အခန်း (၁၉၇) အာ့ရှစ်ရှိုးနှင့် ပထမဆုံးအကြိမ်တွေ့ဆုံချိန်
ရှောင်ယွမ်အာက သံသယဝင်သွားသည်။ သူမရှစ်စွင်း၏ စကားများကိုမှတ်သားထားပြီး သတိလက်လွတ် မနေရဲချေ။ သူက ထပ်မေးလိုက်၏။
“ရှင်က ဘယ်သူလဲ”
ဝတ်ရုံစိမ်းဖြင့် ဓားသမားက ဖြည်းဖြည်းချင်း လှည့်လာသည်။ သူ၏ မျက်နှာထက်၌ သိမ်မွေ့သော အပြုံးပေါ်လာပြီး ရှောင်ယွမ်အာကိုကြည့်လိုက်၏။ သူက ခေါင်းအနည်းငယ်ညိတ်ကာ ညင်သာသောလေသံဖြင့်ပြောလိုက်၏။
“ငါ ထင်တဲ့အတိုင်းပဲ”
“ရှင် ထင်တဲ့အတိုင်းပဲဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘာကိုရှာနေတာလဲ” အစက ရှောင်ယွမ်အာသည် သူ့ကို ခြိမ်းခြောက်ရန် ရည်ရွယ်ခဲ့သော်ငြား သူ၏ရှစ်စွင်း ဒေါသထွက်မှာကိုစိုးရိမ်မိသည်။ ထိုအကြောင်းအရင်းကြောင့် ခြိမ်းခြောက်စကားပြောလိုသည့်စိတ်ကို လျှာဖျားထိပ်၌ထိန်းလိုက်ပြီး မျိုချကာ ပြောလိုက်တော့သည်။
“ရှင့်ကို သတိပေးလိုက်မယ်။ ကျွန်မနောက်လိုက်တာရပ်တော့” ပြောပြီးသည်နှင့် ဝတ်ရုံစိမ်းဖြင့် ဓားသမားကိုဖြတ်ကျော်ကာ လမ်းကြားထဲသို့လျှောက်သွားတော့၏။
ဝတ်ရုံစိမ်းဖြင့် ဓားသမားက လက်ပိုက်ထားလျက် ရှောင်ယွမ်အာနောက်မှလိုက်လာသည်။
ရှောင်ယွမ်အာက မျက်မှောင်ကျုံ့သွားပြီး ရပ်တန့်လိုက်ကာ မေးလိုက်တော့၏။
“ဟေ့” ပြီးနောက် သူမက ခြေတစ်ဖက်မြှောက်ကာ မြေပြင်ပေါ် ဆောင့်ချလိုက်တော့သည်။
ဘန်း
မြေပြင်က အက်ကွဲရာများပြည့်သွား၏။
ခန္ဓာတည်ဖွဲ့ခြင်းအဆင့်ငါးတွင် တည်ရှိသည့်သူတိုင်း ဤကဲ့သို့ပြုလုပ်နိုင်သည်။
ထိုအခြင်းအရာကြောင့် ဝတ်ရုံစိမ်းဖြင့်ဓားသမားကြောက်သွားလိမ့်မည်ဟု ရှောင်ယွမ်အာထင်ခဲ့ သည်။ သို့သော် သူမအဖို့အံ့ဩသွားရသည်က သူက အေးအေးဆေးဆေး ဖြစ်နေပုံပေါ်သည်။ သူက သူမကို ဆက်စိုက်ကြည့်နေပြီး လိုက်လာ၏။
ရှောင်ယွမ်အာ၏စိတ်ထဲ၌ အတွေးတစ်ချက်ရုတ်တရက်ပေါ်လာသည်။
‘ဒီကောင်က နှာဘူးတော့ မဟုတ်လောက်ပါဘူးနော်’
သူမက ရပ်တန့်လိုက်ပြီးနောက် တစ်ဖက်သို့ လှည့်ကြည့်ကာ မေးလိုက်တော့၏။
“ရှင် တကယ်ကြီး ကျွန်မနောက်လိုက်ဖို့စီစဉ်နေတာလား”
ဝတ်ရုံစိမ်းဖြင့် ဓားသမားက သူမကို ပြန်မဖြေပေ။
ရှောင်ယွမ်အာသည် အလိုလိုပင် သူ၏ကနဦးချီများကို အာရုံခံရန်ကြိုးစားသော်ငြား မည်သည်ကိုမျှ အာရုံမခံနိုင်ပေ။ လက်ရွေးစင်တစ်ယောက်ပဲ သူက ရှစ်စွင်းကို ထိခိုက်အောင်လုပ်ဖို့ ဒီရောက်လာ တာလား။ ဝတ်ရုံစိမ်းဖြင့်ဓားသမားသည် အပြုံးတစ်ပွင့်ဖြင့် မျက်နှာထားက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက သူမ၏လှုပ်ရှားမှုတိုင်းကို ကြည့်နေပုံရသည်။ ရှောင်ယွမ်အာက ချက်ချင်းပင် သတိအနေအထားဖြစ်သွား၏။
ဝတ်ရုံစိမ်းဖြင့်ဓားသမားက သူမရှေ့ဆက်သွားမည်ဟု တွေးလိုက်ချိန်တွင် ရုတ်တရက်...။
ဘန်း
ရှောင်ယွမ်အာသည် ဝတ်ရုံစိမ်းဖြင့်ဓားသမားကို မီးညှိထားသော မြှားတစ်စင်းကဲ့သို့ ဝင်ရောက်တိုက်ခိုက်တော့သည်။
နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတစ်ဦး ထုတ်ဖော်လိုက်သည့် အထွတ်အထိပ်သန့်စင်ကျောက်စိမ်းကျင့်စဉ်၏ ပေါက်ကွဲအားက ပေါ့သေးသေးဖြစ်မှာမဟုတ်ပေ။ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်ကျင့်ကြံသူက အန်းရန်မြို့တွင် အလွယ်တကူတောင် ရှာမတွေ့နိုင်ချေ။ ထိုအရာကိုတွေးမိပြီး ရှောင်ယွမ်အာက ဝတ်ရုံစိမ်းဖြင့် ဓားသမား ကြောက်လွန်းသောကြောင့် ဘောင်းဘီများ စိုသွား လိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော် မျက်လုံးထဲ၌ ထိတ်လန့်ရိပ်အနည်းငယ်မျှသာပေါ်ပြီးပျောက်ကွယ်သွားတော့၏။ ယခင်ကအတိုင်း ရှိနေဆဲဖြစ်သည်။ သူ၏ကာကွယ်ခြင်း စွမ်းအင်များက ရှောင်ယွမ်အာ၏ တိုက်ကွက်များအားလုံးကို ပိတ်ဆို့လိုက်တော့သည်။
ဘန်း ဘန်း ဘန်း
ရှောင်ယွမ်အာသည် အထွတ်အထိပ်သန့်စင်ကျောက်စိမ်းကျင့်စဉ်ရှိ သိုင်းကွက်များကို ထုတ်ဖော် လိုက်တော့သည်။ သူမ၏အရိပ်က နေရာအနှံ့ပေါ်နေပုံရ၏။ သူမဆီမှ ထိုးနှက်ချက်တိုင်းက စွမ်းအင် နံရံပေါ်ကျရောက်ပြီး လှိုင်းဂယက်ငယ်များချန်ရစ်ခဲ့သည်။
ဝတ်ရုံစိမ်းဖြင့်ဓားသမားက ပြန်မတိုက်ခိုက်ခဲ့ပေ။ သူက ပြုံးလျက်သာပြုံးနေပြီး သူမကိုရံဖန်ရံခါ တွင်ကြည့်လာသည်။ သူ၏ သိပ်သည်းသော စွမ်းအင်အရံအတားက သူမတိုက်ကွက် ရောင်ပြန် မဟပ်စေပေ။ ထိုအစားရေကဲ့သို့ပြုမူနေရာ ယိမ်းယိုင်သွားခြင်း၊ နောက်ပြန်ကန်ခြင်းလည်းမရှိပေ။
ရှောင်ယွမ်အာသည် တိုက်ခိုက်လေ ဒေါသပိုထွက်လာလေဖြစ်သည်။
ဒုက္ခရှုကွင်းတစ်ရာ
သူမအရပ်နှင့်တူသည့် စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုကပေါ်လာသည်။ တလက်လက်တောက်ပနေသော တစ်ဝက်ဖောက်ထွင်းမြင်နေရသည့် ရွှေရောင်မိန်းကလေးပုံစံ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်ထွက်လာ၏။
ဝတ်ရုံစိမ်းဖြင့်ဓားသမားက ခပ်ဖျော့ဖျော့လှည့်ကြည့်ပြီး ပြောလိုက်တော့သည်။ သူ၏ လက်ကိုလှုပ်ရှားလိုက်၏။
ဝှစ်
စွမ်းအင်က ပျောက်ကွယ်သွားကာ ရစ်ဝဲနေသောကနဦးချီများလည်းပျောက်ကွယ်သွားသည်။
အရာအားလုံးက တိတ်ဆိတ်သွားလေ၏။ ဝတ်ရုံစိမ်းဖြင့်ဓားသမား၏လက်က ရှောင်ယွမ်အာ၏ နဖူးပေါ်ရောက်သွားတော့သည်။
ရှောင်ယွမ်အာက သူမလက်ကို ဆန့်ထုတ်သော်ငြား ဝတ်ရုံစိမ်းဖြင့်ဓားသမားကို မမှီနိုင်ဖြစ်နေ၏။
“သေစမ်း။ လွှတ် လွှတ်။ ငါ့ကို လွှတ်”
“စိတ်ဝင်စားစရာပဲ” ဝတ်ရုံစိမ်းဖြင့် ဓားသမားက မှတ်ချက်ချလိုက်၏။
“ကောင်းပြီ။ ရှင်နိုင်တယ်” ရှောင်ယွမ်အာက သူ့ကိုဒေါသတကြီးကြည့်လိုက်၏။ တိုက်ခိုက်တာကို အလျှော့ပေးပြီး နောက်ဆုတ်လိုက်တော့သည်။
‘သူက လူဆိုးတစ်ယောက်ဖြစ်နေရင်ကော’
သူမရှေ့ရှိလူက ဖြုံလောက်သောခွန်အားနှင့် ကျင့်ကြံဆင့်ကိုပိုင်ဆိုင်ထားကြောင်း သူမ ခံစားမိသည်။
ဝတ်ရုံစိမ်းဖြင့် ဓားသမားက ခပ်ဖျော့ဖျော့ပြုံးလျက် သူမကို ထပ်နှုတ်ဆက်လိုက်ပြန်၏။
“မင်္ဂလာပါ”
“နှုတ်ဆက်ပါတယ်” ရှောင်ယွမ်အာက သူမလမ်းဆီသို့ပြန်လျှောက်သွားသည်။
“ရှောင်ရှစ်မေ့ မင်းလည်း မင်္ဂလာပါပြောသင့်တယ်။"
“ဟမ်”
“ငါက မင်းရဲ့အာ့ရှစ်ရှိုးပဲ”
“…” ရှောင်ယွမ်အာသည် တာ့ရှစ်ရှိုးနှင့် အာ့ရှစ်ရှိုးအကြောင်း များများစားစားမသိပေ။ အမှန်တကယ်တွင် သူတို့က တစ်ခါမှမတွေ့ဖူးပေ။ ထို့ကြောင့် သူမသည် ယွီရှန်းရုန်ကို မှတ်မိစရာအကြောင်း မရှိပေ။ သူမရှေ့တွင် ရပ်နေသည့် ဝတ်ရုံစိမ်းဖြင့်ဓားသမားက သူမ၏ အာ့ရှစ်ရှိုး ယွီရှန်းရုန်ဆိုတာကို ယုံကြည်နိုင်ရန်ခက်ခဲနေ၏။
သူမက စဉ်းစားလျက်ပြောလိုက်သည်။
"အာ့ရှစ်ရှိုးလား”
သူ့ကို သူမသံသယဝင်နေတာကို မြင်တွေ့သည့်အချိန်၌ ယွီရှန်းရုန်၏သက်တော်ရှည်ဓားက ဓားအိမ်ထဲမှ ထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်း တောင်ကြားထဲရောက်သွားပြီးနောက် ရှောင်ယွမ်အာ ရှေ့၌ပေါ်လာသည်။ သူ၏မျက်နှာထက်တွင် ဖျော့တော့တော့အပြုံးရှိနေပြီး ကြက်သွေးရောင်ဓားက သူ့ရှေ့၌ ကျက်သရေရှိရှိ ရစ်ဝဲနေတော့သည်။
ရှောင်ယွမ်အာကထိတ်လန့်သွားလေ၏။ သူမမျက်နှာထက်၌ အံ့ဩရိပ်တစွန်းတစပေါ်လာကာ မျက်မှောင်ကျုံ့လိုက်တော့သည်။
“ဟန့် အာ့ အာ့ရှစ်ရှိုးလား။ မဟုတ်ဘူး သစ္စာဖောက်ပဲ”
ယွီရှန်းရုန်က သူမစကားကို စိတ်ထဲထားပုံမရပေ။ အတွေးတစ်ချက်ဖြင့် သက်တော်ရှည်ဓားက ၎င်း၏ဓားအိမ်ထဲပြန်ရောက်သွားသည်။
“ရှောင်ရှစ်မေ့ ငါ့ကို သစ္စာဖောက်တစ်ယောက်လို့ တွေးနေတာလား”
ရှောင်ယွမ်အာသည် ကျက်သရေရှိစွာပြုံးနေသော ယွီရှန်းရုန်ကိုကြည့်လိုက်၏။ သူက သူမပုံဖော် ထားသကဲ့သို့မဟုတ်ပေ။ သူက အိမ်နီးချင်းကောင်လေးနှင့်တူနေသည်။ ထိုကဲ့သို့ သစ္စာဖောက် တစ်ယောက်ပုံမျိုးကို မှန်းဆနိုင်ရန်ခက်ခဲနေ၏။ ထို့ကြောင့် ခေါင်းခါပြီးနောက် ခေါင်းညိတ်ပြီး ပြောလိုက်တော့သည်။
“ကျွန်မ မသိဘူး။ ရှစ်စွင်းက အဲ့ဒီလိုပြောတော့ ဒီလိုပဲဖြစ်ရမှာပေါ့”
“အဲဒီအကြောင်းမပြောရအောင်” ယွီရှန်းရုန်ကပြောလိုက်သည်။
“အန်းယန်ကို ရှင်ဘာလာလုပ်တာလဲ”
“မင်းကို တွေ့ဖို့”
နှစ်ယောက်သားက အေးအေးလူလူလျှောက်လာပြီး သွားလိုက်၏။ “ဘယ်လိုလုပ်သိတာလဲ” ရှောင်ယွမ်အာ၏ သိချင်စိတ်တို့တိုးလာပြီး သူမက မေးခွန်းများထပ်မေးတော့သည်။
“ချီရှစ်တိက ငါ့ကို ပြောပြတာ”
“ချီရှစ်ရှိုးကကော ဒီမှာလား”
“ငါ မသိဘူး”
“တာ့ရှစ်ရှိုးကကော”
“ငါမသိဘူး”
“အာ့ရှစ်ရှိုး ရှစ်ရှိုးရဲ့ဓားကို ကြည့်လို့ရမလား”
ဓားသမားတစ်ဦးအဖို့ သူတို့၏ဓားကအသက်ဖြစ်သည်။ မည်သည့်အခါမှ ခွဲခွာမှာမဟုတ်ပေ။ သို့သော် ယွီရှန်းရုန်က ပေါ့ပေါ့ပါးပါး လွယ်လင့်တကူပြန်ပြော၏။ “ရတာပေါ့” သူသည် သက်တော်ရှည်ဓားအားလွှဲပေးလိုက်သည်။
ရှောင်ယွမ်အာက ဂရုတစိုက်လက်ခံလိုက်၏။ သို့သော် ၎င်းကိုကိုင်လိုက်သည်နှင့် ကြောက်မက်ဖွယ် ကောင်းသော အလေးချိန်က သူမကိုနောက်သို့ရောက်သွားစေသည်။ ကံကောင်းသည်မှာ သူမ၏ ကျင့်ကြံဆင့်က အားမနည်းပေ။ ခွန်အားကို ထိန်းညှိပြီးနောက် ကိုင်ဆောင်လိုက်ရာ အလေးချိန်က ဘာမှမဟုတ်တော့ပေ။
ရှောင်ယွမ်အာက ၎င်းကိုသဘောကျသွား၏။ အကြိမ်ရေအနည်းငယ်လွှဲယမ်းလိုက်သည်။ ပြီးနောက် တအံ့တဩဖြင့်လျှာထုတ်လိုက်မိသည်။ ပြီးနောက် ယွီရှန်းရုန်အား လေးစားရိုကျိုးသော အမူအရာဖြင့် လက်နှစ်ဖက်ဖြင့်ပြန်ပေးလိုက်တော့သည်။
“မင်းဘယ်လိုထင်လဲ” ယွီရှန်းရုန်က မေးလိုက်သည်။
“ညီမ သေချာမပြောနိုင်ဘူး။ ကောင်းတယ်လို့ ခံစားမိတာပဲ။ ဒါပေမဲ့ ညီမနဲ့ ကိုက်ညီပုံမရဘူး” ရှောင်ယွမ်အာက ပြောလိုက်၏။
ယွီရှန်းရုန်က သူ၏သက်တော်ရှည်ဓားကို သိမ်းပြီးနောက် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“မင်းက ဒီဓားနဲ့ မသင့်တော်ဘူး ရှောင်ရှစ်မေ့”
“ဟုတ်တယ် ညီမမှာ နိဗာနခါးစည်းရှိတယ်။ ရှစ်ရှိုးကြည့်ချင်လား”
“မလိုတော့ဘူး။ ရတယ်” ယွီရှန်းရုန်က ရပ်တန့်လိုက်၏။ သူက ကောင်းကင်ကိုကြည့်ပြီး စီအိမ်တော်ကိုကြည့်ကာပြောလိုက်တော့သည်။ “ရှောင်ရှစ်မေ့ မင်းအတွက် လက်ဆောင်တစ်ခု ရှိတယ်”
ရှောင်ယွမ်အာက လက်ခုပ်တီးပြီးပြောလိုက်တော့၏။
“တကယ်လား” ယွီရှန်းရုန်က ညာဖက်လက်ကိုမြှောက်လိုက်ရာ သေတ္တာတစ်လုံးက သူ့ဆီ ပျံ့လွင့်လာ၏။ အစောတည်းက ကြိုတင်ပြင်ဆင်ထားတာသိသာသည်။
“ဒါ ဘာလဲ” ရှောင်ယွမ်အာက သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။
“မင်း ဒါကိုကြိုက်မယ်လို့ မျှော်လင့်တာပဲ" ယွီရှန်းရုန်က သူမအားပေးလိုက်တော့သည်။
ရှောင်ယွမ်အာက ၎င်းကိုဖွင့်ကာ အထဲကိုကြည့်လိုက်၏။ အစိမ်းရောင် ထူးကဲသည့်ဝတ်စုံတစ်စုံကို သေတ္တာထဲတွင် သေသပ်စွာခေါက်ထား၏။ ခပ်ဖျော့ဖျော့လင်းနေလေသည်။
ထပ်မံမော့ကြည့်လိုက်သည့်အချိန်၌ ယွီရှန်းရုန်က လက်ထဲဓားကိုင်ထားလျက် ဆန့်ကျင်ဖက်အရပ် မျက်နှာဆီသို့ လျှောက်သွားလိုက်ပြီဆိုတာ သိလိုက်ရသည်။
“အာ့ အာ့ရှစ်ရှိုး”
“မင်းကိုတွေ့ရတာ ဝမ်းသာတယ်။ ငါ ကိစ္စရှိသေးလို့။ ငါတို့ထပ်တွေ့ကြတာပေါ့” ပြီးနောက် ယွီရှန်းရုန်က ဝေးသည်ထက်ဝေးသွားတော့သည်။
ရှောင်ယွမ်အာက သေတ္တာကိုယူလိုက်၏။ ယွီရှန်းရုန်၏ နောက်ကျောကိုကြည့်ပြီး ခေါင်းညိတ် လိုက်သည်။ အံ့ဩဖွယ်ကောင်းလောက်အောင် ရင့်ကျက်မှုဖြင့် သူမကပြောလိုက်တော့သည်။ “အာ့ရှစ်ရှိုး လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်”
ဝှစ်
ယွီရှန်းရုန်၏ပုံရိပ်ကပျောက်ကွယ်သွားတော့သည်။ ရှင်းလင်းနေသောလမ်းကြားက ယခုဆို ခြောက်ကပ်သွားပြီဖြစ်သည်။
ကျော်ကြားသည့်ဓားနတ်ဆိုးသည် ဤနေရာတွင် အစတည်းက မရှိခဲ့သည့်ပမာဖြစ်နေခဲ့၏။
ရှောင်ယွမ်အာက သေတ္တာကို ကိုင်ထားလျက်မည်ကဲ့သို့ခံစားရမည်မှန်းမသေချာပေ။
ထိုစဉ် စီအန်းက မလှမ်းမကမ်းကနေအော်လိုက်သည်။ “သခင်မလေး သခင်ကြီးကတွေ့ချင်နေပါတယ်”
“လာနေပြီ” ရှောင်ယွမ်အာက စီအိမ်တော်သို့ပြန်သွားလိုက်၏။
အခန်းထဲသို့ ပြန်ရောက်ချိန်တွင် လုကျိုး၏အကြည့်က သူမသယ်လာသော သေတ္တာဆီရောက်သွားသည်။
ရှောင်ယွမ်အာက ကမန်းကတန်းပြောလိုက်၏။ “ရှစ်စွင်း တပည့်ဒါကိုခိုးခဲ့တာမဟုတ်ဘူး။ အာ့ရှစ်ရှိုးက ပေးတာ”
...
Paid gp ဝင်လို့ရပါပြီ
Gp 2 (161 to 260) 3000
Gp 3 (261 to 360) 3000
Paid gp မှာ အခန်း ၃၀၀ ထိ ရောက်ပါပြီ
၁၅ ပိုင်းတစ်ဖြတ် doc လဲ ဝယ်လို့ရပါတယ်၊ စာစဉ်တစ်ခုကို 500 ပါ
Book 2 ခွဲပြီနော်
Zawgyi
အခန္း (၁၉၇) အာ့ရွစ္ရွိုးႏွင့္ ပထမဆုံးအႀကိမ္ေတြ႕ဆုံခ်ိန္
ေရွာင္ယြမ္အာက သံသယဝင္သြားသည္။ သူမရွစ္စြင္း၏ စကားမ်ားကိုမွတ္သားထားၿပီး သတိလက္လြတ္ မေနရဲေခ်။ သူက ထပ္ေမးလိုက္၏။
“ရွင္က ဘယ္သူလဲ”
ဝတ္႐ုံစိမ္းျဖင့္ ဓားသမားက ျဖည္းျဖည္းခ်င္း လွည့္လာသည္။ သူ၏ မ်က္ႏွာထက္၌ သိမ္ေမြ႕ေသာ အၿပဳံးေပၚလာၿပီး ေရွာင္ယြမ္အာကိုၾကည့္လိုက္၏။ သူက ေခါင္းအနည္းငယ္ညိတ္ကာ ညင္သာေသာေလသံျဖင့္ေျပာလိုက္၏။
“ငါ ထင္တဲ့အတိုင္းပဲ”
“ရွင္ ထင္တဲ့အတိုင္းပဲဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘာကိုရွာေနတာလဲ” အစက ေရွာင္ယြမ္အာသည္ သူ႕ကို ၿခိမ္းေျခာက္ရန္ ရည္႐ြယ္ခဲ့ေသာ္ျငား သူ၏ရွစ္စြင္း ေဒါသထြက္မွာကိုစိုးရိမ္မိသည္။ ထိုအေၾကာင္းအရင္းေၾကာင့္ ၿခိမ္းေျခာက္စကားေျပာလိုသည့္စိတ္ကို လွ်ာဖ်ားထိပ္၌ထိန္းလိုက္ၿပီး မ်ိဳခ်ကာ ေျပာလိုက္ေတာ့သည္။
“ရွင့္ကို သတိေပးလိုက္မယ္။ ကြၽန္မေနာက္လိုက္တာရပ္ေတာ့” ေျပာၿပီးသည္ႏွင့္ ဝတ္႐ုံစိမ္းျဖင့္ ဓားသမားကိုျဖတ္ေက်ာ္ကာ လမ္းၾကားထဲသို႔ေလွ်ာက္သြားေတာ့၏။
ဝတ္႐ုံစိမ္းျဖင့္ ဓားသမားက လက္ပိုက္ထားလ်က္ ေရွာင္ယြမ္အာေနာက္မွလိုက္လာသည္။
ေရွာင္ယြမ္အာက မ်က္ေမွာင္က်ဳံ႕သြားၿပီး ရပ္တန႔္လိုက္ကာ ေမးလိုက္ေတာ့၏။
“ေဟ့” ၿပီးေနာက္ သူမက ေျခတစ္ဖက္ျမႇောက္ကာ ေျမျပင္ေပၚ ေဆာင့္ခ်လိဳက္ေတာ့သည္။
ဘန္း
ေျမျပင္က အက္ကြဲရာမ်ားျပည့္သြား၏။
ခႏၶာတည္ဖြဲ႕ျခင္းအဆင့္ငါးတြင္ တည္ရွိသည့္သူတိုင္း ဤကဲ့သို႔ျပဳလုပ္နိုင္သည္။
ထိုအျခင္းအရာေၾကာင့္ ဝတ္႐ုံစိမ္းျဖင့္ဓားသမားေၾကာက္သြားလိမ့္မည္ဟု ေရွာင္ယြမ္အာထင္ခဲ့ သည္။ သို႔ေသာ္ သူမအဖို႔အံ့ဩသြားရသည္က သူက ေအးေအးေဆးေဆး ျဖစ္ေနပုံေပၚသည္။ သူက သူမကို ဆက္စိုက္ၾကည့္ေနၿပီး လိုက္လာ၏။
ေရွာင္ယြမ္အာ၏စိတ္ထဲ၌ အေတြးတစ္ခ်က္႐ုတ္တရက္ေပၚလာသည္။
‘ဒီေကာင္က ႏွာဘူးေတာ့ မဟုတ္ေလာက္ပါဘူးေနာ္’
သူမက ရပ္တန႔္လိုက္ၿပီးေနာက္ တစ္ဖက္သို႔ လွည့္ၾကည့္ကာ ေမးလိုက္ေတာ့၏။
“ရွင္ တကယ္ႀကီး ကြၽန္မေနာက္လိုက္ဖို႔စီစဥ္ေနတာလား”
ဝတ္႐ုံစိမ္းျဖင့္ ဓားသမားက သူမကို ျပန္မေျဖေပ။
ေရွာင္ယြမ္အာသည္ အလိုလိုပင္ သူ၏ကနဦးခ်ီမ်ားကို အာ႐ုံခံရန္ႀကိဳးစားေသာ္ျငား မည္သည္ကိုမွ် အာ႐ုံမခံနိုင္ေပ။ လက္ေ႐ြးစင္တစ္ေယာက္ပဲ သူက ရွစ္စြင္းကို ထိခိုက္ေအာင္လုပ္ဖို႔ ဒီေရာက္လာ တာလား။ ဝတ္႐ုံစိမ္းျဖင့္ဓားသမားသည္ အၿပဳံးတစ္ပြင့္ျဖင့္ မ်က္ႏွာထားက တည္ၿငိမ္ေနဆဲ ျဖစ္သည္။ သူက သူမ၏လႈပ္ရွားမႈတိုင္းကို ၾကည့္ေနပုံရသည္။ ေရွာင္ယြမ္အာက ခ်က္ခ်င္းပင္ သတိအေနအထားျဖစ္သြား၏။
ဝတ္႐ုံစိမ္းျဖင့္ဓားသမားက သူမေရွ႕ဆက္သြားမည္ဟု ေတြးလိုက္ခ်ိန္တြင္ ႐ုတ္တရက္...။
ဘန္း
ေရွာင္ယြမ္အာသည္ ဝတ္႐ုံစိမ္းျဖင့္ဓားသမားကို မီးညွိထားေသာ ျမႇားတစ္စင္းကဲ့သို႔ ဝင္ေရာက္တိုက္ခိုက္ေတာ့သည္။
နတ္ဝိညာဥ္ဝဋ္ေႂကြးေခ်နယ္ပယ္ က်င့္ႀကံသူတစ္ဦး ထုတ္ေဖာ္လိုက္သည့္ အထြတ္အထိပ္သန႔္စင္ေက်ာက္စိမ္းက်င့္စဥ္၏ ေပါက္ကြဲအားက ေပါ့ေသးေသးျဖစ္မွာမဟုတ္ေပ။ နတ္ဝိညာဥ္ဝဋ္ေႂကြးေခ် နယ္ပယ္က်င့္ႀကံသူက အန္းရန္ၿမိဳ႕တြင္ အလြယ္တကူေတာင္ ရွာမေတြ႕နိုင္ေခ်။ ထိုအရာကိုေတြးမိၿပီး ေရွာင္ယြမ္အာက ဝတ္႐ုံစိမ္းျဖင့္ ဓားသမား ေၾကာက္လြန္းေသာေၾကာင့္ ေဘာင္းဘီမ်ား စိုသြား လိမ့္မည္ဟု ထင္ခဲ့သည္။
သို႔ေသာ္ မ်က္လုံးထဲ၌ ထိတ္လန႔္ရိပ္အနည္းငယ္မွ်သာေပၚၿပီးေပ်ာက္ကြယ္သြားေတာ့၏။ ယခင္ကအတိုင္း ရွိေနဆဲျဖစ္သည္။ သူ၏ကာကြယ္ျခင္း စြမ္းအင္မ်ားက ေရွာင္ယြမ္အာ၏ တိုက္ကြက္မ်ားအားလုံးကို ပိတ္ဆို႔လိုက္ေတာ့သည္။
ဘန္း ဘန္း ဘန္း
ေရွာင္ယြမ္အာသည္ အထြတ္အထိပ္သန႔္စင္ေက်ာက္စိမ္းက်င့္စဥ္ရွိ သိုင္းကြက္မ်ားကို ထုတ္ေဖာ္ လိုက္ေတာ့သည္။ သူမ၏အရိပ္က ေနရာအႏွံ႕ေပၚေနပုံရ၏။ သူမဆီမွ ထိုးႏွက္ခ်က္တိုင္းက စြမ္းအင္ နံရံေပၚက်ေရာက္ၿပီး လွိုင္းဂယက္ငယ္မ်ားခ်န္ရစ္ခဲ့သည္။
ဝတ္႐ုံစိမ္းျဖင့္ဓားသမားက ျပန္မတိုက္ခိုက္ခဲ့ေပ။ သူက ၿပဳံးလ်က္သာၿပဳံးေနၿပီး သူမကိုရံဖန္ရံခါ တြင္ၾကည့္လာသည္။ သူ၏ သိပ္သည္းေသာ စြမ္းအင္အရံအတားက သူမတိုက္ကြက္ ေရာင္ျပန္ မဟပ္ေစေပ။ ထိုအစားေရကဲ့သို႔ျပဳမူေနရာ ယိမ္းယိုင္သြားျခင္း၊ ေနာက္ျပန္ကန္ျခင္းလည္းမရွိေပ။
ေရွာင္ယြမ္အာသည္ တိုက္ခိုက္ေလ ေဒါသပိုထြက္လာေလျဖစ္သည္။
ဒုကၡရႈကြင္းတစ္ရာ
သူမအရပ္ႏွင့္တူသည့္ စိတ္ဝိညာဥ္သဏၭာန္တစ္ခုကေပၚလာသည္။ တလက္လက္ေတာက္ပေနေသာ တစ္ဝက္ေဖာက္ထြင္းျမင္ေနရသည့္ ေ႐ႊေရာင္မိန္းကေလးပုံစံ စိတ္ဝိညာဥ္သဏၭာန္က ေပၚထြက္လာ၏။
ဝတ္႐ုံစိမ္းျဖင့္ဓားသမားက ခပ္ေဖ်ာ့ေဖ်ာ့လွည့္ၾကည့္ၿပီး ေျပာလိုက္ေတာ့သည္။ သူ၏ လက္ကိုလႈပ္ရွားလိုက္၏။
ဝွစ္
စြမ္းအင္က ေပ်ာက္ကြယ္သြားကာ ရစ္ဝဲေနေသာကနဦးခ်ီမ်ားလည္းေပ်ာက္ကြယ္သြားသည္။
အရာအားလုံးက တိတ္ဆိတ္သြားေလ၏။ ဝတ္႐ုံစိမ္းျဖင့္ဓားသမား၏လက္က ေရွာင္ယြမ္အာ၏ နဖူးေပၚေရာက္သြားေတာ့သည္။
ေရွာင္ယြမ္အာက သူမလက္ကို ဆန႔္ထုတ္ေသာ္ျငား ဝတ္႐ုံစိမ္းျဖင့္ဓားသမားကို မမွီနိုင္ျဖစ္ေန၏။
“ေသစမ္း။ လႊတ္ လႊတ္။ ငါ့ကို လႊတ္”
“စိတ္ဝင္စားစရာပဲ” ဝတ္႐ုံစိမ္းျဖင့္ ဓားသမားက မွတ္ခ်က္ခ်လိဳက္၏။
“ေကာင္းၿပီ။ ရွင္နိုင္တယ္” ေရွာင္ယြမ္အာက သူ႕ကိုေဒါသတႀကီးၾကည့္လိုက္၏။ တိုက္ခိုက္တာကို အေလွ်ာ့ေပးၿပီး ေနာက္ဆုတ္လိုက္ေတာ့သည္။
‘သူက လူဆိုးတစ္ေယာက္ျဖစ္ေနရင္ေကာ’
သူမေရွ႕ရွိလူက ၿဖဳံေလာက္ေသာခြန္အားႏွင့္ က်င့္ႀကံဆင့္ကိုပိုင္ဆိုင္ထားေၾကာင္း သူမ ခံစားမိသည္။
ဝတ္႐ုံစိမ္းျဖင့္ ဓားသမားက ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးလ်က္ သူမကို ထပ္ႏႈတ္ဆက္လိုက္ျပန္၏။
“မဂၤလာပါ”
“ႏႈတ္ဆက္ပါတယ္” ေရွာင္ယြမ္အာက သူမလမ္းဆီသို႔ျပန္ေလွ်ာက္သြားသည္။
“ေရွာင္ရွစ္ေမ့ မင္းလည္း မဂၤလာပါေျပာသင့္တယ္။"
“ဟမ္”
“ငါက မင္းရဲ႕အာ့ရွစ္ရွိုးပဲ”
“…” ေရွာင္ယြမ္အာသည္ တာ့ရွစ္ရွိုးႏွင့္ အာ့ရွစ္ရွိုးအေၾကာင္း မ်ားမ်ားစားစားမသိေပ။ အမွန္တကယ္တြင္ သူတို႔က တစ္ခါမွမေတြ႕ဖူးေပ။ ထို႔ေၾကာင့္ သူမသည္ ယြီရွန္း႐ုန္ကို မွတ္မိစရာအေၾကာင္း မရွိေပ။ သူမေရွ႕တြင္ ရပ္ေနသည့္ ဝတ္႐ုံစိမ္းျဖင့္ဓားသမားက သူမ၏ အာ့ရွစ္ရွိုး ယြီရွန္း႐ုန္ဆိုတာကို ယုံၾကည္နိုင္ရန္ခက္ခဲေန၏။
သူမက စဥ္းစားလ်က္ေျပာလိုက္သည္။
"အာ့ရွစ္ရွိုးလား”
သူ႕ကို သူမသံသယဝင္ေနတာကို ျမင္ေတြ႕သည့္အခ်ိန္၌ ယြီရွန္း႐ုန္၏သက္ေတာ္ရွည္ဓားက ဓားအိမ္ထဲမွ ထြက္လာၿပီး မ်က္ေတာင္တစ္ခတ္အတြင္း ေတာင္ၾကားထဲေရာက္သြားၿပီးေနာက္ ေရွာင္ယြမ္အာ ေရွ႕၌ေပၚလာသည္။ သူ၏မ်က္ႏွာထက္တြင္ ေဖ်ာ့ေတာ့ေတာ့အၿပဳံးရွိေနၿပီး ၾကက္ေသြးေရာင္ဓားက သူ႕ေရွ႕၌ က်က္သေရရွိရွိ ရစ္ဝဲေနေတာ့သည္။
ေရွာင္ယြမ္အာကထိတ္လန႔္သြားေလ၏။ သူမမ်က္ႏွာထက္၌ အံ့ဩရိပ္တစြန္းတစေပၚလာကာ မ်က္ေမွာင္က်ဳံ႕လိုက္ေတာ့သည္။
“ဟန႔္ အာ့ အာ့ရွစ္ရွိုးလား။ မဟုတ္ဘူး သစၥာေဖာက္ပဲ”
ယြီရွန္း႐ုန္က သူမစကားကို စိတ္ထဲထားပုံမရေပ။ အေတြးတစ္ခ်က္ျဖင့္ သက္ေတာ္ရွည္ဓားက ၎၏ဓားအိမ္ထဲျပန္ေရာက္သြားသည္။
“ေရွာင္ရွစ္ေမ့ ငါ့ကို သစၥာေဖာက္တစ္ေယာက္လို႔ ေတြးေနတာလား”
ေရွာင္ယြမ္အာသည္ က်က္သေရရွိစြာၿပဳံးေနေသာ ယြီရွန္း႐ုန္ကိုၾကည့္လိုက္၏။ သူက သူမပုံေဖာ္ ထားသကဲ့သို႔မဟုတ္ေပ။ သူက အိမ္နီးခ်င္းေကာင္ေလးႏွင့္တူေနသည္။ ထိုကဲ့သို႔ သစၥာေဖာက္ တစ္ေယာက္ပုံမ်ိဳးကို မွန္းဆနိုင္ရန္ခက္ခဲေန၏။ ထို႔ေၾကာင့္ ေခါင္းခါၿပီးေနာက္ ေခါင္းညိတ္ၿပီး ေျပာလိုက္ေတာ့သည္။
“ကြၽန္မ မသိဘူး။ ရွစ္စြင္းက အဲ့ဒီလိုေျပာေတာ့ ဒီလိုပဲျဖစ္ရမွာေပါ့”
“အဲဒီအေၾကာင္းမေျပာရေအာင္” ယြီရွန္း႐ုန္ကေျပာလိုက္သည္။
“အန္းယန္ကို ရွင္ဘာလာလုပ္တာလဲ”
“မင္းကို ေတြ႕ဖို႔”
ႏွစ္ေယာက္သားက ေအးေအးလူလူေလွ်ာက္လာၿပီး သြားလိုက္၏။ “ဘယ္လိုလုပ္သိတာလဲ” ေရွာင္ယြမ္အာ၏ သိခ်င္စိတ္တို႔တိုးလာၿပီး သူမက ေမးခြန္းမ်ားထပ္ေမးေတာ့သည္။
“ခ်ီရွစ္တိက ငါ့ကို ေျပာျပတာ”
“ခ်ီရွစ္ရွိုးကေကာ ဒီမွာလား”
“ငါ မသိဘူး”
“တာ့ရွစ္ရွိုးကေကာ”
“ငါမသိဘူး”
“အာ့ရွစ္ရွိုး ရွစ္ရွိုးရဲ႕ဓားကို ၾကည့္လို႔ရမလား”
ဓားသမားတစ္ဦးအဖို႔ သူတို႔၏ဓားကအသက္ျဖစ္သည္။ မည္သည့္အခါမွ ခြဲခြာမွာမဟုတ္ေပ။ သို႔ေသာ္ ယြီရွန္း႐ုန္က ေပါ့ေပါ့ပါးပါး လြယ္လင့္တကူျပန္ေျပာ၏။ “ရတာေပါ့” သူသည္ သက္ေတာ္ရွည္ဓားအားလႊဲေပးလိုက္သည္။
ေရွာင္ယြမ္အာက ဂ႐ုတစိုက္လက္ခံလိုက္၏။ သို႔ေသာ္ ၎ကိုကိုင္လိုက္သည္ႏွင့္ ေၾကာက္မက္ဖြယ္ ေကာင္းေသာ အေလးခ်ိန္က သူမကိုေနာက္သို႔ေရာက္သြားေစသည္။ ကံေကာင္းသည္မွာ သူမ၏ က်င့္ႀကံဆင့္က အားမနည္းေပ။ ခြန္အားကို ထိန္းညွိၿပီးေနာက္ ကိုင္ေဆာင္လိုက္ရာ အေလးခ်ိန္က ဘာမွမဟုတ္ေတာ့ေပ။
ေရွာင္ယြမ္အာက ၎ကိုသေဘာက်သြား၏။ အႀကိမ္ေရအနည္းငယ္လႊဲယမ္းလိုက္သည္။ ၿပီးေနာက္ တအံ့တဩျဖင့္လွ်ာထုတ္လိုက္မိသည္။ ၿပီးေနာက္ ယြီရွန္း႐ုန္အား ေလးစားရိုက်ိဳးေသာ အမူအရာျဖင့္ လက္ႏွစ္ဖက္ျဖင့္ျပန္ေပးလိုက္ေတာ့သည္။
“မင္းဘယ္လိုထင္လဲ” ယြီရွန္း႐ုန္က ေမးလိုက္သည္။
“ညီမ ေသခ်ာမေျပာနိုင္ဘူး။ ေကာင္းတယ္လို႔ ခံစားမိတာပဲ။ ဒါေပမဲ့ ညီမနဲ႕ ကိုက္ညီပုံမရဘူး” ေရွာင္ယြမ္အာက ေျပာလိုက္၏။
ယြီရွန္း႐ုန္က သူ၏သက္ေတာ္ရွည္ဓားကို သိမ္းၿပီးေနာက္ ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးလိုက္သည္။
“မင္းက ဒီဓားနဲ႕ မသင့္ေတာ္ဘူး ေရွာင္ရွစ္ေမ့”
“ဟုတ္တယ္ ညီမမွာ နိဗာနခါးစည္းရွိတယ္။ ရွစ္ရွိုးၾကည့္ခ်င္လား”
“မလိုေတာ့ဘူး။ ရတယ္” ယြီရွန္း႐ုန္က ရပ္တန႔္လိုက္၏။ သူက ေကာင္းကင္ကိုၾကည့္ၿပီး စီအိမ္ေတာ္ကိုၾကည့္ကာေျပာလိုက္ေတာ့သည္။ “ေရွာင္ရွစ္ေမ့ မင္းအတြက္ လက္ေဆာင္တစ္ခု ရွိတယ္”
ေရွာင္ယြမ္အာက လက္ခုပ္တီးၿပီးေျပာလိုက္ေတာ့၏။
“တကယ္လား” ယြီရွန္း႐ုန္က ညာဖက္လက္ကိုျမႇောက္လိုက္ရာ ေသတၱာတစ္လုံးက သူ႕ဆီ ပ်ံ့လြင့္လာ၏။ အေစာတည္းက ႀကိဳတင္ျပင္ဆင္ထားတာသိသာသည္။
“ဒါ ဘာလဲ” ေရွာင္ယြမ္အာက သိခ်င္စိတ္ျဖင့္ ေမးလိုက္ေတာ့သည္။
“မင္း ဒါကိုႀကိဳက္မယ္လို႔ ေမွ်ာ္လင့္တာပဲ" ယြီရွန္း႐ုန္က သူမအားေပးလိုက္ေတာ့သည္။
ေရွာင္ယြမ္အာက ၎ကိုဖြင့္ကာ အထဲကိုၾကည့္လိုက္၏။ အစိမ္းေရာင္ ထူးကဲသည့္ဝတ္စုံတစ္စုံကို ေသတၱာထဲတြင္ ေသသပ္စြာေခါက္ထား၏။ ခပ္ေဖ်ာ့ေဖ်ာ့လင္းေနေလသည္။
ထပ္မံေမာ့ၾကည့္လိုက္သည့္အခ်ိန္၌ ယြီရွန္း႐ုန္က လက္ထဲဓားကိုင္ထားလ်က္ ဆန႔္က်င္ဖက္အရပ္ မ်က္ႏွာဆီသို႔ ေလွ်ာက္သြားလိုက္ၿပီဆိုတာ သိလိုက္ရသည္။
“အာ့ အာ့ရွစ္ရွိုး”
“မင္းကိုေတြ႕ရတာ ဝမ္းသာတယ္။ ငါ ကိစၥရွိေသးလို႔။ ငါတို႔ထပ္ေတြ႕ၾကတာေပါ့” ၿပီးေနာက္ ယြီရွန္း႐ုန္က ေဝးသည္ထက္ေဝးသြားေတာ့သည္။
ေရွာင္ယြမ္အာက ေသတၱာကိုယူလိုက္၏။ ယြီရွန္း႐ုန္၏ ေနာက္ေက်ာကိုၾကည့္ၿပီး ေခါင္းညိတ္ လိုက္သည္။ အံ့ဩဖြယ္ေကာင္းေလာက္ေအာင္ ရင့္က်က္မႈျဖင့္ သူမကေျပာလိုက္ေတာ့သည္။ “အာ့ရွစ္ရွိုး လက္ေဆာင္အတြက္ ေက်းဇူးတင္ပါတယ္”
ဝွစ္
ယြီရွန္း႐ုန္၏ပုံရိပ္ကေပ်ာက္ကြယ္သြားေတာ့သည္။ ရွင္းလင္းေနေသာလမ္းၾကားက ယခုဆို ေျခာက္ကပ္သြားၿပီျဖစ္သည္။
ေက်ာ္ၾကားသည့္ဓားနတ္ဆိုးသည္ ဤေနရာတြင္ အစတည္းက မရွိခဲ့သည့္ပမာျဖစ္ေနခဲ့၏။
ေရွာင္ယြမ္အာက ေသတၱာကို ကိုင္ထားလ်က္မည္ကဲ့သို႔ခံစားရမည္မွန္းမေသခ်ာေပ။
ထိုစဥ္ စီအန္းက မလွမ္းမကမ္းကေနေအာ္လိုက္သည္။ “သခင္မေလး သခင္ႀကီးကေတြ႕ခ်င္ေနပါတယ္”
“လာေနၿပီ” ေရွာင္ယြမ္အာက စီအိမ္ေတာ္သို႔ျပန္သြားလိုက္၏။
အခန္းထဲသို႔ ျပန္ေရာက္ခ်ိန္တြင္ လုက်ိဳး၏အၾကည့္က သူမသယ္လာေသာ ေသတၱာဆီေရာက္သြားသည္။
ေရွာင္ယြမ္အာက ကမန္းကတန္းေျပာလိုက္၏။ “ရွစ္စြင္း တပည့္ဒါကိုခိုးခဲ့တာမဟုတ္ဘူး။ အာ့ရွစ္ရွိုးက ေပးတာ”
...
Paid gp ဝင္လို႔ရပါၿပီ
Gp 2 (161 to 260) 3000
Gp 3 (261 to 360) 3000
Paid gp မွာ အခန္း ၃၀၀ ထိ ေရာက္ပါၿပီ
၁၅ ပိုင္းတစ္ျဖတ္ doc လဲ ဝယ္လို႔ရပါတယ္၊ စာစဥ္တစ္ခုကို 500 ပါ