အခန်း (၆၄) ပိုကောင်းတဲ့လူဆိုတာ အမြဲရှိတယ်
ဗြဟ္မာသားချော့တေး … ဤသည်မှာ ဓမ္မရွတ်ဆိုသံနှင့်တူသည့် ဗုဒ္ဓ သံအမျိုးအစား ပညာရပ် တစ်ခု ဖြစ်သည်။
ဗြဟ္မာတေးသံ ထွက်လာသည့်အခါ ရန်သူများက စိတ်ဖောက်ပြားမှုကို ခံစားကြရပြီး ရှုံးနိမ့်သွားကြရစဉ် သူတို့ကား အကျိုးအမြတ် ရလိုက်ကြသည်။
ကျင့်ကြံဆင့် အားနည်းသူများသည် သံစဉ်ကြောင့် ဒွါရခုနှစ်ပေါက်မှ သွေးများစီးကျလာကာ သေဆုံးကြရမည်။ သို့သော်လည်း ဗုဒ္ဓက သက်ရှိအားလုံးအပေါ် သက်ညှာပေးပေသည်။ သူတို့က “ သေဆုံးမှု” ဆိုသည့် စကားကို မသုံးဘဲ “ သားချော့တေး” ဟု ခေါ်ဆိုထားခြင်း ဖြစ်၏။ ခံစားသူအပေါင်းမှာ အိပ်စက်သွားကြရသည်။ အားကောင်းသော ကျင့်ကြံသူများက သံစဉ်ကြောင့် မူးဝေလာကြပြီး ရောက်လာမည့် တိုက်ခိုက်မှုများကို မတုံ့ပြန်နိုင်လောက်သည့်အထိ အားနည်းသွားကြသည်။
လက်ရှိ ဤအသံပညာရပ်ကို ကိုယ်တော်အများကြီးမှ ရွတ်ဆိုနေကြသောကြောင့် စွမ်းအားမှာ စိတ်ကူးမယဉ်နိုင်လောက်ဖွယ် ဖြစ်၏။
လုကျိုးက အသိအာရုံစုစည်းခြင်း နယ်ပယ် အလယ်အလတ်အဆင့်သာ ရှိသေးပေသည်။ သူ့အနေနှင့် ခုခံဖို့ရာ မဖြစ်နိုင်ပေ။
ဝီ ဝီ ဝီ …
စင်မြင့်ဝန်းကျင်တွင် ယင်ကောင်များ ပွဲအခမ်းအနား ကျင်းပနေသလိုမျိုး ဖြစ်နေသည်။
လုကျိုးက လက်တစ်ဖက် မြှောက်လိုက်သည်။ ပညာရပ်တစ်ခုက သူ့အလိုလို ရောက်ရှိလာသောကြောင့် သူက မြန်မြန် အသက်သွင်းလိုက်သည်။ တစ်ချိန်တည်းတွင် သူက ရှောင်ယွမ်အာနှင့် ကျန်းအိုက်ကျန့်တို့ကို လှည့်ကြည့်လိုက်သည်။
“ ကျန်းအိုက်ကျန့် ဘယ်ရောက်သွားတာလဲ ”
လုကျိုး၏ အလိုလိုသိစိတ်က ကျန်းအိုက်ကျန့်သည် အရည်အချင်းရှိကြောင်း ပြောပြနေလေ၏။ သူက စင်မြင့်ပေါ် အာရုံရောက်နေပြီး ကျန်းအိုက်ကျန့်အပေါ် အာရုံလွှတ်သွားခဲ့မိသည်။
ရှောင်ယွမ်အာက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ သူမက နှုတ်ခမ်းဆူကာ ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်သည်။ သို့သော်လည်း သူမက သက်ရောက်မှုခံရဟန် မပေါ်ပေ။ သူမ၏ သန့်ရှင်းဖြူစင်သော စိတ်နှလုံးသားနှင့် အကျင့်စရိုက်တို့က ဤသို့သော အခြေအနေမျိုး၌ အားသာချက်တစ်ခု ဖြစ်သွားသည်။ ထို့အပြင် သူမ၏ ကျင့်ကြံဆင့်က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ဖြစ်သောကြောင့် ဗြဟ္မာတေး အစပိုင်းက သူမအပေါ် သက်ရောက်မှု မရှိချေ။
ဝီ ဝီ ဝီ …
ဗြဟ္မာတေးက ပိုမို ကျယ်လောင်လာကာ စင်မြင့်ရှိ လူများထံ လှိုင်းလုံးလိုမျိုး ဝင်ရောက်လာသည်။
လုကျိုးက ရှုံ့တွနေသည့် လက်ကို မြှောက်လိုက်သည်။ သူက သူ့ကျင့်ကြံဆင့်ဖြစ်သည့် အာရုံခံသိပ်သည်းခြင်းနယ်ပယ် အလယ်အဆင့်သည် သူ့အား ဤမျှအထိသာ ခေါ်ဆောင်သွားနိုင်မှန်း သိလိုက်သည်။ သူက လက်တစ်ချက်ခါကာ ကတ်တစ်ကတ် ထုတ်လိုက်သည်။ အကယ်၍ သူသာ ရိုက်ချက်တစ်ချက်တည်းဖြင့် မဟာနတ္ထိဘုရားကျောင်း၏ ခုံရွှမ်းကို သတ်နိုင်ခဲ့လျှင် ကိုယ်တော်များလည်း ခေါင်းဆောင် ပျောက်ဆုံးသွားကာ ရွတ်ဆိုသံများလည်း အလိုလို ရပ်တန့်သွားပေမည်။
သို့သော်လည်း ပြဿနာ တစ်ရပ် ကျန်ရှိနေသေး၏။ ထိုသို့လုပ်လိုက်လျှင် အားလုံး၏ အာရုံစိုက်မှုကို ရယူသလို ဖြစ်သွားပေမည်။ အကယ်၍ အားလုံးရှေ့မှောက်၌ ကျောင်းယွဲ့ကို ခေါ်သွားမည်ဆိုလျှင် သူ့အတွက် အရေးနိမ့်သွားနိုင်သည်။ ခဏတာ တွေးတောလိုက်ပြီးနောက် ကတ်ကို ပြန်သိမ်းထားလိုက်သည်။ သူက ပြစ်ချက်မဲ့ကတ်ဖြင့် အဆိုးရွားဆုံး တိုက်ခိုက်မှုကို ရှောင်ဖို့ ဆုံးဖြတ်ထားလိုက်သည်။ သူ့မျက်နှာအိုကြီးကား တည်ငြိမ်နေဆဲ ဖြစ်၏။
လူအများ၏ စိတ်ထဲတွင် တဝီဝီအသံကြောင့် အနှောင့်အယှက် ဖြစ်နေကြဆဲ ဖြစ်သည်။
“အား အား … ဒီမြည်းကတုံးကောင်တွေက ငါ့ကို ခေါင်းကိုက်အောင် လုပ်နေတာပဲ ” လုကျိုးအနားမှ ကျင့်ကြံသူလေးက ခေါင်းကို အုပ်ကိုင်ထားရင်း မြေပြင်ပေါ် လူးလိမ့်ကာ ပြောလိုက်သည်။
“ အား အဘိုးကြီး ဘာလို့ ဘာမှမဖြစ်တာလဲ … ”
‘ဟုတ်သား ငါက ဘာလို့ ဘာမှမဖြစ်တာလဲ …’ လုကျိုးက သူ့ပတ်လည်ကို တစ်ချက်ကြည့်လိုက်မိသည်။ အားလုံး၏ မျက်နှာက နာကျင်မှုကြောင့် ရှုံ့တွနေကြကာ ချွေးများလည်း စိုရွဲနေကြသည်။
အသံက ပိုမို ကျယ်လောင်လာကာ ယခင်ထက် အဆများစွာ ပိုကျယ်လာသည်။
လုကျိုးက သူ့ဆီ အသံလှိုင်းကြီးတစ်ခု ရုတ်တရက် ဝင်ရောက်လာသလို ခံစားလိုက်ရ၏။ ဤသည်မှာ ဗြဟ္မာတေး၏ အကြီးမားဆုံး သက်ရောက်မှု ဖြစ်သည်။ သူက ကျင့်ကြံဆင့်နိမ့်သူအားလုံး သွေးအန်ကုန်ကြသည်ကို မြင်လိုက်ရသည်။ ထိုသူများက ဒွါရခုနှစ်ပေါက်မှ သွေးယိုလာခြင်း ဖြစ်ပေသည်။
လောင်ကျွမ်းနေသည့် အာရုံခံစားမှုတစ်ခုက လုကျိုး၏ ချီပင်လယ်မှ စွမ်းအင်ဗဟိုချက်ထဲ ပျံ့နှံ့လာသည်။
ဝီ ဝီ ဝီ …
“တစ်ပါးသူရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ရရှိဖို့ ကမ္ဘာသုံးထောင်က လူတွေရဲ့ စိတ်နှလုံးသား ကွဲပြားမှုမရှိဘူးဆိုတာ သိထားသင့်တယ်။ သူတို့က တစ်ကမ္ဘာတည်းလိုပဲ … အရာအားလုံးကို ကြားနိုင်တဲ့ စွမ်းအားမျိုး ရရှိဖို့အတွက် နယ်ပယ်အားလုံးရဲ့ အသံကို ကြားနိုင်တယ်။ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားမျိုးနဲ့ အသိဉာဏ်ကို ရရှိဖို့အတွက် လူတွေကို နာကျင်ခံစားမှုကနေ လွတ်မြောက်အောင် လုပ်ပေးရမယ် ”
လုကျိုးက ကြောင်အမ်းသွားလေသည်။ သူက ရွတ်ဆိုသံများကို မကြားတော့ဘဲ ကောင်းကင်ကျမ်း၏ ပါဝင်အကြောင်းအရာများကိုသာ ကြားယောင်လာမိသည်။ ဤသည်မှာ ကောင်းကင်ကျမ်း၏ လူသားပေလွှာ ဖြစ်၏။ သူ့စွမ်းအင်ဗဟိုချက်မှ လောင်ကျွမ်းနေသည့် ခံစားချက် ကင်းစင်သွားသည့်အခါ အေးစက်မှုအနည်းငယ် ဝင်ရောက်လာသည်။ ထိုအရာက သူ့စွမ်းအင်ဗဟိုချက်မှ ဝမ်းဗိုက်၊ ရင်ဘတ်၊ နှလုံးသားနှင့် ဦးနှောက်ဆီ ပျံ့နှံ့သွားသည်။ ထိုအခိုက်အတန့်၌ သူက သတိကြီးလာမိသည်။
ထိုစဉ် ဗြဟ္မာတေးသံက သူ့နားထဲ တဖန်ဝင်ရောက်လာပြန်သည်။ သူက သူ့ပတ်လည်ကို တစ်ချက်ကြည့်လိုက်မိ၏။ ကျင့်ကြံသူအများစုကား မြေပြင်ပေါ် လူးလိမ့်နေကြလေပြီ။ နာကျင်လွန်းသောကြောင့် သေခြင်းတရားကသာ ပို၍ ကောင်းသော ရွေးချယ်မှုမှန်း ထင်ရှားလာသည်။ ကျန်ရှိနေသော ကျင့်ကြံသူတို့က မလှုပ်ရှားနိုင်တော့ပေ။
တစ်ဖက်တွင် ကိုယ်တော်များက မျက်လုံးပိတ်ထားလျက် လက်ဝါးချင်း ထိကာ စင်မြင့်ကို ဝိုင်းထားကြသည်။ သူတို့က အရှိန်ပါပါနှင့် ရွတ်ဆိုနေကြသည်။
ထိုစဉ် စင်မြင့်အလယ်တွင် ပွင့်ချပ်လေးလွှာ ရွှေကြာ စိတ်ဝိညာဉ်သဏ္ဌာန်သာ ဝင့်ဝင့်ကြွားကြွား ပျံဝဲနေသည်။
ရှောင်ယွမ်အာလည်း မြေပြင်ပေါ် ထိုင်ချလိုက်သည်။ သူမက ဆိုးဆိုးရွားရွား သက်ရောက်မှု မခံရသော်လည်း စိတ်တိုနေဟန် ပေါ်၏။
အချုပ်အားဖြင့် ကျောင်းယွဲ့က သတိမေ့သွားလေပြီ။
ထိုစဉ် မိစ္ဆာဘုရားကျောင်း၏ တတိယကျောင်းထိုင် ပွင့်ချပ်လေးလွှာ ရွှေကြာ စိတ်ဝိညာဉ်သဏ္ဌာန်ပိုင်ရှင်က ခုံရွှမ်းကိုယ်တော်အား ကြည့်နေသည်။ သင်္ကန်းကား ရွှေရောင်တဖြတ်ဖြတ် တောက်ပနေလေ၏။
ခုံရွှမ်းက သွမ့်ရှင်း မတ်တတ်ရပ်နေသေးသည်ကို မြင်သောအခါ ရွှေကိုယ်ထည်ကို အင်အားထပ်တိုးလိုက်သည်။
“ ရဟန္တာရွှေကိုယ်ထည် ”
ရဟန္တာရွှေကိုယ်ထည် နှစ်ဆ ဖြစ်သွားလေပြီ။
“ မြည်းကတုံးကောင် … ဒါက မင်းပြောတဲ့ သက်ညှာပေးတယ်ဆိုတာလား။ ရယ်စရာကောင်းလိုက်တာ ”
သွမ့်ရှင်းက သူ့ပွင့်ချပ်လေးလွှာ ရွှေကြာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်ရင်း ရဟန္တာရွှေကိုယ်ထည်ဆီ ပြေးဝင်သွားလိုက်သည်။
ဝုန်း ဝုန်း ဝုန်း …
သူတို့တွေ့ဆုံသွားသည့်အခါ စင်မြင့်တစ်ခုလုံးကို လှုပ်ခါသွားစေသည့် ပြင်းထန်သော တုန်ခါမှုမျိုး ဖြစ်လာစေသည်။ အာကာပြင်ပင် ပုံပျက်သွားသလို ခံစားလိုက်ရ၏။
သွမ့်ရှင်းက သူ့တာအိုစွမ်းအားကို အသက်သွင်းလိုက်ပြီးနောက် သူ့စိတ်ဝိညာဉ်သဏ္ဌာန်က ပုံရိပ်များသာ ချန်ထားခဲ့တော့သည်။
သတိရှိနေကြသေးသည့် ကျင့်ကြံသူများက ပွင့်ချပ်လေးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေကြ၏။ ထို့အပြင် သူတို့က ရဟန္တာရွှေကိုယ်ထည် လေးခုကိုလည်း မြင်လိုက်ရသည်။
ရွှေရောင်အလင်းရောင် လေးခုအောက်တွင် ဗြဟ္မာတေးက ကန့်သတ်ချက် ရောက်သွားသည့်အထိ တိုးမြင့်လိုက်လေပြီ။ တေးသံက ဆက်တိုက် ရွတ်ဆိုနေမှုမှ မြည်ဟိန်းထွက်လာသည်။
ဝုန်း …
လေထဲ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် သွမ့်ရှင်း၏ စိတ်ဝိညာဉ်က ပျောက်ကွယ်သွားလေသည်။ သူက လွင့်စဉ်သွားပြီး မိစ္ဆာဘုရားကျောင်း နေရာဆီ ရောက်ရှိသွားသည်။
သွမ့်ရှင်းက သူ့သွေးကြောအမှတ်နေရာများကို ထိကာ ဒဏ်ရာပိုမဆိုးရွားလာစေရန် ထိန်းချုပ်ထားလိုက်သည်။ သူက အေးစက်စက်အကြည့်ဖြင့် စွမ်းအားအပြည့် ထုတ်လွှင့်ထားသည့် သွမ့်ရှင်းကို ကြည့်လိုက်သည်။
“ဒီမြည်းကတုံးကောင်က ဒီလောက်တောင် အားကောင်းတာလား ” သွမ့်ရှင်း သူ့ဘာသာ လက်တစ်ဖက်တည်းဖြင့် အားယူကာ ပြန်ထလိုက်သည်။ သူ့မျက်နှာအထက် ခက်ထန်မှုအပြည့် ဖြစ်နေသည်။ သူက လှုပ်ရှားချင်သော်လည်း မလှုပ်ရှားနိုင်တော့မှန်း သိလိုက်ရ၏။
ဗြဟ္မာတေးသံက စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေပြီ။
ခုံရွှမ်း၏ မျက်ဝန်းကား ကြည်လင်တောက်ပလာလေ၏။ သူက ရွှေရောင်တလက်လက်ဖြင့် လေထဲ မြင့်တက်သွားသည်။
‘ သူ ဘာတွေလုပ်နေတာလဲ … ဘာလို့ မရပ်တာလဲ။ နိုင်နေပြီးသားလေ ’ လုကျိုးက သူ့ဘာသာ တွေးလိုက်မိသည်။
“ လုံလောက်ပြီ ” ခုံရွှမ်း၏ အနောက်မှ ဗြဟ္မာတေးသံ သက်ရောက် မခံထားရသည့် အသံနက်နက်တစ်သံ ထွက်ပေါ်လာသည်။
ခုံရွှမ်းက ကြောင်အမ်းသွားလေသည်။
ဘယ်သူလဲ …
သူ့ရွှေကိုယ်ထည်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည့်အခါ စင်မြင့်ဆီ အေးအေးလူလူ လျှောက်လှမ်းလာနေသည့် အဘိုးကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ အဘိုးကြီး၏ အမြန်နှုန်းကာ မနှေးသလို မြန်လည်း မမြန်ပေ။ သူ့အပြုအမူတို့မှာလည်း လွှမ်းမိုးနေခြင်း မရှိသလို ရိုကျိုးနေခြင်းလည်း မရှိချေ။
လုကျိုးက မုတ်ဆိတ်မွေးအသာသပ်ကာ ခြောက်ကပ်ကပ် ပြောလိုက်သည် “ ဗုဒ္ဓဂိုဏ်းက တပါးသူအသက် မယူဘူးလို့ မိန့်ထားတာ မဟုတ်ဘူးလား။ ဒါကိုတောင် ခင်ဗျားက စည်းမျည်းကို ချိုးဖောက်တယ်။ မဟာနတ္ထိဘုရားကျောင်းရဲ့ စိတ်ဆန္ဒလား ဒါမှမဟုတ် ခုံရွှမ်း ခင်ဗျားရဲ့ ဆန္ဒလား ”
“ ဒကာကြီး ဘာလို့ဘာမှမဖြစ်တာလဲ” ခုံရွှမ်းက ယုံကြည်ချက်အပြည့် ဖြစ်ကာ ဗဟုသုတကြွယ်ဝသော်လည်း အဘိုးကြီး၏ အေးအေးလူလူ အမူအယာကြောင့် နောက်ဆုတ်လိုက်ရသည်။
ဗြဟ္မာတေးက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် သူအပါအဝင် တခြားကိုယ်တော်အများအပြားနှင့် ရွတ်ဆိုကြသည် ဖြစ်ရာ အဘိုးကြီးလည်း တနည်းနည်းနှင့် သက်ရောက်မှု ခံရပေမည်။
လုကျိုးက မပြောင်းမလဲ ပြောလိုက်သည်။
“ ငါ့မေးခွန်းကိုသာ ဖြေစမ်းပါ ”
“ ဒကာကြီးက ဒီကိုယ်တော်ကို တားဖို့ ကြိုးစားနေတာလား” ခုံရွှမ်းက မျက်လုံးပြူးကာ ပြောလိုက်သည်။ သူက ဤလူသည် ရင်ဆိုင်ဖြေရှင်းဖို့ မလွယ်ကူကြောင်း အလိုလိုသိနေမိသည်။
လုကျိုးက ခေါင်းခါလိုက်သည်။ ဤသည်မှာ သူ ကြားချင်သည့် စကား မဟုတ်ပေ။ သူက သက်ပြင်းအသာချလိုက်ပြီး “ ဝက်ခေါင်းလို ကိုယ်တော် … ” သူက လက်တစ်ဖက်ကို အသာမြှောက်လိုက်သည်။
တစ်ချိန်တည်းတွင် ခုံရွှမ်း၏ ရဟန္တာရွှေကိုယ်ထည်ကြီးက ရွှေရောင်အလင်းများ ထပ်မံ ထွက်ပေါ်လာပြီး လေးခုမှ ရှစ်ခု ဖြစ်သွားသည်။ ရဟန္တာရွှေကိုယ်ထည်များက ချက်ချင်း တိုက်ခိုက်လိုက်၏။
ဝုန်း ဝုန်း ဝုန်း …
ပေတစ်ရာအမြင့်ရှိကာ ဆယ်ပေလုံးပတ်ရှိသည့် ဗုဒ္ဓရွှေခန္ဓာကြီးက လုကျိုးဘေးနားပေါ်လာကာ ရဟန္တာရွှေကိုယ်ထည်ရှစ်ခုအား ဘေးရောက်သွားစေသည်။ ကြည့်ရသည်မှာ အဘိုးဖြစ်သူက မြေးလေးတွေကို တားဆီးနေသကဲ့သို့ ဖြစ်နေသည်။
ထိုစဉ် အသိကပ်နေကြသူများက မယုံကြည်နိုင်လောက်အောင်အထိ ဖြစ်သွားကြရသည်။ သူတို့ အားကောင်းလှပြီဟု တွေးထားသည့် ရဟန္တာရွှေကိုယ်ထည်ကြီးက ရုတ်ချည်း အားနည်းသွားလေသည်။ ထိုရွှေခန္ဓာကြီးက အလွန်ကြီးမားလွန်းလှသည်။ သူတို့က လည်ချောင်းပြုတ်မတတ် မော့ကြည့်ရ၏။ အများစုက ထိုမြင်ကွင်းကြောင့် တအံ့တဩ အော်လိုက်မိကြသည်။
“ ဝါရင့်ဗုဒ္ဓကိုယ်တော်ကြီး ”
“ သူက ဝါရင့်ဗုဒ္ဓကိုယ်တော်ကြီးပဲ ”
လုကျိုးက သူ့အင်္ကျီလက်ဖျားကို အသာခါလိုက်ပြီး ခုံရွှမ်းထံ ရွှေခန္ဓာမှ လက်ဟန်တချို့ ပစ်လွှတ်လိုက်သည်။
ခုံရွှမ်းက ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေမိပြီး သူ့ရဟန္တာရွှေကိုယ်ထည်များကို စွန့်လွှတ်ကာ မြန်မြန် နောက်ဆုတ်လိုက်တော့သည်။ သူက မြေပြင်ပေါ် ချက်ချင်း ရောက်သွားလေ၏။
ဝုန်း ဝုန်း
ခုံရွှမ်း နောက်ဆုတ်လိုက်သည့် နေရာတိုင်းသို့ လျှပ်စီးအလား ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားသွားစေသည်။
‘ အသေရိုက်ချက်ကတ်က တကယ်ကို အကွက်ကောင်းပဲ … ပြေးနိုင်မလား ကြည့်ကြည့်ပေါ့ ’
...
Zawgyi
အခန္း (၆၄) ပိုေကာင္းတဲ့လူဆိုတာ အၿမဲရွိတယ္
ျဗဟၼာသားေခ်ာ့ေတး ဤသည္မွာ ဓမၼ႐ြတ္ဆိုသံႏွင့္တူသည့္ ဗုဒၶ သံအမ်ိဳးအစား ပညာရပ္ တစ္ခု ျဖစ္သည္။
ျဗဟၼာေတးသံ ထြက္လာသည့္အခါ ရန္သူမ်ားက စိတ္ေဖာက္ျပားမႈကို ခံစားၾကရၿပီး ရႈံးနိမ့္သြားၾကရစဥ္ သူတို႔ကား အက်ိဳးအျမတ္ ရလိုက္ၾကသည္။
က်င့္ႀကံဆင့္ အားနည္းသူမ်ားသည္ သံစဥ္ေၾကာင့္ ဒြါရခုႏွစ္ေပါက္မွ ေသြးမ်ားစီးက်လာကာ ေသဆုံးၾကရမည္။ သို႔ေသာ္လည္း ဗုဒၶက သက္ရွိအားလုံးအေပၚ သက္ညွာေပးေပသည္။ သူတို႔က ေသဆုံးမႈ ဆိုသည့္ စကားကို မသုံးဘဲ သားေခ်ာ့ေတး ဟု ေခၚဆိုထားျခင္း ျဖစ္၏။ ခံစားသူအေပါင္းမွာ အိပ္စက္သြားၾကရသည္။ အားေကာင္းေသာ က်င့္ႀကံသူမ်ားက သံစဥ္ေၾကာင့္ မူးေဝလာၾကၿပီး ေရာက္လာမည့္ တိုက္ခိုက္မႈမ်ားကို မတုံ႕ျပန္နိုင္ေလာက္သည့္အထိ အားနည္းသြားၾကသည္။
လက္ရွိ ဤအသံပညာရပ္ကို ကိုယ္ေတာ္အမ်ားႀကီးမွ ႐ြတ္ဆိုေနၾကေသာေၾကာင့္ စြမ္းအားမွာ စိတ္ကူးမယဥ္နိုင္ေလာက္ဖြယ္ ျဖစ္၏။
လုက်ိဳးက အသိအာ႐ုံစုစည္းျခင္း နယ္ပယ္ အလယ္အလတ္အဆင့္သာ ရွိေသးေပသည္။ သူ႕အေနႏွင့္ ခုခံဖို႔ရာ မျဖစ္နိုင္ေပ။
ဝီ ဝီ ဝီ
စင္ျမင့္ဝန္းက်င္တြင္ ယင္ေကာင္မ်ား ပြဲအခမ္းအနား က်င္းပေနသလိုမ်ိဳး ျဖစ္ေနသည္။
လုက်ိဳးက လက္တစ္ဖက္ ျမႇောက္လိုက္သည္။ ပညာရပ္တစ္ခုက သူ႕အလိုလို ေရာက္ရွိလာေသာေၾကာင့္ သူက ျမန္ျမန္ အသက္သြင္းလိုက္သည္။ တစ္ခ်ိန္တည္းတြင္ သူက ေရွာင္ယြမ္အာႏွင့္ က်န္းအိုက္က်န႔္တို႔ကို လွည့္ၾကည့္လိုက္သည္။
က်န္းအိုက္က်န႔္ ဘယ္ေရာက္သြားတာလဲ
လုက်ိဳး၏ အလိုလိုသိစိတ္က က်န္းအိုက္က်န႔္သည္ အရည္အခ်င္းရွိေၾကာင္း ေျပာျပေနေလ၏။ သူက စင္ျမင့္ေပၚ အာ႐ုံေရာက္ေနၿပီး က်န္းအိုက္က်န႔္အေပၚ အာ႐ုံလႊတ္သြားခဲ့မိသည္။
ေရွာင္ယြမ္အာက မ်က္ေမွာင္အနည္းငယ္ ၾကဳတ္လိုက္မိသည္။ သူမက ႏႈတ္ခမ္းဆူကာ ေဒါသတႀကီးျဖင့္ ေျခေဆာင့္လိုက္သည္။ သို႔ေသာ္လည္း သူမက သက္ေရာက္မႈခံရဟန္ မေပၚေပ။ သူမ၏ သန႔္ရွင္းျဖဴစင္ေသာ စိတ္ႏွလုံးသားႏွင့္ အက်င့္စရိုက္တို႔က ဤသို႔ေသာ အေျခအေနမ်ိဳး၌ အားသာခ်က္တစ္ခု ျဖစ္သြားသည္။ ထို႔အျပင္ သူမ၏ က်င့္ႀကံဆင့္က နတ္ေဒဝါဦးတည္နယ္ပယ္အဆင့္ ျဖစ္ေသာေၾကာင့္ ျဗဟၼာေတး အစပိုင္းက သူမအေပၚ သက္ေရာက္မႈ မရွိေခ်။
ဝီ ဝီ ဝီ
ျဗဟၼာေတးက ပိုမို က်ယ္ေလာင္လာကာ စင္ျမင့္ရွိ လူမ်ားထံ လွိုင္းလုံးလိုမ်ိဳး ဝင္ေရာက္လာသည္။
လုက်ိဳးက ရႈံ႕တြေနသည့္ လက္ကို ျမႇောက္လိုက္သည္။ သူက သူ႕က်င့္ႀကံဆင့္ျဖစ္သည့္ အာ႐ုံခံသိပ္သည္းျခင္းနယ္ပယ္ အလယ္အဆင့္သည္ သူ႕အား ဤမွ်အထိသာ ေခၚေဆာင္သြားနိုင္မွန္း သိလိုက္သည္။ သူက လက္တစ္ခ်က္ခါကာ ကတ္တစ္ကတ္ ထုတ္လိုက္သည္။ အကယ္၍ သူသာ ရိုက္ခ်က္တစ္ခ်က္တည္းျဖင့္ မဟာနတၳိဘုရားေက်ာင္း၏ ခုံ႐ႊမ္းကို သတ္နိုင္ခဲ့လွ်င္ ကိုယ္ေတာ္မ်ားလည္း ေခါင္းေဆာင္ ေပ်ာက္ဆုံးသြားကာ ႐ြတ္ဆိုသံမ်ားလည္း အလိုလို ရပ္တန႔္သြားေပမည္။
သို႔ေသာ္လည္း ျပႆနာ တစ္ရပ္ က်န္ရွိေနေသး၏။ ထိုသို႔လုပ္လိုက္လွ်င္ အားလုံး၏ အာ႐ုံစိုက္မႈကို ရယူသလို ျဖစ္သြားေပမည္။ အကယ္၍ အားလုံးေရွ႕ေမွာက္၌ ေက်ာင္းယြဲ႕ကို ေခၚသြားမည္ဆိုလွ်င္ သူ႕အတြက္ အေရးနိမ့္သြားနိုင္သည္။ ခဏတာ ေတြးေတာလိုက္ၿပီးေနာက္ ကတ္ကို ျပန္သိမ္းထားလိုက္သည္။ သူက ျပစ္ခ်က္မဲ့ကတ္ျဖင့္ အဆိုး႐ြားဆုံး တိုက္ခိုက္မႈကို ေရွာင္ဖို႔ ဆုံးျဖတ္ထားလိုက္သည္။ သူ႕မ်က္ႏွာအိုႀကီးကား တည္ၿငိမ္ေနဆဲ ျဖစ္၏။
လူအမ်ား၏ စိတ္ထဲတြင္ တဝီဝီအသံေၾကာင့္ အႏွောင့္အယွက္ ျဖစ္ေနၾကဆဲ ျဖစ္သည္။
အား အား ဒီျမည္းကတုံးေကာင္ေတြက ငါ့ကို ေခါင္းကိုက္ေအာင္ လုပ္ေနတာပဲ လုက်ိဳးအနားမွ က်င့္ႀကံသူေလးက ေခါင္းကို အုပ္ကိုင္ထားရင္း ေျမျပင္ေပၚ လူးလိမ့္ကာ ေျပာလိုက္သည္။
အား အဘိုးႀကီး ဘာလို႔ ဘာမွမျဖစ္တာလဲ
ဟုတ္သား ငါက ဘာလို႔ ဘာမွမျဖစ္တာလဲ လုက်ိဳးက သူ႕ပတ္လည္ကို တစ္ခ်က္ၾကည့္လိုက္မိသည္။ အားလုံး၏ မ်က္ႏွာက နာက်င္မႈေၾကာင့္ ရႈံ႕တြေနၾကကာ ေခြၽးမ်ားလည္း စို႐ြဲေနၾကသည္။
အသံက ပိုမို က်ယ္ေလာင္လာကာ ယခင္ထက္ အဆမ်ားစြာ ပိုက်ယ္လာသည္။
လုက်ိဳးက သူ႕ဆီ အသံလွိုင္းႀကီးတစ္ခု ႐ုတ္တရက္ ဝင္ေရာက္လာသလို ခံစားလိုက္ရ၏။ ဤသည္မွာ ျဗဟၼာေတး၏ အႀကီးမားဆုံး သက္ေရာက္မႈ ျဖစ္သည္။ သူက က်င့္ႀကံဆင့္နိမ့္သူအားလုံး ေသြးအန္ကုန္ၾကသည္ကို ျမင္လိုက္ရသည္။ ထိုသူမ်ားက ဒြါရခုႏွစ္ေပါက္မွ ေသြးယိုလာျခင္း ျဖစ္ေပသည္။
ေလာင္ကြၽမ္းေနသည့္ အာ႐ုံခံစားမႈတစ္ခုက လုက်ိဳး၏ ခ်ီပင္လယ္မွ စြမ္းအင္ဗဟိုခ်က္ထဲ ပ်ံ့ႏွံ႕လာသည္။
ဝီ ဝီ ဝီ
တစ္ပါးသူရဲ႕ ဉာဏ္ရည္ဉာဏ္ေသြးကို ရရွိဖို႔ ကမၻာသုံးေထာင္က လူေတြရဲ႕ စိတ္ႏွလုံးသား ကြဲျပားမႈမရွိဘူးဆိုတာ သိထားသင့္တယ္။ သူတို႔က တစ္ကမၻာတည္းလိုပဲ အရာအားလုံးကို ၾကားနိုင္တဲ့ စြမ္းအားမ်ိဳး ရရွိဖို႔အတြက္ နယ္ပယ္အားလုံးရဲ႕ အသံကို ၾကားနိုင္တယ္။ ကမၻာႀကီးကို ေျပာင္းလဲပစ္နိုင္တဲ့ စြမ္းအားမ်ိဳးနဲ႕ အသိဉာဏ္ကို ရရွိဖို႔အတြက္ လူေတြကို နာက်င္ခံစားမႈကေန လြတ္ေျမာက္ေအာင္ လုပ္ေပးရမယ္
လုက်ိဳးက ေၾကာင္အမ္းသြားေလသည္။ သူက ႐ြတ္ဆိုသံမ်ားကို မၾကားေတာ့ဘဲ ေကာင္းကင္က်မ္း၏ ပါဝင္အေၾကာင္းအရာမ်ားကိုသာ ၾကားေယာင္လာမိသည္။ ဤသည္မွာ ေကာင္းကင္က်မ္း၏ လူသားေပလႊာ ျဖစ္၏။ သူ႕စြမ္းအင္ဗဟိုခ်က္မွ ေလာင္ကြၽမ္းေနသည့္ ခံစားခ်က္ ကင္းစင္သြားသည့္အခါ ေအးစက္မႈအနည္းငယ္ ဝင္ေရာက္လာသည္။ ထိုအရာက သူ႕စြမ္းအင္ဗဟိုခ်က္မွ ဝမ္းဗိုက္၊ ရင္ဘတ္၊ ႏွလုံးသားႏွင့္ ဦးႏွောက္ဆီ ပ်ံ့ႏွံ႕သြားသည္။ ထိုအခိုက္အတန႔္၌ သူက သတိႀကီးလာမိသည္။
ထိုစဥ္ ျဗဟၼာေတးသံက သူ႕နားထဲ တဖန္ဝင္ေရာက္လာျပန္သည္။ သူက သူ႕ပတ္လည္ကို တစ္ခ်က္ၾကည့္လိုက္မိ၏။ က်င့္ႀကံသူအမ်ားစုကား ေျမျပင္ေပၚ လူးလိမ့္ေနၾကေလၿပီ။ နာက်င္လြန္းေသာေၾကာင့္ ေသျခင္းတရားကသာ ပို၍ ေကာင္းေသာ ေ႐ြးခ်ယ္မႈမွန္း ထင္ရွားလာသည္။ က်န္ရွိေနေသာ က်င့္ႀကံသူတို႔က မလႈပ္ရွားနိုင္ေတာ့ေပ။
တစ္ဖက္တြင္ ကိုယ္ေတာ္မ်ားက မ်က္လုံးပိတ္ထားလ်က္ လက္ဝါးခ်င္း ထိကာ စင္ျမင့္ကို ဝိုင္းထားၾကသည္။ သူတို႔က အရွိန္ပါပါႏွင့္ ႐ြတ္ဆိုေနၾကသည္။
ထိုစဥ္ စင္ျမင့္အလယ္တြင္ ပြင့္ခ်ပ္ေလးလႊာ ေ႐ႊၾကာ စိတ္ဝိညာဥ္သဏၭာန္သာ ဝင့္ဝင့္ႂကြားႂကြား ပ်ံဝဲေနသည္။
ေရွာင္ယြမ္အာလည္း ေျမျပင္ေပၚ ထိုင္ခ်လိဳက္သည္။ သူမက ဆိုးဆိုး႐ြား႐ြား သက္ေရာက္မႈ မခံရေသာ္လည္း စိတ္တိုေနဟန္ ေပၚ၏။
အခ်ဳပ္အားျဖင့္ ေက်ာင္းယြဲ႕က သတိေမ့သြားေလၿပီ။
ထိုစဥ္ မိစ္ဆာဘုရားေက်ာင္း၏ တတိယေက်ာင္းထိုင္ ပြင့္ခ်ပ္ေလးလႊာ ေ႐ႊၾကာ စိတ္ဝိညာဥ္သဏၭာန္ပိုင္ရွင္က ခုံ႐ႊမ္းကိုယ္ေတာ္အား ၾကည့္ေနသည္။ သကၤန္းကား ေ႐ႊေရာင္တျဖတ္ျဖတ္ ေတာက္ပေနေလ၏။
ခုံ႐ႊမ္းက သြမ့္ရွင္း မတ္တတ္ရပ္ေနေသးသည္ကို ျမင္ေသာအခါ ေ႐ႊကိုယ္ထည္ကို အင္အားထပ္တိုးလိုက္သည္။
ရဟႏၱာေ႐ႊကိုယ္ထည္
ရဟႏၱာေ႐ႊကိုယ္ထည္ ႏွစ္ဆ ျဖစ္သြားေလၿပီ။
ျမည္းကတုံးေကာင္ ဒါက မင္းေျပာတဲ့ သက္ညွာေပးတယ္ဆိုတာလား။ ရယ္စရာေကာင္းလိုက္တာ
သြမ့္ရွင္းက သူ႕ပြင့္ခ်ပ္ေလးလႊာ ေ႐ႊၾကာ စိတ္ဝိညာဥ္သဏၭာန္ကို ထုတ္ေဖာ္ရင္း ရဟႏၱာေ႐ႊကိုယ္ထည္ဆီ ေျပးဝင္သြားလိုက္သည္။
ဝုန္း ဝုန္း ဝုန္း
သူတို႔ေတြ႕ဆုံသြားသည့္အခါ စင္ျမင့္တစ္ခုလုံးကို လႈပ္ခါသြားေစသည့္ ျပင္းထန္ေသာ တုန္ခါမႈမ်ိဳး ျဖစ္လာေစသည္။ အာကာျပင္ပင္ ပုံပ်က္သြားသလို ခံစားလိုက္ရ၏။
သြမ့္ရွင္းက သူ႕တာအိုစြမ္းအားကို အသက္သြင္းလိုက္ၿပီးေနာက္ သူ႕စိတ္ဝိညာဥ္သဏၭာန္က ပုံရိပ္မ်ားသာ ခ်န္ထားခဲ့ေတာ့သည္။
သတိရွိေနၾကေသးသည့္ က်င့္ႀကံသူမ်ားက ပြင့္ခ်ပ္ေလးလႊာ စိတ္ဝိညာဥ္သဏၭာန္ကို ေၾကာက္႐ြံ႕တုန္လႈပ္စြာ ၾကည့္ေနၾက၏။ ထို႔အျပင္ သူတို႔က ရဟႏၱာေ႐ႊကိုယ္ထည္ ေလးခုကိုလည္း ျမင္လိုက္ရသည္။
ေ႐ႊေရာင္အလင္းေရာင္ ေလးခုေအာက္တြင္ ျဗဟၼာေတးက ကန႔္သတ္ခ်က္ ေရာက္သြားသည့္အထိ တိုးျမင့္လိုက္ေလၿပီ။ ေတးသံက ဆက္တိုက္ ႐ြတ္ဆိုေနမႈမွ ျမည္ဟိန္းထြက္လာသည္။
ဝုန္း
ေလထဲ ေပါက္ကြဲသံတစ္ခု ထြက္ေပၚလာၿပီးေနာက္ သြမ့္ရွင္း၏ စိတ္ဝိညာဥ္က ေပ်ာက္ကြယ္သြားေလသည္။ သူက လြင့္စဥ္သြားၿပီး မိစ္ဆာဘုရားေက်ာင္း ေနရာဆီ ေရာက္ရွိသြားသည္။
သြမ့္ရွင္းက သူ႕ေသြးေၾကာအမွတ္ေနရာမ်ားကို ထိကာ ဒဏ္ရာပိုမဆိုး႐ြားလာေစရန္ ထိန္းခ်ဳပ္ထားလိုက္သည္။ သူက ေအးစက္စက္အၾကည့္ျဖင့္ စြမ္းအားအျပည့္ ထုတ္လႊင့္ထားသည့္ သြမ့္ရွင္းကို ၾကည့္လိုက္သည္။
ဒီျမည္းကတုံးေကာင္က ဒီေလာက္ေတာင္ အားေကာင္းတာလား သြမ့္ရွင္း သူ႕ဘာသာ လက္တစ္ဖက္တည္းျဖင့္ အားယူကာ ျပန္ထလိုက္သည္။ သူ႕မ်က္ႏွာအထက္ ခက္ထန္မႈအျပည့္ ျဖစ္ေနသည္။ သူက လႈပ္ရွားခ်င္ေသာ္လည္း မလႈပ္ရွားနိုင္ေတာ့မွန္း သိလိုက္ရ၏။
ျဗဟၼာေတးသံက စင္ျမင့္တစ္ခုလုံးကို ဖုံးလႊမ္းသြားေလၿပီ။
ခုံ႐ႊမ္း၏ မ်က္ဝန္းကား ၾကည္လင္ေတာက္ပလာေလ၏။ သူက ေ႐ႊေရာင္တလက္လက္ျဖင့္ ေလထဲ ျမင့္တက္သြားသည္။
သူ ဘာေတြလုပ္ေနတာလဲ ဘာလို႔ မရပ္တာလဲ။ နိုင္ေနၿပီးသားေလ လုက်ိဳးက သူ႕ဘာသာ ေတြးလိုက္မိသည္။
လုံေလာက္ၿပီ ခုံ႐ႊမ္း၏ အေနာက္မွ ျဗဟၼာေတးသံ သက္ေရာက္ မခံထားရသည့္ အသံနက္နက္တစ္သံ ထြက္ေပၚလာသည္။
ခုံ႐ႊမ္းက ေၾကာင္အမ္းသြားေလသည္။
ဘယ္သူလဲ
သူ႕ေ႐ႊကိုယ္ထည္ကို ျဖည္းျဖည္းခ်င္း လွည့္ၾကည့္လိုက္သည့္အခါ စင္ျမင့္ဆီ ေအးေအးလူလူ ေလွ်ာက္လွမ္းလာေနသည့္ အဘိုးႀကီးတစ္ေယာက္ကို ျမင္လိုက္ရသည္။ အဘိုးႀကီး၏ အျမန္ႏႈန္းကာ မႏွေးသလို ျမန္လည္း မျမန္ေပ။ သူ႕အျပဳအမူတို႔မွာလည္း လႊမ္းမိုးေနျခင္း မရွိသလို ရိုက်ိဳးေနျခင္းလည္း မရွိေခ်။
လုက်ိဳးက မုတ္ဆိတ္ေမြးအသာသပ္ကာ ေျခာက္ကပ္ကပ္ ေျပာလိုက္သည္ ဗုဒၶဂိုဏ္းက တပါးသူအသက္ မယူဘူးလို႔ မိန႔္ထားတာ မဟုတ္ဘူးလား။ ဒါကိုေတာင္ ခင္ဗ်ားက စည္းမ်ည္းကို ခ်ိဳးေဖာက္တယ္။ မဟာနတၳိဘုရားေက်ာင္းရဲ႕ စိတ္ဆႏၵလား ဒါမွမဟုတ္ ခုံ႐ႊမ္း ခင္ဗ်ားရဲ႕ ဆႏၵလား
ဒကာႀကီး ဘာလို႔ဘာမွမျဖစ္တာလဲ ခုံ႐ႊမ္းက ယုံၾကည္ခ်က္အျပည့္ ျဖစ္ကာ ဗဟုသုတႂကြယ္ဝေသာ္လည္း အဘိုးႀကီး၏ ေအးေအးလူလူ အမူအယာေၾကာင့္ ေနာက္ဆုတ္လိုက္ရသည္။
ျဗဟၼာေတးက နတ္ဝိညာဥ္ ဝဋ္ေႂကြးေခ် နယ္ပယ္အဆင့္ သူအပါအဝင္ တျခားကိုယ္ေတာ္အမ်ားအျပားႏွင့္ ႐ြတ္ဆိုၾကသည္ ျဖစ္ရာ အဘိုးႀကီးလည္း တနည္းနည္းႏွင့္ သက္ေရာက္မႈ ခံရေပမည္။
လုက်ိဳးက မေျပာင္းမလဲ ေျပာလိုက္သည္။
ငါ့ေမးခြန္းကိုသာ ေျဖစမ္းပါ
ဒကာႀကီးက ဒီကိုယ္ေတာ္ကို တားဖို႔ ႀကိဳးစားေနတာလား ခုံ႐ႊမ္းက မ်က္လုံးျပဴးကာ ေျပာလိုက္သည္။ သူက ဤလူသည္ ရင္ဆိုင္ေျဖရွင္းဖို႔ မလြယ္ကူေၾကာင္း အလိုလိုသိေနမိသည္။
လုက်ိဳးက ေခါင္းခါလိုက္သည္။ ဤသည္မွာ သူ ၾကားခ်င္သည့္ စကား မဟုတ္ေပ။ သူက သက္ျပင္းအသာခ်လိဳက္ၿပီး ဝက္ေခါင္းလို ကိုယ္ေတာ္ သူက လက္တစ္ဖက္ကို အသာျမႇောက္လိုက္သည္။
တစ္ခ်ိန္တည္းတြင္ ခုံ႐ႊမ္း၏ ရဟႏၱာေ႐ႊကိုယ္ထည္ႀကီးက ေ႐ႊေရာင္အလင္းမ်ား ထပ္မံ ထြက္ေပၚလာၿပီး ေလးခုမွ ရွစ္ခု ျဖစ္သြားသည္။ ရဟႏၱာေ႐ႊကိုယ္ထည္မ်ားက ခ်က္ခ်င္း တိုက္ခိုက္လိုက္၏။
ဝုန္း ဝုန္း ဝုန္း
ေပတစ္ရာအျမင့္ရွိကာ ဆယ္ေပလုံးပတ္ရွိသည့္ ဗုဒၶေ႐ႊခႏၶာႀကီးက လုက်ိဳးေဘးနားေပၚလာကာ ရဟႏၱာေ႐ႊကိုယ္ထည္ရွစ္ခုအား ေဘးေရာက္သြားေစသည္။ ၾကည့္ရသည္မွာ အဘိုးျဖစ္သူက ေျမးေလးေတြကို တားဆီးေနသကဲ့သို႔ ျဖစ္ေနသည္။
ထိုစဥ္ အသိကပ္ေနၾကသူမ်ားက မယုံၾကည္နိုင္ေလာက္ေအာင္အထိ ျဖစ္သြားၾကရသည္။ သူတို႔ အားေကာင္းလွၿပီဟု ေတြးထားသည့္ ရဟႏၱာေ႐ႊကိုယ္ထည္ႀကီးက ႐ုတ္ခ်ည္း အားနည္းသြားေလသည္။ ထိုေ႐ႊခႏၶာႀကီးက အလြန္ႀကီးမားလြန္းလွသည္။ သူတို႔က လည္ေခ်ာင္းျပဳတ္မတတ္ ေမာ့ၾကည့္ရ၏။ အမ်ားစုက ထိုျမင္ကြင္းေၾကာင့္ တအံ့တဩ ေအာ္လိုက္မိၾကသည္။
ဝါရင့္ဗုဒၶကိုယ္ေတာ္ႀကီး
သူက ဝါရင့္ဗုဒၶကိုယ္ေတာ္ႀကီးပဲ
လုက်ိဳးက သူ႕အကၤ်ီလက္ဖ်ားကို အသာခါလိုက္ၿပီး ခုံ႐ႊမ္းထံ ေ႐ႊခႏၶာမွ လက္ဟန္တခ်ိဳ႕ ပစ္လႊတ္လိုက္သည္။
ခုံ႐ႊမ္းက ပါးစပ္အေဟာင္းသားျဖင့္ စိုက္ၾကည့္ေနမိၿပီး သူ႕ရဟႏၱာေ႐ႊကိုယ္ထည္မ်ားကို စြန႔္လႊတ္ကာ ျမန္ျမန္ ေနာက္ဆုတ္လိုက္ေတာ့သည္။ သူက ေျမျပင္ေပၚ ခ်က္ခ်င္း ေရာက္သြားေလ၏။
ဝုန္း ဝုန္း
ခုံ႐ႊမ္း ေနာက္ဆုတ္လိုက္သည့္ ေနရာတိုင္းသို႔ လွ်ပ္စီးအလား ေပါက္ကြဲမႈမ်ား ဆက္တိုက္ ျဖစ္ပြားသြားေစသည္။
အေသရိုက္ခ်က္ကတ္က တကယ္ကို အကြက္ေကာင္းပဲ ေျပးနိုင္မလား ၾကည့္ၾကည့္ေပါ့
...