အခန်း (၆၅) ဝါရင့်ကိုယ်တော်ကို ဉာဏ်အလင်းပွင့်စေတာလား
လုကျိုးက ထိုကိုယ်တော်ခုံရွှမ်းသည် အလွယ်တကူ အနိုင်ယူ၍ရသည့်သူ မဟုတ်ဟု သူ့ဘာသာသူ တွေးလိုက်၏။ ခုံရွှမ်းပြန်ဆုတ်သွားသည်နှင့် မရေမတွက်နိုင်သည့် လက်ဝါးရိုက်ချက်များက လုကျိုး၏ ဧရာမရွှေကိုယ်ထည်ကို ထိသွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။ သူက ထိခိုက်ဒဏ်ရာရခြင်းမရှိ၊ သက်ရောက်ခံရခြင်း မရှိခဲ့ပေ။ အားလုံးက အသေရိုက်ချက်ကတ်၏ လုပ်ဆောင်ချက်သာ ဖြစ်သည်။ သို့သော် ဗုဒ္ဓဂိုဏ်း၏ကျင့်စဉ်ဖြင့် အဘယ်ကြောင့် ပေါ်လွင်နေစေရသနည်း။
ကိုယ်တော်ခုံရွှမ်းက အဖြစ်အပျက်ကို မယုံနိုင်ဖြစ်နေသည်။ သေးငယ်သော လက်ဝါးရိုက်ချက်က သူ့နောက်ကို လိုက်နိုင်သည့် မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထားပုံရသည်။ ရွေးချယ်စရာမရှိဘဲ နောက်ဆုတ်လိုက်ရတော့၏။ သူ၏အလိုလိုသိစိတ်အရ ထိုသေးငယ်သောလက်ဝါးရိုက်ချက်သည် အန္တရာယ်များကြောင်း သူ့ကိုပြောပြနေပေ၏။
အထွတ်အမြတ်ယဇ်ပလ္လင်က ကျယ်ဝန်းပြီး မိုင်တစ်ဒါဇင်ခန့်ကျယ်ပေ၏။ ခုံရွှမ်းက လက်ဝါးရိုက်ချက်ကို အောင်မြင်စွာရှောင်တိမ်းနိုင်မည်ဟု တွေးမိသည့်အချိန်၌ မျက်တောင်တစ်ခတ်စာအတွင်း ထိုလက်ဝါးသည် ရုတ်တရက်ကြီးမားလာ၏။ သူက နောက်သို့ ဆက်ဆုတ်နေစဉ် တစ်စုံတစ်ခုလွဲမှားနေသည်ဟူသော ခံစားချက်ကို မဖယ်ခွာနိုင် ဖြစ်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုလက်ဝါးက ပိုမိုကြီးမားလာတာကို သူသတိပြုမိလိုက်သည်။ ယခု အချိန်တွင် လက်ဝါးသည် လူ့အရပ်ထက် ပိုမြင့်နေခဲ့ပြီးဖြစ်သည်။ သူ့ရင်ထဲ၌ စိတ်ပျက်အားငယ်စိတ်တို့ တိုးလာကာ ဆက်လက်နောက်ဆုတ်နေပြီး သူ၏ရှင်သန်လိုစိတ်က ပေါ်ပေါက်လာ၏။
လက်ဝါးရိုက်ချက်သည် ခုံရွှမ်း၏မျက်နှာနှင့် ဆံချည်တစ်မျှင်စာသာ ကွာဝေးတော့သည့် အချိန်တွင် အဆပေါင်းများစွာ ထပ်မံကြီးမားလာ၏။ ထိုအကြောင်းကြောင့် သူသည် တိုက်ကွက်ကို ရှောင်တိမ်းရာ၌ အခက်တွေ့နေတော့သည်။ လက်ဝါးရိုက်ချက်က သူနှင့်နီးကပ်လာပြီး တိုက်ကွက်အချို့ကို သူထုတ်သုံးရမည်မှန်းသိနေ၏။
လက်ရှိတွင် လက်ဝါး၏အရွယ်အစားက အလွန်ကြီးမားနေခဲ့ပြီးဖြစ်သည်။ ၎င်း၏ အရွယ်အစားကို မဖော်ပြနိုင်ပေ။ ယင်းက မဟာမိုးကြိုးဘီးလက်သင်္ကေတ၏ အလွန်တရာကြီးမားသောပုံစံနှင့် တူနေသည်။
ထိုစဉ် အထွတ်အမြတ်ယဇ်ပလ္လင်၏ စင်္ကြန်အမိုးအောက်တွင် ကျောင်းယွဲ့က နောက်ဆုံး၌ မျက်လုံးဖွင့်နိုင်သွားပြီဖြစ်သည်။ ဗြဟ္မာသားချော့တေးက တိတ်ဆိတ်သွားခဲ့ပြီဖြစ်၏။ သူမ မျက်လုံးမဖွင့်ခင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဝေဝါးဝါးရေရွတ်ပြောမိလိုက်၏။
“ရှစ် ရှစ်စွင်းလား”
ဖုန်း
ဧရာမ မဟာမိုးကြိုးဘီးလက်သင်္ကေတက ခုံရွှမ်းဆီသို့ ကျရောက်လာပြီးနောက် သူက အရိုက်ခံရသည့် ယင်ကောင်တစ်ကောင်နှယ် လွင့်ထွက်သွားသည်။ မကြာမီ၌ လက်ချိပ်ပိတ်မှုက ပျောက်ကွယ်သွားပြီး ခုံရွှမ်းသည်လည်း ဖုန်မှုန့်ဖြစ်သွားတော့၏။ ကိုယ်တော်ခုံရွှမ်း ပျောက်ကွယ်သွားသည်နှင့် ဗြဟ္မာသားချော့တေး ရွတ်ဆိုမှုက အဆုံးသတ်သွားပြီဖြစ်ကာ အထွတ်အမြတ်ယဇ်ပလ္လင်နားတဝိုက်ရှိကိုယ်တော်များလည်း လဲကျကုန်၏။ တစ်ချိန်တည်းတွင် လေထဲတွင်ပျံဝဲနေသော မဟာနတ္ထိဘုရားကျောင်း၏ ရထားလုံးပျံက အန္တရာယ်များစွာ ယိမ်းခါနေတော့သည်။ ကိုယ်တော်များက ရထားလုံးပျံကို ထိန်းချုပ်ရန်အတွက် သူတို့ကိုယ်သူတို့ ထိန်းလိုက်ပြီး ဖြည်းဖြည်းချင်းသက်ဆင်းလိုက်ကြ၏။
အထွတ်အမြတ်ယဇ်ပလ္လင်၌ တိတ်ဆိတ်မှုတို့ ကြီးစိုးလာသည်။
လုကျိုး၏ ပေတစ်ရာကျော်ခန့်မြင့်သည့် ဗုဒ္ဓရွှေကိုယ်တော်က ယခုအချိန်၌ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
အရာအားလုံးက ဆယ်စက္ကန့်အတွင်းဖြစ်သွားခဲ့သည်။ ယင်းက မနှေးလွန်းမမြန်လွန်းပေ။ သို့သော် လမ်းမှန်နှင့် မိစ္ဆာလမ်းကြောင်း၏ ကျင့်ကြံသူများအားလုံးအတွက် စက္ကန့်တိုင်းက တစ်နှစ်ခန့် ရှည်ကြာပုံရသည်။
လက်ရှိတွင် ကျင့်ကြံသူများအားလုံး၏ အာရုံက လုကျိုးဆီတွင်သာ ရှိနေသည်။ ထိုအဖိုးအိုသည် ခုံရွှမ်းကို တိုက်ကွက်တစ်ကွက်ထဲဖြင့် အနိုင်ယူနိုင်ခဲ့သည်။ အဖိုးအိုက မုတ်ဆိတ်ကို အေးအေးလူလူ ပွတ်သပ်ပြီး လမ်းလျှောက်ရန် ကောင်းမွန်သည့် နေ့တစ်နေ့၌ လျှောက်လှမ်းနေသည့်ပုံပေါ်နေ၏။ ယခုအချိန်တွင် လူတိုင်း၏ စိတ်ထဲ၌ မေးခွန်းတစ်ခုပေါ်လာသည်။
“ဒီလိုအလွန်အစွမ်းထက်တဲ့ မဟာမိုးကြိုးဘီးလက်သင်္ကေတကို ထုတ်ဖော်နိုင်ရအောင် ဒီကျင့်ကြံသူက ဘယ်သူများလဲ။ သူက တခြား ဗုဒ္ဓဂိုဏ်းက ဉာဏ်အလင်းပွင့်တဲ့ဝါရင့်ကိုယ်တော် များလား”
ထိုစဉ် လုကျိုးက အတွေးနစ်နေကာ ရလဒ်ကို တွက်ချက်နေ၏။ သူသည် ကုသိုလ်မှတ်အချို့ကို ရယူပြီး ဆုကို နောက်မှယူရန် ဆုံးဖြတ်လိုက်သည်။ ပတ်ဝန်းကျင်ကို အကဲဖြတ်လိုက်၏။ ကျင့်ကြံသူအများစုက လက်ရှိတွင် မတိုက်ခိုက်နိုင်တော့ချေ။
ကောင်းကင်ဘုံ၏ အစီအစဉ်များက ထိုလူ၏ အစီအစဉ်များဖြင့် အစားထိုးခံလိုက်ရသည်။ ခုံရွှမ်းသည် ဗြဟ္မာသားချော့တေးကို လူတိုင်းအပေါ်၌ အသုံးပြုလိုက်မည်ဟု မည်သူမျှ မထင်ထားချေ။
သို့သော် ယခုမူ ယင်းက လုကျိုးအတွက် မဆီလျော်တော့ချေ။ အသေရိုက်ချက်ကတ်နှင့် စင်းလုံးချောကတ်တို့က အစွမ်းထက်သည့် ခြိမ်းခြောက်နိုင်သော အာနိသင်ရှိပေသည်။ ယခုအချိန်တွင် သူ့ကို မည်သူမျှ မတိုက်ခိုက်ရဲချေ။ သူက ယင်းကို မထင်ထားခဲ့။ ပတ်ဝန်းကျင်ကို ဆက်လက်စစ်ဆေးပြီးနောက် မုတ်ဆိတ်ကို ပွတ်သတ်နေလိုက်သည်။ သူ၏မျက်ဝန်းထဲ၌ လူတိုင်း၏ ထိတ်လန့်နေသော အမူအရာ၊ ကြည်ညိုလေးစားနေသော အကြည့်တို့ကို တွေ့လိုက်ရသည်။ အဆုံးတွင်မူ သူက မိစ္ဆာဘုရားကျောင်း၏ တတိယကျောင်းထိုင် သွမ့်ရှင်းဆီသို့ သူ့အကြည့်ရောက်သွားတော့သည်။ တစ်စုံတစ်ယောက်က တိုက်ခိုက်နိုင်သေးသည်ဆိုလျှင် ထိုလူက သွမ့်ရှင်းဖြစ်နိုင်သောကြောင့် သူက သွမ့်ရှင်းကို ပိုအာရုံစိုက်ခဲ့၏။ သွမ့်ရှင်းသည် စွန့်စားပြီး သူ့ကို တိုက်ခိုက်မည်လားကို သူသိချင်နေသည်။
သန်မာသူအတွက် ကြည်ညိုလေးစားရိပ်တို့က သွမ့်ရှင်း၏ မျက်လုံးထဲ၌မြင်နေရသည်။ အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူက ဖြည်းဖြည်းချင်းခြေကြွကာ လက်အုပ်ချီလျက် လုကျိုးဆီ သွားလိုက်သည်။
“မိစ္ဆာဘုရားကျောင်းက ဒီအငယ်သွမ့်ရှင်းက ဆရာကြီးရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်။”
လုကျိုး၏ အိုမင်းရင့်ရော်သောမျက်နှာပေါ်ရှိ အမူအရာက တည်ငြိမ်နေသည်။ ဤတုံ့ပြန်မှုကို သူထင်ထားပြီးသားဖြစ်၏။ သူသုံးလိုက်သည့် ပညာရပ်နှစ်မျိုးက ဗုဒ္ဓဂိုဏ်း၏ သိုင်းပညာရပ်များဖြစ်ပေသည်။ ဇင်ဂိုဏ်းတွင် မကျင့်ကြံသည့် တစ်ကိုယ်တော်များက ထိုကဲ့သို့ ကျင့်ကြံဆင့်ကို ရရှိရန် ခက်ခဲလေရာ လက်ရွေးစင်ကျင့်ကြံသူများတောင် မိစ္ဆာဇင်ကို အချိန်ကာလရှည်ကြာစွာကျင့်ကြံခဲ့သည့် ကျို့ရှင်းချန်က မရေမတွက်နိုင်သည့် ခက်ခဲမှုများစွာကို သည်းခံပြီး ပွင့်ချပ်လေးလွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို ရရှိခဲ့သည်။ ကျို့ရှင်းချန်ကလည်း ရာစုနှစ်တစ်စုတွင် အောင်မြင်ခဲ့သည့် တစ်ဦးတည်းသောသူဖြစ်သည်။ သူက ထိုဇင်အမှတ်အသားကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူတောင် မထင်ခဲ့မိပေ။
သမာသမတ်ဂိုဏ်းမှကျင့်ကြံသူများသည် လက်သီးနှစ်ဖက်ကို ဆုပ်လျက် တညီတညွတ်တည်း ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး”
ကျင့်မင်တာအိုဂိုဏ်းမှ လူများကလည်း လိုက်ပြောသည်။ “ကျေးဇူးတင်ပါတယ် ဆရာကြီး”
သူတို့၏အမြင်တွင် လုကျိုးက လောကီရေးရာမှ ဖယ်ခွာနေခဲ့ပြီး လောကီရေးရာထဲ ဝင်စွက်ဖက်ခြင်းမရှိသည့် ဉာဏ်အလင်းပွင့်ပြီးသော ဝါရင့်ကိုယ်တော်တစ်ပါးဖြစ်နေသည်။
လုကျိုးက အားလုံး၏နားလည်မှုလွဲမှုအတိုင်းလိုက်ပါရန်သာ ဆုံးဖြတ်လိုက်၏။ သူက လက်မြှောက်ကာ ကျယ်လောင်စွာပြောလိုက်သည်။
“ဗုဒ္ဓဂိုဏ်းတွေက အားလုံးထက် သနားညှာတာမှုကို တန်ဖိုးထားတယ်။ ဒီနေ့ ငါ့ရဲ့ဆွေမျိုးသားချင်းတွေထဲက တစ်ယောက်ကို ကိုယ်တိုင်သတ်ခဲ့ရတဲ့အတွက် စိတ်ဓာတ်ကျမိတယ်။ ဒါပေမဲ့ ရွေးချယ်စရာမရှိဘူးလေ”
ထိုစကားကို ကြားသောအခါ လမ်းမှန်လမ်းကြောင်းမှ ကျင့်ကြံသူများသည် သူ့ကို လက်မထောင်ပြလိုက်၏။ သူတို့အမြင်တွင် လုကျိုး၏ အမူအကျင့်က ဝါရင့်ကိုယ်တော်တစ်ပါးနှင့် အံဝင်ခွင်ကျ ဖြစ်နေသည်။
“ဒါကို ဆရာကြီးတွေးပူနေဖို့မလိုပါဘူး။ ခုံရွှမ်းက ယုတ်မာကောက်ကျစ်ပြီး အရှက်မဲ့တယ်။ သူက ဗြဟ္မာသားချော့တေးနဲ့ ကျုပ်တို့အားလုံးကို သတ်ပြီး သူတော်စင်သမီးတော်ကို ခေါ်သွားဖို့ ရည်ရွယ်ခဲ့တာ။ ဒီရလဒ်ကို လူတိုင်း ကျေနပ်ပါတယ်။”
“ခုံရွှမ်းလိုလူတစ်ယောက်က ဗုဒ္ဓဂိုဏ်းရဲ့တပည့်တစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး ဆရာကြီး။ ဆရာကြီးက အဲ့သည်လူကိုသတ်ပြီးတော့ ဗုဒ္ဓဂိုဏ်းရဲ့တရားမျှတမှုကို လုပ်ဆောင်ခဲ့တာပဲ။ ဆရာကြီးက စစ်မှန်တဲ့ဉာဏ်အလင်းပွင့်ပြီးဝါရင့်ကိုယ်တော်တစ်ပါးပဲ။ အဲ့ဒီ အလွန်အမင်း ဘာသာရေးကိုင်းရှိုင်းတဲ့ ကတုံးနဲ့ယှဉ်ရင် ဆရာကြီးက သူတို့ထက် အဆတစ်သောင်းပိုသာတယ်။”
သမာသမတ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးက ရုတ်တရက်ထပြောလိုက်သည်။ ထိုဆရာကြီးရှေ့တွင် ကိုယ်တော်များကို မြည်းကတုံးဟူ၍ ရည်ညွှန်းပြောဆိုခြင်းက သင့်တော်ပုံမရပေ။ သူ၏ အဖြစ်ကိုတွေးမိသည့် အချိန်၌ နှလုံးခုန်နှုန်းမြန်လာတော့သည်။
သို့သော် လုကျိုးက ထူးမခြားဖြစ်နေ၏။ ကျန်သည့်သူများက ကိုယ်တော်များကို မြည်းကတုံးဟူ၍ ရည်ညွှန်းပြောဆိုခြင်းများကို သူစိတ်မရှိပုံရ၏။
ထိုစဉ်ကျင့်မင်တာအိုဂိုဏ်း၏ ကျင့်ကြံသူတစ်ဦးက လက်သီးနှစ်ဖက်ကို ဆုပ်လျက်ပြောလိုက်သည်။
“ဆရာကြီးသာမရှိရင် ကျုပ်တို့အားလုံးသေလောက်ပြီ။ ဆရာကြီးက ဒီလောက်နက်နဲတဲ့ ကျင့်ကြံဆင့်ရှိနေတာ ဒီနေ့ အထွတ်အမြတ်ယဇ်ပလ္လင်ကိုဘယ်အရေးကိစ္စကများ ဆရာကြီးကို လာစေလဲဆိုတာ သိချင်ပါတယ်။”
လုကျိုးက ထိုလူကို တစ်ချက်ကြည့်ပြီးနောက်ပြန်ပြောလိုက်သည်။
“ငါက ဖြတ်သွားရုံပဲ”
“ကျွန်တော်သိပါပြီ။ သူတို့ရဲ့ဆံပင်နဲ့ကျင့်ကြံကြတဲ့ဝါရင့်ကိုယ်တော်တွေက လောကကြီးကို ခြေဆန့်ပြီး လောကကြီးရဲ့ဒေါင့်လေးဒေါင့်ကို သူတို့အိမ်အဖြစ်သတ်မှတ်ထားတယ်ဆိုတာ ကြားဖူးပါတယ်။ ဆရာကြီးနဲ့ ဒီနေ့ တွေ့ဆုံခွင့်ရတာ ကျွန်တော် သုံးဘဝတိုင်တိုင် ကောင်းချီးပေးခံရတာပါပဲ”
ကျင့်ကြံသူတိုင်းက တစ်ယောက်ထက်တစ်ယောက် ချီးကျူးတာ ပိုတော်လာသည်။
ကျင့်ကြံသူ အများစုကလည်း ဖြည်းဖြည်းချင်းလှုပ်ရှားလာတော့၏။
တစ်ဖက်တွင်မူ ပြင်းထန်သည့် ဖိအားအောက်၌ ကိုယ်တော်များကျရောက်နေသည်။ ဂါထာရွတ်ဆိုခြင်းကို ရုတ်ချည်းဖြိုခွဲခံလိုက်ရခြင်းက သူတို့အတွက်မကောင်းမွန်ပေ။ သူတို့က မောဟိုက်နေကြပြီး မြေပြင်ပေါ်၌ ထိုင်နေ၏။ သွမ့်ရှင်းကဲ့သို့ နတ်ဝိညာဉ်ဝဋ်ကြွေးခြေနယ်ပယ်ကျင့်ကြံသူတစ်ဦးရှိနေရာ ကျန်သည့်ကျင့်ကြံသူများအဖို့ ကြောက်ရန် မလိုတော့ပေ။ ထိုကိုယ်တော်များက သူ့ရှေ့ခြေလှမ်းတစ်လှမ်းတောင် မလှမ်းရဲချေ။
လုကျိုးက သူကြာကြာမနေနိုင်မှန်းသိနေပေ၏။ ရှောင်ယွမ်အာဖက်ခြမ်းကို တစ်ချက် ကြည့်လိုက်သည်။ ရှောင်ယွမ်အာက အိပ်ပျော်နေပုံရသည်။
ဒီကောင်မစုတ်လေး ဘယ်လိုတောင် သတိလက်လွတ်နေရတာလဲ။ သူ့နားတဝိုက်မှာ ဖရိုဖရဲဖြစ်နေတာ ဘယ်လိုလုပ်အိပ်နိုင်ရတာလဲ။ ဒါအဆင်မပြေဘူး။ ငါသူ့ကို ထပ်ပြီးသွန်သင်ပေးရတော့မှာပဲ။
သို့သော် ယခုအခါ ရှောင်ယွမ်အာကို သွန်သင်ပြသရမည့်အချိန်မဟုတ်ပေ။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ ဘေးချိတ်ထားလိုက်ရသည်။ သူက ညင်သာစွာခေါ်လိုက်၏။
“ယွမ်အာ”
ရှောင်ယွမ်အာ၏ ခန္ဓာကိုယ်က တစ်ချက်တုန်ရင်သွားပြီးနောက် နောက်ဆုံးတွင် နိုးလာတော့သည်။ သူမက ချက်ချင်းပင် ခြေထောက်မြှောက်လိုက်တော့၏။ “ရှစ် ရှစ်စွင်းလား”
“အရိုအသေတန်လိုက်လေခြင်း” လုကျိုးက သူမကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ ရှောင်ယွမ်အာက လုကျိုးဖက်ကို မြန်မြန်လျှောက်လာ၏။ သူမချဉ်းကပ်လာပြီးနောက် မျက်နှာထက်တွင် သုန်မှုန်နေသည့်အမူအရာပေါ်လာသည်။
ထိုအရာကို မြင်သောအခါ တစ်စုံတစ်ယောက်က မေးလိုက်သည်။
“ဆရာကြီး ဆရာကြီးမှာ အမျိုးသမီးတပည့်တစ်ယောက် ရှိနေတာပဲ။ ဗုဒ္ဓဂိုဏ်းက အခုချိန်မှာ အမျိုးသမီးတပည့်တွေကိုတောင် လက်ခံတဲ့အထိ သဘောထားကြီးနေပြီလား”
“...”
လုကျိုးက သူကြာကြာဆက်နေလျှင် သူမဖြေနိုင်သည့်မေးခွန်းများ ပိုရောက်လာမည်ကို စိုးရိမ်နေမိ၏။ ထိုအချိန်ရောက်လျှင် နောက်ထပ်အသုံးပစ္စည်းကတ်တစ်ကတ် အသုံးပြုရမည်ကို မည်သူကသိမည်နည်း။ ထိုသို့အသုံးပြုခဲ့ရလျှင် သူ့အတွက် ဆုံးရှုံးနစ်နာမှုကြီးတစ်ခုဖြစ်စေလိမ့်မည်။ ကျန်သည့်သူများက တွေဝေမှင်သက်နေစဉ် သူက သတိလစ်နေသော ကျောင်းယွဲ့ကို ကြည့်လိုက်၏။ သူကကြည်လင်စွာပြောလိုက်သည်။
“သူ့ကို သွားခေါ်ခဲ့”
“အွန်း” ရှောင်ယွမ်အာက ကျောင်းယွဲ့ဆီသို့ ချက်ချင်းခုန်ဝင်သွားတော့သည်။
ထိုအချင်းအရာကိုမြင်သောအခါ ကျင့်ကြံသူများ၏ မျက်နှာထက်၌ ထိတ်လန့်နေသော အမူအရာပေါ်လာသည်။
“ဆရာကြီး ဘာလုပ်နေတာလဲ”
“ဆရာကြီး သူ့ကို ခေါ်သွားလို့မရဘူး”
သူတို့ငါ့ကို တားဖို့ကြိုးစားနေတာလား။ လုကျိုးက ကျင့်ကြံသူများကို သိမ်းကြုံးကြည့်လိုက်ရာ ချက်ချင်းတိတ်ဆိတ်သွားတော့သည်။
“ခုံရွှမ်းက ဒီနေရာမှာ ရဲတင်းစွာ တိုက်ခိုက်တဲ့အချိန် တစ်ကိုယ်တည်းလို့ မင်းတို့ ထင်နေတာလား”
လုကျိုး၏ စကားကိုကြားသည့်အချိန် အားလုံးက အံ့ဩမှင်သက်သွားသည်။ ယင်းက မှန်ကန်ပေသည်။ ကိုယ်တော်ခုံရွှမ်း၌ နက်နဲသောကျင့်ကြံဆင့် အခြေခံရှိသော်ငြား သူ့နည်းလမ်းဖြင့်ဤအတိုင်းဆောင်ရွက်နိုင်မှာမဟုတ်ပေ။ မဟာနတ္ထိဘုရားကျောင်း၏ ကိုယ်တော်ခုံယွမ်က ခုံရွှမ်း၏ အပြုအမူများကို လက်ခံပေးခဲ့တာပဲဖြစ်ရမည်။
“ဒီဆန်ကုန်မြေလေးက ဗုဒ္ဓဂိုဏ်းတွေအတွက် အရှက်ကွဲမှုတစ်ခုပဲ”
“ကိုယ်တော်ခုံယွမ်က ရာစုနှစ်တစ်စုစာ ကျင့်ကြံခဲ့တယ်။ ဒါတောင်မှ သူက မှားယွင်းတဲ့လမ်းကြောင်းကို သက်ဆင်းနေမိတာ” ကျင့်ကြံသူတစ်ဦးက ပြော၏။ ခဏအကြာတွင် သူက ထပ်ပြောလိုက်သည်။
“ခုံယွမ်ရောက်လာခဲ့ရင် ကျွန်တော်တို့ကို ကာကွယ်ပေးဖို့ ဆရာကြီးကိုပဲပြောရတော့မှာ”
လူတိုင်းက လုကျိုးကို မြန်မြန်ဆန်ဆန်အရိုအသေပေးလိုက်သည်။
လုကျိုးက ခေါင်းခါပြီးနောက် မုတ်ဆိတ်ကို ပွတ်သပ်လိုက်ကာတိတ်တိတ်နေလိုက်သည်။ သူအမူအရာက မထူးခြားပေ။ သို့သော် သူ့ဘာသာသူ တွေးလိုက်၏။
ခုံယွမ်က မင်းတို့အားလုံးကို ပြဿနာ လာရှာချင်တာ ငါနဲ့ဘာဆိုင်လို့လဲ။ ရယ်စရာပဲ။ ဒီနေ့ငါ ဒီမှာမရှိရင် မင်းတို့အားလုံး သေပြီးသားဖြစ်နေမှာ။
...
Zawgyi
အခန္း (၆၅) ဝါရင့္ကိုယ္ေတာ္ကို ဉာဏ္အလင္းပြင့္ေစတာလား
လုက်ိဳးက ထိုကိုယ္ေတာ္ခုံ႐ႊမ္းသည္ အလြယ္တကူ အနိုင္ယူ၍ရသည့္သူ မဟုတ္ဟု သူ႕ဘာသာသူ ေတြးလိုက္၏။ ခုံ႐ႊမ္းျပန္ဆုတ္သြားသည္ႏွင့္ မေရမတြက္နိုင္သည့္ လက္ဝါးရိုက္ခ်က္မ်ားက လုက်ိဳး၏ ဧရာမေ႐ႊကိုယ္ထည္ကို ထိသြားၿပီးေနာက္ ေပ်ာက္ကြယ္သြားေတာ့သည္။ သူက ထိခိုက္ဒဏ္ရာရျခင္းမရွိ၊ သက္ေရာက္ခံရျခင္း မရွိခဲ့ေပ။ အားလုံးက အေသရိုက္ခ်က္ကတ္၏ လုပ္ေဆာင္ခ်က္သာ ျဖစ္သည္။ သို႔ေသာ္ ဗုဒၶဂိုဏ္း၏က်င့္စဥ္ျဖင့္ အဘယ္ေၾကာင့္ ေပၚလြင္ေနေစရသနည္း။
ကိုယ္ေတာ္ခုံ႐ႊမ္းက အျဖစ္အပ်က္ကို မယုံနိုင္ျဖစ္ေနသည္။ ေသးငယ္ေသာ လက္ဝါးရိုက္ခ်က္က သူ႕ေနာက္ကို လိုက္နိုင္သည့္ မ်က္ဝန္းတစ္စုံ ပိုင္ဆိုင္ထားပုံရသည္။ ေ႐ြးခ်ယ္စရာမရွိဘဲ ေနာက္ဆုတ္လိုက္ရေတာ့၏။ သူ၏အလိုလိုသိစိတ္အရ ထိုေသးငယ္ေသာလက္ဝါးရိုက္ခ်က္သည္ အႏၱရာယ္မ်ားေၾကာင္း သူ႕ကိုေျပာျပေနေပ၏။
အထြတ္အျမတ္ယဇ္ပလႅင္က က်ယ္ဝန္းၿပီး မိုင္တစ္ဒါဇင္ခန႔္က်ယ္ေပ၏။ ခုံ႐ႊမ္းက လက္ဝါးရိုက္ခ်က္ကို ေအာင္ျမင္စြာေရွာင္တိမ္းနိုင္မည္ဟု ေတြးမိသည့္အခ်ိန္၌ မ်က္ေတာင္တစ္ခတ္စာအတြင္း ထိုလက္ဝါးသည္ ႐ုတ္တရက္ႀကီးမားလာ၏။ သူက ေနာက္သို႔ ဆက္ဆုတ္ေနစဥ္ တစ္စုံတစ္ခုလြဲမွားေနသည္ဟူေသာ ခံစားခ်က္ကို မဖယ္ခြာနိုင္ ျဖစ္ေနသည္။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ထိုလက္ဝါးက ပိုမိုႀကီးမားလာတာကို သူသတိျပဳမိလိုက္သည္။ ယခု အခ်ိန္တြင္ လက္ဝါးသည္ လူ႕အရပ္ထက္ ပိုျမင့္ေနခဲ့ၿပီးျဖစ္သည္။ သူ႕ရင္ထဲ၌ စိတ္ပ်က္အားငယ္စိတ္တို႔ တိုးလာကာ ဆက္လက္ေနာက္ဆုတ္ေနၿပီး သူ၏ရွင္သန္လိုစိတ္က ေပၚေပါက္လာ၏။
လက္ဝါးရိုက္ခ်က္သည္ ခုံ႐ႊမ္း၏မ်က္ႏွာႏွင့္ ဆံခ်ည္တစ္မွ်င္စာသာ ကြာေဝးေတာ့သည့္ အခ်ိန္တြင္ အဆေပါင္းမ်ားစြာ ထပ္မံႀကီးမားလာ၏။ ထိုအေၾကာင္းေၾကာင့္ သူသည္ တိုက္ကြက္ကို ေရွာင္တိမ္းရာ၌ အခက္ေတြ႕ေနေတာ့သည္။ လက္ဝါးရိုက္ခ်က္က သူႏွင့္နီးကပ္လာၿပီး တိုက္ကြက္အခ်ိဳ႕ကို သူထုတ္သုံးရမည္မွန္းသိေန၏။
လက္ရွိတြင္ လက္ဝါး၏အ႐ြယ္အစားက အလြန္ႀကီးမားေနခဲ့ၿပီးျဖစ္သည္။ ၎၏ အ႐ြယ္အစားကို မေဖာ္ျပနိုင္ေပ။ ယင္းက မဟာမိုးႀကိဳးဘီးလက္သေကၤတ၏ အလြန္တရာႀကီးမားေသာပုံစံႏွင့္ တူေနသည္။
ထိုစဥ္ အထြတ္အျမတ္ယဇ္ပလႅင္၏ စၾကၤန္အမိုးေအာက္တြင္ ေက်ာင္းယြဲ႕က ေနာက္ဆုံး၌ မ်က္လုံးဖြင့္နိုင္သြားၿပီျဖစ္သည္။ ျဗဟၼာသားေခ်ာ့ေတးက တိတ္ဆိတ္သြားခဲ့ၿပီျဖစ္၏။ သူမ မ်က္လုံးမဖြင့္ခင္ ျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ ေဝဝါးဝါးေရ႐ြတ္ေျပာမိလိုက္၏။
ရွစ္ ရွစ္စြင္းလား
ဖုန္း
ဧရာမ မဟာမိုးႀကိဳးဘီးလက္သေကၤတက ခုံ႐ႊမ္းဆီသို႔ က်ေရာက္လာၿပီးေနာက္ သူက အရိုက္ခံရသည့္ ယင္ေကာင္တစ္ေကာင္ႏွယ္ လြင့္ထြက္သြားသည္။ မၾကာမီ၌ လက္ခ်ိပ္ပိတ္မႈက ေပ်ာက္ကြယ္သြားၿပီး ခုံ႐ႊမ္းသည္လည္း ဖုန္မႈန႔္ျဖစ္သြားေတာ့၏။ ကိုယ္ေတာ္ခုံ႐ႊမ္း ေပ်ာက္ကြယ္သြားသည္ႏွင့္ ျဗဟၼာသားေခ်ာ့ေတး ႐ြတ္ဆိုမႈက အဆုံးသတ္သြားၿပီျဖစ္ကာ အထြတ္အျမတ္ယဇ္ပလႅင္နားတဝိုက္ရွိကိုယ္ေတာ္မ်ားလည္း လဲက်ကဳန္၏။ တစ္ခ်ိန္တည္းတြင္ ေလထဲတြင္ပ်ံဝဲေနေသာ မဟာနတၳိဘုရားေက်ာင္း၏ ရထားလုံးပ်ံက အႏၱရာယ္မ်ားစြာ ယိမ္းခါေနေတာ့သည္။ ကိုယ္ေတာ္မ်ားက ရထားလုံးပ်ံကို ထိန္းခ်ဳပ္ရန္အတြက္ သူတို႔ကိုယ္သူတို႔ ထိန္းလိုက္ၿပီး ျဖည္းျဖည္းခ်င္းသက္ဆင္းလိုက္ၾက၏။
အထြတ္အျမတ္ယဇ္ပလႅင္၌ တိတ္ဆိတ္မႈတို႔ ႀကီးစိုးလာသည္။
လုက်ိဳး၏ ေပတစ္ရာေက်ာ္ခန႔္ျမင့္သည့္ ဗုဒၶေ႐ႊကိုယ္ေတာ္က ယခုအခ်ိန္၌ ေပ်ာက္ကြယ္သြားခဲ့ၿပီျဖစ္သည္။
အရာအားလုံးက ဆယ္စကၠန႔္အတြင္းျဖစ္သြားခဲ့သည္။ ယင္းက မႏွေးလြန္းမျမန္လြန္းေပ။ သို႔ေသာ္ လမ္းမွန္ႏွင့္ မိစ္ဆာလမ္းေၾကာင္း၏ က်င့္ႀကံသူမ်ားအားလုံးအတြက္ စကၠန႔္တိုင္းက တစ္ႏွစ္ခန႔္ ရွည္ၾကာပုံရသည္။
လက္ရွိတြင္ က်င့္ႀကံသူမ်ားအားလုံး၏ အာ႐ုံက လုက်ိဳးဆီတြင္သာ ရွိေနသည္။ ထိုအဖိုးအိုသည္ ခုံ႐ႊမ္းကို တိုက္ကြက္တစ္ကြက္ထဲျဖင့္ အနိုင္ယူနိုင္ခဲ့သည္။ အဖိုးအိုက မုတ္ဆိတ္ကို ေအးေအးလူလူ ပြတ္သပ္ၿပီး လမ္းေလွ်ာက္ရန္ ေကာင္းမြန္သည့္ ေန႕တစ္ေန႕၌ ေလွ်ာက္လွမ္းေနသည့္ပုံေပၚေန၏။ ယခုအခ်ိန္တြင္ လူတိုင္း၏ စိတ္ထဲ၌ ေမးခြန္းတစ္ခုေပၚလာသည္။
ဒီလိုအလြန္အစြမ္းထက္တဲ့ မဟာမိုးႀကိဳးဘီးလက္သေကၤတကို ထုတ္ေဖာ္နိုင္ရေအာင္ ဒီက်င့္ႀကံသူက ဘယ္သူမ်ားလဲ။ သူက တျခား ဗုဒၶဂိုဏ္းက ဉာဏ္အလင္းပြင့္တဲ့ဝါရင့္ကိုယ္ေတာ္ မ်ားလား
ထိုစဥ္ လုက်ိဳးက အေတြးနစ္ေနကာ ရလဒ္ကို တြက္ခ်က္ေန၏။ သူသည္ ကုသိုလ္မွတ္အခ်ိဳ႕ကို ရယူၿပီး ဆုကို ေနာက္မွယူရန္ ဆုံးျဖတ္လိုက္သည္။ ပတ္ဝန္းက်င္ကို အကဲျဖတ္လိုက္၏။ က်င့္ႀကံသူအမ်ားစုက လက္ရွိတြင္ မတိုက္ခိုက္နိုင္ေတာ့ေခ်။
ေကာင္းကင္ဘုံ၏ အစီအစဥ္မ်ားက ထိုလူ၏ အစီအစဥ္မ်ားျဖင့္ အစားထိုးခံလိုက္ရသည္။ ခုံ႐ႊမ္းသည္ ျဗဟၼာသားေခ်ာ့ေတးကို လူတိုင္းအေပၚ၌ အသုံးျပဳလိုက္မည္ဟု မည္သူမွ် မထင္ထားေခ်။
သို႔ေသာ္ ယခုမူ ယင္းက လုက်ိဳးအတြက္ မဆီေလ်ာ္ေတာ့ေခ်။ အေသရိုက္ခ်က္ကတ္ႏွင့္ စင္းလုံးေခ်ာကတ္တို႔က အစြမ္းထက္သည့္ ၿခိမ္းေျခာက္နိုင္ေသာ အာနိသင္ရွိေပသည္။ ယခုအခ်ိန္တြင္ သူ႕ကို မည္သူမွ် မတိုက္ခိုက္ရဲေခ်။ သူက ယင္းကို မထင္ထားခဲ့။ ပတ္ဝန္းက်င္ကို ဆက္လက္စစ္ေဆးၿပီးေနာက္ မုတ္ဆိတ္ကို ပြတ္သတ္ေနလိုက္သည္။ သူ၏မ်က္ဝန္းထဲ၌ လူတိုင္း၏ ထိတ္လန႔္ေနေသာ အမူအရာ၊ ၾကည္ညိုေလးစားေနေသာ အၾကည့္တို႔ကို ေတြ႕လိုက္ရသည္။ အဆုံးတြင္မူ သူက မိစ္ဆာဘုရားေက်ာင္း၏ တတိယေက်ာင္းထိုင္ သြမ့္ရွင္းဆီသို႔ သူ႕အၾကည့္ေရာက္သြားေတာ့သည္။ တစ္စုံတစ္ေယာက္က တိုက္ခိုက္နိုင္ေသးသည္ဆိုလွ်င္ ထိုလူက သြမ့္ရွင္းျဖစ္နိုင္ေသာေၾကာင့္ သူက သြမ့္ရွင္းကို ပိုအာ႐ုံစိုက္ခဲ့၏။ သြမ့္ရွင္းသည္ စြန႔္စားၿပီး သူ႕ကို တိုက္ခိုက္မည္လားကို သူသိခ်င္ေနသည္။
သန္မာသူအတြက္ ၾကည္ညိုေလးစားရိပ္တို႔က သြမ့္ရွင္း၏ မ်က္လုံးထဲ၌ျမင္ေနရသည္။ အတန္ၾကာတိတ္ဆိတ္ေနၿပီးေနာက္ သူက ျဖည္းျဖည္းခ်င္းေျခႂကြကာ လက္အုပ္ခ်ီလ်က္ လုက်ိဳးဆီ သြားလိုက္သည္။
မိစ္ဆာဘုရားေက်ာင္းက ဒီအငယ္သြမ့္ရွင္းက ဆရာႀကီးရဲ႕ကူညီေပးမႈအတြက္ ေက်းဇူးတင္ပါတယ္။
လုက်ိဳး၏ အိုမင္းရင့္ေရာ္ေသာမ်က္ႏွာေပၚရွိ အမူအရာက တည္ၿငိမ္ေနသည္။ ဤတုံ႕ျပန္မႈကို သူထင္ထားၿပီးသားျဖစ္၏။ သူသုံးလိုက္သည့္ ပညာရပ္ႏွစ္မ်ိဳးက ဗုဒၶဂိုဏ္း၏ သိုင္းပညာရပ္မ်ားျဖစ္ေပသည္။ ဇင္ဂိုဏ္းတြင္ မက်င့္ႀကံသည့္ တစ္ကိုယ္ေတာ္မ်ားက ထိုကဲ့သို႔ က်င့္ႀကံဆင့္ကို ရရွိရန္ ခက္ခဲေလရာ လက္ေ႐ြးစင္က်င့္ႀကံသူမ်ားေတာင္ မိစ္ဆာဇင္ကို အခ်ိန္ကာလရွည္ၾကာစြာက်င့္ႀကံခဲ့သည့္ က်ိဳ႕ရွင္းခ်န္က မေရမတြက္နိုင္သည့္ ခက္ခဲမႈမ်ားစြာကို သည္းခံၿပီး ပြင့္ခ်ပ္ေလးလႊာစိတ္ဝိညာဥ္သဏၭာန္ကို ရရွိခဲ့သည္။ က်ိဳ႕ရွင္းခ်န္ကလည္း ရာစုႏွစ္တစ္စုတြင္ ေအာင္ျမင္ခဲ့သည့္ တစ္ဦးတည္းေသာသူျဖစ္သည္။ သူက ထိုဇင္အမွတ္အသားကို ထုတ္ေဖာ္နိုင္လိမ့္မည္ဟု သူေတာင္ မထင္ခဲ့မိေပ။
သမာသမတ္ဂိုဏ္းမွက်င့္ႀကံသူမ်ားသည္ လက္သီးႏွစ္ဖက္ကို ဆုပ္လ်က္ တညီတၫြတ္တည္း ေျပာလိုက္သည္။
ေက်းဇူးတင္ပါတယ္ ဆရာႀကီး
က်င့္မင္တာအိုဂိုဏ္းမွ လူမ်ားကလည္း လိုက္ေျပာသည္။ ေက်းဇူးတင္ပါတယ္ ဆရာႀကီး
သူတို႔၏အျမင္တြင္ လုက်ိဳးက ေလာကီေရးရာမွ ဖယ္ခြာေနခဲ့ၿပီး ေလာကီေရးရာထဲ ဝင္စြက္ဖက္ျခင္းမရွိသည့္ ဉာဏ္အလင္းပြင့္ၿပီးေသာ ဝါရင့္ကိုယ္ေတာ္တစ္ပါးျဖစ္ေနသည္။
လုက်ိဳးက အားလုံး၏နားလည္မႈလြဲမႈအတိုင္းလိုက္ပါရန္သာ ဆုံးျဖတ္လိုက္၏။ သူက လက္ျမႇောက္ကာ က်ယ္ေလာင္စြာေျပာလိုက္သည္။
ဗုဒၶဂိုဏ္းေတြက အားလုံးထက္ သနားညွာတာမႈကို တန္ဖိုးထားတယ္။ ဒီေန႕ ငါ့ရဲ႕ေဆြမ်ိဳးသားခ်င္းေတြထဲက တစ္ေယာက္ကို ကိုယ္တိုင္သတ္ခဲ့ရတဲ့အတြက္ စိတ္ဓာတ္က်မိတယ္။ ဒါေပမဲ့ ေ႐ြးခ်ယ္စရာမရွိဘူးေလ
ထိုစကားကို ၾကားေသာအခါ လမ္းမွန္လမ္းေၾကာင္းမွ က်င့္ႀကံသူမ်ားသည္ သူ႕ကို လက္မေထာင္ျပလိုက္၏။ သူတို႔အျမင္တြင္ လုက်ိဳး၏ အမူအက်င့္က ဝါရင့္ကိုယ္ေတာ္တစ္ပါးႏွင့္ အံဝင္ခြင္က် ျဖစ္ေနသည္။
ဒါကို ဆရာႀကီးေတြးပူေနဖို႔မလိုပါဘူး။ ခုံ႐ႊမ္းက ယုတ္မာေကာက္က်စ္ၿပီး အရွက္မဲ့တယ္။ သူက ျဗဟၼာသားေခ်ာ့ေတးနဲ႕ က်ဳပ္တို႔အားလုံးကို သတ္ၿပီး သူေတာ္စင္သမီးေတာ္ကို ေခၚသြားဖို႔ ရည္႐ြယ္ခဲ့တာ။ ဒီရလဒ္ကို လူတိုင္း ေက်နပ္ပါတယ္။
ခုံ႐ႊမ္းလိုလူတစ္ေယာက္က ဗုဒၶဂိုဏ္းရဲ႕တပည့္တစ္ေယာက္ျဖစ္ဖို႔ မထိုက္တန္ဘူး ဆရာႀကီး။ ဆရာႀကီးက အဲ့သည္လူကိုသတ္ၿပီးေတာ့ ဗုဒၶဂိုဏ္းရဲ႕တရားမွ်တမႈကို လုပ္ေဆာင္ခဲ့တာပဲ။ ဆရာႀကီးက စစ္မွန္တဲ့ဉာဏ္အလင္းပြင့္ၿပီးဝါရင့္ကိုယ္ေတာ္တစ္ပါးပဲ။ အဲ့ဒီ အလြန္အမင္း ဘာသာေရးကိုင္းရွိုင္းတဲ့ ကတုံးနဲ႕ယွဥ္ရင္ ဆရာႀကီးက သူတို႔ထက္ အဆတစ္ေသာင္းပိုသာတယ္။
သမာသမတ္ဂိုဏ္းမွ က်င့္ႀကံသူတစ္ဦးက ႐ုတ္တရက္ထေျပာလိုက္သည္။ ထိုဆရာႀကီးေရွ႕တြင္ ကိုယ္ေတာ္မ်ားကို ျမည္းကတုံးဟူ၍ ရည္ၫႊန္းေျပာဆိုျခင္းက သင့္ေတာ္ပုံမရေပ။ သူ၏ အျဖစ္ကိုေတြးမိသည့္ အခ်ိန္၌ ႏွလုံးခုန္ႏႈန္းျမန္လာေတာ့သည္။
သို႔ေသာ္ လုက်ိဳးက ထူးမျခားျဖစ္ေန၏။ က်န္သည့္သူမ်ားက ကိုယ္ေတာ္မ်ားကို ျမည္းကတုံးဟူ၍ ရည္ၫႊန္းေျပာဆိုျခင္းမ်ားကို သူစိတ္မရွိပုံရ၏။
ထိုစဥ္က်င့္မင္တာအိုဂိုဏ္း၏ က်င့္ႀကံသူတစ္ဦးက လက္သီးႏွစ္ဖက္ကို ဆုပ္လ်က္ေျပာလိုက္သည္။
ဆရာႀကီးသာမရွိရင္ က်ဳပ္တို႔အားလုံးေသေလာက္ၿပီ။ ဆရာႀကီးက ဒီေလာက္နက္နဲတဲ့ က်င့္ႀကံဆင့္ရွိေနတာ ဒီေန႕ အထြတ္အျမတ္ယဇ္ပလႅင္ကိုဘယ္အေရးကိစၥကမ်ား ဆရာႀကီးကို လာေစလဲဆိုတာ သိခ်င္ပါတယ္။
လုက်ိဳးက ထိုလူကို တစ္ခ်က္ၾကည့္ၿပီးေနာက္ျပန္ေျပာလိုက္သည္။
ငါက ျဖတ္သြား႐ုံပဲ
ကြၽန္ေတာ္သိပါၿပီ။ သူတို႔ရဲ႕ဆံပင္နဲ႕က်င့္ႀကံၾကတဲ့ဝါရင့္ကိုယ္ေတာ္ေတြက ေလာကႀကီးကို ေျခဆန႔္ၿပီး ေလာကႀကီးရဲ႕ေဒါင့္ေလးေဒါင့္ကို သူတို႔အိမ္အျဖစ္သတ္မွတ္ထားတယ္ဆိုတာ ၾကားဖူးပါတယ္။ ဆရာႀကီးနဲ႕ ဒီေန႕ ေတြ႕ဆုံခြင့္ရတာ ကြၽန္ေတာ္ သုံးဘဝတိုင္တိုင္ ေကာင္းခ်ီးေပးခံရတာပါပဲ
က်င့္ႀကံသူတိုင္းက တစ္ေယာက္ထက္တစ္ေယာက္ ခ်ီးက်ဴးတာ ပိုေတာ္လာသည္။
က်င့္ႀကံသူ အမ်ားစုကလည္း ျဖည္းျဖည္းခ်င္းလႈပ္ရွားလာေတာ့၏။
တစ္ဖက္တြင္မူ ျပင္းထန္သည့္ ဖိအားေအာက္၌ ကိုယ္ေတာ္မ်ားက်ေရာက္ေနသည္။ ဂါထာ႐ြတ္ဆိုျခင္းကို ႐ုတ္ခ်ည္းၿဖိဳခြဲခံလိုက္ရျခင္းက သူတို႔အတြက္မေကာင္းမြန္ေပ။ သူတို႔က ေမာဟိုက္ေနၾကၿပီး ေျမျပင္ေပၚ၌ ထိုင္ေန၏။ သြမ့္ရွင္းကဲ့သို႔ နတ္ဝိညာဥ္ဝဋ္ေႂကြးေျခနယ္ပယ္က်င့္ႀကံသူတစ္ဦးရွိေနရာ က်န္သည့္က်င့္ႀကံသူမ်ားအဖို႔ ေၾကာက္ရန္ မလိုေတာ့ေပ။ ထိုကိုယ္ေတာ္မ်ားက သူ႕ေရွ႕ေျခလွမ္းတစ္လွမ္းေတာင္ မလွမ္းရဲေခ်။
လုက်ိဳးက သူၾကာၾကာမေနနိုင္မွန္းသိေနေပ၏။ ေရွာင္ယြမ္အာဖက္ျခမ္းကို တစ္ခ်က္ ၾကည့္လိုက္သည္။ ေရွာင္ယြမ္အာက အိပ္ေပ်ာ္ေနပုံရသည္။
ဒီေကာင္မစုတ္ေလး ဘယ္လိုေတာင္ သတိလက္လြတ္ေနရတာလဲ။ သူ႕နားတဝိုက္မွာ ဖရိုဖရဲျဖစ္ေနတာ ဘယ္လိုလုပ္အိပ္နိုင္ရတာလဲ။ ဒါအဆင္မေျပဘူး။ ငါသူ႕ကို ထပ္ၿပီးသြန္သင္ေပးရေတာ့မွာပဲ။
သို႔ေသာ္ ယခုအခါ ေရွာင္ယြမ္အာကို သြန္သင္ျပသရမည့္အခ်ိန္မဟုတ္ေပ။ ထို႔ေၾကာင့္ ေ႐ြးခ်ယ္စရာမရွိဘဲ ေဘးခ်ိတ္ထားလိုက္ရသည္။ သူက ညင္သာစြာေခၚလိုက္၏။
ယြမ္အာ
ေရွာင္ယြမ္အာ၏ ခႏၶာကိုယ္က တစ္ခ်က္တုန္ရင္သြားၿပီးေနာက္ ေနာက္ဆုံးတြင္ နိုးလာေတာ့သည္။ သူမက ခ်က္ခ်င္းပင္ ေျခေထာက္ျမႇောက္လိုက္ေတာ့၏။ ရွစ္ ရွစ္စြင္းလား
အရိုအေသတန္လိုက္ေလျခင္း လုက်ိဳးက သူမကို စိန္းစိန္းဝါးဝါးၾကည့္လိုက္သည္။ ေရွာင္ယြမ္အာက လုက်ိဳးဖက္ကို ျမန္ျမန္ေလွ်ာက္လာ၏။ သူမခ်ဥ္းကပ္လာၿပီးေနာက္ မ်က္ႏွာထက္တြင္ သုန္မႈန္ေနသည့္အမူအရာေပၚလာသည္။
ထိုအရာကို ျမင္ေသာအခါ တစ္စုံတစ္ေယာက္က ေမးလိုက္သည္။
ဆရာႀကီး ဆရာႀကီးမွာ အမ်ိဳးသမီးတပည့္တစ္ေယာက္ ရွိေနတာပဲ။ ဗုဒၶဂိုဏ္းက အခုခ်ိန္မွာ အမ်ိဳးသမီးတပည့္ေတြကိုေတာင္ လက္ခံတဲ့အထိ သေဘာထားႀကီးေနၿပီလား
...
လုက်ိဳးက သူၾကာၾကာဆက္ေနလွ်င္ သူမေျဖနိုင္သည့္ေမးခြန္းမ်ား ပိုေရာက္လာမည္ကို စိုးရိမ္ေနမိ၏။ ထိုအခ်ိန္ေရာက္လွ်င္ ေနာက္ထပ္အသုံးပစၥည္းကတ္တစ္ကတ္ အသုံးျပဳရမည္ကို မည္သူကသိမည္နည္း။ ထိုသို႔အသုံးျပဳခဲ့ရလွ်င္ သူ႕အတြက္ ဆုံးရႈံးနစ္နာမႈႀကီးတစ္ခုျဖစ္ေစလိမ့္မည္။ က်န္သည့္သူမ်ားက ေတြေဝမွင္သက္ေနစဥ္ သူက သတိလစ္ေနေသာ ေက်ာင္းယြဲ႕ကို ၾကည့္လိုက္၏။ သူကၾကည္လင္စြာေျပာလိုက္သည္။
သူ႕ကို သြားေခၚခဲ့
အြန္း ေရွာင္ယြမ္အာက ေက်ာင္းယြဲ႕ဆီသို႔ ခ်က္ခ်င္းခုန္ဝင္သြားေတာ့သည္။
ထိုအခ်င္းအရာကိုျမင္ေသာအခါ က်င့္ႀကံသူမ်ား၏ မ်က္ႏွာထက္၌ ထိတ္လန႔္ေနေသာ အမူအရာေပၚလာသည္။
ဆရာႀကီး ဘာလုပ္ေနတာလဲ
ဆရာႀကီး သူ႕ကို ေခၚသြားလို႔မရဘူး
သူတို႔ငါ့ကို တားဖို႔ႀကိဳးစားေနတာလား။ လုက်ိဳးက က်င့္ႀကံသူမ်ားကို သိမ္းႀကဳံးၾကည့္လိုက္ရာ ခ်က္ခ်င္းတိတ္ဆိတ္သြားေတာ့သည္။
ခုံ႐ႊမ္းက ဒီေနရာမွာ ရဲတင္းစြာ တိုက္ခိုက္တဲ့အခ်ိန္ တစ္ကိုယ္တည္းလို႔ မင္းတို႔ ထင္ေနတာလား
လုက်ိဳး၏ စကားကိုၾကားသည့္အခ်ိန္ အားလုံးက အံ့ဩမွင္သက္သြားသည္။ ယင္းက မွန္ကန္ေပသည္။ ကိုယ္ေတာ္ခုံ႐ႊမ္း၌ နက္နဲေသာက်င့္ႀကံဆင့္ အေျခခံရွိေသာ္ျငား သူ႕နည္းလမ္းျဖင့္ဤအတိုင္းေဆာင္႐ြက္နိုင္မွာမဟုတ္ေပ။ မဟာနတၳိဘုရားေက်ာင္း၏ ကိုယ္ေတာ္ခုံယြမ္က ခုံ႐ႊမ္း၏ အျပဳအမူမ်ားကို လက္ခံေပးခဲ့တာပဲျဖစ္ရမည္။
ဒီဆန္ကုန္ေျမေလးက ဗုဒၶဂိုဏ္းေတြအတြက္ အရွက္ကြဲမႈတစ္ခုပဲ
ကိုယ္ေတာ္ခုံယြမ္က ရာစုႏွစ္တစ္စုစာ က်င့္ႀကံခဲ့တယ္။ ဒါေတာင္မွ သူက မွားယြင္းတဲ့လမ္းေၾကာင္းကို သက္ဆင္းေနမိတာ က်င့္ႀကံသူတစ္ဦးက ေျပာ၏။ ခဏအၾကာတြင္ သူက ထပ္ေျပာလိုက္သည္။
ခုံယြမ္ေရာက္လာခဲ့ရင္ ကြၽန္ေတာ္တို႔ကို ကာကြယ္ေပးဖို႔ ဆရာႀကီးကိုပဲေျပာရေတာ့မွာ
လူတိုင္းက လုက်ိဳးကို ျမန္ျမန္ဆန္ဆန္အရိုအေသေပးလိုက္သည္။
လုက်ိဳးက ေခါင္းခါၿပီးေနာက္ မုတ္ဆိတ္ကို ပြတ္သပ္လိုက္ကာတိတ္တိတ္ေနလိုက္သည္။ သူအမူအရာက မထူးျခားေပ။ သို႔ေသာ္ သူ႕ဘာသာသူ ေတြးလိုက္၏။
ခုံယြမ္က မင္းတို႔အားလုံးကို ျပႆနာ လာရွာခ်င္တာ ငါနဲ႕ဘာဆိုင္လို႔လဲ။ ရယ္စရာပဲ။ ဒီေန႕ငါ ဒီမွာမရွိရင္ မင္းတို႔အားလုံး ေသၿပီးသားျဖစ္ေနမွာ။
...