အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍�...
By thway64
431K 22K 276
"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား... More
1။
2။
3။
4။
5။
6။
8။
9။
10။
11။
12။
13။
14။
15။
16။
17။
18။
19။
20။
21။
22။
23။
24။
25။
26။
27။
28။
29။
30။
31။
32။
33။
34။
35။
36။
37။
38။
39။
40။
41။
42။
43။
final part။
Extra
Extra 1
Extra 2
Xello !!
Extra 3 final
အသိပေးချက် !
Xello!!
7။
7.9K 452 1
By thway64
"ကဲ ပြောပါအုံး ဒီရက်ပိုင်း‌ေတွအမြီးတောင်မမြင်ရအောင် ဘယ်တွေများကြွချီတော်မူနေတာလဲ ။"
ကဖေးဆိုင်တစ်ဆိုင်တွင် အိမ်ဆုနေသော်တို့အုပ်စုလူစုံနေကြခြင်းဖြစ်သည်။ ဒီရက်ပိုင်းတွေအတွင်းပျောက်နေတတ်သည့် နေနေ့ကို ဖူးခတ်က မကျေနပ်စွာပြောလာ‌သည်မို့ သောက်လက်စ ဘီယာခွက်အားခွပ်ကနဲမြည်‌
အောင်ချလိုက်သည်။
" ဘယ်မှာမှကြွချီတော်မမူရပါဘူး‌ေနာ် တီတီ့ဆီမှာခြေချုပ်မိနေတာလေ။ ဒီနေ့တောင်sundayမို့ နားရက်ရတာ ။"
"ဒါဆိုလည်းဖုန်းလေးတော့ဆက်လို့ရတာပဲမဟုတ်ဘူးလား ဒါပေမယ့်နင်မဆက်လာဘူးလေ "
'အာ မရစ်နဲ့ဖူးခတ်ရာ
ဒီဝိုင်းကိုငါဒကာခံမယ်‌ေလ ဟုတ်ပြီလား'
"ဟွန်း ပြီးရော"
"ရေးးးတကယ်လား စားမယ် စားမယ် "
နေနေ့၏ဒကာခံမည်ဟုအသံကြားတော့ ဟန်သု့ပန်က ထ၍လက်ခုပ်တီးသည်။ စောနကစူပုတ်နေသည့် ဖူးခတ်ကလည်းငြိမ်သွားသလို ကျန်တဲ့နှစ်ယောက်ကလည်း စားဖို့သောက်ဖို့ကိုသာအာရုံရနေသည်။ နေနေတို့အဖွဲ့က စုစုပေါင်းငါးယောက်ရှိသည်။ ငယ်ပေါင်းတွေမဟုတ်သော်လည်း အထက်တန်းကတည်းကပေါင်းလာခဲ့တာဖြစ်လို့ ညီအစ်မတွေလိုပင်ရင်းနှီးကြသည်။
မိုးမြင့်တိမ်လွှာ "စာဂျပိုးလေး မို့မျက်မှန်အမြဲတပ်ထားရသည် အမြဲလိုလိုလုံချည်နှင့်သာနေတတ်သည်မို့ မိန်းမအရမ်းဆန်သည်။ သူလေးကနူးနူးညံ့ညံ့လေး။
ရတီဖူးခတ် "ကလေးလိုလို ခွေးလိုလိုဆိုတာသူမှအစစ်၊ အိမ်ကအစ်မနှင့်အတူထားရမည်။ အသက်က‌သာတစ်ဖြည်းဖြည်းကြီးလာတယ် ကလေးစိတ်ကလုံးဝမပျောက် ၊ ဂါဝန်တွေချည်းသားတစ်နေ့တစ်မျိုးမရိုးရအောင်အဝတ်များသူမို့ သူလေးကကျတော့ cute typeလေး။
ဟန်သု့ပန် "ဟန်ကကျတော့ နေ့ရဲ့တစ်ကယ့်ဘော်ဒါပင်။ အမြဲရှပ်အပွအကျီနှင့်ဂျင်းတွေသာ အဝတ်များသည်မို့ သူကကျ tachi typeလေး၊ကျောင်းမှာဆို မိန်းကလေးအများစုကသည်းသည်းလှုပ်ကြွေသည်။
သက်ငုံဖူး " ဒင်းလေးကကျ လူကြီးပေါက်စလေး ၊‌ေနရာတစ်ကာသူကဆရာကြီးအမြဲလုပ်ချင်သလို အရမ်းစကားများသေးသည်။ သူကကျတော့ ဝတ်ချင်တာဝတ်တဲ့typeမျိုး၊ ထင်ရာ‌စိုင်းတတ်တဲ့ကောင်မ😑။
"ငါပြောစရာရှိသေးတယ် နားထောင်ကြအုံး "
"ဘာလဲ ပြောလေ "
အာလေးလျှာလေးနှင့်ရေချိန်ကိုက်နေသည့်သက်ငုံဖူးက‌ေခါင်း‌ေထာင်ကြည့်သည်။ တစ်ဖွဲ့လုံးမှာဒင်းကအရက်သမား။ မိုးမြင့်တိမ်လွှာက‌ေတာ့ငြိမ်ငြိမ်လေးနေရင်း နားထောင်နေသည်။
"သဘက်ခါကျ ငါ့မမ မွေးနေ့ ပါတီလုပ်မှာ! အဲ့တာနင်တို့ကိုဖိတ်တယ် လာခဲ့ကြနော် "
"နေစမ်းပါအုံး နင်ကဖိတ်တာလား မမပန်းကဖိတ်တာလား "
ဘီယာခွက်အား ကောက်မော့ကာ ဟန်ကလည်း ကောင်းနေပုံရသည်။မျက်ခုံးပင့်ကာ မေးလာသည့် ဟန့်အမေးအား
"ငါ့ဘာသာဖိတ်တာလေ ဘာဖြစ်လဲ"
"ဟ မမိုက်ပါဘူး နေသော်ရာ "
ဖူးခတ်က စိတ်ညစ်သလိုဝင်ပြောလာတာကြောင့်
"ဘာလဲ နင်တို့ကမလာဘူးပေါ့ "
"လာမှာပေါ့ ဟဲဟဲ ဒီလိုမျိုးကကြုံရခဲတယ် လေ နော် ဘော်ဒါတို့"
"မိုးမြင့်တိမ်လွှာလေးကရော လာမယ်မလား ?
သမီးအလိမ္မာလေး မိုးမြင့်ကိုစနောက်လိုက်ရင်းမေးလိုက်တော့ ခပ်ဖွဖွပြုံးပြသည်။
"လာမယ်လေ ဒါပေမယ့် ညအိပ်လို့တော့မဖြစ်ဘူးနော် နေ "
"အေးပါ ငါပြန်လိုက်ပို့ပေးမယ် ဟုတ်ပြီလား ဘာမှစိတ်မပူနဲ့နော် ရအောင်သာထွက်လာခဲ့ "
မိုးမြင့်တိမ်လွှာက သမီးအလိမ္မာလေးမို့ ညဘက်တွေမှာအပြင်ထွက်ခွင့်သိပ်မရှိပေ။ ထို့ကြောင့် မမ ကိုသွားခေါ်ခိုင်းရမည် ၊ မမနဲ့ဆိုလျှင်သူ့အိမ်က စိတ်ချသလိုခွင့်လည်းပြုသည်လေ။ဖြစ်ချင်တော့ မမဟာမိုးမြင့်တိမ်လွှာမာမီ၏တပည့်ဖြစ်ခဲ့ဖူးသည်။ နေနေ့တို့ခေါတ်ရောက်မှသာ ကျန်းမာရေးကြောင့်ပင်စဉ်နားလိုက်ရတာဖြစ်သည်။
******
"ယိမ်း အလုပ်တွေရှိသေးတယ်မလား ။အချိန်ရရဲ့လား ယူရဲ့ "
ပန်းခြံတစ်ခုကနေ စိတ်ပြေလက်ပျောက်လမ်းလျှောက်ထွက်လာခဲ့ကြရာ ဝင့်လွှာက အားနာသလိုပြောလာသည်မို့ ယိမ်းစကားစဖို့ပြင်စဉ်မှာပင်....
"ရရမရရ ဝင့်လွှာရာ တို့‌ေတွမပြန်မချင်းဒင်းလည်းမပြန်ရဘူး ။သူအားတဲ့ရက်ဆိုတာဘယ်မှာရှိလို့လဲ ။ဒီနေ့လေးတောင် သူ့ရုံးခန်းထဲထိအတင်းလိုက်ခေါ်လို့အင်တင်တင်နဲ့ပါလာတာလေ "
"အို ကျွန်မလိုက်လာခဲ့တာဘဲမဟုတ်ဘူးလား ?
လူကဖြင့် အသက်အရွယ်ကရလာပြီကို ခုထိကလေးစိတ်ကမပျောက်သေးဘူးနော် ပန်းဆုနေသော် "
"အောင်မှာတို့က ခုမှ နှစ်ဆယ်ကျော်လေးဘဲရှိသေးတယ် လူကြားမကောင်းအောင် အကျယ်ကြီးအော်ပြော‌မနေနဲ့ ဟဲ့"
ပန်း၏မကျေမနပ်ပြောသံကိုကြားတော့ ဝင့်လွှာကမနေနိုင်တော့ဟန်ဖြင့် တစ်ခစ်ခစ်ရယ်တော့သည်။
"နှစ်ဆယ်ကျော်ကဘယ်နှစ်နှစ်တောင်လဲ သုံးဆယ်ပြည့်ခါနီးလေးတင်လား "
"ယူနော် "!!
ပြောပါအုံး မသင့်မြတ်ဝင့်လွှာ ယိမ်းဘက်ကလား တို့ဘက်ကလားလို့?
"အယ် တို့ကနှစ်ယောက်စလုံးရဲ့ဘက်တော်သားပါနော် ရှင်တို့ကသာတစ်ဂူမှာနေပြီး တစ်ကျက်ကျက်ရန်ဖြစ်နေကြတာ "
ဝင့်လွှာ၏စကားဟာ ပကတိမှန်ကန်‌နေသဖြင့် နှစ်ယောက်စလုံးငြိမ်ကျသွားကြတော့သည်။
"ဟယ် ဟိုမှာ တို့အိမ်ကနှစ်ယောက်မရှိတဲ့ ညီမလေးပါလား "
ကားပေါ်သို့တက်ရန် ပြင်နေစဉ်မှာပင် ဟိုဘက်လမ်းဘေးက ဆိုင်တစ်ဆိုင်မှာ နေသော်တို့အုပ်စုကိုတွေ့လိုက်ရသည်။ ပန်း၏စကားကိုကြားဟန်မတူဘဲ ငြိမ်နေသည့်နှစ်ယောက်ကိုကြည့်လိုက်တော့ ဒင်းတို့ကကားပေါ်ရောက်နှင့်နေကြပြီ။
အခုထိ ကားပေါ်ကိုတက်မလာသေးသည့် ပန်းကြောင့် ကားမှန်ချလိုက်ကာ
"ပန်း ဘာဖြစ်လို့လဲဟင် "?
"ဟဲဟဲ ယိမ်းနဲ့ဝင့်လွှာ ပြန်ဖို့အချိန်ကစောပါသေးတယ် ။ဟိုဘက်က ဆိုင်ကိုခနလောက်သွားထိုင်ရအောင်လား"
"အို ရှုပ်ရှုပ်ရှပ်ရှပ် ယူရယ် ယိမ်းကလိုက်ပါ့မလား "
ကားထဲမှာနေကာမျက်မှန်ကြီးတပ်ကာမိန့်မိန့်ကြီးထိုင်နေသည့် ယိမ်းအား‌လှည့်ကြည့်ရင်း ပြောလိုက်မိသည်။
*******
"ဖြစ်ပါ့မလား ပန်းရယ်
ကားတွေကတစ်ဝီးဝီးနဲ့မကူးရဲပါဘူး တို့ကြောက်တယ် "
"လာပါ ဝင့်လွှာရဲ့ တို့လက်ကိုတွဲပြီးကူးလေ ဘာမှမကြောက်နဲ့နော် "
" ငါ့ကိုကျတစ်ယောက်တည်းထားခဲ့ကြမယ်ပေါ့လေ "
နေကာမျက်မှန်ကိုအပေါ်သို့လှန်တင်ကာ စူပုတ်နေသည့်မျက်နှာတော်အားမြင်အောင်ပြလာသည်မို့ ရယ်သာပြလိုက်ရသည်။
"မပူပါနဲ့ ယောင်မလေးရယ် ဒီမှာခနလေးသာရပ်နေခဲ့ ပြီးရင်ပြန်လာကူတွဲမယ် ဟုတ်ပြီလား ဒီမှာဘဲရပ်နေနော် "
ထိုသို့ပြောရင်းယိမ်းအား တစ်ယောက်တည်းထားရစ်ကာထွက်သွားကြတော့သည်။ မြို့တော်လမ်းမကြီးမို့ ကားတွေဟာ အများအပြားတိုးဝှေ့လုမောင်းနေကြသည်။မြို့သူတွေဖြစ်ကြပေမယ့် ကားလမ်းကူးသည့်အတွေ့အကြုံဟာခပ်ရှားရှားရယ်မို့ မဝံ့မရဲဖြစ်နေကြသည်။
ပန်း၏စကားအ‌တိုင်း ကားအနားလေးမှရပ်ကာစောင့်နေလိုက်သည်။ တွန့်ဆုတ် တွန့်‌ဆုတ်နှင့်ကြောက်နေပုံရသောဝင့်လွှာမှာ ပန်း၏လက်ကိုတင်းကြပ်စွာ‌ဆုတ်ကိုင်လို့ထားသည်။ ထို့သို့သွားရင်း နှင့်ပင်တစ်ဖက်တစ်လမ်းကဆိုင်သို့နှစ်ယောက်သားဘေးကင်းကင်းနှင့်ရောက်သွားကြသည်မို့ ရင်အေးရသည်။
သူတို့ရောက်သွားသည်နှင့်မကြာ ပန်းဆုနေသော်၏ညီမဟာဆိုင်ထဲမှမှုံကုတ်ကုတ်ဖြင့်ထွက်လာကာ ကားလမ်းကိုဖြတ်ကူးလာနေသည်။ သူရဲ့ဦးတည်ရာဟာ ယိမ်းဆီသို့သာတည့်တည့်လာနေပုံကြောင့် စိတ်ထဲက‌ေနပန်းဆုနေသော်ကိုမေတ္တာပို့နိုင်တော့သည်။
"လာ အစ်မ သွားစို့ "
ယိမ်း၏လက်အား အတင့်ရဲစွာလာဆုတ်ကိုင်သော ထိုကလေးမကြောင့် နေရခက်သည်ကြောင့် ရုန်းလိုက်မိသည်။
"လာပါဗျာ ဒီတိုင်းဘဲရပ်‌နေတော့မလို့လား မမတို့ကစားစရာတွေတောင်မှာပြီးနေပြီ "
နောက်တစ်ဖန်လာရောက်ဆုတ်ကိုင်သော ခပ်နွေးနွေးအထိအတွေ့ကိုတော့ မရုန်းမိသလို ထိုကလေးမ၏စကားအားပြန်စကားလည်းမဆိုမိခဲ့ပေ။ ‌ရှေ့ကနေ မကြောက်မရွံ့လမ်းကူးနေသော ကလေးမသည်‌ေကြာက်ဟန်မရှိဘဲ အတွေ့အကြုံများမယ့်ပုံ။ ယိမ်းကသာ နေကာမျက်မှန်ကြီးနှင့် တောင့်တောင့်ကြီးပါသွားခဲ့သည်။ မျက်မှန်အောက်က စုံမှိတ်ထားသည့်မျက်ဝန်းတွေကိုတော့ ဘယ်သူမှသိမည်မထင်ပါ။
"လာ ထိုင်ကြ ယိမ်း ယူ့အတွက်ခေါက်ဆွဲကြော်မှာထားတယ် နော်"
ဆိုင်ထဲသို့ရောက်တော့ စားပွဲဝိုင်းအကြီးကြီးကယိမ်းကိုကြိုဆိုနေသည်။ဘီယာ ဘူးခွံအများအပြားနှင့်စားကြွင်းစာကျန်ပန်းကန်တွေ ၊ မျက်နှာချင်းဆိုင်ထိုင်နေသည့်ကောင်မလေးတွေ၏မျက်လုံးတွေဟာရီဝေပြီးနီမြန်းနေသည် ၊ဒါသူတို့၏လက်ချက်ပင်ဖြစ်ရမည် ဟုတွေးလိုက်သည်။
"ကဲ လူစုံပြီဆိုတော့ မမ တို့ကိုမိတ်ဆက်ပေးရအုံးမယ် ဟိုဘက်ဆုံးက တစ်ယောက်ကရတီဖူးခတ်တဲ့ "
ထိုကလေးမလက်ညိုးထိုးပြသည့် အဆုံးကကောင်မလေးဟာ နည်းနည်းမှသတိဝင်သေးရဲ့လားမသိပေ။ ခုံပေါ်တွင်ခေါင်းမှောက်ကျနေလေပြီ ။ ရတီဖူးခတ် ဟုသူ့နာမည်အားကြားတော့မှသာ အတင်းခေါင်းထောင်ကြည့်သည်။
"ဟီးဟီး အစ်မကြီးတွေက ချောလိုက်တာ "
"နောက်ကတစ်ယောက်ကျတော့ ဟန်သူ့ပန်"!
"မင်္ဂလာပါ ဟန်သု့ပန်ပါ"
ဒီကောင်မလေးကတော့ စောနကမိတ်ဆက်ပေးသည့်ကောင်မလေးထက်ဆိုင်လျှင်တော့ မဆိုးဘူးဟုပြောရမည်။သို့သော်သူလည်းမူးနေပုံ။
" ဒီဘက်ကတစ်ယောက်ကသက်ငုံဖူး"
"ဟီးဟီး သက်ငုံဖူးပါရှင့်"
" သူကတော့ မိုးမြင့်တိမ်လွှာတဲ့ "မမကတော့သိပြီးသားပါ"
ဒီကောင်မလေးကတော့ သူတို့အုပ်စုထဲမှာအေးမည့်ပုံပင်။ သူ့နာမည်ကိုမိတ်ဆက်‌ေပး‌ေတာ့ဖွဖွပြုံးကာ ခေါင်းငြိမ့်ပြီးသာနူတ်ဆက်သည်။
"နေကောင်းရဲ့လား တိမ်လွှာလေး"
"ဟုတ် ကောင်းပါတယ် "
အသိတွေဖြစ်နေကြသော ပန်းက ထိုကောင်မလေးကိုတော့ဖော်ရွေစွာနှုတ်ဆက်သည်။
ထိုကလေးမ၏မိတ်ဆက်ပေးမှုကြီးအဆုံးမှာ မှာထားသည့်စားစရာတွေဟာရောက်လို့လာသည်။အနံ့တစ်ထောင်းထောင်းနှင့် ခေါက်ဆွဲကြော် ပူပူနွေးနွေးလေးဟာ တကယ်စားချင်စရာပင် ။သို့သော် ကြက်ဥကြော်တစ်ရှပ်က အနှစ်ကျက်‌ေအာင်မကြော်ဘဲ ထည့်ထားတာကြောင့် နှာခေါင်းရှုံ့မိသည်။ယိမ်းကအနှစ်ကျက်မှစားသည်လေ။
ခပ်သေးသေးတုံးကာရောကြော်ထားသည့်အသားတုံးလေးတွေကိုလည်း အသေအချာကြည့်ရသေးသည်။ ယိမ်းက ကြက်သားနှင့်မှစားသည်လေ ။
"ယိမ်း ရရဲ့လား ကြက်ဥကြော်ကအနှစ်မကျက်ဘူးထင်တယ် တို့ကိုပေးလေ ငုံးဥနဲ့လဲပေးမယ် "
"အင်း ကျေးဇူးဘဲ "
ဒီလိုအခြေအနေကျတော့ ပန်းဆုနေသော်တစ်ယောက်ကအားကိုးရသည်။ ယိမ်းပန်းကန်ထဲကြက်ဥကြော်ကိုယူကာ ငုံးဥနှစ်လုံးအားလာထည့်ပေးသည်။
ခေါက်ဆွဲတစ်လုတ်ကိုအရင်အရသာခံကာမြည်းစမ်းကြည့်လိုက်တော့ထင်ထားထက်ပင် အတော်လေးအဆင်ပြေ‌ေနသည်။ မနက်ကတည်းက ဘာမှမစားရသေးတာမို့ ပန်းကန်ထဲကခေါက်ဆွဲကြော်ကိုသာ အာရုံရနေမိသည်။
"နေသော် နင်ကမစားဘူးလား "!?
"အွန်း ဗိုက်ပြည့်နေလို့ "
ဘေးနားကကပ်‌ထိုင်နေသည့်ပန်း၏စကားကြောင့် မော့ကြည့်လိုက်တော့ စားပွဲခုံကိုမေးကြီးထောက်ကာပြုံးကြည့်နေသည့်သူ ၊ သူ့မျက်ဝန်းတွေဟာ မျက်နှာချင်းဆိုင်တည့်တည့်က ကိုယ့်ဆီမှာသာရှိနေတော့ မလုံမလဲ တီရှုးဘူးအားကောက်ကိုင်မိသည်။ ဝင့်လွှာကတော့ အစားကိုသာအာရုံရနေပြီး မျက်နှာချင်းဆိုင်ကကောင်မလေးတွေကတော့စားလို့မ‌ဝသေးဟန် မီနူးကဒ်ကိုကြည့်နေကြပြန်သည်။
"အဟမ်း မမက သဘက်ခါနင့်မွေးနေ့ကျ ငါ့သူငယ်ချင်းတွေကိုဖိတ်ထားတယ်နော် ကြိုပြောပြတာ "
ထိုကလေးမ၏စကားကြောင့် ယိမ်းကလည်းမျက်ခုံးပင့်မိလိုက်သလို ပန်းဆုနေသော်ကလည်းအီလည်လည်ဖြစ်သွားရသည်။ ပါတီဟုဆိုသော်လည်းစီးပွားရေး လုပ်ငန်းရှင်ကြီးတွေသာအများဆုံးဖိတ်ထားသည်မို့ စိတ်တိုကြောင်းတစ်ဖွဖွပြောနေသည့်ပန်းရယ်လေ။
" တကယ်တော့လေ ဒယ်ဒီက ငါ့မွေးနေ့ဆိုတဲ့ဆိုင်းဘုတ်ကြီးကိုဘဲယူလိုက်တာ သိလား"
"ဘာဖြစ်လို့လဲ ပန်းရဲ့ "
"ဘာဖြစ်ရမလဲ သူ့စီးပွားရှင်ပါတနာတွေဘဲအများဆံုးဖိတ်ထားတာလေ စိတ်ညစ်လိုက်တာ"!! အဲ့အခါကျ ငါတို့လွတ်လွတ်လပ်လပ်ပျော်ရမှာမဟုတ်ဘူး"ဟုဆိုခဲ့ဖူးသည့်ပန်း၏စကားကိုပြန်ကြားမိပြန်တော့ ပင့်သက်ရှိုက်မိသည် ။
"မမပန်းကဘယ်နှစ်နှစ်ပြည့်မှာလဲ "
"နှစ်ဆယ့်ရှစ်လေ "
အနည်းငယ်ရီဝေနေကာမူးနေဟန်ပေါ်သောကောင်မလေးက ပန်းကိုစိုက်ကြည့်၍မေးလာသည်။ နှစ်ဆယ့်ရှစ် ဟု‌ေသာအဖြေစကားကြောင့် သူ့မျက်ဝန်းတွေဟာဝိုင်းစက်လို့သွားသည်။
"အိုးး မထင်ရဘူးနော် မမကအရမ်းနုတာဘဲဟန်က နှစ်ဆယ့်ငါးလောက်ဘဲရှိအုံးမယ်ထင်နေတာ "
"အဟမ်း ငါမျက်နှာပူတယ်နော်
ငါ့အစ်မကိုငါ့ရှေ့မှာအီစီကလီလုပ်နေတာတော့ သားရီး မင်းလွန်တယ်နော်"
ချောင်းဟန့်ကာ ခပ်တည်တည်နှင့်ပြောလာသည့် နေ့၏စကားကြောင့်
"မင်းလည်း ငါ့အစ်မကို ငါ့မျက်စိရှေ့မှာဝါးစားမတတ်ကြည့်နေတာကျတော့ကော လွန်တယ်မထင်ဘူးလား"
"ဟမ် "
ဟန့်၏ပြန်ခုခံသည့်စကားကိုကြားတော့ ယိမ်းတစ်‌ေယာက်ကလွဲလို့အကုန်လုံးကအံ့ဩသွားကြသည်။
"ဘယ်လို ဘယ်လို "
"ယိမ်းနဲ့က အမျိုးတွေလား "?
"ဟန် နင်လျှိုထားတယ်ပေါ့လေ "
တစ်ယောက်တစ်ပေါက်ပြောနေကြသည့် စကားတွေအား သူမကြားမိ။အခုလောလေဆယ် ရဲတက်လာသည့်သူ့မျက်နှာကြီးသာ ဖွက်ထားချင်သည်။
"တို့ဖေဖေနဲ့ ဟန့်မေမေနဲ့ကမောင်နှမအရင်းတွေလေကွယ် ဟန်နဲ့တို့ကတော့တစ်ဝမ်းကွဲပေါ့ "
"ဒါဆို မိတ်ဆက်ပေးတုန်းကကျ ဘာလို့မခေါ်ကြတာလဲ မသိရင်သူစိမ်းတွေအတိုင်းဘဲ "
အူလည်လည်နှင့် မိုးမြင့်တိမ်လွှာ၏အမေးကိုအားလုံးကလည်း သိချင်နေကြဟန်ဖြင့် နားထောင်နေကြသည်။
"အို သူကအဆိုးလေ တို့နဲ့တည့်မှမတည့်ဘဲ ခုလိုအရက်တွေသောက်ထားတော့ ပိုဆိုးတာပေါ့ ဘယ်ခေါ်ရဲပါ့မလဲ တို့ကပြန်တိုင်မှာမို့လို့လေ "
"တကယ် ပြန်မတိုင်ဘူးမို့လား ဟင်"
အခုမှ မျက်နှာငယ်လေးနှင့်သနားကမားလုပ်နေသော ဟန်က ‌မဝံ့မရဲပြောလာသည်။ စောနကကျတော့ ငါ့အစ်မဆိုပြီး ဂုဏ်ဆာနေလိုက်တာ ဟားဟားး။မှတ်ပြီလား
"ဒါတော့ အိမ်ရောက်မှသိလိမ့်မယ် ဟန်လေး‌ရယ် "
ယိမ်း၏စကားကိုကျတော့ ဟန်ကငိုမဲ့မဲ့လေးဖြစ်သွားရှာသည်မို့ အားလုံးကလည်းစိတ်မကောင်း။
"တိုင်မနေပါနဲ့ ယိမ်းရယ် လူငယ်တွေပဲတစ်ခါတစ်လေတော့ ခွင့်ပြုပေးလိုက်ပါ "
"ဟုတ်သားဘဲ ဟန့်ကိုမတိုင်ပါနဲ့နော် မမယိမ်း"
အားလုံးကဟန့်ဘက်ကနေဝိုင်းပြောပေးနေတာကြောင့် ယိမ်းကဘာမှဆက်မပြောတော့ဘဲ ခေါက်ဆွဲကိုသာဆက်စားနေလိုက်‌ေတာ့သည်။
8.12.2022
𝑻𝒉𝒘𝒂𝒚64
ကြိုးစားပါအုံးမည် ။ အပိုင်း(၈)မျှော်
______
Zawgyi
အောင်ချလိုက်သည်။
'အာ မရစ်နဲ့ဖူးခတ်ရာ
ဒီဝိုင်းကိုငါဒကာခံမယ်လေ ဟုတ်ပြီလား'
"ဟွန်း ပြီးရော"
"ဘာလဲ ပြောလေ "
******
"ယူနော် "!!
"ပန်း ဘာဖြစ်လို့လဲဟင် "?
*******
"ဖြစ်ပါ့မလား ပန်းရယ်
"လာ အစ်မ သွားစို့ "
"ဟုတ် ကောင်းပါတယ် "
"အင်း ကျေးဇူးဘဲ "
"ဘာဖြစ်လို့လဲ ပန်းရဲ့ "
"နှစ်ဆယ့်ရှစ်လေ "
"ဟမ် "
ဟန့်၏ပြန်ခုခံသည့်စကားကိုကြားတော့ ယိမ်းတစ်ယောကျကလှဲလို့အကုနျလုံးကအံ့ဩသှားကွသညျ။
"ဘယ်လို ဘယ်လို "
အားလုံးကဟန့်ဘက်ကနေဝိုင်းပြောပေးနေတာကြောင့် ယိမ်းကဘာမှဆက်မပြောတော့ဘဲ ခေါက်ဆွဲကိုသာဆက်စားနေလိုက်တော့သညျ။
8.12.2022
64
ကြိုးစားပါအုံးမည် ။ အပိုင်း(၈)မျှော်
Continue Reading
You'll Also Like
220K 13.1K 41
Judul sebelumnya: mengejar cinta-Nya Sudah terbit di penerbit Teori Kata cerita ini murni pikiran saya sendiri,biasakan follow sebelum membaca ** seb...
3K 406 41
Tak pernah Kinara bayangkan ia akan menjadi seorang istri dari orang seaneh Leon sekaligus agen rahasianya. Meski pernikahan mereka hanya berlandask...
30.6K 4.2K 22
Pembaca dari dunia yang sama namun berbeda. Dengan cara yang tidak klise, pahlawan dan penjahat tersayang kita menemukan diri mereka dipindahkan ke d...
626K 32.6K 40
Jeon Jungkook:Yeoja Kim Taehyung:Namja Jeon jungkook yeoja nerd yang memiliki paras cantik dan juga imut,yang selalu dibuli oleh teman-temannya karen...