အင်အားကြီးမိဖုရား၏ ပြန်လည်ရှင...
By GinYU9485
312K 30.8K 754
Translation work of HanMay & GinYu (Best Novels Collection Team- BNC Team) U can search 'Best Novels Collect... More
Ep-1
Ep-2
Ep-3
Ep-4
Ep-5
Ep-6
Ep-7
Ep-8
Ep -9
Ep- 10
Ep-11
Ep-12
Ep -13
Ep-14
Ep-15
EP-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
..
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29
Ep-30
Ep-31
Ep-32
Ep-33
Ep-34
Ep-35
Ep-36
Ep-37
Ep-38
Ep-39
Ep-40
Ep-41
Ep-42
Ep-43
Ep-44
Ep-45
Ep-46
Ep-47
Ep-48
Ep-49
Ep-50
Ep-51
Ep-52
Ep-53
Ch-54
Ep-55
ကျေးဇူးတင်​ခြင်း
Ep-57
Ep-58
Ep-59
Ch300 give away
Ep-60
Ch300 Winner
Ep-61
Ep-62
Ep-63
Ep-64
Ep-65
Ch-66
Ch-67
Ch-68
Ch-69
လက်​​ဆောင်
Ch-70
Ch-71
Ch-72
Ch-73
Ch-74
Ch-75
Ch-76
Ch-77
Ch-78
Ch-79
Ch-80
Ch-81
Ch-82
Ch-83
Ch-84
Ch-85
Ch-86
Ch-87
Ch-88
Ch-89
Ch-90
Ch-91
Ch-92
Ch-93
Ch-94
Ch-95
💛💛
Ch-96
Ch-97
Ch-98
Ch-99
Ch-100
Ch-101
Ch-102
Ch-103
Ch-104
Ep-105
Ep-106
Ep-107
108
update?
Ep-109
Ep-110
Ep-111
Ep-112
Ep-113
Ch-114
Ch-115
..
Ch-116
Ch-117
Ch- 118
Ch- 119
Ch-120
Ep-56
2.2K 234 7
By GinYU9485
Unicode
အခန်း ၅၆. တိုက်ခိုက်ခြင်း (၂)
....
ယဲ့လင်းလည်းမျက်လုံးများကျယ်သွားပြီး စိတ်ထားကောင်းချင်ယောင်ဆောင်နေသော ယဲ့ရွှန်းအားကြည့်လိုက်လေသည်။
သူကိုယ်တိုင်ပြုစုပြိုးထောင်ခဲ့သော မိဘမဲ့ကလေးလေးသည် တကယ်တမ်းအသည်းနှလုံးမရှိသည့် ကောက်ကျစ်တဲ့သူဖြစ်နေမည်ဟုသူဘယ်သောအခါမှထင်မထားခဲ့ပေ။
"အိမ်တော်အရှင်သခင် ရွှန်းပြောတာကလက်တွေ့ကျပါတယ်။ အိမ်တော်ရဲ့အရှင်သခင်တစ်ယောက်အနေနဲ့ အိမ်တော်အကျိုးစီးပွားနဲ့လုံခြုံရေးအတွက်လိုအပ်တဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါမှာ ခင်ဗျားအရမ်းစိတ်ပျော့ပြီး တုံ့ဆိုင်းနေလို့မဖြစ်ဘူး။
ဒုတိယအကြီးကဲကအခုလိုလုပ်ရပ်မျိုးကိုကျူးလွန်ခဲ့တာ၊ ဒါကိုခင်ဗျားကကာကွယ်ပေးနေမယ်ဆိုရင်ယဲ့အိမ်တော်ကအရှက်ကွဲမယ့်အပြင် အိမ်တော်မှာရှိနေတဲ့အချို့သောသူတွေကို ဒုက္ခရောက်ထိခိုက်စေလိမ့်မယ်။ အခုသင်လုပ်နေတာက အိမ်တော်အရှင်သခင်တစ်ယောက်လုပ်သင်တဲ့လုပ်ရပ်မျိုးမဟုတ်ဘူးလို့ကျုပ်စိုးရိမ်တယ်...." ဟုဒဝမ်အကြီးကဲမှ ဒေါသထွက်နေသောယဲ့လင်းအားကြည့်၍ပြောလေသည်။
"ငါကယဲ့အိမ်တော်ရဲ့သခင် ပြီးတော့ ဒုတိယအကြီးကဲကယဲ့အိမ်တော်ရဲ့လူတစ်ယောက်။ သူအပြစ်ရှိတာမရှိတာကိုငါပဲဆုံးဖြတ်မယ်။ ဒဝမ်အိမ်တော်ဖြစ်တဲ့ခင်ဗျားတို့ဝင်ရောက်စွက်ဖက်စရာအကြောင်းမရှိဘူး"ဟုယဲ့လင်းအေးစက်စွာဖြင့်ချက်ချင်းပြန်ပြောလေသည်။
"ဦးလေးယဲ့ပြောတာထဲမှာ တစ်ခုခုမှားနေတယ်။ ယဲ့အိမ်တော်နဲ့ကျတော်တို့ဒဝမ်အိမ်တော်နစ်ခုလုံးကလင်မြို့က အိမ်တော်ကြီးသုံးခုထဲမှာပါဝင်နေတာ။ အကယ်၍ယဲ့အိမ်တော်ကဒီကိစ္စနဲ့ပက်သက်ပြီး အခုလိုပြဿနာမျိုးရှိနေမယ်ဆိုရင် ဂုဏ်ပုဒ်တူနေနဲ့ဒဝမ်အိမ်တော်ရဲ့ဂုဏ်ကိုမထိခိုက်နိုင်ဘူးလား? ဟုဒဝမ်ထျန်းယောင်ပြောလေသည်။
"ဒီကိစ္စမှာမင်းဘာမှဝင်ပါပြီးပြောခွင့်မရှိဘူး"ဟုယဲ့လင်း ဒေါသထွက်ကာပြောလေသည်။
ဒဝမ်ထျန်းယောင်သည်သူ၏မျက်ခုံးများကို မပျော်ရွှင်စွာကြုပ်လိုက်လေသည်။
အရှေ့သိုထွက်လာကာ အကြီးကဲသည် "အိမ်တော်သခင်ကမနေ့ကကိစ္စနဲ့ပက်သက်ပြီးထိတ်လန့်နေလို့ပါ။ သေချာပြန်ပြီးမကောင်းသေးလို့ စိတ်တွေရှုပ်ထွေးတွေဝေနေတာလို့ကျုပ်ယူဆတယ်။
စောစောနားဖို့လိုအပ်တယ်။ ဒုတိယအကြီးကဲကိစ္စကိုဖြေရှင်းပြီးရင် ယဲ့အိမ်တော်ကိုပြန်ခေါ်သွားပေးပြီးပြန်ကျန်းမာလာအောင်ပြုစုပါ့မယ်။ အခုတော့ကျုပ်သင့်ရဲ့တာဝန်ကိုကူထမ်းပေးမှာဖြစ်လို့ သိပ်ပြီးတော့ခေါင်းထဲမထည့်ပါနဲ့" ဟုပြောလေသည်။
ထို့နောက်တွင်အကြီးကဲသည်ချက်ချင်း ဒဝမ်အိမ်တော်မှအကြီးကဲမှားကိုကြည့်ကာအချက်ပြလိုက်လေသည်။အကြီးကဲသည်ဒဝမ်အိမ်တော်မှ အကြီးကဲများအား ဒုတိယအကြီးကဲကိုကိုင်ကွယ်ရန် အစကတည်းခေါ်ဖိတ်ထားသည်ဖြစ်သောကြောင့် အကြီးကဲအချက်ပြလိုက်သည်နှင့် ချက်ချင်းတိုက်ခိုက်ကြလေသည်။
ဒုတိယအကြီးကဲ၏မျက်လုံးများမှာ ဒေါသများဖြင့်ပြည့်နက်သွားပြီး သူလက်များကိုမြောက်လိုက်ကာထိုသူများကို ကြောက်ရွံ့ခြင်းမရှိပဲပြန်တိုက်ခိုက်လေသည်။
ယဲ့လင်းသည်အကြီးကဲမှ ယခုလိုပေါ်ပေါ်တင်တင်ယုတ်မာလိမ့်မည်ဟုလုံးဝမမျှော်လင့်ထားပဲ သူသည်ဒဝမ်အိမ်တော်မှ အကြီးကဲများကိုတိုက်ခိုက်ရန်ထွက်လိုက်လေသည်။
"အဖေ၊ အဖေရဲ့ကျန်းမာရေးကကောင်းတာမဟုတ်ဘူးလေ။ အဖေကိုယ့်ကိုယ်ကိုအရမ်းအားမသုံးတာကောင်းပါတယ်အဖေ။ အကြီးကဲနဲ့ဒဝမ်အိမ်တော်ကအကြီးကဲတွေကဒီကိစ္စကိုဖြေရှင်းပါလိမ့်မယ်"ဟုယဲ့ရွှန်းသည်ယဲ့လင်းရှေ့တွင်တားဆီးပိတ်၍ထားလေသည်။
"ဖယ်စမ်း။ ငါမှာမင်းလိုသမီးမျိုးမရှိဘူး" ယဲ့လင်း၏အသံမှာနိမ့်သွားပြီး ယဲ့ရွှန်းကိုတွန်းထုတ်ရန် လက်ဖြင့်ရွယ်လိုက်လေသည်။
သို့သော်လည်းထိုအချိန်တွင်ဒဝမ်ထျန်းယောက် ထွက်လာကာယဲ့ရွှန်းအားသူအနောက်သို့လက်တစ်ဖက်ဖြင့်ကာလိုက်ပြီး တခြားသောလက်တစ်ဖက်ဖြင့်ယဲ့လင်းအားကာတားလိုက်လေသည်။
"ဦးလေးယဲ့ ယဲ့ရွှန်းကဦးလေးကောင်းဖို့အတွက်လုပ်နေတာ။ တိုက်ခိုက်ခြင်းကအန္ဓရာယ်များတယ်၊ ပြီးတော့တစ်ခုခုထိခိုက်သွားရင်ဦးလေးယဲ့အတွက်မကောင်းဘူး"
"ဒဝမ်ထျန်းယောင်,မင်းထွက်သွားစမ်း! ဒဝမ်အိမ်တော်ကယဲ့အိမ်တော်ရဲ့အိမ်တွင်းရေးကို ကြားဝင်စွက်ဖက်စရာဘာအကြောင်းမှမရှိဘူး"ဟုယဲ့လင်းသည်အေးစက်စွာပြောလေသည်။
သို့သော်လည်းဒဝမ်ထျန်းယောင်သည်ဘာမဖြစ်ပဲ ရပ်မြဲရပ်နေလေသည်။ "ဦးလေးယဲ့အခုလိုစိတ်ပျော့ညံ့နေရင်က အိမ်တော်အရှင်သခင်ကောင်းဖြစ်လာမှာမဟုတ်ဘူး။ အကြီးကဲကအခုလိုတွေအထိဦးလေးရဲ့ဝန်ထုပ်ကိုကူထမ်းပေးနေတာ ဦးလေးစိတ်ကိုပြန်ထိန်းပါလား? ဦးလေးရဲ့ကျန်းမာရေးကိုထောက်ပြီး ကျတော်ဦးလေးကိုပေးမသွားနိုင်ဘူး"
ယဲ့လင်း၏မျက်လုံးများသည်စူးရှသွားပြီး ဒဝမ်ထျန်းယောင်အားချက်ချင်းတိုက်ခိုက်လေသည်။
ဒဝမ်ထျန်းယောင်သည်ခနဲ့ပြုံးပြုံးလိုက်လေသည်။
အကယ်၍ယဲ့လင်း၏အစွမ်းမှာ အကောင်းဆုံးအခြေအနေတွင်ရှိပါက ဒဝမ်ထျန်ယောင်သည်ယဲ့လင်းအားတိုက်ခိုက်ရန် အင်အားလုံလောက်စွာရှိမည်မဟုတ်။ သို့သော်လည်ယဲ့လင်း၏ကိုယ်ခန္ဓာမှာလွန်ခဲ့သောနှစ်များအတွင်းအားနည်းလာပြီး အရင်ကကဲ့သို့အစွမ်းများမရှိတော့ပေ။ ဘာလို့ဒဝမ်ထျန်းယောင်ကြောက်ရန်လိုမည်နည်း?
ထိုနှောက်တွင်ဒဝမ်ထျန်းယောင်နှင့် ယဲ့လင်းတို့တိုက်ခိုက်ကြလေသည်။
ထိုတိုက်ခိုက်နေကျမှုကိုဘေးနားမှကြည့်နေရင် ယဲ့ရွှန်းသည်ဟန်ဆောင်ကာစိတ်ပူပြလေသည်။"အဖေ၊ ကိုကိုဒဝမ် တိုက်ခိုက်နေကြတာရပ်လိုက်ပါတော့"ဟုသူမပြောရင်း သူမသည်အရှေ့ထွက်ပြီးတိုက်ခိုက်မှုအားတားချင်ဟန်ဆောင်ကာ ဒဝမ်ထျန်းယောင်အသာစီးရရန်အတွက်ယဲ့လင်းတိုက်ခိုက်မှုများအားတားမြစ်ပိတ်ပင်လေသည်။
တစ်ဖက်တွင် ဒဝမ်အိမ်တော်မှအကြီးကဲများနှင့်ဒုတိယအကြီးကဲတို့သည်ယှဉ်ပြိုင်တိုက်ခိုက်နေကြလေသည်။ ဒုတိယအကြီးကဲ၏အစွမ်းမှာသာသော်လည်း ရန်သူလေးယောက်ကိုတစ်ပြိုင်နက်အနိုင်ယူတိုက်ခိုက်ဖို့ဆိုသည်မှာခက်ခဲလှသည်။
သူသည်လုံးဝမရှုံးသေးသော်လည်း သူအားဒဝမ်အကြီးကဲများမှသူအားပိတ်ပင်ဖိအားပေးတိုက်ခိုက်နေကြသောကြောင့်သူထွက်ပြေးလွှတ်မြောက်ဖို့မလွယ်ကူပေ။ ယဲ့ရွှန်းနှင်ဒဝမ်ထျန်းယောင်တို့ပူးပေါင်းပြီးတိုက်ခိုက်နေကြသည်ကိုကြည့်ရင်းဒုတိယအကြီးသည်ပို၍ဒေါသထွက်လာလေသည်။
သူစိတ်အာရုံလွှတ်သွားသည်ထိုအချိန်တွင် ထိုအခွင့်ကောင်းကိုအကြီးကဲသည်ပါးနပ်စွာဖြင့်အသုံးချကာဒုတိယအကြီးကဲနောက်သို့ခုန်ဝင်လိုက်ပြီး ဒုတိယအကြီးကဲကျောအားလက်ဖဝါးဖြင့်"အုန်း"ဟုကြယ်လောင်မြည်အောင်ရိုက်လိုက်လေသည်။
⭐⭐⭐⭐⭐⭐⭐⭐
အာဝါး😚
Zawgyi
....
⭐⭐⭐⭐⭐⭐⭐⭐
အာဝါး😚
Continue Reading
You'll Also Like
1.8M 276K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
170K 24.4K 108
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
56.3K 5.6K 51
ဘာသာပြန်သူ စွဲညို့အသင်း
224K 23K 105
ဘာသာပြန်သူ - စွဲညို့အသင်း