ငါ့တပည့်တွေ အကုန် ဗီလိန်တွေချ...

By Mortal-Edge

379K 53.9K 447

အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ... More

အကျဉ်းချုပ်
အခန်း (၁) မိစ္ဆာတို့ရဲ့ သခင်
အခန်း (၂) ရန်သူများကို ပြန်လည်မောင်းထုတ်ရန် နည်းဗျူဟာ
အခန်း (၃) သွန်သင်ဆုံးမမှု မပြုဘဲ အတတ်ပညာသာ သင်ပြခြင်းက ဆရာ ပျင်းရိခြင်းမည်၏
အခန်း (၄) ဆိုးယုတ်သောတပည့်များ၏ သဘောထား
အခန်း (၅)အထွတ်အထိတ်သဏ္ဍာန်
အခန်း (၆) အစွမ်းတန်​ခိုးထက်​ဆုံး သိုင်းကွက်​များသာ သိသည်
အခန်း (၇) စတင်ပဲ့ပြင်
အခန်း (၈) ကံစမ်းမဲနှင့် စျေးဆိုင်
အခန်း (၉) ချမှတ်ပေးထားသော တာဝန်များ
အခန်း (၁၀) သေစေနိုင်သော တိုက်ခိုက်မှု
အခန်း (၁၁) ဆက်လက် ဖျော်ဖြေ
အခန်း (၁၂) လမ်းစဥ်အသစ်လား
အခန်း (၁၃) အလုပ်တာဝန် ချပေးခြင်း
အခန်း (၁၄) အလုပ်တာဝန် ပြီးမြောက်ခြင်း
အခန်း (၁၅) တပည့်ဆိုးများ၏ စိတ်ဓာတ်
အခန်း (၁၆) တပည့်ဆိုးများ၏ စိတ်ဓာတ်
အခန်း (၁၇) အသင်အပြ အဆုံးအမ
အခန်း (၁၈) မင်ရှစ်ရင်၏ စူးစမ်းမှု
အခန်း (၁၉) လောကတစ်ခွင် အဖြစ်အပျက်များ
အခန်း (၂၀) ထွက်ပြေးသွားသောတပည့်
အခန်း (၂၁) ကံအမှတ်၏ မှော်ဝင်အစွမ်း
အခန်း (၂၂) တဖန် နုပျိုလာခြင်း
အခန်း (၂၃) ကောင်းကင်ကျမ်း၏ အတိုင်းထက်အလွန်စွမ်းအား
အခန်း (၂၄) ရှစ်စွင်းနှင့်အတူ နတ်ခြင်္သေ့ကို စီးခြင်း
အခန်း (၂၅) အဘိုးကြီးက ကြည့်ရ မဆိုးဘူး
အခန်း (၂၆) ပြန်ပေးဆွဲမှုကို စုံစမ်းခြင်း
အခန်း (၂၇) မင်းက ဆိုးသွမ်းတဲ့ ခေါင်းဆောင်တစ်ယောက်
အခန်း (၂၈) မနာခံမှု
အခန်း (၂၉) ခွန်အားကြီးသော ကျွမ်းကျင်သူများ
အခန်း (၃၀) ကျုပ်စကားနားထောင်ပါ သူတို့ကို ရန်မစမိစေနဲ့
အခန်း(၃၁) လင်းဟူအဖွဲ့အစည်း
အခန်း (၃၂) ဒါက ထောင်ချောက်လို့ ပြောသားပဲ
အခန်း (၃၃) အသက်ရှင်ဖို့ သုံးလပဲ အချိန် ကျန်တော့တယ်
အခန်း (၃၄) အခုမှ အစပဲ
အခန်း (၃၅) ရှစ်စွင်း ထောင်ချောက်ထဲ ကျသွားပြီ
အခန်း (၃၆) ထိပ်ဆုံးသို့ တဖန်ပြန်ရောက်ခြင်း
အခန်း (၃၇) မိစ္ဆာတပည့်
အခန်း (၃၈) မင်းဆီမှာ ရှိတာ အားလုံး ပြန်ယူမယ်
အခန်း (၃၉) ယဲ့ထျန်းရှင်းရဲ့ အစီအစဉ်လား
အခန်း (၄၀) မင်းသတ္တိကောင်းလှချည်လား
အခန်း(၄၁) မိစ္ဆာကြီး ပြန်လာခြင်း
အခန်း (၄၂) အသက်ကြီးလေ ဉာဏ်ပိုကြီးလေ
အခန်း (၄၃) လျှို့ဝှက်ကတ်တွေ မရှိဘဲ ဘာလုပ်မှာလဲ
အခန်း (၄၄) ဝှက်ဖဲများကို ပြန်လည်စုစည်းခြင်း
အခန်း (၄၅) တိုက်ခိုက်ခြင်းက အကောင်းဆုံးခုခံမှု
အခန်း (၄၆) ကံဆိုးခြင်း
အခန်း (၄၇) ရာရာစစ
အခန်း (၄၈) ဆက်ကံစမ်းမယ်
အခန်း (၄၉) အသစ်ရောက်လာသူ
အခန်း (၅၀) ခိုလှုံခွင့် တောင်းခံခြင်း
အခန်း (၅၁) အဓိပ္ပာယ် မရှိတာ
အခန်း (၅၂) အခု အရည်အချင်းပြည့်မီပြီလား
အခန်း ( ၅၃ ) မဖော်ပြနိုင်လောက်သော စွမ်းအား
အခန်း (၅၄) ဓားနတ်ဆိုး၏ ကံကြမ္မာ
အခန်း (၅၅) ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ
အခန်း (၅၆) အရာအားလုံးက သူ့လက်ထဲမှာပဲ
အခန်း (၅၇) ကျောင်းယွဲ့၏တည်နေရာ
အခန်း (၅၈) ပိအန်း
အခန်း (၅၉) အထက်ဆုံးဓား
အခန်း (၆၀) ဓားချစ်သူ
အခန်း (၆၁) မဟာသမာဓိဓာရနီ
အခန်း (၆၂) မဟာနတ္ထိဘုရားကျောင်း၏ အင်အား
အခန်း (၆၃) ဗြဟ္မာသားချော့တေး
အခန်း (၆၄) ပိုကောင်းတဲ့လူဆိုတာ အမြဲရှိတယ်
အခန်း (၆၅) ဝါရင့်ကိုယ်တော်ကို ဉာဏ်အလင်းပွင့်စေတာလား
အခန်း (၆၆) ကျောင်းယွဲ့ကို ခေါ်ဆောင်သွားခြင်း
အခန်း (၆၇) လိမ်ရဲတယ်ပေါ့
အခန်း (၆၈) နန်းတော်မှ ပညာရှင်
အခန်း (၆၉) တပည့်ဆိုးက ပြဿနာထပ်တက်ပြန်ပြီ
အခန်း (၇၀) အိတ်ထဲမှာ
အခန်း (၇၁) အခုထွက်ပြေးဖို့အတွက် သိပ်နောက်ကျသွားပြီလား
အခန်း (၇၂) လိမ်လည်လှည့်ဖြားခြင်း
အခန်း (၇၃) ကျင့်ကြံဆင့် မြှင့်တင်ခြင်း အပိုင်း ၁
အခန်း (၇၄) ကျင့်ကြံဆင့် မြင့်တင်ခြင်း အပိုင်း ၂
အခန်း (၇၅) ထူးဆန်းသောစွမ်းအား
အခန်း (၇၆) ယဲ့ထျန်းရှင်း၏ ဆန်းကြယ်မှု
အခန်း (၇၇) လှောင်အိမ်
အခန်း (၇၈) မဟူရာစစ်သည်တော်များ၏ ခေါင်းဆောင်
အခန်း (၇၉) ဉာဏ်ထက်မြတ်သော မင်ရှစ်ရင်
အခန်း (၈၀) ပေနက်လွှာစာရင်း၌ ထိပ်ဆုံး
အခန်း (၈၁) အစွမ်းထက်သောကူညီသူ
အခန်း (၈၂) ရှစ်စွင်းပြောပြီ
အခန်း (၈၃) ဖန်းရှုဝမ်
အခန်း (၈၄) ထွက်သွားဖို့ မစဉ်းစားနဲ့
အခန်း (၈၅) တပည့်က ကြမ်းတမ်း
အခန်း (၈၆) တပည့်များက ကြမ်းတမ်းမြဲ ကြမ်းတမ်းနေခြင်း
အခန်း (၈၇) တပည့်က ထပ်မံကြမ်းတမ်း
အခန်း (၈၈) မရည်ရွယ်ပါဘူး
အခန်း (၈၉) ပါဝင်ပတ်သက်ခြင်း
အခန်း (၉၀) ရှစ်ရှိုး သက်ညှာပေးပါ
အခန်း (၉၁) မင်းက ငါ့တပည့် မဟုတ်ဘူး
အခန်း (၉၂) မင်ရှစ်ရင် ပြဿနာတက်နေပြီ
အခန်း (၉၃) စုန်းပညာ၏စွမ်းအား
အခန်း (၉၄) ခွဲခွာချိတ်ကောက်
အခန်း (၉၅) မိစ္ဆာအိုကြီးရဲ့ပုံစံလား
အခန်း (၉၆) အမှန်တရားနှင့် အလိမ်အညာများ
အခန်း (၉၇) ချိုင့်ဝင်နေသော အရိုးများ
အခန်း (၉၈) အမှန်တရားလား
အခန်း (၉၉) ကောင်မလေး သိပ်နောက်မကျခင်သွားကြရအောင်
အခန်း (၁၀၀) တင်းဖန်ချိုး၏ စွမ်းအား
အခန်း (၁၀၁) နန်းတော်မှ တစ်စုံတစ်ယောက်
အခန်း (၁၀၂) နတ်လေးသည်တော် သုံးယောက်ထဲမှ တစ်ယောက်
အခန်း (၁၀၃) တုံးအခြင်း၏တန်ကြေး
အခန်း (၁၀၄) ငါက အမြဲတမ်း သက်ညှာပေးပါတယ်
အခန်း (၁၀၅) လာကူကြသော တပည့်များ
အခန်း (၁၀၆) ကျောက်စိမ်းယဇ်ပလ္လင်
အခန်း (၁၀၇) လောင်ပါ့ လူလိမ်
အခန်း (၁၀၈) ဖမ်းဆီးမှုနှင့် ကံစမ်းမဲ
အခန်း (၁၀၉) နှမြောစရာပဲ
အခန်း (၁၁၀) ရန်သူဟောင်း
အခန်း (၁၁၁) ခွဲခွာခြင်းချိတ် မင်းကို ချီးမြှင့်မယ်
အခန်း (၁၁၂) မင်းက ငါ့ကို မကြောက်ဘူးလား
အခန်း (၁၁၃) စွမ်းအင်ငါးဖြာစကြဝဠာ သစ်ပင်ကို ကာကွယ် ဟွားဝူတောက်ကို စောင့်ဆိုင်း
အခန်း (၁၁၄) ငါက အရင်ကလို မဟုတ်တော့ဘူး
အခန်း (၁၁၅) အတိတ်တုန်းက တာ့ယန်မှာ မတူညီတဲ့လမ်းစဉ်မရှိဘူး
အခန်း (၁၁၆) လျို့ဟယ် တာအိုစည်းတံဆိပ်
အခန်း (၁၁၇) မိုးကြိုးသွား
အခန်း (၁၁၈) မင်း ရွေးချယ်မှု လုပ်ရမယ်
အခန်း (၁၁၉) အစွမ်းအထက်ဆုံးအကြီးအကဲ ဟွားဝူလား ဝူဟွားလား
အခန်း (၁၂၀) နှလုံးသားစေရာ လိုက်တဲ့သူက သာမန်မဟုတ်ဘူး
အခန်း (၁၂၁) ကျောင်းယွဲ့ကို ထုတ်ပေးခြင်း
အခန်း (၁၂၂) ကျန်းအိုက်ကျန့်နှင့် ထပ်မံ တွေ့ဆုံခြင်း
အခန်း (၁၂၃) နန်းတော်၏ ပဋိပက္ခများနှင့် ပိုင်လူမျိုးတို့၏ အရိုးများ
အခန်း (၁၂၄) ဓားကောင်းလေး
အခန်း (၁၂၅) ယဲ့ထျန်းရှင်း၏ သေခြင်းတရား
အခန်း (၁၂၆) အကြွေးဆပ်ရန်
အခန်း (၁၂၇) သေတ္တာကို ဖွင့်ရန်နည်းလမ်း
အခန်း (၁၂၈) ရှစ်ယောက်မြောက် တပည့်ကို ဆုံးမခြင်း
အခန်း (၁၂၉) သတ္တမမြောက်တပည့်၏အတွေးများ
အခန်း (၁၃၀) အမြင်မတူခြင်းနှင့် မပြောဘဲ သိသော သဘောတူညီချက်
အခန်း (၁၃၁) ဒုတိယမြောက်တပည့်၏ ရွေးချယ်မှု
အခန်း (၁၃၂) မင်းက ငါ့ကို ကောင်းကောင်းသိတာပဲ ... ရှစ်တိ ဝူယာ့
အခန်း (၁၃၃) ကျင့်စဉ်များပြီးစီးခြင်း
အခန်း (၁၃၄) တာ့ရှစ်ရှိုးရဲ့ မိတ်ဆွေရင်း
အခန်း (၁၃၅) မဟာအမှောင်ကောင်းကင်အောက်မေ့ရာ
အခန်း (၁၃၆) ဝတ်ရုံနီ၏ လာရောက်တွေ့ဆုံမှု
အခန်း (၁၃၇) လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုတာက မဟာကံခေမှုကြီးပဲ
အခန်း (၁၃၈) ဈေးနှုန်းမြင့်မြင့်ဖြင့် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း
အခန်း (၁၃၉) ခြင်္သေ့သားရဲတွင်းသို့သွားပြီး ခြင်္သေ့မုတ်ဆိတ်မွေးကို ဆွဲခြင်း
အခန်း (၁၄၀) ပါ့ရှစ်တိ မတွေ့ရတာကြာပြီ
အခန်း (၁၄၁) ငါက အလွယ်တကူအနိုင်ယူလို့ရတဲ့လူမဟုတ်ဘူး
အခန်း (၁၄၂) ရှစ်တိ မကြောက်နဲ့
အခန်း (၁၄၃) သေတ္တာ၏ လျှို့ဝှက်ချက်
အခန်း (၁၄၄) သဘောထားကြီးသည့် တာ့ရှစ်ရှိုး
အခန်း(၁၄၅) သေတ္တာကိုဖွင့်ဖို့အတွက် အနီရောင်လက်တစ်ဖက်လိုအပ်
အခန်း (၁၄၇) လျစ်လျူရှုထားသောရတနာ
အခန်း (၁၄၈) တိမ်ခွင်းရထားလုံး
အခန်း (၁၄၉) ရွှေနန်းဥယျာဉ်တောင်ကို ရာရာစစ အကွက်ချရဲတယ်ပေါ့
အခန်း (၁၅၀) တမင်တကာ
အခန်း (၁၅၁) နတ်ဆရာဆယ်ပါး၏စွမ်းအား
အခန်း (၁၅၂) ဓားသူတော်စင် လော့ရှစ်စန်း
အခန်း (၁၅၃) နတ်ဆရာဆယ်ပါးရောက်လာပြီ။ ခံတပ်ကိုထိန်းထား
အခန်း (၁၅၄) ထင်မှတ်မထားသော
အခန်း (၁၅၅) ကိုးပါးဖြတ်တောက်ခြင်းလက်ဟန်များ
အခန်း (၁၅၆) အချင်းချင်း ဖျက်ဆီးနေသည်အား အဆုံးသတ်ရန် ဘိုးဘေးများ၏ ဆုံးဖြတ်ချက်
အခန်း (၁၅၇) ဖန်းရှုဝမ်၏ရွေးချယ်မှု
အခန်း (၁၅၈) ပျင်းစရာကောင်းလောက်အောင် အားနည်းတာပဲ
အခန်း (၁၅၉) ချန်ဟွမ်းလား ယဲ့ထျန်းရှင်း အသက်ရှင်လာပြီ။
အခန်း (၁၆၀) ဝေ့ကျိုးယန်က ဒီလိုမျိုး ဆုံးဖြတ်ထားတာလား
အခန်း (၁၆၁) မင်းရဲ့စီမံမှုကို သိတယ်
အခန်း (၁၆၂) အံ့ဩဖွယ် ပိုင်လူမျိုး
အခန်း (၁၆၃) ပိုးအိမ်ကိုဖောက်ထွက်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုချုပ်နှောင်ခြင်း
အခန်း (၁၆၄) အားအကောင်းဆုံး လက်အောက်ငယ်သား
အခန်း (၁၆၅) မင်းရဲ့ ဆယ်နှစ်အကန့်အသတ်
အခန်း (၁၆၆) ဘယ်သူမှ ငါ့ကို ဘာမှမလုပ်နိုင်ဘူး
အခန်း (၁၆၇) ဒီလိုကံကြမ္မာမျိုး
အခန်း (၁၆၈) ပါ့ရှစ်တိ ... ဒါက မင်း ကောင်းဖို့ပဲ
အခန်း (၁၆၉) လူမိုက်က ပြေးစရာနေရာမရှိ
အခန်း (၁၇၀) ဟေးမုလျန်
အခန်း (၁၇၁) ကျွန်တော့်ရဲ့စစ်မှန်တဲ့နှလုံးသားက နေနဲ့လလိုတောက်ပနေပါတယ်
အခန်း (၁၇၂) လူသစ်လေးက လူသစ်လေးရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိသင့်တယ်
အခန်း (၁၇၃) ပွင့်ချပ်ခုနစ်လွှာ ဟွားဝူတောက် သင်္ကေတကိုးခု လျှို့ဟယ်တာအိုစည်းတံဆိပ
အခန်း (၁၇၄) ဓားနတ်ဆိုး၏ အကျင့်
အခန်း (၁၇၅) ပြန်ရောက်လာခြင်း၊ ဝိညာဉ်သုံးခုထဲဝင်ရောက်ခြင်း
အခန်း (၁၇၆) ခြွင်းချက်
အခန်း (၁၇၇) အညံ့ခံမလား။ အရိုက်ခံမလား
အခန်း (၁၇၈) မတန်တဆဈေး
အခန်း (၁၇၉) ရွေးချယ်စရာမရှိ
အခန်း (၁၈၀) ငါက အမြဲတမ်း အကျိုးအကြောင်းသင့်တဲ့သူပါ
အခန်း (၁၈၁) မျဉ်းတစ်ကြောင်း
အခန်း (၁၈၂) မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်
အခန်း (၁၈၃) အံ့ဖွယ်ကိုယ်တော်ကြီးလေးပါး ဝမ်ကျွယ်ကျိကျန်း
အခန်း (၁၈၄) အနန္တလေးလေးပါး၊ ကိုယ်တော်များ ပေါင်းစည်းခြင်း
အခန်း (၁၈၅) မိသားစုတိုင်းမှာကိုယ်ပိုင်ပြဿနာရှိကြတယ်
အခန်း (၁၈၆) ကောင်းကင်အပိုင်းအစ
အခန်း (၁၈၇) ခုနစ်စင်ကြယ်ဝိညာဉ်
အခန်း (၁၈၈) နောက်ထပ် အမှိုက်လား
အခန်း (၁၈၉) နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်
အခန်း (၁၉၀) ထွက်ခွာခြင်း
အခန်း (၁၉၁) နိဗာနခါးစည်း
အခန်း (၁၉၂) မင်းဘာသာ လွတ်မြောက်လာပြီးတော့ အရှင်သခင် ဖြစ်လာ
အခန်း (၁၉၃) သူကလေးတစ်ယောက် မဟုတ်တော့ဘူး
အခန်း (၁၉၄) ပူးပေါင်းခြင်း
အခန်း (၁၉၅) ဆယ့်ခြောက်နှစ်တွင်
အခန်း (၁၉၆) အန်းယန်ဆီ တစ်ခေါက်ပြန်လာခြင်း၊ မြို့အတူတူ၊ ဖြစ်သော်ငြား ကွဲပြားနေသော
အခန်း (၁၉၇) အာ့ရှစ်ရှိုးနှင့် ပထမဆုံးအကြိမ်တွေ့ဆုံချိန်

အခန်း (၁၄၆) အလဲအလှယ်ကောင်း

1.3K 215 1
By Mortal-Edge

အခန်း (၁၄၆) အလဲအလှယ်ကောင်း

‘ အနီရောင်လက်လား ’

မင်ရှစ်ရင်နှင့် ရှောင်ယွမ်အာတို့လည်း နားမလည်နိုင် ဖြစ်သွားကြပြီး အတွေးနက်နေသည့် သူတို့ရှစ်စွင်းဖြစ်သူကို ကြည့်လိုက်ကြသည်။

လုကျိုးက ခေါင်းညိတ်လိုက် ခေါင်းခါလိုက် လုပ်နေသည်။ ခဏတာ စဉ်းစားနေပြီးနောက် သူက ပြောလာသည်။

“ မင်းတို့ ထွက်သွားကြတော့ ”

“ ဟုတ် ရှစ်စွင်း”

“ ဟုတ်ကဲ့ ”

နှစ်ယောက်လုံး နာနာခံခံ ထွက်သွားကြသည်။

လုကျိုးက သူတို့ရှိနေလျှင် သင့်တော်လှသည်ဟု မထင်ပေ။ ပြောရလျှင် သေတ္တာထဲ ဘာပါနေမှန်း မသိရသေးချေ။ အကယ်၍ ထူးခြားအံ့ဖွယ် ဖြစ်နေခဲ့လျှင် သူတို့ မြင်သွားသည့်အခါ နေရခက်လာလိမ့်မည်။ သူက သေတ္တာကို လျှို့ဝှက်ခန်းထဲ ယူဆောင်သွားလိုက်၏။

လျှို့ဝှက်ခန်းအတွင်း

လုကျိုးက လက်အသာဝေ့လိုက်သည့်အခါ သေတ္တာက ကြမ်းပြင်ပေါ် ရောက်လာသည်။ သူက စနစ်ကို တစ်ချက်ကြည့်လိုက်၏။

“မာယာကျော့ကွင်း ”

ယဲ့ထျန်းရှင်း၏ မာယာကျော့ကွင်းသည် သူ့ရှေ့ ပေါ်လာသည်။ ထိုအရာက မှိန်ဖျဖျ တောက်ပနေလေ၏။

သခင်အဖြစ် အသိအမှတ်ပြုထားသော အဆင့်မြင့် လက်နက်တစ်ခုက အသက်သွင်းဖို့ ချီစွမ်းအားမရှိလျှင်ပင် ထူးခြားနေဆဲ ဖြစ်သည်။

လုကျိုးက မာယာကျော့ကွင်းကို သူ့စွမ်းအားဖြင့် ရစ်ပတ်လွမ်းခြုံလိုက်သည်။ ထို့နောက် သေတ္တာမှ မြောင်းရာထဲ ထည့်လိုက်၏။

ကလစ်

တစ်ခုခု ပွင့်သွားသည့် အသံမျိုး ထွက်ပေါ်လာသည်။

သေတ္တာက နှစ်ခြမ်းကွဲသွားပြီး မြောင်းရာတစ်ခု ပေါ်လာသည်။ နှစ်ဖက်လုံးက ဘေးကပ်သွားလေ၏။

“တင် … လျှို့ဝှက်ဆန်းကြယ်သေတ္တာကို အောင်အောင်မြင်မြင် ဖွင့်နိုင်ခဲ့ပါပြီ။ ဆုလာဘ် - ကုသိုလ်ရမှတ် တစ်ထောင် ”

“ရရှိသည့် ပစ္စည်း - ကျိထျန်းတောက်၏ အထွတ်အထိပ် သဏ္ဌာန်ကတ် တစ်ကတ်၊ နိဗာန ခါးစည်း၊ သန့်စင်ရေး အဆောင်သုံးခု၊ ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း ”

လုကျိုးက အံ့အားသင့်သွားမိသည်။ သူ ဒီကို ပြောင်းလာကတည်းက သူ့စိတ်ခံစားချက်များက ထုံထိုင်းလာခဲ့သည်။ သို့သော်လည်း ယခုအခိုက်အတန့် သူ့အနေနှင့် ပျော်ရွှင်မှုကို ခံစားနေရလေသည်။

ကျိထျန်းတောက်ရဲ့ အထွတ်အထိတ် သဏ္ဌာန်ကတ်က နာရီဝက်လောက်ပဲ ခံတယ်ဆိုရင်တောင် ဝှက်ဖဲအကြီးစား ဖြစ်နေတုန်းပဲ …

ဒီလောက်ကံဆိုးလာတာ နောက်ဆုံးတော့ ငါ ချက်ကောင်းထိခဲ့ပြီပဲ

ဤသည်မှာ World of Warcraft ထဲ double Warglaive of Azzinoth ရသည်ထက် ပိုစိတ်လှုပ်ရှားရသည်။ လုကျိုးက သူ့ကိုယ်သူ ဒီဇာတ်ကောင်ထဲ နစ်မျောသွားပြီး ယခင်ဘဝမှ ရရှိခဲ့သည့် အရာများနှင့်ပင် နှိုင်းယှဉ်လိုက်လျှင် ပို၍ စိတ်လှုပ်ရှားစရာကောင်းနေသည်။

လုကျိုးက ကျိထျန်းတောက်၏ အထွတ်အထိပ် သဏ္ဌာန်ကတ်ကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်သည်။ သူ တည်ငြိမ်သွားသည့်အခါ သူ့ဘာသာ ရေရွတ်လိုက်သည်။

င့ါ အမှားကနေ သင်ယူပြီးတော့ ဒါကို  လုံးဝ မလိုအပ်လာသရွေ့ မသုံးဘူး

ထို့နောက် သူက တခြားပစ္စည်းများ ပြောင်းကြည့်လိုက်ပြီး  “ နိဗာန ခါးစည်းလား”

“ တိမ်မြုပ်နေသော လက်နက် - နိဗာန ခါးစည်း၊ အကြံပြုသည့် ပိုင်ရှင် - စီယွမ်အာ ”

သူက သည်လိုလက်နက်မျိုးကို မမြင်ဖူးပေ။ ထို့ကြောင့် သူက နိဗာနခါးစည်းအကြောင်း မသိချေ။ သို့သော်လည်း သူ့တပည့်အပိုင် ဖြစ်သောကြောင့် သူ့အနေနှင့် သိမ်းထားမနေတော့ပေ။ ဤသည်မှာ အဝတ်စလေးသာ ဖြစ်၍ နည်းနည်းနေရခက်လှသည်။ ယောကျ်ားသားတစ်ယောက်၏ လက်နက်က ပို၍ ခက်ထန်သင့်သည်။ သူက ရှောင်ယွမ်အာအတွက် လက်နက်သီးသန့် စဉ်းစားပေးနေဖို့ မလိုတော၍ ကောင်းလှသည်။

“ သန့်စင်ရေး အဆောင် … သခင်အဖြစ် အသိအမှတ်ပြုပြီးသား မိုး၊ မြေ၊ ဆန်းကြယ်အဆင့်နဲ့ အဝါရောင်အဆင့် လက်နက်တို့ကို ပြန်လည် သန့်စင်နိုင်တယ် ”

လက်နက်သန့်စင်ခြင်းက ကျင့်ကြံရေးလောကတွင် အမြဲတမ်း ခက်ခဲသည့် အလုပ်တစ်ခု ဖြစ်၏။ လက်နက်များအတွက် သတ်ဖြတ်သူများကလည်း သခင်အဖြစ် အသိအမှတ်ပြုပြီးသား လက်နက်များကို ရလာခဲ့လျှင် ပြဿနာများပေသည်။ သခင်အဖြစ် အသိအမှတ်ပြုပြီးသား လက်နက်များတွင် နဂိုမူလပိုင်ရှင်နှင့် လိုက်လျောညီထွေပိုဖြစ်ကြပြီး နောက်ထပ် ကျင့်ကြံသူက ထိုဆက်နွယ်မှုကို ဖြတ်တောက်၍ ဆက်နွယ်မှုအသစ် ဖွဲ့စည်းလိုလျှင် လက်နက်ကို ပြန်လည်သန့်စင်ရသည်။

သန့်စင်ရာ၌ လိုအပ်ချက်တို့မှာ တင်းကျပ်လှပြီး ကျင့်ကြံသူ၏ ချီစွမ်းအားကိုလည်း လိုအပ်လေသည်။ အကြောင်းမှာ လက်နက်ကို ပြန်လည်ပြုပြင်ပြီး လက်နက်သန့်စင်ရာ၌ သီးသန့်အသုံးပြုသည့် စွမ်းအင်ကျောက်တုံးကိုလည်း အသုံးပြုရ၍ ဖြစ်သည်။ စွမ်းအင်ကျောက်တုံးက လက်နက်အရည်အသွေးကို တိုးမြင့်ပေးသောကြောင့် ရှားပါးကာ အဖိုးတန်လှသည်။

“ မဆိုးဘူး ”

လုကျိုးက မင်ရှစ်ရင်တစ်ယောက် ကျန့်ချိုးချီကို သတ်လိုက်ပြီးနောက် ရလာသည့် ကောင်းကင်အဆင့် လက်နက်ဖြစ်သည့် အသက်ဓားသွားကို အမှတ်ရလိုက်သည်။ အကယ်၍ သူ့တွင် သန့်စင်ရေးအဆောင် မရှိပါက အသက်ဓားသွားသည် ဆန်းကြယ်အဆင့်သာ ဖြစ်နေလိမ့်မည်။ အကယ်၍ တဖန်ပြန်လည်သန့်စင်ပြီး သခင်အသစ်ကို အသိအမှတ်ပြုလိုက်လျှင် ကောင်းကင်အဆင့် လက်နက် ဖြစ်လာနိုင်သည်။

“ အသက်ဓားသွား ”

အသက်ဓားသွားသည် လုကျိုးရှေ့ ပေါ်လာလေ၏။ တစ်ချိန်တည်းတွင် သန့်စင်ရေး အဆောင်တစ်ရွက်ကလည်း သူ့လက်ထဲ ပေါ်လာသည်။ သူ့အတွေးတစ်ချက်ဖြင့် သန့်စင်ရေးအဆောင်မှ မီတာဝက်ဝန်းကျင် မှိန်ဖျဖျ အနီရောင်တောက်ပလာသည်။ အသက်ဓားသွားကို ရစ်သိုင်းထားသည့် မီးတောက်များအလား ထင်မှတ်ရ၏။ ဤထူးထူးခြားခြား မီးတောက်များသည် အသက်ဓားသွားကို နီရဲပူကျစ်လာသည့်အထိ လောင်ကျွမ်းပစ်လိုက်၏။

လုကျိုးက နည်းနည်း အံ့ဩမိသွားသည်။ သူက ကျိထျန်းတောက် မှတ်ဉာဏ်ပိုင်ထားသောကြောင့် ဗဟုသုတ ကြွယ်ဝလှသည်။ သို့သော်လည်း သူ့မှတ်ဉာဏ်ထဲ ဒီလိုမျိုး မီးတောက်မျိုးဖြင့် ပြုလုပ်သည့် သန့်စင်ရေးနည်းလမ်းကို တစ်ခါမှ မမြင်ဖူးပေ။

ခြစ် ခြစ် ခြစ် …

အသက်ဓားသွားက အရည်ပျော်ကျတော့မည့်အလား ဖြစ်နေသည်။ သန့်စင်ရေးအဆောင်သည် မီးတောက်များကြားမှ အသက်ဓားသွား၏ ပုံသဏ္ဌာန်ထိန်းထားဖို့ စွမ်းအားတချို့ ထုတ်လွှင့်လာသည်။

လုကျိုးက ဒီဖြစ်စဉ် ဘယ်လောက်ကြာမလဲ သိချင်နေမိ၏။

“ တင် … သန့်စင်ခြင်းလုပ်ငန်း ပြီးမြောက်သွားပါပြီ။ လက်နက် အသက်ဓားသွား ရလာပါပြီ ”

“ ပြီးသွားပြီလား ”

သန့်စင်နှုန်းက လုကျိုး မျှော်လင့်ထားသည်ထက် ပိုနေသည်။ ပုံမှန်အားဖြင့် ကောင်းကင်အဆင့် လက်နက်တစ်ခု သန့်စင်ဖို့ နှစ်တစ်ဝက်မှ ငါးနှစ်တာ အချိန်ယူရလေသည်။ ဤသည်မှာ လိုအပ်သည့် ပစ္စည်းများအားလုံး ပြင်ဆင်ဖို့ အချိန်ကို ထည့်မတွက်ထားသေးပေ။ သို့သော်လည်း သူက သန့်စင်ရေးအဆောင်ဖြင့် လက်နက်တစ်ခု အလွယ်လေး သန့်စင်နိုင်လိုက်သည်။ ဤသည်မှာ သူ့အနေနှင့် အံ့ဩဖို့ လုံလောက်ပေသည်။

အသက်ဓားသွားက လေထဲ မျှောနေဆဲ ဖြစ်သည်။ ယခုအခါ လုံးဝကို အနီအရဲ ဖြစ်နေလေပြီ။ သို့သော်လည်း အေးလာသည်နှင့်အမျှ အနီမျှင်မျှင်လေးသာ ကျန်ရှိတော့သည်။ ကြည့်ရသည်မှာ ရေပုံးထဲ ထည့်စိမ်ဖို့ မလိုလောက်ချေ။

“အခုတော့ ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့ ” လုကျိုးက အမည်မဲ့သည် သူ ကြိုက်သည့် လက်နက်ပုံစံ ပြောင်းနိုင်သောကြောင့် တခြားလက်နက်များကို စိတ်မဝင်စားပေ။ သူက လက်ဝေ့ကာ အသက်ဓားသွားကို ပြန်သိမ်းလိုက်သည်။

လုကျိုးက အဆောင်တစ်ရွက် သုံးလိုက်ပြီဖြစ်၍  နှစ်ခုသာ ကျန်တော့သည်။

လုကျိုးက နောက်ဆုံးဆုလာဘ်ဖြစ်သည့် ရတနာသေတ္တာကို အာရုံစိုက်ထားလိုက်သည်။

“ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း ”

ဤစိတ်ဝိညာဉ်သဏ္ဌာန်က ကုသိုလ်ရမှတ် တစ်သောင်းနှစ်ထောင် ကျသင့်၏။ သို့သော်လည်း သူက လျှို့ဝှက်ဆန်းကြယ်သေတ္တာကို ကုသိုလ်ရမှတ် နှစ်ထောင်ဖြင့် ဝယ်ခဲ့သည်။ ဤသည်မှာ အလဲအလှယ်ကောင်း ဖြစ်၏။

လုကျိုးက ခြောက်သွယ်ပေါင်းစည်းတြိမျဉ်းကို တုံ့ဆိုင်းမနေဘဲ ပြောင်းလဲလိုက်သည်။

ခြောက်သွယ်ပေါင်းစည်းတြိမျဉ်း စိတ်ဝိညာဉ်သဏ္ဌာန်က ဗြဟ္မာပင်လယ်နယ်ပယ်အဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံဆင့်အတွက် အရေးပါသော အမှတ်အသားတစ်ခု ဖြစ်၏။ ဤသည်မှာ ကျင့်ကြံသူက သူတို့ကျင့်ကြံဆင့်ကို အခြေတည်အောင် လုပ်နိုင်သည့် လက္ခဏာတစ်ခုလည်း ဖြစ်ပေသည်။

ဆိုလိုသည်မှာ လုကျိုးက သူ့ချီစွမ်းအားကို ချီသွေးကြောရှစ်ခုလုံး ဖြတ်စီးဆင်းပြီးပြီ ဖြစ်၏။

လုကျိုး၏ ချီသွေးကြောရှစ်ခုလုံးက ဆက်သွားလေပြီ။ ထို့ကြောင့် ခြောက်သွယ်ပေါင်းစည်းတြိမျဉ်းက စွမ်းအားထုတ်လွှင့်လာသည့်အခါ သူ့ကျင့်ကြံဆင့်ကို သက်ဆိုင်ရာအဆင့်အထိ တိုးမြင့်သွားစေခြင်း ဖြစ်သည်။ ယခင် သူက ဗြဟ္မာပင်လယ် ချီသွေးကြောရှစ်ခု အကြိုအဆင့် ဖြစ်သော်လည်း ယခု သူက ဗြဟ္မာပင်လယ် ချီသွေးကြောရှစ်ခုလုံး ဆက်သွားသည့် တကယ့်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားခဲ့လေပြီ။

လုကျိုးက သူ့ကျင့်ကြံဆင့် တိုးမြင့်နေစဉ် မိစ္ဆာဝေဟင်မျှော်နန်း၌ အနှောင့်အယှက်အသေးစားလေး ရှိလာသည်။

ရှောင်ယွမ်အာနှင့် မင်ရှစ်ရင်တို့က လျှို့ဝှက်ခန်းထဲမှ ချီစွမ်းအားကို ခံစားမိကြသည်။

မင်ရှစ်ရင်က ပိုဉာဏ်ရှိသွားလေပြီ။ သူက ခပ်ယဲ့ယဲ့ပြုံးကာ  “ ရှောင်ရှစ်မေ့ သွားစစ်နေဖို့ မလိုဘူး။ ရှစ်စွင်းက တခြားဂိုဏ်းက ကျင့်စဉ်တစ်ခုခု စမ်းနေတာ နေမယ်”

ရှောင်ယွမ်အာက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မေးလိုက်သည်  “ တခြားဂိုဏ်းက ကျင့်စဉ်လား ”

“ အစပိုင်း တစ်ယောက်ယောက် ချီသွေးကြော ဆက်နေခဲ့တုန်းက ကျူးကျော်သူလို့ ထင်ခဲ့တာ။ ကံကောင်းတာက ငါ့ပြစ်ဒဏ်က ပြန်လည်သုံးသပ်ရေးဂူထဲ အပို့ခံရတာနဲ့ ပြီးသွားလို့ … ရှစ်စွင်းက တခြားဂိုဏ်းက ကျင့်စဉ်တွေကို ကျင့်ကြံနေခဲ့တာ။ ဒါက အလွန်ဆုံး ဗြဟ္မာပင်လယ်နယ်ပယ်အဆင့်ပဲ ရှိဦးမယ် ”

“ အဲလိုလား ” ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်သည်။

“မမေ့နဲ့ဦး။ ကျို့ရှင်းချန်ကို ရှစ်စွင်းရဲ့ ဗုဒ္ဓကျင့်စဉ်နဲ့ အနိုင်ပိုင်းလိုက်တာလေ” မင်ရှစ်ရင်က ပြောလိုက်သည်။

“ ရှစ်ရှိုးပြောတာ ဟုတ်တယ်။ ညီမလည်း သွားလေ့ကျင့်တော့မယ် ” ရှောင်ယွမ်အာက ရံဖန်ရံခါ အပျင်းတစ်နေကြောင်း ခံစားမိသည်။ သူမ၏ ရှစ်စွင်းဖြစ်သူက အသက်အရွယ်ကြီးရင့်နေသော်လည်း ကြိုးစားလေကျင့်နေလေရာ သူမကတော့ အေးအေးဆေးဆေး သက်သက်သာသာ နေနေမိလေသည်။

“ ရှောင်ရှစ်မေ့ … ကျင့်ကြံရေးလမ်းကြောင်းက အရှည်ကြီးပဲ။ မင်း အလျင်စလို မလုပ်သင့်ဘူး။ မင်းက ပါရမီထူးတယ်။ နောင်ကျ မင်းရဲ့ အစ်ကိုတွေ၊ အစ်မတွေက မင်းအကူအညီလိုလာနိုင်တယ်ဆိုတာ ဘယ်သူသိမှာလဲ ”မင်ရှစ်ရင်က စနောက်ကာ ပြောလိုက်သည်။

ရှောင်ယွမ်အာက ထိုချီးကျူးမှုကို ကျေနပ်နေမှန်း သိသာလှသည်။ သို့သော်လည်း သူမ မျက်နှာက အလေးအနက် ဖြစ်လာကာ  “ အားလုံးကို ကာကွယ်မပေးပါဘူး ”

သူမစကားအဆုံးတွင် လှည့်ထွက်သွားလေသည်။

မင်ရှစ်ရင်က ခေါင်းကုတ်ကာ သူ့ဘာသာ စဉ်းစားလိုက်၏။ သူက ရှစ်မေ့ကို နည်းနည်းစနောက်လိုက်ပြီး ရန်စဖို့ မရည်ရွယ်ထားပေ။

သူမက ဒီလိုဘာလို့ ဖြစ်သွားရတာလဲ …

ထိုစဉ် ကျောင်းယွဲ့က ခန်းမကျယ်ထဲ မြန်မြန် ဝင်လာသည်။

“ စစ်ရှစ်ရှိုး … ဒီထန်းကျီမြို့ထဲ အနှောင့်အယှက်ရှိပုံပဲ။ တစ်ယောက်ယောက်က ကျွန်မတို့ကို ရန်စဖို့ လုပ်နေတယ် ”

...

double Warglaive of Azzinoth

Zawgyi

အခန္း (၁၄၆) အလဲအလွယ္ေကာင္း

‘ အနီေရာင္လက္လား ’

မင္ရွစ္ရင္ႏွင့္ ေရွာင္ယြမ္အာတို႔လည္း နားမလည္နိုင္ ျဖစ္သြားၾကၿပီး အေတြးနက္ေနသည့္ သူတို႔ရွစ္စြင္းျဖစ္သူကို ၾကည့္လိုက္ၾကသည္။

လုက်ိဳးက ေခါင္းညိတ္လိုက္ ေခါင္းခါလိုက္ လုပ္ေနသည္။ ခဏတာ စဥ္းစားေနၿပီးေနာက္ သူက ေျပာလာသည္။

“ မင္းတို႔ ထြက္သြားၾကေတာ့ ”

“ ဟုတ္ ရွစ္စြင္း”

“ ဟုတ္ကဲ့ ”

ႏွစ္ေယာက္လုံး နာနာခံခံ ထြက္သြားၾကသည္။

လုက်ိဳးက သူတို႔ရွိေနလွ်င္ သင့္ေတာ္လွသည္ဟု မထင္ေပ။ ေျပာရလွ်င္ ေသတၱာထဲ ဘာပါေနမွန္း မသိရေသးေခ်။ အကယ္၍ ထူးျခားအံ့ဖြယ္ ျဖစ္ေနခဲ့လွ်င္ သူတို႔ ျမင္သြားသည့္အခါ ေနရခက္လာလိမ့္မည္။ သူက ေသတၱာကို လွ်ို႔ဝွက္ခန္းထဲ ယူေဆာင္သြားလိုက္၏။

လွ်ို႔ဝွက္ခန္းအတြင္း

လုက်ိဳးက လက္အသာေဝ့လိုက္သည့္အခါ ေသတၱာက ၾကမ္းျပင္ေပၚ ေရာက္လာသည္။ သူက စနစ္ကို တစ္ခ်က္ၾကည့္လိုက္၏။

“မာယာေက်ာ့ကြင္း ”

ယဲ့ထ်န္းရွင္း၏ မာယာေက်ာ့ကြင္းသည္ သူ႕ေရွ႕ ေပၚလာသည္။ ထိုအရာက မွိန္ဖ်ဖ် ေတာက္ပေနေလ၏။

သခင္အျဖစ္ အသိအမွတ္ျပဳထားေသာ အဆင့္ျမင့္ လက္နက္တစ္ခုက အသက္သြင္းဖို႔ ခ်ီစြမ္းအားမရွိလွ်င္ပင္ ထူးျခားေနဆဲ ျဖစ္သည္။

လုက်ိဳးက မာယာေက်ာ့ကြင္းကို သူ႕စြမ္းအားျဖင့္ ရစ္ပတ္လြမ္းၿခဳံလိုက္သည္။ ထို႔ေနာက္ ေသတၱာမွ ေျမာင္းရာထဲ ထည့္လိုက္၏။

ကလစ္

တစ္ခုခု ပြင့္သြားသည့္ အသံမ်ိဳး ထြက္ေပၚလာသည္။

ေသတၱာက ႏွစ္ျခမ္းကြဲသြားၿပီး ေျမာင္းရာတစ္ခု ေပၚလာသည္။ ႏွစ္ဖက္လုံးက ေဘးကပ္သြားေလ၏။

“တင္ … လွ်ို႔ဝွက္ဆန္းၾကယ္ေသတၱာကို ေအာင္ေအာင္ျမင္ျမင္ ဖြင့္နိုင္ခဲ့ပါၿပီ။ ဆုလာဘ္ - ကုသိုလ္ရမွတ္ တစ္ေထာင္ ”

“ရရွိသည့္ ပစၥည္း - က်ိထ်န္းေတာက္၏ အထြတ္အထိပ္ သဏၭာန္ကတ္ တစ္ကတ္၊ နိဗာန ခါးစည္း၊ သန႔္စင္ေရး အေဆာင္သုံးခု၊ ေျခာက္သြယ္ေပါင္းစည္းႀတိမ်ဥ္း ”

လုက်ိဳးက အံ့အားသင့္သြားမိသည္။ သူ ဒီကို ေျပာင္းလာကတည္းက သူ႕စိတ္ခံစားခ်က္မ်ားက ထုံထိုင္းလာခဲ့သည္။ သို႔ေသာ္လည္း ယခုအခိုက္အတန႔္ သူ႕အေနႏွင့္ ေပ်ာ္႐ႊင္မႈကို ခံစားေနရေလသည္။

က်ိထ်န္းေတာက္ရဲ႕ အထြတ္အထိတ္ သဏၭာန္ကတ္က နာရီဝက္ေလာက္ပဲ ခံတယ္ဆိုရင္ေတာင္ ဝွက္ဖဲအႀကီးစား ျဖစ္ေနတုန္းပဲ …

ဒီေလာက္ကံဆိုးလာတာ ေနာက္ဆုံးေတာ့ ငါ ခ်က္ေကာင္းထိခဲ့ၿပီပဲ

ဤသည္မွာ World of Warcraft ထဲ double Warglaive of Azzinoth ရသည္ထက္ ပိုစိတ္လႈပ္ရွားရသည္။ လုက်ိဳးက သူ႕ကိုယ္သူ ဒီဇာတ္ေကာင္ထဲ နစ္ေမ်ာသြားၿပီး ယခင္ဘဝမွ ရရွိခဲ့သည့္ အရာမ်ားႏွင့္ပင္ ႏွိုင္းယွဥ္လိုက္လွ်င္ ပို၍ စိတ္လႈပ္ရွားစရာေကာင္းေနသည္။

လုက်ိဳးက က်ိထ်န္းေတာက္၏ အထြတ္အထိပ္ သဏၭာန္ကတ္ကို အခ်ိန္အေတာ္ၾကာ စိုက္ၾကည့္လိုက္သည္။ သူ တည္ၿငိမ္သြားသည့္အခါ သူ႕ဘာသာ ေရ႐ြတ္လိုက္သည္။

င့ါ အမွားကေန သင္ယူၿပီးေတာ့ ဒါကို  လုံးဝ မလိုအပ္လာသေ႐ြ႕ မသုံးဘူး

ထို႔ေနာက္ သူက တျခားပစၥည္းမ်ား ေျပာင္းၾကည့္လိုက္ၿပီး  “ နိဗာန ခါးစည္းလား”

“ တိမ္ျမဳပ္ေနေသာ လက္နက္ - နိဗာန ခါးစည္း၊ အႀကံျပဳသည့္ ပိုင္ရွင္ - စီယြမ္အာ ”

သူက သည္လိုလက္နက္မ်ိဳးကို မျမင္ဖူးေပ။ ထို႔ေၾကာင့္ သူက နိဗာနခါးစည္းအေၾကာင္း မသိေခ်။ သို႔ေသာ္လည္း သူ႕တပည့္အပိုင္ ျဖစ္ေသာေၾကာင့္ သူ႕အေနႏွင့္ သိမ္းထားမေနေတာ့ေပ။ ဤသည္မွာ အဝတ္စေလးသာ ျဖစ္၍ နည္းနည္းေနရခက္လွသည္။ ေယာက်္ားသားတစ္ေယာက္၏ လက္နက္က ပို၍ ခက္ထန္သင့္သည္။ သူက ေရွာင္ယြမ္အာအတြက္ လက္နက္သီးသန႔္ စဥ္းစားေပးေနဖို႔ မလိုေတာ၍ ေကာင္းလွသည္။

“ သန႔္စင္ေရး အေဆာင္ … သခင္အျဖစ္ အသိအမွတ္ျပဳၿပီးသား မိုး၊ ေျမ၊ ဆန္းၾကယ္အဆင့္နဲ႕ အဝါေရာင္အဆင့္ လက္နက္တို႔ကို ျပန္လည္ သန႔္စင္နိုင္တယ္ ”

လက္နက္သန႔္စင္ျခင္းက က်င့္ႀကံေရးေလာကတြင္ အၿမဲတမ္း ခက္ခဲသည့္ အလုပ္တစ္ခု ျဖစ္၏။ လက္နက္မ်ားအတြက္ သတ္ျဖတ္သူမ်ားကလည္း သခင္အျဖစ္ အသိအမွတ္ျပဳၿပီးသား လက္နက္မ်ားကို ရလာခဲ့လွ်င္ ျပႆနာမ်ားေပသည္။ သခင္အျဖစ္ အသိအမွတ္ျပဳၿပီးသား လက္နက္မ်ားတြင္ နဂိုမူလပိုင္ရွင္ႏွင့္ လိုက္ေလ်ာညီေထြပိုျဖစ္ၾကၿပီး ေနာက္ထပ္ က်င့္ႀကံသူက ထိုဆက္ႏြယ္မႈကို ျဖတ္ေတာက္၍ ဆက္ႏြယ္မႈအသစ္ ဖြဲ႕စည္းလိုလွ်င္ လက္နက္ကို ျပန္လည္သန႔္စင္ရသည္။

သန႔္စင္ရာ၌ လိုအပ္ခ်က္တို႔မွာ တင္းက်ပ္လွၿပီး က်င့္ႀကံသူ၏ ခ်ီစြမ္းအားကိုလည္း လိုအပ္ေလသည္။ အေၾကာင္းမွာ လက္နက္ကို ျပန္လည္ျပဳျပင္ၿပီး လက္နက္သန႔္စင္ရာ၌ သီးသန႔္အသုံးျပဳသည့္ စြမ္းအင္ေက်ာက္တုံးကိုလည္း အသုံးျပဳရ၍ ျဖစ္သည္။ စြမ္းအင္ေက်ာက္တုံးက လက္နက္အရည္အေသြးကို တိုးျမင့္ေပးေသာေၾကာင့္ ရွားပါးကာ အဖိုးတန္လွသည္။

“ မဆိုးဘူး ”

လုက်ိဳးက မင္ရွစ္ရင္တစ္ေယာက္ က်န႔္ခ်ိဳးခ်ီကို သတ္လိုက္ၿပီးေနာက္ ရလာသည့္ ေကာင္းကင္အဆင့္ လက္နက္ျဖစ္သည့္ အသက္ဓားသြားကို အမွတ္ရလိုက္သည္။ အကယ္၍ သူ႕တြင္ သန႔္စင္ေရးအေဆာင္ မရွိပါက အသက္ဓားသြားသည္ ဆန္းၾကယ္အဆင့္သာ ျဖစ္ေနလိမ့္မည္။ အကယ္၍ တဖန္ျပန္လည္သန႔္စင္ၿပီး သခင္အသစ္ကို အသိအမွတ္ျပဳလိုက္လွ်င္ ေကာင္းကင္အဆင့္ လက္နက္ ျဖစ္လာနိုင္သည္။

“ အသက္ဓားသြား ”

အသက္ဓားသြားသည္ လုက်ိဳးေရွ႕ ေပၚလာေလ၏။ တစ္ခ်ိန္တည္းတြင္ သန႔္စင္ေရး အေဆာင္တစ္႐ြက္ကလည္း သူ႕လက္ထဲ ေပၚလာသည္။ သူ႕အေတြးတစ္ခ်က္ျဖင့္ သန႔္စင္ေရးအေဆာင္မွ မီတာဝက္ဝန္းက်င္ မွိန္ဖ်ဖ် အနီေရာင္ေတာက္ပလာသည္။ အသက္ဓားသြားကို ရစ္သိုင္းထားသည့္ မီးေတာက္မ်ားအလား ထင္မွတ္ရ၏။ ဤထူးထူးျခားျခား မီးေတာက္မ်ားသည္ အသက္ဓားသြားကို နီရဲပူက်စ္လာသည့္အထိ ေလာင္ကြၽမ္းပစ္လိုက္၏။

လုက်ိဳးက နည္းနည္း အံ့ဩမိသြားသည္။ သူက က်ိထ်န္းေတာက္ မွတ္ဉာဏ္ပိုင္ထားေသာေၾကာင့္ ဗဟုသုတ ႂကြယ္ဝလွသည္။ သို႔ေသာ္လည္း သူ႕မွတ္ဉာဏ္ထဲ ဒီလိုမ်ိဳး မီးေတာက္မ်ိဳးျဖင့္ ျပဳလုပ္သည့္ သန႔္စင္ေရးနည္းလမ္းကို တစ္ခါမွ မျမင္ဖူးေပ။

ျခစ္ ျခစ္ ျခစ္ …

အသက္ဓားသြားက အရည္ေပ်ာ္က်ေတာ့မည့္အလား ျဖစ္ေနသည္။ သန႔္စင္ေရးအေဆာင္သည္ မီးေတာက္မ်ားၾကားမွ အသက္ဓားသြား၏ ပုံသဏၭာန္ထိန္းထားဖို႔ စြမ္းအားတခ်ိဳ႕ ထုတ္လႊင့္လာသည္။

လုက်ိဳးက ဒီျဖစ္စဥ္ ဘယ္ေလာက္ၾကာမလဲ သိခ်င္ေနမိ၏။

“ တင္ … သန႔္စင္ျခင္းလုပ္ငန္း ၿပီးေျမာက္သြားပါၿပီ။ လက္နက္ အသက္ဓားသြား ရလာပါၿပီ ”

“ ၿပီးသြားၿပီလား ”

သန႔္စင္ႏႈန္းက လုက်ိဳး ေမွ်ာ္လင့္ထားသည္ထက္ ပိုေနသည္။ ပုံမွန္အားျဖင့္ ေကာင္းကင္အဆင့္ လက္နက္တစ္ခု သန႔္စင္ဖို႔ ႏွစ္တစ္ဝက္မွ ငါးႏွစ္တာ အခ်ိန္ယူရေလသည္။ ဤသည္မွာ လိုအပ္သည့္ ပစၥည္းမ်ားအားလုံး ျပင္ဆင္ဖို႔ အခ်ိန္ကို ထည့္မတြက္ထားေသးေပ။ သို႔ေသာ္လည္း သူက သန႔္စင္ေရးအေဆာင္ျဖင့္ လက္နက္တစ္ခု အလြယ္ေလး သန႔္စင္နိုင္လိုက္သည္။ ဤသည္မွာ သူ႕အေနႏွင့္ အံ့ဩဖို႔ လုံေလာက္ေပသည္။

အသက္ဓားသြားက ေလထဲ ေမွ်ာေနဆဲ ျဖစ္သည္။ ယခုအခါ လုံးဝကို အနီအရဲ ျဖစ္ေနေလၿပီ။ သို႔ေသာ္လည္း ေအးလာသည္ႏွင့္အမွ် အနီမွ်င္မွ်င္ေလးသာ က်န္ရွိေတာ့သည္။ ၾကည့္ရသည္မွာ ေရပုံးထဲ ထည့္စိမ္ဖို႔ မလိုေလာက္ေခ်။

“အခုေတာ့ ဒီအတိုင္းပဲ ထားလိုက္ၾကတာေပါ့ ” လုက်ိဳးက အမည္မဲ့သည္ သူ ႀကိဳက္သည့္ လက္နက္ပုံစံ ေျပာင္းနိုင္ေသာေၾကာင့္ တျခားလက္နက္မ်ားကို စိတ္မဝင္စားေပ။ သူက လက္ေဝ့ကာ အသက္ဓားသြားကို ျပန္သိမ္းလိုက္သည္။

လုက်ိဳးက အေဆာင္တစ္႐ြက္ သုံးလိုက္ၿပီျဖစ္၍  ႏွစ္ခုသာ က်န္ေတာ့သည္။

လုက်ိဳးက ေနာက္ဆုံးဆုလာဘ္ျဖစ္သည့္ ရတနာေသတၱာကို အာ႐ုံစိုက္ထားလိုက္သည္။

“ေျခာက္သြယ္ေပါင္းစည္းႀတိမ်ဥ္း ”

ဤစိတ္ဝိညာဥ္သဏၭာန္က ကုသိုလ္ရမွတ္ တစ္ေသာင္းႏွစ္ေထာင္ က်သင့္၏။ သို႔ေသာ္လည္း သူက လွ်ို႔ဝွက္ဆန္းၾကယ္ေသတၱာကို ကုသိုလ္ရမွတ္ ႏွစ္ေထာင္ျဖင့္ ဝယ္ခဲ့သည္။ ဤသည္မွာ အလဲအလွယ္ေကာင္း ျဖစ္၏။

လုက်ိဳးက ေျခာက္သြယ္ေပါင္းစည္းႀတိမ်ဥ္းကို တုံ႕ဆိုင္းမေနဘဲ ေျပာင္းလဲလိုက္သည္။

ေျခာက္သြယ္ေပါင္းစည္းႀတိမ်ဥ္း စိတ္ဝိညာဥ္သဏၭာန္က ျဗဟၼာပင္လယ္နယ္ပယ္အဆင့္ က်င့္ႀကံသူမ်ား၏ က်င့္ႀကံဆင့္အတြက္ အေရးပါေသာ အမွတ္အသားတစ္ခု ျဖစ္၏။ ဤသည္မွာ က်င့္ႀကံသူက သူတို႔က်င့္ႀကံဆင့္ကို အေျခတည္ေအာင္ လုပ္နိုင္သည့္ လကၡဏာတစ္ခုလည္း ျဖစ္ေပသည္။

ဆိုလိုသည္မွာ လုက်ိဳးက သူ႕ခ်ီစြမ္းအားကို ခ်ီေသြးေၾကာရွစ္ခုလုံး ျဖတ္စီးဆင္းၿပီးၿပီ ျဖစ္၏။

လုက်ိဳး၏ ခ်ီေသြးေၾကာရွစ္ခုလုံးက ဆက္သြားေလၿပီ။ ထို႔ေၾကာင့္ ေျခာက္သြယ္ေပါင္းစည္းႀတိမ်ဥ္းက စြမ္းအားထုတ္လႊင့္လာသည့္အခါ သူ႕က်င့္ႀကံဆင့္ကို သက္ဆိုင္ရာအဆင့္အထိ တိုးျမင့္သြားေစျခင္း ျဖစ္သည္။ ယခင္ သူက ျဗဟၼာပင္လယ္ ခ်ီေသြးေၾကာရွစ္ခု အႀကိဳအဆင့္ ျဖစ္ေသာ္လည္း ယခု သူက ျဗဟၼာပင္လယ္ ခ်ီေသြးေၾကာရွစ္ခုလုံး ဆက္သြားသည့္ တကယ့္က်င့္ႀကံသူတစ္ေယာက္ ျဖစ္သြားခဲ့ေလၿပီ။

လုက်ိဳးက သူ႕က်င့္ႀကံဆင့္ တိုးျမင့္ေနစဥ္ မိစာၦေဝဟင္ေမွ်ာ္နန္း၌ အေႏွာင့္အယွက္အေသးစားေလး ရွိလာသည္။

ေရွာင္ယြမ္အာႏွင့္ မင္ရွစ္ရင္တို႔က လွ်ို႔ဝွက္ခန္းထဲမွ ခ်ီစြမ္းအားကို ခံစားမိၾကသည္။

မင္ရွစ္ရင္က ပိုဉာဏ္ရွိသြားေလၿပီ။ သူက ခပ္ယဲ့ယဲ့ၿပဳံးကာ  “ ေရွာင္ရွစ္ေမ့ သြားစစ္ေနဖို႔ မလိုဘူး။ ရွစ္စြင္းက တျခားဂိုဏ္းက က်င့္စဥ္တစ္ခုခု စမ္းေနတာ ေနမယ္”

ေရွာင္ယြမ္အာက မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ လုပ္ကာ ေမးလိုက္သည္  “ တျခားဂိုဏ္းက က်င့္စဥ္လား ”

“ အစပိုင္း တစ္ေယာက္ေယာက္ ခ်ီေသြးေၾကာ ဆက္ေနခဲ့တုန္းက က်ဴးေက်ာ္သူလို႔ ထင္ခဲ့တာ။ ကံေကာင္းတာက ငါ့ျပစ္ဒဏ္က ျပန္လည္သုံးသပ္ေရးဂူထဲ အပို႔ခံရတာနဲ႕ ၿပီးသြားလို႔ … ရွစ္စြင္းက တျခားဂိုဏ္းက က်င့္စဥ္ေတြကို က်င့္ႀကံေနခဲ့တာ။ ဒါက အလြန္ဆုံး ျဗဟၼာပင္လယ္နယ္ပယ္အဆင့္ပဲ ရွိဦးမယ္ ”

“ အဲလိုလား ” ေရွာင္ယြမ္အာက ေခါင္းညိတ္လိုက္သည္။

“မေမ့နဲ႕ဦး။ က်ိဳ႕ရွင္းခ်န္ကို ရွစ္စြင္းရဲ႕ ဗုဒၶက်င့္စဥ္နဲ႕ အနိုင္ပိုင္းလိုက္တာေလ” မင္ရွစ္ရင္က ေျပာလိုက္သည္။

“ ရွစ္ရွိုးေျပာတာ ဟုတ္တယ္။ ညီမလည္း သြားေလ့က်င့္ေတာ့မယ္ ” ေရွာင္ယြမ္အာက ရံဖန္ရံခါ အပ်င္းတစ္ေနေၾကာင္း ခံစားမိသည္။ သူမ၏ ရွစ္စြင္းျဖစ္သူက အသက္အ႐ြယ္ႀကီးရင့္ေနေသာ္လည္း ႀကိဳးစားေလက်င့္ေနေလရာ သူမကေတာ့ ေအးေအးေဆးေဆး သက္သက္သာသာ ေနေနမိေလသည္။

“ ေရွာင္ရွစ္ေမ့ … က်င့္ႀကံေရးလမ္းေၾကာင္းက အရွည္ႀကီးပဲ။ မင္း အလ်င္စလို မလုပ္သင့္ဘူး။ မင္းက ပါရမီထူးတယ္။ ေနာင္က် မင္းရဲ႕ အစ္ကိုေတြ၊ အစ္မေတြက မင္းအကူအညီလိုလာနိုင္တယ္ဆိုတာ ဘယ္သူသိမွာလဲ ”မင္ရွစ္ရင္က စေနာက္ကာ ေျပာလိုက္သည္။

ေရွာင္ယြမ္အာက ထိုခ်ီးက်ဴးမႈကို ေက်နပ္ေနမွန္း သိသာလွသည္။ သို႔ေသာ္လည္း သူမ မ်က္ႏွာက အေလးအနက္ ျဖစ္လာကာ  “ အားလုံးကို ကာကြယ္မေပးပါဘူး ”

သူမစကားအဆုံးတြင္ လွည့္ထြက္သြားေလသည္။

မင္ရွစ္ရင္က ေခါင္းကုတ္ကာ သူ႕ဘာသာ စဥ္းစားလိုက္၏။ သူက ရွစ္ေမ့ကို နည္းနည္းစေနာက္လိုက္ၿပီး ရန္စဖို႔ မရည္႐ြယ္ထားေပ။

သူမက ဒီလိုဘာလို႔ ျဖစ္သြားရတာလဲ …

ထိုစဥ္ ေက်ာင္းယြဲ႕က ခန္းမက်ယ္ထဲ ျမန္ျမန္ ဝင္လာသည္။

“ စစ္ရွစ္ရွိုး … ဒီထန္းက်ီၿမိဳ႕ထဲ အေႏွာင့္အယွက္ရွိပုံပဲ။ တစ္ေယာက္ေယာက္က ကြၽန္မတို႔ကို ရန္စဖို႔ လုပ္ေနတယ္ ”

...

double Warglaive of Azzinoth

Continue Reading

You'll Also Like

1.1M 88.9K 102
All photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယေ...
2.9M 192K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
1.6M 204K 163
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
283K 22.6K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024