အခန်း (၁၃၄) တာ့ရှစ်ရှိုးရဲ့ မိတ်ဆွေရင်း
လုကျိုးက စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသည့်အခါ အနည်းငယ် အံ့အားသင့်သွားမိ၏။ ကျိထျန်းတောက်က သူ့တပည့်များကို သူတို့ကျင့်စဉ်များ သင်ကြားပေးခဲ့စဉ်အခါက အချက်အလက်များစွာ ထိန်ချန်ထားခဲ့သည်။ သူတို့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားသည့်အပြင် လက်နက်ပိုင်ဆိုင်မှုကိုလည်း ကန့်သတ်ထားခဲ့၏။
လုကျိုး၏ တပည့်များက သူ့အနေနှင့် သူတို့ ကျင့်ကြံရေး တိုးတက်မှုကို ဆက်လက်ဖိနှိပ်ထားခြင်း မရှိတော့သည်ကို မြင်လိုက်ရသည့်အခါ ပုံမှန်အားဖြင့် အံ့ဩသွားကြသည်။
ကျင့်စဉ်များကို ပြီးပြည့်စုံအောင် ပြင်ဆင်ပေးပြီးနောက် လုကျိုးက စုတ်တံကို ချလိုက်သည်။ သူက မုတ်ဆိတ်မွေးကို သပ်ကာ “မင်းတို့ ကျင့်စဉ်တွေကို ပြင်ဆင်ပေးထားတယ်။ ငါ့ကို စိတ်မပျက်စေနဲ့ ”
တပည့်သုံးယောက်က ပြိုင်တူ ဒူးထောက်ကာ “ရှစ်စွင်းကို စိတ်မပျက်စေရပါဘူး ”
ထိုစဉ် အံ့ဖွယ်မြို့တော်၌ …
တော်ဝင်မိသားစု၏ ရထားလုံးပျံက အံ့ဖွယ်မြို့တော်၏ မင်းသားချီအိမ်တော်မှ ဖြည်းဖြည်းချင်း မြင့်တက်လာသည်။ ရထားလုံးပျံကို ကျင့်ကြံသူများစွာ ခြံရံထားသည်။ သူတို့က ဘေးပတ်လည်တွင် အစီအရင်တစ်ခု ခင်းကျင်းထားလေ၏။ ရထားလုံးပျံက ပျံသန်းသွားသောကြောင့် မင်းသားချီ အိမ်တော်၏ အလံက လေထဲ တလွှင့်လွှင့် ဖြစ်နေလေသည်။
စီးဝူယာ့က ထိုအရာကို မြင်လိုက်သည့်အခါ ခပ်ယဲ့ယဲ့ ပြုံးကာ “တာ့ရှစ်ရှိုးက တကယ်ကို သတ္တိကောင်းပြီးတော့ အရည်အချင်းရှိတာပဲ။ သူက မင်းသားချီ အိမ်တော်ဆီ သွားမယ်လို့ တွေးမထားမိဘူး ”
“ ဂိုဏ်းချုပ် ကျွန်တော်တို့ လိုက်ဖမ်းလိုက်ရမလား”
“ မလိုဘူး။ ဒီမှာပဲ စောင့်နေ”
“နားလည်ပါပြီ”
စီးဝူယာ့က လျှောက်လှမ်းလာသည်။ သူက လျှို့ဝှက်ဆန်းကြယ် သေတ္တာကို လက်တွင် ကိုင်ဆောင်ရင်း ရထားလုံးပျံအထိ ပျံသန်းလာလေ၏။
ရထားလုံးပျံက ကြီးမားလှသည်။ ပုံမှန်အားဖြင့် ရထားလုံးပျံများကို ခမ်းနားကြီးကျယ်မှုနှင့် သက်သောင့်သက်သာဖြစ်မှု၊ အမြန်နှုန်းစသည်တို့ကို အလေးပေးကြသည်။
စီးဝူယာ့က လိုက်မီဖို့ သိပ်မခက်ခဲပေ။
အံ့ဖွယ်မြို့တော်ရှိ လူများက တော်ဝင်မိသားစု ရထားလုံးပျံကို မြင်တွေ့နေကျ ဖြစ်နေလေပြီ။
အနက်ရောင်ဝတ်ရုံနှင့် လူလတ်အရွယ် အမျိုးသားက ရထားလုံးပျံရှေ့ ရပ်နေသည်။ သူက သူ့အောက်ရှိ ကုန်းမြေအား လေ့လာစောင့်ကြည့်နေလေ၏။
သူ့နောက်ရှိ အမျိုးသမီး ကျင့်ကြံသူတစ်ဦးက ဦးညွှတ်ကာ ပြောလိုက်သည်
“ဂိုဏ်းချုပ် ကျွန်မတို့ အံ့ဖွယ်မြို့တော်ကနေ ပင်းတုတောင်ဆီ ရောက်ဖို့ ခြောက်နာရီလောက် ကြာပါလိမ့်မယ်။ သွားအနားယူနေသင့်ပါတယ် ”
လူလတ်အရွယ် အမျိုးသားက အံ့ဖွယ်မြို့တော်အား လက်ညိုးထိုးကာ “ ငါ ပင်းတုတောင်ကနေ ထွက်လာတာတောင် နည်းနည်းကြာသွားပြီ။ မြစ်နဲ့ တောင်တန်း သဘာဝအလှကို ခံစားပါရစေဦး ”
“ နားလည်ပါပြီ ”
“ မင်း ဒီရထားလုံးပျံပေါ်မှာ ရှိနေတဲ့အခါ အရာအားလုံးကို အတင်းကျပ်ယူထားသလို ခံစားရလိမ့်မယ်။ ထိပ်မှာရပ်နေရင် အံ့ဖွယ်မြို့တော်ကနေ မင်းခြေရင်းမှာ ရောက်နေလိမ့်မယ် ” လူလတ်အရွယ် အမျိုးသားက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဂိုဏ်းချုပ်ပြောတာ အမှန်ပါပဲ ”
“ ထားပါတော့။ မင်းက ပျင်းစရာကောင်းတယ်” သူက ပြောလိုက်ပြီးနောက် သူ့ဘာသာ တွေးလိုက်သည်။
‘ငါ ဘာပြောပြော သူတို့က ဦးညွတ်ပြီး သဘောတူပါတယ် ပြောမှာပဲ။ ဘယ်သူကမှ ကိုယ်ပိုင်အမြင် မရှိကြဘူး။ ပျင်းစရာကြီး’
“ဂိုဏ်းချုပ် တစ်ယောက်ယောက် ချဉ်းကပ်လာပါတယ် ” အနီးအနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။
လူလတ်အရွယ် အမျိုးသားက မထူးမခြားနား ခေါင်းခါကာ “ သတ်လိုက်”
“အဲဒီလူက အရမ်းအားကောင်းတယ်။ ပြီးတော့ ဂိုဏ်းချုပ်နဲ့ တွေ့ကိုတွေ့ရမယ်လို့ ပြောနေပါတယ် ”
“စိတ်ဝင်စားစရာပဲ ” လူလတ်အရွယ် အမျိုးသားက ရထားလုံးပျံဘေးဘက်သို့ လက်နောက်ပစ်လျက် လျှောက်လာလိုက်သည်။ သူက အစောင့်တွေ ဝိုင်းထားကာ လျှို့ဝှက်ဆန်းကြယ် သေတ္တာကိုင်ဆောင်ထားသည့် အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။
လူလတ်အရွယ် အမျိုးသား၏ အစောင့်ငါးယောက်က ရထားလုံးပျံပတ်လည် လျှောက်ကာ အသစ်ရောက်လာသူအား စောင့်ကြပ်နေကြသည်။
“ တာ့ရှစ်ရှိုး မတွေ့ရတာ ကြာပြီ” စီးဝူယာ့က ပြောလိုက်သည်။
“ သူ့ကို ဝင်ခိုင်းလိုက် ”
“ နားလည်ပါပြီ ” ကာကွယ်သူငါးယောက်က ဘေးဖယ်ပေးလိုက်ကြသည်။
စီးဝူယာ့က လျှပ်တစ်ပြက်အတွင်း ရထားလုံးပျံအတွင်း ဘေးကင်းကင်း ရောက်သွားလေပြီ။
“ တာ့ရှစ်ရှိုးကို ဂါရဝပြုပါတယ် ” စီးဝူယာ့က လက်ဝေ့လိုက်သည့်အခါ လျှို့ဝှက်ဆန်းကြယ် သေတ္တာက ရထားလုံးပျံထဲ ဖြည်းဖြည်းချင်း ကျလာသည်။ သူက လူလတ်အရွယ် အမျိုးသားအား ဦးညွှတ်လိုက်၏။
ဤလူလတ်အရွယ်အမျိုးသားက မိစ္ဆာဝေဟင်မျှော်နန်း၏ ပထမတပည့် ယွီကျန့်ဟိုင်သာ ဖြစ်၏။ သူက ငရဲဂိုဏ်း၏ ဂိုဏ်းချုပ်လည်း ဖြစ်ပေသည်။
ယွီကျန့်ဟိုင်က စီးဝူယာ့ကို ကြည့်ကာ “ မင်းက အမြဲအလုပ်ရှုပ်နေတာမလား။ ဒီနေ့ အံ့ဖွယ်မြို့တော်အထိ ငါ့ဆီ ရောက်လာဖို့ ဘယ်လိုများ အချိန်ရလာတာလဲ ”
“တာ့ရှစ်ရှိုးက နောက်နေတာပဲ။ မဟူရာကွန်ယက်က အလုပ်အများကြီးရှိတယ်လို့ မပြောနိုင်ပါဘူး။ တာ့ရှစ်ရှိုးကသာ အဝေးကြီး ခရီးသွားနေရတာပဲ။ ပင်းတုတောင်ကနေ ထွက်လာပြီး မင်းသားချီအိမ်တော်ကို ကိုယ်တိုင်ကိုယ်ကျ လာတွေ့တာပဲ ”စီးဝူယာ့က ပြောလိုက်သည်။
လက်အောက်ခံနှစ်ယောက်က ရထားလုံးပျံ ကုန်းပတ်ပေါ်၌ ထိုင်ခုံနှစ်လုံး မြန်မြန် ပြင်ဆင်ပေးသည်။ ယွီကျန့်ဟိုင်က စီးဝူယာ့ကို ထိုင်ဖို့ ညွှန်ပြလိုက်သည်။
“မင်းရဲ့ အာ့ရှစ်ရှိုးက ငါ့လူတစ်ယောက်ကို သတ်သွားတယ်လေ။ ငါသာ ကိုယ်တိုင်မလာရင် သူ့ဒေါသအရ ငါ့လူတွေ ထပ်ဆုံးရှုံးရလောက်တယ်” ယွီကျန့်ဟိုင်က ယွီရှန်းရုန်အကြောင်း ပြောသည့်အခါ အသံက တစ်မျိုးဖြစ်နေလေသည်။
“တာ့ရှစ်ရှိုး စိတ်အေးအေးထားပါ။ သူက ဓားရူး ချန်းဝမ်ကျဲကို သတ်လိုက်တာက သူက ငရဲဂိုဏ်းနဲ့ အပေါ်ယံ ပူးပေါင်းနေသလိုလိုနဲ့ နောက်ကွယ်မှာ ယွင်၊ ထျန်းနဲ့ လော့ဂိုဏ်းတို့နဲ့ တိတ်တဆိတ် ဆက်သွယ်နေလို့ပါ။ အာ့ရှစ်ရှိုးက တာ့ရှစ်ရှိုးကို အမှိုက်ကူရှင်းပေးလိုက်တာပါ။ ကိစ္စကောင်းတစ်ခုပါ ”
စီးဝူယာ့က ပြောလိုက်သည်။
ယွီကျန့်ဟိုင်က မထူးမခြားနားပြောလိုက်သည်။
“ငါလည်း ချန်းဝမ်ကျဲအကြောင်း သိထားတယ်။ သူက နယ်ရုပ်တစ်ခုပဲ။ အနည်းဆုံးတော့ ငါက ကျင့်မင်တာအိုဂိုဏ်းရဲ့ ပညာရှင်တွေကို လူသိရှင်ကြား ကန့်သတ်ထားနိုင်တာပေါ့။ မင်းရဲ့ အာ့ရှစ်ရှိုးက ခင်ဖို့ကောင်းတဲ့လူဆိုပေမဲ့ တုံးတယ်။ သူ့စိတ်က ရိုးရှင်းလွန်းတယ်။ ငါ့အတွေးတွေကို ဘယ်တော့မှ ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး ”
“ တာ့ရှစ်ရှိုးပြောတာ မှန်ပါတယ် ” စီးဝူယာ့က အပြုံးလေးနှင့် ပြောလိုက်သည်။
“လောင်ချီ … မင်းကို တစ်ခုမေးဦးမယ် ”
“ တာ့ရှစ်ရှိုး ကြိုက်တာမေးပါ။ ကျွန်တော် သိထားသမျှ ပြောပြပါ့မယ် ” စီးဝူယာ့က သဘာဝအတိုင်း ပြောလိုက်သည်။
“မင်း အမြဲတမ်း အမြော်အမြင်ရှိတဲ့လူဆိုတော့ မင်းရဲ့ အာ့ရှစ်ရှိုးကို မှန်တယ် ထင်လား” ယွီကျန့်ဟိုင်က မေးလိုက်သည်။
“အာ့ရှစ်ရှိုးက မှားနေတာပါ ” စီးဝူယာ့က ခပ်တည်တည်သာ ပြန်ဖြေလိုက်သည်။
“ မင်းက မင်းဘာသာ ထူးခြားတာပဲ ” ယွီကျန့်ဟိုင် မျက်နှာအထက် ရှားရှားပါးပါး ဝမ်းမြောက်နေသည့် အမူအရာမျိုး ရှိနေသည်။ သူက ဆက်ပြောလိုက်၏။
“ ငါ အံ့ဖွယ်မြို့တော်ကို ပြားပြားဝပ်သွားအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ရင် မင်း ဘာလုပ်မလဲ ”
“ ကျွန်တော် အပြည့်အဝ ထောက်ခံပေးပါ့မယ်”
ယွီကျန့်ဟိုင်က အားရပါးရ ရယ်မောကာ “မင်းက ငါ့ကို ကောင်းကောင်းသိတာပဲ ”
“ အာ့ရှစ်ရှိုးက တာ့ရှစ်ရှိုးကို သတင်းစကားပါးခိုင်းလိုက်ပါတယ်။ သူက တာ့ရှစ်ရှိုးကိစ္စတွေမှာ ဝင်ပါဖို့ စိတ်ကူးမရှိပေမဲ့ တာ့ရှစ်ရှိုးလည်း သူ့ကိစ္စတွေမှာ ဝင်မပါရင် အကောင်းဆုံးပါတဲ့ ပြောခိုင်းလိုက်ပါတယ်”
စီးဝူယာ့က စကားကို အပြည့်အဝ ပြောလိုက်သည်။
“သူက အရင်လိုပဲ …” ယွီကျန့်ဟိုင်က ခေါင်းခါကာ “ သူ့အကြောင်း ထားလိုက်ပါတော့။ အခု ရှစ်တိဝူယာ့က ဒီအထိ ရောက်လာတာဆိုတော့ ကျန်တာတွေ ဘေးဖယ်ထားလိုက်။ ဒီကို သေရည်ယူခဲ့ကြ ”
သူ့နောက်ရှိ လက်အောက်ခံနှစ်ယောက်က သေရည်မြန်မြန် သွားယူကာ စားပွဲပြင်ပေးလိုက်သည်။
စီးဝူယာ့က ပြောစရာပင် မဲ့နေလေပြီ။ သူ့တာ့ရှစ်ရှိုးက သောက်ရသည်ကို ကြိုက်နှစ်သက်ကြောင်း သိထားလေသည်။ တာ့ရှစ်ရှိုးကို ငြင်းဆန်ဖို့ သိပ်မကောင်းလှပေ။
သေရည်သုံးခွက်လောက် သောက်ပြီးနောက် ယွီကျန့်ဟိုင်က မေးလိုက်သည်။
“ချီရှစ်တိ ဒီကို ဘယ်လိုကြောင့် ရောက်လာတာလဲ”
စီးဝူယာ့က သေရည်ခွက်ကို ချကာ သေတ္တာကို လက်ညိုးထိုးပြလိုက်ရင်း “ရှစ်စွင်းရဲ့ သေတ္တာ ”
ယွီကျန့်ဟိုင်က ထိုအကြောင်းကြားလိုက်သည့်အခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
“ ငါ ကျင့်ကြံပြီး ထွက်လာတော့ ရှစ်စွင်းက အဆင့်မြင့် ကျင့်ကြံသူဆယ်ယောက်ကို တစ်ယောက်တည်း မောင်းထုတ်လိုက်တယ်လို့ ကြားတယ်။ သူက မိစ္ဆာဝေဟင်မျှော်နန်းမှာ နေနေတာမလား။ ဒီသေတ္တာနဲ့ ဘာကိစ္စရှိလို့လဲ ”
“ ဒီသေတ္တာက အရမ်းထူးဆန်းတယ်။ ကောင်းကင်အဆင့် လက်နက်တွေတောင် မယှဉ်နိုင်ဘူး … ဖွင့်ဖို့အတွက် လက်နက်ခြောက်ခု လိုတယ်။ အခု လိုတာဆိုလို့ ရှစ်စွင်းရဲ့ နဂါးသွဲ့ကျောက်ဓားနဲ့ လျိုရှစ်ကျဲရဲ့ မာယာကျော့ကွင်းပဲ။ မာယာကျော့ကွင်းက လက်ရှိ ရှစ်စွင်းဆီမှာ … ”
ယွီကျန့်ဟိုင်က ပြောလိုက်သည် “ ရှစ်စွင်းဆီမှာ ရတနာတွေအများကြီး ရှိရက်သားနဲ့ ဒီထူးခြားတာမျိုးကို လာပတ်သက်နေသေးတယ်။ အထဲမှာ ဘာပါလဲ သိလား ”
စီးဝူယာ့က ခေါင်းခါကာ “ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ အဖိုးတန်လေလေ ကျွန်တော်တို့ ဖွင့်ကြည့်ဖို့ ကောင်းလေလေပဲ။ ရတနာတွေကို ပိတ်လှောင်မထားသင့်ဘူး။ တကယ်လို့ တာ့ရှစ်ရှိုး အံ့ဖွယ်မြို့တော်ကို ဖျက်စီးပစ်ချင်ရင် ရတနာတွေ တတ်နိုင်သမျှ များများရှိထားတာ အကောင်းဆုံးပဲ ”
“ မင်းပြောတာ မှန်တယ်” ယွီကျန့်ဟိုင်က ညာဘက်လက်ကို အသာမြောက်လိုက်သည့်အခါ ရထားလုံးပျံအတွင်း အလင်းတစ်ချက် လက်သွားသည်။ နဂါးသွဲ့ကျောက်ဓားက သူ့လက်ထဲပေါ်လာသည်။
“မြောင်းရာထဲ ထည့်လိုက်ပါ။ အလိုလို လုပ်ဆောင်သွားပါလိမ့်မယ် ” စီးဝူယာ့က မြောင်းရာတစ်ခုကို ညွှန်ပြလိုက်သည်။
သို့သော်လည်း ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားကို မထည့်ဘဲ သေတ္တာပေါ်ရှိ သင်္ကေတများကို ကြည့်လိုက်သည်။
“ အာ့ရှစ်ရှိုးလည်း ရွေးချယ်ပြီးသွားပြီပဲ။ မင်းလည်း လုပ်ပြီးသွားပြီ။ တကယ်လို့ ငါ မဖွင့်ဘူးပြောရင် မင်း ဘာလုပ်မလဲ ”
စီးဝူယာ့က မျှော်မှန်းထားပြီးသား ကိစ္စကဲ့သို့ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူက ဖြေလိုက်၏။
“ဒီသေတ္တာကို စစ်ရှစ်ရှိုး တောင်အောက်ကို ယူလာတာပါ။ သူ့ဆီမှာ ချိတ်ကောက်နဲ့ တူတဲ့ ကောင်းကင်အဆင့် လက်နက်တစ်ခုရှိတယ်။ ပြီးတော့ စစ်ရှစ်ရှိုးက ကျွန်တော်ကို ခုနှစ်ရက် အချိန်ပေးလိုက်တယ်။ တကယ်လို့ သေတ္တာ ပိတ်လျက်သားရှိနေတယ်ဆိုရင်တော့ ရှစ်စွင်း ဒေါသထွက်လောက်မယ် တူတယ် ”
“ လူတစ်ယောက် အသက်ကြီးလာတဲ့အခါ ရူးလာတာပဲ ” ယွီကျန့်ဟိုင်က လက်ချောင်းအသာခါရင်း ပြောလိုက်သည်။
တင်
နဂါးသွဲ့ကျောက်ဓားက လေထဲ ဝေ့ယမ်းနေသည်။ သို့သော်လည်း သေတ္တာ၏ မြောင်းရာထဲ မဝင်ပေ။ ထို့အစား ရထားလုံးပျံအောက် စုစည်းနေကြသည့် ကျင့်ကြံသူအုပ်စုဆီ ပျံသန်းသွားသည်။
စီးဝူယာ့က တအံ့တဩဖြင့် ငုံ့ကြည့်လိုက်ကာ “ မိုးပြာနဂါးရဲ့ ဌာနချုပ်လား ”
...
Zawgyi
အခန္း (၁၃၄) တာ့ရွစ္ရွိုးရဲ႕ မိတ္ေဆြရင္း
လုက်ိဳးက စနစ္၏ အသိေပးခ်က္ကို ၾကားလိုက္ရသည့္အခါ အနည္းငယ္ အံ့အားသင့္သြားမိ၏။ က်ိထ်န္းေတာက္က သူ႕တပည့္မ်ားကို သူတို႔က်င့္စဥ္မ်ား သင္ၾကားေပးခဲ့စဥ္အခါက အခ်က္အလက္မ်ားစြာ ထိန္ခ်န္ထားခဲ့သည္။ သူတို႔က်င့္ႀကံဆင့္ကို ဖိႏွိပ္ထားသည့္အျပင္ လက္နက္ပိုင္ဆိုင္မႈကိုလည္း ကန႔္သတ္ထားခဲ့၏။
လုက်ိဳး၏ တပည့္မ်ားက သူ႕အေနႏွင့္ သူတို႔ က်င့္ႀကံေရး တိုးတက္မႈကို ဆက္လက္ဖိႏွိပ္ထားျခင္း မရွိေတာ့သည္ကို ျမင္လိုက္ရသည့္အခါ ပုံမွန္အားျဖင့္ အံ့ဩသြားၾကသည္။
က်င့္စဥ္မ်ားကို ၿပီးျပည့္စုံေအာင္ ျပင္ဆင္ေပးၿပီးေနာက္ လုက်ိဳးက စုတ္တံကို ခ်လိဳက္သည္။ သူက မုတ္ဆိတ္ေမြးကို သပ္ကာ မင္းတို႔ က်င့္စဥ္ေတြကို ျပင္ဆင္ေပးထားတယ္။ ငါ့ကို စိတ္မပ်က္ေစနဲ႕
တပည့္သုံးေယာက္က ၿပိဳင္တူ ဒူးေထာက္ကာ ရွစ္စြင္းကို စိတ္မပ်က္ေစရပါဘူး
ထိုစဥ္ အံ့ဖြယ္ၿမိဳ႕ေတာ္၌
ေတာ္ဝင္မိသားစု၏ ရထားလုံးပ်ံက အံ့ဖြယ္ၿမိဳ႕ေတာ္၏ မင္းသားခ်ီအိမ္ေတာ္မွ ျဖည္းျဖည္းခ်င္း ျမင့္တက္လာသည္။ ရထားလုံးပ်ံကို က်င့္ႀကံသူမ်ားစြာ ၿခံရံထားသည္။ သူတို႔က ေဘးပတ္လည္တြင္ အစီအရင္တစ္ခု ခင္းက်င္းထားေလ၏။ ရထားလုံးပ်ံက ပ်ံသန္းသြားေသာေၾကာင့္ မင္းသားခ်ီ အိမ္ေတာ္၏ အလံက ေလထဲ တလႊင့္လႊင့္ ျဖစ္ေနေလသည္။
စီးဝူယာ့က ထိုအရာကို ျမင္လိုက္သည့္အခါ ခပ္ယဲ့ယဲ့ ၿပဳံးကာ တာ့ရွစ္ရွိုးက တကယ္ကို သတၱိေကာင္းၿပီးေတာ့ အရည္အခ်င္းရွိတာပဲ။ သူက မင္းသားခ်ီ အိမ္ေတာ္ဆီ သြားမယ္လို႔ ေတြးမထားမိဘူး
ဂိုဏ္းခ်ဳပ္ ကြၽန္ေတာ္တို႔ လိုက္ဖမ္းလိုက္ရမလား
မလိုဘူး။ ဒီမွာပဲ ေစာင့္ေန
နားလည္ပါၿပီ
စီးဝူယာ့က ေလွ်ာက္လွမ္းလာသည္။ သူက လွ်ို႔ဝွက္ဆန္းၾကယ္ ေသတၱာကို လက္တြင္ ကိုင္ေဆာင္ရင္း ရထားလုံးပ်ံအထိ ပ်ံသန္းလာေလ၏။
ရထားလုံးပ်ံက ႀကီးမားလွသည္။ ပုံမွန္အားျဖင့္ ရထားလုံးပ်ံမ်ားကို ခမ္းနားႀကီးက်ယ္မႈႏွင့္ သက္ေသာင့္သက္သာျဖစ္မႈ၊ အျမန္ႏႈန္းစသည္တို႔ကို အေလးေပးၾကသည္။
စီးဝူယာ့က လိုက္မီဖို႔ သိပ္မခက္ခဲေပ။
အံ့ဖြယ္ၿမိဳ႕ေတာ္ရွိ လူမ်ားက ေတာ္ဝင္မိသားစု ရထားလုံးပ်ံကို ျမင္ေတြ႕ေနက် ျဖစ္ေနေလၿပီ။
အနက္ေရာင္ဝတ္႐ုံႏွင့္ လူလတ္အ႐ြယ္ အမ်ိဳးသားက ရထားလုံးပ်ံေရွ႕ ရပ္ေနသည္။ သူက သူ႕ေအာက္ရွိ ကုန္းေျမအား ေလ့လာေစာင့္ၾကည့္ေနေလ၏။
သူ႕ေနာက္ရွိ အမ်ိဳးသမီး က်င့္ႀကံသူတစ္ဦးက ဦးၫႊတ္ကာ ေျပာလိုက္သည္
ဂိုဏ္းခ်ဳပ္ ကြၽန္မတို႔ အံ့ဖြယ္ၿမိဳ႕ေတာ္ကေန ပင္းတုေတာင္ဆီ ေရာက္ဖို႔ ေျခာက္နာရီေလာက္ ၾကာပါလိမ့္မယ္။ သြားအနားယူေနသင့္ပါတယ္
လူလတ္အ႐ြယ္ အမ်ိဳးသားက အံ့ဖြယ္ၿမိဳ႕ေတာ္အား လက္ညိုးထိုးကာ ငါ ပင္းတုေတာင္ကေန ထြက္လာတာေတာင္ နည္းနည္းၾကာသြားၿပီ။ ျမစ္နဲ႕ ေတာင္တန္း သဘာဝအလွကို ခံစားပါရေစဦး
နားလည္ပါၿပီ
မင္း ဒီရထားလုံးပ်ံေပၚမွာ ရွိေနတဲ့အခါ အရာအားလုံးကို အတင္းက်ပ္ယူထားသလို ခံစားရလိမ့္မယ္။ ထိပ္မွာရပ္ေနရင္ အံ့ဖြယ္ၿမိဳ႕ေတာ္ကေန မင္းေျခရင္းမွာ ေရာက္ေနလိမ့္မယ္ လူလတ္အ႐ြယ္ အမ်ိဳးသားက ျဖည္းျဖည္းခ်င္း ေျပာလိုက္သည္။
ဂိုဏ္းခ်ဳပ္ေျပာတာ အမွန္ပါပဲ
ထားပါေတာ့။ မင္းက ပ်င္းစရာေကာင္းတယ္ သူက ေျပာလိုက္ၿပီးေနာက္ သူ႕ဘာသာ ေတြးလိုက္သည္။
ငါ ဘာေျပာေျပာ သူတို႔က ဦးၫြတ္ၿပီး သေဘာတူပါတယ္ ေျပာမွာပဲ။ ဘယ္သူကမွ ကိုယ္ပိုင္အျမင္ မရွိၾကဘူး။ ပ်င္းစရာႀကီး
ဂိုဏ္းခ်ဳပ္ တစ္ေယာက္ေယာက္ ခ်ဥ္းကပ္လာပါတယ္ အနီးအနားမွ အသံတစ္သံ ထြက္ေပၚလာသည္။
လူလတ္အ႐ြယ္ အမ်ိဳးသားက မထူးမျခားနား ေခါင္းခါကာ သတ္လိုက္
အဲဒီလူက အရမ္းအားေကာင္းတယ္။ ၿပီးေတာ့ ဂိုဏ္းခ်ဳပ္နဲ႕ ေတြ႕ကိုေတြ႕ရမယ္လို႔ ေျပာေနပါတယ္
စိတ္ဝင္စားစရာပဲ လူလတ္အ႐ြယ္ အမ်ိဳးသားက ရထားလုံးပ်ံေဘးဘက္သို႔ လက္ေနာက္ပစ္လ်က္ ေလွ်ာက္လာလိုက္သည္။ သူက အေစာင့္ေတြ ဝိုင္းထားကာ လွ်ို႔ဝွက္ဆန္းၾကယ္ ေသတၱာကိုင္ေဆာင္ထားသည့္ အမ်ိဳးသားတစ္ေယာက္ကို ျမင္လိုက္ရသည္။
လူလတ္အ႐ြယ္ အမ်ိဳးသား၏ အေစာင့္ငါးေယာက္က ရထားလုံးပ်ံပတ္လည္ ေလွ်ာက္ကာ အသစ္ေရာက္လာသူအား ေစာင့္ၾကပ္ေနၾကသည္။
တာ့ရွစ္ရွိုး မေတြ႕ရတာ ၾကာၿပီ စီးဝူယာ့က ေျပာလိုက္သည္။
သူ႕ကို ဝင္ခိုင္းလိုက္
နားလည္ပါၿပီ ကာကြယ္သူငါးေယာက္က ေဘးဖယ္ေပးလိုက္ၾကသည္။
စီးဝူယာ့က လွ်ပ္တစ္ျပက္အတြင္း ရထားလုံးပ်ံအတြင္း ေဘးကင္းကင္း ေရာက္သြားေလၿပီ။
တာ့ရွစ္ရွိုးကို ဂါရဝျပဳပါတယ္ စီးဝူယာ့က လက္ေဝ့လိုက္သည့္အခါ လွ်ို႔ဝွက္ဆန္းၾကယ္ ေသတၱာက ရထားလုံးပ်ံထဲ ျဖည္းျဖည္းခ်င္း က်လာသည္။ သူက လူလတ္အ႐ြယ္ အမ်ိဳးသားအား ဦးၫႊတ္လိုက္၏။
ဤလူလတ္အ႐ြယ္အမ်ိဳးသားက မိစ္ဆာေဝဟင္ေမွ်ာ္နန္း၏ ပထမတပည့္ ယြီက်န႔္ဟိုင္သာ ျဖစ္၏။ သူက ငရဲဂိုဏ္း၏ ဂိုဏ္းခ်ဳပ္လည္း ျဖစ္ေပသည္။
ယြီက်န႔္ဟိုင္က စီးဝူယာ့ကို ၾကည့္ကာ မင္းက အၿမဲအလုပ္ရႈပ္ေနတာမလား။ ဒီေန႕ အံ့ဖြယ္ၿမိဳ႕ေတာ္အထိ ငါ့ဆီ ေရာက္လာဖို႔ ဘယ္လိုမ်ား အခ်ိန္ရလာတာလဲ
တာ့ရွစ္ရွိုးက ေနာက္ေနတာပဲ။ မဟူရာကြန္ယက္က အလုပ္အမ်ားႀကီးရွိတယ္လို႔ မေျပာနိုင္ပါဘူး။ တာ့ရွစ္ရွိုးကသာ အေဝးႀကီး ခရီးသြားေနရတာပဲ။ ပင္းတုေတာင္ကေန ထြက္လာၿပီး မင္းသားခ်ီအိမ္ေတာ္ကို ကိုယ္တိုင္ကိုယ္က် လာေတြ႕တာပဲ စီးဝူယာ့က ေျပာလိုက္သည္။
လက္ေအာက္ခံႏွစ္ေယာက္က ရထားလုံးပ်ံ ကုန္းပတ္ေပၚ၌ ထိုင္ခုံႏွစ္လုံး ျမန္ျမန္ ျပင္ဆင္ေပးသည္။ ယြီက်န႔္ဟိုင္က စီးဝူယာ့ကို ထိုင္ဖို႔ ၫႊန္ျပလိုက္သည္။
မင္းရဲ႕ အာ့ရွစ္ရွိုးက ငါ့လူတစ္ေယာက္ကို သတ္သြားတယ္ေလ။ ငါသာ ကိုယ္တိုင္မလာရင္ သူ႕ေဒါသအရ ငါ့လူေတြ ထပ္ဆုံးရႈံးရေလာက္တယ္ ယြီက်န႔္ဟိုင္က ယြီရွန္း႐ုန္အေၾကာင္း ေျပာသည့္အခါ အသံက တစ္မ်ိဳးျဖစ္ေနေလသည္။
တာ့ရွစ္ရွိုး စိတ္ေအးေအးထားပါ။ သူက ဓား႐ူး ခ်န္းဝမ္က်ဲကို သတ္လိုက္တာက သူက ငရဲဂိုဏ္းနဲ႕ အေပၚယံ ပူးေပါင္းေနသလိုလိုနဲ႕ ေနာက္ကြယ္မွာ ယြင္၊ ထ်န္းနဲ႕ ေလာ့ဂိုဏ္းတို႔နဲ႕ တိတ္တဆိတ္ ဆက္သြယ္ေနလို႔ပါ။ အာ့ရွစ္ရွိုးက တာ့ရွစ္ရွိုးကို အမွိုက္ကူရွင္းေပးလိုက္တာပါ။ ကိစၥေကာင္းတစ္ခုပါ
စီးဝူယာ့က ေျပာလိုက္သည္။
ယြီက်န႔္ဟိုင္က မထူးမျခားနားေျပာလိုက္သည္။
ငါလည္း ခ်န္းဝမ္က်ဲအေၾကာင္း သိထားတယ္။ သူက နယ္႐ုပ္တစ္ခုပဲ။ အနည္းဆုံးေတာ့ ငါက က်င့္မင္တာအိုဂိုဏ္းရဲ႕ ပညာရွင္ေတြကို လူသိရွင္ၾကား ကန႔္သတ္ထားနိုင္တာေပါ့။ မင္းရဲ႕ အာ့ရွစ္ရွိုးက ခင္ဖို႔ေကာင္းတဲ့လူဆိုေပမဲ့ တုံးတယ္။ သူ႕စိတ္က ရိုးရွင္းလြန္းတယ္။ ငါ့အေတြးေတြကို ဘယ္ေတာ့မွ ေဖာ္ထုတ္နိုင္မွာ မဟုတ္ဘူး
တာ့ရွစ္ရွိုးေျပာတာ မွန္ပါတယ္ စီးဝူယာ့က အၿပဳံးေလးႏွင့္ ေျပာလိုက္သည္။
ေလာင္ခ်ီ မင္းကို တစ္ခုေမးဦးမယ္
တာ့ရွစ္ရွိုး ႀကိဳက္တာေမးပါ။ ကြၽန္ေတာ္ သိထားသမွ် ေျပာျပပါ့မယ္ စီးဝူယာ့က သဘာဝအတိုင္း ေျပာလိုက္သည္။
မင္း အၿမဲတမ္း အေျမာ္အျမင္ရွိတဲ့လူဆိုေတာ့ မင္းရဲ႕ အာ့ရွစ္ရွိုးကို မွန္တယ္ ထင္လား ယြီက်န႔္ဟိုင္က ေမးလိုက္သည္။
အာ့ရွစ္ရွိုးက မွားေနတာပါ စီးဝူယာ့က ခပ္တည္တည္သာ ျပန္ေျဖလိုက္သည္။
မင္းက မင္းဘာသာ ထူးျခားတာပဲ ယြီက်န႔္ဟိုင္ မ်က္ႏွာအထက္ ရွားရွားပါးပါး ဝမ္းေျမာက္ေနသည့္ အမူအရာမ်ိဳး ရွိေနသည္။ သူက ဆက္ေျပာလိုက္၏။
ငါ အံ့ဖြယ္ၿမိဳ႕ေတာ္ကို ျပားျပားဝပ္သြားေအာင္ လုပ္ဖို႔ ဆုံးျဖတ္လိုက္ရင္ မင္း ဘာလုပ္မလဲ
ကြၽန္ေတာ္ အျပည့္အဝ ေထာက္ခံေပးပါ့မယ္
ယြီက်န႔္ဟိုင္က အားရပါးရ ရယ္ေမာကာ မင္းက ငါ့ကို ေကာင္းေကာင္းသိတာပဲ
အာ့ရွစ္ရွိုးက တာ့ရွစ္ရွိုးကို သတင္းစကားပါးခိုင္းလိုက္ပါတယ္။ သူက တာ့ရွစ္ရွိုးကိစၥေတြမွာ ဝင္ပါဖို႔ စိတ္ကူးမရွိေပမဲ့ တာ့ရွစ္ရွိုးလည္း သူ႕ကိစၥေတြမွာ ဝင္မပါရင္ အေကာင္းဆုံးပါတဲ့ ေျပာခိုင္းလိုက္ပါတယ္
စီးဝူယာ့က စကားကို အျပည့္အဝ ေျပာလိုက္သည္။
သူက အရင္လိုပဲ ယြီက်န႔္ဟိုင္က ေခါင္းခါကာ သူ႕အေၾကာင္း ထားလိုက္ပါေတာ့။ အခု ရွစ္တိဝူယာ့က ဒီအထိ ေရာက္လာတာဆိုေတာ့ က်န္တာေတြ ေဘးဖယ္ထားလိုက္။ ဒီကို ေသရည္ယူခဲ့ၾက
သူ႕ေနာက္ရွိ လက္ေအာက္ခံႏွစ္ေယာက္က ေသရည္ျမန္ျမန္ သြားယူကာ စားပြဲျပင္ေပးလိုက္သည္။
စီးဝူယာ့က ေျပာစရာပင္ မဲ့ေနေလၿပီ။ သူ႕တာ့ရွစ္ရွိုးက ေသာက္ရသည္ကို ႀကိဳက္ႏွစ္သက္ေၾကာင္း သိထားေလသည္။ တာ့ရွစ္ရွိုးကို ျငင္းဆန္ဖို႔ သိပ္မေကာင္းလွေပ။
ေသရည္သုံးခြက္ေလာက္ ေသာက္ၿပီးေနာက္ ယြီက်န႔္ဟိုင္က ေမးလိုက္သည္။
ခ်ီရွစ္တိ ဒီကို ဘယ္လိုေၾကာင့္ ေရာက္လာတာလဲ
စီးဝူယာ့က ေသရည္ခြက္ကို ခ်ကာ ေသတၱာကို လက္ညိုးထိုးျပလိုက္ရင္း ရွစ္စြင္းရဲ႕ ေသတၱာ
ယြီက်န႔္ဟိုင္က ထိုအေၾကာင္းၾကားလိုက္သည့္အခါ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။
ငါ က်င့္ႀကံၿပီး ထြက္လာေတာ့ ရွစ္စြင္းက အဆင့္ျမင့္ က်င့္ႀကံသူဆယ္ေယာက္ကို တစ္ေယာက္တည္း ေမာင္းထုတ္လိုက္တယ္လို႔ ၾကားတယ္။ သူက မိစ္ဆာေဝဟင္ေမွ်ာ္နန္းမွာ ေနေနတာမလား။ ဒီေသတၱာနဲ႕ ဘာကိစၥရွိလို႔လဲ
ဒီေသတၱာက အရမ္းထူးဆန္းတယ္။ ေကာင္းကင္အဆင့္ လက္နက္ေတြေတာင္ မယွဥ္နိုင္ဘူး ဖြင့္ဖို႔အတြက္ လက္နက္ေျခာက္ခု လိုတယ္။ အခု လိုတာဆိုလို႔ ရွစ္စြင္းရဲ႕ နဂါးသြဲ႕ေက်ာက္ဓားနဲ႕ လ်ိဳရွစ္က်ဲရဲ႕ မာယာေက်ာ့ကြင္းပဲ။ မာယာေက်ာ့ကြင္းက လက္ရွိ ရွစ္စြင္းဆီမွာ
ယြီက်န႔္ဟိုင္က ေျပာလိုက္သည္ ရွစ္စြင္းဆီမွာ ရတနာေတြအမ်ားႀကီး ရွိရက္သားနဲ႕ ဒီထူးျခားတာမ်ိဳးကို လာပတ္သက္ေနေသးတယ္။ အထဲမွာ ဘာပါလဲ သိလား
စီးဝူယာ့က ေခါင္းခါကာ ကြၽန္ေတာ္လည္း မသိဘူး။ ဒါေပမဲ့ အဖိုးတန္ေလေလ ကြၽန္ေတာ္တို႔ ဖြင့္ၾကည့္ဖို႔ ေကာင္းေလေလပဲ။ ရတနာေတြကို ပိတ္ေလွာင္မထားသင့္ဘူး။ တကယ္လို႔ တာ့ရွစ္ရွိုး အံ့ဖြယ္ၿမိဳ႕ေတာ္ကို ဖ်က္စီးပစ္ခ်င္ရင္ ရတနာေတြ တတ္နိုင္သမွ် မ်ားမ်ားရွိထားတာ အေကာင္းဆုံးပဲ
မင္းေျပာတာ မွန္တယ္ ယြီက်န႔္ဟိုင္က ညာဘက္လက္ကို အသာေျမာက္လိုက္သည့္အခါ ရထားလုံးပ်ံအတြင္း အလင္းတစ္ခ်က္ လက္သြားသည္။ နဂါးသြဲ႕ေက်ာက္ဓားက သူ႕လက္ထဲေပၚလာသည္။
ေျမာင္းရာထဲ ထည့္လိုက္ပါ။ အလိုလို လုပ္ေဆာင္သြားပါလိမ့္မယ္ စီးဝူယာ့က ေျမာင္းရာတစ္ခုကို ၫႊန္ျပလိုက္သည္။
သို႔ေသာ္လည္း ယြီက်န႔္ဟိုင္က နဂါးသြဲ႕ေက်ာက္ဓားကို မထည့္ဘဲ ေသတၱာေပၚရွိ သေကၤတမ်ားကို ၾကည့္လိုက္သည္။
အာ့ရွစ္ရွိုးလည္း ေ႐ြးခ်ယ္ၿပီးသြားၿပီပဲ။ မင္းလည္း လုပ္ၿပီးသြားၿပီ။ တကယ္လို႔ ငါ မဖြင့္ဘူးေျပာရင္ မင္း ဘာလုပ္မလဲ
စီးဝူယာ့က ေမွ်ာ္မွန္းထားၿပီးသား ကိစၥကဲ့သို႔ ခပ္ယဲ့ယဲ့ ၿပဳံးလိုက္သည္။ သူက ေျဖလိုက္၏။
ဒီေသတၱာကို စစ္ရွစ္ရွိုး ေတာင္ေအာက္ကို ယူလာတာပါ။ သူ႕ဆီမွာ ခ်ိတ္ေကာက္နဲ႕ တူတဲ့ ေကာင္းကင္အဆင့္ လက္နက္တစ္ခုရွိတယ္။ ၿပီးေတာ့ စစ္ရွစ္ရွိုးက ကြၽန္ေတာ္ကို ခုႏွစ္ရက္ အခ်ိန္ေပးလိုက္တယ္။ တကယ္လို႔ ေသတၱာ ပိတ္လ်က္သားရွိေနတယ္ဆိုရင္ေတာ့ ရွစ္စြင္း ေဒါသထြက္ေလာက္မယ္ တူတယ္
လူတစ္ေယာက္ အသက္ႀကီးလာတဲ့အခါ ႐ူးလာတာပဲ ယြီက်န႔္ဟိုင္က လက္ေခ်ာင္းအသာခါရင္း ေျပာလိုက္သည္။
တင္
နဂါးသြဲ႕ေက်ာက္ဓားက ေလထဲ ေဝ့ယမ္းေနသည္။ သို႔ေသာ္လည္း ေသတၱာ၏ ေျမာင္းရာထဲ မဝင္ေပ။ ထို႔အစား ရထားလုံးပ်ံေအာက္ စုစည္းေနၾကသည့္ က်င့္ႀကံသူအုပ္စုဆီ ပ်ံသန္းသြားသည္။
စီးဝူယာ့က တအံ့တဩျဖင့္ ငုံ႕ၾကည့္လိုက္ကာ မိုးျပာနဂါးရဲ႕ ဌာနခ်ဳပ္လား
...