"အဟင်းးး ဟင်းးးး ...!
"ဟွန့် မမဟန်ပန်နော် မီးဖို့မုန့်တွေဝယ်မလာဘူးပေါ့လေ သွား ခေါ်တော့ဝူး"
နှုမ်ခမ်းလေးဆူကာ တစ်ဖက်သို့လှည့်ပြီးစိတ်ကောက်ပြနေသည့် ငါးနှစ်ရွယ်ကလေးမလေး။ခပ်သေးသေးအကျီလေးနှင့် ဒူးလောက်သာဂါဝန်လေးအားတွဲဖတ်ဝတ်ဆင်ထားပြီး ထိပ်ကလေးမှာ ကြက်တောင်စည်းလေးနှင့်ချစ်စရာလေးဖြစ်ေနေသည်။ အိမ်က ဧည့်သည်အား အထဲဝင်တောင်မခေါ်ဘဲ အလိုမကျစွာစိတ်ကောက်နေလေ၏
"အိုး မမကမမေ့ပါဘူးကွယ် ရှင့်ကစားဖော်က တစ်လှမ်းလုံး စားလိုက်လာတာလေ ဒီရောက်တော့ကုန်ပြီပေါ့"
ယိမ်းက ပြုံးစစနှင့် ဘေးမှာရပ်နေသည့် မောင်ဖြစ်သူအား မေးငေါ့၍ပြောလိုက်တော့ ချက်ချင်း သူ့ဆီသို့အကြည့်ရောက်သွားတော့သည်။ ထိုအခါ မောင်လေးက မျက်နှာလေးငယ်သွားကာ ပျာပျာသလဲလဲဖြင့်...
"ဟာ မမနော် သားနဲ့ရန်လာတိုက်မပေးနဲ့ သားက သားအတွက်ဝယ်ခဲ့တာထင်လို့ ယူစားမိတာကို..."
"ဟွန်း မခေါ်တော့ဘူး နင့်ကို သွား ငါ့နဲ့လာမကစားနဲ့ ..."
နှုတ်ခမ်းကြီးထော်ကာကော့တော့တော့နှင့် အိမ်ထဲဝင်သွားသည့် ကလေးမရယ်ပါ။ မောင်လေးဖြစ်သူကတော့ ငိုမဲ့မဲ့လေး ယိမ်းဘေးမှာ ကျန်နေခဲ့ရှာသည်။
"ဟင့် မမနေသော်က သားနဲ့မကစားတော့ဘူး သားကိုလည်းမခေါ်တော့ဘူး ဟင့် ဟင့်"
"မငိုရဘူးလေ မောင်လေးရဲ့ မမကစလိုက်တာပါ ကားထဲမှာမုန့်တွေအများကြီးကျန်သေးတာဘဲ သွား အသေးလေးဆီယူသွားပြီးချော့လိုက် ...မမ သူငယ်ချင်းတွေနဲ့ စာသွားလုပ်လိုက်အုံးမယ်နော် ။
"ဟီးဟီး ဟုတ်ကဲ့ မမ"
ခုန်ပေါက်ကာ ရယ်မြူးရင်းပြေးသွားသည့် မောင်လေးအား ရပ်ကြည့်နေမိတော့သည်။
"ဟင်းးး ဟင်းးးး ဟင်းးး "
"ညီမလေး နေမကောင်းဘူးလား နေနေ ဟဲ့ နေနေရေ ...."
ပန်း တစ်ရေးနိုးရေထသောက်တော့ အခန်းတံခါးမပိတ်ထားဘဲ အိပ်နေသောညီမဖြစ်သူကြောင့်ပိတ်ပေးရန် လက်လှမ်းမိစဉ်မှာပင်
တစ်ဟင်းဟင်းနှင့် ငြီးသံကို ကြားလိုက်ရသည်။ချွေးတွေ ရွဲနစ်ကာ ခိုက်ခိုက်တုန်အောင်ချမ်းနေသည့် ညီမဖြစ်သူဟာ အဖျားတွေတက်နေလေရဲ့။ အချိန်ကိုကြည့်လိုက်တော့ ညတစ်နာရီပင်ရှိနှင့်ပြီ။ဒီအချိန် ဆရာဝန်ကိုပင့်ရအောင်ကလည်း မဖြစ်နိုင်။ မာမီတို့ကို သွားနိုးရအောင်လည်း ဒုက္ခမပေးချင်။
ဟင်းးး မတတ်နိုင် ။ငါလေးတော့ အိပ်ရေးပျက်တော့မည်။
သက်ပြင်းချလိုက်ရင်း မီးဖိုခန်းဆီသို့ဦးတည်လိုက်ရသည်။
**********
နေ နိုးလာတော့ နဖူးပေါ်ကစိုစိစိအထိအတွေ့ကိုဦးဆုံးခံစားမိလိုက်သည်။ ပုံမှန်ထက်ပူနေဟန်ရှိသော ခန္ဓာကိုယ်နှင့် ထိုးကိုက်နေသော ခေါင်းကြောင့် ကိုယ့်ကိုယ်ကိုဖျားနေသည်မှန်း သိလိုက်သည်။ ထိုစဉ် ဘေးမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော မမ ကိုမြင်ရ၏ မနက်၆နာရီလောက်ဆို နိုးနေကျဖြစ်သည့်မမဟာ ၇နာရီခွဲပြီးသည်ထိ အိပ်လို့ကောင်းနေဆဲဆိုတော့ နေ့ ကြောင့်ပင်ပန်းရပြန်ပြီဘဲ ဟုတွေးမိလိုက်ရင်း စိတ်မကောင်းဖြစ်ရပြန်သည်။
နေ့ လက်အားဖိ၍အိပ်နေသော မမကြောင့် လက်ကထုံ၍ကျင်နေသည်။ နိုးသွားမှာ စိုးမိပေမယ့်လည်း လက်ကမနေနိုင်။ ဖွဖွလေး ထုတ်မိသော်လည်း အိပ်ရေးဆက်သော မမဟာနိုးလာခဲ့လေပြီ။
"ဟင်းး ညီမလေး နေနေ နိုးပြီလား ဘယ်လိုနေသေးလဲ သက်သာရဲ့လား"
အတင်းကုန်းထကာ အိပ်မှုန်စုတ်ဖွားဖြင့် တရတ်ဆက်မေးလာသည်မို့
"ဟုတ် မမ သက်သာပါတယ် "
"ခေါင်းတွေဘာတွေကော မူးတာ ကိုက်တာတွေဖြစ်သေးလား"?
အကြောင်းသိနေသည့် မမ ဟာစိတ်ပူစွာမေးလာပြန်ပါသည်။နေမကောင်းဖြစ်တိုင်း ခေါင်းကိုက် ခေါင်းမူးရတာချည်းဘဲလေ။ အအေးမိ၍ဖျားလျှင်တောင် ခေါင်းတွေဟာအနည်းငယ်မူးဝေတတ်သည်။
"ဟို နည်းနည်းတော့ ကိုက်တယ် မမ!
"ဒါဆို မဖြစ်ဘူး Family doctorကိုဖုန်းဆက်ပင့်မှပါ ခနလှဲနေရစ်အုံး ညီမလေး မမ ဖုန်းသွားဆက်လိုက်အုံးမယ်နော်'
အိပ်ယာပေါ်မှ ထကာအခန်းအပြင်သို့ ထွက်သွားသည့် မမ အားကြည့်ရင်း နွေးထွေးရပါသည်။မမနဲ့က မတည့်တဲ့အချိန်တွေကများသည်ဆိုပေမယ့် အခုလိုအချိန်တွေဆိုလျှင် မမဟာ နူးညံ့စွာ ပြောဆိုဆက်ဆံတတ်သည်။ ခါတိုင်းဆို နေသော် ဟုဆောင့်အောင့်အောင့်ခေါ်တတ်သော မမ ဟာ အခုတော့ဖြင့် နေနေ ညီမလေးတဲ့လေ။
မမ အကြောင်းတွေးရင်း စိတ်တွေဟာ ညကအိမ်မက်တွေဆီသို့ပြန်ရောက်သွားခဲ့သည်။
အိမ်မက်ထဲက ကောင်ကလေးပေါက်စဟာဘုန်းထက်ဟန်ပန်ဖြစ်ပြီး လူကြီးပေါက်စမိန်းမပျိုလေးကတော့ အစ်မ ယိမ်းနွဲ့ဟန်ပန်ဖြစ်လိမ့်မည်။ အိမ်မက်ထဲမှာ အစ်မဟာ အဝါရောင်ဂါဝန်လေးနှင့် သိပ်ကိုချစ်စရာကောင်းလှသည်။ပုခုံးကျော်ကျော်လောက်ထိချထားသည့်ဆံပင်တွေကို မြင်ယောင်မိတော့ အစ်မဟာ ငယ်စဉ်ကတည်းက ဆံပင်ရှည်ထားခဲ့သည်ထင်၏ မြင်လိုက်ရသည့် ရင်နှီးသည့်ပုံရိပ်တွေဟာ နေ့ ငယ်ဘဝအကြောင်းအရာေတွဖြစ်လိမ့်မည်။ဒါဆို နေ ကဘာလို့မမှတ်မိရတာလဲ ။သူငယ်ချင်းတွေနဲ့ ငယ်ငယ်က အကြောင်းေပြာကြမယ်လို့ စကားဝိုင်းဖွဲ့ကြတိုင်း နေ့ မှာဘာမှပြောစရာမရှိနေပေ။ နေ ရှစ်တန်းနှစ်လောက်ကဖြစ်မည်။ စဉ်းစားရင်းပင် ခေါင်းတွေထိုးကိုက်လာတာကြောင့် နားထင်ကိုလက်ဖြင့်ဖိကာ အသာပြန်လှဲလိုက်ရ၏
*********
ပန်း တစ်ယောက် ဒေါက်တာ့ဆီဖုန်းဆက်အပြီး ဗိုက်ဆာလာသည်မို့ထမင်းစားခန်းထဲသို့ဝင်လာခဲ့သည်။ ညက အိပ်ရေးပျက်ထားသည်ကတစ်ကြောင်းမို့ မျက်နှာလေးဟာမရွှင်မလန်း။ ဆံပင်တွေကိုပင် အသေချာပင်မဖီးလိမ်းနိုင်တော့ဘဲ ကပိုဂရိုသာဖြစ်သလိုစည်းထားခဲ့ေတာ့သည်။
"သမီးကြီး အငယ်လေး သက်သာရဲ့လားကွယ် မနက်စာဆင်းမစားကြလို့ မာမီစိတ်ပူပြီး လာကြည့်တော့မှ အငယ်လေးနေမကောင်းဖြစ်မှန်းသိရတာ အဲ့တာကြောင့် မနိုးတော့တာကွယ် သမီးဒယ်ဒီကတော့ အလုပ်တောင်သွားနှင့်ပြီရယ် ..."
ပန်းအား မြင်တော့ မာမီက ချက်ပြုတ်နေရင်းမှ စိတ်ပူစွာမေးလာသည်။
"ဟုတ် မာမီ ညီမလေးကခါတိုင်းလိုဘဲ ခေါင်းနည်းနည်းကိုက်တယ်ဆိုလို့Family doctorကိုဖုန်းဆက်ထားတယ် သမီးအထင်တော့ ရေချိုးမှားထားဖြစ်မယ် သူမနေ့ကညကြီးမှခေါင်းတွေထလျော်နေတာ..."
"ဟင်း သမီးငယ်တစ်ယောက်ကတော့ကွယ် ကိုယ့်ကိုယ်ကိုဂရုစိုက်ဘူး လူကဖြင့်နုနုနယ်နယ်နဲ့ ဘာမှခံနိုင်ရည်ရှိတာမဟုတ်ဘူး "
"ကဲပါ မာမီစွပ်ပြုတ်လေးတော့ပြုတ်ထားတယ် သမီးကဘာစားမှာလဲ မာမီလုပ်ပေးမယ်လေ ပေါက်မုန့်ကြက်ဥကြော်ကတော့ အသင့်ရှိသားကွယ်"
"ရတယ် ရတယ် သမီးအဲ့တာဘဲစားလိုက်ေတာ့မယ် "
ပန်း ပြောရင်း ခုံပေါ်သို့ဝင်ထိုင်လိုက်သည်။ထိုအခါ မာမီက ကော်ဖီခွက်အားအရင်ရှေ့သို့လာချပေးသည်။
"ဒေါက်တာ လာပြီထင်တယ် "
ခြံရှေ့ကကားသံကြောင့် မာမီဟာ စွပ်ပြုတ်အိုးအားချကာ အပြင်သို့ထွက်သွားလေသည်မို့ မနက်စာဆက်စားနေမိတော့သည်။
****
/ဟယ်လို ပန်း ကုမ္ပဏီမသွားဘူးလားဟင်...."
"အင်း မသွားဘူး ယူရဲ့ ညီမလေးနေမကောင်းလို့လေ ကိစ္စရှိလို့လား ယူ..."
/ဘာမှတော့မရှိပါဘူး ပန်းရယ် တို့အိမ်မှာတစ်ယောက်တည်းပျင်းလို့လေ ။ တို့လာခဲ့မယ် ပန်းညီမလေးကိုမေးရင်းပေါ....
"ကောင်းတာပေါ့ လာခဲ့လေ ယူရဲ့ အိမ်ကစောင့်နေမယ် "
.........
"ဟုတ်ပြီ ဟုတ်ပြီ"
ဝင့်လွှာနှင့်ဖုန်းပြောပြီး ညီမလေး၏အခန်းဆီသို့ဦးတည်လာခဲ့သည်။ ပန်း ရောက်လာတာနှင့်ဒေါက်တာနှင့်မာမီဟာ အပြင်သို့ထွက်လာနှင့်ဆုံသည်။
"ပြန်တော့မလို့လား ဒေါက်တာ ..!
"ဟုတ်ကဲ့ခင်ဗျ "
"သမီးရောက်လာတာနဲ့ အတော်ဘဲ မာမီ အငယ်လေးကို စွပ်ပြုတ်တိုက်ပြီးဆေးတိုက်ရအုံးမယ်ကွယ် သမီးကဒေါက်တာကိုလိုက်ပို့ပေးလိုက်ပါအုံး "
ပန်း ငြင်းဆန်ချင်သော်လည်း ဒေါက်တာ့ရှေ့မှာမို့ ပြန်၍အထွန့်မတတ်ချင်။ထို့ကြောင့် ဟုတ်ကဲ့ ဟုသာမာမီ့လက်ထဲမှဆေးအိတ်ကိုပြောင်းယူလိုက်ရသည်။
"မတွေ့တာကြာပြီနော် "
"ဟုတ်ပါ့ မတွေ့တာဘဲကောင်းပါတယ် ဒေါက်တာရယ် "
"ဗျာ "
"ဪ ကျွန်မပြောချင်တာက အိမ်မှာတစ်ယောက်တစ်ယောက်နေမကောင်းမှ ဒေါက်တာနဲ့ဆုံရတာများတယ်လေ အဲ့တာကြောင့်ပါ ။"
"ဒါဆို ဆေးကုဖို့သက်သက် မဟုတ်ဘဲ အလည်လာခဲ့လို့ရမလား"
"ဒေါက်တာအားရင်လာခဲ့လို့ရပါတယ် အိမ်မှာမာမီကတော့အမြဲရှိပါတယ်"
ပန်း၏စကားကိုကြားတော့ ဒေါက်တာဟာ ပြုံးစစနှင့်ခေါင်းငြိမ့်သည်။ဒေါက်တာစည်သူမျိုးဆိုသည့် အမျိုးသားဟာ ထက်မြက်ပြီးတော်တဲ့သူတစ်ယောက်ပင်။ ရုပ်ရည်ချောမောသည့်အပြင် အသက်ငယ်ငယ်လေးနှင့်ဆရာဝန်တစ်ယောက်ဖြစ်လာသူမို့ဆေးပညာလောကမှာ နာမည်ရသည်။ အစက ပန်းတို့၏Family doctorဟာ ဒေါက်တာ့၏အဖေဖြစ်သူ ဦးကျော်မျိုးဖြစ်သည်။ဘိုးဘွားလက်ထက်ထဲက family doctorဖြစ်ခဲ့သည့် ဦးကျော်မျိုးဟာအသက်အရွယ်ရလာတော့ ပင်စည်ယူသွားခဲ့တာပင်ဖြစ်သည်။ထို့ကြောင့် သူ့နေရာအစား သားဖြစ်သူဒေါက်တာစည်သူမျိုးက အစားဝင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ဖြင့်နှစ်ယောက်သား လျှောက်လာခဲ့ကြရင်း အိမ်ပေါက်ဝသို့ရောက်တော့ ပန်း၏လက်ထဲမှ ဆေးအိတ်ကိုလွဲယူသည်။
"ကောင်းကောင်းပြန်ပါ ဒေါက်တာ "
"ဟုတ်ကဲ့ပါဗျာ "
ဒေါက်တာ့အားနှုတ်ဆက်ကာ အိမ်ထဲသို့ပြန်ဝင်မည်အပြု ရင်းနှီးနေသည့်ကားအနက်လေးဟာ တစ်ဟုန်ထိုးဝင်လာလေသည်။
ကားထဲမှ ကျော့ကျော့လေး ဆင်းလာသူက ဝင့်လွှာ...
အစိမ်းရောင် အဖျော့ဝမ်းဆက်ကလေးဝတ်ဆင်ထားသော ဝင့်လွှာမှာ ပိန်ပိန်ပါးပါးခန္ဓာကိုယ်နှင့်လိုက်ဖက်တင့်တယ်လှပေသည်။ မိတ်ကပ်ပင် လိမ်းခြယ်ထားခြင်းမရှိသည့်မျက်နှာလေးဟာ ပြောင်၍ဝင်းမွတ်နေသည်။
သို့သော် မျက်နှာလေးကတော့ ခါတိုင်းလို ပြုံးမနေဘဲ တည်နေ၏
"ဝင့် ယူရောက်လာပြီလား တို့စောင့်နေတာ "
"အင်း "
ပန်းကသာ ရွှင်ရွှင်မြူးမြူးပြောလိုက်ပေမယ့်လို့ တည်ငြိမ်သူကြီးကတော့ ခေါင်းသာငြိမ့်ပြသည်။
"အိမ်နဲ့အဆင်မပြေလို့လားဟင် အဆင်မေပြခဲ့တာအမှန်ဆိုလည်း ဒီလိုကြီးတော့တည်မနေပါနဲ့ ယူရယ် တို့ကျောပါချမ်းလာပြီ..."
ထိုအခါ ဝင့်လွှာဟာ ဘာမှပြန်မဖြေသေးဘဲ ခေါင်းငုံ့ကာသက်ပြင်းချသည်။ စိတ်ရွှင်လိုရွှင်ငြား နောက်လိုက်သော်လည်း တည်ငြိမ်သူကြီးကတော့ ခေါင်းပင်မဖော်လာတော့။
"ဝင့်လွှာ အို လာလာ တို့အခန်းထဲသွားရအောင် နော် "
မျက်ရည်စလေးတွေကိုဖြတ်ကနဲမြင်လိုက်မိတာကြောင့် ပန်းတစ်ယောက်ပျာပျာသလဲ ဖြစ်သွားရသည်။ပြီးေနာက်ဝင့်လွှာ ကိုတွဲရင်း အခန်းဆီသို့သာဦးတည်လိုက်၏
အခန်းထဲရောက်ရောက်ချင်းပင် ပန်း၏ပုခုံးပေါ်သို့မှီချကာ ငိုနေသော ဝင့်လွှာ။ ပန်းလည်း စိတ်မကောင်းဖြစ်သွားကာ ကျောလေးအားခပ်ဖွဖွပုတ်ပေးမိ၏
"မာမီနဲ့ ဒယ်ဒီတို့ကွာရှင်းတော့မယ်တဲ့ ပန်းရယ် တို့ တို့ဘယ်လိုလုပ်ရတော့မလဲဟင်...။"
ငိုသံတစ်ဝက်နှင့်ပြောလာသော စကားကိုကြားတော့ ကိုယ်ပါရော၍မျက်ရည်ဝဲမိသည်။သားအဖသုံးယောက်ဘဲရှိသော ဝင့်လွှာအဖို့ မိသားစုတစ်ခု ပြိုကွဲတာ ကိုဘယ်လိုဘယ်ပုံနည်းနှင့်လက်ခံနိုင်မည်နည်း။ ပန်း သိတာပေါ့ ။ဝင့်လွှာဟာ သူ့မိသားစုကိုဘယ်လောက်ထိချစ်လဲဆိုတာ။
"မာမီ မာမီကနောက်အိမ်ထောင်ထူတော့မယ်
ဝင့်လွှာ၏စကားကိုကြားတော့ ဝင့်လွှာ၏မာမီကိုစိတ်ထဲကနေ အပြစ်တင်မိသည်။ လင်ယောကျာ်းတစ်ယောက်လုံးရှိပါရဲ့နဲ့ ဘာလို့များ တစ်ပါးသောသူနဲ့ဖောက်ပြန်ရသလဲ။
ထို့နောက် မျက်ရည်များနှင့်ခေါင်းမော့ကာ ဆက်ပြောလာသော ဝင့်လွှာ၏စကားကြောင့်
ပန်း တစ်ယောက်မှင်သက်သွားမိတော့သည်။
ဒယ် ဒယ်ဒီကလည်း လိင်တူချင်းချစ်ကြိုက်နေတာတဲ့ ပန်းရယ်...။
************
"ညီမလေး သက်သာရဲ့လား နေရတာဘယ်လိုလဲ သက်တောင့်သက်သာရှိရဲ့လား"
"သက်သာနေပါပြီ မမရ ငါနင်နဲ့တောင်ရန်ဖြစ်လို့ရနေပြီ "
"နေသော်နော် နေကောင်းပျောက်မယ်ဆုံယုံရှိသေး ဇာတ်ကပြလာပြီ '
"ဟဲဟဲ အော် မမဝင့်လွှာကဘယ်တုန်းကရောက်နေတာလဲ "
အခုမှ ပန်း၏အနောက်ကနေလိုက်လာသည့်ဝင့်လွှာကိုမြင်သွားပုံရသည်။အပြုံးလေးဖြင့် တက်တက်ကြွကြွနှုတ်ဆက်ရှာ၏
"မကြာသေးပါဘူးကွယ် ဒီမှာ တို့မုန့်လေးတွေဝယ်လာခဲ့တယ် စားလိုက်နော်"
"ကျေးဇူးပါနော် ကောင်းကောင်းစားပါ့မယ် "
"နေသော် နင့်ချစ်ချစ်ကြီးပျောက်နေတယ်နော် နင်နေမကောင်းတာမသိဘူးလား "
ပန်းထိုသို့ ပြောလိုက်တော့ နေ့ ရင်ထဲဝမ်းနည်းမှုတို့ကလှိုက်ကနဲပင်။ ခါတိုင်းဆို ခံနိုင်ရည်ရှိပေမယ့် ခုချိန်နေမကောင်းဖြစ်တော့ ပို၍စိတ်ထိခိုက်လွယ်နေ၏
"အလုပ်မအားလို့နေမှာပါ မမရ ငါ့ကြောင့်နဲ့အလုပ်ပိုနေမှာစိုးလို့ မသိမပေးတာ နင်လည်းသွားမပြောနဲ့နော် မမ ကြားလားလို့'
အလုပ်ပိုမှာစိုး၍မဟုတ်ဘဲ အနှောင့်ယှက်ဖြစ်မှာစိုးမိလို့ပါ မမရာ။
"ကြားလားလို့ မမ..'
"အေးပါဟယ် တစ်ခါတည်း ပိုနေလိုက်တာ" "
မျက်စောင်းထိုး၍ပြောလာသည့် အပြောအား နေ အပြုံးလေးဖြင့်သာငြိမ်နေလိုက်တော့သည်။
"ဒါနဲ့ မမဝင့်လွှာ ငိုထားတာလား မျက်လုံးတွေအစ်နေတယ်"
နေ ထိုသို့ပြောလိုက်တော့ ဝင့်လွှာ မလုံမလဲဖြစ်ကာ မျက်လုံးတွေအားပွတ်သပ်လိုက်မိသည်။
"ဟုတ်လား တို့အကြာကြီးအိပ်လိုက်လို့ဖြစ်ပါလိမ့်မယ် ။
ခပ်ဖျော့ဖျော့လေးပြုံးကာ ဟန်မပျက်ပြောနေသည့် ဝင့်လွှာကိုကြည့်ရင်း ပန်း စိတ်မကောင်းဖြစ်မိပါသည်။နေသော် တစ်ယောက်ကတော့ ယုံသွားသည်ပုံနှင့် ဪ ဟုရေရွတ်ရင်းခေါင်းတစ်ဆတ်ဆတ်ငြိမ့်သည်။
"ကဲ တို့ရောက်လာတာလည်းကြာပြီဆိုတော့ ပြန်တော့မယ်ကွယ် "
ထိုသို့ဆိုရင်း ထရပ်လိုက်သည်မို့
"အဆင်ပြေရဲ့လား ယူရယ် ဒီညအိမ်မှာဘဲ..
"မဟုတ်တာ ပန်းရယ် တို့အဆင်ပြေပါတယ် ပြီးတော့
တို့ပြန်မှဖြစ်မှာ"
"အွန်းပါ အဲ့ဆို ခြံထဲထိလိုက်ပို့ပေးမယ်နော်"
" ရပါတယ် ပန်းရဲ့ ညီမလေးအနားမှာသာ နေခဲ့ပါ တို့တစ်ယောက်တည်းဖြစ်ပါတယ်"
"အာ နေနေကရပါတယ် မမဝင့်လွှာရဲ့
"
နေ ကြားထဲကနေ အားတုံ့အားနားဝင်ပြောမိသော်လည်း မရခဲ့ပါ။မမ အားထားခဲ့ကာ တစ်ယောက်တည်းခပ်သုတ်သုတ်ထွက်သွားလေပြီ။
ဟူးးးး
သက်ပြင်းချရင်း နေ့ ဘေးမှာလာထိုင်သည့် မမ အားကြည့်ရင်း အရိပ်အခြေအကဲခတ်မိ၏
"မမ ဘာဖြစ်လို့လဲဟင်"
"နင်မသိပါဘူး နေသော်ရယ် ကလေးကကလေးလိုနေစမ်းပါ "
"အောင်မှာ မကြာခင်မိန်းမတောင်ရတော့မှာ ငါကလေးမဟုတ်တော့ဘူးနော် မမ"
"အမလေး လူကဖြင့် ခုထိနို့နံ့တောင်မစင်သေးဘူး အရင်ဆုံးဘွဲ့ရအောင်သာကြိုးစားပါအုံး "
ပန်း အမြင်ကပ်စွာေပြာလိုက်ရင်းပြောင်နေသည့် နဖူးထိပ်အား ဖတ်ကနဲမြည်ေအာင်ရိုက်ချလိုက်သည်။
"အာ့ နာတယ် မမရ"
"ဟော ဒီညီမနှစ်ယောက် မနက်ကမှတည့်နေလို့ ဝမ်းသာနေတုန်းရှိသေး ခုရန်ဖြစ်ကြပြန်ပြီလား "
အခန်းထဲသို့ဝင်လာရင်း မာမီဟာပြော၏
မာမီ့အား မြင်တော့ အားကိုးရာရသွားဟန်ဖြင့်နေ တစ်ယောက်မျက်လုံးလေးတွေအရောင်တောက်သွားခဲ့သည်။
"မမပေါ့ နေ့ကို ရိုက်တယ် ဟင့် "
ထိုအခါ မာမီဟာပျာပျာသလဲလဲဖြင့်
"သမီးကြီးကလည်း နေမကောင်းတဲ့သူကို ဘာလို့လက်ပါရတာတုန်းကွယ် မာမီ မကြိုက်ဘူးနော် သမီး နောက်မဖြစ်စေနဲ့..ဘယ်လောက်ဘဲဆိုးဆိုး နေမကောင်းတဲ့အချိန်မှာတော့ ညှာလိုက်ပါကွယ်"
မာမီ့၏စကားအဆုံးမှာ မမ တစ်ယောက်မျက်နှာကြီးပုပ်သွားသလို နေနေ့ မှာတော့ အောင်နိုင်သူအပြုံးဖြင့်ဂုဏ်ဆာနေတော့သည်။
" နင်နောက်တစ်ခါနေမကောင်းဖြစ်ရဲဖြစ်ကြည့်
ညကလိုအိပ်ရေးပျက်ခံပြီး ပြုစုပေးမယ်ေတာ့မထင်နဲ့ ဒီတစ်ခါ ခြေနှစ်ချောင်းကဆွဲပြီး ငါကိုယ်တိုင် ပို့ပေးမှာ...'
ပြောချင်ရာပြောပြီး အခန်းအပြင်သို့ထွက်သွားသည့် မမရယ်ပါ။ တကယ်ကြီးစိတ်ဆိုးသွားသည်ထင်၏ မမ ၏အပြောအားသဘောကျစွာ တစ်ခစ်ခစ်ရယ်နေမိတော့သည်။
"အငယ်လေးကလည်းကွယ် မမကိုအရမ်းကြီးအနိုင်မယူပါနဲ့ သမီးမမက သမီးကိုချစ်ရှာပါတယ် ညကဆို မာမီတို့ကိုတောင်မနိုးဘဲ တစ်ယောက်တည်းပြုစုပေးရှာတာ "
" နေ သိပါတယ် မာမီရ ဟီးဟီး "
*************
သိပ်ချစ်မှန်းသိလို့ အနိုင်ယူရက်သူနဲ့
အနိုင်လိုချင်မှန်းသိလို့ အလျော့ပေးခဲ့တဲ့ကိုယ် ။
သေချာပေါက် မင်းဟာအနိုင်ဘက်ကဖြစ်ပြီး ၊
ကိုယ်ဟာ ဘယ်သောအခါမှအနိုင်မယူလိုတဲ့ အရှုံးသမား။ ထိုဘွဲ့ကို ကျေကျေနပ်နပ်ကြီးလက်ခံထားတဲ့လူ။အဲ့ဒီလူဟာ မင်းကိုအရမ်းချစ်တဲ့ အရှုံးသမားကိုယ်။
နေ တစ်ယောက်ဆေးသောက်ပြီး စောစောလေးအိပ်ဖို့ပြင်လိုက်ရင်းမှ ထမည်လာသောဖုန်းကောလ်လေးတစ်ခုကြောင့် ထခုန်မတတ်ပျော်မိသည်။မည်သို့မည်မျှ မှတ်မထားပါဘဲ အသဲပုံလေးတစ်ခုသာ မှတ်ထားသည့် နံပါတ်လေး။
"ဟယ်~လို
ရင်တုန်ပန်းတုန်ဖြင့် ပြန်ဖြေလိုက်မိသော်လည်း တစ်ဖက်မှထွက်လာသည့်အသံလေးကြောင့် တစ်ကိုယ်လုံးအရည်တွေပျော်ကျမတတ်ပင်။
"နေမကောင်းဘူးဆို "
" ဟဲဟဲ ဟုတ်တယ်
ဒါနဲ့ ဘယ်လိုသိသွားတာလဲဟင် မမပြောတာလား အာ ဒါမှမဟုတ် မမဝင့်လွှာများ...
"အို စကားတွေမများစမ်းပါနဲ့ အိမ့်ဆုနေသော်ရယ် အလုပ်ကြောင့်တစ်မျိုး မင်းကတစ်မျိုးနဲ့အာရုံတွေနောက်လိုက်တာ ။
နေက ရွှင်ရွှင်မြူးမြူးဖြင့် ပြောလိုက်သော်လည်း တစ်ဖက်က အစ်မ ကတော့တစ်ကယ်ကိုစိတ်ဖိစီးမှုများနေပုံကြောင့် စိတ်မကောင်းဖြစ်မိသော်လည်း
"ဟုတ် မအားရင်လည်းရပါတယ် အစ်မရဲ့
နေလည်း သက်သာနေပါပြီ..!
"ဟုတ်ပြီလေ အသံအနေအထားကတော့တကယ်ကြီးသက်သာနေပုံဘဲ ဒါဆို အလုပ်လုပ်လိုက်အုံးမယ်ကွယ် နောက်ရက်မှ မင်းနဲ့တော်မယ်ထင်တာလေးတွေဝယ်ကျွေးမယ် ဟုတ်ပြီလား "
"ဟုတ် ဒါဆိုဖုန်းချလိုက်တော့မယ်နော်
goodnightအစ်မ"
"အင်း goodnight "
ဖြစ်နိုင်ရင် မျက်နှာလေးကိုပြေးတွေ့ချင်လိုက်တာ။ သို့ပေမယ့်လည်း စိတ်သွားတိုင်း ကိုယ်မပါဆိုသလို အစ်မနဲ့ေတွ့ဖို့ရာဆိုမြန်မြန်နေကောင်းမှဖြစ်မည်။ ပြီးနောက် စေ့စပ်ပွဲကလည်း နီးသထက်နီးလာလေပြီမို့ နေ တစ်ယောက်ရင်တွေခုန်ရသည်။ အစ်မဘက်ကလည်း နေ့ နည်းတူရင်တွေခုန်နေမလားဟု တွေးမိပြန်တော့လည်း မျက်နှာလေးငြိုးမိပြန်ပါသည်။
ဘာဘဲဖြစ်ဖြစ်ပါလေ ။တစ်နေ့ကျရင် အစ်ဟာနေ့အပိုင်ဘဲဖြစ်လာမှာ။ အဲ့အခါမှ နေ့ ကိုချစ်လာအောင်နည်းမျိုးစုံမဲ့ကြိုးစားရမည်ဟု တွေးရင်းးးး
အိမ်မက်ကမ္ဘာဆီသို့........
"မမဟန်ပန် မီးကိုချစ်ယား "
"ချစ်ပါ့ရှင် ချစ်ပါ့ "
"ခစ်ခစ် တကယ်နော် အဲ့ဆို ဘုန်းထက်နဲ့မီးနဲ့ဆို ဘူ့ကိုပိုချစ်တာလဲ "
မဆီမဆိုင် သူ့ဘာသူဝလုံးထိုင်ရေးနေသည့်မောင်လေးအား လက်ညိုးသေးသေးလေးဖြင့်ထိုးကာ မေးလာသည့် ကလေးလေး
"အယ် ..
"ဟောဒီကကလေးမလေးကိုပိုချစ်တာပေါ့'
မောင်လေး မကြားအောင် ထိုင်ချလိုက်ရင်း တိုးတိုးလေးပြောမိတော့ ဒင်းလေးကမကျေနပ်ပြန်။
"ဟွန်း ရပါဘူး ကျယ်ကြီးပြော "
ဟော အကဲလေး
ဒီကလေးလေးကို ပိုချစ်ပါတဲ့ရှင် ကျေနပ်ပြီလား
ခစ်ခစ် ဟုတ်
---------------
"ဘလက် ဘလက် "
"ရားး အိမ့်ဆုနေသော် မပြေးနဲ့လေ ..!
"ဟားဟား မပြေးရင် ဒေါ်ယိမ်းနွဲ့ဟန်ပန် ခေါ် မမဟန်ပန်းရဲ့ လက်စာမိမှာပေါ့ မရဘူး ပြေးမှာဘဲ ...."
"ဟော ဒီကလေး မရိုက်တော့ဘူး ကဲ ..!
"တကယ် မရိုက်မှာသေချာလို့လား !
"အခုလာရင် မရိုက်ဘူး "
ထိုသို့ပြောရင်း ကိုးတန်းတက်နေသည့်အပျိုမမကြီးဟာ ဆရာမကြီးပုံစံဖြင့် လက်ပိုက်၍ခြေချိတ်ကာထိုင်နေေလ၏
အိမ့်ဆုနေသော်တစ်ယောက် အသက်တစ်ရက်ကြီးလာလေလေ ယိမ်းနှင့်မတည့်လေလေဖြစ်သည်။ဒင်းလေးက အရွယ်ရောက်လာတော့ ငယ်ငယ်ကလို ချစ်စရာလေးမဟုတ်တော့ဘဲ အမြင်ကပ်စရာလေးဖြစ်လာသည်။ အခုလည်းကြည့် ယိမ်း ပန်းတို့နှင့်စာလုပ်နေသည်ကိုပင် စာအုပ်အားယူ၍ထွက်ပြေးသည်မို့ အမှီလိုက်ဖမ်းရတာအမောပင်။ ရှေ့ကနေ အူတတ်အောင်ရယ်မောနေသူအား အသည်းယားစွာဖြင်ြကုပ်ဖဲ့ပစ်ချင်သည့်စိတ်က တစ်ဖွားဖွား။
"မမဟန်ပန် ခွံ့ ...!
အရှေ့မှ အကင်မျိုးစုံစီ၍ထည့်ထားသော ဗန်းကြီးအား ကြည့်ရင်းဂျီတိုက်နေသူမှာ ပန်းဟမှစ်ယောက်မရှိသည့်ညီမလေးအိမ့်ဆုနေသော်ပင်။တစ်ဝိုင်းလုံးမှာ သူတစ်ယောက်သာအငယ်ဆုံး ၊ ယိမ်းတို့ကြားမှာ အမြဲကန့်လန့်ကန့်လန့်နှင့်လိုက်ရှုပ်တတ်သူ။
"ဟော သူ့ဘာသူေနတဲ့ယိမ်းကိုဒုက္ခမပေးစမ်းပါနဲ့ နေသော်ရယ် ခွံ့ကျွေးဆိုလည်းမမခွံ့ပေးမယ် "
"မရဘူး မရဘူးဟင့် မမဟန်ပန်ခွံ့မှစားမှာ "
ထို့သို့ ပြောမရဆိုမရဂျီတိုက်နေပုံကြောင့်အကင်စားရင်း ဖတ်နေသည့် ယိမ်းလက်ထဲကစာအုပ်အားချလိုက်ရသည်။
"ဟုတ်ပါပြီ ခွံ့မယ်နော် လာ "
ထိုအခါမှ သဘောခွေ့သွားဟန်ဖြင့် မျက်လုံးလေးတွေမှေးစင်းအောင်ရယ်ပြရင်း ယိမ်းခွံ့ကျွေးသမျှကို မြိန်ရေယှက်ရေစားတော့သည်။
ကလေးဘဝက ပုံရိပ်တွေအား တစ်ခုချင်းဆီ ရုပ်ရှင်သဖွယ် ပြန်မြင်နေရသည့် အိမ့်ဆုနေသော်မှာ အိပ်နေရင်းပင် ပြုံးနေရသည့်အဖြစ်ရယ်ပါ။
ဘာကြောင့် ငါ ငယ်ငယ်ကအကြောင်းတွေကိုမေ့သွားရတာပါလိမ့်။
ဒီလောက်ကြည်နူးဖို့ကောင်းတဲ့ ပုံရိပ်တွေတိုင်းကို မေ့သွားတာနှမြောဖို့ကောင်းလိုက်တာ။
အိပ်နေရင်းပင် ထိုမေးခွန်းတွေအား ကိုယ့်ကိုယ်ကိုပြန်မေးဖြစ်အောင်မေးမိလိုက်ပါသေး၏
*********
ကြိုးစားပါအုံးမည်။အပိုင်း(16)မျှော်
1.2.2023
𝒯𝒽𝓌𝒶𝓎64
5.20PM
-----------------------------
Zawgyi
အခ်စ္၏ဟန္ပန္ အပိုင္း(၁၅)
"အဟင္းးး ဟင္းးးး ...!
"ဟြန႔္ မမဟန္ပန္ေနာ္ မီးဖို႔မုန႔္ေတြဝယ္မလာဘူးေပါ့ေလ သြား ေခၚေတာ့ဝူး"
ႏႈမ္ခမ္းေလးဆူကာ တစ္ဖက္သို႔လွည့္ၿပီးစိတ္ေကာက္ျပေနသည့္ ငါးႏွစ္႐ြယ္ကေလးမေလး။ခပ္ေသးေသးအက်ီေလးႏွင့္ ဒူးေလာက္သာဂါဝန္ေလးအားတြဲဖတ္ဝတ္ဆင္ထားၿပီး ထိပ္ကေလးမွာ ၾကက္ေတာင္စည္းေလးႏွင့္ခ်စ္စရာေလးျဖစ္ေနေသည်။ အိမ္က ဧည့္သည္အား အထဲဝင္ေတာင္မေခၚဘဲ အလိုမက်စြာစိတ္ေကာက္ေနေလ၏
"အိုး မမကမေမ့ပါဘူးကြယ္ ရွင့္ကစားေဖာ္က တစ္လွမ္းလုံး စားလိုက္လာတာေလ ဒီေရာက္ေတာ့ကုန္ၿပီေပါ့"
ယိမ္းက ၿပဳံးစစႏွင့္ ေဘးမွာရပ္ေနသည့္ ေမာင္ျဖစ္သူအား ေမးေငါ့၍ေျပာလိုက္ေတာ့ ခ်က္ခ်င္း သူ႕ဆီသို႔အၾကည့္ေရာက္သြားေတာ့သည္။ ထိုအခါ ေမာင္ေလးက မ်က္ႏွာေလးငယ္သြားကာ ပ်ာပ်ာသလဲလဲျဖင့္...
"ဟာ မမေနာ္ သားနဲ႕ရန္လာတိုက္မေပးနဲ႕ သားက သားအတြက္ဝယ္ခဲ့တာထင္လို႔ ယူစားမိတာကို..."
"ဟြန္း မေခၚေတာ့ဘူး နင့္ကို သြား ငါ့နဲ႕လာမကစားနဲ႕ ..."
ႏႈတ္ခမ္းႀကီးေထာ္ကာေကာ့ေတာ့ေတာ့ႏွင့္ အိမ္ထဲဝင္သြားသည့္ ကေလးမရယ္ပါ။ ေမာင္ေလးျဖစ္သူကေတာ့ ငိုမဲ့မဲ့ေလး ယိမ္းေဘးမွာ က်န္ေနခဲ့ရွာသည္။
"ဟင့္ မမေနေသာ္က သားနဲ႕မကစားေတာ့ဘူး သားကိုလည္းမေခၚေတာ့ဘူး ဟင့္ ဟင့္"
"မငိုရဘူးေလ ေမာင္ေလးရဲ႕ မမကစလိုက္တာပါ ကားထဲမွာမုန႔္ေတြအမ်ားႀကီးက်န္ေသးတာဘဲ သြား အေသးေလးဆီယူသြားၿပီးေခ်ာ့လိုက္ ...မမ သူငယ္ခ်င္းေတြနဲ႕ စာသြားလုပ္လိုက္အုံးမယ္ေနာ္ ။
"ဟီးဟီး ဟုတ္ကဲ့ မမ"
ခုန္ေပါက္ကာ ရယ္ျမဴးရင္းေျပးသြားသည့္ ေမာင္ေလးအား ရပ္ၾကည့္ေနမိေတာ့သည္။
"ဟင္းးး ဟင္းးးး ဟင္းးး "
"ညီမေလး ေနမေကာင္းဘူးလား ေနေန ဟဲ့ ေနေနေရ ...."
ပန္း တစ္ေရးနိုးေရထေသာက္ေတာ့ အခန္းတံခါးမပိတ္ထားဘဲ အိပ္ေနေသာညီမျဖစ္သူေၾကာင့္ပိတ္ေပးရန္ လက္လွမ္းမိစဥ္မွာပင္
တစ္ဟင္းဟင္းႏွင့္ ၿငီးသံကို ၾကားလိုက္ရသည္။ေခြၽးေတြ ႐ြဲနစ္ကာ ခိုက္ခိုက္တုန္ေအာင္ခ်မ္းေနသည့္ ညီမျဖစ္သူဟာ အဖ်ားေတြတက္ေနေလရဲ႕။ အခ်ိန္ကိုၾကည့္လိုက္ေတာ့ ညတစ္နာရီပင္ရွိႏွင့္ၿပီ။ဒီအခ်ိန္ ဆရာဝန္ကိုပင့္ရေအာင္ကလည္း မျဖစ္နိုင္။ မာမီတို႔ကို သြားနိုးရေအာင္လည္း ဒုကၡမေပးခ်င္။
ဟင္းးး မတတ္နိုင္ ။ငါေလးေတာ့ အိပ္ေရးပ်က္ေတာ့မည္။
သက္ျပင္းခ်လိဳက္ရင္း မီးဖိုခန္းဆီသို႔ဦးတည္လိုက္ရသည္။
**********
ေန နိုးလာေတာ့ နဖူးေပၚကစိုစိစိအထိအေတြ႕ကိုဦးဆုံးခံစားမိလိုက္သည္။ ပုံမွန္ထက္ပူေနဟန္ရွိေသာ ခႏၶာကိုယ္ႏွင့္ ထိုးကိုက္ေနေသာ ေခါင္းေၾကာင့္ ကိုယ့္ကိုယ္ကိုဖ်ားေနသည္မွန္း သိလိုက္သည္။ ထိုစဥ္ ေဘးမွ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနေသာ မမ ကိုျမင္ရ၏ မနက္၆နာရီေလာက္ဆို နိုးေနက်ျဖစ္သည့္မမဟာ ၇နာရီခွဲပြီးသည်ထိ အိပ္လို႔ေကာင္းေနဆဲဆိုေတာ့ ေန႕ ေၾကာင့္ပင္ပန္းရျပန္ၿပီဘဲ ဟုေတြးမိလိုက္ရင္း စိတ္မေကာင္းျဖစ္ရျပန္သည္။
ေန႕ လက္အားဖိ၍အိပ္ေနေသာ မမေၾကာင့္ လက္ကထုံ၍က်င္ေနသည္။ နိုးသြားမွာ စိုးမိေပမယ့္လည္း လက္ကမေနနိုင္။ ဖြဖြေလး ထုတ္မိေသာ္လည္း အိပ္ေရးဆက္ေသာ မမဟာနိုးလာခဲ့ေလၿပီ။
"ဟင္းး ညီမေလး ေနေန နိုးၿပီလား ဘယ္လိုေနေသးလဲ သက္သာရဲ႕လား"
အတင္းကုန္းထကာ အိပ္မႈန္စုတ္ဖြားျဖင့္ တရတ္ဆက္ေမးလာသည္မို႔
"ဟုတ္ မမ သက္သာပါတယ္ "
"ေခါင္းေတြဘာေတြေကာ မူးတာ ကိုက္တာေတြျဖစ္ေသးလား"?
အေၾကာင္းသိေနသည့္ မမ ဟာစိတ္ပူစြာေမးလာျပန္ပါသည္။ေနမေကာင္းျဖစ္တိုင္း ေခါင္းကိုက္ ေခါင္းမူးရတာခ်ည္းဘဲေလ။ အေအးမိ၍ဖ်ားလွ်င္ေတာင္ ေခါင္းေတြဟာအနည္းငယ္မူးေဝတတ္သည္။
"ဟို နည္းနည္းေတာ့ ကိုက္တယ္ မမ!
"ဒါဆို မျဖစ္ဘူး Family doctorကိုဖုန္းဆက္ပင့္မွပါ ခနလွဲေနရစ္အုံး ညီမေလး မမ ဖုန္းသြားဆက္လိုက္အုံးမယ္ေနာ္'
အိပ္ယာေပၚမွ ထကာအခန္းအျပင္သို႔ ထြက္သြားသည့္ မမ အားၾကည့္ရင္း ႏြေးေထြးရပါသည္။မမနဲ႕က မတည့္တဲ့အခ်ိန္ေတြကမ်ားသည္ဆိုေပမယ့္ အခုလိုအခ်ိန္ေတြဆိုလွ်င္ မမဟာ ႏူးညံ့စြာ ေျပာဆိုဆက္ဆံတတ္သည္။ ခါတိုင္းဆို ေနေသာ္ ဟုေဆာင့္ေအာင့္ေအာင့္ေခၚတတ္ေသာ မမ ဟာ အခုေတာ့ျဖင့္ ေနေန ညီမေလးတဲ့ေလ။
မမ အေၾကာင္းေတြးရင္း စိတ္ေတြဟာ ညကအိမ္မက္ေတြဆီသို႔ျပန္ေရာက္သြားခဲ့သည္။
အိမ္မက္ထဲက ေကာင္ကေလးေပါက္စဟာဘုန္းထက္ဟန္ပန္ျဖစ္ၿပီး လူႀကီးေပါက္စမိန္းမပ်ိဳေလးကေတာ့ အစ္မ ယိမ္းႏြဲ႕ဟန္ပန္ျဖစ္လိမ့္မည္။ အိမ္မက္ထဲမွာ အစ္မဟာ အဝါေရာင္ဂါဝန္ေလးႏွင့္ သိပ္ကိုခ်စ္စရာေကာင္းလွသည္။ပုခုံးေက်ာ္ေက်ာ္ေလာက္ထိခ်ထားသည့္ဆံပင္ေတြကို ျမင္ေယာင္မိေတာ့ အစ္မဟာ ငယ္စဥ္ကတည္းက ဆံပင္ရွည္ထားခဲ့သည္ထင္၏ ျမင္လိုက္ရသည့္ ရင္ႏွီးသည့္ပုံရိပ္ေတြဟာ ေန႕ ငယ္ဘဝအေၾကာင္းအရာေတွဖြစ်လိမ့်မည်။ဒါဆို ေန ကဘာလို႔မမွတ္မိရတာလဲ ။သူငယ္ခ်င္းေတြနဲ႕ ငယ္ငယ္က အေၾကာင္းေပြာကြမယ်လို့ စကားဝိုင္းဖြဲ႕ၾကတိုင္း ေန႕ မွာဘာမွေျပာစရာမရွိေနေပ။ ေန ရွစ္တန္းႏွစ္ေလာက္ကျဖစ္မည္။ စဥ္းစားရင္းပင္ ေခါင္းေတြထိုးကိုက္လာတာေၾကာင့္ နားထင္ကိုလက္ျဖင့္ဖိကာ အသာျပန္လွဲလိုက္ရ၏
*********
ပန္း တစ္ေယာက္ ေဒါက္တာ့ဆီဖုန္းဆက္အၿပီး ဗိုက္ဆာလာသည္မို႔ထမင္းစားခန္းထဲသို႔ဝင္လာခဲ့သည္။ ညက အိပ္ေရးပ်က္ထားသည္ကတစ္ေၾကာင္းမို႔ မ်က္ႏွာေလးဟာမ႐ႊင္မလန္း။ ဆံပင္ေတြကိုပင္ အေသခ်ာပင္မဖီးလိမ္းနိုင္ေတာ့ဘဲ ကပိုဂရိုသာျဖစ္သလိုစည္းထားခဲ့ေတာ့သည်။
"သမီးႀကီး အငယ္ေလး သက္သာရဲ႕လားကြယ္ မနက္စာဆင္းမစားၾကလို႔ မာမီစိတ္ပူၿပီး လာၾကည့္ေတာ့မွ အငယ္ေလးေနမေကာင္းျဖစ္မွန္းသိရတာ အဲ့တာေၾကာင့္ မနိုးေတာ့တာကြယ္ သမီးဒယ္ဒီကေတာ့ အလုပ္ေတာင္သြားႏွင့္ၿပီရယ္ ..."
ပန္းအား ျမင္ေတာ့ မာမီက ခ်က္ျပဳတ္ေနရင္းမွ စိတ္ပူစြာေမးလာသည္။
"ဟုတ္ မာမီ ညီမေလးကခါတိုင္းလိုဘဲ ေခါင္းနည္းနည္းကိုက္တယ္ဆိုလို႔Family doctorကိုဖုန္းဆက္ထားတယ္ သမီးအထင္ေတာ့ ေရခ်ိဳးမွားထားျဖစ္မယ္ သူမေန႕ကညႀကီးမွေခါင္းေတြထေလ်ာ္ေနတာ..."
"ဟင္း သမီးငယ္တစ္ေယာက္ကေတာ့ကြယ္ ကိုယ့္ကိုယ္ကိုဂ႐ုစိုက္ဘူး လူကျဖင့္ႏုႏုနယ္နယ္နဲ႕ ဘာမွခံနိုင္ရည္ရွိတာမဟုတ္ဘူး "
"ကဲပါ မာမီစြပ္ျပဳတ္ေလးေတာ့ျပဳတ္ထားတယ္ သမီးကဘာစားမွာလဲ မာမီလုပ္ေပးမယ္ေလ ေပါက္မုန႔္ၾကက္ဥေၾကာ္ကေတာ့ အသင့္ရွိသားကြယ္"
"ရတယ္ ရတယ္ သမီးအဲ့တာဘဲစားလိုက္ေတာ့မယ် "
ပန္း ေျပာရင္း ခုံေပၚသို႔ဝင္ထိုင္လိုက္သည္။ထိုအခါ မာမီက ေကာ္ဖီခြက္အားအရင္ေရွ႕သို႔လာခ်ေပးသည္။
"ေဒါက္တာ လာၿပီထင္တယ္ "
ၿခံေရွ႕ကကားသံေၾကာင့္ မာမီဟာ စြပ္ျပဳတ္အိုးအားခ်ကာ အျပင္သို႔ထြက္သြားေလသည္မို႔ မနက္စာဆက္စားေနမိေတာ့သည္။
****
/ဟယ္လို ပန္း ကုမၸဏီမသြားဘူးလားဟင္...."
"အင္း မသြားဘူး ယူရဲ႕ ညီမေလးေနမေကာင္းလို႔ေလ ကိစၥရွိလို႔လား ယူ..."
/ဘာမွေတာ့မရွိပါဘူး ပန္းရယ္ တို႔အိမ္မွာတစ္ေယာက္တည္းပ်င္းလို႔ေလ ။ တို႔လာခဲ့မယ္ ပန္းညီမေလးကိုေမးရင္းေပါ....
"ေကာင္းတာေပါ့ လာခဲ့ေလ ယူရဲ႕ အိမ္ကေစာင့္ေနမယ္ "
.........
"ဟုတ္ၿပီ ဟုတ္ၿပီ"
ဝင့္လႊာႏွင့္ဖုန္းေျပာၿပီး ညီမေလး၏အခန္းဆီသို႔ဦးတည္လာခဲ့သည္။ ပန္း ေရာက္လာတာႏွင့္ေဒါက္တာႏွင့္မာမီဟာ အျပင္သို႔ထြက္လာႏွင့္ဆုံသည္။
"ျပန္ေတာ့မလို႔လား ေဒါက္တာ ..!
"ဟုတ္ကဲ့ခင္ဗ် "
"သမီးေရာက္လာတာနဲ႕ အေတာ္ဘဲ မာမီ အငယ္ေလးကို စြပ္ျပဳတ္တိုက္ၿပီးေဆးတိုက္ရအုံးမယ္ကြယ္ သမီးကေဒါက္တာကိုလိုက္ပို႔ေပးလိုက္ပါအုံး "
ပန္း ျငင္းဆန္ခ်င္ေသာ္လည္း ေဒါက္တာ့ေရွ႕မွာမို႔ ျပန္၍အထြန႔္မတတ္ခ်င္။ထို႔ေၾကာင့္ ဟုတ္ကဲ့ ဟုသာမာမီ့လက္ထဲမွေဆးအိတ္ကိုေျပာင္းယူလိုက္ရသည္။
"မေတြ႕တာၾကာၿပီေနာ္ "
"ဟုတ္ပါ့ မေတြ႕တာဘဲေကာင္းပါတယ္ ေဒါက္တာရယ္ "
"ဗ်ာ "
"ဪ ကြၽန္မေျပာခ်င္တာက အိမ္မွာတစ္ေယာက္တစ္ေယာက္ေနမေကာင္းမွ ေဒါက္တာနဲ႕ဆုံရတာမ်ားတယ္ေလ အဲ့တာေၾကာင့္ပါ ။"
"ဒါဆို ေဆးကုဖို႔သက္သက္ မဟုတ္ဘဲ အလည္လာခဲ့လို႔ရမလား"
"ေဒါက္တာအားရင္လာခဲ့လို႔ရပါတယ္ အိမ္မွာမာမီကေတာ့အၿမဲရွိပါတယ္"
ပန္း၏စကားကိုၾကားေတာ့ ေဒါက္တာဟာ ၿပဳံးစစႏွင့္ေခါင္းၿငိမ့္သည္။ေဒါက္တာစည္သူမ်ိဳးဆိုသည့္ အမ်ိဳးသားဟာ ထက္ျမက္ၿပီးေတာ္တဲ့သူတစ္ေယာက္ပင္။ ႐ုပ္ရည္ေခ်ာေမာသည့္အျပင္ အသက္ငယ္ငယ္ေလးႏွင့္ဆရာဝန္တစ္ေယာက္ျဖစ္လာသူမို႔ေဆးပညာေလာကမွာ နာမည္ရသည္။ အစက ပန္းတို႔၏Family doctorဟာ ေဒါက္တာ့၏အေဖျဖစ္သူ ဦးေက်ာ္မ်ိဳးျဖစ္သည္။ဘိုးဘြားလက္ထက္ထဲက family doctorျဖစ္ခဲ့သည့္ ဦးေက်ာ္မ်ိဳးဟာအသက္အ႐ြယ္ရလာေတာ့ ပင္စည္ယူသြားခဲ့တာပင္ျဖစ္သည္။ထို႔ေၾကာင့္ သူ႕ေနရာအစား သားျဖစ္သူေဒါက္တာစည္သူမ်ိဳးက အစားဝင္ခဲ့ျခင္းျဖစ္သည္။
ထိုသို႔ျဖင့္ႏွစ္ေယာက္သား ေလွ်ာက္လာခဲ့ၾကရင္း အိမ္ေပါက္ဝသို႔ေရာက္ေတာ့ ပန္း၏လက္ထဲမွ ေဆးအိတ္ကိုလြဲယူသည္။
"ေကာင္းေကာင္းျပန္ပါ ေဒါက္တာ "
"ဟုတ္ကဲ့ပါဗ်ာ "
ေဒါက္တာ့အားႏႈတ္ဆက္ကာ အိမ္ထဲသို႔ျပန္ဝင္မည္အျပဳ ရင္းႏွီးေနသည့္ကားအနက္ေလးဟာ တစ္ဟုန္ထိုးဝင္လာေလသည္။
ကားထဲမွ ေက်ာ့ေက်ာ့ေလး ဆင္းလာသူက ဝင့္လႊာ...
အစိမ္းေရာင္ အေဖ်ာ့ဝမ္းဆက္ကေလးဝတ္ဆင္ထားေသာ ဝင့္လႊာမွာ ပိန္ပိန္ပါးပါးခႏၶာကိုယ္ႏွင့္လိုက္ဖက္တင့္တယ္လွေပသည္။ မိတ္ကပ္ပင္ လိမ္းျခယ္ထားျခင္းမရွိသည့္မ်က္ႏွာေလးဟာ ေျပာင္၍ဝင္းမြတ္ေနသည္။
သို႔ေသာ္ မ်က္ႏွာေလးကေတာ့ ခါတိုင္းလို ၿပဳံးမေနဘဲ တည္ေန၏
"ဝင့္ ယူေရာက္လာၿပီလား တို႔ေစာင့္ေနတာ "
"အင္း "
ပန္းကသာ ႐ႊင္႐ႊင္ျမဴးျမဴးေျပာလိုက္ေပမယ့္လို႔ တည္ၿငိမ္သူႀကီးကေတာ့ ေခါင္းသာၿငိမ့္ျပသည္။
"အိမ္နဲ႕အဆင္မေျပလို႔လားဟင္ အဆင္မေပြခဲ့တာအမှန်ဆိုလည်း ဒီလိုႀကီးေတာ့တည္မေနပါနဲ႕ ယူရယ္ တို႔ေက်ာပါခ်မ္းလာၿပီ..."
ထိုအခါ ဝင့္လႊာဟာ ဘာမွျပန္မေျဖေသးဘဲ ေခါင္းငုံ႕ကာသက္ျပင္းခ်သည္။ စိတ္႐ႊင္လို႐ႊင္ျငား ေနာက္လိုက္ေသာ္လည္း တည္ၿငိမ္သူႀကီးကေတာ့ ေခါင္းပင္မေဖာ္လာေတာ့။
"ဝင့္လႊာ အို လာလာ တို႔အခန္းထဲသြားရေအာင္ ေနာ္ "
မ်က္ရည္စေလးေတြကိုျဖတ္ကနဲျမင္လိုက္မိတာေၾကာင့္ ပန္းတစ္ေယာက္ပ်ာပ်ာသလဲ ျဖစ္သြားရသည္။ၿပီးေနာက်ဝင့်လွှာ ကိုတြဲရင္း အခန္းဆီသို႔သာဦးတည္လိုက္၏
အခန္းထဲေရာက္ေရာက္ခ်င္းပင္ ပန္း၏ပုခုံးေပၚသို႔မွီခ်ကာ ငိုေနေသာ ဝင့္လႊာ။ ပန္းလည္း စိတ္မေကာင္းျဖစ္သြားကာ ေက်ာေလးအားခပ္ဖြဖြပုတ္ေပးမိ၏
"မာမီနဲ႕ ဒယ္ဒီတို႔ကြာရွင္းေတာ့မယ္တဲ့ ပန္းရယ္ တို႔ တို႔ဘယ္လိုလုပ္ရေတာ့မလဲဟင္...။"
ငိုသံတစ္ဝက္ႏွင့္ေျပာလာေသာ စကားကိုၾကားေတာ့ ကိုယ္ပါေရာ၍မ်က္ရည္ဝဲမိသည္။သားအဖသုံးေယာက္ဘဲရွိေသာ ဝင့္လႊာအဖို႔ မိသားစုတစ္ခု ၿပိဳကြဲတာ ကိုဘယ္လိုဘယ္ပုံနည္းႏွင့္လက္ခံနိုင္မည္နည္း။ ပန္း သိတာေပါ့ ။ဝင့္လႊာဟာ သူ႕မိသားစုကိုဘယ္ေလာက္ထိခ်စ္လဲဆိုတာ။
"မာမီ မာမီကေနာက္အိမ္ေထာင္ထူေတာ့မယ္
ဝင့္လႊာ၏စကားကိုၾကားေတာ့ ဝင့္လႊာ၏မာမီကိုစိတ္ထဲကေန အျပစ္တင္မိသည္။ လင္ေယာက်ာ္းတစ္ေယာက္လုံးရွိပါရဲ႕နဲ႕ ဘာလို႔မ်ား တစ္ပါးေသာသူနဲ႕ေဖာက္ျပန္ရသလဲ။
ထို႔ေနာက္ မ်က္ရည္မ်ားႏွင့္ေခါင္းေမာ့ကာ ဆက္ေျပာလာေသာ ဝင့္လႊာ၏စကားေၾကာင့္
ပန္း တစ္ေယာက္မွင္သက္သြားမိေတာ့သည္။
" ဒယ္ ဒယ္ဒီကလည္း လိင္တူခ်င္းခ်စ္ႀကိဳက္ေနတာတဲ့ ပန္းရယ္...။"
************
"ညီမေလး သက္သာရဲ႕လား ေနရတာဘယ္လိုလဲ သက္ေတာင့္သက္သာရွိရဲ႕လား"
"သက္သာေနပါၿပီ မမရ ငါနင္နဲ႕ေတာင္ရန္ျဖစ္လို႔ရေနၿပီ "
"ေနေသာ္ေနာ္ ေနေကာင္းေပ်ာက္မယ္ဆုံယုံရွိေသး ဇာတ္ကျပလာၿပီ '
"ဟဲဟဲ ေအာ္ မမဝင့္လႊာကဘယ္တုန္းကေရာက္ေနတာလဲ "
အခုမွ ပန္း၏အေနာက္ကေနလိုက္လာသည့္ဝင့္လႊာကိုျမင္သြားပုံရသည္။အၿပဳံးေလးျဖင့္ တက္တက္ႂကြႂကြႏႈတ္ဆက္ရွာ၏
"မၾကာေသးပါဘူးကြယ္ ဒီမွာ တို႔မုန႔္ေလးေတြဝယ္လာခဲ့တယ္ စားလိုက္ေနာ္"
"ေက်းဇူးပါေနာ္ ေကာင္းေကာင္းစားပါ့မယ္ "
"ေနေသာ္ နင့္ခ်စ္ခ်စ္ႀကီးေပ်ာက္ေနတယ္ေနာ္ နင္ေနမေကာင္းတာမသိဘူးလား "
ပန္းထိုသို႔ ေျပာလိုက္ေတာ့ ေန႕ ရင္ထဲဝမ္းနည္းမႈတို႔ကလွိုက္ကနဲပင္။ ခါတိုင္းဆို ခံနိုင္ရည္ရွိေပမယ့္ ခုခ်ိန္ေနမေကာင္းျဖစ္ေတာ့ ပို၍စိတ္ထိခိုက္လြယ္ေန၏
"အလုပ္မအားလို႔ေနမွာပါ မမရ ငါ့ေၾကာင့္နဲ႕အလုပ္ပိုေနမွာစိုးလို႔ မသိမေပးတာ နင္လည္းသြားမေျပာနဲ႕ေနာ္ မမ ၾကားလားလို႔'
အလုပ္ပိုမွာစိုး၍မဟုတ္ဘဲ အႏွောင့္ယွက္ျဖစ္မွာစိုးမိလို႔ပါ မမရာ။
"ၾကားလားလို႔ မမ..'
"ေအးပါဟယ္ တစ္ခါတည္း ပိုေနလိုက္တာ" "
မ်က္ေစာင္းထိုး၍ေျပာလာသည့္ အေျပာအား ေန အၿပဳံးေလးျဖင့္သာၿငိမ္ေနလိုက္ေတာ့သည္။
"ဒါနဲ႕ မမဝင့္လႊာ ငိုထားတာလား မ်က္လုံးေတြအစ္ေနတယ္"
ေန ထိုသို႔ေျပာလိုက္ေတာ့ ဝင့္လႊာ မလုံမလဲျဖစ္ကာ မ်က္လုံးေတြအားပြတ္သပ္လိုက္မိသည္။
"ဟုတ္လား တို႔အၾကာႀကီးအိပ္လိုက္လို႔ျဖစ္ပါလိမ့္မယ္ ။
ခပ္ေဖ်ာ့ေဖ်ာ့ေလးၿပဳံးကာ ဟန္မပ်က္ေျပာေနသည့္ ဝင့္လႊာကိုၾကည့္ရင္း ပန္း စိတ္မေကာင္းျဖစ္မိပါသည္။ေနေသာ္ တစ္ေယာက္ကေတာ့ ယုံသြားသည္ပုံႏွင့္ ဪ ဟုေရ႐ြတ္ရင္းေခါင္းတစ္ဆတ္ဆတ္ၿငိမ့္သည္။
"ကဲ တို႔ေရာက္လာတာလည္းၾကာၿပီဆိုေတာ့ ျပန္ေတာ့မယ္ကြယ္ "
ထိုသို႔ဆိုရင္း ထရပ္လိုက္သည္မို႔
"အဆင္ေျပရဲ႕လား ယူရယ္ ဒီညအိမ္မွာဘဲ..
"မဟုတ္တာ ပန္းရယ္ တို႔အဆင္ေျပပါတယ္ ၿပီးေတာ့
တို႔ျပန္မွျဖစ္မွာ"
"အြန္းပါ အဲ့ဆို ၿခံထဲထိလိုက္ပို႔ေပးမယ္ေနာ္"
" ရပါတယ္ ပန္းရဲ႕ ညီမေလးအနားမွာသာ ေနခဲ့ပါ တို႔တစ္ေယာက္တည္းျဖစ္ပါတယ္"
"အာ ေနေနကရပါတယ္ မမဝင့္လႊာရဲ႕
"
ေန ၾကားထဲကေန အားတုံ႕အားနားဝင္ေျပာမိေသာ္လည္း မရခဲ့ပါ။မမ အားထားခဲ့ကာ တစ္ေယာက္တည္းခပ္သုတ္သုတ္ထြက္သြားေလၿပီ။
ဟူးးးး
သက္ျပင္းခ်ရင္း ေန႕ ေဘးမွာလာထိုင္သည့္ မမ အားၾကည့္ရင္း အရိပ္အေျခအကဲခတ္မိ၏
"မမ ဘာျဖစ္လို႔လဲဟင္"
"နင္မသိပါဘူး ေနေသာ္ရယ္ ကေလးကကေလးလိုေနစမ္းပါ "
"ေအာင္မွာ မၾကာခင္မိန္းမေတာင္ရေတာ့မွာ ငါကေလးမဟုတ္ေတာ့ဘူးေနာ္ မမ"
"အမေလး လူကျဖင့္ ခုထိနို႔နံ႕ေတာင္မစင္ေသးဘူး အရင္ဆုံးဘြဲ႕ရေအာင္သာႀကိဳးစားပါအုံး "
ပန္း အျမင္ကပ္စြာေပြာလိုက်ရင်းပြောင်နေသည့် နဖူးထိပ္အား ဖတ္ကနဲျမည္ေအာင်ရိုက်ချလိုက်သည်။
"အာ့ နာတယ္ မမရ"
"ေဟာ ဒီညီမႏွစ္ေယာက္ မနက္ကမွတည့္ေနလို႔ ဝမ္းသာေနတုန္းရွိေသး ခုရန္ျဖစ္ၾကျပန္ၿပီလား "
အခန္းထဲသို႔ဝင္လာရင္း မာမီဟာေျပာ၏
မာမီ့အား ျမင္ေတာ့ အားကိုးရာရသြားဟန္ျဖင့္ေန တစ္ေယာက္မ်က္လုံးေလးေတြအေရာင္ေတာက္သြားခဲ့သည္။
"မမေပါ့ ေန႕ကို ရိုက္တယ္ ဟင့္ "
ထိုအခါ မာမီဟာပ်ာပ်ာသလဲလဲျဖင့္
"သမီးႀကီးကလည္း ေနမေကာင္းတဲ့သူကို ဘာလို႔လက္ပါရတာတုန္းကြယ္ မာမီ မႀကိဳက္ဘူးေနာ္ သမီး ေနာက္မျဖစ္ေစနဲ႕..ဘယ္ေလာက္ဘဲဆိုးဆိုး ေနမေကာင္းတဲ့အခ်ိန္မွာေတာ့ ညွာလိုက္ပါကြယ္"
မာမီ့၏စကားအဆုံးမွာ မမ တစ္ေယာက္မ်က္ႏွာႀကီးပုပ္သြားသလို ေနေန႕ မွာေတာ့ ေအာင္နိုင္သူအၿပဳံးျဖင့္ဂုဏ္ဆာေနေတာ့သည္။
" နင္ေနာက္တစ္ခါေနမေကာင္းျဖစ္ရဲျဖစ္ၾကည့္
ညကလိုအိပ္ေရးပ်က္ခံၿပီး ျပဳစုေပးမယ္ေတာ့မထင်နဲ့ ဒီတစ္ခါ ေျခႏွစ္ေခ်ာင္းကဆြဲၿပီး ငါကိုယ္တိုင္ ပို႔ေပးမွာ...'
ေျပာခ်င္ရာေျပာၿပီး အခန္းအျပင္သို႔ထြက္သြားသည့္ မမရယ္ပါ။ တကယ္ႀကီးစိတ္ဆိုးသြားသည္ထင္၏ မမ ၏အေျပာအားသေဘာက်စြာ တစ္ခစ္ခစ္ရယ္ေနမိေတာ့သည္။
"အငယ္ေလးကလည္းကြယ္ မမကိုအရမ္းႀကီးအနိုင္မယူပါနဲ႕ သမီးမမက သမီးကိုခ်စ္ရွာပါတယ္ ညကဆို မာမီတို႔ကိုေတာင္မနိုးဘဲ တစ္ေယာက္တည္းျပဳစုေပးရွာတာ "
" ေန သိပါတယ္ မာမီရ ဟီးဟီး "
*************
သိပ္ခ်စ္မွန္းသိလို႔ အနိုင္ယူရက္သူနဲ႕
အနိုင္လိုခ်င္မွန္းသိလို႔ အေလ်ာ့ေပးခဲ့တဲ့ကိုယ္ ။
ေသခ်ာေပါက္ မင္းဟာအနိုင္ဘက္ကျဖစ္ၿပီး ၊
ကိုယ္ဟာ ဘယ္ေသာအခါမွအနိုင္မယူလိုတဲ့ အရႈံးသမား။ ထိုဘြဲ႕ကို ေက်ေက်နပ္နပ္ႀကီးလက္ခံထားတဲ့လူ။အဲ့ဒီလူဟာ မင္းကိုအရမ္းခ်စ္တဲ့ အရႈံးသမားကိုယ္။
ေန တစ္ေယာက္ေဆးေသာက္ၿပီး ေစာေစာေလးအိပ္ဖို႔ျပင္လိုက္ရင္းမွ ထမည္လာေသာဖုန္းေကာလ္ေလးတစ္ခုေၾကာင့္ ထခုန္မတတ္ေပ်ာ္မိသည္။မည္သို႔မည္မွ် မွတ္မထားပါဘဲ အသဲပုံေလးတစ္ခုသာ မွတ္ထားသည့္ နံပါတ္ေလး။
"ဟယ္~လို
ရင္တုန္ပန္းတုန္ျဖင့္ ျပန္ေျဖလိုက္မိေသာ္လည္း တစ္ဖက္မွထြက္လာသည့္အသံေလးေၾကာင့္ တစ္ကိုယ္လုံးအရည္ေတြေပ်ာ္က်မတတ္ပင္။
"ေနမေကာင္းဘူးဆို "
" ဟဲဟဲ ဟုတ္တယ္
ဒါနဲ႕ ဘယ္လိုသိသြားတာလဲဟင္ မမေျပာတာလား အာ ဒါမွမဟုတ္ မမဝင့္လႊာမ်ား...
"အို စကားေတြမမ်ားစမ္းပါနဲ႕ အိမ့္ဆုေနေသာ္ရယ္ အလုပ္ေၾကာင့္တစ္မ်ိဳး မင္းကတစ္မ်ိဳးနဲ႕အာ႐ုံေတြေနာက္လိုက္တာ ။
ေနက ႐ႊင္႐ႊင္ျမဴးျမဴးျဖင့္ ေျပာလိုက္ေသာ္လည္း တစ္ဖက္က အစ္မ ကေတာ့တစ္ကယ္ကိုစိတ္ဖိစီးမႈမ်ားေနပုံေၾကာင့္ စိတ္မေကာင္းျဖစ္မိေသာ္လည္း
"ဟုတ္ မအားရင္လည္းရပါတယ္ အစ္မရဲ႕
ေနလည္း သက္သာေနပါၿပီ..!
"ဟုတ္ၿပီေလ အသံအေနအထားကေတာ့တကယ္ႀကီးသက္သာေနပုံဘဲ ဒါဆို အလုပ္လုပ္လိုက္အုံးမယ္ကြယ္ ေနာက္ရက္မွ မင္းနဲ႕ေတာ္မယ္ထင္တာေလးေတြဝယ္ေကြၽးမယ္ ဟုတ္ၿပီလား "
"ဟုတ္ ဒါဆိုဖုန္းခ်လိဳက္ေတာ့မယ္ေနာ္
goodnightအစ္မ"
"အင္း goodnight "
ျဖစ္နိုင္ရင္ မ်က္ႏွာေလးကိုေျပးေတြ႕ခ်င္လိုက္တာ။ သို႔ေပမယ့္လည္း စိတ္သြားတိုင္း ကိုယ္မပါဆိုသလို အစ္မနဲ႕ေတွ့ဖို့ရာဆိုမြန်မြန်နေကောင်းမှဖြစ်မည်။ ၿပီးေနာက္ ေစ့စပ္ပြဲကလည္း နီးသထက္နီးလာေလၿပီမို႔ ေန တစ္ေယာက္ရင္ေတြခုန္ရသည္။ အစ္မဘက္ကလည္း ေန႕ နည္းတူရင္ေတြခုန္ေနမလားဟု ေတြးမိျပန္ေတာ့လည္း မ်က္ႏွာေလးၿငိဳးမိျပန္ပါသည္။
ဘာဘဲျဖစ္ျဖစ္ပါေလ ။တစ္ေန႕က်ရင္ အစ္ဟာေန႕အပိုင္ဘဲျဖစ္လာမွာ။ အဲ့အခါမွ ေန႕ ကိုခ်စ္လာေအာင္နည္းမ်ိဳးစုံမဲ့ႀကိဳးစားရမည္ဟု ေတြးရင္းးးး
အိမ္မက္ကမၻာဆီသို႔........
"မမဟန္ပန္ မီးကိုခ်စ္ယား "
"ခ်စ္ပါ့ရွင္ ခ်စ္ပါ့ "
"ခစ္ခစ္ တကယ္ေနာ္ အဲ့ဆို ဘုန္းထက္နဲ႕မီးနဲ႕ဆို ဘူ႕ကိုပိုခ်စ္တာလဲ "
မဆီမဆိုင္ သူ႕ဘာသူဝလုံးထိုင္ေရးေနသည့္ေမာင္ေလးအား လက္ညိုးေသးေသးေလးျဖင့္ထိုးကာ ေမးလာသည့္ ကေလးေလး
"အယ္ ..
"ေဟာဒီကကေလးမေလးကိုပိုခ်စ္တာေပါ့'
ေမာင္ေလး မၾကားေအာင္ ထိုင္ခ်လိဳက္ရင္း တိုးတိုးေလးေျပာမိေတာ့ ဒင္းေလးကမေက်နပ္ျပန္။
"ဟြန္း ရပါဘူး က်ယ္ႀကီးေျပာ "
ေဟာ အကဲေလး
ဒီကေလးေလးကို ပိုခ်စ္ပါတဲ့ရွင္ ေက်နပ္ၿပီလား
ခစ္ခစ္ ဟုတ္
---------------
"ဘလက္ ဘလက္ "
"ရားး အိမ့္ဆုေနေသာ္ မေျပးနဲ႕ေလ ..!
"ဟားဟား မေျပးရင္ ေဒၚယိမ္းႏြဲ႕ဟန္ပန္ ေခၚ မမဟန္ပန္းရဲ႕ လက္စာမိမွာေပါ့ မရဘူး ေျပးမွာဘဲ ...."
"ေဟာ ဒီကေလး မရိုက္ေတာ့ဘူး ကဲ ..!
"တကယ္ မရိုက္မွာေသခ်ာလို႔လား !
"အခုလာရင္ မရိုက္ဘူး "
ထိုသို႔ေျပာရင္း ကိုးတန္းတက္ေနသည့္အပ်ိဳမမႀကီးဟာ ဆရာမႀကီးပုံစံျဖင့္ လက္ပိုက္၍ေျခခ်ိတ္ကာထိုင္ေနေလ၏
အိမ့္ဆုေနေသာ္တစ္ေယာက္ အသက္တစ္ရက္ႀကီးလာေလေလ ယိမ္းႏွင့္မတည့္ေလေလျဖစ္သည္။ဒင္းေလးက အ႐ြယ္ေရာက္လာေတာ့ ငယ္ငယ္ကလို ခ်စ္စရာေလးမဟုတ္ေတာ့ဘဲ အျမင္ကပ္စရာေလးျဖစ္လာသည္။ အခုလည္းၾကည့္ ယိမ္း ပန္းတို႔ႏွင့္စာလုပ္ေနသည္ကိုပင္ စာအုပ္အားယူ၍ထြက္ေျပးသည္မို႔ အမွီလိုက္ဖမ္းရတာအေမာပင္။ ေရွ႕ကေန အူတတ္ေအာင္ရယ္ေမာေနသူအား အသည္းယားစြာျဖင္ၾကဳပ္ဖဲ့ပစ္ခ်င္သည့္စိတ္က တစ္ဖြားဖြား။
"မမဟန္ပန္ ခြံ႕ ...!
အေရွ႕မွ အကင္မ်ိဳးစုံစီ၍ထည့္ထားေသာ ဗန္းႀကီးအား ၾကည့္ရင္းဂ်ီတိုက္ေနသူမွာ ပန္းဟမွစ္ေယာက္မရွိသည့္ညီမေလးအိမ့္ဆုေနေသာ္ပင္။တစ္ဝိုင္းလုံးမွာ သူတစ္ေယာက္သာအငယ္ဆုံး ၊ ယိမ္းတို႔ၾကားမွာ အၿမဲကန႔္လန႔္ကန႔္လန႔္ႏွင့္လိုက္ရႈပ္တတ္သူ။
"ေဟာ သူ႕ဘာသူေနတဲ့ယိမ်းကိုဒုက္ခမပေးစမ်းပါနဲ့ ေနေသာ္ရယ္ ခြံ႕ေကြၽးဆိုလည္းမမခြံ႕ေပးမယ္ "
"မရဘူး မရဘူးဟင့္ မမဟန္ပန္ခြံ႕မွစားမွာ "
ထို႔သို႔ ေျပာမရဆိုမရဂ်ီတိုက္ေနပုံေၾကာင့္အကင္စားရင္း ဖတ္ေနသည့္ ယိမ္းလက္ထဲကစာအုပ္အားခ်လိဳက္ရသည္။
"ဟုတ္ပါၿပီ ခြံ႕မယ္ေနာ္ လာ "
ထိုအခါမွ သေဘာေခြ႕သြားဟန္ျဖင့္ မ်က္လုံးေလးေတြေမွးစင္းေအာင္ရယ္ျပရင္း ယိမ္းခြံ႕ေကြၽးသမွ်ကို ၿမိန္ေရယွက္ေရစားေတာ့သည္။
ကေလးဘဝက ပုံရိပ္ေတြအား တစ္ခုခ်င္းဆီ ႐ုပ္ရွင္သဖြယ္ ျပန္ျမင္ေနရသည့္ အိမ့္ဆုေနေသာ္မွာ အိပ္ေနရင္းပင္ ၿပဳံးေနရသည့္အျဖစ္ရယ္ပါ။
ဘာေၾကာင့္ ငါ ငယ္ငယ္ကအေၾကာင္းေတြကိုေမ့သြားရတာပါလိမ့္။
ဒီေလာက္ၾကည္ႏူးဖို႔ေကာင္းတဲ့ ပုံရိပ္ေတြတိုင္းကို ေမ့သြားတာႏွေျမာဖို႔ေကာင္းလိုက္တာ။
အိပ္ေနရင္းပင္ ထိုေမးခြန္းေတြအား ကိုယ့္ကိုယ္ကိုျပန္ေမးျဖစ္ေအာင္ေမးမိလိုက္ပါေသး၏
*********
ႀကိဳးစားပါအုံးမည္။အပိုင္း(၁၆)ေမွ်ာ္
1.2.2023