အခန်း (၁၅၁) နတ်ဆရာဆယ်ပါး၏စွမ်းအား
ဝူရှန်းက လက်သီးနှစ်ဖက်ကိုဆုပ်မိုးလျက်ပြောလိုက်တော့သည်။
“မလိုအပ်ဘူး မျှော်နန်းသခင်။ နတ်ဆရာဆယ်ပါးက ထိပ်သီးဆရာကြီးဆယ်ဦးထက် ပိုအစွမ်းထက်သာပြီးသား။ ခင်ဗျားရဲ့အရံအတား အပြင်ဖက် ရောက်နေတဲ့အချိန် သူတို့ကို ဘယ်လိုလုပ်ရင်ဆိုင်မှာလဲ”
ရန်ပုဖင်းက လက်ဝှေ့ယမ်းလိုက်၏။ သူ၏လက်အောက်ငယ်သားကို ပြောလိုက်တော့၏။
“တတိယကျောင်းထိုင်ဘယ်မှာလဲ”
“တတိယကျောင်းထိုင်က ဓားသူတော်စဉ်လော့ရှစ်စန်းနဲ့ရှိနေပါတယ်။ သူတို့မကြာခင် ဒီကို ရောက်လာပါလိမ့်မယ်” လက်အောက်ငယ်သားက အရိုအသေပေးလျက်ပြောလိုက်တော့သည်။
ဟွားဝူတောက်၏မျက်နှာထက်၌ မျက်မှောင်ကျုံ့သည့် အမူအရာပေါ်လာတော့၏။ သူ့အရှောင်တိမ်း အချင်ဆုံးအခြေအနေက ဖြစ်လာချေပြီ။ သူက ယွင်ဂိုဏ်းမှဖြစ်ပြီး ယခုဆို မိစ္ဆာဝေဟင်မျှော်နန်း သို့ဝင်ခဲ့ပြီးဖြစ်၏။ အနည်းဆုံးတော့ သူမတွေ့ချင်ဆုံးလူများက သူ၏ယခင်တစ်ဖွဲ့တည်းသားများ ဖြစ်ကြသည်။
“အကြီးအကဲဟွား လော့ရှစ်စန်းက ယခုဆို တစ်ယောက်တည်းကျင့်ကြံနေလောက်တယ်။ သူက မိစ္ဆာဘုရားကျောင်းထဲ ဘာလို့ရောက်လာမှာလဲ။ ဖြောင့်မတ်ခြင်းလမ်းစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ် နေတာကို ဂုဏ်ယူဝံ့ကြွားနေတယ်လို့ ထင်မိတာပဲ” မင်ရှစ်ရင်က လှောင်ပြောင်ပြောဆိုလိုက်သည်။
ဟွားဝူတောက်၏မျက်နှာက ရှက်ရွံ့မှုကြောင့် နီလာသော်ငြား သူက ပြန်မပြောခဲ့ပေ။ ဆိုရလျှင် သူက မိစ္ဆာဝေဟင်မျှော်နန်းထဲဝင်ခဲ့ပြီးဖြစ်သည်။ သူမည်သည်ကိုပြောနိုင်မည်နည်း။
ဖန်ကျုံးကပြောလိုက်တော့သည်။
“ဓားသူတော်စဉ်လော့ရှစ်စန်းက လော့ချန်ချင်းရဲ့ညီ ဓားရူးသုံးယောက်ထဲက တစ်ယောက်ပဲ။ နှစ်ယောက်လုံးက ဓားရေးကျွမ်းကျင်ကြပြီး လမ်းကြောင်းရှာဖွေဖို့ကိုပဲ အာရုံစိုက်ထားတာ။ တစ်ခြားအရေးကိစ္စတွေထဲမှာ ဝင်ပါတာရှားတယ်။ လော့ရှစ်စန်းက နောက်ထပ်လူတစ်ယောက်ရဲ့ နယ်ရုပ်ဖြစ်လာလိမ့်မယ်လို့မထင်ထားဘူး”
ဝူရှန်းက ခေါင်းခါပြီးလက်မခံကြောင်းပြောလိုက်လေ၏။ “မင်းပြောတာမှားတယ် ညီအစ်ကိုဖန်။ မင်းက ဖြောင့်မတ်ခြင်းလမ်းစဉ်ကဖြစ်တဲ့ ကျင့်မင်တာအိုဂိုဏ်းကပဲ။ မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်လိုက်ပြီဆိုတော့ မင်းက မိစ္ဆာဝေဟင်မျှော်နန်းရဲ့နယ်ရုပ်ဖြစ်မသွားဘူးလား”
လေတို့ဝှေ့တိုက်သွားလေ၏။ ဝူရှန်းနဲ့ဝူကွမ်း၏ ဝတ်ရုံနီများက လေထဲလွင့်နေသည်။ သူတို့၏ သဘောထားက ယခင်နှင့်ကွဲပြားခြားနားနေပြီး ရင်ဆိုင်သည့်အနေအထားသို့ ပြောင်းလဲသွား၏။ ဖန်ကျုံးက နှာခေါင်းရှုံ့ပြီးပြောလိုက်လေ၏။
“ငါ မိစ္ဆာဝေဟင်မျှော်နန်းထဲဝင်တာကို နောင်တမရဘူး။ မင်းတို့က နာမည်ကျော်ကြားတဲ့ နတ်ဆရာဆယ်ပါးရဲ့ မျိုးဆက်ပဲ။ ဒါတောင် မော့လီရဲ့အစောင့်ခွေးအဖြစ် လျော့ချခံတယ်။ ပြောကြည့်ပါဦး။ မင်းရဲ့ ဘိုးဘေးတွေကိုစိတ်ပျက်စရာမရောက်နိုင်ဘူးလား”
“အပြန်အလှန်လှောင်ပြောင်သရော်နေလည်း အသုံးမဝင်ဘူး။ နေနဲ့လက နန်းတော်အပေါ် ငါ့ရဲ့သစ္စာ တရားကို မျက်မြင်သက်သေပြုပေးနိုင်တယ်” ဝူရှန်းက လက်သီးနှစ်ဖက်ကိုဆုပ်ပြီး ပြောလိုက် လေ၏။
“မင်း-င်ကြီးကိုပဲ သစ္စာပဲရှိ” ဖန်ကျုံးက စိတ်မရှည်တော့ဘဲပြောလိုက်လေ၏။ “မော့လီက ဘယ်လိုလူမျိုးဆိုတာမသိဘူးလို့ မင်းပြောရဲလား”
ဝူရှန်းက ယခင်က ယုံကြည်ချက်ရှိရှိပြောခဲ့၏။ သို့သော် ထိုစကားကိုကြားသည့်အချိန် မျက်မှောင်အနည်းငယ်ရှုံ့သွားတော့သည်။ “မင်း ဘာသိလို့လဲ”
“တိုက်ဆိုင်လိုက်တာ” ဖန်ကျုံးက ပြောလိုက်လေ၏။ “လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါ ကုသနည်းအတွက် ရှာနေတဲ့အချိန် ငါသွားလည်ပတ်ခဲ့တာ ကဝေသမားတော်တွေတင်မကဘူး တော်ဝင်သမားတော်တွေဆီပါ သွားပြီး ကုသမှုရဖို့ နန်းတော်ထဲကိုသွားခဲ့သေးတာ။ အဲ့ဒီတုန်းက တစ်စုံတစ်ခုရှာတွေ့ခဲ့တယ်လေ”
တွမ့်မူရှန်းက ဖန်ကျုံးကို လှည့်ကြည့်ပြီးနောက် ပြောလိုက်တော့၏။ “ပြောလေ မော့လီက ဘယ်လိုလူမျိုးလဲ”
“မော့လီက ဒုတိယမင်းသားရဲ့ လျှို့ဝှက်ချစ်သူပဲ” ဖန်ကျုံးက ခဏတာရပ်လိုက်ပြီးနောက် ထပ်ထည့်ပြီးတော့ပြောလိုက်သည်။ “တိတိကျကျပြောရရင် မော့လီက ဒုတိယမင်းသားရဲ့ချစ်သူကောင်လေးပဲ”
မင်ရှစ်ရင်”...”
တွမ့်မူရှန်း”...”
ရန်ပုဖင်း”...”
လေက ခဲသွားလေ၏။ ပတ်ဝန်းကျင်က အနေရခက်လာတော့သည်။ ဝူရှန်းနှင့်ဝူကွမ်းက ယခုအချိန်တွင် သူတို့မျက်နှာထက်၌ သဘာဝမကျသော အမူအရာရှိနေလေ၏။ လုကျိုးတောင် ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားပေ။
ဒီလိုကိစ္စကြီးနား တဝဲလည်နေပြီးနောက် မော့လီက အမျိုးသားတစ်ယောက်ဖြစ်နေတယ်တဲ့လား။ ဒီတွေ့ရှိချက်ကြီးက ခြောက်ခြားစရာပဲဟေ့။
ရှိနေသည့်သူများက ယုံနိုင်ရန်ခက်ခဲနေလေ၏။ ထိုသို့ဆိုလျှင်
‘မင်းသားလျိုက တုန်ရှန်းတစ်ယောက်များလား (တုန်ရှန်းသည် နှစ်အနည်းငယ်အတွင်း အမှုထမ်းငယ်လေးတစ်ဦးအဖြစ်မှ ဧကရာဇ်အိုက်၏ အတွင်းဆောင် အကြံပေးရေးတွင် အင်အားအကြီးဆုံး အမှုထမ်းတစ်ဦးဖြစ်လာသည့် ဟန်မင်းဆက် အမတ်တစ်ယောက်ဖြစ်သည်။ အရည်အချင်းများကို ပြသခဲ့ခြင်းထက် ဧကရာဇ်အိုက်နှင့် ပုဂ္ဂိုလ်ရေး ပတ်သက်မှု၊ ချစ်ကြည်နူးဖွယ်ဆက်ဆံရေးတို့ကြောင့် တုန်ရှန်း ရာထူးအတက်မြန်သည်ဟု စာသင်သား အများစုက ထောက်ခံကြသည်)
မဟုတ်လောက်ဘူး၊ မော့လီကမှ တုန်ရှန်း ဖြစ်သင့်တာ’
လုကျိုးက ထိုအကြောင်းကို တွေးနေစဉ် မင်းသားနှစ်ကို ပုံပေါ်မိသွားသည်။ ကိုးကားချက် အပိုင်းတစ်ပိုင်းတွင် မြက်ဖြာတစ်ထည်ပေါ်၌ တုန်နှင့် ဧကရာဇ်အိုက်တို့ မကြာခဏလှဲအိပ်ကြောင်း ပါသည်။ တစ်ခုသော မွန်းတည့်ရက်တွင် ဧကရာဇ်အိုက်သည် တစ်ရေးအိပ်ရာမှ နိုးလာစဉ် တုန်က အိပ်ပျော်နေဆဲ ဖြစ်သည်။ ထို့အပြင် ဧကရာဇ်အိုက်၏ ဝတ်ရုံလက်က တုန်ရှန်း၏ ခေါင်းအောက် ဖိမိနေသည်။ တုန်ရှန်းကို နှိုးမည့်အစား ဧကရာဇ်အိုက်က သူ အနှောင့်အယှက်မရှိ ဆက်အိပ်နိုင်စေရန်အတွက် သူ့ဝတ်ရုံလက်ကို ဓားဖြင့် ဖြတ်ခဲ့သည်။ (ယူတို့ တော်တော်များများ သိတဲ့ ဝတ်ရုံလက်ပြတ်ပါပဲ)
“အမ်း” လုကျိုးက ရထားလုံပျံထဲတွင် လှဲနေသော ဖန်းရှုဝမ်ကို လှည့်ကြည့်လိုက်သည်။
ဖန်းရှုဝမ်၏မျက်နှာထက်တွင်လည်း သတ်ဖြတ်လိုသည့်အကြည့်ရှိနေလေ၏။ သူ၏မျက်လုံးများက ပြူးကျယ်နေပြီး ထွက်ကျလုနီးပါးဖြစ်နေသည်။ နှုတ်ခမ်းတို့က တုန်ယင်နေ၏။
လုကျိုးက ဖန်းရှုဝမ်ယခုအချိန်တွင် မည်သို့ခံစားနေရကြောင်းသိချင်မိသည်။ ထိုအတွေးများကို ရှင်းလင်းရန်အတွက် ခေါင်းခါလိုက်ပြီး ဝူရှန်းကိုသာ အာရုံစိုက်လိုက်သည်။
ဝူရှန်းက ဒေါသထွက်နေတာသိသာပေ၏။ သူက ဖန်ကျုံးကို လက်ညှိုးထိုးပြီးပြောလိုက်တော့သည်။ “မင်းက မိစ္ဆာဝေဟင်မျှော်နန်းမှာတုန်းက ငါတို့ရဲ့ ဘိုးဘေးနတ်ဆရာဆယ်ပါးကို စော်ကားခဲ့တယ်။ မျှော်နန်းသခင်ကြောင့် မင်းပြောတာကို ငါအငြိုးအတေးမထားခဲ့ဘူး။ ဒါပေမဲ့အခု အရှင်မော့လီကို စော်ကားနေပြန်ပြီ။ မင်းကို မသတ်ရင် နတ်ဆရာဆယ်ပါးကို ရင်ဆိုင်ဖို့အရှက်ရတော့မှာ” ပြောပြီးသည်နှင့် လက်ဝှေ့ယမ်းလိုက်တော့၏။
ဝတ်ရုံနီအယောက်သုံးဆယ်က ချက်ချင်းစုဝေးလိုက်ကြသည်။ သူတို့၏ မှိန်ဖျော့ဖျော့ကနဦးချီများ က မယုံနိုင်စရာကောင်းလောက်အောင် ရုတ်တရက်အစွမ်းထက်လာတော့၏။ ခပ်ဖျော့ဖျော့ ခရမ်းရောင် အလင်းစက်ဝိုင်း တို့က မြေပြင်ပေါ်တွင် အရှိန်ပြင်းပြင်းဖြင့်တောက်ပလာလေ၏။
“နတ်ဆရာဆယ်ပါးရဲ့စွမ်းအား” ရန်ပုဖင်းက ရယ်မောလိုက်သည်။ “ကြည့်ရတာက ထွက်ပြေးတာ ကပဲ မင်းရဲ့တစ်ခုတည်းသော ရွေးချယ်မှုထင်တယ်။ နတ်ဆရာဆယ်ပါးက ထိပ်သီးဆရာကြီး ဆယ်ယောက်လိုမဟုတ်ဘူး”
အလင်းစက်ဝိုင်းများက ခပ်ဖျော့ဖျော့ခရမ်းရောင်စွမ်းအားတို့ဖြင့် တဖြည်းဖြည်းပြည့်လာပြီး ပြီးပြည့်စုံသွားတော့၏။
လုကျိုးက အလင်းစက်ဝိုင်းဆယ်ခုကို ကြည့်ပြီးမေးလိုက်တော့၏။ “ဒါက နတ်ဆရာဆယ်ပါးရဲ့ စွမ်းအားဆိုတာလား” ဝူရှန်း၏ မျက်လုံးများက နီရဲလာပြီးပြောလိုက်တော့၏။ “ကျူပ်တစ်ခုပဲ တောင်းဆိုစရာရှိတယ်။ ယဲ့ထျန်းရှင်းကို လွဲပေးလိုက်။ ဒီတောင်းဆိုချက်ကို ဖြည့်ဆည်းပေးရင် မိစ္ဆာဝေဟင်မျှော်နန်းကို ချမ်းသာပေးမယ်” သူ၏ဝတ်ရုံက လေထဲလွင့်နေပြီး ကနဦးချီများ ပေါ်ထွက်လာတော့၏။ ယခုအချိန်တွင် ဝူကွမ်း၏မျက်လုံးကလည်းရဲလာလေသည်။ တစ်၊သုံး၊ငါး ဝတ်ရုံနီကျင့်ကြံသူဆယ်ဦး၏မျက်လုံးများကလည်း ရဲလာတော့၏။
“ယဲ့ထျန်းရှင်းက ပိုင်လူမျိုးတွေထဲက တစ်ယောက်ပဲ။ တစ်ခြားသူတွေနဲ့မင်းကိုယ်မင်း အရူးလုပ်နေဖို့မလိုဘူး။ လောင်ချန်းပေ့” ဝူရှန်း၏ အရှိန်အဝါတို့က ပေါက်ကွဲလာ၏။
ရန်ပုဖင်း၏မျက်လုံးထဲတွင် ထိတ်လန့်သည့်အရိပ်အယောင်ပေါ်လာသည်။ သူက အသံမြှင့်ပြောလိုက်တော့၏။ “ကျိထျန်းတောက် မင်းအချည်းနှီး အသက်ရှင်ခဲ့တာလား။ ပိုင်လူမျိုးရဲ့ချန်ဟွမ်းက မင်းရဲ့အသက်ကို နှစ်ထောင်ကျော်အထိ ဆွဲဆန့်ပေးနိုင်တယ်ဆိုတာ မသိဘူးလား”
ဝူရှန်းက ရန်ပုဖင်းဖက်လှည့်ကြည့်လိုက်ရာ ရန်ပုဖင်းကို ချက်ချင်းတိတ်သွားစေတော့သည်။
ရန်ပုဖင်းက ဝူရှန်း၏ ရဲတင်းသောအကြည့်ကိုခံစားမိပြီး ပြောင်းလဲသွားတော့၏။ သူ့အထက်တွင် ရှိနေသူက ဝူရှန်း မဟုတ်တော့ပေ။
ထိုစဉ် မှိန်ဖျော့ဖျော့ခရမ်းရောင်စက်ဝိုင်းများ၏တစ်ခုမှ ကနဦးချီက ပေါ်ထွက်လာပြီး ဝူရှန်းနှင့် ဖြည်းဖြည်းချင်းပေါင်းစည်းသွားတော့သည်။
ဝူရှန်းနားရှိ အတွေ့အကြုံမရှိသော ဝတ်ရုံနီကျင့်ကြံသူများက တညီတညွတ်တည်းပြောလိုက်ကြ၏။
"နှုတ်ဆက်ပါတယ် အရှင်ဝူရှန့်”
ယင်းကတာ့ယန်ထဲတွင် ကျောက်စိမ်းတံခါးဟုခေါ်သောတောင်တစ်လုံးဖြစ်သည်။ နေနှင့်လ၏ လှုပ်ရှားမှုများက ယင်းအပေါ်တွင် အရိပ်အယောင်ရှိနေ၏။ ဝိညာဉ်တောင်တန်းက နတ်ဆရာဆယ်ပါး၏ နေအိမ်ဖြစ်ပြီး ဝူရှန့်၊ ဝူကျိ၊ ဝူပန်း၊ ဝူဖန်း၊ ဝူကု၊ ဝူကျန့် ၊ ဝူလီ၊ ဝူတိ၊ ဝူလော့၊ ဝူရှဲ့တို့ဖြစ်သည်။ နတ်ဆရာဆယ်ပါးက မြေရှိုးမိုးပျံနိုင်စွမ်းရှိ၏။ သူတို့မလုပ်နိုင်သည့် အရာမရှိကြချေ။
ရန်ပုဖင်းက သူကိုယ်သူနှိမ့်ချပြီး လက်သီးနှစ်ဖက်ဆုပ်ကာပြောလိုက်တော့၏။ “ကြိုဆိုပါတယ် အရှင်ဝူရှန့်”
ဝူရှန်းကနေတဆင့် အောင်မြင်စွာကူးပြောင်းနိုင်ခဲ့သော ဝူရှန့်က နတ်ဆရာဆယ်ပါး၏ ခေါင်းဆောင်ဖြစ်သည်။
ဟွားဝူတောက်က အလျင်စလိုလေသံဖြင့်မေးလိုက်တော့၏။
“မျှော်နန်းသခင် ဘာလုပ်ဖို့စီစဉ်ထားလဲ” ဟွားဝူတောက်က ထိုမြင်ကွင်းကြောင့် အနည်းငယ်ထိတ်လန့်သွားသော်ငြား မျက်နှာထက်တွင် မပြပေ။ ခမ်းနားခြင်းအစီအစဉ်က တောင်တန်း၏အရံအတားကို ဖြိုရန် သို့မဟုတ် ခိုးယူရန်ဖြစ်မည်ဟု တွေးခဲ့တာဖြစ်သည်။ ယင်းက နတ်ဆရာဆယ်ပါးကို ဆင့်ခေါ်တာဖြစ်မည်ဟု သူမထင်ထားပေ။ ထိုကဲ့သို့ အစွမ်းထက်သည့်ပြိုင်ဘက်က သူ၏တပည့်များ ဖြေရှင်းနိုင်သည့်သူ မဟုတ်။
ငါ့ရဲ့အထွတ်အထိပ်အသွင်ကတ်ကို သုံးရတော့မှာလား။
လုကျိုးက စိတ်မပြင်ဆင်ရသေးခင် လေထဲ၌ အသံတို့ စတင်ပေါ်ထွက်လာ၏။
“နှုတ်ဆက်ပါတယ်။ အရှင်သခင် ဝူကျိ”
မှိန်ဖျော့ဖျော့ခရမ်းရောင်အလင်းစက်ဝိုင်းက ကနဦးချီကို ထပ်မံထုတ်ဖော်လိုက်ပြန်သည်။
“ကြိုဆိုပါတယ်။ အရှင်သခင် ဝူပန်း”
သူတို့က လွှမ်းမိုးနိုင်စွမ်းရှိသည့် အမူအရာဖြင့်လေထဲတွင် ပျံဝဲနေတော့၏။ မိုက်ရူးရဲဆန်သော တွမ့်မူရှန်းတောင် အံ့ဩဆွံ့အနေလေသည်။
ဝူဖန်း၊ ဝူကု၊ ဝူကျန့်၊ ဝူလီ၊ ဝူတိ ဝူရှဲ့နှင့် ဝူလော့ ကျန်ရှိသည့် နတ်ဆရာဆယ်ပါးက ဝတ်ရုံနီကျင့်ကြံသူများ၏ ခန္ဓာကိုဝင်ပူးသွားခဲ့ပြီဖြစ်သည်။
အစွမ်းထက်သော ခရမ်းရောင်စွမ်းအင်တို့က သူတို့ခန္ဓာကိုယ်တစ်ဝိုက်၌ မီးလျှံများပမာ တောက်လောင်နေတော့သည်။ သူတို့၏ မထင်မရှားရန်သူများက ယခုဆို ဖြုံလောက်သည့်သူများ ဖြစ်သွားခဲ့ချေပြီ။ ဆယ်ယောက်လုံးက တိမ်ခွင်းရထားလုံးရှေ့၌ ပျံဝဲနေကြ၏။
ဝူရှန်း သို့မဟုတ် ဝူရှန့်က လုကျိုးကို ကြည့်ပြီးထူးမခြားနားပြောလိုက်၏။ “ဒီတော့ မင်းက နတ်တစ်ထောင်အကန့်အသတ်ရောက်နေတဲ့ အငယ်တစ်ယောက်ပဲ” ဝူရှန့်သာလျှင် အားလုံးရှိနေသည့်အထဲ၌ ထိုကဲ့သို့ပြောရဲတာဖြစ်သည်။
ထိုစကားကို ရန်ပုဖင်းကြားသည့်အချိန်၌ စိတ်ထဲ တုန်ယင်သွားတော့သည်။ “ဒီလေသံ သူက နတ်ဆရာဆယ်ပါးထဲက တစ်ယောက်ဆိုတာ သံသယဖြစ်ဖွယ်မရှိဘူး”
သူ အမြန်ပြောလိုက်တော့၏။ “အကြီးအကဲဝူ ချန်ဟွမ်းက ယဲ့ထျန်းရှင်းထဲမှာရှိနေပါတယ်။ ကျေးဇူးပြုပြီး မိစ္ဆာဝေဟင်မျှော်နန်းကို ဖယ်ရှားဖို့ ခွန်အားငှားပါ”
...
Zawgyi
အခန္း (၁၅၁) နတ္ဆရာဆယ္ပါး၏စြမ္းအား
ဝူရွန္းက လက္သီးႏွစ္ဖက္ကိုဆုပ္မိုးလ်က္ေျပာလိုက္ေတာ့သည္။
“မလိုအပ္ဘူး ေမွ်ာ္နန္းသခင္။ နတ္ဆရာဆယ္ပါးက ထိပ္သီးဆရာႀကီးဆယ္ဦးထက္ ပိုအစြမ္းထက္သာၿပီးသား။ ခင္ဗ်ားရဲ႕အရံအတား အျပင္ဖက္ ေရာက္ေနတဲ့အခ်ိန္ သူတို႔ကို ဘယ္လိုလုပ္ရင္ဆိုင္မွာလဲ”
ရန္ပုဖင္းက လက္ေဝွ႕ယမ္းလိုက္၏။ သူ၏လက္ေအာက္ငယ္သားကို ေျပာလိုက္ေတာ့၏။
“တတိယေက်ာင္းထိုင္ဘယ္မွာလဲ”
“တတိယေက်ာင္းထိုင္က ဓားသူေတာ္စဥ္ေလာ့ရွစ္စန္းနဲ႕ရွိေနပါတယ္။ သူတို႔မၾကာခင္ ဒီကို ေရာက္လာပါလိမ့္မယ္” လက္ေအာက္ငယ္သားက အရိုအေသေပးလ်က္ေျပာလိုက္ေတာ့သည္။
ဟြားဝူေတာက္၏မ်က္ႏွာထက္၌ မ်က္ေမွာင္က်ဳံ႕သည့္ အမူအရာေပၚလာေတာ့၏။ သူ႕အေရွာင္တိမ္း အခ်င္ဆုံးအေျခအေနက ျဖစ္လာေခ်ၿပီ။ သူက ယြင္ဂိုဏ္းမွျဖစ္ၿပီး ယခုဆို မိစာၦေဝဟင္ေမွ်ာ္နန္း သို႔ဝင္ခဲ့ၿပီးျဖစ္၏။ အနည္းဆုံးေတာ့ သူမေတြ႕ခ်င္ဆုံးလူမ်ားက သူ၏ယခင္တစ္ဖြဲ႕တည္းသားမ်ား ျဖစ္ၾကသည္။
“အႀကီးအကဲဟြား ေလာ့ရွစ္စန္းက ယခုဆို တစ္ေယာက္တည္းက်င့္ႀကံေနေလာက္တယ္။ သူက မိစာၦဘုရားေက်ာင္းထဲ ဘာလို႔ေရာက္လာမွာလဲ။ ေျဖာင့္မတ္ျခင္းလမ္းစဥ္ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္ ေနတာကို ဂုဏ္ယူဝံ့ႂကြားေနတယ္လို႔ ထင္မိတာပဲ” မင္ရွစ္ရင္က ေလွာင္ေျပာင္ေျပာဆိုလိုက္သည္။
ဟြားဝူေတာက္၏မ်က္ႏွာက ရွက္႐ြံ႕မႈေၾကာင့္ နီလာေသာ္ျငား သူက ျပန္မေျပာခဲ့ေပ။ ဆိုရလွ်င္ သူက မိစာၦေဝဟင္ေမွ်ာ္နန္းထဲဝင္ခဲ့ၿပီးျဖစ္သည္။ သူမည္သည္ကိုေျပာနိုင္မည္နည္း။
ဖန္က်ဳံးကေျပာလိုက္ေတာ့သည္။
“ဓားသူေတာ္စဥ္ေလာ့ရွစ္စန္းက ေလာ့ခ်န္ခ်င္းရဲ႕ညီ ဓား႐ူးသုံးေယာက္ထဲက တစ္ေယာက္ပဲ။ ႏွစ္ေယာက္လုံးက ဓားေရးကြၽမ္းက်င္ၾကၿပီး လမ္းေၾကာင္းရွာေဖြဖို႔ကိုပဲ အာ႐ုံစိုက္ထားတာ။ တစ္ျခားအေရးကိစၥေတြထဲမွာ ဝင္ပါတာရွားတယ္။ ေလာ့ရွစ္စန္းက ေနာက္ထပ္လူတစ္ေယာက္ရဲ႕ နယ္႐ုပ္ျဖစ္လာလိမ့္မယ္လို႔မထင္ထားဘူး”
ဝူရွန္းက ေခါင္းခါၿပီးလက္မခံေၾကာင္းေျပာလိုက္ေလ၏။ “မင္းေျပာတာမွားတယ္ ညီအစ္ကိုဖန္။ မင္းက ေျဖာင့္မတ္ျခင္းလမ္းစဥ္ကျဖစ္တဲ့ က်င့္မင္တာအိုဂိုဏ္းကပဲ။ မိစာၦေဝဟင္ေမွ်ာ္နန္းထဲ ဝင္လိုက္ၿပီဆိုေတာ့ မင္းက မိစာၦေဝဟင္ေမွ်ာ္နန္းရဲ႕နယ္႐ုပ္ျဖစ္မသြားဘူးလား”
ေလတို႔ေဝွ႕တိုက္သြားေလ၏။ ဝူရွန္းနဲ႕ဝူကြမ္း၏ ဝတ္႐ုံနီမ်ားက ေလထဲလြင့္ေနသည္။ သူတို႔၏ သေဘာထားက ယခင္ႏွင့္ကြဲျပားျခားနားေနၿပီး ရင္ဆိုင္သည့္အေနအထားသို႔ ေျပာင္းလဲသြား၏။ ဖန္က်ဳံးက ႏွာေခါင္းရႈံ႕ၿပီးေျပာလိုက္ေလ၏။
“ငါ မိစာၦေဝဟင္ေမွ်ာ္နန္းထဲဝင္တာကို ေနာင္တမရဘူး။ မင္းတို႔က နာမည္ေက်ာ္ၾကားတဲ့ နတ္ဆရာဆယ္ပါးရဲ႕ မ်ိဳးဆက္ပဲ။ ဒါေတာင္ ေမာ့လီရဲ႕အေစာင့္ေခြးအျဖစ္ ေလ်ာ့ခ်ခံတယ္။ ေျပာၾကည့္ပါဦး။ မင္းရဲ႕ ဘိုးေဘးေတြကိုစိတ္ပ်က္စရာမေရာက္နိုင္ဘူးလား”
“အျပန္အလွန္ေလွာင္ေျပာင္သေရာ္ေနလည္း အသုံးမဝင္ဘူး။ ေနနဲ႕လက နန္းေတာ္အေပၚ ငါ့ရဲ႕သစၥာ တရားကို မ်က္ျမင္သက္ေသျပဳေပးနိုင္တယ္” ဝူရွန္းက လက္သီးႏွစ္ဖက္ကိုဆုပ္ၿပီး ေျပာလိုက္ ေလ၏။
“မင္း-င္ႀကီးကိုပဲ သစၥာပဲရွိ” ဖန္က်ဳံးက စိတ္မရွည္ေတာ့ဘဲေျပာလိုက္ေလ၏။ “ေမာ့လီက ဘယ္လိုလူမ်ိဳးဆိုတာမသိဘူးလို႔ မင္းေျပာရဲလား”
ဝူရွန္းက ယခင္က ယုံၾကည္ခ်က္ရွိရွိေျပာခဲ့၏။ သို႔ေသာ္ ထိုစကားကိုၾကားသည့္အခ်ိန္ မ်က္ေမွာင္အနည္းငယ္ရႈံ႕သြားေတာ့သည္။ “မင္း ဘာသိလို႔လဲ”
“တိုက္ဆိုင္လိုက္တာ” ဖန္က်ဳံးက ေျပာလိုက္ေလ၏။ “လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက ငါ ကုသနည္းအတြက္ ရွာေနတဲ့အခ်ိန္ ငါသြားလည္ပတ္ခဲ့တာ ကေဝသမားေတာ္ေတြတင္မကဘူး ေတာ္ဝင္သမားေတာ္ေတြဆီပါ သြားၿပီး ကုသမႈရဖို႔ နန္းေတာ္ထဲကိုသြားခဲ့ေသးတာ။ အဲ့ဒီတုန္းက တစ္စုံတစ္ခုရွာေတြ႕ခဲ့တယ္ေလ”
တြမ့္မူရွန္းက ဖန္က်ဳံးကို လွည့္ၾကည့္ၿပီးေနာက္ ေျပာလိုက္ေတာ့၏။ “ေျပာေလ ေမာ့လီက ဘယ္လိုလူမ်ိဳးလဲ”
“ေမာ့လီက ဒုတိယမင္းသားရဲ႕ လွ်ို႔ဝွက္ခ်စ္သူပဲ” ဖန္က်ဳံးက ခဏတာရပ္လိုက္ၿပီးေနာက္ ထပ္ထည့္ၿပီးေတာ့ေျပာလိုက္သည္။ “တိတိက်က်ေျပာရရင္ ေမာ့လီက ဒုတိယမင္းသားရဲ႕ခ်စ္သူေကာင္ေလးပဲ”
မင္ရွစ္ရင္”...”
တြမ့္မူရွန္း”...”
ရန္ပုဖင္း”...”
ေလက ခဲသြားေလ၏။ ပတ္ဝန္းက်င္က အေနရခက္လာေတာ့သည္။ ဝူရွန္းႏွင့္ဝူကြမ္းက ယခုအခ်ိန္တြင္ သူတို႔မ်က္ႏွာထက္၌ သဘာဝမက်ေသာ အမူအရာရွိေနေလ၏။ လုက်ိဳးေတာင္ ထိုကဲ့သို႔ ျဖစ္လာလိမ့္မည္ဟု မထင္ထားေပ။
ဒီလိုကိစၥႀကီးနား တဝဲလည္ေနၿပီးေနာက္ ေမာ့လီက အမ်ိဳးသားတစ္ေယာက္ျဖစ္ေနတယ္တဲ့လား။ ဒီေတြ႕ရွိခ်က္ႀကီးက ေျခာက္ျခားစရာပဲေဟ့။
ရွိေနသည့္သူမ်ားက ယုံနိုင္ရန္ခက္ခဲေနေလ၏။ ထိုသို႔ဆိုလွ်င္
‘မင္းသားလ်ိဳက တုန္ရွန္းတစ္ေယာက္မ်ားလား (တုန္ရွန္းသည္ ႏွစ္အနည္းငယ္အတြင္း အမႈထမ္းငယ္ေလးတစ္ဦးအျဖစ္မွ ဧကရာဇ္အိုက္၏ အတြင္းေဆာင္ အႀကံေပးေရးတြင္ အင္အားအႀကီးဆုံး အမႈထမ္းတစ္ဦးျဖစ္လာသည့္ ဟန္မင္းဆက္ အမတ္တစ္ေယာက္ျဖစ္သည္။ အရည္အခ်င္းမ်ားကို ျပသခဲ့ျခင္းထက္ ဧကရာဇ္အိုက္ႏွင့္ ပုဂၢိဳလ္ေရး ပတ္သက္မႈ၊ ခ်စ္ၾကည္ႏူးဖြယ္ဆက္ဆံေရးတို႔ေၾကာင့္ တုန္ရွန္း ရာထူးအတက္ျမန္သည္ဟု စာသင္သား အမ်ားစုက ေထာက္ခံၾကသည္)
မဟုတ္ေလာက္ဘူး၊ ေမာ့လီကမွ တုန္ရွန္း ျဖစ္သင့္တာ’
လုက်ိဳးက ထိုအေၾကာင္းကို ေတြးေနစဥ္ မင္းသားႏွစ္ကို ပုံေပၚမိသြားသည္။ ကိုးကားခ်က္ အပိုင္းတစ္ပိုင္းတြင္ ျမက္ျဖာတစ္ထည္ေပၚ၌ တုန္ႏွင့္ ဧကရာဇ္အိုက္တို႔ မၾကာခဏလွဲအိပ္ေၾကာင္း ပါသည္။ တစ္ခုေသာ မြန္းတည့္ရက္တြင္ ဧကရာဇ္အိုက္သည္ တစ္ေရးအိပ္ရာမွ နိုးလာစဥ္ တုန္က အိပ္ေပ်ာ္ေနဆဲ ျဖစ္သည္။ ထို႔အျပင္ ဧကရာဇ္အိုက္၏ ဝတ္႐ုံလက္က တုန္ရွန္း၏ ေခါင္းေအာက္ ဖိမိေနသည္။ တုန္ရွန္းကို ႏွိုးမည့္အစား ဧကရာဇ္အိုက္က သူ အေႏွာင့္အယွက္မရွိ ဆက္အိပ္နိုင္ေစရန္အတြက္ သူ႕ဝတ္႐ုံလက္ကို ဓားျဖင့္ ျဖတ္ခဲ့သည္။ (ယူတို႔ ေတာ္ေတာ္မ်ားမ်ား သိတဲ့ ဝတ္႐ုံလက္ျပတ္ပါပဲ)
“အမ္း” လုက်ိဳးက ရထားလုံပ်ံထဲတြင္ လွဲေနေသာ ဖန္းရႈဝမ္ကို လွည့္ၾကည့္လိုက္သည္။
ဖန္းရႈဝမ္၏မ်က္ႏွာထက္တြင္လည္း သတ္ျဖတ္လိုသည့္အၾကည့္ရွိေနေလ၏။ သူ၏မ်က္လုံးမ်ားက ျပဴးက်ယ္ေနၿပီး ထြက္က်လဳနီးပါးျဖစ္ေနသည္။ ႏႈတ္ခမ္းတို႔က တုန္ယင္ေန၏။
လုက်ိဳးက ဖန္းရႈဝမ္ယခုအခ်ိန္တြင္ မည္သို႔ခံစားေနရေၾကာင္းသိခ်င္မိသည္။ ထိုအေတြးမ်ားကို ရွင္းလင္းရန္အတြက္ ေခါင္းခါလိုက္ၿပီး ဝူရွန္းကိုသာ အာ႐ုံစိုက္လိုက္သည္။
ဝူရွန္းက ေဒါသထြက္ေနတာသိသာေပ၏။ သူက ဖန္က်ဳံးကို လက္ညွိုးထိုးၿပီးေျပာလိုက္ေတာ့သည္။ “မင္းက မိစာၦေဝဟင္ေမွ်ာ္နန္းမွာတုန္းက ငါတို႔ရဲ႕ ဘိုးေဘးနတ္ဆရာဆယ္ပါးကို ေစာ္ကားခဲ့တယ္။ ေမွ်ာ္နန္းသခင္ေၾကာင့္ မင္းေျပာတာကို ငါအၿငိဳးအေတးမထားခဲ့ဘူး။ ဒါေပမဲ့အခု အရွင္ေမာ့လီကို ေစာ္ကားေနျပန္ၿပီ။ မင္းကို မသတ္ရင္ နတ္ဆရာဆယ္ပါးကို ရင္ဆိုင္ဖို႔အရွက္ရေတာ့မွာ” ေျပာၿပီးသည္ႏွင့္ လက္ေဝွ႕ယမ္းလိုက္ေတာ့၏။
ဝတ္႐ုံနီအေယာက္သုံးဆယ္က ခ်က္ခ်င္းစုေဝးလိုက္ၾကသည္။ သူတို႔၏ မွိန္ေဖ်ာ့ေဖ်ာ့ကနဦးခ်ီမ်ား က မယုံနိုင္စရာေကာင္းေလာက္ေအာင္ ႐ုတ္တရက္အစြမ္းထက္လာေတာ့၏။ ခပ္ေဖ်ာ့ေဖ်ာ့ ခရမ္းေရာင္ အလင္းစက္ဝိုင္း တို႔က ေျမျပင္ေပၚတြင္ အရွိန္ျပင္းျပင္းျဖင့္ေတာက္ပလာေလ၏။
“နတ္ဆရာဆယ္ပါးရဲ႕စြမ္းအား” ရန္ပုဖင္းက ရယ္ေမာလိုက္သည္။ “ၾကည့္ရတာက ထြက္ေျပးတာ ကပဲ မင္းရဲ႕တစ္ခုတည္းေသာ ေ႐ြးခ်ယ္မႈထင္တယ္။ နတ္ဆရာဆယ္ပါးက ထိပ္သီးဆရာႀကီး ဆယ္ေယာက္လိုမဟုတ္ဘူး”
အလင္းစက္ဝိုင္းမ်ားက ခပ္ေဖ်ာ့ေဖ်ာ့ခရမ္းေရာင္စြမ္းအားတို႔ျဖင့္ တျဖည္းျဖည္းျပည့္လာၿပီး ၿပီးျပည့္စုံသြားေတာ့၏။
လုက်ိဳးက အလင္းစက္ဝိုင္းဆယ္ခုကို ၾကည့္ၿပီးေမးလိုက္ေတာ့၏။ “ဒါက နတ္ဆရာဆယ္ပါးရဲ႕ စြမ္းအားဆိုတာလား” ဝူရွန္း၏ မ်က္လုံးမ်ားက နီရဲလာၿပီးေျပာလိုက္ေတာ့၏။ “က်ဴပ္တစ္ခုပဲ ေတာင္းဆိုစရာရွိတယ္။ ယဲ့ထ်န္းရွင္းကို လြဲေပးလိုက္။ ဒီေတာင္းဆိုခ်က္ကို ျဖည့္ဆည္းေပးရင္ မိစာၦေဝဟင္ေမွ်ာ္နန္းကို ခ်မ္းသာေပးမယ္” သူ၏ဝတ္႐ုံက ေလထဲလြင့္ေနၿပီး ကနဦးခ်ီမ်ား ေပၚထြက္လာေတာ့၏။ ယခုအခ်ိန္တြင္ ဝူကြမ္း၏မ်က္လုံးကလည္းရဲလာေလသည္။ တစ္၊သုံး၊ငါး ဝတ္႐ုံနီက်င့္ႀကံသူဆယ္ဦး၏မ်က္လုံးမ်ားကလည္း ရဲလာေတာ့၏။
“ယဲ့ထ်န္းရွင္းက ပိုင္လူမ်ိဳးေတြထဲက တစ္ေယာက္ပဲ။ တစ္ျခားသူေတြနဲ႕မင္းကိုယ္မင္း အ႐ူးလုပ္ေနဖို႔မလိုဘူး။ ေလာင္ခ်န္းေပ့” ဝူရွန္း၏ အရွိန္အဝါတို႔က ေပါက္ကြဲလာ၏။
ရန္ပုဖင္း၏မ်က္လုံးထဲတြင္ ထိတ္လန႔္သည့္အရိပ္အေယာင္ေပၚလာသည္။ သူက အသံျမႇင့္ေျပာလိုက္ေတာ့၏။ “က်ိထ်န္းေတာက္ မင္းအခ်ည္းႏွီး အသက္ရွင္ခဲ့တာလား။ ပိုင္လူမ်ိဳးရဲ႕ခ်န္ဟြမ္းက မင္းရဲ႕အသက္ကို ႏွစ္ေထာင္ေက်ာ္အထိ ဆြဲဆန႔္ေပးနိုင္တယ္ဆိုတာ မသိဘူးလား”
ဝူရွန္းက ရန္ပုဖင္းဖက္လွည့္ၾကည့္လိုက္ရာ ရန္ပုဖင္းကို ခ်က္ခ်င္းတိတ္သြားေစေတာ့သည္။
ရန္ပုဖင္းက ဝူရွန္း၏ ရဲတင္းေသာအၾကည့္ကိုခံစားမိၿပီး ေျပာင္းလဲသြားေတာ့၏။ သူ႕အထက္တြင္ ရွိေနသူက ဝူရွန္း မဟုတ္ေတာ့ေပ။
ထိုစဥ္ မွိန္ေဖ်ာ့ေဖ်ာ့ခရမ္းေရာင္စက္ဝိုင္းမ်ား၏တစ္ခုမွ ကနဦးခ်ီက ေပၚထြက္လာၿပီး ဝူရွန္းႏွင့္ ျဖည္းျဖည္းခ်င္းေပါင္းစည္းသြားေတာ့သည္။
ဝူရွန္းနားရွိ အေတြ႕အႀကဳံမရွိေသာ ဝတ္႐ုံနီက်င့္ႀကံသူမ်ားက တညီတၫြတ္တည္းေျပာလိုက္ၾက၏။
"ႏႈတ္ဆက္ပါတယ္ အရွင္ဝူရွန႔္”
ယင္းကတာ့ယန္ထဲတြင္ ေက်ာက္စိမ္းတံခါးဟုေခၚေသာေတာင္တစ္လုံးျဖစ္သည္။ ေနႏွင့္လ၏ လႈပ္ရွားမႈမ်ားက ယင္းအေပၚတြင္ အရိပ္အေယာင္ရွိေန၏။ ဝိညာဥ္ေတာင္တန္းက နတ္ဆရာဆယ္ပါး၏ ေနအိမ္ျဖစ္ၿပီး ဝူရွန႔္၊ ဝူက်ိ၊ ဝူပန္း၊ ဝူဖန္း၊ ဝူကု၊ ဝူက်န႔္ ၊ ဝူလီ၊ ဝူတိ၊ ဝူေလာ့၊ ဝူရွဲ႕တို႔ျဖစ္သည္။ နတ္ဆရာဆယ္ပါးက ေျမရွိုးမိုးပ်ံနိုင္စြမ္းရွိ၏။ သူတို႔မလုပ္နိုင္သည့္ အရာမရွိၾကေခ်။
ရန္ပုဖင္းက သူကိုယ္သူႏွိမ့္ခ်ၿပီး လက္သီးႏွစ္ဖက္ဆုပ္ကာေျပာလိုက္ေတာ့၏။ “ႀကိဳဆိုပါတယ္ အရွင္ဝူရွန႔္”
ဝူရွန္းကေနတဆင့္ ေအာင္ျမင္စြာကူးေျပာင္းနိုင္ခဲ့ေသာ ဝူရွန႔္က နတ္ဆရာဆယ္ပါး၏ ေခါင္းေဆာင္ျဖစ္သည္။
ဟြားဝူေတာက္က အလ်င္စလိုေလသံျဖင့္ေမးလိုက္ေတာ့၏။
“ေမွ်ာ္နန္းသခင္ ဘာလုပ္ဖို႔စီစဥ္ထားလဲ” ဟြားဝူေတာက္က ထိုျမင္ကြင္းေၾကာင့္ အနည္းငယ္ထိတ္လန႔္သြားေသာ္ျငား မ်က္ႏွာထက္တြင္ မျပေပ။ ခမ္းနားျခင္းအစီအစဥ္က ေတာင္တန္း၏အရံအတားကို ၿဖိဳရန္ သို႔မဟုတ္ ခိုးယူရန္ျဖစ္မည္ဟု ေတြးခဲ့တာျဖစ္သည္။ ယင္းက နတ္ဆရာဆယ္ပါးကို ဆင့္ေခၚတာျဖစ္မည္ဟု သူမထင္ထားေပ။ ထိုကဲ့သို႔ အစြမ္းထက္သည့္ၿပိဳင္ဘက္က သူ၏တပည့္မ်ား ေျဖရွင္းနိုင္သည့္သူ မဟုတ္။
ငါ့ရဲ႕အထြတ္အထိပ္အသြင္ကတ္ကို သုံးရေတာ့မွာလား။
လုက်ိဳးက စိတ္မျပင္ဆင္ရေသးခင္ ေလထဲ၌ အသံတို႔ စတင္ေပၚထြက္လာ၏။
“ႏႈတ္ဆက္ပါတယ္။ အရွင္သခင္ ဝူက်ိ”
မွိန္ေဖ်ာ့ေဖ်ာ့ခရမ္းေရာင္အလင္းစက္ဝိုင္းက ကနဦးခ်ီကို ထပ္မံထုတ္ေဖာ္လိုက္ျပန္သည္။
“ႀကိဳဆိုပါတယ္။ အရွင္သခင္ ဝူပန္း”
သူတို႔က လႊမ္းမိုးနိုင္စြမ္းရွိသည့္ အမူအရာျဖင့္ေလထဲတြင္ ပ်ံဝဲေနေတာ့၏။ မိုက္႐ူးရဲဆန္ေသာ တြမ့္မူရွန္းေတာင္ အံ့ဩဆြံ႕အေနေလသည္။
ဝူဖန္း၊ ဝူကု၊ ဝူက်န႔္၊ ဝူလီ၊ ဝူတိ ဝူရွဲ႕ႏွင့္ ဝူေလာ့ က်န္ရွိသည့္ နတ္ဆရာဆယ္ပါးက ဝတ္႐ုံနီက်င့္ႀကံသူမ်ား၏ ခႏၶာကိုဝင္ပူးသြားခဲ့ၿပီျဖစ္သည္။
အစြမ္းထက္ေသာ ခရမ္းေရာင္စြမ္းအင္တို႔က သူတို႔ခႏၶာကိုယ္တစ္ဝိုက္၌ မီးလွ်ံမ်ားပမာ ေတာက္ေလာင္ေနေတာ့သည္။ သူတို႔၏ မထင္မရွားရန္သူမ်ားက ယခုဆို ၿဖဳံေလာက္သည့္သူမ်ား ျဖစ္သြားခဲ့ေခ်ၿပီ။ ဆယ္ေယာက္လုံးက တိမ္ခြင္းရထားလုံးေရွ႕၌ ပ်ံဝဲေနၾက၏။
ဝူရွန္း သို႔မဟုတ္ ဝူရွန႔္က လုက်ိဳးကို ၾကည့္ၿပီးထူးမျခားနားေျပာလိုက္၏။ “ဒီေတာ့ မင္းက နတ္တစ္ေထာင္အကန႔္အသတ္ေရာက္ေနတဲ့ အငယ္တစ္ေယာက္ပဲ” ဝူရွန႔္သာလွ်င္ အားလုံးရွိေနသည့္အထဲ၌ ထိုကဲ့သို႔ေျပာရဲတာျဖစ္သည္။
ထိုစကားကို ရန္ပုဖင္းၾကားသည့္အခ်ိန္၌ စိတ္ထဲ တုန္ယင္သြားေတာ့သည္။ “ဒီေလသံ သူက နတ္ဆရာဆယ္ပါးထဲက တစ္ေယာက္ဆိုတာ သံသယျဖစ္ဖြယ္မရွိဘူး”
သူ အျမန္ေျပာလိုက္ေတာ့၏။ “အႀကီးအကဲဝူ ခ်န္ဟြမ္းက ယဲ့ထ်န္းရွင္းထဲမွာရွိေနပါတယ္။ ေက်းဇူးျပဳၿပီး မိစာၦေဝဟင္ေမွ်ာ္နန္းကို ဖယ္ရွားဖို႔ ခြန္အားငွားပါ”
...