ငါ့တပည့်တွေ အကုန် ဗီလိန်တွေချ...
By Mortal-Edge
409K 56.6K 451
အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ... More
အကျဉ်းချုပ်
အခန်း (၁) မိစ္ဆာတို့ရဲ့ သခင်
အခန်း (၂) ရန်သူများကို ပြန်လည်မောင်းထုတ်ရန် နည်းဗျူဟာ
အခန်း (၃) သွန်သင်ဆုံးမမှု မပြုဘဲ အတတ်ပညာသာ သင်ပြခြင်းက ဆရာ ပျင်းရိခြင်းမည်၏
အခန်း (၄) ဆိုးယုတ်သောတပည့်များ၏ သဘောထား
အခန်း (၅)အထွတ်အထိတ်သဏ္ဍာန်
အခန်း (၆) အစွမ်းတန်​ခိုးထက်​ဆုံး သိုင်းကွက်​များသာ သိသည်
အခန်း (၇) စတင်ပဲ့ပြင်
အခန်း (၈) ကံစမ်းမဲနှင့် စျေးဆိုင်
အခန်း (၉) ချမှတ်ပေးထားသော တာဝန်များ
အခန်း (၁၀) သေစေနိုင်သော တိုက်ခိုက်မှု
အခန်း (၁၁) ဆက်လက် ဖျော်ဖြေ
အခန်း (၁၂) လမ်းစဥ်အသစ်လား
အခန်း (၁၃) အလုပ်တာဝန် ချပေးခြင်း
အခန်း (၁၄) အလုပ်တာဝန် ပြီးမြောက်ခြင်း
အခန်း (၁၅) တပည့်ဆိုးများ၏ စိတ်ဓာတ်
အခန်း (၁၆) တပည့်ဆိုးများ၏ စိတ်ဓာတ်
အခန်း (၁၇) အသင်အပြ အဆုံးအမ
အခန်း (၁၈) မင်ရှစ်ရင်၏ စူးစမ်းမှု
အခန်း (၁၉) လောကတစ်ခွင် အဖြစ်အပျက်များ
အခန်း (၂၀) ထွက်ပြေးသွားသောတပည့်
အခန်း (၂၁) ကံအမှတ်၏ မှော်ဝင်အစွမ်း
အခန်း (၂၂) တဖန် နုပျိုလာခြင်း
အခန်း (၂၃) ကောင်းကင်ကျမ်း၏ အတိုင်းထက်အလွန်စွမ်းအား
အခန်း (၂၄) ရှစ်စွင်းနှင့်အတူ နတ်ခြင်္သေ့ကို စီးခြင်း
အခန်း (၂၅) အဘိုးကြီးက ကြည့်ရ မဆိုးဘူး
အခန်း (၂၆) ပြန်ပေးဆွဲမှုကို စုံစမ်းခြင်း
အခန်း (၂၇) မင်းက ဆိုးသွမ်းတဲ့ ခေါင်းဆောင်တစ်ယောက်
အခန်း (၂၈) မနာခံမှု
အခန်း (၂၉) ခွန်အားကြီးသော ကျွမ်းကျင်သူများ
အခန်း (၃၀) ကျုပ်စကားနားထောင်ပါ သူတို့ကို ရန်မစမိစေနဲ့
အခန်း(၃၁) လင်းဟူအဖွဲ့အစည်း
အခန်း (၃၂) ဒါက ထောင်ချောက်လို့ ပြောသားပဲ
အခန်း (၃၃) အသက်ရှင်ဖို့ သုံးလပဲ အချိန် ကျန်တော့တယ်
အခန်း (၃၄) အခုမှ အစပဲ
အခန်း (၃၅) ရှစ်စွင်း ထောင်ချောက်ထဲ ကျသွားပြီ
အခန်း (၃၆) ထိပ်ဆုံးသို့ တဖန်ပြန်ရောက်ခြင်း
အခန်း (၃၇) မိစ္ဆာတပည့်
အခန်း (၃၈) မင်းဆီမှာ ရှိတာ အားလုံး ပြန်ယူမယ်
အခန်း (၃၉) ယဲ့ထျန်းရှင်းရဲ့ အစီအစဉ်လား
အခန်း (၄၀) မင်းသတ္တိကောင်းလှချည်လား
အခန်း(၄၁) မိစ္ဆာကြီး ပြန်လာခြင်း
အခန်း (၄၂) အသက်ကြီးလေ ဉာဏ်ပိုကြီးလေ
အခန်း (၄၃) လျှို့ဝှက်ကတ်တွေ မရှိဘဲ ဘာလုပ်မှာလဲ
အခန်း (၄၄) ဝှက်ဖဲများကို ပြန်လည်စုစည်းခြင်း
အခန်း (၄၅) တိုက်ခိုက်ခြင်းက အကောင်းဆုံးခုခံမှု
အခန်း (၄၆) ကံဆိုးခြင်း
အခန်း (၄၇) ရာရာစစ
အခန်း (၄၈) ဆက်ကံစမ်းမယ်
အခန်း (၄၉) အသစ်ရောက်လာသူ
အခန်း (၅၀) ခိုလှုံခွင့် တောင်းခံခြင်း
အခန်း (၅၁) အဓိပ္ပာယ် မရှိတာ
အခန်း (၅၂) အခု အရည်အချင်းပြည့်မီပြီလား
အခန်း ( ၅၃ ) မဖော်ပြနိုင်လောက်သော စွမ်းအား
အခန်း (၅၄) ဓားနတ်ဆိုး၏ ကံကြမ္မာ
အခန်း (၅၅) ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ
အခန်း (၅၆) အရာအားလုံးက သူ့လက်ထဲမှာပဲ
အခန်း (၅၈) ပိအန်း
အခန်း (၅၉) အထက်ဆုံးဓား
အခန်း (၆၀) ဓားချစ်သူ
အခန်း (၆၁) မဟာသမာဓိဓာရနီ
အခန်း (၆၂) မဟာနတ္ထိဘုရားကျောင်း၏ အင်အား
အခန်း (၆၃) ဗြဟ္မာသားချော့တေး
အခန်း (၆၄) ပိုကောင်းတဲ့လူဆိုတာ အမြဲရှိတယ်
အခန်း (၆၅) ဝါရင့်ကိုယ်တော်ကို ဉာဏ်အလင်းပွင့်စေတာလား
အခန်း (၆၆) ကျောင်းယွဲ့ကို ခေါ်ဆောင်သွားခြင်း
အခန်း (၆၇) လိမ်ရဲတယ်ပေါ့
အခန်း (၆၈) နန်းတော်မှ ပညာရှင်
အခန်း (၆၉) တပည့်ဆိုးက ပြဿနာထပ်တက်ပြန်ပြီ
အခန်း (၇၀) အိတ်ထဲမှာ
အခန်း (၇၁) အခုထွက်ပြေးဖို့အတွက် သိပ်နောက်ကျသွားပြီလား
အခန်း (၇၂) လိမ်လည်လှည့်ဖြားခြင်း
အခန်း (၇၃) ကျင့်ကြံဆင့် မြှင့်တင်ခြင်း အပိုင်း ၁
အခန်း (၇၄) ကျင့်ကြံဆင့် မြင့်တင်ခြင်း အပိုင်း ၂
အခန်း (၇၅) ထူးဆန်းသောစွမ်းအား
အခန်း (၇၆) ယဲ့ထျန်းရှင်း၏ ဆန်းကြယ်မှု
အခန်း (၇၇) လှောင်အိမ်
အခန်း (၇၈) မဟူရာစစ်သည်တော်များ၏ ခေါင်းဆောင်
အခန်း (၇၉) ဉာဏ်ထက်မြတ်သော မင်ရှစ်ရင်
အခန်း (၈၀) ပေနက်လွှာစာရင်း၌ ထိပ်ဆုံး
အခန်း (၈၁) အစွမ်းထက်သောကူညီသူ
အခန်း (၈၂) ရှစ်စွင်းပြောပြီ
အခန်း (၈၃) ဖန်းရှုဝမ်
အခန်း (၈၄) ထွက်သွားဖို့ မစဉ်းစားနဲ့
အခန်း (၈၅) တပည့်က ကြမ်းတမ်း
အခန်း (၈၆) တပည့်များက ကြမ်းတမ်းမြဲ ကြမ်းတမ်းနေခြင်း
အခန်း (၈၇) တပည့်က ထပ်မံကြမ်းတမ်း
အခန်း (၈၈) မရည်ရွယ်ပါဘူး
အခန်း (၈၉) ပါဝင်ပတ်သက်ခြင်း
အခန်း (၉၀) ရှစ်ရှိုး သက်ညှာပေးပါ
အခန်း (၉၁) မင်းက ငါ့တပည့် မဟုတ်ဘူး
အခန်း (၉၂) မင်ရှစ်ရင် ပြဿနာတက်နေပြီ
အခန်း (၉၃) စုန်းပညာ၏စွမ်းအား
အခန်း (၉၄) ခွဲခွာချိတ်ကောက်
အခန်း (၉၅) မိစ္ဆာအိုကြီးရဲ့ပုံစံလား
အခန်း (၉၆) အမှန်တရားနှင့် အလိမ်အညာများ
အခန်း (၉၇) ချိုင့်ဝင်နေသော အရိုးများ
အခန်း (၉၈) အမှန်တရားလား
အခန်း (၉၉) ကောင်မလေး သိပ်နောက်မကျခင်သွားကြရအောင်
အခန်း (၁၀၀) တင်းဖန်ချိုး၏ စွမ်းအား
အခန်း (၁၀၁) နန်းတော်မှ တစ်စုံတစ်ယောက်
အခန်း (၁၀၂) နတ်လေးသည်တော် သုံးယောက်ထဲမှ တစ်ယောက်
အခန်း (၁၀၃) တုံးအခြင်း၏တန်ကြေး
အခန်း (၁၀၄) ငါက အမြဲတမ်း သက်ညှာပေးပါတယ်
အခန်း (၁၀၅) လာကူကြသော တပည့်များ
အခန်း (၁၀၆) ကျောက်စိမ်းယဇ်ပလ္လင်
အခန်း (၁၀၇) လောင်ပါ့ လူလိမ်
အခန်း (၁၀၈) ဖမ်းဆီးမှုနှင့် ကံစမ်းမဲ
အခန်း (၁၀၉) နှမြောစရာပဲ
အခန်း (၁၁၀) ရန်သူဟောင်း
အခန်း (၁၁၁) ခွဲခွာခြင်းချိတ် မင်းကို ချီးမြှင့်မယ်
အခန်း (၁၁၂) မင်းက ငါ့ကို မကြောက်ဘူးလား
အခန်း (၁၁၃) စွမ်းအင်ငါးဖြာစကြဝဠာ သစ်ပင်ကို ကာကွယ် ဟွားဝူတောက်ကို စောင့်ဆိုင်း
အခန်း (၁၁၄) ငါက အရင်ကလို မဟုတ်တော့ဘူး
အခန်း (၁၁၅) အတိတ်တုန်းက တာ့ယန်မှာ မတူညီတဲ့လမ်းစဉ်မရှိဘူး
အခန်း (၁၁၆) လျို့ဟယ် တာအိုစည်းတံဆိပ်
အခန်း (၁၁၇) မိုးကြိုးသွား
အခန်း (၁၁၈) မင်း ရွေးချယ်မှု လုပ်ရမယ်
အခန်း (၁၁၉) အစွမ်းအထက်ဆုံးအကြီးအကဲ ဟွားဝူလား ဝူဟွားလား
အခန်း (၁၂၀) နှလုံးသားစေရာ လိုက်တဲ့သူက သာမန်မဟုတ်ဘူး
အခန်း (၁၂၁) ကျောင်းယွဲ့ကို ထုတ်ပေးခြင်း
အခန်း (၁၂၂) ကျန်းအိုက်ကျန့်နှင့် ထပ်မံ တွေ့ဆုံခြင်း
အခန်း (၁၂၃) နန်းတော်၏ ပဋိပက္ခများနှင့် ပိုင်လူမျိုးတို့၏ အရိုးများ
အခန်း (၁၂၄) ဓားကောင်းလေး
အခန်း (၁၂၅) ယဲ့ထျန်းရှင်း၏ သေခြင်းတရား
အခန်း (၁၂၆) အကြွေးဆပ်ရန်
အခန်း (၁၂၇) သေတ္တာကို ဖွင့်ရန်နည်းလမ်း
အခန်း (၁၂၈) ရှစ်ယောက်မြောက် တပည့်ကို ဆုံးမခြင်း
အခန်း (၁၂၉) သတ္တမမြောက်တပည့်၏အတွေးများ
အခန်း (၁၃၀) အမြင်မတူခြင်းနှင့် မပြောဘဲ သိသော သဘောတူညီချက်
အခန်း (၁၃၁) ဒုတိယမြောက်တပည့်၏ ရွေးချယ်မှု
အခန်း (၁၃၂) မင်းက ငါ့ကို ကောင်းကောင်းသိတာပဲ ... ရှစ်တိ ဝူယာ့
အခန်း (၁၃၃) ကျင့်စဉ်များပြီးစီးခြင်း
အခန်း (၁၃၄) တာ့ရှစ်ရှိုးရဲ့ မိတ်ဆွေရင်း
အခန်း (၁၃၅) မဟာအမှောင်ကောင်းကင်အောက်မေ့ရာ
အခန်း (၁၃၆) ဝတ်ရုံနီ၏ လာရောက်တွေ့ဆုံမှု
အခန်း (၁၃၇) လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုတာက မဟာကံခေမှုကြီးပဲ
အခန်း (၁၃၈) ဈေးနှုန်းမြင့်မြင့်ဖြင့် ငြိမ်းချမ်းရေးကို ရှာဖွေခြင်း
အခန်း (၁၃၉) ခြင်္သေ့သားရဲတွင်းသို့သွားပြီး ခြင်္သေ့မုတ်ဆိတ်မွေးကို ဆွဲခြင်း
အခန်း (၁၄၀) ပါ့ရှစ်တိ မတွေ့ရတာကြာပြီ
အခန်း (၁၄၁) ငါက အလွယ်တကူအနိုင်ယူလို့ရတဲ့လူမဟုတ်ဘူး
အခန်း (၁၄၂) ရှစ်တိ မကြောက်နဲ့
အခန်း (၁၄၃) သေတ္တာ၏ လျှို့ဝှက်ချက်
အခန်း (၁၄၄) သဘောထားကြီးသည့် တာ့ရှစ်ရှိုး
အခန်း(၁၄၅) သေတ္တာကိုဖွင့်ဖို့အတွက် အနီရောင်လက်တစ်ဖက်လိုအပ်
အခန်း (၁၄၆) အလဲအလှယ်ကောင်း
အခန်း (၁၄၇) လျစ်လျူရှုထားသောရတနာ
အခန်း (၁၄၈) တိမ်ခွင်းရထားလုံး
အခန်း (၁၄၉) ရွှေနန်းဥယျာဉ်တောင်ကို ရာရာစစ အကွက်ချရဲတယ်ပေါ့
အခန်း (၁၅၀) တမင်တကာ
အခန်း (၁၅၁) နတ်ဆရာဆယ်ပါး၏စွမ်းအား
အခန်း (၁၅၂) ဓားသူတော်စင် လော့ရှစ်စန်း
အခန်း (၁၅၃) နတ်ဆရာဆယ်ပါးရောက်လာပြီ။ ခံတပ်ကိုထိန်းထား
အခန်း (၁၅၄) ထင်မှတ်မထားသော
အခန်း (၁၅၅) ကိုးပါးဖြတ်တောက်ခြင်းလက်ဟန်များ
အခန်း (၁၅၆) အချင်းချင်း ဖျက်ဆီးနေသည်အား အဆုံးသတ်ရန် ဘိုးဘေးများ၏ ဆုံးဖြတ်ချက်
အခန်း (၁၅၇) ဖန်းရှုဝမ်၏ရွေးချယ်မှု
အခန်း (၁၅၈) ပျင်းစရာကောင်းလောက်အောင် အားနည်းတာပဲ
အခန်း (၁၅၉) ချန်ဟွမ်းလား ယဲ့ထျန်းရှင်း အသက်ရှင်လာပြီ။
အခန်း (၁၆၀) ဝေ့ကျိုးယန်က ဒီလိုမျိုး ဆုံးဖြတ်ထားတာလား
အခန်း (၁၆၁) မင်းရဲ့စီမံမှုကို သိတယ်
အခန်း (၁၆၂) အံ့ဩဖွယ် ပိုင်လူမျိုး
အခန်း (၁၆၃) ပိုးအိမ်ကိုဖောက်ထွက်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကိုချုပ်နှောင်ခြင်း
အခန်း (၁၆၄) အားအကောင်းဆုံး လက်အောက်ငယ်သား
အခန်း (၁၆၅) မင်းရဲ့ ဆယ်နှစ်အကန့်အသတ်
အခန်း (၁၆၆) ဘယ်သူမှ ငါ့ကို ဘာမှမလုပ်နိုင်ဘူး
အခန်း (၁၆၇) ဒီလိုကံကြမ္မာမျိုး
အခန်း (၁၆၈) ပါ့ရှစ်တိ ... ဒါက မင်း ကောင်းဖို့ပဲ
အခန်း (၁၆၉) လူမိုက်က ပြေးစရာနေရာမရှိ
အခန်း (၁၇၀) ဟေးမုလျန်
အခန်း (၁၇၁) ကျွန်တော့်ရဲ့စစ်မှန်တဲ့နှလုံးသားက နေနဲ့လလိုတောက်ပနေပါတယ်
အခန်း (၁၇၂) လူသစ်လေးက လူသစ်လေးရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိသင့်တယ်
အခန်း (၁၇၃) ပွင့်ချပ်ခုနစ်လွှာ ဟွားဝူတောက် သင်္ကေတကိုးခု လျှို့ဟယ်တာအိုစည်းတံဆိပ
အခန်း (၁၇၄) ဓားနတ်ဆိုး၏ အကျင့်
အခန်း (၁၇၅) ပြန်ရောက်လာခြင်း၊ ဝိညာဉ်သုံးခုထဲဝင်ရောက်ခြင်း
အခန်း (၁၇၆) ခြွင်းချက်
အခန်း (၁၇၇) အညံ့ခံမလား။ အရိုက်ခံမလား
အခန်း (၁၇၈) မတန်တဆဈေး
အခန်း (၁၇၉) ရွေးချယ်စရာမရှိ
အခန်း (၁၈၀) ငါက အမြဲတမ်း အကျိုးအကြောင်းသင့်တဲ့သူပါ
အခန်း (၁၈၁) မျဉ်းတစ်ကြောင်း
အခန်း (၁၈၂) မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်
အခန်း (၁၈၃) အံ့ဖွယ်ကိုယ်တော်ကြီးလေးပါး ဝမ်ကျွယ်ကျိကျန်း
အခန်း (၁၈၄) အနန္တလေးလေးပါး၊ ကိုယ်တော်များ ပေါင်းစည်းခြင်း
အခန်း (၁၈၅) မိသားစုတိုင်းမှာကိုယ်ပိုင်ပြဿနာရှိကြတယ်
အခန်း (၁၈၆) ကောင်းကင်အပိုင်းအစ
အခန်း (၁၈၇) ခုနစ်စင်ကြယ်ဝိညာဉ်
အခန်း (၁၈၈) နောက်ထပ် အမှိုက်လား
အခန်း (၁၈၉) နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်
အခန်း (၁၉၀) ထွက်ခွာခြင်း
အခန်း (၁၉၁) နိဗာနခါးစည်း
အခန်း (၁၉၂) မင်းဘာသာ လွတ်မြောက်လာပြီးတော့ အရှင်သခင် ဖြစ်လာ
အခန်း (၁၉၃) သူကလေးတစ်ယောက် မဟုတ်တော့ဘူး
အခန်း (၁၉၄) ပူးပေါင်းခြင်း
အခန်း (၁၉၅) ဆယ့်ခြောက်နှစ်တွင်
အခန်း (၁၉၆) အန်းယန်ဆီ တစ်ခေါက်ပြန်လာခြင်း၊ မြို့အတူတူ၊ ဖြစ်သော်ငြား ကွဲပြားနေသော
အခန်း (၁၉၇) အာ့ရှစ်ရှိုးနှင့် ပထမဆုံးအကြိမ်တွေ့ဆုံချိန်
အခန်း (၅၇) ကျောင်းယွဲ့၏တည်နေရာ
2.1K 329 5
By Mortal-Edge
အခန်း (၅၇) ကျောင်းယွဲ့၏တည်နေရာ
ကျောင်းယွဲ့သည် လုကျိုး သူမကို နောက်ဆုံးအခေါက်က ပေးအပ်ခဲ့သည့် တာဝန်ပြီးဆုံးချိန်မှစပြီး ပြန်မလာခဲ့ပေ။ သူက အကြောင်းအရင်းကို ဖော်ထုတ်နိုင်ခြင်းမရှိ။ သူမထွက်ခွာသွားရသည့် အကြောင်းအရင်းက ယဲ့ထျန်းရှင်း၊ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့နှင့်ကွဲပြားလောက်ပေ၏။ ယင်းက သိပ်ရှုပ်ထွေးမှာ မဟုတ်ပေ။
“ရှစ်ကျဲက ယွီခရိုင်မှာ ရှိနေပါတယ်”
ရှောင်ယွမ်အာက ခုံတစ်လုံးတွင် ထိုင်လိုက်၏။ သူမအတွက် ရေတစ်ခွက်ငှဲ့ကာ တစ်ငုံသောက်ပြီး သက်ပြင်းချကာဆက်ပြော၏။
“စခန်းထဲကလူက တောက်ပခြင်းကျောက်စိမ်းကျင့်စဉ်အကြောင်း ပြောတဲ့အချိန် တပည့် ခန့်မှန်းမိသွားတာ”
လုကျိုးက ယင်းကို နားမလည်နိုင်ပေ။ သမာသမတ်ဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းများသည် အမြဲတမ်း အချင်းများနေကြသည်။ သူတို့သည် ယခုအချိန်၌ အဘယ်ကြောင့်ရောနှောနေရသနည်း။ တစ်ယောက်နှင့်တစ်ယောက် သူတို့ ရင်ဆိုင်စစ်ဖြစ်နေပြီလား။
သူ၏အထွတ်အထိပ်အသွင်ကတ် အားလုံးကို အသုံးပြုခဲ့ပြီးဖြစ်သည်။ နောက်ထပ်ထောင်ချောက်တစ်ခုထဲ ကျသွားလျှင် သူအဆုံးသတ်သွားမှာ သေချာနေပေ၏။
သူက စနစ်ဇယားကွက်ကို ဖွင့်ပြီးနောက် တာဝန်များကို တချက်ကြည့်လိုက်သည်။ ထိုနေရာ၌ ကျောင်းယွဲ့ကိုပြန်ခေါ်ရန်ဟူသော တာဝန်အသစ်တစ်ခု ရှိနေသည်။
“မင်းဘာထပ်ကြားသေးလဲ”
“ရှစ်ကျဲ လက်ထပ်တော့မယ်လို့ တချို့ကပြောတယ်။ သူက သူတော်စင်သမီးတော်ဖြစ်လာမှာတဲ့”
ယင်းက လုကျိုးကို ရပ်တန့်သွားစေ၏။
ကျောင်းယွဲ့၏ ကျင့်ကြံဆင့်သည် တောက်ပခြင်းကျောက်စိမ်းကျင့်စဉ်မှ  ရလာတာပဲဖြစ်သည်။ ၎င်း၏ အမည်နာမထဲတွင် ပါရှိသည့် ကျောက်စိမ်းက ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရကို ရည်ညွှန်းပြီး မိခင်သဘာဝ၏ ထုတ်ကုန်ဖြစ်သည်။ သူမက အမြင့်ဆုံးအထိရောက်အောင် ကျင့်ကြံနိုင်လျှင် သူမ၌ ချစ်ရေးချစ်ရာကိစ္စများ၊ သို့တည်းမဟုတ် အတွေးများဖြင့် နှောင့်ယှက်ခံ၍ မရပေ။
“အကြောင်းပြချက်က ဘာလဲ”  လုကျိုးက မေးလိုက်၏။
ရှောင်ယွမ်အာက ခေါင်းခါပြီးနောက် ဇဝေဇဝါ အကြည့်ဖြင့်မေးသည်။ “ယွီခရိုင်ထဲက အထွတ်အမြတ်ယဇ်ပလ္လင်မှာ ခမ်းနားတဲ့ပွဲတော်တစ်ခု ကျင်းပမယ်လို့ တပည့်ကြားခဲ့ရုံပဲ”
“အခမ်းအနားတစ်ခုလား”
“ဒါနဲ့ မိစ္ဆာဘုရားကျောင်းကလည်း အခမ်းအနားကို လူတစ်ယောက်ပို့မှာ” ရှောင်ယွမ်အာက ထပ်ပြော၏။ ထိုအမည်ကို ထည့်ပြောချိန်၌ သူမက လုကျိုး၏အမူအရာကို ဂရုတစိုက်ကြည့်လိုက်သည်။
“ရှစ်စွမ်း တပည့်ကိုယ်တိုင် သွားရင်ရော ရှစ်ကျဲကို ပြန်ခေါ်လာခဲ့မယ်။ မိစ္ဆာဘုရားကျောင်းက လူတွေကို တွေ့တဲ့အချိန် သူတို့အားလုံးကို ရှစ်စွမ်းအတွက် သတ်ပေးမယ်”
လုကျိုးက သူမ၏ခေါင်းကို လက်ဖြင့်ခေါက်လိုက်ပြီးနောက် ပြောလိုက်သည်။
“ပြဿနာမရှာနဲ့၊ မိစ္ဆာဘုရားကျောင်းကို ငါဂရုမစိုက်ပေမဲ့ သူတို့ရဲ့ခေါင်းဆောင်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ရောက်နေပြီး ရွက်ခုနစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုရှိနေတယ်။ မင်းက နတ်ဒေဝါနယ်ပယ် ကျင့်ကြံသူတစ်ယောက်သာသာပဲ ရှိနေတာ၊ သူတို့ကို မြင်တဲ့အချိန် မင်းဘယ်လိုလုပ်တိုက်ခိုက်နိုင်မှာလဲ”
“အား”ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်၏။
လုကျိုးသည် သူ၏မှတ်ဥာဏ်များကို ရှာဖွေပြီး ခဏတာတွေးတောကာ မေးလိုက်တော့သည်။
“မိစ္ဆာဘုရားကျောင်းအပြင် ဘယ်အင်အားစုတွေ တက်ရောက်သေးလဲ”
“သမာသမတ်ဂိုဏ်းနဲ့ ကျင့်မင်တာအိုဂိုဏ်းတို့လည်း သွားမဲ့ပုံပဲ”
“ဖန်ကျုံးကို ငါ့ဆီခေါ်လာခဲ့။ သူ့ကို မေးစရာတစ်ခုရှိတယ်”
“ရှစ်စွမ်း တပည့်ကို မေးလို့ရပါတယ်” ရှောင်ယွမ်အာက ယုံကြည်ချက်ရှိရှိပြော၏။
“အခုသွား” လုကျိုးက သူ့အသံကို အနည်းငယ်မြှင့်လိုက်ပြီး
“ဟုတ်” သူမက နှုတ်ခမ်းစေ့လျက် ထွက်ပြေးသွားတော့သည်။ သိပ်မကြာမီ၌ မျက်နှာပေါ်တွင် ဒဏ်ရာများ ရှိနေသည့် ဖန်ကျုံးကို ခေါ်ပြီးပြန်ရောက်လာ၏။
“နှုတ်ဆက်ပါတယ် အရှင်” ဖန်ကျုံးက လက်သီးဆုပ်ပြီး အရိုအသေပေးလိုက်၏။
လုကျိုးက သူ့ကို တချက်ကြည့်ပြီးမေးလိုက်တော့သည်။ “မင်းရဲ့မျက်နှာက ဘာဖြစ်တာလဲ”
“ရွှေနန်းဥယျာဉ်တောင်မှာ မတ်စောက်တဲ့နေရာတွေ များလွန်းတယ်။ ဒါကြောင့် ကျွန်တော် မတော်တဆ ချော်လဲသွားတာ” ဖန်ကျုံးက အမြန်ရှင်းပြသည်။
လုကျိုးက သူမည်သို့မည်ပုံ ထိခိုက်ဒဏ်ရာရကြောင်း ဂရုမစိုက်ပေ။
“မင်းက ကျင့်မင်တာအိုဂိုဏ်းကပဲ။ အထွတ်အမြတ်ယဇ်ပလ္လင်က ကြီးမြတ်သောအခမ်းအနားအကြောင်းသိလား”
ဖန်ကျုံးက ခေါင်းညတ်ပြီးနောက် ပြောလိုက်သည်။ “သိပါတယ်။ အဲဒါက ပြောရရင် အရှည်ကြီးပဲ”
“ဒါဆို တိုတိုနဲ့မြန်မြန်ဆန်ဆန်ပြောလေ” ရှောင်ယွမ်အာက ပြောလိုက်၏။
“...”
ဖန်ကျုံးက သူအကြမ်းပတမ်းရိုက်ခံခဲ့ရသည်ကို တွေးမိပြီး တုန်ယင်သွားကာ အမြန်ပြောလိုက်တော့၏။
“လူသားမျိုးနွယ်စုက ဂြိုဟ်သားမျိုးနွယ်စုကို ရုန်ပေ့နဲ့ ရုန်ရှီးဆီ မောင်းထုတ်ပြီးချိန်ကစပြီး ကျင့်ကြံခြင်းလောကထဲက သမာသမတ်ဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်းတွေက တိုက်ခိုက်ဖို့ အသင့်ဖြစ်ကုန်တာ၊ နှစ်စဉ်နှစ်တိုင်း ဂိုဏ်းအချင်းချင်းကြားမှာ အငြင်းပွားစရာတွေဖြစ်ပြီး မရေမတွက်နိုင်အောင် သေကြေပျက်စီးခဲ့ကြတယ်။ အငြင်းပွားမှုတွေကို လျှော့ချဖို့ ဂိုဏ်းငယ်လေးတချို့က အခမ်းအနားတွေ ကျင်းပဖို့ တွေးလိုက်မိတယ်။ တစ်ဖက်မှာတော့ ဂိုဏ်းအချင်းချင်းကြားက အငြင်းပွားမှုတွေကို လျှော့ချနိုင်ပြီး တစ်ဖက်မှာတော့ တစ်ယောက်ကိုတစ်ယောက် ကြင်နာမှုပြသဖို့ အခွင့်အရေးရှိတယ်။ ဒီတော့ အချင်းများကြတော့မှာ မဟုတ်ဘူး”
လုကျိုးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ယွီခရိုင်ထဲက အခမ်းအနားကို ကျင့်မင်တာအိုဂိုဏ်း သွားမယ်ဆိုတာကို မင်းသိလား”
ယင်းက ဖန်ကျုံးကို အံ့ဩသွားစေသည်။
“ဒါက ကျွန်တော်... အဲဒီအကြောင်းဘာမှမသိပါဘူး။ လွန်ခဲ့တဲ့ သုံးနှစ်ကပဲ ဂိုဏ်းထဲကနေ ထွက်လာခဲ့တာ။ ကျင့်မင်တာအိုဂိုဏ်းက သမာသမတ်ဂိုဏ်းကြီးတစ်ခုအဖြစ် သတ်မှတ်လို့ရတယ်။ မိစ္ဆာဂိုဏ်းတွေနဲ့ သူတို့ရဲ့ အငြင်းပွားမှုက အခမ်းအနားနဲ့ရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး”
လုကျိုးက ယခုအချိန်တွင် အားလုံးကို အကြမ်းဖျင်းတွေးနိုင်မည်ဖြစ်သည်။
“သူတော်စင်သမီးတော်က နှစ်ဖက်ကြားထဲက အငြင်းပွားမှုကို ဖျန်ဖြေပေးမဲ့ပေါင်းကူး တံတားအဖြစ် ဆောင်ရွက်လိမ့်မယ်လို့ ပြောတယ် အဲ့လို ကိစ္စရှိလား"
“ဟုတ်ကဲ့ မှန်ပါတယ်။ သူတော်စင်သမီးတော်က ပေါင်းကူးတံတားကို မင်္ဂလာပွဲနဲ့ပဲ အားဖြည့်ရမှာ”
ရှောင်ယွမ်အာသည် မည်မျှအတွေးနှေးသည် ဆိုကာမူ သူမ ယခုတော့နားလည်သွားပြီဖြစ်၏။ သူမ မျက်လုံးများက ပြူးကျယ်သွားကာ ဒေါသတကြီးပြောလိုက်၏။
“ သစ္စာဖောက် သူမ ဒါမျိုးကို ဘယ်လိုလုပ် လုပ်နိုင်တာလဲ”
နောက်ထပ်မေးစရာ မေးခွန်းမရှိတော့ပေ။ လုကျိုးက လက်ကာပြကာ ပြောလိုက်၏။
“မင်း အခုထွက်သွားလို့ရပြီ”
“ဆရာကြီး” ဖန်ကျုံးက တစ်စုံတစ်ခုပြောချင်သော်ငြား တွေဝေနေပေသည်။
“မင်း ဘာလိုချင်လဲ”
“ကျေးဇူးပြုပြီး ယင်ခြောက်ပါးသိုင်းကို သင်ပေးပါ” ဖန်ကျုံးက ဒူးထောက်ပြီးကန်တော့လိုက်၏။
လုကျိုးက မဖြေရသေးခင် ရှောင်ယွမ်အာက စိတ်မရှည် လက်မရှည်ပြောလိုက်၏။ “
ဒီလို အသေးအမွှား ကိစ္စနဲ့ ငါ့ရဲ့ ရှစ်စွမ်းကို ရာရာစစ အနှောင့်အယှက်ပေးရဲတယ်ပေါ့”
“အနောက်ပိုင်းမျှော်စင်ထဲက စာကြည့်တိုက်ထဲမှာ နင်ကိုယ်တိုင် အဲဒီ အသုံးမကျတဲ့ ကျင့်စဉ်ကိုရှာလိုက်”
ရှောင်ယွမ်အာက ပြော၏။
ဖန်ကျုံးက ရှက်သွားသည်။ သူတို့သည် ထိုအရေးကြီးသည့် ကျင့်စဉ်ကို သာမန်ကာလျှံကာတွေးတော နေတာကို သူအံ့ဩနေမိ၏။
လုကျိုးက မငြင်းခဲ့ပဲ လက်ကာပြလိုက်သည်။
ကျိထျန်းတောက်သည် ဤလောကထဲရှိ သမာသမတ်ဂိုဏ်းများမှ ကျင့်စဉ်များစွာကို ရယူခဲ့သည်။ သူတို့အားလုံးကို သူနှင့်အတူ သိမ်းထားနိုင်ရန် နည်းလမ်းမရှိချေ။
ဖန်းကျုံးထွက်သွားပြီးနောက် သူက ကျောင်းယွဲ့ကို ပြန်ခေါ်ရမည့် နည်းအား စဉ်းစားလိုက်သည်။ သူ ယခု သိရှိထားပုံအရ သူမသည် သူတော်စင်သမီးတော်တစ်ပါးဖြစ်ရန် ဖိအားပေးခံရတာဖြစ်နိုင်ပြီး အခမ်းအနား၏ နစ်နာသူတစ်ဦး ဖြစ်လာပေသည်။
ဒီတော့ သူနောက်ထပ် ဘာလုပ်သင့်လဲ။
ပြီးတော့ မင်ရှစ်ရင်သည် မိစ္ဆာဝေဟင်မျှော်နန်းထဲသို့ ရောက်လာပြီး လုကျိုး၏ မျက်နှာထားက အတွေးနက်နေသည့်ပုံဖြစ်နေတာကို မြင်လိုက်ရသည်။
“ရှစ်စွမ်း တပည့် တစ်ခုတင်ပြစရာရှိပါတယ်”
“ဘာလဲ”
“သစ္စာဖောက်စီး၀ူယာ့က ရှစ်စွမ်းကို စာတစ်စောင်ပို့ခဲ့ပါတယ်” မင်ရှစ်ရင်က လက်နှစ်ဖက်ဖြင့် စာကို တရိုတသေကိုင်လိုက်၏။
လောင်ချီလား။ သူက ရွှေနန်းဥယျာဉ်တောင်ထဲက ထွက်သွားတဲ့ အချိန်ကစပြီး မိစ္ဆာဝေဟင်မျှော်နန်းနဲ့ တစ်ခါမှ အဆက်အသွယ်မလုပ်ခဲ့ဘူး။ သူ အခု ဘာကြောင့် ရဲတင်းနေတာလဲ။ ပြောရရင် သူက သစ္စာဖောက်တစ်ယောက်ပဲလေ။ လုကျိုးက သူ့ဖာသာသူ တွေးလိုက်ပြီးနောက် စာကိုယူပြီး တချက်ကြည့်လိုက်၏။
တိုက်ဆိုင်လိုက်တာ။
ထိုစာသည် ကျောင်းယွဲ့အကြောင်းရေးထားတာဖြစ်သည်။
“ရှစ်စွမ်း စာထဲမှာ ဘာပြောထားတာလဲ" ရှောင်ယွမ်အာက စိတ်မရှည်လက်မရှည်မေးလိုက်တော့သည်။
စာကို ဖတ်ပြီးနောက် လုကျိုးက လက်မြှောက်ကာ စားပွဲပေါ်သို့ စာကို ပစ်တင်လိုက်၏။ ပြီးနောက် မျက်မှောင်ကျုံ့လိုက်တော့သည်။ မင်ရှစ်ရင်က စာရွက်ကို ဂရုတစိုက် ကောက်ယူပြီးကြည့်လိုက်၏။ ဖတ်ပြီးနောက် သူက အံ့ဩသွားကာ မျက်မှောင်ကျုံ့သွားပေတော့သည်။
“လောင်ချီက ငါတို့ကို သတင်းမှားပေးဖို့ လှုပ်ရှားမှာ မဟုတ်ဘူး” သူက ဝေဖန်ပိုင်းခြားလိုက်၏။ “ရှစ်စွမ်း သတင်းက မှန်ရင် ရှစ်မေ့ကျောင်းယွဲ့က သူမရဲ့ကံကြမ္မာကနေ မလွတ်မြောက်နိုင်တော့မှာကို စိုးရိမ်ရတယ်”
လုကျိုးကမူ မင်ရှစ်ရင်ကို ထူးမခြားနား တချက်ကြည့်ပြီးနောက် ပြောလိုက်၏။
“ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ” မင်ရှစ်ရင်၏ အတွေးများက ထူးဆန်းသော်ငြား သူသည် ရံဖန်ရံခါ၌ အကြံကောင်းအချို့ ထွက်ပေါ်လာတတ်သည်။ သူက ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်၏။
“သိုးထိန်းခွေးတွေက စကားများရင် ဝံပုလွေက အနိုင်ရမှာပဲ။ သူတို့က ပြန်သင့်မြတ်ချင်တယ် ဆိုမှတော့ ကျွန်တော်တို့လည်း သူတို့နဲ့အတူ လိုက်ပါပေးသင့်တာပေါ့။ သူတို့တွေက အမြဲတမ်း ဓားဆွဲတိုက်ခိုက်နေကြတယ်ဆိုတော့ လွယ်ကူတဲ့ အလုပ်ပါပဲ”
ပြောပြီးချိန်၌ မင်ရှစ်ရင်က အရိုအသေပေးကာ ပြောလိုက်သည်။
“ရှစ်စွမ်း ဒီကိစ္စကို ရှစ်စွမ်းကိုယ်တိုင်လုပ်စရာ မလိုဘူး။ အသေးအမွှားလေးပါပဲ။ ကျွန်တော် ခက်ခက်ခဲခဲ ကြိုးစားလိုစိတ်ရှိပါတယ်။ ရှစ်မေ့ကျောင်းယွဲ့ကို ပြန်ခေါ်လာမယ်လို့ ကတိပေးတယ်”
ရှစ်စွမ်းက ငါ့ကို ဒီတစ်ခေါက် လွှတ်မှာသေချာတယ်။ သူက တွေးပြီးခေါင်းငုံံ့ကာ သူ့ဆရာ၏ အတည်ပြုမှုကို စောင့်ဆိုင်းနေသည်။
လုကျိုးက လက်ကာပြကာ ပြောလိုက်၏။
“မင်း ပြန်လည်သုံးသပ်ရေးဂူထဲမှာ သုံးရက်လောက်နေပြီး သုံးသပ်ရမယ်”
“...”
“တင်း”
“သင်က မင်ရှစ်ရင်ကို ပဲ့ပြင်ဆုံးမခဲ့ပြီး ကုသိုလ်မှတ်တစ်ရာ ချီးမြှင့်ခံရပါတယ်”
...
Zawgyi
မင်းဘာထပ်ကြားသေးလဲ
အခမ်းအနားတစ်ခုလား
မိစ်ဆာဘုရားကျောင်းအပြင် ဘယ်အင်အားစုတွေ တက်ရောက်သေးလဲ
...
မင်း ဘာလိုချင်လဲ
ရှောင်ယွမ်အာက ပြော၏။
ပြီးတော့ မင်ရှစ်ရင်သည် မိစ်ဆာဝေဟင်မျှော်နန်းထဲသို့ ရောက်လာပြီး လုကျိုး၏ မျက်နှာထားက အတွေးနက်နေသည့်ပုံဖြစ်နေတာကို မြင်လိုက်ရသည်။
ဘာလဲ
သစ်စာဖောကျစီးဝူယာ့က ရှစ်စွမ်းကို စာတစ်စောင်ပို့ခဲ့ပါတယ် မင်ရှစ်ရင်က လက်နှစ်ဖက်ဖြင့် စာကို တရိုတသေကိုင်လိုက်၏။
တိုက်ဆိုင်လိုက်တာ။
...
တင်း
...
Continue Reading
You'll Also Like
153K 4.9K 38
ကျွန်တော်ဘဝမှာဘာကိုမှမျှော်လင့်ချက်မထားတော့တာတော်တော်ကြာပြီးကိုကို။ဒါပေမဲ့ကိုကိုကိုတွေ့ပြီးထဲကကျွန်တော်ကို့ကို့အချစ်ကိုမျှော်လင့်ချက်ထားခဲ့တယ်။အဲ့မျှ...
232K 2.6K 14
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
171K 508 17
​ကျောင်းသားတစ်​ယောက်ရဲ့ဆရာမ​များကိုကြမ်းခဲ့​သောဇာတ်လမ်းဖြစ်ပါသည်။စိတ်ကူးယဥ်ဇာတ်လမ်းပါ။ဇာတ်ညွန်း​ရေးသူမှာ WBIဖြစ်ပါတယ်။ဖတ်ရှူ​ပေးတဲအတွက် ​ကျေးဇူးတင်ပါ...
1.8M 300K 198
ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေ ဖြစ်ကုန်ပြီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...