အခန်း (၁၇၇) အညံ့ခံမလား။ အရိုက်ခံမလား
“နှုတ်ဆက်ပါတယ်” ယွီရှန်းရုန်သည် ဓားစင်မြင့်ထက်ရှိတပည့်များကို တစ်ချက်ကြည့်ပြီး သူ၏ မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ဖြင့် ပြီးစလွယ်သဘောခေါင်းညိတ်ပြလိုက်သည်။ သူ၏ ခန္ဓာ ကိုယ်က ဖျတ်ခနဲလှုပ်ရှားသွားပြီး မျက်တောင်တစ်ခတ်အတွင်း ပေတစ်ရာအကွာသို့ ရောက်သွားပြီ ဖြစ်သည်။ နောက်တစ်စက္ကန့်၌ စင်မြင့်၏အရံအတားများကို ဖြတ်ကျော်လျက်ပျောက်ကွယ်သွား တော့သည်။
လော့ရှစ်စန်းသည် သူ၏ပခုံးပေါ်မှ ဖိအားများပေါ့သွားတာကို ခံစားမိလိုက်သည်။ သူက လျင်မြန်စွာ ဆင်းသက်လာ၏။ သူဆင်းသက်လာသည်နှင့် အနည်းငယ်ယိမ်းယိုင်သွားတော့သည်။
“ရှစ်စွင်း” လော့ရှစ်စန်း၏တပည့်နှစ်ဦးက သူ့ကို ကူရန်အမြန်ပြေးလာကြတော့သည်။
လော့ရှစ်စန်းက သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ပြီးနောက်ပြောလိုက်တော့သည်။
“ငါ စိတ်ပြောင်း သွားပြီလို့ အကြီးအကဲတွေကို အကြောင်းကြားလိုက်။ တင်းဖန်ချိုးက ယွင်ဂိုဏ်းရဲ့ ပင်မတပည့် တစ်ယောက်ပဲ။ ဟေးမုလျန်က အရာဝတ္ထုတစ်ခုသာသာပဲ။ လူတစ်ယောက်ရဲ့ အသက်က ပိုတန်ဖိုးရှိတယ်။ လဲလှယ်ဖို့သဘောတူလိုက်”
“နားလည်ပါပြီ”
ဓားစင်မြင့်နှင့် မိုင်ပေါင်းများစွာဝေးကွာသော တောင်တန်းများကြားထဲ၌ မျှော်နန်းတစ်ခုရှိသည်။
စီးဝူယာ့သည် စင်မြင့်ဘက် သို့ ကြည့်ပြီး ပြုံးလျက်ပြောလိုက်လေ၏။ “အာ့ရှစ်ရှိုး ရှစ်ရှိုးက ရှောင်ရှစ်မေ့အတွက် ခြွင်းချက်တစ်ခုလုပ်ပေးခဲ့တာ အံ့ဩစရာကောင်းလိုက်တာ”
ယွီရှန်းရုန်က မျှော်နန်း၏ထောက်တိုင်များထဲမှ တစ်ခုကိုမှီလျက်ပြောလိုက်တော့သည်။ “ရှောင် ရှစ်မေ့မှာ ထူးကဲတဲ့ပါရမီတွေရှိတယ်။ သူ့ရဲ့ချီပင်လယ်ကို မဖွင့်နိုင်ခဲ့ရင် နှမြောစရာပဲ။ စည်းမျဉ်းတွေ ဆိုတာ လူသားတွေလုပ်ထားတာ။ လူတွေရဲ့ဆုံးဖြတ်ချက်က ကောင်းကင်ကို အနိုင်ယူနိုင်တယ်”
“ယွင်ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ဟေးမုလျန်လဲလှယ်ဖို့ ငြင်းခဲ့တာလို့ ကျွန်တော်ကြားထားတယ်။ အခုမီးထဲဆီထည့်လိုက်ပြီဆိုတော့ တာ့ရှစ်ရှိုး ရလဒ်က နှစ်မျိုးပဲရှိတယ်” စီးဝူယာ့က ယုံကြည်ချက်ရှိရှိပြောလိုက်သည်။
“တစ်ခုကတော့ ယွင်ဂိုဏ်းက အဆုံးထိ တွန်းပို့ခံရပြီး မိစ္ဆာဝေဟင်မျှော်နန်းနဲ့ စတိုက်ခိုက်မှာ။ ဒုတိယ တစ်ချက်ကတော့ ယွင်ဂိုဏ်းက အညံ့ခံပြီး လဲလှယ်ဖို့သဘောတူလိမ့်မယ်။ အာ့ရှစ်ရှိုး ယွင်ဂိုဏ်းက ပထမတစ်ချက်ကို ရွေးချယ်သွားမှာ မစိုးရိမ်ဘူးလား”
“လောင်ချီ မင်း ဉာဏ်ထက်မှန်းငါသိတယ်။ မင်း ဒီလောကထဲက အခြေခံအကျဆုံးအကြောင်း အရင်းကို နားလည်ထားသင့်တယ်” ယွီရှန်းရုန်က ပြုံးပြီးပြောလိုက်တော့သည်။
“အလင်းပြပေးပါဦး အာ့ရှစ်ရှိုး”
“သူတို့ အညံ့မခံချင်ဘူးဆိုရင် သူတို့ကို ရိုက်လိုက်ရုံပေါ့” ယွီရှန်းရုန်က ထိုသို့ပြောပြီးနောက် ခေါင်းခါလိုက်လေ၏။ “ဒါပေမဲ့ ငါ ဒီလို အကြမ်းဖက်တဲ့နည်းလမ်းကို တကယ်သဘောမကျဘူး”
စီးဝူယာ့က ထိုစကားကို ကြားသည့်အချိန်၌ လက်သီးဆုပ်မိုးလျက်ပြောလိုက်တော့သည်။ “ရှစ်ရှိုးဆီက စကားတစ်ခွန်းက ဆယ်နှစ်ကျော်လေ့လာရတာထက်ပိုကောင်းပါတယ် အာ့ရှစ်ရှိုး”
“ငါ့အတွက် ယွင်ဂိုဏ်းကို စောင့်ကြည့်ပေးထား” ယွီရှန်းရုန်က ပြောလိုက်တော့သည်။
“စိတ်မပူပါနဲ့ အာ့ရှစ်ရှိုး”
“ဒါဆိုမင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ”
“အာ့ရှစ်ရှိုးက အားနာလွန်းနေပါပြီ” စီးဝူယာ့က အရိုအသေပေးလျက်လက်သီးဆုပ်လိုက်တော့ သည်။ သူမော့ကြည့်လိုက်ချိန်၌ ယွီရှန်းရုန်၏ စကားများက သူ၏နားထဲတွင် ကြားနေသေးသော်ငြား ယွီရှန်းရုန်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီဖြစ်သည်။ သူက ပြုံးပြီးပြောလိုက်တော့၏။ “ရှောင်ရှစ်မေ့က ရှစ်ရှိုးတို့တွေးသလိုမျိုး အပြစ်ကင်းပြီးသန့်စင်ဖို့မျှော်လင့်မိတယ်။ မဟုတ်ရင် ရှစ်ရှိုးတို့ အားစိုက်ထုတ်မှုက အချည်းနှီးဖြစ်သွားမှာ”
...
နောက်တစ်နေ့တွင် မိစ္ဆာမျှော်နန်း၏မဟာခန်းမထဲတွင် ဖြစ်သည်။
တပည့်များက ဘေးချင်းယှဉ် တစ်တန်းတည်းရပ်နေလေ၏။ လုကျိုးသည် ယွင်ဂိုဏ်းနှင့် ဆွေးနွေး ညှိနှိုင်းရမည့် နည်းလမ်းတစ်ခုကို တွေးနေဆဲဖြစ်ကာ ဟေးမုလျန်ရအောင် ယူနိုင်မည့် နည်းလမ်းကို စဉ်းစားနေ၏။ ယွင်ဂိုဏ်း၏စင်မြင့်ရှစ်ခု၌ သိုင်းပညာရှင်များပြည့်နေလေသည်။
လက်ရှိမိစ္ဆာဝေဟင်မျှော်နန်းက ယခင်ကကဲ့သို့ မဟုတ်ပေ။ တပည့်ကြီးနှင့် ဒုတိယတပည့်သာရှိနေခဲ့လျှင် တာ့ယန်၏နေရာတိုင်းကို အတားအဆီးမရှိသွားနိုင်ပေ၏။
လက်ရှိတွင် ဟွားဝူတောက်ကအသန်မာဆုံးအဖွဲ့ဝင်ဖြစ်နေပြီး ဖန်းရှုဝမ်ကမူ ပြန်လည်ကုစားနေဆဲ ဖြစ်သည်။ ယဲ့ထျန်းရှင်းက သူ၏စွမ်းအင်ဗဟိုချက်ချီပင်လယ် ဖွဲ့တည်နေပြီး မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်အဖြစ်တောင် မတွက်ထားပေ။ ကျောင်းယွဲ့က သူမကျင့်ကြံဆင့်တစ်ဝက်သာ ပြန်ကောင်း သေးပြီး သူမကနတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သို့ မရောက်သေးချေ။ ထိုကြောင့် အားသုံးပြီး ယွင်ဂိုဏ်းကို ဝင်တာက ဉာဏ်ရှိသည့်လုပ်ရပ်မဟုတ်ချေ။
ခိုးရင်ရော...။ လက်တွေ့မကျသည့်အကြံက လုကျိုးစိတ်ထဲပေါ်လာသည်။
ထိုစဉ်အပြင်ဖက်မှ အသံတစ်သံပေါ်ထွက်လာ၏။
“အကြီးအကဲဟွား ဒီရောက်နေပါပြီ” မဟာခန်းမအပြင်ဘက်တွင် ဟွားဝူတောက်က ဖျတ်လတ် တက်ကြွနေပုံရသည်။ သူလမ်းလျှောက်ဝင်လာသည့်တိုင်တောင် ခြေလှမ်းများ၌ နွေဦးများ ပြည့်နေပုံ တောင်ရသည်။ လုကျိုးက လက်သီးနှစ်ဖက်ဆုပ်မိုးပြီး ပြောလိုက်တော့သည်။
“မျှော်နန်းသခင် ယွင်ဂိုဏ်းက အကြောင်းပြန်လာပါပြီ။ သူတို့က တင်းဖန်ချိုးအတွက် ဟေးမုလျန်ကို လဲလှယ်ဖို့ သဘောတူနေပါပြီ။ သူတို့အထူးတမန်တော်က ဒီကိုရောက်လာပါလိမ့်မယ်” သူကပြောလိုက်၏။
လုကျိုးရင်ထဲပျော်ရွှင်သွားလေ၏။ သို့သော် သူ၏မျက်နှာထားက တည်ငြိမ်နေဆဲဖြစ်ကာပြောလိုက် တော့၏။ “သူတို့ စိတ်ပြောင်းသွားတာလား”
“ဒါက” ဟွားဝူတောက်သည် ယွင်ဂိုဏ်းက ရုတ်တရက်ကြီးစိတ်ပြောင်းသွားရသည့်အကြောင်း အရင်းကို သူမသိပေ။ သူသည် တစ်ခါတုန်းက ယွင်ဂိုဏ်းတွင်ရှိခဲ့ဖူးသည်။ ထို့ကြောင့် စင်မြင့်ကို ကူးသည့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ရန် မည်မျှခက်ခဲကြောင်းသိနေပေ၏။ ဟေးမုလျန်အတွက် မိစ္ဆာဝေဟင်မျှော်နန်း၏တောင်းဆိုချက်ကို ငြင်းပယ်တာယုတ္တိရှိသည်။ ရုတ်တရက်ပြောင်းလဲမှုက အမှန်တကယ်အံ့ဩစရာကောင်းပေ၏။
သို့သော် ယင်းက အရေးမကြီးပေ။ သူတို့လဲလှယ်ရန် သဘောတူပြီးဖြစ်သောကြောင့် ယင်းက အကောင်းဆုံးဖြစ်သည်။
“မျှော်နန်းသခင် ယွင်ဂိုဏ်းက တောင်းဆိုချက်ကို သဘောတူလိုက်ပြီဆိုမှတော့ ဒီအခွင့်အရေးကို ဖမ်းဆုပ်ပြီး ကျွန်တော်တို့ရဲ့ စကြာယာဉ်ကို တိုးတက်အောင်လုပ်ရအောင်လား။ မိစ္ဆာဝေဟင်မျှော် နန်းက အစွမ်းထက်တယ်ဆိုပေမဲ့ ရန်သူတွေများနေတာ။ နောင်ကျ မျှော်နန်းသခင်”
ဟွားဝူတောက်က ပြောလိုက်လေ၏။ သူက ဆယ်နှစ်သက်တမ်းကိုပြောချင်သော်ငြား ထိုစကားလုံးကမသင့်တော်ဟု ခံစားမိ၏။ သူက ဆက်ပြောလိုက်သည်။ “နောက်ထပ်မဟာမိတ်ရှိ တာက ရန်သူတစ်ယောက်တစ်ယောက်ရှိနေတာထက်တော့ အမြဲတမ်းပိုကောင်းတယ်လေ”
လုကျိုးက သူ့ကို ဖျတ်ခနဲကြည့်လိုက်လေ၏။
“အကြီးအကဲဟွား ခင်ဗျားဒီလိုသံယောဇဉ်ကြီး တာတော့ ကောင်းပါရဲ့။ ဒါပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းက ဒီလိုမဟာမိတ်ကို မလိုအပ်ဘူး” သူက ထူးမခြားနားပြောလိုက်သည်။
“နောင်ကျ...”
“မနက်ဖြန်အတွက် ဒုက္ခတွေကို မနက်ဖြန်အတွက်ထားလိုက်မယ်” လုကျိုးက ယုံကြည်ချက်ရှိရှိ ပြောလိုက်လေ၏။ “ငါ့လက်ထဲမှာ အချိန်ရှိပါသေးတယ်”
ဟွားဝူတောက်က ဘာမှ ထပ်မပြောရဲတော့ချေ။ သူက မိစ္ဆာဝေဟင်မျှော်နန်းအတွက် အသင့်ဖြစ်နေသေး ပုံရသည်။ သူ၏ပုံစံက မိစ္ဆာဝေဟင်မျှော်နန်း၏ပုံစံနှင့် သဟဇာတမဖြစ်သေးပေ။ သို့သော်ငြား လောနေစရာမလိုချေ။ သူက ဖြည်းဖြည်းချင်းသွားရန်ဆုံးဖြတ်ထား၏။ အနည်းဆုံး တော့ မိစ္ဆာဝေဟင်မျှော်နန်းထဲတွင် ယခုအချိန်ထိလုပ်ခဲ့သောကိစ္စရပ်များက သူလက်ခံနိုင်သော အရာများသာ ဖြစ်သည်။
“မျှော်နန်းသခင် ယွင်ဂိုဏ်းက သူတို့ဟေးမုလျန်ကို လဲလှယ်ဖို့ဆန္ဒရှိရင်တောင် ဟေးမုလျန်တစ်ခုက လူတစ်ယောက်ရဲ့ချီပင်လယ်ကို ဖွင့်ဖို့မလုံလောက်သေးဘူးလေ” ဟွားဝူတောက်က ပြောလိုက်၏။
လုကျိုးက ခေါင်းညိတ်ကာပြောလိုက်တော့သည်။ “ဟေးမုလျန်ဘယ်နှစ်ခုရှိလဲဆိုတာ မင်းသိလား”
ဟွားဝူတောက်ကပြောလိုက်သည်။
"ကျွန်တော်သိသလောက်တော့ ငါးခု။ တစ်ခုက ယွင်ဂိုဏ်းမှာ ဒုတိယတစ်ခုက တာ့ယန်ရဲ့အနောက်တောင်အခွဲ တွမ့်လင်းရဲ့လက်ထဲမှာ။ တတိယတစ်ခုက ရုန်ပေ့မှာ။ စတုတ္ထတစ်ခုက ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းမှာပဲ။ ပဉ္စမတစ်ခုကတော့ ကျွန်တော် ဘယ်မှာလဲမသိဘူး”
ဟွားဝူတောက်၏ စကားများက လုကျိုး၏ ဗဟုသုတများနှင့်တူနေလေသည်။
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်တော့သည်။ “ခင်ဗျားရဲ့ အမြင်မှာ ဒုတိယမြောက် ဟေးမုလျန်ကို ဘယ်နေရာကနေယူသင့်လဲ”
“တွမ့်လင်းအခွဲက အနောက်တောင်ပိုင်းနဲ့ဝေးကွားလွန်းတယ်။ ရုန်ပေ့က တာ့ယန်ကိုကျော်တယ်။ ဒီတော့ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းတစ်ခုပဲ ကျန်တော့တာ” ဟွားဝူတောက်က ပြောလိုက်တော့၏။
“ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းက မဟာနတ္ထိဘုရားကျောင်းနဲ့ ဆက်ဆံရေးကောင်းတယ်။ သူတို့နှစ်ယောက်လုံးက ဗုဒ္ဓကျောင်းတော်တွေပဲ။ ဗုဒ္ဓကျောင်းတော်တွေက သမာသမတ်ဂိုဏ်းနဲ့ မိစ္ဆာ လမ်းကြားက အငြင်းပွါးမှုတွေထဲ တစ်ခါမှ ဝင်မပါခဲ့ဘူး။ သူတို့က ဆွေးနွေးညှိနှိုင်းခွင့်ပေးမယ်ဆိုရင် သူတို့တွေနဲ့ကျွန်တော်တို့တွေ ဆွေးနွေးလို့ရလောက်တယ်” ဟွားဝူတောက်၏ စကားများက ယုတ္တိရှိပုံရသည်။
ထိုစဉ် တိတ်ဆိတ်နေသော မင်ရှစ်ရင်က ပြောလိုက်လေ၏။
“ရှစ်စွင်း ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်”
“ဘာလဲ”
“လောင်ပါ့က ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းနဲ့ ဆက်ဆံရေးကောင်းနေတာ။ ညှိနှိုင်းဖို့အတွက် သူ့ကို ပို့လိုက်လို့ရတယ်” မင်ရှစ်ရင်က ပြောလိုက်တော့သည်။
“ဆက်ဆံရေးကောင်းတယ်လား”
“လောင်ပါ့က မိစ္ဆာဝေဟင်မျှော်နန်းထဲက ထွက်သွားပြီးတဲ့နောက် သူ့အသက်ကို ကယ်တင်ဖို့ကျင့်စဉ် တစ်ခုရဖို့အတွက် ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းက စာအုပ်ကောင်းတွေရအောင် အားစိုက် ထုတ်နိုင်ခဲ့တယ်လေ။ သူဝတ်ထားတဲ့ ဇင်ဝတ်ရုံက ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းကပဲ” မင်ရှစ်ရင်ကပြောလိုက်သည်။
“သူ့ကို ဒီခေါ်လာခဲ့” လုကျိုးကပြောလိုက်လေ၏။
“ဟုတ်ကဲ့ ရှစ်စွင်း” မင်ရှစ်ရင်က ကျူးဟုန်ကုန်းကို ခေါ်ရန်အမြန်ပြေးသွားတော့သည်။
မင်ရှစ်ရင်က ဇဝေဇဝါဖြစ်နေသော ကျူးဟုန်ကုန်းကို မဟာခန်းမထဲခေါ်လာတော့သည်။
ကျူးဟုန်ကုန်းသည် တလကျော်အကြာ၌ အလေးချိန်ကျသွားတော့သည်။ သူသည် မဟာခန်းမသို့ ပြန်ရောက်လာချိန်၌ စိတ်ပူပန်နေသေးဆဲဖြစ်သည်။ သူသည် လူသစ်တစ်ဦးထက်တောင် ပိုဆိုးရွား နေလေ၏။ သူ၏အကြည့်များက တောင်စဉ်ရေမရဖြစ်နေသည်။ ဒူးထောက်ပြီးနောက် ရိုကျိုးစွာ ပြောလိုက်တော့၏။ “နှုတ်ဆက်ပါတယ် ရှစ်စွင်း။ နွေဦးတစ်ထောင် မျိုးဆက်တစ်သောင်း မြင်တွေ့ခွင့်ရပါစေ။ တစ်သက်လုံးအသက်ရှည်နိုင်ပါစေ” မင်ရှစ်ရင်က မျက်မှောင်ကျုံ့လိုက်သည်။ ဒီဝက်က ငါ့ရဲ့ရေပန်းစားမှုကို တကယ်ခိုးနေတာပဲ။
လုကျိုးကပြောလိုက်တော့၏။ “လောင်ပါ့ မင်း အပြစ်ကျူးလွန်မိအောင် လှည့်စားခံခဲ့ရတယ် ဆိုတော့ မင်းကိုယ်မင်းပြန်အဖတ်ဆယ်နိုင်မယ့် အခွင့်အရေးတစ်ခုပေးမယ်”
ကျူးဟုန်ကုန်းက ထိုစကားကို ကြားသည့်အချိန်၌ အပျော်လွန်သွားသည်။ သူက “ကျွန်တော် အဖတ်ဆယ်ဖို့ ဆန္ဒရှိပါတယ်။ ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ကိုဖြတ်ရမယ်ဆိုရင်တောင် ဓားတွေပေါ် နင်းဖြတ်ရမယ်ဆိုရင်တောင် ကျွန်တော်မျက်မှောင်တစ်ချက်မကျုံ့ပါဘူး”
“သိပ်ကောင်းတယ်” လုကျိုးက ပြောလိုက်၏။
“ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းကနေ ဟေးမုလျန်ယူလာဖို့ မင်းကို ရွေးတယ်”
ကျူးဟုန်ကုန်းက ဇဝေဇဝါဖြစ်သွားလေ၏။
ကောင်းကင်ရွေးချယ်ခံဘုရားကျောင်းလား။ သူက မှင်သက်သွားလေသည်။ မျက်နှာထက်တွင် ခါးသက်သော အမူအရာပေါ်လာသော်ငြား သူ၏ရှစ်စွင်းကို မငြင်းဆန်ရဲပေ။
လုကျိုးက ကျူးဟုန်ကုန်း၏မျက်နှာထက်ရှိ တွန့်ဆုတ်နေသောအမူအရာကို မြင်တွေ့သောအခါ မေးလိုက်လေ၏။ “ဘာလဲ။ မင်းဆန္ဒမရှိဘူးလား”
“မဟုတ် မဟုတ် မဟုတ်ဘူး။ ကျွန်တော် ဆန္ဒရှိပါတယ်။ ဟေးမုလျန်နဲ့အတူ သေချာပေါက် ပြန်လာခဲ့ပါ့မယ်” ကျူးဟုန်ကုန်းက တည်တင်းသောမျက်နှာထားဖြင့် စိတ်ရင်းစစ်မှန်မှု မပါဘဲပြောလိုက်လေသည်။
မင်ရှစ်ရင်က ပြုံးပြီးပြောလိုက်တော့၏။ “ဒါဆို မြန်မြန်လုပ်။ မင်းနဲ့ သူတို့ရဲ့ဆက်ဆံရေးအရ ဒါက မင်းအတွက် ပြဿနာမဟုတ်လောက်ဘူး။ ငါ့ကိုယုံ။ ငါတို့က မင်းကို ထိခိုက်မယ့်လမ်းထဲ ပို့နေတာမဟုတ်ဘူး။ မှတ်ထား မင်းက ညှိနှိုင်းဖို့အတွက် အဲ့ဒီကိုသွားတာ။ တစ်ခုခုဖြစ်လာရင် ငါတို့ဆီ သတင်းပို့လိုက်”
“ကျွန်တော်အခုချက်ချင်း သွားလိုက်ပါ့မယ်” ကျူးဟုန်ကုန်းက ခေါင်းညိတ်ပြီး အရိုအသေပေး လိုက်တော့သည်။ သူက ခန်းမထဲမှနောက်ပြန်ထွက်သွားတော့၏။
လုကျိုးက ကျူးဟုန်ကုန်းထွက်သွားသည့် အချိန်ထိစောင့်ပြီးနောက်မေးလိုက်လေသည်။
“ယွင်ဂိုဏ်းရဲ့ အထူးတမန်တော်တွေက ဘယ်အချိန်ရောက်မှာလဲ”
“ခြောက်နာရီမှာ”
...
Zawgyi
အခန္း (၁၇၇) အညံ့ခံမလား။ အရိုက္ခံမလား
“ႏႈတ္ဆက္ပါတယ္” ယြီရွန္း႐ုန္သည္ ဓားစင္ျမင့္ထက္ရွိတပည့္မ်ားကို တစ္ခ်က္ၾကည့္ၿပီး သူ၏ မ်က္ႏွာထက္တြင္ အၿပဳံးေဖ်ာ့ေဖ်ာ့ျဖင့္ ၿပီးစလြယ္သေဘာေခါင္းညိတ္ျပလိုက္သည္။ သူ၏ ခႏၶာ ကိုယ္က ဖ်တ္ခနဲလႈပ္ရွားသြားၿပီး မ်က္ေတာင္တစ္ခတ္အတြင္း ေပတစ္ရာအကြာသို႔ ေရာက္သြားၿပီ ျဖစ္သည္။ ေနာက္တစ္စကၠန႔္၌ စင္ျမင့္၏အရံအတားမ်ားကို ျဖတ္ေက်ာ္လ်က္ေပ်ာက္ကြယ္သြား ေတာ့သည္။
ေလာ့ရွစ္စန္းသည္ သူ၏ပခုံးေပၚမွ ဖိအားမ်ားေပါ့သြားတာကို ခံစားမိလိုက္သည္။ သူက လ်င္ျမန္စြာ ဆင္းသက္လာ၏။ သူဆင္းသက္လာသည္ႏွင့္ အနည္းငယ္ယိမ္းယိုင္သြားေတာ့သည္။
“ရွစ္စြင္း” ေလာ့ရွစ္စန္း၏တပည့္ႏွစ္ဦးက သူ႕ကို ကူရန္အျမန္ေျပးလာၾကေတာ့သည္။
ေလာ့ရွစ္စန္းက သူ႕ကိုယ္သူတည္ၿငိမ္ေအာင္လုပ္ၿပီးေနာက္ေျပာလိုက္ေတာ့သည္။
“ငါ စိတ္ေျပာင္း သြားၿပီလို႔ အႀကီးအကဲေတြကို အေၾကာင္းၾကားလိုက္။ တင္းဖန္ခ်ိဳးက ယြင္ဂိုဏ္းရဲ႕ ပင္မတပည့္ တစ္ေယာက္ပဲ။ ေဟးမုလ်န္က အရာဝတၳဳတစ္ခုသာသာပဲ။ လူတစ္ေယာက္ရဲ႕ အသက္က ပိုတန္ဖိုးရွိတယ္။ လဲလွယ္ဖို႔သေဘာတူလိုက္”
“နားလည္ပါၿပီ”
ဓားစင္ျမင့္ႏွင့္ မိုင္ေပါင္းမ်ားစြာေဝးကြာေသာ ေတာင္တန္းမ်ားၾကားထဲ၌ ေမွ်ာ္နန္းတစ္ခုရွိသည္။
စီးဝူယာ့သည္ စင္ျမင့္ဘက္ သို႔ ၾကည့္ၿပီး ၿပဳံးလ်က္ေျပာလိုက္ေလ၏။ “အာ့ရွစ္ရွိုး ရွစ္ရွိုးက ေရွာင္ရွစ္ေမ့အတြက္ ႁခြင္းခ်က္တစ္ခုလုပ္ေပးခဲ့တာ အံ့ဩစရာေကာင္းလိုက္တာ”
ယြီရွန္း႐ုန္က ေမွ်ာ္နန္း၏ေထာက္တိုင္မ်ားထဲမွ တစ္ခုကိုမွီလ်က္ေျပာလိုက္ေတာ့သည္။ “ေရွာင္ ရွစ္ေမ့မွာ ထူးကဲတဲ့ပါရမီေတြရွိတယ္။ သူ႕ရဲ႕ခ်ီပင္လယ္ကို မဖြင့္နိုင္ခဲ့ရင္ ႏွေျမာစရာပဲ။ စည္းမ်ဥ္းေတြ ဆိုတာ လူသားေတြလုပ္ထားတာ။ လူေတြရဲ႕ဆုံးျဖတ္ခ်က္က ေကာင္းကင္ကို အနိုင္ယူနိုင္တယ္”
“ယြင္ဂိုဏ္းက မိစာၦေဝဟင္ေမွ်ာ္နန္းနဲ႕ ေဟးမုလ်န္လဲလွယ္ဖို႔ ျငင္းခဲ့တာလို႔ ကြၽန္ေတာ္ၾကားထားတယ္။ အခုမီးထဲဆီထည့္လိုက္ၿပီဆိုေတာ့ တာ့ရွစ္ရွိုး ရလဒ္က ႏွစ္မ်ိဳးပဲရွိတယ္” စီးဝူယာ့က ယုံၾကည္ခ်က္ရွိရွိေျပာလိုက္သည္။
“တစ္ခုကေတာ့ ယြင္ဂိုဏ္းက အဆုံးထိ တြန္းပို႔ခံရၿပီး မိစာၦေဝဟင္ေမွ်ာ္နန္းနဲ႕ စတိုက္ခိုက္မွာ။ ဒုတိယ တစ္ခ်က္ကေတာ့ ယြင္ဂိုဏ္းက အညံ့ခံၿပီး လဲလွယ္ဖို႔သေဘာတူလိမ့္မယ္။ အာ့ရွစ္ရွိုး ယြင္ဂိုဏ္းက ပထမတစ္ခ်က္ကို ေ႐ြးခ်ယ္သြားမွာ မစိုးရိမ္ဘူးလား”
“ေလာင္ခ်ီ မင္း ဉာဏ္ထက္မွန္းငါသိတယ္။ မင္း ဒီေလာကထဲက အေျခခံအက်ဆဳံးအေၾကာင္း အရင္းကို နားလည္ထားသင့္တယ္” ယြီရွန္း႐ုန္က ၿပဳံးၿပီးေျပာလိုက္ေတာ့သည္။
“အလင္းျပေပးပါဦး အာ့ရွစ္ရွိုး”
“သူတို႔ အညံ့မခံခ်င္ဘူးဆိုရင္ သူတို႔ကို ရိုက္လိုက္႐ုံေပါ့” ယြီရွန္း႐ုန္က ထိုသို႔ေျပာၿပီးေနာက္ ေခါင္းခါလိုက္ေလ၏။ “ဒါေပမဲ့ ငါ ဒီလို အၾကမ္းဖက္တဲ့နည္းလမ္းကို တကယ္သေဘာမက်ဘဴး”
စီးဝူယာ့က ထိုစကားကို ၾကားသည့္အခ်ိန္၌ လက္သီးဆုပ္မိုးလ်က္ေျပာလိုက္ေတာ့သည္။ “ရွစ္ရွိုးဆီက စကားတစ္ခြန္းက ဆယ္ႏွစ္ေက်ာ္ေလ့လာရတာထက္ပိုေကာင္းပါတယ္ အာ့ရွစ္ရွိုး”
“ငါ့အတြက္ ယြင္ဂိုဏ္းကို ေစာင့္ၾကည့္ေပးထား” ယြီရွန္း႐ုန္က ေျပာလိုက္ေတာ့သည္။
“စိတ္မပူပါနဲ႕ အာ့ရွစ္ရွိုး”
“ဒါဆိုမင္းကိုပဲ ဒုကၡေပးရေတာ့မွာပဲ”
“အာ့ရွစ္ရွိုးက အားနာလြန္းေနပါၿပီ” စီးဝူယာ့က အရိုအေသေပးလ်က္လက္သီးဆုပ္လိုက္ေတာ့ သည္။ သူေမာ့ၾကည့္လိုက္ခ်ိန္၌ ယြီရွန္း႐ုန္၏ စကားမ်ားက သူ၏နားထဲတြင္ ၾကားေနေသးေသာ္ျငား ယြီရွန္း႐ုန္၏ ပုံရိပ္က ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။ သူက ၿပဳံးၿပီးေျပာလိုက္ေတာ့၏။ “ေရွာင္ရွစ္ေမ့က ရွစ္ရွိုးတို႔ေတြးသလိုမ်ိဳး အျပစ္ကင္းၿပီးသန႔္စင္ဖို႔ေမွ်ာ္လင့္မိတယ္။ မဟုတ္ရင္ ရွစ္ရွိုးတို႔ အားစိုက္ထုတ္မႈက အခ်ည္းႏွီးျဖစ္သြားမွာ”
...
ေနာက္တစ္ေန႕တြင္ မိစာၦေမွ်ာ္နန္း၏မဟာခန္းမထဲတြင္ ျဖစ္သည္။
တပည့္မ်ားက ေဘးခ်င္းယွဥ္ တစ္တန္းတည္းရပ္ေနေလ၏။ လုက်ိဳးသည္ ယြင္ဂိုဏ္းႏွင့္ ေဆြးေႏြး ညွိႏွိုင္းရမည့္ နည္းလမ္းတစ္ခုကို ေတြးေနဆဲျဖစ္ကာ ေဟးမုလ်န္ရေအာင္ ယူနိုင္မည့္ နည္းလမ္းကို စဥ္းစားေန၏။ ယြင္ဂိုဏ္း၏စင္ျမင့္ရွစ္ခု၌ သိုင္းပညာရွင္မ်ားျပည့္ေနေလသည္။
လက္ရွိမိစာၦေဝဟင္ေမွ်ာ္နန္းက ယခင္ကကဲ့သို႔ မဟုတ္ေပ။ တပည့္ႀကီးႏွင့္ ဒုတိယတပည့္သာရွိေနခဲ့လွ်င္ တာ့ယန္၏ေနရာတိုင္းကို အတားအဆီးမရွိသြားနိုင္ေပ၏။
လက္ရွိတြင္ ဟြားဝူေတာက္ကအသန္မာဆုံးအဖြဲ႕ဝင္ျဖစ္ေနၿပီး ဖန္းရႈဝမ္ကမူ ျပန္လည္ကုစားေနဆဲ ျဖစ္သည္။ ယဲ့ထ်န္းရွင္းက သူ၏စြမ္းအင္ဗဟိုခ်က္ခ်ီပင္လယ္ ဖြဲ႕တည္ေနၿပီး မိစာၦေဝဟင္ေမွ်ာ္နန္း၏ တပည့္အျဖစ္ေတာင္ မတြက္ထားေပ။ ေက်ာင္းယြဲ႕က သူမက်င့္ႀကံဆင့္တစ္ဝက္သာ ျပန္ေကာင္း ေသးၿပီး သူမကနတ္ဝိညာဥ္ဝဋ္ေႂကြးေခ်နယ္ပယ္သို႔ မေရာက္ေသးေခ်။ ထိုေၾကာင့္ အားသုံးၿပီး ယြင္ဂိုဏ္းကို ဝင္တာက ဉာဏ္ရွိသည့္လုပ္ရပ္မဟုတ္ေခ်။
ခိုးရင္ေရာ...။ လက္ေတြ႕မက်သည့္အႀကံက လုက်ိဳးစိတ္ထဲေပၚလာသည္။
ထိုစဥ္အျပင္ဖက္မွ အသံတစ္သံေပၚထြက္လာ၏။
“အႀကီးအကဲဟြား ဒီေရာက္ေနပါၿပီ” မဟာခန္းမအျပင္ဘက္တြင္ ဟြားဝူေတာက္က ဖ်တ္လတ္ တက္ႂကြေနပုံရသည္။ သူလမ္းေလွ်ာက္ဝင္လာသည့္တိုင္ေတာင္ ေျခလွမ္းမ်ား၌ ေႏြဦးမ်ား ျပည့္ေနပုံ ေတာင္ရသည္။ လုက်ိဳးက လက္သီးႏွစ္ဖက္ဆုပ္မိုးၿပီး ေျပာလိုက္ေတာ့သည္။
“ေမွ်ာ္နန္းသခင္ ယြင္ဂိုဏ္းက အေၾကာင္းျပန္လာပါၿပီ။ သူတို႔က တင္းဖန္ခ်ိဳးအတြက္ ေဟးမုလ်န္ကို လဲလွယ္ဖို႔ သေဘာတူေနပါၿပီ။ သူတို႔အထူးတမန္ေတာ္က ဒီကိုေရာက္လာပါလိမ့္မယ္” သူကေျပာလိုက္၏။
လုက်ိဳးရင္ထဲေပ်ာ္႐ႊင္သြားေလ၏။ သို႔ေသာ္ သူ၏မ်က္ႏွာထားက တည္ၿငိမ္ေနဆဲျဖစ္ကာေျပာလိုက္ ေတာ့၏။ “သူတို႔ စိတ္ေျပာင္းသြားတာလား”
“ဒါက” ဟြားဝူေတာက္သည္ ယြင္ဂိုဏ္းက ႐ုတ္တရက္ႀကီးစိတ္ေျပာင္းသြားရသည့္အေၾကာင္း အရင္းကို သူမသိေပ။ သူသည္ တစ္ခါတုန္းက ယြင္ဂိုဏ္းတြင္ရွိခဲ့ဖူးသည္။ ထို႔ေၾကာင့္ စင္ျမင့္ကို ကူးသည့္ တစ္စိတ္တစ္ဝမ္းတည္းျဖစ္ရန္ မည္မွ်ခက္ခဲေၾကာင္းသိေနေပ၏။ ေဟးမုလ်န္အတြက္ မိစာၦေဝဟင္ေမွ်ာ္နန္း၏ေတာင္းဆိုခ်က္ကို ျငင္းပယ္တာယုတၱိရွိသည္။ ႐ုတ္တရက္ေျပာင္းလဲမႈက အမွန္တကယ္အံ့ဩစရာေကာင္းေပ၏။
သို႔ေသာ္ ယင္းက အေရးမႀကီးေပ။ သူတို႔လဲလွယ္ရန္ သေဘာတူၿပီးျဖစ္ေသာေၾကာင့္ ယင္းက အေကာင္းဆုံးျဖစ္သည္။
“ေမွ်ာ္နန္းသခင္ ယြင္ဂိုဏ္းက ေတာင္းဆိုခ်က္ကို သေဘာတူလိုက္ၿပီဆိုမွေတာ့ ဒီအခြင့္အေရးကို ဖမ္းဆုပ္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ စၾကာယာဥ္ကို တိုးတက္ေအာင္လုပ္ရေအာင္လား။ မိစာၦေဝဟင္ေမွ်ာ္ နန္းက အစြမ္းထက္တယ္ဆိုေပမဲ့ ရန္သူေတြမ်ားေနတာ။ ေနာင္က် ေမွ်ာ္နန္းသခင္”
ဟြားဝူေတာက္က ေျပာလိုက္ေလ၏။ သူက ဆယ္ႏွစ္သက္တမ္းကိုေျပာခ်င္ေသာ္ျငား ထိုစကားလုံးကမသင့္ေတာ္ဟု ခံစားမိ၏။ သူက ဆက္ေျပာလိုက္သည္။ “ေနာက္ထပ္မဟာမိတ္ရွိ တာက ရန္သူတစ္ေယာက္တစ္ေယာက္ရွိေနတာထက္ေတာ့ အၿမဲတမ္းပိုေကာင္းတယ္ေလ”
လုက်ိဳးက သူ႕ကို ဖ်တ္ခနဲၾကည့္လိုက္ေလ၏။
“အႀကီးအကဲဟြား ခင္ဗ်ားဒီလိုသံေယာဇဥ္ႀကီး တာေတာ့ ေကာင္းပါရဲ႕။ ဒါေပမဲ့ မိစာၦေဝဟင္ေမွ်ာ္နန္းက ဒီလိုမဟာမိတ္ကို မလိုအပ္ဘူး” သူက ထူးမျခားနားေျပာလိုက္သည္။
“ေနာင္က်...”
“မနက္ျဖန္အတြက္ ဒုကၡေတြကို မနက္ျဖန္အတြက္ထားလိုက္မယ္” လုက်ိဳးက ယုံၾကည္ခ်က္ရွိရွိ ေျပာလိုက္ေလ၏။ “ငါ့လက္ထဲမွာ အခ်ိန္ရွိပါေသးတယ္”
ဟြားဝူေတာက္က ဘာမွ ထပ္မေျပာရဲေတာ့ေခ်။ သူက မိစာၦေဝဟင္ေမွ်ာ္နန္းအတြက္ အသင့္ျဖစ္ေနေသး ပုံရသည္။ သူ၏ပုံစံက မိစာၦေဝဟင္ေမွ်ာ္နန္း၏ပုံစံႏွင့္ သဟဇာတမျဖစ္ေသးေပ။ သို႔ေသာ္ျငား ေလာေနစရာမလိုေခ်။ သူက ျဖည္းျဖည္းခ်င္းသြားရန္ဆုံးျဖတ္ထား၏။ အနည္းဆုံး ေတာ့ မိစာၦေဝဟင္ေမွ်ာ္နန္းထဲတြင္ ယခုအခ်ိန္ထိလုပ္ခဲ့ေသာကိစၥရပ္မ်ားက သူလက္ခံနိုင္ေသာ အရာမ်ားသာ ျဖစ္သည္။
“ေမွ်ာ္နန္းသခင္ ယြင္ဂိုဏ္းက သူတို႔ေဟးမုလ်န္ကို လဲလွယ္ဖို႔ဆႏၵရွိရင္ေတာင္ ေဟးမုလ်န္တစ္ခုက လူတစ္ေယာက္ရဲ႕ခ်ီပင္လယ္ကို ဖြင့္ဖို႔မလုံေလာက္ေသးဘူးေလ” ဟြားဝူေတာက္က ေျပာလိုက္၏။
လုက်ိဳးက ေခါင္းညိတ္ကာေျပာလိုက္ေတာ့သည္။ “ေဟးမုလ်န္ဘယ္ႏွစ္ခုရွိလဲဆိုတာ မင္းသိလား”
ဟြားဝူေတာက္ကေျပာလိုက္သည္။
"ကြၽန္ေတာ္သိသေလာက္ေတာ့ ငါးခု။ တစ္ခုက ယြင္ဂိုဏ္းမွာ ဒုတိယတစ္ခုက တာ့ယန္ရဲ႕အေနာက္ေတာင္အခြဲ တြမ့္လင္းရဲ႕လက္ထဲမွာ။ တတိယတစ္ခုက ႐ုန္ေပ့မွာ။ စတုတၳတစ္ခုက ေကာင္းကင္ေ႐ြးခ်ယ္ခံ ဘုရားေက်ာင္းမွာပဲ။ ပၪၥမတစ္ခုကေတာ့ ကြၽန္ေတာ္ ဘယ္မွာလဲမသိဘူး”
ဟြားဝူေတာက္၏ စကားမ်ားက လုက်ိဳး၏ ဗဟုသုတမ်ားႏွင့္တူေနေလသည္။
လုက်ိဳးက မုတ္ဆိတ္သပ္လ်က္ေျပာလိုက္ေတာ့သည္။ “ခင္ဗ်ားရဲ႕ အျမင္မွာ ဒုတိယေျမာက္ ေဟးမုလ်န္ကို ဘယ္ေနရာကေနယူသင့္လဲ”
“တြမ့္လင္းအခြဲက အေနာက္ေတာင္ပိုင္းနဲ႕ေဝးကြားလြန္းတယ္။ ႐ုန္ေပ့က တာ့ယန္ကိုေက်ာ္တယ္။ ဒီေတာ့ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းတစ္ခုပဲ က်န္ေတာ့တာ” ဟြားဝူေတာက္က ေျပာလိုက္ေတာ့၏။
“ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းက မဟာနတၳိဘုရားေက်ာင္းနဲ႕ ဆက္ဆံေရးေကာင္းတယ္။ သူတို႔ႏွစ္ေယာက္လုံးက ဗုဒၶေက်ာင္းေတာ္ေတြပဲ။ ဗုဒၶေက်ာင္းေတာ္ေတြက သမာသမတ္ဂိုဏ္းနဲ႕ မိစာၦ လမ္းၾကားက အျငင္းပြါးမႈေတြထဲ တစ္ခါမွ ဝင္မပါခဲ့ဘူး။ သူတို႔က ေဆြးေႏြးညွိႏွိုင္းခြင့္ေပးမယ္ဆိုရင္ သူတို႔ေတြနဲ႕ကြၽန္ေတာ္တို႔ေတြ ေဆြးေႏြးလို႔ရေလာက္တယ္” ဟြားဝူေတာက္၏ စကားမ်ားက ယုတၱိရွိပုံရသည္။
ထိုစဥ္ တိတ္ဆိတ္ေနေသာ မင္ရွစ္ရင္က ေျပာလိုက္ေလ၏။
“ရွစ္စြင္း ကြၽန္ေတာ့္မွာ အႀကံတစ္ခုရွိတယ္”
“ဘာလဲ”
“ေလာင္ပါ့က ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းနဲ႕ ဆက္ဆံေရးေကာင္းေနတာ။ ညွိႏွိုင္းဖို႔အတြက္ သူ႕ကို ပို႔လိုက္လို႔ရတယ္” မင္ရွစ္ရင္က ေျပာလိုက္ေတာ့သည္။
“ဆက္ဆံေရးေကာင္းတယ္လား”
“ေလာင္ပါ့က မိစာၦေဝဟင္ေမွ်ာ္နန္းထဲက ထြက္သြားၿပီးတဲ့ေနာက္ သူ႕အသက္ကို ကယ္တင္ဖို႔က်င့္စဥ္ တစ္ခုရဖို႔အတြက္ ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းက စာအုပ္ေကာင္းေတြရေအာင္ အားစိုက္ ထုတ္နိုင္ခဲ့တယ္ေလ။ သူဝတ္ထားတဲ့ ဇင္ဝတ္႐ုံက ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းကပဲ” မင္ရွစ္ရင္ကေျပာလိုက္သည္။
“သူ႕ကို ဒီေခၚလာခဲ့” လုက်ိဳးကေျပာလိုက္ေလ၏။
“ဟုတ္ကဲ့ ရွစ္စြင္း” မင္ရွစ္ရင္က က်ဴးဟုန္ကုန္းကို ေခၚရန္အျမန္ေျပးသြားေတာ့သည္။
မင္ရွစ္ရင္က ဇေဝဇဝါျဖစ္ေနေသာ က်ဴးဟုန္ကုန္းကို မဟာခန္းမထဲေခၚလာေတာ့သည္။
က်ဴးဟုန္ကုန္းသည္ တလေက်ာ္အၾကာ၌ အေလးခ်ိန္က်သြားေတာ့သည္။ သူသည္ မဟာခန္းမသို႔ ျပန္ေရာက္လာခ်ိန္၌ စိတ္ပူပန္ေနေသးဆဲျဖစ္သည္။ သူသည္ လူသစ္တစ္ဦးထက္ေတာင္ ပိုဆိုး႐ြား ေနေလ၏။ သူ၏အၾကည့္မ်ားက ေတာင္စဥ္ေရမရျဖစ္ေနသည္။ ဒူးေထာက္ၿပီးေနာက္ ရိုက်ိဳးစြာ ေျပာလိုက္ေတာ့၏။ “ႏႈတ္ဆက္ပါတယ္ ရွစ္စြင္း။ ေႏြဦးတစ္ေထာင္ မ်ိဳးဆက္တစ္ေသာင္း ျမင္ေတြ႕ခြင့္ရပါေစ။ တစ္သက္လုံးအသက္ရွည္နိုင္ပါေစ” မင္ရွစ္ရင္က မ်က္ေမွာင္က်ဳံ႕လိုက္သည္။ ဒီဝက္က ငါ့ရဲ႕ေရပန္းစားမႈကို တကယ္ခိုးေနတာပဲ။
လုက်ိဳးကေျပာလိုက္ေတာ့၏။ “ေလာင္ပါ့ မင္း အျပစ္က်ဴးလြန္မိေအာင္ လွည့္စားခံခဲ့ရတယ္ ဆိုေတာ့ မင္းကိုယ္မင္းျပန္အဖတ္ဆယ္နိုင္မယ့္ အခြင့္အေရးတစ္ခုေပးမယ္”
က်ဴးဟုန္ကုန္းက ထိုစကားကို ၾကားသည့္အခ်ိန္၌ အေပ်ာ္လြန္သြားသည္။ သူက “ကြၽန္ေတာ္ အဖတ္ဆယ္ဖို႔ ဆႏၵရွိပါတယ္။ ဓားေတာင္ကို ေက်ာ္ၿပီး မီးပင္လယ္ကိုျဖတ္ရမယ္ဆိုရင္ေတာင္ ဓားေတြေပၚ နင္းျဖတ္ရမယ္ဆိုရင္ေတာင္ ကြၽန္ေတာ္မ်က္ေမွာင္တစ္ခ်က္မက်ဳံ႕ပါဘူး”
“သိပ္ေကာင္းတယ္” လုက်ိဳးက ေျပာလိုက္၏။
“ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းကေန ေဟးမုလ်န္ယူလာဖို႔ မင္းကို ေ႐ြးတယ္”
က်ဴးဟုန္ကုန္းက ဇေဝဇဝါျဖစ္သြားေလ၏။
ေကာင္းကင္ေ႐ြးခ်ယ္ခံဘုရားေက်ာင္းလား။ သူက မွင္သက္သြားေလသည္။ မ်က္ႏွာထက္တြင္ ခါးသက္ေသာ အမူအရာေပၚလာေသာ္ျငား သူ၏ရွစ္စြင္းကို မျငင္းဆန္ရဲေပ။
လုက်ိဳးက က်ဴးဟုန္ကုန္း၏မ်က္ႏွာထက္ရွိ တြန႔္ဆုတ္ေနေသာအမူအရာကို ျမင္ေတြ႕ေသာအခါ ေမးလိုက္ေလ၏။ “ဘာလဲ။ မင္းဆႏၵမရွိဘူးလား”
“မဟုတ္ မဟုတ္ မဟုတ္ဘူး။ ကြၽန္ေတာ္ ဆႏၵရွိပါတယ္။ ေဟးမုလ်န္နဲ႕အတူ ေသခ်ာေပါက္ ျပန္လာခဲ့ပါ့မယ္” က်ဴးဟုန္ကုန္းက တည္တင္းေသာမ်က္ႏွာထားျဖင့္ စိတ္ရင္းစစ္မွန္မႈ မပါဘဲေျပာလိုက္ေလသည္။
မင္ရွစ္ရင္က ၿပဳံးၿပီးေျပာလိုက္ေတာ့၏။ “ဒါဆို ျမန္ျမန္လုပ္။ မင္းနဲ႕ သူတို႔ရဲ႕ဆက္ဆံေရးအရ ဒါက မင္းအတြက္ ျပႆနာမဟုတ္ေလာက္ဘူး။ ငါ့ကိုယုံ။ ငါတို႔က မင္းကို ထိခိုက္မယ့္လမ္းထဲ ပို႔ေနတာမဟုတ္ဘူး။ မွတ္ထား မင္းက ညွိႏွိုင္းဖို႔အတြက္ အဲ့ဒီကိုသြားတာ။ တစ္ခုခုျဖစ္လာရင္ ငါတို႔ဆီ သတင္းပို႔လိုက္”
“ကြၽန္ေတာ္အခုခ်က္ခ်င္း သြားလိုက္ပါ့မယ္” က်ဴးဟုန္ကုန္းက ေခါင္းညိတ္ၿပီး အရိုအေသေပး လိုက္ေတာ့သည္။ သူက ခန္းမထဲမွေနာက္ျပန္ထြက္သြားေတာ့၏။
လုက်ိဳးက က်ဴးဟုန္ကုန္းထြက္သြားသည့္ အခ်ိန္ထိေစာင့္ၿပီးေနာက္ေမးလိုက္ေလသည္။
“ယြင္ဂိုဏ္းရဲ႕ အထူးတမန္ေတာ္ေတြက ဘယ္အခ်ိန္ေရာက္မွာလဲ”
“ေျခာက္နာရီမွာ”
...