အခန်း (၁၀၃) တုံးအခြင်း၏တန်ကြေး
လုကျိုး၏ လေသံ၊ သဘောထားနှင့် အမူအရာက လုကျိုးတစ်ကွက်မှ မထုတ်ပြရသေးခင်တွင်တောင် လုကျိုးက မိစ္ဆာဝေဟင်မျှော်နန်း၏ အရှင်သခင်အစစ်အမှန်၊ ကျိထျန်းတောက် အစစ်ဖြစ်ကြောင်း တင်းဖန်ချိုးကို လက်ခံယုံကြည်စေ၏။ လုကျိုးက တပည့်များအနေဖြင့် တပည့်ဆိုးကိုးယောက်ရှိသည့် မိစ္ဆာလမ်းကြောင်း၏ မိစ္ဆာခေါင်းဆောင်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ မိုးအောက်မြေပြင်တွင် ကျိထျန်းတောက်မှအပ မဟာစုန်းအတတ်အစီအရင်အောက်တွင် မည်သူက အထိအခိုက်မရှိ ရပ်နေနိုင်မည်နည်း။
တင်းဖန်ချိုး၏ ကျန်ရှိသော တပည့်နှစ်ဦးက ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူတို့က အရုပ်တစ်ရုပ်ပမာ လှုပ်ရှားမှု ကင်းမဲ့သွား၏။ သူတို့၏ ခန္ဓာကိုယ်သည် ကြောက်လန့်မှုကြောင့် တုန်ယင်နေတော့သည်။
ထိုစဉ် ချန်းကျူကမူ ထိုမေးခွန်းသုံးခုကို ကြားသည့်အချိန်တွင် မျက်မှောင်ကျုံ့လိုက်မိတော့၏။ သူက ရထားလုံးပျံမှ အမိန့်တစ်ခုကို စောင့်ဆိုင်းနေပုံရသည်။
တိတ်ဆိတ်မှုက နေရာတွင်ကြီးစိုးနေ၏။ ဆိတ်ငြိမ်လွန်းသောကြောင့် တိတ်ဆိတ်မှုကို ထိတွေ့၍ ရသည့်ပမာဖြစ်နေတော့သည်။
ထိုစဉ်မဟာစုန်းအတတ်အစီအရင်က အပြည့်အဝ အသက်သွင်းပြီးသွားပြီဖြစ်သည်။
အစီအရင်အပြင်ဖက်တွင် ရပ်နေကြသော ရဲမက်များက သူတို့၏လှံများကို ကိုင်မြှောက်လျက် အမိန့်ရသည်နှင့် တိုက်ခိုက်ရန်အသင့်ပြင်ထားကြသည်။ ကျင့်ကြံသူများကလည်း သူတို့၏ ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် သူတို့ကိုယ်သူတို့ အသင့်ပြင်ထား၏။
ဒါက သေချာပေါက်နိုင်မယ့်အခြေအနေပဲ။ ကျုပ်ရဲ့အရှင်သခင် ဘာတွေများတွေးနေလဲ။ ချန်းကျူက သူ့ဖာသာသူတွေးလိုက်၏။
ဒင်း ဒေါင်း ဒင်း
ခေါင်းလောင်းသံ ထပ်မြည်လာပြန်၏။ ချန်းကျူသည် အသံကိုကြားသည်နှင့် မျက်မှောင်ကျုံ့တာ ချက်ချင်း ပြေလျော့သွားတော့သည်။ သူ၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်လာသည်။ ဤအပြုအမူဖြင့် သူ့ကို စကားပြောရဲသည့်သူကို သူတစ်ခါမှမတွေ့ခဲ့ဖူးပေ။ သူ့အမူအရာက အေးစက်သွားပြီးပြောလိုက်တော့၏။
“စိတ်မရှိပါနဲ့။ မကြာခင်မှာ သေတော့မယ့်လူတစ်ယောက်အတွက် ဒီမေးခွန်းတွေရဲ့ အဖြေကိုသိတာ အဓိပ္ပာယ်မရှိဘူးလေ”
သေခြင်းတရားက ထိုလူများအတွက် အကောင်းဆုံးရလဒ်ဖြစ်သည်။ ပစ်ထုတ်ပြီးသည့်မြားတစ်စင်း ကို ပြန်ခေါ်၍မရပေ။
ဘီး
ချန်းကျူက လေးကြိုးကိုဆွဲပြီးနောက် သူ၏ချီကို များစွာသောစွမ်းအင်မြားများအဖြစ် ပြောင်းလဲလိုက်၏။ သူ၏မျက်လုံးက အေးတိအေးစက်အလင်းတန်းဖြင့်တောက်လာကာ ပြောလိုက်တော့သည်။
“နောက်ဆုံးစကားရှိသေးလား”
နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်လေးသည်တော်က ချီကို စွမ်းအင်မြားများအဖြစ်ပြောင်းလဲရာ၌ အမှန်တကယ်အရည်အချင်းရှိသည်။ အမှန်တကယ်တွင် နတ်လေးသည်တော်က သူ၏ကိုယ်ပိုင် ပညာရပ်တွင် ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်၍ရသည်။ အံ့ဖွယ်မြို့တော်၏ နတ်လေးသည်တော်သုံးဦးက ထင်သည့်အတိုင်း သူ၏လှုပ်ရှားမှုသက်သက်ကတွင် ချန်းကျူက မဟူရာစစ်သည်တော်လေးဦးထဲမှ တစ်ဦးဖြစ်သောလီချင်းထက် ပိုအစွမ်းထက်ကြောင်း လုကျိုး ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။
ချန်းကျူက လုကျိုး၏ ထူးမခြားနားအမူအရာကို ကြည့်ပြီး ပြန်မပြောတာတွေ့သည့်အချိန်၌ သူ၏မြားကို ထပ်မံပစ်ထုတ်လိုက်သည်။
ထိုစဉ် လုကျိုးက ညင်သာစွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ခေါင်းခါလိုက်တော့၏။ သူက ပြောသည်။
“တုံးအတာအတွက် ပေးရတဲ့တန်ကြေးတော့ရှိမှာပဲ” သူ၏လက်ထဲတွင် အသုံးပစ္စည်းကတ် ငါးကတ်ပေါ်လာတော့၏။ သူသည် အတွေးတစ်ချက်ဖြင့် ကတ်လေးကတ်ကို အစောတုန်းက ထုတ်ခဲ့ပြီးဖြစ်သည်။
လုကျိုးက လက်ကိုခပ်သာသာ ဝှေ့ယမ်းလိုက်ရာ တောက်ပနေသော လေပွေငါးခုက သူ၏လက်ထဲ၌ ပေါ်လာတော့သည်။ သူတို့က နာရီလက်တံပြောင်းပြန်အတိုင်းလှည့်ပတ်နေ၏။ အချိန်တိုအတွင်း လေပွေငါးခုကို ပစ်ထုတ်လိုက်တော့သည်။
ထွမ်း ထွမ်း ထွမ်း
ချန်းကျူက သူ၏စွမ်းအင်မြားများကို တပြိုင်နက်တည်းပစ်ထုတ်လိုက်တော့သည်။ ကံဆိုးသည်မှာ သူတို့က လေပွေများဝါးမျိုတာခံလိုက်ရ၏။
လေပွေများက စုန်းအတတ်အစီအရင်၏ ခရမ်းရောင်ဖျော့ဖျော့အလင်းတန်းအောက်၌ မှင်သက်ဖွယ် ကောင်းစွာ လှည့်ပတ်ပြီး ပေါ်ပေါက်လာတော့သည်။ သူတို့က ကွင်းငါးကွင်းချိတ်ဆက်ထားသည့် ပမာ ရှေ့သို့ဆက်လက်တိုးနေ၏။
“ဘာ” ချန်းကျူက မျက်ခုံးပင့်လိုက်တော့သည်။
ထိုစဉ် ရွှေရောင်အလင်းတန်းက လူတိုင်းရှေ့၌ ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် အရာအားလုံး လည်ပတ်နေပုံရ၏။
ယင်းက တောက်မုဒြာဖြစ်သည်။ တောက်မုဒြာကို အသုံးပြုသည့်အချိန်၌ အရာအားလုံးက နှိုင်းယှဉ်လျှင် မှိန်ဖျော့သွားပေသည်။
အန္တရာယ်ပဲ။
ချန်းကျူက နောက်သို့ဆုတ်လိုက်သည်။ ထိုကဲ့သို့ ထိုကဲ့သို့ပညာရပ်မျိုးကို ယခင်က တစ်ခါမှ မတွေ့ဖူးပေ။ သူတွေဝေနေစဉ် လေပွေငါးခုက ရုတ်တရက် အရွယ်အစားကြီးမားလာတော့သည်။ ရွှေရောင်အလင်းက သိပ်သည်းလာပြီးနောက် ထိုဧရိယာတဝိုက်ရှိတောက်ပမှုက ပိုကြီးမားလာ၏။ သူတို့က မရေမတွက်နိုင်သည့် ထိုက်ကျိရွှေရောင်ကွင်းများနှင့် ဆင်တူနေတော့သည်။
“တောက်မုဒြာတွေ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ချန်းကျူက အချိန်မှီ မဆုတ်နိုင်ခဲ့ပေ။ သူ၏မျက်လုံးထဲတွင် ထိတ်လန့်မှုများပြည့်နေပြီး လေးကြိုးကို ပြန်ဆွဲပြီးနောက် စွမ်းအင်မြားသုံးစင်း ပစ်ထုတ်လိုက်တော့သည်။
ဘန်း ဘန်း ဘန်း
ချန်းကျူက မရပ်တန့်သွားပဲ နောက်ထပ် မြားသုံးစင်းကို ပစ်ထုတ်လိုက်၏။ သို့သော် ရွှေရောင်ထိုက်ကျိမုဒြာက အထိအခိုက်မရှိဘဲ ချန်းကျူ၏ မြားအားလုံးကို ဝါးမျိုသွားတော့သည်။
ချန်းကျူ၏ မျက်လုံးက ကြောက်လန့်မှုကြောင့် ပြူးကျယ်လာ၏။ သူ၏ မျက်နှာထက်တွင် စိတ်ပူပန်သည့် အရိပ်အယောင်တစ်စွန်းတစကိုလည်း မြင်နိုင်သည်။ လေးကိုကိုင်ထားသော လက်က အနည်းငယ်တုန်ယင်လာပြီးနောက် မြားများစွာကို စတင်ပစ်ထုတ်လိုက်တော့သည်။
ကံဆိုးသည်မှာ မြားများက ရွှေရောင်ထိုက်ကျိကို ရင်ဆိုင်ရာတွင် အာနိသင်မရှိပေ။ တမူထူးခြားသော ရွှေရောင်သင်္ကေတများကို နေရာအနှံ့မြင်နိုင်ပြီး အရာအားလုံးကို အုပ်မိုးထားလေ၏။
ချန်းကျူူက ယခုအချိန်တွင် ရွှေရောင်သင်္ကေတများနှင့် နီးကပ်လွန်းနေရာ သူ့အဖို့ လွတ်မြောက်ရန် နည်းလမ်းမရှိပေ။ သူ့ဖာသာသူတွေးပြီးကြောက်လန့်နေတော့၏။
“ဒီလောက်ကြီးမားတဲ့ မုဒြာက ဘယ်လိုလုပ်ရှိနိုင်ရတာလဲ။ တောက်မုဒြာတွေက အစတည်းက ဒီလိုကြီးတာလား”
ရွှေရောင်စက်ဝိုင်းက လုံးဝန်းသည့်နံရံတစ်ခုကို ဖွဲ့တည်လိုက်ပြီး ယင်းကဆယ်မီတာခန့်မြင့်မားသည်။
ဖုန်း
လေထဲတွင် ပေါက်ကွဲသံတစ်သံကိုကြားလိုက်ရပြီး ရွှေရောင်စက်ဝိုင်းများထဲမှတစ်ခုက သူ့ဖာသာသူ ပေါက်ကွဲသွားပြီး လေနှင့်အတူပျောက်ကွယ်သွား၏။ နေရာတစ်ခုလုံး ထပ်မံ တိတ်ဆိတ်သွားပြန်သည်။ ချန်းကျူရပ်နေသည့်နေရာတွင် ဘာကိုမျှမမြင်ရပေ။ သူ့အရိပ်အယောင် တစ်စက်မှကျန်မနေခဲ့ပေ။
ထိုစဉ် ထိုက်ကျိရွှေရောင်မုဒြာလေးခုက မိုးကုတ်စက်ဝိုင်းဆီသို့ ပျံ့လွင့်သွားတော့၏။ အနီရောင်ရထားလုံးများရှိ အမျိုးသမီးကျင့်ကြံသူများက မှင်သက်သွားသည်။ သူတို့အတွက် သတိဝင်လာရန် အချိန်အနည်းငယ်ကြာသွားပြီးနောက် အရေးနိမ့်သည့်အခြေအနေတွင် ရောက်နေမှန်း သူတို့သိလိုက်ရသည်။
သူတို့မျက်မှောင်ကျုံ့ကာ အော်ပြောလိုက်၏။ “ရဲတင်းလိုက်တာ”
သူတို့လေးယောက်က ချက်ချင်းပင် လက်သင်္ကေတများ ပြုလုပ်ပြီးနောက် ချဉ်းကပ်လာသော ရွှေရောင်စက်ဝန်းလေးခုကို ဖြေရှင်းလိုက်၏။
ချန်းကျူမသေခင်ရပ်နေခဲ့သည့်နေရာကို ဗဟိုထားလျက် ထိုက်ကျိရွှေရောင်သင်္ကေတများက ဆယ်မီတာအကွာအဝေးအတွက် အရပ်မျက်နှာအနှံ့ပျံ့နှံ့သွား၏။ အားလုံး၏ ခြေထောက်အောက်ရှိ စုန်းအစီအရင်ကလည်း ရွှေရောင်အလင်းဖြင့်လွှမ်းမိုးခံလိုက်ရသည်။
တင်းဖန်ချိုး၏ အကြည့်က တည်ငြိမ်သွားတော့၏။ ကျင့်ကြံခြင်းလောကတွင် ကျင့်ကြံသူတစ်ဦးက တောက်မုဒြာများကို ရွတ်ဆိုနိုင်ရန်အတွက် အနည်းဆုံးတော့သူ၏ကျင့်ကြံဆင့်သည် ပွင့်ချပ်ခုနှစ်လွှာ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်တွင် ရှိရမည်။ သူတို့က ယခုအချိန်တွင် စုန်းအတတ်အစီအရင်တွင် ချုပ်မိနေတာပဲဖြစ်၏။ ဆိုလိုသည်မှာ ဂါထာ၏ ယိုယွင်းမှုကို ရင်ဆိုင်တိုက်ခိုက်ရမှာပဲဖြစ်သည်။ ကောင်းကင်အောက်တွင် ထိုအသန်မာဆုံးကျွမ်းကျင်သူက မည်မျှအစွမ်းထက်သနည်း။
ရွှေရောင်စွမ်းအင်ချိပ်သင်္ကေတနှင့်ယှဉ်လျှင် တင်းဖန်ချိုး၏ တောက်မုဒြာများက ပုရွက်ဆိတ်ပမာ မထင်မရှားဖြစ်နေလေ၏။ သူသည်ထိုမျှထိတ်လန့်ဖွယ်ကောင်းသော တောက်မုဒြာကို သူ့တစ်ဘဝလုံးတွင် မတွေ့ခဲ့ဖူးပေ။ သူ၏ ဗဟုသုတအရ ထိုကဲ့သို့ တောက်မုဒြာများကို ရွတ်ဆိုနိုင်ရန် စွမ်းရှိသူများသည် တောက်သခင်များသာဖြစ်ကြ၏။ တောက်မဟာပညာရှင်များသာ ဖြစ်ကြ၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးပမာ အယောင်ဆောင်မိသည့်အတွက် သူ့ကိုယ်သူရီချင်မိသွားသည်။
ထိုစဉ် လေထဲတွင်ပျံဝဲနေသော အမျိုးသမီးကျင့်ကြံသူလေးဦးက သူတို့မျက်နှာထက်တွင် ဆုံးဖြတ်ချက် ချထားသည့်အမူအရာတစ်ခုရှိနေသည်။ သူတို့က ထိုရွှေရောင်ထိုက်ကျိမုဒြာများကို ဖယ်ရှားနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ ကံဆိုးသည်မှာ သူတို့စွမ်းအင်လှိုင်းများကို ထုတ်ဖော်သည့်အချိန်တွင် မုဒြာများပေါ်၌ လှိုင်းဂယက်ငယ်ကိုသာ ဖန်တီးနိုင်ခဲ့ပြီး ယင်းမုဒြာများကမူ သမုဒ္ဒရာများပမာ ကျယ်ပြောပုံရ၏။ ယင်းက အချည်းနှီးဖြစ်သွားတော့သည်။
“တောက်မဟာပညာရှင်လား” သူတို့က အထိတ်တလန့်ထုတ်ဖော်ပြောလိုက်ပြီး တောက်ပနေသော ရွှေရောင်ထိုက်ကျိသင်္ကေတ သူတို့ဆီ ပျံ့လွင့်လာတာကို ကြည့်နေရသည်။
ဘန်း ဘန်း ဘန်း
ထိုစဉ် ရွှေရောင်စက်ဝိုင်းလေးခုက သူတို့ကို မိသွားပြီး သူတို့က ပေါက်ကွဲသွားကာ မီးရှူးမီးပန်းများသဖွယ်ပျောက်ကွယ်သွားတော့၏။ တောက်ပမှုကို ပြသပြီးနောက်သူတို့သည် တိမ်ငွေ့အဖြစ်ပြောင်းလဲသွားကာ လေနှင့်အတူပျောက်ကွယ်သွားတော့၏။
“...”
“...”
လူတိုင်း၏ မျက်နှာထက်တွင် မယုံနိုင်သည့်အမူအရာမျိုးရှိနေသည်။
“တင်း နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ပစ်မှတ်သုံးဦးကို သတ်ခဲ့ပြီး နတ်ဒေဝါဦးတည်နယ်ပယ် နှစ်ယောက်ကို သတ်ခဲ့ပါတယ်။ ကုသိုလ်အမှတ် သုံးထောင့်ခုနစ်ရာ ဆုချီးမြှင့်ခံရပါတယ်”
ငါ မဆုံးရှုံးလို့တော်သေးတယ်။
တွက်ချက်ပြီးနောက် လုကျိုးက ချန်းကျူတစ်ဦးတည်းက အမှတ်ထောင့်ငါးရာတန်ကြောင်း ရှာဖွေတွေ့ရှိလိုက်သည်။ သို့သော် သူက များများစားစားမရခဲ့ပေ။ သူသည် အစောပိုင်းက ကုသိုလ်မှတ်နှစ်ထောင်သုံးခဲ့တာဖြစ်၏။ မုတ်ဆိတ်သပ်ပြီး သူ၏ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်၏။
ငါ သူ့ကို မတိုက်ခိုက်ချင်ဘူး။ ဒါပေမဲ့...။
ချန်းကျူကဲ့သို့ နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် လက်ရွေးစင်လေးသည်တော်တစ်ဦးအတွက် တစ်စက္ကန့်လျှင် မြားသုံးစင်းပစ်ထုတ်ရန်က လွယ်ကူပေ၏။ လုကျိုးက အတိုက်အခိုက်ဒဏ်ပြင်း ကာကွယ်သည့်ကတ်အားလုံးဖြင့် မသုံးနိုင်ပေ။ ထို့အပြင် သူ၏ပြစ်ချက်မဲ့ကတ်ကိုလည်း ဖြုန်းတီးရာရောက်သွားနိုင်၏။ တန်ဖိုးရှိသော အရင်းအမြစ်များကို ဖြုန်းတီးမည့်အစား ဤနည်းအတိုင်း ဆောင်ရွက်တာက ပိုလွယ်ကူ၏။ ထိုမှအပ တာ့ယန်၏ ကောင်းကင်အောက်တွင် ကျန်သည့်မျိုးနွယ်စုများအတွက် နေရာမရှိပေ။ စန်းချုံကျို့မျိုးနွယ်စုနှင့်မတူဘဲ ထိုမျိုးနွယ်စုသည် တာ့ယန်ကနေခွဲထွက်လာသည့် တိုင်းပြည်သူပြည်သားများဖြစ်သည်။ နှစ်ပေါင်းသန်းချီ ရှင်သန်နေထိုင်ပြီးနောက် သူတို့၏အုတ်မြစ်ကို ဤနေရာ၌ ချခဲ့တာပဲဖြစ်၏။ သူတို့က ရှေးလူမျိုးများ ဖြစ်ကြသည်။ တစ်ဖက်တွင်မူ ရှီးချန်းကျိုးက ရှေးယခင်တည်းကရှိခဲ့သော ကျန်သည့်မျိုးနွယ်စုတစ်စုဖြစ်၏။
“ချစ်လှစွာသော ဧကရာဇ်အရှင်ရေ... ခင်ဗျားရဲ့နားမှာ ဘယ်လိုလူတွေကို ထားထားတာလဲ။ တစ်ခြားမျိုးနွယ်စုက လူတစ်ယောက်က နန်းတော်ကို ထိုးဖောက်ဝင်ရောက်နေပြီဆိုတာ သိရဲ့လား။ လူတွေပိုများလာဖို့ပဲရှိတော့တယ်” ကံဆိုးသည်မှာ အရည်အချင်းရှိသည့်လက်ရွေးစင်များကို ပျိုးထောင်နေတာမဟုတ်ပေ။ အချို့သော အမျိုးအမည်မသိ အကြောင်းပြချက်များအတွက် ချန်းကျူအသတ်ခံရပြီးနောက် မဟာစုန်းအစီအရင်က စတင်အားနည်းလာတော့သည်။
တောက်ပသည့်အနီရောင်ရထားလုံးပျံက အမျိုးသမီးကျင့်ကြံသူလေးဦး၏ အထောက်အပံ့မရှိဘဲ စတင်ပြိုလဲကျလာတော့၏။ မြေပြင်ရှိအခြေအနေက ဖရိုဖရဲဖြစ်နေပြီး ရဲမက်များက ထွက်ပြေးရန်ကြိုးစားနေကြသည်။
နန်းတော်က ပညာရှင်က ဒီလို အလွယ်တကူ အသတ်ခံလိုက်ရတယ်လား။
ရဲမက်များသည် သူတို့အိမ်မက်မက်နေသည်ဟု တွေးမိလိုက်ပြီး လက်ခံရန်ခက်ခဲနေ၏။
လုကျိုးက ရထားလုံးပျံကို ဆက်ကြည့်နေသည်။ ချန်းကျူကဲ့သို့ နတ်လေးသည်တော်သုံးဦးထဲမှ တစ်ဦးအနေဖြင့် တစ်စုံတစ်ယောက်ကို သူ၏သခင်အဖြစ်အသိအမှတ်ပြုထားခြင်းသည် ထိုသခင်က သေချာပေါက်အားနည်းတာမဖြစ်နိုင်ပေ။
ဖုန်း
ရထားလုံးက မြေကြီးနှင့်ရိုက်မိသွားပြီးနောက် ဖုန်မှုန့်များတက်လာတော့သည်။
မဟာစုန်းအတတ်အစီအရင် အားနည်းသွားပြီးနောက် သူတို့၏ အမြင်အာရုံက ကြည်လင်လာတော့သည်။ ထိုစဉ် အားလုံး၏ အာရုံစိုက်မှုက တောက်ပသော အနီရောင်ရထားလုံးပျံတွင်သာ ရှိနေတော့၏။
...
Zawgyi
အခန္း (၁၀၃) တုံးအျခင္း၏တန္ေၾကး
လုက်ိဳး၏ ေလသံ၊ သေဘာထားႏွင့္ အမူအရာက လုက်ိဳးတစ္ကြက္မွ မထုတ္ျပရေသးခင္တြင္ေတာင္ လုက်ိဳးက မိစ္ဆာေဝဟင္ေမွ်ာ္နန္း၏ အရွင္သခင္အစစ္အမွန္၊ က်ိထ်န္းေတာက္ အစစ္ျဖစ္ေၾကာင္း တင္းဖန္ခ်ိဳးကို လက္ခံယုံၾကည္ေစ၏။ လုက်ိဳးက တပည့္မ်ားအေနျဖင့္ တပည့္ဆိုးကိုးေယာက္ရွိသည့္ မိစ္ဆာလမ္းေၾကာင္း၏ မိစ္ဆာေခါင္းေဆာင္ဆိုတာ သံသယျဖစ္ဖြယ္မရွိေပ။ မိုးေအာက္ေျမျပင္တြင္ က်ိထ်န္းေတာက္မွအပ မဟာစုန္းအတတ္အစီအရင္ေအာက္တြင္ မည္သူက အထိအခိုက္မရွိ ရပ္ေနနိုင္မည္နည္း။
တင္းဖန္ခ်ိဳး၏ က်န္ရွိေသာ တပည့္ႏွစ္ဦးက ပါးစပ္အေဟာင္းသားျဖစ္သြားသည္။ သူတို႔က အ႐ုပ္တစ္႐ုပ္ပမာ လႈပ္ရွားမႈ ကင္းမဲ့သြား၏။ သူတို႔၏ ခႏၶာကိုယ္သည္ ေၾကာက္လန႔္မႈေၾကာင့္ တုန္ယင္ေနေတာ့သည္။
ထိုစဥ္ ခ်န္းက်ဴကမူ ထိုေမးခြန္းသုံးခုကို ၾကားသည့္အခ်ိန္တြင္ မ်က္ေမွာင္က်ဳံ႕လိုက္မိေတာ့၏။ သူက ရထားလုံးပ်ံမွ အမိန႔္တစ္ခုကို ေစာင့္ဆိုင္းေနပုံရသည္။
တိတ္ဆိတ္မႈက ေနရာတြင္ႀကီးစိုးေန၏။ ဆိတ္ၿငိမ္လြန္းေသာေၾကာင့္ တိတ္ဆိတ္မႈကို ထိေတြ႕၍ ရသည့္ပမာျဖစ္ေနေတာ့သည္။
ထိုစဥ္မဟာစုန္းအတတ္အစီအရင္က အျပည့္အဝ အသက္သြင္းၿပီးသြားၿပီျဖစ္သည္။
အစီအရင္အျပင္ဖက္တြင္ ရပ္ေနၾကေသာ ရဲမက္မ်ားက သူတို႔၏လွံမ်ားကို ကိုင္ျမႇောက္လ်က္ အမိန႔္ရသည္ႏွင့္ တိုက္ခိုက္ရန္အသင့္ျပင္ထားၾကသည္။ က်င့္ႀကံသူမ်ားကလည္း သူတို႔၏ ပစ္မွတ္မ်ားကို တိုက္ခိုက္ရန္အတြက္ သူတို႔ကိုယ္သူတို႔ အသင့္ျပင္ထား၏။
ဒါက ေသခ်ာေပါက္နိုင္မယ့္အေျခအေနပဲ။ က်ဳပ္ရဲ႕အရွင္သခင္ ဘာေတြမ်ားေတြးေနလဲ။ ခ်န္းက်ဴက သူ႕ဖာသာသူေတြးလိုက္၏။
ဒင္း ေဒါင္း ဒင္း
ေခါင္းေလာင္းသံ ထပ္ျမည္လာျပန္၏။ ခ်န္းက်ဴသည္ အသံကိုၾကားသည္ႏွင့္ မ်က္ေမွာင္က်ဳံ႕တာ ခ်က္ခ်င္း ေျပေလ်ာ့သြားေတာ့သည္။ သူ၏ မ်က္ႏွာထက္တြင္ အၿပဳံးတစ္ပြင့္ေပၚလာသည္။ ဤအျပဳအမူျဖင့္ သူ႕ကို စကားေျပာရဲသည့္သူကို သူတစ္ခါမွမေတြ႕ခဲ့ဖူးေပ။ သူ႕အမူအရာက ေအးစက္သြားၿပီးေျပာလိုက္ေတာ့၏။
စိတ္မရွိပါနဲ႕။ မၾကာခင္မွာ ေသေတာ့မယ့္လူတစ္ေယာက္အတြက္ ဒီေမးခြန္းေတြရဲ႕ အေျဖကိုသိတာ အဓိပၸာယ္မရွိဘူးေလ
ေသျခင္းတရားက ထိုလူမ်ားအတြက္ အေကာင္းဆုံးရလဒ္ျဖစ္သည္။ ပစ္ထုတ္ၿပီးသည့္ျမားတစ္စင္း ကို ျပန္ေခၚ၍မရေပ။
ဘီး
ခ်န္းက်ဴက ေလးႀကိဳးကိုဆြဲၿပီးေနာက္ သူ၏ခ်ီကို မ်ားစြာေသာစြမ္းအင္ျမားမ်ားအျဖစ္ ေျပာင္းလဲလိုက္၏။ သူ၏မ်က္လုံးက ေအးတိေအးစက္အလင္းတန္းျဖင့္ေတာက္လာကာ ေျပာလိုက္ေတာ့သည္။
ေနာက္ဆုံးစကားရွိေသးလား
နတ္ဝိညာဥ္ဝဋ္ေႂကြးေခ်နယ္ပယ္ေလးသည္ေတာ္က ခ်ီကို စြမ္းအင္ျမားမ်ားအျဖစ္ေျပာင္းလဲရာ၌ အမွန္တကယ္အရည္အခ်င္းရွိသည္။ အမွန္တကယ္တြင္ နတ္ေလးသည္ေတာ္က သူ၏ကိုယ္ပိုင္ ပညာရပ္တြင္ ကြၽမ္းက်င္သူတစ္ဦးအျဖစ္ သတ္မွတ္၍ရသည္။ အံ့ဖြယ္ၿမိဳ႕ေတာ္၏ နတ္ေလးသည္ေတာ္သုံးဦးက ထင္သည့္အတိုင္း သူ၏လႈပ္ရွားမႈသက္သက္ကတြင္ ခ်န္းက်ဴက မဟူရာစစ္သည္ေတာ္ေလးဦးထဲမွ တစ္ဦးျဖစ္ေသာလီခ်င္းထက္ ပိုအစြမ္းထက္ေၾကာင္း လုက်ိဳး ရွင္းရွင္းလင္းလင္းျမင္နိုင္ေပသည္။
ခ်န္းက်ဴက လုက်ိဳး၏ ထူးမျခားနားအမူအရာကို ၾကည့္ၿပီး ျပန္မေျပာတာေတြ႕သည့္အခ်ိန္၌ သူ၏ျမားကို ထပ္မံပစ္ထုတ္လိုက္သည္။
ထိုစဥ္ လုက်ိဳးက ညင္သာစြာ ႏွာေခါင္းရႈံ႕လိုက္ၿပီးေနာက္ ေခါင္းခါလိုက္ေတာ့၏။ သူက ေျပာသည္။
တုံးအတာအတြက္ ေပးရတဲ့တန္ေၾကးေတာ့ရွိမွာပဲ သူ၏လက္ထဲတြင္ အသုံးပစၥည္းကတ္ ငါးကတ္ေပၚလာေတာ့၏။ သူသည္ အေတြးတစ္ခ်က္ျဖင့္ ကတ္ေလးကတ္ကို အေစာတုန္းက ထုတ္ခဲ့ၿပီးျဖစ္သည္။
လုက်ိဳးက လက္ကိုခပ္သာသာ ေဝွ႕ယမ္းလိုက္ရာ ေတာက္ပေနေသာ ေလေပြငါးခုက သူ၏လက္ထဲ၌ ေပၚလာေတာ့သည္။ သူတို႔က နာရီလက္တံေျပာင္းျပန္အတိုင္းလွည့္ပတ္ေန၏။ အခ်ိန္တိုအတြင္း ေလေပြငါးခုကို ပစ္ထုတ္လိုက္ေတာ့သည္။
ထြမ္း ထြမ္း ထြမ္း
ခ်န္းက်ဴက သူ၏စြမ္းအင္ျမားမ်ားကို တၿပိဳင္နက္တည္းပစ္ထုတ္လိုက္ေတာ့သည္။ ကံဆိုးသည္မွာ သူတို႔က ေလေပြမ်ားဝါးမ်ိဳတာခံလိုက္ရ၏။
ေလေပြမ်ားက စုန္းအတတ္အစီအရင္၏ ခရမ္းေရာင္ေဖ်ာ့ေဖ်ာ့အလင္းတန္းေအာက္၌ မွင္သက္ဖြယ္ ေကာင္းစြာ လွည့္ပတ္ၿပီး ေပၚေပါက္လာေတာ့သည္။ သူတို႔က ကြင္းငါးကြင္းခ်ိတ္ဆက္ထားသည့္ ပမာ ေရွ႕သို႔ဆက္လက္တိုးေန၏။
ဘာ ခ်န္းက်ဴက မ်က္ခုံးပင့္လိုက္ေတာ့သည္။
ထိုစဥ္ ေ႐ႊေရာင္အလင္းတန္းက လူတိုင္းေရွ႕၌ ေပၚလာသည္။ ထိုအခိုက္အတန႔္တြင္ အရာအားလုံး လည္ပတ္ေနပုံရ၏။
ယင္းက ေတာက္မုျဒာျဖစ္သည္။ ေတာက္မုျဒာကို အသုံးျပဳသည့္အခ်ိန္၌ အရာအားလုံးက ႏွိုင္းယွဥ္လွ်င္ မွိန္ေဖ်ာ့သြားေပသည္။
အႏၱရာယ္ပဲ။
ခ်န္းက်ဴက ေနာက္သို႔ဆုတ္လိုက္သည္။ ထိုကဲ့သို႔ ထိုကဲ့သို႔ပညာရပ္မ်ိဳးကို ယခင္က တစ္ခါမွ မေတြ႕ဖူးေပ။ သူေတြေဝေနစဥ္ ေလေပြငါးခုက ႐ုတ္တရက္ အ႐ြယ္အစားႀကီးမားလာေတာ့သည္။ ေ႐ႊေရာင္အလင္းက သိပ္သည္းလာၿပီးေနာက္ ထိုဧရိယာတဝိုက္ရွိေတာက္ပမႈက ပိုႀကီးမားလာ၏။ သူတို႔က မေရမတြက္နိုင္သည့္ ထိုက္က်ိေ႐ႊေရာင္ကြင္းမ်ားႏွင့္ ဆင္တူေနေတာ့သည္။
ေတာက္မုျဒာေတြ ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ ခ်န္းက်ဴက အခ်ိန္မွီ မဆုတ္နိုင္ခဲ့ေပ။ သူ၏မ်က္လုံးထဲတြင္ ထိတ္လန႔္မႈမ်ားျပည့္ေနၿပီး ေလးႀကိဳးကို ျပန္ဆြဲၿပီးေနာက္ စြမ္းအင္ျမားသုံးစင္း ပစ္ထုတ္လိုက္ေတာ့သည္။
ဘန္း ဘန္း ဘန္း
ခ်န္းက်ဴက မရပ္တန႔္သြားပဲ ေနာက္ထပ္ ျမားသုံးစင္းကို ပစ္ထုတ္လိုက္၏။ သို႔ေသာ္ ေ႐ႊေရာင္ထိုက္က်ိမုျဒာက အထိအခိုက္မရွိဘဲ ခ်န္းက်ဴ၏ ျမားအားလုံးကို ဝါးမ်ိဳသြားေတာ့သည္။
ခ်န္းက်ဴ၏ မ်က္လုံးက ေၾကာက္လန႔္မႈေၾကာင့္ ျပဴးက်ယ္လာ၏။ သူ၏ မ်က္ႏွာထက္တြင္ စိတ္ပူပန္သည့္ အရိပ္အေယာင္တစ္စြန္းတစကိုလည္း ျမင္နိုင္သည္။ ေလးကိုကိုင္ထားေသာ လက္က အနည္းငယ္တုန္ယင္လာၿပီးေနာက္ ျမားမ်ားစြာကို စတင္ပစ္ထုတ္လိုက္ေတာ့သည္။
ကံဆိုးသည္မွာ ျမားမ်ားက ေ႐ႊေရာင္ထိုက္က်ိကို ရင္ဆိုင္ရာတြင္ အာနိသင္မရွိေပ။ တမူထူးျခားေသာ ေ႐ႊေရာင္သေကၤတမ်ားကို ေနရာအႏွံ႕ျမင္နိုင္ၿပီး အရာအားလုံးကို အုပ္မိုးထားေလ၏။
ခ်န္းက်ဴူက ယခုအခ်ိန္တြင္ ေ႐ႊေရာင္သေကၤတမ်ားႏွင့္ နီးကပ္လြန္းေနရာ သူ႕အဖို႔ လြတ္ေျမာက္ရန္ နည္းလမ္းမရွိေပ။ သူ႕ဖာသာသူေတြးၿပီးေၾကာက္လန႔္ေနေတာ့၏။
ဒီေလာက္ႀကီးမားတဲ့ မုျဒာက ဘယ္လိုလုပ္ရွိနိုင္ရတာလဲ။ ေတာက္မုျဒာေတြက အစတည္းက ဒီလိုႀကီးတာလား
ေ႐ႊေရာင္စက္ဝိုင္းက လုံးဝန္းသည့္နံရံတစ္ခုကို ဖြဲ႕တည္လိုက္ၿပီး ယင္းကဆယ္မီတာခန႔္ျမင့္မားသည္။
ဖုန္း
ေလထဲတြင္ ေပါက္ကြဲသံတစ္သံကိုၾကားလိုက္ရၿပီး ေ႐ႊေရာင္စက္ဝိုင္းမ်ားထဲမွတစ္ခုက သူ႕ဖာသာသူ ေပါက္ကြဲသြားၿပီး ေလႏွင့္အတူေပ်ာက္ကြယ္သြား၏။ ေနရာတစ္ခုလုံး ထပ္မံ တိတ္ဆိတ္သြားျပန္သည္။ ခ်န္းက်ဴရပ္ေနသည့္ေနရာတြင္ ဘာကိုမွ်မျမင္ရေပ။ သူ႕အရိပ္အေယာင္ တစ္စက္မွက်န္မေနခဲ့ေပ။
ထိုစဥ္ ထိုက္က်ိေ႐ႊေရာင္မုျဒာေလးခုက မိုးကုတ္စက္ဝိုင္းဆီသို႔ ပ်ံ့လြင့္သြားေတာ့၏။ အနီေရာင္ရထားလုံးမ်ားရွိ အမ်ိဳးသမီးက်င့္ႀကံသူမ်ားက မွင္သက္သြားသည္။ သူတို႔အတြက္ သတိဝင္လာရန္ အခ်ိန္အနည္းငယ္ၾကာသြားၿပီးေနာက္ အေရးနိမ့္သည့္အေျခအေနတြင္ ေရာက္ေနမွန္း သူတို႔သိလိုက္ရသည္။
သူတို႔မ်က္ေမွာင္က်ဳံ႕ကာ ေအာ္ေျပာလိုက္၏။ ရဲတင္းလိုက္တာ
သူတို႔ေလးေယာက္က ခ်က္ခ်င္းပင္ လက္သေကၤတမ်ား ျပဳလုပ္ၿပီးေနာက္ ခ်ဥ္းကပ္လာေသာ ေ႐ႊေရာင္စက္ဝန္းေလးခုကို ေျဖရွင္းလိုက္၏။
ခ်န္းက်ဴမေသခင္ရပ္ေနခဲ့သည့္ေနရာကို ဗဟိုထားလ်က္ ထိုက္က်ိေ႐ႊေရာင္သေကၤတမ်ားက ဆယ္မီတာအကြာအေဝးအတြက္ အရပ္မ်က္ႏွာအႏွံ႕ပ်ံ့ႏွံ႕သြား၏။ အားလုံး၏ ေျခေထာက္ေအာက္ရွိ စုန္းအစီအရင္ကလည္း ေ႐ႊေရာင္အလင္းျဖင့္လႊမ္းမိုးခံလိုက္ရသည္။
တင္းဖန္ခ်ိဳး၏ အၾကည့္က တည္ၿငိမ္သြားေတာ့၏။ က်င့္ႀကံျခင္းေလာကတြင္ က်င့္ႀကံသူတစ္ဦးက ေတာက္မုျဒာမ်ားကို ႐ြတ္ဆိုနိုင္ရန္အတြက္ အနည္းဆုံးေတာ့သူ၏က်င့္ႀကံဆင့္သည္ ပြင့္ခ်ပ္ခုႏွစ္လႊာ နတ္ဝိညာဥ္ဝဋ္ေႂကြးေခ်နယ္ပယ္တြင္ ရွိရမည္။ သူတို႔က ယခုအခ်ိန္တြင္ စုန္းအတတ္အစီအရင္တြင္ ခ်ဳပ္မိေနတာပဲျဖစ္၏။ ဆိုလိုသည္မွာ ဂါထာ၏ ယိုယြင္းမႈကို ရင္ဆိုင္တိုက္ခိုက္ရမွာပဲျဖစ္သည္။ ေကာင္းကင္ေအာက္တြင္ ထိုအသန္မာဆုံးကြၽမ္းက်င္သူက မည္မွ်အစြမ္းထက္သနည္း။
ေ႐ႊေရာင္စြမ္းအင္ခ်ိပ္သေကၤတႏွင့္ယွဥ္လွ်င္ တင္းဖန္ခ်ိဳး၏ ေတာက္မုျဒာမ်ားက ပု႐ြက္ဆိတ္ပမာ မထင္မရွားျဖစ္ေနေလ၏။ သူသည္ထိုမွ်ထိတ္လန႔္ဖြယ္ေကာင္းေသာ ေတာက္မုျဒာကို သူ႕တစ္ဘဝလုံးတြင္ မေတြ႕ခဲ့ဖူးေပ။ သူ၏ ဗဟုသုတအရ ထိုကဲ့သို႔ ေတာက္မုျဒာမ်ားကို ႐ြတ္ဆိုနိုင္ရန္ စြမ္းရွိသူမ်ားသည္ ေတာက္သခင္မ်ားသာျဖစ္ၾက၏။ ေတာက္မဟာပညာရွင္မ်ားသာ ျဖစ္ၾက၏။ ထိုကဲ့သို႔ေသာ ပုဂၢိုလ္တစ္ဦးပမာ အေယာင္ေဆာင္မိသည့္အတြက္ သူ႕ကိုယ္သူရီခ်င္မိသြားသည္။
ထိုစဥ္ ေလထဲတြင္ပ်ံဝဲေနေသာ အမ်ိဳးသမီးက်င့္ႀကံသူေလးဦးက သူတို႔မ်က္ႏွာထက္တြင္ ဆုံးျဖတ္ခ်က္ ခ်ထားသည့္အမူအရာတစ္ခုရွိေနသည္။ သူတို႔က ထိုေ႐ႊေရာင္ထိုက္က်ိမုျဒာမ်ားကို ဖယ္ရွားနိုင္မည္ဟု ယုံၾကည္ခ်က္ရွိသည္။ ကံဆိုးသည္မွာ သူတို႔စြမ္းအင္လွိုင္းမ်ားကို ထုတ္ေဖာ္သည့္အခ်ိန္တြင္ မုျဒာမ်ားေပၚ၌ လွိုင္းဂယက္ငယ္ကိုသာ ဖန္တီးနိုင္ခဲ့ၿပီး ယင္းမုျဒာမ်ားကမူ သမုဒၵရာမ်ားပမာ က်ယ္ေျပာပုံရ၏။ ယင္းက အခ်ည္းႏွီးျဖစ္သြားေတာ့သည္။
ေတာက္မဟာပညာရွင္လား သူတို႔က အထိတ္တလန႔္ထုတ္ေဖာ္ေျပာလိုက္ၿပီး ေတာက္ပေနေသာ ေ႐ႊေရာင္ထိုက္က်ိသေကၤတ သူတို႔ဆီ ပ်ံ့လြင့္လာတာကို ၾကည့္ေနရသည္။
ဘန္း ဘန္း ဘန္း
ထိုစဥ္ ေ႐ႊေရာင္စက္ဝိုင္းေလးခုက သူတို႔ကို မိသြားၿပီး သူတို႔က ေပါက္ကြဲသြားကာ မီးရႉးမီးပန္းမ်ားသဖြယ္ေပ်ာက္ကြယ္သြားေတာ့၏။ ေတာက္ပမႈကို ျပသၿပီးေနာက္သူတို႔သည္ တိမ္ေငြ႕အျဖစ္ေျပာင္းလဲသြားကာ ေလႏွင့္အတူေပ်ာက္ကြယ္သြားေတာ့၏။
...
...
လူတိုင္း၏ မ်က္ႏွာထက္တြင္ မယုံနိုင္သည့္အမူအရာမ်ိဳးရွိေနသည္။
တင္း နတ္ဝိညာဥ္ဝဋ္ေႂကြးေခ်နယ္ပယ္ ပစ္မွတ္သုံးဦးကို သတ္ခဲ့ၿပီး နတ္ေဒဝါဦးတည္နယ္ပယ္ ႏွစ္ေယာက္ကို သတ္ခဲ့ပါတယ္။ ကုသိုလ္အမွတ္ သုံးေထာင့္ခုနစ္ရာ ဆုခ်ီးျမႇင့္ခံရပါတယ္
ငါ မဆုံးရႈံးလို႔ေတာ္ေသးတယ္။
တြက္ခ်က္ၿပီးေနာက္ လုက်ိဳးက ခ်န္းက်ဴတစ္ဦးတည္းက အမွတ္ေထာင့္ငါးရာတန္ေၾကာင္း ရွာေဖြေတြ႕ရွိလိုက္သည္။ သို႔ေသာ္ သူက မ်ားမ်ားစားစားမရခဲ့ေပ။ သူသည္ အေစာပိုင္းက ကုသိုလ္မွတ္ႏွစ္ေထာင္သုံးခဲ့တာျဖစ္၏။ မုတ္ဆိတ္သပ္ၿပီး သူ၏ပတ္ဝန္းက်င္ကို စစ္ေဆးလိုက္၏။
ငါ သူ႕ကို မတိုက္ခိုက္ခ်င္ဘူး။ ဒါေပမဲ့...။
ခ်န္းက်ဴကဲ့သို႔ နတ္ဝိညာဥ္ဝဋ္ေႂကြးေခ်နယ္ပယ္ လက္ေ႐ြးစင္ေလးသည္ေတာ္တစ္ဦးအတြက္ တစ္စကၠန႔္လွ်င္ ျမားသုံးစင္းပစ္ထုတ္ရန္က လြယ္ကူေပ၏။ လုက်ိဳးက အတိုက္အခိုက္ဒဏ္ျပင္း ကာကြယ္သည့္ကတ္အားလုံးျဖင့္ မသုံးနိုင္ေပ။ ထို႔အျပင္ သူ၏ျပစ္ခ်က္မဲ့ကတ္ကိုလည္း ျဖဳန္းတီးရာေရာက္သြားနိုင္၏။ တန္ဖိုးရွိေသာ အရင္းအျမစ္မ်ားကို ျဖဳန္းတီးမည့္အစား ဤနည္းအတိုင္း ေဆာင္႐ြက္တာက ပိုလြယ္ကူ၏။ ထိုမွအပ တာ့ယန္၏ ေကာင္းကင္ေအာက္တြင္ က်န္သည့္မ်ိဳးႏြယ္စုမ်ားအတြက္ ေနရာမရွိေပ။ စန္းခ်ဳံက်ိဳ႕မ်ိဳးႏြယ္စုႏွင့္မတူဘဲ ထိုမ်ိဳးႏြယ္စုသည္ တာ့ယန္ကေနခြဲထြက္လာသည့္ တိုင္းျပည္သူျပည္သားမ်ားျဖစ္သည္။ ႏွစ္ေပါင္းသန္းခ်ီ ရွင္သန္ေနထိုင္ၿပီးေနာက္ သူတို႔၏အုတ္ျမစ္ကို ဤေနရာ၌ ခ်ခဲ့တာပဲျဖစ္၏။ သူတို႔က ေရွးလူမ်ိဳးမ်ား ျဖစ္ၾကသည္။ တစ္ဖက္တြင္မူ ရွီးခ်န္းက်ိဳးက ေရွးယခင္တည္းကရွိခဲ့ေသာ က်န္သည့္မ်ိဳးႏြယ္စုတစ္စုျဖစ္၏။
ခ်စ္လွစြာေသာ ဧကရာဇ္အရွင္ေရ... ခင္ဗ်ားရဲ႕နားမွာ ဘယ္လိုလူေတြကို ထားထားတာလဲ။ တစ္ျခားမ်ိဳးႏြယ္စုက လူတစ္ေယာက္က နန္းေတာ္ကို ထိုးေဖာက္ဝင္ေရာက္ေနၿပီဆိုတာ သိရဲ႕လား။ လူေတြပိုမ်ားလာဖို႔ပဲရွိေတာ့တယ္ ကံဆိုးသည္မွာ အရည္အခ်င္းရွိသည့္လက္ေ႐ြးစင္မ်ားကို ပ်ိဳးေထာင္ေနတာမဟုတ္ေပ။ အခ်ိဳ႕ေသာ အမ်ိဳးအမည္မသိ အေၾကာင္းျပခ်က္မ်ားအတြက္ ခ်န္းက်ဴအသတ္ခံရၿပီးေနာက္ မဟာစုန္းအစီအရင္က စတင္အားနည္းလာေတာ့သည္။
ေတာက္ပသည့္အနီေရာင္ရထားလုံးပ်ံက အမ်ိဳးသမီးက်င့္ႀကံသူေလးဦး၏ အေထာက္အပံ့မရွိဘဲ စတင္ၿပိဳလဲက်လာေတာ့၏။ ေျမျပင္ရွိအေျခအေနက ဖရိုဖရဲျဖစ္ေနၿပီး ရဲမက္မ်ားက ထြက္ေျပးရန္ႀကိဳးစားေနၾကသည္။
နန္းေတာ္က ပညာရွင္က ဒီလို အလြယ္တကူ အသတ္ခံလိုက္ရတယ္လား။
ရဲမက္မ်ားသည္ သူတို႔အိမ္မက္မက္ေနသည္ဟု ေတြးမိလိုက္ၿပီး လက္ခံရန္ခက္ခဲေန၏။
လုက်ိဳးက ရထားလုံးပ်ံကို ဆက္ၾကည့္ေနသည္။ ခ်န္းက်ဴကဲ့သို႔ နတ္ေလးသည္ေတာ္သုံးဦးထဲမွ တစ္ဦးအေနျဖင့္ တစ္စုံတစ္ေယာက္ကို သူ၏သခင္အျဖစ္အသိအမွတ္ျပဳထားျခင္းသည္ ထိုသခင္က ေသခ်ာေပါက္အားနည္းတာမျဖစ္နိုင္ေပ။
ဖုန္း
ရထားလုံးက ေျမႀကီးႏွင့္ရိုက္မိသြားၿပီးေနာက္ ဖုန္မႈန႔္မ်ားတက္လာေတာ့သည္။
မဟာစုန္းအတတ္အစီအရင္ အားနည္းသြားၿပီးေနာက္ သူတို႔၏ အျမင္အာ႐ုံက ၾကည္လင္လာေတာ့သည္။ ထိုစဥ္ အားလုံး၏ အာ႐ုံစိုက္မႈက ေတာက္ပေသာ အနီေရာင္ရထားလုံးပ်ံတြင္သာ ရွိေနေတာ့၏။
...