ငါ့တပည့်တွေ အကုန် ဗီလိန်တွေချ...

Autorstwa Mortal-Edge

378K 53.9K 447

အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ... Więcej

အကျဉ်းချုပ်
အခန်း (၁) မိစ္ဆာတို့ရဲ့ သခင်
အခန်း (၂) ရန်သူများကို ပြန်လည်မောင်းထုတ်ရန် နည်းဗျူဟာ
အခန်း (၃) သွန်သင်ဆုံးမမှု မပြုဘဲ အတတ်ပညာသာ သင်ပြခြင်းက ဆရာ ပျင်းရိခြင်းမည်၏
အခန်း (၄) ဆိုးယုတ်သောတပည့်များ၏ သဘောထား
အခန်း (၅)အထွတ်အထိတ်သဏ္ဍာန်
အခန်း (၆) အစွမ်းတန်​ခိုးထက်​ဆုံး သိုင်းကွက်​များသာ သိသည်
အခန်း (၇) စတင်ပဲ့ပြင်
အခန်း (၈) ကံစမ်းမဲနှင့် စျေးဆိုင်
အခန်း (၉) ချမှတ်ပေးထားသော တာဝန်များ
အခန်း (၁၀) သေစေနိုင်သော တိုက်ခိုက်မှု
အခန်း (၁၁) ဆက်လက် ဖျော်ဖြေ
အခန်း (၁၂) လမ်းစဥ်အသစ်လား
အခန်း (၁၃) အလုပ်တာဝန် ချပေးခြင်း
အခန်း (၁၄) အလုပ်တာဝန် ပြီးမြောက်ခြင်း
အခန်း (၁၅) တပည့်ဆိုးများ၏ စိတ်ဓာတ်
အခန်း (၁၆) တပည့်ဆိုးများ၏ စိတ်ဓာတ်
အခန်း (၁၇) အသင်အပြ အဆုံးအမ
အခန်း (၁၈) မင်ရှစ်ရင်၏ စူးစမ်းမှု
အခန်း (၁၉) လောကတစ်ခွင် အဖြစ်အပျက်များ
အခန်း (၂၀) ထွက်ပြေးသွားသောတပည့်
အခန်း (၂၁) ကံအမှတ်၏ မှော်ဝင်အစွမ်း
အခန်း (၂၂) တဖန် နုပျိုလာခြင်း
အခန်း (၂၃) ကောင်းကင်ကျမ်း၏ အတိုင်းထက်အလွန်စွမ်းအား
အခန်း (၂၄) ရှစ်စွင်းနှင့်အတူ နတ်ခြင်္သေ့ကို စီးခြင်း
အခန်း (၂၅) အဘိုးကြီးက ကြည့်ရ မဆိုးဘူး
အခန်း (၂၆) ပြန်ပေးဆွဲမှုကို စုံစမ်းခြင်း
အခန်း (၂၇) မင်းက ဆိုးသွမ်းတဲ့ ခေါင်းဆောင်တစ်ယောက်
အခန်း (၂၈) မနာခံမှု
အခန်း (၂၉) ခွန်အားကြီးသော ကျွမ်းကျင်သူများ
အခန်း (၃၀) ကျုပ်စကားနားထောင်ပါ သူတို့ကို ရန်မစမိစေနဲ့
အခန်း(၃၁) လင်းဟူအဖွဲ့အစည်း
အခန်း (၃၂) ဒါက ထောင်ချောက်လို့ ပြောသားပဲ
အခန်း (၃၃) အသက်ရှင်ဖို့ သုံးလပဲ အချိန် ကျန်တော့တယ်
အခန်း (၃၄) အခုမှ အစပဲ
အခန်း (၃၅) ရှစ်စွင်း ထောင်ချောက်ထဲ ကျသွားပြီ
အခန်း (၃၆) ထိပ်ဆုံးသို့ တဖန်ပြန်ရောက်ခြင်း
အခန်း (၃၇) မိစ္ဆာတပည့်
အခန်း (၃၈) မင်းဆီမှာ ရှိတာ အားလုံး ပြန်ယူမယ်
အခန်း (၃၉) ယဲ့ထျန်းရှင်းရဲ့ အစီအစဉ်လား
အခန်း (၄၀) မင်းသတ္တိကောင်းလှချည်လား
အခန်း(၄၁) မိစ္ဆာကြီး ပြန်လာခြင်း
အခန်း (၄၂) အသက်ကြီးလေ ဉာဏ်ပိုကြီးလေ
အခန်း (၄၃) လျှို့ဝှက်ကတ်တွေ မရှိဘဲ ဘာလုပ်မှာလဲ
အခန်း (၄၄) ဝှက်ဖဲများကို ပြန်လည်စုစည်းခြင်း
အခန်း (၄၅) တိုက်ခိုက်ခြင်းက အကောင်းဆုံးခုခံမှု
အခန်း (၄၆) ကံဆိုးခြင်း
အခန်း (၄၇) ရာရာစစ
အခန်း (၄၈) ဆက်ကံစမ်းမယ်
အခန်း (၄၉) အသစ်ရောက်လာသူ
အခန်း (၅၀) ခိုလှုံခွင့် တောင်းခံခြင်း
အခန်း (၅၁) အဓိပ္ပာယ် မရှိတာ
အခန်း (၅၂) အခု အရည်အချင်းပြည့်မီပြီလား
အခန်း ( ၅၃ ) မဖော်ပြနိုင်လောက်သော စွမ်းအား
အခန်း (၅၄) ဓားနတ်ဆိုး၏ ကံကြမ္မာ
အခန်း (၅၅) ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ
အခန်း (၅၆) အရာအားလုံးက သူ့လက်ထဲမှာပဲ
အခန်း (၅၇) ကျောင်းယွဲ့၏တည်နေရာ
အခန်း (၅၈) ပိအန်း
အခန်း (၅၉) အထက်ဆုံးဓား
အခန်း (၆၀) ဓားချစ်သူ
အခန်း (၆၁) မဟာသမာဓိဓာရနီ
အခန်း (၆၂) မဟာနတ္ထိဘုရားကျောင်း၏ အင်အား
အခန်း (၆၃) ဗြဟ္မာသားချော့တေး
အခန်း (၆၄) ပိုကောင်းတဲ့လူဆိုတာ အမြဲရှိတယ်
အခန်း (၆၅) ဝါရင့်ကိုယ်တော်ကို ဉာဏ်အလင်းပွင့်စေတာလား
အခန်း (၆၆) ကျောင်းယွဲ့ကို ခေါ်ဆောင်သွားခြင်း
အခန်း (၆၇) လိမ်ရဲတယ်ပေါ့
အခန်း (၆၈) နန်းတော်မှ ပညာရှင်
အခန်း (၆၉) တပည့်ဆိုးက ပြဿနာထပ်တက်ပြန်ပြီ
အခန်း (၇၀) အိတ်ထဲမှာ
အခန်း (၇၁) အခုထွက်ပြေးဖို့အတွက် သိပ်နောက်ကျသွားပြီလား
အခန်း (၇၂) လိမ်လည်လှည့်ဖြားခြင်း
အခန်း (၇၃) ကျင့်ကြံဆင့် မြှင့်တင်ခြင်း အပိုင်း ၁
အခန်း (၇၄) ကျင့်ကြံဆင့် မြင့်တင်ခြင်း အပိုင်း ၂
အခန်း (၇၅) ထူးဆန်းသောစွမ်းအား
အခန်း (၇၆) ယဲ့ထျန်းရှင်း၏ ဆန်းကြယ်မှု
အခန်း (၇၇) လှောင်အိမ်
အခန်း (၇၈) မဟူရာစစ်သည်တော်များ၏ ခေါင်းဆောင်
အခန်း (၇၉) ဉာဏ်ထက်မြတ်သော မင်ရှစ်ရင်
အခန်း (၈၀) ပေနက်လွှာစာရင်း၌ ထိပ်ဆုံး
အခန်း (၈၁) အစွမ်းထက်သောကူညီသူ
အခန်း (၈၂) ရှစ်စွင်းပြောပြီ
အခန်း (၈၃) ဖန်းရှုဝမ်
အခန်း (၈၄) ထွက်သွားဖို့ မစဉ်းစားနဲ့
အခန်း (၈၅) တပည့်က ကြမ်းတမ်း
အခန်း (၈၆) တပည့်များက ကြမ်းတမ်းမြဲ ကြမ်းတမ်းနေခြင်း
အခန်း (၈၇) တပည့်က ထပ်မံကြမ်းတမ်း
အခန်း (၈၈) မရည်ရွယ်ပါဘူး
အခန်း (၈၉) ပါဝင်ပတ်သက်ခြင်း
အခန်း (၉၀) ရှစ်ရှိုး သက်ညှာပေးပါ
အခန်း (၉၁) မင်းက ငါ့တပည့် မဟုတ်ဘူး
အခန်း (၉၂) မင်ရှစ်ရင် ပြဿနာတက်နေပြီ
အခန်း (၉၃) စုန်းပညာ၏စွမ်းအား
အခန်း (၉၄) ခွဲခွာချိတ်ကောက်
အခန်း (၉၅) မိစ္ဆာအိုကြီးရဲ့ပုံစံလား
အခန်း (၉၆) အမှန်တရားနှင့် အလိမ်အညာများ
အခန်း (၉၇) ချိုင့်ဝင်နေသော အရိုးများ
အခန်း (၉၈) အမှန်တရားလား
အခန်း (၉၉) ကောင်မလေး သိပ်နောက်မကျခင်သွားကြရအောင်
အခန်း (၁၀၀) တင်းဖန်ချိုး၏ စွမ်းအား
အခန်း (၁၀၁) နန်းတော်မှ တစ်စုံတစ်ယောက်
အခန်း (၁၀၂) နတ်လေးသည်တော် သုံးယောက်ထဲမှ တစ်ယောက်
အခန်း (၁၀၃) တုံးအခြင်း၏တန်ကြေး
အခန်း (၁၀၄) ငါက အမြဲတမ်း သက်ညှာပေးပါတယ်
အခန်း (၁၀၅) လာကူကြသော တပည့်များ
အခန်း (၁၀၆) ကျောက်စိမ်းယဇ်ပလ္လင်
အခန်း (၁၀၇) လောင်ပါ့ လူလိမ်
အခန်း (၁၀၈) ဖမ်းဆီးမှုနှင့် ကံစမ်းမဲ
အခန်း (၁၀၉) နှမြောစရာပဲ
အခန်း (၁၁၀) ရန်သူဟောင်း
အခန်း (၁၁၁) ခွဲခွာခြင်းချိတ် မင်းကို ချီးမြှင့်မယ်
အခန်း (၁၁၂) မင်းက ငါ့ကို မကြောက်ဘူးလား
အခန်း (၁၁၃) စွမ်းအင်ငါးဖြာစကြဝဠာ သစ်ပင်ကို ကာကွယ် ဟွားဝူတောက်ကို စောင့်ဆိုင်း
အခန်း (၁၁၄) ငါက အရင်ကလို မဟုတ်တော့ဘူး
အခန်း (၁၁၅) အတိတ်တုန်းက တာ့ယန်မှာ မတူညီတဲ့လမ်းစဉ်မရှိဘူး
အခန်း (၁၁၆) လျို့ဟယ် တာအိုစည်းတံဆိပ်
အခန်း (၁၁၇) မိုးကြိုးသွား
အခန်း (၁၁၈) မင်း ရွေးချယ်မှု လုပ်ရမယ်
အခန်း (၁၁၉) အစွမ်းအထက်ဆုံးအကြီးအကဲ ဟွားဝူလား ဝူဟွားလား
အခန်း (၁၂၀) နှလုံးသားစေရာ လိုက်တဲ့သူက သာမန်မဟုတ်ဘူး
အခန်း (၁၂၁) ကျောင်းယွဲ့ကို ထုတ်ပေးခြင်း
အခန်း (၁၂၂) ကျန်းအိုက်ကျန့်နှင့် ထပ်မံ တွေ့ဆုံခြင်း
အခန်း (၁၂၃) နန်းတော်၏ ပဋိပက္ခများနှင့် ပိုင်လူမျိုးတို့၏ အရိုးများ
အခန်း (၁၂၄) ဓားကောင်းလေး
အခန်း (၁၂၅) ယဲ့ထျန်းရှင်း၏ သေခြင်းတရား
အခန်း (၁၂၆) အကြွေးဆပ်ရန်
အခန်း (၁၂၇) သေတ္တာကို ဖွင့်ရန်နည်းလမ်း
အခန်း (၁၂၈) ရှစ်ယောက်မြောက် တပည့်ကို ဆုံးမခြင်း
အခန်း (၁၂၉) သတ္တမမြောက်တပည့်၏အတွေးများ
အခန်း (၁၃၀) အမြင်မတူခြင်းနှင့် မပြောဘဲ သိသော သဘောတူညီချက်
အခန်း (၁၃၁) ဒုတိယမြောက်တပည့်၏ ရွေးချယ်မှု
အခန်း (၁၃၂) မင်းက ငါ့ကို ကောင်းကောင်းသိတာပဲ ... ရှစ်တိ ဝူယာ့
အခန်း (၁၃၃) ကျင့်စဉ်များပြီးစီးခြင်း
အခန်း (၁၃၄) တာ့ရှစ်ရှိုးရဲ့ မိတ်ဆွေရင်း
အခန်း (၁၃၅) မဟာအမှောင်ကောင်းကင်အောက်မေ့ရာ
အခန်း (၁၃၆) ဝတ်ရုံနီ၏ လာရောက်တွေ့ဆုံမှု
အခန်း (၁၃၇) လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုတာက မဟာကံခေမှုကြီးပဲ
အခန်း (၁၃၈) ဈေးနှုန်းမြင့်မြင့်ဖြင့် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း
အခန်း (၁၃၉) ခြင်္သေ့သားရဲတွင်းသို့သွားပြီး ခြင်္သေ့မုတ်ဆိတ်မွေးကို ဆွဲခြင်း
အခန်း (၁၄၀) ပါ့ရှစ်တိ မတွေ့ရတာကြာပြီ
အခန်း (၁၄၁) ငါက အလွယ်တကူအနိုင်ယူလို့ရတဲ့လူမဟုတ်ဘူး
အခန်း (၁၄၂) ရှစ်တိ မကြောက်နဲ့
အခန်း (၁၄၃) သေတ္တာ၏ လျှို့ဝှက်ချက်
အခန်း (၁၄၄) သဘောထားကြီးသည့် တာ့ရှစ်ရှိုး
အခန်း(၁၄၅) သေတ္တာကိုဖွင့်ဖို့အတွက် အနီရောင်လက်တစ်ဖက်လိုအပ်
အခန်း (၁၄၆) အလဲအလှယ်ကောင်း
အခန်း (၁၄၇) လျစ်လျူရှုထားသောရတနာ
အခန်း (၁၄၈) တိမ်ခွင်းရထားလုံး
အခန်း (၁၄၉) ရွှေနန်းဥယျာဉ်တောင်ကို ရာရာစစ အကွက်ချရဲတယ်ပေါ့
အခန်း (၁၅၀) တမင်တကာ
အခန်း (၁၅၁) နတ်ဆရာဆယ်ပါး၏စွမ်းအား
အခန်း (၁၅၂) ဓားသူတော်စင် လော့ရှစ်စန်း
အခန်း (၁၅၃) နတ်ဆရာဆယ်ပါးရောက်လာပြီ။ ခံတပ်ကိုထိန်းထား
အခန်း (၁၅၄) ထင်မှတ်မထားသော
အခန်း (၁၅၅) ကိုးပါးဖြတ်တောက်ခြင်းလက်ဟန်များ
အခန်း (၁၅၇) ဖန်းရှုဝမ်၏ရွေးချယ်မှု
အခန်း (၁၅၈) ပျင်းစရာကောင်းလောက်အောင် အားနည်းတာပဲ
အခန်း (၁၅၉) ချန်ဟွမ်းလား ယဲ့ထျန်းရှင်း အသက်ရှင်လာပြီ။
အခန်း (၁၆၀) ဝေ့ကျိုးယန်က ဒီလိုမျိုး ဆုံးဖြတ်ထားတာလား
အခန်း (၁၆၁) မင်းရဲ့စီမံမှုကို သိတယ်
အခန်း (၁၆၂) အံ့ဩဖွယ် ပိုင်လူမျိုး
အခန်း (၁၆၃) ပိုးအိမ်ကိုဖောက်ထွက်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုချုပ်နှောင်ခြင်း
အခန်း (၁၆၄) အားအကောင်းဆုံး လက်အောက်ငယ်သား
အခန်း (၁၆၅) မင်းရဲ့ ဆယ်နှစ်အကန့်အသတ်
အခန်း (၁၆၆) ဘယ်သူမှ ငါ့ကို ဘာမှမလုပ်နိုင်ဘူး
အခန်း (၁၆၇) ဒီလိုကံကြမ္မာမျိုး
အခန်း (၁၆၈) ပါ့ရှစ်တိ ... ဒါက မင်း ကောင်းဖို့ပဲ
အခန်း (၁၆၉) လူမိုက်က ပြေးစရာနေရာမရှိ
အခန်း (၁၇၀) ဟေးမုလျန်
အခန်း (၁၇၁) ကျွန်တော့်ရဲ့စစ်မှန်တဲ့နှလုံးသားက နေနဲ့လလိုတောက်ပနေပါတယ်
အခန်း (၁၇၂) လူသစ်လေးက လူသစ်လေးရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိသင့်တယ်
အခန်း (၁၇၃) ပွင့်ချပ်ခုနစ်လွှာ ဟွားဝူတောက် သင်္ကေတကိုးခု လျှို့ဟယ်တာအိုစည်းတံဆိပ
အခန်း (၁၇၄) ဓားနတ်ဆိုး၏ အကျင့်
အခန်း (၁၇၅) ပြန်ရောက်လာခြင်း၊ ဝိညာဉ်သုံးခုထဲဝင်ရောက်ခြင်း
အခန်း (၁၇၆) ခြွင်းချက်
အခန်း (၁၇၇) အညံ့ခံမလား။ အရိုက်ခံမလား
အခန်း (၁၇၈) မတန်တဆဈေး
အခန်း (၁၇၉) ရွေးချယ်စရာမရှိ
အခန်း (၁၈၀) ငါက အမြဲတမ်း အကျိုးအကြောင်းသင့်တဲ့သူပါ
အခန်း (၁၈၁) မျဉ်းတစ်ကြောင်း
အခန်း (၁၈၂) မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်
အခန်း (၁၈၃) အံ့ဖွယ်ကိုယ်တော်ကြီးလေးပါး ဝမ်ကျွယ်ကျိကျန်း
အခန်း (၁၈၄) အနန္တလေးလေးပါး၊ ကိုယ်တော်များ ပေါင်းစည်းခြင်း
အခန်း (၁၈၅) မိသားစုတိုင်းမှာကိုယ်ပိုင်ပြဿနာရှိကြတယ်
အခန်း (၁၈၆) ကောင်းကင်အပိုင်းအစ
အခန်း (၁၈၇) ခုနစ်စင်ကြယ်ဝိညာဉ်
အခန်း (၁၈၈) နောက်ထပ် အမှိုက်လား
အခန်း (၁၈၉) နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်
အခန်း (၁၉၀) ထွက်ခွာခြင်း
အခန်း (၁၉၁) နိဗာနခါးစည်း
အခန်း (၁၉၂) မင်းဘာသာ လွတ်မြောက်လာပြီးတော့ အရှင်သခင် ဖြစ်လာ
အခန်း (၁၉၃) သူကလေးတစ်ယောက် မဟုတ်တော့ဘူး
အခန်း (၁၉၄) ပူးပေါင်းခြင်း
အခန်း (၁၉၅) ဆယ့်ခြောက်နှစ်တွင်
အခန်း (၁၉၆) အန်းယန်ဆီ တစ်ခေါက်ပြန်လာခြင်း၊ မြို့အတူတူ၊ ဖြစ်သော်ငြား ကွဲပြားနေသော
အခန်း (၁၉၇) အာ့ရှစ်ရှိုးနှင့် ပထမဆုံးအကြိမ်တွေ့ဆုံချိန်

အခန်း (၁၅၆) အချင်းချင်း ဖျက်ဆီးနေသည်အား အဆုံးသတ်ရန် ဘိုးဘေးများ၏ ဆုံးဖြတ်ချက်

1.3K 205 2
Autorstwa Mortal-Edge

အခန်း (၁၅၆) အချင်းချင်း ဖျက်ဆီးနေသည်အား အဆုံးသတ်ရန် ဘိုးဘေးများ၏ ဆုံးဖြတ်ချက်

ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့က သူတို့ခေါင်းဆောင်ကို ယုံရခက်စွာ ကြည့်လိုက်ကြသည်။

“ခေါင်းဆောင်”

“အဖွဲ့ခေါင်းဆောင်”

“ဘာလုပ်လိုက်တာလဲ ” ယွဲ့ချုံးက အော်ပြောလိုက်သည်။

ဖန်ကျုံး သတိပြုမိဖို့ အချိန်တချို့ ကြာမြင့်လိုက်သည်။ သူက ပြောလိုက်၏။

“ ပါးစပ်ပိတ်ထား … ဖန်းရှုဝမ်က စွဲလမ်းအောင် ပြုစားခံထားရတာ။ မျှော်နန်းသခင်က သူ့ကို ပြန်ဖြေပေးနေတာ။ မင်းတို့ ကျေးဇူးတင်သင့်တယ် ”

“ စွဲလမ်းအောင် ပြုစားခံထားရတာလား ” ယွဲ့ချုံးက ကြောင်အမ်းသွားသည်။

“ မင်းတို့ဘာသာ ကြည့်ကြ ” ဖန်ကျုံးက စုန်းအတတ်ကို လေ့လာဖူးလေသည်။ စုန်းအတတ်ကို နားမလည်သူများက ဒီအရာမှ ဘာမှသိမည် မဟုတ်ပေ။ သူလည်း နေရခက်သည့် အခြေအနေကြား ကျရောက်နေလေ၏။ လုကျိုးက ကျင့်မင်တာအိုဂိုဏ်း၏ ကျင့်ကြံဆင့် စည်းပိတ်ခြင်း ပညာရပ်ကို လက်ဝါးချက် တစ်ခါရိုက်ရုံဖြင့် ဖြေရှင်းခဲ့သောကြောင့် သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေလေသည်။

ထိုစဉ် ကြောင်အမ်းအမ်း ဖြစ်နေပြီးနောက် ဖန်းရှုဝမ်က ပုံမှန်ပြန်ဖြစ်သွားသည်။ သူက ရုတ်ခြည်း ဒေါသထွက်လာကာ “ ငါ လန်လော့ကို ရန်စသူတိုင်း သေရမယ် ”

ဖန်းရှုဝမ်က သူ့တာအိုကိုယ်ပျောက် အစွမ်းထက်ဆုံး တိုက်ကွက်ဖြင့် စလိုက်သည်။ သူ့ ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန်အောက်တွင် ဖန်းရှုဝမ်၏ အရိပ်က ကောင်းကင်အပြည့် ဖြစ်လာသည်။

ယခင် ပေနက်လွှာ ထိပ်ဆုံးတွင်ရှိသည့်သူ ပြန်ရောက်လာလေပြီ။

ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့လည်း မြင်ကာ အံ့ဩသွားကြသည်။

အခြားသော နတ်ဆရာကိုးယောက်ကလည်း ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန် ပေါ်ထွက်လာမှုကို မြင်ကာ အံ့ဩကုန်ကြသည်။

ဘန်း ဘန်း ဘန်း

ဝူရှန့်အနားတွင် အရိပ်များစွာ ဖျတ်ခနဲပေါ်လာကာ တိုက်ခိုက်လိုက်သည်။ သူ့ဆီ စွမ်းအားများက မြားမိုးသဖွယ် ကျဆင်းလာသည်။

ဖန်ကျုံးက အတော် အံ့အားသင့်သွားကာ  “ဒါက လန်လော့ရဲ့ တကယ့်အင်အားအစစ်အမှန်ပဲ ဖြစ်ရမယ်။ သူက ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန်ပိုင်ရှင်ပဲလေ … သူက ရာစုနှစ်များစွာ သီးသန့်နေလာတာ။ မော့လီက ဘယ်သူလဲ။ သူက ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန်ပိုင်ရှင် ဖန်းရှုဝမ်ကို ဘယ်လိုများ ထိန်းချုပ်နိုင်သွားတာလဲ ”

ဖန်းရှုဝမ်၏ တိုက်ခိုက်မှုများက ကောင်းကင်ရော မြေပြင်ပါ လွှမ်းခြုံထားလေသည်။ နတ်ဆရာဆယ်ယောက်၏ ခေါင်းဆောင်ဖြစ်သူ ဝူရှန့်ပင် အရေးနိမ့်နေလေသည်။

“သခင်ဝူရှန့်” အခြားနတ်ဆရာများက လှမ်းအော်လိုက်ကြသည်။

“ မင်းတို့က ငါ့ကို ကြည့်နေသင့်တယ် ” တွမ့်မူရှန်းက နယ်ရှင်လှံဖြင့် ပေါ်လာကာ တခြားသူများကို တိုက်ခိုက်လိုက်သည်။

“ငါ့ကိုလည်း မေ့မထားကြနဲ့” မင်ရှစ်ရင်လည်း လေထဲမှ လျှောက်လှမ်းလာကာ ခွဲခွာချိတ်ကောက်ကို ကိုင်ဆွဲလာသည်။

သူတို့နှစ်ယောက်လုံးတွင် ကောင်းကင်အဆင့် လက်နက်များ ပိုင်ဆိုင်ထားကြ၏။ ပွင့်ချပ်သုံးလွှာ သို့မဟုတ် လေးလွှာမျှ ကျင့်ကြံဆင့်ရှိသည့် နတ်ဆရာကိုးယောက်နှင့် ရင်ဆိုင်ရာတွင် သူတို့က ထိန်းထားနိုင်သည်။ ပြဿနာက သူတို့တွင် ပြိုင်ဖက်ကိုးယောက် ရှိနေခြင်း ဖြစ်၏။

သူတို့က စုန်းအတတ် ကျင့်ကြံသူများ ဖြစ်ပြီး ဂါထာရွတ်ဖတ်ဖို့ အချိန်လိုလျှင်ပင် တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့က အရေအတွက်အားဖြင့် အရေးနိမ့်နေသေး၏။ သူတို့အနေနှင့် နတ်ဆရာဆယ်ယောက်ထဲက ဖြစ်သည့် စုန်းအတတ် ပညာရှင် ကိုးယောက်ကို မည်သို့ရင်ဆိုင်နိုင်မည်နည်း။

“ခေါင်းဆောင် ” ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့၏ အကြည့်များက ပြင်းပြလာကြသည်။ သူတို့က ဖန်းရှုဝမ်အတွက် အသက်ကိုပင် စတေးနိုင်၏။ သူတို့က အချင်းချင်း ကောင်းကောင်းသိကြပြီး တစ်ယောက်နှင့် တစ်ယောက် အပြည့်အဝ ယုံကြည်ကြသည်။

သူတို့က ဖန်းရှုဝမ်သည် အသက်ကို စတေး၍ အားကောင်းသည့် ရန်သူနှင့် ရင်ဆိုင်နေသည်ကို မြင်သည့်အခါ အေးဆေးထိုင်ကြည့်မနေနိုင်ပေ။

လုကျိုးက မုတ်ဆိတ်အသာသပ်ကာ  “အခု မြင်ပြီမလား ”

ဖန်ကျုံးက ရှင်းပြလိုက်သည်  “လန်လော့က ထိန်းချုပ်ခံထားရတာပဲ။ မင်းတို့ ညီအစ်ကိုလေးယောက်လုံးက ဒီကစားပွဲအတွက် နယ်ရုပ်သာသာပဲ။ အခု မင်းကို ထိန်းချုပ်ထားတဲ့သူက မင်းရှေ့တည့်တည့်ရောက်နေပြီ ”

“နတ်ဆရာဆယ်ယောက် …” ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့က ဖန်းရှုဝမ်နှင့် တစ်လှေတည်းစီးသူ ဖြစ်ရာ သူတို့ ရထားလုံးပျံပေါ် ရှိကတည်းက အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။ သူတို့ ဒေါသမထွက်စရာ အကြောင်းမရှိပေ။

ဖန်ကျုံးက သူတို့ဆီ လျှောက်လာကာ လက်ကို မြောက်လျက် အသာထိလိုက်သည်။

ဘတ် ဘတ် …

သူတို့ကျင့်ကြံဆင့်များအပေါ် အဟန့်အတားအားလုံးကို ဖြေလျော့ပေးလိုက်သည်။ သူတို့ခန္ဓာကိုယ်မှ ချီစွမ်းအားများက ရေပူစမ်းလိုမျိုး ထွက်လာသည်။ သူတို့က သူတို့အထဲ စီးဆင်းနေသည့် ရင်းနှီးကျွမ်းဝင်ပြီးသား ခံစားချက်မျိုးကို ပြန်ခံစားမိလိုက်ကြသည်။

လုကျိုးက သူတို့အား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။

ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့က အားကောင်းသည့် မိစ္ဆာဝေဟင်မျှော်နန်းသခင်နှင့် ထိပ်တိုက် မရင်ဆိုင်ရဲပေ။ ကိုးပါး ဖြတ်တောက်ခြင်းလက်ဟန်က ပွင့်ချပ်ခုနှစ်လွှာ စိတ်ဝိညာဉ်သဏ္ဍာန်ပိုင်ရှင် ရန်ပုဖင်းကိုပင် ချက်ချင်း အနိုင်ပိုင်းပစ်လိုက်သည် မဟုတ်ပါလော။ သူတို့က ထိုအကြောင်းကို ပြန်တွေးမိတိုင်း စိတ်ထဲ အကြောက်တရားရှိနေသေးသည်။ ထို့အပြင် မိစ္ဆာဝေဟင်မျှော်နန်း၏ အမှားလည်း မဟုတ်ချေ။ တကယ့် တရားခံက သူတို့ရှေ့တွင် ရှိနေသည်။

ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့က အကြည့်ချင်း ဖလှယ်လိုက်ပြီး လေထဲ ခုန်ဝင်ကာ  “ငါတို့ကိုပါ ထည့်တွက်လိုက် ”

အပိုနှစ်ယောက် တိုးလာခြင်းက နတ်ဆရာကိုးယောက်အပေါ် ဖိအားတိုးလာစေသည်။

မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က ပြိုင်ဘက်နှစ်ယောက်စီ တာဝန်ယူလိုက်၏။

ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့က တစ်ယောက်စီ ရင်ဆိုင်လိုက်ကြသည်။ ထို့အပြင် နောက်ထပ် နတ်ဆရာသုံးယောက် ကျန်နေသေး၏။

လုကျိုးက ဝူကျိ၊ ဝူဖင်းနှင့် ဝူကျန်းတို့အား ကြည့်လိုက်သည်။ ဝူရှန့်အပြင် သူတို့သုံးယောက်က နတ်ဆရာများကြား အားအကောင်းဆုံး ဖြစ်ကြသည်။

ဝူရှန့်က ကောင်းကင်ထဲ ရှိနေပြီး တိမ်ခွင်းရထားလုံးပေါ် ဝေ့ဝဲနေရင်း ဖန်းရှုဝမ်နှင့် ရင်ဆိုင်နေသည်။ သူ့အသံက ကောင်းကင်အထက် ပျံ့လွင့်လာသည်။  “ မင်းတို့တွေ နတ်ဆရာဆယ်ယောက်ကို အနိုင်မယူနိုင်ဘူး ”

လုကျိုးလည်း အသံထွက်လာသည်။

“မင်းက ငါ့ကို မေ့ထားတာကိုး ”

လုကျိုးက အချိန်ဆက်မဖြုန်းတော့ဘဲ သူ့လက်ထဲမှ နောက်ထပ် မိုးကြိုးကတ်သုံးကတ်ကို ဝူကျိ၊ ဝူဖင်းနှင့် ဝူကျန်းဆီ ပစ်လွှတ်လိုက်သည်။ အားပြင်းပြင်း မိုးကြိုးချက်များက သူတို့ဆီ ပြေးဝင်လာ၏။

အခြားလူများလည်း အံ့ဩတုန်လှုပ်သွားကြသည်။

လုကျိုးက ကတ်သုံးကတ် ပစ်လွှတ်ပြီးနောက် လက်နောက်ပစ်လျက် အေးဆေးရပ်နေသည်။ သူက တိုက်ပွဲကို အေးအေးလူလူ ရှုစားနေ၏။

တိမ်များက စုစည်းလာကာ မိုးခြိမ်းသံများလည်း တဂျိန်းဂျိန်း ထွက်လာသည်။ စွမ်းအားနှင့် ရောနေသည့် မိုးကြိုးချက်က ချက်ချင်း ပေါ်လာသည်။

နတ်ဆရာသုံးယောက်က ချက်ချင်း အကာအကွယ်များ ထုတ်လိုက်ကြသည်။ ထွက်ပြေးဖို့ အချိန်မရှိချေ။ မိုးကြိုးချက်များက အချင်းအားဖြင့် မီတာများစွာရှိ၏။ သူတို့ မြင်ဖူးသည့်အရာများနှင့် မတူပေ။

ဒါ မိုးကြိုးသွား မဖြစ်နိုင်ဘူး … ကောင်းကင်လျှပ်စီးချက်ပဲ ဖြစ်ရမယ်

ဝူကျိက အကာအကွယ် ထုတ်လိုက်သည့်အချိန် သူ့အကြည့်ထဲ မျှော်လင့်ချက်ကုန်ဆုံးသည့် အရိပ်အယောင်တချို့ ပေါ်လာသည်။ တစ်ချိန်တည်းတွင် သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာပြီး ‘နတ်ဆရာဆယ်ယောက် လုပ်တာ မှားနေတာများလား။ မဟုတ်ရင် ကောင်းကင်လျှပ်စီးက ငါတို့ဆီ ဘယ်လိုလုပ်ကျရောက်လာမှာလဲ ’

ဝုန်း ဝုန်း ဝုန်း

မိုးကြိုးသုံးချက်က သက်ဆို်ရာ ပစ်မှတ်များကို ထိသွားကြသည်။ သုံးယောက်လုံး တစ်ပြိုင်နက် လွှင့်စင်သွားကြ၏။

ဝူကျိက သွေးတစ်ပွက်အန်လိုက်ရသည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ ခရမ်းအလင်းစက်ဝန်း ပေါ်လာပြီးနောက် လေထဲ ပြန့်ကျဲသွားလေသည်။

လုကျိုးက နှလုံးခုန် တစ်ချက်မြန်သွားသည်။ တစ်ချိန်တည်းတွင် သူက စနစ်မှ အသိပေးချက်ကို ကြားလိုက်ရသည်။

“ တင်း … ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် တစ်ရာ ရပါမယ် ”

၁ ရာခိုင်နှုန်း သတ်ဖြတ်နိုင်ခြေပဲ ရှိတာကို အခု မင်းရဲ့ ကံဆိုးမှုကိုသာ အပြစ်တင်လိုက်တော့ …

လုကျိုးက ခေါင်းယမ်းလိုက်သည်။

တော်သေးတာက ငါ အသေရိုက်ချက် မသုံးခဲ့လို့ မဟုတ်ရင် ငါတော့ ဒီအလောင်းအစားမှာ ဘောင်းဘီတောင် ချွတ်ပေးနေရလောက်ပြီ။

လုကျိုးက သက်ရှိလူကို ပူးကပ်ထားသည့် လူသေကို သတ်လိုက်သည့်အခါ သူ ရရှိလိုက်သည့် ကုသိုလ်ရမှတ်က သက်ရှိလူအတွက်သာ ဖြစ်၏။ မိုးကြိုးချက်နှစ်ချက်မှ အခြားလူနှစ်ယောက်က ဒဏ်ရာရတာနှင့် ဒဏ်ရာအပြင်းအထန် အသီးသီးရသွားကြသည်။

နောက်ဆုံးတော့ ငါလေး ကံတက်လာပုံပဲ… သေတ္တာဖွင့်တာဖြစ်ဖြစ်၊ နတ်ခြင်္သေ့ပေါ်လာတာနဲ့ ၁ ရာခိုင်နှုန်း  သတ်ဖြတ်နိုင်ခြေတို့အားလုံးက လုကျိုးအား အံ့အားသင့်သွားစေသည်။

လုကျိုးက အတွေးနက်နေစဉ် ဝူရှန့်၏ အသံကို ကြားလိုက်ရသည်။

“ အချိန်မကျန်တော့ဘူး။ ငါ့ဆီ လာခဲ့” ဝူရှန့်က ဖန်းရှုဝမ်သည် သူ့အား အခက်အခဲများစွာ ပေးနေ၍ အံ့ဩနေမိသည်။ သူ့စိတ်ထဲမှ ဒေါသက မြန်မြန်သာ အဆုံးသတ်မိချင်၏။ သူ့မျက်နှာအထက် သတ်ဖြတ်လိုသည့် အမူအယာ ပေါ်လာစဉ် သူ့စိတ်ထဲ အသံတစ်သံကို ကြားလိုက်ရသည်  “သခင်ဝူရှန့် ကျေးဇူးပြုပြီး ကိုယ့်ဘာသာ မဖောက်ခွဲပစ်လိုက်ပါနဲ့ ”

ဝူရှန့်က ဖန်းရှုဝမ်၏ တိုက်ခိုက်မှုကို ကာကွယ်နေစဉ်  “ နတ်ဆရာဆယ်ယောက်က မင်းတို့ကြောင့် သိက္ခာကျကုန်ပြီ။ ဒါကို နတ်ဆရာမျိုးဆက်အတွက် သတိပေးချက်ကို မှတ်ယူလိုက်ကြ ”

“ ကျွန်တော်တို့ သခင်ဝူရှန့်နောက် သေတဲ့အထိ လိုက်ပါ့မယ် ” နတ်ဆရာရှစ်ယောက် က တစ်ပြိုင်နက် အော်လိုက်ကြသည်။

လုကျိုးက အမိန့်ပေးလိုက်သည်။

“ပျံသန်းလိုက်တော့ ”

“ဟုတ်” ရှောင်ယွမ်အာနှင့် ကျောင်းယွဲ့တို့က ချက်ချင်း သူတို့ချီများကို တိမ်ခွင်းရထားလုံးထဲ ထည့်ကာ အသက်သွင်းလိုက်ကြသည်။

ဝူရှန့်ကို ဖန်းရှုဝမ်က ထိန်းထားစဉ် မဟာအစီအရင်ကလည်း အထွတ်အထိပ်အခြေအနေတွင် ရှိမနေပေ။ ထို့ကြောင့် တိမ်ခွင်းရထားလုံးက အေးအေးဆေးဆေး ထွက်သွားနိုင်၏။

တိမ်ခွင်းရထားလုံးက တောက်ပလာသည်။

ဝှစ်

ထို့နောက် မဟာအစီအရင် အစွန်းအဖျားဆီ ပျံသန်းသွားလိုက်သည်။

“စန်းရှစ်ရှိုး .. စစ်ရှစ်ရှိုး … ”

မင်ရှစ်ရင်က သူ့ခွဲခွာချိတ်ကောက်ကို ပြန်သိမ်းကာ အပြုံးလေးဖြင့်  “ မင်းတို့နှစ်ယောက်ကို အနိုင်မယူနိုင်ဘူးပဲ။ နတ်ဆရာဆယ်ယောက်ဆိုတဲ့အတိုင်းပဲ”

သူက လေထဲမှ နောက်ပြန်ဆုတ်လိုက်သည်။

တွမ့်မူရှန်းလည်း အတူတူ ဖြစ်၏။ သူလည်း နယ်ရှင်လှံကို ပြန်သိမ်းကာ  “ တကယ့် ယောကျ်ားစစ်က သွက်လက်ရတယ်။ ငါတို့ တစ်ရက်ကျ ထပ်တိုက်ကြတာပေါ့ ”

ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်လည်း ထိုဇာတ်ကြောင်းကြောင့် အံ့အားသင့်သွားလေသည်။

ဖန်းရှုဝမ်က ဒေါသတကြီးဖြင့်   “ မော့လီ ငါ သေရင်တောင် မင်းကို အေးအေးဆေးဆေး မနေစေရဘူး “

“ခေါင်းဆောင်”

“ယွဲ့ချုံး၊ တွမ့်ယန်ဟုန်  မင်းတို့သေရမှာကြောက်ရင် အခုထွက်သွားကြ။ ငါ လန်လော့ သူတို့ကို ထိန်းထားမယ် ”

လန်လော့က ဝူရှန့်နှင့် အနီးကပ်ဆုံး ဖြစ်၏။ သူ့စိတ်ဝိညာဉ်သဏ္ဍာန်က ဝူရှန့်၏ လက်တံများကြောင့် ချုပ်နှောင်ခံထားရသည်။

နှစ်ယောက်လုံးက အခြေအနေတူ ဖြစ်နေသည်။ သူတို့က မည်သူနောက်ဆုံးကျန်ရစ်မလဲ စောင့်ကြည့်ချင်နေကြသည်။ ဝူရှန့်တွင် အချိန်အကန့်အသတ်ရှိပြီး သူတို့တိုက်ပွဲသာ ဆက်ဖြစ်နေလျှင် ဖန်းရှုဝမ်ကို အနိုင်ပိုင်းနိုင်မည် မဟုတ်ချေ။ ဤသို့ဖြစ်၍ ကိုယ့်ဘာသာ ဖောက်ခွဲပစ်လိုက်ခြင်းက အကောင်းဆုံး ဖြစ်၏။ အားလုံးက အင်အားအပြည့်ဖြင့် ဖောက်ခွဲကာ ရန်သူကိုပါ အပါခေါ်သွားကြသည်။ သူတို့က သေဆုံးပြီးသားဖြစ်၍ သေခြင်းတရားကို အဘယ်ကြောင့် ကြောက်နေရမည်နည်း။

အနီဝတ် ကျင့်ကြံသူများက မြန်မြန် နောက်ဆုတ်ကုန်ကြသည်။

နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူများက သူတို့အကျွမ်းကျင်ဆုံးနည်းလမ်းဖြင့် ထွက်ပြေးကုန်ကြသည်။ သို့သော်လည်း အနီဝတ် ကျင့်ကြံသူများက နှေးကွေးလွန်းလှသည်။

“ ကျွန်တော်တို့က တစ်ရက်တည်း မွေးဖွားလာတာ မဟုတ်ပေမဲ့ တစ်ရက်တည်း သေကြမယ်” ယွဲ့ချုံးနှင့် တွမ့်ယန်ဟုန်တို့က ထွက်မသွားကြပေ။ ထို့အစား သူတို့က ဝူရှန့်ဆီ ပျံသန်းလာကြ၏။

စိတ်ဝိညာဉ်သဏ္ဍာန်သုံးခု ထွက်ပေါ်လာသည်။

တိမ်ခွင်းရထားလုံးက မဟာအစီအရင်ထဲမှ ထွက်သွားတော့မည့်ဆဲဆဲတွင် အစီအရင်အတွင်းရှိ နေရာတစ်ခုလုံး ပေါက်ကွဲသွား၏။

ဝူရှန့်ကို ဗဟိုပြု၍ နတ်ဆရာရှစ်ယောက်၏ စွမ်းအားများလည်း ဘေးပတ်လည်၌ ပေါက်ကွဲထွက်သွားကြသည်။

...

Zawgyi

အခန္း (၁၅၆) အခ်င္းခ်င္း ဖ်က္ဆီးေနသည္အား အဆုံးသတ္ရန္ ဘိုးေဘးမ်ား၏ ဆုံးျဖတ္ခ်က္

ယြဲ႕ခ်ဳံးႏွင့္ တြမ့္ယန္ဟုန္တို႔က သူတို႔ေခါင္းေဆာင္ကို ယုံရခက္စြာ ၾကည့္လိုက္ၾကသည္။

“ေခါင္းေဆာင္”

“အဖြဲ႕ေခါင္းေဆာင္”

“ဘာလုပ္လိုက္တာလဲ ” ယြဲ႕ခ်ဳံးက ေအာ္ေျပာလိုက္သည္။

ဖန္က်ဳံး သတိျပဳမိဖို႔ အခ်ိန္တခ်ိဳ႕ ၾကာျမင့္လိုက္သည္။ သူက ေျပာလိုက္၏။

“ ပါးစပ္ပိတ္ထား … ဖန္းရႈဝမ္က စြဲလမ္းေအာင္ ျပဳစားခံထားရတာ။ ေမွ်ာ္နန္းသခင္က သူ႕ကို ျပန္ေျဖေပးေနတာ။ မင္းတို႔ ေက်းဇူးတင္သင့္တယ္ ”

“ စြဲလမ္းေအာင္ ျပဳစားခံထားရတာလား ” ယြဲ႕ခ်ဳံးက ေၾကာင္အမ္းသြားသည္။

“ မင္းတို႔ဘာသာ ၾကည့္ၾက ” ဖန္က်ဳံးက စုန္းအတတ္ကို ေလ့လာဖူးေလသည္။ စုန္းအတတ္ကို နားမလည္သူမ်ားက ဒီအရာမွ ဘာမွသိမည္ မဟုတ္ေပ။ သူလည္း ေနရခက္သည့္ အေျခအေနၾကား က်ေရာက္ေနေလ၏။ လုက်ိဳးက က်င့္မင္တာအိုဂိုဏ္း၏ က်င့္ႀကံဆင့္ စည္းပိတ္ျခင္း ပညာရပ္ကို လက္ဝါးခ်က္ တစ္ခါရိုက္႐ုံျဖင့္ ေျဖရွင္းခဲ့ေသာေၾကာင့္ သူ ေမွ်ာ္လင့္ထားသည္ထက္ ေက်ာ္လြန္ေနေလသည္။

ထိုစဥ္ ေၾကာင္အမ္းအမ္း ျဖစ္ေနၿပီးေနာက္ ဖန္းရႈဝမ္က ပုံမွန္ျပန္ျဖစ္သြားသည္။ သူက ႐ုတ္ျခည္း ေဒါသထြက္လာကာ “ ငါ လန္ေလာ့ကို ရန္စသူတိုင္း ေသရမယ္ ”

ဖန္းရႈဝမ္က သူ႕တာအိုကိုယ္ေပ်ာက္ အစြမ္းထက္ဆုံး တိုက္ကြက္ျဖင့္ စလိုက္သည္။ သူ႕ ပြင့္ခ်ပ္ရွစ္လႊာ စိတ္ဝိညာဥ္သ႑ာန္ေအာက္တြင္ ဖန္းရႈဝမ္၏ အရိပ္က ေကာင္းကင္အျပည့္ ျဖစ္လာသည္။

ယခင္ ေပနက္လႊာ ထိပ္ဆုံးတြင္ရွိသည့္သူ ျပန္ေရာက္လာေလၿပီ။

ယြဲ႕ခ်ဳံးႏွင့္ တြမ့္ယန္ဟုန္တို႔လည္း ျမင္ကာ အံ့ဩသြားၾကသည္။

အျခားေသာ နတ္ဆရာကိုးေယာက္ကလည္း ပြင့္ခ်ပ္ရွစ္လႊာ စိတ္ဝိညာဥ္သ႑ာန္ ေပၚထြက္လာမႈကို ျမင္ကာ အံ့ဩကုန္ၾကသည္။

ဘန္း ဘန္း ဘန္း

ဝူရွန႔္အနားတြင္ အရိပ္မ်ားစြာ ဖ်တ္ခနဲေပၚလာကာ တိုက္ခိုက္လိုက္သည္။ သူ႕ဆီ စြမ္းအားမ်ားက ျမားမိုးသဖြယ္ က်ဆင္းလာသည္။

ဖန္က်ဳံးက အေတာ္ အံ့အားသင့္သြားကာ  “ဒါက လန္ေလာ့ရဲ႕ တကယ့္အင္အားအစစ္အမွန္ပဲ ျဖစ္ရမယ္။ သူက ပြင့္ခ်ပ္ရွစ္လႊာ စိတ္ဝိညာဥ္သ႑ာန္ပိုင္ရွင္ပဲေလ … သူက ရာစုႏွစ္မ်ားစြာ သီးသန႔္ေနလာတာ။ ေမာ့လီက ဘယ္သူလဲ။ သူက ပြင့္ခ်ပ္ရွစ္လႊာ စိတ္ဝိညာဥ္သ႑ာန္ပိုင္ရွင္ ဖန္းရႈဝမ္ကို ဘယ္လိုမ်ား ထိန္းခ်ဳပ္နိုင္သြားတာလဲ ”

ဖန္းရႈဝမ္၏ တိုက္ခိုက္မႈမ်ားက ေကာင္းကင္ေရာ ေျမျပင္ပါ လႊမ္းၿခဳံထားေလသည္။ နတ္ဆရာဆယ္ေယာက္၏ ေခါင္းေဆာင္ျဖစ္သူ ဝူရွန႔္ပင္ အေရးနိမ့္ေနေလသည္။

“သခင္ဝူရွန႔္” အျခားနတ္ဆရာမ်ားက လွမ္းေအာ္လိုက္ၾကသည္။

“ မင္းတို႔က ငါ့ကို ၾကည့္ေနသင့္တယ္ ” တြမ့္မူရွန္းက နယ္ရွင္လွံျဖင့္ ေပၚလာကာ တျခားသူမ်ားကို တိုက္ခိုက္လိုက္သည္။

“ငါ့ကိုလည္း ေမ့မထားၾကနဲ႕” မင္ရွစ္ရင္လည္း ေလထဲမွ ေလွ်ာက္လွမ္းလာကာ ခြဲခြာခ်ိတ္ေကာက္ကို ကိုင္ဆြဲလာသည္။

သူတို႔ႏွစ္ေယာက္လုံးတြင္ ေကာင္းကင္အဆင့္ လက္နက္မ်ား ပိုင္ဆိုင္ထားၾက၏။ ပြင့္ခ်ပ္သုံးလႊာ သို႔မဟုတ္ ေလးလႊာမွ် က်င့္ႀကံဆင့္ရွိသည့္ နတ္ဆရာကိုးေယာက္ႏွင့္ ရင္ဆိုင္ရာတြင္ သူတို႔က ထိန္းထားနိုင္သည္။ ျပႆနာက သူတို႔တြင္ ၿပိဳင္ဖက္ကိုးေယာက္ ရွိေနျခင္း ျဖစ္၏။

သူတို႔က စုန္းအတတ္ က်င့္ႀကံသူမ်ား ျဖစ္ၿပီး ဂါထာ႐ြတ္ဖတ္ဖို႔ အခ်ိန္လိုလွ်င္ပင္ တြမ့္မူရွန္းႏွင့္ မင္ရွစ္ရင္တို႔က အေရအတြက္အားျဖင့္ အေရးနိမ့္ေနေသး၏။ သူတို႔အေနႏွင့္ နတ္ဆရာဆယ္ေယာက္ထဲက ျဖစ္သည့္ စုန္းအတတ္ ပညာရွင္ ကိုးေယာက္ကို မည္သို႔ရင္ဆိုင္နိုင္မည္နည္း။

“ေခါင္းေဆာင္ ” ယြဲ႕ခ်ဳံးႏွင့္ တြမ့္ယန္ဟုန္တို႔၏ အၾကည့္မ်ားက ျပင္းျပလာၾကသည္။ သူတို႔က ဖန္းရႈဝမ္အတြက္ အသက္ကိုပင္ စေတးနိုင္၏။ သူတို႔က အခ်င္းခ်င္း ေကာင္းေကာင္းသိၾကၿပီး တစ္ေယာက္ႏွင့္ တစ္ေယာက္ အျပည့္အဝ ယုံၾကည္ၾကသည္။

သူတို႔က ဖန္းရႈဝမ္သည္ အသက္ကို စေတး၍ အားေကာင္းသည့္ ရန္သူႏွင့္ ရင္ဆိုင္ေနသည္ကို ျမင္သည့္အခါ ေအးေဆးထိုင္ၾကည့္မေနနိုင္ေပ။

လုက်ိဳးက မုတ္ဆိတ္အသာသပ္ကာ  “အခု ျမင္ၿပီမလား ”

ဖန္က်ဳံးက ရွင္းျပလိုက္သည္  “လန္ေလာ့က ထိန္းခ်ဳပ္ခံထားရတာပဲ။ မင္းတို႔ ညီအစ္ကိုေလးေယာက္လုံးက ဒီကစားပြဲအတြက္ နယ္႐ုပ္သာသာပဲ။ အခု မင္းကို ထိန္းခ်ဳပ္ထားတဲ့သူက မင္းေရွ႕တည့္တည့္ေရာက္ေနၿပီ ”

“နတ္ဆရာဆယ္ေယာက္ …” ယြဲ႕ခ်ဳံးႏွင့္ တြမ့္ယန္ဟုန္တို႔က ဖန္းရႈဝမ္ႏွင့္ တစ္ေလွတည္းစီးသူ ျဖစ္ရာ သူတို႔ ရထားလုံးပ်ံေပၚ ရွိကတည္းက အရာအားလုံးကို မ်က္ျမင္ကိုယ္ေတြ႕ ျမင္ခဲ့ရသည္။ သူတို႔ ေဒါသမထြက္စရာ အေၾကာင္းမရွိေပ။

ဖန္က်ဳံးက သူတို႔ဆီ ေလွ်ာက္လာကာ လက္ကို ေျမာက္လ်က္ အသာထိလိုက္သည္။

ဘတ္ ဘတ္ …

သူတို႔က်င့္ႀကံဆင့္မ်ားအေပၚ အဟန႔္အတားအားလုံးကို ေျဖေလ်ာ့ေပးလိုက္သည္။ သူတို႔ခႏၶာကိုယ္မွ ခ်ီစြမ္းအားမ်ားက ေရပူစမ္းလိုမ်ိဳး ထြက္လာသည္။ သူတို႔က သူတို႔အထဲ စီးဆင္းေနသည့္ ရင္းႏွီးကြၽမ္းဝင္ၿပီးသား ခံစားခ်က္မ်ိဳးကို ျပန္ခံစားမိလိုက္ၾကသည္။

လုက်ိဳးက သူတို႔အား တည္တည္ၿငိမ္ၿငိမ္ ၾကည့္လိုက္၏။

ယြဲ႕ခ်ဳံးႏွင့္ တြမ့္ယန္ဟုန္တို႔က အားေကာင္းသည့္ မိစာၦေဝဟင္ေမွ်ာ္နန္းသခင္ႏွင့္ ထိပ္တိုက္ မရင္ဆိုင္ရဲေပ။ ကိုးပါး ျဖတ္ေတာက္ျခင္းလက္ဟန္က ပြင့္ခ်ပ္ခုႏွစ္လႊာ စိတ္ဝိညာဥ္သ႑ာန္ပိုင္ရွင္ ရန္ပုဖင္းကိုပင္ ခ်က္ခ်င္း အနိုင္ပိုင္းပစ္လိုက္သည္ မဟုတ္ပါေလာ။ သူတို႔က ထိုအေၾကာင္းကို ျပန္ေတြးမိတိုင္း စိတ္ထဲ အေၾကာက္တရားရွိေနေသးသည္။ ထို႔အျပင္ မိစာၦေဝဟင္ေမွ်ာ္နန္း၏ အမွားလည္း မဟုတ္ေခ်။ တကယ့္ တရားခံက သူတို႔ေရွ႕တြင္ ရွိေနသည္။

ယြဲ႕ခ်ဳံးႏွင့္ တြမ့္ယန္ဟုန္တို႔က အၾကည့္ခ်င္း ဖလွယ္လိုက္ၿပီး ေလထဲ ခုန္ဝင္ကာ  “ငါတို႔ကိုပါ ထည့္တြက္လိုက္ ”

အပိုႏွစ္ေယာက္ တိုးလာျခင္းက နတ္ဆရာကိုးေယာက္အေပၚ ဖိအားတိုးလာေစသည္။

မင္ရွစ္ရင္ႏွင့္ တြမ့္မူရွန္းတို႔က ၿပိဳင္ဘက္ႏွစ္ေယာက္စီ တာဝန္ယူလိုက္၏။

ယြဲ႕ခ်ဳံးႏွင့္ တြမ့္ယန္ဟုန္တို႔က တစ္ေယာက္စီ ရင္ဆိုင္လိုက္ၾကသည္။ ထို႔အျပင္ ေနာက္ထပ္ နတ္ဆရာသုံးေယာက္ က်န္ေနေသး၏။

လုက်ိဳးက ဝူက်ိ၊ ဝူဖင္းႏွင့္ ဝူက်န္းတို႔အား ၾကည့္လိုက္သည္။ ဝူရွန႔္အျပင္ သူတို႔သုံးေယာက္က နတ္ဆရာမ်ားၾကား အားအေကာင္းဆုံး ျဖစ္ၾကသည္။

ဝူရွန႔္က ေကာင္းကင္ထဲ ရွိေနၿပီး တိမ္ခြင္းရထားလုံးေပၚ ေဝ့ဝဲေနရင္း ဖန္းရႈဝမ္ႏွင့္ ရင္ဆိုင္ေနသည္။ သူ႕အသံက ေကာင္းကင္အထက္ ပ်ံ့လြင့္လာသည္။  “ မင္းတို႔ေတြ နတ္ဆရာဆယ္ေယာက္ကို အနိုင္မယူနိုင္ဘူး ”

လုက်ိဳးလည္း အသံထြက္လာသည္။

“မင္းက ငါ့ကို ေမ့ထားတာကိုး ”

လုက်ိဳးက အခ်ိန္ဆက္မျဖဳန္းေတာ့ဘဲ သူ႕လက္ထဲမွ ေနာက္ထပ္ မိုးႀကိဳးကတ္သုံးကတ္ကို ဝူက်ိ၊ ဝူဖင္းႏွင့္ ဝူက်န္းဆီ ပစ္လႊတ္လိုက္သည္။ အားျပင္းျပင္း မိုးႀကိဳးခ်က္မ်ားက သူတို႔ဆီ ေျပးဝင္လာ၏။

အျခားလူမ်ားလည္း အံ့ဩတုန္လႈပ္သြားၾကသည္။

လုက်ိဳးက ကတ္သုံးကတ္ ပစ္လႊတ္ၿပီးေနာက္ လက္ေနာက္ပစ္လ်က္ ေအးေဆးရပ္ေနသည္။ သူက တိုက္ပြဲကို ေအးေအးလူလူ ရႈစားေန၏။

တိမ္မ်ားက စုစည္းလာကာ မိုးၿခိမ္းသံမ်ားလည္း တဂ်ိန္းဂ်ိန္း ထြက္လာသည္။ စြမ္းအားႏွင့္ ေရာေနသည့္ မိုးႀကိဳးခ်က္က ခ်က္ခ်င္း ေပၚလာသည္။

နတ္ဆရာသုံးေယာက္က ခ်က္ခ်င္း အကာအကြယ္မ်ား ထုတ္လိုက္ၾကသည္။ ထြက္ေျပးဖို႔ အခ်ိန္မရွိေခ်။ မိုးႀကိဳးခ်က္မ်ားက အခ်င္းအားျဖင့္ မီတာမ်ားစြာရွိ၏။ သူတို႔ ျမင္ဖူးသည့္အရာမ်ားႏွင့္ မတူေပ။

ဒါ မိုးႀကိဳးသြား မျဖစ္နိုင္ဘူး … ေကာင္းကင္လွ်ပ္စီးခ်က္ပဲ ျဖစ္ရမယ္

ဝူက်ိက အကာအကြယ္ ထုတ္လိုက္သည့္အခ်ိန္ သူ႕အၾကည့္ထဲ ေမွ်ာ္လင့္ခ်က္ကုန္ဆုံးသည့္ အရိပ္အေယာင္တခ်ိဳ႕ ေပၚလာသည္။ တစ္ခ်ိန္တည္းတြင္ သူ႕စိတ္ထဲ အေတြးတစ္ခု ေပၚလာၿပီး ‘နတ္ဆရာဆယ္ေယာက္ လုပ္တာ မွားေနတာမ်ားလား။ မဟုတ္ရင္ ေကာင္းကင္လွ်ပ္စီးက ငါတို႔ဆီ ဘယ္လိုလုပ္က်ေရာက္လာမွာလဲ ’

ဝုန္း ဝုန္း ဝုန္း

မိုးႀကိဳးသုံးခ်က္က သက္ဆို္ရာ ပစ္မွတ္မ်ားကို ထိသြားၾကသည္။ သုံးေယာက္လုံး တစ္ၿပိဳင္နက္ လႊင့္စင္သြားၾက၏။

ဝူက်ိက ေသြးတစ္ပြက္အန္လိုက္ရသည္။ ထို႔ေနာက္ သူ႕ခႏၶာကိုယ္မွ ခရမ္းအလင္းစက္ဝန္း ေပၚလာၿပီးေနာက္ ေလထဲ ျပန႔္က်ဲသြားေလသည္။

လုက်ိဳးက ႏွလုံးခုန္ တစ္ခ်က္ျမန္သြားသည္။ တစ္ခ်ိန္တည္းတြင္ သူက စနစ္မွ အသိေပးခ်က္ကို ၾကားလိုက္ရသည္။

“ တင္း … ပစ္မွတ္ကို သတ္နိုင္တဲ့အတြက္ ဆုလာဘ္ ကုသိုလ္ရမွတ္ တစ္ရာ ရပါမယ္ ”

၁ ရာခိုင္ႏႈန္း သတ္ျဖတ္နိုင္ေျခပဲ ရွိတာကို အခု မင္းရဲ႕ ကံဆိုးမႈကိုသာ အျပစ္တင္လိုက္ေတာ့ …

လုက်ိဳးက ေခါင္းယမ္းလိုက္သည္။

ေတာ္ေသးတာက ငါ အေသရိုက္ခ်က္ မသုံးခဲ့လို႔ မဟုတ္ရင္ ငါေတာ့ ဒီအေလာင္းအစားမွာ ေဘာင္းဘီေတာင္ ခြၽတ္ေပးေနရေလာက္ၿပီ။

လုက်ိဳးက သက္ရွိလူကို ပူးကပ္ထားသည့္ လူေသကို သတ္လိုက္သည့္အခါ သူ ရရွိလိုက္သည့္ ကုသိုလ္ရမွတ္က သက္ရွိလူအတြက္သာ ျဖစ္၏။ မိုးႀကိဳးခ်က္ႏွစ္ခ်က္မွ အျခားလူႏွစ္ေယာက္က ဒဏ္ရာရတာႏွင့္ ဒဏ္ရာအျပင္းအထန္ အသီးသီးရသြားၾကသည္။

ေနာက္ဆုံးေတာ့ ငါေလး ကံတက္လာပုံပဲ… ေသတၱာဖြင့္တာျဖစ္ျဖစ္၊ နတ္ျခေသၤ့ေပၚလာတာနဲ႕ ၁ ရာခိုင္ႏႈန္း  သတ္ျဖတ္နိုင္ေျခတို႔အားလုံးက လုက်ိဳးအား အံ့အားသင့္သြားေစသည္။

လုက်ိဳးက အေတြးနက္ေနစဥ္ ဝူရွန႔္၏ အသံကို ၾကားလိုက္ရသည္။

“ အခ်ိန္မက်န္ေတာ့ဘူး။ ငါ့ဆီ လာခဲ့” ဝူရွန႔္က ဖန္းရႈဝမ္သည္ သူ႕အား အခက္အခဲမ်ားစြာ ေပးေန၍ အံ့ဩေနမိသည္။ သူ႕စိတ္ထဲမွ ေဒါသက ျမန္ျမန္သာ အဆုံးသတ္မိခ်င္၏။ သူ႕မ်က္ႏွာအထက္ သတ္ျဖတ္လိုသည့္ အမူအယာ ေပၚလာစဥ္ သူ႕စိတ္ထဲ အသံတစ္သံကို ၾကားလိုက္ရသည္  “သခင္ဝူရွန႔္ ေက်းဇူးျပဳၿပီး ကိုယ့္ဘာသာ မေဖာက္ခြဲပစ္လိုက္ပါနဲ႕ ”

ဝူရွန႔္က ဖန္းရႈဝမ္၏ တိုက္ခိုက္မႈကို ကာကြယ္ေနစဥ္  “ နတ္ဆရာဆယ္ေယာက္က မင္းတို႔ေၾကာင့္ သိကၡာက်ကဳန္ၿပီ။ ဒါကို နတ္ဆရာမ်ိဳးဆက္အတြက္ သတိေပးခ်က္ကို မွတ္ယူလိုက္ၾက ”

“ ကြၽန္ေတာ္တို႔ သခင္ဝူရွန႔္ေနာက္ ေသတဲ့အထိ လိုက္ပါ့မယ္ ” နတ္ဆရာရွစ္ေယာက္ က တစ္ၿပိဳင္နက္ ေအာ္လိုက္ၾကသည္။

လုက်ိဳးက အမိန႔္ေပးလိုက္သည္။

“ပ်ံသန္းလိုက္ေတာ့ ”

“ဟုတ္” ေရွာင္ယြမ္အာႏွင့္ ေက်ာင္းယြဲ႕တို႔က ခ်က္ခ်င္း သူတို႔ခ်ီမ်ားကို တိမ္ခြင္းရထားလုံးထဲ ထည့္ကာ အသက္သြင္းလိုက္ၾကသည္။

ဝူရွန႔္ကို ဖန္းရႈဝမ္က ထိန္းထားစဥ္ မဟာအစီအရင္ကလည္း အထြတ္အထိပ္အေျခအေနတြင္ ရွိမေနေပ။ ထို႔ေၾကာင့္ တိမ္ခြင္းရထားလုံးက ေအးေအးေဆးေဆး ထြက္သြားနိုင္၏။

တိမ္ခြင္းရထားလုံးက ေတာက္ပလာသည္။

ဝွစ္

ထို႔ေနာက္ မဟာအစီအရင္ အစြန္းအဖ်ားဆီ ပ်ံသန္းသြားလိုက္သည္။

“စန္းရွစ္ရွိုး .. စစ္ရွစ္ရွိုး … ”

မင္ရွစ္ရင္က သူ႕ခြဲခြာခ်ိတ္ေကာက္ကို ျပန္သိမ္းကာ အၿပဳံးေလးျဖင့္  “ မင္းတို႔ႏွစ္ေယာက္ကို အနိုင္မယူနိုင္ဘူးပဲ။ နတ္ဆရာဆယ္ေယာက္ဆိုတဲ့အတိုင္းပဲ”

သူက ေလထဲမွ ေနာက္ျပန္ဆုတ္လိုက္သည္။

တြမ့္မူရွန္းလည္း အတူတူ ျဖစ္၏။ သူလည္း နယ္ရွင္လွံကို ျပန္သိမ္းကာ  “ တကယ့္ ေယာက်္ားစစ္က သြက္လက္ရတယ္။ ငါတို႔ တစ္ရက္က် ထပ္တိုက္ၾကတာေပါ့ ”

ယြဲ႕ခ်ဳံးႏွင့္ တြမ့္ယန္ဟုန္လည္း ထိုဇာတ္ေၾကာင္းေၾကာင့္ အံ့အားသင့္သြားေလသည္။

ဖန္းရႈဝမ္က ေဒါသတႀကီးျဖင့္   “ ေမာ့လီ ငါ ေသရင္ေတာင္ မင္းကို ေအးေအးေဆးေဆး မေနေစရဘူး “

“ေခါင္းေဆာင္”

“ယြဲ႕ခ်ဳံး၊ တြမ့္ယန္ဟုန္  မင္းတို႔ေသရမွာေၾကာက္ရင္ အခုထြက္သြားၾက။ ငါ လန္ေလာ့ သူတို႔ကို ထိန္းထားမယ္ ”

လန္ေလာ့က ဝူရွန႔္ႏွင့္ အနီးကပ္ဆုံး ျဖစ္၏။ သူ႕စိတ္ဝိညာဥ္သ႑ာန္က ဝူရွန႔္၏ လက္တံမ်ားေၾကာင့္ ခ်ဳပ္ေႏွာင္ခံထားရသည္။

ႏွစ္ေယာက္လုံးက အေျခအေနတူ ျဖစ္ေနသည္။ သူတို႔က မည္သူေနာက္ဆုံးက်န္ရစ္မလဲ ေစာင့္ၾကည့္ခ်င္ေနၾကသည္။ ဝူရွန႔္တြင္ အခ်ိန္အကန႔္အသတ္ရွိၿပီး သူတို႔တိုက္ပြဲသာ ဆက္ျဖစ္ေနလွ်င္ ဖန္းရႈဝမ္ကို အနိုင္ပိုင္းနိုင္မည္ မဟုတ္ေခ်။ ဤသို႔ျဖစ္၍ ကိုယ့္ဘာသာ ေဖာက္ခြဲပစ္လိုက္ျခင္းက အေကာင္းဆုံး ျဖစ္၏။ အားလုံးက အင္အားအျပည့္ျဖင့္ ေဖာက္ခြဲကာ ရန္သူကိုပါ အပါေခၚသြားၾကသည္။ သူတို႔က ေသဆုံးၿပီးသားျဖစ္၍ ေသျခင္းတရားကို အဘယ္ေၾကာင့္ ေၾကာက္ေနရမည္နည္း။

အနီဝတ္ က်င့္ႀကံသူမ်ားက ျမန္ျမန္ ေနာက္ဆုတ္ကုန္ၾကသည္။

နတ္ဝိညာဥ္ဝဋ္ေႂကြးေခ် နယ္ပယ္အဆင့္ က်င့္ႀကံသူမ်ားက သူတို႔အကြၽမ္းက်င္ဆုံးနည္းလမ္းျဖင့္ ထြက္ေျပးကုန္ၾကသည္။ သို႔ေသာ္လည္း အနီဝတ္ က်င့္ႀကံသူမ်ားက ေႏွးေကြးလြန္းလွသည္။

“ ကြၽန္ေတာ္တို႔က တစ္ရက္တည္း ေမြးဖြားလာတာ မဟုတ္ေပမဲ့ တစ္ရက္တည္း ေသၾကမယ္” ယြဲ႕ခ်ဳံးႏွင့္ တြမ့္ယန္ဟုန္တို႔က ထြက္မသြားၾကေပ။ ထို႔အစား သူတို႔က ဝူရွန႔္ဆီ ပ်ံသန္းလာၾက၏။

စိတ္ဝိညာဥ္သ႑ာန္သုံးခု ထြက္ေပၚလာသည္။

တိမ္ခြင္းရထားလုံးက မဟာအစီအရင္ထဲမွ ထြက္သြားေတာ့မည့္ဆဲဆဲတြင္ အစီအရင္အတြင္းရွိ ေနရာတစ္ခုလုံး ေပါက္ကြဲသြား၏။

ဝူရွန႔္ကို ဗဟိုျပဳ၍ နတ္ဆရာရွစ္ေယာက္၏ စြမ္းအားမ်ားလည္း ေဘးပတ္လည္၌ ေပါက္ကြဲထြက္သြားၾကသည္။

...

Czytaj Dalej

To Też Polubisz

1.1M 132K 43
လက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?
409K 16.7K 34
𝑨𝒓𝒕𝒊𝒔𝒕 : 𝒉𝒖𝒎𝒂𝒏_𝒍𝒐𝒖𝒗𝒓𝒆 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏 : 𝑨𝑷𖣔 and ℳ𝖊𝖊☁️ Latest translator..Twakitt9795
2.1M 162K 36
No descriptions here
2.7M 74.9K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...