ငါ့တပည့်တွေ အကုန် ဗီလိန်တွေချ...

By Mortal-Edge

374K 53.8K 446

အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ... More

အကျဉ်းချုပ်
အခန်း (၁) မိစ္ဆာတို့ရဲ့ သခင်
အခန်း (၂) ရန်သူများကို ပြန်လည်မောင်းထုတ်ရန် နည်းဗျူဟာ
အခန်း (၃) သွန်သင်ဆုံးမမှု မပြုဘဲ အတတ်ပညာသာ သင်ပြခြင်းက ဆရာ ပျင်းရိခြင်းမည်၏
အခန်း (၄) ဆိုးယုတ်သောတပည့်များ၏ သဘောထား
အခန်း (၅)အထွတ်အထိတ်သဏ္ဍာန်
အခန်း (၆) အစွမ်းတန်​ခိုးထက်​ဆုံး သိုင်းကွက်​များသာ သိသည်
အခန်း (၇) စတင်ပဲ့ပြင်
အခန်း (၈) ကံစမ်းမဲနှင့် စျေးဆိုင်
အခန်း (၉) ချမှတ်ပေးထားသော တာဝန်များ
အခန်း (၁၀) သေစေနိုင်သော တိုက်ခိုက်မှု
အခန်း (၁၁) ဆက်လက် ဖျော်ဖြေ
အခန်း (၁၂) လမ်းစဥ်အသစ်လား
အခန်း (၁၃) အလုပ်တာဝန် ချပေးခြင်း
အခန်း (၁၄) အလုပ်တာဝန် ပြီးမြောက်ခြင်း
အခန်း (၁၅) တပည့်ဆိုးများ၏ စိတ်ဓာတ်
အခန်း (၁၆) တပည့်ဆိုးများ၏ စိတ်ဓာတ်
အခန်း (၁၇) အသင်အပြ အဆုံးအမ
အခန်း (၁၈) မင်ရှစ်ရင်၏ စူးစမ်းမှု
အခန်း (၁၉) လောကတစ်ခွင် အဖြစ်အပျက်များ
အခန်း (၂၀) ထွက်ပြေးသွားသောတပည့်
အခန်း (၂၁) ကံအမှတ်၏ မှော်ဝင်အစွမ်း
အခန်း (၂၂) တဖန် နုပျိုလာခြင်း
အခန်း (၂၃) ကောင်းကင်ကျမ်း၏ အတိုင်းထက်အလွန်စွမ်းအား
အခန်း (၂၄) ရှစ်စွင်းနှင့်အတူ နတ်ခြင်္သေ့ကို စီးခြင်း
အခန်း (၂၅) အဘိုးကြီးက ကြည့်ရ မဆိုးဘူး
အခန်း (၂၆) ပြန်ပေးဆွဲမှုကို စုံစမ်းခြင်း
အခန်း (၂၇) မင်းက ဆိုးသွမ်းတဲ့ ခေါင်းဆောင်တစ်ယောက်
အခန်း (၂၈) မနာခံမှု
အခန်း (၂၉) ခွန်အားကြီးသော ကျွမ်းကျင်သူများ
အခန်း (၃၀) ကျုပ်စကားနားထောင်ပါ သူတို့ကို ရန်မစမိစေနဲ့
အခန်း(၃၁) လင်းဟူအဖွဲ့အစည်း
အခန်း (၃၂) ဒါက ထောင်ချောက်လို့ ပြောသားပဲ
အခန်း (၃၃) အသက်ရှင်ဖို့ သုံးလပဲ အချိန် ကျန်တော့တယ်
အခန်း (၃၄) အခုမှ အစပဲ
အခန်း (၃၅) ရှစ်စွင်း ထောင်ချောက်ထဲ ကျသွားပြီ
အခန်း (၃၆) ထိပ်ဆုံးသို့ တဖန်ပြန်ရောက်ခြင်း
အခန်း (၃၇) မိစ္ဆာတပည့်
အခန်း (၃၈) မင်းဆီမှာ ရှိတာ အားလုံး ပြန်ယူမယ်
အခန်း (၃၉) ယဲ့ထျန်းရှင်းရဲ့ အစီအစဉ်လား
အခန်း (၄၀) မင်းသတ္တိကောင်းလှချည်လား
အခန်း(၄၁) မိစ္ဆာကြီး ပြန်လာခြင်း
အခန်း (၄၂) အသက်ကြီးလေ ဉာဏ်ပိုကြီးလေ
အခန်း (၄၃) လျှို့ဝှက်ကတ်တွေ မရှိဘဲ ဘာလုပ်မှာလဲ
အခန်း (၄၄) ဝှက်ဖဲများကို ပြန်လည်စုစည်းခြင်း
အခန်း (၄၅) တိုက်ခိုက်ခြင်းက အကောင်းဆုံးခုခံမှု
အခန်း (၄၆) ကံဆိုးခြင်း
အခန်း (၄၇) ရာရာစစ
အခန်း (၄၈) ဆက်ကံစမ်းမယ်
အခန်း (၄၉) အသစ်ရောက်လာသူ
အခန်း (၅၀) ခိုလှုံခွင့် တောင်းခံခြင်း
အခန်း (၅၁) အဓိပ္ပာယ် မရှိတာ
အခန်း (၅၂) အခု အရည်အချင်းပြည့်မီပြီလား
အခန်း ( ၅၃ ) မဖော်ပြနိုင်လောက်သော စွမ်းအား
အခန်း (၅၄) ဓားနတ်ဆိုး၏ ကံကြမ္မာ
အခန်း (၅၅) ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ
အခန်း (၅၆) အရာအားလုံးက သူ့လက်ထဲမှာပဲ
အခန်း (၅၇) ကျောင်းယွဲ့၏တည်နေရာ
အခန်း (၅၈) ပိအန်း
အခန်း (၅၉) အထက်ဆုံးဓား
အခန်း (၆၀) ဓားချစ်သူ
အခန်း (၆၁) မဟာသမာဓိဓာရနီ
အခန်း (၆၂) မဟာနတ္ထိဘုရားကျောင်း၏ အင်အား
အခန်း (၆၃) ဗြဟ္မာသားချော့တေး
အခန်း (၆၄) ပိုကောင်းတဲ့လူဆိုတာ အမြဲရှိတယ်
အခန်း (၆၅) ဝါရင့်ကိုယ်တော်ကို ဉာဏ်အလင်းပွင့်စေတာလား
အခန်း (၆၆) ကျောင်းယွဲ့ကို ခေါ်ဆောင်သွားခြင်း
အခန်း (၆၇) လိမ်ရဲတယ်ပေါ့
အခန်း (၆၈) နန်းတော်မှ ပညာရှင်
အခန်း (၆၉) တပည့်ဆိုးက ပြဿနာထပ်တက်ပြန်ပြီ
အခန်း (၇၀) အိတ်ထဲမှာ
အခန်း (၇၁) အခုထွက်ပြေးဖို့အတွက် သိပ်နောက်ကျသွားပြီလား
အခန်း (၇၂) လိမ်လည်လှည့်ဖြားခြင်း
အခန်း (၇၃) ကျင့်ကြံဆင့် မြှင့်တင်ခြင်း အပိုင်း ၁
အခန်း (၇၄) ကျင့်ကြံဆင့် မြင့်တင်ခြင်း အပိုင်း ၂
အခန်း (၇၅) ထူးဆန်းသောစွမ်းအား
အခန်း (၇၆) ယဲ့ထျန်းရှင်း၏ ဆန်းကြယ်မှု
အခန်း (၇၇) လှောင်အိမ်
အခန်း (၇၈) မဟူရာစစ်သည်တော်များ၏ ခေါင်းဆောင်
အခန်း (၇၉) ဉာဏ်ထက်မြတ်သော မင်ရှစ်ရင်
အခန်း (၈၀) ပေနက်လွှာစာရင်း၌ ထိပ်ဆုံး
အခန်း (၈၁) အစွမ်းထက်သောကူညီသူ
အခန်း (၈၂) ရှစ်စွင်းပြောပြီ
အခန်း (၈၃) ဖန်းရှုဝမ်
အခန်း (၈၄) ထွက်သွားဖို့ မစဉ်းစားနဲ့
အခန်း (၈၅) တပည့်က ကြမ်းတမ်း
အခန်း (၈၆) တပည့်များက ကြမ်းတမ်းမြဲ ကြမ်းတမ်းနေခြင်း
အခန်း (၈၇) တပည့်က ထပ်မံကြမ်းတမ်း
အခန်း (၈၈) မရည်ရွယ်ပါဘူး
အခန်း (၈၉) ပါဝင်ပတ်သက်ခြင်း
အခန်း (၉၀) ရှစ်ရှိုး သက်ညှာပေးပါ
အခန်း (၉၁) မင်းက ငါ့တပည့် မဟုတ်ဘူး
အခန်း (၉၂) မင်ရှစ်ရင် ပြဿနာတက်နေပြီ
အခန်း (၉၃) စုန်းပညာ၏စွမ်းအား
အခန်း (၉၄) ခွဲခွာချိတ်ကောက်
အခန်း (၉၅) မိစ္ဆာအိုကြီးရဲ့ပုံစံလား
အခန်း (၉၆) အမှန်တရားနှင့် အလိမ်အညာများ
အခန်း (၉၇) ချိုင့်ဝင်နေသော အရိုးများ
အခန်း (၉၈) အမှန်တရားလား
အခန်း (၉၉) ကောင်မလေး သိပ်နောက်မကျခင်သွားကြရအောင်
အခန်း (၁၀၀) တင်းဖန်ချိုး၏ စွမ်းအား
အခန်း (၁၀၁) နန်းတော်မှ တစ်စုံတစ်ယောက်
အခန်း (၁၀၂) နတ်လေးသည်တော် သုံးယောက်ထဲမှ တစ်ယောက်
အခန်း (၁၀၃) တုံးအခြင်း၏တန်ကြေး
အခန်း (၁၀၄) ငါက အမြဲတမ်း သက်ညှာပေးပါတယ်
အခန်း (၁၀၅) လာကူကြသော တပည့်များ
အခန်း (၁၀၆) ကျောက်စိမ်းယဇ်ပလ္လင်
အခန်း (၁၀၇) လောင်ပါ့ လူလိမ်
အခန်း (၁၀၈) ဖမ်းဆီးမှုနှင့် ကံစမ်းမဲ
အခန်း (၁၀၉) နှမြောစရာပဲ
အခန်း (၁၁၀) ရန်သူဟောင်း
အခန်း (၁၁၁) ခွဲခွာခြင်းချိတ် မင်းကို ချီးမြှင့်မယ်
အခန်း (၁၁၂) မင်းက ငါ့ကို မကြောက်ဘူးလား
အခန်း (၁၁၃) စွမ်းအင်ငါးဖြာစကြဝဠာ သစ်ပင်ကို ကာကွယ် ဟွားဝူတောက်ကို စောင့်ဆိုင်း
အခန်း (၁၁၄) ငါက အရင်ကလို မဟုတ်တော့ဘူး
အခန်း (၁၁၅) အတိတ်တုန်းက တာ့ယန်မှာ မတူညီတဲ့လမ်းစဉ်မရှိဘူး
အခန်း (၁၁၆) လျို့ဟယ် တာအိုစည်းတံဆိပ်
အခန်း (၁၁၇) မိုးကြိုးသွား
အခန်း (၁၁၈) မင်း ရွေးချယ်မှု လုပ်ရမယ်
အခန်း (၁၁၉) အစွမ်းအထက်ဆုံးအကြီးအကဲ ဟွားဝူလား ဝူဟွားလား
အခန်း (၁၂၀) နှလုံးသားစေရာ လိုက်တဲ့သူက သာမန်မဟုတ်ဘူး
အခန်း (၁၂၁) ကျောင်းယွဲ့ကို ထုတ်ပေးခြင်း
အခန်း (၁၂၂) ကျန်းအိုက်ကျန့်နှင့် ထပ်မံ တွေ့ဆုံခြင်း
အခန်း (၁၂၃) နန်းတော်၏ ပဋိပက္ခများနှင့် ပိုင်လူမျိုးတို့၏ အရိုးများ
အခန်း (၁၂၄) ဓားကောင်းလေး
အခန်း (၁၂၅) ယဲ့ထျန်းရှင်း၏ သေခြင်းတရား
အခန်း (၁၂၆) အကြွေးဆပ်ရန်
အခန်း (၁၂၇) သေတ္တာကို ဖွင့်ရန်နည်းလမ်း
အခန်း (၁၂၈) ရှစ်ယောက်မြောက် တပည့်ကို ဆုံးမခြင်း
အခန်း (၁၂၉) သတ္တမမြောက်တပည့်၏အတွေးများ
အခန်း (၁၃၀) အမြင်မတူခြင်းနှင့် မပြောဘဲ သိသော သဘောတူညီချက်
အခန်း (၁၃၁) ဒုတိယမြောက်တပည့်၏ ရွေးချယ်မှု
အခန်း (၁၃၂) မင်းက ငါ့ကို ကောင်းကောင်းသိတာပဲ ... ရှစ်တိ ဝူယာ့
အခန်း (၁၃၃) ကျင့်စဉ်များပြီးစီးခြင်း
အခန်း (၁၃၄) တာ့ရှစ်ရှိုးရဲ့ မိတ်ဆွေရင်း
အခန်း (၁၃၅) မဟာအမှောင်ကောင်းကင်အောက်မေ့ရာ
အခန်း (၁၃၆) ဝတ်ရုံနီ၏ လာရောက်တွေ့ဆုံမှု
အခန်း (၁၃၇) လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုတာက မဟာကံခေမှုကြီးပဲ
အခန်း (၁၃၈) ဈေးနှုန်းမြင့်မြင့်ဖြင့် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း
အခန်း (၁၃၉) ခြင်္သေ့သားရဲတွင်းသို့သွားပြီး ခြင်္သေ့မုတ်ဆိတ်မွေးကို ဆွဲခြင်း
အခန်း (၁၄၀) ပါ့ရှစ်တိ မတွေ့ရတာကြာပြီ
အခန်း (၁၄၁) ငါက အလွယ်တကူအနိုင်ယူလို့ရတဲ့လူမဟုတ်ဘူး
အခန်း (၁၄၂) ရှစ်တိ မကြောက်နဲ့
အခန်း (၁၄၃) သေတ္တာ၏ လျှို့ဝှက်ချက်
အခန်း (၁၄၄) သဘောထားကြီးသည့် တာ့ရှစ်ရှိုး
အခန်း(၁၄၅) သေတ္တာကိုဖွင့်ဖို့အတွက် အနီရောင်လက်တစ်ဖက်လိုအပ်
အခန်း (၁၄၆) အလဲအလှယ်ကောင်း
အခန်း (၁၄၇) လျစ်လျူရှုထားသောရတနာ
အခန်း (၁၄၈) တိမ်ခွင်းရထားလုံး
အခန်း (၁၄၉) ရွှေနန်းဥယျာဉ်တောင်ကို ရာရာစစ အကွက်ချရဲတယ်ပေါ့
အခန်း (၁၅၀) တမင်တကာ
အခန်း (၁၅၁) နတ်ဆရာဆယ်ပါး၏စွမ်းအား
အခန်း (၁၅၂) ဓားသူတော်စင် လော့ရှစ်စန်း
အခန်း (၁၅၃) နတ်ဆရာဆယ်ပါးရောက်လာပြီ။ ခံတပ်ကိုထိန်းထား
အခန်း (၁၅၄) ထင်မှတ်မထားသော
အခန်း (၁၅၅) ကိုးပါးဖြတ်တောက်ခြင်းလက်ဟန်များ
အခန်း (၁၅၆) အချင်းချင်း ဖျက်ဆီးနေသည်အား အဆုံးသတ်ရန် ဘိုးဘေးများ၏ ဆုံးဖြတ်ချက်
အခန်း (၁၅၇) ဖန်းရှုဝမ်၏ရွေးချယ်မှု
အခန်း (၁၅၈) ပျင်းစရာကောင်းလောက်အောင် အားနည်းတာပဲ
အခန်း (၁၅၉) ချန်ဟွမ်းလား ယဲ့ထျန်းရှင်း အသက်ရှင်လာပြီ။
အခန်း (၁၆၀) ဝေ့ကျိုးယန်က ဒီလိုမျိုး ဆုံးဖြတ်ထားတာလား
အခန်း (၁၆၁) မင်းရဲ့စီမံမှုကို သိတယ်
အခန်း (၁၆၂) အံ့ဩဖွယ် ပိုင်လူမျိုး
အခန်း (၁၆၃) ပိုးအိမ်ကိုဖောက်ထွက်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုချုပ်နှောင်ခြင်း
အခန်း (၁၆၄) အားအကောင်းဆုံး လက်အောက်ငယ်သား
အခန်း (၁၆၅) မင်းရဲ့ ဆယ်နှစ်အကန့်အသတ်
အခန်း (၁၆၆) ဘယ်သူမှ ငါ့ကို ဘာမှမလုပ်နိုင်ဘူး
အခန်း (၁၆၇) ဒီလိုကံကြမ္မာမျိုး
အခန်း (၁၆၈) ပါ့ရှစ်တိ ... ဒါက မင်း ကောင်းဖို့ပဲ
အခန်း (၁၆၉) လူမိုက်က ပြေးစရာနေရာမရှိ
အခန်း (၁၇၀) ဟေးမုလျန်
အခန်း (၁၇၁) ကျွန်တော့်ရဲ့စစ်မှန်တဲ့နှလုံးသားက နေနဲ့လလိုတောက်ပနေပါတယ်
အခန်း (၁၇၂) လူသစ်လေးက လူသစ်လေးရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိသင့်တယ်
အခန်း (၁၇၃) ပွင့်ချပ်ခုနစ်လွှာ ဟွားဝူတောက် သင်္ကေတကိုးခု လျှို့ဟယ်တာအိုစည်းတံဆိပ
အခန်း (၁၇၄) ဓားနတ်ဆိုး၏ အကျင့်
အခန်း (၁၇၅) ပြန်ရောက်လာခြင်း၊ ဝိညာဉ်သုံးခုထဲဝင်ရောက်ခြင်း
အခန်း (၁၇၆) ခြွင်းချက်
အခန်း (၁၇၇) အညံ့ခံမလား။ အရိုက်ခံမလား
အခန်း (၁၇၈) မတန်တဆဈေး
အခန်း (၁၇၉) ရွေးချယ်စရာမရှိ
အခန်း (၁၈၀) ငါက အမြဲတမ်း အကျိုးအကြောင်းသင့်တဲ့သူပါ
အခန်း (၁၈၁) မျဉ်းတစ်ကြောင်း
အခန်း (၁၈၂) မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်
အခန်း (၁၈၃) အံ့ဖွယ်ကိုယ်တော်ကြီးလေးပါး ဝမ်ကျွယ်ကျိကျန်း
အခန်း (၁၈၄) အနန္တလေးလေးပါး၊ ကိုယ်တော်များ ပေါင်းစည်းခြင်း
အခန်း (၁၈၅) မိသားစုတိုင်းမှာကိုယ်ပိုင်ပြဿနာရှိကြတယ်
အခန်း (၁၈၆) ကောင်းကင်အပိုင်းအစ
အခန်း (၁၈၇) ခုနစ်စင်ကြယ်ဝိညာဉ်
အခန်း (၁၈၈) နောက်ထပ် အမှိုက်လား
အခန်း (၁၈၉) နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်
အခန်း (၁၉၀) ထွက်ခွာခြင်း
အခန်း (၁၉၁) နိဗာနခါးစည်း
အခန်း (၁၉၂) မင်းဘာသာ လွတ်မြောက်လာပြီးတော့ အရှင်သခင် ဖြစ်လာ
အခန်း (၁၉၃) သူကလေးတစ်ယောက် မဟုတ်တော့ဘူး
အခန်း (၁၉၅) ဆယ့်ခြောက်နှစ်တွင်
အခန်း (၁၉၆) အန်းယန်ဆီ တစ်ခေါက်ပြန်လာခြင်း၊ မြို့အတူတူ၊ ဖြစ်သော်ငြား ကွဲပြားနေသော
အခန်း (၁၉၇) အာ့ရှစ်ရှိုးနှင့် ပထမဆုံးအကြိမ်တွေ့ဆုံချိန်

အခန်း (၁၉၄) ပူးပေါင်းခြင်း

1.3K 189 1
By Mortal-Edge

အခန်း (၁၉၄) ပူးပေါင်းခြင်း

ကျူးဟုန်ကုန်းက ဦးနှောက်ခြောက်လာဟန်ပေါ်သည်။ သူက အသံတိုးတိုးဖြင့် မေးလိုက်၏။

“စစ်ရှစ်ရှိုး … ကျန်းအိုက်ကျန့်က ဘယ်သူလဲ ”

“တာ့ယန် တော်ဝင်မိသားစုရဲ့ တတိယမင်းသား လျူချန်ပဲ ” မင်ရှစ်ရင်က ပြန်ဖြေလိုက်သည်။

ကျန်းအိုက်ကျန်း၏ နာမည်အရင်းက လျူချန် ဖြစ်၏။

ကျူးဟုန်ကုန်းက ပြောစရာပင် ရှာမတွေ့တော့ပေ။

သူက တကယ့်ဇာတ်ကောင်ပဲ …

“ ဝေ့ကျိုးယန်အကြောင်း အမှန်သိသွားကြပြီလား” တွမ့်မူရှန်းက မေးလိုက်သည်။

မင်ရှစ်ရင်က ပြောလိုက်သည်။

“ အရင်တစ်ခါ ကျန်းအိုက်ကျန့်က တကယ့်ဝေကျိုးယန်ရဲ့ နေရာကို ပြောပြဖူးတယ်။ အဲတုန်းက သူက ဝေ့ကျိုးယန်ကို အတုမှန်းသိနေပုံပဲ … ကြည့်ရတာ သူလည်း ဝေ့ကျိုးယန်ကို စောင့်ကြည့်နေတာ ဖြစ်ရမယ် ”

လုကျိုးက အတွေးနက်နေသည်။

မင်ရှစ်ရင်၏ အပြောက အဓိပ္ပာယ်ရှိလှ၏။

နန်းတော်ရှိ အထက်ပိုင်း အရာရှိများက ဝေ့ကျိုးယန်ကို အတုမှန်း သိထားလျှင်ပင် သူတို့က ဘယ်တော့မှ တရားဝင် အသိအမှတ်ပြုမည် မဟုတ်ပေ။ တပ်မဟာသုံးခု၏ ခေါင်းဆောင်ကို ဘယ်တော့မှ ထိ၍ မဖြစ်ပေ။ သူတို့က အနာဂတ်ကို ခပ်ကြီးကြီး ပုံဖော်ထားရမည်။ ဝေ့ကျိုးယန်အကြောင်း ထုတ်ဖော်လိုသူများက ဖျက်လိုဖျက်ဆီး လုပ်လိုသူများသာ ဖြစ်ကြသည်။

ကိုယ်လုပ်တော်ယီက တာ့ယန်ကို အရှုပ်အထွေးကြား ကျရောက်စေချင်နေတာလား …

သူမက အနောက်ပိုင်းမှ ဖြစ်သောကြောင့် သည်လိုလုပ်ရန် ရည်ရွယ်ချက်အရှိနိုင်ဆုံးသူ ဖြစ်သည်။ မော့လီနှင့် ဝေ့ကျိုးယန်တို့က မည်မျှအံ့ဝင်ခွင်ကျ မဖြစ်စေကာမူ သူတို့က ဒုတိယမင်းသားလက်အောက်မှ ဖြစ်ကြ၏။ သူတို့က တစ်ယောက်နှင့် တစ်ယောက် ဆန့်ကျင်စရာ အကြောင်း မရှိပေ။

ဒီလိုဆိုတော့ ဝေ့ကျိုးယန်ကို ဘယ်သူက သေစေချင်တာလဲ။

လုကျိုးက မည်မျှတွေးစေကာမူ အဖြေ ထွက်မလာပေ။

မျက်စိစုံမှိတ် ခန့်မှန်းနေမည့်အစား ကိုယ်တိုင်တွေ့ကာ တိုက်ရိုက်မေးလိုက်တာက ပိုကောင်း၏။

ထိုစဉ် အမျိုးသမီး တပည့်တစ်ယောက်က ခန်းမကျယ်ထဲ ဝင်လာကာ ပြောလိုက်သည်။

“တောင်အောက်မှာ စီအန်းက တွေ့ခွင့်တောင်းနေပါတယ်”

စီအန်းက ဘယ်သူလဲ …

မင်ရှစ်ရင်က ခေါင်းကုတ်စဉ်းစားလိုက်သည်။ ထို့နောက် သူ့နဖူးသူ ပြန်ရိုက်ကာ ပြောလိုက်၏ ။

“ရှစ်စွင်း … အဲဒါ ရှောင်ရှစ်မေ့ရဲ့ ဆွေမျိုးပဲ။ သူ အရင်က လာဖူးတယ်”

တွမ့်မူရှန်းက မျက်မှောင်ကြုတ်ကာ  “တစ်ခုခုများ ထပ်ဖြစ်လို့လား ”

“ သူ့ကို အထဲဝင်ခိုင်းလိုက် ” လုကျိုးက လက်ဝေ့လိုက်သည်။

“ ဟုတ်ကဲ့ပါ ”

သိပ်မကြာခင် စိတ်လှုပ်ရှားနေမှန်း သိသာသည့် စီအန်းတစ်ယောက် ခန်းမကျယ်ထဲ ရောက်လာသည်။ ဗီလိန်က သူ့ကို ခုန်အုပ်ကာ ကန်လိမ့်မည်ဟု တွေးထားသလိုမျိုး သူ့အကြည့်များက စိုးရိမ်ပူပင်ရောက်နေသည်။ သူက တီးတိုးပြောလိုက်သည်။

“လောင် .. ချန်းပေ့ကို ဂါရဝပြုပါတယ် ”

မင်ရှစ်ရင်က မေးလိုက်သည်။  “ဘာဖြစ်လို့လဲ … တစ်ယောက်ယောက် ပြန်ပေးဆွဲခံရပြန်ပြီလား ”

ရှစ်စွင်းက မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ရောက်သူများကို သူတို့အတိတ်ရှိ ဆက်နွယ်မှုအားလုံး ဖြတ်တောက်ခိုင်းသည်မှာ မဆန်းတော့ပေ။ ရှောင်ရှစ်မေ့၏ ဆွေမျိုးများဖြင့်ပင်  ပြဿနာအကြိမ်ကြိမ် တက်ခဲ့ရသည်။ သာမန်လူများက သည်းခံနိုင်မည် မဟုတ်ပေ။ သူတို့က တပည့်များကို ခြိမ်းခြောက်ဖို့ ဓားစာခံအဖြစ် အသုံးချကြလိမ့်မည်။

ဖန်ကျုံးလည်း အတူတူ ဖြစ်၏။ သူ ပြန်ရောက်လာသည့်အခါ ဒဏ်ရာအပြင်းအထန် ရထားနိုင်သည်။

စီအန်းက လက်အသာယမ်းကာ   “ မဟုတ်ပါဘူး မဟုတ်ပါဘူး … ပြန်ပေးဆွဲခံရတာ မဟုတ်ပါဘူး”

“ အဲဆို ဘာကိစ္စလဲ” မင်ရှစ်ရင်က မေးလိုက်သည်။

စီအန်းက သက်ပြင်းချကာ  “ သခင်ကြီးနဲ့ သခင်မတို့က အန်းယန်းကနေ ထွက်သွားဖို့ စီစဉ်နေလို့ပါ။ သူတို့က သခင်မလေးကို လွမ်းနေပြီး ထွက်မသွားခင် နောက်ဆုံးအနေနဲ့ တစ်ခါလောက် တွေ့ချင်ကြလို့ပါ”

“ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စည်းမျဉ်းကို မသိဘူးလား” မင်ရှစ်ရင်က ထပ်မေးလိုက်ပြန်သည်။

“သိ … သိပါတယ် ”

“ အဲဆို ဘယ်လိုများ လာရဲတာလဲ ”

“ချင်းယန်တောင် အဖြစ်အပျက်ပြီးကတည်းက သခင်ကြီးနဲ့ သခင်မတို့က သခင်မလေးကို လွမ်းနေကြတာပါ။ အခု သခင်မလေးက ၁၆ နှစ်ပြည့်ပြီဆိုတော့ သခင်ကြီးတို့က သခင်မလေးကို အရမ်းကို တွေ့ချင်နေလို့ပါ။ ဒီတွေ့ဆုံမှုပြီးရင် နောက်ထပ် ထပ်မတွေ့ကြတော့ပါဘူး။ မျှော်နန်းသခင် ကျေးဇူးပြုပြီး သဘောထားကြီးပေးပါ” စီအန်းက ပြောရင်း ဒူးထောက်လိုက်သည်။

လုကျိုးက သိချင်နေမိသည်။ သေမျိုးများက မိစ္ဆာဝေဟင်မျှော်နန်းဆီ မဆက်သွယ်ရဲကြပေ။ ထပ်ခါထပ်ခါ ဆက်သွယ်မည့်အကြောင်း မဆိုထားနှင့်။ ဤသည်မှာ တကယ် ထူးဆန်းလှသည်။ စီမိသားစု၏ သခင်ကြီးက ပြန်ပေးဆွဲခံရတုန်း သတိမေ့နေသောကြောင့် ရှောင်ယွမ်အာနှင့် တွေ့ရန် အခွင့်အရေး မရလိုက်ပေ။ သို့သော်လည်း မိစ္ဆာဝေဟင်မျှော်နန်း၏ စည်းမျဉ်းအရ တပည့်က ဂိုဏ်းထဲဝင်သည်နှင့် အတိတ်ဆက်နွယ်မှုများနှင့် အကုန်ဖြတ်တောက်ရမည် ဖြစ်၏။

သူတို့က သွေးသားတော်စပ်ရုံမျှကြောင့် ခြွင်းချက် မလုပ်ပေ။ အကယ်၍ သူ့တပည့်အားလုံးက အတိတ်ဆက်နွယ်မှုများ ပတ်သက်နေသေးလျှင် မိစ္ဆာဝေဟင်မျှော်နန်းအတွက် ခက်ခဲသွားနိုင်သည်။ သို့သော်လည်း စီအန်းကို အမြန်အဆန် မငြင်းလိုက်ပေ။

“ သူတို့က ဘာလို့ ရွေ့ပြောင်းတာလဲ” လုကျိုးက မေးလိုက်သည်။

စီအန်းက ပြန်ဖြေလိုက်၏။ 

“အန်းယန်းက အခုနောက်ပိုင်း မအေးချမ်းတော့ဘူး။ သတ်ဖြတ်မှုတွေက နေရာတိုင်း ဖြစ်နေတာဆိုတော့ တခြားမျိုးနွယ်စုတွေကလည်း အဲဒီအတွက် တာဝန်ရှိတယ် ပြောရမယ်။ အရင် စီမိသားစုက အရာရှိတွေရဲ့ အကာအကွယ်ရပေမဲ့ အခု အဲဒီလူတွေလည်း ထွက်ပြေးသွားကြပြီ ”

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ ခေါင်းညိတ်လိုက်သည်။ ကျန်းအိုက်ကျန့်၏ သတင်းအချက်အလက်အရ ဝေ့ကျိုးယန်သည် အန်းယန်းမှ အနှောင့်အယှက်များကို ချေမှုန်းပစ်ရန် အမိန့်ပေးခံရလေသည်။ ထို့ကြောင့် စီအန်းက အမှန်အတိုင်းပြောနေခြင်းသာ ဖြစ်လိမ့်မည်။

စီအန်းက ခေါင်းငုံ့ထားပြီး တုန်တုန်ယင်ယင် ဖြစ်နေသည်။

ခန်းမကျယ်တစ်ခုလုံး တိတ်ဆိတ်နေလေ၏။

စီအန်းက ကမ္ဘာပေါ်ရှိ အကြီးမြတ်ဆုံး မိစ္ဆာအိုကြီးကို ကြည့်လိုက်ပြီးနောက် တဖန် ပြန်ခေါင်းငုံ့သွားသည်။ သူက လုကျိုး၏ စိတ်ကို မသိသောကြေင့် တိတ်တိတ်သာ နေလိုက်သည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် လုကျိုးက လက်အသာဝေ့ကာ “ ဧည့်သည်ကို ပြန်ပို့လိုက်တော့ ”

မင်ရှစ်ရင်က လုကျိုးထံ လက်နှစ်ဖက်ယှက်ပြီးနောက် စီအန်းထံ လက်ဟန်ပြကာ  “ဒီဘက် … ”

“ မျှော် … မျှော်နန်းသခင် ” စီအန်းက သူ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးမည်လား မဖြည့်ဆည်းပေးမည်လား ကြားလိုက်ရပုံမပေါ်ပေ။ သူ့ကို ပြန်ပို့ရန် လုကျိုး အမိန့်ပေးလိုက်သည်ကို ကြားသည့်အခါ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားလေ၏။

မင်ရှစ်ရင် အသံထဲ အနည်းငယ် စိတ်တိုသည့် အရိပ်အယောင် ပါဝင်လာကာ  “ ထွက်မသွားဘူးလား ”

စီအန်းက မြန်မြန် ထကာ မင်ရှစ်ရင်နောက် လိုက်သွားလိုက်ရသည်။

အခြားလူများလည်း ဦးညွှတ်ကာ ထွက်သွားကြ၏။

………….…

ထိုစဉ် မဟူရာကွန်ယက် ဌာနချုပ် ခန်းမကျယ်အတွင်း …

“ ဂိုဏ်းချုပ် … မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထသခင်လေးက စာပို့လာပါတယ် ”

“ဘာတဲ့လဲ” စီးဝူယာ့က ဖြည်းဖြည်းချင်း ထလာသည်။ သူက နည်းနည်းသိချင်မိ၏။ သူက မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်လာသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ မျှော်နန်းက သူ့ကို တစ်ခါမှ မဆက်သွယ်ဖူးပေ။

“ အန်းယန်းရဲ့ ဆက်သွယ်ရေး အမှတ်ကို ပို့ထားတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက ဂိုဏ်းချုပ်ကို ယွင်စန်းရဲ့ နေရာအကြောင်း စုံစမ်းခိုင်းစေချင်နေတယ်”

“ယွင်စန်းလား ”

“ ဟုတ်ပါတယ်။ ခါးပိုက်နှိုက်ဂိုဏ်းရဲ့ တစ်ဦးတည်းသော ဆက်ခံသူ ယန်ကျစ်ယွင်စန်းပါ ”

“ခါးပိုက်နှိုက်ဂိုဏ်းက မရှိတော့ဘူးလေ။ ယွင်စန်း တစ်ဦးတည်းကျန်ခဲ့တာ … ရှစ်စွင်းက သူနဲ့ ဘာကိစ္စများရှိနေပါ့လိမ့်” စီးဝူယာ့က ထူးဆန်းသည်ဟု ထင်မှတ်သည်။

“ကျွန်တော်လည်း သေချာမသိပါဘူး ”

ယွင်စန်းကို ခါးပိုက်နှိုက်ဂိုဏ်း၏ မျိုးဆက်လို့ ခေါ်တာက သင့်တော်အောင် ခေါ်ထားခြင်း ဖြစ်၏။ အရှင်းဆုံးပြောရလျှင် သူက သူခိုးတစ်ယောက်သာ ဖြစ်သည်။

ကျိထျန်းတောက်လို လူမျိုးက စီးဝူယာ့ကို သူခိုးတစ်ယောက်အတွက် ဆက်သွယ်လာသည်ကို တွေးလိုက်လျှင် စီးဝူယာ့က အတွေးမများဘဲ မနေနိုင်တော့ပေ။

ဘေးနားတွင် ရပ်နေသည့် သူ့လက်အောက်ငယ်သားတစ်ယောက်က ပြောလိုက်သည်  “ ကျွန်တော် ကြားတာတော့ အဲဒီယွင်စန်းက မျှော်နန်းကနေ တစ်ခုခု ခိုးသွားခဲ့ဖူးတယ်တဲ့။ အဲကိစ္စနဲ့များ ပတ်သက်နေမလား မသိဘူး ”

စီးဝူယာ့က အပြုံးလေးနှင့် ခေါင်းညိတ်ကာ  “ အိုး ရှစ်စွင်း … နောက်ပိုင်း ပိုပိုနှမြောလာတတ်တာပဲ”

“ အာ … ဂိုဏ်းချုပ် ကျွန်တော်တို့ ယွင်စန်းကို စုံစမ်းလိုက်ရမလား ”

အဆုံးသတ်၌ မဟူရာကွန်ယက်သည် မိစ္ဆာဝေဟင်မျှော်နန်း အပိုင် မဟုတ်ချေ။ သူတို့က ထိုတောင်းဆိုချက်ကို ငြင်းပယ်နိုင်လေ၏။

“သူ့ဆန္ဒဖြည့်ပေးလိုက်ကြတာပေါ့” စီးဝူယာ့က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ သူ အသက်ရလာပြီဆိုတော့ နောက်ဆုံးနေ့ရက်တွေကို အေးအေးချမ်းချမ်း နေခိုင်းလိုက်ပါ့မယ် ”

“နားလည်ပါပြီ ”

လက်အောက်ငယ်သားက လှည့်ထွက်သွားတော့မည့်ဆဲဆဲတွင်

“ခဏနေဦး ”

“ ဟုတ် ဂိုဏ်းချုပ် .. ဘာများအမိန့်ပေးစရာရှိသေးလဲ ”

“ကျင့်မင်တာအိုဂိုဏ်းနဲ့ သမာသမတ်ဂိုဏ်းက အခုနောက်ပိုင်း လှုပ်ရှားမှုရှိသေးလား” စီးဝူယာ့က လက်နောက်ပစ်လျက် မေးလိုက်သည်။

“ ကျင့်မင်တာအိုဂိုဏ်းက ကျားတောင်ရိုးဆီ သွားခဲ့ပေမဲ့ ဘာမှမတွေ့ခဲ့ရဘူး။ သူတို့က မနေ့က ပြန်ရောက်လာကြတယ်။ အခုတော့ သူတို့တွေ ဒေါသထွက်နေလောက်ပြီ ”

“အရမ်းကောင်းတယ်” စီးဝူယာ့က ဒေါင်းယပ်တောင်ကို လှည့်လိုက်ရင်း   “ နန်းတော်ကရော ဘာထူးသေးလဲ ”

“ဝေ့ကျိုးယန်က အံ့ဖွယ်မြို့တော်ကနေ ထွက်သွားပြီး အနှောင့်အယှက်တွေ ချေမှုန်းဖို့ အန်းယန်းဆီ ဦးတည်သွားနေပါပြီ ”

စီးဝူယာ့က ထိုအကြောင်းကြားသည့်အခါ ရယ်မောလိုက်သည်။

“အယောင်ဆောင်သမားက သတ္တိကောင်းသားပဲ ”

“ ဂိုဏ်းချုပ် ကျွန်တော်တို့ တစ်ခုခု လုပ်လိုက်သင့်လား ”

“ မလိုဘူး”

“ဟုတ်”

“ ကမ္ဘာကြီးဆီ ဧရာမပိုးသားလက်အိတ်ကို အန်းယန်းမှာ တွေ့တယ်လို့ သတင်းဖြန့်လိုက် ”

လက်အောက်ငယ်သားက ထိုအကြောင်းကြားသည့်အခါ ကြောင်သွားပြီး  “ ဂိုဏ်းချုပ် ယွင်စန်းကို အဲဒီနည်းလမ်းနဲ့ မျှားတာက နည်းနည်း … ”

“ယွင်စန်းက ခိုးတဲ့နေရာမှာ အရည်အချင်းရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ သူက အဲဒါကို ဂုဏ်ယူလွန်းတယ်။ ငါ့ရှစ်စွင်းက ယွင်စန်းကို တွေ့ချင်မှတော့ သူ့တပည့်အနေနဲ့ ငါက ဘာမှမလုပ်ပေးဘဲနေလို့ မဖြစ်ဘူးလေ။ ဧရာမပိုးသားလက်အိတ်က အကောင်းဆုံး ငါးစာပဲ … ”

“ နားလည်ပါပြီ … ကျွန်တော် အခုချက်ချင်း လုပ်လိုက်ပါ့မယ် ”

...

Paid gp ဝင်လို့ရပါပြီ
Gp 2 (161 to 260) 3000
Gp 3 (261 to 360) 3000
Paid gp မှာ အခန်း ၃၀၀ ထိ ရောက်ပါပြီ
၁၅ ပိုင်းတစ်ဖြတ် doc လဲ ဝယ်လို့ရပါတယ်၊ စာစဉ်တစ်ခုကို 500 ပါ

Zawgyi

အခန္း (၁၉၄) ပူးေပါင္းျခင္း

က်ဴးဟုန္ကုန္းက ဦးေႏွာက္ေျခာက္လာဟန္ေပၚသည္။ သူက အသံတိုးတိုးျဖင့္ ေမးလိုက္၏။

“စစ္ရွစ္ရွိုး … က်န္းအိုက္က်န႔္က ဘယ္သူလဲ ”

“တာ့ယန္ ေတာ္ဝင္မိသားစုရဲ႕ တတိယမင္းသား လ်ဴခ်န္ပဲ ” မင္ရွစ္ရင္က ျပန္ေျဖလိုက္သည္။

က်န္းအိုက္က်န္း၏ နာမည္အရင္းက လ်ဴခ်န္ ျဖစ္၏။

က်ဴးဟုန္ကုန္းက ေျပာစရာပင္ ရွာမေတြ႕ေတာ့ေပ။

သူက တကယ့္ဇာတ္ေကာင္ပဲ …

“ ေဝ့က်ိဳးယန္အေၾကာင္း အမွန္သိသြားၾကၿပီလား” တြမ့္မူရွန္းက ေမးလိုက္သည္။

မင္ရွစ္ရင္က ေျပာလိုက္သည္။

“ အရင္တစ္ခါ က်န္းအိုက္က်န႔္က တကယ့္ေဝက်ိဳးယန္ရဲ႕ ေနရာကို ေျပာျပဖူးတယ္။ အဲတုန္းက သူက ေဝ့က်ိဳးယန္ကို အတုမွန္းသိေနပုံပဲ … ၾကည့္ရတာ သူလည္း ေဝ့က်ိဳးယန္ကို ေစာင့္ၾကည့္ေနတာ ျဖစ္ရမယ္ ”

လုက်ိဳးက အေတြးနက္ေနသည္။

မင္ရွစ္ရင္၏ အေျပာက အဓိပၸာယ္ရွိလွ၏။

နန္းေတာ္ရွိ အထက္ပိုင္း အရာရွိမ်ားက ေဝ့က်ိဳးယန္ကို အတုမွန္း သိထားလွ်င္ပင္ သူတို႔က ဘယ္ေတာ့မွ တရားဝင္ အသိအမွတ္ျပဳမည္ မဟုတ္ေပ။ တပ္မဟာသုံးခု၏ ေခါင္းေဆာင္ကို ဘယ္ေတာ့မွ ထိ၍ မျဖစ္ေပ။ သူတို႔က အနာဂတ္ကို ခပ္ႀကီးႀကီး ပုံေဖာ္ထားရမည္။ ေဝ့က်ိဳးယန္အေၾကာင္း ထုတ္ေဖာ္လိုသူမ်ားက ဖ်က္လိုဖ်က္ဆီး လုပ္လိုသူမ်ားသာ ျဖစ္ၾကသည္။

ကိုယ္လုပ္ေတာ္ယီက တာ့ယန္ကို အရႈပ္အေထြးၾကား က်ေရာက္ေစခ်င္ေနတာလား …

သူမက အေနာက္ပိုင္းမွ ျဖစ္ေသာေၾကာင့္ သည္လိုလုပ္ရန္ ရည္႐ြယ္ခ်က္အရွိနိုင္ဆုံးသူ ျဖစ္သည္။ ေမာ့လီႏွင့္ ေဝ့က်ိဳးယန္တို႔က မည္မွ်အံ့ဝင္ခြင္က် မျဖစ္ေစကာမူ သူတို႔က ဒုတိယမင္းသားလက္ေအာက္မွ ျဖစ္ၾက၏။ သူတို႔က တစ္ေယာက္ႏွင့္ တစ္ေယာက္ ဆန႔္က်င္စရာ အေၾကာင္း မရွိေပ။

ဒီလိုဆိုေတာ့ ေဝ့က်ိဳးယန္ကို ဘယ္သူက ေသေစခ်င္တာလဲ။

လုက်ိဳးက မည္မွ်ေတြးေစကာမူ အေျဖ ထြက္မလာေပ။

မ်က္စိစုံမွိတ္ ခန႔္မွန္းေနမည့္အစား ကိုယ္တိုင္ေတြ႕ကာ တိုက္ရိုက္ေမးလိုက္တာက ပိုေကာင္း၏။

ထိုစဥ္ အမ်ိဳးသမီး တပည့္တစ္ေယာက္က ခန္းမက်ယ္ထဲ ဝင္လာကာ ေျပာလိုက္သည္။

“ေတာင္ေအာက္မွာ စီအန္းက ေတြ႕ခြင့္ေတာင္းေနပါတယ္”

စီအန္းက ဘယ္သူလဲ …

မင္ရွစ္ရင္က ေခါင္းကုတ္စဥ္းစားလိုက္သည္။ ထို႔ေနာက္ သူ႕နဖူးသူ ျပန္ရိုက္ကာ ေျပာလိုက္၏ ။

“ရွစ္စြင္း … အဲဒါ ေရွာင္ရွစ္ေမ့ရဲ႕ ေဆြမ်ိဳးပဲ။ သူ အရင္က လာဖူးတယ္”

တြမ့္မူရွန္းက မ်က္ေမွာင္ၾကဳတ္ကာ  “တစ္ခုခုမ်ား ထပ္ျဖစ္လို႔လား ”

“ သူ႕ကို အထဲဝင္ခိုင္းလိုက္ ” လုက်ိဳးက လက္ေဝ့လိုက္သည္။

“ ဟုတ္ကဲ့ပါ ”

သိပ္မၾကာခင္ စိတ္လႈပ္ရွားေနမွန္း သိသာသည့္ စီအန္းတစ္ေယာက္ ခန္းမက်ယ္ထဲ ေရာက္လာသည္။ ဗီလိန္က သူ႕ကို ခုန္အုပ္ကာ ကန္လိမ့္မည္ဟု ေတြးထားသလိုမ်ိဳး သူ႕အၾကည့္မ်ားက စိုးရိမ္ပူပင္ေရာက္ေနသည္။ သူက တီးတိုးေျပာလိုက္သည္။

“ေလာင္ .. ခ်န္းေပ့ကို ဂါရဝျပဳပါတယ္ ”

မင္ရွစ္ရင္က ေမးလိုက္သည္။  “ဘာျဖစ္လို႔လဲ … တစ္ေယာက္ေယာက္ ျပန္ေပးဆြဲခံရျပန္ၿပီလား ”

ရွစ္စြင္းက မိစာၦေဝဟင္ေမွ်ာ္နန္းဆီ ဝင္ေရာက္သူမ်ားကို သူတို႔အတိတ္ရွိ ဆက္ႏြယ္မႈအားလုံး ျဖတ္ေတာက္ခိုင္းသည္မွာ မဆန္းေတာ့ေပ။ ေရွာင္ရွစ္ေမ့၏ ေဆြမ်ိဳးမ်ားျဖင့္ပင္  ျပႆနာအႀကိမ္ႀကိမ္ တက္ခဲ့ရသည္။ သာမန္လူမ်ားက သည္းခံနိုင္မည္ မဟုတ္ေပ။ သူတို႔က တပည့္မ်ားကို ၿခိမ္းေျခာက္ဖို႔ ဓားစာခံအျဖစ္ အသုံးခ်ၾကလိမ့္မည္။

ဖန္က်ဳံးလည္း အတူတူ ျဖစ္၏။ သူ ျပန္ေရာက္လာသည့္အခါ ဒဏ္ရာအျပင္းအထန္ ရထားနိုင္သည္။

စီအန္းက လက္အသာယမ္းကာ   “ မဟုတ္ပါဘူး မဟုတ္ပါဘူး … ျပန္ေပးဆြဲခံရတာ မဟုတ္ပါဘူး”

“ အဲဆို ဘာကိစၥလဲ” မင္ရွစ္ရင္က ေမးလိုက္သည္။

စီအန္းက သက္ျပင္းခ်ကာ  “ သခင္ႀကီးနဲ႕ သခင္မတို႔က အန္းယန္းကေန ထြက္သြားဖို႔ စီစဥ္ေနလို႔ပါ။ သူတို႔က သခင္မေလးကို လြမ္းေနၿပီး ထြက္မသြားခင္ ေနာက္ဆုံးအေနနဲ႕ တစ္ခါေလာက္ ေတြ႕ခ်င္ၾကလို႔ပါ”

“ မိစာၦေဝဟင္ေမွ်ာ္နန္းရဲ႕ စည္းမ်ဥ္းကို မသိဘူးလား” မင္ရွစ္ရင္က ထပ္ေမးလိုက္ျပန္သည္။

“သိ … သိပါတယ္ ”

“ အဲဆို ဘယ္လိုမ်ား လာရဲတာလဲ ”

“ခ်င္းယန္ေတာင္ အျဖစ္အပ်က္ၿပီးကတည္းက သခင္ႀကီးနဲ႕ သခင္မတို႔က သခင္မေလးကို လြမ္းေနၾကတာပါ။ အခု သခင္မေလးက ၁၆ ႏွစ္ျပည့္ၿပီဆိုေတာ့ သခင္ႀကီးတို႔က သခင္မေလးကို အရမ္းကို ေတြ႕ခ်င္ေနလို႔ပါ။ ဒီေတြ႕ဆုံမႈၿပီးရင္ ေနာက္ထပ္ ထပ္မေတြ႕ၾကေတာ့ပါဘူး။ ေမွ်ာ္နန္းသခင္ ေက်းဇူးျပဳၿပီး သေဘာထားႀကီးေပးပါ” စီအန္းက ေျပာရင္း ဒူးေထာက္လိုက္သည္။

လုက်ိဳးက သိခ်င္ေနမိသည္။ ေသမ်ိဳးမ်ားက မိစာၦေဝဟင္ေမွ်ာ္နန္းဆီ မဆက္သြယ္ရဲၾကေပ။ ထပ္ခါထပ္ခါ ဆက္သြယ္မည့္အေၾကာင္း မဆိုထားႏွင့္။ ဤသည္မွာ တကယ္ ထူးဆန္းလွသည္။ စီမိသားစု၏ သခင္ႀကီးက ျပန္ေပးဆြဲခံရတုန္း သတိေမ့ေနေသာေၾကာင့္ ေရွာင္ယြမ္အာႏွင့္ ေတြ႕ရန္ အခြင့္အေရး မရလိုက္ေပ။ သို႔ေသာ္လည္း မိစာၦေဝဟင္ေမွ်ာ္နန္း၏ စည္းမ်ဥ္းအရ တပည့္က ဂိုဏ္းထဲဝင္သည္ႏွင့္ အတိတ္ဆက္ႏြယ္မႈမ်ားႏွင့္ အကုန္ျဖတ္ေတာက္ရမည္ ျဖစ္၏။

သူတို႔က ေသြးသားေတာ္စပ္႐ုံမွ်ေၾကာင့္ ႁခြင္းခ်က္ မလုပ္ေပ။ အကယ္၍ သူ႕တပည့္အားလုံးက အတိတ္ဆက္ႏြယ္မႈမ်ား ပတ္သက္ေနေသးလွ်င္ မိစာၦေဝဟင္ေမွ်ာ္နန္းအတြက္ ခက္ခဲသြားနိုင္သည္။ သို႔ေသာ္လည္း စီအန္းကို အျမန္အဆန္ မျငင္းလိုက္ေပ။

“ သူတို႔က ဘာလို႔ ေ႐ြ႕ေျပာင္းတာလဲ” လုက်ိဳးက ေမးလိုက္သည္။

စီအန္းက ျပန္ေျဖလိုက္၏။ 

“အန္းယန္းက အခုေနာက္ပိုင္း မေအးခ်မ္းေတာ့ဘူး။ သတ္ျဖတ္မႈေတြက ေနရာတိုင္း ျဖစ္ေနတာဆိုေတာ့ တျခားမ်ိဳးႏြယ္စုေတြကလည္း အဲဒီအတြက္ တာဝန္ရွိတယ္ ေျပာရမယ္။ အရင္ စီမိသားစုက အရာရွိေတြရဲ႕ အကာအကြယ္ရေပမဲ့ အခု အဲဒီလူေတြလည္း ထြက္ေျပးသြားၾကၿပီ ”

လုက်ိဳးက မုတ္ဆိတ္အသာသပ္ကာ ေခါင္းညိတ္လိုက္သည္။ က်န္းအိုက္က်န႔္၏ သတင္းအခ်က္အလက္အရ ေဝ့က်ိဳးယန္သည္ အန္းယန္းမွ အေႏွာင့္အယွက္မ်ားကို ေခ်မႈန္းပစ္ရန္ အမိန႔္ေပးခံရေလသည္။ ထို႔ေၾကာင့္ စီအန္းက အမွန္အတိုင္းေျပာေနျခင္းသာ ျဖစ္လိမ့္မည္။

စီအန္းက ေခါင္းငုံ႕ထားၿပီး တုန္တုန္ယင္ယင္ ျဖစ္ေနသည္။

ခန္းမက်ယ္တစ္ခုလုံး တိတ္ဆိတ္ေနေလ၏။

စီအန္းက ကမာၻေပၚရွိ အႀကီးျမတ္ဆုံး မိစာၦအိုႀကီးကို ၾကည့္လိုက္ၿပီးေနာက္ တဖန္ ျပန္ေခါင္းငုံ႕သြားသည္။ သူက လုက်ိဳး၏ စိတ္ကို မသိေသာေၾကင့္ တိတ္တိတ္သာ ေနလိုက္သည္။

အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္ေနၿပီးေနာက္ လုက်ိဳးက လက္အသာေဝ့ကာ “ ဧည့္သည္ကို ျပန္ပို႔လိုက္ေတာ့ ”

မင္ရွစ္ရင္က လုက်ိဳးထံ လက္ႏွစ္ဖက္ယွက္ၿပီးေနာက္ စီအန္းထံ လက္ဟန္ျပကာ  “ဒီဘက္ … ”

“ ေမွ်ာ္ … ေမွ်ာ္နန္းသခင္ ” စီအန္းက သူ႕ေတာင္းဆိုခ်က္ကို ျဖည့္ဆည္းေပးမည္လား မျဖည့္ဆည္းေပးမည္လား ၾကားလိုက္ရပုံမေပၚေပ။ သူ႕ကို ျပန္ပို႔ရန္ လုက်ိဳး အမိန႔္ေပးလိုက္သည္ကို ၾကားသည့္အခါ အနည္းငယ္ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားေလ၏။

မင္ရွစ္ရင္ အသံထဲ အနည္းငယ္ စိတ္တိုသည့္ အရိပ္အေယာင္ ပါဝင္လာကာ  “ ထြက္မသြားဘူးလား ”

စီအန္းက ျမန္ျမန္ ထကာ မင္ရွစ္ရင္ေနာက္ လိုက္သြားလိုက္ရသည္။

အျခားလူမ်ားလည္း ဦးၫႊတ္ကာ ထြက္သြားၾက၏။

………….…

ထိုစဥ္ မဟူရာကြန္ယက္ ဌာနခ်ဳပ္ ခန္းမက်ယ္အတြင္း …

“ ဂိုဏ္းခ်ဳပ္ … မိစာၦေဝဟင္ေမွ်ာ္နန္းရဲ႕ စတုတၳသခင္ေလးက စာပို႔လာပါတယ္ ”

“ဘာတဲ့လဲ” စီးဝူယာ့က ျဖည္းျဖည္းခ်င္း ထလာသည္။ သူက နည္းနည္းသိခ်င္မိ၏။ သူက မိစာၦေဝဟင္ေမွ်ာ္နန္းမွ ထြက္လာသည္မွာ ၾကာျမင့္လွၿပီ ျဖစ္ရာ ေမွ်ာ္နန္းက သူ႕ကို တစ္ခါမွ မဆက္သြယ္ဖူးေပ။

“ အန္းယန္းရဲ႕ ဆက္သြယ္ေရး အမွတ္ကို ပို႔ထားတယ္။ မိစာၦေဝဟင္ေမွ်ာ္နန္းက ဂိုဏ္းခ်ဳပ္ကို ယြင္စန္းရဲ႕ ေနရာအေၾကာင္း စုံစမ္းခိုင္းေစခ်င္ေနတယ္”

“ယြင္စန္းလား ”

“ ဟုတ္ပါတယ္။ ခါးပိုက္ႏွိုက္ဂိုဏ္းရဲ႕ တစ္ဦးတည္းေသာ ဆက္ခံသူ ယန္က်စ္ယြင္စန္းပါ ”

“ခါးပိုက္ႏွိုက္ဂိုဏ္းက မရွိေတာ့ဘူးေလ။ ယြင္စန္း တစ္ဦးတည္းက်န္ခဲ့တာ … ရွစ္စြင္းက သူနဲ႕ ဘာကိစၥမ်ားရွိေနပါ့လိမ့္” စီးဝူယာ့က ထူးဆန္းသည္ဟု ထင္မွတ္သည္။

“ကြၽန္ေတာ္လည္း ေသခ်ာမသိပါဘူး ”

ယြင္စန္းကို ခါးပိုက္ႏွိုက္ဂိုဏ္း၏ မ်ိဳးဆက္လို႔ ေခၚတာက သင့္ေတာ္ေအာင္ ေခၚထားျခင္း ျဖစ္၏။ အရွင္းဆုံးေျပာရလွ်င္ သူက သူခိုးတစ္ေယာက္သာ ျဖစ္သည္။

က်ိထ်န္းေတာက္လို လူမ်ိဳးက စီးဝူယာ့ကို သူခိုးတစ္ေယာက္အတြက္ ဆက္သြယ္လာသည္ကို ေတြးလိုက္လွ်င္ စီးဝူယာ့က အေတြးမမ်ားဘဲ မေနနိုင္ေတာ့ေပ။

ေဘးနားတြင္ ရပ္ေနသည့္ သူ႕လက္ေအာက္ငယ္သားတစ္ေယာက္က ေျပာလိုက္သည္  “ ကြၽန္ေတာ္ ၾကားတာေတာ့ အဲဒီယြင္စန္းက ေမွ်ာ္နန္းကေန တစ္ခုခု ခိုးသြားခဲ့ဖူးတယ္တဲ့။ အဲကိစၥနဲ႕မ်ား ပတ္သက္ေနမလား မသိဘူး ”

စီးဝူယာ့က အၿပဳံးေလးႏွင့္ ေခါင္းညိတ္ကာ  “ အိုး ရွစ္စြင္း … ေနာက္ပိုင္း ပိုပိုႏွေျမာလာတတ္တာပဲ”

“ အာ … ဂိုဏ္းခ်ဳပ္ ကြၽန္ေတာ္တို႔ ယြင္စန္းကို စုံစမ္းလိုက္ရမလား ”

အဆုံးသတ္၌ မဟူရာကြန္ယက္သည္ မိစာၦေဝဟင္ေမွ်ာ္နန္း အပိုင္ မဟုတ္ေခ်။ သူတို႔က ထိုေတာင္းဆိုခ်က္ကို ျငင္းပယ္နိုင္ေလ၏။

“သူ႕ဆႏၵျဖည့္ေပးလိုက္ၾကတာေပါ့” စီးဝူယာ့က ေပါ့ေပါ့ပါးပါး ေျပာလိုက္သည္။

“ သူ အသက္ရလာၿပီဆိုေတာ့ ေနာက္ဆုံးေန႕ရက္ေတြကို ေအးေအးခ်မ္းခ်မ္း ေနခိုင္းလိုက္ပါ့မယ္ ”

“နားလည္ပါၿပီ ”

လက္ေအာက္ငယ္သားက လွည့္ထြက္သြားေတာ့မည့္ဆဲဆဲတြင္

“ခဏေနဦး ”

“ ဟုတ္ ဂိုဏ္းခ်ဳပ္ .. ဘာမ်ားအမိန႔္ေပးစရာရွိေသးလဲ ”

“က်င့္မင္တာအိုဂိုဏ္းနဲ႕ သမာသမတ္ဂိုဏ္းက အခုေနာက္ပိုင္း လႈပ္ရွားမႈရွိေသးလား” စီးဝူယာ့က လက္ေနာက္ပစ္လ်က္ ေမးလိုက္သည္။

“ က်င့္မင္တာအိုဂိုဏ္းက က်ားေတာင္ရိုးဆီ သြားခဲ့ေပမဲ့ ဘာမွမေတြ႕ခဲ့ရဘူး။ သူတို႔က မေန႕က ျပန္ေရာက္လာၾကတယ္။ အခုေတာ့ သူတို႔ေတြ ေဒါသထြက္ေနေလာက္ၿပီ ”

“အရမ္းေကာင္းတယ္” စီးဝူယာ့က ေဒါင္းယပ္ေတာင္ကို လွည့္လိုက္ရင္း   “ နန္းေတာ္ကေရာ ဘာထူးေသးလဲ ”

“ေဝ့က်ိဳးယန္က အံ့ဖြယ္ၿမိဳ႕ေတာ္ကေန ထြက္သြားၿပီး အေႏွာင့္အယွက္ေတြ ေခ်မႈန္းဖို႔ အန္းယန္းဆီ ဦးတည္သြားေနပါၿပီ ”

စီးဝူယာ့က ထိုအေၾကာင္းၾကားသည့္အခါ ရယ္ေမာလိုက္သည္။

“အေယာင္ေဆာင္သမားက သတၱိေကာင္းသားပဲ ”

“ ဂိုဏ္းခ်ဳပ္ ကြၽန္ေတာ္တို႔ တစ္ခုခု လုပ္လိုက္သင့္လား ”

“ မလိုဘူး”

“ဟုတ္”

“ ကမာၻႀကီးဆီ ဧရာမပိုးသားလက္အိတ္ကို အန္းယန္းမွာ ေတြ႕တယ္လို႔ သတင္းျဖန႔္လိုက္ ”

လက္ေအာက္ငယ္သားက ထိုအေၾကာင္းၾကားသည့္အခါ ေၾကာင္သြားၿပီး  “ ဂိုဏ္းခ်ဳပ္ ယြင္စန္းကို အဲဒီနည္းလမ္းနဲ႕ မွ်ားတာက နည္းနည္း … ”

“ယြင္စန္းက ခိုးတဲ့ေနရာမွာ အရည္အခ်င္းရွိတာေတာ့ အမွန္ပဲ။ ဒါေပမဲ့ သူက အဲဒါကို ဂုဏ္ယူလြန္းတယ္။ ငါ့ရွစ္စြင္းက ယြင္စန္းကို ေတြ႕ခ်င္မွေတာ့ သူ႕တပည့္အေနနဲ႕ ငါက ဘာမွမလုပ္ေပးဘဲေနလို႔ မျဖစ္ဘူးေလ။ ဧရာမပိုးသားလက္အိတ္က အေကာင္းဆုံး ငါးစာပဲ … ”

“ နားလည္ပါၿပီ … ကြၽန္ေတာ္ အခုခ်က္ခ်င္း လုပ္လိုက္ပါ့မယ္ ”

...

Paid gp ဝင္လို႔ရပါၿပီ
Gp 2 (161 to 260) 3000
Gp 3 (261 to 360) 3000
Paid gp မွာ အခန္း ၃၀၀ ထိ ေရာက္ပါၿပီ
၁၅ ပိုင္းတစ္ျဖတ္ doc လဲ ဝယ္လို႔ရပါတယ္၊ စာစဥ္တစ္ခုကို 500 ပါ

Continue Reading

You'll Also Like

406K 8.9K 36
လြတ္လပ္ျခင္း💕ကညႇာပ်ိဳ လွတ်လပ်ခြင်း💕ကညှာပျို "ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့ အတိတ်နိမိတ်..''ဟုပြောတတ်သူ.. ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန...
2M 161K 36
No descriptions here
217K 25.2K 74
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
740K 29.7K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....