အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍�...

By thway64

426K 21.9K 276

"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား... More

1။
2။
3။
4။
5။
6။
7။
9။
10။
11။
12။
13။
14။
15။
16။
17။
18။
19။
20။
21။
22။
23။
24။
25။
26။
27။
28။
29။
30။
31။
32။
33။
34။
35။
36။
37။
38။
39။
40။
41။
42။
43။
final part။
Extra
Extra 1
Extra 2
Xello !!
Extra 3 final
အသိပေးချက် !
Xello!!

8။

7.4K 441 10
By thway64

"မယိမ်း ဟန့်ကိုမတိုင်ပါနဲ့ဆို။ နော်လို့
မယိမ်းလို့ "

"ဘယ်လိုဖြစ်နေရတာလဲ ဟန်လေးရယ် ။ဒီမှာအလုပ်လုပ်နေတယ်လေ "

ဟန်လေးက ကဖေးဆိုင်က အပြန်မှာကတည်းကသူ့အိမ်သူမပြန်ပါဘဲ ယိမ်းအနောက်ကတစ်ကောက်ကောက်နှင့်ပါလာခဲ့‌ေလသည်။ တစ်လနေမှ တစ်ခေါက်လောက်သာ ရောက်လာတတ်သော ဟန်သု့ပန်က ဗြုန်းစားကြီး ယိမ်းနှင့်အိမ်သို့ပါလာခဲ့သည်မို့ မာမီတို့ကပင်အံ့ဩနေကြသည်အထိ ပင်။

ယခုကား ယိမ်း၏အခန်းထဲသို့ရောက်နေကြခြင်းဖြစ်သည်။ ခပ်စောစောအချိန်လောက်ကတည်းက ပန်းတို့နှင့်ပါလာသည်မို့ အလုပ်တွေကိုပစ်ထားခဲ့ရသည်က အိမ်သို့ပြန်လာတော့ အနည်းငယ်တောင်မှောင်ရီ‌ပျိုးနေလေပြီဖြစ်သည်။

"ဟန့်ကိုမတိုင်ပါနဲ့ဆို နော်လို့ "!!
မယိမ်းနော် ဟန်ဒီမှာဘဲအိပ်မယ်!!

ယိမ်းအတွေးတို့ပင် မဆုံးသေး ၊ အိပ်ယာပေါ်တွင်အိပ်လိုက် မှောက်လိုက်ဖြင့်လူးလိမ့်နေသည်မို့ ယိမ်း စိတ်မရှည်ချင်တော့။

"သဘော သဘော ရှင့်သဘောဘဲ "

"မယိမ်းကလည်း ဟန့်ကိုကြည့်ပါအုံး လို့"!

အနားကနေ တစ်ဂျီဂျီလုပ်နေသည့်ဟန့်ကြောင့် ယိမ်းLaptop အားပိတ်လိုက်ကာ သူပြောသလို သူ့အားစိုက်ကြည့်လိုက်သည်။

"ကဲ ဘာလဲ ပြော "

"မတိုင်ပါနဲ့လို့ နော် ဟန့်ကိုမတိုင်နဲ့ဆို "

ဒီစကားတစ်ခွန်းကိုဘဲထပ်တစ်လဲလဲပြောနေသည့် သူ။ အိမ်ကိုလည်းမပိုင် အိမ်ကလည်းမနိုင်ဆိုတာ ဟန်သု့ပန်မှအစစ်။ ဒယ်ဒီ့၏အစ်မအကြီးဆံုးဖြစ်တဲ့ တီတီကြီး ဟန်ကလျာ ၏တစ်ဦးတည်းသော သမီးဖြစ်တဲ့ ဟန်ဟာသိပ်သိပ်ဆိုးသည်။ ကလေးမရနိုင်တာ‌ေကြာင့် အချိန်အတော်ကြာစိတ်ထိခိုက်‌ေနရှာတဲ့ တီတီကြီးဟာ ယိမ်း အသက်6နှစ်လောက်မှ ဟန့်ကိုလွယ်ရခဲ့တာပင်။ ခက်ခက်ခဲခဲ ရလာတဲ့သမီးလေးမို့ တီတီကြီးအပါအဝင် တစ်မိသားစုလုံးဟာသည်းသည်းလှုပ်အလိုလိုက်ခဲ့ကြတာပင်။

"မယိမ်းလို့ ဟန် ပြောတာကြားရဲ့လား "?

မနားတမ်း သာလိကာလိုဇွတ်ပြောနေသည့် ဟန်ကြောင့် ယိမ်းသက်ပြင်းချလိုက်မိသည်။

"ဟုတ်ပြီလေ ဒီတစ်ခါတော့ ရှိစေတော့ကွယ် နောက်တစ်ခါတွေဆိုတီတီကြီးကိုတိုင်ပြောမှာနော် ဟန်လေး "

"ဟုတ်ကဲ့  ဒီတစ်ခါဘဲ နောက်မလုပ်ဘူး"

"အွန်း မယိမ်းက ကောင်းစေချင်လို့ပြောတာပါ လူငယ်တွေဆိုပေမယ့်လည်း နေ့လည်ကလိုမျိုးထိတော့ မလုပ်သင့်ဘူးလေ မယိမ်းပြောတာနားလည်လား မူးယစ်ဆေးဆိုတာ မကောင်းမှုကိုဘဲအားပေးတာ ဟန်လေးရဲ့ "

"ဟုတ် ဟန်လေးသိပါတယ် "

"သမီးရေ အခန်းထဲမှာဟန်လေး ရှိနေလား
ညစာစားကြရအောင် ညီမနှစ်ယောက်လုံးဆင်းလာခဲ့ကြတော့ အောက်မှာမောင်လေးစောင့်နေတာကြာပေါ့ကွယ် "

တံခါးအပြင်ဘက်မှလှမ်းအော်နေ‌ေ‌သာမာမီ့၏စကားကိုကြားတော့ နှစ်ယောက်လုံး ငြိမ်သွားကြသည်။

"လာပြီ အန်တီရေ ။ဟီး ဟန်လေးလည်းဗိုက်ဆာနေတာ။ အများကြီးစားမှာနော် "

ထိုသို့လှမ်းအော်ရင်းကုတင်ပေါ်မှ ပြေးဆင်းကာထွက်သွားသော ဟန့်လေးအားကြည့်၍ ယိမ်း ခေါင်းခါယမ်းလိုက်မိသည်။တော်တော်မလွယ်တဲ့ဟာလေး။

"မမက ကြာလိုက်တာဗျာ သားအကြာကြီးစောင့်နေရတာ "

"အို ဗိုက်ဆာနေရင်စားနှင့်တာမဟုတ်ဘူးကွယ်။ မမကအလုပ်တွေလက်စသတ်နေရသေးတယ် ဘုန်းလေးရဲ့ "

"မမကလည်း သားကတူတူစားချင်လို့ကို"

"ဟုတ်သားဘဲ သမီးရယ် သမီးမောင်က ဘယ်တုန်းကသမီးမပါဘဲထမင်းစားဖူးလို့တုန်း "

"အဟမ်း ဘုန်းထက်! ဒီမှာထိုင်နေတဲ့ ငါ့ကိုမမြင်တာလား မမြင်ချင်ယောင်ဆောင်နေတာလား"

"ဟာ မမဟန်လေးပါလား ။ဘယ်တုန်းကရောက်နေတာလဲ "

"အမလေး ။ရောက်နေတာဖြင့်‌ကြာရောပေါ့ အရိုးတောင်ဆွေးတော့မယ် '

"ဟဲဟဲ ဟုတ်လား ။မတွေ့ရတာကြာလို့ထင်တယ် မမဟန်လေး ပိုလှလာတယ် "

"မြောက်နေပြန်ပါပြီ နင့်အတွက်မုန့်တွေဝယ်လာပါတယ်နော် "

"သမီးမေမေကောနေကောင်းရဲ့လား ဟန်လေး "

"ဟုတ် ကောင်းပါတယ် ဦးဦး "

"အေးအေး အိမ်ကိုအလည်မရောက်တာလဲ ကြာပြီကွယ်။ ဒီအကိုကြီးကိုများမေ့နေပြီလားလို့ ဦးဦးကအလည်ခဲ့ပါအုံး လို့ သမီးမေမေကိုပြောလိုက်အုံး "

"ဟုတ်ကဲ့ ဉီးဦး"

********
အောက်ထပ်တွင်ညစာစားနေရင်းမှ နေနေ့ဆီကဖုန်းလာတာကြောင့် အတင်းလက်စသတ်ကာ ထလာရသည်။ မယိမ်းက အကဲခတ်နေဟန်မို့ သွားကြီးသာအစွမ်းကုန်ဖြီးပြခဲ့လိုက်သည်။

"ဟယ်လို "

".........."

"ငါလား အိမ်မှာမဟုတ်ဘူးလေ မယိမ်းအိမ်မှာ !

"........."

"အွန်း ငါဒီနေ့ညအိပ်မလို့ ဟဲဟဲ သိတယ်မလား အိမ်ကိုလှမ်းတိုင်မှာဆိုးလို့လေ"

.......
"ထူးထူးဆန်းဆန်း ဘာလဲ နင်ငါ့အစ်မကိုများ...

"အဟမ်း .."

ပြောလက်စ စကားတွေဟာလေထဲမှာပျောက်ကွယ်သွားသည်။အခန်းဝမှာ မိန့်မိန့်ကြီးလက်ပိုက်ကာရပ်နေသည့်မယိမ်းကြောင့် ဖုန်းကိုတီကနဲချပစ်လိုက်ရသည်။

"မယိမ်းလား ဟီးဟီး လာလေ "

"ဘယ်သူနဲ့ပြောနေတာလဲ "

"နေနေနဲ့ပါ အိမ့်ဆုနေသော်လေ မယိမ်းသိတယ်မလား "

"အင်း ပန်းရဲ့ညီမလေ သူကဘာဖြစ်လို့"?

"ဪ ဘာမှမဖြစ်ပါဘူး ပျင်းလို့တဲ့ ...!
ပြီးတော့လေ ဟို မယိမ်းဖုန်းနံပါတ်တောင်းနေတယ်"

"သူက ဘာလို့တို့ဖုန်းနံပါတ်ကိုတောင်းရတာလဲ "ဟုစိတ်ထဲမှတွေးနေမိသည်။

"အဲ့တော့ ပေးလိုက်လား "?

"ပေးတော့ မပေးရသေးဘူး ဟီးဟီး"

"ပေးတော့ပေးမလို့ပေါ့လေ "

ခပ်တည်တည်နှင့်မျက်ခုံးပင့်ရင်း ယိမ်းပြောနေရင်းမှလက်ထဲကဖုန်းလေးဟာထမြည်လာသည်မို့ ကြည့်လိုက်တော့နံပါတ်အစိမ်းကြီးဖြစ်နေသည်။ ဟန်လေးကိုကြည့်လိုက်တော့ သူမပေးရသေးဘူး ဟုအတင်းငြင်းသည်။ ဒါဆို ပန်းဆီကရတာဖြစ်လိမ့်မည်။

ဟန်းလေးအား တစ်ချက်ကြည့်ပြီးဖုန်းမကိုင်သေးဘဲ ယိမ်း၏အခန်းထဲသို့အရင်ဝင်လာခဲ့သည်။

"ဟယ်လို ယိမ်းနွဲ့ဟန်ပန်‌ေပြာ‌ေနပါတယ် ဘယ်သူလဲမသိဘူး "

ကိုယ့်ကိုယ်ကိုမိတ်ဆက်ကာသူမှန်းသိသော်ငြားလည်း ယိမ်းမသိသလိုသာပြောလိုက်သည်။သူဘယ်လိုဖြေမလဲဆိုသည့်သိချင်စိတ်ကြောင့်ပင်။

"အစ်မ နေနေပါ '
ဟို ပန်း‌ဆုနေသော်ရဲ့ညီမလေ'

"ဪ သိပြီ ဘာကိစ္စရှိလို့လဲကွယ် "

"ဟို ဟိုလေ !!မေးစရာလေးရှိနေလို့ မေးလို့ရမလား အစ်မ?

အမယ် မေးစရာဆိုပါလား ။

' မေးကွယ် ဘာများမေးမလို့လဲ '

"အဲ့နေ့ညကို အစ်မမှတ်မိလားဟင် ?ဟို အဲ့ဒီနေ့ညကလေ အစ်မနဲ့ နေနေနဲ့..~~ တစ်ခုခုများလေ~~ ဟို...

အဲ့ဒီနေ့ည !!ဘယ်နေ့ညပါလိမ့် ?

ယိမ်းနှုတ်ဆိတ်နေသော်လည်း စိတ်ထဲမှာ မရမကစဉ်းစားနေလေသည်။ သိချင်လွန်းသဖြင့် ယိမ်း၏အသံတို့သည်‌ေစာနကလိုတည်ငြိမ်မနေပေ။

"ကဲ မေးစရာဆိုလဲ ရှင်းရှင်းမေးကွယ် တို့နားမလည်ဘူး "

"ဟို အစ်မမွေးနေ့ပွဲတုန်းကလေ နေ‌နဲ့အတူတူအိပ်ခဲ့ကြတာလေ ဟို ..."

"ဪ အဲ့တာလား ဟုတ်တယ်လေ မင်းမူးရှုးနေလို့ မင်းမမ က တို့အိမ်ကိုထားရစ်ခဲ့တာ"

ယိမ်းပြောနေရင်းပင်အဲ့ဒီနေ့ညကအဖြစ်ဟာ မျက်လုံးထဲမှာပြန်ပေါ်လာပြန်သည်။ တွေးမိ‌တိုင်း ဒင်းလေးကိုကျေနပ်တာမဟုတ်။ ဒါကိုပင် ဘာကိစ္စအစလာဖော်နေရသလဲ။? ထိုစဉ် ဆက်ပြောလာသော စကားကြောင့် ယိမ်းမျက်လုံးတွေပြူးကျယ်သွားရသည်။

"အစ်မ အင်္ကျီဝတ်မထားဘူး "

"ဘာ ဘယ်လို ဘယ်လို မင်းဘာပြောလိုက်တာလဲ "

  အင်္ကျီမဝတ်ထားတာသူလေ မူးရှုးပြီးအတင်းအင်္ကျီတွေဆွဲချွတ်နေပြီးတော့များ

ယိမ်းစိတ်ထဲမှ မကျေမနပ်ရန်စွာနေသည်ကိုဒင်းလေးကတော့ကြားမည်မဟုတ်။

"ဟို ဝတ်မထားတာမဟုတ်လောက်ဘူး ဟိုလေ ကန်တော့နော် '

"ဘာလဲပြော "

စောနကထက် မာနေသောအသံကြောင့် နေ့တစ်ကိုယ်လုံးချွေးစီးတွေတောင်ထွက်လာရသည်။ ထိုအစ်မကိုတွေ့တိုင်း အဲ့ဒီနေ့ညက အဖြစ်ကိုပြန်မြင်ယောင်မိပြန်တော့ ကိုယ့်ကိုယ်ကိုလိပ်ပြာမလုံပေ။ ထို့ကြောင့် တာဝန်ယူဖို့သာဆုံးဖြတ်မိသည်။ မိန်းကလေးချင်းဆိုပေမယ့်လို့ ဘာဘဲဖြစ်ဖြစ် ကိုယ်လုပ်ခဲ့တာကိုယ်တာဝန်ယူရလိမ့်မည်။

"နေနေ့ကိုယ်မှာလဲ အင်္ကျီကပ်မနေဘူးလေ အဲ့တော့လေ ဟို '

"တာဝန်ယူချင်တယ် "

"ဟမ် ဘာကိုတာဝန်...!!
"ဟယ်လို !?ဟယ်လို ?

သူပြောချင်ရာတွေဇွတ်ပြောကာ ဖုန်းချသွားသောသူကြောင့် ယိမ်း ကြောင်အသွားမိသည်။

" သူဘာတွေပြောသွားတာပါ့လိမ့် တစ်ခုမှလည်းနားမလည်လိုက်ဘူးရော် ခက်တော့ခက်နေပါပြီ "

အချိန်ကား ည၁၂နာရီကျော်ကျော် ရှိနေသော်ငြားလည်း ယိမ်း၏အခန်းလေးမှာယခုထိမီးပွင့်နေဆဲပင်။ အလုပ်တွေလုပ်နေလို့လားဆိုတော့လည်း မဟုတ်ပြန်၊ ပြတင်းပေါက်နေရာမှာသာ ရပ်၍လေညင်းခံနေခြင်းဖြစ်သည်။လက်ထဲက ကော်ဖီခွက်လေးအား မော့သောက်ရင်း စဉ်းစားရခက်နေလေသည်။

ထိုကလေးမ ပြောသွားသည့်စကားတွေအား ယိမ်း နားလည်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်။ အစဆုံးမရှိပါဘဲ ထင်ရာဇွတ်ပြောသွားသည့် ဒင်းလေးကို စိတ်ပေါက်ပေါက်နှင့်ကုတ်ပစ်ချင်သည်။

"ဟူးးး ဒီညတော့ အိပ်လို့ရမယ်မထင်ပါဘူး"

သက်ပြင်းရှိုက်ကာ စိတ်ပျက်လက်ပျက်နှင့်မီးထပိတ်လိုက်သည်။ အိပ်ယာပေါ်သို့ တက်လိုက်ကာ အိပ်မ‌ရသော်လည်းအိပ်ဖို့ရာသာပြင်လိုက်သည်။ မနက်ဖြန် ရုံးသို့သွားအုံးမည်လေ။

**********
"အင်းးးးးးး အိပ်လို့ကောင်းလိုက်တာကွာ ငါအကြာကြီးအိပ်‌ပျော်သွားတာဘဲ..!!

မွေ့အိပ်ယာ‌ပေါ်တွင် လူးလိမ့်ရင်း နေနေတစ်ယောက်အပျင်းကြောဆန့်နေ‌ေလသည်။ မနေ့ညက အစောကြီးအိပ်လိုက်တာကြောင့် မနက်ရောက်တော့ အစောကြီးနိုးနေသည်။ အချိန်ဆွဲမနေ‌ေတာ့ဘဲ အိပ်ယာထဲမှထကာ ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရမည်။

"မမ ထတော့ ထတော့လို့ "
ဟာ မမရာ အိပ်ပုတ်ကြီးလိုက်တာ!!

"မမလို့ "

"အင်းးး ဟင်းးးး နေသော်လား "?

အိပ်မှုန်စုတ်ဖွားဖြင့်အတင်းပြူးပြဲကာ နေနေ့အား ခေါင်းထောင်ကြည့်သည်။

"မနက်လင်းနေပြီ ထတော့လို့ "

"အစောကြီးရှိသေးတာကို နေသော်ရာ တီတီ့ဆီသွားဖို့ကမှီပါတယ် "

‌ကုတင်ဘေးကတင်ထားသောနာရီကိုကြည့်လိုက်တော့ ‌မမ ပြောတာဟုတ်တော့ဟုတ်‌ေနသည်။ အခုမှ၅နာရီတောင်မခွဲသေးတာမို့ မျက်နှာကြီးသာဖြီးပြလိုက်ရသည်။သူလာနိုးတာ တီတီ့ဆီသွားဖို့မှမဟုတ်ဘဲ။

"မမ ငါပြောစရာရှိလို့ ထပါအုံးဟ"

အတင်းလှုပ်၍နိုးသော်လည်း ပေအိပ်နေသည့် မမရယ်ပါ။သူများကိုလာလာနိူးတုန်းကကျ သူမဟုတ်တဲ့အတိုင်းပင်။

"မမလို့"

" ဘာလဲဟာ ပြောရင်လည်းမြန်မြန်ပြော ငါဆက်အိပ်အုံးမှာ "

အတင်းကုန်းထကာ ဆံပင်စုတ်ဖွားနှင့်စူပုတ်နေသည့် မမ ကိုကြည့်ကာ ရယ်ချင်သည်။ ထိုင်နေသော်ငြားလည်း မျက်လုံးတွေဟာပွင့်မလာသေးပေ။

"နင့်သူငယ်ချင်းလေ ယိမ်းဆိုတဲ့အစ်မကို ငါလက်ထပ်ချင်လို့ "!!

မျက်လုံးစုံမှိတ်ကာ ရဲရဲကြီးပြောချလိုက်ပေမယ့်လို့ ဘာအသံမှထွက်မလာသည့် မမကြောင့် ဖွင့်ကြည့်လိုက်တော့ ထိုင်လျက်ကြီးငိုက်နေလေရဲ့။

"ကြားလား မမ ။ဟာ မမလို့ ဟာကွာ"

"ဟင် ဘာလဲ ဘာလဲပြောလေ "

"ငါလက်ထပ်ချင်တယ်လို့ "!

အခုမှကြားသွားသည်ထင် ၊ မျက်လုံးတွေဟာဆတ်ကနဲပွင့်လာသည်။

"ဘာ လူကဖြင့်လက်တောက်လောက်နဲ့ လက်ထပ်ချင်နေပြီပေါ့လေ? အိမ့်ဆုနေသော် !!

"ပြောကြည့်စမ်းပါအုံး နင်ကဘယ်တုန်းကများရည်းစားရသွားတာလဲ သူကဘယ်သူလဲ "?

"ယိမ်းနွဲ့ဟန်ပန်တဲ့!
"နင့်သူငယ်ချင်းလေ

"ဘာ !!ဘာပြောလိုက်တယ်

"ဟုတ်တယ် ငါမိန်းမယူမှာ !!

"အမလေး ဘုရားဘုရား"

ရင်ဘက်ကိုလက်ဖြင့်ဖိကာ မျက်လုံးကြီးပြူးလျက်နှင့်မူးလဲသွားသော မမ‌ေကြာင့်လန့်သွားမိသည်။ နေနေတစ်ယောက်တုံ့ဆိုင်းမနေပါဘဲ ချက်ချင်းမာမီတို့ရှိရာ အောက်ထပ်သို့ပြေးဆင်းလာခဲ့သည်။

**************
ညက‌တော်တော်နှင့်အိပ်မပျော်ပေမယ့်လို့ မနက်ရောက်တော့ ခါတိုင်းလိုပင်အစောကြီးနိုး‌‌ေနလေသည်။ယိမ်း မျက်နှာသစ် ကာဘုရားဝတ်ပြုလိုက်သည်။ နွေခါ ကုန်လုပြီမို့ မနက်ခင်းအချိန်ဟာ အနည်းငယ်တော့အေး‌ေနသည်။ ယိမ်းဘုရားဝတ်ပြုအပြီး အောက်ထပ်သို့ဆင်းရန် လှမ်းလာတော့ ကုတ်ချောင်းကုတ‌်ချောင်းလုပ်နေသည့် ဟန် နှင့်တန်းတိုးလေသည်။

"ဟဲဟဲ မယိမ်း နိုးပြီလား "

"နိုးတာကြာပေါ့ကွယ် ဘုရားတောင်ဝတ်ပြုပြီးနေပြီ "

"အာ သာဓု သာဓု သာဓုပါနော်
ဟန်ကတော့ ခုမှနိုးတယ် နိုးနိုးချင်းဗိုက်ဆာလို့ အောက်ဆင်းတော့မလို့ ဟီး"

"အွန်း တူတူသွားရအောင်လေ "

"ဟုတ်ကဲ့ "

အပေါ်ထပ်မှ နှစ်ယောက်သားယှဉ်‌၍လျှောက်လာခဲ့သည်။ ဘေးတိုက်ကနေ ယိမ်း အားတစ်ကြည့်ကြည့်လုပ်နေသော ဟန် ဟာတစ်ခုခုကိုအကဲခတ်နေပုံရသည်။

"မယိမ်း ညကအိပ်ပျော်ရဲ့လား မျက်ကွင်း‌‌ေတွညိုနေသလားလို့ "

"ဪ အင်း ညကစာရင်းတွေမပြီးသေးတာနဲ့ လက်စသတ်နေလို့လေ ညဉ့်နက်မှအိပ်ပျော်သွားတယ်ရယ်"

ယိမ်း၏အဖြေကိုကြားတော့ ဟန်းလေးကခေါင်းတစ်ဆတ်ဆတ်ငြိမ့်သည်။ ဟန်လေး ယုံကြည်သွားပြီဟုဆိုမှ သက်ပြင်းချလိုက်မိသည်။

"ဟူးး မနက်အစောကြီး မုသာဝါဒကံကျူးလွန်မိပါရောလား "

***********
မိသားစုလေးယောက်ခန့်ရှိသော အိမ်ကြီးဟာယနေ့မနက်ခင်းမှ‌ာ အတန်ကြာအောင်တိတ်ဆိတ်နေသည်။ ရှေ့မှာမိန့်မိန့်ကြီးဒယ်ဒီနှင့်မာမီကို သူ ရဲရဲမကြည့်ရဲပေ။ မမကတော့ မယုံနိုင်သောအကြည့်တွေဖြင့်ကြည့်ရင်းမာမီ့၏ပုခုံးကိုမှီကာ ရှုဆေးရှုနေရသည်။

"သမီး တကယ်ပြောနေတာလား '

"တကယ်ပါ ဒယ်ဒီ "

နေနေ့၏ခိုင်မာသောဆုံးဖြတ်ချက်ကြောင့် ဒယ်ဒီဟာသက်ပြင်းဖွဖွချသည်။

"ကောင်းပြီလေ သမီးက ယိမ်းလေးကိုတကယ်မေတ္တာရှိတာသေချာတယ်ဆိုရင်တော့ ဒယ်ဒီတို့ဘက်ကလိုက်လျောပေးရမှာပေါ့‌ေလ ဒါပေမယ့်တစ်ခုတော့ ရှိတယ်နော် သမီး"!! အိမ်ထောင်ပြုတယ်ဆိုတာက မတူညီတဲ့ဘဝနှစ်ခုကိုတစ်ခုတည်းဖြစ်အောင် ပေါင်းစည်းခြင်းဆိုတာ သိထား။သမီးက မိန်းကလေးတစ်ယောက်ကိုရွေးချယ်လို့ ဒယ်ဒီတို့ကအပြစ်မတင်ဘူးနော် ဒါပေမယ့် သမီးဘက်ကအိမ်ထောင်ဦးစီးကောင်းတစ်ယောက်‌‌ေတာ့ဖြစ်ပါစေ အရင်ကလိုကလေးဆန်နေလို့မရဘူး "

"ဟုတ်ကဲ့ သမီးနားလည်ပါတယ် "

"မိန်းမ မင်း‌ကကော သမီးကိုဘာပြောချင်သေးလဲ"?

"မာမီကတော့ ဘာဘဲဖြစ်ဖြစ် သမီးဘက်ကမို့ သမီးရွေးချယ်မှုအပေါ်ကန့်ကွက်စရာမရှိပါဘူး သမီးယိမ်းလေးကလည်း ကိုယ့်သမီးလေးလိုဘဲဟာ '"

"ဟီး ဟုတ်ကဲ့"
မမ နင်ကော ဘာပြောချင်သေးလဲ "?

မာမီ၏ပုခုံးပေါ်မှာမှီရင်း နေနေ့အား မျက်လုံးသေတွေဖြင့်ကြည့်နေသည့် မမ အားကြည့်ကာရယ်ချင်သည်။ သူအခုထိ အံ့ဩနေပုံပင်။ နေနေ့၏အပြောအား ပြန်မဖြေဘဲ ခေါင်းယမ်းပြသည်။

ဒယ်ဒီနှင့်မာမီကိုကြည့်ကာ ရွှင်မြူးစွာဖြင့်ပြုံးရယ်ပြလိုက်မိသည်။

13.12.2022
Thway64
2:15PM

အပိုင်း(9)မျှော်
______
Zawgyi

"မယိမ္း ဟန႔္ကိုမတိုင္ပါနဲ႕ဆို ေနာ္လို႔
မယိမ္းလို႔ "

"ဘယ္လိုျဖစ္ေနရတာလဲ ဟန္ေလးရယ္ ဒီမွာအလုပ္လုပ္ေနတယ္ေလ "

ဟန္ေလးက ကေဖးဆိုင္က အျပန္မွာကတည္းကသူ႕အိမ္သူမျပန္ပါဘဲ ယိမ္းအေနာက္ကတစ္ေကာက္ေကာက္ႏွင့္ပါလာခဲ့ေလသည်။ တစ္လေနမွ တစ္ေခါက္ေလာက္သာ ေရာက္လာတတ္ေသာ ဟန္သု႔ပန္က ျဗဳန္းစားႀကီး ယိမ္းႏွင့္အိမ္သို႔ပါလာခဲ့သည္မို႔ မာမီတို႔ကပင္အံ့ဩေနၾကသည္အထိ ။

ယခုကား ယိမ္း၏အခန္းထဲသို႔ေရာက္ေနၾကျခင္းျဖစ္သည္။ ခပ္ေစာေစာအခ်ိန္ေလာက္ကတည္းက ပန္းတို႔ႏွင့္ပါလာသည္မို႔ အလုပ္ေတြကိုပစ္ထားခဲ့ရသည္က အိမ္သို႔ျပန္လာေတာ့ အနည္းငယ္ေတာင္ေမွာင္ရီပ်ိဳးေနေလၿပီျဖစ္သည္။

"ဟန႔္ကိုမတိုင္ပါနဲ႕ဆို ေနာ္လို႔ "!!
မယိမ္းေနာ္ ဟန္ဒီမွာဘဲအိပ္မယ္!!

ယိမ္းအေတြးတို႔ပင္ မဆုံးေသး ၊ အိပ္ယာေပၚတြင္အိပ္လိုက္ ေမွာက္လိုက္ျဖင့္လူးလိမ့္ေနသည္မို႔ ယိမ္း စိတ္မရွည္ခ်င္ေတာ့။

"သေဘာ သေဘာ ရွင့္သေဘာဘဲ "

"မယိမ္းကလည္း ဟန႔္ကိုၾကည့္ပါအုံး လို႔"!

အနားကေန တစ္ဂ်ီဂ်ီလုပ္ေနသည့္ဟန႔္ေၾကာင့္ ယိမ္းLaptop အားပိတ္လိုက္ကာ သူေျပာသလို သူ႕အားစိုက္ၾကည့္လိုက္သည္။

"ကဲ ဘာလဲ ေျပာ "

"မတိုင္ပါနဲ႕လို႔ ေနာ္ ဟန႔္ကိုမတိုင္နဲ႕ဆို "

ဒီစကားတစ္ခြန္းကိုဘဲထပ္တစ္လဲလဲေျပာေနသည့္ သူ။ အိမ္ကိုလည္းမပိုင္ အိမ္ကလည္းမနိုင္ဆိုတာ ဟန္သု႔ပန္မွအစစ္။ ဒယ်ဒီ့၏အစ်မအကြီးဆံုးဖြစ်တဲ့ တီတီႀကီး ဟန္ကလ်ာ ၏တစ္ဦးတည္းေသာ သမီးျဖစ္တဲ့ ဟန္ဟာသိပ္သိပ္ဆိုးသည္။ ကေလးမရနိုင္တာေကြာင့် အခ်ိန္အေတာ္ၾကာစိတ္ထိခိုက္ေနရှာတဲ့ တီတီႀကီးဟာ ယိမ္း အသက္6ႏွစ္ေလာက္မွ ဟန႔္ကိုလြယ္ရခဲ့တာပင္။ ခက္ခက္ခဲခဲ ရလာတဲ့သမီးေလးမို႔ တီတီႀကီးအပါအဝင္ တစ္မိသားစုလုံးဟာသည္းသည္းလႈပ္အလိုလိုက္ခဲ့ၾကတာပင္။

"မယိမ္းလို႔ ဟန္ ေျပာတာၾကားရဲ႕လား "?

မနားတမ္း သာလိကာလိုဇြတ္ေျပာေနသည့္ ဟန္ေၾကာင့္ ယိမ္းသက္ျပင္းခ်လိဳက္မိသည္။

"ဟုတ္ၿပီေလ ဒီတစ္ခါေတာ့ ရွိေစေတာ့ကြယ္ ေနာက္တစ္ခါေတြဆိုတီတီႀကီးကိုတိုင္ေျပာမွာေနာ္ ဟန္ေလး "

"ဟုတ္ကဲ့ ဒီတစ္ခါဘဲ ေနာက္မလုပ္ဘူး"

"အြန္း မယိမ္းက ေကာင္းေစခ်င္လို႔ေျပာတာပါ လူငယ္ေတြဆိုေပမယ့္လည္း ေန႕လည္ကလိုမ်ိဳးထိေတာ့ မလုပ္သင့္ဘူးေလ မယိမ္းေျပာတာနားလည္လား မူးယစ္ေဆးဆိုတာ မေကာင္းမႈကိုဘဲအားေပးတာ ဟန္ေလးရဲ႕ "

"ဟုတ္ ဟန္ေလးသိပါတယ္ "

"သမီးေရ အခန္းထဲမွာဟန္ေလး ရွိေနလား
ညစာစားၾကရေအာင္ ညီမႏွစ္ေယာက္လုံးဆင္းလာခဲ့ၾကေတာ့ ေအာက္မွာေမာင္ေလးေစာင့္ေနတာၾကာေပါ့ကြယ္ "

တံခါးအျပင္ဘက္မွလွမ္းေအာ္ေနေသာမာမီ့၏စကားကိုၾကားေတာ့ ႏွစ္ေယာက္လုံး ၿငိမ္သြားၾကသည္။

"လာၿပီ အန္တီေရ ။ဟီး ဟန္ေလးလည္းဗိုက္ဆာေနတာ။ အမ်ားႀကီးစားမွာေနာ္ "

ထိုသို႔လွမ္းေအာ္ရင္းကုတင္ေပၚမွ ေျပးဆင္းကာထြက္သြားေသာ ဟန႔္ေလးအားၾကည့္၍ ယိမ္း ေခါင္းခါယမ္းလိုက္မိသည္။ေတာ္ေတာ္မလြယ္တဲ့ဟာေလး။

"မမက ၾကာလိုက္တာဗ်ာ သားအၾကာႀကီးေစာင့္ေနရတာ "

"အို ဗိုက္ဆာေနရင္စားႏွင့္တာမဟုတ္ဘူးကြယ္။ မမကအလုပ္ေတြလက္စသတ္ေနရေသးတယ္ ဘုန္းေလးရဲ႕ "

"မမကလည္း သားကတူတူစားခ်င္လို႔ကို"

"ဟုတ္သားဘဲ သမီးရယ္ သမီးေမာင္က ဘယ္တုန္းကသမီးမပါဘဲထမင္းစားဖူးလို႔တုန္း "

"အဟမ္း ဘုန္းထက္! ဒီမွာထိုင္ေနတဲ့ ငါ့ကိုမျမင္တာလား မျမင္ခ်င္ေယာင္ေဆာင္ေနတာလား"

"ဟာ မမဟန္ေလးပါလား ။ဘယ္တုန္းကေရာက္ေနတာလဲ "

"အမေလး ။ေရာက္ေနတာျဖင့္ၾကာေရာေပါ့ အရိုးေတာင္ေဆြးေတာ့မယ္ '

"ဟဲဟဲ ဟုတ္လား ။မေတြ႕ရတာၾကာလို႔ထင္တယ္ မမဟန္ေလး ပိုလွလာတယ္ "

"ေျမာက္ေနျပန္ပါၿပီ နင့္အတြက္မုန႔္ေတြဝယ္လာပါတယ္ေနာ္ "

"သမီးေမေမေကာေနေကာင္းရဲ႕လား ဟန္ေလး "

"ဟုတ္ ေကာင္းပါတယ္ ဦးဦး "

"ေအးေအး အိမ္ကိုအလည္မေရာက္တာလဲ ၾကာၿပီကြယ္။ ဒီအကိုႀကီးကိုမ်ားေမ့ေနၿပီလားလို႔ ဦးဦးကအလည္ခဲ့ပါအုံး လို႔ သမီးေမေမကိုေျပာလိုက္အုံး "

"ဟုတ္ကဲ့ ဉီးဦး"

********
ေအာက္ထပ္တြင္ညစာစားေနရင္းမွ ေနေန႕ဆီကဖုန္းလာတာေၾကာင့္ အတင္းလက္စသတ္ကာ ထလာရသည္။ မယိမ္းက အကဲခတ္ေနဟန္မို႔ သြားႀကီးသာအစြမ္းကုန္ၿဖီးျပခဲ့လိုက္သည္။

"ဟယ္လို "

".........."

"ငါလား အိမ္မွာမဟုတ္ဘူးေလ မယိမ္းအိမ္မွာ !

"........."

"အြန္း ငါဒီေန႕ညအိပ္မလို႔ ဟဲဟဲ သိတယ္မလား အိမ္ကိုလွမ္းတိုင္မွာဆိုးလို႔ေလ"

.......
"ထူးထူးဆန္းဆန္း ဘာလဲ နင္ငါ့အစ္မကိုမ်ား...

"အဟမ္း .."

ေျပာလက္စ စကားေတြဟာေလထဲမွာေပ်ာက္ကြယ္သြားသည္။အခန္းဝမွာ မိန႔္မိန႔္ႀကီးလက္ပိုက္ကာရပ္ေနသည့္မယိမ္းေၾကာင့္ ဖုန္းကိုတီကနဲခ်ပစ္လိုက္ရသည္။

"မယိမ္းလား ဟီးဟီး လာေလ "

"ဘယ္သူနဲ႕ေျပာေနတာလဲ "

"ေနေနနဲ႕ပါ အိမ့္ဆုေနေသာ္ေလ မယိမ္းသိတယ္မလား "

"အင္း ပန္းရဲ႕ညီမေလ သူကဘာျဖစ္လို႔"?

"ဪ ဘာမွမျဖစ္ပါဘူး ပ်င္းလို႔တဲ့ ...!
ၿပီးေတာ့ေလ ဟို မယိမ္းဖုန္းနံပါတ္ေတာင္းေနတယ္"

"သူက ဘာလို႔တို႔ဖုန္းနံပါတ္ကိုေတာင္းရတာလဲ "ဟုစိတ္ထဲမွေတြးေနမိသည္။

"အဲ့ေတာ့ ေပးလိုက္လား "?

"ေပးေတာ့ မေပးရေသးဘူး ဟီးဟီး"

"ေပးေတာ့ေပးမလို႔ေပါ့ေလ "

ခပ္တည္တည္ႏွင့္မ်က္ခုံးပင့္ရင္း ယိမ္းေျပာေနရင္းမွလက္ထဲကဖုန္းေလးဟာထျမည္လာသည္မို႔ ၾကည့္လိုက္ေတာ့နံပါတ္အစိမ္းႀကီးျဖစ္ေနသည္။ ဟန္ေလးကိုၾကည့္လိုက္ေတာ့ သူမေပးရေသးဘူး ဟုအတင္းျငင္းသည္။ ဒါဆို ပန္းဆီကရတာျဖစ္လိမ့္မည္။

ဟန္းေလးအား တစ္ခ်က္ၾကည့္ၿပီးဖုန္းမကိုင္ေသးဘဲ ယိမ္း၏အခန္းထဲသို႔အရင္ဝင္လာခဲ့သည္။

"ဟယ္လို ယိမ္းႏြဲ႕ဟန္ပန္ေပြာေနပါတယ် ဘယ္သူလဲမသိဘူး "

ကိုယ့္ကိုယ္ကိုမိတ္ဆက္ကာသူမွန္းသိေသာ္ျငားလည္း ယိမ္းမသိသလိုသာေျပာလိုက္သည္။သူဘယ္လိုေျဖမလဲဆိုသည့္သိခ်င္စိတ္ေၾကာင့္ပင္။

"အစ္မ ေနေနပါ '
ဟို ပန္းဆုေနေသာ္ရဲ႕ညီမေလ'

"ဪ သိၿပီ ဘာကိစၥရွိလို႔လဲကြယ္ "

"ဟို ဟိုေလ !!ေမးစရာေလးရွိေနလို႔ ေမးလို႔ရမလား အစ္မ?

အမယ္ ေမးစရာဆိုပါလား ။

' ေမးကြယ္ ဘာမ်ားေမးမလို႔လဲ '

"အဲ့ေန႕ညကို အစ္မမွတ္မိလားဟင္ ?ဟို အဲ့ဒီေန႕ညကေလ အစ္မနဲ႕ ေနေနနဲ႕..~~ တစ္ခုခုမ်ားေလ~~ ဟို...

အဲ့ဒီေန႕ည !!ဘယ္ေန႕ညပါလိမ့္ ?

ယိမ္းႏႈတ္ဆိတ္ေနေသာ္လည္း စိတ္ထဲမွာ မရမကစဥ္းစားေနေလသည္။ သိခ်င္လြန္းသျဖင့္ ယိမ္း၏အသံတို႔သည္ေစာနကလိုတည်ငြိမ်မနေပေ။

"ကဲ ေမးစရာဆိုလဲ ရွင္းရွင္းေမးကြယ္ တို႔နားမလည္ဘူး "

"ဟို အစ္မေမြးေန႕ပြဲတုန္းကေလ ေနနဲ႕အတူတူအိပ္ခဲ့ၾကတာေလ ဟို ..."

"ဪ အဲ့တာလား ဟုတ္တယ္ေလ မင္းမူးရႈးေနလို႔ မင္းမမ က တို႔အိမ္ကိုထားရစ္ခဲ့တာ"

ယိမ္းေျပာေနရင္းပင္အဲ့ဒီေန႕ညကအျဖစ္ဟာ မ်က္လုံးထဲမွာျပန္ေပၚလာျပန္သည္။ ေတြးမိတိုင္း ဒင္းေလးကိုေက်နပ္တာမဟုတ္။ ဒါကိုပင္ ဘာကိစၥအစလာေဖာ္ေနရသလဲ။? ထိုစဥ္ ဆက္ေျပာလာေသာ စကားေၾကာင့္ ယိမ္းမ်က္လုံးေတြျပဴးက်ယ္သြားရသည္။

"အစ္မ အကၤ်ီဝတ္မထားဘူး "

"ဘာ ဘယ္လို ဘယ္လို မင္းဘာေျပာလိုက္တာလဲ "

အကၤ်ီမဝတ္ထားတာသူေလ မူးရႈးၿပီးအတင္းအကၤ်ီေတြဆြဲခြၽတ္ေနၿပီးေတာ့မ်ား

ယိမ္းစိတ္ထဲမွ မေက်မနပ္ရန္စြာေနသည္ကိုဒင္းေလးကေတာ့ၾကားမည္မဟုတ္။

"ဟို ဝတ္မထားတာမဟုတ္ေလာက္ဘူး ဟိုေလ ကန္ေတာ့ေနာ္ '

"ဘာလဲေျပာ "

ေစာနကထက္ မာေနေသာအသံေၾကာင့္ ေန႕တစ္ကိုယ္လုံးေခြၽးစီးေတြေတာင္ထြက္လာရသည္။ ထိုအစ္မကိုေတြ႕တိုင္း အဲ့ဒီေန႕ညက အျဖစ္ကိုျပန္ျမင္ေယာင္မိျပန္ေတာ့ ကိုယ့္ကိုယ္ကိုလိပ္ျပာမလုံေပ။ ထို႔ေၾကာင့္ တာဝန္ယူဖို႔သာဆုံးျဖတ္မိသည္။ မိန္းကေလးခ်င္းဆိုေပမယ့္လို႔ ဘာဘဲျဖစ္ျဖစ္ ကိုယ္လုပ္ခဲ့တာကိုယ္တာဝန္ယူရလိမ့္မည္။

"ေနေန႕ကိုယ္မွာလဲ အကၤ်ီကပ္မေနဘူးေလ အဲ့ေတာ့ေလ ဟို '

"တာဝန္ယူခ်င္တယ္ "

"ဟမ္ ဘာကိုတာဝန္...!!
"ဟယ္လို !?ဟယ္လို ?

သူေျပာခ်င္ရာေတြဇြတ္ေျပာကာ ဖုန္းခ်သြားေသာသူေၾကာင့္ ယိမ္း ေၾကာင္အသြားမိသည္။

" သူဘာေတြေျပာသြားတာပါ့လိမ့္ တစ္ခုမွလည္းနားမလည္လိုက္ဘူးေရာ္ ခက္ေတာ့ခက္ေနပါၿပီ "

အခ်ိန္ကား ည၁၂နာရီေက်ာ္ေက်ာ္ ရွိေနေသာ္ျငားလည္း ယိမ္း၏အခန္းေလးမွာယခုထိမီးပြင့္ေနဆဲပင္။ အလုပ္ေတြလုပ္ေနလို႔လားဆိုေတာ့လည္း မဟုတ္ျပန္၊ ျပတင္းေပါက္ေနရာမွာသာ ရပ္၍ေလညင္းခံေနျခင္းျဖစ္သည္။လက္ထဲက ေကာ္ဖီခြက္ေလးအား ေမာ့ေသာက္ရင္း စဥ္းစားရခက္ေနေလသည္။

ထိုကေလးမ ေျပာသြားသည့္စကားေတြအား ယိမ္း နားလည္ဖို႔ဆိုတာ ဘယ္လိုမွမျဖစ္နိုင္။ အစဆုံးမရွိပါဘဲ ထင္ရာဇြတ္ေျပာသြားသည့္ ဒင္းေလးကို စိတ္ေပါက္ေပါက္ႏွင့္ကုတ္ပစ္ခ်င္သည္။

"ဟူးးး ဒီညေတာ့ အိပ္လို႔ရမယ္မထင္ပါဘူး"

သက္ျပင္းရွိုက္ကာ စိတ္ပ်က္လက္ပ်က္ႏွင့္မီးထပိတ္လိုက္သည္။ အိပ္ယာေပၚသို႔ တက္လိုက္ကာ အိပ္မရေသာ္လည္းအိပ္ဖို႔ရာသာျပင္လိုက္သည္။ မနက္ျဖန္ ႐ုံးသို႔သြားအုံးမည္ေလ။

**********
"အင္းးးးးးး အိပ္လို႔ေကာင္းလိုက္တာကြာ ငါအၾကာႀကီးအိပ္ေပ်ာ္သြားတာဘဲ..!!

ေမြ႕အိပ္ယာေပၚတြင္ လူးလိမ့္ရင္း ေနေနတစ္ေယာက္အပ်င္းေၾကာဆန႔္ေနေလသည်။ မေန႕ညက အေစာႀကီးအိပ္လိုက္တာေၾကာင့္ မနက္ေရာက္ေတာ့ အေစာႀကီးနိုးေနသည္။ အခ်ိန္ဆြဲမေနေတာ့ဘဲ အိပ္ယာထဲမွထကာ ျပင္ဆင္စရာရွိတာေတြျပင္ဆင္ရမည္။

"မမ ထေတာ့ ထေတာ့လို႔ "
ဟာ မမရာ အိပ္ပုတ္ႀကီးလိုက္တာ!!

"မမလို႔ "

"အင္းးး ဟင္းးးး ေနေသာ္လား "?

အိပ္မႈန္စုတ္ဖြားျဖင့္အတင္းျပဴးၿပဲကာ ေနေန႕အား ေခါင္းေထာင္ၾကည့္သည္။

"မနက္လင္းေနၿပီ ထေတာ့လို႔ "

"အေစာႀကီးရွိေသးတာကို ေနေသာ္ရာ တီတီ့ဆီသြားဖို႔ကမွီပါတယ္ "

ကုတင္ေဘးကတင္ထားေသာနာရီကိုၾကည့္လိုက္ေတာ့ မမ ေျပာတာဟုတ္ေတာ့ဟုတ္ေနသည်။ အခုမွ၅နာရီေတာင္မခြဲေသးတာမို႔ မ်က္ႏွာႀကီးသာၿဖီးျပလိုက္ရသည္။သူလာနိုးတာ တီတီ့ဆီသြားဖို႔မွမဟုတ္ဘဲ။

"မမ ငါေျပာစရာရွိလို႔ ထပါအုံးဟ"

အတင္းလႈပ္၍နိုးေသာ္လည္း ေပအိပ္ေနသည့္ မမရယ္ပါ။သူမ်ားကိုလာလာနိူးတုန္းကက် သူမဟုတ္တဲ့အတိုင္းပင္။

"မမလို႔"

" ဘာလဲဟာ ေျပာရင္လည္းျမန္ျမန္ေျပာ ငါဆက္အိပ္အုံးမွာ "

အတင္းကုန္းထကာ ဆံပင္စုတ္ဖြားႏွင့္စူပုတ္ေနသည့္ မမ ကိုၾကည့္ကာ ရယ္ခ်င္သည္။ ထိုင္ေနေသာ္ျငားလည္း မ်က္လုံးေတြဟာပြင့္မလာေသးေပ။

"နင့္သူငယ္ခ်င္းေလ ယိမ္းဆိုတဲ့အစ္မကို ငါလက္ထပ္ခ်င္လို႔ "!!

မ်က္လုံးစုံမွိတ္ကာ ရဲရဲႀကီးေျပာခ်လိဳက္ေပမယ့္လို႔ ဘာအသံမွထြက္မလာသည့္ မမေၾကာင့္ ဖြင့္ၾကည့္လိုက္ေတာ့ ထိုင္လ်က္ႀကီးငိုက္ေနေလရဲ႕။

"ၾကားလား မမ ။ဟာ မမလို႔ ဟာကြာ"

"ဟင္ ဘာလဲ ဘာလဲေျပာေလ "

"ငါလက္ထပ္ခ်င္တယ္လို႔ "!

အခုမွၾကားသြားသည္ထင္ ၊ မ်က္လုံးေတြဟာဆတ္ကနဲပြင့္လာသည္။

"ဘာ လူကျဖင့္လက္ေတာက္ေလာက္နဲ႕ လက္ထပ္ခ်င္ေနၿပီေပါ့ေလ? အိမ့္ဆုေနေသာ္ !!

"ေျပာၾကည့္စမ္းပါအုံး နင္ကဘယ္တုန္းကမ်ားရည္းစားရသြားတာလဲ သူကဘယ္သူလဲ "?

"ယိမ္းႏြဲ႕ဟန္ပန္တဲ့!
"နင့္သူငယ္ခ်င္းေလ

"ဘာ !!ဘာေျပာလိုက္တယ္

"ဟုတ္တယ္ ငါမိန္းမယူမွာ !!

"အမေလး ဘုရားဘုရား"

ရင္ဘက္ကိုလက္ျဖင့္ဖိကာ မ်က္လုံးႀကီးျပဴးလ်က္ႏွင့္မူးလဲသြားေသာ မမေကြာင့်လန့်သွားမိသည်။ ေနေနတစ္ေယာက္တုံ႕ဆိုင္းမေနပါဘဲ ခ်က္ခ်င္းမာမီတို႔ရွိရာ ေအာက္ထပ္သို႔ေျပးဆင္းလာခဲ့သည္။

**************
ညကေတာ္ေတာ္ႏွင့္အိပ္မေပ်ာ္ေပမယ့္လို႔ မနက္ေရာက္ေတာ့ ခါတိုင္းလိုပင္အေစာႀကီးနိုးေနလေသည်။ယိမ်း မ်က္ႏွာသစ္ ကာဘုရားဝတ္ျပဳလိုက္သည္။ ႏြေခါ ကုန္လုၿပီမို႔ မနက္ခင္းအခ်ိန္ဟာ အနည္းငယ္ေတာ့ေအးေနသည်။ ယိမ္းဘုရားဝတ္ျပဳအၿပီး ေအာက္ထပ္သို႔ဆင္းရန္ လွမ္းလာေတာ့ ကုတ္ေခ်ာင္းကုတ္ေခ်ာင္းလုပ္ေနသည့္ ဟန္ ႏွင့္တန္းတိုးေလသည္။

"ဟဲဟဲ မယိမ္း နိုးၿပီလား "

"နိုးတာၾကာေပါ့ကြယ္ ဘုရားေတာင္ဝတ္ျပဳၿပီးေနၿပီ "

"အာ သာဓု သာဓု သာဓုပါေနာ္
ဟန္ကေတာ့ ခုမွနိုးတယ္ နိုးနိုးခ်င္းဗိုက္ဆာလို႔ ေအာက္ဆင္းေတာ့မလို႔ ဟီး"

"အြန္း တူတူသြားရေအာင္ေလ "

"ဟုတ္ကဲ့ "

အေပၚထပ္မွ ႏွစ္ေယာက္သားယွဥ္၍ေလွ်ာက္လာခဲ့သည္။ ေဘးတိုက္ကေန ယိမ္း အားတစ္ၾကည့္ၾကည့္လုပ္ေနေသာ ဟန္ ဟာတစ္ခုခုကိုအကဲခတ္ေနပုံရသည္။

"မယိမ္း ညကအိပ္ေပ်ာ္ရဲ႕လား မ်က္ကြင္းေတွညိုနေသလားလို့ "

"ဪ အင္း ညကစာရင္းေတြမၿပီးေသးတာနဲ႕ လက္စသတ္ေနလို႔ေလ ညဉ့္နက္မွအိပ္ေပ်ာ္သြားတယ္ရယ္"

ယိမ္း၏အေျဖကိုၾကားေတာ့ ဟန္းေလးကေခါင္းတစ္ဆတ္ဆတ္ၿငိမ့္သည္။ ဟန္ေလး ယုံၾကည္သြားၿပီဟုဆိုမွ သက္ျပင္းခ်လိဳက္မိသည္။

"ဟူးး မနက္အေစာႀကီး မုသာဝါဒကံက်ဴးလြန္မိပါေရာလား "

***********
မိသားစုေလးေယာက္ခန႔္ရွိေသာ အိမ္ႀကီးဟာယေန႕မနက္ခင္းမွာ အတန္ၾကာေအာင္တိတ္ဆိတ္ေနသည္။ ေရွ႕မွာမိန႔္မိန႔္ႀကီးဒယ္ဒီႏွင့္မာမီကို သူ ရဲရဲမၾကည့္ရဲေပ။ မမကေတာ့ မယုံနိုင္ေသာအၾကည့္ေတြျဖင့္ၾကည့္ရင္းမာမီ့၏ပုခုံးကိုမွီကာ ရႈေဆးရႈေနရသည္။

"သမီး တကယ္ေျပာေနတာလား '

"တကယ္ပါ ဒယ္ဒီ "

ေနေန႕၏ခိုင္မာေသာဆုံးျဖတ္ခ်က္ေၾကာင့္ ဒယ္ဒီဟာသက္ျပင္းဖြဖြခ်သည္။

"ေကာင္းၿပီေလ သမီးက ယိမ္းေလးကိုတကယ္ေမတၱာရွိတာေသခ်ာတယ္ဆိုရင္ေတာ့ ဒယ္ဒီတို႔ဘက္ကလိုက္ေလ်ာေပးရမွာေပါ့ေလ ဒါေပမယ့္တစ္ခုေတာ့ ရွိတယ္ေနာ္ သမီး"!! အိမ္ေထာင္ျပဳတယ္ဆိုတာက မတူညီတဲ့ဘဝႏွစ္ခုကိုတစ္ခုတည္းျဖစ္ေအာင္ ေပါင္းစည္းျခင္းဆိုတာ သိထား။သမီးက မိန္းကေလးတစ္ေယာက္ကိုေ႐ြးခ်ယ္လို႔ ဒယ္ဒီတို႔ကအျပစ္မတင္ဘူးေနာ္ ဒါေပမယ့္ သမီးဘက္ကအိမ္ေထာင္ဦးစီးေကာင္းတစ္ေယာက္ေတာ့ဖြစ်ပါစေ အရင္ကလိုကေလးဆန္ေနလို႔မရဘူး "

"ဟုတ္ကဲ့ သမီးနားလည္ပါတယ္ "

"မိန္းမ မင္းကေကာ သမီးကိုဘာေျပာခ်င္ေသးလဲ"?

"မာမီကေတာ့ ဘာဘဲျဖစ္ျဖစ္ သမီးဘက္ကမို႔ သမီးေ႐ြးခ်ယ္မႈအေပၚကန႔္ကြက္စရာမရွိပါဘူး သမီးယိမ္းေလးကလည္း ကိုယ့္သမီးေလးလိုဘဲဟာ '"

"ဟီး ဟုတ္ကဲ့"
မမ နင္ေကာ ဘာေျပာခ်င္ေသးလဲ "?

မာမီ၏ပုခုံးေပၚမွာမွီရင္း ေနေန႕အား မ်က္လုံးေသေတြျဖင့္ၾကည့္ေနသည့္ မမ အားၾကည့္ကာရယ္ခ်င္သည္။ သူအခုထိ အံ့ဩေနပုံပင္။ ေနေန႕၏အေျပာအား ျပန္မေျဖဘဲ ေခါင္းယမ္းျပသည္။

ဒယ္ဒီႏွင့္မာမီကိုၾကည့္ကာ ႐ႊင္ျမဴးစြာျဖင့္ၿပဳံးရယ္ျပလိုက္မိသည္။

13.12.2022
Thway64
2:15PM

အပိုင္း(9)ေမွ်ာ္

Continue Reading

You'll Also Like

218K 13.1K 41
Judul sebelumnya: mengejar cinta-Nya Sudah terbit di penerbit Teori Kata cerita ini murni pikiran saya sendiri,biasakan follow sebelum membaca ** seb...
222K 7K 25
[M] Menggoda Taehyung adalah keahlian Jisoo
4.9K 312 11
Bahkan Menemukan saja sudah menjadi Hilang untuk ku!
703K 7.6K 91
Setiap cerita akan menjadi kenangan