အခန်း (၁၁၂) မင်းက ငါ့ကို မကြောက်ဘူးလား
အားလုံးက လေထဲ မျောလွင့်လာသည့် အရာအပေါ် အာရုံစိုက်ထားကြပြီးနောက် စကားပြောနေသူအား လှည့်ကြည့်လိုက်ကြသည်။
ဆရာကြီးလား။
သူက ဘာလို့ လူဆိုးကောင်ကို ကူညီပေးနေရတာလဲ။
လုကျိုးက ပိအန်းအနားတွင် ရပ်ပြီး စကားပြောနေသူ ဖြစ်၏။ သူက လက်တစ်ဖက်ဖြင့် မုတ်ဆိတ်မွေးသပ်ကာ တစ်ဖက်ကို နောက်ပစ်ထားလိုက်သည်။
တိုက်ပွဲကြည့်နေကြသည့် ကျောက်စိမ်းစင်မြင့်မှ တပည့်များက ကြောင်အမ်းသွားကြသည်။
“ဆရာကြီးလား”
“ဘာဖြစ်သွားတာလဲ ”
“ဆရာကြီးက မိစ္ဆာကို သတ်ပစ်မှာ မဟုတ်ဘူးလား။ သူ့လက်ထဲက လက်နက်က ဘယ်လိုလုပ် မိစ္ဆာလက်ထဲ ရောက်သွားရတာလဲ ”
ထိုစဉ် ခွဲခွာချိတ်ကောက်က ကျန့်ချိုးချီရှေ့ ရောက်လာသည်။
“အသုံးမဝင်တာတွေ လုပ်နေတာပဲ” ကျန့်ချိုးချီက သူ့အသက်ဓားသွားကို မြောက်လိုက်သည်။ သူက ပြိုင်ဘက်ကို သတ်ပြီး နောက်ဆုံးအရာကို ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်သည်။
ဘန်း
ကျန့်ချိုးချီ၏ ဓားမော့က ခွဲခွာချိတ်ကောက် ပေါ် ကျရောက်လာသည်။
ခွဲခွာချိတ်ကောက်က ကောင်းကင်အဆင့် လက်နက်သက်ရောက်မှုကြောင့် အပြင်းအထန် လည်ပတ်လာပြီး ဆက်တိုက် အောက်သို့ ကျဆင်းလာသည်။
ကျန့်ချိုးချီက ထိုအရာကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားသည်။
ဒီပစ္စည်းက အသက်ဓားသွားရဲ့ ရိုက်ချက်ကို ခံနိုင်ရည် ရှိတယ်လား။
သူက ထိုထူးထူးဆန်းဆန်း လက်နက်ကို ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
ကျန့်ချိုးချီကြောင့် လွင့်စဉ်သွားခဲ့သည့် လက်နက်က ပိုင်ရှင်ကို ရှာတွေ့သွားသည့်အလား မင်ရှစ်ရင်လက်ထဲ တန်းတန်းမတ်မတ် ကျရောက်လာသည်။
“တင် … ခွဲခွာချိတ်ကောက်နဲ့ ဓားအိမ်က ပိုင်ရှင်အဖြစ် အောင်အောင်မြင်မြင် အသိအမှတ်ပြုလိုက်ပါပြီ။
အဆင့် - ကောင်းကင်အဆင့်၊ ဆုလာဘ် - ကုသိုလ်ရမှတ် တစ်ထောင် ”
လုကျိုးက မုတ်ဆိတ်မွေးကို သပ်ကာ ခေါင်းညိတ်လိုက်သည်။ မင်ရှစ်ရင်တွင် ခွဲခွာချိတ်ကောက် မရှိလျှင် အသက်ဓားသွား ပိုင်ဆိုင်ထားသည့် ကျန့်ချိုးချီအား အနိုင်ယူဖို့ မဖြစ်နိုင်လောက်ပေ။ အစပိုင်းတွင် သူက မင်ရှစ်ရင်အား ခွဲခွာချိတ်ကောက် မပေးခင် သူ့အကျင့်စရိုက်ကို အရင်ပြုပြင်ပေးဖို့ ရည်ရွယ်ထားခဲ့၏။ မင်ရှစ်ရင်က ဆင်ခြင်တုံတရား မရှိဘဲ ကြွားဝါလွန်းလှသည်။ သို့သော်လည်း ဤအရာက အခွင့်ကောင်းဖြစ်သွားပုံပေါ်၏။
လက်နက်က ပိုင်ရှင်အဖြစ် အသိအမှတ်ပြုလိုက်သည်နှင့် မင်ရှစ်ရင်၏ အကြည့်များလည်း စိတ်လှုပ်ရှားမှုအပြည့် ဖြစ်လာရသည်။ သူက သူ့ဆရာကို ကျေးဇူးမတင်ခင် လေထဲ လျှပ်စီးနှုန်းဖြင့် ခုန်ဝင်လိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူက ခွဲခွာချိတ်ကောက်ကို အစွပ်မှ ဆွဲနှုတ်လိုက်သည်။ သူက တောင်ပံတပ်ထားသည့် ကျားတစ်ကောင်အလား ကျန့်ချိုးချီဆီ ပြေးဝင်သွားသည်။
ဘန်း ဘန်း ဘန်း …
ယခင်ထက် ပိုကြီးကျယ်သော စွမ်းအားလှိုင်းက မင်ရှစ်ရင်၏ ခန္ဓာကိုယ်ဆီမှ ထွက်လာလေသည်။ သူ့အမြန်နှုန်းနှင့် လှုပ်ရှားမှုများက အမြန်ဆုံး ဖြစ်နေလေပြီ။ သူက ခွဲခွာချိတ်ကောက်ကို ဝေ့ယမ်းလိုက်သည့်အခါ ကောင်းကင်ယံတွင် မီးပန်းများ ဖြာထွက်လာသကဲ့သို့ ဖြစ်၏။ ကြည့်ရသည်မှာ ကောင်းကင်တစ်ခွင် သူ့ကစားကွင်း ဖြစ်သွားပုံပေါ်သည်။
ဘန်း ဘန်း ဘန်း
မင်ရှစ်ရင်က ချိတ်ကောက်ကို နောက်လက်ဖြင့် အသုံးပြုကာ ရှေ့လက်ကို ဓားမော့ဖြင့် ကာထားလိုက်သည်။ သူက တိုက်ကွက်နှစ်ခုကြား ပြောင်းလဲနေပြီး သူ့တိုက်ကွက်အားလုံးက ကျန့်ချိုးချီအပေါ် ကျရောက်လာသည်။ ထိုစဉ် ကောင်းကင်ထဲ သူ့အသံထွက်ပေါ်လာလေ၏။
“ကျန့်ချိုးချီ … မင်းရဲ့ ကြီးကျယ်လှတဲ့ တိုက်ကွက်တွေကို တစ်ခါတည်းနဲ့ လေးခေါက် ထုတ်သုံးထားတာပဲ။ အသက်ဓားသွားကြောင့်သာ မဟုတ်ရင် မင်းတော့ ငါ့ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး ”
ကျန့်ချိုးချီလည်း သတိပြုမိသွားသည်။ ဆရာကြီးဆိုသူက မိစ္ဆာဝေဟင်မျှော်နန်း၏ မိစ္ဆာအိုကြီး ဖြစ်နေလေသည်။ ဤရိုက်ချက်က သူ့အပေါ် ဖိအားများစွာ ဖြစ်လာစေသည်။ သူ့စွမ်းအားက ဆက်လက် ကျဆင်းလာစဉ် မင်ရှစ်ရင်က စွမ်းအားကြီးလာလေ၏။ ထို့ကြောင့် မင်ရှစ်ရင် အရေးသာသွားရန် သိပ်မကြာလိုက်ပေ။
ကျန့်ချိုးချီက သူ့အသက်ကို အလကားသပ်သပ်ဖြစ်စေဖို့ စိတ်ကူးမရှိပေ။ စက္ကန့်ပိုင်းလေးအတွင်း သူက ကျောက်စိမ်းစင်မြင့် အစီအရင်ထဲအထိ နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက မင်ရှစ်ရင်ကို ကူးချသည့်အလား အသက်ဓားသွားကို မြန်မြန်မြောက်လိုက်သည်။
သို့သော်လည်း ထိုစဉ် မင်ရှစ်ရင်က အလေးအနက် ပြောလိုက်သည်။
“ ဒုက္ခမိုင်တစ်ရာရှုကွင်း”
သူ့ပေနှစ်ဆယ် မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ထွက်လာကာ သူ့အမြန်နှုန်းလည်း တိုးမြင့်လာသည်။ ခွဲခွာချိတ်ကောက်က ကျန့်ချိုးချီထံ မိုးသက်လေပြင်းအလား ဆက်တိုက် ကျရောက်နေသည်။
“ကျစ်” ကျန့်ချိုးချီက ဆက်တိုက် နောက်ဆုတ်နေရသည်။
ဘန်း ဘန်း ဘန်း
ကောင်းကင်အဆင့် လက်နက်နှစ်ခုကြားက ထိပ်တိုက်တွေ့မှုကြောင့် မီးပွားများ လွှင့်စင်လာသည်။ သို့သော်လည်း မင်ရှစ်ရင်က သူ့ခွဲခွာချိတ်ကောက်အပေါ် ယုံကြည်မှုက ကျန့်ချိုးချီတစ်ယောက် သူ့အသက်ဓားသွားပေါ် ယုံကြည်ချက်ထက် ပိုလွန်နေသည်။
မင်ရှစ်ရင်က ရုတ်ခြည်း ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ် ”
“ ဟမ် ” ကျန့်ချိုးချီက မင်ရှစ်ရင် ပြောလိုက်သည်ကို ဝေဝါးဝါးသာ ကြားလိုက်ရပြီးနောက် သူ့အနား မြောက်များစွာသော နွယ်ပင်များ ရစ်သိုင်းလာကာ သူ့လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်သည်။
“ဒုက္ခမိုင်တစ်ရာရှုကွင်း ” မင်ရှစ်ရင်က အေးစက်စက် ပြောလိုက်သည်။ ဤတစ်ကြိမ် သူ့စိတ်ဝိညာဉ်သဏ္ဌာန်က ပေနှစ်ဆယ်မျှ မကတော့ပေ။ ပေသုံးဆယ် ဖြစ်လာလေ၏။ ထို့အပြင် စိတ်ဝိညာဉ်သဏ္ဌာန်အောက်ရှိ ရွှေပဒုမ္မာကြာပေါ်တွင် ပွင့်ချပ်တစ်လွှာ မြင်လိုက်ရသည်။
“ ဘာ … ဘယ်တုန်းက မင်း တစ်လွှာရလာတာလဲ ” ကျန့်ချိုးချီက မယုံကြည်နိုင်စွာ မျက်လုံးအပြူးသား ဖြစ်လာသည်။
ဖူး
မင်ရှစ်ရင်က ကျန့်ချိုးချီ၏ ရင်ဘတ်အား ခွဲခွာချိတ်ကောက်ဖြင့် ထိုးဖောက်ပစ်လိုက်သည်။ သူ ကောင်းကင်အဆင့် လက်နက် ရလိုက်ကတည်းက ကျန့်ချိုးချီအပေါ် ဖိအားပေးနိုင်ခဲ့သည်။ သူက တစ်စက္ကန့်လေးပင် မနားဘဲ “ အားနာပါရဲ့ … ငါ့ဆီမှာ ပွင့်ချပ်တစ်လွှာ တစ်လျှောက်လုံး ရှိခဲ့ပြီးသား ”
တိုက်ပွဲက ဒီလိုအဆုံးသတ်သွားလေသည်။
ကျန့်ချိုးချီ၏ လက်ကျန် ရှေးဦးချီက သူ့ခန္ဓာကိုယ်အား လေထဲ ထိန်းပေးထားသည်။
မင်ရှစ်ရင်က နောက်လှည့်ကာ ခွဲခွာချိတ်ကောက်အား အင်္ကျီလက်ဖျားဖြင့် သုတ်လိုက်ပြီးနောက် အစွပ်ထဲ ပြန်သိမ်းလိုက်သည်။
ဝုန်း …
ကျန့်ချိုးချီက နောက်ဆုံးတော့ မြေပေါ်သို့ ကျလာသည်။
“တင်း … နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့်ကို သတ်လိုက်နိုင်တဲ့အတွက် ဆုလာဘ် ကုသိုလ်ရမှတ် တစ်ထောင် ရရှိပါမယ် ”
“တင်း … ကောင်းကင်အဆင့် လက်နက် အသက်ဓားသွားကို ရရှိလိုက်ပါတယ်။ အသုံးမပြုခင် ပြန်လည်သန့်စင်ဖို့ လိုအပ်ပါတယ် ”
လုကျိုးက လက်မြောက်လိုက်သည့်အခါ အသက်ဓားသွားက သူ့လက်ထဲ မျက်စိတစ်မှိတ်အတွင်း ရောက်လာသည်။
မင်ရှစ်ရင်က ပိအန်းဆီ အပြေးအလွှား ရောက်လာသည်။
နွယ်ပင်များစွာက သူတို့အမြင်ကို နှောင့်ယှက်ပိတ်ဆို့ထားသောကြောင့် ကျောက်စိမ်းစင်မြင့်မှ တပည့်များက အဖြစ်အပျက်ကို မသိလိုက်ကြပေ။ သို့သော်လည်း သူတို့က ပိအန်း ကောင်းကင်ထဲ မြင့်တက်သွားသည်ကို မြင်လိုက်ကြရသေး၏။ နွယ်ပင် ပျောက်ကွယ်သွားသည့်အခါ မင်ရှစ်ရင်က ဒူးထောက်ကာ ဂါရဝပြုနေသည့် အနေအထားကို မြင်လိုက်ကြရသည်။
“ ရှစ်စွင်းကို ကျေးဇူတင်ပါတယ်။ ရှစ်စွင်းကို စိတ်မပျက်စေမိခဲ့လို့ တော်သေးတာပေါ့ ”
သစ္စာရှိမှု +၂
လုကျိုးက မုတ်ဆိတ်ကို အသာသပ်လိုက်သည်။ သူက မင်ရှစ်ရင်ကို အသာကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ သူက မင်ရှစ်ရင်သည် သူ့စွမ်းအားကို ဖုံးကွယ်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကြည့်ရသည်မှာ မင်ရှစ်ရင်က အမှောင်စစ်သည်တော် လေးယောက်ထဲမှ တစ်ယောက်နှင့် တိုက်ခိုက်ခဲ့စဉ်အခါက ပွင့်ချပ်တစ်လွှာ တိုးလာခြင်း ဖြစ်ရမည်။
မင်ရှစ်ရင်က မတ်တတ်ရပ်ကာ ရှောင်ယွမ်အာအား ပြောလိုက်သည်။
“ ရှစ်မေ့ ငါ ကျန့်ချိုးချီကို တစ်ချက်တည်းနဲ့ အဆုံးသတ်ပစ်လိုက်တုန်းက အာ့ရှစ်ရှိုးနဲ့ မတူဘူးလား ”
ရှောင်ယွမ်အာက မျက်လုံးဝေ့ကြည့်ကာ “ ညီမက ဘယ်လိုလုပ်သိမှာလဲ ”
အကယ်၍ စိတ်ရှုပ်ထွေးနေသည့် လူများရှိနေသေးလျှင်ပင် သူတို့ကြားက စကားဝိုင်းမှ လူအိုကြီး၏ ဇာစ်မြစ်ကို အတည်ပြုပေးပြီးသား ဖြစ်သွားလေပြီ။
“သူက မိစ္ဆာအိုကြီးလား ”
“ ကျိထျန်းတောက်လား ”
“မဖြစ်နိုင်တာ … သွမ့်ရှင်း မိတ်ဆက်ပေးတဲ့ ဆရာကြီးက မိစ္ဆာဝေဟင်မျှော်နန်းက မိစ္ဆာအိုကြီးတဲ့လား”
“ပြေးကြ”
ကျင့်ကြံဆင့်နိမ့်သည့် ဂိုဏ်းသားများက တုံ့ဆိုင်းမနေရဲကြပေ။ သူတို့အသက်များက တိုက်ပွဲကြည့်ရခြင်းထက် ပိုအရေးပါသည် မဟုတ်ပါလော။ မျက်စိတစ်မှိတ်အတွင်း ကျောက်စိမ်းယဇ်ပလ္လင်အထက် ဂိုဏ်းသားတစ်ဦးတည်းသာ ကျန်ရှိတော့သည်။
ရှောင်ယွမ်အာက လှည့်ကြည့်ကာ ပြောလိုက်၏။
“ အာ … ရှစ်စွင်းကို မကြောက်တဲ့သူ တစ်ယောက်ရှိနေတာပဲ ”
လုကျိုးက ထိုလူကို လှည့်ကြည့်လိုက်သည့်အခါ ဖြောင့်မတ်ခြင်း လမ်းစဉ်ဂိုဏ်းမှ ပဥ္စမအကြီးအကဲ ကျန်းချူ ဖြစ်နေကြောင်း သိလိုက်ရသည်။ သူက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် “မင်းက ငါ့ကို မကြောက်ဘူးလား ”
ကျန်းချူက တိတ်ဆိတ်နေလေ၏။
လုကျိုးက ခေါင်းအသာညိတ်ကာ ကျန်းချူအား ချီးကျူးလိုက်သည် “ဖြောင့်မတ်ခြင်းလမ်းစဉ်းဂိုဏ်းက ငကြောက်တွေချည်း ရှိတယ် ထင်နေတာ”
“ရှစ်စွင်း ကျွန်တော် သွားသတ်လိုက်ရမလား” မင်ရှစ်ရင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ ကျွန်တော် ရုတ်ရုတ်သည်းသည်း မဖြစ်စေရဘူးလို့ ကတိပေးပါတယ်။ သူ့ကို ကျန့်ချိုးချီထက် ခပ်မြန်မြန် သတ်ပေးနိုင်ပါတယ် ”
လုကျိုးက ခေါင်းခါလိုက်သည်။ သူက ကျန်းချူအား ကြည့်လိုက်ကာ “ မလိုဘူး ”
ကျန်းချူအား သတ်လိုက်ခြင်းက အဓိပ္ပာယ်မရှိပေ။ သူက ပါမွှားလေးမျှသာ ဖြစ်၏။ သူ့သေဆုံးခြင်းက ဖြောင့်မတ်ခြင်းလမ်းစဉ်ဂိုဏ်းအတွက် အကျိုးဆက် မရှိချေ။
လုကျိုးက လက်အသာယမ်းကာ “ သတ္တိကောင်းတဲ့လူတွေကို သဘောကျတယ်။ မင်းအသက်ကို ချမ်းသာပေးလိုက်မယ်”
ထို့နောက် သူက သူ့တပည့်ကို ပြောလိုက်သည်။
“ မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ကြစို့ ”
ပိအန်းက တိမ်တိုက်ထဲ ဝင်ရောက်သွားလေသည်။
“ရှစ်စွင်း ဘေးကင်းတဲ့ ခရီးလေး ဖြစ်ပါစေ။ ကျွန်တော် စန်းရှစ်ရှိုးကို သွားရှာလိုက်ဦးမယ်” မင်ရှစ်ရင်က ပြောလိုက်၏။
လုကျိုးက သူ့အား လျစ်လျူရှုထားရင်း ပိအန်းကျောပေါ်တွင် စီးနင်းရင်း ကောင်းကင်ထဲ ရောက်သွားသည်။
မင်ရှစ်ရင်က တောအုပ်ထဲ လျှပ်စီးအလား ဝင်ရောက်သွားလေသည်။
“ရှစ်ရှိုးက သန့်စင်ခန်းသွားတာ ဘာလို့ကြာနေပါ့လိမ့်”
သိပ်မကြာခင် သူလည်း နေရာမှ ပျောက်ကွယ်သွားလေသည်။
ခဏအကြာတွင် ကျန်းချူက မြေပြင်ပေါ် အပုံသားလဲကျသွားလေသည်။ ထိုစဉ် သူ့ခြေထောက်ကြားမှ အရည်ပူပူတို့ စီးကျလာသည်။
သေစမ်း ကြောက်စရာကောင်းလိုက်တာ … ငါ အသေကို ကြောက်သွားတာ။ မိစ္ဆာအိုကြီးက ငါ့ရှေ့မှာ ရပ်နေခဲ့တာတဲ့။
ကျန်းချူက မျက်ရည်ကျလုမတတ် ဖြစ်နေလေသည်။
……….
တိတ်ဆိတ်လှသည့် တောအုပ်အတွင်း
အစိမ်းဝတ် အမျိုးသားက လျှောက်လှမ်းလာသည်။ သူက ပိအန်းထွက်သွားသည့် နေရာကို ကြည့်လိုက်ကာ သူ့ဘာသာ ရေရွတ်လိုက်သည်။
“ရှစ်စွင်း တော်တော်ပြောင်းလဲသွားတဲ့ပုံပဲ … ”
သူက မြေပြင်ပေါ် ထိုင်လျက်သားဖြစ်နေသည့် ကျန်းချူဆီ ဖြည်းဖြည်းချင်း လျှောက်လာလေသည်။
“မင်္ဂလာပါ ”
“မ … မင်္ဂလာပါ ” ကျန်းချူက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ခေါင်းညိတ်လိုက်သည်။
“ သူတို့က ခင်ဗျားကို လန့်အောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိပုံမပေါ်ဘူး”
...
Zawgyi
အခန္း (၁၁၂) မင္းက ငါ့ကို မေၾကာက္ဘူးလား
အားလုံးက ေလထဲ ေမ်ာလြင့္လာသည့္ အရာအေပၚ အာ႐ုံစိုက္ထားၾကၿပီးေနာက္ စကားေျပာေနသူအား လွည့္ၾကည့္လိုက္ၾကသည္။
ဆရာႀကီးလား။
သူက ဘာလို႔ လူဆိုးေကာင္ကို ကူညီေပးေနရတာလဲ။
လုက်ိဳးက ပိအန္းအနားတြင္ ရပ္ၿပီး စကားေျပာေနသူ ျဖစ္၏။ သူက လက္တစ္ဖက္ျဖင့္ မုတ္ဆိတ္ေမြးသပ္ကာ တစ္ဖက္ကို ေနာက္ပစ္ထားလိုက္သည္။
တိုက္ပြဲၾကည့္ေနၾကသည့္ ေက်ာက္စိမ္းစင္ျမင့္မွ တပည့္မ်ားက ေၾကာင္အမ္းသြားၾကသည္။
ဆရာႀကီးလား
ဘာျဖစ္သြားတာလဲ
ဆရာႀကီးက မိစ္ဆာကို သတ္ပစ္မွာ မဟုတ္ဘူးလား။ သူ႕လက္ထဲက လက္နက္က ဘယ္လိုလုပ္ မိစ္ဆာလက္ထဲ ေရာက္သြားရတာလဲ
ထိုစဥ္ ခြဲခြာခ်ိတ္ေကာက္က က်န႔္ခ်ိဳးခ်ီေရွ႕ ေရာက္လာသည္။
အသုံးမဝင္တာေတြ လုပ္ေနတာပဲ က်န႔္ခ်ိဳးခ်ီက သူ႕အသက္ဓားသြားကို ေျမာက္လိုက္သည္။ သူက ၿပိဳင္ဘက္ကို သတ္ၿပီး ေနာက္ဆုံးအရာကို ကိုင္တြယ္ဖို႔ ဆုံးျဖတ္လိုက္သည္။
ဘန္း
က်န႔္ခ်ိဳးခ်ီ၏ ဓားေမာ့က ခြဲခြာခ်ိတ္ေကာက္ ေပၚ က်ေရာက္လာသည္။
ခြဲခြာခ်ိတ္ေကာက္က ေကာင္းကင္အဆင့္ လက္နက္သက္ေရာက္မႈေၾကာင့္ အျပင္းအထန္ လည္ပတ္လာၿပီး ဆက္တိုက္ ေအာက္သို႔ က်ဆင္းလာသည္။
က်န႔္ခ်ိဳးခ်ီက ထိုအရာကို ျမင္လိုက္ရသည့္အခါ အံ့အားသင့္သြားသည္။
ဒီပစၥည္းက အသက္ဓားသြားရဲ႕ ရိုက္ခ်က္ကို ခံနိုင္ရည္ ရွိတယ္လား။
သူက ထိုထူးထူးဆန္းဆန္း လက္နက္ကို ၾကည့္လိုက္ရင္း မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။
က်န႔္ခ်ိဳးခ်ီေၾကာင့္ လြင့္စဥ္သြားခဲ့သည့္ လက္နက္က ပိုင္ရွင္ကို ရွာေတြ႕သြားသည့္အလား မင္ရွစ္ရင္လက္ထဲ တန္းတန္းမတ္မတ္ က်ေရာက္လာသည္။
တင္ ခြဲခြာခ်ိတ္ေကာက္နဲ႕ ဓားအိမ္က ပိုင္ရွင္အျဖစ္ ေအာင္ေအာင္ျမင္ျမင္ အသိအမွတ္ျပဳလိုက္ပါၿပီ။
အဆင့္ - ေကာင္းကင္အဆင့္၊ ဆုလာဘ္ - ကုသိုလ္ရမွတ္ တစ္ေထာင္
လုက်ိဳးက မုတ္ဆိတ္ေမြးကို သပ္ကာ ေခါင္းညိတ္လိုက္သည္။ မင္ရွစ္ရင္တြင္ ခြဲခြာခ်ိတ္ေကာက္ မရွိလွ်င္ အသက္ဓားသြား ပိုင္ဆိုင္ထားသည့္ က်န႔္ခ်ိဳးခ်ီအား အနိုင္ယူဖို႔ မျဖစ္နိုင္ေလာက္ေပ။ အစပိုင္းတြင္ သူက မင္ရွစ္ရင္အား ခြဲခြာခ်ိတ္ေကာက္ မေပးခင္ သူ႕အက်င့္စရိုက္ကို အရင္ျပဳျပင္ေပးဖို႔ ရည္႐ြယ္ထားခဲ့၏။ မင္ရွစ္ရင္က ဆင္ျခင္တုံတရား မရွိဘဲ ႂကြားဝါလြန္းလွသည္။ သို႔ေသာ္လည္း ဤအရာက အခြင့္ေကာင္းျဖစ္သြားပုံေပၚ၏။
လက္နက္က ပိုင္ရွင္အျဖစ္ အသိအမွတ္ျပဳလိုက္သည္ႏွင့္ မင္ရွစ္ရင္၏ အၾကည့္မ်ားလည္း စိတ္လႈပ္ရွားမႈအျပည့္ ျဖစ္လာရသည္။ သူက သူ႕ဆရာကို ေက်းဇူးမတင္ခင္ ေလထဲ လွ်ပ္စီးႏႈန္းျဖင့္ ခုန္ဝင္လိုက္သည္။ ေနာက္အခိုက္အတန႔္ေလး၌ သူက ခြဲခြာခ်ိတ္ေကာက္ကို အစြပ္မွ ဆြဲႏႈတ္လိုက္သည္။ သူက ေတာင္ပံတပ္ထားသည့္ က်ားတစ္ေကာင္အလား က်န႔္ခ်ိဳးခ်ီဆီ ေျပးဝင္သြားသည္။
ဘန္း ဘန္း ဘန္း
ယခင္ထက္ ပိုႀကီးက်ယ္ေသာ စြမ္းအားလွိုင္းက မင္ရွစ္ရင္၏ ခႏၶာကိုယ္ဆီမွ ထြက္လာေလသည္။ သူ႕အျမန္ႏႈန္းႏွင့္ လႈပ္ရွားမႈမ်ားက အျမန္ဆုံး ျဖစ္ေနေလၿပီ။ သူက ခြဲခြာခ်ိတ္ေကာက္ကို ေဝ့ယမ္းလိုက္သည့္အခါ ေကာင္းကင္ယံတြင္ မီးပန္းမ်ား ျဖာထြက္လာသကဲ့သို႔ ျဖစ္၏။ ၾကည့္ရသည္မွာ ေကာင္းကင္တစ္ခြင္ သူ႕ကစားကြင္း ျဖစ္သြားပုံေပၚသည္။
ဘန္း ဘန္း ဘန္း
မင္ရွစ္ရင္က ခ်ိတ္ေကာက္ကို ေနာက္လက္ျဖင့္ အသုံးျပဳကာ ေရွ႕လက္ကို ဓားေမာ့ျဖင့္ ကာထားလိုက္သည္။ သူက တိုက္ကြက္ႏွစ္ခုၾကား ေျပာင္းလဲေနၿပီး သူ႕တိုက္ကြက္အားလုံးက က်န႔္ခ်ိဳးခ်ီအေပၚ က်ေရာက္လာသည္။ ထိုစဥ္ ေကာင္းကင္ထဲ သူ႕အသံထြက္ေပၚလာေလ၏။
က်န႔္ခ်ိဳးခ်ီ မင္းရဲ႕ ႀကီးက်ယ္လွတဲ့ တိုက္ကြက္ေတြကို တစ္ခါတည္းနဲ႕ ေလးေခါက္ ထုတ္သုံးထားတာပဲ။ အသက္ဓားသြားေၾကာင့္သာ မဟုတ္ရင္ မင္းေတာ့ ငါ့ကို လုံးဝ ယွဥ္နိုင္မွာ မဟုတ္ဘူး
က်န႔္ခ်ိဳးခ်ီလည္း သတိျပဳမိသြားသည္။ ဆရာႀကီးဆိုသူက မိစ္ဆာေဝဟင္ေမွ်ာ္နန္း၏ မိစ္ဆာအိုႀကီး ျဖစ္ေနေလသည္။ ဤရိုက္ခ်က္က သူ႕အေပၚ ဖိအားမ်ားစြာ ျဖစ္လာေစသည္။ သူ႕စြမ္းအားက ဆက္လက္ က်ဆင္းလာစဥ္ မင္ရွစ္ရင္က စြမ္းအားႀကီးလာေလ၏။ ထို႔ေၾကာင့္ မင္ရွစ္ရင္ အေရးသာသြားရန္ သိပ္မၾကာလိုက္ေပ။
က်န႔္ခ်ိဳးခ်ီက သူ႕အသက္ကို အလကားသပ္သပ္ျဖစ္ေစဖို႔ စိတ္ကူးမရွိေပ။ စကၠန႔္ပိုင္းေလးအတြင္း သူက ေက်ာက္စိမ္းစင္ျမင့္ အစီအရင္ထဲအထိ ေနာက္ဆုတ္ဖို႔ ဆုံးျဖတ္လိုက္သည္။ သူက မင္ရွစ္ရင္ကို ကူးခ်သည့္အလား အသက္ဓားသြားကို ျမန္ျမန္ေျမာက္လိုက္သည္။
သို႔ေသာ္လည္း ထိုစဥ္ မင္ရွစ္ရင္က အေလးအနက္ ေျပာလိုက္သည္။
ဒုကၡမိုင္တစ္ရာရႈကြင္း
သူ႕ေပႏွစ္ဆယ္ ျမင့္မားသည့္ စိတ္ဝိညာဥ္သဏၭာန္ ေပၚထြက္လာကာ သူ႕အျမန္ႏႈန္းလည္း တိုးျမင့္လာသည္။ ခြဲခြာခ်ိတ္ေကာက္က က်န႔္ခ်ိဳးခ်ီထံ မိုးသက္ေလျပင္းအလား ဆက္တိုက္ က်ေရာက္ေနသည္။
က်စ္ က်န႔္ခ်ိဳးခ်ီက ဆက္တိုက္ ေနာက္ဆုတ္ေနရသည္။
ဘန္း ဘန္း ဘန္း
ေကာင္းကင္အဆင့္ လက္နက္ႏွစ္ခုၾကားက ထိပ္တိုက္ေတြ႕မႈေၾကာင့္ မီးပြားမ်ား လႊင့္စင္လာသည္။ သို႔ေသာ္လည္း မင္ရွစ္ရင္က သူ႕ခြဲခြာခ်ိတ္ေကာက္အေပၚ ယုံၾကည္မႈက က်န႔္ခ်ိဳးခ်ီတစ္ေယာက္ သူ႕အသက္ဓားသြားေပၚ ယုံၾကည္ခ်က္ထက္ ပိုလြန္ေနသည္။
မင္ရွစ္ရင္က ႐ုတ္ျခည္း ေျပာလိုက္သည္။
ႏႈတ္ဆက္ပါတယ္
ဟမ္ က်န႔္ခ်ိဳးခ်ီက မင္ရွစ္ရင္ ေျပာလိုက္သည္ကို ေဝဝါးဝါးသာ ၾကားလိုက္ရၿပီးေနာက္ သူ႕အနား ေျမာက္မ်ားစြာေသာ ႏြယ္ပင္မ်ား ရစ္သိုင္းလာကာ သူ႕လမ္းေၾကာင္းကို ပိတ္ဆို႔ထားလိုက္သည္။
ဒုကၡမိုင္တစ္ရာရႈကြင္း မင္ရွစ္ရင္က ေအးစက္စက္ ေျပာလိုက္သည္။ ဤတစ္ႀကိမ္ သူ႕စိတ္ဝိညာဥ္သဏၭာန္က ေပႏွစ္ဆယ္မွ် မကေတာ့ေပ။ ေပသုံးဆယ္ ျဖစ္လာေလ၏။ ထို႔အျပင္ စိတ္ဝိညာဥ္သဏၭာန္ေအာက္ရွိ ေ႐ႊပဒုမၼာၾကာေပၚတြင္ ပြင့္ခ်ပ္တစ္လႊာ ျမင္လိုက္ရသည္။
ဘာ ဘယ္တုန္းက မင္း တစ္လႊာရလာတာလဲ က်န႔္ခ်ိဳးခ်ီက မယုံၾကည္နိုင္စြာ မ်က္လုံးအျပဴးသား ျဖစ္လာသည္။
ဖူး
မင္ရွစ္ရင္က က်န႔္ခ်ိဳးခ်ီ၏ ရင္ဘတ္အား ခြဲခြာခ်ိတ္ေကာက္ျဖင့္ ထိုးေဖာက္ပစ္လိုက္သည္။ သူ ေကာင္းကင္အဆင့္ လက္နက္ ရလိုက္ကတည္းက က်န႔္ခ်ိဳးခ်ီအေပၚ ဖိအားေပးနိုင္ခဲ့သည္။ သူက တစ္စကၠန႔္ေလးပင္ မနားဘဲ အားနာပါရဲ႕ ငါ့ဆီမွာ ပြင့္ခ်ပ္တစ္လႊာ တစ္ေလွ်ာက္လုံး ရွိခဲ့ၿပီးသား
တိုက္ပြဲက ဒီလိုအဆုံးသတ္သြားေလသည္။
က်န႔္ခ်ိဳးခ်ီ၏ လက္က်န္ ေရွးဦးခ်ီက သူ႕ခႏၶာကိုယ္အား ေလထဲ ထိန္းေပးထားသည္။
မင္ရွစ္ရင္က ေနာက္လွည့္ကာ ခြဲခြာခ်ိတ္ေကာက္အား အကၤ်ီလက္ဖ်ားျဖင့္ သုတ္လိုက္ၿပီးေနာက္ အစြပ္ထဲ ျပန္သိမ္းလိုက္သည္။
ဝုန္း
က်န႔္ခ်ိဳးခ်ီက ေနာက္ဆုံးေတာ့ ေျမေပၚသို႔ က်လာသည္။
တင္း နတ္ဝိညာဥ္ ဝဋ္ေႂကြးေခ် နယ္ပယ္အဆင့္ကို သတ္လိုက္နိုင္တဲ့အတြက္ ဆုလာဘ္ ကုသိုလ္ရမွတ္ တစ္ေထာင္ ရရွိပါမယ္
တင္း ေကာင္းကင္အဆင့္ လက္နက္ အသက္ဓားသြားကို ရရွိလိုက္ပါတယ္။ အသုံးမျပဳခင္ ျပန္လည္သန႔္စင္ဖို႔ လိုအပ္ပါတယ္
လုက်ိဳးက လက္ေျမာက္လိုက္သည့္အခါ အသက္ဓားသြားက သူ႕လက္ထဲ မ်က္စိတစ္မွိတ္အတြင္း ေရာက္လာသည္။
မင္ရွစ္ရင္က ပိအန္းဆီ အေျပးအလႊား ေရာက္လာသည္။
ႏြယ္ပင္မ်ားစြာက သူတို႔အျမင္ကို ႏွောင့္ယွက္ပိတ္ဆို႔ထားေသာေၾကာင့္ ေက်ာက္စိမ္းစင္ျမင့္မွ တပည့္မ်ားက အျဖစ္အပ်က္ကို မသိလိုက္ၾကေပ။ သို႔ေသာ္လည္း သူတို႔က ပိအန္း ေကာင္းကင္ထဲ ျမင့္တက္သြားသည္ကို ျမင္လိုက္ၾကရေသး၏။ ႏြယ္ပင္ ေပ်ာက္ကြယ္သြားသည့္အခါ မင္ရွစ္ရင္က ဒူးေထာက္ကာ ဂါရဝျပဳေနသည့္ အေနအထားကို ျမင္လိုက္ၾကရသည္။
ရွစ္စြင္းကို ေက်းဇူတင္ပါတယ္။ ရွစ္စြင္းကို စိတ္မပ်က္ေစမိခဲ့လို႔ ေတာ္ေသးတာေပါ့
သစၥာရွိမႈ +၂
လုက်ိဳးက မုတ္ဆိတ္ကို အသာသပ္လိုက္သည္။ သူက မင္ရွစ္ရင္ကို အသာၾကည့္လိုက္ၿပီးေနာက္ ေခါင္းညိတ္ျပလိုက္သည္။ သူက မင္ရွစ္ရင္သည္ သူ႕စြမ္းအားကို ဖုံးကြယ္ထားလိမ့္မည္ဟု မထင္ထားခဲ့ေပ။ ၾကည့္ရသည္မွာ မင္ရွစ္ရင္က အေမွာင္စစ္သည္ေတာ္ ေလးေယာက္ထဲမွ တစ္ေယာက္ႏွင့္ တိုက္ခိုက္ခဲ့စဥ္အခါက ပြင့္ခ်ပ္တစ္လႊာ တိုးလာျခင္း ျဖစ္ရမည္။
မင္ရွစ္ရင္က မတ္တတ္ရပ္ကာ ေရွာင္ယြမ္အာအား ေျပာလိုက္သည္။
ရွစ္ေမ့ ငါ က်န႔္ခ်ိဳးခ်ီကို တစ္ခ်က္တည္းနဲ႕ အဆုံးသတ္ပစ္လိုက္တုန္းက အာ့ရွစ္ရွိုးနဲ႕ မတူဘူးလား
ေရွာင္ယြမ္အာက မ်က္လုံးေဝ့ၾကည့္ကာ ညီမက ဘယ္လိုလုပ္သိမွာလဲ
အကယ္၍ စိတ္ရႈပ္ေထြးေနသည့္ လူမ်ားရွိေနေသးလွ်င္ပင္ သူတို႔ၾကားက စကားဝိုင္းမွ လူအိုႀကီး၏ ဇာစ္ျမစ္ကို အတည္ျပဳေပးၿပီးသား ျဖစ္သြားေလၿပီ။
သူက မိစ္ဆာအိုႀကီးလား
က်ိထ်န္းေတာက္လား
မျဖစ္နိုင္တာ သြမ့္ရွင္း မိတ္ဆက္ေပးတဲ့ ဆရာႀကီးက မိစ္ဆာေဝဟင္ေမွ်ာ္နန္းက မိစ္ဆာအိုႀကီးတဲ့လား
ေျပးၾက
က်င့္ႀကံဆင့္နိမ့္သည့္ ဂိုဏ္းသားမ်ားက တုံ႕ဆိုင္းမေနရဲၾကေပ။ သူတို႔အသက္မ်ားက တိုက္ပြဲၾကည့္ရျခင္းထက္ ပိုအေရးပါသည္ မဟုတ္ပါေလာ။ မ်က္စိတစ္မွိတ္အတြင္း ေက်ာက္စိမ္းယဇ္ပလႅင္အထက္ ဂိုဏ္းသားတစ္ဦးတည္းသာ က်န္ရွိေတာ့သည္။
ေရွာင္ယြမ္အာက လွည့္ၾကည့္ကာ ေျပာလိုက္၏။
အာ ရွစ္စြင္းကို မေၾကာက္တဲ့သူ တစ္ေယာက္ရွိေနတာပဲ
လုက်ိဳးက ထိုလူကို လွည့္ၾကည့္လိုက္သည့္အခါ ေျဖာင့္မတ္ျခင္း လမ္းစဥ္ဂိုဏ္းမွ ပဥ္စမအကြီးအကဲ က်န္းခ်ဴ ျဖစ္ေနေၾကာင္း သိလိုက္ရသည္။ သူက တည္တည္ၿငိမ္ၿငိမ္ ေျပာလိုက္သည္ မင္းက ငါ့ကို မေၾကာက္ဘူးလား
က်န္းခ်ဴက တိတ္ဆိတ္ေနေလ၏။
လုက်ိဳးက ေခါင္းအသာညိတ္ကာ က်န္းခ်ဴအား ခ်ီးက်ဴးလိုက္သည္ ေျဖာင့္မတ္ျခင္းလမ္းစဥ္းဂိုဏ္းက ငေၾကာက္ေတြခ်ည္း ရွိတယ္ ထင္ေနတာ
ရွစ္စြင္း ကြၽန္ေတာ္ သြားသတ္လိုက္ရမလား မင္ရွစ္ရင္က စိတ္လႈပ္ရွားစြာ ေျပာလိုက္သည္။
ကြၽန္ေတာ္ ႐ုတ္႐ုတ္သည္းသည္း မျဖစ္ေစရဘူးလို႔ ကတိေပးပါတယ္။ သူ႕ကို က်န႔္ခ်ိဳးခ်ီထက္ ခပ္ျမန္ျမန္ သတ္ေပးနိုင္ပါတယ္
လုက်ိဳးက ေခါင္းခါလိုက္သည္။ သူက က်န္းခ်ဴအား ၾကည့္လိုက္ကာ မလိုဘူး
က်န္းခ်ဴအား သတ္လိုက္ျခင္းက အဓိပၸာယ္မရွိေပ။ သူက ပါမႊားေလးမွ်သာ ျဖစ္၏။ သူ႕ေသဆုံးျခင္းက ေျဖာင့္မတ္ျခင္းလမ္းစဥ္ဂိုဏ္းအတြက္ အက်ိဳးဆက္ မရွိေခ်။
လုက်ိဳးက လက္အသာယမ္းကာ သတၱိေကာင္းတဲ့လူေတြကို သေဘာက်တယ္။ မင္းအသက္ကို ခ်မ္းသာေပးလိုက္မယ္
ထို႔ေနာက္ သူက သူ႕တပည့္ကို ေျပာလိုက္သည္။
မိစ္ဆာေဝဟင္ေမွ်ာ္နန္းဆီ ျပန္ၾကစို႔
ပိအန္းက တိမ္တိုက္ထဲ ဝင္ေရာက္သြားေလသည္။
ရွစ္စြင္း ေဘးကင္းတဲ့ ခရီးေလး ျဖစ္ပါေစ။ ကြၽန္ေတာ္ စန္းရွစ္ရွိုးကို သြားရွာလိုက္ဦးမယ္ မင္ရွစ္ရင္က ေျပာလိုက္၏။
လုက်ိဳးက သူ႕အား လ်စ္လ်ဴရႈထားရင္း ပိအန္းေက်ာေပၚတြင္ စီးနင္းရင္း ေကာင္းကင္ထဲ ေရာက္သြားသည္။
မင္ရွစ္ရင္က ေတာအုပ္ထဲ လွ်ပ္စီးအလား ဝင္ေရာက္သြားေလသည္။
ရွစ္ရွိုးက သန႔္စင္ခန္းသြားတာ ဘာလို႔ၾကာေနပါ့လိမ့္
သိပ္မၾကာခင္ သူလည္း ေနရာမွ ေပ်ာက္ကြယ္သြားေလသည္။
ခဏအၾကာတြင္ က်န္းခ်ဴက ေျမျပင္ေပၚ အပုံသားလဲက်သြားေလသည္။ ထိုစဥ္ သူ႕ေျခေထာက္ၾကားမွ အရည္ပူပူတို႔ စီးက်လာသည္။
ေသစမ္း ေၾကာက္စရာေကာင္းလိုက္တာ ငါ အေသကို ေၾကာက္သြားတာ။ မိစ္ဆာအိုႀကီးက ငါ့ေရွ႕မွာ ရပ္ေနခဲ့တာတဲ့။
က်န္းခ်ဴက မ်က္ရည္က်လဳမတတ္ ျဖစ္ေနေလသည္။
.
တိတ္ဆိတ္လွသည့္ ေတာအုပ္အတြင္း
အစိမ္းဝတ္ အမ်ိဳးသားက ေလွ်ာက္လွမ္းလာသည္။ သူက ပိအန္းထြက္သြားသည့္ ေနရာကို ၾကည့္လိုက္ကာ သူ႕ဘာသာ ေရ႐ြတ္လိုက္သည္။
ရွစ္စြင္း ေတာ္ေတာ္ေျပာင္းလဲသြားတဲ့ပုံပဲ
သူက ေျမျပင္ေပၚ ထိုင္လ်က္သားျဖစ္ေနသည့္ က်န္းခ်ဴဆီ ျဖည္းျဖည္းခ်င္း ေလွ်ာက္လာေလသည္။
မဂၤလာပါ
မ မဂၤလာပါ က်န္းခ်ဴက ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕ျဖင့္ ေခါင္းညိတ္လိုက္သည္။
သူတို႔က ခင္ဗ်ားကို လန႔္ေအာင္လုပ္ဖို႔ ရည္႐ြယ္ခ်က္ရွိပုံမေပၚဘူး
...