အခန်း (၁၂၅) ယဲ့ထျန်းရှင်း၏ သေခြင်းတရား
လုကျိုးက လက်ကိုဝှေ့ယမ်းပြလိုက်၏။ သူသည် လက်နောက်ပစ်လျက် ခန်းဆောင်ထဲမှ ထွက်လာသည့်အချိန်တွင် အမျိုးသမီးကျင့်ကြံသူကိုတောင်မကြည့်ပေ။
ရှောင်ယွမ်အာ၊ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က သူ့နောက်မှာ နီးကပ်စွာလိုက်ပါလာကြ၏။
ခဏအကြာတွင် လုကျိုးက တောင်ပိုင်းမျှော်နန်းသို့ရောက်သွားတော့သည်။
ကျင့်ကြံသူအမျိုးသမီးအချို့ကမူ တောင်ပိုင်းမျှော်နန်း၏ဝင်ပေါက်တွင် သူ့ကို စောင့်ဆိုင်းနေပြီး ဖြစ်သည်။ လုကျိုးကို မြင်သည့်အချိန်၌ သူတို့ဒူးထောက်လိုက်ကြတော့သည်။
“နှုတ်ဆက်ပါတယ် မျှော်နန်းသခင်”
လုကျိုးက သူတို့ကို လျစ်လျူရှုလျက် ယဲ့ထျန်းရှင်းကိုသာ ထိန်းသိမ်းထားသည့်နေရာဆီသို့သာ တန်းသွားလိုက်သည်။ သူက လက်တစ်ချက်ရမ်းလိုက်ရာ စွမ်းအင်လှိုင်းတို့က တံခါးကို တွန်းဖွင့်လိုက်၏။
ယခုအချိန်တွင် ယဲ့ထျန်းရှင်းက အိပ်ရာပေါ်တွင်လှဲနေသည်။ သူမမျက်နှာက အင်မတန် ဖြူရော်နေကာ အသားအရည်နှင့် ဆံပင်တို့ကလည်း အဖြူအတိဖြစ်နေလေ၏။
အခန်းထဲရှိ အမျိုးသမီးကျင့်ကြံသူနှစ်ဦးက ထွက်မသွားခင် ဒူးထောက်လိုက်သည်။
ယဲ့ထျန်းရှင်းက ခက်ခက်ခဲခဲ မော့ကြည့်လေ၏။ သူမ၏ဆရာကို မြင်သည့်အချိန်တွင် ထရပ်ရန်ကြိုးစားသော်ငြား အဆုံးတွင်မူ အိပ်ရာပေါ်သာ ပြန်ကျသွား၏။
“ရှစ် ရှစ်စွင်း”
လုကျိုး၏အမူအရာက ထူးမခြားနားဖြစ်နေကာ သူက ပြောလိုက်သည်။ “မင်းကြားလား”
“ကျွန်မက သေသင့်တယ်။ ခွင့်လွှတ်မရနိုင်တဲ့အပြစ်တွေကိုကျူးလွန်ခဲ့တာသိပါတယ်"
ယဲ့ထျန်းရှင်းက ပြောပြီး ချောင်းများဆက်တိုက်ဆိုးကာ သွေးအန်တော့သည်။
အမျိုးသမီးကျင့်ကြံသူတစ်ဦးက ချက်ချင်းရှေ့သို့တိုးလာပြီး သူမကို ကူလိုက်သည်။
“ဒီတပည့်မှာ တောင်းဆိုစရာတစ်ခုရှိပါတယ်”
ယဲ့ထျန်းရှင်းက လုကျိုးတိတ်ဆိတ်နေတာကို မြင်သည့်အချိန်တွင် သူမ သတ္တိမွေးပြီး ဆက်ပြောလိုက်၏။
“ယွီလုံရွာအတွက် လက်စားချေဖို့ တပည့်ရဲ့လက်နဲ့ ဝေကျိုးယန်ကို သတ်ချင်ပါတယ်။ ပြီးရင် တပည့်ရဲ့အသက်နဲ့ အပြစ်အတွက် ချေပါ့မယ်”
ထိုစကားကို လုကျိုးကြားသည့်အချိန်တွင် သူက မုတ်ဆိတ်သပ်လိုက်လေ၏။ သူက အတတ်အကျမပါသောလေသံဖြင့်ပြောလိုက်သည်။
“မင်းရဲ့ကျင့်ကြံဆင့်က ပျက်စီးသွားပြီ။ ဝေကျိုးယန်ကို မင်း ဘယ်လိုသတ်မှာလဲ”
“အမ်း”
ယဲ့ထျန်းရှင်း၏ အမူအရာကသုန်မှုန်သွားလေ၏။ သူမ၏လက်ရှိအခြေအနေတွင် သေမျိုးတစ်ဦးကိုတောင် အနိုင်ယူနိုင်မှာမဟုတ်ပေ။ နက်နဲသောကျင့်ကြံဆင့်ရှိသည့် ဝေကျိုးယန်ဆိုလျှင် ပိုဆိုးမှာပဲဖြစ်၏။ လရောင်ဆွတ်မျှော်နန်း၏အမျိုးသမီးကျင့်ကြံသူများက သူမကို ကောင်းကောင်း ဂရုမစိုက်ထားလျှင် သူမ၏အခြေအနေက ပိုတောင်ဆိုးနေမှာပဲဖြစ်သည်။
“ယဲ့ထျန်းရှင်း” စိတ်မပါလက်မပါပြောလိုက်၏။
“မင်းရဲ့ဆရာကို သစ္စာဖောက်ခဲ့ပြီး ဂိုဏ်းချုပ်ကိုအသရေဖျက် မိစ္ဆာဝေဟင်မျှော်နန်းကို အားနည်းစေပြီး ပြစ်မှုတွေအများကြီးကျူးလွန်ခဲ့တယ်။ ငါ့ရဲ့ဂုဏ်သတင်းကို ဖျက်ဆီးခဲ့တာ မင်းဘာပြောချင်လဲ”
မင်ရှစ်ရင်က ထိုစကားကိုကြားသည့်အချိန်၌ ခေါင်းကုတ်လိုက်၏။ ရှစ်စွင်း ဘယ်ဂုဏ်သတင်းအကြောင်း ပြောနေတာလဲ။
ဆိုရလျှင် အပြင်လောက၌ ယဲ့ထျန်းရှင်းတစ်ဦးတည်းသာလျှင် မိစ္ဆာဝေဟင်မျှော်နန်း၏ ဂုဏ်သတင်းကို ဖျက်ဆီးသည့်သူမဟုတ်ပေ။ ဤနှစ်ပိုင်းအတွင်း ငရဲဂိုဏ်း၊ မဟူရာကွန်ယက်နှင့် လောင်ပါ့၏ကျားတောင်ရိုးဂိုဏ်းကတောင် သူတို့၏အပြုအမူများအားလုံးအတွက် မိစ္ဆာဝေဟင် မျှော်နန်းကို အပြစ်တင်ခဲ့သည်။
ယဲ့ထျန်းရှင်းက တလေးတစားပြောလိုက်၏။ “တပည့်ဘာမှပြောစရာမရှိပါဘူး။"
“ဒီလိုဆိုမှတော့ မင်းကို သေခွင့်ပေးမယ်”
“ဟမ်” လုကျိုးက လက်တစ်ဖက် ရုတ်တရက်မြှောက်ပြီး ယဲ့ထျန်းရှင်းကို ရိုက်ချလိုက်၏။
ထိုရုတ်တရက်ပေါ်ပေါက်လာသော အခြေအနေက အားလုံးကို မှင်သက်သွားစေ၏။
သိမ်မွေ့သောစွမ်းအင်လှိုင်းက ယဲ့ထျန်းရှင်းကို ရိုက်မိသွားသည်။ သူမ၏ကျင့်ကြံဆင့်ရှိနေခဲ့ သေးလျှင် ထိုစွမ်းအင်လှိုင်းက သူမကို ထိခိုက်စေမှာမဟုတ်ပေ။ သို့သော် ယခုအချိန်တွင် သူမ၌ ကျင့်ကြံဆင့်တို့ ရှိမနေတော့ချေ။ ထိုရိုက်ချက်က သူမအတွက်သေစေနိုင်၏။
ဘန်း
“ရှစ်စွင်း”
“ရှစ်စွင်း မလုပ်နဲ့”
ရှောင်ယွမ်အာ၊ မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့က သူတို့ဆရာရုတ်တရက် လှုပ်ရှားလိုက်မည်ဟု မထင်ထားပေ။ သူတို့က အင်မတန်ထိတ်လန့်သွားကြ၏။ သူတို့က သက်ညှာပေးရန်အော်ဟစ်တောင်းဆိုကြသော်ငြား နောက်ကျလွန်းသွားပြီဖြစ်သည်။
ယဲ့ထျန်းရှင်းက စွမ်းအင်လှိုင်း၏ သက်ရောက်မှုကြောင့်လွင့်ထွက်သွားတော့သည်။ ပြီးနောက် မြေကြီးပေါ်ဖုတ်ခနဲ ပြုတ်ကျသွားလေ၏။
“သူ့ကို ခေါ်လာခဲ့” လုကျိုးက မသိလိုက်မသိဖာသာ ပြောလိုက်၏။
“ဟုတ် ဟုတ်ကဲ့” အမျိုးသမီးကျင့်ကြံသူနှစ်ဦးက ကြောက်ကြောက်လန့်လန့်ဖြစ်နေကြ၏။ သူတို့က ယဲ့ထျန်းရှင်းကို အိပ်ရာပေါ်သို့ ကပျာကသီကူတွဲလိုက်၏။
လုကျိုးက လက်ရမ်းပြီးနောက် အိပ်ရာဆီသို့လျှောက်သွားကာ ယဲ့ထျန်းရှင်းကို ကြည့်လိုက်သည်။
တကယ်ပဲ သူ့ရဲ့စွမ်းအင်ဗဟိုချက်နဲ့ချီပင်လယ်ထဲမှာ ကနဦးချီတွေမရှိတော့ဘူး။
သူကလက်မြှောက်ပြီးနောက် ယဲ့ထျန်းရှင်း၏ နဖူးပေါ်တွင် လက်ဝါးကို တင်လိုက်သည်။
ထိုအရာကိုမြင်သောအခါ မင်ရှစ်ရင်နှင့်တွမ့်မူရှန်းတို့က ချက်ချင်းဒူးထောက်လိုက်၏။
“ရှစ်စွင်း”
လုကျိုးက လက်ကိုနှိပ်လိုက်လေ၏။ သို့သော် ယဲ့ထျန်းရှင်းကို အပြစ်ပေးရဦးမည်ဖြစ်သည်။ သူ၏လက်ဖဝါးကို နဖူးပေါ်ညင်သာစွာထားလိုက်၏။ ကနဦးချီတစ်စက သူမနားတွင် ရစ်ဝဲလာပြီးနောက် ထူးဆန်းသည့်အရာတစ်ခုဖြစ်သွားသည်။
ယဲ့ထျန်းရှင်း၏ အသားအရောင်က ထပ်မံပြောင်းလဲသွားသည်။ ယခုအချိန်တွင် သူမ၏အသားအရေက နဂါးသွေးကျောက်ပမာ တောက်ပနေလေ၏။ တစ်ချိန်တည်းတွင် သူမ၏ဆံပင်၊ လက်နှင့် တစ်ကိုယ်လုံးကကလေထဲတွင် ဖောက်ထွင်းမြင်ရသည့်ပမာ ပြောင်းလဲလာသည်။
“ဒါက” တွမ့်မူရှန်းက ထိတ်လန့်သွားသည်။
“အမှန်ပဲ။ ပိုင်” မင်ရှစ်ရင်က ခေါင်းညိမ့်လိုက်သည်။
“ဆရာက ဘာကြောင့်ဒါမျိုးလုပ်တာလဲ"
မင်ရှစ်ရင်သည် အခန်းထဲရှိအခြေအနေကို ထပ်ကြည့်ပြီးနောက် တွမ့်မူရှန်းနှင့်ရှောင်ယွမ်အာကို ဆွဲခေါ်သွားတော့သည်။ အပြင်သို့ရောက်သည့်အချိန်၌ သူက သက်ပြင်းချပြီးပြောလိုက်လေ၏။
“ရှစ်မေ့ထျန်းရှင်းမှာ ကြမ်းတမ်းတဲ့ဘဝတွေရှိခဲ့တယ်။ သူလွန်ခဲ့တဲ့နှစ်တွေတုန်းက မိစ္ဆာဝေဟင် မျှော်နန်းကို အကြောက်အလန့်ကင်းမဲ့ပြီး ဝင်ခဲ့တဲ့အချိန်တုန်းက သူမရဲ့ပါရမီက ထူးထူးခြားခြား မရှိခဲ့ဘူး။ ဒါပေမဲ့ သူမရဲ့ကျင့်စဉ်ကတော့ အစပေါင်းများစွာ တိုးတက်သွားတာ။ ယွီလုံရွာရဲ့ သတ်ဖြတ်ခံရမှုက သူမကို စိတ်အားတက်စေတာဖြစ်နိုင်တယ်။ ရှစ်မေ့ထျန်းရှင်းက အေးစက်ပြီး နှလုံးသားမဲ့တယ်။ ဒါပေမဲ့ ရှစ်စွင်းရဲ့မူတွေနဲ့ သဘောထားကို ဘယ်တော့မှ စောဒကမတက်ခဲ့ဘူး။ ဒါကြောင့် ရှစ်စွင်းက သူ့ကို မာယာကျော့ကွင်းချီးမြှင့်ခဲ့တာပဲ။ မာယာကျော့ကွင်းက တကယ်တော့ မာယာမဟုတ်ဘူး။ အဲ့ဒီအစား မုန်းတီးခြင်းရဲ့သင်္ကေတပဲ”
“ညီမ နားမလည်သေးဘူး” ရှောင်ယွမ်အာက ရေရွတ်ပြောလိုက်၏။
“ရှစ်မေ့ထျန်းရှင်းရဲ့ ကျင့်စဉ် မြန်မြန်ဆန်ဆန်တိုးတက်လာရခြင်းအကြောင်းအရင်းက သူမက ပိုင်လူမျိုးဖြစ်လို့ပဲ။ ရှေးယခင်တည်းက ပိုင်လူမျိုးတွေက ကျင့်ကြံဆင့်မှာ ပါရမီထူးခြားတယ်။ ရှစ်စွင်းရဲ့လက်ဝါးက သူ့အတွက် ထိခိုက်စေမှာ စိုးရိမ်ရတယ်”
“သူ့အတွက် ထိခိုက်စေမှာလား”
“ဒီလိုမဟုတ်လောက်ဘူး။ ရှစ်စွင်းသူ့ကိုသတ်ချင်တယ်ဆိုရင် ကျွန်တော်တို့တွေ သူ့ကိုဖမ်းပြီးတဲ့ အချိန်တည်းက သတ်လို့ရတာပဲ။ ဒီအချိန်ထိဘာလို့စောင့်မှာလဲ”
တွမ့်မူရှန်းနှင့် ရှောင်ယွမ်အာတို့က ဇဝေဇဝါဖြစ်သွားလေ၏။
မင်ရှစ်ရင်က ဆက်ပြောသည်။ “ရှစ်မေ့ထျန်းရှင်း သေသွားခဲ့ရင် သူ့ကိုယ်သူပဲ အပြစ်တင်ရမှာ။ ဒါက ဆရာ့ကိုသစ္စာဖောက်၊ ဂိုဏ်းချုပ်ကို အသရေဖျက်၊ မိစ္ဆာဝေဟင်မျှော်နန်းကနေထွက်သွားတာရဲ့ အကျိုးဆက်ပဲ။ အသက်ရှင်နေခဲ့ရင်တော့ သူမရဲ့ကံက မကုန်သေးဘူးလို့ ဆိုလိုတာပေါ့”
“ပိုင်လူမျိုးတွေက သူတို့ရဲ့အသက်ကို ထိန်းထားနိုင်တဲ့ အထူးစွမ်းရည်ရှိတာဖြစ်နိုင်တယ် လို့ပြောတာလား” တွမ့်မူရှန်းက ဇဝေဇဝါဖြင့်မေးလိုက်၏။
“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပိုင်လူမျိုးတွေအကြောင်း ကျွန်တော်များများစားစားမသိဘူး” မင်ရှစ်ရင်က ပြောလေ၏။
ရှောင်ယွမ်အာက နှုတ်ခမ်းစူလိုက်၏။
“ရှစ်ရှိုး ရှစ်ရှိုးရဲ့ စကားအရ ရှစ်ကျဲထျန်းရှင်းရဲ့ဘဝက ခက်ခဲခဲ့တဲ့ပုံပဲ”
ထိုစဉ် လုကျိုးသည် နောက်ဆုံး၌ အခန်းထဲမှ ထွက်လာတော့၏။ သူ၏အမူအရာက ခါတိုင်းကဲ့သို့ ထူးမခြားနားဖြစ်နေသေးဆဲပင်။
“ရှစ်စွင်း” တပည့်သုံးဦးသည် လုကျိုးကို မြင်သည့်အချိန်၌ တညီတညွတ်တည်း အရိုအသေပေး လိုက်သည်။
လုကျိုးက သူတို့သုံးဦးကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။
“သေခြင်း၊ ရှင်ခြင်းကို ကောင်းကင်ဘုံက ဆုံးဖြတ်တယ်” သူပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။
မင်ရှစ်ရင်က မစိုးရိမ်ပဲ မနေနိုင်ချေ။ သူသည် အခန်းထဲသို့ ချက်ချင်းဝင်သွားလိုက်၏။ အိပ်ရာပေါ်တွင် လှဲနေသော ယဲ့ထျန်းရှင်းကို မြင်ပြီး သူက ကမန်းကတန်းစစ်ဆေးလိုက်၏။ အရှိန်အဝါမရှိ၊ အငွေ့အသက်မရှိ၊ နှလုံးခုန်နှုန်းမရှိပေ။ သူ၏မျက်လုံးသည် အံ့ဩမှုကြောင့် ပြူးကျယ်သွားကာ နောက်ဆုတ်မိသွားသည်။
လရောင်ဆွတ်မျှော်နန်း၏ အမျိုးသမီးကျင့်ကြံသူနှစ်ဦးကလည်း မထိန်းချုပ်နိုင်တော့ပဲ ဒူးထောက်ကာ အိပ်ရာဘေးတွင် ငိုနေလေ၏။
မင်ရှစ်ရင်က ဒါကို မယုံကြည်နိုင်ချေ။ သူ၏ကနဦးချီကို လှည့်ပတ်ပြီး ယဲ့ထျန်းရှင်းသွေးကြောထဲသို့ သွင်းပေးလိုက်၏။
“ဟမ် ဒါကဘာလဲ” သူသည် ကနဦးချီများကို မည်မျှသွင်းစေကာမူ ယဲ့ထျန်းရှင်းက ကျောက်တုံးတစ်တုံးပမာ မလှုပ်ရှားဖြစ်နေသေးဆဲဖြစ်သည်။ သူ၏ကနဦးချီများက သူမ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ခြင်းမှ အပြည့်အဝပိတ်ဆို့ခံထားရသည်။
“ထူးကဲချီသွေးကြောရှစ်ကြောလုံးအပိတ်ခံထားရတယ်”
“ပိုင်လူမျိုးလား?” မင်ရှစ်ရင်သည် ကပျာကသီခေါင်းငုံ့ပြီး အမျိုးသမီးကျင့်ကြံသူနှစ်ဦးကို လှည့်ကြည့်လိုက်၏။ သူက နက်ရှိုင်းသောအသံဖြင့်မေးလိုက်လေသည်။
“ရှစ်စွင်း မထွက်သွားခင်တုန်းက တစ်ခုခုပြောသွားသေးလား?”
“မျှော်နန်းသခင် မျှော်နန်းသခင်ပြောတာက သေခြင်း ရှင်ခြင်းကို ကောင်းကင်ဘုံက ဆုံးဖြတ်တယ်။ နန်းတော်သခင်မ အသက်ရှင်မရှင်က သူ့ရဲ့ကံကြမ္မာပေါ်ပဲမူတည်တယ်”
မင်ရှစ်ရင်က သူ့ဖာသာသူရေရွတ်ပြောလိုက်သည်။
“ထင်တဲ့အတိုင်းပဲ”
ထိုစဉ် ချန်နဉ်ရှိ စစ်သူကြီးအိမ်တော်ထဲတွင်ဖြစ်သည်။
“စစ်သူကြီး နန်းတော်က စာတစ်စောင်ရောက်လာပါတယ်။ သတင်းပေးပို့သူ ပြောတာက ကိုယ်တိုင် ဖွင့်ကြည့်သင့်တယ်တဲ့"
ဝေကျိုးယန်က စာကို လက်ခံလိုက်၏။ သူက ဖွင့်ပြီးဂရုတစိုက်ဖတ်လိုက်သည်။ အကြောင်းအရာများကို ဖတ်ပြီးနောက် စားပွဲပေါ်ကို စာကိုရိုက်ချလိုက်၏။
ဘန်း
စာနှင့်စားပွဲက ချက်ချင်းပျက်စီးသွားသည်။
“အတင့်ရဲလိုက်တာ” ဝေကျိုးယန်၏မျက်လုံးက ဒေါသမီးများ တောက်လောင်နေတော့သည်။
ဝေကျိုးယန်၏ လက်အောက်ငယ်သားက ဂရုတစိုက်မေးလေ၏။ “စစ်သူကြီး ဘာက ဒေါသထွက်စေတာလဲ”
“အသေးအမွှားလေးပါပဲ” ဝေကျိုးယန်က လက်ယမ်းပြပြီးနောက် ပြောလိုက်၏။
“ငါ့အတွက် အကြောင်းပြန်ပေး။ ငါအကြောင်းကြားမယ်လို့ပြောလိုက်”
“နားလည်ပါပြီ” လက်အောက်ငယ်သားက ထွက်သွားတော့သည်။
ဝေကျိုးယန်က နှာမှုတ်ကာပြောလိုက်တော့သည်။
“စုန်းပညာရှင်တစ်ယောက်ကများ ငါ့ကို အမိန့်ပေးရဲတယ်။ ရယ်စရာကောင်းလိုက်လေခြင်း”
ပြီးနောက် သူက ဟိန်းဟောက်လိုက်၏။
“ရဲမက်တို့”
“ဟုတ်ကဲ့ စစ်သူကြီး”
“ငါ နေလို့မကောင်းဘူး။ စားသောက်ပွဲကို တက်ရောက်တော့မှာမဟုတ်ဘူး” ဝေကျိုးယန်က ပြောသည်။
“ဒါဆိုရင် အရှင်မင်းသားဘက်ကိုရော”
“ငါ မသွားဘူး”
“နားလည်ပါပြီ”
...
Zawgyi
အခန္း (၁၂၅) ယဲ့ထ်န္းရွင္း၏ ေသျခင္းတရား
လုက်ိဳးက လက္ကိုေဝွ႕ယမ္းျပလိုက္၏။ သူသည္ လက္ေနာက္ပစ္လ်က္ ခန္းေဆာင္ထဲမွ ထြက္လာသည့္အခ်ိန္တြင္ အမ်ိဳးသမီးက်င့္ႀကံသူကိုေတာင္မၾကည့္ေပ။
ေရွာင္ယြမ္အာ၊ မင္ရွစ္ရင္ႏွင့္ တြမ့္မူရွန္းတို႔က သူ႕ေနာက္မွာ နီးကပ္စြာလိုက္ပါလာၾက၏။
ခဏအၾကာတြင္ လုက်ိဳးက ေတာင္ပိုင္းေမွ်ာ္နန္းသို႔ေရာက္သြားေတာ့သည္။
က်င့္ႀကံသူအမ်ိဳးသမီးအခ်ိဳ႕ကမူ ေတာင္ပိုင္းေမွ်ာ္နန္း၏ဝင္ေပါက္တြင္ သူ႕ကို ေစာင့္ဆိုင္းေနၿပီး ျဖစ္သည္။ လုက်ိဳးကို ျမင္သည့္အခ်ိန္၌ သူတို႔ဒူးေထာက္လိုက္ၾကေတာ့သည္။
ႏႈတ္ဆက္ပါတယ္ ေမွ်ာ္နန္းသခင္
လုက်ိဳးက သူတို႔ကို လ်စ္လ်ဴရႈလ်က္ ယဲ့ထ်န္းရွင္းကိုသာ ထိန္းသိမ္းထားသည့္ေနရာဆီသို႔သာ တန္းသြားလိုက္သည္။ သူက လက္တစ္ခ်က္ရမ္းလိုက္ရာ စြမ္းအင္လွိုင္းတို႔က တံခါးကို တြန္းဖြင့္လိုက္၏။
ယခုအခ်ိန္တြင္ ယဲ့ထ်န္းရွင္းက အိပ္ရာေပၚတြင္လွဲေနသည္။ သူမမ်က္ႏွာက အင္မတန္ ျဖဴေရာ္ေနကာ အသားအရည္ႏွင့္ ဆံပင္တို႔ကလည္း အျဖဴအတိျဖစ္ေနေလ၏။
အခန္းထဲရွိ အမ်ိဳးသမီးက်င့္ႀကံသူႏွစ္ဦးက ထြက္မသြားခင္ ဒူးေထာက္လိုက္သည္။
ယဲ့ထ်န္းရွင္းက ခက္ခက္ခဲခဲ ေမာ့ၾကည့္ေလ၏။ သူမ၏ဆရာကို ျမင္သည့္အခ်ိန္တြင္ ထရပ္ရန္ႀကိဳးစားေသာ္ျငား အဆုံးတြင္မူ အိပ္ရာေပၚသာ ျပန္က်သြား၏။
ရွစ္ ရွစ္စြင္း
လုက်ိဳး၏အမူအရာက ထူးမျခားနားျဖစ္ေနကာ သူက ေျပာလိုက္သည္။ မင္းၾကားလား
ကြၽန္မက ေသသင့္တယ္။ ခြင့္လႊတ္မရနိုင္တဲ့အျပစ္ေတြကိုက်ဴးလြန္ခဲ့တာသိပါတယ္"
ယဲ့ထ်န္းရွင္းက ေျပာၿပီး ေခ်ာင္းမ်ားဆက္တိုက္ဆိုးကာ ေသြးအန္ေတာ့သည္။
အမ်ိဳးသမီးက်င့္ႀကံသူတစ္ဦးက ခ်က္ခ်င္းေရွ႕သို႔တိုးလာၿပီး သူမကို ကူလိုက္သည္။
ဒီတပည့္မွာ ေတာင္းဆိုစရာတစ္ခုရွိပါတယ္
ယဲ့ထ်န္းရွင္းက လုက်ိဳးတိတ္ဆိတ္ေနတာကို ျမင္သည့္အခ်ိန္တြင္ သူမ သတၱိေမြးၿပီး ဆက္ေျပာလိုက္၏။
ယြီလုံ႐ြာအတြက္ လက္စားေခ်ဖိဳ႕ တပည့္ရဲ႕လက္နဲ႕ ေဝက်ိဳးယန္ကို သတ္ခ်င္ပါတယ္။ ၿပီးရင္ တပည့္ရဲ႕အသက္နဲ႕ အျပစ္အတြက္ ေခ်ပါ့မယ္
ထိုစကားကို လုက်ိဳးၾကားသည့္အခ်ိန္တြင္ သူက မုတ္ဆိတ္သပ္လိုက္ေလ၏။ သူက အတတ္အက်မပါေသာေလသံျဖင့္ေျပာလိုက္သည္။
မင္းရဲ႕က်င့္ႀကံဆင့္က ပ်က္စီးသြားၿပီ။ ေဝက်ိဳးယန္ကို မင္း ဘယ္လိုသတ္မွာလဲ
အမ္း
ယဲ့ထ်န္းရွင္း၏ အမူအရာကသုန္မႈန္သြားေလ၏။ သူမ၏လက္ရွိအေျခအေနတြင္ ေသမ်ိဳးတစ္ဦးကိုေတာင္ အနိုင္ယူနိုင္မွာမဟုတ္ေပ။ နက္နဲေသာက်င့္ႀကံဆင့္ရွိသည့္ ေဝက်ိဳးယန္ဆိုလွ်င္ ပိုဆိုးမွာပဲျဖစ္၏။ လေရာင္ဆြတ္ေမွ်ာ္နန္း၏အမ်ိဳးသမီးက်င့္ႀကံသူမ်ားက သူမကို ေကာင္းေကာင္း ဂ႐ုမစိုက္ထားလွ်င္ သူမ၏အေျခအေနက ပိုေတာင္ဆိုးေနမွာပဲျဖစ္သည္။
ယဲ့ထ်န္းရွင္း စိတ္မပါလက္မပါေျပာလိုက္၏။
မင္းရဲ႕ဆရာကို သစၥာေဖာက္ခဲ့ၿပီး ဂိုဏ္းခ်ဳပ္ကိုအသေရဖ်က္ မိစ္ဆာေဝဟင္ေမွ်ာ္နန္းကို အားနည္းေစၿပီး ျပစ္မႈေတြအမ်ားႀကီးက်ဴးလြန္ခဲ့တယ္။ ငါ့ရဲ႕ဂုဏ္သတင္းကို ဖ်က္ဆီးခဲ့တာ မင္းဘာေျပာခ်င္လဲ
မင္ရွစ္ရင္က ထိုစကားကိုၾကားသည့္အခ်ိန္၌ ေခါင္းကုတ္လိုက္၏။ ရွစ္စြင္း ဘယ္ဂုဏ္သတင္းအေၾကာင္း ေျပာေနတာလဲ။
ဆိုရလွ်င္ အျပင္ေလာက၌ ယဲ့ထ်န္းရွင္းတစ္ဦးတည္းသာလွ်င္ မိစ္ဆာေဝဟင္ေမွ်ာ္နန္း၏ ဂုဏ္သတင္းကို ဖ်က္ဆီးသည့္သူမဟုတ္ေပ။ ဤႏွစ္ပိုင္းအတြင္း ငရဲဂိုဏ္း၊ မဟူရာကြန္ယက္ႏွင့္ ေလာင္ပါ့၏က်ားေတာင္ရိုးဂိုဏ္းကေတာင္ သူတို႔၏အျပဳအမူမ်ားအားလုံးအတြက္ မိစ္ဆာေဝဟင္ ေမွ်ာ္နန္းကို အျပစ္တင္ခဲ့သည္။
ယဲ့ထ်န္းရွင္းက တေလးတစားေျပာလိုက္၏။ တပည့္ဘာမွေျပာစရာမရွိပါဘူး။"
ဒီလိုဆိုမွေတာ့ မင္းကို ေသခြင့္ေပးမယ္
ဟမ္ လုက်ိဳးက လက္တစ္ဖက္ ႐ုတ္တရက္ျမႇောက္ၿပီး ယဲ့ထ်န္းရွင္းကို ရိုက္ခ်လိဳက္၏။
ထို႐ုတ္တရက္ေပၚေပါက္လာေသာ အေျခအေနက အားလုံးကို မွင္သက္သြားေစ၏။
သိမ္ေမြ႕ေသာစြမ္းအင္လွိုင္းက ယဲ့ထ်န္းရွင္းကို ရိုက္မိသြားသည္။ သူမ၏က်င့္ႀကံဆင့္ရွိေနခဲ့ ေသးလွ်င္ ထိုစြမ္းအင္လွိုင္းက သူမကို ထိခိုက္ေစမွာမဟုတ္ေပ။ သို႔ေသာ္ ယခုအခ်ိန္တြင္ သူမ၌ က်င့္ႀကံဆင့္တို႔ ရွိမေနေတာ့ေခ်။ ထိုရိုက္ခ်က္က သူမအတြက္ေသေစနိုင္၏။
ဘန္း
ရွစ္စြင္း
ရွစ္စြင္း မလုပ္နဲ႕
ေရွာင္ယြမ္အာ၊ မင္ရွစ္ရင္ႏွင့္ တြမ့္မူရွန္းတို႔က သူတို႔ဆရာ႐ုတ္တရက္ လႈပ္ရွားလိုက္မည္ဟု မထင္ထားေပ။ သူတို႔က အင္မတန္ထိတ္လန႔္သြားၾက၏။ သူတို႔က သက္ညွာေပးရန္ေအာ္ဟစ္ေတာင္းဆိုၾကေသာ္ျငား ေနာက္က်လြန္းသြားၿပီျဖစ္သည္။
ယဲ့ထ်န္းရွင္းက စြမ္းအင္လွိုင္း၏ သက္ေရာက္မႈေၾကာင့္လြင့္ထြက္သြားေတာ့သည္။ ၿပီးေနာက္ ေျမႀကီးေပၚဖုတ္ခနဲ ျပဳတ္က်သြားေလ၏။
သူ႕ကို ေခၚလာခဲ့ လုက်ိဳးက မသိလိုက္မသိဖာသာ ေျပာလိုက္၏။
ဟုတ္ ဟုတ္ကဲ့ အမ်ိဳးသမီးက်င့္ႀကံသူႏွစ္ဦးက ေၾကာက္ေၾကာက္လန႔္လန႔္ျဖစ္ေနၾက၏။ သူတို႔က ယဲ့ထ်န္းရွင္းကို အိပ္ရာေပၚသို႔ ကပ်ာကသီကူတြဲလိုက္၏။
လုက်ိဳးက လက္ရမ္းၿပီးေနာက္ အိပ္ရာဆီသို႔ေလွ်ာက္သြားကာ ယဲ့ထ်န္းရွင္းကို ၾကည့္လိုက္သည္။
တကယ္ပဲ သူ႕ရဲ႕စြမ္းအင္ဗဟိုခ်က္နဲ႕ခ်ီပင္လယ္ထဲမွာ ကနဦးခ်ီေတြမရွိေတာ့ဘူး။
သူကလက္ျမႇောက္ၿပီးေနာက္ ယဲ့ထ်န္းရွင္း၏ နဖူးေပၚတြင္ လက္ဝါးကို တင္လိုက္သည္။
ထိုအရာကိုျမင္ေသာအခါ မင္ရွစ္ရင္ႏွင့္တြမ့္မူရွန္းတို႔က ခ်က္ခ်င္းဒူးေထာက္လိုက္၏။
ရွစ္စြင္း
လုက်ိဳးက လက္ကိုႏွိပ္လိုက္ေလ၏။ သို႔ေသာ္ ယဲ့ထ်န္းရွင္းကို အျပစ္ေပးရဦးမည္ျဖစ္သည္။ သူ၏လက္ဖဝါးကို နဖူးေပၚညင္သာစြာထားလိုက္၏။ ကနဦးခ်ီတစ္စက သူမနားတြင္ ရစ္ဝဲလာၿပီးေနာက္ ထူးဆန္းသည့္အရာတစ္ခုျဖစ္သြားသည္။
ယဲ့ထ်န္းရွင္း၏ အသားအေရာင္က ထပ္မံေျပာင္းလဲသြားသည္။ ယခုအခ်ိန္တြင္ သူမ၏အသားအေရက နဂါးေသြးေက်ာက္ပမာ ေတာက္ပေနေလ၏။ တစ္ခ်ိန္တည္းတြင္ သူမ၏ဆံပင္၊ လက္ႏွင့္ တစ္ကိုယ္လုံးကကေလထဲတြင္ ေဖာက္ထြင္းျမင္ရသည့္ပမာ ေျပာင္းလဲလာသည္။
ဒါက တြမ့္မူရွန္းက ထိတ္လန႔္သြားသည္။
အမွန္ပဲ။ ပိုင္ မင္ရွစ္ရင္က ေခါင္းညိမ့္လိုက္သည္။
ဆရာက ဘာေၾကာင့္ဒါမ်ိဳးလုပ္တာလဲ"
မင္ရွစ္ရင္သည္ အခန္းထဲရွိအေျခအေနကို ထပ္ၾကည့္ၿပီးေနာက္ တြမ့္မူရွန္းႏွင့္ေရွာင္ယြမ္အာကို ဆြဲေခၚသြားေတာ့သည္။ အျပင္သို႔ေရာက္သည့္အခ်ိန္၌ သူက သက္ျပင္းခ်ၿပီးေျပာလိုက္ေလ၏။
ရွစ္ေမ့ထ်န္းရွင္းမွာ ၾကမ္းတမ္းတဲ့ဘဝေတြရွိခဲ့တယ္။ သူလြန္ခဲ့တဲ့ႏွစ္ေတြတုန္းက မိစ္ဆာေဝဟင္ ေမွ်ာ္နန္းကို အေၾကာက္အလန႔္ကင္းမဲ့ၿပီး ဝင္ခဲ့တဲ့အခ်ိန္တုန္းက သူမရဲ႕ပါရမီက ထူးထူးျခားျခား မရွိခဲ့ဘူး။ ဒါေပမဲ့ သူမရဲ႕က်င့္စဥ္ကေတာ့ အစေပါင္းမ်ားစြာ တိုးတက္သြားတာ။ ယြီလုံ႐ြာရဲ႕ သတ္ျဖတ္ခံရမႈက သူမကို စိတ္အားတက္ေစတာျဖစ္နိုင္တယ္။ ရွစ္ေမ့ထ်န္းရွင္းက ေအးစက္ၿပီး ႏွလုံးသားမဲ့တယ္။ ဒါေပမဲ့ ရွစ္စြင္းရဲ႕မူေတြနဲ႕ သေဘာထားကို ဘယ္ေတာ့မွ ေစာဒကမတက္ခဲ့ဘူး။ ဒါေၾကာင့္ ရွစ္စြင္းက သူ႕ကို မာယာေက်ာ့ကြင္းခ်ီးျမႇင့္ခဲ့တာပဲ။ မာယာေက်ာ့ကြင္းက တကယ္ေတာ့ မာယာမဟုတ္ဘူး။ အဲ့ဒီအစား မုန္းတီးျခင္းရဲ႕သေကၤတပဲ
ညီမ နားမလည္ေသးဘူး ေရွာင္ယြမ္အာက ေရ႐ြတ္ေျပာလိုက္၏။
ရွစ္ေမ့ထ်န္းရွင္းရဲ႕ က်င့္စဥ္ ျမန္ျမန္ဆန္ဆန္တိုးတက္လာရျခင္းအေၾကာင္းအရင္းက သူမက ပိုင္လူမ်ိဳးျဖစ္လို႔ပဲ။ ေရွးယခင္တည္းက ပိုင္လူမ်ိဳးေတြက က်င့္ႀကံဆင့္မွာ ပါရမီထူးျခားတယ္။ ရွစ္စြင္းရဲ႕လက္ဝါးက သူ႕အတြက္ ထိခိုက္ေစမွာ စိုးရိမ္ရတယ္
သူ႕အတြက္ ထိခိုက္ေစမွာလား
ဒီလိုမဟုတ္ေလာက္ဘူး။ ရွစ္စြင္းသူ႕ကိုသတ္ခ်င္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ေတြ သူ႕ကိုဖမ္းၿပီးတဲ့ အခ်ိန္တည္းက သတ္လို႔ရတာပဲ။ ဒီအခ်ိန္ထိဘာလို႔ေစာင့္မွာလဲ
တြမ့္မူရွန္းႏွင့္ ေရွာင္ယြမ္အာတို႔က ဇေဝဇဝါျဖစ္သြားေလ၏။
မင္ရွစ္ရင္က ဆက္ေျပာသည္။ ရွစ္ေမ့ထ်န္းရွင္း ေသသြားခဲ့ရင္ သူ႕ကိုယ္သူပဲ အျပစ္တင္ရမွာ။ ဒါက ဆရာ့ကိုသစၥာေဖာက္၊ ဂိုဏ္းခ်ဳပ္ကို အသေရဖ်က္၊ မိစ္ဆာေဝဟင္ေမွ်ာ္နန္းကေနထြက္သြားတာရဲ႕ အက်ိဳးဆက္ပဲ။ အသက္ရွင္ေနခဲ့ရင္ေတာ့ သူမရဲ႕ကံက မကုန္ေသးဘူးလို႔ ဆိုလိုတာေပါ့
ပိုင္လူမ်ိဳးေတြက သူတို႔ရဲ႕အသက္ကို ထိန္းထားနိုင္တဲ့ အထူးစြမ္းရည္ရွိတာျဖစ္နိုင္တယ္ လို႔ေျပာတာလား တြမ့္မူရွန္းက ဇေဝဇဝါျဖင့္ေမးလိုက္၏။
ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ ပိုင္လူမ်ိဳးေတြအေၾကာင္း ကြၽန္ေတာ္မ်ားမ်ားစားစားမသိဘူး မင္ရွစ္ရင္က ေျပာေလ၏။
ေရွာင္ယြမ္အာက ႏႈတ္ခမ္းစူလိုက္၏။
ရွစ္ရွိုး ရွစ္ရွိုးရဲ႕ စကားအရ ရွစ္က်ဲထ်န္းရွင္းရဲ႕ဘဝက ခက္ခဲခဲ့တဲ့ပုံပဲ
ထိုစဥ္ လုက်ိဳးသည္ ေနာက္ဆုံး၌ အခန္းထဲမွ ထြက္လာေတာ့၏။ သူ၏အမူအရာက ခါတိုင္းကဲ့သို႔ ထူးမျခားနားျဖစ္ေနေသးဆဲပင္။
ရွစ္စြင္း တပည့္သုံးဦးသည္ လုက်ိဳးကို ျမင္သည့္အခ်ိန္၌ တညီတၫြတ္တည္း အရိုအေသေပး လိုက္သည္။
လုက်ိဳးက သူတို႔သုံးဦးကို တစ္ခ်က္ၾကည့္ၿပီးေနာက္ ေျပာလိုက္သည္။
ေသျခင္း၊ ရွင္ျခင္းကို ေကာင္းကင္ဘုံက ဆုံးျဖတ္တယ္ သူေျပာၿပီးသည္ႏွင့္ လွည့္ထြက္သြားေတာ့သည္။
မင္ရွစ္ရင္က မစိုးရိမ္ပဲ မေနနိုင္ေခ်။ သူသည္ အခန္းထဲသို႔ ခ်က္ခ်င္းဝင္သြားလိုက္၏။ အိပ္ရာေပၚတြင္ လွဲေနေသာ ယဲ့ထ်န္းရွင္းကို ျမင္ၿပီး သူက ကမန္းကတန္းစစ္ေဆးလိုက္၏။ အရွိန္အဝါမရွိ၊ အေငြ႕အသက္မရွိ၊ ႏွလုံးခုန္ႏႈန္းမရွိေပ။ သူ၏မ်က္လုံးသည္ အံ့ဩမႈေၾကာင့္ ျပဴးက်ယ္သြားကာ ေနာက္ဆုတ္မိသြားသည္။
လေရာင္ဆြတ္ေမွ်ာ္နန္း၏ အမ်ိဳးသမီးက်င့္ႀကံသူႏွစ္ဦးကလည္း မထိန္းခ်ဳပ္နိုင္ေတာ့ပဲ ဒူးေထာက္ကာ အိပ္ရာေဘးတြင္ ငိုေနေလ၏။
မင္ရွစ္ရင္က ဒါကို မယုံၾကည္နိုင္ေခ်။ သူ၏ကနဦးခ်ီကို လွည့္ပတ္ၿပီး ယဲ့ထ်န္းရွင္းေသြးေၾကာထဲသို႔ သြင္းေပးလိုက္၏။
ဟမ္ ဒါကဘာလဲ သူသည္ ကနဦးခ်ီမ်ားကို မည္မွ်သြင္းေစကာမူ ယဲ့ထ်န္းရွင္းက ေက်ာက္တုံးတစ္တုံးပမာ မလႈပ္ရွားျဖစ္ေနေသးဆဲျဖစ္သည္။ သူ၏ကနဦးခ်ီမ်ားက သူမ၏ ခႏၶာကိုယ္ထဲ ဝင္ေရာက္ျခင္းမွ အျပည့္အဝပိတ္ဆို႔ခံထားရသည္။
ထူးကဲခ်ီေသြးေၾကာရွစ္ေၾကာလုံးအပိတ္ခံထားရတယ္
ပိုင္လူမ်ိဳးလား? မင္ရွစ္ရင္သည္ ကပ်ာကသီေခါင္းငုံ႕ၿပီး အမ်ိဳးသမီးက်င့္ႀကံသူႏွစ္ဦးကို လွည့္ၾကည့္လိုက္၏။ သူက နက္ရွိုင္းေသာအသံျဖင့္ေမးလိုက္ေလသည္။
ရွစ္စြင္း မထြက္သြားခင္တုန္းက တစ္ခုခုေျပာသြားေသးလား?
ေမွ်ာ္နန္းသခင္ ေမွ်ာ္နန္းသခင္ေျပာတာက ေသျခင္း ရွင္ျခင္းကို ေကာင္းကင္ဘုံက ဆုံးျဖတ္တယ္။ နန္းေတာ္သခင္မ အသက္ရွင္မရွင္က သူ႕ရဲ႕ကံၾကမၼာေပၚပဲမူတည္တယ္
မင္ရွစ္ရင္က သူ႕ဖာသာသူေရ႐ြတ္ေျပာလိုက္သည္။
ထင္တဲ့အတိုင္းပဲ
ထိုစဥ္ ခ်န္နဥ္ရွိ စစ္သူႀကီးအိမ္ေတာ္ထဲတြင္ျဖစ္သည္။
စစ္သူႀကီး နန္းေတာ္က စာတစ္ေစာင္ေရာက္လာပါတယ္။ သတင္းေပးပို႔သူ ေျပာတာက ကိုယ္တိုင္ ဖြင့္ၾကည့္သင့္တယ္တဲ့"
ေဝက်ိဳးယန္က စာကို လက္ခံလိုက္၏။ သူက ဖြင့္ၿပီးဂ႐ုတစိုက္ဖတ္လိုက္သည္။ အေၾကာင္းအရာမ်ားကို ဖတ္ၿပီးေနာက္ စားပြဲေပၚကို စာကိုရိုက္ခ်လိဳက္၏။
ဘန္း
စာႏွင့္စားပြဲက ခ်က္ခ်င္းပ်က္စီးသြားသည္။
အတင့္ရဲလိုက္တာ ေဝက်ိဳးယန္၏မ်က္လုံးက ေဒါသမီးမ်ား ေတာက္ေလာင္ေနေတာ့သည္။
ေဝက်ိဳးယန္၏ လက္ေအာက္ငယ္သားက ဂ႐ုတစိုက္ေမးေလ၏။ စစ္သူႀကီး ဘာက ေဒါသထြက္ေစတာလဲ
အေသးအမႊားေလးပါပဲ ေဝက်ိဳးယန္က လက္ယမ္းျပၿပီးေနာက္ ေျပာလိုက္၏။
ငါ့အတြက္ အေၾကာင္းျပန္ေပး။ ငါအေၾကာင္းၾကားမယ္လို႔ေျပာလိုက္
နားလည္ပါၿပီ လက္ေအာက္ငယ္သားက ထြက္သြားေတာ့သည္။
ေဝက်ိဳးယန္က ႏွာမႈတ္ကာေျပာလိုက္ေတာ့သည္။
စုန္းပညာရွင္တစ္ေယာက္ကမ်ား ငါ့ကို အမိန႔္ေပးရဲတယ္။ ရယ္စရာေကာင္းလိုက္ေလျခင္း
ၿပီးေနာက္ သူက ဟိန္းေဟာက္လိုက္၏။
ရဲမက္တို႔
ဟုတ္ကဲ့ စစ္သူႀကီး
ငါ ေနလို႔မေကာင္းဘူး။ စားေသာက္ပြဲကို တက္ေရာက္ေတာ့မွာမဟုတ္ဘူး ေဝက်ိဳးယန္က ေျပာသည္။
ဒါဆိုရင္ အရွင္မင္းသားဘက္ကိုေရာ
ငါ မသြားဘူး
နားလည္ပါၿပီ
...