အခန်း (၁၄၃) သေတ္တာ၏ လျှို့ဝှက်ချက်
ယွီကျန့်ဟိုင်၏ လက်ဝါးထဲမှ ထွက်ပေါ်လာသော အန္တရာယ်ကင်းပုံရသည့် လက်ဝါးရာနှင့် တိုက်မိသွားတော့သည်။
ဖုန်း
လှိုင်းများက လေထဲ၌ဂယက်ထသွားပြီး တိုက်ခိုက်မှု၏ရလဒ်တစ်ခု ဖြစ်ပေါ်လာတော့သည်။
ဖုန်း ဖုန်း ဖုန်း
ပတ်ဝန်းကျင်ရှိသစ်ပင်များက အမြစ်ကနေ တညီတညွတ်တည်းလဲပြီး ထက်ခြမ်း ပိုင်းခံလိုက်ရတော့သည်။ ထူးဆန်းဖွယ်ကောင်းသည်မှာ လှိုင်းများက မပျော်ဝင်သွားပေ။ ဆန်းကြယ်သော စွမ်းအင်တစ်ခုက အင်အားဖြည့်ပေးနေပုံရ၏။
ကျူးဟုန်ကုန်း၏အမူအရာက အားကျမှုနှင့်အံ့ဩမှုတို့ ပြည့်နေသည်။ ထိုတိုက်ကွက်က သူ၏ တာ့ရှစ်ရှိုးယွီကျန့်ဟိုင်၏ မဟာအမှောင်ကောင်းကင်အောက်မေ့ရာနှင့်လက်ဝါးတိုက်ကွက် မဟာအမှောင်ကောင်းကင်လက်ဝါးတို့ကို ပေါင်းစည်းထားခြင်းဖြစ်ပေ၏။
လက်ဝါးရိုက်ချက်တစ်ချက်က ရန်သူပေါင်းများစွာကို ဖယ်ရှားနိုင်ပြီး ယင်းက ကနဦးချီ၏ မှန်ကန်မှုတစ်ခုဖြစ်ပေသည်။ ကျူးဟုန်ကုန်းက ယင်းကို လုံလောက်အောင်မရခဲ့ပေ။
“နောက်ဆုတ်”
ကျန့်ချွန်းလိုင်က ထိတ်လန့်သွားပြီး လူတိုင်းကို နောက်ဆုတ်ရန် သတိပေးလိုက်တော့၏။ လူရွယ်က ပြိုင်စံရှားလက်ရွေးစင်တစ်ဦးဖြစ်မှန်း ချက်ချင်းသိလိုက်သည်။
ယွီကျန့်ဟိုင်က မော့ကြည့်ပြီးပြောလိုက်တော့၏။
“နောက်ကျသွားပြီ” သူ၏အသံကလေထဲ၌ ပေါ်ထွက်လာပြီး အင်အားတစ်ခုကို သယ်ဆောင်လာပုံရ သည်။
ဘန်း ဘန်း ဘန်း
ဗြဟ္မာ့ပင်လယ်နယ်ပယ်ကျင့်ကြံသူများက တစ်ချက်တောင် ခံနိုင်ရည်မရှိကြချေ။ သူတို့က ယင်ကောင်များသဖွယ် ချက်ချင်းပြုတ်ကျလာတော့၏။ တစ်ဖက်တွင် နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူများက ကောင်းကင်ထဲ ပိုမြင့်မြင့်ပျံသန်းနိုင်ခဲ့သော်ငြား သူတို့၏အဆုံးသတ်က ကြေကွဲဖွယ်ကောင်းပေ၏။
ကျန်ရှိသည့် တစ်ဦးတည်းသောသူက နတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူ ကျန့်ချွန်းလိုင်ပင်ဖြစ်သည်။ သူက ယွီကျန့်ဟိုင်ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ပြီးနောက် နောက်ဆုတ်သွားသည်။ ခဏအကြာတွင် သူ၏ အစွမ်းအထက်ဆုံးသိုင်းကို ထပ်မံထုတ်ဖော်တော့ပြန်သည်။ “ဒုက္ခတစ်ရာရှုကွင်း”
ယွီကျန့်ဟိုင်က ခပ်ဖျော့ဖျော့ပြုံးပြီးပြောလိုက်လေ၏။
“ခင်ဗျားရဲ့စိတ်ဝိညာဉ်သဏ္ဌာန်ကိုကျုပ် စောင့်နေတာ” ညာလက်ကို ဝှေ့ယမ်းလျက် နဂါးသွဲ့ကျောက်ဓားက ပေါ်လာလေတော့သည်။ ကောင်းကင်အဆင့်လက်နက်များက စိတ်ဝိညာဉ်သဏ္ဌာန်၏ အာခိလိခြေဖဝါးပင်ဖြစ်သည်။ ယင်းက စိတ်ဝိညာဉ်သဏ္ဌာန်၏ ခုခံမှုကို အလွယ်တကူဖြိုခွင်းနိုင်စွမ်းရှိသည်။ ဒုက္ခတစ်ရာရှုကွင်းစိတ်ဝိညာဉ် သဏ္ဌာန်က ကျင့်ကြံသူ၏စိတ်ဝိညာဉ်များစွာကို ချဲ့ထွင်ပေးနိုင်သည့် အစွမ်းထက် သိုင်းကွက် တစ်ကွက်ဖြစ်ပေသည်။ စိတ်ဝိညာဉ်သဏ္ဌာန်ဖျက်ဆီးခံခဲ့ရလျှင် ကျင့်ကြံသူကို ကြီးစွာသော ထိုးနှက်ချက်တစ်ခု ဖြစ်စေ၏။
“တာ့ရှစ်ရှိုး ခမ်းနားခြင်းကျင့်စဉ်နဲ့ထွက်ပြေးဖို့ သူက ရည်ရွယ်နေတာ” ကျူးဟုန်ကုန်းက အော်ပြောလိုက်၏။
ကျန့်ချွန်းလိုင်နှင့် သူ၏ဒုက္ခတစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်က မျက်တောင်တစ်ခတ်အတွင်း မီတာ တစ်ထောင်အကွာသို့ ရောက်သွားတော့သည်။ စက္ကန့်ပိုင်းအတွင်း၌ သူက ကျားတောင်ရိုး၏ နယ်မြေ အပြင်ဖက်သို့ ရောက်နေပြီးဖြစ်သည်။ လေထဲတွင် လက်နောက်ပစ်လျက် ပျံဝဲနေသော ယွီကျန့်ဟိုင်ကို မြင်သည့်အချိန်၌ သူက စိတ်သက်သာရာရသွားတော့သည်။ သူသည် ယွီကျန့်ဟိုင်က သူ၏ ဒုက္ခတစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်၏လမ်းကြောင်းတွင် ရပ်နေတာဖြစ်သည်။
အနက်ရောင်အဝတ်အစားတိတိရိရိ မျက်နှာထားဖြင့် ယွီကျန့်ဟိုင်က နေရောင်ခြည်အောက်တွင် ခွန်အားကြီးမားပုံပေါ်ကာ အင်မတန်ခမ်းနားနေပေ၏။
ကျန့်ချွန်းလိုင်က အထက်မှအသံတစ်သံ ကြားချိန်တွင် မော့ကြည့်လိုက်တော့၏။
ယင်းက သိပ်သည်းသော စွမ်းအင်ထဲရစ်ပတ်ခံထားရသည့် နဂါးသွဲ့ကျောက်ပင်ဖြစ်ပေသည်။ ယင်းက ချက်ချင်းလည်ပတ်လာပြီး ဘီးတစ်ဘီးအရွယ်အစားထက် ပိုကြီးမားပုံပေါ်၏။ ယင်းက အမှောင်ကောင်းကင် ကြယ်အလင်းကျင့်စဉ်ပင်ဖြစ်သည်။
“မင်းက ပွင့်ချပ်ငါးလွှာပဲရှိတာလား?” ယွီကျန့်ဟိုင်က အမေးထုတ်လိုက်သည်။ တစ်နည်းဆိုရလျှင် ပွင့်ချပ်ငါးလွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကျင့်ကြံသူတစ်ဦးသည် ထိုမျှအကွာအဝေးထိ မည်ကဲ့သို့သာပြေးနိုင်မည်နည်း။ ထိုလူအိုကြီးက ထိုက်တန်သောပြိုင်ဘက်တစ်ဦးဖြစ်ရန် ဝေးကွာလွန်းနေ၏။ ထိုကဲ့သို့ပြိုင်ဖက်ကို လေးစားရန် အကြောင်းပြချက်ရှာမတွေ့ပေ။ ကျန့်ချွန်းလိုင်က သူ၏မဟာကာကွယ်စောင့်ရှောက်သူလေးပါး၏အဆင့်ကိုတောင် မမှီချေ။
“မင်း မင်း” ကျန့်ချွန်းလိုင်သည် သူ၏ခမ်းနားခြင်းကျင့်စဉ်ကို ထပ်မံထုတ်ဖော်ရန် ကြိုးစားလိုက်တော့၏။
ယွီကျန့်ဟိုင်က လက်နောက်ပစ်ထားလျက်ပြောလိုက်တော့သည်။ “သမာသမတ်ဂိုဏ်းက တတ်စွမ်းတာ ဒါအကုန်ပဲဆိုရင် မင်းတို့က ငါ့ပါ့ရှစ်တိရဲ့ကျားတောင်ရိုးကို လာတာက မောက်မာထောင်လွှားလွန်းရာကျနေတာပဲ”
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်ကြီးလား”
ထိုစဉ် အမှောင်ကောင်းကင်၏ကြယ်အလင်းက ဒုက္ခတစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ပေါ် ကျရောက်သွားတော့သည်။
ဖုန်း
စိတ်ဝိညာဉ်သဏ္ဌာန်က တိုဖူးကဲ့သို့ နူးညံ့နေပုံရသည့် နဂါးသွဲ့ကျောက်ဓားဖြင့် ချက်ချင်းဖျက်ဆီး ခံလိုက်ရတော့ ၏။
လေထဲတွင်စွမ်းအင်တို့က ပရမ်းပတာဖြစ်သွားပြီး မိုးသက်မုန်တိုင်းတို့ကို သယ်ဆောင်လာ၏။ ယင်းကတောအုပ်ကို ဖြတ်သွားလျက် သစ်ပင်များကို လဲကျစေကာ ငှက်များနှင့်တောရိုင်း တိရိစ္ဆာန်များကို သတ်ဖြတ်ကုန်၏။
သက်ရောက်မှုမရှိသည့်တစ်ဦးတည်းသောသူက ယွီကျန့်ဟိုင်ဖြစ်သည်။ သူက ဖရိုဖရဲဖြစ်နေသော စွမ်းအင်များကြားထဲတည်ငြိမ်ပုံပေါ်၏။
ကျန့်ချွန်းလိုင်က စိတ်ပျက်အားငယ်သွားတော့သည်။ ငါထွက်ပြေးရတော့မလား။ ခမ်းနားခြင်း ကျင့်စဉ်သုံးတာက ငါ့ကို ကံဆိုးမိုးမှောင်ကျစေမှာပဲ။ လက်ဖဝါးကို ကောင်းကင်ထက်မြှောက်လျက် သူ၏ ကနဦးချီတို့က တဟုန်ထိုးပေါ်ထွက်လာတော့သည်။ ယခုချိန်တွင် သူ၏စွမ်းအင်များ အားလုံးနီးပါး ယုတ်လျော့သွားပြီဖြစ်သည်။
လက်ဝါးရာများက လည်နေသောကောင်းကင်အဆင့်လက်နက်ကို ဆန့်ကျင်ပြီးတွန်းနေလေ၏။ ကံဆိုးသည်မှာ သူတို့အဆင့်ကွာခြားချက်က ကြီးမားလွန်းနေသည်။ ထို့အပြင် နဂါးသွဲ့ကျောက်ဓားက ကောင်းကင်အဆင့်လက်နက်များထဲတွင်တောင် ရတနာတစ်ပါးဖြစ်နေ၏။
ဘန်း
နဂါးသွဲ့ကျောက်က ကျန့်ချွန်းလိုင်ကို ပိုင်းဖြတ်သွားသည့်အချိန်တွင် ယွီကျန့်ဟိုင်က လှည့်ထွက်သွားပြီး ဖြစ်နေသည်။ သူက ကျားတောင်ရိုးဆီသို့ပြန်သွား၏။ နဂါးသွဲ့ကျောက်သည် သူ၏တာဝန်ပြီးဆုံးသည့်အချိန်တွင် သူ၏ပိုင်ရှင်ဆီသို့ပြန်သွား၏။ မျက်တောင်တစ်ခတ်အတွင်း နေရာတစ်ခုလုံးတိတ်ဆိတ်သွားသည်။ ဆူပွက်နေသောစွမ်းအင်တို့ကလည်း ငြိမ်ကျသွားလေ၏။
ကျားတောင်ရိုးဂိုဏ်းသားတို့ကလည်း အံ့ဩဆွံ့အနေကြတော့သည်။ ယင်းက လက်ဝါးရိုက်ချက် တစ်ချက်နှင့် ဓားသွားတစ်ကွက်သာဖြစ်ပြီး တိုက်ပွဲက ပြီးဆုံးသွားသည်။ သူတို့က ထိတ်လန့်နေကြပြီး အမြစ် လန်နေသော သစ်ပင်များနှင့် ဖရိုဖရဲဖြစ်နေသော နယ်ပယ်ကိုကြည့်လိုက်ကြ၏။ သူတို့မျက်လုံးဖြင့် သာမျက်မြင်မတွေ့ခဲ့လျှင် မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်ကြီးလုပ်သွားသည်ဟု ယုံကြမှာ မဟုတ်ပေ။ သူတို့ကျူးဟုန်ကုန်းနောက်လိုက်ခဲ့သည်မှာ မိစ္ဆာဝေဟင်မျှော်နန်းနှင့် သူ၏ဆက်နွယ်မှု ကြောင့်ဖြစ်ပေသည်။ သူ၏လုပ်ဆောင်ချက်က သူတို့ထင်ထားတာထက်ကျော်လွန်နေ၏။ မိစ္ဆာ ဝေဟင်မျှော်နန်း၏ တပည့်ကြီးထိုမျှအစွမ်းထက်မည်ဟု မည်သူကထင်မည်နည်း။ ပွင့်ချပ်ငါးလွှာ ကျင့်ကြံဆင့်ရှိသည့် သူတစ်ဦးကိုရင်ဆိုင်ရာတွင် သူက မြန်မြန်ဆန်ဆန်ဖြင့်တိုက်ပွဲကို အဆုံးသတ်ခဲ့ ၏။
ယွီကျန့်ဟိုင်က ကျားတောင်ရိုးသို့ပြန်လာပြီး ကျူးဟုန်ကုန်းရှေ့သို့ဆင်းလာတော့သည်။ သူက လက်တစ်ဖက်မြှောက်ကာ ကျူးဟုန်ကုန်း၏ ပခုံးကို ပုတ်လိုက်လေ၏။ “သူက ပွင့်ချပ်ငါးလွှာပဲရှိ တဲ့ကျင့်ကြံသူဖြစ်နေတာ မင်း ကံကောင်းသွားတယ်။ သူ့မှာ နောက်ထပ်ပွင့်ချပ်တစ်လွှာ ရှိနေခဲ့မယ်ဆိုရင် မင်းအစောတုန်းက ပြဿနာတက်ပြီပဲ”
ကျူးဟုန်ကုန်းက မှင်သက်နေဆဲဖြစ်သည်။ သူကကြောက်လန့်သည့်အမူအရာဖြစ်နေလေ၏။ ယွီကျန့်ဟိုင် သူ့ပခုံးကို ပုတ်လိုက်သည့်အချိန်၌ သတိပြန်ဝင်လာကာ တံတွေးမြိုချလိုက်တော့သည်။
“တာ့ တာ့ရှစ်ရှိုး” ကျူးဟုန်ကုန်းသည် ရုတ်တရက်ကြီးပိုမိုနာခံလာပုံပေါ်၏။ “တာ့ရှစ်ရှိုးက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးတော့ ပိုအစွမ်းထက်လာတာပဲ”
“ငါက အခွံမာသီးကို ထုဖို့အတွက် တူတစ်လက်ကို သုံးနေရုံပဲ။ ထည့်ပြောဖို့မတန်ဘူး”
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ပြောဖို့ထိုက်တန်ပါတယ်။ တာ့ရှစ်ရှိုးရဲ့ မဟာအမှောင်ကောင်းကင်လက်ဝါးလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ တကယ်အံ့ဩဖို့ကောင်းလိုက်တာ။ ရှစ်ရှိုးကို ကျွန်တော့်ရဲ့လေးစားမှုတွေက စီးဆင်းနေတဲ့မြစ် လိုမျိုးအဆုံးမရှိ”
“တော်လောက်ပြီ” ယွီကျန့်ဟိုင်က အထဲသို့ဝင်သွားကာထိုင်လိုက်တော့သည်။ “မင်းက လောင်ချီနဲ့ အလုပ်တွဲလုပ်နေတာ အတော်ကြာပြီ။ ဒီမျက်နှာချိုသွေးတာတွေကို ဘယ်ကနေသင်ယူလာတာလဲ”
ကျူးဟုန်ကုန်းက အနေရခက်စွာရယ်မောပြီးနောက်ပြောလိုက်တော့သည်။ “တာ့ရှစ်ရှိုး ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ရှစ်ရှိုးသာရှိမနေရင် ကျွန်တော်ဒီနေ့ သေတွင်းထဲရောက်လောက် တယ်”
ယွီကျန့်ဟိုင်က သူ့ကိုပြန်မပြောဘဲ မေးလိုက်လေ၏။ “မင်းရဲ့ အဋ္ဌဂံအစီအရင်အတွက် လောင်ချီက တာဝန်ယူထားတာလား”
“အမ်း တာ့ရှစ်ရှိုးကအမြင်ရှိတာပဲ။ ရှစ်ရှိုးဆီက ဘာကိုမှဖုံးကွယ်ထားလို့မရဘူး”
“လောင်ချီက မင်းကို ဇင်ဝတ်ရုံပေးခဲ့တာလား?” ယွီကျန့်ဟိုင်က မေးလိုက်သည်။
ကျူးဟုန်ကုန်းက သူ့ရင်ဘတ်သူ ချက်ချင်းပုတ်ပြီးပြောလိုက်လေ၏။
“တာ့ရှစ်ရှိုး ကျေးဇူးပြုပြီး ဒါ ကျွန်တော့်မှာ ရှိတဲ့တစ်ခုတည်းသောရတနာပါ” ယွီကျန့်ဟိုင်က သက်ပြင်းချပြီး ခေါင်းခါ လိုက်တော့သည်။
ကျူးဟုန်ကုန်းက ရယ်မောပြီးပြောလိုက်လေ၏။ “တာ့ရှစ်ရှိုးက အံ့ဩဖို့ကောင်းလွန်းပါတယ်။ ဒီဇင်ဝတ်ရုံကို စိတ်ဝင်စားဖို့အကြောင်းမရှိဘူး။ ရှစ်ရှိုးရဲ့ကာကွယ်ရေးစွမ်းအင်တစ်ခုတည်းကတင် ကျွန်တော့်ရဲ့ဝတ်ရုံထက်သာလွန်နေပါပြီ” ပြောနေစဉ် သူ၏အသံက အားလျော့သွားပြီးနောက် နောက်ဆုံးတွင် ပြောလိုက်လေ၏။
“ဟုတ်တယ်။ အဲ့ဒါက ကောင်းကင်ရွေးချယ်မှုဖိအားကျောက်ကနေ ချီရှစ်ရှိုးယူလာတာပဲ” ယွီကျန့်ဟိုင်က ပြောလိုက်၏။ "လောင်ချီရဲ့ရည်ရွယ်ချက်တွေကို အချည်းနှီးမဖြစ်စေနဲ့။ ဇင်ဝတ်ရုံကြောင့်မဟုတ်ရင် မင်း သေနေတာကြာပြီ”
“တာ့ရှစ်ရှိုး ပြောတာမှန်ပါတယ်”
“သမာသမတ်ဂိုဏ်းက သူ့ရဲ့စစ်သည်တွေနဲ့ စစ်သူကြီးကို ဆုံးရှုံးသွားခဲ့ပြီးပြီ။ ကျန့်ယွမ်ရှန်းသာ သိသွားရင် သူဒီကို အချိန်မရွေးရောက်လာမလားမသိဘူး” ယွီကျန့်ဟိုင်က ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။ “ဒါပေမဲ့ မင်းသတိထားရမယ်”
“ဟုတ်ကဲ့ တာ့ရှစ်ရှိုး” ကျူးဟုန်ကုန်းက နာခံစွာပြန်ပြောလိုက်လေ၏။
ယွီကျန့်ဟိုင်က သူ့ဘေးရှိ သေတ္တာကို တစ်ချက်ကြည့်ပြီးမေးလိုက်လေ၏။ “စစ်ရှစ်တိက သေတ္တာအတွက် ဘယ်အချိန်လာမယ်ဆိုတာ ပြောသွားသေးလား”
ကျူးဟုန်ကုန်းက လက်ချောင်းများဖြင့်ရေတွက်ပြီးပြောလိုက်တော့သည်။ “သူ သုံးရက်အတွင်း ရောက်လာလိမ့်မယ်”
“ဒီလိုဆိုမှတော့ ငါ သုံးရက်နေတာပေါ့”
“တာ့ရှစ်ရှိုး ဒီမှာကြိုက်သလောက်နေလို့ရပါတယ်” ကျူးဟုန်ကုန်းက မျက်နှာလိုမျက်နှာရ ပြောလိုက်လေ၏။
ယွီကျန့်ဟိုင်က ရယ်မောပြီးခေါင်းခါလိုက်တော့သည်။ “မင်းနဲ့စကားပြောရတာက ငါ့ကို မပျင်းစေဘူးပဲ။ လောင်ချီ ဒီမှာရှိနေဖို့မျှော်လင့်တယ်" ပြောပြီးနောက် သူက ခြေကြွကာ လက်ကိုဝှေ့ယမ်းလိုက်တော့၏။ ဆန်းကြယ်သော သေတ္တာက သူ့ရှေ့သို့ချက်ချင်းမျောလွင့်လာ တော့သည်။ မကြာမီ၌ နဂါးသွဲ့ကျောက်ဓားလည်းပေါ်လာပေတော့သည်။
ဓားကိုမြင်သည့်အချိန်တွင် ကျူးဟုန်ကုန်း၏မျက်နှာထက်၌ အားကျသည့်အမူအရာပေါ်လာလေ၏။ ထိုဆန်းကြယ်သေတ္တာထဲ၌ ကောင်းကင်အဆင့်လက်နက်ရှိနေရန်မျှော်လင့်မိသည်။ "တာ့ရှစ်ရှိုး သေတ္တာကို ဖွင့်တော့မလို့လား”
နဂါးသွဲ့ကျောက်က မြောင်းရာထဲဝင်သွားတော့သည်။
ကလစ်
အသံတစ်သံက လေထဲ၌ပျံ့လွင့်လာတော့သည်။
နဂါးသွဲ့ကျောက်သည် ၎င်း၏သော့များထဲမှ သော့တစ်ခုအနေဖြင့် ရည်ရွယ်ချက်ကိုဖြည့်ဆည်းပေး လိုက်ပြီဖြစ်သည်။ မကြာမီ၌ နဂါးသွဲ့ကျောက်ထည့်သွင်းပြီး ယင်းက ပျောက်ကွယ်သွားတော့သည်။
“ကျုပ်ရဲ့ချစ်လှစွာသော ရှစ်စွင်းရေ ခင်ဗျားမှာ ရတနာတွေ ဘယ်လောက်များများရှိနေတာလဲ”
...
Zawgyi
အခန္း (၁၄၃) ေသတၱာ၏ လွ်ို႔ဝွက္ခ်က္
ယြီက်န႔္ဟိုင္၏ လက္ဝါးထဲမွ ထြက္ေပၚလာေသာ အႏၲရာယ္ကင္းပုံရသည့္ လက္ဝါးရာႏွင့္ တိုက္မိသြားေတာ့သည္။
ဖုန္း
လွိုင္းမ်ားက ေလထဲ၌ဂယက္ထသြားၿပီး တိုက္ခိုက္မႈ၏ရလဒ္တစ္ခု ျဖစ္ေပၚလာေတာ့သည္။
ဖုန္း ဖုန္း ဖုန္း
ပတ္ဝန္းက်င္ရွိသစ္ပင္မ်ားက အျမစ္ကေန တညီတၫြတ္တည္းလဲၿပီး ထက္ျခမ္း ပိုင္းခံလိုက္ရေတာ့သည္။ ထူးဆန္းဖြယ္ေကာင္းသည္မွာ လွိုင္းမ်ားက မေပ်ာ္ဝင္သြားေပ။ ဆန္းၾကယ္ေသာ စြမ္းအင္တစ္ခုက အင္အားျဖည့္ေပးေနပုံရ၏။
က်ဴးဟုန္ကုန္း၏အမူအရာက အားက်မႈႏွင့္အံ့ဩမႈတို႔ ျပည့္ေနသည္။ ထိုတိုက္ကြက္က သူ၏ တာ့ရွစ္ရွိုးယြီက်န႔္ဟိုင္၏ မဟာအေမွာင္ေကာင္းကင္ေအာက္ေမ့ရာႏွင့္လက္ဝါးတိုက္ကြက္ မဟာအေမွာင္ေကာင္းကင္လက္ဝါးတို႔ကို ေပါင္းစည္းထားျခင္းျဖစ္ေပ၏။
လက္ဝါးရိုက္ခ်က္တစ္ခ်က္က ရန္သူေပါင္းမ်ားစြာကို ဖယ္ရွားနိုင္ၿပီး ယင္းက ကနဦးခ်ီ၏ မွန္ကန္မႈတစ္ခုျဖစ္ေပသည္။ က်ဴးဟုန္ကုန္းက ယင္းကို လုံေလာက္ေအာင္မရခဲ့ေပ။
“ေနာက္ဆုတ္”
က်န႔္ခြၽန္းလိုင္က ထိတ္လန႔္သြားၿပီး လူတိုင္းကို ေနာက္ဆုတ္ရန္ သတိေပးလိုက္ေတာ့၏။ လူ႐ြယ္က ၿပိဳင္စံရွားလက္ေ႐ြးစင္တစ္ဦးျဖစ္မွန္း ခ်က္ခ်င္းသိလိုက္သည္။
ယြီက်န႔္ဟိုင္က ေမာ့ၾကည့္ၿပီးေျပာလိုက္ေတာ့၏။
“ေနာက္က်သြားၿပီ” သူ၏အသံကေလထဲ၌ ေပၚထြက္လာၿပီး အင္အားတစ္ခုကို သယ္ေဆာင္လာပုံရ သည္။
ဘန္း ဘန္း ဘန္း
ျဗဟၼာ့ပင္လယ္နယ္ပယ္က်င့္ႀကံသူမ်ားက တစ္ခ်က္ေတာင္ ခံနိုင္ရည္မရွိၾကေခ်။ သူတို႔က ယင္ေကာင္မ်ားသဖြယ္ ခ်က္ခ်င္းျပဳတ္က်လာေတာ့၏။ တစ္ဖက္တြင္ နတ္ေဒဝါဦးတည္နယ္ပယ္ က်င့္ႀကံသူမ်ားက ေကာင္းကင္ထဲ ပိုျမင့္ျမင့္ပ်ံသန္းနိုင္ခဲ့ေသာ္ျငား သူတို႔၏အဆုံးသတ္က ေၾကကြဲဖြယ္ေကာင္းေပ၏။
က်န္ရွိသည့္ တစ္ဦးတည္းေသာသူက နတ္ဝိညာဥ္နယ္ပယ္က်င့္ႀကံသူ က်န႔္ခြၽန္းလိုင္ပင္ျဖစ္သည္။ သူက ယြီက်န႔္ဟိုင္ကို စိမ္းစိမ္းဝါးဝါးစိုက္ၾကည့္ၿပီးေနာက္ ေနာက္ဆုတ္သြားသည္။ ခဏအၾကာတြင္ သူ၏ အစြမ္းအထက္ဆုံးသိုင္းကို ထပ္မံထုတ္ေဖာ္ေတာ့ျပန္သည္။ “ဒုကၡတစ္ရာရႈကြင္း”
ယြီက်န႔္ဟိုင္က ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးၿပီးေျပာလိုက္ေလ၏။
“ခင္ဗ်ားရဲ႕စိတ္ဝိညာဥ္သဏၭာန္ကိုက်ဳပ္ ေစာင့္ေနတာ” ညာလက္ကို ေဝွ႕ယမ္းလ်က္ နဂါးသြဲ႕ေက်ာက္ဓားက ေပၚလာေလေတာ့သည္။ ေကာင္းကင္အဆင့္လက္နက္မ်ားက စိတ္ဝိညာဥ္သဏၭာန္၏ အာခိလိေျခဖဝါးပင္ျဖစ္သည္။ ယင္းက စိတ္ဝိညာဥ္သဏၭာန္၏ ခုခံမႈကို အလြယ္တကူၿဖိဳခြင္းနိုင္စြမ္းရွိသည္။ ဒုကၡတစ္ရာရႈကြင္းစိတ္ဝိညာဥ္ သဏၭာန္က က်င့္ႀကံသူ၏စိတ္ဝိညာဥ္မ်ားစြာကို ခ်ဲ့ထြင္ေပးနိုင္သည့္ အစြမ္းထက္ သိုင္းကြက္ တစ္ကြက္ျဖစ္ေပသည္။ စိတ္ဝိညာဥ္သဏၭာန္ဖ်က္ဆီးခံခဲ့ရလွ်င္ က်င့္ႀကံသူကို ႀကီးစြာေသာ ထိုးႏွက္ခ်က္တစ္ခု ျဖစ္ေစ၏။
“တာ့ရွစ္ရွိုး ခမ္းနားျခင္းက်င့္စဥ္နဲ႕ထြက္ေျပးဖို႔ သူက ရည္႐ြယ္ေနတာ” က်ဴးဟုန္ကုန္းက ေအာ္ေျပာလိုက္၏။
က်န႔္ခြၽန္းလိုင္ႏွင့္ သူ၏ဒုကၡတစ္ရာရႈကြင္းစိတ္ဝိညာဥ္သဏၭာန္က မ်က္ေတာင္တစ္ခတ္အတြင္း မီတာ တစ္ေထာင္အကြာသို႔ ေရာက္သြားေတာ့သည္။ စကၠန႔္ပိုင္းအတြင္း၌ သူက က်ားေတာင္ရိုး၏ နယ္ေျမ အျပင္ဖက္သို႔ ေရာက္ေနၿပီးျဖစ္သည္။ ေလထဲတြင္ လက္ေနာက္ပစ္လ်က္ ပ်ံဝဲေနေသာ ယြီက်န႔္ဟိုင္ကို ျမင္သည့္အခ်ိန္၌ သူက စိတ္သက္သာရာရသြားေတာ့သည္။ သူသည္ ယြီက်န႔္ဟိုင္က သူ၏ ဒုကၡတစ္ရာရႈကြင္း စိတ္ဝိညာဥ္သဏၭာန္၏လမ္းေၾကာင္းတြင္ ရပ္ေနတာျဖစ္သည္။
အနက္ေရာင္အဝတ္အစားတိတိရိရိ မ်က္ႏွာထားျဖင့္ ယြီက်န႔္ဟိုင္က ေနေရာင္ျခည္ေအာက္တြင္ ခြန္အားႀကီးမားပုံေပၚကာ အင္မတန္ခမ္းနားေနေပ၏။
က်န႔္ခြၽန္းလိုင္က အထက္မွအသံတစ္သံ ၾကားခ်ိန္တြင္ ေမာ့ၾကည့္လိုက္ေတာ့၏။
ယင္းက သိပ္သည္းေသာ စြမ္းအင္ထဲရစ္ပတ္ခံထားရသည့္ နဂါးသြဲ႕ေက်ာက္ပင္ျဖစ္ေပသည္။ ယင္းက ခ်က္ခ်င္းလည္ပတ္လာၿပီး ဘီးတစ္ဘီးအ႐ြယ္အစားထက္ ပိုႀကီးမားပုံေပၚ၏။ ယင္းက အေမွာင္ေကာင္းကင္ ၾကယ္အလင္းက်င့္စဥ္ပင္ျဖစ္သည္။
“မင္းက ပြင့္ခ်ပ္ငါးလႊာပဲရွိတာလား?” ယြီက်န႔္ဟိုင္က အေမးထုတ္လိုက္သည္။ တစ္နည္းဆိုရလွ်င္ ပြင့္ခ်ပ္ငါးလႊာ နတ္ဝိညာဥ္ဝဋ္ေႂကြးေခ်နယ္ပယ္က်င့္ႀကံသူတစ္ဦးသည္ ထိုမွ်အကြာအေဝးထိ မည္ကဲ့သို႔သာေျပးနိုင္မည္နည္း။ ထိုလူအိုႀကီးက ထိုက္တန္ေသာၿပိဳင္ဘက္တစ္ဦးျဖစ္ရန္ ေဝးကြာလြန္းေန၏။ ထိုကဲ့သို႔ၿပိဳင္ဖက္ကို ေလးစားရန္ အေၾကာင္းျပခ်က္ရွာမေတြ႕ေပ။ က်န႔္ခြၽန္းလိုင္က သူ၏မဟာကာကြယ္ေစာင့္ေရွာက္သူေလးပါး၏အဆင့္ကိုေတာင္ မမွီေခ်။
“မင္း မင္း” က်န႔္ခြၽန္းလိုင္သည္ သူ၏ခမ္းနားျခင္းက်င့္စဥ္ကို ထပ္မံထုတ္ေဖာ္ရန္ ႀကိဳးစားလိုက္ေတာ့၏။
ယြီက်န႔္ဟိုင္က လက္ေနာက္ပစ္ထားလ်က္ေျပာလိုက္ေတာ့သည္။ “သမာသမတ္ဂိုဏ္းက တတ္စြမ္းတာ ဒါအကုန္ပဲဆိုရင္ မင္းတို႔က ငါ့ပါ့ရွစ္တိရဲ႕က်ားေတာင္ရိုးကို လာတာက ေမာက္မာေထာင္လႊားလြန္းရာက်ေနတာပဲ”
“မိစာၦေဝဟင္ေမွ်ာ္နန္းရဲ႕ တပည့္ႀကီးလား”
ထိုစဥ္ အေမွာင္ေကာင္းကင္၏ၾကယ္အလင္းက ဒုကၡတစ္ရာရႈကြင္းစိတ္ဝိညာဥ္သဏၭာန္ေပၚ က်ေရာက္သြားေတာ့သည္။
ဖုန္း
စိတ္ဝိညာဥ္သဏၭာန္က တိုဖူးကဲ့သို႔ ႏူးညံ့ေနပုံရသည့္ နဂါးသြဲ႕ေက်ာက္ဓားျဖင့္ ခ်က္ခ်င္းဖ်က္ဆီး ခံလိုက္ရေတာ့ ၏။
ေလထဲတြင္စြမ္းအင္တို႔က ပရမ္းပတာျဖစ္သြားၿပီး မိုးသက္မုန္တိုင္းတို႔ကို သယ္ေဆာင္လာ၏။ ယင္းကေတာအုပ္ကို ျဖတ္သြားလ်က္ သစ္ပင္မ်ားကို လဲက်ေစကာ ငွက္မ်ားႏွင့္ေတာရိုင္း တိရိစာၦန္မ်ားကို သတ္ျဖတ္ကုန္၏။
သက္ေရာက္မႈမရွိသည့္တစ္ဦးတည္းေသာသူက ယြီက်န႔္ဟိုင္ျဖစ္သည္။ သူက ဖရိုဖရဲျဖစ္ေနေသာ စြမ္းအင္မ်ားၾကားထဲတည္ၿငိမ္ပုံေပၚ၏။
က်န႔္ခြၽန္းလိုင္က စိတ္ပ်က္အားငယ္သြားေတာ့သည္။ ငါထြက္ေျပးရေတာ့မလား။ ခမ္းနားျခင္း က်င့္စဥ္သုံးတာက ငါ့ကို ကံဆိုးမိုးေမွာင္က်ေစမွာပဲ။ လက္ဖဝါးကို ေကာင္းကင္ထက္ျမႇောက္လ်က္ သူ၏ ကနဦးခ်ီတို႔က တဟုန္ထိုးေပၚထြက္လာေတာ့သည္။ ယခုခ်ိန္တြင္ သူ၏စြမ္းအင္မ်ား အားလုံးနီးပါး ယုတ္ေလ်ာ့သြားၿပီျဖစ္သည္။
လက္ဝါးရာမ်ားက လည္ေနေသာေကာင္းကင္အဆင့္လက္နက္ကို ဆန႔္က်င္ၿပီးတြန္းေနေလ၏။ ကံဆိုးသည္မွာ သူတို႔အဆင့္ကြာျခားခ်က္က ႀကီးမားလြန္းေနသည္။ ထို႔အျပင္ နဂါးသြဲ႕ေက်ာက္ဓားက ေကာင္းကင္အဆင့္လက္နက္မ်ားထဲတြင္ေတာင္ ရတနာတစ္ပါးျဖစ္ေန၏။
ဘန္း
နဂါးသြဲ႕ေက်ာက္က က်န႔္ခြၽန္းလိုင္ကို ပိုင္းျဖတ္သြားသည့္အခ်ိန္တြင္ ယြီက်န႔္ဟိုင္က လွည့္ထြက္သြားၿပီး ျဖစ္ေနသည္။ သူက က်ားေတာင္ရိုးဆီသို႔ျပန္သြား၏။ နဂါးသြဲ႕ေက်ာက္သည္ သူ၏တာဝန္ၿပီးဆုံးသည့္အခ်ိန္တြင္ သူ၏ပိုင္ရွင္ဆီသို႔ျပန္သြား၏။ မ်က္ေတာင္တစ္ခတ္အတြင္း ေနရာတစ္ခုလုံးတိတ္ဆိတ္သြားသည္။ ဆူပြက္ေနေသာစြမ္းအင္တို႔ကလည္း ၿငိမ္က်သြားေလ၏။
က်ားေတာင္ရိုးဂိုဏ္းသားတို႔ကလည္း အံ့ဩဆြံ႕အေနၾကေတာ့သည္။ ယင္းက လက္ဝါးရိုက္ခ်က္ တစ္ခ်က္ႏွင့္ ဓားသြားတစ္ကြက္သာျဖစ္ၿပီး တိုက္ပြဲက ၿပီးဆုံးသြားသည္။ သူတို႔က ထိတ္လန႔္ေနၾကၿပီး အျမစ္ လန္ေနေသာ သစ္ပင္မ်ားႏွင့္ ဖရိုဖရဲျဖစ္ေနေသာ နယ္ပယ္ကိုၾကည့္လိုက္ၾက၏။ သူတို႔မ်က္လုံးျဖင့္ သာမ်က္ျမင္မေတြ႕ခဲ့လွ်င္ မိစာၦေဝဟင္ေမွ်ာ္နန္း၏ တပည့္ႀကီးလုပ္သြားသည္ဟု ယုံၾကမွာ မဟုတ္ေပ။ သူတို႔က်ဴးဟုန္ကုန္းေနာက္လိုက္ခဲ့သည္မွာ မိစာၦေဝဟင္ေမွ်ာ္နန္းႏွင့္ သူ၏ဆက္ႏြယ္မႈ ေၾကာင့္ျဖစ္ေပသည္။ သူ၏လုပ္ေဆာင္ခ်က္က သူတို႔ထင္ထားတာထက္ေက်ာ္လြန္ေန၏။ မိစာၦ ေဝဟင္ေမွ်ာ္နန္း၏ တပည့္ႀကီးထိုမွ်အစြမ္းထက္မည္ဟု မည္သူကထင္မည္နည္း။ ပြင့္ခ်ပ္ငါးလႊာ က်င့္ႀကံဆင့္ရွိသည့္ သူတစ္ဦးကိုရင္ဆိုင္ရာတြင္ သူက ျမန္ျမန္ဆန္ဆန္ျဖင့္တိုက္ပြဲကို အဆုံးသတ္ခဲ့ ၏။
ယြီက်န႔္ဟိုင္က က်ားေတာင္ရိုးသို႔ျပန္လာၿပီး က်ဴးဟုန္ကုန္းေရွ႕သို႔ဆင္းလာေတာ့သည္။ သူက လက္တစ္ဖက္ျမႇောက္ကာ က်ဴးဟုန္ကုန္း၏ ပခုံးကို ပုတ္လိုက္ေလ၏။ “သူက ပြင့္ခ်ပ္ငါးလႊာပဲရွိ တဲ့က်င့္ႀကံသူျဖစ္ေနတာ မင္း ကံေကာင္းသြားတယ္။ သူ႕မွာ ေနာက္ထပ္ပြင့္ခ်ပ္တစ္လႊာ ရွိေနခဲ့မယ္ဆိုရင္ မင္းအေစာတုန္းက ျပႆနာတက္ၿပီပဲ”
က်ဴးဟုန္ကုန္းက မွင္သက္ေနဆဲျဖစ္သည္။ သူကေၾကာက္လန႔္သည့္အမူအရာျဖစ္ေနေလ၏။ ယြီက်န႔္ဟိုင္ သူ႕ပခုံးကို ပုတ္လိုက္သည့္အခ်ိန္၌ သတိျပန္ဝင္လာကာ တံေတြးၿမိဳခ်လိဳက္ေတာ့သည္။
“တာ့ တာ့ရွစ္ရွိုး” က်ဴးဟုန္ကုန္းသည္ ႐ုတ္တရက္ႀကီးပိုမိုနာခံလာပုံေပၚ၏။ “တာ့ရွစ္ရွိုးက တံခါးပိတ္က်င့္ႀကံရာကေန ထြက္လာၿပီးေတာ့ ပိုအစြမ္းထက္လာတာပဲ”
“ငါက အခြံမာသီးကို ထုဖို႔အတြက္ တူတစ္လက္ကို သုံးေန႐ုံပဲ။ ထည့္ေျပာဖို႔မတန္ဘူး”
ယြီက်န႔္ဟိုင္က ေျပာလိုက္သည္။
“ေျပာဖို႔ထိုက္တန္ပါတယ္။ တာ့ရွစ္ရွိုးရဲ႕ မဟာအေမွာင္ေကာင္းကင္လက္ဝါးလိုမ်ိဳး တစ္ခါမွ မေတြ႕ဖူးဘူး။ တကယ္အံ့ဩဖို႔ေကာင္းလိုက္တာ။ ရွစ္ရွိုးကို ကြၽန္ေတာ့္ရဲ႕ေလးစားမႈေတြက စီးဆင္းေနတဲ့ျမစ္ လိုမ်ိဳးအဆုံးမရွိ”
“ေတာ္ေလာက္ၿပီ” ယြီက်န႔္ဟိုင္က အထဲသို႔ဝင္သြားကာထိုင္လိုက္ေတာ့သည္။ “မင္းက ေလာင္ခ်ီနဲ႕ အလုပ္တြဲလုပ္ေနတာ အေတာ္ၾကာၿပီ။ ဒီမ်က္ႏွာခ်ိဳေသြးတာေတြကို ဘယ္ကေနသင္ယူလာတာလဲ”
က်ဴးဟုန္ကုန္းက အေနရခက္စြာရယ္ေမာၿပီးေနာက္ေျပာလိုက္ေတာ့သည္။ “တာ့ရွစ္ရွိုး ကူညီေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္။ ရွစ္ရွိုးသာရွိမေနရင္ ကြၽန္ေတာ္ဒီေန႕ ေသတြင္းထဲေရာက္ေလာက္ တယ္”
ယြီက်န႔္ဟိုင္က သူ႕ကိုျပန္မေျပာဘဲ ေမးလိုက္ေလ၏။ “မင္းရဲ႕ အ႒ဂံအစီအရင္အတြက္ ေလာင္ခ်ီက တာဝန္ယူထားတာလား”
“အမ္း တာ့ရွစ္ရွိုးကအျမင္ရွိတာပဲ။ ရွစ္ရွိုးဆီက ဘာကိုမွဖုံးကြယ္ထားလို႔မရဘူး”
“ေလာင္ခ်ီက မင္းကို ဇင္ဝတ္႐ုံေပးခဲ့တာလား?” ယြီက်န႔္ဟိုင္က ေမးလိုက္သည္။
က်ဴးဟုန္ကုန္းက သူ႕ရင္ဘတ္သူ ခ်က္ခ်င္းပုတ္ၿပီးေျပာလိုက္ေလ၏။
“တာ့ရွစ္ရွိုး ေက်းဇူးျပဳၿပီး ဒါ ကြၽန္ေတာ့္မွာ ရွိတဲ့တစ္ခုတည္းေသာရတနာပါ” ယြီက်န႔္ဟိုင္က သက္ျပင္းခ်ၿပီး ေခါင္းခါ လိုက္ေတာ့သည္။
က်ဴးဟုန္ကုန္းက ရယ္ေမာၿပီးေျပာလိုက္ေလ၏။ “တာ့ရွစ္ရွိုးက အံ့ဩဖို႔ေကာင္းလြန္းပါတယ္။ ဒီဇင္ဝတ္႐ုံကို စိတ္ဝင္စားဖို႔အေၾကာင္းမရွိဘူး။ ရွစ္ရွိုးရဲ႕ကာကြယ္ေရးစြမ္းအင္တစ္ခုတည္းကတင္ ကြၽန္ေတာ့္ရဲ႕ဝတ္႐ုံထက္သာလြန္ေနပါၿပီ” ေျပာေနစဥ္ သူ၏အသံက အားေလ်ာ့သြားၿပီးေနာက္ ေနာက္ဆုံးတြင္ ေျပာလိုက္ေလ၏။
“ဟုတ္တယ္။ အဲ့ဒါက ေကာင္းကင္ေ႐ြးခ်ယ္မႈဖိအားေက်ာက္ကေန ခ်ီရွစ္ရွိုးယူလာတာပဲ” ယြီက်န႔္ဟိုင္က ေျပာလိုက္၏။ "ေလာင္ခ်ီရဲ႕ရည္႐ြယ္ခ်က္ေတြကို အခ်ည္းႏွီးမျဖစ္ေစနဲ႕။ ဇင္ဝတ္႐ုံေၾကာင့္မဟုတ္ရင္ မင္း ေသေနတာၾကာၿပီ”
“တာ့ရွစ္ရွိုး ေျပာတာမွန္ပါတယ္”
“သမာသမတ္ဂိုဏ္းက သူ႕ရဲ႕စစ္သည္ေတြနဲ႕ စစ္သူႀကီးကို ဆုံးရႈံးသြားခဲ့ၿပီးၿပီ။ က်န႔္ယြမ္ရွန္းသာ သိသြားရင္ သူဒီကို အခ်ိန္မေ႐ြးေရာက္လာမလားမသိဘူး” ယြီက်န႔္ဟိုင္က ျဖည္းျဖည္းခ်င္း ေျပာလိုက္ေလ၏။ “ဒါေပမဲ့ မင္းသတိထားရမယ္”
“ဟုတ္ကဲ့ တာ့ရွစ္ရွိုး” က်ဴးဟုန္ကုန္းက နာခံစြာျပန္ေျပာလိုက္ေလ၏။
ယြီက်န႔္ဟိုင္က သူ႕ေဘးရွိ ေသတၱာကို တစ္ခ်က္ၾကည့္ၿပီးေမးလိုက္ေလ၏။ “စစ္ရွစ္တိက ေသတၱာအတြက္ ဘယ္အခ်ိန္လာမယ္ဆိုတာ ေျပာသြားေသးလား”
က်ဴးဟုန္ကုန္းက လက္ေခ်ာင္းမ်ားျဖင့္ေရတြက္ၿပီးေျပာလိုက္ေတာ့သည္။ “သူ သုံးရက္အတြင္း ေရာက္လာလိမ့္မယ္”
“ဒီလိုဆိုမွေတာ့ ငါ သုံးရက္ေနတာေပါ့”
“တာ့ရွစ္ရွိုး ဒီမွာႀကိဳက္သေလာက္ေနလို႔ရပါတယ္” က်ဴးဟုန္ကုန္းက မ်က္ႏွာလိုမ်က္ႏွာရ ေျပာလိုက္ေလ၏။
ယြီက်န႔္ဟိုင္က ရယ္ေမာၿပီးေခါင္းခါလိုက္ေတာ့သည္။ “မင္းနဲ႕စကားေျပာရတာက ငါ့ကို မပ်င္းေစဘူးပဲ။ ေလာင္ခ်ီ ဒီမွာရွိေနဖို႔ေမွ်ာ္လင့္တယ္" ေျပာၿပီးေနာက္ သူက ေျခႂကြကာ လက္ကိုေဝွ႕ယမ္းလိုက္ေတာ့၏။ ဆန္းၾကယ္ေသာ ေသတၱာက သူ႕ေရွ႕သို႔ခ်က္ခ်င္းေမ်ာလြင့္လာ ေတာ့သည္။ မၾကာမီ၌ နဂါးသြဲ႕ေက်ာက္ဓားလည္းေပၚလာေပေတာ့သည္။
ဓားကိုျမင္သည့္အခ်ိန္တြင္ က်ဴးဟုန္ကုန္း၏မ်က္ႏွာထက္၌ အားက်သည့္အမူအရာေပၚလာေလ၏။ ထိုဆန္းၾကယ္ေသတၱာထဲ၌ ေကာင္းကင္အဆင့္လက္နက္ရွိေနရန္ေမွ်ာ္လင့္မိသည္။ "တာ့ရွစ္ရွိုး ေသတၱာကို ဖြင့္ေတာ့မလို႔လား”
နဂါးသြဲ႕ေက်ာက္က ေျမာင္းရာထဲဝင္သြားေတာ့သည္။
ကလစ္
အသံတစ္သံက ေလထဲ၌ပ်ံ့လြင့္လာေတာ့သည္။
နဂါးသြဲ႕ေက်ာက္သည္ ၎၏ေသာ့မ်ားထဲမွ ေသာ့တစ္ခုအေနျဖင့္ ရည္႐ြယ္ခ်က္ကိုျဖည့္ဆည္းေပး လိုက္ၿပီျဖစ္သည္။ မၾကာမီ၌ နဂါးသြဲ႕ေက်ာက္ထည့္သြင္းၿပီး ယင္းက ေပ်ာက္ကြယ္သြားေတာ့သည္။
“က်ဳပ္ရဲ႕ခ်စ္လွစြာေသာ ရွစ္စြင္းေရ ခင္ဗ်ားမွာ ရတနာေတြ ဘယ္ေလာက္မ်ားမ်ားရွိေနတာလဲ”
...