ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)

By Meng_L

1.4M 235K 22.4K

Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ေက်ာင္းသာ... More

ဇာတ်ကောင်မိတ်ဆက်
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄) ပ
အခန်း(၂၄) ဒု
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း(၆၉)
အခန်း(၇၀)
အခန်း(၇၁)
အခန်း(၇၂)
အခန်း(၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)
အခန်း(၇၈)
အခန်း(၇၉)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂)
အခန်း(၈၃)
အခန်း(၈၄)
အခန်း(၈၅)
အခန်း(၈၆)
အခန်း(၈၇)
အခန်း(၈၈)
အခန်း(၈၉)
အခန်း(၉၀)
အခန်း(၉၁)
အခန်း၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၈)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၃)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်း(၁၀၈)
အခန်း(၁၀၉)
အခန်း(၁၁၀)
အခန်း(၁၁၁)
အခန်း(၁၁၂)
အမေးအဖြေ(၃၀)
အချပ်ပို(၁)
အချပ်ပို(၃)
အချပ်ပို(၄) ပ
အချပ်ပို(၄) ဒု
အချပ်ပို(၄) တ
T/N
Notice!

အချပ်ပို(၂)

8.6K 1.4K 184
By Meng_L

伪装学渣
Wei Zhuang Xue Zha


UNICODE

အကုန်လုံးသူ့အပိုင်


'အာမခံရောင်း'ဆိုသည့် ဤစာလုံးဖြင့် အစောကတည်းက အခန်း(3)ကကျောင်းသားများထံမှနေ လှောင်ရယ်ရယ်ခံရပြီးဖြစ်လေသည်။

ကနဦးကဆို ရှဲ့ယွီကပင် ထိပ်ဆုံးကနေဦးဆောင်ပြောလာခြင်း။

"မင်းက အဲ့တာဖြည့်တာ?"

"ဟိုရွေးဒီရွေးနဲ့ အများကြီးထဲကမှသေချာလေးကိုရွေးထားတာ ၊ တော်တော်ကိုပြောင်မြောက်ပါတယ်။"

ဟယ့်ကျောင်းမှာ ကျောင်းသို့ပြန်လာရချိန်၌ ဖြစ်သလိုသာဝတ်စားကာ ဖိနပ်အားလည်းကွင်းထိုးတစ်ရံသာစီးလို့လာသည်။ ကွန်ပျူတာခန်းထဲ ကိုယ်ရွေးချယ်မည်တို့အားဖြည့်စွက်ရင်း ထပ်မံဆိုလာ၏။

"မင်းတို့ကိုထိုးပေးထားတဲ့ လက်မှတ်တွေသေချာသိမ်းထားကြရဲ့လား ၊ နောက်ပိုင်းအစ်ကို ထင်ပေါ်ကျော်ကြားလာချိန်ကြ. . .  . . ."

ထင်ပေါ်ကျော်ကြားဦးမတဲ့။

ရှဲ့ယွီမှာ ဆက်နားမထောင်နိုင်တော့၍ ဖြတ်လို့ပြောလိုက်တော့သည်။

"အလွန်မှ ပြောင်မြောက်လှပါပေတယ် ၊ အာမခံရောင်းမှာ ၊ ကြီးပွားတိုးတက်ဦးမယ့် တက်သစ်စလုပ်ငန်းကြီးပဲ။"

". . . . . ."

(T/N : ကျောင်းကောက စီးပွားစီမံကိုမှ financeယူတာပါ ၊ အဲ့တာနဲ့ဘွဲ့ရရင် တချို့တွေကအာမခံကုမ္ပဏီမှာအလုပ်ဝင်ပြီး အာမခံရောင်းကြလို့ စနောက်ကြတဲ့သဘောမျိုးပါ။)

ထိုသို့သာပြောမိပေမယ့် ရှဲ့ယွီမှာမနေနိုင်ဘဲ သူတို့ဖြည့်ထားတဲ့ရွေးချယ်ရာအခွင့်အလမ်းတို့အား တစ်ခေါက်ပြန်ကြည့်မိရ၏။ ကိုယ့်ဟာကိုတစ်ချက်ကြည့်ပြီးနောက် တဖန်ဟယ့်ကျောင်းဟာကိုတစ်ချက်ကြည့်မိရသည်။

ကြည့်သာကြည့်တာ ကိုယ့်ကိုယ်ကိုယ်ဘာကြည့်လို့ကြည့်မိမှန်းပင် မသိတော့—-  —-

သူတို့နှစ်ယောက်စလုံး တစ်ခုတည်းသာရွေးချယ်ဖြည့်လို့ထားကြတာဖြစ်သည်။ နောက်ပိုင်းသည်ကား အကုန်ဗလာချည်းဖြစ်ရာ အခန်း(3)ကကျန်သူများမှာဆို အံ့အားတသင့်ဖြင့်အသက်ရှူမှားကုန်ကြရ၏။ မွေးဖွားလာသည့်တစ်လျှောက် ဒီလောက်အထက်စီးဆန်းလွန်းသည့်မေဂျာရွေးခြင်းမျိုးအား ဒီတစ်ကြိမ်သာမြင်တွေ့ဖူးခြင်းပါပေ။

"လေးစားတယ် မင်းတို့ကိုတော့လေးစားတယ်ဟေ့. ."

ဝမ့်သာမှာ တိုးကပ်ကြည့်ပြီး စုတ်တသပ်သပ်နဲ့ရှိရ၏။

"ဥစ္စာအတွက်အသက်လုကြမယ့် ချင်းဟွာရဲ့နှစ်ထပ်ကွမ်း ထူးချွန်တဲ့သူရဲကောင်းတွေပါပဲ။ မင်းတို့နှစ်ယောက်ဒီလောက်တော်တက်နေမှတော့လည်း ငါတစ်သက်လုံးအမွှမ်းတင်ပေးနေပါ့မယ်။"

ဟယ့်ကျောင်းက ရယ်လျက် ဝမ့်သာအားတစ်ချက်လှမ်းရိုက်ပစ်လိုက်သည်။

"မင်းကရောဘာဖြည့်တာလဲ?"

"မင်းမှန်းကြည့်?"

ဝမ့်သာနှင့် ကျန်လူအများစုမှာ အကုန်အတူတူပင်ဖြစ်သည်။ အိမ်နဲ့နီးသည့် Aမြို့အနီးကတက္ကသိုလ်တစ်ခုကို ဖြည့်လိုက်ကြသည်သာ။

ရှဲ့ယွီသည် ကြည့်လိုက်ရင်းမှ ထိုအလုပ်ကဝမ့်သာနဲ့အတော်လေးကိုက်ညီကြောင်းတွေ့၍ စနောက်လိုက်ပါ၏။

"အာ ပါပါရာဇီပဲ။"

ဝမ့်သာ : "ငါ့ဒီဟာက မီဒီယာသတင်းထောက်ကွ!"

ခြေဖဝါးအောက်က ခြေလှမ်းတစ်လှမ်းတိုင်းက မြဲမြံမှုရှိကာ သူတို့တစ်စုရဲ့ ရှေ့အနာဂတ်ခရီးလမ်းကလည်း တဖြည်းဖြည်းရုပ်လုံးပေါ်ထင်ရှားလာခဲ့လျက်။

အထက်တန်းတတိယနှစ်စတက်စဉ်က ဝေဝါးခဲ့မှု ၊ ဘာလုပ်လို့လုပ်ရမှန်းမသိရှိမှု ဒါ့အပြင်ဘာရုပ်လုံးမှမပေါ်သေးသည့်အနာဂတ်. . .  . . . စသည်ရင့်ကျက်မှုမရှိသေးသည့်စိတ်တို့က အရွယ်ရောက်လာတဲ့လမ်းတစ်လျှောက် သိမ်းဆည်းထားဖို့ထိုက်တန်တဲ့ အဖိုးတန်ကလေးများပင်ဖြစ်ပေသည်။

ရှဲ့ယွီ စိတ်ထဲတွေးကြည့်မိရ၏ ၊ သူနဲ့ဟယ့်ကျောင်းသာမက အခန်း(3)ကလူတစ်စုလုံးပဲ တူညီတဲ့ထိုလမ်းပေါ်သို့ရောက်ခဲ့ကြသည် ၊ စိတ်ရင်းစစ်မှန်ဖြင့် ကျေးဇူးတင်ရမည်သာ - အဲ့တုန်းက လဲကျဖူးခဲ့လို့တော်သေးတာပေါ့။

တော်သေး အဲ့တုန်းကလဲကျခဲ့ဖူးလို့။

ခဏမျှတုံ့ဆိုင်းလို့ အနည်းငယ်လမ်းလွှဲလျှောက်မိခဲ့၍သာ ထိုမြင်ကွင်းမျိုးကိုမြင်တွေ့ခဲ့ရခြင်းပါပေ။





ရှဲ့ယွီလည်း ထိုအထိတွေးလာမိပြီးနောက် စားတာလည်းပြီးသလောက်ရှိနေပြီဖြစ်၍ ထမင်းဗူးအားပြန်ဖုံးထားလိုက်တော့သည်။

လက်တွဲဖော်မိတ်ဆက်အောင်သွယ်ပေးခြင်းအား ပါမောက္ခယန်မှာ ထိုတစ်ခါသာရှိခဲ့ပါ၏ ၊ သဘောပေါက်လွယ်သည့် လူကြီးတစ်ယောက်ပင်။ ထိုတစ်ကြိမ်ပြီးနောက်ပိုင်းမှာတော့ ခံစားချက်ရှိနေကြသည့်မိန်းကလေးတွေအကုန် စိတ်ဆန္ဒတို့အားအဆုံးသတ်လိုက်ကြပါသည်။ ပင်မလေအေးပေးစက်ကြီးထံမှ လေအေးတွေသာအတိုက်ခံလို့ နေ့စဉ်အေးခဲမတတ်ဖြင့် 'လေအေးတို့ကိုအဆုံးသတ်ပေးသူ'အဖြစ်ထပ်မံမျှော်လင့်ချက်တို့ထားမနေတော့ဘဲ သိမ်းဆည်းသာထားလိုက်ကြပါတော့သည်။

ရှဲ့ယွီ ရယ်လျက်ပြောမိ၏။

"အဲ့လောက်တောင်မှ အမှတ်သည်းခြေကြီးတယ်ပေါ့?"

"ကြီးတယ် ကိုယ်ကအမှတ်သည်းခြေကြီးရုံမကဘူး ၊ မင်းနဲ့ပတ်သက်သမျှဘာမဆိုအကုန်ကို မှတ်ထားတယ်။"

(T/N : ပါမောက္ခယန် ရှဲ့ယွီကို ကောင်မလေးမိတ်ဆက်ပေးတာကို ကျောင်းကောကမကျေနပ်နေသေးတာပါ xD)

ကြည့်လိုက်လျှင်တော့ နှလုံးသားမရှိသလိုလို ၊ အသေးအဖွဲကိစ္စများအားဂရုပင်မစိုက်ပါသည့် ဒါ့အပြင်သဘောထားလည်းကြီးသည့်လူတစ်ယောက်ဖြစ်ပါသည့် ထိုဆောင်းကောမှာ ချစ်သူကောင်လေးနှင့်ပတ်သက်လာလျှင်တော့ အလွန်မှသဘောထားသေးသိမ်လို့သွားပါ၏။

သဘောထားသေးကာ အလွန်ပင်ကပ်စေးကုတ်လွန်းလျက်ရှိသည်။

ဖြစ်နိုင်လျှင် ရှဲ့ယွီပတ်ပတ်လည်၌ စက်ဝိုင်းကြီးဝိုင်းထားပြီးကို ဘေး၌စာရေးလို့ပင်ထားချင်သေး၏ - ငါ့လူ!

အကယ်လို့ နေရာထပ်ရှိဦးမည်ဆို နောက်တစ်ကြောင်းပင် ထပ်ဖြည့်လိုက်ချင်သေးသည် - ထိတဲ့ကောင် သေမယ်မှတ်!






အချိန်လည်းမစောတော့ပြီမို့ နှစ်ဦးသားယှဉ်တွဲလျက် အဆောင်သို့ပြန်လာခဲ့လိုက်ကြသည်။

"စောစောအိပ်။"

"မင်းလည်း စောစောအိပ်။"

ပြန်ပြောလာသံကိုကြားပေသည့်တိုင် ဟယ့်ကျောင်းမှာ လွှတ်မပေးချင်သေးဘဲ လူကိုခဏကြာရင်ခွင်ထဲထွေးဖက်ထားလိုက်ပါသည်။ မီးမှိတ်ချိန်မှောင်ပြီဖြစ်၍ လူမြင်မည်ကိုမစိုးရိမ်ရ။

"အရင်ကလောင်ထန် ကိုယ်တို့ကိုအမြဲပြောနေကြ တက္ကသိုလ်ရောက်ရင်လုပ်ချင်တာအကုန်လုပ်လို့ရပြီ ဆိုတဲ့စကားကိုမှတ်မိသေးလား။"

"အင်း?"

"ချီးကိုလုပ်လိုက်။ လူလိမ်ပဲသူက ၊ ချိန်းတွေ့ဖို့အချိန်လေးတောင်မရှိဘူး။"

ရှဲ့ယွီမှာ နားထောင်ရင်းရယ်ချင်သွားရ၏။

ဒီတစ်လောအတွင်း သူလည်းအလုပ်တွေအရမ်းများနေသည်မှာအမှန်ပင်ဖြစ်ရာ လက်ဆန့်လို့ဟယ့်ကျောင်းမေးစေ့ကိုလှမ်းဆွဲလိုက်ပြီး ဦးဆောင်ကာအနမ်းတို့ချွေမိလျက်။

ဟယ့်ကျောင်းလည်း အကျင့်ပါနေကြအတိုင်း ရှဲ့ယွီခေါင်းအနောက်ဘက်အားထိန်းကိုင်လိုက်ပြီး တန်ပြန်ဦးဆောင်လိုက်ပါသည် ၊ ဆံပင်လေးတွေကနူးညံ့လှပါ၏။ သူသည်ပွတ်သပ်ရင်းမှနေ ဒီနှစ်ရက်အတွင်း ဆေးဌာနရဲ့ဝက်ဆိုဒ်ထဲက မြင်လိုက်ရတဲ့အကူအညီတောင်ခံတဲ့postတို့အား အမှတ်ရလိုက်မိသည် - ဆေးကျောင်းသားတွေကိုကူညီပါဦး! သင်သာ ကျွန်တော့်ကိုဆံပင်အုံထူစေအောင်လုပ်ပေးမယ်ဆို နောက်ပိုင်းကျွန်တော့်ရဲ့အသက်ကိုတောင် သင့်ကိုပေးသနားပါ့မယ်! အဓိကအချက် : သင့်လျော်မယ့် ဆံပင်သန်ပြီးရှည်ထွက်မယ့်ဆေးများရှိလား။ ဆေးတက်တာတတိယနှစ် ဆံပင်တွေကျွတ်ပြီးနည်းကုန်ပြီ ၊ ဆံပင်ကလည်း ထွက်တာနှေးနဲ့ ထိပ်ပြောင်ဖြစ်တော့မယ်. . .  . . .

တကယ်တမ်းကြ သူတို့စီးပွားစီမံဌာနလည်း ဘာထူးလို့လဲ ၊ ဟယ့်ကျောင်းသည် ရှဲ့ယွီနားအနားတိုးကပ်လို့ဆိုလိုက်မိပါ၏။

"မင်းကို ဆံပင်သန်ဆေးညွှန်ပေးရဦးမလား ၊ ကြိုတင်ပြီး ထိန်းသိမ်းထားရအောင်လေ?"

". . .  . . . မင်းလာခဲ့စမ်း။"

ဒီလောက်ညဉ့်နက်နေပြီဖြစ်ပေမယ့် ညလယ်စာလာပို့ပေးသည့် (၂၄)နာရီအပြည့်စံပြချစ်သူကောင်လေးမှာ ဒီလိုနဲ့ပဲအဆောင်အောက်အထိရောက်အောင်လိုက်အရိုက်ခံရတော့သည်။

ရှဲ့ယွီသည် ဆေးတက်ပြီးနောက် အတော်လေးထိန်းသိမ်းလာပါ၏ ၊ ပုံမှန်ဆို လက်ပါနေဖို့မလိုပါက မပါတော့။ အရွယ်လည်းရောက်ပြီမို့ နည်းလမ်းတို့တိုးတက်ပြောင်းလဲကာ များသောအားဖြင့် ဦးနှောက်နဲ့သာတိုက်ခိုက်အနိုင်ယူပစ်လိုက်ပါသည်။

သို့ပေသည့် ဘဲကိုတော့ရိုက်သင့်ရိုက်ရမည်သာ။

"အင်းပါ အင်းပါ ဟုတ်ပါပြီ. ."

ဟယ့်ကျောင်းမှာ ထုံးစံအတိုင်းအရှုံးပေးလျက် ရယ်မောကာဆိုမိရသည်။

"အစ်ကိုကြီး ကျွန်တော်မှားသွားပါတယ်။"

ရှဲ့ယွီ ထိုးဖို့ဟန်ပြင်နေတုန်းမှာပဲ ဟယ့်ကျောင်းက လက်ကောက်ဝတ်ကိုဖမ်းဆွဲကာ နောက်တစ်ကြိမ်ထပ်လို့သူ့ရင်ခွင်ထဲလူကိုဆွဲသွင်းပစ်၏။ ရှဲ့ယွီ ရုတ်တရက်ပြောမိသည်။

"ငါမနက်ဖြန် ဓာတ်ခွဲခန်းစီသွားဖို့မလိုဘူး။"

ဟယ့်ကျောင်းမှ တဒင်္ဂအတွင်း မတုံ့ပြန်နိုင်။

ရှဲ့ယွီက နောက်တစ်ခွန်းထပ်ဖြည့်ပြောလာပါသည်။

"ချစ်သူကောင်လေးကိုအဖော်ပြုပေးဖို့ စိတ်ကူးထားတယ်။"

ဆက်တိုက်ဆိုသလိုအလုပ်တွေများလှ၍ တစ်ခါတစ်လေဆိုသေလောက်အောင် ပင်ပန်းပေမယ့် လက်ထဲကအလုပ်ကိုမြန်မြန်ပြီးအောင်အဆုံးသတ်ကာ နားချိန်အနည်းငယ်ပိုလို့ရအောင်ယူဖြစ်၏။

ဟယ့်ကျောင်း : "မင်းကောင်လေးက မနက်ဖြန်မနက်အတန်းရှိတယ် ၊ မင်းသာများများအနားယူ အိပ်ရေးဝဝအိပ် ၊ နေ့လည်ကြမှထမင်းစားဖို့ ကိုယ်မင်းကိုလာခေါ်မယ်။"

"မင်းအတန်းရှိမှန်းသိတယ်. ."

ရှဲ့ယွီ ဟယ့်ကျောင်းအားကြည့်ကာ ပြောလိုက်သည်။

"အဖော်ပြုစာလိုက်ဖတ်ပေးဖို့လူလိုလား။"





ရှဲ့ယွီသည် အိပ်ရေးဝဝအိပ်ဖို့ရာစိတ်မကူးမိဘဲ နောက်တစ်နေ့၌ အတည်ပင်ဟယ့်ကျောင်းနှင့်အတူစာသင်ခန်းသို့သွားကာ တစ်မနက်ခင်းလုံးအဖော်ပြုအတန်းတက်ပေးဖြစ်သည်။

ဘဏ္ဍာရေးဘောဂဗေဒမိတ်ဆက်။

ထိုဆရာမှာဆို မသက်ဆိုင်ဘဲအတန်းထဲလာထိုင်သည့်အပြုအမူမျိုးအား နားလည်ခွင့်လွှတ်ပေးပါ၏။ တစ်ဖက်ကကြည့်မည်ဆို မိမိသင်ကြားပြသတာကိုသဘောကျလို့လို့ မှတ်ယူလိုက်ပြီး ကျန်တစ်ဖက်မှလည်း တခြားမေဂျာများကကျောင်းသားတွေ စာလေ့လာဖို့ကိုအတော်လေးအားတတ်သရောရှိတာပဲဟု မှတ်ယူကာကျေနပ်မိ၏။

ဤသို့ဖြင့် ကိစ္စရှိရှိမရှိရှိထိုသို့အတန်းထဲလာထိုင်တတ်သူများအား ထရပ်ခိုင်းပြီးစာမေးတတ်ပါသည်။

"ဒီကကျောင်းသား ထပြီးFinanceအပေါ် မင်းဘယ်လိုမြင်လဲဆိုတာကိုပြောပြပါဦး?"

ရှေ့တန်းကကျောင်းသားများကလည်း ဆရာညွှန်ပြရာစီလှည့်လို့ကြည့်လာကြလျက်။ ထိုတစ်ချက်ကြည့်မိခိုက်မှာပဲ ကိုယ့်အကြည့်တွေကိုယ်မထိန်းချုပ်ထားနိုင်ကြတော့။ ထိုဆေးဌာနရဲ့ 'ပင်မလေအေးပေးစက်'အပေါ်အလွန်မှစူးစမ်းချင်မိကြ၍ အခွင့်အရေးရတုန်း မကြာခဏလှမ်းကြည့်မိကြ၏။

ရှဲ့ယွီလည်း အေးအေးသက်သာပဲထရပ်လိုက်ပါသည်။

ဟယ့်ကျောင်းမှာတော့ ထိုကလေးလေး ဆရာရှေ့သွားပြီး 'အာမခံရောင်း'ဆိုသည့်စကားလုံးလေးလုံးဖြေကြားလိုက်မည်စိုးသဖြင့် တိတ်တိတ်ကလေးစာအုပ်လှန်ကာ ကြည့်ရန်ထိုးပြ၍ခပ်တိုးတိုးသတိပေးမိရလျက်။

"ဒီစာကြောင်းကိုရွတ်။"

ရှဲ့ယွီက ထရပ်ဖြေဆိုရတဲ့အပေါ်လန့်ဖျပ်ခြင်းအလျဉ်းမရှိ ၊ နှစ်ချက်မျှဝေ့ကြည့်ပြီးတာနှင့် ဆိုလိုရင်းအားကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖွင့်ဟဆိုလိုက်ပါသည်။

"မဆိုးဘူးပဲ ၊ ဒီကကျောင်းသားက ထိုးထွင်းဉာဏ်အတော်လေးကောင်းတာပဲ ထိုင်ထိုင်. ."

ဆရာကခေါင်းတညိတ်ညိတ်ဖြင့် မဲဆွယ်လာပါ၏။

"မေဂျာပြောင်းဖို့ကြိုဆိုပါတယ် ၊ ဆရာတို့ဌာနကတံခါးကို မင်းအတွက်အမြဲဖွင့်လှစ်ပေးထားမှာပါ ၊ ကိုယ့်ဆန္ဒတွေကို လုံးဝချုပ်ထိန်းမထားနဲ့။"

ရှဲ့ယွီ : ". . . . . ."

စာနွှေးအပြီးမှာတော့ စာသင်ချိန်တစ်ချိန်းလုံး မေဂျာနဲ့ဆိုင်တဲ့အဓိကအရေးပါချက်တို့ကိုရှင်းပြပေးလာလျက်ရှိသည်။ ဆရာမှာ သူ့အားထက်အခက်မတွေ့စေတော့ဘဲ ကျန်သူများမဖြေနိုင်သည့်မေးခွန်းနှင့်ကြုံပါက ဟယ့်ကျောင်းကိုသာဖြေခိုင်းလာပါသည်။

ဟယ့်ကျောင်းမှာ မှတ်စုမှတ်ဖို့မလိုချိန်များ၌ ဘောပင်အားဘေးနားချကာ ပြုမူနေကြအတိုင်းရှဲ့ယွီလက်ကိုသွားရောက်တွဲထားလိုက်တော့၏။

"ပျင်းနေပြီလား?"

"အတန်းကတော့နည်းနည်းပျင်းဖို့ကောင်းတယ်။"

ဆရာကငုံ့၍ PPT(PowerPoint)ပြောင်းနေချိန်ကြမှ ရှဲ့ယွီဆက်လို့ပြောမိသည်။

"မင်းနဲ့တူတူတက်နေရရင်တော့ မပျင်းတော့ဘူး။"

ရှဲ့ယွီအထင် နာရီဝက်လောက်ပင်ရှိတော့မည် ၊ ဖုန်ကအဆက်မပြတ်တုန်ခါနေ၍ ထုတ်ကြည့်စဉ်မှာတော့ ဖုန်းစခရင်ထက်၌ နံပါတ်စိမ်းတစ်ခု။

ကိုင်ကိုင်ချင်းမှာပဲ တစ်ဖက်မှအော်ပြောလာပါတော့သည်။

"ကျောင်းသားရှဲ့ယွီ မင်္ဂလာပါ ၊ ကျွန်တော်တို့ကပြဇာတ်ကလပ်ကပါ!"

ရှဲ့ယွီ ထိုတစ်ခွန်းကိုကြားတာနှင့် ဖုန်းအားဟယ့်ကျောင်းလက်ထဲထိုးထည့်ပေးလိုက်၏။

"ပြဇာတ်ကလပ်ကတဲ့ မင်းကိုရှာနေတာ။"

ဟယ့်ကျောင်းက ချက်ချင်းပဲချလို့ပစ်လိုက်ပြီး တိုးတိုးပြောလာသည်။

"မကိုင်ဘူး ၊ သူတို့တွေမပြီးနိုင်တော့ဘူးလား။ ဘယ်လိုတောင်မှ မင်းဖုန်းနံပါတ်ကိုပါရသွားသေးတာလဲ?"

ရှဲ့ယွီ : "ကလပ်ကထွက်လိုက်ပြီလား? ထိပ်ဆုံးကရေပန်းစားတဲ့သူဆိုပြီး မင်းနာမည်တွင်နေတာမဟုတ်ဘူးလား။"

"ယီးကိုရေပန်းစား။ တအားပဲစိတ်ရှုပ်ဖို့ကောင်းချက်က သည်းမခံနိုင်တော့ဘူး ၊ ကိုယ်ကပြဇာတ်ထဲ နှစ်ခါပဲဖြတ်လျှောက်ကလေးပါလိုက်တာကို fan clubတွေတောင်ဖွဲ့ကုန်ကြတော့တာလေ. . .  . . . ဘာများဖြစ်စေချင်တာတုန်း လူကိုdebutခိုင်းတော့မလို့လားပဲ?"






ကနဦးကျောင်းသားသစ်တွေ ကျောင်းလာအပ်ရသည့်ပထမဆုံးနေ့တွင် ဟယ့်ကျောင်းမှာ ချင်းဟွာတက္ကသိုလ်ဂိတ်ပေါက်ဝ၌ရပ်လို့မှ မိနစ်(၂၀)ပင်မပြည့်သေး တစ်ခါတည်းနဲ့ကိုနာမည်ကြီးလို့သွားပါ၏။

များပြားလှသည့်လူပင်လယ်ကြီးထဲ၌ ချင်းဟွာ၏သတင်းထောက်အဖွဲ့မှာ တစ်ချက်ထဲနဲ့ အင်တာဗျူးရမည့်ပစ်မှတ်အားတွေ့ရှိသွားခဲ့ပါတော့သည်။ သူတို့အားလုံးပဲ ထိုသူ မှားများရောက်လာသလားဟု သံသယဝင်မိရလျက် တကယ်ဆိုအနုပညာကျောင်းကိုသွားလျှောက်သင့်တာဟုတွေးမိကြသည်။

"အထက်တန်းတတိယနှစ်တက်တာ ပင်ပန်းလား? အခုလိုမျှော်မှန်းထားတဲ့အိပ်မက်ဖြစ်တဲ့ ကျောင်းဝင်းထဲအောင်အောင်မြင်မြင် ခြေချနိုင်လိုက်တော့ ဘယ်လိုများခံစားရပါသလဲ?"

"မဆိုးပါဘူး ၊ ဒီလိုပဲဖြေလိုက်တာပါပဲ။"

သတင်းထောက်အဖွဲ့မှ စက္ကန့်ပိုင်းမျှဆွံ့အသွားခဲ့ကြပြီး ပြန်လည်အဆင်ချောအောင်စကားဖာထေးရ၏။

"ဟားဟား ဒီကကျောင်သားဟယ့်က ဟာသဉာဏ်တယ်ရှိတာပဲကိုး ၊ အရင်ကတည်းက တက္ကသိုလ်တက်မယ့်တစ်လျှောက်အတွက် အစီအစဉ်တွေချထားဖူးတာမျိုးရှိသလား? တစ်နည်းပြောရရင် တက္ကသိုလ်ပညာရေး ၊ အသင်းအဖွဲ့လှုပ်ရှားမှုတွေနဲ့ ပေါင်းသင်းဆက်ဆံရေးဘက်တွေမှာ ဘယ်ဟာပိုအရေးကြီးတယ်လို့ထင်ပါသလဲ. . .  . . ."

ဟာသဉာဏ်ရွှင်ပါသည့် ကျောင်းသားဟယ့်က စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြေကြားလာပါသည်။

"ရည်စားထားဖို့က ပိုအရေးကြီးတယ်။"

". . . . . ."

အင်တာဗျူးဗီဒီယိုထွက်လာချိန်မှာတော့ ကျောင်းအတွင်း ဂယက်အကြီးအကျယ်ရိုက်ခတ်သွားခဲ့တော့၏။

ပြဇာတ်ကလပ်ကလည်း ထိုရေပန်းစားလျက်ရှိသူအားမျက်စိကျသွားကာ ထိုကျောင်းသားထံ ငြိမ်းချမ်းရေးအမှတ်သင်္ကေတ သံလွင်ခက်ကမ်းလာပါတော့သည်။

ဟယ့်ကျောင်းက နောက်ပြောင်ပျော်မြူးရတာတွေကြိုက်နှစ်သက်ပေမယ့် အကန့်အသတ်တော့ရှိ၏။ သူ့ကိုယ်ပိုင်fan clubထွက်ပေါ်လာမှုကလည်း အင်အားအတော်ပြင်းလေရာ လက်မှတ်တစ်စောင်ရဖို့ပင်မလွယ်တော့။ စီးပွားစီမံဌာနကကျောင်းသားများမှာ ဉာဏ်အလင်းပွင့်ကာ လက်မှတ်မှောင်ခိုရောင်းတာတွေအထိလုပ်လာပြီး လက်မှတ်တွေသိမ်းကျုံးဝယ်တော့သည်။

ဌာနပေါင်းစုံကြား တိုးတိုးတိတ်တိတ်သွားလာလျက် ဦးထုပ်ငိုက်စိုက်ဆောင်းထားပြီး လူတစ်ယောက်ထွက်လာတာမြင်သည်နှင့် လေသံတိုးတိုးလက်ဟန်ခြေဟန်ဖြင့်ပြောဆိုတတ်ကြသည်။

"လက်မှတ်အပိုရှိသေးလား ၊ စျေးများများပေးမယ်။"

ဤသို့ဖြင့် ဟယ့်ကျောင်းလည်း အချိန်မှီထိုလောကမှထွက်လာခဲ့လိုက်တော့သည်။





စိတ်ဝင်စားဖို့လည်းမကောင်း ရှုပ်လည်းရှုပ်သည့်financeတန်းတစ်ချိန်လာတက်သည့် ရှဲ့ယွီမှာအတန်းချိန်တစ်ဝက်ခန့်အကြာမှာတော့ မနေနိုင်တော့။ နားတစ်ဝိုက်လည်း ဘုရားစာရွတ်ဖတ်နေသလားအောက်မေ့ရ၏ ၊ အဆုံးမှာတော့ စားပွဲထက်သာမှောက်လို့အိပ်ပျော်သွားခဲ့ပါသည်။

ဟယ့်ကျောင်းမှာ ရှဲ့ယွီနှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်မည်စိုးသဖြင့် ဘယ်ဘက်လက်ဖြင့်မှတ်စုပြောင်းမှတ်ကာ ညာဘက်လက်ကတော့ ရှဲ့ယွီခေါင်းထက်အသာလေးတင်ထားမိ၏။

"ဟုတ်ပြီ ဒီအထိပဲပြောတာပေါ့ ၊ ဒါဆိုဆရာတို့ ပြန်ပြောကြည့်ရအောင် ၊ ဒီလိုဆိုမင်းတို့လည်း ပိုပြီးနားလည်တာပေါ့။ ဒီဦးစားပေးမှုကကြ အသုံတည့်ပေမယ့်လို့ စွန့်စားရာကြပြီးစက်ဆုပ်ဖွယ်ကောင်းတယ်. . .  . . ."

သူတို့နှစ်ယောက်ရဲ့ထိုအပြုအမူလေးက ဘာမှတော့မကြီးကျယ်ပေမယ့် လူစိတ်ဝင်စားမှုတော့ဖြစ်စေမြဲပင်။

ရှေ့တန်းကတစ်ယောက်မှာဆို ဘေးရှိလူကိုတို့ပြီး သူ(မ)အားနောက်လှည့်ကြည့်ဖို့ အချက်ပြလာ၏။

"သူတို့နှစ်ယောက်က. . .  . . ."

ဟယ့်ကျောင်းမှာ တစ်ယောက်ယောက်အကဲခတ်နေသည်ကိုသိပေမယ့် လက်ကိုထိုထားထားသည့်အနေအထားအတိုင်းသာ ထားမိ၏။

သူတို့နှစ်ဦးစလုံးပဲ ဆက်ဆံရေးအား ဘယ်တုန်းကမှ အထူးတလည် ဖုံးကွယ်ခြင်းမပြုသလို အထူးတလည်ထုတ်ပြောတာမျိုးလည်းမရှိ။ ကျန်သူများ၏အကြည့်တွေကို လုံးဝဥဿုံဂရုမစိုက်ဘဲ ဒီအတိုင်းပဲသဘောထားကြီးကြီးထားထားလိုက်ကြပါသည်။


ရှဲ့ယွီခဏကြာအိပ်လိုက်ပြီး မှေးစင်းနေသည့်မျက်ဝန်းတို့ဖြင့်နိုးလာချိန်၌ Financeဆရာမှာ 'အရဲစွန့်'တဲ့ပြဿနာအကြောင်းပြောကြားနေလေသည်။

နှစ်ဦးသားအတူထိုင်နေကြ၍ အမှတ်မထင်ဆိုသလို အရင်ကထုံကျောဖြစ်ခဲ့ကြသည့်အချိန်များကိုပင် ပြန်လည်အောက်မေ့မိ၏။

ဘေးရှိထိုလူမှာဆို ငယ်ရွယ်ပျိုမျစ်ကာမရင့်ကျက်သေးမှုတို့လျှော့ပါးသွားလျက် တည်တည်တံ့တံ့ရှိလာပါ၏။ ကိုယ်ထက်၌ ရှပ်အင်္ကျီကိုသေသေသပ်သပ်ဝတ်ဆင်ကာ ကြယ်သီးနှစ်လုံးခန့်အားဖြုတ်လို့ထားထားလေသည်။ လက်ကောက်ဝတ်ထက်တွင်မူ ရိုးရှင်းသည့်ဒီဇိုင်းပုံစံနာရီတစ်လုံးပတ်လို့ထား၏။

ထိုနာရီသည်ကား မနှစ်ကမွေးနေ့တုန်းက ရှဲ့ယွီလက်ဆောင်ပေးလို့ထားတာဖြစ်သည်။ လက်ပတ်ကြိုးအနီလေးနှင့်အတူတွဲဝတ်ထား၏ ၊ စတိုင်မတူသည့်အသုံအဆောင်နှစ်ခုအား အတူယှဉ်တွဲထားတာပေမယ့် မလိုက်မဖက်မဖြစ်။

မျိုးရိုးဟယ့် နာမည်ကျောင်းနှင့်အနှီလူမှာ ဘယ်အဆင့်နေရာမျိုးကိုပဲရောက်နေနေ အမြဲအလင်းတို့လက်ဖြာထွက်နေသလိုရှိတာပဲဟု ရှဲ့ယွီစိတ်ထဲမှနေတွေးမိရလျက်။

—-  —- ဒါ့အပြင် ပိုလို့အရေးကြီးဆုံးကတော့ ထိုလူ့အကုန်လုံးကသူ့အပိုင်ပဲဆိုတာပါပင်။











ZAWGYI


အခ်ပ္ပို()
အကုန္လုံးသူ႔အပိုင္


'အာမခံေရာင္း'ဆိုသည့္ ဤစာလုံးျဖင့္ အေစာကတည္းက အခန္း(3)ကေက်ာင္းသားမ်ားထံမွေန ေလွာင္ရယ္ရယ္ခံရၿပီးျဖစ္ေလသည္။

ကနဦးကဆို ရွဲ႕ယြီကပင္ ထိပ္ဆုံးကေနဦးေဆာင္ေျပာလာျခင္း။

"မင္းက အဲ့တာျဖည့္တာ?"

"ဟိုေရြးဒီေရြးနဲ႔ အမ်ားႀကီးထဲကမွေသခ်ာေလးကိုေရြးထားတာ ၊ ေတာ္ေတာ္ကိုေျပာင္ေျမာက္ပါတယ္။"

ဟယ့္ေက်ာင္းမွာ ေက်ာင္းသို႔ျပန္လာရခ်ိန္၌ ျဖစ္သလိုသာဝတ္စားကာ ဖိနပ္အားလည္းကြင္းထိုးတစ္ရံသာစီးလို႔လာသည္။ ကြန္ပ်ဴတာခန္းထဲ ကိုယ္ေရြးခ်ယ္မည္တို႔အားျဖည့္စြက္ရင္း ထပ္မံဆိုလာ၏။

"မင္းတို႔ကိုထိုးေပးထားတဲ့ လက္မွတ္ေတြေသခ်ာသိမ္းထားၾကရဲ့လား ၊ ေနာက္ပိုင္းအစ္ကို ထင္ေပၚေက်ာ္ၾကားလာခ်ိန္ၾက. . .  . . ."

ထင္ေပၚေက်ာ္ၾကားဦးမတဲ့။

ရွဲ႕ယြီမွာ ဆက္နားမေထာင္နိုင္ေတာ့၍ ျဖတ္လို႔ေျပာလိုက္ေတာ့သည္။

"အလြန္မွ ေျပာင္ေျမာက္လွပါေပတယ္ ၊ အာမခံေရာင္းမွာ ၊ ႀကီးပြားတိုးတက္ဦးမယ့္ တက္သစ္စလုပ္ငန္းႀကီးပဲ။"

". . . . . ."

(T/N : ေက်ာင္းေကာက စီးပြားစီမံကိုမွ financeယူတာပါ ၊ အဲ့တာနဲ႔ဘြဲ႕ရရင္ တခ်ိဳ႕ေတြကအာမခံကုမၸဏီမွာအလုပ္ဝင္ၿပီး အာမခံေရာင္းၾကလို႔ စေနာက္ၾကတဲ့သေဘာမ်ိဳးပါ။)

ထိုသို႔သာေျပာမိေပမယ့္ ရွဲ႕ယြီမွာမေနနိုင္ဘဲ သူတို႔ျဖည့္ထားတဲ့ေရြးခ်ယ္ရာအခြင့္အလမ္းတို႔အား တစ္ေခါက္ျပန္ၾကည့္မိရ၏။ ကိုယ့္ဟာကိုတစ္ခ်က္ၾကည့္ၿပီးေနာက္ တဖန္ဟယ့္ေက်ာင္းဟာကိုတစ္ခ်က္ၾကည့္မိရသည္။

ၾကည့္သာၾကည့္တာ ကိုယ့္ကိုယ္ကိုယ္ဘာၾကည့္လို႔ၾကည့္မိမွန္းပင္ မသိေတာ့—-  —-

သူတို႔ႏွစ္ေယာက္စလုံး တစ္ခုတည္းသာေရြးခ်ယ္ျဖည့္လို႔ထားၾကတာျဖစ္သည္။ ေနာက္ပိုင္းသည္ကား အကုန္ဗလာခ်ည္းျဖစ္ရာ အခန္း(3)ကက်န္သူမ်ားမွာဆို အံ့အားတသင့္ျဖင့္အသက္ရွူမွားကုန္ၾကရ၏။ ေမြးဖြားလာသည့္တစ္ေလၽွာက္ ဒီေလာက္အထက္စီးဆန္းလြန္းသည့္ေမဂ်ာေရြးျခင္းမ်ိဳးအား ဒီတစ္ႀကိမ္သာျမင္ေတြ႕ဖူးျခင္းပါေပ။

"ေလးစားတယ္ မင္းတို႔ကိုေတာ့ေလးစားတယ္ေဟ့. ."

ဝမ့္သာမွာ တိုးကပ္ၾကည့္ၿပီး စုတ္တသပ္သပ္နဲ႔ရွိရ၏။

"ဥစၥာအတြက္အသက္လုၾကမယ့္ ခ်င္းဟြာရဲ့ႏွစ္ထပ္ကြမ္း ထူးခၽြန္တဲ့သူရဲေကာင္းေတြပါပဲ။ မင္းတို႔ႏွစ္ေယာက္ဒီေလာက္ေတာ္တက္ေနမွေတာ့လည္း ငါတစ္သက္လုံးအမႊမ္းတင္ေပးေနပါ့မယ္။"

ဟယ့္ေက်ာင္းက ရယ္လ်က္ ဝမ့္သာအားတစ္ခ်က္လွမ္းရိုက္ပစ္လိုက္သည္။

"မင္းကေရာဘာျဖည့္တာလဲ?"

"မင္းမွန္းၾကည့္?"

ဝမ့္သာႏွင့္ က်န္လူအမ်ားစုမွာ အကုန္အတူတူပင္ျဖစ္သည္။ အိမ္နဲ႔နီးသည့္ Aၿမိဳ႕အနီးကတကၠသိုလ္တစ္ခုကို ျဖည့္လိုက္ၾကသည္သာ။

ရွဲ႕ယြီသည္ ၾကည့္လိုက္ရင္းမွ ထိုအလုပ္ကဝမ့္သာနဲ႔အေတာ္ေလးကိုက္ညီေၾကာင္းေတြ႕၍ စေနာက္လိုက္ပါ၏။

"အာ ပါပါရာဇီပဲ။"

ဝမ့္သာ : "ငါ့ဒီဟာက မီဒီယာသတင္းေထာက္ကြ!"

ေျခဖဝါးေအာက္က ေျခလွမ္းတစ္လွမ္းတိုင္းက ျမဲၿမံမွုရွိကာ သူတို႔တစ္စုရဲ့ ေရွ႕အနာဂတ္ခရီးလမ္းကလည္း တျဖည္းျဖည္း႐ုပ္လုံးေပၚထင္ရွားလာခဲ့လ်က္။

အထက္တန္းတတိယႏွစ္စတက္စဥ္က ေဝဝါးခဲ့မွု ၊ ဘာလုပ္လို႔လုပ္ရမွန္းမသိရွိမွု ဒါ့အျပင္ဘာ႐ုပ္လုံးမွမေပၚေသးသည့္အနာဂတ္. . .  . . . စသည္ရင့္က်က္မွုမရွိေသးသည့္စိတ္တို႔က အရြယ္ေရာက္လာတဲ့လမ္းတစ္ေလၽွာက္ သိမ္းဆည္းထားဖို႔ထိုက္တန္တဲ့ အဖိုးတန္ကေလးမ်ားပင္ျဖစ္ေပသည္။

ရွဲ႕ယြီ စိတ္ထဲေတြးၾကည့္မိရ၏ ၊ သူနဲ႔ဟယ့္ေက်ာင္းသာမက အခန္း(3)ကလူတစ္စုလုံးပဲ တူညီတဲ့ထိုလမ္းေပၚသို႔ေရာက္ခဲ့ၾကသည္ ၊ စိတ္ရင္းစစ္မွန္ျဖင့္ ေက်းဇူးတင္ရမည္သာ - အဲ့တုန္းက လဲက်ဖူးခဲ့လို႔ေတာ္ေသးတာေပါ့။

ေတာ္ေသး အဲ့တုန္းကလဲက်ခဲ့ဖူးလို႔။

ခဏမၽွတုံ႔ဆိုင္းလို႔ အနည္းငယ္လမ္းလႊဲေလၽွာက္မိခဲ့၍သာ ထိုျမင္ကြင္းမ်ိဳးကိုျမင္ေတြ႕ခဲ့ရျခင္းပါေပ။





ရွဲ႕ယြီလည္း ထိုအထိေတြးလာမိၿပီးေနာက္ စားတာလည္းၿပီးသေလာက္ရွိေနၿပီျဖစ္၍ ထမင္းဗူးအားျပန္ဖုံးထားလိုက္ေတာ့သည္။

လက္တြဲေဖာ္မိတ္ဆက္ေအာင္သြယ္ေပးျခင္းအား ပါေမာကၡယန္မွာ ထိုတစ္ခါသာရွိခဲ့ပါ၏ ၊ သေဘာေပါက္လြယ္သည့္ လူႀကီးတစ္ေယာက္ပင္။ ထိုတစ္ႀကိမ္ၿပီးေနာက္ပိုင္းမွာေတာ့ ခံစားခ်က္ရွိေနၾကသည့္မိန္းကေလးေတြအကုန္ စိတ္ဆႏၵတို႔အားအဆုံးသတ္လိုက္ၾကပါသည္။ ပင္မေလေအးေပးစက္ႀကီးထံမွ ေလေအးေတြသာအတိုက္ခံလို႔ ေန႔စဥ္ေအးခဲမတတ္ျဖင့္ 'ေလေအးတို႔ကိုအဆုံးသတ္ေပးသူ'အျဖစ္ထပ္မံေမၽွာ္လင့္ခ်က္တို႔ထားမေနေတာ့ဘဲ သိမ္းဆည္းသာထားလိုက္ၾကပါေတာ့သည္။

ရွဲ႕ယြီ ရယ္လ်က္ေျပာမိ၏။

"အဲ့ေလာက္ေတာင္မွ အမွတ္သည္းေျခႀကီးတယ္ေပါ့?"

"ႀကီးတယ္ ကိုယ္ကအမွတ္သည္းေျခႀကီး႐ုံမကဘူး ၊ မင္းနဲ႔ပတ္သက္သမၽွဘာမဆိုအကုန္ကို မွတ္ထားတယ္။"

(T/N : ပါေမာကၡယန္ ရွဲ႕ယြီကို ေကာင္မေလးမိတ္ဆက္ေပးတာကို ေက်ာင္းေကာကမေက်နပ္ေနေသးတာပါ xD)

ၾကည့္လိုက္လၽွင္ေတာ့ ႏွလုံးသားမရွိသလိုလို ၊ အေသးအဖြဲကိစၥမ်ားအားဂ႐ုပင္မစိုက္ပါသည့္ ဒါ့အျပင္သေဘာထားလည္းႀကီးသည့္လူတစ္ေယာက္ျဖစ္ပါသည့္ ထိုေဆာင္းေကာမွာ ခ်စ္သူေကာင္ေလးႏွင့္ပတ္သက္လာလၽွင္ေတာ့ အလြန္မွသေဘာထားေသးသိမ္လို႔သြားပါ၏။

သေဘာထားေသးကာ အလြန္ပင္ကပ္ေစးကုတ္လြန္းလ်က္ရွိသည္။

ျဖစ္နိုင္လၽွင္ ရွဲ႕ယြီပတ္ပတ္လည္၌ စက္ဝိုင္းႀကီးဝိုင္းထားၿပီးကို ေဘး၌စာေရးလို႔ပင္ထားခ်င္ေသး၏ - ငါ့လူ!

အကယ္လို႔ ေနရာထပ္ရွိဦးမည္ဆို ေနာက္တစ္ေၾကာင္းပင္ ထပ္ျဖည့္လိုက္ခ်င္ေသးသည္ - ထိတဲ့ေကာင္ ေသမယ္မွတ္!






အခ်ိန္လည္းမေစာေတာ့ၿပီမို႔ ႏွစ္ဦးသားယွဥ္တြဲလ်က္ အေဆာင္သို႔ျပန္လာခဲ့လိုက္ၾကသည္။

"ေစာေစာအိပ္။"

"မင္းလည္း ေစာေစာအိပ္။"

ျပန္ေျပာလာသံကိုၾကားေပသည့္တိုင္ ဟယ့္ေက်ာင္းမွာ လႊတ္မေပးခ်င္ေသးဘဲ လူကိုခဏၾကာရင္ခြင္ထဲေထြးဖက္ထားလိုက္ပါသည္။ မီးမွိတ္ခ်ိန္ေမွာင္ၿပီျဖစ္၍ လူျမင္မည္ကိုမစိုးရိမ္ရ။

"အရင္ကေလာင္ထန္ ကိုယ္တို႔ကိုအျမဲေျပာေနၾက တကၠသိုလ္ေရာက္ရင္လုပ္ခ်င္တာအကုန္လုပ္လို႔ရၿပီ ဆိုတဲ့စကားကိုမွတ္မိေသးလား။"

"အင္း?"

"ခ်ီးကိုလုပ္လိုက္။ လူလိမ္ပဲသူက ၊ ခ်ိန္းေတြ႕ဖို႔အခ်ိန္ေလးေတာင္မရွိဘူး။"

ရွဲ႕ယြီမွာ နားေထာင္ရင္းရယ္ခ်င္သြားရ၏။

ဒီတစ္ေလာအတြင္း သူလည္းအလုပ္ေတြအရမ္းမ်ားေနသည္မွာအမွန္ပင္ျဖစ္ရာ လက္ဆန့္လို႔ဟယ့္ေက်ာင္းေမးေစ့ကိုလွမ္းဆြဲလိုက္ၿပီး ဦးေဆာင္ကာအနမ္းတို႔ေခၽြမိလ်က္။

ဟယ့္ေက်ာင္းလည္း အက်င့္ပါေနၾကအတိုင္း ရွဲ႕ယြီေခါင္းအေနာက္ဘက္အားထိန္းကိုင္လိုက္ၿပီး တန္ျပန္ဦးေဆာင္လိုက္ပါသည္ ၊ ဆံပင္ေလးေတြကႏူးညံ့လွပါ၏။ သူသည္ပြတ္သပ္ရင္းမွေန ဒီႏွစ္ရက္အတြင္း ေဆးဌာနရဲ့ဝက္ဆိုဒ္ထဲက ျမင္လိုက္ရတဲ့အကူအညီေတာင္ခံတဲ့postတို႔အား အမွတ္ရလိုက္မိသည္ - ေဆးေက်ာင္းသားေတြကိုကူညီပါဦး! သင္သာ ကၽြန္ေတာ့္ကိုဆံပင္အုံထူေစေအာင္လုပ္ေပးမယ္ဆို ေနာက္ပိုင္းကၽြန္ေတာ့္ရဲ့အသက္ကိုေတာင္ သင့္ကိုေပးသနားပါ့မယ္! အဓိကအခ်က္ : သင့္ေလ်ာ္မယ့္ ဆံပင္သန္ၿပီးရွည္ထြက္မယ့္ေဆးမ်ားရွိလား။ ေဆးတက္တာတတိယႏွစ္ ဆံပင္ေတြကၽြတ္ၿပီးနည္းကုန္ၿပီ ၊ ဆံပင္ကလည္း ထြက္တာေႏွးနဲ႔ ထိပ္ေျပာင္ျဖစ္ေတာ့မယ္. . .  . . .

တကယ္တမ္းၾက သူတို႔စီးပြားစီမံဌာနလည္း ဘာထူးလို႔လဲ ၊ ဟယ့္ေက်ာင္းသည္ ရွဲ႕ယြီနားအနားတိုးကပ္လို႔ဆိုလိုက္မိပါ၏။

"မင္းကို ဆံပင္သန္ေဆးညႊန္ေပးရဦးမလား ၊ ႀကိဳတင္ၿပီး ထိန္းသိမ္းထားရေအာင္ေလ?"

". . .  . . . မင္းလာခဲ့စမ္း။"

ဒီေလာက္ညဥ့္နက္ေနၿပီျဖစ္ေပမယ့္ ညလယ္စာလာပို႔ေပးသည့္ (၂၄)နာရီအျပည့္စံျပခ်စ္သူေကာင္ေလးမွာ ဒီလိုနဲ႔ပဲအေဆာင္ေအာက္အထိေရာက္ေအာင္လိုက္အရိုက္ခံရေတာ့သည္။

ရွဲ႕ယြီသည္ ေဆးတက္ၿပီးေနာက္ အေတာ္ေလးထိန္းသိမ္းလာပါ၏ ၊ ပုံမွန္ဆို လက္ပါေနဖို႔မလိုပါက မပါေတာ့။ အရြယ္လည္းေရာက္ၿပီမို႔ နည္းလမ္းတို႔တိုးတက္ေျပာင္းလဲကာ မ်ားေသာအားျဖင့္ ဦးေႏွာက္နဲ႔သာတိုက္ခိုက္အနိုင္ယူပစ္လိုက္ပါသည္။

သို႔ေပသည့္ ဘဲကိုေတာ့ရိုက္သင့္ရိုက္ရမည္သာ။

"အင္းပါ အင္းပါ ဟုတ္ပါၿပီ. ."

ဟယ့္ေက်ာင္းမွာ ထုံးစံအတိုင္းအရွုံးေပးလ်က္ ရယ္ေမာကာဆိုမိရသည္။

"အစ္ကိုႀကီး ကၽြန္ေတာ္မွားသြားပါတယ္။"

ရွဲ႕ယြီ ထိုးဖို႔ဟန္ျပင္ေနတုန္းမွာပဲ ဟယ့္ေက်ာင္းက လက္ေကာက္ဝတ္ကိုဖမ္းဆြဲကာ ေနာက္တစ္ႀကိမ္ထပ္လို႔သူ႔ရင္ခြင္ထဲလူကိုဆြဲသြင္းပစ္၏။ ရွဲ႕ယြီ ႐ုတ္တရက္ေျပာမိသည္။

"ငါမနက္ျဖန္ ဓာတ္ခြဲခန္းစီသြားဖို႔မလိုဘူး။"

ဟယ့္ေက်ာင္းမွ တဒဂၤအတြင္း မတုံ႔ျပန္နိုင္။

ရွဲ႕ယြီက ေနာက္တစ္ခြန္းထပ္ျဖည့္ေျပာလာပါသည္။

"ခ်စ္သူေကာင္ေလးကိုအေဖာ္ျပဳေပးဖို႔ စိတ္ကူးထားတယ္။"

ဆက္တိုက္ဆိုသလိုအလုပ္ေတြမ်ားလွ၍ တစ္ခါတစ္ေလဆိုေသေလာက္ေအာင္ ပင္ပန္းေပမယ့္ လက္ထဲကအလုပ္ကိုျမန္ျမန္ၿပီးေအာင္အဆုံးသတ္ကာ နားခ်ိန္အနည္းငယ္ပိုလို႔ရေအာင္ယူျဖစ္၏။

ဟယ့္ေက်ာင္း : "မင္းေကာင္ေလးက မနက္ျဖန္မနက္အတန္းရွိတယ္ ၊ မင္းသာမ်ားမ်ားအနားယူ အိပ္ေရးဝဝအိပ္ ၊ ေန႔လည္ၾကမွထမင္းစားဖို႔ ကိုယ္မင္းကိုလာေခၚမယ္။"

"မင္းအတန္းရွိမွန္းသိတယ္. ."

ရွဲ႕ယြီ ဟယ့္ေက်ာင္းအားၾကည့္ကာ ေျပာလိုက္သည္။

"အေဖာ္ျပဳစာလိုက္ဖတ္ေပးဖို႔လူလိုလား။"





ရွဲ႕ယြီသည္ အိပ္ေရးဝဝအိပ္ဖို႔ရာစိတ္မကူးမိဘဲ ေနာက္တစ္ေန႔၌ အတည္ပင္ဟယ့္ေက်ာင္းႏွင့္အတူစာသင္ခန္းသို႔သြားကာ တစ္မနက္ခင္းလုံးအေဖာ္ျပဳအတန္းတက္ေပးျဖစ္သည္။

ဘ႑ာေရးေဘာဂေဗဒမိတ္ဆက္။

ထိုဆရာမွာဆို မသက္ဆိုင္ဘဲအတန္းထဲလာထိုင္သည့္အျပဳအမူမ်ိဳးအား နားလည္ခြင့္လႊတ္ေပးပါ၏။ တစ္ဖက္ကၾကည့္မည္ဆို မိမိသင္ၾကားျပသတာကိုသေဘာက်လို႔လို႔ မွတ္ယူလိုက္ၿပီး က်န္တစ္ဖက္မွလည္း တျခားေမဂ်ာမ်ားကေက်ာင္းသားေတြ စာေလ့လာဖို႔ကိုအေတာ္ေလးအားတတ္သေရာရွိတာပဲဟု မွတ္ယူကာေက်နပ္မိ၏။

ဤသို႔ျဖင့္ ကိစၥရွိရွိမရွိရွိထိုသို႔အတန္းထဲလာထိုင္တတ္သူမ်ားအား ထရပ္ခိုင္းၿပီးစာေမးတတ္ပါသည္။

"ဒီကေက်ာင္းသား ထၿပီးFinanceအေပၚ မင္းဘယ္လိုျမင္လဲဆိုတာကိုေျပာျပပါဦး?"

ေရွ႕တန္းကေက်ာင္းသားမ်ားကလည္း ဆရာညႊန္ျပရာစီလွည့္လို႔ၾကည့္လာၾကလ်က္။ ထိုတစ္ခ်က္ၾကည့္မိခိုက္မွာပဲ ကိုယ့္အၾကည့္ေတြကိုယ္မထိန္းခ်ဳပ္ထားနိုင္ၾကေတာ့။ ထိုေဆးဌာနရဲ့ 'ပင္မေလေအးေပးစက္'အေပၚအလြန္မွစူးစမ္းခ်င္မိၾက၍ အခြင့္အေရးရတုန္း မၾကာခဏလွမ္းၾကည့္မိၾက၏။

ရွဲ႕ယြီလည္း ေအးေအးသက္သာပဲထရပ္လိုက္ပါသည္။

ဟယ့္ေက်ာင္းမွာေတာ့ ထိုကေလးေလး ဆရာေရွ႕သြားၿပီး 'အာမခံေရာင္း'ဆိုသည့္စကားလုံးေလးလုံးေျဖၾကားလိုက္မည္စိုးသျဖင့္ တိတ္တိတ္ကေလးစာအုပ္လွန္ကာ ၾကည့္ရန္ထိုးျပ၍ခပ္တိုးတိုးသတိေပးမိရလ်က္။

"ဒီစာေၾကာင္းကိုရြတ္။"

ရွဲ႕ယြီက ထရပ္ေျဖဆိုရတဲ့အေပၚလန့္ဖ်ပ္ျခင္းအလ်ဥ္းမရွိ ၊ ႏွစ္ခ်က္မၽွေဝ့ၾကည့္ၿပီးတာႏွင့္ ဆိုလိုရင္းအားကိုယ့္နည္းကိုယ့္ဟန္ျဖင့္ ဖြင့္ဟဆိုလိုက္ပါသည္။

"မဆိုးဘူးပဲ ၊ ဒီကေက်ာင္းသားက ထိုးထြင္းဉာဏ္အေတာ္ေလးေကာင္းတာပဲ ထိုင္ထိုင္. ."

ဆရာကေခါင္းတညိတ္ညိတ္ျဖင့္ မဲဆြယ္လာပါ၏။

"ေမဂ်ာေျပာင္းဖို႔ႀကိဳဆိုပါတယ္ ၊ ဆရာတို႔ဌာနကတံခါးကို မင္းအတြက္အျမဲဖြင့္လွစ္ေပးထားမွာပါ ၊ ကိုယ့္ဆႏၵေတြကို လုံးဝခ်ဳပ္ထိန္းမထားနဲ႔။"

ရွဲ႕ယြီ : ". . . . . ."

စာေႏႊးအၿပီးမွာေတာ့ စာသင္ခ်ိန္တစ္ခ်ိန္းလုံး ေမဂ်ာနဲ႔ဆိုင္တဲ့အဓိကအေရးပါခ်က္တို႔ကိုရွင္းျပေပးလာလ်က္ရွိသည္။ ဆရာမွာ သူ႔အားထက္အခက္မေတြ႕ေစေတာ့ဘဲ က်န္သူမ်ားမေျဖနိုင္သည့္ေမးခြန္းႏွင့္ၾကဳံပါက ဟယ့္ေက်ာင္းကိုသာေျဖခိုင္းလာပါသည္။

ဟယ့္ေက်ာင္းမွာ မွတ္စုမွတ္ဖို႔မလိုခ်ိန္မ်ား၌ ေဘာပင္အားေဘးနားခ်ကာ ျပဳမူေနၾကအတိုင္းရွဲ႕ယြီလက္ကိုသြားေရာက္တြဲထားလိုက္ေတာ့၏။

"ပ်င္းေနၿပီလား?"

"အတန္းကေတာ့နည္းနည္းပ်င္းဖို႔ေကာင္းတယ္။"

ဆရာကငုံ႔၍ PPT(PowerPoint)ေျပာင္းေနခ်ိန္ၾကမွ ရွဲ႕ယြီဆက္လို႔ေျပာမိသည္။

"မင္းနဲ႔တူတူတက္ေနရရင္ေတာ့ မပ်င္းေတာ့ဘူး။"

ရွဲ႕ယြီအထင္ နာရီဝက္ေလာက္ပင္ရွိေတာ့မည္ ၊ ဖုန္ကအဆက္မျပတ္တုန္ခါေန၍ ထုတ္ၾကည့္စဥ္မွာေတာ့ ဖုန္းစခရင္ထက္၌ နံပါတ္စိမ္းတစ္ခု။

ကိုင္ကိုင္ခ်င္းမွာပဲ တစ္ဖက္မွေအာ္ေျပာလာပါေတာ့သည္။

"ေက်ာင္းသားရွဲ႕ယြီ မဂၤလာပါ ၊ ကၽြန္ေတာ္တို႔ကျပဇာတ္ကလပ္ကပါ!"

ရွဲ႕ယြီ ထိုတစ္ခြန္းကိုၾကားတာႏွင့္ ဖုန္းအားဟယ့္ေက်ာင္းလက္ထဲထိုးထည့္ေပးလိုက္၏။

"ျပဇာတ္ကလပ္ကတဲ့ မင္းကိုရွာေနတာ။"

ဟယ့္ေက်ာင္းက ခ်က္ခ်င္းပဲခ်လို႔ပစ္လိုက္ၿပီး တိုးတိုးေျပာလာသည္။

"မကိုင္ဘူး ၊ သူတို႔ေတြမၿပီးနိုင္ေတာ့ဘူးလား။ ဘယ္လိုေတာင္မွ မင္းဖုန္းနံပါတ္ကိုပါရသြားေသးတာလဲ?"

ရွဲ႕ယြီ : "ကလပ္ကထြက္လိုက္ၿပီလား? ထိပ္ဆုံးကေရပန္းစားတဲ့သူဆိုၿပီး မင္းနာမည္တြင္ေနတာမဟုတ္ဘူးလား။"

"ယီးကိုေရပန္းစား။ တအားပဲစိတ္ရွုပ္ဖို႔ေကာင္းခ်က္က သည္းမခံနိုင္ေတာ့ဘူး ၊ ကိုယ္ကျပဇာတ္ထဲ ႏွစ္ခါပဲျဖတ္ေလၽွာက္ကေလးပါလိုက္တာကို fan clubေတြေတာင္ဖြဲ႕ကုန္ၾကေတာ့တာေလ. . .  . . . ဘာမ်ားျဖစ္ေစခ်င္တာတုန္း လူကိုdebutခိုင္းေတာ့မလို႔လားပဲ?"






ကနဦးေက်ာင္းသားသစ္ေတြ ေက်ာင္းလာအပ္ရသည့္ပထမဆုံးေန႔တြင္ ဟယ့္ေက်ာင္းမွာ ခ်င္းဟြာတကၠသိုလ္ဂိတ္ေပါက္ဝ၌ရပ္လို႔မွ မိနစ္(၂၀)ပင္မျပည့္ေသး တစ္ခါတည္းနဲ႔ကိုနာမည္ႀကီးလို႔သြားပါ၏။

မ်ားျပားလွသည့္လူပင္လယ္ႀကီးထဲ၌ ခ်င္းဟြာ၏သတင္းေထာက္အဖြဲ႕မွာ တစ္ခ်က္ထဲနဲ႔ အင္တာဗ်ဴးရမည့္ပစ္မွတ္အားေတြ႕ရွိသြားခဲ့ပါေတာ့သည္။ သူတို႔အားလုံးပဲ ထိုသူ မွားမ်ားေရာက္လာသလားဟု သံသယဝင္မိရလ်က္ တကယ္ဆိုအႏုပညာေက်ာင္းကိုသြားေလၽွာက္သင့္တာဟုေတြးမိၾကသည္။

"အထက္တန္းတတိယႏွစ္တက္တာ ပင္ပန္းလား? အခုလိုေမၽွာ္မွန္းထားတဲ့အိပ္မက္ျဖစ္တဲ့ ေက်ာင္းဝင္းထဲေအာင္ေအာင္ျမင္ျမင္ ေျခခ်နိုင္လိုက္ေတာ့ ဘယ္လိုမ်ားခံစားရပါသလဲ?"

"မဆိုးပါဘူး ၊ ဒီလိုပဲေျဖလိုက္တာပါပဲ။"

သတင္းေထာက္အဖြဲ႕မွ စကၠန့္ပိုင္းမၽွဆြံ႕အသြားခဲ့ၾကၿပီး ျပန္လည္အဆင္ေခ်ာေအာင္စကားဖာေထးရ၏။

"ဟားဟား ဒီကေက်ာင္သားဟယ့္က ဟာသဉာဏ္တယ္ရွိတာပဲကိုး ၊ အရင္ကတည္းက တကၠသိုလ္တက္မယ့္တစ္ေလၽွာက္အတြက္ အစီအစဥ္ေတြခ်ထားဖူးတာမ်ိဳးရွိသလား? တစ္နည္းေျပာရရင္ တကၠသိုလ္ပညာေရး ၊ အသင္းအဖြဲ႕လွုပ္ရွားမွုေတြနဲ႔ ေပါင္းသင္းဆက္ဆံေရးဘက္ေတြမွာ ဘယ္ဟာပိုအေရးႀကီးတယ္လို႔ထင္ပါသလဲ. . .  . . ."

ဟာသဉာဏ္ရႊင္ပါသည့္ ေက်ာင္းသားဟယ့္က စကၠန့္ပိုင္းအတြင္းမွာပဲ ေျဖၾကားလာပါသည္။

"ရည္စားထားဖို႔က ပိုအေရးႀကီးတယ္။"

". . . . . ."

အင္တာဗ်ဴးဗီဒီယိုထြက္လာခ်ိန္မွာေတာ့ ေက်ာင္းအတြင္း ဂယက္အႀကီးအက်ယ္ရိုက္ခတ္သြားခဲ့ေတာ့၏။

ျပဇာတ္ကလပ္ကလည္း ထိုေရပန္းစားလ်က္ရွိသူအားမ်က္စိက်သြားကာ ထိုေက်ာင္းသားထံ ၿငိမ္းခ်မ္းေရးအမွတ္သေကၤတ သံလြင္ခက္ကမ္းလာပါေတာ့သည္။

ဟယ့္ေက်ာင္းက ေနာက္ေျပာင္ေပ်ာ္ျမဴးရတာေတြႀကိဳက္ႏွစ္သက္ေပမယ့္ အကန့္အသတ္ေတာ့ရွိ၏။ သူ႔ကိုယ္ပိုင္fan clubထြက္ေပၚလာမွုကလည္း အင္အားအေတာ္ျပင္းေလရာ လက္မွတ္တစ္ေစာင္ရဖို႔ပင္မလြယ္ေတာ့။ စီးပြားစီမံဌာနကေက်ာင္းသားမ်ားမွာ ဉာဏ္အလင္းပြင့္ကာ လက္မွတ္ေမွာင္ခိုေရာင္းတာေတြအထိလုပ္လာၿပီး လက္မွတ္ေတြသိမ္းက်ဳံးဝယ္ေတာ့သည္။

ဌာနေပါင္းစုံၾကား တိုးတိုးတိတ္တိတ္သြားလာလ်က္ ဦးထုပ္ငိုက္စိုက္ေဆာင္းထားၿပီး လူတစ္ေယာက္ထြက္လာတာျမင္သည္ႏွင့္ ေလသံတိုးတိုးလက္ဟန္ေျခဟန္ျဖင့္ေျပာဆိုတတ္ၾကသည္။

"လက္မွတ္အပိုရွိေသးလား ၊ ေစ်းမ်ားမ်ားေပးမယ္။"

ဤသို႔ျဖင့္ ဟယ့္ေက်ာင္းလည္း အခ်ိန္မွီထိုေလာကမွထြက္လာခဲ့လိုက္ေတာ့သည္။





စိတ္ဝင္စားဖို႔လည္းမေကာင္း ရွုပ္လည္းရွုပ္သည့္financeတန္းတစ္ခ်ိန္လာတက္သည့္ ရွဲ႕ယြီမွာအတန္းခ်ိန္တစ္ဝက္ခန့္အၾကာမွာေတာ့ မေနနိုင္ေတာ့။ နားတစ္ဝိုက္လည္း ဘုရားစာရြတ္ဖတ္ေနသလားေအာက္ေမ့ရ၏ ၊ အဆုံးမွာေတာ့ စားပြဲထက္သာေမွာက္လို႔အိပ္ေပ်ာ္သြားခဲ့ပါသည္။

ဟယ့္ေက်ာင္းမွာ ရွဲ႕ယြီႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္မေပ်ာ္မည္စိုးသျဖင့္ ဘယ္ဘက္လက္ျဖင့္မွတ္စုေျပာင္းမွတ္ကာ ညာဘက္လက္ကေတာ့ ရွဲ႕ယြီေခါင္းထက္အသာေလးတင္ထားမိ၏။

"ဟုတ္ၿပီ ဒီအထိပဲေျပာတာေပါ့ ၊ ဒါဆိုဆရာတို႔ ျပန္ေျပာၾကည့္ရေအာင္ ၊ ဒီလိုဆိုမင္းတို႔လည္း ပိုၿပီးနားလည္တာေပါ့။ ဒီဦးစားေပးမွုကၾက အသုံတည့္ေပမယ့္လို႔ စြန့္စားရာၾကၿပီးစက္ဆုပ္ဖြယ္ေကာင္းတယ္. . .  . . ."

သူတို႔ႏွစ္ေယာက္ရဲ့ထိုအျပဳအမူေလးက ဘာမွေတာ့မႀကီးက်ယ္ေပမယ့္ လူစိတ္ဝင္စားမွုေတာ့ျဖစ္ေစျမဲပင္။

ေရွ႕တန္းကတစ္ေယာက္မွာဆို ေဘးရွိလူကိုတို႔ၿပီး သူ(မ)အားေနာက္လွည့္ၾကည့္ဖို႔ အခ်က္ျပလာ၏။

"သူတို႔ႏွစ္ေယာက္က. . .  . . ."

ဟယ့္ေက်ာင္းမွာ တစ္ေယာက္ေယာက္အကဲခတ္ေနသည္ကိုသိေပမယ့္ လက္ကိုထိုထားထားသည့္အေနအထားအတိုင္းသာ ထားမိ၏။

သူတို႔ႏွစ္ဦးစလုံးပဲ ဆက္ဆံေရးအား ဘယ္တုန္းကမွ အထူးတလည္ ဖုံးကြယ္ျခင္းမျပဳသလို အထူးတလည္ထုတ္ေျပာတာမ်ိဳးလည္းမရွိ။ က်န္သူမ်ား၏အၾကည့္ေတြကို လုံးဝဥႆုံဂ႐ုမစိုက္ဘဲ ဒီအတိုင္းပဲသေဘာထားႀကီးႀကီးထားထားလိုက္ၾကပါသည္။


ရွဲ႕ယြီခဏၾကာအိပ္လိုက္ၿပီး ေမွးစင္းေနသည့္မ်က္ဝန္းတို႔ျဖင့္နိုးလာခ်ိန္၌ Financeဆရာမွာ 'အရဲစြန့္'တဲ့ျပႆနာအေၾကာင္းေျပာၾကားေနေလသည္။

ႏွစ္ဦးသားအတူထိုင္ေနၾက၍ အမွတ္မထင္ဆိုသလို အရင္ကထုံေက်ာျဖစ္ခဲ့ၾကသည့္အခ်ိန္မ်ားကိုပင္ ျပန္လည္ေအာက္ေမ့မိ၏။

ေဘးရွိထိုလူမွာဆို ငယ္ရြယ္ပ်ိဳမ်စ္ကာမရင့္က်က္ေသးမွုတို႔ေလၽွာ့ပါးသြားလ်က္ တည္တည္တံ့တံ့ရွိလာပါ၏။ ကိုယ္ထက္၌ ရွပ္အကၤ်ီကိုေသေသသပ္သပ္ဝတ္ဆင္ကာ ၾကယ္သီးႏွစ္လုံးခန့္အားျဖဳတ္လို႔ထားထားေလသည္။ လက္ေကာက္ဝတ္ထက္တြင္မူ ရိုးရွင္းသည့္ဒီဇိုင္းပုံစံနာရီတစ္လုံးပတ္လို႔ထား၏။

ထိုနာရီသည္ကား မႏွစ္ကေမြးေန႔တုန္းက ရွဲ႕ယြီလက္ေဆာင္ေပးလို႔ထားတာျဖစ္သည္။ လက္ပတ္ႀကိဳးအနီေလးႏွင့္အတူတြဲဝတ္ထား၏ ၊ စတိုင္မတူသည့္အသုံအေဆာင္ႏွစ္ခုအား အတူယွဥ္တြဲထားတာေပမယ့္ မလိုက္မဖက္မျဖစ္။

မ်ိဳးရိုးဟယ့္ နာမည္ေက်ာင္းႏွင့္အႏွီလူမွာ ဘယ္အဆင့္ေနရာမ်ိဳးကိုပဲေရာက္ေနေန အျမဲအလင္းတို႔လက္ျဖာထြက္ေနသလိုရွိတာပဲဟု ရွဲ႕ယြီစိတ္ထဲမွေနေတြးမိရလ်က္။

—-  —- ဒါ့အျပင္ ပိုလို႔အေရးႀကီးဆုံးကေတာ့ ထိုလူ႔အကုန္လုံးကသူ႔အပိုင္ပဲဆိုတာပါပင္။

Continue Reading

You'll Also Like

966K 183K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
42.7K 1.9K 10
#水千丞 #188男团 #188男团夏日限定 [ Zawgyi Version ] Original Author : Shui Qian Cheng • 水千丞 This is really a rough translation. I just want to read this for my...
2.5M 244K 64
This story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင္ခုန္စရာ ဇာက္လမ္းေလးတစ္ပုဒ္ကုိ ငါ အခုေျပာျပမယ္ ..... ဇာက္လမ္းေလးက ဒီလိ...
3.9M 267K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...