အခန်း (၁၄၉) ရွှေနန်းဥယျာဉ်တောင်ကို ရာရာစစ အကွက်ချရဲတယ်ပေါ့
တိမ်ခွင်းရထားလုံးက လေကိုခွင်းလျက် အတန်ကြာ ပျံဝဲနေလေ၏။
ရထားလုံးစီးရန် အခွင့်အရေးမရှိကြသော အမျိုးသမီးကျင့်ကြံသူများသည် ကောင်းကင်ကို မော့မကြည့်ဘဲ မနေနိုင်ကြတော့ချေ။ သူတို့၏အမြင်မှာ ရထားလုံးပျံက တောက်ပနေသော လှေတစ်စင်းနှင့် တူနေတော့သည်။
မင်ရှစ်ရင်က ပဲ့ကိုင်ရသည့်သူဖြစ်တာက ကံကောင်းသည်ဟု ရုတ်တရက်ခံစားမိလာသည်။ သူက ရွှေနန်းဥယျာဉ်တောင်တစ်ခုလုံးကိုမြင်နိုင်၏။ ပြောလိုက်တော့သည်။ “သွားကြမယ်”
ရထားလုံးပျံက ရှေ့သို့ရွေ့သွားတော့သည်။
“ထန်းကျီမြို့က သိပ်မဝေးဘူး။ အနှေးဆုံးအရှိန်နဲ့သွား” လုကျိုးက အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ ရှစ်စွင်း”
ရထားလုံးက အရှိန်လျော့သွား၏။ ကျန်သည့်သူများက ရထားလုံးပျံဘေးမှလျှောက်နေပြီး မြေများ၊ တောင်တန်းများ၊ တောအုပ်နှင့်မြစ်များကို မော့ကြည့်လိုက်သည်။ အချို့သော ထူးခြားသတ္တဝါများက တိမ်ထဲလူးလွန့်သွားလာတာ မြင်နေရ၏။ နေရောင်ခြည်က တိမ်အလွှာများကို ဖြတ်လျက် ရထားလုံးပျံကို တောက်ပနေစေတော့သည်။ မြင်ကွင်းက အလွန်မျက်စိပသာဒဖြစ်စေတော့၏။
လုကျိုးက လက်ပြကာ ပြော၏။ “ကျူပ်တို့တွေ...”
ဟွားဝူတောက်သည် ထိုမျက်နှာပေးမှုကြောင့် လွှမ်းမိုးခံလိုက်ရ၏။ သူက အမြန်ဖိတ်ခေါ်သည့် လက်ဟန်ပြုလိုက်ပြီးနောက် လုကျိုးကို သူ့ထက်အရင်သွားခွင့်ပေးလိုက်၏။ နှစ်ယောက်သားက ရထားလုံးပျံ၏ဦးပိုင်းဆီသို့ ဘေးချင်းယှဉ်လျှောက်သွားလိုက်သည်။ သူတို့က အကောင်းဆုံးနေရာ၌ ရပ်ပြီး မြင်ကွင်းကို ခံစားနေလေ၏။
“ယွင်ဂိုဏ်းမှာ ရထားလုံးပျံနှစ်စင်းရှိတယ်။ တစ်စင်းကို ဂိုဏ်းခေါင်းဆောင်က အသုံးပြုပြီး နောက်တစ်စင်းကို ဂိုဏ်းခေါင်းဆောင်ရဲ့သမီးသုံးတယ်။ သူတို့နှစ်ယောက်လုံးပေါင်းလိုက်တာတောင် ဒီတိမ်ခွင်းရထားလုံးနဲ့ယှဉ်ရင် မှိန်နေသေးတယ်” ဟွားဝူတောက်က စိတ်ရင်းဖြင့်ပြောလိုက်လေ၏။
လုကျိုးက ဖြည်းဖြည်းချင်းပြောသည်။ “ဒါက ပို့ဆောင်ရေးနည်းလမ်းတစ်ခုပဲ။ ထည့်ပြောဖို့ မတန်ဘူး”
“သယ်ယူပို့ဆောင်ရေးတစ်ခုတဲ့လား၊ မျှော်နန်းသခင်ပြောလိုက်တဲ့ပုံစံက လတ်ဆတ်တဲ့ လေလိုမျိုး ပဲ” ဟွားဝူတောက်က ခေါင်းညိတ်လိုက်သည်။
တိမ်ခွင်းရထားလုံးက ရှေ့သို့ဆက်လက်ရွေ့လျားနေ၏။
ဟွားဝူတောက်က စဉ်းစားပြီးနောက် သူ့စိတ်ထဲရှိစကားကိုပြောရန် ဆုံးဖြတ်ချက်ချလိုက်၏။
“ဖန်းရှုဝမ်က အဆင့်နိမ့်တဲ့အကျဉ်းသားတစ်ယောက်ပဲ။ သူ့ရဲ့ ကျင့်ကြံဆင့်ကလည်း ချိတ်ပိတ် ခံထားရတယ်။ ကျုပ်တို့က ရှင်းပြချက်တစ်ခု တောင်းဆိုဖို့အတွက် နတ်ဆရာဆယ်ပါးရဲ့မျိုးဆက်ကို ရင်ဆိုင်မှာဆိုတော့ သူ့ကို ဘာကြောင့်ခေါ်လာမှာလဲ”
“ဖန်းရှုဝမ်က မဟူရာစစ်သည်တော်ခေါင်းဆောင်ပဲ။ သူ့မှာ နက်နဲတဲ့ကျင့်ကြံဆင့်ရှိတယ်။ ဒါပေမဲ့ သူက မော့လီအတွက် ငါ့ကို ဒူးထောက်လိုစိတ်ရှိတာ” လုကျိုးက ပြော၏။
“မော့လီက ဖန်းရှုဝမ်အတွက် အလျှော့ပေးနိုင်တယ်လို့ ပြောနေတာလား”
“သေချာပေါက် မဟုတ်ဘူးပေါ့” လုကျိုးက မုတ်ဆိတ်သပ်လျက် ဆက်ပြောတော့သည်။
“ဖန်းရှုဝမ်ရဲ့ ဗဟုသုတ၊ စိတ်သဘောထားအရ ဘယ်လိုမိန်းမမျိုးကမှန်း သူ့ကို ဒီလိုကျိုးနွံ့နာခံစေပြီး သေခြင်းတရားကိုတောင် မကြောက်မရွံ့ဖြစ်စေတာလဲဆိုတာ ငါသိချင်မိတယ်” ဖန်းရှုဝမ်သည် သူ့ကို အချစ်ရူးဟူသော ပုံစံမျိုးမပြသခဲ့ပေ။
ဟွားဝူတောက်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်လေ၏။ “စုန်းအတတ်လား?”
“ဖြစ်နိုင်တယ်”
“ထင်တဲ့အတိုင်းပဲ” ဟွားဝူတောက်က အနည်းငယ်ထိတ်လန့်သွားပုံပေါ်၏။
“မိစ္ဆာထိန်းချုပ်ခြင်း ကျင့်စဉ်တွေ ပျောက်ဆုံးသွားတာကြာပြီလို့ ထင်နေတာ။ ဒီခေတ် ဒီအချိန်ကြီးမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး”
“ကျယ်ဝန်းလှတဲ့လောကကြီးထဲမှာ ထူးဆန်းတဲ့ ကိစ္စတွေအများကြီးရှိတာပဲ” လုကျိုးကပြောသည်။
ရထားလုံးပျံက ဆက်လက်ပျံသန်းသွား၏။
ထန်းကျီမြို့နား ရောက်လာသည့်အချိန်တွင် ပျံသန်းနေသောကျင့်ကြံသူအချို့က ရထားလုံးပျံကို မြင်တွေ့သွားကြ၏။
“ရထားလုံးပျံပဲ။ ရထားလုံးပျံတစ်စင်းပဲ”
“ဘယ်မဟာဂိုဏ်းရဲ့ ရထားလုံးပျံများလဲ”
“ငါ အလံမတွေ့ရဘူး။ အညွှန်းတွေ ဘာတွေလည်းမတွေ့ဘူး”
“စာလုံးထွင်းထားတာတွေလည်းမတွေ့ဘူး”
လူငယ်မျိုးဆက်သစ်အဖို့ တိမ်ခွင်းရထားလုံးကို မမှတ်မိတာ သဘာဝကျသည်။
အသက်ပိုကြီးသောကျင့်ကြံသူများက ယင်းကို မြင်သည့်အချိန်တွင် မျက်လုံးများပြူးကျယ်သွားကာ လူငယ်များကို စိတ်ပူပန်စွာ သတိပေးလိုက်လေ၏။ “အဲ့ဒါက တိမ်ခွင်းရထားလုံး။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ကျိထျန်းတောက်ပိုင်တာပဲ”
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ရထားလုံးလား”
ကျင့်ကြံသူများက အောက်သို့ဆင်းသက်သွား၏။ အချို့ကဆို တိမ်ခွင်းရထားလုံးဖြတ်သန်း သွားတာကိုကြည့်ပြီး ခေါင်းများငုံ့လျက် ကြောက်လန့်နေကြသည်။ ပိုသတ္တိမဲ့သည့် သူများကမူ စဉ်းတောင်မစဉ်းစားဘဲ ထွက်ပြေးကြတော့၏။
“အရင်တုန်းက ကျိထျန်းတောက်က ဒီရထားလုံးကို စီးနင်းပြီး နယ်ပယ်တစ်ခွင်လှည့်လည် သွားလာခဲ့ တာလေ”
“ကျိထျန်းတောက်က ရွှေနန်းဥယျာဉ်တောင်ကို စောင့်ကြပ်နေပြီး သူ့သက်တမ်းကုန်ခါနီး နောက်ဆုံး နှစ်တွေကို နှစ်ခြိုက်ခံစားနေတာ မဟုတ်ဘူးလား”
“အရိုးပေါ်အရေတင်နေတဲ့ ကုလားအုတ်တစ်ကောင်တောင် မြင်းတစ်ကောင်ထက်ကြီးသေးတယ်။ မမေ့လိုက်နဲ့။ ထိပ်သီးဆရာကြီးဆယ်ယောက်က အရင်တုန်းက ရွှေနန်းဥယျာဉ်တောင်ကို ဝိုင်းထားတဲ့အချိန် သူတို့ရှုံးနိမ့်သွားကြတာ။"
ထန်းကျီမြို့နားရှိ ကျင့်ကြံသူများက ရထားလုံးကိုကြည့်လိုက်သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ ခေါင်းဆောင်ကြီးအကြောင်းပြောသည့်အချိန်၌ မည်သူကမျှ အမူအရာပြောင်းလဲမှုကို မထိန်းထား နိုင်ပေ။
မကြာမီ၌ တိမ်ခွင်းရထားလုံးက တောင်တန်းများကို ဖြတ်ကျော်သွားပြီး ထန်းကျီမြို့ကို ကျော်ဖြတ်လုနီးပါးဖြစ်သွား၏။
ဖန်းကျုံးက မြူများကို ငုံကြည့်လိုက်သည်။ သူက မျက်မှောင်ကျုံ့ကာ ဆိုလိုက်တော့၏။
“မျှော်နန်းသခင်ကြည့်ပါဦး။ ဟိုနားမှာ မြူတွေသိပ်သည်းနေတယ်။ အညှီနံ့တော့ရတယ်နော်”
“မင်းပြောတာမှန်တယ်။ ဒီနေ့က နေသာတဲ့တစ်နေ့ပဲ။ ဘာကြောင့်မြူတွေရှိနေရတာလဲ” ကျိုးကျစ်ဖုန်းက ဇဝေဇဝါပြောလိုက်လေ၏။
“မဟာစုန်းအတတ်အစီအရင်များလား?” ရှောင်ယွမ်အာက ဝင်ပြောသည်။ ဆိုရလျှင် သူမက လုကျိုး နှင့်အတူ ထျန်းကျန်းမြစ်သို့ သွားခဲ့ဖူးသည်။ အရောင်အသွေးအပြင် မြေပြင်ပေါ်ရှိ သိပ်သည်းသော မြူများက သူမ ထိုနေ့က မျက်မြင်တွေ့ခဲ့သော မဟာစုန်းအတတ်နှင့် တစ်ထပ်တည်းတူနေသည်။
“သွင်ပြင်ကို အကဲဖြတ်ကြည့်ရင် ခုနစ်ရက်အတွင်းပြီးမြောက်မဲ့ပုံမပေါ်ဘူး” ဖန်ကျုံးက မျက်မှောင်ကျုံ့ကာပြောလိုက်တော့သည်။
မင်ရှစ်ရင်က ဖန်ကျုံးကို တစ်ချက်ကြည့်ပြီးပြောလိုက်လေ၏။
“ဆိုလိုတာက သူတို့မိစ္ဆာဝေဟင်မျှော်နန်းကို မလာခင်ကတည်းက ဒီခမ်းနားခြင်းအစီအရင်ကို ပြင်ဆင်နေတာကြာပြီပေါ့”
ကျန်သည့်သူများက အံ့ဩသွားကြသည်။ ဟွားဝူတောက်က လုကျိုးကို ကြည့်လိုက်လေ၏။ လုကျိုးက တည်ငြိမ်နေကာ အမူအရာမပြောင်းလဲသွားချေ။
“ကြည့်ရတာ နန်းတော်ထဲက လူက အစတည်းက ငြိမ်းချမ်းချင်တဲ့ရည်ရွယ်ချက်ရှိပုံမပေါ်ဘူး” ဟွားဝူတောက်ကပြောလိုက်တော့သည်။
“ထင်ထားပြီးသားပါ” လုကျိုးက မအံ့ဩသွားပေ။ သူက သိပ်သည်းနေသောမြူကို မြင်တွေ့သည့် အချိန်၌ ယင်းက သာမန်ခမ်းနားခြင်းအစီအရင် မဟုတ်မှန်းသိလိုက်သည်။ သူတို့သည် ယင်းကို ပြင်ဆင်ခဲ့တာအတော်ကြာပြီဖြစ်ပုံပေါ်၏။ သူက တိမ်ခွင်းရထားလုံးကို သယ်လာတာက မှန်သည်။
“မင်ရှစ်ရင်”
“ဟုတ်ကဲ့ ရှစ်စွင်း”
“ရွှေနန်းဥယျာဉ်တောင်ကို ပြန်လှည့်”
“ဟုတ်” ထိုအချိန်တွင် မင်ရှစ်ရင်က တက်ကြွနေပုံပေါ်၏။
ဟွားဝူတောက်က ခေါင်းညိတ်လိုက်သည်။ “ပါးနပ်တဲ့လှုပ်ရှားမှုပဲ မျှော်နန်းသခင်”
“မင်းကိုမင်းသိ။ ရန်သူကိုသိရင် တိုက်ပွဲတစ်ရာကိုအောင်မြင်နိုင်လိမ့်မယ်” လုကျိုးက ပြော၏။
တိမ်ခွင်းရထားလုံးက ရုတ်တရက်အရှိန်တင်လိုက်သည်။ ယခင်ကထက် အဆပေါင်းများစွာ မြန်ဆန် သည့်အရှိန်ဖြင့်ရွေ့လျားနေတာဖြစ်သည်။ မြေပြင်ပေါ်ရှိအဆောက်အဦးများနှင့် ရှုခင်းများက ဝိုးတဝါးကျန်ရစ်ခဲ့လေ၏။
ဖန်ကျုံးက မြေပြင်ပေါ်ရှိလှုပ်ရှားမှုကို လေးနက်စွာလေ့လာနေသည်။
မိစ္ဆာဝေဟင်မျှော်နန်းသည် တစ်လောကလုံးရှိလူများ ကြောက်ရွံ့ပြီးလေးစားရသည့် နေရာ ဖြစ်သည်။ ထို့ကြောင့် ထန်းကျီမြို့အပြင် အနား၌ စခန်းချသည့်လူများမရှိပေ။ ကျင့်ကြံသူများကလည်း ဤနေရာ၌ မြင်တွေ့ခဲသည်။
ကောင်းကင်ထဲ၌ ရထားလုံးပျံ ပျံသန်းနေစဉ် တည်နေရာတော်တော်များရှိ မြေပြင်ထက်မှ သိပ်သည်းသောမြူတက်လာတာကို မြင်တွေ့နိုင်၏။ မြူများက ရွှေနန်းဥယျာဉ်တောင်ဆီသို့ ဖြည်းဖြည်းချင်းရွေ့လျားနေပုံရသည်။ အချို့ကဆို အရံအတားနှင့်ထိနေပြီဖြစ်သည်။
အစီအရင်ပညာများကို နားမလည်သည့်သူက ယင်းကို သဘာဝဖြစ်စဉ်များသာဟု တွေးမိလောက်သည်။
တိမ်ခွင်းရထားလုံးက ပိုတောင်မြန်ဆန်သည့်အရှိန်ဖြင့် ရွေ့လျားနေ၏။
မင်ရှစ်ရင်၏ လမ်းညွှန်မှုအောက်တွင် ကျောင်းယွဲ့၊ ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့က ကနဦးချီများကို အပြင်ဖက်သို့တွန်းတင်လိုက်၏။ အာနိသင်က ချက်ချင်းပေါ်လာတော့သည်။
ရွှေနန်းဥယျာဉ်တောင်ကကြီးမားသည်။ ယင်းတဝိုက်ကို လှည့်လည်သွားလာရခြင်းက အကွာအဝေးတစ်ဝိုက်ကို လှည့်လည်သွားလာရခြင်းဖြစ်၏။ သို့သော် တိမ်ခွင်းရထားလုံးအတွက်မူ ဘာမျှမဟုတ်ပေ။
ခဏအကြာတွင် မင်ရှစ်ရင်က ကျယ်လောင်စွာကြေညာလိုက်တော့သည်။ “ကျွန်တော်တို့တွေ ထန်းကျီမြို့ကို ထပ်ရောက်လာပြန်ပြီ” သူက တမင်တကာပင် တိမ်ခွင်းရထားလုံးကို မြို့တစ်ဝိုက် သွားနေပြီဆိုသည့်အကြောင်း ပြောရန်အတွက် “ထပ်”ဟူသော စကားလုံးကို တမင်တကာ ပြောလိုက်ခြင်းဖြစ်သည်။
ဖန်ကျုံးက ပြော၏။
“မျှော်နန်းသခင် ရွှေနန်းဥယျာဉ်တောင်ရဲ့ သုံးမိုင်အကွာမှာ အစီအရင်တွေက စက်ဝိုင်းခြမ်းသဏ္ဌာန်ရှိနေတယ်ဆိုတာ ရှင်းနေပြီ။ တခြားနေရာတွေမှာ အစီအရင်မရှိဘူး”
လုကျိုးက ခေါင်းညိတ်ပြီးပြောလိုက်တော့သည်။
“နတ်ဆရာဆယ်ပါးရဲ့မျိုးဆက်က နတ်ဆရာဆယ်ပါး မဟုတ်ဘူးလေ။ သူတို့က နတ်ဆရာဆယ်ပါးလုပ်နိုင်တာမျိုးကို မလုပ်နိုင်ဘူး”
ဟွားဝူတောက်ကပြောလိုက်၏။
“နတ်ဆရာဆယ်ပါးက စုန်းအတတ်ပညာမှာ မြင့်မြင့်မားမား အောင်မြင်မှုရထားတဲ့ ကျင့်ကြံသူတွေပဲ။ ဒါပေမဲ့ နတ်ဆရာဆယ်ပါးရဲ့မျိုးဆက်က သုံးမိုင်ကို ဖြန့်ကျက်နိုင်တဲ့ အစီအရင်တစ်ခု တည်ဆောက်နိုင်တာက ချီးကျူးထိုက်တဲ့ လုပ်ဆောင်ချက် ဖြစ်နေပါပြီ”
တိမ်ခွင်းရထားလုံးက ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။ တောက်ပနေသော အမြီးတန်းကလည်း ဖြည်းဖြည်းချင်း မှိန်ဖျော့သွားတော့သည်။ ထန်းကျီမြို့နားတစ်ဝိုက် ခမ်းနားခြင်းအစီအရင်ကို ပြင်ဆင် နေကြသော ဝတ်ရုံနီတစ်စုက သူတို့လုပ်နေတာကိုရပ်တန့်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကြ၏။ ကြီးမားသော တိမ်ခွင်းရထားလုံးက သူတို့၏အာရုံစိုက်မှုကို ရသွားသည်။
ဝတ်ရုံနီကျင့်ကြံသူ အယောက်သုံးဆယ်က မြန်မြန်ဆန်ဆန်ပင် သုံးတန်းစုစည်းလိုက်တော့၏။ ဝူရှန်းနှင့်ဝူကွမ်းက ရထားလုံးကို မော့ကြည့်လိုက်ကြသည်။
“အဲ့ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ရထားလုံးပျံပဲ။"
ဝူကွမ်း၏မျက်နှာထက်တွင် ထူးဆန်းသောအပြုံးပေါ်လာတော့သည်။ “ဒီတော့ သူတို့က အဆုံးထိမစောင့်နိုင်ဘူးပဲ”
“မိစ္ဆာဘုရားကျောင်းက ငါတို့နဲ့ပူးပေါင်းဆောင်ရွက်ဖို့သဘောတူထားတာ။ သူတို့ဘယ်အချိန် ရောက်လာမလဲဆိုတာ သိချင်မိတယ်” ဝတ်ရုံနီကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။ သို့သော် သူ အဖြေမရသေးခင်
ဝှစ်
တိမ်ခွင်းရထားလုံး၏အသံက မိုးကုပ်စက်ဝိုင်းဆီကနေ သူတို့ဆီရောက်လာတော့၏။
ထိုစဉ် ရထားလုံးပျံက ဖြည်းဖြည်းချင်းဆင်းသက်လာပြီးဖြစ်သည်။ ကနဦးချီများရုတ်သိမ်း လိုက်သည့်အချိန်တွင် တိမ်ခွင်းရထားလုံးမှ တောက်ပမှုများလျော့ကျသွားတော့၏။ အပြင်ဖက် ရောင်ခြည်ဖြာထွက်မှုမရှိဘဲ ယင်းကပျံသန်းနေသောရွက်လှေတစ်စင်းနှင့်ဆင်တူနေသည်။
ရထားလုံးပျံက သစ်ပင်များနှင့်တစ်တန်းထဲပျံသန်းလာပြီး ထိုနေရာတွင်နေရစ်သည်။
ဝူရှန်းနှင့်ဝူကွမ်းတို့က မြင်ကွင်းကိုမြင်သောအခါ သူတို့မျက်ဝန်းများက တွန့်ရှုံ့သွားသည်။
ရထားလုံးပျံပေါ်တွင် လုကျိုးနှင့်ဟွားဝူတောက်တို့က ပဲ့ထိန်းနေရာတွင်ရပ်လျက် သူတို့ကို အထက်ကနေငုံ့ကြည့်လိုက်၏။
ဝတ်ရုံနီကျင့်ကြံသူများက ထွက်မသွားပေ။ ထိုအစားသူတို့က ရထားလုံးပျံဆီသို့ပျံသန်းလာ ကြသည်။ သူတို့က ရထားလုံးပျံ၏အမြင့်အထိပျံသန်းလာကာ တညီတညွတ်တည်းအရိုအသေ ပေးလိုက်သည်။
“ဝူရှန်းက ဆရာကြီးကျိကို နှုတ်ဆက်ပါတယ်”
လုကျိုးက လက်နောက်ပစ်ထားလျက် ဝတ်ရုံနီအယောက်သုံးဆယ်ကို လေ့လာလိုက်သည်။ သူက ပွင့်ပွင့်လင်းလင်းပြောလိုက်တော့၏။ “ခမ်းနားခြင်းအစီအရင်က ဘယ်လိုလဲ”
ဝူရှန်းက စိတ်ထဲ၌ တုန်လှုပ်သွားတော့၏။ မိစ္ဆာဝေဟင်မျှော်နန်းက သူတို့အစီအရင်ကို သတိပြုမိတာသိသာ၏။ သို့သော် ယင်းက အရေးမကြီးပေ။ သူကအမြန်ပြောလိုက်တော့သည်။
“ဘာအကြောင်းကိုများပြောနေတာလဲ မျှော်နန်းသခင်။ ကျွန်တော်တို့က ထန်းကျီမြို့မှာ ရက်နည်းနည်းပဲနေမှာပါ”
ထိုသို့ပြောလိုက်သည်က အချိန်ဆွဲလိုသောရည်ရွယ်ချက်မှတစ်ပါး အခြားမရှိပေ။
လုကျိုးက မေးလိုက်၏။ “မော့လီ ဘယ်မှာလဲ?”
“သခင်မလေးက အံ့ဖွယ်မြို့တော်မှာရှိပါတယ်။ သခင်မလေးနဲ့ ဘာအရေးကိစ္စများရှိပါသလဲဆိုတာ သိပါရစေ မျှော်နန်းသခင်။ သခင်မလေးဆီကို အကြောင်းကြားပေးနိုင်ပါတယ်” ဝူရှန်းက ထပ်ပြောလိုက်၏။
လုကျိုးက ဝတ်ရုံနီကျင့်ကြံသူများကို ထူးမခြားနားကြည့်လိုက်တော့သည်။ သူတို့က ကြောက်လန့် ခြင်းမရှိဘဲ မိစ္ဆာဝေဟင်မျှော်နန်းကို တိတ်တဆိတ်အကောက်ကြံကာ တောင်၏အရံအတားများကို ဆွဲချရန်ကြိုးစားနေ၏။ ထိုသို့တိုင် သူတို့က တုံးအချင်ယောင်ဆောင်နေသည်။ အမှန်တကယ်တွင် သူတို့က အရှက်မဲ့သည့်လူတစ်စုသာဖြစ်သည်။ သူက တည်ငြိမ်စွာပြောလိုက်တော့၏။ “မင်းရဲ့ သတ္တိ အတွက်လာဂုဏ်ပြုတာပဲ”
ဝတ်ရုံနီကျင့်ကြံသူတစ်စုက အံ့ဩထိတ်လန့်သွား၏။ သူတို့က လုကျိုး၏စကားကို နားလည်ရန်ခက်ခဲနေသည်။
မင်ရှစ်ရင်က အေးတိအေးစက်အော်ပြောလိုက်သည်။
“ရွှေနန်းဥယျာဉ်တောင်ကို ရာရာစစအကောက်ကြံဝံ့တယ်ပေါ့။ မင်းတို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။ အစီအရင်ကို ဖျက်ဆီးပြီး ဒူးထောက်အညံ့ခံလိုက်ရင် ပိုကောင်းမယ်။ ဒီလိုဆိုရင် ငါ့ရဲ့ရှစ်စွင်းက မင်းတို့ကို အသက်ချမ်းသာပေးကောင်း ချမ်းသာပေးမှာပဲ”
....
Zawgyi
အခန္း (၁၄၉) ေ႐ႊနန္းဥယ်ာဥ္ေတာင္ကို ရာရာစစ အကြက္ခ်ရဲတယ္ေပါ့
တိမ္ခြင္းရထားလုံးက ေလကိုခြင္းလ်က္ အတန္ၾကာ ပ်ံဝဲေနေလ၏။
ရထားလုံးစီးရန္ အခြင့္အေရးမရွိၾကေသာ အမ်ိဳးသမီးက်င့္ႀကံသူမ်ားသည္ ေကာင္းကင္ကို ေမာ့မၾကည့္ဘဲ မေနနိုင္ၾကေတာ့ေခ်။ သူတို႔၏အျမင္မွာ ရထားလုံးပ်ံက ေတာက္ပေနေသာ ေလွတစ္စင္းႏွင့္ တူေနေတာ့သည္။
မင္ရွစ္ရင္က ပဲ့ကိုင္ရသည့္သူျဖစ္တာက ကံေကာင္းသည္ဟု ႐ုတ္တရက္ခံစားမိလာသည္။ သူက ေ႐ႊနန္းဥယ်ာဥ္ေတာင္တစ္ခုလုံးကိုျမင္နိုင္၏။ ေျပာလိုက္ေတာ့သည္။ “သြားၾကမယ္”
ရထားလုံးပ်ံက ေရွ႕သို႔ေ႐ြ႕သြားေတာ့သည္။
“ထန္းက်ီၿမိဳ႕က သိပ္မေဝးဘူး။ အေႏွးဆုံးအရွိန္နဲ႕သြား” လုက်ိဳးက အမိန႔္ေပးလိုက္၏။
“ဟုတ္ကဲ့ပါ ရွစ္စြင္း”
ရထားလုံးက အရွိန္ေလ်ာ့သြား၏။ က်န္သည့္သူမ်ားက ရထားလုံးပ်ံေဘးမွေလွ်ာက္ေနၿပီး ေျမမ်ား၊ ေတာင္တန္းမ်ား၊ ေတာအုပ္ႏွင့္ျမစ္မ်ားကို ေမာ့ၾကည့္လိုက္သည္။ အခ်ိဳ႕ေသာ ထူးျခားသတၱဝါမ်ားက တိမ္ထဲလူးလြန႔္သြားလာတာ ျမင္ေနရ၏။ ေနေရာင္ျခည္က တိမ္အလႊာမ်ားကို ျဖတ္လ်က္ ရထားလုံးပ်ံကို ေတာက္ပေနေစေတာ့သည္။ ျမင္ကြင္းက အလြန္မ်က္စိပသာဒျဖစ္ေစေတာ့၏။
လုက်ိဳးက လက္ျပကာ ေျပာ၏။ “က်ဴပ္တို႔ေတြ...”
ဟြားဝူေတာက္သည္ ထိုမ်က္ႏွာေပးမႈေၾကာင့္ လႊမ္းမိုးခံလိုက္ရ၏။ သူက အျမန္ဖိတ္ေခၚသည့္ လက္ဟန္ျပဳလိုက္ၿပီးေနာက္ လုက်ိဳးကို သူ႕ထက္အရင္သြားခြင့္ေပးလိုက္၏။ ႏွစ္ေယာက္သားက ရထားလုံးပ်ံ၏ဦးပိုင္းဆီသို႔ ေဘးခ်င္းယွဥ္ေလွ်ာက္သြားလိုက္သည္။ သူတို႔က အေကာင္းဆုံးေနရာ၌ ရပ္ၿပီး ျမင္ကြင္းကို ခံစားေနေလ၏။
“ယြင္ဂိုဏ္းမွာ ရထားလုံးပ်ံႏွစ္စင္းရွိတယ္။ တစ္စင္းကို ဂိုဏ္းေခါင္းေဆာင္က အသုံးျပဳၿပီး ေနာက္တစ္စင္းကို ဂိုဏ္းေခါင္းေဆာင္ရဲ႕သမီးသုံးတယ္။ သူတို႔ႏွစ္ေယာက္လုံးေပါင္းလိုက္တာေတာင္ ဒီတိမ္ခြင္းရထားလုံးနဲ႕ယွဥ္ရင္ မွိန္ေနေသးတယ္” ဟြားဝူေတာက္က စိတ္ရင္းျဖင့္ေျပာလိုက္ေလ၏။
လုက်ိဳးက ျဖည္းျဖည္းခ်င္းေျပာသည္။ “ဒါက ပို႔ေဆာင္ေရးနည္းလမ္းတစ္ခုပဲ။ ထည့္ေျပာဖို႔ မတန္ဘူး”
“သယ္ယူပို႔ေဆာင္ေရးတစ္ခုတဲ့လား၊ ေမွ်ာ္နန္းသခင္ေျပာလိုက္တဲ့ပုံစံက လတ္ဆတ္တဲ့ ေလလိုမ်ိဳး ပဲ” ဟြားဝူေတာက္က ေခါင္းညိတ္လိုက္သည္။
တိမ္ခြင္းရထားလုံးက ေရွ႕သို႔ဆက္လက္ေ႐ြ႕လ်ားေန၏။
ဟြားဝူေတာက္က စဥ္းစားၿပီးေနာက္ သူ႕စိတ္ထဲရွိစကားကိုေျပာရန္ ဆုံးျဖတ္ခ်က္ခ်လိဳက္၏။
“ဖန္းရႈဝမ္က အဆင့္နိမ့္တဲ့အက်ဥ္းသားတစ္ေယာက္ပဲ။ သူ႕ရဲ႕ က်င့္ႀကံဆင့္ကလည္း ခ်ိတ္ပိတ္ ခံထားရတယ္။ က်ဳပ္တို႔က ရွင္းျပခ်က္တစ္ခု ေတာင္းဆိုဖို႔အတြက္ နတ္ဆရာဆယ္ပါးရဲ႕မ်ိဳးဆက္ကို ရင္ဆိုင္မွာဆိုေတာ့ သူ႕ကို ဘာေၾကာင့္ေခၚလာမွာလဲ”
“ဖန္းရႈဝမ္က မဟူရာစစ္သည္ေတာ္ေခါင္းေဆာင္ပဲ။ သူ႕မွာ နက္နဲတဲ့က်င့္ႀကံဆင့္ရွိတယ္။ ဒါေပမဲ့ သူက ေမာ့လီအတြက္ ငါ့ကို ဒူးေထာက္လိုစိတ္ရွိတာ” လုက်ိဳးက ေျပာ၏။
“ေမာ့လီက ဖန္းရႈဝမ္အတြက္ အေလွ်ာ့ေပးနိုင္တယ္လို႔ ေျပာေနတာလား”
“ေသခ်ာေပါက္ မဟုတ္ဘူးေပါ့” လုက်ိဳးက မုတ္ဆိတ္သပ္လ်က္ ဆက္ေျပာေတာ့သည္။
“ဖန္းရႈဝမ္ရဲ႕ ဗဟုသုတ၊ စိတ္သေဘာထားအရ ဘယ္လိုမိန္းမမ်ိဳးကမွန္း သူ႕ကို ဒီလိုက်ိဳးႏြံ႕နာခံေစၿပီး ေသျခင္းတရားကိုေတာင္ မေၾကာက္မ႐ြံ႕ျဖစ္ေစတာလဲဆိုတာ ငါသိခ်င္မိတယ္” ဖန္းရႈဝမ္သည္ သူ႕ကို အခ်စ္႐ူးဟူေသာ ပုံစံမ်ိဳးမျပသခဲ့ေပ။
ဟြားဝူေတာက္က ကူကယ္ရာမဲ့စြာ ေခါင္းခါလိုက္ေလ၏။ “စုန္းအတတ္လား?”
“ျဖစ္နိုင္တယ္”
“ထင္တဲ့အတိုင္းပဲ” ဟြားဝူေတာက္က အနည္းငယ္ထိတ္လန႔္သြားပုံေပၚ၏။
“မိစာၦထိန္းခ်ဳပ္ျခင္း က်င့္စဥ္ေတြ ေပ်ာက္ဆုံးသြားတာၾကာၿပီလို႔ ထင္ေနတာ။ ဒီေခတ္ ဒီအခ်ိန္ႀကီးမွာ ေတြ႕ရလိမ့္မယ္လို႔ မထင္ထားဘူး”
“က်ယ္ဝန္းလွတဲ့ေလာကႀကီးထဲမွာ ထူးဆန္းတဲ့ ကိစၥေတြအမ်ားႀကီးရွိတာပဲ” လုက်ိဳးကေျပာသည္။
ရထားလုံးပ်ံက ဆက္လက္ပ်ံသန္းသြား၏။
ထန္းက်ီၿမိဳ႕နား ေရာက္လာသည့္အခ်ိန္တြင္ ပ်ံသန္းေနေသာက်င့္ႀကံသူအခ်ိဳ႕က ရထားလုံးပ်ံကို ျမင္ေတြ႕သြားၾက၏။
“ရထားလုံးပ်ံပဲ။ ရထားလုံးပ်ံတစ္စင္းပဲ”
“ဘယ္မဟာဂိုဏ္းရဲ႕ ရထားလုံးပ်ံမ်ားလဲ”
“ငါ အလံမေတြ႕ရဘူး။ အၫႊန္းေတြ ဘာေတြလည္းမေတြ႕ဘူး”
“စာလုံးထြင္းထားတာေတြလည္းမေတြ႕ဘူး”
လူငယ္မ်ိဳးဆက္သစ္အဖို႔ တိမ္ခြင္းရထားလုံးကို မမွတ္မိတာ သဘာဝက်သည္။
အသက္ပိုႀကီးေသာက်င့္ႀကံသူမ်ားက ယင္းကို ျမင္သည့္အခ်ိန္တြင္ မ်က္လုံးမ်ားျပဴးက်ယ္သြားကာ လူငယ္မ်ားကို စိတ္ပူပန္စြာ သတိေပးလိုက္ေလ၏။ “အဲ့ဒါက တိမ္ခြင္းရထားလုံး။ မိစာၦေဝဟင္ေမွ်ာ္နန္းရဲ႕ က်ိထ်န္းေတာက္ပိုင္တာပဲ”
“မိစာၦေဝဟင္ေမွ်ာ္နန္းရဲ႕ရထားလုံးလား”
က်င့္ႀကံသူမ်ားက ေအာက္သို႔ဆင္းသက္သြား၏။ အခ်ိဳ႕ကဆို တိမ္ခြင္းရထားလုံးျဖတ္သန္း သြားတာကိုၾကည့္ၿပီး ေခါင္းမ်ားငုံ႕လ်က္ ေၾကာက္လန႔္ေနၾကသည္။ ပိုသတၱိမဲ့သည့္ သူမ်ားကမူ စဥ္းေတာင္မစဥ္းစားဘဲ ထြက္ေျပးၾကေတာ့၏။
“အရင္တုန္းက က်ိထ်န္းေတာက္က ဒီရထားလုံးကို စီးနင္းၿပီး နယ္ပယ္တစ္ခြင္လွည့္လည္ သြားလာခဲ့ တာေလ”
“က်ိထ်န္းေတာက္က ေ႐ႊနန္းဥယ်ာဥ္ေတာင္ကို ေစာင့္ၾကပ္ေနၿပီး သူ႕သက္တမ္းကုန္ခါနီး ေနာက္ဆုံး ႏွစ္ေတြကို ႏွစ္ၿခိဳက္ခံစားေနတာ မဟုတ္ဘူးလား”
“အရိုးေပၚအေရတင္ေနတဲ့ ကုလားအုတ္တစ္ေကာင္ေတာင္ ျမင္းတစ္ေကာင္ထက္ႀကီးေသးတယ္။ မေမ့လိုက္နဲ႕။ ထိပ္သီးဆရာႀကီးဆယ္ေယာက္က အရင္တုန္းက ေ႐ႊနန္းဥယ်ာဥ္ေတာင္ကို ဝိုင္းထားတဲ့အခ်ိန္ သူတို႔ရႈံးနိမ့္သြားၾကတာ။"
ထန္းက်ီၿမိဳ႕နားရွိ က်င့္ႀကံသူမ်ားက ရထားလုံးကိုၾကည့္လိုက္သည္။ မိစာၦေဝဟင္ေမွ်ာ္နန္း၏ ေခါင္းေဆာင္ႀကီးအေၾကာင္းေျပာသည့္အခ်ိန္၌ မည္သူကမွ် အမူအရာေျပာင္းလဲမႈကို မထိန္းထား နိုင္ေပ။
မၾကာမီ၌ တိမ္ခြင္းရထားလုံးက ေတာင္တန္းမ်ားကို ျဖတ္ေက်ာ္သြားၿပီး ထန္းက်ီၿမိဳ႕ကို ေက်ာ္ျဖတ္လုနီးပါးျဖစ္သြား၏။
ဖန္းက်ဳံးက ျမဴမ်ားကို ငုံၾကည့္လိုက္သည္။ သူက မ်က္ေမွာင္က်ဳံ႕ကာ ဆိုလိုက္ေတာ့၏။
“ေမွ်ာ္နန္းသခင္ၾကည့္ပါဦး။ ဟိုနားမွာ ျမဴေတြသိပ္သည္းေနတယ္။ အညွီနံ႕ေတာ့ရတယ္ေနာ္”
“မင္းေျပာတာမွန္တယ္။ ဒီေန႕က ေနသာတဲ့တစ္ေန႕ပဲ။ ဘာေၾကာင့္ျမဴေတြရွိေနရတာလဲ” က်ိဳးက်စ္ဖုန္းက ဇေဝဇဝါေျပာလိုက္ေလ၏။
“မဟာစုန္းအတတ္အစီအရင္မ်ားလား?” ေရွာင္ယြမ္အာက ဝင္ေျပာသည္။ ဆိုရလွ်င္ သူမက လုက်ိဳး ႏွင့္အတူ ထ်န္းက်န္းျမစ္သို႔ သြားခဲ့ဖူးသည္။ အေရာင္အေသြးအျပင္ ေျမျပင္ေပၚရွိ သိပ္သည္းေသာ ျမဴမ်ားက သူမ ထိုေန႕က မ်က္ျမင္ေတြ႕ခဲ့ေသာ မဟာစုန္းအတတ္ႏွင့္ တစ္ထပ္တည္းတူေနသည္။
“သြင္ျပင္ကို အကဲျဖတ္ၾကည့္ရင္ ခုနစ္ရက္အတြင္းၿပီးေျမာက္မဲ့ပုံမေပၚဘူး” ဖန္က်ဳံးက မ်က္ေမွာင္က်ဳံ႕ကာေျပာလိုက္ေတာ့သည္။
မင္ရွစ္ရင္က ဖန္က်ဳံးကို တစ္ခ်က္ၾကည့္ၿပီးေျပာလိုက္ေလ၏။
“ဆိုလိုတာက သူတို႔မိစာၦေဝဟင္ေမွ်ာ္နန္းကို မလာခင္ကတည္းက ဒီခမ္းနားျခင္းအစီအရင္ကို ျပင္ဆင္ေနတာၾကာၿပီေပါ့”
က်န္သည့္သူမ်ားက အံ့ဩသြားၾကသည္။ ဟြားဝူေတာက္က လုက်ိဳးကို ၾကည့္လိုက္ေလ၏။ လုက်ိဳးက တည္ၿငိမ္ေနကာ အမူအရာမေျပာင္းလဲသြားေခ်။
“ၾကည့္ရတာ နန္းေတာ္ထဲက လူက အစတည္းက ၿငိမ္းခ်မ္းခ်င္တဲ့ရည္႐ြယ္ခ်က္ရွိပုံမေပၚဘူး” ဟြားဝူေတာက္ကေျပာလိုက္ေတာ့သည္။
“ထင္ထားၿပီးသားပါ” လုက်ိဳးက မအံ့ဩသြားေပ။ သူက သိပ္သည္းေနေသာျမဴကို ျမင္ေတြ႕သည့္ အခ်ိန္၌ ယင္းက သာမန္ခမ္းနားျခင္းအစီအရင္ မဟုတ္မွန္းသိလိုက္သည္။ သူတို႔သည္ ယင္းကို ျပင္ဆင္ခဲ့တာအေတာ္ၾကာၿပီျဖစ္ပုံေပၚ၏။ သူက တိမ္ခြင္းရထားလုံးကို သယ္လာတာက မွန္သည္။
“မင္ရွစ္ရင္”
“ဟုတ္ကဲ့ ရွစ္စြင္း”
“ေ႐ႊနန္းဥယ်ာဥ္ေတာင္ကို ျပန္လွည့္”
“ဟုတ္” ထိုအခ်ိန္တြင္ မင္ရွစ္ရင္က တက္ႂကြေနပုံေပၚ၏။
ဟြားဝူေတာက္က ေခါင္းညိတ္လိုက္သည္။ “ပါးနပ္တဲ့လႈပ္ရွားမႈပဲ ေမွ်ာ္နန္းသခင္”
“မင္းကိုမင္းသိ။ ရန္သူကိုသိရင္ တိုက္ပြဲတစ္ရာကိုေအာင္ျမင္နိုင္လိမ့္မယ္” လုက်ိဳးက ေျပာ၏။
တိမ္ခြင္းရထားလုံးက ႐ုတ္တရက္အရွိန္တင္လိုက္သည္။ ယခင္ကထက္ အဆေပါင္းမ်ားစြာ ျမန္ဆန္ သည့္အရွိန္ျဖင့္ေ႐ြ႕လ်ားေနတာျဖစ္သည္။ ေျမျပင္ေပၚရွိအေဆာက္အဦးမ်ားႏွင့္ ရႈခင္းမ်ားက ဝိုးတဝါးက်န္ရစ္ခဲ့ေလ၏။
ဖန္က်ဳံးက ေျမျပင္ေပၚရွိလႈပ္ရွားမႈကို ေလးနက္စြာေလ့လာေနသည္။
မိစာၦေဝဟင္ေမွ်ာ္နန္းသည္ တစ္ေလာကလုံးရွိလူမ်ား ေၾကာက္႐ြံ႕ၿပီးေလးစားရသည့္ ေနရာ ျဖစ္သည္။ ထို႔ေၾကာင့္ ထန္းက်ီၿမိဳ႕အျပင္ အနား၌ စခန္းခ်သည့္လူမ်ားမရွိေပ။ က်င့္ႀကံသူမ်ားကလည္း ဤေနရာ၌ ျမင္ေတြ႕ခဲသည္။
ေကာင္းကင္ထဲ၌ ရထားလုံးပ်ံ ပ်ံသန္းေနစဥ္ တည္ေနရာေတာ္ေတာ္မ်ားရွိ ေျမျပင္ထက္မွ သိပ္သည္းေသာျမဴတက္လာတာကို ျမင္ေတြ႕နိုင္၏။ ျမဴမ်ားက ေ႐ႊနန္းဥယ်ာဥ္ေတာင္ဆီသို႔ ျဖည္းျဖည္းခ်င္းေ႐ြ႕လ်ားေနပုံရသည္။ အခ်ိဳ႕ကဆို အရံအတားႏွင့္ထိေနၿပီျဖစ္သည္။
အစီအရင္ပညာမ်ားကို နားမလည္သည့္သူက ယင္းကို သဘာဝျဖစ္စဥ္မ်ားသာဟု ေတြးမိေလာက္သည္။
တိမ္ခြင္းရထားလုံးက ပိုေတာင္ျမန္ဆန္သည့္အရွိန္ျဖင့္ ေ႐ြ႕လ်ားေန၏။
မင္ရွစ္ရင္၏ လမ္းၫႊန္မႈေအာက္တြင္ ေက်ာင္းယြဲ႕၊ ဖန္က်ဳံးႏွင့္ က်ိဳးက်စ္ဖုန္းတို႔က ကနဦးခ်ီမ်ားကို အျပင္ဖက္သို႔တြန္းတင္လိုက္၏။ အာနိသင္က ခ်က္ခ်င္းေပၚလာေတာ့သည္။
ေ႐ႊနန္းဥယ်ာဥ္ေတာင္ကႀကီးမားသည္။ ယင္းတဝိုက္ကို လွည့္လည္သြားလာရျခင္းက အကြာအေဝးတစ္ဝိုက္ကို လွည့္လည္သြားလာရျခင္းျဖစ္၏။ သို႔ေသာ္ တိမ္ခြင္းရထားလုံးအတြက္မူ ဘာမွ်မဟုတ္ေပ။
ခဏအၾကာတြင္ မင္ရွစ္ရင္က က်ယ္ေလာင္စြာေၾကညာလိုက္ေတာ့သည္။ “ကြၽန္ေတာ္တို႔ေတြ ထန္းက်ီၿမိဳ႕ကို ထပ္ေရာက္လာျပန္ၿပီ” သူက တမင္တကာပင္ တိမ္ခြင္းရထားလုံးကို ၿမိဳ႕တစ္ဝိုက္ သြားေနၿပီဆိုသည့္အေၾကာင္း ေျပာရန္အတြက္ “ထပ္”ဟူေသာ စကားလုံးကို တမင္တကာ ေျပာလိုက္ျခင္းျဖစ္သည္။
ဖန္က်ဳံးက ေျပာ၏။
“ေမွ်ာ္နန္းသခင္ ေ႐ႊနန္းဥယ်ာဥ္ေတာင္ရဲ႕ သုံးမိုင္အကြာမွာ အစီအရင္ေတြက စက္ဝိုင္းျခမ္းသဏၭာန္ရွိေနတယ္ဆိုတာ ရွင္းေနၿပီ။ တျခားေနရာေတြမွာ အစီအရင္မရွိဘူး”
လုက်ိဳးက ေခါင္းညိတ္ၿပီးေျပာလိုက္ေတာ့သည္။
“နတ္ဆရာဆယ္ပါးရဲ႕မ်ိဳးဆက္က နတ္ဆရာဆယ္ပါး မဟုတ္ဘူးေလ။ သူတို႔က နတ္ဆရာဆယ္ပါးလုပ္နိုင္တာမ်ိဳးကို မလုပ္နိုင္ဘူး”
ဟြားဝူေတာက္ကေျပာလိုက္၏။
“နတ္ဆရာဆယ္ပါးက စုန္းအတတ္ပညာမွာ ျမင့္ျမင့္မားမား ေအာင္ျမင္မႈရထားတဲ့ က်င့္ႀကံသူေတြပဲ။ ဒါေပမဲ့ နတ္ဆရာဆယ္ပါးရဲ႕မ်ိဳးဆက္က သုံးမိုင္ကို ျဖန႔္က်က္နိုင္တဲ့ အစီအရင္တစ္ခု တည္ေဆာက္နိုင္တာက ခ်ီးက်ဴးထိုက္တဲ့ လုပ္ေဆာင္ခ်က္ ျဖစ္ေနပါၿပီ”
တိမ္ခြင္းရထားလုံးက ျဖည္းျဖည္းခ်င္း ဆင္းသက္လာ၏။ ေတာက္ပေနေသာ အၿမီးတန္းကလည္း ျဖည္းျဖည္းခ်င္း မွိန္ေဖ်ာ့သြားေတာ့သည္။ ထန္းက်ီၿမိဳ႕နားတစ္ဝိုက္ ခမ္းနားျခင္းအစီအရင္ကို ျပင္ဆင္ ေနၾကေသာ ဝတ္႐ုံနီတစ္စုက သူတို႔လုပ္ေနတာကိုရပ္တန႔္ၿပီး ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ၾက၏။ ႀကီးမားေသာ တိမ္ခြင္းရထားလုံးက သူတို႔၏အာ႐ုံစိုက္မႈကို ရသြားသည္။
ဝတ္႐ုံနီက်င့္ႀကံသူ အေယာက္သုံးဆယ္က ျမန္ျမန္ဆန္ဆန္ပင္ သုံးတန္းစုစည္းလိုက္ေတာ့၏။ ဝူရွန္းႏွင့္ဝူကြမ္းက ရထားလုံးကို ေမာ့ၾကည့္လိုက္ၾကသည္။
“အဲ့ဒါက မိစာၦေဝဟင္ေမွ်ာ္နန္းရဲ႕ ရထားလုံးပ်ံပဲ။"
ဝူကြမ္း၏မ်က္ႏွာထက္တြင္ ထူးဆန္းေသာအၿပဳံးေပၚလာေတာ့သည္။ “ဒီေတာ့ သူတို႔က အဆုံးထိမေစာင့္နိုင္ဘူးပဲ”
“မိစာၦဘုရားေက်ာင္းက ငါတို႔နဲ႕ပူးေပါင္းေဆာင္႐ြက္ဖို႔သေဘာတူထားတာ။ သူတို႔ဘယ္အခ်ိန္ ေရာက္လာမလဲဆိုတာ သိခ်င္မိတယ္” ဝတ္႐ုံနီက်င့္ႀကံသူတစ္ဦးက ေမးလိုက္သည္။ သို႔ေသာ္ သူ အေျဖမရေသးခင္
ဝွစ္
တိမ္ခြင္းရထားလုံး၏အသံက မိုးကုပ္စက္ဝိုင္းဆီကေန သူတို႔ဆီေရာက္လာေတာ့၏။
ထိုစဥ္ ရထားလုံးပ်ံက ျဖည္းျဖည္းခ်င္းဆင္းသက္လာၿပီးျဖစ္သည္။ ကနဦးခ်ီမ်ား႐ုတ္သိမ္း လိုက္သည့္အခ်ိန္တြင္ တိမ္ခြင္းရထားလုံးမွ ေတာက္ပမႈမ်ားေလ်ာ့က်သြားေတာ့၏။ အျပင္ဖက္ ေရာင္ျခည္ျဖာထြက္မႈမရွိဘဲ ယင္းကပ်ံသန္းေနေသာ႐ြက္ေလွတစ္စင္းႏွင့္ဆင္တူေနသည္။
ရထားလုံးပ်ံက သစ္ပင္မ်ားႏွင့္တစ္တန္းထဲပ်ံသန္းလာၿပီး ထိုေနရာတြင္ေနရစ္သည္။
ဝူရွန္းႏွင့္ဝူကြမ္းတို႔က ျမင္ကြင္းကိုျမင္ေသာအခါ သူတို႔မ်က္ဝန္းမ်ားက တြန႔္ရႈံ႕သြားသည္။
ရထားလုံးပ်ံေပၚတြင္ လုက်ိဳးႏွင့္ဟြားဝူေတာက္တို႔က ပဲ့ထိန္းေနရာတြင္ရပ္လ်က္ သူတို႔ကို အထက္ကေနငုံ႕ၾကည့္လိုက္၏။
ဝတ္႐ုံနီက်င့္ႀကံသူမ်ားက ထြက္မသြားေပ။ ထိုအစားသူတို႔က ရထားလုံးပ်ံဆီသို႔ပ်ံသန္းလာ ၾကသည္။ သူတို႔က ရထားလုံးပ်ံ၏အျမင့္အထိပ်ံသန္းလာကာ တညီတၫြတ္တည္းအရိုအေသ ေပးလိုက္သည္။
“ဝူရွန္းက ဆရာႀကီးက်ိကို ႏႈတ္ဆက္ပါတယ္”
လုက်ိဳးက လက္ေနာက္ပစ္ထားလ်က္ ဝတ္႐ုံနီအေယာက္သုံးဆယ္ကို ေလ့လာလိုက္သည္။ သူက ပြင့္ပြင့္လင္းလင္းေျပာလိုက္ေတာ့၏။ “ခမ္းနားျခင္းအစီအရင္က ဘယ္လိုလဲ”
ဝူရွန္းက စိတ္ထဲ၌ တုန္လႈပ္သြားေတာ့၏။ မိစာၦေဝဟင္ေမွ်ာ္နန္းက သူတို႔အစီအရင္ကို သတိျပဳမိတာသိသာ၏။ သို႔ေသာ္ ယင္းက အေရးမႀကီးေပ။ သူကအျမန္ေျပာလိုက္ေတာ့သည္။
“ဘာအေၾကာင္းကိုမ်ားေျပာေနတာလဲ ေမွ်ာ္နန္းသခင္။ ကြၽန္ေတာ္တို႔က ထန္းက်ီၿမိဳ႕မွာ ရက္နည္းနည္းပဲေနမွာပါ”
ထိုသို႔ေျပာလိုက္သည္က အခ်ိန္ဆြဲလိုေသာရည္႐ြယ္ခ်က္မွတစ္ပါး အျခားမရွိေပ။
လုက်ိဳးက ေမးလိုက္၏။ “ေမာ့လီ ဘယ္မွာလဲ?”
“သခင္မေလးက အံ့ဖြယ္ၿမိဳ႕ေတာ္မွာရွိပါတယ္။ သခင္မေလးနဲ႕ ဘာအေရးကိစၥမ်ားရွိပါသလဲဆိုတာ သိပါရေစ ေမွ်ာ္နန္းသခင္။ သခင္မေလးဆီကို အေၾကာင္းၾကားေပးနိုင္ပါတယ္” ဝူရွန္းက ထပ္ေျပာလိုက္၏။
လုက်ိဳးက ဝတ္႐ုံနီက်င့္ႀကံသူမ်ားကို ထူးမျခားနားၾကည့္လိုက္ေတာ့သည္။ သူတို႔က ေၾကာက္လန႔္ ျခင္းမရွိဘဲ မိစာၦေဝဟင္ေမွ်ာ္နန္းကို တိတ္တဆိတ္အေကာက္ႀကံကာ ေတာင္၏အရံအတားမ်ားကို ဆြဲခ်ရန္ႀကိဳးစားေန၏။ ထိုသို႔တိုင္ သူတို႔က တုံးအခ်င္ေယာင္ေဆာင္ေနသည္။ အမွန္တကယ္တြင္ သူတို႔က အရွက္မဲ့သည့္လူတစ္စုသာျဖစ္သည္။ သူက တည္ၿငိမ္စြာေျပာလိုက္ေတာ့၏။ “မင္းရဲ႕ သတၱိ အတြက္လာဂုဏ္ျပဳတာပဲ”
ဝတ္႐ုံနီက်င့္ႀကံသူတစ္စုက အံ့ဩထိတ္လန႔္သြား၏။ သူတို႔က လုက်ိဳး၏စကားကို နားလည္ရန္ခက္ခဲေနသည္။
မင္ရွစ္ရင္က ေအးတိေအးစက္ေအာ္ေျပာလိုက္သည္။
“ေ႐ႊနန္းဥယ်ာဥ္ေတာင္ကို ရာရာစစအေကာက္ႀကံဝံ့တယ္ေပါ့။ မင္းတို႔ အသက္ရွင္ရတာ ၿငီးေငြ႕ေနၿပီလား။ အစီအရင္ကို ဖ်က္ဆီးၿပီး ဒူးေထာက္အညံ့ခံလိုက္ရင္ ပိုေကာင္းမယ္။ ဒီလိုဆိုရင္ ငါ့ရဲ႕ရွစ္စြင္းက မင္းတို႔ကို အသက္ခ်မ္းသာေပးေကာင္း ခ်မ္းသာေပးမွာပဲ”
....