Unicode
အခန်း ၇၂. ပိုးပန်းခြင်း(၁)
အကြီးကဲသည်ယဲ့ရွှန်းကိုကျေနပ်စွာကြည့်ပြီး "ငါအခုချက်ချင်းစာရေးပေးပြီးတာနဲ့မင်းရို့ကလေးဆီကိုယူသွားပြီးပေးလိုက်"ဟုပြောလေသည်။
ထို့နောက်အကြီးကဲသည်မှင်တံကိုကောက်ကိုင်လိုက်လေသည်။
ယဲ့အိမ်တော်ရဲ့ခန်းမထဲတွင်တော့ ယဲ့ကျင့်ထန်သည်အကြီးကဲနှင့်ယဲ့ရို့တို့အတူတူထွက်သွားကြသည်ကိုမြင်လိုက်ပြီး သူမ၏မျက်လုံးထဲတွင်အနည်းငယ်ပြုံးသွားသော အရိပ်ယောင်များသန်းသွားလေသည်။
သူမသည်စိတ်ထဲတွင်အချိန်ကိုက်ဖြစ်ရန် တွက်ချက်လိုက်ပြီးသွားရမည့်အချိန်ကိုရောက်ပြီဟုဆုံးဖြတ်လိုက်ပြီးနောက် သူမသည်တစ်ယောက်တည်းခြံဝင်းထဲမှာလမ်းလျောက်ချင်သည်ဟု ယဲ့လင်းနှင့်အကြီးကဲတို့ကိုဆင်ခြေပေးကာပြောလေသည်။ ထို့နောက်သူမသည်ခန်းမထဲမှတစ်ယောက်တည်းထွက်လာလေသည်။
သို့သော်လည်းခန်းမထဲမှ ယဲ့ကျင့်ထန်ထွက်လိုက်သည်နှင့် လူတစ်ယောက်သူမရှေ့တွင်ရုတ်တရက်ပေါ်လာလေသည်။
ယဲ့ကျင့်ထန်သည်မျက်လုံးတစ်ချက်ပင့်လိုက်ပြီး အချိန်အတော်ကြာအောင်သူမရှေ့တွင်ပိတ်ရပ်နေသော ဒဝမ်ထျန်းယောင်အား ခနဲ့တဲ့တဲ့အကြည့်ဖြင့်ကြည့်လိုက်လေသည်။
"ဒုတိယဒဝမ်သခင်လေး ရှင်ဒါဘာလုပ်တာလဲ?" ဟုယဲ့ကျင့်ထန်မေးလေသည်။
ဒဝမ်ထျန်းယောင်သည်ယဲ့ကျင့်ထန်အား တွေဝေရှုပ်ထွေးနေသောမျက်နှာဖြင့်ကြည့်နေလေသည်။ သူမ၏လှပချစ်စဖွယ်ကောင်းသော မျက်နှာလေးသူမျက်လုံးထဲတွင်ပေါ်လာသောအခါ မကျေမနပ်ဖြစ်မှုများထပ်မံ၍ပေါ်လာပြန်လေသည်။
"ထန်ထန် အကိုမင်းကိုစကားနည်းနည်းလောက်ပြောချင်လို့ပါ"
ယဲ့ကျင့်ထန်သည်ဒဝမ်ထျန်းယောင်နှင့် လုံးဝပက်သက်ချင်စိတ်မရှိသော်လည်းတစ်ခုခုကို စဉ်းစားမိသွားပြီးသောအခါသူမပြုံးလိုက်ကာ "ကျမနောက်ဘက်ခြံဝင်းထဲမှာ လမ်းသွားလျှောက်မလို့။ တကယ်လို့ဒဝမ်သခင်လေးတစ်ခုခုကိုပြောစရာရှိတယ်ဆိုရင် ကျမနဲ့အတူလိုက်ခဲ့မလား?"ဟုမေးလေသည်။
ထိုစကားကိုကြားရပြီးသည့်နောက် ဒဝမ်ထျန်းယောင်ချက်ချင်းအပျော်ကြီးပျော်သွားလေသည်။ပြီခဲ့တဲ့ပွဲတွင်ယဲ့ကျင့်ထန်သည် သူမမျက်နှားအားပြခဲ့ချိန်ပင် အလွန်နောင်တရနေခဲ့လေသည်။ သို့သော်လည်းယဲ့ကျင့်ထန်တွင်အတွင်းအားအမြစ်မရှိတော့သဖြင့် ဒဝမ်အိမ်တော်၏အိမ်တော်သခင်မဖြစ်လာရန်ခက်ခဲမည့်ကို စဉ်းစားမိသောကြောင့် သူ၏နောင်တများအနည်းငယ်ငြိမ်းအေးသွားခဲ့ရလေသည်။
သို့သော်လည်......
ယဲ့ကျင်ထန်သည်သူမ၏အတွင်းအားအမြစ်ကို ထုတ်ပြပြီးနောက်မုစုမှသူမအားရှန်းလင်ဂိုဏ်းသို့ မိတ်ဆက်စာရေးပေမယ်ဟုကတိပေးသည်ကိုကိုယ်တိုင်မြင်လိုက်ရသောအခါတွင် သူ၏နောင်တများသည်ရင်ဘတ်အားလှိုင်းတံပိုးများခတ်သလို ဝင်ရိုက်ခတ်လေသည်။
သူသည်ပထမအစတွင် ယဲ့ကျင့်ထန်သည်စေ့စမ်ခြင်းဖျက်သိမ်းခြင်းကြောင့် သူအားအညိုးထားမည်ကိုစိုးရိမ်ခဲ့သော်လည်းသူမသည် သူ့အားပြုံးပြနေသည်ကိုမြင်သောအခါ ချက်ချင်းစိတ်သက်သာရာရသွားလေသည်။
ဟုတ်ပြီ....
သူသည်သူမနှင့်စေ့စပ်ထားသည်ကို နောက်ဆုတ်ခဲ့သော်လည်း သူအပေါ်ယဲ့ကျင့်ထန်၏လွှန်ခဲ့သောနှစ်များအတွင်း တမ်းတမ်းစွဲဖြစ်ခဲ့သည်ကိုဘယ်လိုလုပ်မသိပဲနေမည်နည်း?
အခုအခြေအနေကိုကြည့်ရသည်မှာသူမသည်သူ့အားစိတ်ဆိုးနေသော်လည်းသူမသည် သူ့အပေါ်ခံစားချက်များရှိနေသည်ဟုထင်ရလေသည်။
"လိုက်မှာပေ့ါ၊ ကို ထန်ထန်နဲ့အတူလမ်းမလျှောက်ရတာ အတော်ကြာနေပြီပဲဟာ" ဟုဒဝမ်ထျန်းယောင်သည်ဟန်ဆောင်ပင်မငြင်းပဲ သူ့အားပြုံးကာပြောလေသည်။
သူ့ကိုယ်သူအဟုတ်ကြီးထင်ကာ ဘဝင်မြင့်နေသောဒဝမ်ထျန်းယောင်တစ်ယောက်မှာပြုံးပျော်ရွှင်နေပြီး ယဲ့ကျင့်ထန်၏မျက်လုံးထဲတွင်ရွံ့ရှာသောအကြည့်များကိုမူမမြင်မိပေ။ ယဲ့ကျန်ထန်လဲ ဘာမှဆက်မပြောတော့ပဲအိမ်နောက်ခြံဝင်းထဲသို့ တန်းတန်းမတ်မတ်သွားလေသည်။
ဒဝမ်ထျန်းယောင်သည် ချက်ချင်းသူမနောက်ကလိုက်လာလေသည်။
လူများဖြင့်စည်ကားနေသော အိမ်တော်ရှေ့ဝင်းနှင့်ယှဉ်လျှင် ယဲ့အိမ်တော်အနောက်ဘက်ရှိပန်းခြံသည် ပို၍တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ပန်းပွင်းလေးများအပေါ်သက်ရောက်နေသည် လရောင်မိန်မိန်လေးကြောင့်ထိုနေရာတွင်ရှိသောအရာအားလုံး ပါးအလင်းမှိန်မှိန်လေးဖြင့်လွှမ်းခြုံထားသည့်ပုံပေါက်နေလေသည်။
ယဲ့ကျင့်ထန်ဘေးတွင် အတူလျှောက်နေရင်းဒဝမ်ထျန်းယောင်သည်လရောင်အောက်ကယဲ့ကျင့်ထန်၏လှပသောမျက်နှာလေးအား ကြည့်လိုက်မိကာစိတ်လှုပ်ရှားသွားကာမျက်လုံးများထဲတွင်သဘောကျနှစ်သက်သောအရိပ်အရောင်များပြည့်လာလေသည်။
ယဲ့ရွှန်းသည်လှပသော်လည်းသူမ၏အလှအပသည်ယဲ့ကျင့်ထန်၏ခြေဖျားပင်မမှီနိုင်ပေ။
"ထန်ထန် ကို မင်းနဲ့တူတူငယ်ငယ်တုန်းက တူတူကစားခဲ့ကြတာကိုအခုထိမှတ်မိနေသေးတယ်။ အဲ့တုန်းကထန်ထန်က အရမ်းရှက်ကြောက်တတ်ပြီး ယဲ့အိမ်တော်ဝန်းထဲကမထွက်ရဲလို့ ကိုခဏခဏယဲ့အိမ်တော်ကိုလာပြီးမင်းနဲ့တူတူရှိခဲ့တာလေ။
မင်းကမြို့ပြင်ကနှင်းပန်းလေးတွေကြိုက်တယ်ဆိုလို့ အမြဲကိုယ်တိုင်သွားခူးလာပေးခဲ့တာကို မင်းအကြာကြီးသဘောကျခဲ့တာလေ....."ဒဝမ်ထျန်းယောင်သည်အရင်ကယဲ့ကျင့်ထန်နဲ့တူတူရှိခဲ့တဲ့င ယ်အချိန်တွေကိုပြန်ပြီးစဉ်းစားမိကာပြောလေသည်
အခုယဲ့ကျင့်ထန်ရဲ့အတွင်းအားအမြစ်ပြန်ပေါက်လာပြီး ဂိုဏ်းတစ်ခုဝင်ရန်အတွက်ပင်အခွင့်အရေးရခဲ့လေသည်။ ယဲ့ရွှန်းသည်သူမနှင့်ယှဉ်၍မရတော့ပေ။
ယဲ့ကျင့်ထန်သည်စိတ်မပါလက်မပါခေါင်းငြိမ့်လိုက်ပြီး ဘေးပတ်ပတ်လည်ရှိ ခြံဝန်းနံရံများကိုလျှို့ဝှက်ကာကြည့်လိုက်လေသည်
ဒဝမ်ထျန်းယောင်သည် သူအားယဲ့ကျင့်ထန်သည်ဂရုမစိုက်သည်ကို မခံစားမိပဲဆက်၍တတွတ်တွတ်တစ်ယောက်တည်းပြောနေလေသည် "ကိုတို့အဲ့တုန်းကအရမ်းရင်းနီးခဲ့တာ ပြီးတော့မင်းကိုနေ့တိုင်းဒီလိုမျိုးအချိန်ပေးပြီးအနားမှာရှိပေးနေရတာကိုကကံကောင်းတယ်တယ်လိုကိုတွေးခဲ့တာ။ ဒါပေမယ့်......"
⭐⭐⭐⭐⭐⭐⭐
တကယ်upတယ်နော် ငယ်တို့လဲcmmလှလှလေးတွေပြန်ပေးခဲ့ပါ
.
.
Zawgyi
အခန္း ၇၂. ပိုးပန္းျခင္း(၁)
အႀကီးကဲသည္ယဲ့ရႊန္းကိုေက်နပ္စြာၾကည့္ၿပီး "ငါအခုခ်က္ခ်င္းစာေရးေပးၿပီးတာနဲ႔မင္း႐ို႔ကေလးဆီကိုယူသြားၿပီးေပးလိုက္"ဟုေျပာေလသည္။
ထို႔ေနာက္အႀကီးကဲသည္မွင္တံကိုေကာက္ကိုင္လိုက္ေလသည္။
ယဲ့အိမ္ေတာ္ရဲ႕ခန္းမထဲတြင္ေတာ့ ယဲ့က်င့္ထန္သည္အႀကီးကဲႏွင့္ယဲ့႐ို႔တို႔အတူတူထြက္သြားၾကသည္ကိုျမင္လိုက္ၿပီး သူမ၏မ်က္လံုးထဲတြင္အနည္းငယ္ျပံဳးသြားေသာ အရိပ္ေယာင္မ်ားသန္းသြားေလသည္။
သူမသည္စိတ္ထဲတြင္အခ်ိန္ကိုက္ျဖစ္ရန္ တြက္ခ်က္လိုက္ၿပီးသြားရမည့္အခ်ိန္ကိုေရာက္ၿပီဟုဆံုးျဖတ္လိုက္ၿပီးေနာက္ သူမသည္တစ္ေယာက္တည္းျခံဝင္းထဲမွာလမ္းေလ်ာက္ခ်င္သည္ဟု ယဲ့လင္းႏွင့္အႀကီးကဲတို႔ကိုဆင္ေျခေပးကာေျပာေလသည္။ ထို႔ေနာက္သူမသည္ခန္းမထဲမွတစ္ေယာက္တည္းထြက္လာေလသည္။
သို႔ေသာ္လည္းခန္းမထဲမွ ယဲ့က်င့္ထန္ထြက္လိုက္သည္ႏွင့္ လူတစ္ေယာက္သူမေ႐ွ႕တြင္႐ုတ္တရက္ေပၚလာေလသည္။
ယဲ့က်င့္ထန္သည္မ်က္လံုးတစ္ခ်က္ပင့္လိုက္ၿပီး အခ်ိန္အေတာ္ၾကာေအာင္သူမေ႐ွ႕တြင္ပိတ္ရပ္ေနေသာ ဒဝမ္ထ်န္းေယာင္အား ခနဲ႔တဲ့တဲ့အၾကည့္ျဖင့္ၾကည့္လိုက္ေလသည္။
"ဒုတိယဒဝမ္သခင္ေလး ႐ွင္ဒါဘာလုပ္တာလဲ?" ဟုယဲ့က်င့္ထန္ေမးေလသည္။
ဒဝမ္ထ်န္းေယာင္သည္ယဲ့က်င့္ထန္အား ေတြေဝ႐ႈပ္ေထြးေနေသာမ်က္ႏွာျဖင့္ၾကည့္ေနေလသည္။ သူမ၏လွပခ်စ္စဖြယ္ေကာင္းေသာ မ်က္ႏွာေလးသူမ်က္လံုးထဲတြင္ေပၚလာေသာအခါ မေက်မနပ္ျဖစ္မႈမ်ားထပ္မံ၍ေပၚလာျပန္ေလသည္။
"ထန္ထန္ အကိုမင္းကိုစကားနည္းနည္းေလာက္ေျပာခ်င္လို႔ပါ"
ယဲ့က်င့္ထန္သည္ဒဝမ္ထ်န္းေယာင္ႏွင့္ လုံးဝပက္သက္ခ်င္စိတ္မ႐ွိေသာ္လည္းတစ္ခုခုကို စဥ္းစားမိသြားၿပီးေသာအခါသူမျပံဳးလိုက္ကာ "က်မေနာက္ဘက္ျခံဝင္းထဲမွာ လမ္းသြားေလွ်ာက္မလို႔။ တကယ္လို႔ဒဝမ္သခင္ေလးတစ္ခုခုကိုေျပာစရာ႐ွိတယ္ဆိုရင္ က်မနဲ႔အတူလိုက္ခဲ့မလား?"ဟုေမးေလသည္။
ထိုစကားကိုၾကားရၿပီးသည့္ေနာက္ ဒဝမ္ထ်န္းေယာင္ခ်က္ခ်င္းအေပ်ာ္ႀကီးေပ်ာ္သြားေလသည္။ျပီခဲ့တဲ့ပြဲတြင္ယဲ့က်င့္ထန္သည္ သူမမ်က္ႏွားအားျပခဲ့ခ်ိန္ပင္ အလြန္ေနာင္တရေနခဲ့ေလသည္။ သို႔ေသာ္လည္းယဲ့က်င့္ထန္တြင္အတြင္းအားအျမစ္မ႐ွိေတာ့သျဖင့္ ဒဝမ္အိမ္ေတာ္၏အိမ္ေတာ္သခင္မျဖစ္လာရန္ခက္ခဲမည့္ကို စဥ္းစားမိေသာေၾကာင့္ သူ၏ေနာင္တမ်ားအနည္းငယ္ၿငိမ္းေအးသြားခဲ့ရေလသည္။
သို႔ေသာ္လည္......
ယဲ့က်င္ထန္သည္သူမ၏အတြင္းအားအျမစ္ကို ထုတ္ျပၿပီးေနာက္မုစုမွသူမအား႐ွန္းလင္ဂိုဏ္းသို႔ မိတ္ဆက္စာေရးေပမယ္ဟုကတိေပးသည္ကိုကိုယ္တိုင္ျမင္လိုက္ရေသာအခါတြင္ သူ၏ေနာင္တမ်ားသည္ရင္ဘတ္အားလႈိင္းတံပိုးမ်ားခတ္သလို ဝင္႐ိုက္ခတ္ေလသည္။
သူသည္ပထမအစတြင္ ယဲ့က်င့္ထန္သည္ေစ့စမ္ျခင္းဖ်က္သိမ္းျခင္းေၾကာင့္ သူအားအညိဳးထားမည္ကိုစိုးရိမ္ခဲ့ေသာ္လည္းသူမသည္ သူ႔အားျပံဳးျပေနသည္ကိုျမင္ေသာအခါ ခ်က္ခ်င္းစိတ္သက္သာရာရသြားေလသည္။
ဟုတ္ၿပီ....
သူသည္သူမႏွင့္ေစ့စပ္ထားသည္ကို ေနာက္ဆုတ္ခဲ့ေသာ္လည္း သူအေပၚယဲ့က်င့္ထန္၏လႊန္ခဲ့ေသာႏွစ္မ်ားအတြင္း တမ္းတမ္းစြဲျဖစ္ခဲ့သည္ကိုဘယ္လိုလုပ္မသိပဲေနမည္နည္း?
အခုအေျခအေနကိုၾကည့္ရသည္မွာသူမသည္သူ႔အားစိတ္ဆိုးေနေသာ္လည္းသူမသည္ သူ႔အေပၚခံစားခ်က္မ်ား႐ွိေနသည္ဟုထင္ရေလသည္။
"လိုက္မွာေပ့ါ၊ ကို ထန္ထန္နဲ႔အတူလမ္းမေလ်ွာက္ရတာ အေတာ္ၾကာေနၿပီပဲဟာ" ဟုဒဝမ္ထ်န္းေယာင္သည္ဟန္ေဆာင္ပင္မျငင္းပဲ သူ့အားျပံဳးကာေျပာေလသည္။
သူ႔ကိုယ္သူအဟုတ္ႀကီးထင္ကာ ဘဝင္ျမင့္ေနေသာဒဝမ္ထ်န္းေယာင္တစ္ေယာက္မွာျပဳံးေပ်ာ္ရႊင္ေနၿပီး ယဲ့က်င့္ထန္၏မ်က္လံုးထဲတြင္ရြံ႔႐ွာေသာအၾကည့္မ်ားကိုမူမျမင္မိေပ။ ယဲ့က်န္ထန္လဲ ဘာမွဆက္မေျပာေတာ့ပဲအိမ္ေနာက္ျခံဝင္းထဲသို႔ တန္းတန္းမတ္မတ္သြားေလသည္။
ဒဝမ္ထ်န္းေယာင္သည္ ခ်က္ခ်င္းသူမေနာက္ကလိုက္လာေလသည္။
လူမ်ားျဖင့္စည္ကားေနေသာ အိမ္ေတာ္ေ႐ွ႕ဝင္းႏွင့္ယွဥ္လ်ွင္ ယဲ့အိမ္ေတာ္အေနာက္ဘက္႐ွိပန္းျခံသည္ ပို၍တိတ္ဆိတ္ၿငိမ္သက္ေနေလသည္။
ပန္းပြင္းေလးမ်ားအေပၚသက္ေရာက္ေနသည္ လေရာင္မိန္မိန္ေလးေၾကာင့္ထိုေနရာတြင္႐ွိေသာအရာအားလံုး ပါးအလင္းမွိန္မွိန္ေလးျဖင့္လႊမ္းျခံဳထားသည့္ပံုေပါက္ေနေလသည္။
ယဲ့က်င့္ထန္ေဘးတြင္ အတူေလ်ွာက္ေနရင္းဒဝမ္ထ်န္းေယာင္သည္လေရာင္ေအာက္ကယဲ့က်င့္ထန္၏လွပေသာမ်က္ႏွာေလးအား ၾကည့္လိုက္မိကာစိတ္လႈပ္႐ွားသြားကာမ်က္လံုးမ်ားထဲတြင္သေဘာက်ႏွစ္သက္ေသာအရိပ္အေရာင္မ်ားျပည့္လာေလသည္။
ယဲ့ရႊန္းသည္လွပေသာ္လည္းသူမ၏အလွအပသည္ယဲ့က်င့္ထန္၏ေျခဖ်ားပင္မမွီႏိုင္ေပ။
"ထန္ထန္ ကို မင္းနဲ႔တူတူငယ္ငယ္တုန္းက တူတူကစားခဲ့ၾကတာကိုအခုထိမွတ္မိေနေသးတယ္။ အဲ့တုန္းကထန္ထန္က အရမ္း႐ွက္ေၾကာက္တတ္ၿပီး ယဲ့အိမ္ေတာ္ဝန္းထဲကမထြက္ရဲလို႔ ကိုခဏခဏယဲ့အိမ္ေတာ္ကိုလာၿပီးမင္းနဲ႔တူတူ႐ွိခဲ့တာေလ။
မင္းကျမိဳ႕ျပင္ကႏွင္းပန္းေလးေတြႀကိဳက္တယ္ဆိုလို႔ အျမဲကိုယ္တိုင္သြားခူးလာေပးခဲ့တာကို မင္းအၾကာႀကီးသေဘာက်ခဲ့တာေလ....."ဒဝမ္ထ်န္းေယာင္သည္အရင္ကယဲ့က်င့္ထန္နဲ႔တူတူရွိခဲ့တဲ့င ယ္အခ်ိန္ေတြကိုျပန္ၿပီးစဥ္းစားမိကာေျပာေလသည္
အခုယဲ့က်င့္ထန္ရဲ႕အတြင္းအားအျမစ္ျပန္ေပါက္လာၿပီး ဂိုဏ္းတစ္ခုဝင္ရန္အတြက္ပင္အခြင့္အေရးရခဲ့ေလသည္။ ယဲ့ရႊန္းသည္သူမႏွင့္ယွဥ္၍မရေတာ့ေပ။
ယဲ့က်င့္ထန္သည္စိတ္မပါလက္မပါေခါင္းၿငိမ့္လိုက္ၿပီး ေဘးပတ္ပတ္လည္႐ွိ ျခံဝန္းနံရံမ်ားကိုလ်ိႈ့ဝွက္ကာၾကည့္လိုက္ေလသည္
ဒဝမ္ထ်န္းေယာင္သည္ သူအားယဲ့က်င့္ထန္သည္ဂ႐ုမစိုက္သည္ကို မခံစားမိပဲဆက္၍တတြတ္တြတ္တစ္ေယာက္တည္းေျပာေနေလသည္ "ကိုတို႔အဲ့တုန္းကအရမ္းရင္းနီးခဲ့တာ ၿပီးေတာ့မင္းကိုေန႔တိုင္းဒီလိုမ်ိဳးအခ်ိန္ေပးၿပီးအနားမွာ႐ွိေပးေနရတာကိုကကံေကာင္းတယ္တယ္လိုကိုေတြးခဲ့တာ။ ဒါေပမယ့္......"
⭐⭐⭐⭐⭐⭐⭐
တကယ္upတယ္ေနာ္ ငယ္တို႔လဲcmmလွလွေလးေတြျပန္ေပးခဲ့ပါ