Unicode
...
အခန်း ၉၆. ကောင်းကင်လမ်း (၂)
ကောင်းကင်တက်လမ်းသည်ဘဂိုဏ်းအတွင်းကလူများအတွက်သာ ချပေးသောအရာဖြစ်လေသည်။ ထိုလမ်းကိုအေးဆေးတည့်တည့်မတ်မတ်ပင်မလျှောက်နိုင်လျှင် သူတို့အတွက်ဂိုဏ်းထဲဝင်ဖို့ခက်ခဲမည်ဖြစ်လေသည်။
ဒီအရာမှာအရိုးရှင်းဆုံးအရာဖြစ်သည့်အပြင် ဂိုဏ်းဝင်ဖို့စစ်ဆေးခြင်း၏အစဖြစ်လေသည်။
သေးငယ်သောအမှားလေးဖြစ်ကာ ဒီလိုရှားပါးသည့်အခွင့်အရေးမျိုးကို
ဆုံးရှုံးကြမည်ကိုကြောက်ကြသောကြောင့် ဘယ်သူမှအရှေ့ထွက်မလာရဲကြပေ။
ဒီအလင်းတန်းပေါ် ဘယ်မှာခြေချစရာနေရာရှိသနည်း?
ထိုအချိန်တွင်မည်သူမှအရှေ့ထွက်မလာရဲကြဘဲ အပ်ကျသံကြားရလောက်အောင်လူအားလုံးတိတ်ဆိတ်သွားကြလေသည်။
သို့သော်လည်း......
သေးသွယ်သောမိန်းကလေးတစ်ယောက်သည်လတိတ်ဆိတ်နေသောလူအုပ်ကြားထဲမှာထွက်လာကာ ထိုခမ်းနားလှသောအလင်းတန်းအောက်သို့ လျှောက်သွားလေသည်။
ယဲ့ကျင့်ထန်သည်ကောင်းကင်တက်လမ်းအစနေရာတွင် အေးဆေးတည်ငြိမ်မှုဖြင့်တိမ်တိုက်များနှင့် ထိစပ်နေသောအလင်းတန်းကိုရပ်ကြည့်နေလေသည်။
ရှန်းလင်ဂိုဏ်း၊ သူမတဖန်ပြန်ရောက်လာလေပြီ။
ထိုတစ်ခနအတွင်းတွင်ယဲ့ကျင့်ထန်သည် တည်ငြိမ်စွာဖြင့်သူမခြေဖဝါးအား ညှင်သာစွာကြွလိုက်လေသည်။ သူမခြေချောင်းလေးများအလင်းတန်းကိုနင်းလိုက်သောအချိန်တွင် ရွှေရောင်အလင်းများမှရွှေရောင်ကြာပန်းအဖြစ်ပြောင်းသွားကာခြေနင်းအဖြစ် အထောက်အပံ့ကိုပေးလေသည်။
"ခြေလှမ်းတိုင်းကြာပန်းတွေပွင့်တာလား?!"ယဲ့ကျင့်ထန်၏ခြေဖဝါးအောက်ရှိလက်ဖဝါးသာသာ သာရှိသောဖောက်ထွင်းမြင်ရသည့်ရွှေရောင်ကြာပန်းလေးကိုကြည့်နေကြရင်း လူတိုင်၏မျက်လုံးများသည်အလွန်အံ့သြမှုများဖြင့်ပြည့်နေလေသည်။
သို့သော်လည်းယဲ့ကျင့်ထန်သည် ထိုလူများကိုဂရုမစိုက်ပဲ တစ်ယောက်တည်းတိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဒီထက်ပိုပြီးရင်းနီးဖို့မဖြစ်နိုင်တော့သော ကောင်းကင်တက်လမ်းအားလျှောက်လှမ်း၍တက်သွားလေသည်။
ကြည့်နေကြသောလူအားလုံးသည်တင့်တယ်သောအလင်းတန်းကြီးထဲသို့ မြေပြင်ပေါ်တွင်လမ်းလျှောက်နေသလို လျှောက်လှမ်း၍တက်သွားသောယဲ့ကျင့်ထန်အား တအံ့တသြဖြင့်ကြည့်နေကြလေသည်။ သူမဘယ်နေရာကိုခြေလှမ်းလှမ်း ကြာပန်းတစ်ပွင့်ပွင့်ကိုပွင့်လာလေသည်။
တစ်ဆင့်ပြီးတစ်ဆင့်မြင့်လာလေလေကြာပန်းပွင့်များသည် လှေကားထစ်များသဖွယ်ယဲ့ကျင့်ထန်ခြေလှမ်းလိုက်သောနေရာများတွင် တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လာကြကာသူမခြေထောက်ကြွလိုက်သည်နှင့် လုံးဝပျောက်ကွယ်သွားလေသည်။
အဝေးမှကြည့်လျှင့် ယဲ့ကျင့်ထန်သည်ရွှေရောင်ကြာပန်းပွင့်လေးများကို နင်းလျှောက်ရင်း တင့်တယ်သောအလင်းရောင်တန်းလွမ်းခြုံနေကာလေထဲတွင်ပျံသန်းနေသလားဟုတောင်ထင်ရလေသည်။
ထိုကဲ့သို့သောအံ့သြဖွယ်ကောင်းသောမြင်ကွင်းသည် စာမေးပွဲလာဖြေသူအများအပြားအား မှင်သက်သွားစေပြီး ယဲ့ကျင့်ထန်ကိုမကြည်သောစာမေးပွဲဖြေသူများနှင့်ပါလာသောသူများပင်လျှင် ယဲ့ကျင့်ထန်၏အေးဆေးတည်ငြိမ်မှုကြောင့်အံ့သြကြရလေသည်။
သူမ၏တည်ငြိမ်ကာငြိမ်းချမ်းနေမှုသည် သူမဒီလမ်းကိုအကြိမ်ပေါင်းမရေမတွက်နိုင်အောင် လျှောက်ဖူးသည့်ပုံပေါက်နေလေသည်။
မျက်စိတစ်မှိတ်အတွင်းတွင်ယဲ့ကျင့်ထန်သည် မြေပြင်ပေါ်မှပေပေါင်းများစွာမြင့်သောနေရာသို့ရောက်သွားပြီဖြစ်လေသည်။ လူတိုင်းသည်အံ့သြနေကြရာမှသတိပြန်ဝင်လာကြပြီး ချက်ချင်းတက်ရန်ပြင်ကြလေသည်။
ခုနကအရှေ့ထွက်ရန်ကြောက်နေကြသောသူများသည် အရှေ့သို့အလျှင်အမြန်ထွက်လာကြပြီးယဲ့ကျင့်ထန်အားအတုယူပြီး အလင်းရောင်တန်းအပေါ်သို့တက်ကြလေသည်။
ပထမဆုံးကြာပန်းသူတို့ခြေထောက်အောက်တွင်ပွင့်လာသောအခါတွင် များစွာသောသူတို့သည်ရင်ခုန်သွားကြပြီး အကျင့်ပါနေသည့်အတိုင်းနောက်တစ်လှမ်းဆက်တက်ရန်ခြေကိုကြွလိုက်ကြလေသည်။
သို့သော်......
ဖုတ်!
အရမ်းစိတ်လှုပ်ရှားနေသောလူတစ်ယောက်သည် လေထဲသို့ခြေလှမ်းလိုက်ရာကျန်ခဲ့သောခြေထောက်အောက်ရှိကြာပန်းမှာ ပျောက်ကွယ်သွားပြီးထိုလူသည်မြေကြီးပေါ်သို့ပြုတ်ကျသွားလေသည်။
"ဘာဖြစ်သွားတာလဲ?" ထိုလူ၏မျက်နှာပေါ်တွင်ကြောင်သွားသောမျက်နှာမှာအထင်းသားမြင်ရလေသည်။ သူ့ခြေထောက်အောက်တွင်ကြာပန်းပွင့်လာတာကို သူသေချာမြင်လိုက်သည်။ ဒါဆိုဘာလို့သူနောက်တစ်လှမ်းလှမ်းဖို့လုပ်တဲ့အချိန်မှာ ဘာလို့ပျောက်သွားရတာလည်း?
တစ်ချိန်ထဲတွင်အရှေ့ထွက်လာပြီးတက်ဖို့ကြိုးစားသောသူများသည် နှစ်ဆင့်သုံးဆင့်ထက် ပိုပြီးတက်လို့မရတော့ပဲပြန်ပြန်ပြုတ်ကျကြလေသည်။ သူတို့သည်ကောင်းကင်တက်လမ်းကို တက်လို့မရပဲပြုတ်ကျကာဖုန်တလူးလူးသဲတလူးလူးဖြစ်သွားကြလေသည်။ လူတိုင်းချက်ချင်းစိတ်ညစ်သွားကြလေသည်။
ဘာလို့ယဲ့ကျင့်ထန်ကျတော့ အလွယ်လေးကောင်းကင်လမ်းကို တက်လို့ရပြီးတော့ သူတို့ကျဒီလိုခံနေရတာလဲ?
ယွင့်ရှုသည်အလျှင်စလိုတက်ဖို့မကြိုးစားပေ။ ခနတာလေ့လာစူးစမ်းပြီးသောအခါမှသာ အသက်ကိုတဝရှူလိုက်ပြီး စိတ်ကိုငြိမ်အောင်ထားကာကောင်းကင်တက်လမ်းပေါ်သို့ခြေလှမ်းလိုက်လေသည်။
ကြာပန်းသည်သူ့ခြေထောက်အောက်တွင်ပွင့်လာလေသည်။ အနည်းငယ်လှုပ်နေသော်ငြားလည်းထိုကြာပန်းလေးသည် အလျှင်အမြန်တည်ငြိမ်သွားလေသည်။ ယွင့်ရှုသည် ယဲ့ကျင့်ထန်ထက်နှေးသော်လည်း ကောင်းကင်တက်လမ်းကိုဒုတိယမြောက်တက်နိုင်သူ တစ်ယောက်ဖြစ်သွားလေသည်။
လုစုဝေသည် မျက်နှာရှုံ့တွသွားလေသည်။ သူသည်ကောင်းကင်တက်လမ်းကို မကြာသေးမှီကတက်ဖို့ကြိုးစားခဲ့ပြီးပြုတ်ကျမလိုဖြစ်ခဲ့လေသည်။ တိမ်တိုက်မြူခိုးများကြားထဲသို့ လျှောက်လှမ်းကာတက်သွားနေသောယဲ့ကျင့်ထန်အားမြင်ရသောအခါ မကျေမနပ်ဖြစ်မှုများသူ၏မျက်လုံးထဲတွင်ပြည့်သွားလေသည်။
⭐⭐⭐⭐⭐⭐⭐⭐
နားလည်တယ်မလားသဲငယ်တို့ သူတို့ကစာမေးပွဲစစ်တဲ့အနေနဲ့ လာဟေးဆိုပြီး ဓာတ်မီးအလင်းထိုးသလို အလင်းကြီးဘဲချပေးတာ ဟဲဟဲမေရှင်းပြတာတော်သွားသလား😁
.
.
Zawgyi
...
အခန္း ၉၆. ေကာင္းကင္လမ္း (၂)
ေကာင္းကင္တက္လမ္းသည္ဘဂိုဏ္းအတြင္းကလူမ်ားအတြက္သာ ခ်ေပးေသာအရာျဖစ္ေလသည္။ ထိုလမ္းကိုေအးေဆးတည့္တည့္မတ္မတ္ပင္မေလ်ွာက္ႏိုင္လ်ွင္ သူတို႔အတြက္ဂိုဏ္းထဲဝင္ဖို႔ခက္ခဲမည္ျဖစ္ေလသည္။
ဒီအရာမွာအ႐ိုး႐ွင္းဆံုးအရာျဖစ္သည့္အျပင္ ဂိုဏ္းဝင္ဖို႔စစ္ေဆးျခင္း၏အစျဖစ္ေလသည္။
ေသးငယ္ေသာအမွားေလးျဖစ္ကာ ဒီလို႐ွားပါးသည့္အခြင့္အေရးမ်ိဳးကို
ဆံုး႐ွံုးၾကမည္ကိုေၾကာက္ၾကေသာေၾကာင့္ ဘယ္သူမွအေ႐ွ႕ထြက္မလာရဲၾကေပ။
ဒီအလင္းတန္းေပၚ ဘယ္မွာေျခခ်စရာေနရာ႐ွိသနည္း?
ထိုအခ်ိန္တြင္မည္သူမွအေ႐ွ႕ထြက္မလာရဲၾကဘဲ အပ္က်သံၾကားရေလာက္ေအာင္လူအားလံုးတိတ္ဆိတ္သြားၾကေလသည္။
သို႔ေသာ္လည္း......
ေသးသြယ္ေသာမိန္းကေလးတစ္ေယာက္သည္လတိတ္ဆိတ္ေနေသာလူအုပ္ၾကားထဲမွာထြက္လာကာ ထိုခမ္းနားလွေသာအလင္းတန္းေအာက္သို႔ ေလ်ွာက္သြားေလသည္။
ယဲ့က်င့္ထန္သည္ေကာင္းကင္တက္လမ္းအစေနရာတြင္ ေအးေဆးတည္ၿငိမ္မႈျဖင့္တိမ္တိုက္မ်ားႏွင့္ ထိစပ္ေနေသာအလင္းတန္းကိုရပ္ၾကည့္ေနေလသည္။
႐ွန္းလင္ဂိုဏ္း၊ သူမတဖန္ျပန္ေရာက္လာေလၿပီ။
ထိုတစ္ခနအတြင္းတြင္ယဲ့က်င့္ထန္သည္ တည္ၿငိမ္စြာျဖင့္သူမေျခဖဝါးအား ညႇင္သာစြာႂကြလိုက္ေလသည္။ သူမေျခေခ်ာင္းေလးမ်ားအလင္းတန္းကိုနင္းလိုက္ေသာအခ်ိန္တြင္ ေရႊေရာင္အလင္းမ်ားမွေရႊေရာင္ၾကာပန္းအျဖစ္ေျပာင္းသြားကာေျခနင္းအျဖစ္ အေထာက္အပံ့ကိုေပးေလသည္။
"ေျခလွမ္းတိုင္းၾကာပန္းေတြပြင့္တာလား?!"ယဲ့က်င့္ထန္၏ေျခဖဝါးေအာက္႐ွိလက္ဖဝါးသာသာ သာ႐ွိေသာေဖာက္ထြင္းျမင္ရသည့္ေ႐ႊေရာင္ၾကာပန္းေလးကိုၾကည့္ေနၾကရင္း လူတိုင္၏မ်က္လံုးမ်ားသည္အလြန္အံ့ၾသမႈမ်ားျဖင့္ျပည့္ေနေလသည္။
သို႔ေသာ္လည္းယဲ့က်င့္ထန္သည္ ထိုလူမ်ားကိုဂ႐ုမစိုက္ပဲ တစ္ေယာက္တည္းတိတ္ဆိတ္ၿငိမ္သက္စြာျဖင့္ ဒီထက္ပိုၿပီးရင္းနီးဖို႔မျဖစ္ႏိုင္ေတာ့ေသာ ေကာင္းကင္တက္လမ္းအားေလ်ွာက္လွမ္း၍တက္သြားေလသည္။
ၾကည့္ေနၾကေသာလူအားလံုးသည္တင့္တယ္ေသာအလင္းတန္းႀကီးထဲသို႔ ေျမျပင္ေပၚတြင္လမ္းေလ်ွာက္ေနသလို ေလ်ွာက္လွမ္း၍တက္သြားေသာယဲ့က်င့္ထန္အား တအံ့တၾသျဖင့္ၾကည့္ေနၾကေလသည္။ သူမဘယ္ေနရာကိုေျခလွမ္းလွမ္း ၾကာပန္းတစ္ပြင့္ပြင့္ကိုပြင့္လာေလသည္။
တစ္ဆင့္ၿပီးတစ္ဆင့္ျမင့္လာေလေလၾကာပန္းပြင့္မ်ားသည္ ေလွကားထစ္မ်ားသဖြယ္ယဲ့က်င့္ထန္ေျခလွမ္းလိုက္ေသာေနရာမ်ားတြင္ တစ္ပြင့္ၿပီးတစ္ပြင့္ ပြင့္လာၾကကာသူမေျခေထာက္ႂကြလိုက္သည္ႏွင့္ လံုးဝေပ်ာက္ကြယ္သြားေလသည္။
အေဝးမွၾကည့္လ်ွင့္ ယဲ့က်င့္ထန္သည္ေရႊေရာင္ၾကာပန္းပြင့္ေလးမ်ားကို နင္းေလ်ွာက္ရင္း တင့္တယ္ေသာအလင္းေရာင္တန္းလြမ္းျခံဳေနကာေလထဲတြင္ပ်ံသန္းေနသလားဟုေတာင္ထင္ရေလသည္။
ထိုကဲ့သို႔ေသာအံ့ၾသဖြယ္ေကာင္းေသာျမင္ကြင္းသည္ စာေမးပဲြလာေျဖသူအမ်ားအျပားအား မွင္သက္သြားေစၿပီး ယဲ့က်င့္ထန္ကိုမၾကည္ေသာစာေမးပဲြေျဖသူမ်ားႏွင့္ပါလာေသာသူမ်ားပင္လ်ွင္ ယဲ့က်င့္ထန္၏ေအးေဆးတည္ၿငိမ္မႈေၾကာင့္အံ့ၾသၾကရေလသည္။
သူမ၏တည္ၿငိမ္ကာၿငိမ္းခ်မ္းေနမႈသည္ သူမဒီလမ္းကိုအႀကိမ္ေပါင္းမေရမတြက္ႏိုင္ေအာင္ ေလ်ွာက္ဖူးသည့္ပံုေပါက္ေနေလသည္။
မ်က္စိတစ္မိွတ္အတြင္းတြင္ယဲ့က်င့္ထန္သည္ ေျမျပင္ေပၚမွေပေပါင္းမ်ားစြာျမင့္ေသာေနရာသို့ေရာက္သြားၿပီျဖစ္ေလသည္။ လူတိုင္းသည္အံ့ၾသေနၾကရာမွသတိျပန္ဝင္လာၾကၿပီး ခ်က္ခ်င္းတက္ရန္ျပင္ၾကေလသည္။
ခုနကအေ႐ွ႕ထြက္ရန္ေၾကာက္ေနၾကေသာသူမ်ားသည္ အေ႐ွ႕သို႔အလ်ွင္အျမန္ထြက္လာၾကၿပီးယဲ့က်င့္ထန္အားအတုယူၿပီး အလင္းေရာင္တန္းအေပၚသို႔တက္ၾကေလသည္။
ပထမဆံုးၾကာပန္းသူတို႔ေျခေထာက္ေအာက္တြင္ပြင့္လာေသာအခါတြင္ မ်ားစြာေသာသူတို႔သည္ရင္ခုန္သြားၾကၿပီး အက်င့္ပါေနသည့္အတိုင္းေနာက္တစ္လွမ္းဆက္တက္ရန္ေျခကိုႂကြလိုက္ၾကေလသည္။
သို႔ေသာ္......
ဖုတ္!
အရမ္းစိတ္လႈပ္႐ွားေနေသာလူတစ္ေယာက္သည္ ေလထဲသို႔ေျခလွမ္းလိုက္ရာက်န္ခဲ့ေသာေျခေထာက္ေအာက္႐ွိၾကာပန္းမွာ ေပ်ာက္ကြယ္သြားၿပီးထိုလူသည္ေျမႀကီးေပၚသို႔ျပဳတ္က်သြားေလသည္။
"ဘာျဖစ္သြားတာလဲ?" ထိုလူ၏မ်က္ႏွာေပၚတြင္ေၾကာင္သြားေသာမ်က္ႏွာမွာအထင္းသားျမင္ရေလသည္။ သူ႔ေျခေထာက္ေအာက္တြင္ၾကာပန္းပြင့္လာတာကို သူေသခ်ာျမင္လိုက္သည္။ ဒါဆိုဘာလို႔သူေနာက္တစ္လွမ္းလွမ္းဖို႔လုပ္တဲ့အခ်ိန္မွာ ဘာလို႔ေပ်ာက္သြားရတာလည္း?
တစ္ခ်ိန္ထဲတြင္အေ႐ွ႕ထြက္လာၿပီးတက္ဖို႔ႀကိဳးစားေသာသူမ်ားသည္ နွစ္ဆင့္သံုးဆင့္ထက္ ပိုၿပီးတက္လို႔မရေတာ့ပဲျပန္ျပန္ျပဳတ္က်ၾကေလသည္။ သူတို႔သည္ေကာင္းကင္တက္လမ္းကို တက္လို႔မရပဲျပဳတ္က်ကာဖုန္တလူးလူးသဲတလူးလူးျဖစ္သြားၾကေလသည္။ လူတိုင္းခ်က္ခ်င္းစိတ္ညစ္သြားၾကေလသည္။
ဘာလို႔ယဲ့က်င့္ထန္က်ေတာ့ အလြယ္ေလးေကာင္းကင္လမ္းကို တက္လို႔ရၿပီးေတာ့ သူတို႔က်ဒီလိုခံေနရတာလဲ?
ယြင့္႐ႈသည္အလ်ွင္စလိုတက္ဖို႔မႀကိဳးစားေပ။ ခနတာေလ့လာစူးစမ္းၿပီးေသာအခါမွသာ အသက္ကိုတဝ႐ွဴလိုက္ၿပီး စိတ္ကုိၿငိမ္ေအာင္ထားကာေကာင္းကင္တက္လမ္းေပၚသို႔ေျခလွမ္းလိုက္ေလသည္။
ၾကာပန္းသည္သူ႔ေျခေထာက္ေအာက္တြင္ပြင့္လာေလသည္။ အနည္းငယ္လႈပ္ေနေသာ္ျငားလည္းထိုၾကာပန္းေလးသည္ အလ်ွင္အျမန္တည္ၿငိမ္သြားေလသည္။ ယြင့္႐ႈသည္ ယဲ့က်င့္ထန္ထက္ေႏွးေသာ္လည္း ေကာင္းကင္တက္လမ္းကိုဒုတိယေျမာက္တက္ႏိုင္သူ တစ္ေယာက္ျဖစ္သြားေလသည္။
လုစုေဝသည္ မ်က္ႏွာ႐ွံု႔တြသြားေလသည္။ သူသည္ေကာင္းကင္တက္လမ္းကို မၾကာေသးမွီကတက္ဖို႔ႀကိဳးစားခဲ့ၿပီးျပဳတ္က်မလိုျဖစ္ခဲ့ေလသည္။ တိမ္တိုက္ျမဴခိုးမ်ားၾကားထဲသို႔ ေလ်ွာက္လွမ္းကာတက္သြားေနေသာယဲ့က်င့္ထန္အားျမင္ရေသာအခါ မေက်မနပ္ျဖစ္မႈမ်ားသူ၏မ်က္လံုးထဲတြင္ျပည့္သြားေလသည္။
⭐⭐⭐⭐⭐⭐⭐⭐
နားလည္တယ္မလားသဲငယ္တို႔ သူတို႔ကစာေမးပြဲစစ္တဲ့အေနနဲ႔ လာေဟးဆိုၿပီး ဓာတ္မီးအလင္းထိုးသလို အလင္းႀကီးဘဲခ်ေပးတာ ဟဲဟဲေမ႐ွင္းျပတာေတာ္သြားသလား😁