အခန်း (၁၀၀) တင်းဖန်ချိုး၏ စွမ်းအား
တင်းဖန်ချိုးက ရှောင်ယွမ်အာလိုမျိုး ငယ်ငယ်ရွယ်ရွယ်နှင့် ကျင့်ကြံရေး ပါရမီကောင်းရှိသည့်လူကို မတွေ့ခဲ့ဖူးပေ။ သူမက သူ့တပည့်မထက် ပိုကောင်းမှန်း ယုံမှားဖွယ် မရှိပေ။
‘တကယ်လို့ သူသာ ငါ့တပည့် ဖြစ်လာခဲ့ရင် ငါ့အတွက် အထောက်အကူအကြီးကြီး ဖြစ်မှာပဲ။ နှမြောစရာပဲ’
သူက ရှောင်ယွမ်အာကို နှမြောတသဖြစ်စွာ ကြည့်လိုက်ရင်း တွေးလိုက်မိသည်။ ခဏအကြာတွင် သူက လက်မြှောက်လိုက်သည်နှင့် ပေငါးဆယ်အမြင့်ရှိ ပွင့်ချပ်လေးလွှာ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်လည်း ပျောက်ကွယ်သွားတော့သည်။
ရဲမက်များနှင့် ကျင့်ကြံသူများက ဖိအားပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်ကြသည်။
တင်းဖန်ချိုးက ခြေတစ်လှမ်းထောက်ကာ ဆင်ဘုရင်ပေါ် ကြွကြွရွရွ တက်လှမ်းသွားသည်။ သူ့တပည့်သုံးယောက်က ဆင်ဘုရင်ပေါ်ရှိ အခန်းငယ်နား သူတို့အား တိုက်ခိုက်လာနိုင်သည့် ကျင့်ကြံသူများကို စောင့်ကြပ်နေကြသည်။ သူက အခန်းငယ်ထဲ ဝင်သွားပြီးနောက် ကြော့ရှင်းစွာ ထိုင်ချလိုက်သည်။ သူက လှုပ်ရှားမှုမရှိဘဲ အရှိန်အဝါတစ်ခုတည်းဖြင့် ရဲမက်များအား နောက်ဆုတ်သွားစေသည်။
လုကျိုးက အသာခေါင်းခါလိုက်သည်။ သူက ထိုသို့သောအရာမျိုးကို စိတ်မဝင်စားပေ။ အကယ်၍ သူသာ ထွက်သွားလိုလျှင် နတ်ခြင်္သေ့ကို ဆင့်ခေါ်လိုက်ရုံမျှ ဖြစ်၏။
ဝုန်း ဝုန်း ဝုန်း
ဆင်ဘုရင် ခြေလှမ်းလှမ်းလိုက်တိုင်း မြေကြီးပင် တုန်ခါသွားစေသည်။
တင်းဖန်ချိုး လက်မြှောက်လိုက်သည့်အခါတိုင်း ရဲမက်တစ်ဦး သေဆုံး၏။
တင်းဖန်ချိုးက ရဲမက်များ၏ ခြေထောက်အောက်ရှိ ခရမ်းရောင်ခပ်ဖျော့ဖျော့ စက်ဝန်းပေါ်လာသည့်အခါ ထွက်သွားတော့မလို ဖြစ်သည်။ ထိုစက်ဝန်းက ထူးဆန်းကာ နက်နဲလှသည်။ ထိုစက်ဝန်းများမှ အစိမ်းရောင်အခိုးအငွေ့နှင့်တူသည့် အရာများ စတင်ပျံ့နှံ့လာသည်။
“မဟာစုန်းအတတ် အစီအရင်ပဲ”
ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်သည်။
“ ကျူးကျော်သူတွေကို နှိမ်နင်းကြ။ မင်းတို့တွေ ဆုလာဘ်ကောင်းကောင်း ရလိမ့်မယ်”
ခေါင်းဆောင်ဖြစ်ဟန်ပေါ်သူက ကျင့်ကြံသူများကြားမှ ထွက်လာသည်။
မဟာစုန်းအတတ် အစီအရင် အသက်ဝင်လာသည့်အခါ ခေါင်းဆောင်က ထွက်ပေါ်လာသည်။ သူက ကျောဘက်တွင် ဧရာမဓားကြီးကို သယ်ဆောင်ထားရင်း လေထဲ ဖြည်းဖြည်းချင်း မြင့်တက်လာသည်။
ဆင်ဘုရင်က တိရစ္ဆာန်သာ ဖြစ်၏။ သူက ကျင့်ကြံရေးလောကရှိ ချီစွမ်းအားများကို စုပ်ယူထားသောကြောင့် ကြမ်းတမ်းရက်စက်နေဟန် ပေါ်သော်လည်း အသိဉာဏ်က လူသားများနှင့် မယှဉ်နိုင်ပေ။ ခရမ်းရောင်စက်ဝန်းများကို မြင်လိုက်သည်နှင့် သူက နောက်ဆုတ်လိုက်သည်။
တင်းဖန်ချိုး၏ အမူအရာတို့လည်း မည်းမှောင်သွားသည်။ သူက လက်ကို ဝေ့ကာ ဆင်ဘုရင်အား ရှေ့ဆက်သွားဖို့ ဖိအားပေးလိုက်သည်။
ဝူး …
ဆင်ဘုရင်က တောတောင်များအနှံ့ ပျံ့နှံ့သွားစေသည့် အသံလှိုင်း ထုတ်လွှင့်လာသည်။ သို့သော်လည်း ရှေ့ဆက်မသွားသေးပေ။ ထို့အစား နောက်ဆုတ်လာပုံပေါ်သည်။
“တိရစ္ဆာန်ကောင် ”တင်းဖန်ချိုးက ဆဲဆိုလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှ စွမ်းအားများ ထွက်ပေါ်လာသည်။
“ဒုက္ခမိုင်တစ်ရာရှုကွင်း”
“ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်လား။ ဒါက ပြိုင်ဘက်ကင်း အရည်အချင်းပဲ။ ချီစွမ်းအားလည်း တော်တော်ကုန်တယ်” လုကျိုးက တင်းဖန်ချိုး၏ အပြုအမူများကို နားလည်ဖို့ အခက်တွေ့နေသည်။ ဤအချိန်၌ စွမ်းအားများများ ကုန်ဆုံးခြင်းက သိပ်လက်တွေ့မကျပေ။ ထိုလူများက ပါမွှားများသာ မဟုတ်ပါလော။
‘ နန်းတော်က အဆင့်မြင့် ကျင့်ကြံသူများ ရောက်လာရင် ဘယ်လိုလုပ်မလို့လဲ’
တင်းဖန်ချိုးတွင် သူ့အသက်ဓာတ်ကို အဆုံးမဲ့ ပြန်လည် ဖြည့်တင်းပေးနိုင်သည့် အထွတ်အထိပ်သဏ္ဌာန်ကတ်မျိုး မရှိပေ။
ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ထွက်လာသည့်အခါ တိုက်ခိုက်ဖို့ ပြင်နေသည့် ကျင့်ကြံသူများက နောက်ပြန်ဆုတ်ကုန်ကြသည်။ သူတို့၏ အပြုအမူများနှင့် လှုပ်ရှားပုံများက ကြိုတင်လေ့ကျင့်ထားပုံပေါ်နေသည်။
ထွက်ပေါ်လာသည့် အရာတို့က မီးခိုး မဟုတ်ပေ။ စုန်းအတတ် အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်၏။ တစ်ယောက်ယောက်က ချီစွမ်းအားကို သံထည်ထောင်ချောက်အဖြစ် ပြောင်းလဲထားခြင်း ဖြစ်ပြီး ရဲမက်များနှင့် ကျင့်ကြံသူများအပေါ်တော့ သက်ရောက်မှု မရှိပေ။
“ကောင်းကင် စွမ်းအား စည်းပိတ်စမ်း” ယခင်နှင့်တူညီစွာ လေထဲတွင် ကြာပွင့်များစွာဖြင့် စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ထွက်လာသည်။
ကြာပွင့်များ၏ မဆုတ်မနစ် ကြိုးစားမှုဖြင့်ပင် ခရမ်းရောင် စက်ဝန်းများက နဂိုအတိုင်း ကျန်ရှိနေဆဲ ဖြစ်၏။ အနည်းငယ် နှေးကွေးသွားသည် ထင်ရသော်လည်း နဂိုအတိုင်းသာ ဖြစ်သည်။ ထူးထူးခြားခြား သက်ရောက်မှု မရှိပေ။
ထိုစဉ် စက်ဝန်းများက မြေပြင်ကို ဖုံးလွှမ်းသွားလေသည်။ စက်ဝန်းများ ကြီးမားလာသောကြောင့် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကာ စက်ဝန်းဆက်များ ဖြစ်တည်လာသည်။ မဟာစုန်းအတတ် အစီအရင် အပြည့်အဝ အသက်ဝင်လာပြီ ဖြစ်၍ သူတို့က တောက်တောက်ပပ လင်းလက်လာသည်။
ဆင်ဘုရင်လည်း နောက်ပြန်ဆုတ်လိုက်ရ၏။
ဝူး …
အကယ်၍ သူတို့သာ ကိုယ်တိုင်မျက်လုံးနှင့် မမြင်ရလျှင် တောအုပ်ကို အုပ်စိုးသည့် ဆင်ဘုရင်က ကြောက်နေလိမ့်မည်ဟု ယုံနိုင်မည် မဟုတ်ပေ။ သူ့သခင်က မည်မျှရှေ့တိုးခိုင်းစေကာမူ သူက နောက်ဆုတ်နေဆဲသာ ဖြစ်သည်။
စုန်းအတတ် စက်ဝန်းများက ပျံ့ကာ ကြီးလာသည်။ သူတို့က ဒုက္ခမိုင်တစ်ရာရှုကွင်း၏ အရှိန်အဝါ သက်ရောက်မှု မခံရသည့်အလား ဆက်တိုက်ကြီးထွားလာနေသည်။
ထိုစဉ် တင်းဖန်ချိုး၏ တပည့်သုံးယောက်က စိုးရိမ်လာကြသည်။ ကြည့်ရသည်မှာ မဟာစုန်းအတတ် အစီအရင်က သူတို့ထင်ထားသည်ထက် ပိုကြောက်ဖို့ကောင်းနေသည်။ တင်းဖန်ချိုး၏ ကျင့်ကြံဆင့်က နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့်တွင် ရှိသော်လည်း ထိုစက်ဝန်းများကို ဘာမှမလုပ်နိုင်ပေ။
ဒီမဟာစုန်းအတတ် အစီအရင်ကို ခင်းကျင်းခဲ့တဲ့ နန်းတော်ထဲက ပညာရှင်က ဘယ်သူလဲ …
တင်းဖန်ချိုးက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက မဟာစုန်းအတတ် အစီအရင် ဆက်တိုက် ကြီးထွားလာပြီး သူ့အနားကပ်လာသည်ကိုသာ ကြည့်နေမိ၏။
ရဲမက်များနှင့် ကျင့်ကြံသူများက စက်ဝန်းကြီးထွားလာသည့်အခါ ရှေ့တိုးလာကြသည်။
“မြစ် ” တင်းဖန်ချိုးက သူ့ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ချက်ချင်း ပြန်သိမ်းလိုက်သည်။ သူ့စွမ်းအားကြီး စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိန်းထားဖို့ စွမ်းအားအမြောက်အများ သုံးထားရသည်။ သူ့စွမ်းအားကို ခြွေတာရမည် ဖြစ်၏။ အေးဆေးတည်ငြိမ်သည့် တစ်ခုတည်းသော နေရာမှာ ထျန်းကျန့်မြစ်အပေါ်ယံသာ ဖြစ်၏။ သူက ထိုနေရာမှ ထွက်ပြေးနိုင်လိမ့်မည်။ သူနှင့်သူ့တပည့်များက ဆင်ဘုရင်ကို စွန့်ပစ်ခဲ့ကြတော့သည်။ သူတို့ လှည့်ကြည့်လိုက်သည့်အခါ လုကျိုးနှင့် ရှောင်ယွမ်အာတို့က ပြပွဲတစ်ခု ကြည့်နေရသည့်အလား သူတို့ကို ကြည့်နေကြ၏။
လုကျိုးက မထူးမခြားနား ပြောလိုက်သည်။
“ မြစ်ကိုလည်း စုန်းအတတ် စက်ဝန်း ဖုံးအုပ်သွားပြီ … သူတို့က မြစ်ကြမ်းပြင်အထိ ပျံ့နှံ့လောက်ရောပေါ့ ”
တင်းဖန်ချိုးက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက လေထဲတက်သွားကာ မြစ်ကို ငုံ့ကြည့်လိုက်သည်။ ယခုအခါ မြစ်မျက်နှာပြင်မှာ ခရမ်းဖျော့ စက်ဝန်းများ ဖုံးလွှမ်းသွားရှာပြီ။
သူတို့က စုန်းအတတ် စက်ဝန်းများကို မထိနိုင်ပေ။ မဟုတ်လျှင် သူတို့ ဖမ်းချုပ်ခံရလိမ့်မည်။ ထို့အပြင် ထိုစက်ဝန်းများက သူတို့ကျင့်ကြံဆင့်ကို ဘာမှမကျန်တော့သည့်အထိ ဖျက်ဆီးပစ်နိုင်သည်။ ထိုအချိန် သူတို့က ရန်သူ၏ စဉ့်နီတုံးပေါ်မှ အသားတုံးလို ဖြစ်သွားလိမ့်မည်။
ဆင်ဘုရင်က ဆက်လက် ကျည်နေသည်။ သူ့ခန္ဓာကိုယ်ကြီးက ကြီးမားလွန်းသောကြောင့် အဆောက်အဦးများကို ဖြတ်မသွားနိုင်ပေ။ ထို့ကြောင့် စုန်းအတတ် စက်ဝန်း ရောက်လာဖို့ အချိန်သိပ်မကြာလိုက်ပေ။
စုန်းအတတ် စက်ဝန်းများက မျက်လုံးရှိဟန် ပေါ်သည်။ သူတို့က ဆင်ဘုရင်ကို ချည်နှောင်လိုက်ကာ ယခုအခါ အစိမ်းရောင် အခိုးအငွေ့များသည် နွယ်ပင်များကဲ့သို့ ဖြစ်လာသည်။ သူတို့က အတော်လေး ကြောက်ဖို့ကောင်း၏။
ဆင်ဘုရင်က ခဏတာ ရုန်းကန်နေပြီးနောက် ပြန်လည် တိုက်ခိုက်ဖို့ အင်အား ပျောက်ဆုံးသွားလေသည်။
ထိုစုန်းအတတ် စက်ဝန်းများက မင်ရှစ်ရင် မိခဲ့သည့် ထောင်ချောက်နှင့် ပုံစံတူ ဖြစ်ပြီး မဟာစုန်းအတတ် အစီအရင် ဖြစ်သည်။
ထိုစဉ် လုကျိုးက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက မဟာစုန်းအတတ် အစီအရင် ပြုလုပ်သူ ပေါ်လာဖို့ အခွင့်အကောင်းကို စောင့်နေသည်။ သူတို့က သိုလှောင်ခန်းထဲ ဘာမှမတွေ့သည့်အတွက် နန်းတော်မှ လူအား စုံစမ်းရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။
တစ်ဖက်တွင် တင်းဖန်ချိုးက ယခင်ကကဲ့သို့ မိစ္ဆာဝေဟင်မျှော်နန်းသခင်၏ ဟန်ပန်မျိုး မရှိတော့ပေ။ သူက မျက်မှောင်ကြုတ်လျက်ရှိပြီး သူ ဘာတွေးနေသည်ကို မည်သူမှ မသိကြပေ။ သူက သူ့ရှေ့ရှိ လူအိုကြီးတွင် အစီအစဉ်ရှိကြောင်း ခံစားချက်ရနေ၏။ “အဘိုးုကြီး အေးဆေးနေသလိုပဲ။ အကြံအစည်များ ရှိလို့လား ”
လုကျိုးက ခေါင်းခါကာ “ မရှိဘူး ”
“ထားလိုက်ပါတော့ ” တင်းဖန်ချိုးက လက်နောက်ပစ်လျက် နောက်လှည့်လိုက်သည်။ သူက စုန်းအတတ် စက်ဝန်းများကို စူးစိုက်ကြည့်လိုက်၏။
ကျင့်ကြံသူများက ထိုစက်ဝန်းများမှ ထွက်မသွားကြပေ။ သူတို့က ထိုစက်ဝန်းများ တင်းဖန်ချိုးနှင့် အခြားလူများဆီ ရောက်နေသည်ကို စောင့်နေဟန်ပေါ်၏။ ခဏအကြာတွင် စက်ဝန်းများက သူတို့နှင့် မီတာအနည်းငယ်သာ ကွာဝေးတော့သည်။
ထိုစဉ် ကျင့်ကြံသူခေါင်းဆောင်က ရှေ့ထွက်လာကာ အပေါ်မှ ပြောလိုက်သည်။
“ အိုး ဒါက ကောင်းကင်ကိုတောင် တုန်လှုပ်နိုင်စေတဲ့ မိစ္ဆာလမ်းစဉ်ဂိုဏ်းခေါင်းဆောင် မဟုတ်ဘူးလား။ ခင်ဗျားရဲ့ မောက်မာမှုတွေ ဘယ်ရောက်သွားပြီလဲ ”
တင်းဖန်ချိုးက သူ့ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်လွှင့်လိုက်စဉ်အခါက ခေါင်းဆောင်သည် ပုန်းအောင်းနေခဲ့သည်။ မဟာစုန်းအတတ် အစီအရင် အသက်ဝင်လာမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။
“ ခင်ဗျား လာမယ်လို့ ပြောထားတယ်။ နန်းတော်က မဟာစုန်းအတတ် အစီအရင်ကို ခင်းကျင်းဖို့ အမိန့်ပေးထားပြီးသားလေ။ ကျုပ်တို့က ခင်ဗျားငါးစာဟပ်မဲ့အချိန် စောင့်နေတာ ” ခေါင်းဆောင်က ပြောလိုက်သည်။
“ ဒီလိုကြီးကျယ်ခမ်းနားတဲ့ မဟာစုန်းအတတ် အစီအရင်ကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ ခင်ဗျားရော ဘယ်လိုထင်လဲ။ ဒါက ရွှေနန်းဥယျာဉ်တောင်ရဲ့ အကာအရံနဲ့ ယှဉ်လို့ရရဲ့လား ”
လူလတ်အရွယ် အမျိုးသား၏ လှောင်ပြောင်စကားများကို ကြားသည့်အခါ တင်းဖန်ချိုးက အသံဩဩဖြင့် ပြောလိုက်သည်။
“ ရယ်စရာကောင်းလိုက်တာ … ဒုက္ခမိုင်တစ်ရာရှုကွင်း”
သူ့ပေငါးဆယ်အမြင့်ရှိ ဒုက္ခမိုင်တစ်ရာရှုကွင်း ပွင့်ချပ်လေးလွှာ စိတ်ဝိညာဉ်သဏ္ဌာန် ထွက်ပေါ်လာပြီးနောက် နောက်ထပ် ပွင့်ချပ်တစ်ခု ထပ်တိုးလာသည်။
ဝုန်း …
စွမ်းအားလှိုင်းများ ထွက်ပေါ်လာလေ၏။ ထိုစဉ် အနိုင်ရဖို့ သေချာနေပြီဟု တွေးနေကြသော ရဲမက်များနှင့် ကျင့်ကြံသူများ လွှင့်စင်သွားကြသည်။
ထိုအခိုက်အတန့် တင်းဖန်ချိုး၏ တပည့်သုံးယောက်လုံးကလည်း သူ့အား လေးလေးစားစား ကြည့်လိုက်ကြသည်။
“ ဒါက ငါ့ဆရာရဲ့ စွမ်းအားအစစ်အမှန်ပဲ ”
လုကျိုးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီးနောက် နဂိုသွင်ပြင် အမူအရာအတိုင်း ပြန်ဖြစ်သွားလေသည်။
...
Zawgyi
အခန္း (၁၀၀) တင္းဖန္ခ်ိဳး၏ စြမ္းအား
တင္းဖန္ခ်ိဳးက ေရွာင္ယြမ္အာလိုမ်ိဳး ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ က်င့္ႀကံေရး ပါရမီေကာင္းရွိသည့္လူကို မေတြ႕ခဲ့ဖူးေပ။ သူမက သူ႕တပည့္မထက္ ပိုေကာင္းမွန္း ယုံမွားဖြယ္ မရွိေပ။
တကယ္လို႔ သူသာ ငါ့တပည့္ ျဖစ္လာခဲ့ရင္ ငါ့အတြက္ အေထာက္အကူအႀကီးႀကီး ျဖစ္မွာပဲ။ ႏွေျမာစရာပဲ
သူက ေရွာင္ယြမ္အာကို ႏွေျမာတသျဖစ္စြာ ၾကည့္လိုက္ရင္း ေတြးလိုက္မိသည္။ ခဏအၾကာတြင္ သူက လက္ျမႇောက္လိုက္သည္ႏွင့္ ေပငါးဆယ္အျမင့္ရွိ ပြင့္ခ်ပ္ေလးလႊာ ေ႐ႊၾကာစိတ္ဝိညာဥ္သဏၭာန္လည္း ေပ်ာက္ကြယ္သြားေတာ့သည္။
ရဲမက္မ်ားႏွင့္ က်င့္ႀကံသူမ်ားက ဖိအားေပ်ာက္ကြယ္သြားသည္ကို ခံစားမိလိုက္ၾကသည္။
တင္းဖန္ခ်ိဳးက ေျခတစ္လွမ္းေထာက္ကာ ဆင္ဘုရင္ေပၚ ႂကြႂကြ႐ြ႐ြ တက္လွမ္းသြားသည္။ သူ႕တပည့္သုံးေယာက္က ဆင္ဘုရင္ေပၚရွိ အခန္းငယ္နား သူတို႔အား တိုက္ခိုက္လာနိုင္သည့္ က်င့္ႀကံသူမ်ားကို ေစာင့္ၾကပ္ေနၾကသည္။ သူက အခန္းငယ္ထဲ ဝင္သြားၿပီးေနာက္ ေၾကာ့ရွင္းစြာ ထိုင္ခ်လိဳက္သည္။ သူက လႈပ္ရွားမႈမရွိဘဲ အရွိန္အဝါတစ္ခုတည္းျဖင့္ ရဲမက္မ်ားအား ေနာက္ဆုတ္သြားေစသည္။
လုက်ိဳးက အသာေခါင္းခါလိုက္သည္။ သူက ထိုသို႔ေသာအရာမ်ိဳးကို စိတ္မဝင္စားေပ။ အကယ္၍ သူသာ ထြက္သြားလိုလွ်င္ နတ္ျခေသၤ့ကို ဆင့္ေခၚလိုက္႐ုံမွ် ျဖစ္၏။
ဝုန္း ဝုန္း ဝုန္း
ဆင္ဘုရင္ ေျခလွမ္းလွမ္းလိုက္တိုင္း ေျမႀကီးပင္ တုန္ခါသြားေစသည္။
တင္းဖန္ခ်ိဳး လက္ျမႇောက္လိုက္သည့္အခါတိုင္း ရဲမက္တစ္ဦး ေသဆုံး၏။
တင္းဖန္ခ်ိဳးက ရဲမက္မ်ား၏ ေျခေထာက္ေအာက္ရွိ ခရမ္းေရာင္ခပ္ေဖ်ာ့ေဖ်ာ့ စက္ဝန္းေပၚလာသည့္အခါ ထြက္သြားေတာ့မလို ျဖစ္သည္။ ထိုစက္ဝန္းက ထူးဆန္းကာ နက္နဲလွသည္။ ထိုစက္ဝန္းမ်ားမွ အစိမ္းေရာင္အခိုးအေငြ႕ႏွင့္တူသည့္ အရာမ်ား စတင္ပ်ံ့ႏွံ႕လာသည္။
မဟာစုန္းအတတ္ အစီအရင္ပဲ
က်င့္ႀကံသူတစ္ေယာက္က ေအာ္ေျပာလိုက္သည္။
က်ဴးေက်ာ္သူေတြကို ႏွိမ္နင္းၾက။ မင္းတို႔ေတြ ဆုလာဘ္ေကာင္းေကာင္း ရလိမ့္မယ္
ေခါင္းေဆာင္ျဖစ္ဟန္ေပၚသူက က်င့္ႀကံသူမ်ားၾကားမွ ထြက္လာသည္။
မဟာစုန္းအတတ္ အစီအရင္ အသက္ဝင္လာသည့္အခါ ေခါင္းေဆာင္က ထြက္ေပၚလာသည္။ သူက ေက်ာဘက္တြင္ ဧရာမဓားႀကီးကို သယ္ေဆာင္ထားရင္း ေလထဲ ျဖည္းျဖည္းခ်င္း ျမင့္တက္လာသည္။
ဆင္ဘုရင္က တိရစ္ဆာန္သာ ျဖစ္၏။ သူက က်င့္ႀကံေရးေလာကရွိ ခ်ီစြမ္းအားမ်ားကို စုပ္ယူထားေသာေၾကာင့္ ၾကမ္းတမ္းရက္စက္ေနဟန္ ေပၚေသာ္လည္း အသိဉာဏ္က လူသားမ်ားႏွင့္ မယွဥ္နိုင္ေပ။ ခရမ္းေရာင္စက္ဝန္းမ်ားကို ျမင္လိုက္သည္ႏွင့္ သူက ေနာက္ဆုတ္လိုက္သည္။
တင္းဖန္ခ်ိဳး၏ အမူအရာတို႔လည္း မည္းေမွာင္သြားသည္။ သူက လက္ကို ေဝ့ကာ ဆင္ဘုရင္အား ေရွ႕ဆက္သြားဖို႔ ဖိအားေပးလိုက္သည္။
ဝူး
ဆင္ဘုရင္က ေတာေတာင္မ်ားအႏွံ႕ ပ်ံ့ႏွံ႕သြားေစသည့္ အသံလွိုင္း ထုတ္လႊင့္လာသည္။ သို႔ေသာ္လည္း ေရွ႕ဆက္မသြားေသးေပ။ ထို႔အစား ေနာက္ဆုတ္လာပုံေပၚသည္။
တိရစ္ဆာန္ေကာင္ တင္းဖန္ခ်ိဳးက ဆဲဆိုလိုက္ၿပီးေနာက္ သူ႕ခႏၶာကိုယ္မွ စြမ္းအားမ်ား ထြက္ေပၚလာသည္။
ဒုကၡမိုင္တစ္ရာရႈကြင္း
ဒုကၡမိုင္တစ္ရာရႈကြင္း စိတ္ဝိညာဥ္သဏၭာန္လား။ ဒါက ၿပိဳင္ဘက္ကင္း အရည္အခ်င္းပဲ။ ခ်ီစြမ္းအားလည္း ေတာ္ေတာ္ကုန္တယ္ လုက်ိဳးက တင္းဖန္ခ်ိဳး၏ အျပဳအမူမ်ားကို နားလည္ဖို႔ အခက္ေတြ႕ေနသည္။ ဤအခ်ိန္၌ စြမ္းအားမ်ားမ်ား ကုန္ဆုံးျခင္းက သိပ္လက္ေတြ႕မက်ေပ။ ထိုလူမ်ားက ပါမႊားမ်ားသာ မဟုတ္ပါေလာ။
နန္းေတာ္က အဆင့္ျမင့္ က်င့္ႀကံသူမ်ား ေရာက္လာရင္ ဘယ္လိုလုပ္မလို႔လဲ
တင္းဖန္ခ်ိဳးတြင္ သူ႕အသက္ဓာတ္ကို အဆုံးမဲ့ ျပန္လည္ ျဖည့္တင္းေပးနိုင္သည့္ အထြတ္အထိပ္သဏၭာန္ကတ္မ်ိဳး မရွိေပ။
ဒုကၡမိုင္တစ္ရာရႈကြင္း စိတ္ဝိညာဥ္သဏၭာန္ ေပၚထြက္လာသည့္အခါ တိုက္ခိုက္ဖို႔ ျပင္ေနသည့္ က်င့္ႀကံသူမ်ားက ေနာက္ျပန္ဆုတ္ကုန္ၾကသည္။ သူတို႔၏ အျပဳအမူမ်ားႏွင့္ လႈပ္ရွားပုံမ်ားက ႀကိဳတင္ေလ့က်င့္ထားပုံေပၚေနသည္။
ထြက္ေပၚလာသည့္ အရာတို႔က မီးခိုး မဟုတ္ေပ။ စုန္းအတတ္ အစိတ္အပိုင္းတစ္ခုမွ်သာ ျဖစ္၏။ တစ္ေယာက္ေယာက္က ခ်ီစြမ္းအားကို သံထည္ေထာင္ေခ်ာက္အျဖစ္ ေျပာင္းလဲထားျခင္း ျဖစ္ၿပီး ရဲမက္မ်ားႏွင့္ က်င့္ႀကံသူမ်ားအေပၚေတာ့ သက္ေရာက္မႈ မရွိေပ။
ေကာင္းကင္ စြမ္းအား စည္းပိတ္စမ္း ယခင္ႏွင့္တူညီစြာ ေလထဲတြင္ ၾကာပြင့္မ်ားစြာျဖင့္ စိတ္ဝိညာဥ္သဏၭာန္ ေပၚထြက္လာသည္။
ၾကာပြင့္မ်ား၏ မဆုတ္မနစ္ ႀကိဳးစားမႈျဖင့္ပင္ ခရမ္းေရာင္ စက္ဝန္းမ်ားက နဂိုအတိုင္း က်န္ရွိေနဆဲ ျဖစ္၏။ အနည္းငယ္ ႏွေးေကြးသြားသည္ ထင္ရေသာ္လည္း နဂိုအတိုင္းသာ ျဖစ္သည္။ ထူးထူးျခားျခား သက္ေရာက္မႈ မရွိေပ။
ထိုစဥ္ စက္ဝန္းမ်ားက ေျမျပင္ကို ဖုံးလႊမ္းသြားေလသည္။ စက္ဝန္းမ်ား ႀကီးမားလာေသာေၾကာင့္ တစ္ခုႏွင့္တစ္ခု ေပါင္းစပ္သြားကာ စက္ဝန္းဆက္မ်ား ျဖစ္တည္လာသည္။ မဟာစုန္းအတတ္ အစီအရင္ အျပည့္အဝ အသက္ဝင္လာၿပီ ျဖစ္၍ သူတို႔က ေတာက္ေတာက္ပပ လင္းလက္လာသည္။
ဆင္ဘုရင္လည္း ေနာက္ျပန္ဆုတ္လိုက္ရ၏။
ဝူး
အကယ္၍ သူတို႔သာ ကိုယ္တိုင္မ်က္လုံးႏွင့္ မျမင္ရလွ်င္ ေတာအုပ္ကို အုပ္စိုးသည့္ ဆင္ဘုရင္က ေၾကာက္ေနလိမ့္မည္ဟု ယုံနိုင္မည္ မဟုတ္ေပ။ သူ႕သခင္က မည္မွ်ေရွ႕တိုးခိုင္းေစကာမူ သူက ေနာက္ဆုတ္ေနဆဲသာ ျဖစ္သည္။
စုန္းအတတ္ စက္ဝန္းမ်ားက ပ်ံ့ကာ ႀကီးလာသည္။ သူတို႔က ဒုကၡမိုင္တစ္ရာရႈကြင္း၏ အရွိန္အဝါ သက္ေရာက္မႈ မခံရသည့္အလား ဆက္တိုက္ႀကီးထြားလာေနသည္။
ထိုစဥ္ တင္းဖန္ခ်ိဳး၏ တပည့္သုံးေယာက္က စိုးရိမ္လာၾကသည္။ ၾကည့္ရသည္မွာ မဟာစုန္းအတတ္ အစီအရင္က သူတို႔ထင္ထားသည္ထက္ ပိုေၾကာက္ဖို႔ေကာင္းေနသည္။ တင္းဖန္ခ်ိဳး၏ က်င့္ႀကံဆင့္က နတ္ဝိညာဥ္ ဝဋ္ေႂကြးေခ် နယ္ပယ္အဆင့္တြင္ ရွိေသာ္လည္း ထိုစက္ဝန္းမ်ားကို ဘာမွမလုပ္နိုင္ေပ။
ဒီမဟာစုန္းအတတ္ အစီအရင္ကို ခင္းက်င္းခဲ့တဲ့ နန္းေတာ္ထဲက ပညာရွင္က ဘယ္သူလဲ
တင္းဖန္ခ်ိဳးက မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ သူက မဟာစုန္းအတတ္ အစီအရင္ ဆက္တိုက္ ႀကီးထြားလာၿပီး သူ႕အနားကပ္လာသည္ကိုသာ ၾကည့္ေနမိ၏။
ရဲမက္မ်ားႏွင့္ က်င့္ႀကံသူမ်ားက စက္ဝန္းႀကီးထြားလာသည့္အခါ ေရွ႕တိုးလာၾကသည္။
ျမစ္ တင္းဖန္ခ်ိဳးက သူ႕ဒုကၡမိုင္တစ္ရာရႈကြင္း စိတ္ဝိညာဥ္သဏၭာန္ကို ခ်က္ခ်င္း ျပန္သိမ္းလိုက္သည္။ သူ႕စြမ္းအားႀကီး စိတ္ဝိညာဥ္သဏၭာန္ကို ထိန္းထားဖို႔ စြမ္းအားအေျမာက္အမ်ား သုံးထားရသည္။ သူ႕စြမ္းအားကို ေႁခြတာရမည္ ျဖစ္၏။ ေအးေဆးတည္ၿငိမ္သည့္ တစ္ခုတည္းေသာ ေနရာမွာ ထ်န္းက်န႔္ျမစ္အေပၚယံသာ ျဖစ္၏။ သူက ထိုေနရာမွ ထြက္ေျပးနိုင္လိမ့္မည္။ သူႏွင့္သူ႕တပည့္မ်ားက ဆင္ဘုရင္ကို စြန႔္ပစ္ခဲ့ၾကေတာ့သည္။ သူတို႔ လွည့္ၾကည့္လိုက္သည့္အခါ လုက်ိဳးႏွင့္ ေရွာင္ယြမ္အာတို႔က ျပပြဲတစ္ခု ၾကည့္ေနရသည့္အလား သူတို႔ကို ၾကည့္ေနၾက၏။
လုက်ိဳးက မထူးမျခားနား ေျပာလိုက္သည္။
ျမစ္ကိုလည္း စုန္းအတတ္ စက္ဝန္း ဖုံးအုပ္သြားၿပီ သူတို႔က ျမစ္ၾကမ္းျပင္အထိ ပ်ံ့ႏွံ႕ေလာက္ေရာေပါ့
တင္းဖန္ခ်ိဳးက မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ သူက ေလထဲတက္သြားကာ ျမစ္ကို ငုံ႕ၾကည့္လိုက္သည္။ ယခုအခါ ျမစ္မ်က္ႏွာျပင္မွာ ခရမ္းေဖ်ာ့ စက္ဝန္းမ်ား ဖုံးလႊမ္းသြားရွာၿပီ။
သူတို႔က စုန္းအတတ္ စက္ဝန္းမ်ားကို မထိနိုင္ေပ။ မဟုတ္လွ်င္ သူတို႔ ဖမ္းခ်ဳပ္ခံရလိမ့္မည္။ ထို႔အျပင္ ထိုစက္ဝန္းမ်ားက သူတို႔က်င့္ႀကံဆင့္ကို ဘာမွမက်န္ေတာ့သည့္အထိ ဖ်က္ဆီးပစ္နိုင္သည္။ ထိုအခ်ိန္ သူတို႔က ရန္သူ၏ စဉ့္နီတုံးေပၚမွ အသားတုံးလို ျဖစ္သြားလိမ့္မည္။
ဆင္ဘုရင္က ဆက္လက္ က်ည္ေနသည္။ သူ႕ခႏၶာကိုယ္ႀကီးက ႀကီးမားလြန္းေသာေၾကာင့္ အေဆာက္အဦးမ်ားကို ျဖတ္မသြားနိုင္ေပ။ ထို႔ေၾကာင့္ စုန္းအတတ္ စက္ဝန္း ေရာက္လာဖို႔ အခ်ိန္သိပ္မၾကာလိုက္ေပ။
စုန္းအတတ္ စက္ဝန္းမ်ားက မ်က္လုံးရွိဟန္ ေပၚသည္။ သူတို႔က ဆင္ဘုရင္ကို ခ်ည္ႏွောင္လိုက္ကာ ယခုအခါ အစိမ္းေရာင္ အခိုးအေငြ႕မ်ားသည္ ႏြယ္ပင္မ်ားကဲ့သို႔ ျဖစ္လာသည္။ သူတို႔က အေတာ္ေလး ေၾကာက္ဖို႔ေကာင္း၏။
ဆင္ဘုရင္က ခဏတာ ႐ုန္းကန္ေနၿပီးေနာက္ ျပန္လည္ တိုက္ခိုက္ဖို႔ အင္အား ေပ်ာက္ဆုံးသြားေလသည္။
ထိုစုန္းအတတ္ စက္ဝန္းမ်ားက မင္ရွစ္ရင္ မိခဲ့သည့္ ေထာင္ေခ်ာက္ႏွင့္ ပုံစံတူ ျဖစ္ၿပီး မဟာစုန္းအတတ္ အစီအရင္ ျဖစ္သည္။
ထိုစဥ္ လုက်ိဳးက တည္ၿငိမ္ေနဆဲ ျဖစ္သည္။ သူက မဟာစုန္းအတတ္ အစီအရင္ ျပဳလုပ္သူ ေပၚလာဖို႔ အခြင့္အေကာင္းကို ေစာင့္ေနသည္။ သူတို႔က သိုေလွာင္ခန္းထဲ ဘာမွမေတြ႕သည့္အတြက္ နန္းေတာ္မွ လူအား စုံစမ္း႐ုံမွအပ ေ႐ြးခ်ယ္စရာ မရွိေတာ့ေပ။
တစ္ဖက္တြင္ တင္းဖန္ခ်ိဳးက ယခင္ကကဲ့သို႔ မိစ္ဆာေဝဟင္ေမွ်ာ္နန္းသခင္၏ ဟန္ပန္မ်ိဳး မရွိေတာ့ေပ။ သူက မ်က္ေမွာင္ၾကဳတ္လ်က္ရွိၿပီး သူ ဘာေတြးေနသည္ကို မည္သူမွ မသိၾကေပ။ သူက သူ႕ေရွ႕ရွိ လူအိုႀကီးတြင္ အစီအစဥ္ရွိေၾကာင္း ခံစားခ်က္ရေန၏။ အဘိုးုႀကီး ေအးေဆးေနသလိုပဲ။ အႀကံအစည္မ်ား ရွိလို႔လား
လုက်ိဳးက ေခါင္းခါကာ မရွိဘူး
ထားလိုက္ပါေတာ့ တင္းဖန္ခ်ိဳးက လက္ေနာက္ပစ္လ်က္ ေနာက္လွည့္လိုက္သည္။ သူက စုန္းအတတ္ စက္ဝန္းမ်ားကို စူးစိုက္ၾကည့္လိုက္၏။
က်င့္ႀကံသူမ်ားက ထိုစက္ဝန္းမ်ားမွ ထြက္မသြားၾကေပ။ သူတို႔က ထိုစက္ဝန္းမ်ား တင္းဖန္ခ်ိဳးႏွင့္ အျခားလူမ်ားဆီ ေရာက္ေနသည္ကို ေစာင့္ေနဟန္ေပၚ၏။ ခဏအၾကာတြင္ စက္ဝန္းမ်ားက သူတို႔ႏွင့္ မီတာအနည္းငယ္သာ ကြာေဝးေတာ့သည္။
ထိုစဥ္ က်င့္ႀကံသူေခါင္းေဆာင္က ေရွ႕ထြက္လာကာ အေပၚမွ ေျပာလိုက္သည္။
အိုး ဒါက ေကာင္းကင္ကိုေတာင္ တုန္လႈပ္နိုင္ေစတဲ့ မိစ္ဆာလမ္းစဥ္ဂိုဏ္းေခါင္းေဆာင္ မဟုတ္ဘူးလား။ ခင္ဗ်ားရဲ႕ ေမာက္မာမႈေတြ ဘယ္ေရာက္သြားၿပီလဲ
တင္းဖန္ခ်ိဳးက သူ႕ဒုကၡမိုင္တစ္ရာရႈကြင္း စိတ္ဝိညာဥ္သဏၭာန္ကို ထုတ္လႊင့္လိုက္စဥ္အခါက ေခါင္းေဆာင္သည္ ပုန္းေအာင္းေနခဲ့သည္။ မဟာစုန္းအတတ္ အစီအရင္ အသက္ဝင္လာမွ ထြက္ေပၚလာခဲ့ျခင္း ျဖစ္၏။
ခင္ဗ်ား လာမယ္လို႔ ေျပာထားတယ္။ နန္းေတာ္က မဟာစုန္းအတတ္ အစီအရင္ကို ခင္းက်င္းဖို႔ အမိန႔္ေပးထားၿပီးသားေလ။ က်ဳပ္တို႔က ခင္ဗ်ားငါးစာဟပ္မဲ့အခ်ိန္ ေစာင့္ေနတာ ေခါင္းေဆာင္က ေျပာလိုက္သည္။
ဒီလိုႀကီးက်ယ္ခမ္းနားတဲ့ မဟာစုန္းအတတ္ အစီအရင္ကို တစ္ခါမွ မေတြ႕ခဲ့ဖူးဘူး။ ခင္ဗ်ားေရာ ဘယ္လိုထင္လဲ။ ဒါက ေ႐ႊနန္းဥယ်ာဥ္ေတာင္ရဲ႕ အကာအရံနဲ႕ ယွဥ္လို႔ရရဲ႕လား
လူလတ္အ႐ြယ္ အမ်ိဳးသား၏ ေလွာင္ေျပာင္စကားမ်ားကို ၾကားသည့္အခါ တင္းဖန္ခ်ိဳးက အသံဩဩျဖင့္ ေျပာလိုက္သည္။
ရယ္စရာေကာင္းလိုက္တာ ဒုကၡမိုင္တစ္ရာရႈကြင္း
သူ႕ေပငါးဆယ္အျမင့္ရွိ ဒုကၡမိုင္တစ္ရာရႈကြင္း ပြင့္ခ်ပ္ေလးလႊာ စိတ္ဝိညာဥ္သဏၭာန္ ထြက္ေပၚလာၿပီးေနာက္ ေနာက္ထပ္ ပြင့္ခ်ပ္တစ္ခု ထပ္တိုးလာသည္။
ဝုန္း
စြမ္းအားလွိုင္းမ်ား ထြက္ေပၚလာေလ၏။ ထိုစဥ္ အနိုင္ရဖို႔ ေသခ်ာေနၿပီဟု ေတြးေနၾကေသာ ရဲမက္မ်ားႏွင့္ က်င့္ႀကံသူမ်ား လႊင့္စင္သြားၾကသည္။
ထိုအခိုက္အတန႔္ တင္းဖန္ခ်ိဳး၏ တပည့္သုံးေယာက္လုံးကလည္း သူ႕အား ေလးေလးစားစား ၾကည့္လိုက္ၾကသည္။
ဒါက ငါ့ဆရာရဲ႕ စြမ္းအားအစစ္အမွန္ပဲ
လုက်ိဳးက မ်က္ေမွာင္အနည္းငယ္ ၾကဳတ္လိုက္မိၿပီးေနာက္ နဂိုသြင္ျပင္ အမူအရာအတိုင္း ျပန္ျဖစ္သြားေလသည္။
...