အခန်း (၁၅၃) နတ်ဆရာဆယ်ပါးရောက်လာပြီ။ ခံတပ်ကိုထိန်းထား
မိစ္ဆာဘုရားကျောင်း၏ ရန်ပုဖင်းသည် ထိုအရာကိုမြင်သည့်အချိန်၌ အင်မတန်ထိတ်လန့် သွားတော့ သည်။
“လော့ရှစ်စန်းက နတ်ဆရာဆယ်ပါးရဲ့ အစီအရင်ကို ဖြိုခွင်းနိုင်တယ်လား” ထိုစဉ် မိစ္ဆာဘုရားကျောင်း၏ တတိယကျောင်းထိုင်က သူ သတိမပြုမိဘဲ ရောက်လာတော့သည်။
“ကျောင်းထိုင်”
“သွမ့်ရှင်းလား၊ မင်း အချိန်မီရောက်လာတာပဲ” ရန်ပုဖင်းက ပျော်ရွှင်စွာ ပြောလိုက်လေ၏။
“ကျွန်တော်က အကြီးအကဲဓားသူတော်စင်နဲ့ စီးတော်တစ်စီးတည်း လိုက်ပါလာတာ။ ကံကောင်း လို့ အချိန်မှီရောက်တာပဲ။ အရင်က ဝူရှန်းနဲ့ ပူးပေါင်းထားတာ ဒီအစီအရင်က မိစ္ဆာဘုရားကျောင်းက ဘယ်သူ့ကိုမှ ဟန့်တားနိုင်စွမ်းမရှိဘူး။" သွမ့်ရှင်းက ပြော၏။
“အံ့ဩဖို့ကောင်းတာပဲ” ရန်ပုဖင်းက စိတ်အေးသွားတော့သည်။ သူက ဓားသူတော်စင် လော့ရှစ်စန်း၏ ထိတ်လန့်ဖွယ်ဓားချက်ကို စိုက်ကြည့်နေသည်။
လော့ရှစ်စန်းက မဟာဓားရူးသုံးဦးထဲမှ တစ်ဦးဖြစ်သော လော့ချန်ချင်း၏ ညီအစ်ကိုဖြစ်သည်။ သို့သော် လော့ရှစ်စန်းက ဂုဏ်သတင်း စောစီးစွာ တက်လာပြီးနောက် ဓားသူတော်စင်ဘွဲ့ကို ရလာခဲ့ ၏။ ဤနှစ်များအတွင်း၌ သူ၏ကျင့်ကြံမှုကိုသာ အားစိုက်ထားခဲ့သည်။ လော့ချန်ချင်း၏ ဂုဏ်သတင်း က သူ့ဂုဏ်သတင်းကို လွှမ်းမိုးထားသည့်တိုင် ခွန်အားကို သံသယဖြစ်ဖွယ်မလိုပေ။ ထိုရုတ်ချည်း ပြောင်းလဲမှုက အားလုံးကို ထိတ်လန့်သွားစေ၏။
မင်ရှစ်ရင်က ပဲ့ကိုင်ရမည့်လူဖြစ်သောကြောင့် ထွက်သွား၍မရပေ။ သူလှုပ်ရှားခဲ့လျှင် တိမ်ခွင်း ရထားလုံးက ပြုတ်ကျသွားမှာသေချာ၏။ ရှောင်ယွမ်အာက နတ်ဒေဝါဦးတည်နယ်ပယ်တွင်သာ ရှိသေးသည်။ သူမက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်လက်ရွေးစင်တစ်ဦးကို မတိုက်ခိုက်နိုင်ပေ။ ဖန်ကျုံးနှင့်ကျိုးကျစ်ဖုန်းတို့အတွက်လည်းတူညီပေ၏။ ကျန်သည့်အမျိုးသမီးကျင့်ကြံသူများဆို ပြောရန်မလိုတော့ပေ။ တွမ့်မူရှန်းက နတ်ဆရာဆယ်ပါးကို ကြည့်နေလေ၏။ သူက အချိန် အတိုင်းအတာတစ်ခုအထိ တောင့်ခံထားနေရာ သူ့ကို ကူညီနိုင်ရန်လှည့်မလာနိုင်ပေ။
“အကြီးအကဲဟွား”
ဟွားဝူတောက်ကို ကယ်တင်နိုင်သည့်လူက တစ်ဦးတည်းသာရှိသည်။ ထိုလူက လုကျိုးဖြစ်၏။
“ရှစ်စွင်း” မင်ရှစ်ရင်က ဟွားဝူတောက်ကို သိပ်သဘောမကျသည့်တိုင် သူက မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းသားတစ်ဦးဖြစ်နေသေးသည်။ သူတစ်စုံတစ်ခုဖြစ်လာခဲ့လျှင် မိစ္ဆာဝေဟင်မျှော်နန်း၏ မျက်နှာ ကို ဖြတ်ရိုက်ခြင်းနှင့်တူနေပေ၏။
လုကျိုးက လက်နောက်ပစ်ထားဆဲဖြစ်သည်။ သူ၏လက်၌ အလင်းရောင်ဖျော့ဖျော့ တောက်ပလာ လေသည်။ အသုံးပစ္စည်းကတ်တစ်ကတ်ပေါ်လာ၏။ လှုပ်ရှားတော့မည့်အချိန်၌ ဟွားဝူတောက်က ပြောလိုက်သည်။
“ကျေးဇူးပြုပြီး နောက်ဆုတ်နေပေးပါ မျှော်နန်းသခင်”
သူခံနိုင်ရည်ရှိသေးတယ်လား။
ကြီးမားသည့် အက္ခရာရှစ်လုံးက ရုတ်တရက် သူတို့အရွယ်အစားနှစ်ဆပိုကြီးမားသွားတော့သည်။ တစ်ချိန်တည်းနီးပါး
ဘန်း
ဒါက လျို့ဟယ်တာအိုစည်းတံဆိပ်ကို ထိုးစိုက်သွားတော့သည်။
ဘီး
ဟွားဝူတောက်၏ မျက်လုံးက ဒေါသဖြင့်တောက်လောင်လာတော့၏။ “လော့ရှစ်စန်း”
“သစ္စာဖောက်” လော့ရှစ်စန်း၏မျက်လုံးကလည်း ဒေါသမီးလျှံများတောက်လောင်လေ၏။
အကြည့်ချင်းဆုံသွားသည့်အချိန်တွင် သူတို့က ရန်သူတော်ကြီးများကို ဆုံတွေ့မိသည့်ပမာ ထင်ရသည်။ ကျန်သည့်သူများက ထိတ်လန့်သွားတော့၏။
လျှို့ဟယ်စည်းတံဆိပ်က အလွန်အစွမ်းထက်သည်။ နတ်ဆရာဆယ်ပါး၏ ခရမ်းရောင်မိုးမှ တိုက်ခိုက်မှုကို ခုခံနိုင်စဉ် ယင်းက ဓားသူတော်စင်၏ ရုတ်တရက်တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိသေးသည်။ ဟွားဝူတောက် မည်မျှစွမ်းအားကြီးသနည်း။
လော့ရှစ်စန်း၏ ညှိုးရော်နေသောခန္ဓာကိုယ်ပေါ်ရှိ ငွေရောင်အမျှင်က လေတိုက်ခတ်လာတော့၏။ သူက လျှို့ဟယ်တာအိုစည်းအပြင်သို့ ထွက်ရပ်လိုက်တော့သည်။
လုကျိုး၏ လက်ဖဝါးထဲရှိ အသုံးပစ္စည်းကတ်က ပျောက်ကွယ်သွားပြီးဖြစ်သည်။ သူက လော့ရှစ်စန်း ကို ထူးမခြားနားကြည့်လိုက်လေ၏။ လှုပ်ရှားရန်အလျင်မလိုပေ။ အသင့်တော်ဆုံးအခွင့်အရေးကို သူ စောင့်ဆိုင်းနေပေသည်။ အသေရိုက်ချက်ကတ်က လော့ရှစ်စန်းကို အသေသတ်နိုင်သော်ငြား သူ့အသုံးပြုမှုကို ဂရုစိုက်ရမည်ဖြစ်ကာ တတ်နိုင်သမျှကတ်များစွာ ထိန်းသိမ်းထားရပေမည်။ အထွတ်အထိပ်အသွင်ကတ်အတွက်ဆိုလျှင် ပိုတောင်မှန်နေပေ၏။
ယခုအချိန်တွင် နတ်ဆရာဆယ်ပါး၊ ရန်ပုဖင်း၊ လော့ရှစ်စန်း၊ သွမ့်ရှင်းနှင့် မော့လီက တိတ်တဆိတ် ကြည့်နေလောက်သည်။ ခေါ်လာသည့်အင်အားစုများစွာလည်းရှိ၏။ အလားအလာ ကောင်းသော ရန်သူက များပြားလွန်းနေသည်။ အဆင်မခြင်ဘဲ သူ၏အသုံးကတ်များကို အသုံးပြုခဲ့ လျှင် တိုက်ပွဲကို တိုက်ပွဲကို ခံစစ်အနေအထားဖြင့်သာ တုံ့ပြန်နိုင်မှာဖြစ်၏။
ကံကောင်းသည်မှာ ဟွားဝူတောက်က လုံလောက်အောင် အစွမ်းထက်၏။ လေထဲ၌ သူ၏ အသံက ကြည်လင်စွာ ထွက်ပေါ်လာတော့သည်။
“လော့ရှစ်စန်း ငါ အကြီးအကဲ ရာထူးကနေ နှုတ်ထွက်ခဲ့တာအတော်ကြာပြီ။ ငါ့ကို ဘယ်လိုလုပ် သစ္စာဖောက်တစ်ယောက်လို့ ခေါ်ရဲရတာလဲ”
“ခင်ဗျားက ဂိုဏ်းကနေ ထွက်ခါစမှာပဲ မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်သွားခဲ့တယ်။ ဟွားဝူတောက် သစ္စာဖောက်တစ်ယောက်ဖြစ်တာနဲ့ ဘာများကွာသေးလို့လဲ”
လော့ရှစ်စန်းက လျှို့ဟယ်တာအိုဆီကို ခုခံနေသော ရထားလုံးပျံကိုကြည့်ပြီး ဒေါသတို့ တောက်လောင်လာ၏။ သူက နက်ရှိုင်းသောအသံဖြင့်ပြောလိုက်တော့သည်။ “စကားတွေပြောပြီး အချိန်ဖြုန်းနေဖို့မလိုဘူး။ အရှုပ်အထွေးတွေကို ရှင်းလင်းဖို့အတွက် ဂိုဏ်းချုပ်ရဲ့အမိန့်နဲ့ ဒီကိုရောက်လာတာပဲ”
ဘီး...
ဓားကလှုပ်ခါသွား၏။ ယခုဆို ကနဦးချီများလွှမ်းခြုံနေပြီဖြစ်သည်။
နတ်ဆရာဆယ်ပါး၏ ခေါင်းဆောင်ဝူရှန့်က လော့ရှစ်စန်းကို မြင်လိုက်သည်။ သူသည် ဝူရှန်းကို ဝင်ပူးနေသောကြောင့် လော့ရှစ်စန်းက ရန်သူမဟုတ်မှန်း အလိုလိုသိတာဖြစ်နိုင်၏။
ဝူရှန့်က မြေပြင်ပေါ်ရှိ အလင်းစက်ဝိုင်းဆယ်ခုကို ဖြတ်ခနဲကြည့်လိုက်သည်။ စွမ်းအင်စုပ်ယူမှုက ပြီးခါနီးပြီဖြစ်သည်။ နတ်ဆရာဆယ်ပါး၏ စွမ်းအင်သည် သူတို့၏အကန့်အသတ်သို့ ရောက်ခါနီးပြီ ဖြစ်သည်။ အဆုံးဖြတ်တိုက်ပွဲအတွက် အချိန်ရောက်တော့မည်။
ဝူရှန့်က လက်မြှောက်လိုက်ရာ သူ၏ ဝတ်ရုံနီက လေထဲ၌ လွှင့်နေလေ၏။ ဆံပင်များကလည်း လေတိုက်ခတ်သောကြောင့် ရှုပ်ပွနေလေသည်။ “ရှီချောင်းဂမ္ဗီရဉာဏ်”
ဆုတောင်း၊ ချီးကျူးခြင်း၊ စတေးခြင်းနှင့် ရှီချောင်းဂမ္ဗီရဉာဏ်
မည်းမှောင်နေသော ဧရိယာက ပိုတောင်မှောင်လာတော့သည်။ တလောကလုံးက အမှောင်အတိကျသွား တော့၏။
“အားလုံးနောက်ဆုတ်ကြ” ဟွားဝူတောက်က သူ့ကိုယ်ပေါ်ကျလာသောဖိအားကို ခံစားမိသည်။ ခရမ်းမိုးဖြင့်လျှို့ဟယ်တာအိုစည်းကို ရိုက်ခတ်လာသော ပြင်းထန်သည့်လေပြင်းဖြစ်၏။
လုကျိုးက မလှုပ်ရှားပေ။ ပိုရှုပ်ထွေးလေ သူကပိုတည်ငြိမ်လေဖြစ်ရပေမည်။
လော့ရှစ်စန်း၏ အသံက သူတို့ဆီရောက်လာတော့သည်။ “ဓားဆယ့်သုံးပါး” သူ၏ဓားများက ဓားသွားဆယ့်သုံးခုအဖြစ်ခွဲထွက်သွားတော့သည်။ ယင်းက သူကျော်ကြားလာသည့် သိုင်းကွက်ဖြစ် ၏။ ဓားသူတော်စင်လော့ရှစ်စန်းဟူသော ဘွဲ့အမည်ကို ရလာခဲ့ပုံပဲဖြစ်သည်။
ဝှစ်
ဓားသွားစွမ်းအင် ဆယ့်သုံးခုက ဟွားဝူတောက်ဆီ တိုးဝင်သွားတော့၏။
လျှို့ဟယ်တာအိုစည်းတံဆိပ်က အလွန်အစွမ်းထက်သည်။ သို့သော် ယင်းက ခုခံသည့်အကွက်သာ ရှိနေသေး၏။ လက်ဝှေ့ထိုးအိတ်ပမာ တသက်လုံးဖြစ်နေတော့သည်။
ဘန်း
မီးစာလုံးက ပထမဆုံးပြိုကွဲသွား၏။ ဟွားဝူတောက်၏ အမူအရာက ပြောင်းလဲသွားတော့သည်။
နတ်ဆရာဆယ်ပါး၏ တိုက်စားခြင်းစွမ်းအားကအစွမ်းထက်လွန်း၏။ ကံကောင်းသည်မှာ သူတို့က တွမ့်မူရှန်းကဲ့သို့ အနီးကပ်တိုက်ပွဲဝင်ရာ၌ မကျွမ်းကျင်ကြပေ။ တစ်ဝက်ခန့်က မှော်အတတ်ကို အရမ်းကူညီပေးနေရသည်။ ထိုသို့မဟုတ်လျှင် ဟွားဝူတောက်က ယခုအချိန်ထိတောင့်ခံနိုင်မှာ မဟုတ်ပေ။ သူက ဝင်ရောက်လာသော စွမ်းအင်ဓားသွားဆယ့်သုံးခုကို ကြည့်ပြီး ကူကယ်ရာမဲ့နေ လေ၏။
လုကျိုးက လက်ဝှေ့ယမ်းလျက် နက်ရှိုင်းသည့်အသံဖြင့်ပြောလိုက်သည်။
“တစ်ယောက်တည်းကို အုပ်စုဖွဲ့တိုက်ခိုက်နေတယ်။ လက်မခံနိုင်စရာပဲ” သူ၏ လက်ဖဝါးထဲမှ အပြာရင့်ရင့်အလင်းတန်းပေါ်ထွက်လာ၏။
အားလုံး၏အာရုံစိုက်မှုက လုကျိုးဆီချက်ချင်းရောက်သွားတော့သည်။
သူတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ အကျော်အမော်ကြီး၏ လှုပ်ရှားမှုကို မည့်ကဲ့သို့ စိတ်မဝင်စားပဲ နေမည်နည်း။
လော့ရှစ်စန်းက သူအမှားလုပ်မိမှန်း ရုတ်တရက် သဘောပေါက်သွား၏။ နတ်ဆရာဆယ်ပါး၏ ထောက်ပံ့မှုဖြင့် ဟွားဝူတောက်ကို အနိုင်ရရန် ယုံကြည်ပြီးသားဖြစ်သည်။ သူက ဟွားဝူတောက်ကို အာရုံစိုက်နေပြီးအားနည်းသော ကနဦးချီဖြင့် ဟန်မဆောင်တတ်သော အဘိုးကြီးကို လှမ်းကြည့် လိုက်၏။ ထိုအဘိုးအိုက ကျိထျန်းတောက် မိစ္ဆာဝေဟင်မျှော်နန်း၏ခေါင်းဆောင်တဲ့လား။
ဝေဝါးဝါးအလင်းတန်းတို့က လော့ရှစ်စန်းဆီတိုးဝင်လာလျက် အမှောင်ထုကို ဖြတ်ကျော်သွားသည်။
“မိုးကြိုးသွားလား”
ရန်ပုဖင်းက ထိုအရာကိုမြင်လိုက်သည်။ သူက အထိတ်တလန့်ဖြင့်ပြောလိုက်တော့၏။
“မိစ္ဆာဝေဟင် မျှော်နန်းရဲ့အဋ္ဌမမြောက်တပည့် ကျူးဟုန်ကုန်းက ပျက်သုဉ်းခြင်းကိုးပါးမိုးကြိုးကို ကျွမ်းတာပဲ၊ တကယ့် မိုးကြိုးသွားတော့မဟုတ်ဘူး။ ကျိထျန်းတောက်က ဒီလိုမိုးကြိုးသွားစစ်စစ်ကို ဘယ်လိုများ သင်ယူထားတာလဲ”
သွမ့်ရှင်းက မျက်မှောင်ကျုံ့သွားသည်။
“သူက တကယ်ပဲ ဗုဒ္ဓဝါရင့်ကိုယ်တော်ကြီးအဖြစ်အယောင်ဆောင်ထားတာလား”
ကျောက်စိမ်းယဇ်ပလ္လင်အဖြစ်အပျက်ပြီးနောက် သမာသမတ်ဂိုဏ်းသည် သူတို့ ရရှိခဲ့သည့်အခွင့်အရေးအတွက် ထိုအကြောင်းကို မိစ္ဆာဘုရားကျောင်းကို စောဒကတက်ခဲ့၏။ ထိုကျရှုံးမှုကြောင့် သမာသမတ်ဂိုဏ်းနှင့် မိစ္ဆာဘုရားကျောင်းတို့သည် အဆက်အဆံမရှိတော့ချေ။ အစက သူ မယုံကြည်ခဲ့သော်ငြား ယခုကိုယ်ပိုင်မျက်လုံးဖြင့် မျက်မြင်တွေ့ပြီဖြစ်ရာ ထိတ်လန့်သွားတော့၏။
မိုးကြိုးသွားက လျှပ်စီးတို့ဖြင့် ရုတ်တရက်ပေါက်ကွဲလာလေသည်။ ကောင်းကင်မှ မိုးကြိုးများ ကျဆင်းလာသည့်သဖွယ်ဖြစ်နေတော့၏။
ဖုန်း
ယင်းက လော့ရှစ်စန်းကို ပစ်သွားသည်။ ဓားသွားစွမ်းအင် ဆယ့်သုံးခုကပျောက်ကွယ်သွား၏။ လော့ရှစ်စန်းက တိုက်ကွက်မှ အရုတ်ခံလိုက်ရသည်။ လုကျိုးက ခေါင်းခါလိုက်တော့၏။
ဆိုးလိုက်တဲ့ကံ။ ပြန်ကန်နိုင်ချေက ခံလိုက်ရပြီး။ ဒီတိုက်ကွက်က သူ့ကို ဘာမှမထိခိုက်စေဘူး။ ကုသိုလ်မှတ်တရာဖြုန်းတီးရာရောက်တာပဲ။ ငါပိုသုံးသင့်သလား။ အဆုံးတွင်မူ သူက ဆုံးဖြတ်ချက်ချလိုက်၏။ ရှေ့ဆက်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။ ဟွားဝူတောက်က လုကျိုး လှုပ်ရှားတာကိုမြင်သည့်အချိန်၌ သက်ပြင်းချလိုက်တော့သည်။ သူက ယခုပိုယုံကြည်ချက်ရှိလာပြီ ဖြစ်သည်။
“ကျေးဇူးပါ မျှော်နန်းသခင်”
“ဘာမှမဟုတ်ဘူး”
တွမ့်မူရှန်းက ရပ်မနေနိုင်တော့ချေ။ နယ်ရှင်လှံနားတဝိုက်စွမ်းအင်တို့က ပြိုကွဲသွားပြီး သူက နတ်ဆရာဆယ်ပါးဆီ တိုးဝင်သွားတော့၏။ သူ၏လက်ကို တစ်ရာ့ရှစ်ဆယ်ဒီဂရီလှည့်ပတ်လိုက်ရာ လှံအရိပ်များစွာ ပေါ်ထွက်လာလျက် နတ်ဆရာဆယ်ပါးဆီသို့ ယပ်တောင်သဖွယ်တိုးဝင်သွားတော့ သည်။
ဝူရှန့်က အေးတိအေးစက်ပြောလိုက်သည်။ “ထွက်သွား”
နတ်ဆရာဆယ်ပါးက တစ်ချိန်တည်းနီးပါး ခရမ်းချီများကို ထုတ်လွှတ်တော့သည်။ ထိုချီများက ကနဦးချီကိုရစ်ပတ်လျက် နယ်ရှင်လှံကို အဝေးသို့လွင့်သွားစေနိုင်သည့် စွမ်းအင်အဖြစ်သိပ်သည်း သွားတော့သည်။
ဘန်း
တွမ့်မူရှန်းနောက်ဆုတ်လိုက်ရ၏။ သူက သူတို့အတွက် ပြိုင်ဖက်မဟုတ်ချေ။ နတ်ဆရာဆယ်ပါးက အစွမ်းထက်လွန်းနေ၏။
မြေပြင်ပေါ်ရှိအလင်းစက်ဝိုင်းဆယ်ခုက နတ်ဆရာဆယ်ပါးကို စွမ်းအားဖြင့် ဆက်တိုက်ထောက်ပံ့ ပေးနေသည်။ နတ်ဆရာဆယ်ပါး၏ ခွန်အားက ကြီးထွားနေသေးဆဲဆိုတာ ရှင်းနေပေ၏။
ထိုအရာကို ရန်ပုဖင်းမြင်သောအခါ သူအံ့ဩပျော်ရွှင်မှုများပြည့်သွားလေ၏။ သူက ကမန်းကတန်း သတိပေးလိုက်တော့သည်။ “အရှင်ဝူရှန့် မသက်ညှာပေးနဲ့။ အချိန်က အဓိကပဲ။ သူတို့ကို ဘာအခွင့်အရေးမှ မပေးနဲ့”
နတ်ဆရာဆယ်ပါးက ယင်းကို သတိပြုမိသည်။ မဟာဘိုးဘေးအစီအရင်သည် အလွန်ဆုံး နာရီဝက်ခန့်သာကြာနိုင်၏။ ပြဿနာက စုန်းမန္တန်များကို ရွတ်ဆိုရန်အချိန်ယူရတာပဲဖြစ်သည်။
ဆုတောင်းခြင်း၊ ချီးကျူးခြင်း၊ စတေးခြင်းအားလုံးက အချိန်လိုအပ်သည်။
လျှို့ဟယ်တာအိုစည်းက ခရမ်းမိုး၏တိုက်ခိုက်မှုအောက်တွင်ဆက်တိုက်ပေါ်ထွက်လာ၏။
နတ်ဆရာဆယ်ပါး၏ စုန်းမန္တန်ဖွဲ့တည်သည့်အချိန်၌ လျှို့ဟယ်တာအိုစည်းက ယင်းကို ခံနိုင်မည့် နည်းလမ်းမရှိချေ။
ထိုစဉ် ရှောင်ယွမ်အာက မင်ရှစ်ရင်နား အမြန်ချဉ်းကပ်လာ၏။
“စစ်ရှစ်ရှိုး ညီမ ပဲ့ထိန်းထားမယ်။ သွားသင့်တယ်”
“ကောင်းပြီလေ” မင်ရှစ်ရင်က ထွက်သွား၏။ ရှောင်ယွမ်အာသည် သာမန်နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူမဟုတ်ပေ။ မင်ရှစ်ရင်ထွက်သွားပြီးနောက် ရထားလုံးပျံကို ဆက်လက်ပျံသန်းနေနိုင်ရန်အတွက် သူမ၏ ကနဦးချီကို ထည့်သွင်းလိုက်တော့ သည်။ လိုအပ်လာသည့်အချိန်တွင် သူမက ရထားလုံးပျံကို ဦးတည်လျက် မဟာအစီအရင်ထဲမှထွက်သွားမှာပဲဖြစ်သည်။
ရွှီး ရွှီး ရွှီး
ခရမ်းရောင်မိုးစက်သံများက ပြောင်းလဲသွား၏။
“သူတို့ရဲ့မန္တန်က ပြီးတော့မယ်” လော့ရှစ်စန်း ပြန်ကန်ခံရပြီးနောက် ရထားလုံးပျံပေါ်တွင် ရပ်နေသော လုကျိုးကို အထိတ်တလန့်ကြည့်လိုက်သည်။ သူက ဝူရှန့်ကိုကြည့်လိုက်သည်။ “အရှင်ဝူရှန့် ကျူပ်ကိုကူပါ” ဝူရှန့်က မျက်နှာသေဖြင့် လက်ရမ်းပြလိုက်သည်။ ကောင်းကင်ထဲရှိ ခရမ်းရောင်မိုးစက်တို့ စုဝေးသွားလျက် လျှို့ဟယ်တာအိုစည်းဆီသို့ တိုးဝင်သွားသည်။
“ကြည့်နေ။ သတိထား။ ကူညီပေးမယ်” မင်ရှစ်ရင်က လျှပ်ပြက်သည့်အရှိန်ဖြင့် လှုပ်ရှားလာတော့သည်။
...
Zawgyi
အခန္း (၁၅၃) နတ္ဆရာဆယ္ပါးေရာက္လာၿပီ။ ခံတပ္ကိုထိန္းထား
မိစာၦဘုရားေက်ာင္း၏ ရန္ပုဖင္းသည္ ထိုအရာကိုျမင္သည့္အခ်ိန္၌ အင္မတန္ထိတ္လန႔္ သြားေတာ့ သည္။
“ေလာ့ရွစ္စန္းက နတ္ဆရာဆယ္ပါးရဲ႕ အစီအရင္ကို ၿဖိဳခြင္းနိုင္တယ္လား” ထိုစဥ္ မိစာၦဘုရားေက်ာင္း၏ တတိယေက်ာင္းထိုင္က သူ သတိမျပဳမိဘဲ ေရာက္လာေတာ့သည္။
“ေက်ာင္းထိုင္”
“သြမ့္ရွင္းလား၊ မင္း အခ်ိန္မီေရာက္လာတာပဲ” ရန္ပုဖင္းက ေပ်ာ္႐ႊင္စြာ ေျပာလိုက္ေလ၏။
“ကြၽန္ေတာ္က အႀကီးအကဲဓားသူေတာ္စင္နဲ႕ စီးေတာ္တစ္စီးတည္း လိုက္ပါလာတာ။ ကံေကာင္း လို႔ အခ်ိန္မွီေရာက္တာပဲ။ အရင္က ဝူရွန္းနဲ႕ ပူးေပါင္းထားတာ ဒီအစီအရင္က မိစာၦဘုရားေက်ာင္းက ဘယ္သူ႕ကိုမွ ဟန႔္တားနိုင္စြမ္းမရွိဘူး။" သြမ့္ရွင္းက ေျပာ၏။
“အံ့ဩဖို႔ေကာင္းတာပဲ” ရန္ပုဖင္းက စိတ္ေအးသြားေတာ့သည္။ သူက ဓားသူေတာ္စင္ ေလာ့ရွစ္စန္း၏ ထိတ္လန႔္ဖြယ္ဓားခ်က္ကို စိုက္ၾကည့္ေနသည္။
ေလာ့ရွစ္စန္းက မဟာဓား႐ူးသုံးဦးထဲမွ တစ္ဦးျဖစ္ေသာ ေလာ့ခ်န္ခ်င္း၏ ညီအစ္ကိုျဖစ္သည္။ သို႔ေသာ္ ေလာ့ရွစ္စန္းက ဂုဏ္သတင္း ေစာစီးစြာ တက္လာၿပီးေနာက္ ဓားသူေတာ္စင္ဘြဲ႕ကို ရလာခဲ့ ၏။ ဤႏွစ္မ်ားအတြင္း၌ သူ၏က်င့္ႀကံမႈကိုသာ အားစိုက္ထားခဲ့သည္။ ေလာ့ခ်န္ခ်င္း၏ ဂုဏ္သတင္း က သူ႕ဂုဏ္သတင္းကို လႊမ္းမိုးထားသည့္တိုင္ ခြန္အားကို သံသယျဖစ္ဖြယ္မလိုေပ။ ထို႐ုတ္ခ်ည္း ေျပာင္းလဲမႈက အားလုံးကို ထိတ္လန႔္သြားေစ၏။
မင္ရွစ္ရင္က ပဲ့ကိုင္ရမည့္လူျဖစ္ေသာေၾကာင့္ ထြက္သြား၍မရေပ။ သူလႈပ္ရွားခဲ့လွ်င္ တိမ္ခြင္း ရထားလုံးက ျပဳတ္က်သြားမွာေသခ်ာ၏။ ေရွာင္ယြမ္အာက နတ္ေဒဝါဦးတည္နယ္ပယ္တြင္သာ ရွိေသးသည္။ သူမက နတ္ဝိညာဥ္ဝဋ္ေႂကြးေခ်နယ္ပယ္လက္ေ႐ြးစင္တစ္ဦးကို မတိုက္ခိုက္နိုင္ေပ။ ဖန္က်ဳံးႏွင့္က်ိဳးက်စ္ဖုန္းတို႔အတြက္လည္းတူညီေပ၏။ က်န္သည့္အမ်ိဳးသမီးက်င့္ႀကံသူမ်ားဆို ေျပာရန္မလိုေတာ့ေပ။ တြမ့္မူရွန္းက နတ္ဆရာဆယ္ပါးကို ၾကည့္ေနေလ၏။ သူက အခ်ိန္ အတိုင္းအတာတစ္ခုအထိ ေတာင့္ခံထားေနရာ သူ႕ကို ကူညီနိုင္ရန္လွည့္မလာနိုင္ေပ။
“အႀကီးအကဲဟြား”
ဟြားဝူေတာက္ကို ကယ္တင္နိုင္သည့္လူက တစ္ဦးတည္းသာရွိသည္။ ထိုလူက လုက်ိဳးျဖစ္၏။
“ရွစ္စြင္း” မင္ရွစ္ရင္က ဟြားဝူေတာက္ကို သိပ္သေဘာမက်သည့္တိုင္ သူက မိစာၦေဝဟင္ေမွ်ာ္နန္း၏ ဂိုဏ္းသားတစ္ဦးျဖစ္ေနေသးသည္။ သူတစ္စုံတစ္ခုျဖစ္လာခဲ့လွ်င္ မိစာၦေဝဟင္ေမွ်ာ္နန္း၏ မ်က္ႏွာ ကို ျဖတ္ရိုက္ျခင္းႏွင့္တူေနေပ၏။
လုက်ိဳးက လက္ေနာက္ပစ္ထားဆဲျဖစ္သည္။ သူ၏လက္၌ အလင္းေရာင္ေဖ်ာ့ေဖ်ာ့ ေတာက္ပလာ ေလသည္။ အသုံးပစၥည္းကတ္တစ္ကတ္ေပၚလာ၏။ လႈပ္ရွားေတာ့မည့္အခ်ိန္၌ ဟြားဝူေတာက္က ေျပာလိုက္သည္။
“ေက်းဇူးျပဳၿပီး ေနာက္ဆုတ္ေနေပးပါ ေမွ်ာ္နန္းသခင္”
သူခံနိုင္ရည္ရွိေသးတယ္လား။
ႀကီးမားသည့္ အကၡရာရွစ္လုံးက ႐ုတ္တရက္ သူတို႔အ႐ြယ္အစားႏွစ္ဆပိုႀကီးမားသြားေတာ့သည္။ တစ္ခ်ိန္တည္းနီးပါး
ဘန္း
ဒါက လ်ိဳ႕ဟယ္တာအိုစည္းတံဆိပ္ကို ထိုးစိုက္သြားေတာ့သည္။
ဘီး
ဟြားဝူေတာက္၏ မ်က္လုံးက ေဒါသျဖင့္ေတာက္ေလာင္လာေတာ့၏။ “ေလာ့ရွစ္စန္း”
“သစၥာေဖာက္” ေလာ့ရွစ္စန္း၏မ်က္လုံးကလည္း ေဒါသမီးလွ်ံမ်ားေတာက္ေလာင္ေလ၏။
အၾကည့္ခ်င္းဆုံသြားသည့္အခ်ိန္တြင္ သူတို႔က ရန္သူေတာ္ႀကီးမ်ားကို ဆုံေတြ႕မိသည့္ပမာ ထင္ရသည္။ က်န္သည့္သူမ်ားက ထိတ္လန႔္သြားေတာ့၏။
လွ်ို႔ဟယ္စည္းတံဆိပ္က အလြန္အစြမ္းထက္သည္။ နတ္ဆရာဆယ္ပါး၏ ခရမ္းေရာင္မိုးမွ တိုက္ခိုက္မႈကို ခုခံနိုင္စဥ္ ယင္းက ဓားသူေတာ္စင္၏ ႐ုတ္တရက္တိုက္ခိုက္မႈကို ခုခံနိုင္စြမ္း ရွိေသးသည္။ ဟြားဝူေတာက္ မည္မွ်စြမ္းအားႀကီးသနည္း။
ေလာ့ရွစ္စန္း၏ ညွိုးေရာ္ေနေသာခႏၶာကိုယ္ေပၚရွိ ေငြေရာင္အမွ်င္က ေလတိုက္ခတ္လာေတာ့၏။ သူက လွ်ို႔ဟယ္တာအိုစည္းအျပင္သို႔ ထြက္ရပ္လိုက္ေတာ့သည္။
လုက်ိဳး၏ လက္ဖဝါးထဲရွိ အသုံးပစၥည္းကတ္က ေပ်ာက္ကြယ္သြားၿပီးျဖစ္သည္။ သူက ေလာ့ရွစ္စန္း ကို ထူးမျခားနားၾကည့္လိုက္ေလ၏။ လႈပ္ရွားရန္အလ်င္မလိုေပ။ အသင့္ေတာ္ဆုံးအခြင့္အေရးကို သူ ေစာင့္ဆိုင္းေနေပသည္။ အေသရိုက္ခ်က္ကတ္က ေလာ့ရွစ္စန္းကို အေသသတ္နိုင္ေသာ္ျငား သူ႕အသုံးျပဳမႈကို ဂ႐ုစိုက္ရမည္ျဖစ္ကာ တတ္နိုင္သမွ်ကတ္မ်ားစြာ ထိန္းသိမ္းထားရေပမည္။ အထြတ္အထိပ္အသြင္ကတ္အတြက္ဆိုလွ်င္ ပိုေတာင္မွန္ေနေပ၏။
ယခုအခ်ိန္တြင္ နတ္ဆရာဆယ္ပါး၊ ရန္ပုဖင္း၊ ေလာ့ရွစ္စန္း၊ သြမ့္ရွင္းႏွင့္ ေမာ့လီက တိတ္တဆိတ္ ၾကည့္ေနေလာက္သည္။ ေခၚလာသည့္အင္အားစုမ်ားစြာလည္းရွိ၏။ အလားအလာ ေကာင္းေသာ ရန္သူက မ်ားျပားလြန္းေနသည္။ အဆင္မျခင္ဘဲ သူ၏အသုံးကတ္မ်ားကို အသုံးျပဳခဲ့ လွ်င္ တိုက္ပြဲကို တိုက္ပြဲကို ခံစစ္အေနအထားျဖင့္သာ တုံ႕ျပန္နိုင္မွာျဖစ္၏။
ကံေကာင္းသည္မွာ ဟြားဝူေတာက္က လုံေလာက္ေအာင္ အစြမ္းထက္၏။ ေလထဲ၌ သူ၏ အသံက ၾကည္လင္စြာ ထြက္ေပၚလာေတာ့သည္။
“ေလာ့ရွစ္စန္း ငါ အႀကီးအကဲ ရာထူးကေန ႏႈတ္ထြက္ခဲ့တာအေတာ္ၾကာၿပီ။ ငါ့ကို ဘယ္လိုလုပ္ သစၥာေဖာက္တစ္ေယာက္လို႔ ေခၚရဲရတာလဲ”
“ခင္ဗ်ားက ဂိုဏ္းကေန ထြက္ခါစမွာပဲ မိစာၦေဝဟင္ေမွ်ာ္နန္းကို ဝင္သြားခဲ့တယ္။ ဟြားဝူေတာက္ သစၥာေဖာက္တစ္ေယာက္ျဖစ္တာနဲ႕ ဘာမ်ားကြာေသးလို႔လဲ”
ေလာ့ရွစ္စန္းက လွ်ို႔ဟယ္တာအိုဆီကို ခုခံေနေသာ ရထားလုံးပ်ံကိုၾကည့္ၿပီး ေဒါသတို႔ ေတာက္ေလာင္လာ၏။ သူက နက္ရွိုင္းေသာအသံျဖင့္ေျပာလိုက္ေတာ့သည္။ “စကားေတြေျပာၿပီး အခ်ိန္ျဖဳန္းေနဖို႔မလိုဘူး။ အရႈပ္အေထြးေတြကို ရွင္းလင္းဖို႔အတြက္ ဂိုဏ္းခ်ဳပ္ရဲ႕အမိန႔္နဲ႕ ဒီကိုေရာက္လာတာပဲ”
ဘီး...
ဓားကလႈပ္ခါသြား၏။ ယခုဆို ကနဦးခ်ီမ်ားလႊမ္းၿခဳံေနၿပီျဖစ္သည္။
နတ္ဆရာဆယ္ပါး၏ ေခါင္းေဆာင္ဝူရွန့္က ေလာ့ရွစ္စန္းကို ျမင္လိုက္သည္။ သူသည္ ဝူရွန္းကို ဝင္ပူးေနေသာေၾကာင့္ ေလာ့ရွစ္စန္းက ရန္သူမဟုတ္မွန္း အလိုလိုသိတာျဖစ္နိုင္၏။
ဝူရွန႔္က ေျမျပင္ေပၚရွိ အလင္းစက္ဝိုင္းဆယ္ခုကို ျဖတ္ခနဲၾကည့္လိုက္သည္။ စြမ္းအင္စုပ္ယူမႈက ၿပီးခါနီးၿပီျဖစ္သည္။ နတ္ဆရာဆယ္ပါး၏ စြမ္းအင္သည္ သူတို႔၏အကန႔္အသတ္သို႔ ေရာက္ခါနီးၿပီ ျဖစ္သည္။ အဆုံးျဖတ္တိုက္ပြဲအတြက္ အခ်ိန္ေရာက္ေတာ့မည္။
ဝူရွန႔္က လက္ျမႇောက္လိုက္ရာ သူ၏ ဝတ္႐ုံနီက ေလထဲ၌ လႊင့္ေနေလ၏။ ဆံပင္မ်ားကလည္း ေလတိုက္ခတ္ေသာေၾကာင့္ ရႈပ္ပြေနေလသည္။ “ရွီေခ်ာင္းဂမၺီရဉာဏ္”
ဆုေတာင္း၊ ခ်ီးက်ဴးျခင္း၊ စေတးျခင္းႏွင့္ ရွီေခ်ာင္းဂမၺီရဉာဏ္
မည္းေမွာင္ေနေသာ ဧရိယာက ပိုေတာင္ေမွာင္လာေတာ့သည္။ တေလာကလုံးက အေမွာင္အတိက်သြား ေတာ့၏။
“အားလုံးေနာက္ဆုတ္ၾက” ဟြားဝူေတာက္က သူ႕ကိုယ္ေပၚက်လာေသာဖိအားကို ခံစားမိသည္။ ခရမ္းမိုးျဖင့္လွ်ို႔ဟယ္တာအိုစည္းကို ရိုက္ခတ္လာေသာ ျပင္းထန္သည့္ေလျပင္းျဖစ္၏။
လုက်ိဳးက မလႈပ္ရွားေပ။ ပိုရႈပ္ေထြးေလ သူကပိုတည္ၿငိမ္ေလျဖစ္ရေပမည္။
ေလာ့ရွစ္စန္း၏ အသံက သူတို႔ဆီေရာက္လာေတာ့သည္။ “ဓားဆယ့္သုံးပါး” သူ၏ဓားမ်ားက ဓားသြားဆယ့္သုံးခုအျဖစ္ခြဲထြက္သြားေတာ့သည္။ ယင္းက သူေက်ာ္ၾကားလာသည့္ သိုင္းကြက္ျဖစ္ ၏။ ဓားသူေတာ္စင္ေလာ့ရွစ္စန္းဟူေသာ ဘြဲ႕အမည္ကို ရလာခဲ့ပုံပဲျဖစ္သည္။
ဝွစ္
ဓားသြားစြမ္းအင္ ဆယ့္သုံးခုက ဟြားဝူေတာက္ဆီ တိုးဝင္သြားေတာ့၏။
လွ်ို႔ဟယ္တာအိုစည္းတံဆိပ္က အလြန္အစြမ္းထက္သည္။ သို႔ေသာ္ ယင္းက ခုခံသည့္အကြက္သာ ရွိေနေသး၏။ လက္ေဝွ႕ထိုးအိတ္ပမာ တသက္လုံးျဖစ္ေနေတာ့သည္။
ဘန္း
မီးစာလုံးက ပထမဆုံးၿပိဳကြဲသြား၏။ ဟြားဝူေတာက္၏ အမူအရာက ေျပာင္းလဲသြားေတာ့သည္။
နတ္ဆရာဆယ္ပါး၏ တိုက္စားျခင္းစြမ္းအားကအစြမ္းထက္လြန္း၏။ ကံေကာင္းသည္မွာ သူတို႔က တြမ့္မူရွန္းကဲ့သို႔ အနီးကပ္တိုက္ပြဲဝင္ရာ၌ မကြၽမ္းက်င္ၾကေပ။ တစ္ဝက္ခန႔္က ေမွာ္အတတ္ကို အရမ္းကူညီေပးေနရသည္။ ထိုသို႔မဟုတ္လွ်င္ ဟြားဝူေတာက္က ယခုအခ်ိန္ထိေတာင့္ခံနိုင္မွာ မဟုတ္ေပ။ သူက ဝင္ေရာက္လာေသာ စြမ္းအင္ဓားသြားဆယ့္သုံးခုကို ၾကည့္ၿပီး ကူကယ္ရာမဲ့ေန ေလ၏။
လုက်ိဳးက လက္ေဝွ႕ယမ္းလ်က္ နက္ရွိုင္းသည့္အသံျဖင့္ေျပာလိုက္သည္။
“တစ္ေယာက္တည္းကို အုပ္စုဖြဲ႕တိုက္ခိုက္ေနတယ္။ လက္မခံနိုင္စရာပဲ” သူ၏ လက္ဖဝါးထဲမွ အျပာရင့္ရင့္အလင္းတန္းေပၚထြက္လာ၏။
အားလုံး၏အာ႐ုံစိုက္မႈက လုက်ိဳးဆီခ်က္ခ်င္းေရာက္သြားေတာ့သည္။
သူတို႔က မိစာၦေဝဟင္ေမွ်ာ္နန္း၏ အေက်ာ္အေမာ္ႀကီး၏ လႈပ္ရွားမႈကို မည့္ကဲ့သို႔ စိတ္မဝင္စားပဲ ေနမည္နည္း။
ေလာ့ရွစ္စန္းက သူအမွားလုပ္မိမွန္း ႐ုတ္တရက္ သေဘာေပါက္သြား၏။ နတ္ဆရာဆယ္ပါး၏ ေထာက္ပံ့မႈျဖင့္ ဟြားဝူေတာက္ကို အနိုင္ရရန္ ယုံၾကည္ၿပီးသားျဖစ္သည္။ သူက ဟြားဝူေတာက္ကို အာ႐ုံစိုက္ေနၿပီးအားနည္းေသာ ကနဦးခ်ီျဖင့္ ဟန္မေဆာင္တတ္ေသာ အဘိုးႀကီးကို လွမ္းၾကည့္ လိုက္၏။ ထိုအဘိုးအိုက က်ိထ်န္းေတာက္ မိစာၦေဝဟင္ေမွ်ာ္နန္း၏ေခါင္းေဆာင္တဲ့လား။
ေဝဝါးဝါးအလင္းတန္းတို႔က ေလာ့ရွစ္စန္းဆီတိုးဝင္လာလ်က္ အေမွာင္ထုကို ျဖတ္ေက်ာ္သြားသည္။
“မိုးႀကိဳးသြားလား”
ရန္ပုဖင္းက ထိုအရာကိုျမင္လိုက္သည္။ သူက အထိတ္တလန႔္ျဖင့္ေျပာလိုက္ေတာ့၏။
“မိစာၦေဝဟင္ ေမွ်ာ္နန္းရဲ႕အ႒မေျမာက္တပည့္ က်ဴးဟုန္ကုန္းက ပ်က္သုဥ္းျခင္းကိုးပါးမိုးႀကိဳးကို ကြၽမ္းတာပဲ၊ တကယ့္ မိုးႀကိဳးသြားေတာ့မဟုတ္ဘူး။ က်ိထ်န္းေတာက္က ဒီလိုမိုးႀကိဳးသြားစစ္စစ္ကို ဘယ္လိုမ်ား သင္ယူထားတာလဲ”
သြမ့္ရွင္းက မ်က္ေမွာင္က်ဳံ႕သြားသည္။
“သူက တကယ္ပဲ ဗုဒၶဝါရင့္ကိုယ္ေတာ္ႀကီးအျဖစ္အေယာင္ေဆာင္ထားတာလား”
ေက်ာက္စိမ္းယဇ္ပလႅင္အျဖစ္အပ်က္ၿပီးေနာက္ သမာသမတ္ဂိုဏ္းသည္ သူတို႔ ရရွိခဲ့သည့္အခြင့္အေရးအတြက္ ထိုအေၾကာင္းကို မိစာၦဘုရားေက်ာင္းကို ေစာဒကတက္ခဲ့၏။ ထိုက်ရႈံးမႈေၾကာင့္ သမာသမတ္ဂိုဏ္းႏွင့္ မိစာၦဘုရားေက်ာင္းတို႔သည္ အဆက္အဆံမရွိေတာ့ေခ်။ အစက သူ မယုံၾကည္ခဲ့ေသာ္ျငား ယခုကိုယ္ပိုင္မ်က္လုံးျဖင့္ မ်က္ျမင္ေတြ႕ၿပီျဖစ္ရာ ထိတ္လန႔္သြားေတာ့၏။
မိုးႀကိဳးသြားက လွ်ပ္စီးတို႔ျဖင့္ ႐ုတ္တရက္ေပါက္ကြဲလာေလသည္။ ေကာင္းကင္မွ မိုးႀကိဳးမ်ား က်ဆင္းလာသည့္သဖြယ္ျဖစ္ေနေတာ့၏။
ဖုန္း
ယင္းက ေလာ့ရွစ္စန္းကို ပစ္သြားသည္။ ဓားသြားစြမ္းအင္ ဆယ့္သုံးခုကေပ်ာက္ကြယ္သြား၏။ ေလာ့ရွစ္စန္းက တိုက္ကြက္မွ အ႐ုတ္ခံလိုက္ရသည္။ လုက်ိဳးက ေခါင္းခါလိုက္ေတာ့၏။
ဆိုးလိုက္တဲ့ကံ။ ျပန္ကန္နိုင္ေခ်က ခံလိုက္ရၿပီး။ ဒီတိုက္ကြက္က သူ႕ကို ဘာမွမထိခိုက္ေစဘူး။ ကုသိုလ္မွတ္တရာျဖဳန္းတီးရာေရာက္တာပဲ။ ငါပိုသုံးသင့္သလား။ အဆုံးတြင္မူ သူက ဆုံးျဖတ္ခ်က္ခ်လိဳက္၏။ ေရွ႕ဆက္ၾကည့္ရန္သာ ဆုံးျဖတ္လိုက္သည္။ ဟြားဝူေတာက္က လုက်ိဳး လႈပ္ရွားတာကိုျမင္သည့္အခ်ိန္၌ သက္ျပင္းခ်လိဳက္ေတာ့သည္။ သူက ယခုပိုယုံၾကည္ခ်က္ရွိလာၿပီ ျဖစ္သည္။
“ေက်းဇူးပါ ေမွ်ာ္နန္းသခင္”
“ဘာမွမဟုတ္ဘူး”
တြမ့္မူရွန္းက ရပ္မေနနိုင္ေတာ့ေခ်။ နယ္ရွင္လွံနားတဝိုက္စြမ္းအင္တို႔က ၿပိဳကြဲသြားၿပီး သူက နတ္ဆရာဆယ္ပါးဆီ တိုးဝင္သြားေတာ့၏။ သူ၏လက္ကို တစ္ရာ့ရွစ္ဆယ္ဒီဂရီလွည့္ပတ္လိုက္ရာ လွံအရိပ္မ်ားစြာ ေပၚထြက္လာလ်က္ နတ္ဆရာဆယ္ပါးဆီသို႔ ယပ္ေတာင္သဖြယ္တိုးဝင္သြားေတာ့ သည္။
ဝူရွန႔္က ေအးတိေအးစက္ေျပာလိုက္သည္။ “ထြက္သြား”
နတ္ဆရာဆယ္ပါးက တစ္ခ်ိန္တည္းနီးပါး ခရမ္းခ်ီမ်ားကို ထုတ္လႊတ္ေတာ့သည္။ ထိုခ်ီမ်ားက ကနဦးခ်ီကိုရစ္ပတ္လ်က္ နယ္ရွင္လွံကို အေဝးသို႔လြင့္သြားေစနိုင္သည့္ စြမ္းအင္အျဖစ္သိပ္သည္း သြားေတာ့သည္။
ဘန္း
တြမ့္မူရွန္းေနာက္ဆုတ္လိုက္ရ၏။ သူက သူတို႔အတြက္ ၿပိဳင္ဖက္မဟုတ္ေခ်။ နတ္ဆရာဆယ္ပါးက အစြမ္းထက္လြန္းေန၏။
ေျမျပင္ေပၚရွိအလင္းစက္ဝိုင္းဆယ္ခုက နတ္ဆရာဆယ္ပါးကို စြမ္းအားျဖင့္ ဆက္တိုက္ေထာက္ပံ့ ေပးေနသည္။ နတ္ဆရာဆယ္ပါး၏ ခြန္အားက ႀကီးထြားေနေသးဆဲဆိုတာ ရွင္းေနေပ၏။
ထိုအရာကို ရန္ပုဖင္းျမင္ေသာအခါ သူအံ့ဩေပ်ာ္႐ႊင္မႈမ်ားျပည့္သြားေလ၏။ သူက ကမန္းကတန္း သတိေပးလိုက္ေတာ့သည္။ “အရွင္ဝူရွန႔္ မသက္ညွာေပးနဲ႕။ အခ်ိန္က အဓိကပဲ။ သူတို႔ကို ဘာအခြင့္အေရးမွ မေပးနဲ႕”
နတ္ဆရာဆယ္ပါးက ယင္းကို သတိျပဳမိသည္။ မဟာဘိုးေဘးအစီအရင္သည္ အလြန္ဆုံး နာရီဝက္ခန႔္သာၾကာနိုင္၏။ ျပႆနာက စုန္းမႏၲန္မ်ားကို ႐ြတ္ဆိုရန္အခ်ိန္ယူရတာပဲျဖစ္သည္။
ဆုေတာင္းျခင္း၊ ခ်ီးက်ဴးျခင္း၊ စေတးျခင္းအားလုံးက အခ်ိန္လိုအပ္သည္။
လွ်ို႔ဟယ္တာအိုစည္းက ခရမ္းမိုး၏တိုက္ခိုက္မႈေအာက္တြင္ဆက္တိုက္ေပၚထြက္လာ၏။
နတ္ဆရာဆယ္ပါး၏ စုန္းမႏၲန္ဖြဲ႕တည္သည့္အခ်ိန္၌ လွ်ို႔ဟယ္တာအိုစည္းက ယင္းကို ခံနိုင္မည့္ နည္းလမ္းမရွိေခ်။
ထိုစဥ္ ေရွာင္ယြမ္အာက မင္ရွစ္ရင္နား အျမန္ခ်ဥ္းကပ္လာ၏။
“စစ္ရွစ္ရွိုး ညီမ ပဲ့ထိန္းထားမယ္။ သြားသင့္တယ္”
“ေကာင္းၿပီေလ” မင္ရွစ္ရင္က ထြက္သြား၏။ ေရွာင္ယြမ္အာသည္ သာမန္နတ္ေဒဝါဦးတည္နယ္ပယ္ က်င့္ႀကံသူမဟုတ္ေပ။ မင္ရွစ္ရင္ထြက္သြားၿပီးေနာက္ ရထားလုံးပ်ံကို ဆက္လက္ပ်ံသန္းေနနိုင္ရန္အတြက္ သူမ၏ ကနဦးခ်ီကို ထည့္သြင္းလိုက္ေတာ့ သည္။ လိုအပ္လာသည့္အခ်ိန္တြင္ သူမက ရထားလုံးပ်ံကို ဦးတည္လ်က္ မဟာအစီအရင္ထဲမွထြက္သြားမွာပဲျဖစ္သည္။
႐ႊီး ႐ႊီး ႐ႊီး
ခရမ္းေရာင္မိုးစက္သံမ်ားက ေျပာင္းလဲသြား၏။
“သူတို႔ရဲ႕မႏၲန္က ၿပီးေတာ့မယ္” ေလာ့ရွစ္စန္း ျပန္ကန္ခံရၿပီးေနာက္ ရထားလုံးပ်ံေပၚတြင္ ရပ္ေနေသာ လုက်ိဳးကို အထိတ္တလန႔္ၾကည့္လိုက္သည္။ သူက ဝူရွန႔္ကိုၾကည့္လိုက္သည္။ “အရွင္ဝူရွန႔္ က်ဴပ္ကိုကူပါ” ဝူရွန႔္က မ်က္ႏွာေသျဖင့္ လက္ရမ္းျပလိုက္သည္။ ေကာင္းကင္ထဲရွိ ခရမ္းေရာင္မိုးစက္တို႔ စုေဝးသြားလ်က္ လွ်ို႔ဟယ္တာအိုစည္းဆီသို႔ တိုးဝင္သြားသည္။
“ၾကည့္ေန။ သတိထား။ ကူညီေပးမယ္” မင္ရွစ္ရင္က လွ်ပ္ျပက္သည့္အရွိန္ျဖင့္ လႈပ္ရွားလာေတာ့သည္။
...