အခန်း (၆၉) တပည့်ဆိုးက ပြဿနာထပ်တက်ပြန်ပြီ
ယင်းက လုကျိုး၏ တွေးထင်မှုအတွင်းတွင် ရှိသည်။
ကျန်းအိုက်ကျန့်က အားလုံး၏ရှေ့ ၌ သူ၏ဓားရှည်နှင့်အတူ ပေါ်လာပြီး မျက်နှာထက်တွင် အပြုံးတစ်ပွင့်ရှိနေ၏။
ဗြဟ္မာ့သားချော့တေး၏ သက်ရောက်သည့် ဧရိယာထဲမှ ကျန်းအိုက်ကျန့်လွတ်မြောက်လာပုံကို လုကျိုး အံ့ဩနေမိသည်။ ထို့အပြင် ဤနေရာကို ကျန်းအိုက်ကျန့် ရှာတွေ့ပုံလည်း သူသိချင်နေ၏။ ကျန်းအိုက်ကျန့်က စိတ်ပျက်စရာကောင်းလောက်အောင် ဇွဲရှိသူ ဖြစ်သော်ငြား စိတ်ဝင်စားဖွယ် ကောင်းလှပေ၏။ ကျန်းအိုက်ကျန့်နှင့် အကြည့်ချင်းဆုံရန်ထက် ပိုသည့်အရာများ ရှိမှာသေချာသည်။
ကျန်းအိုက်ကျန့်သည် စစ်သူကြီးကျောက်ရှောကို တစ်ချက်ကြည့်ပြီးနောက် သူ့ကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်တော့သည်။
“စစ်သူကြီးကျောက် နှုတ်ဆက်ပါတယ်”
ကျောက်ရှောက တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ရုံသာ ငြိမ့်သည်။ သူသည် စိတ်ရှုပ်ထွေးမှုကြောင့် ဒေါသထွက်နေဆဲဖြစ်ပြီး သူစိမ်းများကို ဖော်ရွေလိုစိတ်မရှိပေ။
ကျန်းအိုက်ကျန့်၏ အမူအရာက လေးနက်တည်ကြည်သွားကာ လုကျိုးနားချဉ်းကပ်လိုက်တော့၏။
“အိုက်ကျန့်က ဆရာ့ကို အရိုအသေပေးပါတယ်”
ရှောင်ယွမ်အာက သူ့ကို လှည့်ကြည့်လိုက်ပြီးနောက် ပြောလိုက်တော့သည်။
“အရှက်မဲ့လိုက်တာ”
ကျန်းအိုက်ကျန့်က ရယ်မောပြီးနောက်ပြောလိုက်သည်။ “အရှက်မမဲ့ရင် အသက်ရှင်မှာ မဟုတ်ဘူး”
ရုတ်တရက် ကျောက်ရှောက ကျန်းအိုက်ကျန့်ကို လှမ်းဖမ်းရန် တစ်ချက်လှုပ်ရှားလိုက်တော့သည်။ သူ၏လက်ကို မတင်းကြပ်ရသေးခင် ကျန်းအိုက်ကျန့်က သူ့လက်ကို ရှောင်ပြီးသားဖြစ်၏။ ကျန်းအိုက်ကျန့်က ပြောလိုက်၏။ “စစ်သူကြီးကျောက် ကျုပ်ကို ဒီလိုဖမ်းဖို့ကြိုးစားတာ ခင်ဗျားအတွက် မသင့်တော်ဘူးနော်”
ကျောက်ရှော၏ အမူအရာက သုန်မှုန်သွားကာ မေးလိုက်တော့သည်။ “ကျုပ်ရဲ့မိတ်ဆွေ ... အစောပိုင်းက ဒီဆရာကြီးကို ဘယ်လိုခေါ်လိုက်တာလဲ”
“ဆရာကြီးလေ ဘာဖြစ်လို့လဲ” ကျန်းအိုက်ကျန့်က ပြောင်ချော်ချော်ပြောလိုက်တော့သည်။
“ဆရာကြီးလား”
ကျန်းအိုက်ကျန့်က ကျောက်ရှောကို အကဲဖြတ်သည့်အကြည့်ဖြင့်ကြည့်လိုက်၏။ သူက လျှာနှုတ်ခမ်းသပ်ကာ ပြောလိုက်တော့သည်။
“ခင်ဗျားရဲ့ ဝတ်စားပုံအရ အရာရှိတစ်ယောက်ရဲ့ အိမ်တော်က လူတစ်ယောက်ပဲဖြစ်ရမယ်။ ဆရာကြီးကို ဒီလောက်အကြာကြီး စကားပြောနေတာ သူက ဝါရင့်ကိုယ်တော်တစ်ပါးဆိုတာ မသိဘူးလား” သူက တည်ငြိမ်စွာပြောနေ၏။ သူ၏ စကားထဲတွင် ထေ့ရိသည့် အရိပ်အယောင်မရှိချေ။ ထိုအရာရှိက တုံးအကြောင်း သူသိလိုက်ရသော်ငြား သူ့ကို ရန်စရန် မလိုအပ်ချေ။ ကျောက်ရှောကို ရိုးရိုးသားသား ပြောဆိုရန်သာ သူ ဆုံးဖြတ်ခဲ့၏။
လုကျိုးက မုတ်ဆိတ်မွေးကို သပ်ကာပြောလိုက်တော့သည်။
“ကျန်းအိုက်ကျန့် မင်းရောက်လာတာနဲ့အတော်ပဲ။ မင်းကို မေးစရာတွေရှိတယ်”
ကျန်းအိုက်ကျန့်က ပြုံးပြီးပြောလိုက်သည်။ “ကြိုက်တာမေးပါ ဆရာကြီး ကျွန်တော်သိသမျှ အားလုံး ပြောပြပါ့မယ်”
ထိုစဉ် တော်ဝင်အစောင့်က ကျောက်ရှောဆီသို့ ရောက်လာပြီးနောက် နားနားကပ်ကာ တီးတိုးပြောလိုက်သည်။ အမူအရာကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်ငြား တော်ဝင်သက်တော်စောင့် ၏ စကားကို ကြားသောအခါ မထိန်းနိုင်ခဲ့ပေ။ လုကျိုးအပေါ်သူ၏ သဘောထားက ပိုတောင်နူးညံ့ သွားကာ လုကျိုးကို အရိုအသေပေးပြီးပြောလိုက်၏။
“ဆရာကြီးက ဝါရင့် ဗုဒ္ဓကိုယ်တော်တစ်ပါးကိုး ကျွန်တော် မသိခဲ့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော် မသိတတ်တာအတွက် ခွင့်လွှတ်ပေးပါ ဆရာကြီး”
ကောင်းတယ် ငါဘယ်သူဘယ်ဝါဆိုတာက နည်းနည်းလေး လွဲချော်သွားတဲ့ပုံပဲ။
လုကျိုးသည် ဝါရင့်ဗုဒ္ဓကိုယ်တော်တစ်ပါး မဖြစ်ချင်ပေ။ သို့သော် ဝါရင့်ဗုဒ္ဓကိုယ်တော်တစ်ပါး ဖြစ်စေခြင်းက သူ့ကို မည့်သည့်နည်းနှင့်မဆို မထိခိုက်စေသောကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခံပြီး ရှင်းပြမနေတော့ချေ။
“ဒီ ဆရာကြီးက သူ့ဘာသာသူ အထွတ်အမြတ်ယဇ်ပလ္လင်က အရေးကိစ္စနဲ့ မဟာနတ္ထိ ဘုရားကျောင်းက ခုံရွှမ်းကို ဖြေရှင်းခဲ့တယ်။ ဆရာကြီးပေါ် ကျွန်တော် ကျေးဇူးကြွေး တင်မိပါပြီ” ဆိုရလျှင် ယူနန်မြို့က ကျောက်ရှော၏ တရားစီရင်ပိုင်ခွင့်အောက် တွင်ရှိသည်။ ထိုနေရာ၌ တစ်စုံတစ်ခုဖြစ်ပွားခဲ့ပါက နောက်ဆက်တွဲကို ရင်ဆိုင်ရမှာပဲ ဖြစ်၏။ ယခင်က အထွတ်အမြတ်ယဇ်ပလ္လင်ရှိ အဖြစ်အပျက်အကြောင်း သူ ကြားခဲ့သည်။ ယင်းက နှစ်ဖက်ကြားရှိ အငြင်းပွားမှုကို ဖြေရှင်းရသည့် ပွဲတစ်ပွဲဟုထင်ခဲ့သောကြောင့် မည်သည့်အတွေးမှ တွေးမနေခဲ့ပေ။ တွေးမိသည့်အချိန်၌ သူတုန်ယင်မိသွား၏။ ထိုအခမ်းအနားလေး၌ လက်ရွေးစင် ထိုမျှ များစွာရှိနေလိမ့်မည်ဟု မည်သူက သိမည်နည်း။
လုကျိုးက ကျောက်ရှောကို ပြန်မပြောတော့ပဲ ကျန်းအိုက်ကျန့်ကို ကြည့်ပြီးနောက် ပြောလိုက်၏။
“မင်းက လှည့်ဖျားတတ်တဲ့သူပဲ”
ကျန်းအိုက်ကျန့်က ရယ်မောပြီးပြောလိုက်၏။ “ကျွန်တော်က ရှင်သန်ဖို့အတွက် ကြိုးစားရုံပါပဲ။ ဒီအတွက် ကျွန်တော့်ကို မလှောင်ပါနဲ့ ဆရာကြီး” သူက တန်ဖိုးရှိသည့် ဓားအကြောင်းကို ထပ်မပြောရဲတော့ချေ။
လုကျိုးက မေးလိုက်သည်။
“ကျို့ဖင်းက နန်းတော်ကပဲလား”
ကျန်းအိုက်ကျန့်က ကျောက်ရှောကို တစ်ချက်မျက်စပစ်ပြပြီးနောက် ပြောလိုက်တော့သည်။
“အမှန်ပဲ။ ဒီမှာ စစ်သူကြီးကျောက်ရှိနေတာ သူ့ရဲ့အဆင့်နဲ့ဆို နန်းတော်က လူတစ်ချို့ကို တွေ့ဖူးမှာ သေချာတယ်။ ကျွန်တော်ပြောတာ မှန်တယ်မလား စစ်သူကြီး”
မင်းကပဲ အချက်အလက်ပေးတာလေ။ ဒါတောင် မင်းအတွက် သူတို့ကို သက်သေခံခိုင်းချင်တယ် ပေါ့။ နောက်ဆုံးတွင် သူက ပြောလိုက်တော့၏။
“တိတိကျကျပြောရရင် ကျို့ဖင်းက နန်းတော်ထဲက ရာထူးမြင့်တဲ့လူတစ်ယောက်ရဲ့ လက်အောက်ငယ်သားပါ”
လုကျိုးက ခေါင်းညိတ်လိုက်၏။ ထိုအရာများအားလုံးက အရေးမကြီးတော့ချေ။ နန်းတော်ထဲရှိ တစ်စုံတစ်ဦးက မိစ္ဆာဝေဟင်မျှော်နန်းကို ရန်စရန်ကြိုးစားနေတာသေချာနေပေ၏။
အနောက်ပိုင်းဒေသမှ ကျောက်စိမ်းမိန်းမပျိုက သံသယဖြစ်စရာအကောင်းဆုံးဖြစ်သည်။ သို့သော် သူတို့ကြားထဲ၌ သဘောထားကွဲလွဲမှုဖြစ်စေရန်အတွက် သူမကို တစ်စုံတစ်ယောက်က အသုံးချ နေတာလည်းဖြစ်နိုင်ပေသည်။
လုကျိုးက ထိုအရေးကိစ္စကို နောက်မှဖြေရှင်းရန် ဆုံးဖြတ်လိုက်တော့၏။ နန်းတော်ထဲ၌ ပညာရှင်များစွာရှိပေသည်။ စုန်းအတတ်ကန့်သတ်ချက်တစ်ခုကြောင့် သူ့ကိုယ်သူစွန့်စားမှာ မဟုတ်ပေ။ ယခုအချိန်တွင် သူရရှိထားသည့် အချက်အလက်ကို ကျေနပ်နေ၏။ သူမလှုပ်ရှားခင် သူ့အတွက် ကုသိုလ်အမှတ်များစွာစုဆောင်းပြီး ကျင့်ကြံဆင့်ကို တိုးတက်အောင်လုပ်တာက ပိုကောင်းပေမည်။ ခဏအကြာ၌ သူက မေးလိုက်တော့၏။
“ကျန်းအိုက်ကျန့် မင်းက ထွက်ပြေးခြင်းကျင့်စဉ်ကို ကျင့်နေတာလား”
ကျန်းအိုက်ကျန့်၏ အမူအရာက တောင့်ခဲသွားသည်။ သူက အနေရခက်စွာပြုံးလိုက်၏။ သူ့လျှို့ဝှက်ချက်က ထုတ်ဖော်ခံလိုက်ရချေပြီ။
“ဆရာကြီးရဲ့ ကြီးမားကျယ်ပြန့်တဲ့ ဗဟုသုတကြောင့် ကျွန်တော် အထင်ကြီးမိပါတယ်”
ထိုစဉ် လှေကားကနေ အရေးတကြီးသတင်းပို့ချက်ရောက်လာ၏။
“စစ်သူကြီးကျောက် အရှေ့ပိုင်းကနေ တင်ပြချက်တစ်ခုရောက်လာပါတယ်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထတပည့်က ရွှေနန်းဥယျာဉ်တောင်ကနေထွက်သွားပြီး ယွီခရိုင်ကို သွားနေပါပြီ”
ကျောက်ရှောသည် ထိုသတင်းကိုကြားသည့်အချိန်၌ မျက်မှောင်ကျုံ့သွား၏။
“မင်း အသုံးမကျတဲ့ကောင်။ အားလုံးကို ဒီအကြောင်းသိစေချင်နေတာလား”
“... ”
ကျန်းအိုက်ကျန့်က ခေါင်းညိတ်ပြီးပြောလိုက်သည်။
“ကျုပ်ထင်ထားပြီးသားပါ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထတပည့် မင်ရှစ်ရင် သူက ကောက်ကျစ်ပြီး ထိခိုက်နစ်နာစေလိုစိတ်ရှိတယ်။ စိတ်ကူးတစ်ခုနဲ့သူ့ရဲ့ ရပ်တည်ချက်ကို ပြောင်းလဲနိုင်တဲ့သူပဲ။ သူတော်ကောင်းယောင်ဆောင်တာက သူ့ရဲ့ ဒုတိယသဘာဝပဲလေ”
ရှောင်ယွမ်အာက ထိုစကားကို ကြားသည့်အချိန်တွင် မေးလိုက်၏။
“သူက ဆိုးတယ်လား။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ နဝမမြောက်တပည့်ကကော။ သူ သူမက ဘယ်လိုပုံတဲ့လဲ”
ကျန်းအိုက်ကျန့်က မေးကိုပွတ်လိုက်သည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း အတော်သိပုံပေါ်၏။
“နဝမမြောက်တပည့်က အံ့ဩဖို့ကောင်းတယ်။ သူမက မျှော်စင်ကို နောက်ဆုံးမှဝင်လာခဲ့တာ။ ဒါတောင် သူမရဲ့ကျင့်ကြံဆင့်က တိုးတက်တာအမြန်ဆုံးပဲ။ သူက အလွန်ဆိုးတဲ့ သိုင်းပါရမီရှင် တစ်ဦး။ အာလာ.... သူက”
“ဘာလဲပြောလေ” ရှောင်ယွမ်အာက သူ့ကို လောလိုက်သည်။
ကျန်းအိုက်ကျန့်က ပြန်ပြော၏။
“အဲဒီလူဆိုးလေးက အပြင်လောကထဲမှာ အတွေ့အကြုံချို့တဲ့နေတယ်။ အများနှင့်မတူ တမူ ထူးခြားပြီး ကိုယ်ကျင့်သိက္ခာအကြောင်း မသိဘဲ မိစ္ဆာဝေဟင်မျှော်နန်းထဲဝင်သွားတာ နှမြောဖို့ကောင်းတယ်။ ကမ္ဘာလောကကြီးဆီ ကပ်ဘေးဆောင်ယူလာမဲ့ အကြီးဆုံးလူဆိုးကြီး တစ်ဦးဖြစ်လာမှာတော့ သေချာတယ်။ အား မိန်းကလေး ငါ့ကို ဘာကြောင့် အဲ့လိုမျိုးကြည့်နေတာလဲ”
လုကျိုးက ရှောင်ယွမ်အာဒေါသပေါက်ကွဲတော့မည့်အချိန်ကို မြင်လိုက်ရသည့်အချိန်၌ သူက သာမန်ကာလျှံကာ ပြောလိုက်သည်။
“ဒီနေ့ တော်လိုက်ရအောင်” တနေကုန် အလုပ်လုပ်ပြီးနောက် သူတကယ် ပင်ပန်းနေပြီဖြစ်သည်။
ရှောင်ယွမ်အာက နှာခေါင်းရှုံ့လိုက်၏။ သူမက ရွေးချယ်စရာမရှိတော့ဘဲ သူမဆရာ၏ ဆန္ဒကို နာခံရပေမည်။
ကျောက်ရှောက လုကျိုးရှေ့တွင် လက်သီးနှစ်ဖက်ဆုပ်လျက်ပြောလိုက်သည်။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်က တောင်ပေါ်ကဆင်းလာပြီဆိုမှတော့ ဘာမှ ကောင်းတာ ရှိမှာမဟုတ်ဘူး။ ဒီအကြောင်းကို ဖြောင့်မတ်ခြင်းလမ်းစဉ်ဆီက ကျင့်ကြံသူတွေဆီ သတင်းသွား ပေးလိုက်ဦးမယ်”
ကျောက်ရှောက ပြောပြီးချိန်၌ စစ်သည်တော်တစ်ဦးက ပြေးတက်လာပြီးပြောလိုက်၏။ “
စစ်သူကြီး လူ... လူဆိုးက ချင်ခရိုင်ကနေ ဖြတ်သွားတဲ့အချိန်မှာ မိန်းကလေးတွေ အများကြီးကို ဖမ်းသွားခဲ့တယ်”
“... ”
ကျောက်ရှောက နှုတ်ခမ်းမဲ့သွားသည်။ “မျိုးမစစ်ကောင် ငါ သွားရတော့မှာပဲ” ချင်ခရိုင်တွင် ဖြစ်သွားသောကြောင့် သူကြိတ်ပြီး စိတ်သက်သာရာ ရသွား၏။ ယူနန်ခရိုင်တွင် ဖြစ်တာမဟုတ်ပေ။ သို့သော် ထိုလူဆိုးက ယူနန်မြို့သို့ ရောက်လာလျှင် မည်ကဲ့သို့ဖြစ်မည်နည်း။
လုကျိုးက မျက်မှောင်ကျုံ့လိုက်သည်။ သူက ဇဝေဇဝါဖြစ်သွား၏။ မင်ရှစ်ယင်းက လိုက်လျော ညီထွေရှိတတ်သူဖြစ်သည်။ ထိုဆိုးယုတ်သော အပြုအမူ၏နောက်ကွယ်၌ သူအမှန်တကယ် ရှိနေသည်လော။
“တင်း တောပုန်းဓားပြတစ်ယောက်ကိုသတ်လိုက်ပါပြီ။ ကုသိုလ်အမှတ် ဆယ်မှတ်ရပါပြီ”
“တင်း တောပုန်းဓားပြတစ်ယောက်ကိုသတ်လိုက်ပါပြီ။ ကုသိုလ်အမှတ် ဆယ်မှတ်ရပါပြီ”
တောပုန်းဓားပြတွေတဲ့လား။ မိန်းကလေးတွေ မဟုတ်ဘူးလား။
ကျန်းအိုက်ကျန့်က ပြုံးပြီးပြောလိုက်သည်။ “စစ်သူကြီးကျောက် စောင့်လိုက်ဦး”
“မင်း ငါနဲ့ ဘာကိစ္စရှိလို့လဲ” ကျောက်ရှောက ဇဝေဇဝါဖြင့်မေးလိုက်၏။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထတပည့်က ယွီခရိုင်ကို လာတာရှင်းနေတာပဲ။ ယူနန်မြို့ကို သူလာတာ ဖြစ်နိုင်တယ်”
ကျောက်ရှောက မျက်လုံးပြူးကျယ်သွားကာ ပြောလိုက်တော့သည်။ “မင်း ဘယ်လိုလုပ်သိတာလဲ”
ကျန်းအိုက်ကျန့်က သူ့ခေါင်းကို လက်ညှိုးထိုးပြပြီးနောက် ပြုံးကာပြောလိုက်သည်။
“အထွတ်အမြတ်ယဇ်ပလ္လင်ရဲ့ အခမ်းအနားပွဲမှာ ရှိတဲ့ သူတော်စင်သမီးတော်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပဉ္စမတပည့်ပဲလေ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အဖွဲ့ဝင်တစ်ယောက် ခေါ်သွားခံရတာ လူဆိုးကြီးက သူမကိုခေါ်ဖို့ တစ်စုံတစ်ယောက်ပို့မှာ သေချာတယ်။ ဒါကို ရှာဖွေဖော်ထုတ်ဖို့ ခက်ခဲတာမှ မဟုတ်တာ”
“အာ”
“စစ်သူကြီးကျောက် စတုတ္ထတပည့်က နက်နဲတဲ့ကျင့်ကြံဆင့်ရှိတယ်။ သူ တောင်ပေါ်ကနေ အရင်တစ်ခေါက်ထွက်လာတဲ့အချိန်မှာ နတ်ဝိညာဉ်ဝဋ်ကြွေးခြေနယ်ပယ်ကို ခြေတစ်ဖက်ချပြီးပြီ။ ဒါက ကြာသွားပြီးပြီနော်။ သူ အခုလောက်ဆို ဒုက္ခတစ်ရာရှုကွင်းကို ပိုင်ဆိုင်ထားပြီးဖြစ်နေမှာပဲ။ သူ့ကိုဘယ်သူက တားနိုင်မှာတဲ့လဲ” ကျန်းအိုက်ကျန့်က ပြုံးပြီး ဓားကို ကိုင်ထားလိုက်သည်။
ကျောက်ရှောက မျက်မှောင်ကျုံ့သွားပြန်သည်။ “ပြဿနာများလိုက်တာ။ ပြဿနာတွေ ဘာကြောင့် တစ်ခုပြီးတစ်ခု ရောက်လာတာလဲ။ အရင်ထက် ပြဿနာကပိုများလာရတာလဲ”
ကျန်းအိုက်ကျန့်က ဆက်ပြောလိုက်သည်။
“ဒီမှာ ဆရာကြီးရှိနေတယ်ဆိုမှတော့ တပ်ကူအတွက် တောင်းဆိုဖို့ နန်းတော်ဆီ ခရီးထွက်မဲ့အစား သူ့ရဲ့ အကူအညီကို ယဉ်ယဉ်ကျေးကျေးတောင်းပါတော့လား”
ကျောက်ရှောက ကျန်းအိုက်ကျန့်၏ စကားကိုကြားသည့်အချိန်၌ မျက်လုံးများ တောက်ပသွားတော့ သည်။
“ညီငယ်လေး ဒါတွေက ဉာဏ်ရှိတဲ့စကားတွေပဲ” သူက လုကျိုးကို အမြန်လှည့်ကြည့်ပြီးနောက် လက်သီးနှစ်ဖက်ဆုပ်လိုက်၏။ သူက ကြည်ညိုလေးစားမှု စိတ်ရင်းမှန်တို့ဖြင့်ပြောလိုက်သည်။
“ဆရာကြီး အဲ့ဒီလူဆိုးကို ဖမ်းပြီး ယူနန်ပြည်သူပြည်သားတွေအတွက် ငြိမ်းချမ်းမှုကို ဆောင်ယူပေးဖို့ အကူအညီတောင်းပါရစေ”
ရှောင်ယွမ်အာသည် ထိုစကားကိုကြားသည့်အချိန်၌ အမှန်တကယ်ဆွံ့အသွားတော့သည်။
...
Zawgyi
အခန္း (၆၉) တပည့္ဆိုးက ျပႆနာထပ္တက္ျပန္ၿပီ
ယင္းက လုက်ိဳး၏ ေတြးထင္မႈအတြင္းတြင္ ရွိသည္။
က်န္းအိုက္က်န႔္က အားလုံး၏ေရွ႕ ၌ သူ၏ဓားရွည္ႏွင့္အတူ ေပၚလာၿပီး မ်က္ႏွာထက္တြင္ အၿပဳံးတစ္ပြင့္ရွိေန၏။
ျဗဟၼာ့သားေခ်ာ့ေတး၏ သက္ေရာက္သည့္ ဧရိယာထဲမွ က်န္းအိုက္က်န႔္လြတ္ေျမာက္လာပုံကို လုက်ိဳး အံ့ဩေနမိသည္။ ထို႔အျပင္ ဤေနရာကို က်န္းအိုက္က်န႔္ ရွာေတြ႕ပုံလည္း သူသိခ်င္ေန၏။ က်န္းအိုက္က်န႔္က စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ ဇြဲရွိသူ ျဖစ္ေသာ္ျငား စိတ္ဝင္စားဖြယ္ ေကာင္းလွေပ၏။ က်န္းအိုက္က်န႔္ႏွင့္ အၾကည့္ခ်င္းဆုံရန္ထက္ ပိုသည့္အရာမ်ား ရွိမွာေသခ်ာသည္။
က်န္းအိုက္က်န႔္သည္ စစ္သူႀကီးေက်ာက္ေရွာကို တစ္ခ်က္ၾကည့္ၿပီးေနာက္ သူ႕ကို ယဥ္ေက်းစြာ ႏႈတ္ဆက္လိုက္ေတာ့သည္။
စစ္သူႀကီးေက်ာက္ ႏႈတ္ဆက္ပါတယ္
ေက်ာက္ေရွာက တုံ႕ျပန္သည့္အေနျဖင့္ ေခါင္းညိတ္႐ုံသာ ၿငိမ့္သည္။ သူသည္ စိတ္ရႈပ္ေထြးမႈေၾကာင့္ ေဒါသထြက္ေနဆဲျဖစ္ၿပီး သူစိမ္းမ်ားကို ေဖာ္ေ႐ြလိုစိတ္မရွိေပ။
က်န္းအိုက္က်န႔္၏ အမူအရာက ေလးနက္တည္ၾကည္သြားကာ လုက်ိဳးနားခ်ဥ္းကပ္လိုက္ေတာ့၏။
အိုက္က်န႔္က ဆရာ့ကို အရိုအေသေပးပါတယ္
ေရွာင္ယြမ္အာက သူ႕ကို လွည့္ၾကည့္လိုက္ၿပီးေနာက္ ေျပာလိုက္ေတာ့သည္။
အရွက္မဲ့လိုက္တာ
က်န္းအိုက္က်န႔္က ရယ္ေမာၿပီးေနာက္ေျပာလိုက္သည္။ အရွက္မမဲ့ရင္ အသက္ရွင္မွာ မဟုတ္ဘူး
႐ုတ္တရက္ ေက်ာက္ေရွာက က်န္းအိုက္က်န႔္ကို လွမ္းဖမ္းရန္ တစ္ခ်က္လႈပ္ရွားလိုက္ေတာ့သည္။ သူ၏လက္ကို မတင္းၾကပ္ရေသးခင္ က်န္းအိုက္က်န႔္က သူ႕လက္ကို ေရွာင္ၿပီးသားျဖစ္၏။ က်န္းအိုက္က်န႔္က ေျပာလိုက္၏။ စစ္သူႀကီးေက်ာက္ က်ဳပ္ကို ဒီလိုဖမ္းဖို႔ႀကိဳးစားတာ ခင္ဗ်ားအတြက္ မသင့္ေတာ္ဘူးေနာ္
ေက်ာက္ေရွာ၏ အမူအရာက သုန္မႈန္သြားကာ ေမးလိုက္ေတာ့သည္။ က်ဳပ္ရဲ႕မိတ္ေဆြ ... အေစာပိုင္းက ဒီဆရာႀကီးကို ဘယ္လိုေခၚလိုက္တာလဲ
ဆရာႀကီးေလ ဘာျဖစ္လို႔လဲ က်န္းအိုက္က်န႔္က ေျပာင္ေခ်ာ္ေခ်ာ္ေျပာလိုက္ေတာ့သည္။
ဆရာႀကီးလား
က်န္းအိုက္က်န႔္က ေက်ာက္ေရွာကို အကဲျဖတ္သည့္အၾကည့္ျဖင့္ၾကည့္လိုက္၏။ သူက လွ်ာႏႈတ္ခမ္းသပ္ကာ ေျပာလိုက္ေတာ့သည္။
ခင္ဗ်ားရဲ႕ ဝတ္စားပုံအရ အရာရွိတစ္ေယာက္ရဲ႕ အိမ္ေတာ္က လူတစ္ေယာက္ပဲျဖစ္ရမယ္။ ဆရာႀကီးကို ဒီေလာက္အၾကာႀကီး စကားေျပာေနတာ သူက ဝါရင့္ကိုယ္ေတာ္တစ္ပါးဆိုတာ မသိဘူးလား သူက တည္ၿငိမ္စြာေျပာေန၏။ သူ၏ စကားထဲတြင္ ေထ့ရိသည့္ အရိပ္အေယာင္မရွိေခ်။ ထိုအရာရွိက တုံးအေၾကာင္း သူသိလိုက္ရေသာ္ျငား သူ႕ကို ရန္စရန္ မလိုအပ္ေခ်။ ေက်ာက္ေရွာကို ရိုးရိုးသားသား ေျပာဆိုရန္သာ သူ ဆုံးျဖတ္ခဲ့၏။
လုက်ိဳးက မုတ္ဆိတ္ေမြးကို သပ္ကာေျပာလိုက္ေတာ့သည္။
က်န္းအိုက္က်န႔္ မင္းေရာက္လာတာနဲ႕အေတာ္ပဲ။ မင္းကို ေမးစရာေတြရွိတယ္
က်န္းအိုက္က်န႔္က ၿပဳံးၿပီးေျပာလိုက္သည္။ ႀကိဳက္တာေမးပါ ဆရာႀကီး ကြၽန္ေတာ္သိသမွ် အားလုံး ေျပာျပပါ့မယ္
ထိုစဥ္ ေတာ္ဝင္အေစာင့္က ေက်ာက္ေရွာဆီသို႔ ေရာက္လာၿပီးေနာက္ နားနားကပ္ကာ တီးတိုးေျပာလိုက္သည္။ အမူအရာကို ထိန္းခ်ဳပ္ရန္ ႀကိဳးစားခဲ့ေသာ္ျငား ေတာ္ဝင္သက္ေတာ္ေစာင့္ ၏ စကားကို ၾကားေသာအခါ မထိန္းနိုင္ခဲ့ေပ။ လုက်ိဳးအေပၚသူ၏ သေဘာထားက ပိုေတာင္ႏူးညံ့ သြားကာ လုက်ိဳးကို အရိုအေသေပးၿပီးေျပာလိုက္၏။
ဆရာႀကီးက ဝါရင့္ ဗုဒၶကိုယ္ေတာ္တစ္ပါးကိုး ကြၽန္ေတာ္ မသိခဲ့ပါဘူး။ ေက်းဇူးျပဳၿပီး ကြၽန္ေတာ္ မသိတတ္တာအတြက္ ခြင့္လႊတ္ေပးပါ ဆရာႀကီး
ေကာင္းတယ္ ငါဘယ္သူဘယ္ဝါဆိုတာက နည္းနည္းေလး လြဲေခ်ာ္သြားတဲ့ပုံပဲ။
လုက်ိဳးသည္ ဝါရင့္ဗုဒၶကိုယ္ေတာ္တစ္ပါး မျဖစ္ခ်င္ေပ။ သို႔ေသာ္ ဝါရင့္ဗုဒၶကိုယ္ေတာ္တစ္ပါး ျဖစ္ေစျခင္းက သူ႕ကို မည့္သည့္နည္းႏွင့္မဆို မထိခိုက္ေစေသာေၾကာင့္ စိတ္အႏွောင့္အယွက္ ျဖစ္ခံၿပီး ရွင္းျပမေနေတာ့ေခ်။
ဒီ ဆရာႀကီးက သူ႕ဘာသာသူ အထြတ္အျမတ္ယဇ္ပလႅင္က အေရးကိစၥနဲ႕ မဟာနတၳိ ဘုရားေက်ာင္းက ခုံ႐ႊမ္းကို ေျဖရွင္းခဲ့တယ္။ ဆရာႀကီးေပၚ ကြၽန္ေတာ္ ေက်းဇူးေႂကြး တင္မိပါၿပီ ဆိုရလွ်င္ ယူနန္ၿမိဳ႕က ေက်ာက္ေရွာ၏ တရားစီရင္ပိုင္ခြင့္ေအာက္ တြင္ရွိသည္။ ထိုေနရာ၌ တစ္စုံတစ္ခုျဖစ္ပြားခဲ့ပါက ေနာက္ဆက္တြဲကို ရင္ဆိုင္ရမွာပဲ ျဖစ္၏။ ယခင္က အထြတ္အျမတ္ယဇ္ပလႅင္ရွိ အျဖစ္အပ်က္အေၾကာင္း သူ ၾကားခဲ့သည္။ ယင္းက ႏွစ္ဖက္ၾကားရွိ အျငင္းပြားမႈကို ေျဖရွင္းရသည့္ ပြဲတစ္ပြဲဟုထင္ခဲ့ေသာေၾကာင့္ မည္သည့္အေတြးမွ ေတြးမေနခဲ့ေပ။ ေတြးမိသည့္အခ်ိန္၌ သူတုန္ယင္မိသြား၏။ ထိုအခမ္းအနားေလး၌ လက္ေ႐ြးစင္ ထိုမွ် မ်ားစြာရွိေနလိမ့္မည္ဟု မည္သူက သိမည္နည္း။
လုက်ိဳးက ေက်ာက္ေရွာကို ျပန္မေျပာေတာ့ပဲ က်န္းအိုက္က်န႔္ကို ၾကည့္ၿပီးေနာက္ ေျပာလိုက္၏။
မင္းက လွည့္ဖ်ားတတ္တဲ့သူပဲ
က်န္းအိုက္က်န႔္က ရယ္ေမာၿပီးေျပာလိုက္၏။ ကြၽန္ေတာ္က ရွင္သန္ဖို႔အတြက္ ႀကိဳးစား႐ုံပါပဲ။ ဒီအတြက္ ကြၽန္ေတာ့္ကို မေလွာင္ပါနဲ႕ ဆရာႀကီး သူက တန္ဖိုးရွိသည့္ ဓားအေၾကာင္းကို ထပ္မေျပာရဲေတာ့ေခ်။
လုက်ိဳးက ေမးလိုက္သည္။
က်ိဳ႕ဖင္းက နန္းေတာ္ကပဲလား
က်န္းအိုက္က်န႔္က ေက်ာက္ေရွာကို တစ္ခ်က္မ်က္စပစ္ျပၿပီးေနာက္ ေျပာလိုက္ေတာ့သည္။
အမွန္ပဲ။ ဒီမွာ စစ္သူႀကီးေက်ာက္ရွိေနတာ သူ႕ရဲ႕အဆင့္နဲ႕ဆို နန္းေတာ္က လူတစ္ခ်ိဳ႕ကို ေတြ႕ဖူးမွာ ေသခ်ာတယ္။ ကြၽန္ေတာ္ေျပာတာ မွန္တယ္မလား စစ္သူႀကီး
မင္းကပဲ အခ်က္အလက္ေပးတာေလ။ ဒါေတာင္ မင္းအတြက္ သူတို႔ကို သက္ေသခံခိုင္းခ်င္တယ္ ေပါ့။ ေနာက္ဆုံးတြင္ သူက ေျပာလိုက္ေတာ့၏။
တိတိက်က်ေျပာရရင္ က်ိဳ႕ဖင္းက နန္းေတာ္ထဲက ရာထူးျမင့္တဲ့လူတစ္ေယာက္ရဲ႕ လက္ေအာက္ငယ္သားပါ
လုက်ိဳးက ေခါင္းညိတ္လိုက္၏။ ထိုအရာမ်ားအားလုံးက အေရးမႀကီးေတာ့ေခ်။ နန္းေတာ္ထဲရွိ တစ္စုံတစ္ဦးက မိစ္ဆာေဝဟင္ေမွ်ာ္နန္းကို ရန္စရန္ႀကိဳးစားေနတာေသခ်ာေနေပ၏။
အေနာက္ပိုင္းေဒသမွ ေက်ာက္စိမ္းမိန္းမပ်ိဳက သံသယျဖစ္စရာအေကာင္းဆုံးျဖစ္သည္။ သို႔ေသာ္ သူတို႔ၾကားထဲ၌ သေဘာထားကြဲလြဲမႈျဖစ္ေစရန္အတြက္ သူမကို တစ္စုံတစ္ေယာက္က အသုံးခ် ေနတာလည္းျဖစ္နိုင္ေပသည္။
လုက်ိဳးက ထိုအေရးကိစၥကို ေနာက္မွေျဖရွင္းရန္ ဆုံးျဖတ္လိုက္ေတာ့၏။ နန္းေတာ္ထဲ၌ ပညာရွင္မ်ားစြာရွိေပသည္။ စုန္းအတတ္ကန႔္သတ္ခ်က္တစ္ခုေၾကာင့္ သူ႕ကိုယ္သူစြန႔္စားမွာ မဟုတ္ေပ။ ယခုအခ်ိန္တြင္ သူရရွိထားသည့္ အခ်က္အလက္ကို ေက်နပ္ေန၏။ သူမလႈပ္ရွားခင္ သူ႕အတြက္ ကုသိုလ္အမွတ္မ်ားစြာစုေဆာင္းၿပီး က်င့္ႀကံဆင့္ကို တိုးတက္ေအာင္လုပ္တာက ပိုေကာင္းေပမည္။ ခဏအၾကာ၌ သူက ေမးလိုက္ေတာ့၏။
က်န္းအိုက္က်န႔္ မင္းက ထြက္ေျပးျခင္းက်င့္စဥ္ကို က်င့္ေနတာလား
က်န္းအိုက္က်န႔္၏ အမူအရာက ေတာင့္ခဲသြားသည္။ သူက အေနရခက္စြာၿပဳံးလိုက္၏။ သူ႕လွ်ို႔ဝွက္ခ်က္က ထုတ္ေဖာ္ခံလိုက္ရေခ်ၿပီ။
ဆရာႀကီးရဲ႕ ႀကီးမားက်ယ္ျပန႔္တဲ့ ဗဟုသုတေၾကာင့္ ကြၽန္ေတာ္ အထင္ႀကီးမိပါတယ္
ထိုစဥ္ ေလွကားကေန အေရးတႀကီးသတင္းပို႔ခ်က္ေရာက္လာ၏။
စစ္သူႀကီးေက်ာက္ အေရွ႕ပိုင္းကေန တင္ျပခ်က္တစ္ခုေရာက္လာပါတယ္။ မိစ္ဆာေဝဟင္ေမွ်ာ္နန္းရဲ႕ စတုတၳတပည့္က ေ႐ႊနန္းဥယ်ာဥ္ေတာင္ကေနထြက္သြားၿပီး ယြီခရိုင္ကို သြားေနပါၿပီ
ေက်ာက္ေရွာသည္ ထိုသတင္းကိုၾကားသည့္အခ်ိန္၌ မ်က္ေမွာင္က်ဳံ႕သြား၏။
မင္း အသုံးမက်တဲ့ေကာင္။ အားလုံးကို ဒီအေၾကာင္းသိေစခ်င္ေနတာလား
...
က်န္းအိုက္က်န႔္က ေခါင္းညိတ္ၿပီးေျပာလိုက္သည္။
က်ဳပ္ထင္ထားၿပီးသားပါ။ မိစ္ဆာေဝဟင္ေမွ်ာ္နန္းရဲ႕ စတုတၳတပည့္ မင္ရွစ္ရင္ သူက ေကာက္က်စ္ၿပီး ထိခိုက္နစ္နာေစလိုစိတ္ရွိတယ္။ စိတ္ကူးတစ္ခုနဲ႕သူ႕ရဲ႕ ရပ္တည္ခ်က္ကို ေျပာင္းလဲနိုင္တဲ့သူပဲ။ သူေတာ္ေကာင္းေယာင္ေဆာင္တာက သူ႕ရဲ႕ ဒုတိယသဘာဝပဲေလ
ေရွာင္ယြမ္အာက ထိုစကားကို ၾကားသည့္အခ်ိန္တြင္ ေမးလိုက္၏။
သူက ဆိုးတယ္လား။ မိစ္ဆာေဝဟင္ေမွ်ာ္နန္းရဲ႕ နဝမေျမာက္တပည့္ကေကာ။ သူ သူမက ဘယ္လိုပုံတဲ့လဲ
က်န္းအိုက္က်န႔္က ေမးကိုပြတ္လိုက္သည္။ သူက မိစ္ဆာေဝဟင္ေမွ်ာ္နန္းအေၾကာင္း အေတာ္သိပုံေပၚ၏။
နဝမေျမာက္တပည့္က အံ့ဩဖို႔ေကာင္းတယ္။ သူမက ေမွ်ာ္စင္ကို ေနာက္ဆုံးမွဝင္လာခဲ့တာ။ ဒါေတာင္ သူမရဲ႕က်င့္ႀကံဆင့္က တိုးတက္တာအျမန္ဆုံးပဲ။ သူက အလြန္ဆိုးတဲ့ သိုင္းပါရမီရွင္ တစ္ဦး။ အာလာ.... သူက
ဘာလဲေျပာေလ ေရွာင္ယြမ္အာက သူ႕ကို ေလာလိုက္သည္။
က်န္းအိုက္က်န႔္က ျပန္ေျပာ၏။
အဲဒီလူဆိုးေလးက အျပင္ေလာကထဲမွာ အေတြ႕အႀကဳံခ်ိဳ႕တဲ့ေနတယ္။ အမ်ားႏွင့္မတူ တမူ ထူးျခားၿပီး ကိုယ္က်င့္သိကၡာအေၾကာင္း မသိဘဲ မိစ္ဆာေဝဟင္ေမွ်ာ္နန္းထဲဝင္သြားတာ ႏွေျမာဖို႔ေကာင္းတယ္။ ကမၻာေလာကႀကီးဆီ ကပ္ေဘးေဆာင္ယူလာမဲ့ အႀကီးဆုံးလူဆိုးႀကီး တစ္ဦးျဖစ္လာမွာေတာ့ ေသခ်ာတယ္။ အား မိန္းကေလး ငါ့ကို ဘာေၾကာင့္ အဲ့လိုမ်ိဳးၾကည့္ေနတာလဲ
လုက်ိဳးက ေရွာင္ယြမ္အာေဒါသေပါက္ကြဲေတာ့မည့္အခ်ိန္ကို ျမင္လိုက္ရသည့္အခ်ိန္၌ သူက သာမန္ကာလွ်ံကာ ေျပာလိုက္သည္။
ဒီေန႕ ေတာ္လိုက္ရေအာင္ တေနကုန္ အလုပ္လုပ္ၿပီးေနာက္ သူတကယ္ ပင္ပန္းေနၿပီျဖစ္သည္။
ေရွာင္ယြမ္အာက ႏွာေခါင္းရႈံ႕လိုက္၏။ သူမက ေ႐ြးခ်ယ္စရာမရွိေတာ့ဘဲ သူမဆရာ၏ ဆႏၵကို နာခံရေပမည္။
ေက်ာက္ေရွာက လုက်ိဳးေရွ႕တြင္ လက္သီးႏွစ္ဖက္ဆုပ္လ်က္ေျပာလိုက္သည္။
မိစ္ဆာေဝဟင္ေမွ်ာ္နန္းရဲ႕ တပည့္က ေတာင္ေပၚကဆင္းလာၿပီဆိုမွေတာ့ ဘာမွ ေကာင္းတာ ရွိမွာမဟုတ္ဘူး။ ဒီအေၾကာင္းကို ေျဖာင့္မတ္ျခင္းလမ္းစဥ္ဆီက က်င့္ႀကံသူေတြဆီ သတင္းသြား ေပးလိုက္ဦးမယ္
ေက်ာက္ေရွာက ေျပာၿပီးခ်ိန္၌ စစ္သည္ေတာ္တစ္ဦးက ေျပးတက္လာၿပီးေျပာလိုက္၏။
စစ္သူႀကီး လူ... လူဆိုးက ခ်င္ခရိုင္ကေန ျဖတ္သြားတဲ့အခ်ိန္မွာ မိန္းကေလးေတြ အမ်ားႀကီးကို ဖမ္းသြားခဲ့တယ္
...
ေက်ာက္ေရွာက ႏႈတ္ခမ္းမဲ့သြားသည္။ မ်ိဳးမစစ္ေကာင္ ငါ သြားရေတာ့မွာပဲ ခ်င္ခရိုင္တြင္ ျဖစ္သြားေသာေၾကာင့္ သူႀကိတ္ၿပီး စိတ္သက္သာရာ ရသြား၏။ ယူနန္ခရိုင္တြင္ ျဖစ္တာမဟုတ္ေပ။ သို႔ေသာ္ ထိုလူဆိုးက ယူနန္ၿမိဳ႕သို႔ ေရာက္လာလွ်င္ မည္ကဲ့သို႔ျဖစ္မည္နည္း။
လုက်ိဳးက မ်က္ေမွာင္က်ဳံ႕လိုက္သည္။ သူက ဇေဝဇဝါျဖစ္သြား၏။ မင္ရွစ္ယင္းက လိုက္ေလ်ာ ညီေထြရွိတတ္သူျဖစ္သည္။ ထိုဆိုးယုတ္ေသာ အျပဳအမူ၏ေနာက္ကြယ္၌ သူအမွန္တကယ္ ရွိေနသည္ေလာ။
တင္း ေတာပုန္းဓားျပတစ္ေယာက္ကိုသတ္လိုက္ပါၿပီ။ ကုသိုလ္အမွတ္ ဆယ္မွတ္ရပါၿပီ
တင္း ေတာပုန္းဓားျပတစ္ေယာက္ကိုသတ္လိုက္ပါၿပီ။ ကုသိုလ္အမွတ္ ဆယ္မွတ္ရပါၿပီ
ေတာပုန္းဓားျပေတြတဲ့လား။ မိန္းကေလးေတြ မဟုတ္ဘူးလား။
က်န္းအိုက္က်န႔္က ၿပဳံးၿပီးေျပာလိုက္သည္။ စစ္သူႀကီးေက်ာက္ ေစာင့္လိုက္ဦး
မင္း ငါနဲ႕ ဘာကိစၥရွိလို႔လဲ ေက်ာက္ေရွာက ဇေဝဇဝါျဖင့္ေမးလိုက္၏။
မိစ္ဆာေဝဟင္ေမွ်ာ္နန္းရဲ႕ စတုတၳတပည့္က ယြီခရိုင္ကို လာတာရွင္းေနတာပဲ။ ယူနန္ၿမိဳ႕ကို သူလာတာ ျဖစ္နိုင္တယ္
ေက်ာက္ေရွာက မ်က္လုံးျပဴးက်ယ္သြားကာ ေျပာလိုက္ေတာ့သည္။ မင္း ဘယ္လိုလုပ္သိတာလဲ
က်န္းအိုက္က်န႔္က သူ႕ေခါင္းကို လက္ညွိုးထိုးျပၿပီးေနာက္ ၿပဳံးကာေျပာလိုက္သည္။
အထြတ္အျမတ္ယဇ္ပလႅင္ရဲ႕ အခမ္းအနားပြဲမွာ ရွိတဲ့ သူေတာ္စင္သမီးေတာ္က မိစ္ဆာေဝဟင္ေမွ်ာ္နန္းရဲ႕ ပၪၥမတပည့္ပဲေလ။ မိစ္ဆာေဝဟင္ေမွ်ာ္နန္းရဲ႕ အဖြဲ႕ဝင္တစ္ေယာက္ ေခၚသြားခံရတာ လူဆိုးႀကီးက သူမကိုေခၚဖို႔ တစ္စုံတစ္ေယာက္ပို႔မွာ ေသခ်ာတယ္။ ဒါကို ရွာေဖြေဖာ္ထုတ္ဖို႔ ခက္ခဲတာမွ မဟုတ္တာ
အာ
စစ္သူႀကီးေက်ာက္ စတုတၳတပည့္က နက္နဲတဲ့က်င့္ႀကံဆင့္ရွိတယ္။ သူ ေတာင္ေပၚကေန အရင္တစ္ေခါက္ထြက္လာတဲ့အခ်ိန္မွာ နတ္ဝိညာဥ္ဝဋ္ေႂကြးေျခနယ္ပယ္ကို ေျခတစ္ဖက္ခ်ၿပီးၿပီ။ ဒါက ၾကာသြားၿပီးၿပီေနာ္။ သူ အခုေလာက္ဆို ဒုကၡတစ္ရာရႈကြင္းကို ပိုင္ဆိုင္ထားၿပီးျဖစ္ေနမွာပဲ။ သူ႕ကိုဘယ္သူက တားနိုင္မွာတဲ့လဲ က်န္းအိုက္က်န႔္က ၿပဳံးၿပီး ဓားကို ကိုင္ထားလိုက္သည္။
ေက်ာက္ေရွာက မ်က္ေမွာင္က်ဳံ႕သြားျပန္သည္။ ျပႆနာမ်ားလိုက္တာ။ ျပႆနာေတြ ဘာေၾကာင့္ တစ္ခုၿပီးတစ္ခု ေရာက္လာတာလဲ။ အရင္ထက္ ျပႆနာကပိုမ်ားလာရတာလဲ
က်န္းအိုက္က်န႔္က ဆက္ေျပာလိုက္သည္။
ဒီမွာ ဆရာႀကီးရွိေနတယ္ဆိုမွေတာ့ တပ္ကူအတြက္ ေတာင္းဆိုဖို႔ နန္းေတာ္ဆီ ခရီးထြက္မဲ့အစား သူ႕ရဲ႕ အကူအညီကို ယဥ္ယဥ္ေက်းေက်းေတာင္းပါေတာ့လား
ေက်ာက္ေရွာက က်န္းအိုက္က်န႔္၏ စကားကိုၾကားသည့္အခ်ိန္၌ မ်က္လုံးမ်ား ေတာက္ပသြားေတာ့ သည္။
ညီငယ္ေလး ဒါေတြက ဉာဏ္ရွိတဲ့စကားေတြပဲ သူက လုက်ိဳးကို အျမန္လွည့္ၾကည့္ၿပီးေနာက္ လက္သီးႏွစ္ဖက္ဆုပ္လိုက္၏။ သူက ၾကည္ညိုေလးစားမႈ စိတ္ရင္းမွန္တို႔ျဖင့္ေျပာလိုက္သည္။
ဆရာႀကီး အဲ့ဒီလူဆိုးကို ဖမ္းၿပီး ယူနန္ျပည္သူျပည္သားေတြအတြက္ ၿငိမ္းခ်မ္းမႈကို ေဆာင္ယူေပးဖို႔ အကူအညီေတာင္းပါရေစ
ေရွာင္ယြမ္အာသည္ ထိုစကားကိုၾကားသည့္အခ်ိန္၌ အမွန္တကယ္ဆြံ႕အသြားေတာ့သည္။
...