အခန်း (၁၇၈) မတန်တဆဈေး
ကျူးဟုန်ကုန်းက အမိန့်ရရချင်း တောင်ပေါ်မှ ဆင်းလာသည်။ သူက ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းဆီ သွားဖို့ အင်တင်တင် ဖြစ်နေသော်လည်း သူ့ရှစ်စွင်း၏ အမိန့်ကို မနာခံဘဲ မနေရဲပေ။ သူက သဘောတူရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။ ထို့အပြင် ဤသည်က သူ့အတွက် အခွင့်အရေးကောင်း ဖြစ်၏။ သူက သွားနေရင်း ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းနှင့် မည်သို့ဆွေးနွေးညှိနှိုင်းရမည်ကို စတင် တွေးတောလိုက်သည်။
ကျူးဟုန်ကုန်းက အတွေးထဲနစ်မျှောနေစဉ် ဖန်ကျုံးက ပြုံးဖြီးလျက် ရုတ်ခြည်း ပေါ်လာသည်။
“ အဋ္ဌမ သခင်လေး .. ”
“ ဘယ်သူလဲ ”
“ကျွန်တော် ဖန်ကျုံးပါ ” ဖန်ကျုံးက ကျူးဟုန်ကုန်းရှေ့ ပေါ်လာသည်။
ကျူးဟုန်ကုန်းက ဖန်ကျုံးကို မြင်လိုက်သည့်အခါ စိတ်တိုစွာ ပြောလိုက်သည်။
“ ထွက်သွားစမ်း … မင်းနဲ့ အရင်နေ့က ကိစ္စတွေ မပြီးသေးဘူး ”
“ အဋ္ဌမ သခင်လေးက တိုင်းတာလို့မရလောက်အောင် စိတ်သဘောထားကြီးတဲ့သူဆိုတော့ ဒီရန်ငြိုးကို မဖက်တွယ်ထားပါနဲ့တော့။ တစ်ချက်တည်းကြည့်ရုံနဲ့ သခင်လေးနဲ့ အခြားလူတွေနဲ့ မတူဘူးဆိုတာ ပြောနိုင်တယ်။ စကားလေးနည်းနည်းကြောင့် ရန်ငြိုးထားမှာ မဟုတ်ဘူးမလား … ”
ဖန်ကျုံးက ပြောလိုက်သည်။
“မင်းရဲ့ မြှောက်ပင့်နေတဲ့ စကားတွေ သိမ်းထားလိုက် … ငါ ဘယ်တော့မှ မကျရှုံးဘူး ”
ကျူးဟုန်ကုန်းက ပြောလာသည်။
“အဋ္ဌမ သခင်လေးက ကျွန်တော်ကို မှားစွပ်စွဲနေတာပဲ။ တကယ်လို့ အမှန်အတိုင်းပြောတာကို မြှောက်ပင့်စကားလို့ ယူဆနေရင် တွေ့တိုင်း လိမ်ညာနေရမှာပေါ့ ”
“အဲလိုလည်း ဟုတ်သားပဲ။ ပြော … ဘာလုပ်ချင်တာလဲ ”
ဖန်ကျုံးက အပြုံးလေးနှင့် ပြောလိုက်သည်။
“ စတုတ္ထသခင်လေးက မျှော်နန်းသခင်ဆီ သခင်လေးရဲ့ ကောင်းကြောင်း ပြောပေးမယ်လို့ ပြောလိုက်တယ်။ သခင်လေး လုပ်ဖို့လိုတာက ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းဆီ သွားရုံပဲ။ စတုတ္ထသခင်လေးက မိစ္ဆာဝေဟင်မျှော်နန်းထဲကို စောင့်ပေးထားလိမ့်မယ် ”
ကျူးဟုန်ကုန်းက သက်ပြင်းချကာ “ စစ်ရှစ်ရှိုးက ငါ့ကို ကောင်းကောင်းဆက်ဆံပေးတဲ့ တစ်ဦးတည်းသောသူပဲ ”
“ ဟုတ်တာပေါ့ ”
“ အခု ထွက်သွားတော့။ မင်းက ငါ့ဆီ စကားလေးနည်းနည်း လာပြောပေးရုံနဲ့ မင်းကို ခွင့်လွှတ်မယ် ထင်နေလား ”
“ ဟုတ်တာပေါ့ … ”
ကျူးဟုန်ကုန်းက မြေအမြင့်ဆီ လျှောက်သွားပြီးနောက် ဖန်ကျုံးကို ကြည့်လိုက်ကာ “ ငါ မိစ္ဆာဝေဟင်မျှော်နန်းမှာ ကျင့်ကြံနေတုန်းက မင်းတို့လူမျိုးအတွက် နေရာမရှိဘူး ” သူက မောက်မာစွာ ပြောလိုက်သည်။ ထို့နောက် သူက ခြေဖျားတစ်ချက် ထောက်ကာ ရှေ့သို့ လွှားခနဲ ခုန်သွားလိုက်သည်။
ထိုအရာကို မြင်ပြီး ကျူးဟုန်ကုန်းက အံ့လောက်ဖွယ် ကိုယ်ဖော့သိုင်းမျိုး ထုတ်သုံးလိမ့်မည်ဟု တွေးကြလိမ့်မည်။ သို့သော်လည်း သူက စိုက်ကျလာကာ ပြုတ်ကျလာသည်။
ဘုန်း
ကျူးဟုန်ကုန်းက တောင်စောင်းမှ ပြုတ်ကျကာ သူ့ငြီးငြူသံများက တောင်အနှံ့ ပျံ့နှံ့သွားသည်။
ဖန်ကျုံးက မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်သည်။
ကျစ် ငါ လုပ်ရမဲ့ဟာကို မေ့နေတာပဲ … ငါက အဋ္ဌမ သခင်လေးရဲ့ ကျင့်ကြံဆင့်ကို ပြန်ဖြေပေးရမှာလေ …
……………..
ခြောက်နာရီကြာမြင့်ပြီးနောက်
မိစ္ဆာဝေဟင်မျှော်နန်းရှိ ခန်းမကျယ်ထဲ
“မျှော်နန်းသခင် ယွင်ဂိုဏ်းရဲ့ သံတမန် လီယွင်တောက်က တွေ့ခွင့်တောင်းနေပါတယ် ”
“ သူ့ကို ဝင်ခိုင်းလိုက် ”
လီယွင်တောက်ကို လရောင်ဆွတ် နန်းဆောင်မှ အမျိုးသမိး ကျင့်ကြံသူက ဦးဆောင်ခေါ်လာပြီး ခန်းမကျယ်ထဲ ရောက်လာသည်။
မိစ္ဆာဝေဟင်မျှော်နန်းသို့ လာရောက်ကြသူများအတွက် စိတ်လှုပ်ရှားသလို သိချင်စိတ် ဖြစ်နေသည်မှာ မဆန်းလှပေ။ လီယွင်တောက်က မိစ္ဆာများသည် သူ့ကို တစ်ခုခုလုပ်လိုက်မည်အား စိုးထိတ်နေမိ၏။ သူက စိတ်မသက်မသာ ဖြစ်နေပုံပေါ်သည်။ သူက ခန်းမကျယ်ထဲ စိတ်မသက်မသာ အမူအရာ တောင့်တင်းတင်း လှုပ်ရှားမှုများဖြင့် လျှောက်လှမ်းဝင်လာသည်။
လီယွင်တောက်က လုကျိုးနှင့် အကြည့်ချင်း မဆုံရဲသော်လည်း ဦးညွှတ်ကာ ပြောလိုက်သည်။
“ယွင်ဂိုဏ်းရဲ့ လီယွင်တောက်က လောင်ချန်းပေ့ကို ဂါရဝပြုပါတယ် ”
“ သက်တောင့်သက်သာ ထိုင်ပါ ” လုကျိုးက လက်ဝေ့လိုက်သည်။
လီယွင်တောက်က တဖန် ဦးညွှတ်ကာ “လောင်ချန်းပေ့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ”
သူက တောင့်တင်းတင်း အမူအရာဖြင့် ထိုင်ချလိုက်ပြီးနောက် တစ်မိုးအောက် အကြီးမြတ်ဆုံး မိစ္ဆာကြီးကို ကြည့်လိုက်သည်။ သူက လုကျိုး၏ သွင်ပြင်ကို မြင်လိုက်ရသည့်အခါ အံ့ဩသွားကာ နှလုံးခုန်ပင် မြန်မိသွားသည်။ အားလုံးက ကျိထျန်းတောက်တွင် ဆယ်နှစ်လောက်သာ သက်တမ်းကျန်တော့သည်ဟု ပြောကြသော်လည်း ကောင်းကောင်းမွန်မွန် ရှိနေဟန်ပေါ်သည်။ သူက ဆံပင်နက်တချို့ပင် ရှိနေသေး၏။ အချိန်စေ့ခါနီး လူတစ်ယောက်၏ အရိပ်အယောင်မျိုး မရှိနေချေ။
လီယွင်တောက်က ဟွားဝူတောက်ဆီ အကြည့်ရောက်သွားသည့်အခါ သူ့မျက်နှာထက် စိတ်ပျက်သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ သူက ဟွားဝူတောက်ကို မျက်လုံးထောင့်မှ ကြည့်လိုက်သည်။
ယွင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်က မိစ္ဆာလမ်းစဉ်ဘက် ကူးပြောင်းသွားလေရာ ဘယ်လောက်တောင် ကြေကွဲဖို့ ကောင်းလိုက်သလဲ …
“ လောင်ချန်းပေ့ … ယွင်ဂိုဏ်းချုပ် ညွှန်ကြားတဲ့အတိုင်း ဟေးမုလျန်ကို ပေးဖို့ ရောက်လာတာပါ ”
သူက အညိုရောင် ပိုးသေတ္တာကို ထုတ်လိုက်သည်။ ထိုအခိုက်အတန့် သူက နန်းတော်မှ မိန်းမစိုးနှင့်ပင် တူနေသည်။ သို့သော်လည်း သူက အနီးမကပ်နိုင်ခင် မင်ရှစ်ရင်က သေတ္တာကို လုယူလိုက်ပြီး လုကျိုးအား ရိုရိုကျိုးကျိုး ပေးအပ်လိုက်သည်။
လုကျိုးက လက်အသာဝေ့လိုက်သည့်အခါ သေတ္တာက ပွင့်လာလေသည်။
“တင် … ဟေးမုလျန်ကို ရရှိပါတယ်။ မိုးမြေ ရတနာ၊ ကျင့်ကြံရေး၊ ကုသရေးနဲ့ ချီပင်လယ် ဖွင့်ဖို့အတွက် အသုံးပြုနိုင်ပါတယ် ”
လုကျိုးက ဆုလာဘ်အနေနှင့် ကုသိုလ်ရမှတ် မရရှိသောကြောင့် နည်းနည်း စိတ်ပျက်မိသွားသည်။ သူက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီး “ ကတိတည်တဲ့လူတွေကို သဘောကျတယ်။ တင်းဖန်ချိုးကို ဒီခေါ်ခဲ့ .. ”
“ ဟုတ် ”
သိပ်မကြာခင် ကျိုးကျစ်ဖုန်းက တင်းဖန်ချိုးကို ခန်းမကျယ်ထဲ ခေါ်လာသည်။
တင်းဖန်ချိုးတစ်ယောက် သူ့ကျင့်ကြံဆင့်ကို ပိတ်ဆို့ထားပြီးနောက် အဖမ်းခံထားရပြီး နေရောင်ကို မမြင်ရသလို ကောင်းကင်ပြာကိုလည်း မမြင်တွေ့ရချေ။ ထို့ကြောင့် သူက ရှုပ်ပွနေသော ဆံပင်များနှင့် ပိန်ချုံးချိနေသည့် ခန္ဓာကိုယ်ဖြင့် အရူးတစ်ယောက်လို ပုံစံဖြစ်နေသည်။
လီယွင်တောက်က သူ့အား ကြည့်လိုက်ပြီးနောက် လက်နှစ်ဖက်ယှက်ကာ “ကျေးဇူးတင်ပါတယ်”
“ ဧည့်သည်ကို ပြန်ပို့လိုက်ကြ ”
“ …” လီယွင်တောက်က နည်းနည်း အံ့ဩသွားသည်။ သူက အဝေးကြီး ခရီးထွက်လာရပြီး ထိုင်ခုံပင် ပူနွေးအောင် မထိုင်ရသေးဘဲ နှင်ထုတ်နေပြီလား။ သူက မြန်မြန် ထရပ်ကာ ပြောလိုက်သည်။
“လောင်ချန်းပေ့ … ကျွန်တော် ပြောစရာ တစ်ခု ရှိပါသေးတယ် ”
“ဘာများလဲ ” လုကျိုးက နားမလည်စွာ မေးလိုက်သည်။
“အကြီးအကဲဓားနတ်ဆိုးက လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ဓားစင်မြင့်မှာ ကျွန်တော်တို့ ဓားသူတော်စင် လော့ရှစ်စန်းကို အနိုင်ယူခဲ့ပါတယ်။ ဓားသူတော်စင်က လောင်ချန်းပေ့ကို သတင်းပါးခိုင်းလိုက်လို့ပါခင်ဗျ။ တကယ်လို့ အခွင့်အရေး ထပ်ရှိရင် သူက အကြီးအကဲဓားနတ်ဆိုးနဲ့ ထပ်ယှဉ်ပြိုင်ချင်ပါတယ်တဲ့ ” လီယွင်တောက်က ဦးညွှတ်လျက် ပြောလိုက်သည်။
“ ယွီရှန်းရုန်က ဓားစင်မြင့်ဆီ လာခဲ့တာလား”
“ လောင်ချန်းပေ့ မသိထားဘူးလားခင်ဗျ” လီယွင်တောက်က အံ့ဩသွားသည်။
လုကျိုးက ထိုစကားများကို စဉ်းစားကြည့်နေသည်။
ယွင်ဂိုဏ်းက သူတို့စိတ်ပြောင်းလိုက်တာ မဆန်းတော့ပါဘူး … ယွီရှန်းရုန်က သူတို့ကို ဖိအားပေးခဲ့တာပဲ …
သူက အရင် ယွီရှန်းရုန် လုပ်ခဲ့သည့်အရာများကို အမှတ်ရသွားသည့်အခါ လုကျိုးက ရေရွတ်လိုက်သည် “အဲကောင်စုတ်လေးကတော့ ”
လီယွင်တောက်က မြန်မြန်ပြောလိုက်သည်။
“စီနီယာဓားနတ်ဆိုးရဲ့ ဓားတိုက်ကွက်တွေက အရမ်းကို အထင်ကြီးစရာကောင်းပါတယ်။ သူ့ ဝိညာဉ်သုံးပါးပြန်လည်ဝင်ရောက်ခြင်း တိုက်ကွက်ကို ဓားသူတော်စင်က ချီးကျူးနေသေးတာ ”
မင်ရှစ်ရင်က ပြောလိုက်သည်။ “ထွက်သွားတော့ ”
“အာ ”
သစ္စာဖောက်တစ်ယောက်ကို ရှစ်စွင်းရှေ့ လာချီးကျူးနေတာလား … မင်း စိတ်မမှန်တော့ဘူးလား …
မင်ရှစ်ရင်က ထပ်အော်လိုက်သည် “ တင်းဖန်ချိုးကို ခေါ်ပြီး ထွက်သွားစမ်း ”
“ သွားပါ့မယ် သွားပါ့မယ် ” လီယွင်တောက်က တင်းဖန်ချိုးကို ခေါ်ကာ ခန်းမကျယ်ကြီးထဲမှ ထွက်ပြေးသွားတော့သည်။ တစ်ချိန်တည်းတွင် သူက ဓားစင်မြင့်ကို ကျိန်ဆဲလိုက်၏။
မိစ္ဆာတွေအတွက် လောကဝတ်ဆိုတာ ဘာမှမဟုတ်ဘူးပဲ … သူတို့ကို ဘယ်တော့မှ ရန်မစတာ အကောင်းဆုံးပဲ
လီယွင်တောက်က တင်းဖန်ချိုးနှင့်အတူ ထွက်သွားလေသည်။
လုကျိုးက သေတ္တာထဲရှိ ဟေးမုလျန်ကို ကြည့်လိုက်သည်။
“ ဒီလို ဟေးမုလျန်အသေးလေးက ဒီလိုမျိုး အစွမ်းသတ္တိတွေ ရှိနေတာကို တွေးကြည့်ရင် …”
ကြည့်လိုက်သည်နှင့် ဟေးမုလျန်သည် အလားအလာကောင်းသော ဆေးဝါး ဖြစ်ကြောင်း သိသာလှသည်။
“ရှစ်စွင်း … ဒီဟေးမုလျန်လေးက တပည့်ရဲ့ ချီပင်လယ်ကို တကယ် ဖွင့်ပေးနိုင်မှာလား”
ရှောင်ယွမ်အာက သိချင်စွာ ကြည့်လိုက်သည်။
မင်ရှစ်ရင်က အပြုံးလေးနှင့် ပြောလာသည်။ “ဟေးမုလျန်က မိုးမြေရတနာလေ။ ဒါကို စားလိုက်ရင် သေမင်းခံတွင်းဝကနေတောင် လွတ်လာနိုင်တယ်။ ချီပင်လယ် ဖွင့်တာလောက်တော့ မပြောနဲ့တော့ ”
ရှောင်ယွမ်အာက ထိုအကြောင်းကြားသည့်အခါ စိတ်လှုပ်ရှားလာပြီး ဒူးထောက်လိုက်ကာ “ ရှစ်စွင်းကို ကျေးဇူးတင်ပါတယ် ”
သစ္စာရှိမှု +၂
လုကျိုးက နံပါတ်ကို ကြည့်လိုက်သည့်အခါ ရှောင်ယွမ်အာ၏ သစ္စာရှိနှုန်းက ၈၅ ရာခိုင်နှုန်းကျော် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူမက တပည့်များကြား သစ္စာအရှိဆုံး ဖြစ်၏။
လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်ရင်း “ မင်းကို ပြုစုပျိုးထောင်ခဲ့ရတာ အလကားမဖြစ်ခဲ့ဘူးပဲ ”
“ ရှစ်စွင်းကို စိတ်မပျက်စေရပါဘူး ”
ထိုစဉ် ဖန်ကျုံးက ခန်းမကျယ်ထဲ အပြေးအလွှား ဝင်လာသည်။ သူက ဦးညွှတ်ကာ “မျှော်နန်းသခင် ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက စာပို့လိုက်ပါတယ် ”
“ယူခဲ့လိုက် ”
ဖန်ကျုံးက စာကို လုကျိုးဆီ ပေးလိုက်သည်။
လုကျိုးက ဖွင့်ကာ ဖတ်လိုက်ပြီးနောက် “ ရဲတင်းလိုက်တာ ”
ဖတ် …
လုကျိုးက စာကို စားပွဲပေါ် ပစ်ချလိုက်သည်။
မင်ရှစ်ရင်က လက်ဝေ့လိုက်ပြီး စာကို ယူဖတ်ကြည့်လိုက်သည့်အခါ “ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက မတန်တဆဈေးတွေ တောင်းနေတာပဲ။ သူတို့က ကောင်းကင်အဆင့် လက်နက်သုံးခုနဲ့ ပါ့ရှစ်တိရဲ့ ဇင်အစကို တောင်းနေတယ် ”
“ သူက ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းနဲ့ ဆက်ဆံရေးကောင်းတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား” ဟွားဝူတောက်က နားမလည်နိုင် ဖြစ်နေသည်။
“အဲဒီဝက်ခေါင်းက တစ်ခုခု လျိုထားတာပဲ ဖြစ်ရမယ်” မင်ရှစ်ရင်က ခေါင်းကုတ်ကာ လုကျိုးကို ကြည့်လိုက်ပြီး “ ရှစ်စွင်း … လောင်ပါ့က အခုအဖမ်းခံထားရပြီဆိုတော့ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက မိစ္ဆာဝေဟင်မျှော်နန်းကို အထင်သေးနေတာ သိသာတာပဲ ”
...
Zawgyi
အခန္း (၁၇၈) မတန္တဆေဈး
က်ဴးဟုန္ကုန္းက အမိန႔္ရရခ်င္း ေတာင္ေပၚမွ ဆင္းလာသည္။ သူက ေကာင္းကင္ေ႐ြးခ်ယ္ခံ ဘုရားေက်ာင္းဆီ သြားဖို႔ အင္တင္တင္ ျဖစ္ေနေသာ္လည္း သူ႕ရွစ္စြင္း၏ အမိန႔္ကို မနာခံဘဲ မေနရဲေပ။ သူက သေဘာတူ႐ုံမွအပ ေ႐ြးခ်ယ္စရာ မရွိေတာ့ေပ။ ထို႔အျပင္ ဤသည္က သူ႕အတြက္ အခြင့္အေရးေကာင္း ျဖစ္၏။ သူက သြားေနရင္း ေကာင္းကင္ေ႐ြးခ်ယ္ခံ ဘုရားေက်ာင္းႏွင့္ မည္သို႔ေဆြးေႏြးညွိႏွိုင္းရမည္ကို စတင္ ေတြးေတာလိုက္သည္။
က်ဴးဟုန္ကုန္းက အေတြးထဲနစ္ေမွ်ာေနစဥ္ ဖန္က်ဳံးက ၿပဳံးၿဖီးလ်က္ ႐ုတ္ျခည္း ေပၚလာသည္။
“ အ႒မ သခင္ေလး .. ”
“ ဘယ္သူလဲ ”
“ကြၽန္ေတာ္ ဖန္က်ဳံးပါ ” ဖန္က်ဳံးက က်ဴးဟုန္ကုန္းေရွ႕ ေပၚလာသည္။
က်ဴးဟုန္ကုန္းက ဖန္က်ဳံးကို ျမင္လိုက္သည့္အခါ စိတ္တိုစြာ ေျပာလိုက္သည္။
“ ထြက္သြားစမ္း … မင္းနဲ႕ အရင္ေန႕က ကိစၥေတြ မၿပီးေသးဘူး ”
“ အ႒မ သခင္ေလးက တိုင္းတာလို႔မရေလာက္ေအာင္ စိတ္သေဘာထားႀကီးတဲ့သူဆိုေတာ့ ဒီရန္ၿငိဳးကို မဖက္တြယ္ထားပါနဲ႕ေတာ့။ တစ္ခ်က္တည္းၾကည့္႐ုံနဲ႕ သခင္ေလးနဲ႕ အျခားလူေတြနဲ႕ မတူဘူးဆိုတာ ေျပာနိုင္တယ္။ စကားေလးနည္းနည္းေၾကာင့္ ရန္ၿငိဳးထားမွာ မဟုတ္ဘူးမလား … ”
ဖန္က်ဳံးက ေျပာလိုက္သည္။
“မင္းရဲ႕ ျမႇောက္ပင့္ေနတဲ့ စကားေတြ သိမ္းထားလိုက္ … ငါ ဘယ္ေတာ့မွ မက်ရႈံးဘူး ”
က်ဴးဟုန္ကုန္းက ေျပာလာသည္။
“အ႒မ သခင္ေလးက ကြၽန္ေတာ္ကို မွားစြပ္စြဲေနတာပဲ။ တကယ္လို႔ အမွန္အတိုင္းေျပာတာကို ျမႇောက္ပင့္စကားလို႔ ယူဆေနရင္ ေတြ႕တိုင္း လိမ္ညာေနရမွာေပါ့ ”
“အဲလိုလည္း ဟုတ္သားပဲ။ ေျပာ … ဘာလုပ္ခ်င္တာလဲ ”
ဖန္က်ဳံးက အၿပဳံးေလးႏွင့္ ေျပာလိုက္သည္။
“ စတုတၳသခင္ေလးက ေမွ်ာ္နန္းသခင္ဆီ သခင္ေလးရဲ႕ ေကာင္းေၾကာင္း ေျပာေပးမယ္လို႔ ေျပာလိုက္တယ္။ သခင္ေလး လုပ္ဖို႔လိုတာက ေကာင္းကင္ေ႐ြးခ်ယ္ခံ ဘုရားေက်ာင္းဆီ သြား႐ုံပဲ။ စတုတၳသခင္ေလးက မိစာၦေဝဟင္ေမွ်ာ္နန္းထဲကို ေစာင့္ေပးထားလိမ့္မယ္ ”
က်ဴးဟုန္ကုန္းက သက္ျပင္းခ်ကာ “ စစ္ရွစ္ရွိုးက ငါ့ကို ေကာင္းေကာင္းဆက္ဆံေပးတဲ့ တစ္ဦးတည္းေသာသူပဲ ”
“ ဟုတ္တာေပါ့ ”
“ အခု ထြက္သြားေတာ့။ မင္းက ငါ့ဆီ စကားေလးနည္းနည္း လာေျပာေပး႐ုံနဲ႕ မင္းကို ခြင့္လႊတ္မယ္ ထင္ေနလား ”
“ ဟုတ္တာေပါ့ … ”
က်ဴးဟုန္ကုန္းက ေျမအျမင့္ဆီ ေလွ်ာက္သြားၿပီးေနာက္ ဖန္က်ဳံးကို ၾကည့္လိုက္ကာ “ ငါ မိစာၦေဝဟင္ေမွ်ာ္နန္းမွာ က်င့္ႀကံေနတုန္းက မင္းတို႔လူမ်ိဳးအတြက္ ေနရာမရွိဘူး ” သူက ေမာက္မာစြာ ေျပာလိုက္သည္။ ထို႔ေနာက္ သူက ေျခဖ်ားတစ္ခ်က္ ေထာက္ကာ ေရွ႕သို႔ လႊားခနဲ ခုန္သြားလိုက္သည္။
ထိုအရာကို ျမင္ၿပီး က်ဴးဟုန္ကုန္းက အံ့ေလာက္ဖြယ္ ကိုယ္ေဖာ့သိုင္းမ်ိဳး ထုတ္သုံးလိမ့္မည္ဟု ေတြးၾကလိမ့္မည္။ သို႔ေသာ္လည္း သူက စိုက္က်လာကာ ျပဳတ္က်လာသည္။
ဘုန္း
က်ဴးဟုန္ကုန္းက ေတာင္ေစာင္းမွ ျပဳတ္က်ကာ သူ႕ၿငီးျငဴသံမ်ားက ေတာင္အႏွံ႕ ပ်ံ့ႏွံ႕သြားသည္။
ဖန္က်ဳံးက မ်က္ႏွာကို လက္ျဖင့္ အုပ္ထားလိုက္သည္။
က်စ္ ငါ လုပ္ရမဲ့ဟာကို ေမ့ေနတာပဲ … ငါက အ႒မ သခင္ေလးရဲ႕ က်င့္ႀကံဆင့္ကို ျပန္ေျဖေပးရမွာေလ …
……………..
ေျခာက္နာရီၾကာျမင့္ၿပီးေနာက္
မိစာၦေဝဟင္ေမွ်ာ္နန္းရွိ ခန္းမက်ယ္ထဲ
“ေမွ်ာ္နန္းသခင္ ယြင္ဂိုဏ္းရဲ႕ သံတမန္ လီယြင္ေတာက္က ေတြ႕ခြင့္ေတာင္းေနပါတယ္ ”
“ သူ႕ကို ဝင္ခိုင္းလိုက္ ”
လီယြင္ေတာက္ကို လေရာင္ဆြတ္ နန္းေဆာင္မွ အမ်ိဳးသမိး က်င့္ႀကံသူက ဦးေဆာင္ေခၚလာၿပီး ခန္းမက်ယ္ထဲ ေရာက္လာသည္။
မိစာၦေဝဟင္ေမွ်ာ္နန္းသို႔ လာေရာက္ၾကသူမ်ားအတြက္ စိတ္လႈပ္ရွားသလို သိခ်င္စိတ္ ျဖစ္ေနသည္မွာ မဆန္းလွေပ။ လီယြင္ေတာက္က မိစာၦမ်ားသည္ သူ႕ကို တစ္ခုခုလုပ္လိုက္မည္အား စိုးထိတ္ေနမိ၏။ သူက စိတ္မသက္မသာ ျဖစ္ေနပုံေပၚသည္။ သူက ခန္းမက်ယ္ထဲ စိတ္မသက္မသာ အမူအရာ ေတာင့္တင္းတင္း လႈပ္ရွားမႈမ်ားျဖင့္ ေလွ်ာက္လွမ္းဝင္လာသည္။
လီယြင္ေတာက္က လုက်ိဳးႏွင့္ အၾကည့္ခ်င္း မဆုံရဲေသာ္လည္း ဦးၫႊတ္ကာ ေျပာလိုက္သည္။
“ယြင္ဂိုဏ္းရဲ႕ လီယြင္ေတာက္က ေလာင္ခ်န္းေပ့ကို ဂါရဝျပဳပါတယ္ ”
“ သက္ေတာင့္သက္သာ ထိုင္ပါ ” လုက်ိဳးက လက္ေဝ့လိုက္သည္။
လီယြင္ေတာက္က တဖန္ ဦးၫႊတ္ကာ “ေလာင္ခ်န္းေပ့ရဲ႕ ၾကင္နာမႈအတြက္ ေက်းဇူးတင္ပါတယ္ ”
သူက ေတာင့္တင္းတင္း အမူအရာျဖင့္ ထိုင္ခ်လိဳက္ၿပီးေနာက္ တစ္မိုးေအာက္ အႀကီးျမတ္ဆုံး မိစာၦႀကီးကို ၾကည့္လိုက္သည္။ သူက လုက်ိဳး၏ သြင္ျပင္ကို ျမင္လိုက္ရသည့္အခါ အံ့ဩသြားကာ ႏွလုံးခုန္ပင္ ျမန္မိသြားသည္။ အားလုံးက က်ိထ်န္းေတာက္တြင္ ဆယ္ႏွစ္ေလာက္သာ သက္တမ္းက်န္ေတာ့သည္ဟု ေျပာၾကေသာ္လည္း ေကာင္းေကာင္းမြန္မြန္ ရွိေနဟန္ေပၚသည္။ သူက ဆံပင္နက္တခ်ိဳ႕ပင္ ရွိေနေသး၏။ အခ်ိန္ေစ့ခါနီး လူတစ္ေယာက္၏ အရိပ္အေယာင္မ်ိဳး မရွိေနေခ်။
လီယြင္ေတာက္က ဟြားဝူေတာက္ဆီ အၾကည့္ေရာက္သြားသည့္အခါ သူ႕မ်က္ႏွာထက္ စိတ္ပ်က္သည့္ အမူအရာမ်ိဳး ေပၚထြက္လာသည္။ သူက ဟြားဝူေတာက္ကို မ်က္လုံးေထာင့္မွ ၾကည့္လိုက္သည္။
ယြင္ဂိုဏ္းရဲ႕ အႀကီးအကဲတစ္ေယာက္က မိစာၦလမ္းစဥ္ဘက္ ကူးေျပာင္းသြားေလရာ ဘယ္ေလာက္ေတာင္ ေၾကကြဲဖို႔ ေကာင္းလိုက္သလဲ …
“ ေလာင္ခ်န္းေပ့ … ယြင္ဂိုဏ္းခ်ဳပ္ ၫႊန္ၾကားတဲ့အတိုင္း ေဟးမုလ်န္ကို ေပးဖို႔ ေရာက္လာတာပါ ”
သူက အညိုေရာင္ ပိုးေသတၱာကို ထုတ္လိုက္သည္။ ထိုအခိုက္အတန႔္ သူက နန္းေတာ္မွ မိန္းမစိုးႏွင့္ပင္ တူေနသည္။ သို႔ေသာ္လည္း သူက အနီးမကပ္နိုင္ခင္ မင္ရွစ္ရင္က ေသတၱာကို လုယူလိုက္ၿပီး လုက်ိဳးအား ရိုရိုက်ိဳးက်ိဳး ေပးအပ္လိုက္သည္။
လုက်ိဳးက လက္အသာေဝ့လိုက္သည့္အခါ ေသတၱာက ပြင့္လာေလသည္။
“တင္ … ေဟးမုလ်န္ကို ရရွိပါတယ္။ မိုးေျမ ရတနာ၊ က်င့္ႀကံေရး၊ ကုသေရးနဲ႕ ခ်ီပင္လယ္ ဖြင့္ဖို႔အတြက္ အသုံးျပဳနိုင္ပါတယ္ ”
လုက်ိဳးက ဆုလာဘ္အေနႏွင့္ ကုသိုလ္ရမွတ္ မရရွိေသာေၾကာင့္ နည္းနည္း စိတ္ပ်က္မိသြားသည္။ သူက ေက်ေက်နပ္နပ္ ေခါင္းညိတ္လိုက္ၿပီး “ ကတိတည္တဲ့လူေတြကို သေဘာက်တယ္။ တင္းဖန္ခ်ိဳးကို ဒီေခၚခဲ့ .. ”
“ ဟုတ္ ”
သိပ္မၾကာခင္ က်ိဳးက်စ္ဖုန္းက တင္းဖန္ခ်ိဳးကို ခန္းမက်ယ္ထဲ ေခၚလာသည္။
တင္းဖန္ခ်ိဳးတစ္ေယာက္ သူ႕က်င့္ႀကံဆင့္ကို ပိတ္ဆို႔ထားၿပီးေနာက္ အဖမ္းခံထားရၿပီး ေနေရာင္ကို မျမင္ရသလို ေကာင္းကင္ျပာကိုလည္း မျမင္ေတြ႕ရေခ်။ ထို႔ေၾကာင့္ သူက ရႈပ္ပြေနေသာ ဆံပင္မ်ားႏွင့္ ပိန္ခ်ဳံးခ်ိေနသည့္ ခႏၶာကိုယ္ျဖင့္ အ႐ူးတစ္ေယာက္လို ပုံစံျဖစ္ေနသည္။
လီယြင္ေတာက္က သူ႕အား ၾကည့္လိုက္ၿပီးေနာက္ လက္ႏွစ္ဖက္ယွက္ကာ “ေက်းဇူးတင္ပါတယ္”
“ ဧည့္သည္ကို ျပန္ပို႔လိုက္ၾက ”
“ …” လီယြင္ေတာက္က နည္းနည္း အံ့ဩသြားသည္။ သူက အေဝးႀကီး ခရီးထြက္လာရၿပီး ထိုင္ခုံပင္ ပူေႏြးေအာင္ မထိုင္ရေသးဘဲ ႏွင္ထုတ္ေနၿပီလား။ သူက ျမန္ျမန္ ထရပ္ကာ ေျပာလိုက္သည္။
“ေလာင္ခ်န္းေပ့ … ကြၽန္ေတာ္ ေျပာစရာ တစ္ခု ရွိပါေသးတယ္ ”
“ဘာမ်ားလဲ ” လုက်ိဳးက နားမလည္စြာ ေမးလိုက္သည္။
“အႀကီးအကဲဓားနတ္ဆိုးက လြန္ခဲ့တဲ့ ရက္ပိုင္းေလာက္က ဓားစင္ျမင့္မွာ ကြၽန္ေတာ္တို႔ ဓားသူေတာ္စင္ ေလာ့ရွစ္စန္းကို အနိုင္ယူခဲ့ပါတယ္။ ဓားသူေတာ္စင္က ေလာင္ခ်န္းေပ့ကို သတင္းပါးခိုင္းလိုက္လို႔ပါခင္ဗ်။ တကယ္လို႔ အခြင့္အေရး ထပ္ရွိရင္ သူက အႀကီးအကဲဓားနတ္ဆိုးနဲ႕ ထပ္ယွဥ္ၿပိဳင္ခ်င္ပါတယ္တဲ့ ” လီယြင္ေတာက္က ဦးၫႊတ္လ်က္ ေျပာလိုက္သည္။
“ ယြီရွန္း႐ုန္က ဓားစင္ျမင့္ဆီ လာခဲ့တာလား”
“ ေလာင္ခ်န္းေပ့ မသိထားဘူးလားခင္ဗ်” လီယြင္ေတာက္က အံ့ဩသြားသည္။
လုက်ိဳးက ထိုစကားမ်ားကို စဥ္းစားၾကည့္ေနသည္။
ယြင္ဂိုဏ္းက သူတို႔စိတ္ေျပာင္းလိုက္တာ မဆန္းေတာ့ပါဘူး … ယြီရွန္း႐ုန္က သူတို႔ကို ဖိအားေပးခဲ့တာပဲ …
သူက အရင္ ယြီရွန္း႐ုန္ လုပ္ခဲ့သည့္အရာမ်ားကို အမွတ္ရသြားသည့္အခါ လုက်ိဳးက ေရ႐ြတ္လိုက္သည္ “အဲေကာင္စုတ္ေလးကေတာ့ ”
လီယြင္ေတာက္က ျမန္ျမန္ေျပာလိုက္သည္။
“စီနီယာဓားနတ္ဆိုးရဲ႕ ဓားတိုက္ကြက္ေတြက အရမ္းကို အထင္ႀကီးစရာေကာင္းပါတယ္။ သူ႕ ဝိညာဥ္သုံးပါးျပန္လည္ဝင္ေရာက္ျခင္း တိုက္ကြက္ကို ဓားသူေတာ္စင္က ခ်ီးက်ဴးေနေသးတာ ”
မင္ရွစ္ရင္က ေျပာလိုက္သည္။ “ထြက္သြားေတာ့ ”
“အာ ”
သစၥာေဖာက္တစ္ေယာက္ကို ရွစ္စြင္းေရွ႕ လာခ်ီးက်ဴးေနတာလား … မင္း စိတ္မမွန္ေတာ့ဘူးလား …
မင္ရွစ္ရင္က ထပ္ေအာ္လိုက္သည္ “ တင္းဖန္ခ်ိဳးကို ေခၚၿပီး ထြက္သြားစမ္း ”
“ သြားပါ့မယ္ သြားပါ့မယ္ ” လီယြင္ေတာက္က တင္းဖန္ခ်ိဳးကို ေခၚကာ ခန္းမက်ယ္ႀကီးထဲမွ ထြက္ေျပးသြားေတာ့သည္။ တစ္ခ်ိန္တည္းတြင္ သူက ဓားစင္ျမင့္ကို က်ိန္ဆဲလိုက္၏။
မိစာၦေတြအတြက္ ေလာကဝတ္ဆိုတာ ဘာမွမဟုတ္ဘူးပဲ … သူတို႔ကို ဘယ္ေတာ့မွ ရန္မစတာ အေကာင္းဆုံးပဲ
လီယြင္ေတာက္က တင္းဖန္ခ်ိဳးႏွင့္အတူ ထြက္သြားေလသည္။
လုက်ိဳးက ေသတၱာထဲရွိ ေဟးမုလ်န္ကို ၾကည့္လိုက္သည္။
“ ဒီလို ေဟးမုလ်န္အေသးေလးက ဒီလိုမ်ိဳး အစြမ္းသတၱိေတြ ရွိေနတာကို ေတြးၾကည့္ရင္ …”
ၾကည့္လိုက္သည္ႏွင့္ ေဟးမုလ်န္သည္ အလားအလာေကာင္းေသာ ေဆးဝါး ျဖစ္ေၾကာင္း သိသာလွသည္။
“ရွစ္စြင္း … ဒီေဟးမုလ်န္ေလးက တပည့္ရဲ႕ ခ်ီပင္လယ္ကို တကယ္ ဖြင့္ေပးနိုင္မွာလား”
ေရွာင္ယြမ္အာက သိခ်င္စြာ ၾကည့္လိုက္သည္။
မင္ရွစ္ရင္က အၿပဳံးေလးႏွင့္ ေျပာလာသည္။ “ေဟးမုလ်န္က မိုးေျမရတနာေလ။ ဒါကို စားလိုက္ရင္ ေသမင္းခံတြင္းဝကေနေတာင္ လြတ္လာနိုင္တယ္။ ခ်ီပင္လယ္ ဖြင့္တာေလာက္ေတာ့ မေျပာနဲ႕ေတာ့ ”
ေရွာင္ယြမ္အာက ထိုအေၾကာင္းၾကားသည့္အခါ စိတ္လႈပ္ရွားလာၿပီး ဒူးေထာက္လိုက္ကာ “ ရွစ္စြင္းကို ေက်းဇူးတင္ပါတယ္ ”
သစၥာရွိမႈ +၂
လုက်ိဳးက နံပါတ္ကို ၾကည့္လိုက္သည့္အခါ ေရွာင္ယြမ္အာ၏ သစၥာရွိႏႈန္းက ၈၅ ရာခိုင္ႏႈန္းေက်ာ္ ျဖစ္ေနေၾကာင္း ေတြ႕လိုက္ရသည္။ သူမက တပည့္မ်ားၾကား သစၥာအရွိဆုံး ျဖစ္၏။
လုက်ိဳးက မုတ္ဆိတ္သပ္ကာ ေခါင္းညိတ္ရင္း “ မင္းကို ျပဳစုပ်ိဳးေထာင္ခဲ့ရတာ အလကားမျဖစ္ခဲ့ဘူးပဲ ”
“ ရွစ္စြင္းကို စိတ္မပ်က္ေစရပါဘူး ”
ထိုစဥ္ ဖန္က်ဳံးက ခန္းမက်ယ္ထဲ အေျပးအလႊား ဝင္လာသည္။ သူက ဦးၫႊတ္ကာ “ေမွ်ာ္နန္းသခင္ ေကာင္းကင္ေ႐ြးခ်ယ္ခံ ဘုရားေက်ာင္းက စာပို႔လိုက္ပါတယ္ ”
“ယူခဲ့လိုက္ ”
ဖန္က်ဳံးက စာကို လုက်ိဳးဆီ ေပးလိုက္သည္။
လုက်ိဳးက ဖြင့္ကာ ဖတ္လိုက္ၿပီးေနာက္ “ ရဲတင္းလိုက္တာ ”
ဖတ္ …
လုက်ိဳးက စာကို စားပြဲေပၚ ပစ္ခ်လိဳက္သည္။
မင္ရွစ္ရင္က လက္ေဝ့လိုက္ၿပီး စာကို ယူဖတ္ၾကည့္လိုက္သည့္အခါ “ ေကာင္းကင္ေ႐ြးခ်ယ္ခံ ဘုရားေက်ာင္းက မတန္တဆေဈးေတြ ေတာင္းေနတာပဲ။ သူတို႔က ေကာင္းကင္အဆင့္ လက္နက္သုံးခုနဲ႕ ပါ့ရွစ္တိရဲ႕ ဇင္အစကို ေတာင္းေနတယ္ ”
“ သူက ေကာင္းကင္ေ႐ြးခ်ယ္ခံ ဘုရားေက်ာင္းနဲ႕ ဆက္ဆံေရးေကာင္းတယ္လို႔ ေျပာခဲ့တာ မဟုတ္ဘူးလား” ဟြားဝူေတာက္က နားမလည္နိုင္ ျဖစ္ေနသည္။
“အဲဒီဝက္ေခါင္းက တစ္ခုခု လ်ိဳထားတာပဲ ျဖစ္ရမယ္” မင္ရွစ္ရင္က ေခါင္းကုတ္ကာ လုက်ိဳးကို ၾကည့္လိုက္ၿပီး “ ရွစ္စြင္း … ေလာင္ပါ့က အခုအဖမ္းခံထားရၿပီဆိုေတာ့ ေကာင္းကင္ေ႐ြးခ်ယ္ခံ ဘုရားေက်ာင္းက မိစာၦေဝဟင္ေမွ်ာ္နန္းကို အထင္ေသးေနတာ သိသာတာပဲ ”
...