အင်အားကြီးမိဖုရား၏ ပြန်လည်ရှင...
By GinYU9485
342K 33.3K 779
Translation work of HanMay & GinYu (Best Novels Collection Team- BNC Team) U can search 'Best Novels Collect... More
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep -9
Ep- 10
Ep-11
Ep-12
Ep -13
Ep-14
Ep-15
EP-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
..
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep-39
Ep-40
Ep-41
Ep-42
Ep-43
Ep-44
Ep-45
Ep-46
Ep-47
Ep-48
Ep-49
Ep-50
Ep-51
Ep-52
Ep-53
Ch-54
Ep-55
ကျေးဇူးတင်​ခြင်း
Ep-56
Ep-57
Ep-58
Ep-59
Ch300 give away
Ep-60
Ch300 Winner
Ep-61
Ep-62
Ep-63
Ep-64
Ep-65
Ch-66
Ch-67
Ch-68
Ch-69
လက်​​ဆောင်
Ch-70
Ch-71
Ch-72
Ch-73
Ch-74
Ch-75
Ch-76
Ch-77
Ch-78
Ch-79
Ch-80
Ch-81
Ch-82
Ch-83
Ch-85
Ch-86
Ch-87
Ch-88
Ch-89
Ch-90
Ch-91
Ch-92
Ch-93
Ch-94
Ch-95
💛💛
Ch-96
Ch-97
Ch-98
Ch-99
Ch-100
Ch-101
Ch-102
Ch-103
Ch-104
Ep-105
Ep-106
Ep-107
108
update?
Ep-109
Ep-110
Ep-111
Ep-112
Ep-113
Ch-114
Ch-115
..
Ch-116
Ch-117
Ch- 118
Ch- 119
Ch-120
Ch
Ch-121
Ch 122
Ch 123
Ch 124
Ch 125
Ch-126
Ch-84
1.6K 191 7
By GinYU9485
Unicode
...
အခန်း ၈၄.
.........
အရှင်မင်းကြီး,ကျုပ်သင့်ကို ဒီအထိပဲကူညီလို့ရမယ်နော်!
အတွင်းခန်းမှာ တိတ်ဆိတ်မြဲတိတ်ဆိတ်နေလေသည်။
ယဲ့ကျင့်ထန်သည်ထိုလူအား အလုပ်ရှုပ်မခံဖို့ပြောကာ ထွက်ပြေးရန်အသင့် အခွင့်အရေးယူဖို့လုပ်ချိန်တွင် နက်နဲပြီးသာယာနာပျော်ဖွယ်ကောင်းသောစကားသံတစ်ခု အတွင်းခန်းထဲမှ ထွက်လာလေသည်။
"ကောင်းပြီ"
"..."
မုစုသည်ငိုချင်သွားလေသည်။ ဒီလိုအချိန်မှာစကားကို ရွှေလို သတ်မှတ်ပြီးခြွေတာတာမလုပ်ပါနဲ့လား အရှင်မင်းကြီးရယ်
ယဲ့ကျင့်ထန်သည် ပို၍ရှုပ်ထွေးသွားလေသည်။
"ယဲ့သခင်မလေး သင့်ရဲ့အတွင်းအားအမြစ်ကို အရင်ပြရင်မကောင်းဘူးလား?" မုစုသည်သူတို့နစ်ဦးကြား စကားမပျက်သွားစေရန် အလွန်ကြိုးစားနေလေသည်။
ဒီအချိန်တွင်သူမမည်ကဲ့သို့မျှ ထွက်ပြေးလွှတ်မြောက်ရန် မဖြစ်နိုင်တော့သည်ကို သိသောကြောင့်ယဲ့ကျင့်ထန်သည် ဆုံးဖြတ်ချက်ချပြီး သူမဘာသာသူမရဲဆေးတင်ကာ လက်များကိုဖြန့်လိုက်လေသည်။
အလင်းရောင်လေးများဖြင့်သေးငယ်သော အတွင်းအားအမြစ်ကလေးသည်ယဲကျင့်ထန်လက်ဖဝါးပေါ်တွင် ရုတ်တရက်ပေါ်လာလေသည်။
"အရှင်မင်းကြီး သခင်မလေးယဲ့ရဲ့မူလအတွင်းအားအမြစ်ကပျက်သွားပြီး ဒါကသူမပြန်ပေါက်အောင် လုပ်ထားတာတဲ့အတွင်းအားအမြစ်အသစ်ပါ။ ဒီအတွင်းအားအမြစ်မှာ တစ်ခုခုချို့ယွင်းနေတာများရှိလားမသိဘူး..."မုစုသည်ထပ်မံ၍ပြောလေသည်။
အတွင်းခန်းထဲတွင်ဟန်ချန်းမင်သည် ယဲ့ကျင့်ထန်လက်ထဲရှိအတွင်းအားအမြစ်ကို ကြည့်လိုက်သောအခါ အနည်းငယ်မျက်မှောင်ကြုပ်သွားလေသည်။
တခြားသူတွေမသိပေမယ့် နတ်ဆိုးနှလုံးသား၏အသိဉာဏ်က ထိုနှလုံးသားရဲ့အစွမ်းတွေကိုအသုံးချပြီး ယဲ့ကျင့်ထန်အား အတွင်းအားအမြစ်ထပ်မံပေါက်လာရန် ကူညီပေးခဲ့ကြောင်းသူရှင်းလင်းစွာသိလေသည်။
ဟန်ချန်းမင်သည် "ဒီအတွင်းအားအမြစ်ကပိုပြီး အဆင့်မြင့်လာနိုင်တယ်"ဟုတဖြေးဖြေးပြောလေသည်။
နတ်ဆိုးနှလုံးသား၏အကူအညီဖြင့် ပေါက်လာသောအတွင်းအားအမြစ်မှာ သာမန်အတွင်းအားအမြစ်များနှင့်တူဘဲ အလွန်ကွဲပြားခြားနားလေသည်။ အနက်ရောင်ဘောလုံးကလေးသည် နတ်ဆိုးနှလုံးသား၏အစွမ်းကိုအသုံးချပြီး ယဲ့ကျင့်ထန်အတွင်းအားအမြစ်အသစ်ပေါက်ရန် ကူညီပေးခဲ့သည်။
သို့သော်လည်းအနက်ရောင်ဘောလုံးလေးသည် နတ်ဆိုးနှလုံးသား၏တက်စွမ်းနိုင်သောအရာများကို သေသေချာချာနားမလည်ပေ။ ထို့ကြောင့်အတွင်းအားအမြစ်အသစ်ပေါက်လာသော်လည်း ထိုအမြစ်မှာအစွမ်းမြင့်ထားခြင်းမရှိပေ။
(Tn-ကလေးကလုပ်ပေးချင်တာဘဲသိတာ။
ကောင်းမကောင်းမသိဘူးရယ်)
သို့သော်လည်းဒီအတွင်းအားအမြစ်သည် သာမန်မဟုတ်ပဲထိုအမြစ်၏အစွမ်းများမှာ အတွင်းအားလေ့ကျင့်ခြင်းနှင့်အတွင်းအားဖြည့်စွက်မှုများပြုလုပ်ခြင်းတို့အားဖြင့် အဆင့်ကိုမြင့်မားလာအောင်မြင့်တင်လို့ရလေသည်။ ယခုတွင်အနီရောင်အဆင့်သာရှိသော်လည်း မှန်ကန်သောအတွင်းအားဖြည့်စွက်မှုများပြုလုပ်ပါက အနာဂတ်တွင်ယဲ့ကျင့်ထန်၏ မူလအစိမ်းရောင်အမြစ်မဆိုထားနှင့် အပြာရောင်အဆင့်၊ခရမ်းရောင်အဆင့်အထိပါ တိုးတက်လာနိုင်စွမ်းရှိလေသည်။
ယဲ့ကျင့်ထန်သည်ဟန်ချန်းမင်၏စကားကို ကြားသောအခါအံ့သြသွားလေသည်။သူမရဲ့အတွင်းအားအမြစ်က ပိုအဆင်မြင့်လာနိုင်တယ်?!!
ကမ္ဘာပေါ်ရှိအတွင်းအားအမြစ်များအားလုံးသည် ပေါ်ပေါက်လာပြီးသည့်အချိန်မှစ၍ထပ်မံ၍ အဆင့်မမြင့်လာနိုင်ကြပေ။ လူတိုင်း၏အတွင်းအားအမြစ်များသည် သူတို့ကိုယ်ထဲတွင်ပေါ်ပေါက်လာသည့်အချိန်မှစ၍ ပြောင်းလဲ၍မတော့ပဲ ရှာရအလွန်ခက်သောအဖိုးတန်ရှားပါးပစ္စည်းအချို့တို့ဖြင့်အင်အားဖြည့်စွက်နိုင်ပြီးအနည်းငယ်ကြီးထွားစေနိုင်လေသည်။ သို့သော်လည်းသူဘာသာကြီးထွားအဆင့်မြင့်နိုင်သော အတွင်းအားအမြစ်ဆိုသောအရာအား မည်သူမျှမကြားဖူးပေ။
ယဲ့ကျင့်ထန်သည်သူမအတွင်းအားအမြစ် ဘယ်လိုဖြစ်ပေါ်လာသည်ကိုလည်းကောင်း ထိုအမြစ်မှာအခြားသောသာမန်အမြစ်များနှင့်ကွဲပြားသည်ကိုလည်းကောင်း သိနေပြီးဖြစ်လေသည်။
သို့်သော်လည်းသူမသည် ယခုလောက်အထိ ကွဲပြားခြားနားလိမ့်မည်ဟုလုံးဝမထင်ထားပေ။
"ကျမသတိထားရမယ့်အချက်လေးတွေ ဘာတွေများရှိသလားမသိဘူး?" ယဲ့ကျင့်ထန်သည် သူ၏အတွင်းအားအမြစ်ကိုသာ စိတ်ထဲတွင်ရှိတော့ပြီး ဆက်လက်၍သတိထားမနေတော့ပေ။
ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်လူကတကယ်ပဲ ရှာတွေ့ခဲ့သော်  သူမသည်ထိုလူအားအနိုင်တိုက်၍လည်း မရသလိုထွက်ပြေးဖို့လည်းမဖြစ်နိုင်ပေ။ ထိုသူနဲ့ယှဉ်နိုင်သူမှာ မိမိရဲ့အသိဉာဏ်ထဲမှာတောင်မရှိသေး!
ထိုစဉ်ဟန်ချန်းမင်းသည် "မရှိဘူး" ဟုပြောလေသည်။
မုစုမှာတော့ အလွန်စိတ်မတင်မကျဖြစ်နေလေသည်။
ယဲ့ကျင့်ထန်ဘက်မှစ၍ စကားစပြောသော်ငြားလည်း ဘာဖြစ်လို့သူ၏အရှင်းမင်းကြီးသည် အဖက်သေချာမလုပ်ပဲနေနေသေးတာလဲ အရှင်မင်းကြီးရယ်.. သေချာချာဂရုတစိုက်စကားပြန်ပြောပါနော်!
"အရှင်းမင်းကြီး ?" မုစုသည်တကယ်ပဲစိုးရိမ်နေလေသည်။
"ဒါဆိုသခင်မလေးယဲ့အတွင်းအားအမြစ်ကို သူမကအင်အားဖြည့်စွက်ချင်ရင် ဘာတွေလိုအပ်မလဲမသိဘူး" ယဲ့ကျင့်ထန်မှာတော့ပို၍ဂရုတစိုက်နားထောင်နေလေသည်။
"ဘိယွီလင်ဇီး၊ ကျင့်မဲ့ကျောက်စိမ်း နဲ့ မဟူရာကောင်းကင်ရေစဉ်" ဟန်ချန်းမင်၏အသံမှာတစ်တန်းတည်း မပြောင်းလဲမှုမရှိပေ။ စကားလုံးများပိုများလာသော်လည်း ခပ်ပြတ်ပြတ်ပြောသလိုဖြစ်နေလေသည်....
မုစုသည်ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်သွားလေသည်။ ဟန်ချန်းမင်ပြောသောပစ္စည်းသုံးမျိုးမှာ ကမ္ဘာတစ်ဝှမ်းလုံးတွင်အလွန်ရှာရခက်သောအရာများ ဖြစ်လေသည်။ သူတို့၏နာမည်များမှာလူသိများကြသော်လည်း သာမှန်လူများအနေဖြင့် ထိုအရာတစ်ခုတစ်လေအား မြင်ဖူးရန်မလွယ်ကြပေ။
'အရှင်မင်းကြီးရယ်..ရိုးရိုးသာမန်ပစ္စည်းတစ်ခုခုကိုပြောပါလား? အရှင်မင်းကြီးမှာ ဗဟုသုတကြွယ်ဝတာကျုပ်သိပါတယ်၊ ဒါပေမယ့်ဒီပစ္စည်းတွေကို ဘယ်လိုလုပ်သာမှန်လူတွေကရှာလို့ရမှာလဲ' မုစုစိတ်ထဲအော်ဟစ်နေမိသည်
သို့သော်လည်းယဲ့ကျင့်ထန်၏မျက်လုံးများမှာ အရောင်တောက်သွားလေသည်။ သူမတခြားအရာများကို မသိသော်လည်း မဟူရာကောင်းကင်ရေစဉ်ကိုတော့ သူမသိလေသည်။
သူမအရင်ဘဝရှန်းလင်ဂိုဏ်ထဲတွင်ရှိနေချိန်၌ မဟူရာကောင်းကင်ရေစဉ်အား သူမမြင်ဖူးလေသည်!
⭐⭐⭐⭐⭐⭐⭐
မုစု အတော်ဖြစ်😂💛
.
.
Zawgyi
...
အခန်း ၈၄.
.........
"​ကောင်းပြီ"
"..."