အခန်း (၆၀) ဓားချစ်သူ
အပြာရောင်ဝတ်စုံနှင့် ဓားသမားက သူ့အခန်းပြတင်းပေါက် အပြင်ဘက်၌ ပုံရိပ်တစ်ခု ရုတ်ခြည်း ပေါ်လာသည်ကို မြင်လိုက်သည့်အခါ ဆက်မပြုံးတော့ပေ။
“ ဘာကိစ္စလဲ ” သူက ပြတင်းပေါက်ကို မကြည့်ဘဲ အသာမေးလိုက်သည်။
“ဂိုဏ်းချုပ်က စီနီယာကို ဓားရူး ချန်းဝမ်ကျဲက ယူနန်မြို့ထဲ လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းက ရောက်နေတဲ့အကြောင်း ပြောခိုင်းလိုက်လို့ပါ။ ကျင့်မင်တာအိုဂိုဏ်းနဲ့ သမာသမတ်ဂိုဏ်းတွေက ပညာရှင်တွေကိုလည်း သတိထားဖို့ ပြောလိုက်ပါသေးတယ် ”
ဓားသမားက ထိုပုံရိပ်အား တစ်ချက်ကြည့်ပြီးနောက် ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
“ ကျေးဇူးပါ ”
“ နောက်တစ်ခုက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဆရာကြီးလည်း ယူနန်မြို့ထဲ ရောက်လာလိမ့်မယ်တဲ့။ ဂိုဏ်းချုပ်က အကြီးအကဲရဲ့ အကြံအစည်ကို သိချင်နေပါတယ် ” ပုံရိပ်က ကြောက်ရွံ့နေသည့်အလား တုံ့တုံ့ဆိုင်းဆိုင်း ပြောလိုက်သည်။
“ အဲဒါ သူနဲ့ မဆိုင်ဘူး ” ဓားသမား၏ အသံက ပိုတိုးသွားလေသည်။
ပုံရိပ်က ချက်ချင်း နောက်ဆုတ်လိုက်မိ၏။
ဓားသမားက တစ်ခါပြုံးကာ စားပွဲပေါ်မှ ရေကရားကို ယူကာ ရေတစ်ခွက်လောင်းထည့်လိုက်ပြီး “ မိတ်ဆွေ ကြောက်နေဖို့ မလိုပါဘူး။ ဒီမှာ လေပြင်းတယ်။ တကယ်လို့ လုပ်စရာမရှိဘူးဆိုရင် အထဲဝင်ပြီး ရေသောက်ပါဦးလား ”
“ ဒီ … ဒီအငယ်က ဂိုဏ်းချုပ်ကို တင်ပြစရာလေးရှိလို့ ခွင့်ပြုပါဦး ”
ပုံရိပ်က မျက်စိတစ်မှိတ်အတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
ဓားသမားက အသာခေါင်းခါလိုက်ကာ သူလည်း အခန်းထဲ၌ ကြာကြာမနေခဲ့ပေ။ ခဏအနားယူပြီးနောက် သူက အမှောင်ထုထဲ ခုန်ဆင်းကာ ပျောက်ကွယ်သွားပြန်သည်။
နောက်တစ်နေ့ မနက်ခင်း၌ …
လုကျိုး မျက်လုံးဖွင့်လိုက်သည်နှင့် အခန်းအပြင်ဘက်မှ ဆူဆူညံညံ အသံကို ကြားလိုက်ရသည်။ ထို့နောက် သူက တံခါးခေါက်သံ ကြားလိုက်ရ၍ ထလိုက်ရတော့သည်။
“ ဆရာကြီး …” ထိုသူမှာ ဆိုင်ရှင် ဖြစ်၏။
လုကျိုးက ခုတင်ပေါ်မှ ထကာ တံခါးကို ဖွင့်ပေးလိုက်သည့်အခါ တည်းခိုဆောင် ပိုင်ရှင်နှင့် အရာရှိတချို့က ဆီးကြိုနေလေ၏။
ဆိုင်ရှင်၏ မျက်နှာကား ချွေးများ ထွက်နေပြီး သူ့စကားမဆိုနိုင်ခင် အရာရှိ တစ်ယောက်က နှုတ်ဆက်ကာ ပြောလိုက်သည်။
“ ဆရာကြီး … ကျို့ဖင်းကို သတ်သွားတဲ့သူကို မြင်မိလိုက်လား ”
လုကျိုးက နားမလည်နိုင်ဟန် ဖြစ်နေသည်။ ကျို့ဖင်းက သေဆုံးသွားပြီလား။ သူက ထိုအမျိုးသားနေခဲ့သည့် အခန်းဆီ လှည့်ကြည့်လိုက်မိသည်။ ရဲမက်နှစ်ယောက်က ဓားကျိုးတစ်ချောင်းဘေးရှိ သွေးအိုင်ကို ရှင်းနေကြသည်။ အခြားသော အရာရှိနှစ်ယောက်က အခန်းကို ရှာဖွေနေကြ၏။ အခန်းကား ဗလာကျင်းနေသော်လည်း သူတို့က ဘာအရိပ်အမြွက်မှ မတွေ့ခဲ့ပေ။
ကျို့ဖင်းသည် နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ပြန်မတိုက်လိုက်ရဘဲ တိတ်တဆိတ် သေဆုံးသွားခဲ့ရသည်။ ဤသည်မှာ လူသတ်သမားက အနည်းဆုံးတော့ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ရောက်နေကြောင်း ပြသနေလေသည်။
လုကျိုးက ဘာမှမမြင်ခဲ့ကြောင်း ပြသသည့်အနေနှင့် ခေါင်းခါလိုက်သည်။
အရာရှိက သက်ပြင်းချကာ “ ကျို့ဖင်းက ဓားဝိဇ္ဇာတစ်ယောက်ပါ။ သူ့ကို သတ်သွားတဲ့သူကလည်း ပညာရှင်တစ်ယောက်ပဲ ဖြစ်ရမယ်။ ခင်ဗျား မသိလိုက်တာ ပုံမှန်ပါပဲ ”
“ ကျို့ဖင်းက တစ်ယောက်ယောက်နဲ့များ ရန်ငြိုးရှိခဲ့တာများလား ” လုကျိုးက မေးလိုက်သည်။
အရာရှိများက မျက်မှောင်ကြုတ်ကာ လုကျိုးအား တစ်ချက်လေ့လာလိုက်ပြီးနောက် မဖော်မရွေပြောလိုက်သည်။
“ မပြောသင့်တာတွေကို ထုတ်မပြောနဲ့ ”
ကျို့ဖင်း၏ သေဆုံးမှုက လုကျိုးနှင့် ဘာမှမဆိုင်သော်လည်း လူသတ်သမားက ပညာရှင်တစ်ယောက် ဖြစ်နေသည့်အချက်က သူ့အား ခံစားချက်ဆိုးရွားစေသည်။ အကယ်၍ ယူနန်သာ ထောင်ချောက်ကြီး ဖြစ်နေပြီး သူ နောက်ကျမှ သိခဲ့ရလျှင် ဝေးဝေးနေဖို့ ခက်ခဲလွန်းသွားပေလိမ့်မည်။
“ ငါ မေးခွန်းမေးရင် မင်းတို့က ဖြေရုံပဲ ” လုကျိုးက တော်ဝင်တံဆိပ်တော်ကို ထုတ်ပြလိုက်သည်။
အရာရှိများက သူ့အား စိုက်ကြည့်ကာ ဒေါသထွက်တော့မည့်ဆဲဆဲတွင် တံဆိပ်တော်ကို မြင်လိုက်ရသည့်အတွက် ချက်ချင်းထိန်းလိုက်သည်။
‘ သူက တော်ဝင်မျိုးနွယ်ကပဲ …’
သူက တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်ကာ “ သခင်ကြီး … ”
ဆိုင်ပိုင်ရှင်လည်း ကြောင်အမ်းသွားလေသည်။
ထိုစဉ် အခြားသော ရဲမက်များလည်း ဘာမှမပြောဘဲ ဒူးထောက်လိုက်ကြသည်။ သူတို့က တံဆိပ်ပြားကို မြင်လိုက်သည်နှင့် မျက်နှာများ အေးခဲသွားကာ နှလုံးခုန်နှုန်းလည်း မြန်ဆန်လာကာ တာဝန်ခံအရာရှိများနှင့်အတူ ဒူးထောက်လိုက်ကြသည်။
ရှောင်ယွမ်အာက သမ်းဝေလျက် မျက်လုံးပွတ်ကာ အခန်းထဲမှ ထွက်လာလေသည်။ သူမက လုကျိုး၏ အခန်းရှေ့တွင် ထိုလူများ ဒူးထောက်နေသည်ကို မြင်လိုက်သည့်အခါ သူမက ပြောလိုက်သည်။
“ အဘိုး သူတို့ကို ရိုက်လွတ်လိုက်ရမလား ”
ဆိုင်ပိုင်ရှင်က ထိုစကားကြားသည်နှင့် ငုတ်တုတ်လေး လဲကျသွားလေသည်။
လုကျိုးက လက်ယမ်းကာ မနှောင့်ယှက်ရန် အချက်ပြလိုက်သည်။ ထို့နောက် သူက ဆက်မေးလိုက်သည်။
“ ကျို့ဖင်းက ဘယ်သူလဲ ”
“ သူက ဓားဝိဇ္ဇာတစ်ဦးပါ။ သူက သူ့အစ်ကိုရင်းကိုတောင် သတ်ပြီးတော့ ဓားတွေကို စုဆောင်းခဲ့ပါတယ်။ သူ့ကျင့်ကြံဆင့်ကြောင့် အာဏာပိုင်တွေလည်း ဘာမှမလုပ်နိုင်ကြပါဘူး ”
“ အဲဆို သူက ယူနန်ဆီ ဘာလို့ ရောက်လာတာလဲ ”
“ အဲဒါတော့ … ကျွန်တော်တို့လည်း မသိထားပါဘူး ”
ထိုလူများက အဆင့်နိမ့် အရာရှိနှင့် ရဲမက်များ ဖြစ်ကြလေရာ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူနှင့် ပတ်သတ်သည့် ကိစ္စ၌ သိပ်မသိနိုင်ပေ။ သူတို့အနေနှင့် များများစားစား မသိသည်မှာ ပုံမှန်သာ ဖြစ်၏။
ရှောင်ယွမ်အာက ပြစ်မှုကျူးလွန်ရာနေရာဆီ ချက်ချင်းပြေးကြည့်လိုက်ပြီးနောက် ပြန်ပြေးလာသည်။ သူမက အဓိကရှာဖွေမှုကြီး လုပ်ခဲ့ရသည့်အလား စိတ်တက်ကြွစွာ ပြောလိုက်သည်
“ သူက ဒီကနေ ဒီအထိ ဓားတစ်ချက်တည်းနဲ့ အသတ်ခံထားရတာပဲ” သူမက သူမခန္ဓာကိုယ်မှာ နေရာထိုးပြပြီး ပြောလိုက်သည်။
“ လူသတ်သမားက ရှေ့ကနေ သတ်ထားတာ ”
လုကျိုးက ခေါင်းညိတ်လိုက်သည်။ လူသတ်သမားက ကောင်းကင်အဆင့် လက်နက်ပိုင်ဆိုင်ထားသည့် ဓားဝိဇ္ဇာတစ်ယောက် ဖြစ်ပေလိမ့်မည်။ သူ့မှတ်ဉာဏ်အရ လူအရေအတွက်တချို့က ထိုလိုအပ်ချက်နှင့် ကိုက်ညီနေသည်။
ကျို့ဖင်းကို သတ်လိုက်သူမှာ ဓားရူး ချန်းဝမ်ကျဲ၊ ဓားပါရမီရှင် ကျန်းအိုက်ကျန့်၊ လော့ဂိုဏ်းမှ လော့ချန်းချင် သို့မဟုတ် သူ့တပည့်မိုက် ယွီရှန်းရုန်တို့ ဖြစ်နိုင်သည်။
လုကျိုးက စဉ်းစားနေစဉ် အပြင်ဘက်မှ အသံကျယ်ကြီး ထွက်ပေါ်လာလေ၏။ သူအပြင် ဒူးထောက်လျက်ရှိနေသော အရာရှိနှင့် ရဲမက်များက နားမလည်နိုင်ဟန်ဖြင့် တစ်ပြိုင်နက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
“ ယွမ်အာ သွားကြည့်လိုက် ”
“ ဟုတ် ”
ရှောင်ယွမ်အာက ထိပ်ဆုံးအထပ်မှ အောက်ဆုံးအထပ်သို့ တန်းခုန်ချလိုက်ပြီးနောက် ခဏအကြာတွင် ပြန်ရောက်လာသည်။
“ အပြင်ဘက်မှာ မဟာနတ္ထိ ဘုရားကျောင်းရဲ့ ရထားလုံးပျံ ရောက်လာတာ ” မိန်းကလေးက ပြောလိုက်သည်။
“ မဟာနတ္ထိ ဘုရားကျောင်းလား ”
လုကျိုးက လှေကားမှ ဆင်းသွားလိုက်သည်။ ရှောင်ယွမ်အာလည်း နောက်မှ လိုက်ပါသွားလေရာ ဒူးထောက်နေကြသာ အုပ်စုက ထရမည်လော၊ ဆက်ဒူးထောက်ရမည်လော အချင်းချင်း ကြည့်လိုက်ကြသည်။
လုကျိုး အပြင်ဘက်သို့ ရောက်လာသည့်အခါ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဧရာမ ရထားလုံးပျံကြီးက မြို့အစွန်းအဖျားဆီ ပျံသန်းသွားပြီဖြစ်သော်လည်း ကတုံးပြောင် ကိုယ်တော်ကျင့်ကြံသူအုပ်စုကို မှိန်ဖျဖျ မြင်နေရသေး၏။ ရထားလုံးပေါ်မှ အမှတ်အသားအရ မဟာနတ္ထိ ဘုရားကျောင်း အပိုင် ဖြစ်နေ၏။
“ သွားကြစို့ ” လုကျိုးက အကြည့်ကို ရုတ်သိမ်းလိုက်သည်။
“ အိုး ”
သိပ်မကြာခင် သူတို့က ယူနန်မြောက်ပိုင်းသို့ ဦးတည်လိုက်ကြသည်။ သူတို့မြို့ထဲက ထွက်သည်နှင့် ရှောင်ယွမ်အာက တီးတိုးပြောလိုက်သည်။
“ ရှစ်စွင်း … တပည့်တို့နောက်က လိုက်လာတဲ့သူ ပါလာတယ်”
လုကျိုးက ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။ ထို့ကြောင့် သူက ရှောင်ယွမ်အာကို သူနှင့်အတူတူ ခေါ်လာခြင်း ဖြစ်၏။ သူမက အထွတ်အထိပ် သန့်စင်ကျောက်စိမ်းကျင့်စဉ်ကို ကျင့်ကြံထားသောကြောင့် အဆင့်တူအတွင်း သူမ၏ ထိုးထွင်းဉာဏ်က သာလွန်ပေသည်။ ထို့အပြင် သူမက သတိကြီးသောကြောင့် အားကောင်းသူ ရန်သူနှင့် တွေ့လျှင်ပင် သူမဘာသာ ကာကွယ်နိုင်သည့်အတွက် လုကျိုး၏ စွမ်းအားကို ချွေတာပြီးသား ဖြစ်စေသည်။
လုကျိုးက အထွတ်အမြတ်စင်မြင့်ဆီ သူ့စီးတော်ယာဉ်သားရဲ စီးသွားဖို့ ကြံထားသော်လည်း ယခုနောက်မှ အလိုက်ခံနေရလေရာ အရင်ဆုံး ထိုကိစ္စအား ကိုင်တွယ်ဖြေရှင်းရပေမည်။
“ ဆရာကြီး ခဏလောက်စောင့်ပါဦး ” နောက်မှလိုက်လာသူက စိတ်မရှည်တော့ပေ။
လုကျိုးနှင့် ရှောင်ယွမ်အာတို့က လှည့်ကြည့်လိုက်သည့်အခါ အသက်သုံးဆယ်ဝန်းကျင် အမျိုးသားတစ်ယောက်ကို မြင်လိုက်ရသည်။
“ ဘာလိုချင်လို့လဲ ”
“ ဆရာကြီးဆီကနေ ပစ္စည်းလေး ဝယ်ချင်လို့ပါ ”
ရှောင်ယွမ်အာက ဒေါသတကြီးဖြင့် “ ကျွန်မတို့ ဘာမှမရောင်းဘူး၊ ထွက်သွားတော့ ”
လူငယ်လေးက ရှောင်ယွမ်အာကို အာရုံမရှိဘဲ လုကျိုးကိုသာ စိုက်ကြည့်နေသည်။
“ ခင်ဗျားရဲ့ ဓားတိုလေးက တွဲဖက်ဓားနှစ်လက်ကိုတောင် ဖျက်စီးပစ်နိုင်တယ်ဆိုတော့ တကယ့်ကို ဓားကောင်းလေးပဲ။ ကျုပ် ဈေးကောင်းကောင်း ပေးဝယ်ပါ့မယ် ”
လုကျိုးက အေးအေးဆေးဆေး ပြောလိုက်သည်။
“ မင်းက မနေ့တုန်းက အဲမှာရှိခဲ့တာလား ”
လူငယ်လေးက ခေါင်းညိတ်ကာ “ဟုတ်ပါတယ် … ကျုပ် မနေ့ကတည်းက ဒီအကြောင်းကို လာဆွေးနွေးဖို့ပါပဲ။ ဒါပေမဲ့ ပညာရှင် ရှိနေတော့ သူ့ကို ရှောင်လိုက်တာပါ ”
လုကျိုးက ခေါင်းညိတ်ကာ “ မင်းက ဓားတွေကို ကြိုက်တာလား ”
“ ကျုပ်က ဓားတွေကို အသက်အဖြစ် မှတ်ယူထားပြီးတော့ အရိုးထဲအထိ ချစ်မြတ်နိုးပါတယ်” အမျိုးသားက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ ကျုပ်က ကျို့ဖင်းကို သတ်ပြီး တွဲဖက်ဓားနှစ်လက်ကို ယူမလို့ လုပ်ပေမဲ့ ကျုပ် ဘာမှမလုပ်ရသေးခင် တစ်ယောက်ယောက် လက်ဦးသွားမယ်လို့ မထင်မိဘူး။ အဲဒီပညာရှင်က ဓားကိုပါ ဖျက်ဆီးသွားတာ နှမြောစရာပဲ … နှမြောစရာပဲ … ” သူ့စကားသံ၌ ဓားအတွက် နှမြောတသဖြစ်နေဟန်ပေါ်သည်။
“ အဲဒီပညာရှင်က ဘယ်သူလဲ ”
“ ကျုပ် မမြင်လိုက်ဘူး။ ဒါပေမဲ့ သူ့ဇာစ်မြစ်ကို ခန့်မှန်းဖို့ သိပ်မခက်ပါဘူး။ ဒီလောကမှာ ဓားကို အဲလောက်အဆင့်အထိ အသုံးပြုနိုင်တာ သုံးဦးပဲ ရှိတယ်” ထိုအခိုက်အတန့်၌ သူက ရောက်လာသည့် အကြောင်းအရင်းကို မေ့သွားသည့်အလား ဆက်ပြောပြလိုက်သည်။
“ တစ်ယောက်က ကျုပ် အကြောက်ရဆုံး မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ကျိထျန်းတောက် … ”
ရှောင်ယွမ်အာက လက်အုပ်ရယ်လိုက်ကာ “ အဲဆိုရင်တော့ ရှင် အခုထွက်ပြေးသင့်ပြီ ”
...
Zawgyi
အခန္း (၆၀) ဓားခ်စ္သူ
အျပာေရာင္ဝတ္စုံႏွင့္ ဓားသမားက သူ႕အခန္းျပတင္းေပါက္ အျပင္ဘက္၌ ပုံရိပ္တစ္ခု ႐ုတ္ျခည္း ေပၚလာသည္ကို ျမင္လိုက္သည့္အခါ ဆက္မၿပဳံးေတာ့ေပ။
ဘာကိစၥလဲ သူက ျပတင္းေပါက္ကို မၾကည့္ဘဲ အသာေမးလိုက္သည္။
ဂိုဏ္းခ်ဳပ္က စီနီယာကို ဓား႐ူး ခ်န္းဝမ္က်ဲက ယူနန္ၿမိဳ႕ထဲ လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္တုန္းက ေရာက္ေနတဲ့အေၾကာင္း ေျပာခိုင္းလိုက္လို႔ပါ။ က်င့္မင္တာအိုဂိုဏ္းနဲ႕ သမာသမတ္ဂိုဏ္းေတြက ပညာရွင္ေတြကိုလည္း သတိထားဖို႔ ေျပာလိုက္ပါေသးတယ္
ဓားသမားက ထိုပုံရိပ္အား တစ္ခ်က္ၾကည့္ၿပီးေနာက္ ယဥ္ယဥ္ေက်းေက်း ေျပာလိုက္သည္။
ေက်းဇူးပါ
ေနာက္တစ္ခုက မိစ္ဆာေဝဟင္ေမွ်ာ္နန္းရဲ႕ ဆရာႀကီးလည္း ယူနန္ၿမိဳ႕ထဲ ေရာက္လာလိမ့္မယ္တဲ့။ ဂိုဏ္းခ်ဳပ္က အႀကီးအကဲရဲ႕ အႀကံအစည္ကို သိခ်င္ေနပါတယ္ ပုံရိပ္က ေၾကာက္႐ြံ႕ေနသည့္အလား တုံ႕တုံ႕ဆိုင္းဆိုင္း ေျပာလိုက္သည္။
အဲဒါ သူနဲ႕ မဆိုင္ဘူး ဓားသမား၏ အသံက ပိုတိုးသြားေလသည္။
ပုံရိပ္က ခ်က္ခ်င္း ေနာက္ဆုတ္လိုက္မိ၏။
ဓားသမားက တစ္ခါၿပဳံးကာ စားပြဲေပၚမွ ေရကရားကို ယူကာ ေရတစ္ခြက္ေလာင္းထည့္လိုက္ၿပီး မိတ္ေဆြ ေၾကာက္ေနဖို႔ မလိုပါဘူး။ ဒီမွာ ေလျပင္းတယ္။ တကယ္လို႔ လုပ္စရာမရွိဘူးဆိုရင္ အထဲဝင္ၿပီး ေရေသာက္ပါဦးလား
ဒီ ဒီအငယ္က ဂိုဏ္းခ်ဳပ္ကို တင္ျပစရာေလးရွိလို႔ ခြင့္ျပဳပါဦး
ပုံရိပ္က မ်က္စိတစ္မွိတ္အတြင္း ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားေလသည္။
ဓားသမားက အသာေခါင္းခါလိုက္ကာ သူလည္း အခန္းထဲ၌ ၾကာၾကာမေနခဲ့ေပ။ ခဏအနားယူၿပီးေနာက္ သူက အေမွာင္ထုထဲ ခုန္ဆင္းကာ ေပ်ာက္ကြယ္သြားျပန္သည္။
ေနာက္တစ္ေန႕ မနက္ခင္း၌
လုက်ိဳး မ်က္လုံးဖြင့္လိုက္သည္ႏွင့္ အခန္းအျပင္ဘက္မွ ဆူဆူညံညံ အသံကို ၾကားလိုက္ရသည္။ ထို႔ေနာက္ သူက တံခါးေခါက္သံ ၾကားလိုက္ရ၍ ထလိုက္ရေတာ့သည္။
ဆရာႀကီး ထိုသူမွာ ဆိုင္ရွင္ ျဖစ္၏။
လုက်ိဳးက ခုတင္ေပၚမွ ထကာ တံခါးကို ဖြင့္ေပးလိုက္သည့္အခါ တည္းခိုေဆာင္ ပိုင္ရွင္ႏွင့္ အရာရွိတခ်ိဳ႕က ဆီးႀကိဳေနေလ၏။
ဆိုင္ရွင္၏ မ်က္ႏွာကား ေခြၽးမ်ား ထြက္ေနၿပီး သူ႕စကားမဆိုနိုင္ခင္ အရာရွိ တစ္ေယာက္က ႏႈတ္ဆက္ကာ ေျပာလိုက္သည္။
ဆရာႀကီး က်ိဳ႕ဖင္းကို သတ္သြားတဲ့သူကို ျမင္မိလိုက္လား
လုက်ိဳးက နားမလည္နိုင္ဟန္ ျဖစ္ေနသည္။ က်ိဳ႕ဖင္းက ေသဆုံးသြားၿပီလား။ သူက ထိုအမ်ိဳးသားေနခဲ့သည့္ အခန္းဆီ လွည့္ၾကည့္လိုက္မိသည္။ ရဲမက္ႏွစ္ေယာက္က ဓားက်ိဳးတစ္ေခ်ာင္းေဘးရွိ ေသြးအိုင္ကို ရွင္းေနၾကသည္။ အျခားေသာ အရာရွိႏွစ္ေယာက္က အခန္းကို ရွာေဖြေနၾက၏။ အခန္းကား ဗလာက်င္းေနေသာ္လည္း သူတို႔က ဘာအရိပ္အႁမြက္မွ မေတြ႕ခဲ့ေပ။
က်ိဳ႕ဖင္းသည္ နတ္ေဒဝါဦးတည္နယ္ပယ္အဆင့္ က်င့္ႀကံသူတစ္ေယာက္ ျဖစ္ေသာ္လည္း ျပန္မတိုက္လိုက္ရဘဲ တိတ္တဆိတ္ ေသဆုံးသြားခဲ့ရသည္။ ဤသည္မွာ လူသတ္သမားက အနည္းဆုံးေတာ့ နတ္ဝိညာဥ္ ဝဋ္ေႂကြးေခ် နယ္ပယ္အဆင့္ ေရာက္ေနေၾကာင္း ျပသေနေလသည္။
လုက်ိဳးက ဘာမွမျမင္ခဲ့ေၾကာင္း ျပသသည့္အေနႏွင့္ ေခါင္းခါလိုက္သည္။
အရာရွိက သက္ျပင္းခ်ကာ က်ိဳ႕ဖင္းက ဓားဝိဇၨာတစ္ေယာက္ပါ။ သူ႕ကို သတ္သြားတဲ့သူကလည္း ပညာရွင္တစ္ေယာက္ပဲ ျဖစ္ရမယ္။ ခင္ဗ်ား မသိလိုက္တာ ပုံမွန္ပါပဲ
က်ိဳ႕ဖင္းက တစ္ေယာက္ေယာက္နဲ႕မ်ား ရန္ၿငိဳးရွိခဲ့တာမ်ားလား လုက်ိဳးက ေမးလိုက္သည္။
အရာရွိမ်ားက မ်က္ေမွာင္ၾကဳတ္ကာ လုက်ိဳးအား တစ္ခ်က္ေလ့လာလိုက္ၿပီးေနာက္ မေဖာ္မေ႐ြေျပာလိုက္သည္။
မေျပာသင့္တာေတြကို ထုတ္မေျပာနဲ႕
က်ိဳ႕ဖင္း၏ ေသဆုံးမႈက လုက်ိဳးႏွင့္ ဘာမွမဆိုင္ေသာ္လည္း လူသတ္သမားက ပညာရွင္တစ္ေယာက္ ျဖစ္ေနသည့္အခ်က္က သူ႕အား ခံစားခ်က္ဆိုး႐ြားေစသည္။ အကယ္၍ ယူနန္သာ ေထာင္ေခ်ာက္ႀကီး ျဖစ္ေနၿပီး သူ ေနာက္က်မွ သိခဲ့ရလွ်င္ ေဝးေဝးေနဖို႔ ခက္ခဲလြန္းသြားေပလိမ့္မည္။
ငါ ေမးခြန္းေမးရင္ မင္းတို႔က ေျဖ႐ုံပဲ လုက်ိဳးက ေတာ္ဝင္တံဆိပ္ေတာ္ကို ထုတ္ျပလိုက္သည္။
အရာရွိမ်ားက သူ႕အား စိုက္ၾကည့္ကာ ေဒါသထြက္ေတာ့မည့္ဆဲဆဲတြင္ တံဆိပ္ေတာ္ကို ျမင္လိုက္ရသည့္အတြက္ ခ်က္ခ်င္းထိန္းလိုက္သည္။
သူက ေတာ္ဝင္မ်ိဳးႏြယ္ကပဲ
သူက တုန္တုန္ယင္ယင္ျဖင့္ ဒူးေထာက္ကာ သခင္ႀကီး
ဆိုင္ပိုင္ရွင္လည္း ေၾကာင္အမ္းသြားေလသည္။
ထိုစဥ္ အျခားေသာ ရဲမက္မ်ားလည္း ဘာမွမေျပာဘဲ ဒူးေထာက္လိုက္ၾကသည္။ သူတို႔က တံဆိပ္ျပားကို ျမင္လိုက္သည္ႏွင့္ မ်က္ႏွာမ်ား ေအးခဲသြားကာ ႏွလုံးခုန္ႏႈန္းလည္း ျမန္ဆန္လာကာ တာဝန္ခံအရာရွိမ်ားႏွင့္အတူ ဒူးေထာက္လိုက္ၾကသည္။
ေရွာင္ယြမ္အာက သမ္းေဝလ်က္ မ်က္လုံးပြတ္ကာ အခန္းထဲမွ ထြက္လာေလသည္။ သူမက လုက်ိဳး၏ အခန္းေရွ႕တြင္ ထိုလူမ်ား ဒူးေထာက္ေနသည္ကို ျမင္လိုက္သည့္အခါ သူမက ေျပာလိုက္သည္။
အဘိုး သူတို႔ကို ရိုက္လြတ္လိုက္ရမလား
ဆိုင္ပိုင္ရွင္က ထိုစကားၾကားသည္ႏွင့္ ငုတ္တုတ္ေလး လဲက်သြားေလသည္။
လုက်ိဳးက လက္ယမ္းကာ မႏွောင့္ယွက္ရန္ အခ်က္ျပလိုက္သည္။ ထို႔ေနာက္ သူက ဆက္ေမးလိုက္သည္။
က်ိဳ႕ဖင္းက ဘယ္သူလဲ
သူက ဓားဝိဇၨာတစ္ဦးပါ။ သူက သူ႕အစ္ကိုရင္းကိုေတာင္ သတ္ၿပီးေတာ့ ဓားေတြကို စုေဆာင္းခဲ့ပါတယ္။ သူ႕က်င့္ႀကံဆင့္ေၾကာင့္ အာဏာပိုင္ေတြလည္း ဘာမွမလုပ္နိုင္ၾကပါဘူး
အဲဆို သူက ယူနန္ဆီ ဘာလို႔ ေရာက္လာတာလဲ
အဲဒါေတာ့ ကြၽန္ေတာ္တို႔လည္း မသိထားပါဘူး
ထိုလူမ်ားက အဆင့္နိမ့္ အရာရွိႏွင့္ ရဲမက္မ်ား ျဖစ္ၾကေလရာ နတ္ေဒဝါဦးတည္နယ္ပယ္အဆင့္ က်င့္ႀကံသူႏွင့္ ပတ္သတ္သည့္ ကိစၥ၌ သိပ္မသိနိုင္ေပ။ သူတို႔အေနႏွင့္ မ်ားမ်ားစားစား မသိသည္မွာ ပုံမွန္သာ ျဖစ္၏။
ေရွာင္ယြမ္အာက ျပစ္မႈက်ဴးလြန္ရာေနရာဆီ ခ်က္ခ်င္းေျပးၾကည့္လိုက္ၿပီးေနာက္ ျပန္ေျပးလာသည္။ သူမက အဓိကရွာေဖြမႈႀကီး လုပ္ခဲ့ရသည့္အလား စိတ္တက္ႂကြစြာ ေျပာလိုက္သည္
သူက ဒီကေန ဒီအထိ ဓားတစ္ခ်က္တည္းနဲ႕ အသတ္ခံထားရတာပဲ သူမက သူမခႏၶာကိုယ္မွာ ေနရာထိုးျပၿပီး ေျပာလိုက္သည္။
လူသတ္သမားက ေရွ႕ကေန သတ္ထားတာ
လုက်ိဳးက ေခါင္းညိတ္လိုက္သည္။ လူသတ္သမားက ေကာင္းကင္အဆင့္ လက္နက္ပိုင္ဆိုင္ထားသည့္ ဓားဝိဇၨာတစ္ေယာက္ ျဖစ္ေပလိမ့္မည္။ သူ႕မွတ္ဉာဏ္အရ လူအေရအတြက္တခ်ိဳ႕က ထိုလိုအပ္ခ်က္ႏွင့္ ကိုက္ညီေနသည္။
က်ိဳ႕ဖင္းကို သတ္လိုက္သူမွာ ဓား႐ူး ခ်န္းဝမ္က်ဲ၊ ဓားပါရမီရွင္ က်န္းအိုက္က်န႔္၊ ေလာ့ဂိုဏ္းမွ ေလာ့ခ်န္းခ်င္ သို႔မဟုတ္ သူ႕တပည့္မိုက္ ယြီရွန္း႐ုန္တို႔ ျဖစ္နိုင္သည္။
လုက်ိဳးက စဥ္းစားေနစဥ္ အျပင္ဘက္မွ အသံက်ယ္ႀကီး ထြက္ေပၚလာေလ၏။ သူအျပင္ ဒူးေထာက္လ်က္ရွိေနေသာ အရာရွိႏွင့္ ရဲမက္မ်ားက နားမလည္နိုင္ဟန္ျဖင့္ တစ္ၿပိဳင္နက္ အျပင္ဘက္သို႔ လွမ္းၾကည့္လိုက္ၾကသည္။
ယြမ္အာ သြားၾကည့္လိုက္
ဟုတ္
ေရွာင္ယြမ္အာက ထိပ္ဆုံးအထပ္မွ ေအာက္ဆုံးအထပ္သို႔ တန္းခုန္ခ်လိဳက္ၿပီးေနာက္ ခဏအၾကာတြင္ ျပန္ေရာက္လာသည္။
အျပင္ဘက္မွာ မဟာနတၳိ ဘုရားေက်ာင္းရဲ႕ ရထားလုံးပ်ံ ေရာက္လာတာ မိန္းကေလးက ေျပာလိုက္သည္။
မဟာနတၳိ ဘုရားေက်ာင္းလား
လုက်ိဳးက ေလွကားမွ ဆင္းသြားလိုက္သည္။ ေရွာင္ယြမ္အာလည္း ေနာက္မွ လိုက္ပါသြားေလရာ ဒူးေထာက္ေနၾကသာ အုပ္စုက ထရမည္ေလာ၊ ဆက္ဒူးေထာက္ရမည္ေလာ အခ်င္းခ်င္း ၾကည့္လိုက္ၾကသည္။
လုက်ိဳး အျပင္ဘက္သို႔ ေရာက္လာသည့္အခါ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္သည္။ ဧရာမ ရထားလုံးပ်ံႀကီးက ၿမိဳ႕အစြန္းအဖ်ားဆီ ပ်ံသန္းသြားၿပီျဖစ္ေသာ္လည္း ကတုံးေျပာင္ ကိုယ္ေတာ္က်င့္ႀကံသူအုပ္စုကို မွိန္ဖ်ဖ် ျမင္ေနရေသး၏။ ရထားလုံးေပၚမွ အမွတ္အသားအရ မဟာနတၳိ ဘုရားေက်ာင္း အပိုင္ ျဖစ္ေန၏။
သြားၾကစို႔ လုက်ိဳးက အၾကည့္ကို ႐ုတ္သိမ္းလိုက္သည္။
အိုး
သိပ္မၾကာခင္ သူတို႔က ယူနန္ေျမာက္ပိုင္းသို႔ ဦးတည္လိုက္ၾကသည္။ သူတို႔ၿမိဳ႕ထဲက ထြက္သည္ႏွင့္ ေရွာင္ယြမ္အာက တီးတိုးေျပာလိုက္သည္။
ရွစ္စြင္း တပည့္တို႔ေနာက္က လိုက္လာတဲ့သူ ပါလာတယ္
လုက်ိဳးက ဘာမွမေျပာဘဲ ေခါင္းညိတ္ျပလိုက္သည္။ ထို႔ေၾကာင့္ သူက ေရွာင္ယြမ္အာကို သူႏွင့္အတူတူ ေခၚလာျခင္း ျဖစ္၏။ သူမက အထြတ္အထိပ္ သန႔္စင္ေက်ာက္စိမ္းက်င့္စဥ္ကို က်င့္ႀကံထားေသာေၾကာင့္ အဆင့္တူအတြင္း သူမ၏ ထိုးထြင္းဉာဏ္က သာလြန္ေပသည္။ ထို႔အျပင္ သူမက သတိႀကီးေသာေၾကာင့္ အားေကာင္းသူ ရန္သူႏွင့္ ေတြ႕လွ်င္ပင္ သူမဘာသာ ကာကြယ္နိုင္သည့္အတြက္ လုက်ိဳး၏ စြမ္းအားကို ေခြၽတာၿပီးသား ျဖစ္ေစသည္။
လုက်ိဳးက အထြတ္အျမတ္စင္ျမင့္ဆီ သူ႕စီးေတာ္ယာဥ္သားရဲ စီးသြားဖို႔ ႀကံထားေသာ္လည္း ယခုေနာက္မွ အလိုက္ခံေနရေလရာ အရင္ဆုံး ထိုကိစၥအား ကိုင္တြယ္ေျဖရွင္းရေပမည္။
ဆရာႀကီး ခဏေလာက္ေစာင့္ပါဦး ေနာက္မွလိုက္လာသူက စိတ္မရွည္ေတာ့ေပ။
လုက်ိဳးႏွင့္ ေရွာင္ယြမ္အာတို႔က လွည့္ၾကည့္လိုက္သည့္အခါ အသက္သုံးဆယ္ဝန္းက်င္ အမ်ိဳးသားတစ္ေယာက္ကို ျမင္လိုက္ရသည္။
ဘာလိုခ်င္လို႔လဲ
ဆရာႀကီးဆီကေန ပစၥည္းေလး ဝယ္ခ်င္လို႔ပါ
ေရွာင္ယြမ္အာက ေဒါသတႀကီးျဖင့္ ကြၽန္မတို႔ ဘာမွမေရာင္းဘူး၊ ထြက္သြားေတာ့
လူငယ္ေလးက ေရွာင္ယြမ္အာကို အာ႐ုံမရွိဘဲ လုက်ိဳးကိုသာ စိုက္ၾကည့္ေနသည္။
ခင္ဗ်ားရဲ႕ ဓားတိုေလးက တြဲဖက္ဓားႏွစ္လက္ကိုေတာင္ ဖ်က္စီးပစ္နိုင္တယ္ဆိုေတာ့ တကယ့္ကို ဓားေကာင္းေလးပဲ။ က်ဳပ္ ေဈးေကာင္းေကာင္း ေပးဝယ္ပါ့မယ္
လုက်ိဳးက ေအးေအးေဆးေဆး ေျပာလိုက္သည္။
မင္းက မေန႕တုန္းက အဲမွာရွိခဲ့တာလား
လူငယ္ေလးက ေခါင္းညိတ္ကာ ဟုတ္ပါတယ္ က်ဳပ္ မေန႕ကတည္းက ဒီအေၾကာင္းကို လာေဆြးႏြေးဖို႔ပါပဲ။ ဒါေပမဲ့ ပညာရွင္ ရွိေနေတာ့ သူ႕ကို ေရွာင္လိုက္တာပါ
လုက်ိဳးက ေခါင္းညိတ္ကာ မင္းက ဓားေတြကို ႀကိဳက္တာလား
က်ဳပ္က ဓားေတြကို အသက္အျဖစ္ မွတ္ယူထားၿပီးေတာ့ အရိုးထဲအထိ ခ်စ္ျမတ္နိုးပါတယ္ အမ်ိဳးသားက ျဖည္းျဖည္းခ်င္း ေျပာလိုက္သည္။
က်ဳပ္က က်ိဳ႕ဖင္းကို သတ္ၿပီး တြဲဖက္ဓားႏွစ္လက္ကို ယူမလို႔ လုပ္ေပမဲ့ က်ဳပ္ ဘာမွမလုပ္ရေသးခင္ တစ္ေယာက္ေယာက္ လက္ဦးသြားမယ္လို႔ မထင္မိဘူး။ အဲဒီပညာရွင္က ဓားကိုပါ ဖ်က္ဆီးသြားတာ ႏွေျမာစရာပဲ ႏွေျမာစရာပဲ သူ႕စကားသံ၌ ဓားအတြက္ ႏွေျမာတသျဖစ္ေနဟန္ေပၚသည္။
အဲဒီပညာရွင္က ဘယ္သူလဲ
က်ဳပ္ မျမင္လိုက္ဘူး။ ဒါေပမဲ့ သူ႕ဇာစ္ျမစ္ကို ခန႔္မွန္းဖို႔ သိပ္မခက္ပါဘူး။ ဒီေလာကမွာ ဓားကို အဲေလာက္အဆင့္အထိ အသုံးျပဳနိုင္တာ သုံးဦးပဲ ရွိတယ္ ထိုအခိုက္အတန႔္၌ သူက ေရာက္လာသည့္ အေၾကာင္းအရင္းကို ေမ့သြားသည့္အလား ဆက္ေျပာျပလိုက္သည္။
တစ္ေယာက္က က်ဳပ္ အေၾကာက္ရဆုံး မိစ္ဆာေဝဟင္ေမွ်ာ္နန္းရဲ႕ က်ိထ်န္းေတာက္
ေရွာင္ယြမ္အာက လက္အုပ္ရယ္လိုက္ကာ အဲဆိုရင္ေတာ့ ရွင္ အခုထြက္ေျပးသင့္ၿပီ
...