာ တူးတော့မှာဘဲ.. ဟုတီးတိုးဆိုရင်း မီးဖိုဆောင်ဘက်ထသွားလေမို့ အသက်ရှုချောင်သွားရသည်။
ဧည့်ခန်း၏နံရံမှာချိတ်ထားသည်က ပန်းတို့မိသားစုလေးယောက်၏ပုံပင်။ သာလိကာပေါက်စကို သူ့မာမီက ပွေ့ချီထားပြီး ၊ သိတတ်နေပြီဖြစ်တဲ့မကြီးမငယ် ပန်းဆုကတော့ သူ့ဒယ်ဒီနှင့်သာလက်တွဲထား‌ေလသည်။ ဘာရယ် မဟုတ်ထိုပံု‌ေလးအားအတန်ကြာ‌ေအာင်ကြည့်နေရင်း သူ့မာမီ၏လက်ထဲမှပင် သွားဖုံးလေးများအောင် ပေါ်အောင်ထိရယ်နေသည့်ကလေးမလေးဟာ ငယ်ငယ်ကတည်းပင် ချစ်ဖို့ကောင်းနေပါလား ဟုတွေးမိလိုက်ပါသည်။
"ယိမ်း အစောကြီးရောက်နေပါရောလား ။ဘာလဲ ယူ့ကလေးလေးကိုစိတ်ပူနေတယ်ပေါ့ လေ။ မနေ့ထဲက ပြောမလို့ပါဘဲဟယ် အခန်းထဲက ကလေးမက ကဲကဲသည်းသည်း‌တွေလုပ်နေလို့ မပြောတော့တာ သူ့ကြောင့်အလုပ်ပိုနေမှာစိုးလို့တဲ့လေ"
အောက်ထပ်သို့ဆင်းလာရင်း ပန်းဟာခပ်စူစူလေးပြောသည်။ အရမ်းတွေသပ်ရပ်‌ကာကျော့ကျော့လေးဆင်းလာသည့် ပန်း ဟာကုမ္ပဏီသို့သွားတော့မည်ထင်၏
"အင်း ညကဟန်‌ေလးဖုန်းဆက်ပြောမှသိရတာ "
"ဟုတ်သလား ‌ဒင်းကအိမ်ခန်းထဲကနေ ဘယ်မှမထွက်လဲမဟုတ် ။ဟန်‌ေလးတို့ကဘယ်လိုများသိသွားကြတာပါလိမ့် "?
"ဪ ပန်းဆုနေသော်ရယ် တုံးလိုက်ပါဘိ
ဖုန်းရှိတယ်လေ ဟဲ့ ဖုန်းနဲ့ဆက်သွယ်ကြမှာပေါ့!
"အေးနော် ဟုတ်သား !
ယိမ်း ခပ်ဆောင့်ဆောင့်လေးပြောလိုက်တော့မှ စပ်ဖြီးဖြီးလုပ်ကာ အနားသို့ဝင်ထိုင်သည်။ထို့နောက် တစ်ခုခုကို ပြောချင်နေသည့်ပုံဖြင့် အနားသို့တိုးလားရင်း ခပ်တိုးတိုးပြောသည်။
"ဒါနဲ့လေ ယိမ်း ဝင့်လွှာကိစ္စလေ နင်မသိ‌ေသးဘူးမလား"
"ဟင် ဘာလဲ ဝင့်လွှာဘာဖြစ်လို့လဲ'
ချက်ချင်းပင်ယိမ်းမျက်နှာဟာ စိုးရိမ်မှုအထင်းသားဖြစ်လာသည်။ ယိမ်းဟာ အနေတည်သလောက် သူ့သူငယ်ချင်း‌ေတွကို‌ေတာ့အရမ်းတွယ်တာတတ်တဲ့သူတစ်ယောက်ပင်။
ပန်း မပြောခင် သက်ပြင်းတစ်ချက်အရင်ချလိုက်ပြီးမှ
'ဝင့်လွှာ မာမီနဲ့ဒယ်ဒီကွာရှင်းကြတော့မယ်တဲ့ '
"ဟုတ်ရဲ့လား ယူရယ် ...။"
မယုံသလိုမေးလာသည့် ယိမ်း ကြောင့် အသေးစိတ်ရှင်းပြနေလိုက်သည်။ ဝင့်လွှာဟာ ယိမ်းနှင့်ဆိုင်လျှင် ပန်းနဲ့ကပို၍အနေများသည်လေ။ Shopping Mallတုန်းက လည်းတစ်ပါးယောကျာ်း၏လက်ကိုချိတ်ကာရယ်ပြုံးနေသော ဝင့်လွှာ၏မာမီ၊ ဒီရက်ပိုင်းအတွင်း မိသားစုအတွင်းအရေးအဆင်မပြေမှုတွေ ၊ ဝင့်လွှာ၏ပူပန်မှုတွေ ၊ အထီးကျန်နေမှု တွေဟာ သေချာပေါက် ယိမ်း ထက် ပန်းကပို၍မြင်တွေ့ခဲ့ရသည်လေ။
"ပြီးတော့ ရှိသေးတယ် သူ့ဒယ်ဒီကလည်း ယောကျာ်းတစ်ယောက်နဲ့ ချစ်‌နေကြတယ်တဲ့ "
ဘုရားရေ ။ထိုစကားကိုကြားတော့ ယိမ်း အံ့ဩတုန်လှုပ်သွားရသည်။ မိန်းမကော ကလေးပါရှ်ိနေသည့်ယောကျာ်းတစ်ယောက်က အတိုင်းအတာတစ်ခုထိရောက်ပြီးမှ လိင်စိတ်တိမ်းညွှတ်မှုက ဘာကိစ္စပြောင်းလဲသွားရသလဲ။ ထို‌မေးခွန်း ယိမ်း စိတ်ထဲမှပြန်မေးမိသည်။ ထို့နောက် ဝင့်လွှာ၏နွမ်းလျလျမျက်နှာလေးကိုမြင်ယောင်မိတော့ သူဘယ်လိုခံနိုင်ရည်ရှိအောင်နေပါလိမ့် ဟုတွေးရင် စိတ်မကောင်းမိသည်။
"တို့ တို့ဒါတွေမသိခဲ့ဘူး ပန်းရယ်
တို့ဝင့်လွှာအ‌ေပါ်မှာသူငယ်ချင်းကောင်းမပီသခဲ့ဘူးဘဲ.."
ပြီးတော့ ဝင့်လွှာကိုဘယ်လိုနှစ်သိမ့်ပေးရမလဲတောင်မတွေးတတ်တော့ဘူး။
ထိုသို့ပြောရင်း ယိမ်း၏မျက်လုံးထဲမှ မျက်ရည်တွေဟာဝေ့သီလာခဲ့သည်။ ပန်းလည်း ထိုနည်တူယိမ်းနှင့်ထပ်တူခံစားရပါသည်။ ပြေးကြည့်မှ ဒီသူငယ်ချင်းသုံးယောက်လေးဘဲရှိသည်မဟုတ်လား။
"ဟုတ်တယ် ငါလည်း ဘယ်လိုဖေးမပေးရမလဲတောင်မစဉ်းတတ်တော့ဘူး ဝင့်လွှာကိုသနားလိုက်တာ..."
ထိုစဉ် အပေါ်ထပ်မှ အတင်းပြေးဆင်းလာသည့် ညီမတော်ကြောင့် ပန်းတို့ လူချင်းကွာလိုက်ကြသည်။ အပြင်သို့ထွက်ကျမလာသေးသည့် မျက်ရည်စလေးတွေကြောင့် မျက်တောင်ကိုပြတ်ကလက်ပုတ်ကလက်လုပ်မိသည်။
"အစ်မ စောင့်နေရတာကြာနေပြီလား ဟီး ညကလေ ဆေးအရှိန်ကြောင့်အိပ်ပျော်သွားတာရယ် ဟို ပြီးတော့ အခုမနက်နောက်ကျမှနိုးတာလည်း ဆေးအရှိန်ကြောင့်ပါနော် ။ အကြာကြီးစောင့်လိုက်ရရင် တောင်းပန်ပါတယ် ။.."
မျက်နှာရိပ်မျက်နှာကဲ မသိ ပြောချင်ရာတွေပြောနေသည့် ညီမ‌ေတာ်ကို အမြင်ကပ်ကပ်ဖြင့်ထိုင်ကြည့်နေလိုက်သည်။
"ရပါတယ်ကွယ် တို့လဲရောက်တာသိပ်မကြာသေးဘူး ဒီမှာ City Markကနေ မင်းနဲ့တော်မယ်ထင်တာလေးတွေဝယ်လာခဲ့တယ် '
"ဟာ မလိုပါဘူး အစ်မရယ်
ဟန်ကလည်း မပြောပါနဲ့ဆိုတာ ရအောင်ပြောလိုက်သေးတယ် အလကား အစ်မ အလုပ်ရှုပ်အောင်လို့ "
"ရပါတယ် တစ်ကူးတစ်ကကြီးမဟုတ်ပါဘူး တို့လည်းလမ်းကြုံလို့ဝယ်လာခဲ့လိုက်တာ ။"
ဒီတစ်ခါတော့ နေ့ မျက်နှာလေးဟာသိသိသာသာကိုငယ်ကျသွားရသည်။ဒါကို သေချာမြင်လိုက်သည့် ပန်းကမနေနိုင်တော့ဘဲ
"ဪ ယိမ်းရယ် ကိုယ့်ရည်းစားကိုမုန့်ဝယ်လာပေးတာဘဲ နားထောင်ကောင်းအောင်ပြောစမ်းပါဟယ် ဘယ့်နှယ် လမ်းကြုံလို့တဲ့လား..."
"အို မသိတော့ဘူး
တို့ ပြန်တော့မယ် အလုပ်ချိန်ရောက်နေပြီမို့!
ပန်း၏ စကားကြောင့် ရှက်သွားသည့် ယိမ်းဟာ ထရပ်ရင်း ပြန်စကားဆိုလေသည်။
"ဒါဆို တူတူသွားမယ်လေ ယိမ်းရဲ့ "
သွားဟန်ပြင်နေကြသော အစ်မနှစ်ယောက်အား ပြူး‌ကြောင်ကြောင်လေးဖြင့်ထိုင်ကြည့်နေရသည်။
"ဟို နေရော လိုက်ခဲ့မယ်လေ အိမ်မှာတစ်ယောက်တည်းပျင်းလို့ပါ နော်..!
"မရပါဘူး မလိုက်ခဲ့နဲ့ အလှုပ်ရှုပ်တယ်။ဘာမှလည်းလုပ်တတ်တာလည်းမဟုတ်ဘဲနဲ့ နေသော်ရယ် အိမ်မှာဘဲနားနားနေနေ နေစမ်းပါ"..
"အာ မမ ငါနင့်နဲ့လိုက်မယ်ပြောတာမဟုတ်ဘူးလို့ နားညီးလိုက်တာ !!
နေ တစ်ယောက် ခပ်ဆောင့်ဆောင့်လေးအော်ပြောလိုက်သည်။ သူနဲ့ဘယ်တုန်းက လိုက်မယ်ပြောဖူးလို့လဲ ဟွန်း။
‌"ဪ ဒါဆို ယိမ်းနဲ့လိုက်ချင်တာပေါ့လေ ။အေးပေါ့လေ အတွဲတွေကြားဆိုတော့‌လည်း ဝင်မပါတော့ဘူး။ ယိမ်းက ခေါ်ရင်လိုက်သွားပေါ့။ "
"ဒီတစ်ယောက်ကိုခေါ်မှာလား မခေါ်ဘူးလား ယိမ်း ။"
မမ၏ရွဲ့ရွဲ့မေးလိုက်သည့် မေးခွန်းကြောင့် အစ်မဟာ နေ့ကိုကြည့်လာသည်။အစ်မ၏မျက်နှာလေးမှာ အနည်းငယ် စိတ်ရှုပ်သွားသယောင်ရှိသည်မို့ မခေါ်ချင်လောက်ဘူး ဟုတွေးမိတော့ ဝမ်းနည်းလာသည်။ ထို့ကြောင့် မျက်တောင်လေးပုပ်ကလက်ပုပ်ကလပ်ဖြင့် ရပ်နေမိသည်။ခနအကြာမှ
"အွန်းပေါ့လေ အိမ်မှာတစ်ယောက်တည်းပျင်းတယ်ဆိုရင်လည်း လိုက်ခဲ့ပေါ့ ။ဒါပေမယ့် ဟိုမှာကပိုပျင်းစရာကောင်းတယ်ဆိုတာ သိတယ်မလား။"
"ဟုတ် သိပါတယ် ဒါပေမယ့် လိုက်ခဲ့မှာ
အစ်မရှိတော့ ထင်သလောက်လည်းမပြင်းပါဘူး
အနည်းဆုံးတော့အစ်မမျက်နှာလေးကိုမြင်နေရတယ်လေ "
"အမလေး ငါနင့်အစ်မတစ်ယောက်လုံးရှိတာကို မေ့သွားတာလား ပြောရဲဆိုရဲလိုက်တာ ငါ့ညီမလေးအေးလှအေးလှနဲ့မထင်ရဘူး"
မမ၏ စကားကြောင့် နေ့ မျက်နှာလေးဟာရဲခနဲဖြစ်သွားရသည်။ တည်ငြိမ်လွန်းသူကြီးကတော့ ဘာမှမဖြစ်သလိုနဲ့ ရှေ့ကနေသွားနှင့်လေပြီ။
မမက ကားယူသွားမည်ဖြစ်တာကြောင့် နေ ကအစ်မ၏‌ကားပေါ်သို့သာကပ်လိုက်လာရသည်။မမ ကဘွဲ့ရပြီးကတည်းက ဒယ်ဒီ့၏ကုမ္ပဏီကိုဝင်ကူနေတာမို့ နေ တစ်ယောက်သာ အလုပ်မရှိ အကိုင်မရှိဖြစ်နေသည်လေ။ ဪ ဒါနဲ့ နောက်လေးငါးရက်လောက်နေရင်ဘဲ နေတို့ သူငယ်ချင်း‌တစ်စုတွေ ပထမနှစ်တက္ကသိုလ်စတက်‌ရတော့မည်ဖြစ်သည်။ ကျောင်းတစ်ဖက်နဲ့ဆို အစ်မနဲ့တွေ့ရဖို့က မလွယ်တော့တာမို့ မတက်ရခင်လေး ရသလောက် အစ်မ၏အနားသို့ကပ်နေရမည်ဟု တွေးမိလိုက်သည်။
"အိမ့်ဆုနေသော် အိမ့်ဆုနေသော်!!
အတွေးလွန်၍ပြုံးစိစိဖြစ်နေသည့် နေ ဟာလက်ကိုရိုက်လိုက်မှသတိဝင်လာတော့သည်။
"ဟင် ဘာ ဘာလဲ '
"ခါးပတ်ပတ်ထားဆိုကွယ် ပြောနေတာ အခါတစ်ရာလောက်ရှိပြီ !
"အာ ဟုတ် ဟုတ်!
ထိုအခါမှ ခါးပတ်ကိုအမြန်ကောက်ပတ်လိုက်ရသည်။ ဘေးနားကနေ ကားမောင်းနေသည့် အစ်မကို ငေးကြည့်ရင်းသာ ပါလာခဲ့၏ တစ်စတစ်စနှင့်ပြန်သတိရလာသောငယ်ဘဝက ပုံရိပ်တွေ အားမျက်လုံး‌ထဲမြင်ယောင်မိတော့ အခုလိုအခြေအနေကြီးကိုမနှစ်မြို့ပေ။ သူတို့နှစ်ယောက်ဟာ ငယ်ငယ်ကအရမ်းရင်းနှီးခဲ့ကြတာမဟုတ်လား။အခုအခြေအနေနဲ့ကဖြင့် ဆီနဲ့ရေလိုကွာခြားနေလေသည်။
‌နေ့ ဘက်က အစ်မကိုမှတ်မိပြီ ဟုထုတ်ပြောလိုက်ရင်ကော အစ်မတစ်ယောက်ဝမ်းသာသွားမည်လား။ ဒါမှမဟုတ် ဒီလိုအခြေအနေကြီးသာဆက်၍တည်နေအုံးမည်လား မတွေးတတ်ပါ။
ငယ်ငယ်ကတစ်မျိုးလေး ချစ်စရာကောင်းခဲ့ပြီး အရွယ်ရောက်လာတော့လည်း မမဟန်ပန်ဟာတကယ်ကိုလှရက်လွန်း‌ေပသည်။ ငယ်ငယ်က ဂါဝန်လေးတွေအဝတ်များသည့် မမဟန်ပန်ဟာ အရွယ်ရောက်လာချိန်မှာတော့ ဂါဝန်အစားလုံချည်ကိုသာစွဲစွဲမြဲမြဲဝတ်သည်။ ထို့အတူ ပင်ဂိုနှုတ်ခမ်းရဲရဲလေးဟာလည်း လှသလို နီဆွေး‌ဆွေးနှုတ်ခမ်းနီကိုခြယ်သထားတော့လည်း ဆွဲဆောင်မှုရှိလာသည်။ အိုးး ဘယ်‌လိုနေနေကိုလှရက်လွန်းသည့် အမျိုးသမီးရယ်ပါ။
မမဟန်ပန် တဲ့ ‌နေ ငယ်ငယ်ကတစ်တွတ်တွတ်ခေါ်ခဲ့သည့်နာမ်စားလေး။သို့သော် အခုချိန်မှာတော့ ဒီနာမ်စားကိုခနလောက်မေ့ထားအုံးမည်။ ဘာလို့ဆို ညီမဇုန်ထဲသို့ပြန်‌ေ‌ေ၍မဝင်ချင်ပါ။ ခနလောက် တော့စိမ်း‌ေနကြပြီး တစ်‌ဖြည်းဖြည်းချင်းပြန်ရင်းနှီးလာကြရအောင်ပါ။ နေ့ ဘက်ကတစ်လှမ်းချင်းဆီ ရှေ့တိုးလာပေးမှာမို့ အစ်မ ဘက်ကဒီတိုင်းလေးဘဲရပ်နေပေးပါ။
*************
"ပျင်းလိုက်တာဟယ် ။ငါလေး ပျင်းလွန်းလို့သေတော့မယ်။"
"အေးဟယ် နေပူပူနဲ့ဘီယာလေးသောက်ရရင် ရှယ်ဘဲ ။ဒါနဲ့ တိမ်လွှာ နင်ကဘာလုပ်နေတာတုန်း ၊မျက်မှန်ကြီးတပ်လို့..."
ဖုန်းထဲကနေတောင်စကားတွေ ဆူညံအောင်အားရပါးရပြောနေကြသည့် သူ၏သူငယ်လေးတွေအားထိုင်သာကြည့်နေလိုက်သည်။မတွေ့ရတာမှ နှစ်ရက်လောက်ဘဲရှိသေးတာကို ပြောမကုန်နိုင်အောင်တွတ်ထိုးကြတော့သည်။
"ဝတ္တုဖတ်နေတာလေ ဖုန်းလာတာနဲ့တစ်လက်စတည်းမို့ မချွတ်တော့တာ.."
"ဪ ။ ဒါနဲ့ ဘယ်မှမသွားကြဘူးလား ငါလေးကတော့ မာမီနှင့်စိတ်‌ေကာက်ပြီးအိမ်မှာအတွင်းအောင်းနေရတယ်ဟယ် "
"ဘာလို့တုန်း"
"သူ့ကြောင်မ ကို ငါ့သားလေးbannက ချစ်လို့တစ်ချက်ကိုက်မိတာကို အရမ်းတွေစိတ်ဆိုးပြနေတာလေ ။ပြီးတော့ ရှိသေးတယ် ၊ငါနဲ့ငါ့သားကိုအိမ်ပေါ်ကနှင်ချတယ်။
မဲ့ရွဲ့ကာ ပြောနေသည့် ဖူးခတ် ၏ပုံစံဟာရယ်ချင်စရာကောင်းလှသည်။
"အမလေးဟယ် နင့်ခွေးရဲ့ချစ်ပုံကလည်း ကြောက်စရာကြီး ။ကြောင်လေးဘယ်လိုဖြစ်သွားမလဲမသိဘူး။ သနားပါတယ်'
"ဟဲ့ ငါ့ခွေးမဟုတ်ဘူး ငါ့သား လို့ဘယ်နှစ်ခါပြောရမှာလဲ ။ ကိုက်မိတာကလည်း ချစ်စနိုးတဲ့ကိုက်မိတာပါဟယ်။ သိပ်မများဘူး ထိပ်ကလေးဘဲပေါက်သွားတာ""
အမလေးလေး ထိပ်ကလေးဘဲပေါက်သွားတာတဲ့ ။
"ဟဲ့  နင်အိမ့်ဆုနေသော်မှ‌ဟုတ်ရဲ့လား ငြိမ်နေတာသူမဟုတ်တဲ့အတိုင်း"
ဖုန်းကြီးကိုင်ကာ တစ်ခွန်းမှဝင်မပြောသည့် နေ့ ကိုဖူးခတ်မကဟောက်တော့သည်။
အလုပ်လုပ်နေသည့် အစ်မ နှင့် နေ ဟာမလှမ်းမကမ်းမှာ ထိုင်နေသည်မို့ အာရုံပျက်သွားမှာစိုး၍ဘာမှဝင်မပြောဖြစ်ပေ။ ပြီးတော့ သူတို့၏ဗရုတ်ကျသည့်စကားရိုင်းရိုင်းစိုင်းစိုင်းတွေကိုလည်း အစ်မ ကြားသွားမှာစိုး၏
ဖုန်းအနားသို့ကပ်‌‌ေအာ်ကာ နေ့ အားလက်ညိုးတစ်ထိုးထိုးနဲ့ဟောက်စားနေသည့် ဖူးခက်မကြောင့် စပီကာ အနည်းငယ်ချဲ့လိုက်သည်။
"ဟဲ့ နင်ကဘယ်မှာရောက်နေတာတုန်း နင့်အခန်းလည်းမဟုတ်ပါလား ။ ဘာလဲ ငါတို့ကိုပလစ်ပြီး အပြင်တွေဘာတွေသွားနေတာ‌ပြီပေါ့လေ။"
နေ ပြုံးစိစိဖြင့် ဖုန်းလေးအား ကိုင်ထားရင်း ကိုယ်လေးအနည်းငယ်စောင်းလိုက်၏ ထိုအခါ နေ့ ဟအနောက်မှအလုပ်ရှုပ်နေသော အစ်မ၏ပုံစံလေးဟာကပ်ပါလာလေသည်။
ဒါကိုမြင်သွားသည့် သက်ငုံ့ဖူးကပြုံးစိစိဖြင့်
"အံမယ် ကောင်မ အတော်ဖြစ်နေတယ်ပေါ့လေ ဒါကြောင့် ဒင်းကအသံမထွက်ရဲတာကို ဟားဟားး"
"ဟဲ့ တိုးတိုးပြောပါဟ အစ်မ ကြားသွားအုံးမယ်"
အံ့ကြိတ်၍ အသံကိုအနည်းငယ်တိုးကာ ပြောမိသည်။ ဒါကိုပင် ဒင်းတို့က ဘာလိုထင်သွားကြသည်မသိဘဲ ပြုံးစိစိဖြင့်။
"ဘာလဲ ။ယူတောင်မယူရသေးဘူး အခုကတည်းကကြောက်နေရပြီလား ။အိမ့်ဆုနေသော်တို့များနော် ။အရင်က သူမဟုတ်တဲ့အတိုင်းဘဲ။အချေမယ်တော်ကြီးက။"
သက်ငုံဖူး၏ ချဉ်တင်တင်မျက်နှာဖေးနှင့်ဆိုလာသည့် စကားကို ဟန်ကဂုဏ်ဆာသည့်လေသံနှင့်ထောက်ခံသည်။
"ဟား ဒါဘဲလေ ငါ့အစ်မက ဟိတ်ဆိုဟိတ် တိတ်ဆိုတိတ်မယ့်ကောင်မ ။"
"ဘာဖြစ်လဲ ချစ်....!အဟမ်း !!
ချစ်တာကိုး လို့ပြောမလို့ရှိသေး မျက်ထဲမှ ပေါ်လာသည့် ပုံရိပ်လေးဟာဖြတ်ကနဲလှမ်းကြည့်သည်မို့ ဆက်မပြောနိုင်တော့ဘဲ ဖုန်းကိုတီကနဲမည်အောင်ဖြတ်ချလိုက်ရသည်။
ထို့နောက် ဘာလုပ်လို့လုပ်ရမှန်းမသိဘဲပျင်းပျင်းနဲ့အစ်မ၏ရုံးခန်းလေးဆီသို့သာဝေ့ဝဲကြည့်မိပါသည်။ အဖြူရောင်တွေချည်းသာ ဆင်ယဥ်ထားသည့်အခန်း ၊ ပန်းအိုးကအစ ၊ အစ်မ ကြည့်နေသည့်laptop၊ ပရိဘောဂပစ္စည်း အိုအကုန်အကုန် အဖြူရောင်တွေချည်းသာ။ ဟော ဆေးခြယ်ထားသည့် နံရံမှာလည်းအဖြူရောင်သာ။ ကုမ္ပဏီတစ်ခုလုံးကို ဆေးအပြာရောင်ခြယ်ထားပေမယ့်လို့ အစ်မ၏ရုံခန်းလေးထဲမှာ အဖြူရောင်လေးသာဖြစ်နေသည်။ အစ်မ ဟာသီးသန့်ဆန်သည်ဘဲ ဟု စိတ်ထဲမှတွေးမိလိုက်သည်။
ဟိုဟိုဒီဒီလျှောက်ကြည့်ရင်းပင် နေ တစ်ယောက်ထိုင်နေတာကြာပြီဖြစ်၍ ညောင်းကညောင်း ပျင်းလာတာကြောင့်ပါ အစ်မ ကိုတစ်ချက်လှမ်းကြည့်မိသည်။ အစ်မဟာ သူ့အာရုံနှင့်သူမို့ သူ့laptopကိုသာသဲကြီးမဲကြီးကြည့်နေသည်မို့ ငိုချင်သွားရသည်။
ထိုစဉ် အပြင်ဘက်မှ တံခါးခေါက်လာသူကြောင့် ငြိမ်နေလိုက်ရပြန်ပါသည်။ အစ်မ၏ ဝင်လာခဲ့ ဟုအသံသည် တည်ကြည်၍ရှိန်စရာအတိဖြစ်နေသည်။နေ့ မှာရိတွဲစွာထိုင်ရင်းမှပင် ထိုအသံကြောင့် ကျောဟာမတ်ကနဲ။
လက်ထဲမှကိုင်ဆောင်လာသော စားစရာတွေကြောင့် နေ သထွေးပင်မြိုချမိသည်။ မုန့်သွားဝယ်ပေးတဲ့သူက သက်သက်တောင်ရှိပါလား ဟုတွေးမိလိုက်ပါ၏ ထိုကောင်မလေး အခန်းထဲဝင်လာသည်နှင့် ခေါက်ဆွဲကြော်၏ အနံ့မွှေးမွှေးလေးဟာ ‌နှာခေါင်းအတွင်းသို့မွှန်ထူသွားလေသည်။ အိုး အစ်မရဲ့ရုံးခန်းထဲက ပန်းကန်ခွက်ယောက်တွေပါ ရှိနေသည်ဘဲ ။ ထူးဆန်းတယ် ၊အစ်မဟာလေ တစ်ကယ်ကိုဘဲ ။
အလုံပိတ်ထားသည့် ထိုဗီရိုထဲမှစားရင်းဇယားတွေသာ ထည့်သိမ်းထားသည့်အထင်မှာမှားယွင်းသွားခဲ့သည်။
နေ့ ၏အရှေ့မှာရှိတဲ့စားပွဲပေါ်သို့ စားစရာတွေအား ပြင်ဆင်ပေးနေသည်မို့ စားချင်စိတ်တို့ကတစ်ဖွားဖွားပင်။ လျာ ခနခနသပ်ရလွန်းလို့လည်း နှုမ်းခမ်းတွေတောင်ပိုခြောက်လာရသည်။
"မမယိမ်း ပြီးပါပြီရှင့်"
"ဟုတ်ပြီ နှောင်း ဒါဆို အလုပ်ပြန်သွားလုပ်တော့ကွယ် "
ထိုကောင်မလေးထွက်သွားသည်နှင့် အစ်မ ဟာ laptopကိုပိတ်ကာ နေ့ ၏မျက်နှာချင်းဆိုင်ဝင်ထိုင်သည်။
"ဟီးဟီး ..."
နေ့ အပိုးမ‌ေသစွာရယ်လိုက်တာကြောင့်မျက်ခုံးပင့်၍မေးလာသည့် အစ်မ။
"ဘာရယ်တာလဲ "
"နေ့ ရောစားလို့ရတယ်မလားဟင် "
"မရဘူး "
"ဟင် '
"မလိုအပ်တဲ့စကားတွေမေးနေလို့ အမြင်ကပ်လို့ မရဘူးပြောတာ ။စားစရာရှိတာ စား။"
ထိုအခါမှ ပြိုတော့မယောင်ညိုသွားသည့်မျက်လုံးလေးတွေဟာ အရောင်တောက်လာခဲ့သည်။
"ဗီရိုထဲက ပန်းကန်ခွက်ယောက်တွေကိုမြင်တော့ မင်းအံ့ဩသွားတယ်မလား။ ဘာရယ်တော့မဟုတ်ပါဘူးကွယ်။ တို့သူငယ်ချင်းတွေကြောင့် ဆောင်ထားဖြစ်တာရယ် ။ '
ထိုစကားကိုကြားတော့ အစ်မက သူ့ငယ်ချင်းတွေကိုအရမ်းတွယ်တာဘဲဟု တွေးမိလိုက်သည်။ ဘာလို့ဆို အစ်မ၏ရုံးခန်းထဲ မဝင်ခင် ကပ်ထားသည့်မိတ်တူစာရွက်လေးမှာ ကုမ္ပဏီသို့အစားအသောက်မသယ်လာရ ဟူသော ကတ်ပြားလေးပင်ဖြစ်သည်။
နေ ရှေ့ကခေါက်ဆွဲကြော်ပန်းကန်ထဲသို့လက်လှမ်းလိုက်တော့ အစ်မ တစ်ယောက်ပျာပျာကလဲလဲဖြင့် နေ့ လက်အားရပ်တန့်စေသည်။
"အိုး အဲ့တာမင်းအတွက်မဟုတ်ဘူး
ဒီမှာ နေမကောင်းတဲ့လူကခေါက်ဆွဲကြော်စားမယ်ပေါ့လေ ကြေးအိုးဘဲစား ။ကြိုက်တယ်မလား ။"
ခေါက်ဆွဲကြော်ပန်းကန်ကို လက်လှမ်းနေသည့် သူကြောင့် ယိိမ်းအမြန်တားလိုက်ရသည်။ ဒင်းလေးဟာလေ ၊ ကိုယ့်ကိုယ်ကိုနေမကောင်းဖြစ်နေတာကိုဘဲ သတိရသေးရဲ့လားမသိ။ ယိမ်း ငေါက်လိုက်တော့ လှမ်းနေသည့်လက်လေးဟာပြန်ရုတ်သွားသလို မျက်နှာလေးဖြင့်ကြည့်လာပြန်သည်။
"ဟုတ် ကြိုက်ပေမယ့် ခုကခေါက်ဆွဲကြော်ဘဲ စားချင်‌‌ေနလို့ "
"အိမ့်ဆုနေသော် "
"ဟုတ် ကြေးအိုးဘဲစားမယ်လို့ ဟင့် "
ယိမ်း ခပ်‌ဆတ်ဆတ်လေးအော်လိုက်တော့ ချက်ချင်း မျက်ရည်တွေရစ်သိုင်းလာကာ ငိုတော့သည်။ ရိုက်သံသဲ့သဲ့ဖြင့် ခေါင်းငုံ့ကာ မျက်ရည်တွေကျနေသည့် ကလေးမ ကို ကြည့်ရင်း ယိမ်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားသည်။
"အို ဘာလို့နေရတာလဲကွယ် ။ အဲ့လောက်တောင် ခေါက်ဆွဲကြော် အရမ်းစားချင်နေရလား ။နေမကောင်းသေးလို့ တားနေတာ ။မဟုတ်ရင် မတားဘူး။"
"ဟင့် အစ်မကအော်တာကိုး။ ဒီတိုင်း ကောင်းကောင်းပြောလည်းရတာကို ဟင့် ။ခေါက်ဆွဲကြော် မစားရလို့ငိုတာမဟုတ်ဘူး ။ အစ်မ အော်လို့ငိုတာ ။"
ထိုအခါမှ အစ်မဟာ စိတ်မကောင်းဖြစ်သွားဟန်ပေါ်ပါသည်။
"ဟို မရည်ရွယ်ပါဘူး။ ရုတ်တစ်ရက်ဆိုတော့လေ....ဟို ကောင်းစေချင်လို့ အော်မိသလိုဖြစ်သွားတာပါကွယ် တိတ်ပါတော့ ငိုရအောင်ကလေးလား။"
"ခုမှ ဆယ့်ရှစ်နှစ်ဘဲရှိသေးတာ ကလေးဘဲပေါ့!!
ငိုနေရက်နှင့်ပင် ယိမ်းအား ပြန်၍ရန်စွာနေသည့် ကလေးမကြောင့် ရယ်လည်းရယ်ချင်သည်။
ဒါနဲ့များ ယိမ်းကိုတာဝန်ယူချင်သတဲ့။ ဒီအကောင်းသေးသေးလေးကလေ။
မနေနိုင်စွာ တစ်ချက်ရယ်ချမိလိုက်တော့ သူ့ကိုလှောင်ပါတယ်ဆိုပြီး ပို၍ပင်ငိုပါတော့သည်။
" မင်းအခုလို ဆက်ငိုနေအုံးမယ်ဆိုရင် နောက်တစ်ခါ လိုက်မလာနဲ့တော့ကွယ်။ ခေါ်လဲမခေါ်တော့ဘူး'
ယိမ်း စိတ်မရှည်သလိုဖြင့် ပြောလိုက်တော့ အရှေ့ကကလေးက ချက်ချင်းပင် တိတ်သွားပါသည်။
"တောင်းပန်ပါတယ် ။ နေမကောင်းဖြစ်နေတဲ့အချိန်တွေ‌ဆို အားငယ်တတ်လို့မျက်ရည်ကျမိတာ။ အစ်မ စိတ်ရှုပ်သွားရတယ်ဆိုရင် ထပ်ပြီးတောင်းပန်ပါတယ်။"
တိုးဖျော့ဖျော့အသံနှင့် ပြောလာသည့်စကားကိုကြားတော့ အလိုအလျောက်သနားစိတ်ကဝင်လာသည်။ ငိုထားသည့် အရှိန်ကြောင့် မျက်လုံးတွေမို့ကာ နှာထိပ်ကလေးမှာလည်း ရဲနေ၏ တစ်ကယ်ဆို ယိမ်းပြောလိုက်သည့်အသံဟာ သာမာန်ပြောဆိုနေကြထက် အနည်းငယ်လေးသာ မာသွားသယောင်ရှိသည်။ဒါလေးကိုပင် ဒီလောက်တောင်ဝမ်းနည်းသွားရတာလား ဟု တွေးမိပါသည်။
"ကဲပါကွယ် ။ အစာစားမယ့်ချိန်မှာ တို့တွေစကားမများသင့်ဘူး ။ စားးရာရှိတာစားတော့ ဟုတ်ပြီလား။"
ယိမ်း၏အသံလေးမှာ ခုနကလေသံနှင့်မတူဘဲ နူးညံ့သည့်ဘက်သို့ပြောင်းသွားသည်။ ဒါကိုပင် ထိုကလေးမဟာ ကျေနပ်သွားသည်ထင်၏ခေါင်းပင်မဖော်နိုင်အောင် ငုံ့စားနေသည့် ကလေးမ ကိုကြည့်ရင်း စိတ်မကောင်းဖြစ်ရလွန်း၍ ယိမ်း ခေါက်ဆွဲကြော်ပင် မစားနိုင်တော့ပါ။ ထို့ကြောင့် ခေါက်ဆွဲကြော် ပန်းကန်အားကိုင်ကာ ဗီရိုထဲသို့ သွားထားလိုက်သည်။ ခေါက်ဆွဲကြော်စားချင်နေသည့်  ထိုကလေးမရှေ့မှာ စားပြလိုက်လျှင် သူပါရော၍စားချင်နေလိမ့်မည်။ ထို့ကြောင့် ယိမ်း မစားဖို့ရာတွေးမိပါသည်။ ဒါကိုတော့ ထိုကလေးမ တစ်ယောက်သိမည်မဟုတ်ပါ။
ယိမ်း၏အပြုအမူကြောင့် မျက်လုံးပြူးလေးဖြင့် ကြည့်လာသည့် အနှီးကလေးမ။
"အစ်မ ဘာပြုလို့မစားတော့တာလဲဟင် "
"ဒီတိုင်းဘဲ ။ဗိုက်မဆာလို့ပါကွယ် ။ ကြေးအိုးကခံတွင်းတွေ့ရဲ့လား။"
"ဟီး ဗိုက်ဆာလို့သာစားနေတာ ။တကယ်တော့ အရသာသိပ်ပြီးမခံစားမိဘူးရယ်။"
ခပ်ပြုံးပြုံးပြန်ဖြေလာသည့် သူအားယိမ်း တစ်ချက်ငေးမိသွားသည်။
ငယ်ငယ်ကတည်းက ရင်းနှီးလာသည့် ကလေးမလေးဟာယိမ်းကိုမမှတ်မိဘူးတဲ့လေ
သူ့အတွက်တော့ ယိမ်းဟာသူစိတ်တစ်ယောက်လို ဖြစ်‌ေနမှာဆိုပေမယ့် ယိမ်းအတွက်ကတော့ စိမ်းမနေခဲ့ပါ။ရယ်လိုက်ရင် မှိတ်ချသွားသည့် မျက်လုံးကွေးကွေးလေးတွေဟာ ‌အခုချိန်ထိ မပြောင်းလဲသွားသလို ၊ ကလေးဆန်သည့်အပြုအမှုတွေဟာလည်းတစ်စက်ကလေးမှလျော့မသွားသေးချေ။
မမှတ်မိဘူးဟု ဆိုသည့်အတွက်ကြောင့်သာ စိမ်းကားနေရခြင်းဖြစ်သည်။တစ်ကယ်ဆို ယိမ်းနဲ့သူနဲ့ကြားမှာ ဒီလောက်ထိစိမ်းမနေသင့်ပါ။ ငယ်ငယ်က သိပ်ရင်းနှီးခဲ့ကြသည်မဟုတ်လား။ သူ့အစ်မအရင်းထက်တောင် ယိမ်း ကိုပို၍တွယ်တာသော ကလေးမလေးကို ယိမ်းလည်း သံယောဇဉ်ရှိပါသည်။
ယိမ်း ဆယ်တန်းစာမေးပွဲအတွက်နှင့် အလုပ်ရှုပ်နေရသည့် နှစ်ကစ၍ သူတို့ကြားမှာ အစိမ်းရောင်ဆိုသည့်မျဉ်းကြီးခြားသွားခြင်းဖြစ်သည်။ငယ်ငယ်ကလိုသူ့နဲ့ မကစားနိုင်တော့သလို သူနဲ့ရန်ဖြစ်ဖို့အချိန်လည်းမရှိအားတော့ချေ။ အို ပြောရရင် တွေ့ကိုမတွေ့ရတော့တာပါ။ တစ်ခါတစ်လေ ယိမ်း အားလို့ လိုက်လည်လျှင်တောင်မှ‌ ကျောင်းတက်နေပြီဖြစ်တဲ့ သူနဲ့ကမတွေ့ရသည်က များများမဟုတ်လား။ သို့ပေမယ့် ယိမ်း သူ့ကိုခင်ပါသည်။ ကိုယ့်မောင်လေးနှင့်တန်းတူချစ်သည်။ မှတ်မှတ်ရရ ပြန်‌ေတွ့ရသည့် နေ့ဟာ ယိမ်း၏မွေးနေ့မှာပင်ဖြစ်သည်။ မူးရှုးကာ  ယိမ်း၏မွေးနေ့ပွဲသို့‌ေရာက်လာသည့်ကလေးမကိုဆူလိုက်ချင်သော်လည်း မလုပ်ခဲ့ပါ။ မတွေ့တာကြာတော့ အနည်းငယ်တော့ စိမ်းသွားသည်မဟုတ်ပါလား။
မူးနေလို့ မမှတ်မိတာဟု ခပ်ချဉ်ချဥ်ထင်လိုက်ပေမယ့် အမူးပြေလာတော့လည်း သူဟာသူစိမ်းတစ်ယောက်လိုသာ ဆက်ဆံသည်။ ယိမ်း နားမလည်ခဲ့သော်လည်း မာနကြောင့် ရော၍မသိသလိုနေခဲ့ခြင်းသာဖြစ်သည်။
**************
4.2.2023
𝒯𝒽𝓌𝒶𝓎64
9.35AM
      ကြိုးစားပါအုံးမည်။အပိုင်း(17)မျှော်
______________________
Zawgyi
အချစ်၏ဟန်ပန်
အပိုင်း(၁၆)
"အင်း ညကဟန်လေးဖုနျးဆကျပွောမှသိရတာ "
"အေးနော် ဟုတ်သား !
"ဒါနဲ့လေ ယိမ်း ဝင့်လွှာကိစ္စလေ နင်မသိသေးဘူးမလား"
"ဟုတ်ရဲ့လား ယူရယ် ...။"
တို႔ဝင့္လႊာအေပါ်မှာသူငယ်ချင်းကောင်းမပီသခဲ့ဘူးဘဲ.."
မျက်နှာရိပ်မျက်နှာကဲ မသိ ပြောချင်ရာတွေပြောနေသည့် ညီမတျောကို အမြင်ကပ်ကပ်ဖြင့်ထိုင်ကြည့်နေလိုက်သည်။
"ဟာ မလိုပါဘူး အစ်မရယ်
"အို မသိတော့ဘူး
"ဟင် ဘာ ဘာလဲ '
"အာ ဟုတ် ဟုတ်!
*************
"ဘာလို့တုန်း"
ဖုန်းအနားသို့ကပ်အျောကာ နေ့ အားလက်ညိုးတစ်ထိုးထိုးနဲ့ဟောက်စားနေသည့် ဖူးခက်မကြောင့် စပီကာ အနည်းငယ်ချဲ့လိုက်သည်။
"ဘာဖြစ်လဲ ချစ်....!အဟမ်း !!
"ဟီးဟီး ..."
နေ့ အပိုးမေသစွာရယ်လိုက်တာကြောင့်မျက်ခုံးပင့်၍မေးလာသည့် အစ္မ။
"ဘာရယ္တာလဲ "
"မရဘူး "
"ဟင် '
"ဟုတ် ကြိုက်ပေမယ့် ခုကခေါက်ဆွဲကြော်ဘဲ စားချင်နေလို့ "
"အိမ့်ဆုနေသော် "
**************
4.2.2023
      ကြိုးစားပါအုံးမည်။အပိုင်း(၁၇)မျှော်
Continue Reading
You'll Also Like
300K 6.9K 60
Kami berdua hanyalah manusia biasa, pendosa yang tidak punya pilihan selain bertahan dengan harapan kebahagiaan.. Ini adalah kisah hidup, yang sulit...
627K 32.6K 40
Jeon Jungkook:Yeoja Kim Taehyung:Namja Jeon jungkook yeoja nerd yang memiliki paras cantik dan juga imut,yang selalu dibuli oleh teman-temannya karen...
8.7M 149K 197
Ada berjuta baris kata yang tak mampu untuk bibir ucapkan namun masih mampu dirangkai oleh jemari. Aku biarkan diriku bersahabat dengan kertas dan pe...
53.4K 11.1K 163
// 𝐁𝐮𝐤𝐚𝐧 𝐦𝐞𝐧𝐲𝐞𝐫𝐚𝐡 𝐩𝐚𝐝𝐚 𝐤𝐞𝐚𝐝𝐚𝐚𝐧, 𝐚𝐤𝐮 𝐡𝐚𝐧𝐲𝐚 𝐦𝐞𝐧𝐠𝐚𝐤𝐡𝐢𝐫𝐢 𝐬𝐞𝐛𝐮𝐚𝐡 𝐤𝐞𝐭𝐢𝐝𝐚𝐤𝐩𝐚𝐬𝐭𝐢𝐚𝐚𝐧 // (𝐡𝐚𝐩...