အခန်း (၅၅) ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ
ဓားသမားက လေထဲတွင် ကိုယ်ဖော့နေပြီး သူ၏ မျက်နှာပေါ်တွင် စိတ်အေးလက်အေး အမူအကြည့်ရှိနေကာ အချိန်အတော်ကြာ စောင့်ဆိုင်းနေပုံရ၏။ အနားတစ်ဝိုက်တွင် စွမ်းအင်လှိုင်းများ ရစ်ဝဲနေပြီး သူသည် မဖော်ပြသော ကြမ်းတမ်းသော အရှိန်အဝါများဖြင့် ရစ်ဝဲနေ၏။ သူ့နောက်ကျောရှိ ဓားက အနီရောင် အလင်းဖြင့် ခပ်ဖျော့ဖျော့ လင်းနေပေ၏။
ဝတ်ရုံနက် ကျင့်ကြံသူ တစ်စုသည် လောကကြီးကို များများစားစား မတွေ့ဖူးသည့်တိုင် ပညာရှင် တစ်ဦး၏ အရှိန်အဝါကိုမူ မှတ်မိသေးသည်။ ရလဒ် အနေဖြင့် မှင်ပြာရောင် ရထားလုံး ရပ်တန့်ရန် ဖိအားပေး ခံလိုက်ရတော့သည်။
ကျင့်ကြံသူများထဲမှ တစ်ဦးက အပြင်သို့ ထွက်ပြီး တရင်းတနှီး မေးလိုက်၏။
“ဆရာကြီးရဲ့ နာမည်နဲ့ ကျွန်တော်တို့ရဲ့ လမ်းကို ပိတ်ထားတဲ့ အကြောင်းအရင်း သိလို့ရမလား"
ဓားသမားက ဖြည်းဖြည်းချင်း လှည့်လာသည်။ သူ၏ ချွန်မြသော မျက်နှာက ပြုံးနေသော်ငြား ထိုအပြုံးထဲတွင် ထူးဆန်းသည့် ခံစားချက် တစ်ခု ပါနေပြီး ဝေဝါးဝါးရှိနေကာ ရှင်းပြရန် ခက်ခဲပေ၏။ သူက လက်ပိုက်ထားလျက် လူကြီး လူကောင်း အသွင်ဖြင့် ပြောလိုက်သည်။
“ကျုပ်တောင်းပန်ပါတယ်”
“ဪ ဒီတော့ နားလည်မှု လွဲသွားတာကိုး၊ ဒါဆို ရပါပြီ”
ကျင့်ကြံသူက လက်သီးနှစ်ဖက်ကို ဆုတ်လျက် ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ်”
ကံဆိုးသည်မှာ ဓားသမားသည် လမ်းကို မဖယ်ပေးပေ။ သူက မတူညီသည့် အပြုံးရှိနေပြီး ရထားလုံးနှင့် ကျင့်ကြံသူ တစ်စုံကို ကြည့်နေသေးဆဲ ဖြစ်သည်။
“ကျုပ်တောင်းပန်ပါတယ်”
ဒုတိယ အကြိမ်ပြောပြီးနောက် လေထုက ပိုမိုကြမ်းတမ်းလာ၏။ ပြီးနောက် ဝတ်ရုံနက် ကျင့်ကြံသူ တစ်စုသည် သူ့နောက်ကျောရှိဓားက မြောက်တက်လာပြီး စွမ်းအင် စီးကြောင်းများ ခန္ဓာကိုယ်ထဲမှ စီးထွက်လာကာ ဓားနားတစ်ဝိုက် ရစ်ဝဲနေတာကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကို မြင်ပြီး စကားထပ်ပြောသည့် ကျင့်ကြံသူက မျက်လုံးများ ပြူးကျယ်သွားကာ ပြောလိုက်မိ၏။
“ဓားနတ်ဆိုး။ ဓားနတ်ဆိုးလား။ ရထားလုံးကို ပစ်ပြီးတော့ မင်းတို့ အသက်အတွက် ပြေးကြတော့”
ဝတ်ရုံနက် ကျင့်ကြံသူကသည် လျှပ်ပြက်သည့်နှယ် အရပ်မျက်နှာအနှံ့ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးကြတော့သည်။ သို့သော် ဓားအလင်းက အနီရောင် အလင်းအဖြစ် မှိန်ဖျော့ဖျော့ လင်းလာသည်။ နှစ်ခု၊ လေးခု၊ ပြီးနောက် ရှစ်ခု ကွဲသွားကာ ကျင့်ကြံသူ တစ်ဦးချင်းဆီသို့ ဝင်ရောက်သွားတော့၏။
ဓားမိုးက ကျင့်ကြံသူ တစ်စုကို အလွယ်တကူ ထိုးဖောက်သွားပြီး ခြောက်သွေ့နေသော ပေါင်းပင်များကို ရိတ်သိမ်းလျက် ဆွေးမြေ့နေသော ချေမွသွားခဲ့သည်။ ဓားသမားက တူညီသည့် အပြုံး ရှိနေသေးဆဲ ဖြစ်ကာ လက်ပိုက်ထား၏။ သူ၏ဓား သူ့ဆီမှ ထွက်သွားပြီးနောက် ကျင့်ကြံသူများကို ကြည့်တာ ရပ်တန့်လိုက်သည်။
“ကျုပ်တောင်းပန်ပါတယ်”
တတိယ အကြိမ် ပြောလိုက်၏။ ထိုသို့ ပြောပြီးနောက် ထိုပုံရိပ်က လှုပ်ရှားသွားပြီး ပျောက်ကွယ်သွားတော့၏။
.....
မိစ္ဆာဝေဟင် မျှော်နန်း၏ မဟာခန်းမဆောင်ထဲတွင်
သူ၏ ဆရာ တစ်စုံတစ်ခုကို တွေးတောနေပုံပေါ်တာကို မြင်သည့် အချိန်၌ မင်ရှစ်ရင်က အရိုအသေ ပေးပြီးနောက် ပြောလိုက်၏။
“ရှစ်စွင်း မိစ္ဆာဘုရားကျောင်းက ကျင့်ကြံသူ တစ်ယောက် နောက်ဆုတ်သွားပါပြီ။ လရောင်စွန်းနန်းတော်က အမျိုးသမီး ကျင့်ကြံသူ တစ်စုကို တပည့်တို့ ဘာလုပ်သင့်လဲ"
သူက သူ့ဆရာ တွေးနေတာကို မသေချာ မရေရာ ဖြစ်နေ၏။
အတိတ်တုန်းက ဆိုလျှင် သူတို့အတွက် အပြစ်ဒဏ်က သေခြင်းတရားသာ ဖြစ်ပေလိမ့်မည်။ အကြောင်းမှာ သူတို့၏ ခေါင်းဆောင် ယဲ့ထျန်းရှင်းက ဂိုဏ်းမှ ထွက်ခွာပြီး ဆရာကို သစ္စာဖောက်ခဲ့သောကြောင့် ဖြစ်သည်။
လုကျိုးက သူ၏ မေးခွန်းကို ချက်ချင်းမဖြေဘဲ ရှောင်ယွမ်အာကို လှည့်ကြည်လိုက်သည်။
ထိုမိန်းမငယ်လေးက အပြစ်ကင်းပြီး ရိုးရှင်းသည်။ သို့သော် အန္တရာယ်ရှိသည့် အတွေးများ ပေါ်ထွက်လာတတ်၏။ ထို့ကြောင့် သူသည် သူမကို စမ်းသပ်ချင်လာသည်။
“သူတို့ကို ဘာလုပ်သင့်တယ်လို့ ထင်လဲ ယွမ်အာ"
“အမ်...”
ရှောင်ယွမ်အာက အနည်းငယ်စိတ်လွတ်သွားပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်၏။
“သူတို့ အားလုံးကို တပည့်တို့ ဘာကြောင့် မသတ်ရမှာလဲ”
“အဟွတ်အဟွတ်”
မင်ရှစ်ရင်က ချောင်းဟန့်ပြီးနောက် သူ၏ ဆရာတူညီမကို အပြစ်ရှိစိတ်ဖြင့် ကြည့်လိုက်သည်။
လုကျိုးခေါင်းခါက သူမ၏ ခေါင်းကို လက်ဖြင့် ပုတ်လိုက်သည်။
“တပည့်သိပါပြီ ရှစ်စွင်း သူတို့ကို တပည့် အခုလွှတ်လိုက်မယ်”
ရှောင်ယွမ်အာက ပြုံးပြီး ပြောလိုက်တော့၏။
“သူတို့ကို လွှတ်မယ်လို့ ဘယ်တုန်းက ပြောမိလဲ”
“အမ်..”
ထိုစဉ် မင်ရှစ်ရင်က လက်သီးဆုတ်လျက်ပြောလိုက်သည်။
“ရှစ်စွင်း လက်တလော မိစ္ဆာဝေဟင် မျှော်နန်းထဲက အစိတ်အပိုင်းတွေ အများကြီး ပြိုကွဲနေတာကို တွေ့လိုက်ရတယ်။ အချို့အပိုင်းတွေက သန့်ရှင်းပြီး ပြန်ပြင်ဖို့ လိုနေတယ်။ သူတို့ကို ကျွန်အဖြစ် ထားပြီး တပည့်တို့အတွက် အလုပ်လုပ်ခိုင်းရင်ရော”
လုကျိုးက သူ့ကို တစ်ချက်ကြည့်ပြီး အကြံဉာဏ်ကို တွေးလိုက်၏။
ဒီကောင်စိတ်ထဲမှာ ဘာတွေ ရှိနေတာလဲ။ သူပြောတဲ့ ပုံက ငါကပဲ တရားမဝင် စက်ရုံက စိတ်နှလုံး မဲညစ်တဲ့ ကြီးကြပ်သူ တစ်ယောက်ပုံမျိုးနဲ့။ ဒါပေမဲ့ ဒါ အကြံကောင်းပဲလေ။
“ကောင်းပြီလေ သူတို့ကို မိစ္ဆာဝေဟင်မျှော်နန်းကို ပြင်ခိုင်းလိုက်။ သူတို့ ပြီးသွားပြီ ဆိုတာနဲ့ ပြန်လည်သုံးသပ်ခြင်းဂူထဲကို ထည့်ထားလိုက်လေ။ ဒီလိုဆိုရင် ယဲ့ထျန်းရှင်းနဲ့ သူတို့ ဝေဒနာ အတူတူ ခံစားနိုင်တာပေါ့”
လုကျိုးက ပြောလိုက်သည်။
“ဒီတပည့်က ရှစ်စွင်းရဲ့ အမိန့်ကို နာခံပါ့မယ်”
သူသည် တစ်စုံတစ်ခုကို တွေးနေသည်နှင့် မင်ရှစ်ရင်က သက်သေများကို စုစည်းလျက် မေးလိုက်တော့သည်။
“ရှစ်စွင်း အခု တပည့်တို့က လရောင်စွန်း နန်းတော် တစ်ခုလုံးအတွက် အပြစ်ဒဏ်ကို ဆုံးဖြတ်ပြီးပြီ။ ဒါဆို တပည့်တို့ ယဲ့ထျန်းရှင်းရဲ့ ကျင့်ကြံဆင့်ကလည်း ဖျက်ဆီးခံရပြီးပြီ။ ပြန်လည်သုံးသပ်ရေးဂူကလည်း အတော်အေးတာ အကြာကြီး အပိတ်ခံထားရင် သေသွားမှာ စိုးရိမ်မိတယ်”
လုကျိုးက လက်တစ်ဖက် မြှောက်ပြီးနောက် သူ့ကို ကြားဖြတ်ပြောလိုက်သည်။
“မင်းက သူ့ကို ကရုဏာ သက်နေတာလား”
“မဟုတ်ပါဘူး။ တပည့်မဝံ့ရဲပါဘူး”
မင်ရှစ်ရင်က လန့်သွားသည်။
“ယဲ့ထျန်းရှင်းက ဂိုဏ်းကို စွန့်ခွာပြီး ဆရာကို သစ္စာဖောက်ခဲ့တာ သူခံသင့်တယ်”
“ငါ့မှာ ငါ့ကိုယ်ပိုင် အစီအစဉ်ရှိတယ်”
“တပည့်နားလည်ပါပြီ ရှစ်စွင်း”
မင်ရှစ်ရင်သည် ယဲ့ထျန်းရှင်းအကြောင်း ထပ်မံ မပြောရဲတော့ချေ။ သူက မဟာခန်းမထဲမှ လှည့်ထွက်သွားတော့သည်။ မိစ္ဆာဝေဟင် မျှော်နန်းထဲမှ ထွက်လာပြီးနောက် သူက သက်ပြင်းချကာ တွေးလိုက်၏။
“ကံကောင်းလို့ မေးခွန်းကို ဖြေလိုက်တဲ့သူက ရှစ်မေ့ ဖြစ်နေတာ။ ရှစ်စွင်းရဲ့ အတွေးတွေက အခုဆို မှန်းဆဖို့ ပိုခက်ခဲလာပြီ”
ကျိုးရှင်ချန်၏ သနားစဖွယ် အဆုံးသတ်ကို တွေးမိသည့် အချိန်၌ သူခေါင်းခါကာ နောက်ကျ ထိုမျှ ရန်လိုခြင်း မရှိရဟူ၍ ဆုံးဖြတ်လိုက်တော့သည်။
“ရှစ်စွင်း ကျွန်တော်ရဲ့ ဒဏ်ရာကို ကုသဖို့အတွက် အခု ထွက်သွားတော့မယ်”
မင်ရှစ်ရင် မဟာခန်းမထဲမှ ထွက်သွားတာကို မြင်ပြီးနောက် တွမ့်မူရှန်းက ပြောလိုက်သည်။
“နေဦး”
လုကျိုးက ဖြည်းဖြည်းချင်း ခြေကြွပြီးနောက် တွမ့်မူရှန်းရှေ့သို့ ရောက်လာကာ ချိန်းကြိုးများကို ကြည့်လိုက်တော့၏။
နှစ်တစ်ထောင်သက်တမ်းရှိ အေးစက်နေသော သံမဏိဖြင့် ပြုလုပ်ထားသော ချိန်းကြိုးများသည် သာမန် လက်နက်ဖြင့် ဖျက်ဆီးရန် မဖြစ်နိုင်ပေ။ ကောင်းကင် အဆင့် လက်နက်ဖြင့်သာ ဖျက်ဆီးနိုင်ပေ၏။ သို့သော် ယခုအချိန်တွင် လုကျိုးက သူအသုံးပြုနိုင်သည့် ကောင်းကင် အဆင့် လက်နက်မရှိဘဲ အသေရိုက်ချက်ကတ် နှစ်ကတ်သာ ရှိသည်။
မေးခွန်းက ချိန်းကြိုးကို ဖြေရှင်းရန် အတွက် ကတ်ကို အသုံးပြုသင့်လား။ အဲဒါက တွမ့်မူရှန်းကိုပါ တစ်ခါတည်း ထိသွားစေနိုင်မလား။”
တွမ့်မူရှန်းသည် သူ၏ ရှစ်စွင်းက ချိန်းကြိုး၌ အာရုံစိုက်နေတာကို မြင်သည့် အချိန်၌ အပျော်လွန်သွားသည်။ သူက အရိုအသေပေးကာ ပြောလိုက်၏။
“ရှစ်စွင်း ရှစ်စွင်းရဲ့ စွမ်အား အောက်မှာ ဒီချိန်းကြိုးက သတ္တုအကျိုးအပဲ့ ဒါမှမဟုတ် စာရွက် တစ်ရွက်လိုပါပဲ”
ရှောင်ယွမ်အာက သူမ၏ လက်ဖြင့် အေးစက်နေသော ချိန်းကြိုးကို ထိကြည့်လိုက်သည်။ သေးငယ်သော အက္ခရာများကို မြင်သည့် အချိန်၌ သူမက ဖတ်လိုက်တော့သည်။
“ကောင်းကင်ဓားဂိုဏ်း”
ထိုစကားကို ကြားသော အခါ ကျိုးကျစ်ဖုန်းက ဒူးထောက်ပြီးနောက် ပြောလိုက်သည်။
“ဒါ…ဒါ...ဒါက ကျွန်တော်နဲ့ ဘာမှ မဆိုင်ပါဘူး”
တွမ့်မူရှန်းက သူ့ကို ဖျက်ခနဲ ကြည့်ပြီး ပြောလိုက်သည်။
“စိတ်မပူနဲ့ ရှစ်စွင်းက ဒီလိုချိန်းကြိုး ဆယ်ခု မဟုတ်ဘူး ချိန်းကြိုး အခု တစ်ရာကိုတောင် အေးအေးဆေးဆေး ဖျက်ဆီးနိုင်တယ်။ တစ်ခုဆို အေးဆေးပေါ့”
“....”
သူသည် ချိန်းကြိုးကို ကြည့်ပြီးသည့် အချိန်၌ အတွေးများကို ဖုံးကွယ်ရန် တည်ငြိမ်သည့် အမူအရာ ပန်ဆင်ထားလိုက်သည်။ ပြီးနောက် လက်နောက်ပစ်ကာ ပြောလိုက်တော့၏။
“ယွမ်အာ ငါ့ကို အခန်းထဲ ပြန်ပို့ပေး”
“ဟုတ်”
လုကျိုးနှင့် ရှောင်ယွမ်အာ ထွက်သွားသည့်တိုင် တွမ့်မူရှန်က သူပြောတာ ဘာမှားမှန်း မသိသေးပေ။
ကျိုးကျစ်ဖုန်းက ထရပ်လိုက်ပြီးနောက် အတော်လေး အနေရခက်စွာ ပြောလိုက်၏။
“တတိယ သခင်လေး ကျွန်တော် ဒီချိန်းကြိုးကို တကယ် မဖြတ်နိုင်ဘူး”
“ကျွန်တော်လည်း မဖြတ်တတ်ဘူး”
ယွမ်ကျုံးက ပြော၏။
“ငါ့ရှေ့က ထွက်သွားကြ”
“ဟုတ်”
လူနှစ်ယောက်လုံးက မိစ္ဆာဝေဟင်မျှော်နန်းထဲမှ ပြေးထွက်သွားကြသည်။
တွမ့်မူရှန်းက ခေါင်းကုတ်လိုက်သည်။ သူ၏ ဆရာသည် ကျို့ရှစ်ချန်း၏ ထိုးနှက်ချက်များစွာကို ချိန်းကြိုးဖြင့် သူပိတ်ဆို့တာကို သိပြီးနောက် သူ့ကို သဲလွန်စ အချို့ပေးရန် ကြိုးစားနေသည်လားဟု တွေးနေမိသည်။ သို့တည်းမဟုတ် ချိန်းကြိုးများ ချည်နှောင်ထားခြင်းက သူ၏ ကျင့်ကြံမှု အခြေခံအတွက် အကျိုးအမြတ်ရှိစေသည်ဟု ပြောချင်ပင်လားမသိ။
ရှစ်စွင်းက ဉာဏ်ပညာ ကြီးမားတဲ့သူပဲ။ သူ့ရဲ့ အတွေးကို ခန့်မှန်းဖို့ ကြိုးစားနေတာကို ရပ်လိုက်ရင် ပိုကောင်းမယ်။
ဟုတ်တယ်။ ဒီလိုပဲ ဖြစ်ရမယ် အချိန်အတိုင်းအတာ တစ်ခု အထိ ဒီချိန်းကြိုးတွေနဲ့ နေရရုံပေါ့။
မိစ္ဆာဘုရားကျောင်း၏ မဟာခန်းမဆောင်ထဲတွင်
“အရှင်... ဒုခေါင်းဆောင်က ရွှေနန်းဥယျာဉ်တောင်ကို သွားတုန်း အသက်ခံလိုက်ရတာ။ ကျွန်တော်တို့ လူတွေက တောင်နဲ့ မိုင်ရှစ်ဆယ် အကွာ မြောက်ဘက် အရပ်မှာ မှင်ပြာရောင် နဂါးရထားလုံးကို တွေ့ခဲ့ပြီး သူ့လူတွေ ဖြစ်ခဲ့တဲ့ အလောင်း တစ်ရာငါးဆယ်ကိုလည်း တွေ့ခဲ့ပါတယ်”
သတင်းပို့တာကို ကြားပြီးနောက် ခေါင်းဆောင်ဒေါသထွက်လိမ့်မည်ဟု ထိုလူက ထင်ခဲ့သည်။ သို့သော် ခေါင်းဆောင်က ဒေါသ မထွက်ပေ။
“ဒုခေါင်းဆောင်က ရွှေနန်းဥယျာဉ်တောင်ကို ဖိနှိပ်ဖို့ ဒီစစ်ဆင်ရေးအတွက် ကျင့်မင်တာအိုဂိုဏ်းနဲ့အပေးအယူ လုပ်ခဲ့တာ။ အရှင်မင်းကြီးကတောင် သူ့ကို ပံ့ပိုးပေးခဲ့သေးတယ်။ ဒါကိုတောင် အဲဒီ မိစ္ဆာကြီးက”
“ပါးစပ်ပိတ်”
ခေါင်းဆောင်၏ လေးနက်သော အသံက ထိုလူ၏ နားထဲ မိုးကြိုးသံနှယ် ပေါက်ကွဲသွားပြီး ကြောက်လန့်မှုကြောင့် သူ့ကို ဒူးထောက်ကျသွားစေကာ မျက်နှာ ဖြူရော်သွားစေ၏။
“ကျေးဇူးပြုပြီး စိတ်အေးအေးထားပါအရှင်”
“ကျင့်မင် တာအိုဂိုဏ်းက အဘိုးကြီးတွေကို သတင်းပေးလိုက်။ ငါက ဒီကိစ္စကြောင့် ဒေါသ မထွက်ဘူး။ ဒါကို စိတ်ထဲ မထားဘူး။ မိစ္ဆာဘုရားကျောင်းနှင့် ကျင့်မင်တာအိုဂိုဏ်းရဲ့ ပူးပေါင်းမှုက အရင်အတိုင်းပဲ။ ဒါပေမဲ့ သူတို့တွေ ငါတို့ကို စိတ်ရင်းမှန် တချို့ ပြမယ်လို့ မျှော်လင့်တယ်"
“ဟုတ် ဟုတ် ဟုတ်ကဲ့ အရှင် နောက်ထပ် တင်ပြစရာ ရှိပါသေးတယ်”
“ပြော”
“ကျင့်မင် တာအိုဂိုဏ်းက ပညာရှင်နှစ်ယောက်က မနေ့တုန်းက ဓားရူးနဲ့ လေ့ကျင့်ချိန် ဒဏ်ရာ ဆိုးဆိုးဝါးဝါး ရသွားခဲ့တယ်။ ကျွန်တော် စိုးရိမ်တာက သူတို့တွေ အရှင့်ကို ဒီနေ့ မတွေ့နိုင်မှာပဲ”
“ဒီကနေထွက်သွား”
သူ၏ မိုးခြိမ်းသံကဲ့သို့ အသံက ထိုလူကို မဟာခန်းမဆောင်ထဲက ကြောက်လန့်တကြား ထွက်ပြေးသွားစေ၏။ သူ၏ ဘယ်ဘက်နှင့် ညာဘက်ခြမ်းရှိ ကုလားထိုင်များကလည်း အက်သွားတော့သည်။
“ငါ့ရဲ့ ကောင်းကင် ကျင့်စဉ်ပြီးသွားတာနဲ့ အဲဒီ မိစ္ဆာကြီးကို ငါကိုယ်တိုင် သတ်မယ်”
...
Zawgyi
အခန္း (၅၅) ေက်းဇူးျပဳၿပီး စိတ္ေအးေအးထားပါ
ဓားသမားက ေလထဲတြင္ ကိုယ္ေဖာ့ေနၿပီး သူ၏ မ်က္ႏွာေပၚတြင္ စိတ္ေအးလက္ေအး အမူအၾကည့္ရွိေနကာ အခ်ိန္အေတာ္ၾကာ ေစာင့္ဆိုင္းေနပုံရ၏။ အနားတစ္ဝိုက္တြင္ စြမ္းအင္လွိုင္းမ်ား ရစ္ဝဲေနၿပီး သူသည္ မေဖာ္ျပေသာ ၾကမ္းတမ္းေသာ အရွိန္အဝါမ်ားျဖင့္ ရစ္ဝဲေန၏။ သူ႕ေနာက္ေက်ာရွိ ဓားက အနီေရာင္ အလင္းျဖင့္ ခပ္ေဖ်ာ့ေဖ်ာ့ လင္းေနေပ၏။
ဝတ္႐ုံနက္ က်င့္ႀကံသူ တစ္စုသည္ ေလာကႀကီးကို မ်ားမ်ားစားစား မေတြ႕ဖူးသည့္တိုင္ ပညာရွင္ တစ္ဦး၏ အရွိန္အဝါကိုမူ မွတ္မိေသးသည္။ ရလဒ္ အေနျဖင့္ မွင္ျပာေရာင္ ရထားလုံး ရပ္တန႔္ရန္ ဖိအားေပး ခံလိုက္ရေတာ့သည္။
က်င့္ႀကံသူမ်ားထဲမွ တစ္ဦးက အျပင္သို႔ ထြက္ၿပီး တရင္းတႏွီး ေမးလိုက္၏။
ဆရာႀကီးရဲ႕ နာမည္နဲ႕ ကြၽန္ေတာ္တို႔ရဲ႕ လမ္းကို ပိတ္ထားတဲ့ အေၾကာင္းအရင္း သိလို႔ရမလား"
ဓားသမားက ျဖည္းျဖည္းခ်င္း လွည့္လာသည္။ သူ၏ ခြၽန္ျမေသာ မ်က္ႏွာက ၿပဳံးေနေသာ္ျငား ထိုအၿပဳံးထဲတြင္ ထူးဆန္းသည့္ ခံစားခ်က္ တစ္ခု ပါေနၿပီး ေဝဝါးဝါးရွိေနကာ ရွင္းျပရန္ ခက္ခဲေပ၏။ သူက လက္ပိုက္ထားလ်က္ လူႀကီး လူေကာင္း အသြင္ျဖင့္ ေျပာလိုက္သည္။
က်ဳပ္ေတာင္းပန္ပါတယ္
ဪ ဒီေတာ့ နားလည္မႈ လြဲသြားတာကိုး၊ ဒါဆို ရပါၿပီ
က်င့္ႀကံသူက လက္သီးႏွစ္ဖက္ကို ဆုတ္လ်က္ ေျပာလိုက္သည္။
ႏႈတ္ဆက္ပါတယ္
ကံဆိုးသည္မွာ ဓားသမားသည္ လမ္းကို မဖယ္ေပးေပ။ သူက မတူညီသည့္ အၿပဳံးရွိေနၿပီး ရထားလုံးႏွင့္ က်င့္ႀကံသူ တစ္စုံကို ၾကည့္ေနေသးဆဲ ျဖစ္သည္။
က်ဳပ္ေတာင္းပန္ပါတယ္
ဒုတိယ အႀကိမ္ေျပာၿပီးေနာက္ ေလထုက ပိုမိုၾကမ္းတမ္းလာ၏။ ၿပီးေနာက္ ဝတ္႐ုံနက္ က်င့္ႀကံသူ တစ္စုသည္ သူ႕ေနာက္ေက်ာရွိဓားက ေျမာက္တက္လာၿပီး စြမ္းအင္ စီးေၾကာင္းမ်ား ခႏၶာကိုယ္ထဲမွ စီးထြက္လာကာ ဓားနားတစ္ဝိုက္ ရစ္ဝဲေနတာကို ေတြ႕လိုက္ရသည္။ ထိုျမင္ကြင္းကို ျမင္ၿပီး စကားထပ္ေျပာသည့္ က်င့္ႀကံသူက မ်က္လုံးမ်ား ျပဴးက်ယ္သြားကာ ေျပာလိုက္မိ၏။
ဓားနတ္ဆိုး။ ဓားနတ္ဆိုးလား။ ရထားလုံးကို ပစ္ၿပီးေတာ့ မင္းတို႔ အသက္အတြက္ ေျပးၾကေတာ့
ဝတ္႐ုံနက္ က်င့္ႀကံသူကသည္ လွ်ပ္ျပက္သည့္ႏွယ္ အရပ္မ်က္ႏွာအႏွံ႕ ျမန္နိုင္သမွ် ျမန္ျမန္ ထြက္ေျပးၾကေတာ့သည္။ သို႔ေသာ္ ဓားအလင္းက အနီေရာင္ အလင္းအျဖစ္ မွိန္ေဖ်ာ့ေဖ်ာ့ လင္းလာသည္။ ႏွစ္ခု၊ ေလးခု၊ ၿပီးေနာက္ ရွစ္ခု ကြဲသြားကာ က်င့္ႀကံသူ တစ္ဦးခ်င္းဆီသို႔ ဝင္ေရာက္သြားေတာ့၏။
ဓားမိုးက က်င့္ႀကံသူ တစ္စုကို အလြယ္တကူ ထိုးေဖာက္သြားၿပီး ေျခာက္ေသြ႕ေနေသာ ေပါင္းပင္မ်ားကို ရိတ္သိမ္းလ်က္ ေဆြးေျမ့ေနေသာ ေခ်မြသြားခဲ့သည္။ ဓားသမားက တူညီသည့္ အၿပဳံး ရွိေနေသးဆဲ ျဖစ္ကာ လက္ပိုက္ထား၏။ သူ၏ဓား သူ႕ဆီမွ ထြက္သြားၿပီးေနာက္ က်င့္ႀကံသူမ်ားကို ၾကည့္တာ ရပ္တန႔္လိုက္သည္။
က်ဳပ္ေတာင္းပန္ပါတယ္
တတိယ အႀကိမ္ ေျပာလိုက္၏။ ထိုသို႔ ေျပာၿပီးေနာက္ ထိုပုံရိပ္က လႈပ္ရွားသြားၿပီး ေပ်ာက္ကြယ္သြားေတာ့၏။
.....
မိစ္ဆာေဝဟင္ ေမွ်ာ္နန္း၏ မဟာခန္းမေဆာင္ထဲတြင္
သူ၏ ဆရာ တစ္စုံတစ္ခုကို ေတြးေတာေနပုံေပၚတာကို ျမင္သည့္ အခ်ိန္၌ မင္ရွစ္ရင္က အရိုအေသ ေပးၿပီးေနာက္ ေျပာလိုက္၏။
ရွစ္စြင္း မိစ္ဆာဘုရားေက်ာင္းက က်င့္ႀကံသူ တစ္ေယာက္ ေနာက္ဆုတ္သြားပါၿပီ။ လေရာင္စြန္းနန္းေတာ္က အမ်ိဳးသမီး က်င့္ႀကံသူ တစ္စုကို တပည့္တို႔ ဘာလုပ္သင့္လဲ"
သူက သူ႕ဆရာ ေတြးေနတာကို မေသခ်ာ မေရရာ ျဖစ္ေန၏။
အတိတ္တုန္းက ဆိုလွ်င္ သူတို႔အတြက္ အျပစ္ဒဏ္က ေသျခင္းတရားသာ ျဖစ္ေပလိမ့္မည္။ အေၾကာင္းမွာ သူတို႔၏ ေခါင္းေဆာင္ ယဲ့ထ်န္းရွင္းက ဂိုဏ္းမွ ထြက္ခြာၿပီး ဆရာကို သစၥာေဖာက္ခဲ့ေသာေၾကာင့္ ျဖစ္သည္။
လုက်ိဳးက သူ၏ ေမးခြန္းကို ခ်က္ခ်င္းမေျဖဘဲ ေရွာင္ယြမ္အာကို လွည့္ၾကည္လိုက္သည္။
ထိုမိန္းမငယ္ေလးက အျပစ္ကင္းၿပီး ရိုးရွင္းသည္။ သို႔ေသာ္ အႏၱရာယ္ရွိသည့္ အေတြးမ်ား ေပၚထြက္လာတတ္၏။ ထို႔ေၾကာင့္ သူသည္ သူမကို စမ္းသပ္ခ်င္လာသည္။
သူတို႔ကို ဘာလုပ္သင့္တယ္လို႔ ထင္လဲ ယြမ္အာ"
အမ္...
ေရွာင္ယြမ္အာက အနည္းငယ္စိတ္လြတ္သြားၿပီးေနာက္ အသံတိုးတိုးျဖင့္ ေျပာလိုက္၏။
သူတို႔ အားလုံးကို တပည့္တို႔ ဘာေၾကာင့္ မသတ္ရမွာလဲ
အဟြတ္အဟြတ္
မင္ရွစ္ရင္က ေခ်ာင္းဟန႔္ၿပီးေနာက္ သူ၏ ဆရာတူညီမကို အျပစ္ရွိစိတ္ျဖင့္ ၾကည့္လိုက္သည္။
လုက်ိဳးေခါင္းခါက သူမ၏ ေခါင္းကို လက္ျဖင့္ ပုတ္လိုက္သည္။
တပည့္သိပါၿပီ ရွစ္စြင္း သူတို႔ကို တပည့္ အခုလႊတ္လိုက္မယ္
ေရွာင္ယြမ္အာက ၿပဳံးၿပီး ေျပာလိုက္ေတာ့၏။
သူတို႔ကို လႊတ္မယ္လို႔ ဘယ္တုန္းက ေျပာမိလဲ
အမ္..
ထိုစဥ္ မင္ရွစ္ရင္က လက္သီးဆုတ္လ်က္ေျပာလိုက္သည္။
ရွစ္စြင္း လက္တေလာ မိစ္ဆာေဝဟင္ ေမွ်ာ္နန္းထဲက အစိတ္အပိုင္းေတြ အမ်ားႀကီး ၿပိဳကြဲေနတာကို ေတြ႕လိုက္ရတယ္။ အခ်ိဳ႕အပိုင္းေတြက သန႔္ရွင္းၿပီး ျပန္ျပင္ဖို႔ လိုေနတယ္။ သူတို႔ကို ကြၽန္အျဖစ္ ထားၿပီး တပည့္တို႔အတြက္ အလုပ္လုပ္ခိုင္းရင္ေရာ
လုက်ိဳးက သူ႕ကို တစ္ခ်က္ၾကည့္ၿပီး အႀကံဉာဏ္ကို ေတြးလိုက္၏။
ဒီေကာင္စိတ္ထဲမွာ ဘာေတြ ရွိေနတာလဲ။ သူေျပာတဲ့ ပုံက ငါကပဲ တရားမဝင္ စက္႐ုံက စိတ္ႏွလုံး မဲညစ္တဲ့ ႀကီးၾကပ္သူ တစ္ေယာက္ပုံမ်ိဳးနဲ႕။ ဒါေပမဲ့ ဒါ အႀကံေကာင္းပဲေလ။
ေကာင္းၿပီေလ သူတို႔ကို မိစ္ဆာေဝဟင္ေမွ်ာ္နန္းကို ျပင္ခိုင္းလိုက္။ သူတို႔ ၿပီးသြားၿပီ ဆိုတာနဲ႕ ျပန္လည္သုံးသပ္ျခင္းဂူထဲကို ထည့္ထားလိုက္ေလ။ ဒီလိုဆိုရင္ ယဲ့ထ်န္းရွင္းနဲ႕ သူတို႔ ေဝဒနာ အတူတူ ခံစားနိုင္တာေပါ့
လုက်ိဳးက ေျပာလိုက္သည္။
ဒီတပည့္က ရွစ္စြင္းရဲ႕ အမိန႔္ကို နာခံပါ့မယ္
သူသည္ တစ္စုံတစ္ခုကို ေတြးေနသည္ႏွင့္ မင္ရွစ္ရင္က သက္ေသမ်ားကို စုစည္းလ်က္ ေမးလိုက္ေတာ့သည္။
ရွစ္စြင္း အခု တပည့္တို႔က လေရာင္စြန္း နန္းေတာ္ တစ္ခုလုံးအတြက္ အျပစ္ဒဏ္ကို ဆုံးျဖတ္ၿပီးၿပီ။ ဒါဆို တပည့္တို႔ ယဲ့ထ်န္းရွင္းရဲ႕ က်င့္ႀကံဆင့္ကလည္း ဖ်က္ဆီးခံရၿပီးၿပီ။ ျပန္လည္သုံးသပ္ေရးဂူကလည္း အေတာ္ေအးတာ အၾကာႀကီး အပိတ္ခံထားရင္ ေသသြားမွာ စိုးရိမ္မိတယ္
လုက်ိဳးက လက္တစ္ဖက္ ျမႇောက္ၿပီးေနာက္ သူ႕ကို ၾကားျဖတ္ေျပာလိုက္သည္။
မင္းက သူ႕ကို က႐ုဏာ သက္ေနတာလား
မဟုတ္ပါဘူး။ တပည့္မဝံ့ရဲပါဘူး
မင္ရွစ္ရင္က လန႔္သြားသည္။
ယဲ့ထ်န္းရွင္းက ဂိုဏ္းကို စြန႔္ခြာၿပီး ဆရာကို သစၥာေဖာက္ခဲ့တာ သူခံသင့္တယ္
ငါ့မွာ ငါ့ကိုယ္ပိုင္ အစီအစဥ္ရွိတယ္
တပည့္နားလည္ပါၿပီ ရွစ္စြင္း
မင္ရွစ္ရင္သည္ ယဲ့ထ်န္းရွင္းအေၾကာင္း ထပ္မံ မေျပာရဲေတာ့ေခ်။ သူက မဟာခန္းမထဲမွ လွည့္ထြက္သြားေတာ့သည္။ မိစ္ဆာေဝဟင္ ေမွ်ာ္နန္းထဲမွ ထြက္လာၿပီးေနာက္ သူက သက္ျပင္းခ်ကာ ေတြးလိုက္၏။
ကံေကာင္းလို႔ ေမးခြန္းကို ေျဖလိုက္တဲ့သူက ရွစ္ေမ့ ျဖစ္ေနတာ။ ရွစ္စြင္းရဲ႕ အေတြးေတြက အခုဆို မွန္းဆဖို႔ ပိုခက္ခဲလာၿပီ
က်ိဳးရွင္ခ်န္၏ သနားစဖြယ္ အဆုံးသတ္ကို ေတြးမိသည့္ အခ်ိန္၌ သူေခါင္းခါကာ ေနာက္က် ထိုမွ် ရန္လိုျခင္း မရွိရဟူ၍ ဆုံးျဖတ္လိုက္ေတာ့သည္။
ရွစ္စြင္း ကြၽန္ေတာ္ရဲ႕ ဒဏ္ရာကို ကုသဖို႔အတြက္ အခု ထြက္သြားေတာ့မယ္
မင္ရွစ္ရင္ မဟာခန္းမထဲမွ ထြက္သြားတာကို ျမင္ၿပီးေနာက္ တြမ့္မူရွန္းက ေျပာလိုက္သည္။
ေနဦး
လုက်ိဳးက ျဖည္းျဖည္းခ်င္း ေျခႂကြၿပီးေနာက္ တြမ့္မူရွန္းေရွ႕သို႔ ေရာက္လာကာ ခ်ိန္းႀကိဳးမ်ားကို ၾကည့္လိုက္ေတာ့၏။
ႏွစ္တစ္ေထာင္သက္တမ္းရွိ ေအးစက္ေနေသာ သံမဏိျဖင့္ ျပဳလုပ္ထားေသာ ခ်ိန္းႀကိဳးမ်ားသည္ သာမန္ လက္နက္ျဖင့္ ဖ်က္ဆီးရန္ မျဖစ္နိုင္ေပ။ ေကာင္းကင္ အဆင့္ လက္နက္ျဖင့္သာ ဖ်က္ဆီးနိုင္ေပ၏။ သို႔ေသာ္ ယခုအခ်ိန္တြင္ လုက်ိဳးက သူအသုံးျပဳနိုင္သည့္ ေကာင္းကင္ အဆင့္ လက္နက္မရွိဘဲ အေသရိုက္ခ်က္ကတ္ ႏွစ္ကတ္သာ ရွိသည္။
ေမးခြန္းက ခ်ိန္းႀကိဳးကို ေျဖရွင္းရန္ အတြက္ ကတ္ကို အသုံးျပဳသင့္လား။ အဲဒါက တြမ့္မူရွန္းကိုပါ တစ္ခါတည္း ထိသြားေစနိုင္မလား။
တြမ့္မူရွန္းသည္ သူ၏ ရွစ္စြင္းက ခ်ိန္းႀကိဳး၌ အာ႐ုံစိုက္ေနတာကို ျမင္သည့္ အခ်ိန္၌ အေပ်ာ္လြန္သြားသည္။ သူက အရိုအေသေပးကာ ေျပာလိုက္၏။
ရွစ္စြင္း ရွစ္စြင္းရဲ႕ စြမ္အား ေအာက္မွာ ဒီခ်ိန္းႀကိဳးက သတၱဳအက်ိဳးအပဲ့ ဒါမွမဟုတ္ စာ႐ြက္ တစ္႐ြက္လိုပါပဲ
ေရွာင္ယြမ္အာက သူမ၏ လက္ျဖင့္ ေအးစက္ေနေသာ ခ်ိန္းႀကိဳးကို ထိၾကည့္လိုက္သည္။ ေသးငယ္ေသာ အကၡရာမ်ားကို ျမင္သည့္ အခ်ိန္၌ သူမက ဖတ္လိုက္ေတာ့သည္။
ေကာင္းကင္ဓားဂိုဏ္း
ထိုစကားကို ၾကားေသာ အခါ က်ိဳးက်စ္ဖုန္းက ဒူးေထာက္ၿပီးေနာက္ ေျပာလိုက္သည္။
ဒါဒါ...ဒါက ကြၽန္ေတာ္နဲ႕ ဘာမွ မဆိုင္ပါဘူး
တြမ့္မူရွန္းက သူ႕ကို ဖ်က္ခနဲ ၾကည့္ၿပီး ေျပာလိုက္သည္။
စိတ္မပူနဲ႕ ရွစ္စြင္းက ဒီလိုခ်ိန္းႀကိဳး ဆယ္ခု မဟုတ္ဘူး ခ်ိန္းႀကိဳး အခု တစ္ရာကိုေတာင္ ေအးေအးေဆးေဆး ဖ်က္ဆီးနိုင္တယ္။ တစ္ခုဆို ေအးေဆးေပါ့
....
သူသည္ ခ်ိန္းႀကိဳးကို ၾကည့္ၿပီးသည့္ အခ်ိန္၌ အေတြးမ်ားကို ဖုံးကြယ္ရန္ တည္ၿငိမ္သည့္ အမူအရာ ပန္ဆင္ထားလိုက္သည္။ ၿပီးေနာက္ လက္ေနာက္ပစ္ကာ ေျပာလိုက္ေတာ့၏။
ယြမ္အာ ငါ့ကို အခန္းထဲ ျပန္ပို႔ေပး
ဟုတ္
လုက်ိဳးႏွင့္ ေရွာင္ယြမ္အာ ထြက္သြားသည့္တိုင္ တြမ့္မူရွန္က သူေျပာတာ ဘာမွားမွန္း မသိေသးေပ။
က်ိဳးက်စ္ဖုန္းက ထရပ္လိုက္ၿပီးေနာက္ အေတာ္ေလး အေနရခက္စြာ ေျပာလိုက္၏။
တတိယ သခင္ေလး ကြၽန္ေတာ္ ဒီခ်ိန္းႀကိဳးကို တကယ္ မျဖတ္နိုင္ဘူး
ကြၽန္ေတာ္လည္း မျဖတ္တတ္ဘူး
ယြမ္က်ဳံးက ေျပာ၏။
ငါ့ေရွ႕က ထြက္သြားၾက
ဟုတ္
လူႏွစ္ေယာက္လုံးက မိစ္ဆာေဝဟင္ေမွ်ာ္နန္းထဲမွ ေျပးထြက္သြားၾကသည္။
တြမ့္မူရွန္းက ေခါင္းကုတ္လိုက္သည္။ သူ၏ ဆရာသည္ က်ိဳ႕ရွစ္ခ်န္း၏ ထိုးႏွက္ခ်က္မ်ားစြာကို ခ်ိန္းႀကိဳးျဖင့္ သူပိတ္ဆို႔တာကို သိၿပီးေနာက္ သူ႕ကို သဲလြန္စ အခ်ိဳ႕ေပးရန္ ႀကိဳးစားေနသည္လားဟု ေတြးေနမိသည္။ သို႔တည္းမဟုတ္ ခ်ိန္းႀကိဳးမ်ား ခ်ည္ႏွောင္ထားျခင္းက သူ၏ က်င့္ႀကံမႈ အေျခခံအတြက္ အက်ိဳးအျမတ္ရွိေစသည္ဟု ေျပာခ်င္ပင္လားမသိ။
ရွစ္စြင္းက ဉာဏ္ပညာ ႀကီးမားတဲ့သူပဲ။ သူ႕ရဲ႕ အေတြးကို ခန႔္မွန္းဖို႔ ႀကိဳးစားေနတာကို ရပ္လိုက္ရင္ ပိုေကာင္းမယ္။
ဟုတ္တယ္။ ဒီလိုပဲ ျဖစ္ရမယ္ အခ်ိန္အတိုင္းအတာ တစ္ခု အထိ ဒီခ်ိန္းႀကိဳးေတြနဲ႕ ေနရ႐ုံေပါ့။
မိစ္ဆာဘုရားေက်ာင္း၏ မဟာခန္းမေဆာင္ထဲတြင္
အရွင္... ဒုေခါင္းေဆာင္က ေ႐ႊနန္းဥယ်ာဥ္ေတာင္ကို သြားတုန္း အသက္ခံလိုက္ရတာ။ ကြၽန္ေတာ္တို႔ လူေတြက ေတာင္နဲ႕ မိုင္ရွစ္ဆယ္ အကြာ ေျမာက္ဘက္ အရပ္မွာ မွင္ျပာေရာင္ နဂါးရထားလုံးကို ေတြ႕ခဲ့ၿပီး သူ႕လူေတြ ျဖစ္ခဲ့တဲ့ အေလာင္း တစ္ရာငါးဆယ္ကိုလည္း ေတြ႕ခဲ့ပါတယ္
သတင္းပို႔တာကို ၾကားၿပီးေနာက္ ေခါင္းေဆာင္ေဒါသထြက္လိမ့္မည္ဟု ထိုလူက ထင္ခဲ့သည္။ သို႔ေသာ္ ေခါင္းေဆာင္က ေဒါသ မထြက္ေပ။
ဒုေခါင္းေဆာင္က ေ႐ႊနန္းဥယ်ာဥ္ေတာင္ကို ဖိႏွိပ္ဖို႔ ဒီစစ္ဆင္ေရးအတြက္ က်င့္မင္တာအိုဂိုဏ္းနဲ႕အေပးအယူ လုပ္ခဲ့တာ။ အရွင္မင္းႀကီးကေတာင္ သူ႕ကို ပံ့ပိုးေပးခဲ့ေသးတယ္။ ဒါကိုေတာင္ အဲဒီ မိစ္ဆာႀကီးက
ပါးစပ္ပိတ္
ေခါင္းေဆာင္၏ ေလးနက္ေသာ အသံက ထိုလူ၏ နားထဲ မိုးႀကိဳးသံႏွယ္ ေပါက္ကြဲသြားၿပီး ေၾကာက္လန႔္မႈေၾကာင့္ သူ႕ကို ဒူးေထာက္က်သြားေစကာ မ်က္ႏွာ ျဖဴေရာ္သြားေစ၏။
ေက်းဇူးျပဳၿပီး စိတ္ေအးေအးထားပါအရွင္
က်င့္မင္ တာအိုဂိုဏ္းက အဘိုးႀကီးေတြကို သတင္းေပးလိုက္။ ငါက ဒီကိစၥေၾကာင့္ ေဒါသ မထြက္ဘူး။ ဒါကို စိတ္ထဲ မထားဘူး။ မိစ္ဆာဘုရားေက်ာင္းႏွင့္ က်င့္မင္တာအိုဂိုဏ္းရဲ႕ ပူးေပါင္းမႈက အရင္အတိုင္းပဲ။ ဒါေပမဲ့ သူတို႔ေတြ ငါတို႔ကို စိတ္ရင္းမွန္ တခ်ိဳ႕ ျပမယ္လို႔ ေမွ်ာ္လင့္တယ္"
ဟုတ္ ဟုတ္ ဟုတ္ကဲ့ အရွင္ ေနာက္ထပ္ တင္ျပစရာ ရွိပါေသးတယ္
ေျပာ
က်င့္မင္ တာအိုဂိုဏ္းက ပညာရွင္ႏွစ္ေယာက္က မေန႕တုန္းက ဓား႐ူးနဲ႕ ေလ့က်င့္ခ်ိန္ ဒဏ္ရာ ဆိုးဆိုးဝါးဝါး ရသြားခဲ့တယ္။ ကြၽန္ေတာ္ စိုးရိမ္တာက သူတို႔ေတြ အရွင့္ကို ဒီေန႕ မေတြ႕နိုင္မွာပဲ
ဒီကေနထြက္သြား
သူ၏ မိုးၿခိမ္းသံကဲ့သို႔ အသံက ထိုလူကို မဟာခန္းမေဆာင္ထဲက ေၾကာက္လန႔္တၾကား ထြက္ေျပးသြားေစ၏။ သူ၏ ဘယ္ဘက္ႏွင့္ ညာဘက္ျခမ္းရွိ ကုလားထိုင္မ်ားကလည္း အက္သြားေတာ့သည္။
ငါ့ရဲ႕ ေကာင္းကင္ က်င့္စဥ္ၿပီးသြားတာနဲ႕ အဲဒီ မိစ္ဆာႀကီးကို ငါကိုယ္တိုင္ သတ္မယ္
...