အခန်း (၁၈၁) မျဉ်းတစ်ကြောင်း
ရွှီကျင်းက သက်ပြင်းချပြီးပြောလိုက်လေ၏။ “ဒါက ကိုယ်တော်တို့အသက်တွေကို ထိန်းထားတာနဲ့ ဆိုင်နေတာ” သူက အချက်ပြလိုက်သည်။
မဟာခွန်အားခန်းမ၏တပည့်လေးအချို့က ပြေးထွက်လာသည်။ မကြာမီ၌ သူတို့က အလောင်းများကို သယ်လျက်ထမ်းစဉ်များစွာဖြင့် ရောက်လာသည်။ သူတို့၏ အသွင်အပြင်အရ သူတို့သည် ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ ပင်မတပည့်များဖြစ်ရမည်။ အကြီးအကဲများတောင် ဖြစ်နိုင်သည်။
ရွှီကျင်းက အလောင်းများကို လက်ညှိုးထိုးပြပြီး ပြောလိုက်တော့သည်။
“ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းရဲ့ စည်းကမ်းထိန်းသိမ်းရေးအဆောင်က ပထမကျောင်းထိုင် ခုံလျောင်နဲ့၊ ကျမ်းစာဆောင်ရဲ့ ပထမကျောင်းထိုင်ခုံကျန့်၊ ကြီးကြပ်ရေးရုံးတော်က တပည့်ရှစ်ဦးနဲ့ ဘုရားကျောင်း ကိုယ်တော်ဆယ့်နှစ်ပါး သူတို့အားလုံးက မဟာနတ္ထိထိဘုရားကျောင်းရဲ့ အံ့ဖွယ်ကိုယ်တော်ကြီးလေးပါး သတ်တာခံလိုက်ရတာ”
ခန်းမထဲတွင် သယ်လာသည့်အလောင်းသိပ်မများသော်ငြား ရွှီကျင်းကမူ အမည်များစွာ ရွတ်နေသည်။ သူပြောပြီးသည့်နောက် အမူအရာက တည်ငြိမ်နေသည်မှာ သေခြင်းတရားကို ကြုံတွေ့နေကြ ဖြစ်နေသည့်ပုံပေါ်၏။
“မဟာနတ္ထိဘုရားကျောင်းနဲ့ ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းတို့က တစ်ဖက်တည်းပဲလေ။ မဟာနတ္ထိဘုရားကျောင်းက ကိုယ့်အဖွဲ့ဝင်တွေကို ဘာကြောင့်များသတ်ရမှာလဲ" လုကျိုးက မေးလိုက်၏။
“ပြောရရင်အရှည်ကြီးပဲ။" ရွှီကျင်းက ဖြည်းဖြည်းချင်းပြောလိုက်သည်။
“မဟာနတ္ထိဘုရားကျောင်းရဲ့ အကျော်အမော်ခုံရွှမ်း တံခါးပိတ်ကျင့်ကြံရာက ထွက်လာတဲ့အချိန်ကစပြီး မဟာနတ္ထိဘုရားကျောင်းက လောကီရေးရာအပေါ် သူတို့ရဲ့သဘောထားက ပြောင်းလဲသွားတာပဲ။ သူတို့ကိုယ်သူတို့ လူအားလုံးကို ဘေးအန္တရာယ်ကနေ ကယ်ဆယ်နိုင်တယ်ဆိုပြီး ဂုဏ်ဝင့်နေကြတာ။ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းနဲ့ မဟာနတ္ထိဘုရားကျောင်းက တစ်ယောက်အရေးကိစ္စ တစ်ယောက် ဘယ်တုန်းကမှ ဝင်မစွက်ဖက်ဖူးဘူး။ ဒါပေမဲ့” သူက ဆက်မပြောခင် ခဏရပ်လိုက်လေ၏။
“မဟာနတ္ထိ ဘုရားကျောင်းက ခုံရွှမ်းကို သတ်တဲ့သူက ကိုယ်တော်ပါလို့ ယုံကြည်နေတယ်လေ”
လုကျိုးက သူ့ဇာတ်ကြောင်းကို မုတ်ဆိတ်သပ်လျက်နားထောင်နေ၏။ ယူနန်၏ အထွတ်အမြတ် ယဇ်ပလ္လင်ရှိ အဖြစ်အပျက်က သူ့စိတ်ထဲ၌ မှတ်မိနေသေးဆဲဖြစ်သည်။ သို့သော် ယင်းက မဟာနတ္ထိ ဘုရားကျောင်းနှင့် ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းအကြား ပဋိပက္ခဖြစ်စေလိမ့်မည်ဟု မထင်ထားပေ။
“ကိုယ်တော် ဘာပဲပြောပြော သူတို့မယုံကြဘူးလေ။ ဒါ့အပြင် အဲဒီတုန်းက အထွတ်အမြတ် ယဇ်ပလ္လင်မှာ မျက်မြင်တွေ့လိုက်တဲ့ ဖြောင့်မတ်ခြင်းလမ်းစဉ်သားတွေ အများကြီးရှိနေတာကို မဟာနတ္ထိဘုရားကျောင်းက ကိုယ်တော်တို့ကို ဆန့်ကျင်ဖို့အတွက် ဒါကိုဆင်ခြေတစ်ခုအဖြစ် သုံးနေတယ်။ ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းက အရင်တုန်းကလို မဟုတ်တော့ဘူး။ အံ့ဖွယ် ကိုယ်တော်လေးပါးကို ကိုယ်တော်တို့ ဘယ်လိုများရင်ဆိုင်ရမှာလဲ” ရွှီကျင်းက ပြောလိုက်၏။
“ဒါကြောင့်မင်းက မိစ္ဆာဝေဟင်မျှော်နန်းကိုတွေးနေတာလား” လုကျိုးကပြောလိုက်၏။
“အဟုတ်ပဲ” ရွှီကျင်းက အနည်းငယ်ဦးညွှတ်လိုက်ကာ "မဟာနတ္ထိဘုရားကျောင်းက မိစ္ဆာဝေဟင် မျှော်နန်းနဲ့ ဆိုးဆိုးဝါးဝါး အဆင်မပြေဘူးလို့ ကြားထားတယ်။ ကိုယ်တော့်မှာ ရွေးချယ်စရာမရှိဘူး။ ဒီဘုရားကျောင်းထဲမှာ အသက်တစ်ထောင်ကျော် ရှိနေပြီး ကိုယ်တော် ဒါတွေကို ထိန်းသိမ်းထားရမယ်။ မိစ္ဆာဝေဟင်မျှော်နန်းက အံ့ဖွယ်ကိုယ်တော်လေးပါးကို ဖယ်ရှားပေးမယ်ဆိုရင် ဟေးမုလျန်နဲ့ ဇင်ဝတ်ရုံကို အလျော့ပေးလိုက်ယုံတင်မကဘူး မဟာရွေးချယ်ခံဘုရားကျောင်းကလည်း မိစ္ဆာဝေဟင်မျှော်နန်းဆီအညံ့ခံပါ့မယ်”
မင်ရှစ်ရင်နှင့်ကျန်သည့်သူများက ထိတ်လန့်အံ့ဩသင့်သွား၏။
ထိုသို့သော ဆုံးဖြတ်ချက်ချမှတ်ရန် ရွှီကျင်းသည် သတ္တိမည်မျှရှိနေသနည်း။ တာ့ယန်၏ ကောင်းကင်အောက်တွင် ဖြောင့်မတ်ခြင်းလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်က တစ်ဖက်နှင့်တစ်ဖက် သည်းခံခြင်းမရှိပေ။ ဗုဒ္ဓအဖွဲ့အစည်းက အမြဲတမ်း ဘက်မလိုက်ဘဲနေထိုင်ခဲ့လေရာ ကောင်းကင် ရွေးချယ်ခံဘုရားကျောင်းသာ မိစ္ဆာဝေဟင်မျှော်နန်းကို အမှန်တကယ်ဝင်ခဲ့လျှင် သူတို့သည် ဖြောင့်မတ်ခြင်းလမ်းစဉ်သားများ၏ ရှုတ်ချခြင်း ခံရမှာပဲဖြစ်သည်။
လုကျိုးက ခေါင်းခါပြီးပြောလိုက်သည်။ "မင်းက ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းရဲ့ ကျောင်းထိုင်ပဲ။ ပြီးတော့ ဖြောင့်မတ်ခြင်းလမ်းစဉ်နဲ့ ပိုနီးကပ်နေတာ။ မိစ္ဆာဝေဟင်မျှော်နန်းကို အညံ့ခံ ဖို့ရွေးချယ်လိုက်မယ်ဆိုရင် တစ်လောကလုံးရဲ့ ဟားတိုက်စရာဖြစ်လာမှာကို မစိုးရိမ်ဘူးလား”
ရွှီကျင်းက နှာမှုတ်ကာ အနည်းငယ်အထင်သေးသောလေသံဖြင့်ပြောလိုက်၏။ “ဗုဒ္ဓဖြစ်ခြင်းနဲ့ မိစ္ဆာနတ်ဆိုးဖြစ်ခြင်းကြားမှာ မျဉ်းတစ်ကြောင်းလေးပဲရှိတယ်”
သူသည် ကျင့်မင်တာအိုဂိုဏ်းနှင့် သမာသမတ်ဂိုဏ်းမှလူများအပါအဝင် ဖြောင့်မတ်ခြင်းလမ်းစဉ်မှ လူများ သူ့ကိုစွပ်စွဲပြစ်တင်နေသော မြင်ကွင်းကို မှတ်မိနေသေးသည်။ မဟာနတ္ထိဘုရားကျောင်း၏ အံ့ဖွယ်ကိုယ်တော်လေးပါးက ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ တပည့်များကို ကရုဏာမဲ့စွာ သတ်ဖြတ်သည့်မြင်ကွင်းကို သူမှတ်မိနေသေးသည်။ ကျင်းစီရင်စု၏ မြို့ထဲရှိနေရာတိုင်း၌ ကောင်းကင် ရွေးချယ်ခံဘုရားကျောင်း၏ ဖျက်ဆီးမှုအတွက် စာတန်းများစွာချိတ်ဆွဲထားတာကို မှတ်မိနေသည်။
ဆန့်ကျင်ဖက်အနေဖြင့် မိစ္ဆာဝေဟင်မျှော်နန်းကမူ ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းကို ဆိုးယုတ်သည့်အရာ တစ်ခါမှမလုပ်ခဲ့ပေ။
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်လေ၏။ “ကျူးဟုန်ကုန်းက ကောင်းကင်ရွေးချယ်ခံဘုရား ကျောင်းကနေ ဇင်ဝတ်ရုံခိုးသွားတယ်မဟုတ်ဘူးလား။ သူ့ကိုကော ခင်ဗျား အငြိုးအတေး မထားဘူးလား”
“ဇင်ဝတ်ရုံက ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းမှာ ကျန်နေမယ်ဆိုရင် အစောတည်းက မဟာနတ္ထိဘုရားကျောင်း ယူသွားတာခံရမှာပဲ။ ကံကောင်းတာက ဒကာလေးရဲ့လက်ထဲ ရောက်သွားတာပဲလေ” ရွှီကျင်းကပြောလိုက်၏။
ကျူးဟုန်ကုန်းက ထိုစကားကိုကြားသည့်အချိန်၌ ပျော်ရွှင်သွားလေသည်။
“ဘာကြောင့်များ အဝတ်အချွတ်မခံရလဲဆိုတာ တွေးပြီး အံ့ဩနေတာ”
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းက ဆွံ့အသွားလေ၏။
လုကျိုးက ကျူးဟုန်ကုန်းကို တစ်ချက်ကြည့်ပြီးပြောလိုက်တော့သည်။
“ကျင့်မင်တာအိုဂိုဏ်းနဲ့ တာအိုဂိုဏ်းအပြင် ဖြောင့်မတ်ခြင်းလမ်းစဉ်မှာ တခြားသူတွေရှိသေးတယ်။ သူတို့အကူအညီကို ဘာကြောင့်မတောင်းတာလဲ”
“ဖြောင့်မတ်ခြင်းလမ်းစဉ်မှာ အဖွဲ့တွေတော့ များပါရဲ့။ ဒါပေမဲ့ မဟာနတ္ထိဘုရားကျောင်းနဲ့ ယှဉ်နိုင်တဲ့ သူက နည်းနည်းလေးပဲရှိတာ။ ဒါအပြင် မလိုလားအပ်တဲ့ပြဿနာကို ရှောင်တာက အကောင်းဆုံးပဲလေ။ ဘယ်သူကများ ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းဘေးမှာရပ်ပြီး မဟာနတ္ထိဘုရား ကျောင်းကို ဆန့်ကျင်မှာလဲ” ရွှီကျင်းက ပြန်ပြောလိုက်၏။
“မိစ္ဆာဝေဟင်မျှော်နန်းက ဒီအရေးကိစ္စကို ဝင်စွက်ဖက်လိမ့်မယ်လို့ ဘာကြောင့် သေချာနေတာလဲ”
လုကျိုးက မေးလိုက်တော့သည်။
မဟာခွန်အားခန်းမထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားတော့သည်။
ကောင်းကင်ရွေးချယ်ခံဘုရား ကျောင်း၏ တပည့်များက အထိတ်တလန့်ရပ်အနေသေးဆဲဖြစ်သည်။ မည်သူမှ အသံမထွက် ရဲပေ။
ရွှီကျင်းက ပြန်ပြောလိုက်သည်။
“ကိုယ်တော့်မှာ ပထမအချက်က ဟေးမုလျန်၊ ဒုတိယ အချက်က ခုံရွှမ်းကို သတ်သွားတာ မိစ္ဆာဝေဟင်မျှော်နန်းပဲ သိနေတာကြောင့်ပဲ။ တတိယအချက်က ဇင်ဝတ်ရုံ”
ကျောင်းထိုင်ကိုယ်တော်က တုံးအသူမဟုတ်ပေ။ သူ၏စိတ်ကကြည်လင်ပြီး ယုတ္တိရှိသည်။
မင်ရှစ်ရင်က သူ့ကို လက်ခုပ်တီးလိုက်တော့၏။ “ပြောတာကောင်းတယ်” လုကျိုးက မှတ်ချက်ချသည်။
ခဏရပ်တန့်သွားပြီးနောက် သူက ပြောလိုက်၏။
“မိစ္ဆာဝေဟင်မျှော်နန်းက မဟာနတ္ထိဘုရားကျောင်းဘက်မှာ ရပ်ဖို့ ရွေးလိုက်မယ်ဆိုရင်ကော ဘယ်လိုလဲ”
ရွှီကျင်းက အံ့ဩဆွံ့အသွားလေသည်။
ဘုရားကျောင်း၏ တပည့်များကလည်း ထိတ်လန့်ကုန်၏။ သူတို့က မျက်လုံးများ ပြူးကျယ်နေပြီး မိစ္ဆာဝေဟင်မျှော်နန်းမှ တပည့်များကို စိန်းစိန်းဝါးဝါးကြည့်နေသည်။ သူတို့ ကြောက်လန့်နေသည်လော။ ဒေါသထွက်နေသည်လောဆိုတာ မရှင်းလင်းပေ။
ရွှီကျင်းက အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်တော့၏။ သူကခေါင်းခါ ကာ ပြောလိုက်တော့သည်။
“အဲဒီလိုဖြစ်လာခဲ့ရင် ကိုယ်တော်က ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းရဲ့ ကျောင်းထိုင် ကိုယ်တော်ဖြစ်နေရခြင်းအတွက်ကို ရှုတ်ချတော့ရမှာပဲ။ ရှေ့မှာဒူးထောက်တောင်းပန်မယ်”
“ရှစ်စွင်း”
“ကျောင်းထိုင်ဆရာတော်”
ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ တပည့်များက တညီတညွတ်တည်းအော်လိုက်တော့သည်။ လုကျိုးက မုတ်ဆိတ်သပ်လျက်ခေါင်းညိတ်လိုက်တော့သည်။ “စိတ်အေးအေးထား” သူက ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဒကာကြီး” ရွှီကျင်းက စိတ်လှုပ်ရှားလွန်းသောကြောင့် သူ၏လက်များက တုန်နေလေသည်။ သူ မည်ကဲ့သို့ စိတ်အေးအေးထားနိုင်မည်နည်း။ သူသည် လုကျိုးနှင့် မဟာနတ္ထိဘုရားကျောင်း တစ်ဖက်တည်းရပ်သွားမှာကို အမှန်တကယ်ကြောက်ရွံ့မိသည်။
“ငါက ဗျူဟာကျတဲ့လူတွေကို သဘောကျတယ်”
ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းသည် ဟေးမုလျန်၊ ဇင်ဝတ်ရုံကို အလျော့ပေးပြီး မိစ္ဆာဝေဟင်မျှော်နန်းဆီသို့အညံ့ခံရန်တောင် ဆန္ဒရှိသည်။ သူ၏ လက်ချောင်းထဲသို့ ချော်ဝင်လာသော အခွင့်အရေးကောင်းတစ်ခုကို လုကျိုးကလက်လွတ်မခံမှာ သေချာ၏။
“ဒကာကြီး” ရွှီကျင်းသည် ရှင်းလင်းသည့်အဖြေကို မရသေးသရွေ့ မသက်မသာဖြစ်နေသေး၏။
“မဟာနတ္ထိဘုရားကျောင်းက ဘယ်မှာလဲ” လုကျိုးက မေးလိုက်သည်။
ထိုစကားကိုကြားသောအခါ ရွှီကျင်းက အပျော်လွန်သွား၏။ သူက “မဟာနတ္ထိဘုရားကျောင်းက ကိုယ်တော်တို့ကို အချိန်သုံးရက်ပေးသွားတယ်။ ဒီကနေ့က သုံးရက်မြောက်နေ့ပဲ။ သူတို့အံ့ဖွယ် ကိုယ်တော်လေးပါးက မနက်ဖြန်မနက်စောစောရောက်လာလိမ့်မယ်”
လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်သည်။ “မင်ရှစ်ရင်”
“ဟုတ်ကဲ့ ရှစ်စွင်း”
“ရထားလုံးပျံကို ဖွက်ထားလိုက်”
“ဟုတ်ကဲ့ ရှစ်စွင်း” မင်ရှစ်ရင်က မြန်မြန်ဆန်ဆန်ဆောင်ရွက်၏။ သူက လမ်းလျှောက်သွားစဉ် ကိုယ်တော်များကို တစ်ချက်ကြည့်လိုက်သည်။ လျင်မြန်သည့် လှုပ်ရှားမှုဖြင့် သူ၏ခမ်းနားသော ကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်။
တွမ့်မူရှန်းသည် မြင်လိုက်ရသည့်အရာကြောင့် အံ့ဩဆွံ့အသွားလေ၏။ သူ့ခမ်းနားတဲ့ကျင့်စဉ်ကို သုံးကိုသုံးရမှာလား။
ရွှီကျင်းက ကမန်းကတန်းပြောလိုက်တော့သည်။ “နေရာထိုင်ခင်းပြင်ဆင်ကြ”
“နားလည်ပါပြီ”
လုကျိုးက တည်ငြိမ်နေ၏။ သူက ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၌ ညအိပ်တည်းရန် နေလိုက်တော့သည်။
မဟာခွန်အားခန်းမဆောင်တွင် တပည့်များထွက်သွားပြီးနောက် ယခုဆို မှောင်မည်းနေပြီဖြစ်သည်။
ရွှီကျင်းက ခန်းမထဲတွင် တစ်ယောက်တည်းရပ်နေပြီး သက်ပြင်းချကာ ရေရွတ်ပြောလိုက်၏။
"ဗုဒ္ဓဖြစ်ခြင်းနဲ့ မိစ္ဆာဖြစ်ခြင်းကြားမှာ မျဉ်းတစ်ကြောင်းပဲရှိတယ်"
နံနက်စောစောတွင်ဖြစ်သည်။
ဒုန်း ဒုန်း ဒုန်း ဒုန်း
မနက်ခင်းခေါင်းလောင်းသံကမြည်လာလေ၏။ ခေါင်းလောင်းသံများက ကြည်လင်ရင်းမြစ် တောင်တန်း တစ်လျှောက်ပဲ့တင်ထပ်နေပြီး ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း တစ်လျှောက် ဟိန်းနေတော့သည်။
ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ တပည့်များက မြန်မြန်ဆန်ဆန်စုဝေးလာပြီး တိုက်ပွဲအခင်း အကျင်းအတွက်ကို ပြင်ဆင်နေတော့သည်။
“မဟာနတ္ထိဘုရားကျောင်းရဲ့ ရထားလုံးပျံပေါ်လာပြီဆိုတာနဲ့ သတင်းပို့ကြ”
“နားလည်ပါပြီ”
ကောင်းကင်ရွေးချယ်ခံဘုရားကျောင်း၏ ဗြဟ္မာပင်လယ်နယ်ပယ်ဘုန်းကြီးအားလုံးက လေထဲတွင် အရပ်မျက်နှာအနှံ့ တကွဲတပြားဆီနေရာယူထားကြသည်။
အာရုံခံသိပ်သည်းခြင်းနယ်ပယ်တွင်ရှိသည့် တပည့်များကမူ မဟာခွန်အားခန်းမဆောင်ရှေ့၌ စုဝေးနေကြသည်။
ရွှီကျင်းက သင်္ကန်းကို ရုံလျက် တောင်ဝှေးကို ကိုင်ကာ ပုတီးစေ့များကို ဝတ်ထားလျက် သူ၏ ဗောင်းတော်ကို ဝတ်ဆင်ထားလေ၏။ သူသည် ပုံမှန်ထက်ပိုပြီး ပိုဝတ်ဆင်ထားလေသည်။ “ဒကာကျိ ဒီလမ်းကျေးဇူးပြုပြီး”
လုကျိုးနှင့်မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်များက မဟာခွန်အားခန်းမဆောင်သို့ဝင်လိုက်သည်။
ကောင်းကင်ထဲတွင် နေထွက်လာသည့် အချိန်၌ မိုးကုပ်စက်ဝိုင်းထဲ၌ ရထားလုံးပျံတစ်စင်း ပေါ်လာလျက် သူတို့ဆီသို့အရှိန်ပြင်းပြင်းဖြင့်တောင်ရောက်လာသည်။
“ကျောင်းထိုင်ဆရာတော် မဟာနတ္ထိဘုရားကျောင်းရဲ့ ရထားလုံးပျံ ဒီရောက်လာပါပြီ” တပည့်များထဲမှ တစ်ဦးက မဟာခွန်အားခန်းမထဲသို့ အမြန်ဝင်လာသည်။
မင်ရှစ်ရင်က ထိုစကားကိုကြားသည့်အချိန်၌ ခပ်ဖျော့ဖျော့ပြုံးလိုက်တော့သည်။ သူက မဟာခွန်အားခန်းမထဲမှ ပထမဆုံးထွက်လိုက်၏။ လှေကားထိပ်တွင်ရပ်လျက် မော့ကြည့်လိုက်တော့ သည်။ “ဟ မဟာနတ္ထိဘုရားကျောင်းက ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းထက် ပိုချမ်းသာတာ သိသာ နေတာပဲ။ မဆိုးဘူးဘဲ။ ဒါပေမဲ့ နည်းနည်းလေးတော့ နည်းနေသေးတယ်”
ရထားလုံးပျံက မကြီးမားပေ။ ယင်းက ဖြင့်ပြုလုပ်ထားပြီး ရဟန်းအပါးသုံးဆယ်ပါလာ၏။
ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းနားတောင်မရောက်သေးခင် လွှမ်းမိုးနိုင်စွမ်းရှိသော အသံ တစ်သံက ဟိန်းထွက်လာ၏။
“ရွှီကျင်း ငါတို့ကို ထွက်လာပြီးမကြိုဆိုသေးဘူးလား”
...
Zawgyi
အခန္း (၁၈၁) မ်ဥ္းတစ္ေၾကာင္း
႐ႊီက်င္းက သက္ျပင္းခ်ၿပီးေျပာလိုက္ေလ၏။ “ဒါက ကိုယ္ေတာ္တို႔အသက္ေတြကို ထိန္းထားတာနဲ႕ ဆိုင္ေနတာ” သူက အခ်က္ျပလိုက္သည္။
မဟာခြန္အားခန္းမ၏တပည့္ေလးအခ်ိဳ႕က ေျပးထြက္လာသည္။ မၾကာမီ၌ သူတို႔က အေလာင္းမ်ားကို သယ္လ်က္ထမ္းစဥ္မ်ားစြာျဖင့္ ေရာက္လာသည္။ သူတို႔၏ အသြင္အျပင္အရ သူတို႔သည္ ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္း၏ ပင္မတပည့္မ်ားျဖစ္ရမည္။ အႀကီးအကဲမ်ားေတာင္ ျဖစ္နိုင္သည္။
႐ႊီက်င္းက အေလာင္းမ်ားကို လက္ညွိုးထိုးျပၿပီး ေျပာလိုက္ေတာ့သည္။
“ေကာင္းကင္ေ႐ြးခ်ယ္ခံ ဘုရားေက်ာင္းရဲ႕ စည္းကမ္းထိန္းသိမ္းေရးအေဆာင္က ပထမေက်ာင္းထိုင္ ခုံေလ်ာင္နဲ႕၊ က်မ္းစာေဆာင္ရဲ႕ ပထမေက်ာင္းထိုင္ခုံက်န႔္၊ ႀကီးၾကပ္ေရး႐ုံးေတာ္က တပည့္ရွစ္ဦးနဲ႕ ဘုရားေက်ာင္း ကိုယ္ေတာ္ဆယ့္ႏွစ္ပါး သူတို႔အားလုံးက မဟာနတၳိထိဘုရားေက်ာင္းရဲ႕ အံ့ဖြယ္ကိုယ္ေတာ္ႀကီးေလးပါး သတ္တာခံလိုက္ရတာ”
ခန္းမထဲတြင္ သယ္လာသည့္အေလာင္းသိပ္မမ်ားေသာ္ျငား ႐ႊီက်င္းကမူ အမည္မ်ားစြာ ႐ြတ္ေနသည္။ သူေျပာၿပီးသည့္ေနာက္ အမူအရာက တည္ၿငိမ္ေနသည္မွာ ေသျခင္းတရားကို ႀကဳံေတြ႕ေနၾက ျဖစ္ေနသည့္ပုံေပၚ၏။
“မဟာနတၳိဘုရားေက်ာင္းနဲ႕ ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းတို႔က တစ္ဖက္တည္းပဲေလ။ မဟာနတၳိဘုရားေက်ာင္းက ကိုယ့္အဖြဲ႕ဝင္ေတြကို ဘာေၾကာင့္မ်ားသတ္ရမွာလဲ" လုက်ိဳးက ေမးလိုက္၏။
“ေျပာရရင္အရွည္ႀကီးပဲ။" ႐ႊီက်င္းက ျဖည္းျဖည္းခ်င္းေျပာလိုက္သည္။
“မဟာနတၳိဘုရားေက်ာင္းရဲ႕ အေက်ာ္အေမာ္ခုံ႐ႊမ္း တံခါးပိတ္က်င့္ႀကံရာက ထြက္လာတဲ့အခ်ိန္ကစၿပီး မဟာနတၳိဘုရားေက်ာင္းက ေလာကီေရးရာအေပၚ သူတို႔ရဲ႕သေဘာထားက ေျပာင္းလဲသြားတာပဲ။ သူတို႔ကိုယ္သူတို႔ လူအားလုံးကို ေဘးအႏၲရာယ္ကေန ကယ္ဆယ္နိုင္တယ္ဆိုၿပီး ဂုဏ္ဝင့္ေနၾကတာ။ ေကာင္းကင္ေ႐ြးခ်ယ္ခံ ဘုရားေက်ာင္းနဲ႕ မဟာနတၳိဘုရားေက်ာင္းက တစ္ေယာက္အေရးကိစၥ တစ္ေယာက္ ဘယ္တုန္းကမွ ဝင္မစြက္ဖက္ဖူးဘူး။ ဒါေပမဲ့” သူက ဆက္မေျပာခင္ ခဏရပ္လိုက္ေလ၏။
“မဟာနတၳိ ဘုရားေက်ာင္းက ခုံ႐ႊမ္းကို သတ္တဲ့သူက ကိုယ္ေတာ္ပါလို႔ ယုံၾကည္ေနတယ္ေလ”
လုက်ိဳးက သူ႕ဇာတ္ေၾကာင္းကို မုတ္ဆိတ္သပ္လ်က္နားေထာင္ေန၏။ ယူနန္၏ အထြတ္အျမတ္ ယဇ္ပလႅင္ရွိ အျဖစ္အပ်က္က သူ႕စိတ္ထဲ၌ မွတ္မိေနေသးဆဲျဖစ္သည္။ သို႔ေသာ္ ယင္းက မဟာနတၳိ ဘုရားေက်ာင္းႏွင့္ ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းအၾကား ပဋိပကၡျဖစ္ေစလိမ့္မည္ဟု မထင္ထားေပ။
“ကိုယ္ေတာ္ ဘာပဲေျပာေျပာ သူတို႔မယုံၾကဘူးေလ။ ဒါ့အျပင္ အဲဒီတုန္းက အထြတ္အျမတ္ ယဇ္ပလႅင္မွာ မ်က္ျမင္ေတြ႕လိုက္တဲ့ ေျဖာင့္မတ္ျခင္းလမ္းစဥ္သားေတြ အမ်ားႀကီးရွိေနတာကို မဟာနတၳိဘုရားေက်ာင္းက ကိုယ္ေတာ္တို႔ကို ဆန႔္က်င္ဖို႔အတြက္ ဒါကိုဆင္ေျခတစ္ခုအျဖစ္ သုံးေနတယ္။ ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းက အရင္တုန္းကလို မဟုတ္ေတာ့ဘူး။ အံ့ဖြယ္ ကိုယ္ေတာ္ေလးပါးကို ကိုယ္ေတာ္တို႔ ဘယ္လိုမ်ားရင္ဆိုင္ရမွာလဲ” ႐ႊီက်င္းက ေျပာလိုက္၏။
“ဒါေၾကာင့္မင္းက မိစာၦေဝဟင္ေမွ်ာ္နန္းကိုေတြးေနတာလား” လုက်ိဳးကေျပာလိုက္၏။
“အဟုတ္ပဲ” ႐ႊီက်င္းက အနည္းငယ္ဦးၫႊတ္လိုက္ကာ "မဟာနတၳိဘုရားေက်ာင္းက မိစာၦေဝဟင္ ေမွ်ာ္နန္းနဲ႕ ဆိုးဆိုးဝါးဝါး အဆင္မေျပဘူးလို႔ ၾကားထားတယ္။ ကိုယ္ေတာ့္မွာ ေ႐ြးခ်ယ္စရာမရွိဘူး။ ဒီဘုရားေက်ာင္းထဲမွာ အသက္တစ္ေထာင္ေက်ာ္ ရွိေနၿပီး ကိုယ္ေတာ္ ဒါေတြကို ထိန္းသိမ္းထားရမယ္။ မိစာၦေဝဟင္ေမွ်ာ္နန္းက အံ့ဖြယ္ကိုယ္ေတာ္ေလးပါးကို ဖယ္ရွားေပးမယ္ဆိုရင္ ေဟးမုလ်န္နဲ႕ ဇင္ဝတ္႐ုံကို အေလ်ာ့ေပးလိုက္ယုံတင္မကဘူး မဟာေ႐ြးခ်ယ္ခံဘုရားေက်ာင္းကလည္း မိစာၦေဝဟင္ေမွ်ာ္နန္းဆီအညံ့ခံပါ့မယ္”
မင္ရွစ္ရင္ႏွင့္က်န္သည့္သူမ်ားက ထိတ္လန႔္အံ့ဩသင့္သြား၏။
ထိုသို႔ေသာ ဆုံးျဖတ္ခ်က္ခ်မွတ္ရန္ ႐ႊီက်င္းသည္ သတၱိမည္မွ်ရွိေနသနည္း။ တာ့ယန္၏ ေကာင္းကင္ေအာက္တြင္ ေျဖာင့္မတ္ျခင္းလမ္းစဥ္ႏွင့္ မိစာၦလမ္းစဥ္က တစ္ဖက္ႏွင့္တစ္ဖက္ သည္းခံျခင္းမရွိေပ။ ဗုဒၶအဖြဲ႕အစည္းက အၿမဲတမ္း ဘက္မလိုက္ဘဲေနထိုင္ခဲ့ေလရာ ေကာင္းကင္ ေ႐ြးခ်ယ္ခံဘုရားေက်ာင္းသာ မိစာၦေဝဟင္ေမွ်ာ္နန္းကို အမွန္တကယ္ဝင္ခဲ့လွ်င္ သူတို႔သည္ ေျဖာင့္မတ္ျခင္းလမ္းစဥ္သားမ်ား၏ ရႈတ္ခ်ျခင္း ခံရမွာပဲျဖစ္သည္။
လုက်ိဳးက ေခါင္းခါၿပီးေျပာလိုက္သည္။ "မင္းက ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းရဲ႕ ေက်ာင္းထိုင္ပဲ။ ၿပီးေတာ့ ေျဖာင့္မတ္ျခင္းလမ္းစဥ္နဲ႕ ပိုနီးကပ္ေနတာ။ မိစာၦေဝဟင္ေမွ်ာ္နန္းကို အညံ့ခံ ဖို႔ေ႐ြးခ်ယ္လိုက္မယ္ဆိုရင္ တစ္ေလာကလုံးရဲ႕ ဟားတိုက္စရာျဖစ္လာမွာကို မစိုးရိမ္ဘူးလား”
႐ႊီက်င္းက ႏွာမႈတ္ကာ အနည္းငယ္အထင္ေသးေသာေလသံျဖင့္ေျပာလိုက္၏။ “ဗုဒၶျဖစ္ျခင္းနဲ႕ မိစာၦနတ္ဆိုးျဖစ္ျခင္းၾကားမွာ မ်ဥ္းတစ္ေၾကာင္းေလးပဲရွိတယ္”
သူသည္ က်င့္မင္တာအိုဂိုဏ္းႏွင့္ သမာသမတ္ဂိုဏ္းမွလူမ်ားအပါအဝင္ ေျဖာင့္မတ္ျခင္းလမ္းစဥ္မွ လူမ်ား သူ႕ကိုစြပ္စြဲျပစ္တင္ေနေသာ ျမင္ကြင္းကို မွတ္မိေနေသးသည္။ မဟာနတၳိဘုရားေက်ာင္း၏ အံ့ဖြယ္ကိုယ္ေတာ္ေလးပါးက ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္း၏ တပည့္မ်ားကို က႐ုဏာမဲ့စြာ သတ္ျဖတ္သည့္ျမင္ကြင္းကို သူမွတ္မိေနေသးသည္။ က်င္းစီရင္စု၏ ၿမိဳ႕ထဲရွိေနရာတိုင္း၌ ေကာင္းကင္ ေ႐ြးခ်ယ္ခံဘုရားေက်ာင္း၏ ဖ်က္ဆီးမႈအတြက္ စာတန္းမ်ားစြာခ်ိတ္ဆြဲထားတာကို မွတ္မိေနသည္။
ဆန႔္က်င္ဖက္အေနျဖင့္ မိစာၦေဝဟင္ေမွ်ာ္နန္းကမူ ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းကို ဆိုးယုတ္သည့္အရာ တစ္ခါမွမလုပ္ခဲ့ေပ။
လုက်ိဳးက မုတ္ဆိတ္သပ္လ်က္ေျပာလိုက္ေလ၏။ “က်ဴးဟုန္ကုန္းက ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရား ေက်ာင္းကေန ဇင္ဝတ္႐ုံခိုးသြားတယ္မဟုတ္ဘူးလား။ သူ႕ကိုေကာ ခင္ဗ်ား အၿငိဳးအေတး မထားဘူးလား”
“ဇင္ဝတ္႐ုံက ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းမွာ က်န္ေနမယ္ဆိုရင္ အေစာတည္းက မဟာနတၳိဘုရားေက်ာင္း ယူသြားတာခံရမွာပဲ။ ကံေကာင္းတာက ဒကာေလးရဲ႕လက္ထဲ ေရာက္သြားတာပဲေလ” ႐ႊီက်င္းကေျပာလိုက္၏။
က်ဴးဟုန္ကုန္းက ထိုစကားကိုၾကားသည့္အခ်ိန္၌ ေပ်ာ္႐ႊင္သြားေလသည္။
“ဘာေၾကာင့္မ်ား အဝတ္အခြၽတ္မခံရလဲဆိုတာ ေတြးၿပီး အံ့ဩေနတာ”
မင္ရွစ္ရင္ႏွင့္ တြမ့္မူရွန္းက ဆြံ႕အသြားေလ၏။
လုက်ိဳးက က်ဴးဟုန္ကုန္းကို တစ္ခ်က္ၾကည့္ၿပီးေျပာလိုက္ေတာ့သည္။
“က်င့္မင္တာအိုဂိုဏ္းနဲ႕ တာအိုဂိုဏ္းအျပင္ ေျဖာင့္မတ္ျခင္းလမ္းစဥ္မွာ တျခားသူေတြရွိေသးတယ္။ သူတို႔အကူအညီကို ဘာေၾကာင့္မေတာင္းတာလဲ”
“ေျဖာင့္မတ္ျခင္းလမ္းစဥ္မွာ အဖြဲ႕ေတြေတာ့ မ်ားပါရဲ႕။ ဒါေပမဲ့ မဟာနတၳိဘုရားေက်ာင္းနဲ႕ ယွဥ္နိုင္တဲ့ သူက နည္းနည္းေလးပဲရွိတာ။ ဒါအျပင္ မလိုလားအပ္တဲ့ျပႆနာကို ေရွာင္တာက အေကာင္းဆုံးပဲေလ။ ဘယ္သူကမ်ား ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းေဘးမွာရပ္ၿပီး မဟာနတၳိဘုရား ေက်ာင္းကို ဆန႔္က်င္မွာလဲ” ႐ႊီက်င္းက ျပန္ေျပာလိုက္၏။
“မိစာၦေဝဟင္ေမွ်ာ္နန္းက ဒီအေရးကိစၥကို ဝင္စြက္ဖက္လိမ့္မယ္လို႔ ဘာေၾကာင့္ ေသခ်ာေနတာလဲ”
လုက်ိဳးက ေမးလိုက္ေတာ့သည္။
မဟာခြန္အားခန္းမထဲတြင္ တိတ္ဆိတ္မႈက ႀကီးစိုးသြားေတာ့သည္။
ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရား ေက်ာင္း၏ တပည့္မ်ားက အထိတ္တလန႔္ရပ္အေနေသးဆဲျဖစ္သည္။ မည္သူမွ အသံမထြက္ ရဲေပ။
႐ႊီက်င္းက ျပန္ေျပာလိုက္သည္။
“ကိုယ္ေတာ့္မွာ ပထမအခ်က္က ေဟးမုလ်န္၊ ဒုတိယ အခ်က္က ခုံ႐ႊမ္းကို သတ္သြားတာ မိစာၦေဝဟင္ေမွ်ာ္နန္းပဲ သိေနတာေၾကာင့္ပဲ။ တတိယအခ်က္က ဇင္ဝတ္႐ုံ”
ေက်ာင္းထိုင္ကိုယ္ေတာ္က တုံးအသူမဟုတ္ေပ။ သူ၏စိတ္ကၾကည္လင္ၿပီး ယုတၱိရွိသည္။
မင္ရွစ္ရင္က သူ႕ကို လက္ခုပ္တီးလိုက္ေတာ့၏။ “ေျပာတာေကာင္းတယ္” လုက်ိဳးက မွတ္ခ်က္ခ်သည္။
ခဏရပ္တန႔္သြားၿပီးေနာက္ သူက ေျပာလိုက္၏။
“မိစာၦေဝဟင္ေမွ်ာ္နန္းက မဟာနတၳိဘုရားေက်ာင္းဘက္မွာ ရပ္ဖို႔ ေ႐ြးလိုက္မယ္ဆိုရင္ေကာ ဘယ္လိုလဲ”
႐ႊီက်င္းက အံ့ဩဆြံ႕အသြားေလသည္။
ဘုရားေက်ာင္း၏ တပည့္မ်ားကလည္း ထိတ္လန႔္ကုန္၏။ သူတို႔က မ်က္လုံးမ်ား ျပဴးက်ယ္ေနၿပီး မိစာၦေဝဟင္ေမွ်ာ္နန္းမွ တပည့္မ်ားကို စိန္းစိန္းဝါးဝါးၾကည့္ေနသည္။ သူတို႔ ေၾကာက္လန႔္ေနသည္ေလာ။ ေဒါသထြက္ေနသည္ေလာဆိုတာ မရွင္းလင္းေပ။
႐ႊီက်င္းက အတန္ၾကာ တိတ္ဆိတ္ေနၿပီးေနာက္ သက္ျပင္းရွည္ႀကီး ခ်လိဳက္ေတာ့၏။ သူကေခါင္းခါ ကာ ေျပာလိုက္ေတာ့သည္။
“အဲဒီလိုျဖစ္လာခဲ့ရင္ ကိုယ္ေတာ္က ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းရဲ႕ ေက်ာင္းထိုင္ ကိုယ္ေတာ္ျဖစ္ေနရျခင္းအတြက္ကို ရႈတ္ခ်ေတာ့ရမွာပဲ။ ေရွ႕မွာဒူးေထာက္ေတာင္းပန္မယ္”
“ရွစ္စြင္း”
“ေက်ာင္းထိုင္ဆရာေတာ္”
ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္း၏ တပည့္မ်ားက တညီတၫြတ္တည္းေအာ္လိုက္ေတာ့သည္။ လုက်ိဳးက မုတ္ဆိတ္သပ္လ်က္ေခါင္းညိတ္လိုက္ေတာ့သည္။ “စိတ္ေအးေအးထား” သူက ျဖည္းျဖည္းခ်င္းေျပာလိုက္၏။
“ဒကာႀကီး” ႐ႊီက်င္းက စိတ္လႈပ္ရွားလြန္းေသာေၾကာင့္ သူ၏လက္မ်ားက တုန္ေနေလသည္။ သူ မည္ကဲ့သို႔ စိတ္ေအးေအးထားနိုင္မည္နည္း။ သူသည္ လုက်ိဳးႏွင့္ မဟာနတၳိဘုရားေက်ာင္း တစ္ဖက္တည္းရပ္သြားမွာကို အမွန္တကယ္ေၾကာက္႐ြံ႕မိသည္။
“ငါက ဗ်ဴဟာက်တဲ့လူေတြကို သေဘာက်တယ္”
ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းသည္ ေဟးမုလ်န္၊ ဇင္ဝတ္႐ုံကို အေလ်ာ့ေပးၿပီး မိစာၦေဝဟင္ေမွ်ာ္နန္းဆီသို႔အညံ့ခံရန္ေတာင္ ဆႏၵရွိသည္။ သူ၏ လက္ေခ်ာင္းထဲသို႔ ေခ်ာ္ဝင္လာေသာ အခြင့္အေရးေကာင္းတစ္ခုကို လုက်ိဳးကလက္လြတ္မခံမွာ ေသခ်ာ၏။
“ဒကာႀကီး” ႐ႊီက်င္းသည္ ရွင္းလင္းသည့္အေျဖကို မရေသးသေ႐ြ႕ မသက္မသာျဖစ္ေနေသး၏။
“မဟာနတၳိဘုရားေက်ာင္းက ဘယ္မွာလဲ” လုက်ိဳးက ေမးလိုက္သည္။
ထိုစကားကိုၾကားေသာအခါ ႐ႊီက်င္းက အေပ်ာ္လြန္သြား၏။ သူက “မဟာနတၳိဘုရားေက်ာင္းက ကိုယ္ေတာ္တို႔ကို အခ်ိန္သုံးရက္ေပးသြားတယ္။ ဒီကေန႕က သုံးရက္ေျမာက္ေန႕ပဲ။ သူတို႔အံ့ဖြယ္ ကိုယ္ေတာ္ေလးပါးက မနက္ျဖန္မနက္ေစာေစာေရာက္လာလိမ့္မယ္”
လုက်ိဳးက ေခါင္းညိတ္ၿပီးေျပာလိုက္သည္။ “မင္ရွစ္ရင္”
“ဟုတ္ကဲ့ ရွစ္စြင္း”
“ရထားလုံးပ်ံကို ဖြက္ထားလိုက္”
“ဟုတ္ကဲ့ ရွစ္စြင္း” မင္ရွစ္ရင္က ျမန္ျမန္ဆန္ဆန္ေဆာင္႐ြက္၏။ သူက လမ္းေလွ်ာက္သြားစဥ္ ကိုယ္ေတာ္မ်ားကို တစ္ခ်က္ၾကည့္လိုက္သည္။ လ်င္ျမန္သည့္ လႈပ္ရွားမႈျဖင့္ သူ၏ခမ္းနားေသာ က်င့္စဥ္ကို ထုတ္ေဖာ္လိုက္သည္။
တြမ့္မူရွန္းသည္ ျမင္လိုက္ရသည့္အရာေၾကာင့္ အံ့ဩဆြံ႕အသြားေလ၏။ သူ႕ခမ္းနားတဲ့က်င့္စဥ္ကို သုံးကိုသုံးရမွာလား။
႐ႊီက်င္းက ကမန္းကတန္းေျပာလိုက္ေတာ့သည္။ “ေနရာထိုင္ခင္းျပင္ဆင္ၾက”
“နားလည္ပါၿပီ”
လုက်ိဳးက တည္ၿငိမ္ေန၏။ သူက ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္း၌ ညအိပ္တည္းရန္ ေနလိုက္ေတာ့သည္။
မဟာခြန္အားခန္းမေဆာင္တြင္ တပည့္မ်ားထြက္သြားၿပီးေနာက္ ယခုဆို ေမွာင္မည္းေနၿပီျဖစ္သည္။
႐ႊီက်င္းက ခန္းမထဲတြင္ တစ္ေယာက္တည္းရပ္ေနၿပီး သက္ျပင္းခ်ကာ ေရ႐ြတ္ေျပာလိုက္၏။
"ဗုဒၶျဖစ္ျခင္းနဲ႕ မိစာၦျဖစ္ျခင္းၾကားမွာ မ်ဥ္းတစ္ေၾကာင္းပဲရွိတယ္"
နံနက္ေစာေစာတြင္ျဖစ္သည္။
ဒုန္း ဒုန္း ဒုန္း ဒုန္း
မနက္ခင္းေခါင္းေလာင္းသံကျမည္လာေလ၏။ ေခါင္းေလာင္းသံမ်ားက ၾကည္လင္ရင္းျမစ္ ေတာင္တန္း တစ္ေလွ်ာက္ပဲ့တင္ထပ္ေနၿပီး ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္း တစ္ေလွ်ာက္ ဟိန္းေနေတာ့သည္။
ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္း၏ တပည့္မ်ားက ျမန္ျမန္ဆန္ဆန္စုေဝးလာၿပီး တိုက္ပြဲအခင္း အက်င္းအတြက္ကို ျပင္ဆင္ေနေတာ့သည္။
“မဟာနတၳိဘုရားေက်ာင္းရဲ႕ ရထားလုံးပ်ံေပၚလာၿပီဆိုတာနဲ႕ သတင္းပို႔ၾက”
“နားလည္ပါၿပီ”
ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္း၏ ျဗဟၼာပင္လယ္နယ္ပယ္ဘုန္းႀကီးအားလုံးက ေလထဲတြင္ အရပ္မ်က္ႏွာအႏွံ႕ တကြဲတျပားဆီေနရာယူထားၾကသည္။
အာ႐ုံခံသိပ္သည္းျခင္းနယ္ပယ္တြင္ရွိသည့္ တပည့္မ်ားကမူ မဟာခြန္အားခန္းမေဆာင္ေရွ႕၌ စုေဝးေနၾကသည္။
႐ႊီက်င္းက သကၤန္းကို ႐ုံလ်က္ ေတာင္ေဝွးကို ကိုင္ကာ ပုတီးေစ့မ်ားကို ဝတ္ထားလ်က္ သူ၏ ေဗာင္းေတာ္ကို ဝတ္ဆင္ထားေလ၏။ သူသည္ ပုံမွန္ထက္ပိုၿပီး ပိုဝတ္ဆင္ထားေလသည္။ “ဒကာက်ိ ဒီလမ္းေက်းဇူးျပဳၿပီး”
လုက်ိဳးႏွင့္မိစာၦေဝဟင္ေမွ်ာ္နန္း၏တပည့္မ်ားက မဟာခြန္အားခန္းမေဆာင္သို႔ဝင္လိုက္သည္။
ေကာင္းကင္ထဲတြင္ ေနထြက္လာသည့္ အခ်ိန္၌ မိုးကုပ္စက္ဝိုင္းထဲ၌ ရထားလုံးပ်ံတစ္စင္း ေပၚလာလ်က္ သူတို႔ဆီသို႔အရွိန္ျပင္းျပင္းျဖင့္ေတာင္ေရာက္လာသည္။
“ေက်ာင္းထိုင္ဆရာေတာ္ မဟာနတၳိဘုရားေက်ာင္းရဲ႕ ရထားလုံးပ်ံ ဒီေရာက္လာပါၿပီ” တပည့္မ်ားထဲမွ တစ္ဦးက မဟာခြန္အားခန္းမထဲသို႔ အျမန္ဝင္လာသည္။
မင္ရွစ္ရင္က ထိုစကားကိုၾကားသည့္အခ်ိန္၌ ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးလိုက္ေတာ့သည္။ သူက မဟာခြန္အားခန္းမထဲမွ ပထမဆုံးထြက္လိုက္၏။ ေလွကားထိပ္တြင္ရပ္လ်က္ ေမာ့ၾကည့္လိုက္ေတာ့ သည္။ “ဟ မဟာနတၳိဘုရားေက်ာင္းက ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းထက္ ပိုခ်မ္းသာတာ သိသာ ေနတာပဲ။ မဆိုးဘူးဘဲ။ ဒါေပမဲ့ နည္းနည္းေလးေတာ့ နည္းေနေသးတယ္”
ရထားလုံးပ်ံက မႀကီးမားေပ။ ယင္းက ျဖင့္ျပဳလုပ္ထားၿပီး ရဟန္းအပါးသုံးဆယ္ပါလာ၏။
ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းနားေတာင္မေရာက္ေသးခင္ လႊမ္းမိုးနိုင္စြမ္းရွိေသာ အသံ တစ္သံက ဟိန္းထြက္လာ၏။
“႐ႊီက်င္း ငါတို႔ကို ထြက္လာၿပီးမႀကိဳဆိုေသးဘူးလား”
...