ငါ့တပည့်တွေ အကုန် ဗီလိန်တွေချ...

By Mortal-Edge

378K 53.9K 447

အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ... More

အကျဉ်းချုပ်
အခန်း (၁) မိစ္ဆာတို့ရဲ့ သခင်
အခန်း (၂) ရန်သူများကို ပြန်လည်မောင်းထုတ်ရန် နည်းဗျူဟာ
အခန်း (၃) သွန်သင်ဆုံးမမှု မပြုဘဲ အတတ်ပညာသာ သင်ပြခြင်းက ဆရာ ပျင်းရိခြင်းမည်၏
အခန်း (၄) ဆိုးယုတ်သောတပည့်များ၏ သဘောထား
အခန်း (၅)အထွတ်အထိတ်သဏ္ဍာန်
အခန်း (၆) အစွမ်းတန်​ခိုးထက်​ဆုံး သိုင်းကွက်​များသာ သိသည်
အခန်း (၇) စတင်ပဲ့ပြင်
အခန်း (၈) ကံစမ်းမဲနှင့် စျေးဆိုင်
အခန်း (၉) ချမှတ်ပေးထားသော တာဝန်များ
အခန်း (၁၀) သေစေနိုင်သော တိုက်ခိုက်မှု
အခန်း (၁၁) ဆက်လက် ဖျော်ဖြေ
အခန်း (၁၂) လမ်းစဥ်အသစ်လား
အခန်း (၁၃) အလုပ်တာဝန် ချပေးခြင်း
အခန်း (၁၄) အလုပ်တာဝန် ပြီးမြောက်ခြင်း
အခန်း (၁၅) တပည့်ဆိုးများ၏ စိတ်ဓာတ်
အခန်း (၁၆) တပည့်ဆိုးများ၏ စိတ်ဓာတ်
အခန်း (၁၇) အသင်အပြ အဆုံးအမ
အခန်း (၁၈) မင်ရှစ်ရင်၏ စူးစမ်းမှု
အခန်း (၁၉) လောကတစ်ခွင် အဖြစ်အပျက်များ
အခန်း (၂၀) ထွက်ပြေးသွားသောတပည့်
အခန်း (၂၁) ကံအမှတ်၏ မှော်ဝင်အစွမ်း
အခန်း (၂၂) တဖန် နုပျိုလာခြင်း
အခန်း (၂၃) ကောင်းကင်ကျမ်း၏ အတိုင်းထက်အလွန်စွမ်းအား
အခန်း (၂၄) ရှစ်စွင်းနှင့်အတူ နတ်ခြင်္သေ့ကို စီးခြင်း
အခန်း (၂၅) အဘိုးကြီးက ကြည့်ရ မဆိုးဘူး
အခန်း (၂၆) ပြန်ပေးဆွဲမှုကို စုံစမ်းခြင်း
အခန်း (၂၇) မင်းက ဆိုးသွမ်းတဲ့ ခေါင်းဆောင်တစ်ယောက်
အခန်း (၂၈) မနာခံမှု
အခန်း (၂၉) ခွန်အားကြီးသော ကျွမ်းကျင်သူများ
အခန်း (၃၀) ကျုပ်စကားနားထောင်ပါ သူတို့ကို ရန်မစမိစေနဲ့
အခန်း(၃၁) လင်းဟူအဖွဲ့အစည်း
အခန်း (၃၂) ဒါက ထောင်ချောက်လို့ ပြောသားပဲ
အခန်း (၃၃) အသက်ရှင်ဖို့ သုံးလပဲ အချိန် ကျန်တော့တယ်
အခန်း (၃၄) အခုမှ အစပဲ
အခန်း (၃၅) ရှစ်စွင်း ထောင်ချောက်ထဲ ကျသွားပြီ
အခန်း (၃၆) ထိပ်ဆုံးသို့ တဖန်ပြန်ရောက်ခြင်း
အခန်း (၃၇) မိစ္ဆာတပည့်
အခန်း (၃၈) မင်းဆီမှာ ရှိတာ အားလုံး ပြန်ယူမယ်
အခန်း (၃၉) ယဲ့ထျန်းရှင်းရဲ့ အစီအစဉ်လား
အခန်း (၄၀) မင်းသတ္တိကောင်းလှချည်လား
အခန်း(၄၁) မိစ္ဆာကြီး ပြန်လာခြင်း
အခန်း (၄၂) အသက်ကြီးလေ ဉာဏ်ပိုကြီးလေ
အခန်း (၄၃) လျှို့ဝှက်ကတ်တွေ မရှိဘဲ ဘာလုပ်မှာလဲ
အခန်း (၄၄) ဝှက်ဖဲများကို ပြန်လည်စုစည်းခြင်း
အခန်း (၄၅) တိုက်ခိုက်ခြင်းက အကောင်းဆုံးခုခံမှု
အခန်း (၄၆) ကံဆိုးခြင်း
အခန်း (၄၇) ရာရာစစ
အခန်း (၄၈) ဆက်ကံစမ်းမယ်
အခန်း (၄၉) အသစ်ရောက်လာသူ
အခန်း (၅၀) ခိုလှုံခွင့် တောင်းခံခြင်း
အခန်း (၅၁) အဓိပ္ပာယ် မရှိတာ
အခန်း (၅၂) အခု အရည်အချင်းပြည့်မီပြီလား
အခန်း ( ၅၃ ) မဖော်ပြနိုင်လောက်သော စွမ်းအား
အခန်း (၅၄) ဓားနတ်ဆိုး၏ ကံကြမ္မာ
အခန်း (၅၅) ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ
အခန်း (၅၆) အရာအားလုံးက သူ့လက်ထဲမှာပဲ
အခန်း (၅၇) ကျောင်းယွဲ့၏တည်နေရာ
အခန်း (၅၈) ပိအန်း
အခန်း (၅၉) အထက်ဆုံးဓား
အခန်း (၆၀) ဓားချစ်သူ
အခန်း (၆၁) မဟာသမာဓိဓာရနီ
အခန်း (၆၂) မဟာနတ္ထိဘုရားကျောင်း၏ အင်အား
အခန်း (၆၃) ဗြဟ္မာသားချော့တေး
အခန်း (၆၄) ပိုကောင်းတဲ့လူဆိုတာ အမြဲရှိတယ်
အခန်း (၆၅) ဝါရင့်ကိုယ်တော်ကို ဉာဏ်အလင်းပွင့်စေတာလား
အခန်း (၆၆) ကျောင်းယွဲ့ကို ခေါ်ဆောင်သွားခြင်း
အခန်း (၆၇) လိမ်ရဲတယ်ပေါ့
အခန်း (၆၈) နန်းတော်မှ ပညာရှင်
အခန်း (၆၉) တပည့်ဆိုးက ပြဿနာထပ်တက်ပြန်ပြီ
အခန်း (၇၀) အိတ်ထဲမှာ
အခန်း (၇၁) အခုထွက်ပြေးဖို့အတွက် သိပ်နောက်ကျသွားပြီလား
အခန်း (၇၂) လိမ်လည်လှည့်ဖြားခြင်း
အခန်း (၇၃) ကျင့်ကြံဆင့် မြှင့်တင်ခြင်း အပိုင်း ၁
အခန်း (၇၄) ကျင့်ကြံဆင့် မြင့်တင်ခြင်း အပိုင်း ၂
အခန်း (၇၅) ထူးဆန်းသောစွမ်းအား
အခန်း (၇၆) ယဲ့ထျန်းရှင်း၏ ဆန်းကြယ်မှု
အခန်း (၇၇) လှောင်အိမ်
အခန်း (၇၈) မဟူရာစစ်သည်တော်များ၏ ခေါင်းဆောင်
အခန်း (၇၉) ဉာဏ်ထက်မြတ်သော မင်ရှစ်ရင်
အခန်း (၈၀) ပေနက်လွှာစာရင်း၌ ထိပ်ဆုံး
အခန်း (၈၁) အစွမ်းထက်သောကူညီသူ
အခန်း (၈၂) ရှစ်စွင်းပြောပြီ
အခန်း (၈၃) ဖန်းရှုဝမ်
အခန်း (၈၄) ထွက်သွားဖို့ မစဉ်းစားနဲ့
အခန်း (၈၅) တပည့်က ကြမ်းတမ်း
အခန်း (၈၆) တပည့်များက ကြမ်းတမ်းမြဲ ကြမ်းတမ်းနေခြင်း
အခန်း (၈၇) တပည့်က ထပ်မံကြမ်းတမ်း
အခန်း (၈၈) မရည်ရွယ်ပါဘူး
အခန်း (၈၉) ပါဝင်ပတ်သက်ခြင်း
အခန်း (၉၀) ရှစ်ရှိုး သက်ညှာပေးပါ
အခန်း (၉၁) မင်းက ငါ့တပည့် မဟုတ်ဘူး
အခန်း (၉၂) မင်ရှစ်ရင် ပြဿနာတက်နေပြီ
အခန်း (၉၃) စုန်းပညာ၏စွမ်းအား
အခန်း (၉၄) ခွဲခွာချိတ်ကောက်
အခန်း (၉၅) မိစ္ဆာအိုကြီးရဲ့ပုံစံလား
အခန်း (၉၆) အမှန်တရားနှင့် အလိမ်အညာများ
အခန်း (၉၇) ချိုင့်ဝင်နေသော အရိုးများ
အခန်း (၉၈) အမှန်တရားလား
အခန်း (၉၉) ကောင်မလေး သိပ်နောက်မကျခင်သွားကြရအောင်
အခန်း (၁၀၀) တင်းဖန်ချိုး၏ စွမ်းအား
အခန်း (၁၀၁) နန်းတော်မှ တစ်စုံတစ်ယောက်
အခန်း (၁၀၂) နတ်လေးသည်တော် သုံးယောက်ထဲမှ တစ်ယောက်
အခန်း (၁၀၃) တုံးအခြင်း၏တန်ကြေး
အခန်း (၁၀၄) ငါက အမြဲတမ်း သက်ညှာပေးပါတယ်
အခန်း (၁၀၅) လာကူကြသော တပည့်များ
အခန်း (၁၀၆) ကျောက်စိမ်းယဇ်ပလ္လင်
အခန်း (၁၀၇) လောင်ပါ့ လူလိမ်
အခန်း (၁၀၈) ဖမ်းဆီးမှုနှင့် ကံစမ်းမဲ
အခန်း (၁၀၉) နှမြောစရာပဲ
အခန်း (၁၁၀) ရန်သူဟောင်း
အခန်း (၁၁၁) ခွဲခွာခြင်းချိတ် မင်းကို ချီးမြှင့်မယ်
အခန်း (၁၁၂) မင်းက ငါ့ကို မကြောက်ဘူးလား
အခန်း (၁၁၃) စွမ်းအင်ငါးဖြာစကြဝဠာ သစ်ပင်ကို ကာကွယ် ဟွားဝူတောက်ကို စောင့်ဆိုင်း
အခန်း (၁၁၄) ငါက အရင်ကလို မဟုတ်တော့ဘူး
အခန်း (၁၁၅) အတိတ်တုန်းက တာ့ယန်မှာ မတူညီတဲ့လမ်းစဉ်မရှိဘူး
အခန်း (၁၁၆) လျို့ဟယ် တာအိုစည်းတံဆိပ်
အခန်း (၁၁၇) မိုးကြိုးသွား
အခန်း (၁၁၈) မင်း ရွေးချယ်မှု လုပ်ရမယ်
အခန်း (၁၁၉) အစွမ်းအထက်ဆုံးအကြီးအကဲ ဟွားဝူလား ဝူဟွားလား
အခန်း (၁၂၀) နှလုံးသားစေရာ လိုက်တဲ့သူက သာမန်မဟုတ်ဘူး
အခန်း (၁၂၁) ကျောင်းယွဲ့ကို ထုတ်ပေးခြင်း
အခန်း (၁၂၂) ကျန်းအိုက်ကျန့်နှင့် ထပ်မံ တွေ့ဆုံခြင်း
အခန်း (၁၂၃) နန်းတော်၏ ပဋိပက္ခများနှင့် ပိုင်လူမျိုးတို့၏ အရိုးများ
အခန်း (၁၂၄) ဓားကောင်းလေး
အခန်း (၁၂၅) ယဲ့ထျန်းရှင်း၏ သေခြင်းတရား
အခန်း (၁၂၆) အကြွေးဆပ်ရန်
အခန်း (၁၂၇) သေတ္တာကို ဖွင့်ရန်နည်းလမ်း
အခန်း (၁၂၈) ရှစ်ယောက်မြောက် တပည့်ကို ဆုံးမခြင်း
အခန်း (၁၂၉) သတ္တမမြောက်တပည့်၏အတွေးများ
အခန်း (၁၃၀) အမြင်မတူခြင်းနှင့် မပြောဘဲ သိသော သဘောတူညီချက်
အခန်း (၁၃၁) ဒုတိယမြောက်တပည့်၏ ရွေးချယ်မှု
အခန်း (၁၃၂) မင်းက ငါ့ကို ကောင်းကောင်းသိတာပဲ ... ရှစ်တိ ဝူယာ့
အခန်း (၁၃၃) ကျင့်စဉ်များပြီးစီးခြင်း
အခန်း (၁၃၄) တာ့ရှစ်ရှိုးရဲ့ မိတ်ဆွေရင်း
အခန်း (၁၃၅) မဟာအမှောင်ကောင်းကင်အောက်မေ့ရာ
အခန်း (၁၃၆) ဝတ်ရုံနီ၏ လာရောက်တွေ့ဆုံမှု
အခန်း (၁၃၇) လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုတာက မဟာကံခေမှုကြီးပဲ
အခန်း (၁၃၈) ဈေးနှုန်းမြင့်မြင့်ဖြင့် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း
အခန်း (၁၃၉) ခြင်္သေ့သားရဲတွင်းသို့သွားပြီး ခြင်္သေ့မုတ်ဆိတ်မွေးကို ဆွဲခြင်း
အခန်း (၁၄၀) ပါ့ရှစ်တိ မတွေ့ရတာကြာပြီ
အခန်း (၁၄၁) ငါက အလွယ်တကူအနိုင်ယူလို့ရတဲ့လူမဟုတ်ဘူး
အခန်း (၁၄၂) ရှစ်တိ မကြောက်နဲ့
အခန်း (၁၄၃) သေတ္တာ၏ လျှို့ဝှက်ချက်
အခန်း (၁၄၄) သဘောထားကြီးသည့် တာ့ရှစ်ရှိုး
အခန်း(၁၄၅) သေတ္တာကိုဖွင့်ဖို့အတွက် အနီရောင်လက်တစ်ဖက်လိုအပ်
အခန်း (၁၄၆) အလဲအလှယ်ကောင်း
အခန်း (၁၄၇) လျစ်လျူရှုထားသောရတနာ
အခန်း (၁၄၈) တိမ်ခွင်းရထားလုံး
အခန်း (၁၄၉) ရွှေနန်းဥယျာဉ်တောင်ကို ရာရာစစ အကွက်ချရဲတယ်ပေါ့
အခန်း (၁၅၀) တမင်တကာ
အခန်း (၁၅၁) နတ်ဆရာဆယ်ပါး၏စွမ်းအား
အခန်း (၁၅၂) ဓားသူတော်စင် လော့ရှစ်စန်း
အခန်း (၁၅၃) နတ်ဆရာဆယ်ပါးရောက်လာပြီ။ ခံတပ်ကိုထိန်းထား
အခန်း (၁၅၄) ထင်မှတ်မထားသော
အခန်း (၁၅၅) ကိုးပါးဖြတ်တောက်ခြင်းလက်ဟန်များ
အခန်း (၁၅၆) အချင်းချင်း ဖျက်ဆီးနေသည်အား အဆုံးသတ်ရန် ဘိုးဘေးများ၏ ဆုံးဖြတ်ချက်
အခန်း (၁၅၇) ဖန်းရှုဝမ်၏ရွေးချယ်မှု
အခန်း (၁၅၈) ပျင်းစရာကောင်းလောက်အောင် အားနည်းတာပဲ
အခန်း (၁၅၉) ချန်ဟွမ်းလား ယဲ့ထျန်းရှင်း အသက်ရှင်လာပြီ။
အခန်း (၁၆၀) ဝေ့ကျိုးယန်က ဒီလိုမျိုး ဆုံးဖြတ်ထားတာလား
အခန်း (၁၆၁) မင်းရဲ့စီမံမှုကို သိတယ်
အခန်း (၁၆၂) အံ့ဩဖွယ် ပိုင်လူမျိုး
အခန်း (၁၆၃) ပိုးအိမ်ကိုဖောက်ထွက်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုချုပ်နှောင်ခြင်း
အခန်း (၁၆၄) အားအကောင်းဆုံး လက်အောက်ငယ်သား
အခန်း (၁၆၅) မင်းရဲ့ ဆယ်နှစ်အကန့်အသတ်
အခန်း (၁၆၆) ဘယ်သူမှ ငါ့ကို ဘာမှမလုပ်နိုင်ဘူး
အခန်း (၁၆၇) ဒီလိုကံကြမ္မာမျိုး
အခန်း (၁၆၈) ပါ့ရှစ်တိ ... ဒါက မင်း ကောင်းဖို့ပဲ
အခန်း (၁၆၉) လူမိုက်က ပြေးစရာနေရာမရှိ
အခန်း (၁၇၀) ဟေးမုလျန်
အခန်း (၁၇၁) ကျွန်တော့်ရဲ့စစ်မှန်တဲ့နှလုံးသားက နေနဲ့လလိုတောက်ပနေပါတယ်
အခန်း (၁၇၂) လူသစ်လေးက လူသစ်လေးရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိသင့်တယ်
အခန်း (၁၇၃) ပွင့်ချပ်ခုနစ်လွှာ ဟွားဝူတောက် သင်္ကေတကိုးခု လျှို့ဟယ်တာအိုစည်းတံဆိပ
အခန်း (၁၇၄) ဓားနတ်ဆိုး၏ အကျင့်
အခန်း (၁၇၅) ပြန်ရောက်လာခြင်း၊ ဝိညာဉ်သုံးခုထဲဝင်ရောက်ခြင်း
အခန်း (၁၇၆) ခြွင်းချက်
အခန်း (၁၇၇) အညံ့ခံမလား။ အရိုက်ခံမလား
အခန်း (၁၇၈) မတန်တဆဈေး
အခန်း (၁၇၉) ရွေးချယ်စရာမရှိ
အခန်း (၁၈၀) ငါက အမြဲတမ်း အကျိုးအကြောင်းသင့်တဲ့သူပါ
အခန်း (၁၈၁) မျဉ်းတစ်ကြောင်း
အခန်း (၁၈၂) မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်
အခန်း (၁၈၃) အံ့ဖွယ်ကိုယ်တော်ကြီးလေးပါး ဝမ်ကျွယ်ကျိကျန်း
အခန်း (၁၈၄) အနန္တလေးလေးပါး၊ ကိုယ်တော်များ ပေါင်းစည်းခြင်း
အခန်း (၁၈၅) မိသားစုတိုင်းမှာကိုယ်ပိုင်ပြဿနာရှိကြတယ်
အခန်း (၁၈၆) ကောင်းကင်အပိုင်းအစ
အခန်း (၁၈၇) ခုနစ်စင်ကြယ်ဝိညာဉ်
အခန်း (၁၈၈) နောက်ထပ် အမှိုက်လား
အခန်း (၁၈၉) နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်
အခန်း (၁၉၀) ထွက်ခွာခြင်း
အခန်း (၁၉၁) နိဗာနခါးစည်း
အခန်း (၁၉၂) မင်းဘာသာ လွတ်မြောက်လာပြီးတော့ အရှင်သခင် ဖြစ်လာ
အခန်း (၁၉၃) သူကလေးတစ်ယောက် မဟုတ်တော့ဘူး
အခန်း (၁၉၄) ပူးပေါင်းခြင်း
အခန်း (၁၉၅) ဆယ့်ခြောက်နှစ်တွင်
အခန်း (၁၉၇) အာ့ရှစ်ရှိုးနှင့် ပထမဆုံးအကြိမ်တွေ့ဆုံချိန်

အခန်း (၁၉၆) အန်းယန်ဆီ တစ်ခေါက်ပြန်လာခြင်း၊ မြို့အတူတူ၊ ဖြစ်သော်ငြား ကွဲပြားနေသော

1.3K 192 4
By Mortal-Edge

အခန်း (၁၉၆) အန်းယန်ဆီ တစ်ခေါက်ပြန်လာခြင်း၊ မြို့အတူတူ၊ ဖြစ်သော်ငြား ကွဲပြားနေသော လူများ

မိစ္ဆာဝေဟင်မျှော်နန်းက အင်အားမဲ့နေဆဲ ဖြစ်၏။ ပြောရလျှင် ဂုဏ်သတင်းကြီးခဲ့သော ရွှေရောင်နေ့ရက်များနှင့် အလှမ်းကွာနေသေးသည်။

အသစ်ရောက်လာသူဖြစ်သည့် ပွင့်ချပ်ရှစ်လွှာအဆင့် ပိုင်ရှင် ဖန်းရှုဝမ်ပင် မိစ္ဆာဝေဟင်မျှော်နန်း အားအကောင်းဆုံး ဖြစ်ခဲ့စဉ်အခါနှင့် မယှဉ်နိုင်ပေ။ မိစ္ဆာဝေဟင်မျှော်နန်းကို မကြောက်ရွံ့သည့်သူ တစ်ယောက်မှ မရှိခဲ့ချေ။

အကြီးဆုံး တပည့် ယွီကျန့်ဟိုင်က သူ့ဘာသာ ငရဲဂိုဏ်းကို တည်ထောင်ကာ အကြီးမားဆုံး ဂိုဏ်းအဖြစ် ကြီးထွားလာခဲ့သည်။ သူ့အင်အားက ပြိုင်ဘက်ကင်းလှသည်။

ဒုတိယမြောက် တပည့် ယွီရှန်းရုန်က တစ်ခါမှ မရှုံးနိမ့်ဖူးပေ။

ဒီနှစ်ယောက်သာရှိနေသေးလျှင် ရွှေနန်းဥယျာဉ်တောင်ကို အဆင့်မြင့် ကျင့်ကြံသူဆယ်ယောက် ဝိုင်းတိုက်သည့် ကိစ္စမျိုးက ဖြစ်လာမည် မဟုတ်ပေ။

တစ်ယောက်ယောက်က မိစ္ဆာဝေဟင်မျှော်နန်းကို စောင့်ကြပ်ပေးလိမ့်မည်။

ထိုအကြောင်းအရင်းကြောင့် လုကျိုးက ရှောင်ယွမ်အာ၊ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းကို အန်းယန်ဆီ ခေါ်လာခဲ့သည်။ ကျူးဟုန်ကုန်းနှင့် ကျောင်းယွဲ့တို့က အားနည်းတာကြောင့် မိစ္ဆာဝေဟင်မျှော်နန်း၌ နေခဲ့သည်က ပိုသင့်တော်ပေသည်။

ရှောင်ယွမ်အာက အပြစ်ကြီးကြီး ပေးခံထားရသောကြောင့် သူမက နတ်ခြင်္သေ့ရှေ့ ထိုင်ချင်တယ်လို့ ပြောပြီး နားပူနားဆာ မလုပ်တော့ပေ။

နတ်ခြင်္သေ့၏ အရှိန်အဝါက မိစ္ဆာဝေဟင်မျှော်နန်း ကောင်းကင်ယံအထက် ပေါ်ထွက်လာသည့်အခါ ကျူးဟုန်ကုန်းက မျက်လုံးအပြူးသားဖြင့်   “ ရှစ်စွင်းက …  ဘယ်တုန်းက ဒီစီးတော်သားရဲကို ရသွားတာလဲ ”

ကျိုးကျစ်ဖုန်းက တအံ့တဩ အမူအရာဖြင့် ပြောလိုက်သည်။ 

“သာမန်စီးတော်သားရဲတွေကို နယ်မြေခြား ပိုင်နက်ထဲ ဒါမှမဟုတ် တောထဲမှာပဲ ဖမ်းလို့ရတယ်။ ဒီလိုမျိုး စွမ်းရည်ကောင်းကောင်းနဲ့ စီးတော်သားရဲ ရဖို့ကတော့ ကံစပ်မှပဲ ဖြစ်မှာ … ”

“ ပထမသခင်လေးက ဒဏ္ဍာရီလာ ကျောင်ယင်ရှို့ကို မြူခိုးတောအုပ်ထဲမှာ ရခဲ့တယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ ဘယ်သူမှ မမြင်ဖူးကြဘူး  ”

(လင်းယုန်ခေါင်းနဲ့ မြင်းခန္ဓာကိုယ်ရှိတဲ့ သတ္တဝါပါ။ ဟယ်ရီပေါ်တာထဲမှာ ပါပါတယ် )

ကျောင်းယွဲ့က အပြေးအလွှားတားလိုက်သည်။

“ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား ”

တခြားသူများလည်း တန်းပါးစပ်ပိတ်သွားကြသည်။

လုကျိုးက  မိစ္ဆာဝေဟင်မျှော်နန်းအတွင်း သူတို့ ပထမတပည့် ယွီကျန့်ဟိုင်အကြောင်း ဆွေးနွေးနေကြောင်း သိလျှင် ကိစ္စများက လှပမည် မဟုတ်ချေ။

လုကျိုးနှင့် ရှောင်ယွမ်အာတို့က နတ်ခြင်္သေ့ပေါ် တက်လိုက်ကြသည်။

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က သူတို့ဘာသာ ပျံသန်းလာကြသည်။

နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် စီးတော်သားရဲ၏ အမြန်နှုန်းနှင့် မယှဉ်နိုင်သော်ငြား နှေးကွေးသည်ဟု မဆိုလိုပေ။

………..…

နှစ်နာရီကြာမြင့်ပြီးနောက်

အန်းယန်မြို့အတွင်း

လုကျိုးနှင့် ရှောင်ယွမ်အာတို့က လမ်းမအထက် လျှောက်လာကြသည်။ သူတို့က လမ်းများတွင် ထင်ထားသလောက် လူမစည်ကြောင်း တွေ့လိုက်ရသည့်အခါ အံ့အားသင့်သွားကြ၏။ ထို့အပြင် ယခင်တစ်ခေါက်နှင့် ယှဉ်လိုက်လျှင် ကုန်သည်များက တစ်ဝက်လောက်သာ ရှိတော့သည်။ အတော်လေး ခြောက်ကပ်ဖွယ် မြင်ကွင်းမျိုး ဖြစ်နေလေ၏။

ထူးဆန်းနေသည့် ရှောင်ယွမ်အာက မေးလာသည်။  “ ရှစ်စွင်း … တစ်ယောက်ယောက်ကို တားပြီး မေးလိုက်ရမလား”

အမှားကိုပြန်လည် ပြင်ဆင်ဖို့အတွက် သူမက ရှစ်ကျဲ၏ စကားကို စိတ်ထဲ မှတ်သားထားသည်။ သူမက ဘာမှမပြောခင် ရှစ်စွင်း အမြင်ကို အရင်မေးရမည်။

“ မလိုဘူး ” လုကျိုးက စီအိမ်တော်ဆီသာ တန်းသွားဖို့ ဆုံးဖြတ်လိုက်သည်။ အန်းယန် အတက်အကျက တာ့ယန်ဧကရာဇ်၏ ပြဿနာသာ ဖြစ်၏။ သူနှင့် မဆိုင်ပေ။

ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်၏။

ခဏအကြာတွင် နှစ်ယောက်လုံး စီအိမ်တော် တံခါးရှေ့ ရောက်လာကြသည်။ ရှောင်ယွမ်အာက ဘာလုပ်ရမှန်း သိသွားလေပြီ။  “ တပည့် တံခါးသွားခေါက်လိုက်မယ် ”

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ခေါင်းညိတ်လိုက်သည်။ သူက ကျေနပ်နေမိ၏။

သူမ သင်ယူထားလိုက်သားပဲ … အရင်တစ်ခါတုန်းက ဘာမှမတွေးဘဲ တံခါးကို တန်းကန်ဖွင့်လိုက်တာ ..

ဒေါက် ဒေါက်

ရှောင်ယွမ်အာက နှစ်ကြိမ်ခေါက်လိုက်သည်။

တံခါးက ကျွီခနဲ ပွင့်လာသည်။

“သခင်မလေးလား” တံခါးလာဖွင့်သူက စီအန်း ဖြစ်၏။ သူတို့က ချင်းယန်တောင်မှ ကယ်တင်ခံရစဉ်အခါက ပထမဆုံး တွေ့ဖူးပြီး နောက်တစ်ကြိမ်မှာ မိစ္ဆာဝေဟင်မျှော်နန်းဆီ လာရောက်စဉ်အခါက ဖြစ်သည်။ သူက ရှောင်ယွမ်အာကို မည်သို့ မမှတ်မိဘဲနေမည်နည်း။

“သခင်ကြီးနဲ့ သခင်မကြီးတို့ကို ချက်ချင်း အကြောင်းကြားပေးပါ့မယ် ”

စီအန်းက အမြန်အဆန် ပြေးသွားလေသည်။ သူက သခင်မလေး ပြန်လာကြောင်း ဆက်တိုက် အော်သွားသေး၏။

ရှောင်ယွမ်အာက ဂရုစိုက်ပုံမပေါ်ပေ။ ထိုအစား သူမက လှည့်လာကာ  “ရှစ်စွင်း … ”

သူမနောက်တွင် ရှိသည့် လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“အထဲဝင်ကြစို့ ”

သူတို့က တံခါးဝကို ဖြတ်ကျော်လာပြီးနောက်တွင် ပန်းထိုးထည် ဝတ်ဆင်ထားသည့် လူလတ်အရွယ် စုံတွဲကို လူများစွာ ခြံရံလာကြောင်း မြင်လိုက်ရသည်။ သူတို့က ရှောင်ယွမ်အာ၏ အဖေ စီယွမ်နှင့် အမေ စီကျန်းရှီ ဖြစ်၏။

စီယွမ်က လူလတ်ပိုင်းအရွယ် ဖြစ်၏။ သူ့ကြည့်ရသည်မှာ အနိုင်မခံအရှုံးမပေး စိတ်ဓာတ်မျိုး ရှိပုံပေါ်၏။ သခင်မကျန်းက လှပကြော့ရှင်းကာ ကျက်သရေရှိလှသည်။ သူမက အသက်အရွယ်ရနေသော်လည်း ဆွဲဆောင်မှုရှိနေဆဲ ဖြစ်သည်။ သူမ ငယ်ရွယ်စဉ်အခါက မြို့တစ်ခုလုံးကို ကိုင်လှုပ်နိုင်သည့် မိန်းမလှလေးတစ်ဦး ဖြစ်ခဲ့လိမ့်မည်။

လုကျိုးက စီယွမ်သည် သူ့ကို ကြောက်ပုံမပေါ်သည်ကို မြင်သည့်အခါ အံ့ဩသွားမိသည်။ သတိထားရုံမှအပ စီယွမ်သည် ခယလွန်းခြင်း မရှိသလို မောက်မာခြင်းလည်း မရှိပေ။ သေမျိုးတစ်ယောက်အတွက် ဒီလိုသတ္တိမျိုး ပြသနိုင်ဖို့ အရမ်းရှားလှသည်။

“ယွမ်အာ ” သခင်မကြီးကျန်းက ပြေးလာကာ ရှောင်ယွမ်အာကို ဖက်ထားလိုက်သည်။

ရှောင်ယွမ်အာက နည်းနည်း အံ့အားသင့်သွားလေသည်။ သူတို့ မတွေ့ဖြစ်သည်မှာ ခြောက်နှစ် ရှိနေလေပြီ။ သူတို့အနေနှင့် သူစိမ်းဟု ခံစားရသည်မှာ ပုံမှန်သာ ဖြစ်၏။

လုကျိုးက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။  “ အဖေနဲ့ အမေကို ကန်တော့လိုက်အုံး ”

“ အိုး ” ရှောင်ယွမ်အာက မြေပေါ် ဒူးထောက်လိုက်သည်။

မိုးမြေနှင့် မိဘများရှေ့ ဒူးထောက်ကာ ကန်တော့ခြင်းမှာ မှန်ကန်သင့်တော်ပေသည်။

ငါ သူမကို ကောင်းကောင်းသင်ပေးရမယ် …

ရှောင်ယွမ်အာက မြေပေါ် ဒူးထောက်လိုက်သည့်အခါ သခင်မကြီးကျန်းက မျက်ရည်ဝဲလာလေ၏။ သားအမိနှစ်ယောက် နောက်ဆုံးတော့ စကားပြောခွင့် ရလာလေပြီ။

စီယွမ်က ရှောင်ယွမ်အာကို ကြည့်ကာ သူ့စိတ်ထဲ အနည်းငယ် နာကျင်လာမိသည်။ သူက လုကျိုးထံ လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်သည်။ သူ့မျက်ဝန်းထဲ လေးစားမှုအပြည့် ဖြစ်နေ၏။

လုကျိုးက ခေါင်းအသာညိတ်ပြလိုက်သည်။

အစေခံများက လုကျိုးကို မသိကြပေ။ သူတို့က ရှောင်ယွမ်အာသည် မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်သွားမှန်း မသိထားကြပေ။ သို့သော်လည်း ထိုလူများက ကျင့်ကြံရေးလောကနှင့် ဘာမှမပတ်သက်သူများသာ ဖြစ်ကြ၏။ သူတို့ကို မဆိုထားနှင့်။ သူတို့လက်ရှိ ရည်ရွယ်ချက်ကပင် ထိုလူများနှင့် လုံးလုံး မသက်ဆိုင်ပေ။

“ ပင်ပန်းနေပြီ ”

စီယွမ်က စီအန်းကို အခန်းပြင်ထားဖို့ အလျင်စလို ပြောလိုက်သည်။ စီအန်းက ထိုလူက ဘယ်သူမှန်း သေချာသိနေသောကြောင့် မလိုအပ်သူများကို ပြန်လွှတ်ကာ အနီးအနားလာဖို့ ပိတ်ပင်တားမြစ်ထားလိုက်သည်။

……………

အခန်းအတွင်း ပို၍ တိတ်ဆိတ်လေသည်။

လုကျိုးက စီယွမ်နှင့် သူ့ဇနီးကို သေချာကြည့်လိုက်သည်။

အခန်းထဲ အပြင်လူ မရှိချေ။

စီယွမ်နှင့် သူ့ဇနီးတို့က လုကျိုးဆီ ရိုရိုကျိုးကျိုး လျှောက်လာကာ  “သခင်ကြီး … အရင်တစ်ခါက စီအိမ်တော်ကို အခက်အခဲကြားကနေ သခင်ကြီးပဲ ကယ်တင်ပေးခဲ့တာဆိုတော့ ကျုပ်ရဲ့ ကျေးဇူးတင်မှုလေးကို လက်ခံပေးပါ ”

ဇနီးမောင်နှံက ဒူးထောက်တော့မည့်ဆဲဆဲတွင် လုကျိုးက လက်ဝေ့လိုက်သည်။ စွမ်းအားလှိုင်းက သူတို့အား ပြန်မတ်တတ်ရပ်သွားစေ၏။

“ မင်းတို့က ရှောင်ယွမ်အာရဲ့ မိဘတွေဆိုမှတော့ ငါတို့က ဝါစဉ်အတူတူပါပဲ။ ဒူးထောက်ဖို့ မလိုပါဘူး”

လုကျိုးက ပြောလိုက်သည်။

စီယွမ်တို့က အရမ်းကျေးဇူးတင်နေဟန် ပေါ်သည်။

လုကျိုးက သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် ကွေ့ပတ်ပြောမနေဘဲ တည့်တိုးမေးလိုက်သည်။

“ မင်းတို့ကို မေးစရာရှိတယ်။ မင်းတို့ အမှန်အတိုင်း ဖြေပေးဖို့ မျှော်လင့်ပါတယ်”

စီယွမ်က မတုံ့ဆိုင်းရဲဘဲ ဖြေလိုက်သည်။  “သခင်ကြီး မေးပါ ”

“အန်းယန်မှာ တစ်ခုခု ဖြစ်နေတာလား ”

စီယွမ်က ဖြေလိုက်သည်။

“ တော်လှန်ရေးတပ်က ဒီမှာသောင်းကျန်းနေတော့ လူတွေ ခံစားနေရတယ်။ အန်းယန်က လူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ဖို့ သိပ်မကြာတော့ဘူး ”

“ တပ်မဟာသုံးခု ခေါင်းဆောင် ဝေ့ကျိုးယန်က အန်းယန်မှာ မဟုတ်ဘူးလား” လုကျိုးက မေးလိုက်သည်။

“သူက အန်းယန် မြောက်ပိုင်းကို လွန်ခဲ့တဲ့ နှစ်ရက်လောက်က ရောက်လာတာ။ ဒါပေမဲ့ သူက အခုအထိ မြို့ထဲ မဝင်သေးဘူး။ အကြောင်းအရင်းကိုတော့ ကျုပ်လည်း သေချာမသိရဘူး ”

လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်သည်။

ဝေ့ကျိုးယန်က အယောင်ဆောင်ဖြစ်သောကြောင့် သတိထားသည်မှာ ပုံမှန်သာ ဖြစ်၏။

“နောက်ဆုံးမေးခွန်း ..” လုကျိုးက စကားလွှဲလိုက်သည်။

“ယွမ်အာက မိစ္ဆာဝေဟင်မျှော်နန်းဆီ ဆယ်နှစ်သားကတည်းက ဝင်ရောက်ခဲ့တာ။ မျှော်နန်းကို ဝင်ခဲ့တယ်ဆိုကတည်းက အတိတ်ဆက်နွယ်မှုတွေနဲ့ ဖြတ်တောက်ရမှာပဲ။ မင်းတို့တစ်မိသားစုလုံး ပျက်သုဉ်းတော့မလိုအထိ ဖြစ်ခဲ့တာဆိုတော့ ချင်းယန်တောင် အဖြစ်အပျက်ကိုတော့ လက်ခံပေးနိုင်တယ်။ ဒါပေမဲ့ အခုတစ်ခါ ဆက်သွယ်တဲ့ အကြောင်းအရင်းက ဘာလဲ ”

စီယွမ်က ထိုအကြောင်းကို ကြားလိုက်သည့်အခါ သခင်မကြီးကျန်းကို လက်ဟန်ပြလိုက်သည်။

သခင်မကြီးကျန်းက ကြက်သွေးရောင် ပန်းထိုးသေတ္တာလေးကို ထုတ်လာသည်။

စီယွမ်က ပြောလိုက်သည်။  “သခင်ကြီး ကြည့်ပါဦး ”

လုကျိုးက လက်အသာဝေ့လိုက်သည့်အခါ သေတ္တာက သူ့လက်ထဲ ရောက်လာသည်။ သူ သေတ္တာဖွင့်ကြည့်လိုက်သည့်အခါ အထဲရှိ ပစ္စည်းက သူနှင့် ရှောင်ယွမ်အာကို အနည်းငယ် ထိတ်လန့်သွားစေသည်။

“ဟေးမုလျန်လား ”

စီယွမ်က ရှောင်ယွမ်အာကို ကြည့်လိုက်ပြီး ဘာမှမပြောပေ။

လုကျိုးက ဆိုလိုရင်းကို သိလေသည်။ သူက အကြောင်းပြချက်တစ်ခုရှာကာ ပြောလိုက်၏။  “ ယွမ်အာ … အပြင်မှာ သွားစောင့်နေ ”

“ ဟုတ် ရှစ်စွင်း ” ရှောင်ယွမ်အာက နာနာခံခံ ထွက်သွားလေသည်။ သူမက အခန်းထဲမှ ထွက်လာပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ စောနေဆဲ ဖြစ်၏။ သူမ ရှစ်ရှိုးများက အချိန်ယူရမည်ဖြစ်၍ ရောက်လာဦးမည် မဟုတ်ပေ။

ရှောင်ယွမ်အာက စီအိမ်တော်မှ လူများနှင့် စကားပြောရသည်ကို မကြိုက်ပေ။ ထို့ကြောင့် သူမက စီအိမ်တော်ရှိ လူသူမရှိသည့် လျှောက်လမ်းဆီ သွားလိုက်သည်။

“မင်္ဂလာပါ ”

သူမနားထဲ ညင်သာနွေးထွေးသည့် အသံတစ်သံ ပျံ့လွင့်လာသည်။

ရှောင်ယွမ်အာက တုန်ယင်သွားပြီး ဘေးပတ်လည်ကို ကြည့်လိုက်သည်  “ဘယ်သူလဲ ”

ကျောတွင် ဓားရှည်တစ်ချောင်း သယ်ဆောင်ထားသည့် အစိမ်းဝတ်ရုံနှင့် ပိန်ပါးပါး ဓားသမားက သူမနှင့် မျက်နှာချင်းဆိုင် ရပ်နေသည်။

...
Paid gp ဝင်လို့ရပါပြီ
Gp 2 (161 to 260) 3000
Gp 3 (261 to 360) 3000
Paid gp မှာ အခန်း ၃၀၀ ထိ ရောက်ပါပြီ
၁၅ ပိုင်းတစ်ဖြတ် doc လဲ ဝယ်လို့ရပါတယ်၊ စာစဉ်တစ်ခုကို 500 ပါ

Zawgyi

အခန္း (၁၉၆) အန္းယန္ဆီ တစ္ေခါက္ျပန္လာျခင္း၊ ၿမိဳ႕အတူတူ၊ ျဖစ္ေသာ္ျငား ကြဲျပားေနေသာ လူမ်ား

မိစာၦေဝဟင္ေမွ်ာ္နန္းက အင္အားမဲ့ေနဆဲ ျဖစ္၏။ ေျပာရလွ်င္ ဂုဏ္သတင္းႀကီးခဲ့ေသာ ေ႐ႊေရာင္ေန႕ရက္မ်ားႏွင့္ အလွမ္းကြာေနေသးသည္။

အသစ္ေရာက္လာသူျဖစ္သည့္ ပြင့္ခ်ပ္ရွစ္လႊာအဆင့္ ပိုင္ရွင္ ဖန္းရႈဝမ္ပင္ မိစာၦေဝဟင္ေမွ်ာ္နန္း အားအေကာင္းဆုံး ျဖစ္ခဲ့စဥ္အခါႏွင့္ မယွဥ္နိုင္ေပ။ မိစာၦေဝဟင္ေမွ်ာ္နန္းကို မေၾကာက္႐ြံ႕သည့္သူ တစ္ေယာက္မွ မရွိခဲ့ေခ်။

အႀကီးဆုံး တပည့္ ယြီက်န႔္ဟိုင္က သူ႕ဘာသာ ငရဲဂိုဏ္းကို တည္ေထာင္ကာ အႀကီးမားဆုံး ဂိုဏ္းအျဖစ္ ႀကီးထြားလာခဲ့သည္။ သူ႕အင္အားက ၿပိဳင္ဘက္ကင္းလွသည္။

ဒုတိယေျမာက္ တပည့္ ယြီရွန္း႐ုန္က တစ္ခါမွ မရႈံးနိမ့္ဖူးေပ။

ဒီႏွစ္ေယာက္သာရွိေနေသးလွ်င္ ေ႐ႊနန္းဥယ်ာဥ္ေတာင္ကို အဆင့္ျမင့္ က်င့္ႀကံသူဆယ္ေယာက္ ဝိုင္းတိုက္သည့္ ကိစၥမ်ိဳးက ျဖစ္လာမည္ မဟုတ္ေပ။

တစ္ေယာက္ေယာက္က မိစာၦေဝဟင္ေမွ်ာ္နန္းကို ေစာင့္ၾကပ္ေပးလိမ့္မည္။

ထိုအေၾကာင္းအရင္းေၾကာင့္ လုက်ိဳးက ေရွာင္ယြမ္အာ၊ မင္ရွစ္ရင္ႏွင့္ တြမ့္မူရွန္းကို အန္းယန္ဆီ ေခၚလာခဲ့သည္။ က်ဴးဟုန္ကုန္းႏွင့္ ေက်ာင္းယြဲ႕တို႔က အားနည္းတာေၾကာင့္ မိစာၦေဝဟင္ေမွ်ာ္နန္း၌ ေနခဲ့သည္က ပိုသင့္ေတာ္ေပသည္။

ေရွာင္ယြမ္အာက အျပစ္ႀကီးႀကီး ေပးခံထားရေသာေၾကာင့္ သူမက နတ္ျခေသၤ့ေရွ႕ ထိုင္ခ်င္တယ္လို႔ ေျပာၿပီး နားပူနားဆာ မလုပ္ေတာ့ေပ။

နတ္ျခေသၤ့၏ အရွိန္အဝါက မိစာၦေဝဟင္ေမွ်ာ္နန္း ေကာင္းကင္ယံအထက္ ေပၚထြက္လာသည့္အခါ က်ဴးဟုန္ကုန္းက မ်က္လုံးအျပဴးသားျဖင့္   “ ရွစ္စြင္းက …  ဘယ္တုန္းက ဒီစီးေတာ္သားရဲကို ရသြားတာလဲ ”

က်ိဳးက်စ္ဖုန္းက တအံ့တဩ အမူအရာျဖင့္ ေျပာလိုက္သည္။ 

“သာမန္စီးေတာ္သားရဲေတြကို နယ္ေျမျခား ပိုင္နက္ထဲ ဒါမွမဟုတ္ ေတာထဲမွာပဲ ဖမ္းလို႔ရတယ္။ ဒီလိုမ်ိဳး စြမ္းရည္ေကာင္းေကာင္းနဲ႕ စီးေတာ္သားရဲ ရဖို႔ကေတာ့ ကံစပ္မွပဲ ျဖစ္မွာ … ”

“ ပထမသခင္ေလးက ဒ႑ာရီလာ ေက်ာင္ယင္ရွို႔ကို ျမဴခိုးေတာအုပ္ထဲမွာ ရခဲ့တယ္လို႔ ၾကားဖူးတယ္။ ဒါေပမဲ့ ဘယ္သူမွ မျမင္ဖူးၾကဘူး  ”

(လင္းယုန္ေခါင္းနဲ႕ ျမင္းခႏၶာကိုယ္ရွိတဲ့ သတၱဝါပါ။ ဟယ္ရီေပၚတာထဲမွာ ပါပါတယ္ )

ေက်ာင္းယြဲ႕က အေျပးအလႊားတားလိုက္သည္။

“ အသက္ရွင္ရတာ ၿငီးေငြ႕ေနၿပီလား ”

တျခားသူမ်ားလည္း တန္းပါးစပ္ပိတ္သြားၾကသည္။

လုက်ိဳးက  မိစာၦေဝဟင္ေမွ်ာ္နန္းအတြင္း သူတို႔ ပထမတပည့္ ယြီက်န႔္ဟိုင္အေၾကာင္း ေဆြးေႏြးေနေၾကာင္း သိလွ်င္ ကိစၥမ်ားက လွပမည္ မဟုတ္ေခ်။

လုက်ိဳးႏွင့္ ေရွာင္ယြမ္အာတို႔က နတ္ျခေသၤ့ေပၚ တက္လိုက္ၾကသည္။

မင္ရွစ္ရင္ႏွင့္ တြမ့္မူရွန္းတို႔က သူတို႔ဘာသာ ပ်ံသန္းလာၾကသည္။

နတ္ဝိညာဥ္ဝဋ္ေႂကြးေခ် နယ္ပယ္အဆင့္ က်င့္ႀကံသူတစ္ေယာက္အတြက္ စီးေတာ္သားရဲ၏ အျမန္ႏႈန္းႏွင့္ မယွဥ္နိုင္ေသာ္ျငား ေႏွးေကြးသည္ဟု မဆိုလိုေပ။

………..…

ႏွစ္နာရီၾကာျမင့္ၿပီးေနာက္

အန္းယန္ၿမိဳ႕အတြင္း

လုက်ိဳးႏွင့္ ေရွာင္ယြမ္အာတို႔က လမ္းမအထက္ ေလွ်ာက္လာၾကသည္။ သူတို႔က လမ္းမ်ားတြင္ ထင္ထားသေလာက္ လူမစည္ေၾကာင္း ေတြ႕လိုက္ရသည့္အခါ အံ့အားသင့္သြားၾက၏။ ထို႔အျပင္ ယခင္တစ္ေခါက္ႏွင့္ ယွဥ္လိုက္လွ်င္ ကုန္သည္မ်ားက တစ္ဝက္ေလာက္သာ ရွိေတာ့သည္။ အေတာ္ေလး ေျခာက္ကပ္ဖြယ္ ျမင္ကြင္းမ်ိဳး ျဖစ္ေနေလ၏။

ထူးဆန္းေနသည့္ ေရွာင္ယြမ္အာက ေမးလာသည္။  “ ရွစ္စြင္း … တစ္ေယာက္ေယာက္ကို တားၿပီး ေမးလိုက္ရမလား”

အမွားကိုျပန္လည္ ျပင္ဆင္ဖို႔အတြက္ သူမက ရွစ္က်ဲ၏ စကားကို စိတ္ထဲ မွတ္သားထားသည္။ သူမက ဘာမွမေျပာခင္ ရွစ္စြင္း အျမင္ကို အရင္ေမးရမည္။

“ မလိုဘူး ” လုက်ိဳးက စီအိမ္ေတာ္ဆီသာ တန္းသြားဖို႔ ဆုံးျဖတ္လိုက္သည္။ အန္းယန္ အတက္အက်က တာ့ယန္ဧကရာဇ္၏ ျပႆနာသာ ျဖစ္၏။ သူႏွင့္ မဆိုင္ေပ။

ေရွာင္ယြမ္အာက ေခါင္းညိတ္လိုက္၏။

ခဏအၾကာတြင္ ႏွစ္ေယာက္လုံး စီအိမ္ေတာ္ တံခါးေရွ႕ ေရာက္လာၾကသည္။ ေရွာင္ယြမ္အာက ဘာလုပ္ရမွန္း သိသြားေလၿပီ။  “ တပည့္ တံခါးသြားေခါက္လိုက္မယ္ ”

လုက်ိဳးက မုတ္ဆိတ္အသာသပ္ကာ ေခါင္းညိတ္လိုက္သည္။ သူက ေက်နပ္ေနမိ၏။

သူမ သင္ယူထားလိုက္သားပဲ … အရင္တစ္ခါတုန္းက ဘာမွမေတြးဘဲ တံခါးကို တန္းကန္ဖြင့္လိုက္တာ ..

ေဒါက္ ေဒါက္

ေရွာင္ယြမ္အာက ႏွစ္ႀကိမ္ေခါက္လိုက္သည္။

တံခါးက ကြၽီခနဲ ပြင့္လာသည္။

“သခင္မေလးလား” တံခါးလာဖြင့္သူက စီအန္း ျဖစ္၏။ သူတို႔က ခ်င္းယန္ေတာင္မွ ကယ္တင္ခံရစဥ္အခါက ပထမဆုံး ေတြ႕ဖူးၿပီး ေနာက္တစ္ႀကိမ္မွာ မိစာၦေဝဟင္ေမွ်ာ္နန္းဆီ လာေရာက္စဥ္အခါက ျဖစ္သည္။ သူက ေရွာင္ယြမ္အာကို မည္သို႔ မမွတ္မိဘဲေနမည္နည္း။

“သခင္ႀကီးနဲ႕ သခင္မႀကီးတို႔ကို ခ်က္ခ်င္း အေၾကာင္းၾကားေပးပါ့မယ္ ”

စီအန္းက အျမန္အဆန္ ေျပးသြားေလသည္။ သူက သခင္မေလး ျပန္လာေၾကာင္း ဆက္တိုက္ ေအာ္သြားေသး၏။

ေရွာင္ယြမ္အာက ဂ႐ုစိုက္ပုံမေပၚေပ။ ထိုအစား သူမက လွည့္လာကာ  “ရွစ္စြင္း … ”

သူမေနာက္တြင္ ရွိသည့္ လုက်ိဳးက တည္တည္ၿငိမ္ၿငိမ္ ေျပာလိုက္သည္။

“အထဲဝင္ၾကစို႔ ”

သူတို႔က တံခါးဝကို ျဖတ္ေက်ာ္လာၿပီးေနာက္တြင္ ပန္းထိုးထည္ ဝတ္ဆင္ထားသည့္ လူလတ္အ႐ြယ္ စုံတြဲကို လူမ်ားစြာ ၿခံရံလာေၾကာင္း ျမင္လိုက္ရသည္။ သူတို႔က ေရွာင္ယြမ္အာ၏ အေဖ စီယြမ္ႏွင့္ အေမ စီက်န္းရွီ ျဖစ္၏။

စီယြမ္က လူလတ္ပိုင္းအ႐ြယ္ ျဖစ္၏။ သူ႕ၾကည့္ရသည္မွာ အနိုင္မခံအရႈံးမေပး စိတ္ဓာတ္မ်ိဳး ရွိပုံေပၚ၏။ သခင္မက်န္းက လွပေၾကာ့ရွင္းကာ က်က္သေရရွိလွသည္။ သူမက အသက္အ႐ြယ္ရေနေသာ္လည္း ဆြဲေဆာင္မႈရွိေနဆဲ ျဖစ္သည္။ သူမ ငယ္႐ြယ္စဥ္အခါက ၿမိဳ႕တစ္ခုလုံးကို ကိုင္လႈပ္နိုင္သည့္ မိန္းမလွေလးတစ္ဦး ျဖစ္ခဲ့လိမ့္မည္။

လုက်ိဳးက စီယြမ္သည္ သူ႕ကို ေၾကာက္ပုံမေပၚသည္ကို ျမင္သည့္အခါ အံ့ဩသြားမိသည္။ သတိထား႐ုံမွအပ စီယြမ္သည္ ခယလြန္းျခင္း မရွိသလို ေမာက္မာျခင္းလည္း မရွိေပ။ ေသမ်ိဳးတစ္ေယာက္အတြက္ ဒီလိုသတၱိမ်ိဳး ျပသနိုင္ဖို႔ အရမ္းရွားလွသည္။

“ယြမ္အာ ” သခင္မႀကီးက်န္းက ေျပးလာကာ ေရွာင္ယြမ္အာကို ဖက္ထားလိုက္သည္။

ေရွာင္ယြမ္အာက နည္းနည္း အံ့အားသင့္သြားေလသည္။ သူတို႔ မေတြ႕ျဖစ္သည္မွာ ေျခာက္ႏွစ္ ရွိေနေလၿပီ။ သူတို႔အေနႏွင့္ သူစိမ္းဟု ခံစားရသည္မွာ ပုံမွန္သာ ျဖစ္၏။

လုက်ိဳးက တည္တည္ၿငိမ္ၿငိမ္ ေျပာလိုက္သည္။  “ အေဖနဲ႕ အေမကို ကန္ေတာ့လိုက္အုံး ”

“ အိုး ” ေရွာင္ယြမ္အာက ေျမေပၚ ဒူးေထာက္လိုက္သည္။

မိုးေျမႏွင့္ မိဘမ်ားေရွ႕ ဒူးေထာက္ကာ ကန္ေတာ့ျခင္းမွာ မွန္ကန္သင့္ေတာ္ေပသည္။

ငါ သူမကို ေကာင္းေကာင္းသင္ေပးရမယ္ …

ေရွာင္ယြမ္အာက ေျမေပၚ ဒူးေထာက္လိုက္သည့္အခါ သခင္မႀကီးက်န္းက မ်က္ရည္ဝဲလာေလ၏။ သားအမိႏွစ္ေယာက္ ေနာက္ဆုံးေတာ့ စကားေျပာခြင့္ ရလာေလၿပီ။

စီယြမ္က ေရွာင္ယြမ္အာကို ၾကည့္ကာ သူ႕စိတ္ထဲ အနည္းငယ္ နာက်င္လာမိသည္။ သူက လုက်ိဳးထံ လက္ႏွစ္ဖက္ယွက္ကာ ဦးၫႊတ္လိုက္သည္။ သူ႕မ်က္ဝန္းထဲ ေလးစားမႈအျပည့္ ျဖစ္ေန၏။

လုက်ိဳးက ေခါင္းအသာညိတ္ျပလိုက္သည္။

အေစခံမ်ားက လုက်ိဳးကို မသိၾကေပ။ သူတို႔က ေရွာင္ယြမ္အာသည္ မိစာၦေဝဟင္ေမွ်ာ္နန္းဆီ ဝင္သြားမွန္း မသိထားၾကေပ။ သို႔ေသာ္လည္း ထိုလူမ်ားက က်င့္ႀကံေရးေလာကႏွင့္ ဘာမွမပတ္သက္သူမ်ားသာ ျဖစ္ၾက၏။ သူတို႔ကို မဆိုထားႏွင့္။ သူတို႔လက္ရွိ ရည္႐ြယ္ခ်က္ကပင္ ထိုလူမ်ားႏွင့္ လုံးလုံး မသက္ဆိုင္ေပ။

“ ပင္ပန္းေနၿပီ ”

စီယြမ္က စီအန္းကို အခန္းျပင္ထားဖို႔ အလ်င္စလို ေျပာလိုက္သည္။ စီအန္းက ထိုလူက ဘယ္သူမွန္း ေသခ်ာသိေနေသာေၾကာင့္ မလိုအပ္သူမ်ားကို ျပန္လႊတ္ကာ အနီးအနားလာဖို႔ ပိတ္ပင္တားျမစ္ထားလိုက္သည္။

……………

အခန္းအတြင္း ပို၍ တိတ္ဆိတ္ေလသည္။

လုက်ိဳးက စီယြမ္ႏွင့္ သူ႕ဇနီးကို ေသခ်ာၾကည့္လိုက္သည္။

အခန္းထဲ အျပင္လူ မရွိေခ်။

စီယြမ္ႏွင့္ သူ႕ဇနီးတို႔က လုက်ိဳးဆီ ရိုရိုက်ိဳးက်ိဳး ေလွ်ာက္လာကာ  “သခင္ႀကီး … အရင္တစ္ခါက စီအိမ္ေတာ္ကို အခက္အခဲၾကားကေန သခင္ႀကီးပဲ ကယ္တင္ေပးခဲ့တာဆိုေတာ့ က်ဳပ္ရဲ႕ ေက်းဇူးတင္မႈေလးကို လက္ခံေပးပါ ”

ဇနီးေမာင္ႏွံက ဒူးေထာက္ေတာ့မည့္ဆဲဆဲတြင္ လုက်ိဳးက လက္ေဝ့လိုက္သည္။ စြမ္းအားလွိုင္းက သူတို႔အား ျပန္မတ္တတ္ရပ္သြားေစ၏။

“ မင္းတို႔က ေရွာင္ယြမ္အာရဲ႕ မိဘေတြဆိုမွေတာ့ ငါတို႔က ဝါစဥ္အတူတူပါပဲ။ ဒူးေထာက္ဖို႔ မလိုပါဘူး”

လုက်ိဳးက ေျပာလိုက္သည္။

စီယြမ္တို႔က အရမ္းေက်းဇူးတင္ေနဟန္ ေပၚသည္။

လုက်ိဳးက သူတို႔ႏွစ္ေယာက္ကို ၾကည့္လိုက္ၿပီးေနာက္ ေကြ႕ပတ္ေျပာမေနဘဲ တည့္တိုးေမးလိုက္သည္။

“ မင္းတို႔ကို ေမးစရာရွိတယ္။ မင္းတို႔ အမွန္အတိုင္း ေျဖေပးဖို႔ ေမွ်ာ္လင့္ပါတယ္”

စီယြမ္က မတုံ႕ဆိုင္းရဲဘဲ ေျဖလိုက္သည္။  “သခင္ႀကီး ေမးပါ ”

“အန္းယန္မွာ တစ္ခုခု ျဖစ္ေနတာလား ”

စီယြမ္က ေျဖလိုက္သည္။

“ ေတာ္လွန္ေရးတပ္က ဒီမွာေသာင္းက်န္းေနေတာ့ လူေတြ ခံစားေနရတယ္။ အန္းယန္က လူေတြ အိုးမဲ့အိမ္မဲ့ျဖစ္ဖို႔ သိပ္မၾကာေတာ့ဘူး ”

“ တပ္မဟာသုံးခု ေခါင္းေဆာင္ ေဝ့က်ိဳးယန္က အန္းယန္မွာ မဟုတ္ဘူးလား” လုက်ိဳးက ေမးလိုက္သည္။

“သူက အန္းယန္ ေျမာက္ပိုင္းကို လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္က ေရာက္လာတာ။ ဒါေပမဲ့ သူက အခုအထိ ၿမိဳ႕ထဲ မဝင္ေသးဘူး။ အေၾကာင္းအရင္းကိုေတာ့ က်ဳပ္လည္း ေသခ်ာမသိရဘူး ”

လုက်ိဳးက မုတ္ဆိတ္အသာသပ္လိုက္သည္။

ေဝ့က်ိဳးယန္က အေယာင္ေဆာင္ျဖစ္ေသာေၾကာင့္ သတိထားသည္မွာ ပုံမွန္သာ ျဖစ္၏။

“ေနာက္ဆုံးေမးခြန္း ..” လုက်ိဳးက စကားလႊဲလိုက္သည္။

“ယြမ္အာက မိစာၦေဝဟင္ေမွ်ာ္နန္းဆီ ဆယ္ႏွစ္သားကတည္းက ဝင္ေရာက္ခဲ့တာ။ ေမွ်ာ္နန္းကို ဝင္ခဲ့တယ္ဆိုကတည္းက အတိတ္ဆက္ႏြယ္မႈေတြနဲ႕ ျဖတ္ေတာက္ရမွာပဲ။ မင္းတို႔တစ္မိသားစုလုံး ပ်က္သုဥ္းေတာ့မလိုအထိ ျဖစ္ခဲ့တာဆိုေတာ့ ခ်င္းယန္ေတာင္ အျဖစ္အပ်က္ကိုေတာ့ လက္ခံေပးနိုင္တယ္။ ဒါေပမဲ့ အခုတစ္ခါ ဆက္သြယ္တဲ့ အေၾကာင္းအရင္းက ဘာလဲ ”

စီယြမ္က ထိုအေၾကာင္းကို ၾကားလိုက္သည့္အခါ သခင္မႀကီးက်န္းကို လက္ဟန္ျပလိုက္သည္။

သခင္မႀကီးက်န္းက ၾကက္ေသြးေရာင္ ပန္းထိုးေသတၱာေလးကို ထုတ္လာသည္။

စီယြမ္က ေျပာလိုက္သည္။  “သခင္ႀကီး ၾကည့္ပါဦး ”

လုက်ိဳးက လက္အသာေဝ့လိုက္သည့္အခါ ေသတၱာက သူ႕လက္ထဲ ေရာက္လာသည္။ သူ ေသတၱာဖြင့္ၾကည့္လိုက္သည့္အခါ အထဲရွိ ပစၥည္းက သူႏွင့္ ေရွာင္ယြမ္အာကို အနည္းငယ္ ထိတ္လန႔္သြားေစသည္။

“ေဟးမုလ်န္လား ”

စီယြမ္က ေရွာင္ယြမ္အာကို ၾကည့္လိုက္ၿပီး ဘာမွမေျပာေပ။

လုက်ိဳးက ဆိုလိုရင္းကို သိေလသည္။ သူက အေၾကာင္းျပခ်က္တစ္ခုရွာကာ ေျပာလိုက္၏။  “ ယြမ္အာ … အျပင္မွာ သြားေစာင့္ေန ”

“ ဟုတ္ ရွစ္စြင္း ” ေရွာင္ယြမ္အာက နာနာခံခံ ထြက္သြားေလသည္။ သူမက အခန္းထဲမွ ထြက္လာၿပီး ေကာင္းကင္ကို ေမာ့ၾကည့္လိုက္သည္။ ေစာေနဆဲ ျဖစ္၏။ သူမ ရွစ္ရွိုးမ်ားက အခ်ိန္ယူရမည္ျဖစ္၍ ေရာက္လာဦးမည္ မဟုတ္ေပ။

ေရွာင္ယြမ္အာက စီအိမ္ေတာ္မွ လူမ်ားႏွင့္ စကားေျပာရသည္ကို မႀကိဳက္ေပ။ ထို႔ေၾကာင့္ သူမက စီအိမ္ေတာ္ရွိ လူသူမရွိသည့္ ေလွ်ာက္လမ္းဆီ သြားလိုက္သည္။

“မဂၤလာပါ ”

သူမနားထဲ ညင္သာေႏြးေထြးသည့္ အသံတစ္သံ ပ်ံ့လြင့္လာသည္။

ေရွာင္ယြမ္အာက တုန္ယင္သြားၿပီး ေဘးပတ္လည္ကို ၾကည့္လိုက္သည္  “ဘယ္သူလဲ ”

ေက်ာတြင္ ဓားရွည္တစ္ေခ်ာင္း သယ္ေဆာင္ထားသည့္ အစိမ္းဝတ္႐ုံႏွင့္ ပိန္ပါးပါး ဓားသမားက သူမႏွင့္ မ်က္ႏွာခ်င္းဆိုင္ ရပ္ေနသည္။

...
Paid gp ဝင္လို႔ရပါၿပီ
Gp 2 (161 to 260) 3000
Gp 3 (261 to 360) 3000
Paid gp မွာ အခန္း ၃၀၀ ထိ ေရာက္ပါၿပီ
၁၅ ပိုင္းတစ္ျဖတ္ doc လဲ ဝယ္လို႔ရပါတယ္၊ စာစဥ္တစ္ခုကို 500 ပါ

Continue Reading

You'll Also Like

281K 22.4K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
382K 27K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.