အခန်း(၁၄၅) သေတ္တာကိုဖွင့်ဖို့အတွက် အနီရောင်လက်တစ်ဖက်လိုအပ်
ယွီကျန့်ဟိုင်က သေရည်သုံးခွက်ဆက်တိုက်သောက်လိုက်လေ၏။ အကြိမ်တိုင်းတွင် ကျားတောင်ရိုးဂိုဏ်းသားက သူ့ခွက်ကို ဖြည့်ပေးတော့သည်။
“ငါ မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်မလာခဲ့ရင် ငါသေလောက်တယ်”
မင်ရှင်ရင်နှင့် ကျူးဟုန်ကုန်းက မှင်တက်သွားလေသည်။
“ဒီလောက်ဆိုးတယ်လား”
ယွီကျန့်ဟိုင်က တည်ငြိမ်စွာခေါင်းညိတ်ပြီးနောက်ပြောလိုက်တော့သည်။ “ထားလိုက်တော့။ ဒီအကြောင်းမပြောရအောင်။ လာ သောက်ကြရအောင်”
“...” မင်ရှစ်ရင်က စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် နောက်တစ်ခွက်ကို ရှင်းလိုက်တော့သည်။
“နောက်တစ်ခွက်”
“အမ်း” မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ လူတိုင်းက ယွီကျန့်ဟိုင်သောက်ရတာကို နှစ်သက်မှန်း သိသည်။ သူသည် ကျန်သည့်အရေးကိစ္စများကိုမူ ဂရုစိုက်တာ နည်းပေ၏။ သို့သော်ငြား သေရည်နှင့် ပတ်သက်လာလျှင် သူ၏ နှလုံးသားဆန္ဒအတိုင်းသောက်ပေ၏။
မင်ရှစ်ရင်သည် သေရည်ပြင်းပြင်းခွက်အချို့သောက်ပြီးနောက် စတင်ပြီး မသက်မသာဖြစ်လာ တော့၏။
“တာ့ရှစ်ရှိုး ကျွန်တော်တို့တွေ အတိတ်ကိုလည်း သတိရပြီး၊ သောက်လဲ သောက်ပြီးပြီ။ ဒီသေတ္တာက”
“လောင်စစ် ငါက ဒီသေတ္တာကို ငါ့ဖာသာငါသိမ်းထားချင်တယ်လို့ပြောရင် မင်း ဘာလုပ်မှာလဲ”
” ယွီကျန့်ဟိုင်က သူ၏ သေရည်ခွက်ကို ချပြီး မင်ရှစ်ရင်ကို လေးနက်စွာကြည့်လိုက်လေ၏။
“ကျွန်တော် ရှစ်စွင်းရဲ့အမိန့်ကို မနာခံရဲဘဲမနေနိုင်ဘူး။ သူ့ရဲ့စိတ်ကို တာ့ရှစ်ရှိုး သိသင့်တယ်။ အမိန့်အတိုင်းဆောင်ရွက်နေရုံပဲ။ သေတ္တာနဲ့ ပြန်မလာခဲ့ရင် ရှစ်စွင်းက ကျွန်တော့်ကို အပြစ်ပေးမှာ သေချာတယ်” မင်ရှစ်ရင်က ပြန်ပြောလိုက်၏။
ယွီကျန့်ဟိုင်က ပေါ့ပေါ့ပါးပါး ရယ်မောကာ ပြောလိုက်တော့သည်။
“မင်း အရင်တုန်းက ဒီလိုမျိုးမဟုတ်ဘူး။ ရှစ်တိဝူယာ့က စာထဲမှာ မင်းရဲ့ပြောင်းလဲမှုတွေအကြောင်း ပြောခဲ့တယ်။ မင်းက အခုဆိုပိုပြီး ယဉ်ကျေးမှုရှိလာပြီတဲ့။ သူမှန်နေတဲ့ပုံပဲ”
“လောင်ချီက အတင်းပြောရတာကြိုက်တာကို” မင်ရှစ်ရင်က ရေရွတ်ပြောလိုက်တော့၏။
“သူက မင်းကို ချီးကျူးနေတာ။ မကောင်းပြောတာမဟုတ်ဘူး။ စိတ်ထဲထားဖို့မလိုဘူးလေ”
“ဒါဆိုကောင်းပြီ”
ယွီကျန့်ဟိုင်က လောင်ပါ့ကျူးဟုန်ကုန်းကို တစ်ချက်ကြည့်ပြီးနောက် သူ့အကြည့်က မင်ရှစ်ရင်ဆီ ပြန်ရောက်သွား၏။ ပြီးနောက် သူက “ရှစ်စွင်းက အသက်ကြီးလာပြီ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဂုဏ်သတင်းတွေကလည်း ပပျောက်နေပြီ။ ရှစ်စွင်းက ဒီနှစ်ထိန်းထားကောင်းထိန်းထား နိုင်တယ်ဆိုပေမဲ့ နောက်နှစ်ရော။ ပြီးရင်နောက်နှစ်... ဆယ်နှစ်ကြာပြီးရင်ရော”
“တာ့ရှစ်ရှိုး ဘာကိုဆိုလိုမှန်း သိတယ်။ ရှစ်စွင်းက အသက်ကြီးလာပြီမှန်း ကျွန်တော်သိတယ်။ သူ့အသက်အကန့်အသတ်ကို ကျော်နိုင်မှာမဟုတ်ဘူး၊ ဒီအကြောင်းကို ကျွန်တော်တွေးပြီးသား" မင်ရှစ်ရင်က ပြောလိုက်၏။
“ဒါပေမဲ့ ရှစ်စွင်းက အခု အသက်ရှင်လျက်ရှိနေသေးပြီး ကောင်းကောင်းမွန်မွန်ရှိနေတယ်။ ဖြစ်မလာသေးတဲ့ကိစ္စတွေ အကြောင်း မပြောသင့်ဘူး။ မနက်ဖြန်အတွက် စိုးရိမ်ပူပန်စရာတွေကို မနက်ဖြန်အတွက် ထားလိုက်ရုံပဲ”
“ပြောတာကောင်းတယ်” မင်ရှစ်ရင်၏ပြောသည့်အသံကို ကြားသည့်အချိန်၌ ယွီကျန့်ဟိုင်က လက်ခုပ်တီးလိုက်တော့သည်။
ကျူးဟုန်ကုန်းက ထောက်ခံပေ၏။
“ပြောတာကောင်းတယ် စစ်ရှစ်ရှိုး”
မင်ရှစ်ရင်က ကျူးဟုန်ကုန်းကိုကြည့်ပြီးနောက်အပစ်တင်ပြောဆိုလိုက်တော့သည်။
“စားသာစားစမ်းပါ”
ကျူးဟုန်ကုန်းက ပန်းကန်လုံးနှင့်တူတို့ဖြင့် အလုပ်ဆက်လုပ်တော့သည်။ သူက သူတို့ကို တစ်ချက်ခိုးကြည့်လိုက်၏။
‘ငါရန်စလို့မရတဲ့ ခေါင်းဆောင်ကြီးနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် စကားပြောနေကြတာ။ သူတို့ပြောနေတာကို ငါဘာကြောင့်ဝင်ပါရမှာလဲ’
ယွီကျန့်ဟိုင်က ချီးကျူးပြီးနောက် သူက တည်ကြည်သွားတော့၏။
“လောင်စစ် နောင်ကျ မင်းသွားစရာနေရာမရှိဘူးဆိုရင် ငရဲဂိုဏ်းထဲမှာ နေရာတစ်နေရာ ရှိတယ်ဆိုတာ မင်းသိထားလိုက်”
မင်ရှစ်ရင်က လက်သီးဆုပ်မိုးလျက် ပြောလိုက်တော့သည်။
“တာ့ရှစ်ရှိုးရဲ့ကြင်နာတဲ့ ကမ်းလှမ်းမှု အတွက် ကျေးဇူးတင်ပါတယ်။ ငရဲဂိုဏ်းရဲ့ မဟာကာကွယ်စောင့်ရှောက်သူလေးယောက်က ပွင့်ချပ်ခြောက်လွှာနဲ့အထက် ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားတယ်ဆိုတာတောင် ကျွန်တော်ကြားမိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဆက်နွယ်မှုကြောင့် တာ့ရှစ်ရှိုးရဲ့ဂိုဏ်းထဲကို ဝင်ခဲ့မယ်ဆိုရင် လူတွေရဲ့ မုန်းတီးမှုကို ရမှာ သေချာတယ်”
“ငရဲဂိုဏ်းထဲမှာ ငါက အာဏာရှိတဲ့လူပဲ” ယွီကျန့်ဟိုင်၏ စကား၌ ယုံကြည်ချက်များပြည့်နေသည်။ မင်ရှစ်ရင် တစ်စုံတစ်ခုထပ်ပြောတော့မှာကို မြင်သည့်အချိန်၌ သူက ဆက်ပြောလေ၏။
“ငါ ကမ်းလှမ်းတာကို ငြင်းဖို့မလောနဲ့။ အနာဂတ်က မသေချာမရေရာဘူး။ သေတာထက် မင်းလွတ်မြောက်ဖို့လမ်းကြောင်းတစ်ခု ချန်ထားတာက ပိုကောင်းတယ်လို့မထင်ဘူးလား”
မင်ရှစ်ရင်က တိတ်သွားလေ၏။ သူက လက်သီးနှစ်ဖက်ကို ဆုပ်မိုးလျက်ပြောလိုက်တော့သည်။ ပြီးနောက် သေရည်ခွက်ကိုမြှောက်ကာ ရှင်းလိုက်တော့၏။
ကျူးဟုန်ကုန်းက အရှက်မရှိမေးလိုက်၏။ “တာ့ရှစ်ရှိုး ကျွန်တော့်ရဲ့ ကျားတောင်ရိုးကိုကော ငရဲဂိုဏ်းထဲမခေါ်ဘူးလား”
ယွီကျန့်ဟိုင်က လက်ဝှေ့ယမ်းပြလျက်ပြောလိုက်တော့သည်။ “မင်းရဲ့ဂိုဏ်းကို ကောင်းကောင်းစီမံ”
“...” ကျူးဟုန်ကုန်းက မထီမဲ့မြင်အကြည့်တစ်ချက်ကို ခံစားမိလိုက်သည်။ အတန်ကြာတိတ်ဆိတ် သွားတော့၏။ ပြီးနောက် မင်ရှစ်ရင်က ခြေထောက်ဖြည်းဖြည်းချင်း ကြွလိုက်တော့သည်။ သူက ယွီကျန့်ဟိုင်ရှေ့၌ လက်သီးနှစ်ဖက်ကိုဆုပ်မိုးလျက်ပြောလိုက်လေ၏။
“ရှစ်စွင်းက သေတ္တာပြန် ယူလာဖို့ ကျွန်တော့်ကို အမိန့်ပေးလိုက်တယ်။ ကျေးဇူးပြုပြီး သေတ္တာပြန်ပေးပါ တာ့ရှစ်ရှိုး”
ကျူးဟုန်ကုန်း၏ တူတစ်စုံက စားပွဲပေါ်ကျသွားလေ၏။
‘စစ်ရှစ်ရှိုး ရှစ်ရှိုးက မထီလေးစား နိုင်လွန်းတယ်။ တာ့ရှစ်ရှိုးကို ဒီလိုလေသံနဲ့ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ’ စိတ်ထဲတွင်မူ သူ့ဖာသာသူတွေးလိုက်၏။ ‘ဆိုးတာပဲ။ တာ့ရှစ်ရှိုးက စိတ်လွတ်သွားရင် ငါ့ရဲ့နေရာလေးကတော့ သွားပြီပဲ’ သူက ယွီကျန့်ဟိုင်ကို မျက်လုံးထောင့်ကနေခိုးကြည့်နေလေ၏။
ယွီကျန့်ဟိုင်က ဒေါသမထွက်သွားပေ။ ထိုအစား တည်ငြိမ်နေပုံပေါ်နေ၏။ သူ့အတွက် သေရည်တစ်ခွက် ထည့်ပြီးနောက် သောက်လိုက်တော့သည်။ ပြီးနောက် သေရည်ခွက်ကိုချကာ ခေါင်းအနည်းငယ်ညိတ်လိုက်၏။ သူက "မင်း သေတ္တာကိုယူသွားလို့ရတယ်။ ပြီးတော့ ရှစ်စွင်းကို ပြောလိုက်။ ယွီကျန့်ဟိုင်ရဲ့ခန္ဓာကိုယ်က တိုက်ကိုးခုနဲ့ ပင်လယ်လေးစင်းထဲမှာရှိတာဆိုပေမဲ့ယွီကျန့်ဟိုင်ရဲ့နှလုံးသားကတော့ မိစ္ဆာဝေဟင်မျှော်နန်းထဲရှိနေတယ်လို့ပြောလိုက်”
မင်ရှစ်ရင်က ပြန်ပြောလိုက်သည်။
“ကျေးဇူးပါ တာ့ရှစ်ရှိုး။ ရှစ်ရှိုးရဲ့စကားကို ကျွန်တော်ပါးပေးပါ့မယ်” ယွီကျန့်ဟိုင်က လက်ဝှေ့ယမ်းလိုက်၏။ ထောင့်ဖက်တွင် ဆန်းကြယ်သောသေတ္တာသည် မင်ရှစ်ရင်ဆီမျောလွင့်လာ၏။ မင်ရှစ်ရင်က ယင်းကို လက်တစ်ဖက်ဖြင့်ဖမ်းလိုက်သည်။ ယင်းက ငှက်မွှေးတစ်ခုသဖွယ်ပေါ့ပါ့းနေပုံပေါ်၏။
“လောင်ပါ့ ငါ မိစ္ဆာဝေဟင်မျှော်နန်းဆီပြန်မှာ။ အချိန်ရရင် မင်းဆီ မကြာခဏ လာလည်မယ်”
“ဟမ်း လာလည်စရာမလိုပါဘူး။ ဒီလောက်အထိ ယဉ်ကျေးပျူငှာနေစရာမလိုပါဘူး။ အချိန်မရွေး ကြိုဆိုပါတယ်” ကျူးဟုန်ကုန်းက ပြောလိုက်၏။
မင်ရှစ်ရင်က ခေါင်းညိတ်လိုက်သည်။ ပြီးနောက်သူက လှည့်ထွက်သွားတော့၏။
“လုံခြုံတဲ့ခရီးစဉ်ဖြစ်ပါစေ စစ်ရှစ်ရှိုး” ကျူးဟုန်ကုန်းကပြောသည်။ မျက်တောင်တစ်ခတ်အတွင်း မင်ရှစ်ရင်ပျောက်ကွယ်သွားလေ၏။
ကျူးဟုန်ကုန်းသည် နဖူးမှချွေးကိုသုတ်ပြီးနောက်ပြောလိုက်တော့သည်။
“တာ့ရှစ်ရှိုး စစ်ရှစ်ရှိုးက ရှစ်ရှိုးကို ဒီလိုပြောတာ ရိုင်းပျတာပဲ။ သူဒီလောက်အထိ အရိုးပေါ်အရေတင် ဖြစ်မနေရင် သူ့ကို ကျွန်တော်ကောင်းကောင်းရိုက်ပစ်မှာ”
“ဟမ်း”
“ဒီလိုအသေးအမွှားကိစ္စတွေအတွက် တာ့ရှစ်ရှိုးဒုက္ခခံစရာမလိုဘူးလေ။ ဒါပေမဲ့ သေတ္တာကတော့ နှမြောစရာပဲ" ကျူးဟုန်ကုန်းကပြောလိုက်လေ၏။
“အဲ့ဒီသေတ္တာက ထူးခြားတဲ့သတ္တုတစ်မျိုးနဲ့လုပ်ထားတာ။ မဟာကာကွယ်စောင့်ရှောက်သူ လေးပါးတောင် အဲဒါကို မဖြိုခွဲနိုင်ဘူး။ အဲ့တာကို ဖွင့်ဖို့နောက်ဆုံးရဲ့သော့က ရှစ်ရှိုးရဲ့လက်ထဲမှာ ရှိနေတယ်။ ငါတို့သေတ္တာကိုသိမ်းထားလည်း အသုံးမဝင်ဘူး”
“တကယ်လား။ သေတ္တာက အဲ့လောက်ထိမာနေရင် အဲ့ဒါကို ကျွန်တော်တို့ လက်နက်အဖြစ်သုံးလို့ရတာပဲ" ကျူးဟုန်ကုန်းက ပြောင်ချော်ချော်ပြောလိုက်လေ၏။
ယွီကျန့်ဟိုင်က ကျူးဟုန်ကုန်းကို ထပ်ကြည့်လိုက်သည်။
“တာ့ တာ့ရှစ်ရှိုး ကျွန်တော်မှားပြောမိတာပါ”
“မဟုတ်ဘူး။ ဒီတစ်ခေါက်မင်းပြောတာ အဓိပ္ပါယ်ရှိတယ်”
“...” ကောင်းကင်အဆင့်လက်နက်ဖြင့်ဖြိုခွဲ၌မရနိုင်သည့် သေတ္တာက ဖျက်ဆီး၍မရနိုင်သော ရတနာတစ်ပါးဖြစ်ပေသည်။
ကျူးဟုန်ကုန်းက သူ့ပေါင်သူဆိတ်လိုက်၏။ သူ့၌နောင်တများပြည့်နေပြီဖြစ်သည်။ အားလုံး၏အာရုံစိုက်မှုက သေတ္တာ၏အကြောင်းအရာသာဖြစ်ပြီး အခြေခံအချက်ကို မေ့သွားသည်။
ထိုစဉ်မင်ရှစ်ရင်က မိစ္ဆာဝေဟင်မျှော်နန်းသို့ပြန်လာ၏။ သူက ခန်းမကျယ်ဆီသို့ ချက်ချင်းရောက်လာ တော့သည်။
“ရှစ်မေ့ ရှစ်စွင်းဘယ်မှာလဲ” မင်ရှစ်ရင်က သေတ္တာကိုသယ်လာလေ၏။
“စစ်ရှစ်ရှိုးပြန်လာပြီပဲ။ ရှစ်စွင်းက ရှစ်ရှိုးစောစောစီးစီး ပြန်လာမယ်လို့မထင်လို့ လျှို့ဝှက်အခန်းထဲ ဝင်သွားပြီ”
မင်ရှစ်ရင်က ခေါင်းညိတ်ပြီးပြောလိုက်သည်။ “ငါ ကံဆိုးတာပဲ။ တာ့ရှစ်ရှိုးနဲ့တွေ့ခဲ့တယ်လေ။ ကံကောင်းချင်တော့ ငါက စိတ်ခိုင်မာပြီးသား။ သူ့ကို ကောင်းကောင်းပြောလိုက်တယ်လေ။ သူမှားမှန်းသိနေတော့ ဘာမှမပြောရဲဘူး။ ပြီးတော့ သေတ္တာပေးလာတာပဲ”
ရှောင်ယွမ်အာက လက်ခုပ်တီးပြီးပြောလိုက်လေ၏။ “စစ်ရှစ်ရှိုးကို ညီမတို့တွေ အမြဲအားကိုးလို့ရနေတာပဲ။ စိတ်ချထားလို့ရနေတာပဲ”
မင်ရှစ်ရင်က ခေါင်းညိတ်လိုက်သည်။ နှစ်ဦးသားက မဟာခန်းမဘေးမှ ဖြတ်သန်းသွားပြီး လျှို့ဝှက်ခန်းဆီသို့ လျှောက်သွားလိုက်၏။
လျှို့ဝှက်ခန်းအပြင်ဖက်သို့ သူတို့ရောက်သည့်အချိန်၌ မင်ရှစ်ရင်က အရိုအသေပေးကာ ပြောလိုက်တော့သည်။ “ရှစ်စွင်း ကျွန်တော်တာဝန်ပြီးမြောက်ခဲ့ကြောင်း သတင်းပို့ပါတယ်။ သေတ္တာနဲ့အတူပြန်လာပါပြီ”
လုကျိုးက မင်ရှစ်ရင်၏အသံကိုကြားလိုက်သည့်အချိန်တွင် မျက်လုံးဖွင့်လိုက်၏။ သူက ကုတင်ပေါ်၌ တင်ပလ္လင်ခွေချိတ်ထိုင်နေပြီး မေးလိုက်တော့၏။ “သေတ္တာရဲ့ အခြေအနေကကော”
“ရှစ်ရှိုးတို့နဲ့ ချီရှစ်တိက ကျွန်တော့်ကို အခက်တွေ့အောင်မလုပ်ခဲ့ဘူး။ သူတို့ရဲ့လက်နက်တွေနဲ့ သေတ္တာကိုဖွင့်ပြီးပြီ။ ကျန်တာက မာယာကျော့ကွင်းပဲ။ ပြီးရင်သေတ္တာပွင့်သွားတော့မှာ။ မင်ရှစ်ရင်က ပြောလိုက်၏။
ဝှီး လျှို့ဝှက်ခန်းတံခါးက ဖြည်းဖြည်းချင်းပွင့်လာလေ၏။ လုကျိုးက လက်နောက်ပစ်ထားသည်။ သူ၏အကြည့်က မင်ရှစ်ရင်လက်ထဲရှိ သေတ္တာဆီသို့ချက်ချင်းရောက်သွားတော့သည်။
မင်ရှစ်ရင်က ကြိတ်ပျော်သွားသည်။ ဒီတစ်ခေါက်ငါက အံ့ဩဖို့ကောင်းတဲ့ တာဝန်တစ်ခုပြီးမြောက်ခဲ့တာ ရှစ်စွင်းက ငါ့ကို ဆုတစ်ချို့မပေးသင့်ဘူးလား။
လုကျိုးက မင်ရှစ်ရင်ကို လျစ်လျူရှုပြီး သေတ္တာကို စစ်ဆေးလိုက်၏။ အမှန်တကယ်ပင် မာယာကျော့ကွင်း၏ပုံသဏ္ဌာန်သာ မပြောင်းလဲသေးတာဖြစ်သည်။ ဒီသေတ္တာထဲကဟာက အသုံးမဝင်တာ မဖြစ်ဖို့မျှော်လင့်ရတာပဲ။ သူ့ဖာသာသူ ရေရွတ်ပြောလိုက်၏။
“သေတ္တာကို ဖွင့်ဖို့အနီရောင်လက်တစ်ဖက်လိုတယ်”
...
Zawgyi
အခန္း(၁၄၅) ေသတၱာကိုဖြင့္ဖို႔အတြက္ အနီေရာင္လက္တစ္ဖက္လိုအပ္
ယြီက်န႔္ဟိုင္က ေသရည္သုံးခြက္ဆက္တိုက္ေသာက္လိုက္ေလ၏။ အႀကိမ္တိုင္းတြင္ က်ားေတာင္ရိုးဂိုဏ္းသားက သူ႕ခြက္ကို ျဖည့္ေပးေတာ့သည္။
“ငါ မိစာၦေဝဟင္ေမွ်ာ္နန္းကေန ထြက္မလာခဲ့ရင္ ငါေသေလာက္တယ္”
မင္ရွင္ရင္ႏွင့္ က်ဴးဟုန္ကုန္းက မွင္တက္သြားေလသည္။
“ဒီေလာက္ဆိုးတယ္လား”
ယြီက်န႔္ဟိုင္က တည္ၿငိမ္စြာေခါင္းညိတ္ၿပီးေနာက္ေျပာလိုက္ေတာ့သည္။ “ထားလိုက္ေတာ့။ ဒီအေၾကာင္းမေျပာရေအာင္။ လာ ေသာက္ၾကရေအာင္”
“...” မင္ရွစ္ရင္က စိတ္ရႈပ္ေထြးေနေသာ အမူအရာျဖင့္ ေနာက္တစ္ခြက္ကို ရွင္းလိုက္ေတာ့သည္။
“ေနာက္တစ္ခြက္”
“အမ္း” မိစာၦေဝဟင္ေမွ်ာ္နန္းထဲရွိ လူတိုင္းက ယြီက်န႔္ဟိုင္ေသာက္ရတာကို ႏွစ္သက္မွန္း သိသည္။ သူသည္ က်န္သည့္အေရးကိစၥမ်ားကိုမူ ဂ႐ုစိုက္တာ နည္းေပ၏။ သို႔ေသာ္ျငား ေသရည္ႏွင့္ ပတ္သက္လာလွ်င္ သူ၏ ႏွလုံးသားဆႏၵအတိုင္းေသာက္ေပ၏။
မင္ရွစ္ရင္သည္ ေသရည္ျပင္းျပင္းခြက္အခ်ိဳ႕ေသာက္ၿပီးေနာက္ စတင္ၿပီး မသက္မသာျဖစ္လာ ေတာ့၏။
“တာ့ရွစ္ရွိုး ကြၽန္ေတာ္တို႔ေတြ အတိတ္ကိုလည္း သတိရၿပီး၊ ေသာက္လဲ ေသာက္ၿပီးၿပီ။ ဒီေသတၱာက”
“ေလာင္စစ္ ငါက ဒီေသတၱာကို ငါ့ဖာသာငါသိမ္းထားခ်င္တယ္လို႔ေျပာရင္ မင္း ဘာလုပ္မွာလဲ”
” ယြီက်န႔္ဟိုင္က သူ၏ ေသရည္ခြက္ကို ခ်ၿပီး မင္ရွစ္ရင္ကို ေလးနက္စြာၾကည့္လိုက္ေလ၏။
“ကြၽန္ေတာ္ ရွစ္စြင္းရဲ႕အမိန႔္ကို မနာခံရဲဘဲမေနနိုင္ဘူး။ သူ႕ရဲ႕စိတ္ကို တာ့ရွစ္ရွိုး သိသင့္တယ္။ အမိန႔္အတိုင္းေဆာင္႐ြက္ေန႐ုံပဲ။ ေသတၱာနဲ႕ ျပန္မလာခဲ့ရင္ ရွစ္စြင္းက ကြၽန္ေတာ့္ကို အျပစ္ေပးမွာ ေသခ်ာတယ္” မင္ရွစ္ရင္က ျပန္ေျပာလိုက္၏။
ယြီက်န႔္ဟိုင္က ေပါ့ေပါ့ပါးပါး ရယ္ေမာကာ ေျပာလိုက္ေတာ့သည္။
“မင္း အရင္တုန္းက ဒီလိုမ်ိဳးမဟုတ္ဘူး။ ရွစ္တိဝူယာ့က စာထဲမွာ မင္းရဲ႕ေျပာင္းလဲမႈေတြအေၾကာင္း ေျပာခဲ့တယ္။ မင္းက အခုဆိုပိုၿပီး ယဥ္ေက်းမႈရွိလာၿပီတဲ့။ သူမွန္ေနတဲ့ပုံပဲ”
“ေလာင္ခ်ီက အတင္းေျပာရတာႀကိဳက္တာကို” မင္ရွစ္ရင္က ေရ႐ြတ္ေျပာလိုက္ေတာ့၏။
“သူက မင္းကို ခ်ီးက်ဴးေနတာ။ မေကာင္းေျပာတာမဟုတ္ဘူး။ စိတ္ထဲထားဖို႔မလိုဘူးေလ”
“ဒါဆိုေကာင္းၿပီ”
ယြီက်န႔္ဟိုင္က ေလာင္ပါ့က်ဴးဟုန္ကုန္းကို တစ္ခ်က္ၾကည့္ၿပီးေနာက္ သူ႕အၾကည့္က မင္ရွစ္ရင္ဆီ ျပန္ေရာက္သြား၏။ ၿပီးေနာက္ သူက “ရွစ္စြင္းက အသက္ႀကီးလာၿပီ။ မိစာၦေဝဟင္ေမွ်ာ္နန္းရဲ႕ ဂုဏ္သတင္းေတြကလည္း ပေပ်ာက္ေနၿပီ။ ရွစ္စြင္းက ဒီႏွစ္ထိန္းထားေကာင္းထိန္းထား နိုင္တယ္ဆိုေပမဲ့ ေနာက္ႏွစ္ေရာ။ ၿပီးရင္ေနာက္ႏွစ္... ဆယ္ႏွစ္ၾကာၿပီးရင္ေရာ”
“တာ့ရွစ္ရွိုး ဘာကိုဆိုလိုမွန္း သိတယ္။ ရွစ္စြင္းက အသက္ႀကီးလာၿပီမွန္း ကြၽန္ေတာ္သိတယ္။ သူ႕အသက္အကန႔္အသတ္ကို ေက်ာ္နိုင္မွာမဟုတ္ဘူး၊ ဒီအေၾကာင္းကို ကြၽန္ေတာ္ေတြးၿပီးသား" မင္ရွစ္ရင္က ေျပာလိုက္၏။
“ဒါေပမဲ့ ရွစ္စြင္းက အခု အသက္ရွင္လ်က္ရွိေနေသးၿပီး ေကာင္းေကာင္းမြန္မြန္ရွိေနတယ္။ ျဖစ္မလာေသးတဲ့ကိစၥေတြ အေၾကာင္း မေျပာသင့္ဘူး။ မနက္ျဖန္အတြက္ စိုးရိမ္ပူပန္စရာေတြကို မနက္ျဖန္အတြက္ ထားလိုက္႐ုံပဲ”
“ေျပာတာေကာင္းတယ္” မင္ရွစ္ရင္၏ေျပာသည့္အသံကို ၾကားသည့္အခ်ိန္၌ ယြီက်န႔္ဟိုင္က လက္ခုပ္တီးလိုက္ေတာ့သည္။
က်ဴးဟုန္ကုန္းက ေထာက္ခံေပ၏။
“ေျပာတာေကာင္းတယ္ စစ္ရွစ္ရွိုး”
မင္ရွစ္ရင္က က်ဴးဟုန္ကုန္းကိုၾကည့္ၿပီးေနာက္အပစ္တင္ေျပာဆိုလိုက္ေတာ့သည္။
“စားသာစားစမ္းပါ”
က်ဴးဟုန္ကုန္းက ပန္းကန္လုံးႏွင့္တူတို႔ျဖင့္ အလုပ္ဆက္လုပ္ေတာ့သည္။ သူက သူတို႔ကို တစ္ခ်က္ခိုးၾကည့္လိုက္၏။
‘ငါရန္စလို႔မရတဲ့ ေခါင္းေဆာင္ႀကီးႏွစ္ေယာက္က တစ္ေယာက္နဲ႕ တစ္ေယာက္ စကားေျပာေနၾကတာ။ သူတို႔ေျပာေနတာကို ငါဘာေၾကာင့္ဝင္ပါရမွာလဲ’
ယြီက်န႔္ဟိုင္က ခ်ီးက်ဴးၿပီးေနာက္ သူက တည္ၾကည္သြားေတာ့၏။
“ေလာင္စစ္ ေနာင္က် မင္းသြားစရာေနရာမရွိဘူးဆိုရင္ ငရဲဂိုဏ္းထဲမွာ ေနရာတစ္ေနရာ ရွိတယ္ဆိုတာ မင္းသိထားလိုက္”
မင္ရွစ္ရင္က လက္သီးဆုပ္မိုးလ်က္ ေျပာလိုက္ေတာ့သည္။
“တာ့ရွစ္ရွိုးရဲ႕ၾကင္နာတဲ့ ကမ္းလွမ္းမႈ အတြက္ ေက်းဇူးတင္ပါတယ္။ ငရဲဂိုဏ္းရဲ႕ မဟာကာကြယ္ေစာင့္ေရွာက္သူေလးေယာက္က ပြင့္ခ်ပ္ေျခာက္လႊာနဲ႕အထက္ က်င့္ႀကံဆင့္ကို ပိုင္ဆိုင္ထားတယ္ဆိုတာေတာင္ ကြၽန္ေတာ္ၾကားမိတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ရဲ႕ဆက္ႏြယ္မႈေၾကာင့္ တာ့ရွစ္ရွိုးရဲ႕ဂိုဏ္းထဲကို ဝင္ခဲ့မယ္ဆိုရင္ လူေတြရဲ႕ မုန္းတီးမႈကို ရမွာ ေသခ်ာတယ္”
“ငရဲဂိုဏ္းထဲမွာ ငါက အာဏာရွိတဲ့လူပဲ” ယြီက်န႔္ဟိုင္၏ စကား၌ ယုံၾကည္ခ်က္မ်ားျပည့္ေနသည္။ မင္ရွစ္ရင္ တစ္စုံတစ္ခုထပ္ေျပာေတာ့မွာကို ျမင္သည့္အခ်ိန္၌ သူက ဆက္ေျပာေလ၏။
“ငါ ကမ္းလွမ္းတာကို ျငင္းဖို႔မေလာနဲ႕။ အနာဂတ္က မေသခ်ာမေရရာဘူး။ ေသတာထက္ မင္းလြတ္ေျမာက္ဖို႔လမ္းေၾကာင္းတစ္ခု ခ်န္ထားတာက ပိုေကာင္းတယ္လို႔မထင္ဘူးလား”
မင္ရွစ္ရင္က တိတ္သြားေလ၏။ သူက လက္သီးႏွစ္ဖက္ကို ဆုပ္မိုးလ်က္ေျပာလိုက္ေတာ့သည္။ ၿပီးေနာက္ ေသရည္ခြက္ကိုျမႇောက္ကာ ရွင္းလိုက္ေတာ့၏။
က်ဴးဟုန္ကုန္းက အရွက္မရွိေမးလိုက္၏။ “တာ့ရွစ္ရွိုး ကြၽန္ေတာ့္ရဲ႕ က်ားေတာင္ရိုးကိုေကာ ငရဲဂိုဏ္းထဲမေခၚဘူးလား”
ယြီက်န႔္ဟိုင္က လက္ေဝွ႕ယမ္းျပလ်က္ေျပာလိုက္ေတာ့သည္။ “မင္းရဲ႕ဂိုဏ္းကို ေကာင္းေကာင္းစီမံ”
“...” က်ဴးဟုန္ကုန္းက မထီမဲ့ျမင္အၾကည့္တစ္ခ်က္ကို ခံစားမိလိုက္သည္။ အတန္ၾကာတိတ္ဆိတ္ သြားေတာ့၏။ ၿပီးေနာက္ မင္ရွစ္ရင္က ေျခေထာက္ျဖည္းျဖည္းခ်င္း ႂကြလိုက္ေတာ့သည္။ သူက ယြီက်န႔္ဟိုင္ေရွ႕၌ လက္သီးႏွစ္ဖက္ကိုဆုပ္မိုးလ်က္ေျပာလိုက္ေလ၏။
“ရွစ္စြင္းက ေသတၱာျပန္ ယူလာဖို႔ ကြၽန္ေတာ့္ကို အမိန႔္ေပးလိုက္တယ္။ ေက်းဇူးျပဳၿပီး ေသတၱာျပန္ေပးပါ တာ့ရွစ္ရွိုး”
က်ဴးဟုန္ကုန္း၏ တူတစ္စုံက စားပြဲေပၚက်သြားေလ၏။
‘စစ္ရွစ္ရွိုး ရွစ္ရွိုးက မထီေလးစား နိုင္လြန္းတယ္။ တာ့ရွစ္ရွိုးကို ဒီလိုေလသံနဲ႕ ဘယ္လိုလုပ္ေျပာနိုင္ရတာလဲ’ စိတ္ထဲတြင္မူ သူ႕ဖာသာသူေတြးလိုက္၏။ ‘ဆိုးတာပဲ။ တာ့ရွစ္ရွိုးက စိတ္လြတ္သြားရင္ ငါ့ရဲ႕ေနရာေလးကေတာ့ သြားၿပီပဲ’ သူက ယြီက်န႔္ဟိုင္ကို မ်က္လုံးေထာင့္ကေနခိုးၾကည့္ေနေလ၏။
ယြီက်န႔္ဟိုင္က ေဒါသမထြက္သြားေပ။ ထိုအစား တည္ၿငိမ္ေနပုံေပၚေန၏။ သူ႕အတြက္ ေသရည္တစ္ခြက္ ထည့္ၿပီးေနာက္ ေသာက္လိုက္ေတာ့သည္။ ၿပီးေနာက္ ေသရည္ခြက္ကိုခ်ကာ ေခါင္းအနည္းငယ္ညိတ္လိုက္၏။ သူက "မင္း ေသတၱာကိုယူသြားလို႔ရတယ္။ ၿပီးေတာ့ ရွစ္စြင္းကို ေျပာလိုက္။ ယြီက်န႔္ဟိုင္ရဲ႕ခႏၶာကိုယ္က တိုက္ကိုးခုနဲ႕ ပင္လယ္ေလးစင္းထဲမွာရွိတာဆိုေပမဲ့ယြီက်န႔္ဟိုင္ရဲ႕ႏွလုံးသားကေတာ့ မိစာၦေဝဟင္ေမွ်ာ္နန္းထဲရွိေနတယ္လို႔ေျပာလိုက္”
မင္ရွစ္ရင္က ျပန္ေျပာလိုက္သည္။
“ေက်းဇူးပါ တာ့ရွစ္ရွိုး။ ရွစ္ရွိုးရဲ႕စကားကို ကြၽန္ေတာ္ပါးေပးပါ့မယ္” ယြီက်န႔္ဟိုင္က လက္ေဝွ႕ယမ္းလိုက္၏။ ေထာင့္ဖက္တြင္ ဆန္းၾကယ္ေသာေသတၱာသည္ မင္ရွစ္ရင္ဆီေမ်ာလြင့္လာ၏။ မင္ရွစ္ရင္က ယင္းကို လက္တစ္ဖက္ျဖင့္ဖမ္းလိုက္သည္။ ယင္းက ငွက္ေမႊးတစ္ခုသဖြယ္ေပါ့ပါ့းေနပုံေပၚ၏။
“ေလာင္ပါ့ ငါ မိစာၦေဝဟင္ေမွ်ာ္နန္းဆီျပန္မွာ။ အခ်ိန္ရရင္ မင္းဆီ မၾကာခဏ လာလည္မယ္”
“ဟမ္း လာလည္စရာမလိုပါဘူး။ ဒီေလာက္အထိ ယဥ္ေက်းပ်ဴငွာေနစရာမလိုပါဘူး။ အခ်ိန္မေ႐ြး ႀကိဳဆိုပါတယ္” က်ဴးဟုန္ကုန္းက ေျပာလိုက္၏။
မင္ရွစ္ရင္က ေခါင္းညိတ္လိုက္သည္။ ၿပီးေနာက္သူက လွည့္ထြက္သြားေတာ့၏။
“လုံၿခဳံတဲ့ခရီးစဥ္ျဖစ္ပါေစ စစ္ရွစ္ရွိုး” က်ဴးဟုန္ကုန္းကေျပာသည္။ မ်က္ေတာင္တစ္ခတ္အတြင္း မင္ရွစ္ရင္ေပ်ာက္ကြယ္သြားေလ၏။
က်ဴးဟုန္ကုန္းသည္ နဖူးမွေခြၽးကိုသုတ္ၿပီးေနာက္ေျပာလိုက္ေတာ့သည္။
“တာ့ရွစ္ရွိုး စစ္ရွစ္ရွိုးက ရွစ္ရွိုးကို ဒီလိုေျပာတာ ရိုင္းပ်တာပဲ။ သူဒီေလာက္အထိ အရိုးေပၚအေရတင္ ျဖစ္မေနရင္ သူ႕ကို ကြၽန္ေတာ္ေကာင္းေကာင္းရိုက္ပစ္မွာ”
“ဟမ္း”
“ဒီလိုအေသးအမႊားကိစၥေတြအတြက္ တာ့ရွစ္ရွိုးဒုကၡခံစရာမလိုဘူးေလ။ ဒါေပမဲ့ ေသတၱာကေတာ့ ႏွေျမာစရာပဲ" က်ဴးဟုန္ကုန္းကေျပာလိုက္ေလ၏။
“အဲ့ဒီေသတၱာက ထူးျခားတဲ့သတၱဳတစ္မ်ိဳးနဲ႕လုပ္ထားတာ။ မဟာကာကြယ္ေစာင့္ေရွာက္သူ ေလးပါးေတာင္ အဲဒါကို မၿဖိဳခြဲနိုင္ဘူး။ အဲ့တာကို ဖြင့္ဖို႔ေနာက္ဆုံးရဲ႕ေသာ့က ရွစ္ရွိုးရဲ႕လက္ထဲမွာ ရွိေနတယ္။ ငါတို႔ေသတၱာကိုသိမ္းထားလည္း အသုံးမဝင္ဘူး”
“တကယ္လား။ ေသတၱာက အဲ့ေလာက္ထိမာေနရင္ အဲ့ဒါကို ကြၽန္ေတာ္တို႔ လက္နက္အျဖစ္သုံးလို႔ရတာပဲ" က်ဴးဟုန္ကုန္းက ေျပာင္ေခ်ာ္ေခ်ာ္ေျပာလိုက္ေလ၏။
ယြီက်န႔္ဟိုင္က က်ဴးဟုန္ကုန္းကို ထပ္ၾကည့္လိုက္သည္။
“တာ့ တာ့ရွစ္ရွိုး ကြၽန္ေတာ္မွားေျပာမိတာပါ”
“မဟုတ္ဘူး။ ဒီတစ္ေခါက္မင္းေျပာတာ အဓိပၸါယ္ရွိတယ္”
“...” ေကာင္းကင္အဆင့္လက္နက္ျဖင့္ၿဖိဳခြဲ၌မရနိုင္သည့္ ေသတၱာက ဖ်က္ဆီး၍မရနိုင္ေသာ ရတနာတစ္ပါးျဖစ္ေပသည္။
က်ဴးဟုန္ကုန္းက သူ႕ေပါင္သူဆိတ္လိုက္၏။ သူ႕၌ေနာင္တမ်ားျပည့္ေနၿပီျဖစ္သည္။ အားလုံး၏အာ႐ုံစိုက္မႈက ေသတၱာ၏အေၾကာင္းအရာသာျဖစ္ၿပီး အေျခခံအခ်က္ကို ေမ့သြားသည္။
ထိုစဥ္မင္ရွစ္ရင္က မိစာၦေဝဟင္ေမွ်ာ္နန္းသို႔ျပန္လာ၏။ သူက ခန္းမက်ယ္ဆီသို႔ ခ်က္ခ်င္းေရာက္လာ ေတာ့သည္။
“ရွစ္ေမ့ ရွစ္စြင္းဘယ္မွာလဲ” မင္ရွစ္ရင္က ေသတၱာကိုသယ္လာေလ၏။
“စစ္ရွစ္ရွိုးျပန္လာၿပီပဲ။ ရွစ္စြင္းက ရွစ္ရွိုးေစာေစာစီးစီး ျပန္လာမယ္လို႔မထင္လို႔ လွ်ို႔ဝွက္အခန္းထဲ ဝင္သြားၿပီ”
မင္ရွစ္ရင္က ေခါင္းညိတ္ၿပီးေျပာလိုက္သည္။ “ငါ ကံဆိုးတာပဲ။ တာ့ရွစ္ရွိုးနဲ႕ေတြ႕ခဲ့တယ္ေလ။ ကံေကာင္းခ်င္ေတာ့ ငါက စိတ္ခိုင္မာၿပီးသား။ သူ႕ကို ေကာင္းေကာင္းေျပာလိုက္တယ္ေလ။ သူမွားမွန္းသိေနေတာ့ ဘာမွမေျပာရဲဘူး။ ၿပီးေတာ့ ေသတၱာေပးလာတာပဲ”
ေရွာင္ယြမ္အာက လက္ခုပ္တီးၿပီးေျပာလိုက္ေလ၏။ “စစ္ရွစ္ရွိုးကို ညီမတို႔ေတြ အၿမဲအားကိုးလို႔ရေနတာပဲ။ စိတ္ခ်ထားလို႔ရေနတာပဲ”
မင္ရွစ္ရင္က ေခါင္းညိတ္လိုက္သည္။ ႏွစ္ဦးသားက မဟာခန္းမေဘးမွ ျဖတ္သန္းသြားၿပီး လွ်ို႔ဝွက္ခန္းဆီသို႔ ေလွ်ာက္သြားလိုက္၏။
လွ်ို႔ဝွက္ခန္းအျပင္ဖက္သို႔ သူတို႔ေရာက္သည့္အခ်ိန္၌ မင္ရွစ္ရင္က အရိုအေသေပးကာ ေျပာလိုက္ေတာ့သည္။ “ရွစ္စြင္း ကြၽန္ေတာ္တာဝန္ၿပီးေျမာက္ခဲ့ေၾကာင္း သတင္းပို႔ပါတယ္။ ေသတၱာနဲ႕အတူျပန္လာပါၿပီ”
လုက်ိဳးက မင္ရွစ္ရင္၏အသံကိုၾကားလိုက္သည့္အခ်ိန္တြင္ မ်က္လုံးဖြင့္လိုက္၏။ သူက ကုတင္ေပၚ၌ တင္ပလႅင္ေခြခ်ိတ္ထိုင္ေနၿပီး ေမးလိုက္ေတာ့၏။ “ေသတၱာရဲ႕ အေျခအေနကေကာ”
“ရွစ္ရွိုးတို႔နဲ႕ ခ်ီရွစ္တိက ကြၽန္ေတာ့္ကို အခက္ေတြ႕ေအာင္မလုပ္ခဲ့ဘူး။ သူတို႔ရဲ႕လက္နက္ေတြနဲ႕ ေသတၱာကိုဖြင့္ၿပီးၿပီ။ က်န္တာက မာယာေက်ာ့ကြင္းပဲ။ ၿပီးရင္ေသတၱာပြင့္သြားေတာ့မွာ။ မင္ရွစ္ရင္က ေျပာလိုက္၏။
ဝွီး လွ်ို႔ဝွက္ခန္းတံခါးက ျဖည္းျဖည္းခ်င္းပြင့္လာေလ၏။ လုက်ိဳးက လက္ေနာက္ပစ္ထားသည္။ သူ၏အၾကည့္က မင္ရွစ္ရင္လက္ထဲရွိ ေသတၱာဆီသို႔ခ်က္ခ်င္းေရာက္သြားေတာ့သည္။
မင္ရွစ္ရင္က ႀကိတ္ေပ်ာ္သြားသည္။ ဒီတစ္ေခါက္ငါက အံ့ဩဖို႔ေကာင္းတဲ့ တာဝန္တစ္ခုၿပီးေျမာက္ခဲ့တာ ရွစ္စြင္းက ငါ့ကို ဆုတစ္ခ်ိဳ႕မေပးသင့္ဘူးလား။
လုက်ိဳးက မင္ရွစ္ရင္ကို လ်စ္လ်ဴရႈၿပီး ေသတၱာကို စစ္ေဆးလိုက္၏။ အမွန္တကယ္ပင္ မာယာေက်ာ့ကြင္း၏ပုံသဏၭာန္သာ မေျပာင္းလဲေသးတာျဖစ္သည္။ ဒီေသတၱာထဲကဟာက အသုံးမဝင္တာ မျဖစ္ဖို႔ေမွ်ာ္လင့္ရတာပဲ။ သူ႕ဖာသာသူ ေရ႐ြတ္ေျပာလိုက္၏။
“ေသတၱာကို ဖြင့္ဖို႔အနီေရာင္လက္တစ္ဖက္လိုတယ္”
...