အခန်း (၄၃) လျှို့ဝှက်ကတ်တွေ မရှိဘဲ ဘာလုပ်မှာလဲ
ကျိုးကျစ်ဖုန်းသည် ကြောက်မက်ဖွယ်ကောင်းသည့် အကန့်အသတ်မဲ့ စွမ်းအားများကြောင့် ထိတ်လန့်သွားသည်။ ယခင်က သူသည် ကျန်သည့် ကျင့်ကြံသူများကို ဦးဆောင်ပြီး အကာအရံကို ဖျက်ဆီးကာ ခွန်အားကုန် အသုံးပြုခဲ့သည်။ ထိုသို့တိုင် ယင်းက တုတ်တုတ်မျှ မလျောပေ။ ကျိထျန်းတောက် တစ်ယောက်တည်း ယင်းကို ပြင်နိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိချေ။
ယခုအချိန်တွင် လုကျိုးက မရပ်တန့်ဘဲ စွမ်းအင်များ ဆက်လက် ထည့်ပေးနေသည်။ အကာအရံက အမှန်တကယ် မပြင်ရသေးခင် သူက ကွဲပြားခြားနားသည့် နေရာများ ထဲတွင် အစီအရင်ဖြင့် မျက်လုံးကို ဆက်သွယ်ရန်သာ လိုအပ်သည်။ သူတို့က ဆက်တိုက် ဆက်နွယ်မှု တစ်ခုကို ဖွဲ့တည်သည့် အချိန်တွင် အနှောက်အယက် အဟန့်အတားမရှိ အကာအရံတစ်ခုလုံး စွမ်းအင်များ စီးဆင်းစေနိုင်မှာပဲ ဖြစ်သည်။
အမှန်အတိုင်း ဆိုရလျှင် လုကျိုးကိုယ်တိုင်လည်း အထိပ် အထိပ် အသွင် ကတ်ကြောင့် အံ့ဩသွားမိသည်။ ယင်းက သူ့ကို အကန့်အသတ် စွမ်းအားများ ထောက်ပံ့ပေးနိုင်၏။ အချိန် အကန့်အသတ် ကြောင့်သာ မဟုတ်လျှင် ဤကတ်က အမှန်တကယ် ယှဉ်ပြိုင်ဖက် ကင်းမဲ့နေသည်။ ထိုအချက်ဖြင့် သူ၏ ကျင့်ကြံဆင့်ကို တိုးမြှင်ရန် မလိုတော့ချေ။ သူ၏ စွမ်းအင် ဗဟိုချက်ထဲ အကြိမ်မည်မျှ ရှင်းလင်းသွားမှန်း သူ မရေတွက်နိုင်တော့ချေ။ အကြောင်းမှာ ယင်းသို့ ဖြစ်ပျက်သွားသည့် အချိန်၌ ချက်ချင်း ပြန်ပြည့်လာသောကြောင့် ဖြစ်၏။
အကာအရံကို ပြင်ဆင်ရန်အတွက် စုစုပေါင်း နှစ်ဆယ့်ငါးမိနစ် အချိန် ယူခဲ့ရသည်။ နောက်ဆုံးတွင် တည်ငြိမ်သွားတော့သည်။ အကာအရံကို ထိမိသည့် အချိန်တွင် သူက သမုဒ္ဒရာပေါ်ရှိ လှိုင်းများကဲ့သို့ပင် တောက်ပပြီး တုန်လှုပ်ဖွယ် ကြိမ်နှုန်းများ လှိုင်းဂယက်ငယ်များ ပြန့်ကားနေတာကို တွေ့လိုက်ရသည်။
လုကျိုးက အသက်ပြင်းပြင်း တစ်ချက်ရှုပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်ကာ စနစ်ဇယားကို ကြည့်လိုက်သည်။ သူ့တွင် အချိန် သုံးမိနစ်ရှိနေသေး၏။
ရှောင်ယွမ်အာ တစ်ယောက်တည်းဖြင့် သူတို့ကို ဖြေရှင်းရန် လုံလောက်သည်။ သူကိုယ်တိုင် တိုက်ခိုက်နေစရာ မလိုပေ။
“တပည့်နားလည်ပါပြီ ရှစ်စွင်း”
ဖန်ကျင်းရှန်က မျက်မှောင်ကျုံ့လိုက်၏။ နတ်ဒေဝါ ဦးတည်နယ်ပယ် ကျင့်ကြံသူများ ကြားထဲတွင် အသန်မာဆုံးက ကျောက်ထိန်းချုပ်ခြင်း အဆင့်တွင်သာ ရှိသေးသည်။
နတ်ဒေဝါ ဦးတည်နယ်ပယ်ကို အဆင့်သုံးဆင့် ခွဲခြားနိုင်၏။ တောက်သဏ္ဌာန်၊ တောက်ထိန်းချုပ်ခြင်းနှင့် တောက်အသွင်ပြောင်းခြင်း ဖြစ်သည်။ အဆင့်တစ်ဆင့်နှင့် တစ်ဆင့်ကြား ကွာဟချက်ကြီး ရှိနေပြီး တန်ဖိုးကြီးရတနာရှိ သူနှင့်ရတနာ မရှိသူကြား ကွာဟချက်ထက် ပိုကြီးမားပေ၏။ သို့သော် ထိုကျင့်ကြံသူများ၏ ကျင့်ကြံဆင့်က တပည့်များနှင့် အဆင့်တူတွင် ရှိနေလျှင်တောင် ရွှေနန်းဥယျာဉ်တောင် တပည့်များနှင့် ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ချေ။
ယခုအချိန်တွင် ရှောင်ယွမ်အာက သူမ၏ ဒေါသကို နောက်ဆုံး၌ ပေါက်ကွဲ ပစ်တော့သည်။
သူမသည် တာရာခုနစ်စင်း မိုးတိမ်နင်းခြေလှမ်းကို အသုံးပြုပြီး ဗြဟ္မာပင်လယ် ကျင့်ကြံသူတိုင်းကို သတ်ဖြတ်နေပြီး နတ်ဒေဝါ ဦးတည်နယ်ပယ် ကျင့်ကြံသူများက သူမ လိုက်လံ သတ်ဖြတ်မှု၏ ပစ်မှတ် ဖြစ်လာခဲ့သည်။
ရွှေနန်းဥယျာဉ်တောင်၏ လူဆိုးတစ်ဦးက လူအများကို သတ်ဖြတ်ခြင်းထက် မပိုပေ။ အချို့သော ကြောက်လန့်သည့် ကျင့်ကြံသူများက သူမ၏ တိုက်ခိုက်မှုကို ခုခံကြသည်။ သို့သော် ယင်းက ယာယီသာ ဖြစ်၏။ သူတို့သည် အသတ်ခံရမှာကို လှောင်ချိုင့်ထဲတွင် စောင့်ဆိုင်းနေသည့် သိုးများကဲ့သို့ ဖြစ်နေသည်။ ရှောင်ယွမ်အာက လက်ထဲတွင် ဓားတစ်လက်ဖြင့် မုဆိုးကဲ့သို့ ဖြစ်နေ၏။
စိတ်ပျက်အားငယ် ကြောက်လန့်မှုတို့က လေထဲ ကြီးစိုးလာသည်။
လုကျိုးက တိုက်ပွဲထဲ ဝင်မပါခဲ့ပေ။ လက်တစ်ချက် ဝှေ့ယမ်းမှုဖြင့် ဧရာမ စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားပြီး သူသည် မိစ္ဆာဝေဟင် မျှော်နန်းထဲသို့ ပျံသန်းသွားတော့သည်။
“ရှစ်စစ်” တွမ့်မူရှန်း၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။ သူ ထပ်မတောင့်ခံနိုင်သောကြောင့် ဖြစ်၏။
လုကျိုးက သူ့ကို ဖျတ်ခနဲကြည့်လိုက်ရာ သူ၏ သစ္စာရှိမှု ရှစ်ဆယ်ရာခိုင်နှုန်း ရောက်နေတာကို မြင်သောအခါ သူအံ့ဩသွားတော့သည်။ သူ့တပည့်ကို နတ်ဒေဝါ ထပ်သီး နည်းနိဿယကိုသာ သင်ကြားပေးခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သစ္စာရှိသည့် တပည့်တစ်ယောက် ပိုရလာခြင်းက ကိစ္စကောင်း တစ်ရပ် ဖြစ်သည်။
သူ၏ ဒဏ်ရာသည် သမာသမတ်ဂိုဏ်း၏ တုသာ့ဖန်နှင့် တိုက်ပွဲကြောင့် ဖြစ်လာတာပင်။ ထိုမျှ ကြာရှည် သည်းခံနိုင်ခဲ့သည်ကား အံ့ဩစရာ ကောင်းလှပေ၏။ ယင်းက အတိတ်တုန်းက ကျိထျန်းတောက်၏ ညှဉ်းပမ်းနှိပ်စက်မှုများကြောင့် ယနေ့ သူ ထိုမျှ သန်မာလာတာ ဖြစ်သည်။ သာမန် ကျင့်ကြံသူ တစ်ဦးဆိုလျှင် ယခုအချိန်၌ မြေပြင်ပေါ် လဲကျနေမှာပဲ ဖြစ်သည်။
“လောင်စစ်က ဘယ်မှာလဲ”
လုကျိုးက မေးလိုက်သည်။
“စစ်ရှစ်တိက ဖန်ရှင်းကျန်းနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတစ်ပွဲ ဆင်နွှဲခဲ့တာ။ သူက တစ်ဖက် အရေအတွက် များလွန်းနေတာကြောင့် သူ့ကို ဒဏ်ရာ ရစေပြီးတဲ့ နောက်ဆုံးမှာ ထွက်ပြေးသွားခဲ့တယ်”
သူ့စကားပြော ခဏရပ်ပြီးနောက် အမြန်ပြောလိုက်သည်။
“အခုအချိန်မှာ သူ ဘယ်နေရာမှာ ရှိလဲဆိုတာ တပည့်မသိပါဘူး။”
လုကျိုးက လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ လက်ဟန် တစ်ခုဖြင့် သတိမေ့နေသော ယဲ့ထျန်းရှင်းကိုသယ်လာသည့် နတ်ခြင်္သေ့က မိစ္ဆာဝေဟင် မျှော်နန်းထဲရှိ ဥယျာဉ်ခြံဝန်းထဲ့သို့ ဆင်းသက်လာသည်။ သူမကို မြေပြင်ပေါ် ချပေးပြီးနောက် ယင်းက လေထဲသို့ ထပ်မံ ပြန်တက်သွားပြီး ကောင်းကင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
“လျိုရှစ်မေ့”
တွမ့်မူရှန်းက အံ့ဩသွားသည်။
ယဲ့ထျန်းရှင်းသည် မာယာကျော့ကွင်း ကောင်းကင်အဆင့် လက်နက်ကို ပိုင်ဆိုင်ထားပြီး ပေနက်လွှာတွင်အဆင့်ကိုး ဖြစ်၏။ ထိုသို့တိုင် သူမ ဒဏ်ရာ ဆိုးဆိုးဝါးဝါးရနေသည်က သူ ယုံနိုင်ရန် ခဲယဉ်းသည့်ကိစ္စရပ် တစ်ခု ဖြစ်နေသည်။
ယခုအချိန်တွင် အကျင့်ယုတ်သည့် ဝံပုလွေကဲ့သို့ ကျင့်ကြံသူများကို သတ်ဖြတ်နေသော ရှောင်ယွမ်အာမှ အပ တပည့်အားလုံးသည် ဒဏ်ရာများ ရနေတော့သည်။ လုကျိုး၏ နားထဲ အသိပေးသံများ ပြည့်နေရာ သူရရှိသည့် ကုသိုလ်အမှတ်များကို သတင်းပို့နေတာပဲ ဖြစ်သည်။
လုကျိုးက ဖြည်းဖြည်းချင်း လှည့်လာပြီး ကျိုးကျစ်ဖုန်းက တုန်ယင်သွားကာ သူနှင့် မလှမ်းမကမ်းသို့ လျှောက်လာ၏။ ပြီးနောက် ငါးမီတာ အကွာခန့်တွင် ဒူးတစ်ဖက်ထောက်ပြီး ပြောလိုက်သည်။
“ကျုပ်ရွှေနန်းဥယျာဉ်တောင်ထဲ ဝင်ပြီး ဆရာကြီးကို ခစားလိုစိတ်ရှိပါတယ်”
“တင်း သင်က လက်အောက်ငယ်သား တစ်ယောက် ဖြစ်တဲ့ ကျိုးကျစ်ဖုန်းဈ နတ်ဒေဝါဦးတည်နယ်ပယ် ကျင့်ကြံသူ တစ်ယောက်ရပါတယ်။ ကုသိုလ်မှတ် တစ်ရာ ဆုရရှိပါတယ်။”
လုကျိုးက ဖြည်းဖြည်းချင်း လှမ်းလိုက်ပြီး သူ့ကို ဘေးတိုက် ကြည့်လိုက်သည်။ သူက ခေါင်းမခါ ခေါင်းမညိတ်ဘဲ ခပ်ဖျော့ဖျော့ လေသံဖြင့်သာ ပြောလိုက်၏။
“နေရာကို ရှင်းလိုက်”
သူသည် ကျိုးကျစ်ဖုန်း၏ ရှင်းပြချက်ကို နားထောင်ရန် အချိန်မရှိပေ။ ။ သူ ကောင်းကင်ဓားဂိုဏ်းမှ ထွက်လာပြီးနောက် ဖြစ်ပျက်ခဲ့သည့် ကိစ္စကို သူမသိချင်ပေ။ ထို့ကြောင့် အမိန့်တစ်ခုသာ ပေးလိုက်တာ ဖြစ်၏။
“ဟုတ်ကဲ့ ချန်ပေ့”
ကျိုးကျစ်ဖုန်းက အပျော်လွန်သွားပြီး ဓားကို ဆွဲထုတ်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အကြည့်တို့ ရှိနေကာ ထိုထွက်ပြေးနေသော ဗြဟ္မာပင်လယ် ကျင့်ကြံသူများဆီ ခုန်ဝင်သွားတော့သည်။ ပြီးနောက် လုကျိုးက လှည့်ထွက်သွားပြီး မိစ္ဆာဝေဟင် မျှော်နန်းထဲသို့ လျှောက်ဝင်သွားတော့၏။
မျှော်နန်း၏ အတွင်းပိုင်းက ကျိချန်းတောက်ကိုယ်တိုင် တည်ဆောက်ထားပြီး သီးခြား ကျင့်ကြံခြင်း ခန်းမပင် ဖြစ်သည်။ နတ်ဝိညာဉ် ဝဋ်ကြွေးချေနယ်ပယ် ကျင်ကြံသူ တစ်ဦးတောင် ယင်းကို ဖိအားဖြင့် ဖြိုခွင်းရန် အချိန် အတော်ကြာ အသုံးပြုရမှာပဲ ဖြစ်သည်။
လုကျိုးက လျှို့ဝှက်ခလုတ်ကို ဖိလိုက်ရာ ဗီးခနဲ မြည်သံဖြင့် တံခါးက ဘေးဖက်သို့ ပွင့်ထွက်သွားသည်။ သူက အထဲသို့ ဝင်ပြီး ထပ်ခါ ထပ်ခါ ကြည့်လိုက်၏။ တလောကလုံး တိတ်ဆိတ်နေပြီး တစ်ချိန်တည်းတွင် အထွတ်အထိပ် သဏ္ဌာန်ကတ်၏ အာနိသင် မြင့်တက်သွားတာ ဖြစ်သည်။ သူ၏ စွမ်းအင်ဗဟိုချက်ထဲရှိ စွမ်းအင်များစွာက ဒီရေအလား ချက်ချင်းပင် လျော့ကျသွားတော့သည်။ မည်သည့်နည်းနှင့် မဆို လုကျိုးက အတော်လေး တည်ငြိမ်နေ၏။
“မျှော်စင် အတွင်းပိုင်းက မှိန်ဖြဖြ လင်းနေပြီး မျက်နှာကျက်မှ မှိန်ဖျော့ဖျော့ အလင်းသာ တစ်ခုသာ တောက်ပနေသည်။ ဤနေရာက ကျင့်ကြံခြင်းအတွက် အမှန်တကယ် သင့်တော်သည်။
လုကျိုးက အမှန်တကယ် ဖြစ်ပျက်နေတာကို အာရုံ ထပ်မစိုက်တော့ချေ။ သူ၏ အတွေးများကို ဖြေရှင်းရန် လိုအပ်ပြီး ယခုအချိန်တွင် လျှို့ဝှက်ကတ်များ ပြန်စုစည်းရန် လိုအပ်၏။
အမည်။ ။ လုကျိုး
မျိုးနွယ်။ ။လူသား
ကျင့်ကြံဆင့်။ ။ အာရုံခံ သိပ်သည်းခြင်း နယ်ပယ်၏ ဝိညာဉ်ဖွဲ့တည်ခြင်း အဆင့်
ကုသိုလ်အမှတ်။ ။ ၆၆၇၄
စိတ်ဝိညာဉ်သက်တမ်း။ ။ သုံးပါးသိပ်သည်းခြင်း ပန်းပွင့်
ကျန်ရှိသည့် သက်တမ်း။ ။ ၅၅၄၅၆ရက်
အသုံးပစ္စည်း။ ။ အတိုက်အခိုက် ဒဏ်ပြင်း ပိတ်ဆို့သည့်ကတ် (အလိုအလျောက် အသုံးပြုခြင်း) ၇ကတ်
ကျင့်ကြံခြင်း နည်းစနစ်။ ။ကောင်းကင်ကျမ်းစနစ် စာလိပ် သုံးပါး
လက်နက်- မာယာကျော့ကွင်း
ပိုင်ရှင်- ယဲ့ထျန်းရှင်း ( ၎င်းကို အသုံးမပြုခင် ထပ်မံ သန့်စင်ရန် လိုအပ်သည်။)
အထွတ်အထိပ် အတွင်းကတ်က အမှန်တကယ် ကုန်သွားပြီး ဖြစ်ရာ သူ့တိုင် အတိုက်အခိုက် ဒဏ်ပြင်၊ ပိတ်ဆို့သည့်ကတ် ခုနှစ်ကတ်သာ ကျန်တော့သည်။ အစွမ်းထက်သည့် ရန်သူက အသက်တစ်ရှိုက် ရှုစာအတွင်း သူ့ကို ဆယ်ကြိမ် သို့မဟုတ် အကြိမ်တစ်ရာတောင် တိုက်ခိုက်နိုင်လောက်သည်။ ထို့ကြောင့် ခုနှစ်ကြိမ် ပိတ်ဆို့နိုင်ခြင်းက ဘာမှ မဟုတ်ပေ။
ယခုတွင် သူ့တွင် လျှို့ဝှက်ကတ်များ မရှိတော့။ သူဘာလုပ်သင့်သနည်း။ ရွှေနန်းတော်၏ အကြီးဆုံးမိစ္ဆာကြီး တစ်ဦးအနေဖြင့် သူသည် အပြင်လောကရှိကျင့်ကြံသူများစွာ၏ ပစ်မှတ် ဖြစ်သည်။
လုကျိုးက မှိန်ဖျော့ဖျော့ အလင်းများ ကြားထဲတွင် တင်ပျဉ်ခွေ ချိတ်ထားပြီးနောက် အတွေးနစ်နေတော့သည်။
အကာအရံ ပြင်ဆင်ပြီးသွားပြီ ဖြစ်ရာ ယင်းသည် ဆယ်ရက်မှ လဝက်ခန့်အတွင်း အင်အားကြီး ရန်သူများကို ဟန့်တားနိုင်မှာ ဖြစ်သည်။ ထို့အပြင် အထွတ် အထိပ် အသွင်ကတ်နှစ်ကတ် တစ်ခါတည်း အသုံးပြုပြီး လုကျိုးက သမာသမက် ကျင့်ကြံသူများကို ထိတ်လန့်စေခဲ့ပြီး ဖြစ်၏။ ထိုလူများ မည်မျှ တုံးအစေကာမူ ရွှေနန်းဥယျာဉ်တောင်ကို ယခုကဲ့သို့ ထပ်မံ ကျူးကျော်ရဲမှာ မဟုတ်တော့ချေ။
ယခုအခေါက် အန်းယန်သို့ ခရီးစဉ်က သူ့အတွက် ကုသိုလ်အမှတ် ခြောက်ထောင်ကျော် ယူဆောင်လာပေးသည်။ လမ်းစဉ်တစ်လျှောက်သူသည် စနစ်အသိပေးသံများ ကြားနေရပြီး ကုသိုလ်အမှတ်များစွာ စုဆောင်းနိုင်ခဲ့တာပဲ ဖြစ်သည်။ စီမိသားစု၏ ပြန်ပေးဆွဲ ခံရမှု ဖန်ကျုံး၏ အညံ့ခံမှု ယဲ့ထျန်းရှင်း ဖမ်းမိမှုတို့ ထိုအရာအားလုံးက သူ့ကို ကုသိုလ် အမှတ်များ ပေးနေ၏။ သူသတ်ခဲ့သည့် လူများအတွက်မူ ရေတွက်တောင် စိတ်ကူးတောင် မရှိပေ။
လက်နက် အကြောင်းဆိုလျှင်တောင် လုကျိုးက သူ့တပည့်ထံမှ သိမ်းယူလာခဲ့သော ကောင်းကင် အဆင့် လက်နက်ကို ထပ်အသုံးပြု၍ ရမည်ဟုမထင်ထားချေ။ သို့သော် ကောင်းကင် အဆင့် ရတနာကို သန့်စင်ရန် မလွယ်ကူ။ အကြောင်းမှာ သခင်အဖြစ် အသိအမှတ်ပြုပြီးနောက် ၎င်းကို ပြောင်းလဲရန် အင်မတန် ခက်ခဲသောကြောင့် ဖြစ်သည်။ အမှန်တကယ်တွင် ယင်းက လူတစ်ယောက်၏ စိတ်ကို ပြောင်းလဲရခြင်းထက် ပိုတောင် ခက်ခဲပေသည်။
“တင်း နတ်ဒေဝါ ဦးတည်နယ်ပယ် ကျင့်ကြံသူ တစ်ယောက် အသတ်ခံရပါတယ်။ သင်ကုသိုလ် အမှတ် တစ်ရာ ဆုရရှိပါတယ်”
“တင်း ဗြဟ္မာ ပင်လယ် ကျင့်ကြံသူ တစ်ယောက် အသတ်ခံလိုက်ရပါတယ်။ သင် ကုသိုလ် အမှတ်ဆယ်မှတ် ရရှိပါတယ်”
လုကျိုးက ခေါင်းခါပြီးနောက် ပြောလိုက်သည်။ သူတို့သည့် နယ်ပယ် တစ်ခုသာ ခြားသော်ငြား ဆုကြေးက ဆယ်ဆ ကွာဟနေသည်။
ယခု သူ့တွင် ကုသိုလ် အမှတ်များစွာ ရှိနေပြီး ဖြစ်ရာ သူတို့ကို အသုံးပြုရမည့်နည်း သူတွေးရန် လိုအပ်သည်။ သူကံစမ်းသင့်လား။ သူ့အဖို့ ယင်းက လောင်းကစားကဲ့သို့ ဖြစ်သည်။ ကံစမ်းမဲမှ ကုသိုလ်အမှတ်များ စုဆောင်းနိုင်သော်ငြား ကံကောင်းသည့် အမှတ်သာ ရနေပြီး ဆက်တိုက် ဆုံးရှုံးနေလျှင် မည်သို့လုပ်ရမည်နည်း။
ရှောင်ယွမ်အာနှင့် ကျိုးကျစ်ဖုန်းတို့ ကျန်သည့် ကျင့်ကြံသူများကို သတ်ပြီး အချိန်ထိ သူစောင့်သင့်သည်ဟု တွေးမိလိုက်သည်။ ထိုသို့ တွေးပြီးနောက် သူခြေချကာ လှည့်ကြည့်လိုက်တော့၏။ သူသည် လျှို့ဝှက်အခန်းထဲသို့ မဝင်တာ အချိန် အတော်ကြာ ရှိပြီ ဖြစ်ပုံပေါ်သည်။ ထို့ကြောင့် ဤနေရာတွင် ပစ္စည်းများစွာ ကျန်ရစ်နေနိုင်သည်။ အခန်းက မှိန်ပျပျသာ လင်းနေသော်ငြား ပစ္စည်းများကို အကြမ်းဖျင်း မြင်နိုင်သေး၏။
သမာသမတ် ဂိုဏ်း၏ ကျင့်စဉ် အများစုကို ဤနေရာတွင် ထိန်းသိမ်းထား၏။ ရှေးဓားတစ်လက် ကျင့်စဉ်၊ ငြိမ်သက်အေးချမ်းခြင်း ဂါထာ၊ တောက်နှလုံးသားမန္တာန်နှင့် ကျန်သည့် အရာများ ဖြစ်သည်။ သူသိသလောက်က ထိုကျန်သိုင်းကျမ်းများကို သူ့တပည့်များ မလေ့ကျင့်ထားပေ။ အကြောင်းပြချက်ကို နားလည်နိုင်ပေ၏။ ထိုကျင့်စဉ်များသည် စနစ်ကပေးသည့် ကျင့်စဉ်များလောက် မကောင်းသောကြောင့် ဖြစ်သည်။
ကျင့်စဉ်များ အပြင် လက်နက် အချို့လည်း ရှိပေ၏။ အများဆုံးက စိတ်နက်နဲမှု အဆင့်နှင့် အဝါရောင် အဆင့်တို့သာ ရှိသေးရာ ယင်းတို့က နတ်ဝိညာဉ် ဝဋ်ကြွေးခြေနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ အမြင်တွင် အလွန်နိမ့်ကျသည့် လက်နက်များ ဖြစ်သည်။ လုကျိုး အတွက်လည်း တူညီပေ၏။ သူသည် သူတို့ကို အကြမ်းဖျင်း ကြည့်ပြီးနောက် စိတ်ဝင်စားမှု မရှိတော့ပေ။ သူတို့ အားလုံးက ဖုန်တောထဲတွင် ရှိနေသည်ကား အချိန်အတော်ကြာ မထိထားဟု မဆိုလိုတာပဲ ဖြစ်သည်။ အများစုက ဟောင်းနွမ်းနေပြီ ဖြစ်ရာ လုကျိုးသည် သူတို့မည်သည့် နေရာမှ လာကြောင်း မည်သို့ အသုံးပြုရမလဲဆိုတာကို မမှတ်မိတော့ချေ။
ထိုစဉ် မိစ္ဆာဝေဟင် မျှော်နန်းထဲရှိ ခြံဝင်းထဲတွင် ယျဲ့ထျန်းရှင်းက သူမ ဝမ်းဗိုက်ထဲမှ အင်မတန် နာကျင်မှုကြောင့် နိုးထလာသည်။ သူမက မျက်လုံးကို ခဲရာ ခဲဆစ် ဖွင့်ပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
“ဒါက မိစ္ဆာဝေဟင် မျှော်နန်းလား”
သူမ ဂိုဏ်းထဲသို့ ဝင်ပြီးနောက် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အခမ်းအနား ကျင်းပသည့် နေရာဖြစ်သည်။ သူမ တစ်ချက် ကြည့်ရုံနှင့် မှတ်မိ၏။ ဤနေရာရှိ အရာအားလုံးက သူမနှင် ရင်းနှီးနေသည်။ အပင်တိုင်း၊ နံရံတိုင်း နံရံပေါ်ရှိ မျဉ်းများတောင် ရင်းနှီးနေ၏။ ထိုစဉ် အတော်လေး အားနည်းသည့် အသံတစ်သံ ပေါ်ထွက်လာသည်။
“လျို့ရှစ်မေ့”
ယဲ့ထျန်းရှင်းက ထိတ်လန့်သွားသည်။ သူမ၏ အသံလာရာဖက်ကို ကြည့်လိုက်ရာ မင်ရှစ်ရင် ဝင်လာတာကို တွေ့လိုက်ရပြီး ဆံပင်များက မသေမသပ် ဖြစ်နေပြီး မျက်နှာက ညစ်ပေကာ ရင်ဖက်တွင် သွေးများ စွန်းထင်းနေ၏။
“စစ်ရှစ်ရှိုးလား”
မင်ရှစ်ရင်က သူမဘေးတွင် ထိုင်ပြီး နွမ်းနွယ်သည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။
“ရှစ်မေ့ ပြန်လာတာကောင်းတယ်”
ဘာ
ယဲ့ထျန်းရှင်းက မျက်မှောင် အနည်းငယ် ကျုံ့လိုက်သည်။ သူဆိုလိုတာကို သူမ နားမလည်နိုင်ချေ။
“အသားကျအောင်သာနေ။ ဒါတွေ အားလုံးက လှည့်ကွက်တွေပဲ အဟွတ်အဟွတ်”
မင်ရှစ်ရင်က ချောင်းဆိုးလိုက်ပြီးနောက် သူ့နှုတ်ခမ်းမှ သွေးများကို အနက်ရောင်လက်ဖြင် သုတ်လိုက်တော့သည်။
...
Zawgyi
အခန္း (၄၃) လွ်ို႔ဝွက္ကတ္ေတြ မရွိဘဲ ဘာလုပ္မွာလဲ
က်ိဳးက်စ္ဖုန္းသည္ ေၾကာက္မက္ဖြယ္ေကာင္းသည့္ အကန႔္အသတ္မဲ့ စြမ္းအားမ်ားေၾကာင့္ ထိတ္လန႔္သြားသည္။ ယခင္က သူသည္ က်န္သည့္ က်င့္ႀကံသူမ်ားကို ဦးေဆာင္ၿပီး အကာအရံကို ဖ်က္ဆီးကာ ခြန္အားကုန္ အသုံးျပဳခဲ့သည္။ ထိုသို႔တိုင္ ယင္းက တုတ္တုတ္မွ် မေလ်ာေပ။ က်ိထ်န္းေတာက္ တစ္ေယာက္တည္း ယင္းကို ျပင္နိုင္လိမ့္မည္ဟု တစ္ခါမွ မေတြးခဲ့မိေခ်။
ယခုအခ်ိန္တြင္ လုက်ိဳးက မရပ္တန႔္ဘဲ စြမ္းအင္မ်ား ဆက္လက္ ထည့္ေပးေနသည္။ အကာအရံက အမွန္တကယ္ မျပင္ရေသးခင္ သူက ကြဲျပားျခားနားသည့္ ေနရာမ်ား ထဲတြင္ အစီအရင္ျဖင့္ မ်က္လုံးကို ဆက္သြယ္ရန္သာ လိုအပ္သည္။ သူတို႔က ဆက္တိုက္ ဆက္ႏြယ္မႈ တစ္ခုကို ဖြဲ႕တည္သည့္ အခ်ိန္တြင္ အႏွောက္အယက္ အဟန႔္အတားမရွိ အကာအရံတစ္ခုလုံး စြမ္းအင္မ်ား စီးဆင္းေစနိုင္မွာပဲ ျဖစ္သည္။
အမွန္အတိုင္း ဆိုရလွ်င္ လုက်ိဳးကိုယ္တိုင္လည္း အထိပ္ အထိပ္ အသြင္ ကတ္ေၾကာင့္ အံ့ဩသြားမိသည္။ ယင္းက သူ႕ကို အကန႔္အသတ္ စြမ္းအားမ်ား ေထာက္ပံ့ေပးနိုင္၏။ အခ်ိန္ အကန႔္အသတ္ ေၾကာင့္သာ မဟုတ္လွ်င္ ဤကတ္က အမွန္တကယ္ ယွဥ္ၿပိဳင္ဖက္ ကင္းမဲ့ေနသည္။ ထိုအခ်က္ျဖင့္ သူ၏ က်င့္ႀကံဆင့္ကို တိုးျမႇင္ရန္ မလိုေတာ့ေခ်။ သူ၏ စြမ္းအင္ ဗဟိုခ်က္ထဲ အႀကိမ္မည္မွ် ရွင္းလင္းသြားမွန္း သူ မေရတြက္နိုင္ေတာ့ေခ်။ အေၾကာင္းမွာ ယင္းသို႔ ျဖစ္ပ်က္သြားသည့္ အခ်ိန္၌ ခ်က္ခ်င္း ျပန္ျပည့္လာေသာေၾကာင့္ ျဖစ္၏။
အကာအရံကို ျပင္ဆင္ရန္အတြက္ စုစုေပါင္း ႏွစ္ဆယ့္ငါးမိနစ္ အခ်ိန္ ယူခဲ့ရသည္။ ေနာက္ဆုံးတြင္ တည္ၿငိမ္သြားေတာ့သည္။ အကာအရံကို ထိမိသည့္ အခ်ိန္တြင္ သူက သမုဒၵရာေပၚရွိ လွိုင္းမ်ားကဲ့သို႔ပင္ ေတာက္ပၿပီး တုန္လႈပ္ဖြယ္ ႀကိမ္ႏႈန္းမ်ား လွိုင္းဂယက္ငယ္မ်ား ျပန႔္ကားေနတာကို ေတြ႕လိုက္ရသည္။
လုက်ိဳးက အသက္ျပင္းျပင္း တစ္ခ်က္ရႈၿပီးေနာက္ ပတ္ဝန္းက်င္ကို ၾကည့္ကာ စနစ္ဇယားကို ၾကည့္လိုက္သည္။ သူ႕တြင္ အခ်ိန္ သုံးမိနစ္ရွိေနေသး၏။
ေရွာင္ယြမ္အာ တစ္ေယာက္တည္းျဖင့္ သူတို႔ကို ေျဖရွင္းရန္ လုံေလာက္သည္။ သူကိုယ္တိုင္ တိုက္ခိုက္ေနစရာ မလိုေပ။
တပည့္နားလည္ပါၿပီ ရွစ္စြင္း
ဖန္က်င္းရွန္က မ်က္ေမွာင္က်ဳံ႕လိုက္၏။ နတ္ေဒဝါ ဦးတည္နယ္ပယ္ က်င့္ႀကံသူမ်ား ၾကားထဲတြင္ အသန္မာဆုံးက ေက်ာက္ထိန္းခ်ဳပ္ျခင္း အဆင့္တြင္သာ ရွိေသးသည္။
နတ္ေဒဝါ ဦးတည္နယ္ပယ္ကို အဆင့္သုံးဆင့္ ခြဲျခားနိုင္၏။ ေတာက္သဏၭာန္၊ ေတာက္ထိန္းခ်ဳပ္ျခင္းႏွင့္ ေတာက္အသြင္ေျပာင္းျခင္း ျဖစ္သည္။ အဆင့္တစ္ဆင့္ႏွင့္ တစ္ဆင့္ၾကား ကြာဟခ်က္ႀကီး ရွိေနၿပီး တန္ဖိုးႀကီးရတနာရွိ သူႏွင့္ရတနာ မရွိသူၾကား ကြာဟခ်က္ထက္ ပိုႀကီးမားေပ၏။ သို႔ေသာ္ ထိုက်င့္ႀကံသူမ်ား၏ က်င့္ႀကံဆင့္က တပည့္မ်ားႏွင့္ အဆင့္တူတြင္ ရွိေနလွ်င္ေတာင္ ေ႐ႊနန္းဥယ်ာဥ္ေတာင္ တပည့္မ်ားႏွင့္ ဘယ္ေတာ့မွ ယွဥ္နိုင္မွာ မဟုတ္ေခ်။
ယခုအခ်ိန္တြင္ ေရွာင္ယြမ္အာက သူမ၏ ေဒါသကို ေနာက္ဆုံး၌ ေပါက္ကြဲ ပစ္ေတာ့သည္။
သူမသည္ တာရာခုနစ္စင္း မိုးတိမ္နင္းေျခလွမ္းကို အသုံးျပဳၿပီး ျဗဟၼာပင္လယ္ က်င့္ႀကံသူတိုင္းကို သတ္ျဖတ္ေနၿပီး နတ္ေဒဝါ ဦးတည္နယ္ပယ္ က်င့္ႀကံသူမ်ားက သူမ လိုက္လံ သတ္ျဖတ္မႈ၏ ပစ္မွတ္ ျဖစ္လာခဲ့သည္။
ေ႐ႊနန္းဥယ်ာဥ္ေတာင္၏ လူဆိုးတစ္ဦးက လူအမ်ားကို သတ္ျဖတ္ျခင္းထက္ မပိုေပ။ အခ်ိဳ႕ေသာ ေၾကာက္လန႔္သည့္ က်င့္ႀကံသူမ်ားက သူမ၏ တိုက္ခိုက္မႈကို ခုခံၾကသည္။ သို႔ေသာ္ ယင္းက ယာယီသာ ျဖစ္၏။ သူတို႔သည္ အသတ္ခံရမွာကို ေလွာင္ခ်ိဳင့္ထဲတြင္ ေစာင့္ဆိုင္းေနသည့္ သိုးမ်ားကဲ့သို႔ ျဖစ္ေနသည္။ ေရွာင္ယြမ္အာက လက္ထဲတြင္ ဓားတစ္လက္ျဖင့္ မုဆိုးကဲ့သို႔ ျဖစ္ေန၏။
စိတ္ပ်က္အားငယ္ ေၾကာက္လန႔္မႈတို႔က ေလထဲ ႀကီးစိုးလာသည္။
လုက်ိဳးက တိုက္ပြဲထဲ ဝင္မပါခဲ့ေပ။ လက္တစ္ခ်က္ ေဝွ႕ယမ္းမႈျဖင့္ ဧရာမ စိတ္ဝိညာဥ္သဏၭာန္က ေပ်ာက္ကြယ္သြားၿပီး သူသည္ မိစ္ဆာေဝဟင္ ေမွ်ာ္နန္းထဲသို႔ ပ်ံသန္းသြားေတာ့သည္။
ရွစ္စစ္ တြမ့္မူရွန္း၏ ႏႈတ္ခမ္းေထာင့္မွ ေသြးမ်ား စီးက်လာေတာ့သည္။ သူ ထပ္မေတာင့္ခံနိုင္ေသာေၾကာင့္ ျဖစ္၏။
လုက်ိဳးက သူ႕ကို ဖ်တ္ခနဲၾကည့္လိုက္ရာ သူ၏ သစၥာရွိမႈ ရွစ္ဆယ္ရာခိုင္ႏႈန္း ေရာက္ေနတာကို ျမင္ေသာအခါ သူအံ့ဩသြားေတာ့သည္။ သူ႕တပည့္ကို နတ္ေဒဝါ ထပ္သီး နည္းနိႆယကိုသာ သင္ၾကားေပးခဲ့သည္။ မည္သို႔ပင္ ဆိုေစကာမူ သစၥာရွိသည့္ တပည့္တစ္ေယာက္ ပိုရလာျခင္းက ကိစၥေကာင္း တစ္ရပ္ ျဖစ္သည္။
သူ၏ ဒဏ္ရာသည္ သမာသမတ္ဂိုဏ္း၏ တုသာ့ဖန္ႏွင့္ တိုက္ပြဲေၾကာင့္ ျဖစ္လာတာပင္။ ထိုမွ် ၾကာရွည္ သည္းခံနိုင္ခဲ့သည္ကား အံ့ဩစရာ ေကာင္းလွေပ၏။ ယင္းက အတိတ္တုန္းက က်ိထ်န္းေတာက္၏ ညွဥ္းပမ္းႏွိပ္စက္မႈမ်ားေၾကာင့္ ယေန႕ သူ ထိုမွ် သန္မာလာတာ ျဖစ္သည္။ သာမန္ က်င့္ႀကံသူ တစ္ဦးဆိုလွ်င္ ယခုအခ်ိန္၌ ေျမျပင္ေပၚ လဲက်ေနမွာပဲ ျဖစ္သည္။
ေလာင္စစ္က ဘယ္မွာလဲ
လုက်ိဳးက ေမးလိုက္သည္။
စစ္ရွစ္တိက ဖန္ရွင္းက်န္းနဲ႕ ျပင္းထန္တဲ့ တိုက္ပြဲတစ္ပြဲ ဆင္ႏႊဲခဲ့တာ။ သူက တစ္ဖက္ အေရအတြက္ မ်ားလြန္းေနတာေၾကာင့္ သူ႕ကို ဒဏ္ရာ ရေစၿပီးတဲ့ ေနာက္ဆုံးမွာ ထြက္ေျပးသြားခဲ့တယ္
သူ႕စကားေျပာ ခဏရပ္ၿပီးေနာက္ အျမန္ေျပာလိုက္သည္။
အခုအခ်ိန္မွာ သူ ဘယ္ေနရာမွာ ရွိလဲဆိုတာ တပည့္မသိပါဘူး။
လုက်ိဳးက လက္တစ္ခ်က္ ေဝွ႕ယမ္းလိုက္သည္။ လက္ဟန္ တစ္ခုျဖင့္ သတိေမ့ေနေသာ ယဲ့ထ်န္းရွင္းကိုသယ္လာသည့္ နတ္ျခေသၤ့က မိစ္ဆာေဝဟင္ ေမွ်ာ္နန္းထဲရွိ ဥယ်ာဥ္ၿခံဝန္းထဲ့သို႔ ဆင္းသက္လာသည္။ သူမကို ေျမျပင္ေပၚ ခ်ေပးၿပီးေနာက္ ယင္းက ေလထဲသို႔ ထပ္မံ ျပန္တက္သြားၿပီး ေကာင္းကင္ထဲတြင္ ေပ်ာက္ကြယ္သြားေတာ့သည္။
လ်ိဳရွစ္ေမ့
တြမ့္မူရွန္းက အံ့ဩသြားသည္။
ယဲ့ထ်န္းရွင္းသည္ မာယာေက်ာ့ကြင္း ေကာင္းကင္အဆင့္ လက္နက္ကို ပိုင္ဆိုင္ထားၿပီး ေပနက္လႊာတြင္အဆင့္ကိုး ျဖစ္၏။ ထိုသို႔တိုင္ သူမ ဒဏ္ရာ ဆိုးဆိုးဝါးဝါးရေနသည္က သူ ယုံနိုင္ရန္ ခဲယဥ္းသည့္ကိစၥရပ္ တစ္ခု ျဖစ္ေနသည္။
ယခုအခ်ိန္တြင္ အက်င့္ယုတ္သည့္ ဝံပုေလြကဲ့သို႔ က်င့္ႀကံသူမ်ားကို သတ္ျဖတ္ေနေသာ ေရွာင္ယြမ္အာမွ အပ တပည့္အားလုံးသည္ ဒဏ္ရာမ်ား ရေနေတာ့သည္။ လုက်ိဳး၏ နားထဲ အသိေပးသံမ်ား ျပည့္ေနရာ သူရရွိသည့္ ကုသိုလ္အမွတ္မ်ားကို သတင္းပို႔ေနတာပဲ ျဖစ္သည္။
လုက်ိဳးက ျဖည္းျဖည္းခ်င္း လွည့္လာၿပီး က်ိဳးက်စ္ဖုန္းက တုန္ယင္သြားကာ သူႏွင့္ မလွမ္းမကမ္းသို႔ ေလွ်ာက္လာ၏။ ၿပီးေနာက္ ငါးမီတာ အကြာခန႔္တြင္ ဒူးတစ္ဖက္ေထာက္ၿပီး ေျပာလိုက္သည္။
က်ဳပ္ေ႐ႊနန္းဥယ်ာဥ္ေတာင္ထဲ ဝင္ၿပီး ဆရာႀကီးကို ခစားလိုစိတ္ရွိပါတယ္
တင္း သင္က လက္ေအာက္ငယ္သား တစ္ေယာက္ ျဖစ္တဲ့ က်ိဳးက်စ္ဖုန္းဈ နတ္ေဒဝါဦးတည္နယ္ပယ္ က်င့္ႀကံသူ တစ္ေယာက္ရပါတယ္။ ကုသိုလ္မွတ္ တစ္ရာ ဆုရရွိပါတယ္။
လုက်ိဳးက ျဖည္းျဖည္းခ်င္း လွမ္းလိုက္ၿပီး သူ႕ကို ေဘးတိုက္ ၾကည့္လိုက္သည္။ သူက ေခါင္းမခါ ေခါင္းမညိတ္ဘဲ ခပ္ေဖ်ာ့ေဖ်ာ့ ေလသံျဖင့္သာ ေျပာလိုက္၏။
ေနရာကို ရွင္းလိုက္
သူသည္ က်ိဳးက်စ္ဖုန္း၏ ရွင္းျပခ်က္ကို နားေထာင္ရန္ အခ်ိန္မရွိေပ။ ။ သူ ေကာင္းကင္ဓားဂိုဏ္းမွ ထြက္လာၿပီးေနာက္ ျဖစ္ပ်က္ခဲ့သည့္ ကိစၥကို သူမသိခ်င္ေပ။ ထို႔ေၾကာင့္ အမိန႔္တစ္ခုသာ ေပးလိုက္တာ ျဖစ္၏။
ဟုတ္ကဲ့ ခ်န္ေပ့
က်ိဳးက်စ္ဖုန္းက အေပ်ာ္လြန္သြားၿပီး ဓားကို ဆြဲထုတ္လိုက္သည္။ သူ၏ မ်က္ဝန္းထဲတြင္ ရက္စက္ၾကမ္းၾကဳတ္သည့္ အၾကည့္တို႔ ရွိေနကာ ထိုထြက္ေျပးေနေသာ ျဗဟၼာပင္လယ္ က်င့္ႀကံသူမ်ားဆီ ခုန္ဝင္သြားေတာ့သည္။ ၿပီးေနာက္ လုက်ိဳးက လွည့္ထြက္သြားၿပီး မိစ္ဆာေဝဟင္ ေမွ်ာ္နန္းထဲသို႔ ေလွ်ာက္ဝင္သြားေတာ့၏။
ေမွ်ာ္နန္း၏ အတြင္းပိုင္းက က်ိခ်န္းေတာက္ကိုယ္တိုင္ တည္ေဆာက္ထားၿပီး သီးျခား က်င့္ႀကံျခင္း ခန္းမပင္ ျဖစ္သည္။ နတ္ဝိညာဥ္ ဝဋ္ေႂကြးေခ်နယ္ပယ္ က်င္ႀကံသူ တစ္ဦးေတာင္ ယင္းကို ဖိအားျဖင့္ ၿဖိဳခြင္းရန္ အခ်ိန္ အေတာ္ၾကာ အသုံးျပဳရမွာပဲ ျဖစ္သည္။
လုက်ိဳးက လွ်ို႔ဝွက္ခလုတ္ကို ဖိလိုက္ရာ ဗီးခနဲ ျမည္သံျဖင့္ တံခါးက ေဘးဖက္သို႔ ပြင့္ထြက္သြားသည္။ သူက အထဲသို႔ ဝင္ၿပီး ထပ္ခါ ထပ္ခါ ၾကည့္လိုက္၏။ တေလာကလုံး တိတ္ဆိတ္ေနၿပီး တစ္ခ်ိန္တည္းတြင္ အထြတ္အထိပ္ သဏၭာန္ကတ္၏ အာနိသင္ ျမင့္တက္သြားတာ ျဖစ္သည္။ သူ၏ စြမ္းအင္ဗဟိုခ်က္ထဲရွိ စြမ္းအင္မ်ားစြာက ဒီေရအလား ခ်က္ခ်င္းပင္ ေလ်ာ့က်သြားေတာ့သည္။ မည္သည့္နည္းႏွင့္ မဆို လုက်ိဳးက အေတာ္ေလး တည္ၿငိမ္ေန၏။
ေမွ်ာ္စင္ အတြင္းပိုင္းက မွိန္ျဖျဖ လင္းေနၿပီး မ်က္ႏွာက်က္မွ မွိန္ေဖ်ာ့ေဖ်ာ့ အလင္းသာ တစ္ခုသာ ေတာက္ပေနသည္။ ဤေနရာက က်င့္ႀကံျခင္းအတြက္ အမွန္တကယ္ သင့္ေတာ္သည္။
လုက်ိဳးက အမွန္တကယ္ ျဖစ္ပ်က္ေနတာကို အာ႐ုံ ထပ္မစိုက္ေတာ့ေခ်။ သူ၏ အေတြးမ်ားကို ေျဖရွင္းရန္ လိုအပ္ၿပီး ယခုအခ်ိန္တြင္ လွ်ို႔ဝွက္ကတ္မ်ား ျပန္စုစည္းရန္ လိုအပ္၏။
အမည္။ ။ လုက်ိဳး
မ်ိဳးႏြယ္။ ။လူသား
က်င့္ႀကံဆင့္။ ။ အာ႐ုံခံ သိပ္သည္းျခင္း နယ္ပယ္၏ ဝိညာဥ္ဖြဲ႕တည္ျခင္း အဆင့္
ကုသိုလ္အမွတ္။ ။ ၆၆၇၄
စိတ္ဝိညာဥ္သက္တမ္း။ ။ သုံးပါးသိပ္သည္းျခင္း ပန္းပြင့္
က်န္ရွိသည့္ သက္တမ္း။ ။ ၅၅၄၅၆ရက္
အသုံးပစၥည္း။ ။ အတိုက္အခိုက္ ဒဏ္ျပင္း ပိတ္ဆို႔သည့္ကတ္ (အလိုအေလ်ာက္ အသုံးျပဳျခင္း) ၇ကတ်
က်င့္ႀကံျခင္း နည္းစနစ္။ ။ေကာင္းကင္က်မ္းစနစ္ စာလိပ္ သုံးပါး
လက္နက္- မာယာေက်ာ့ကြင္း
ပိုင္ရွင္- ယဲ့ထ်န္းရွင္း ( ၎ကို အသုံးမျပဳခင္ ထပ္မံ သန႔္စင္ရန္ လိုအပ္သည္။)
အထြတ္အထိပ္ အတြင္းကတ္က အမွန္တကယ္ ကုန္သြားၿပီး ျဖစ္ရာ သူ႕တိုင္ အတိုက္အခိုက္ ဒဏ္ျပင္၊ ပိတ္ဆို႔သည့္ကတ္ ခုႏွစ္ကတ္သာ က်န္ေတာ့သည္။ အစြမ္းထက္သည့္ ရန္သူက အသက္တစ္ရွိုက္ ရႈစာအတြင္း သူ႕ကို ဆယ္ႀကိမ္ သို႔မဟုတ္ အႀကိမ္တစ္ရာေတာင္ တိုက္ခိုက္နိုင္ေလာက္သည္။ ထို႔ေၾကာင့္ ခုႏွစ္ႀကိမ္ ပိတ္ဆို႔နိုင္ျခင္းက ဘာမွ မဟုတ္ေပ။
ယခုတြင္ သူ႕တြင္ လွ်ို႔ဝွက္ကတ္မ်ား မရွိေတာ့။ သူဘာလုပ္သင့္သနည္း။ ေ႐ႊနန္းေတာ္၏ အႀကီးဆုံးမိစ္ဆာႀကီး တစ္ဦးအေနျဖင့္ သူသည္ အျပင္ေလာကရွိက်င့္ႀကံသူမ်ားစြာ၏ ပစ္မွတ္ ျဖစ္သည္။
လုက်ိဳးက မွိန္ေဖ်ာ့ေဖ်ာ့ အလင္းမ်ား ၾကားထဲတြင္ တင္ပ်ဥ္ေခြ ခ်ိတ္ထားၿပီးေနာက္ အေတြးနစ္ေနေတာ့သည္။
အကာအရံ ျပင္ဆင္ၿပီးသြားၿပီ ျဖစ္ရာ ယင္းသည္ ဆယ္ရက္မွ လဝက္ခန႔္အတြင္း အင္အားႀကီး ရန္သူမ်ားကို ဟန႔္တားနိုင္မွာ ျဖစ္သည္။ ထို႔အျပင္ အထြတ္ အထိပ္ အသြင္ကတ္ႏွစ္ကတ္ တစ္ခါတည္း အသုံးျပဳၿပီး လုက်ိဳးက သမာသမက္ က်င့္ႀကံသူမ်ားကို ထိတ္လန႔္ေစခဲ့ၿပီး ျဖစ္၏။ ထိုလူမ်ား မည္မွ် တုံးအေစကာမူ ေ႐ႊနန္းဥယ်ာဥ္ေတာင္ကို ယခုကဲ့သို႔ ထပ္မံ က်ဴးေက်ာ္ရဲမွာ မဟုတ္ေတာ့ေခ်။
ယခုအေခါက္ အန္းယန္သို႔ ခရီးစဥ္က သူ႕အတြက္ ကုသိုလ္အမွတ္ ေျခာက္ေထာင္ေက်ာ္ ယူေဆာင္လာေပးသည္။ လမ္းစဥ္တစ္ေလွ်ာက္သူသည္ စနစ္အသိေပးသံမ်ား ၾကားေနရၿပီး ကုသိုလ္အမွတ္မ်ားစြာ စုေဆာင္းနိုင္ခဲ့တာပဲ ျဖစ္သည္။ စီမိသားစု၏ ျပန္ေပးဆြဲ ခံရမႈ ဖန္က်ဳံး၏ အညံ့ခံမႈ ယဲ့ထ်န္းရွင္း ဖမ္းမိမႈတို႔ ထိုအရာအားလုံးက သူ႕ကို ကုသိုလ္ အမွတ္မ်ား ေပးေန၏။ သူသတ္ခဲ့သည့္ လူမ်ားအတြက္မူ ေရတြက္ေတာင္ စိတ္ကူးေတာင္ မရွိေပ။
လက္နက္ အေၾကာင္းဆိုလွ်င္ေတာင္ လုက်ိဳးက သူ႕တပည့္ထံမွ သိမ္းယူလာခဲ့ေသာ ေကာင္းကင္ အဆင့္ လက္နက္ကို ထပ္အသုံးျပဳ၍ ရမည္ဟုမထင္ထားေခ်။ သို႔ေသာ္ ေကာင္းကင္ အဆင့္ ရတနာကို သန႔္စင္ရန္ မလြယ္ကူ။ အေၾကာင္းမွာ သခင္အျဖစ္ အသိအမွတ္ျပဳၿပီးေနာက္ ၎ကို ေျပာင္းလဲရန္ အင္မတန္ ခက္ခဲေသာေၾကာင့္ ျဖစ္သည္။ အမွန္တကယ္တြင္ ယင္းက လူတစ္ေယာက္၏ စိတ္ကို ေျပာင္းလဲရျခင္းထက္ ပိုေတာင္ ခက္ခဲေပသည္။
တင္း နတ္ေဒဝါ ဦးတည္နယ္ပယ္ က်င့္ႀကံသူ တစ္ေယာက္ အသတ္ခံရပါတယ္။ သင္ကုသိုလ္ အမွတ္ တစ္ရာ ဆုရရွိပါတယ္
တင္း ျဗဟၼာ ပင္လယ္ က်င့္ႀကံသူ တစ္ေယာက္ အသတ္ခံလိုက္ရပါတယ္။ သင္ ကုသိုလ္ အမွတ္ဆယ္မွတ္ ရရွိပါတယ္
လုက်ိဳးက ေခါင္းခါၿပီးေနာက္ ေျပာလိုက္သည္။ သူတို႔သည့္ နယ္ပယ္ တစ္ခုသာ ျခားေသာ္ျငား ဆုေၾကးက ဆယ္ဆ ကြာဟေနသည္။
ယခု သူ႕တြင္ ကုသိုလ္ အမွတ္မ်ားစြာ ရွိေနၿပီး ျဖစ္ရာ သူတို႔ကို အသုံးျပဳရမည့္နည္း သူေတြးရန္ လိုအပ္သည္။ သူကံစမ္းသင့္လား။ သူ႕အဖို႔ ယင္းက ေလာင္းကစားကဲ့သို႔ ျဖစ္သည္။ ကံစမ္းမဲမွ ကုသိုလ္အမွတ္မ်ား စုေဆာင္းနိုင္ေသာ္ျငား ကံေကာင္းသည့္ အမွတ္သာ ရေနၿပီး ဆက္တိုက္ ဆုံးရႈံးေနလွ်င္ မည္သို႔လုပ္ရမည္နည္း။
ေရွာင္ယြမ္အာႏွင့္ က်ိဳးက်စ္ဖုန္းတို႔ က်န္သည့္ က်င့္ႀကံသူမ်ားကို သတ္ၿပီး အခ်ိန္ထိ သူေစာင့္သင့္သည္ဟု ေတြးမိလိုက္သည္။ ထိုသို႔ ေတြးၿပီးေနာက္ သူေျခခ်ကာ လွည့္ၾကည့္လိုက္ေတာ့၏။ သူသည္ လွ်ို႔ဝွက္အခန္းထဲသို႔ မဝင္တာ အခ်ိန္ အေတာ္ၾကာ ရွိၿပီ ျဖစ္ပုံေပၚသည္။ ထို႔ေၾကာင့္ ဤေနရာတြင္ ပစၥည္းမ်ားစြာ က်န္ရစ္ေနနိုင္သည္။ အခန္းက မွိန္ပ်ပ်သာ လင္းေနေသာ္ျငား ပစၥည္းမ်ားကို အၾကမ္းဖ်င္း ျမင္နိုင္ေသး၏။
သမာသမတ္ ဂိုဏ္း၏ က်င့္စဥ္ အမ်ားစုကို ဤေနရာတြင္ ထိန္းသိမ္းထား၏။ ေရွးဓားတစ္လက္ က်င့္စဥ္၊ ၿငိမ္သက္ေအးခ်မ္းျခင္း ဂါထာ၊ ေတာက္ႏွလုံးသားမႏၱာန္ႏွင့္ က်န္သည့္ အရာမ်ား ျဖစ္သည္။ သူသိသေလာက္က ထိုက်န္သိုင္းက်မ္းမ်ားကို သူ႕တပည့္မ်ား မေလ့က်င့္ထားေပ။ အေၾကာင္းျပခ်က္ကို နားလည္နိုင္ေပ၏။ ထိုက်င့္စဥ္မ်ားသည္ စနစ္ကေပးသည့္ က်င့္စဥ္မ်ားေလာက္ မေကာင္းေသာေၾကာင့္ ျဖစ္သည္။
က်င့္စဥ္မ်ား အျပင္ လက္နက္ အခ်ိဳ႕လည္း ရွိေပ၏။ အမ်ားဆုံးက စိတ္နက္နဲမႈ အဆင့္ႏွင့္ အဝါေရာင္ အဆင့္တို႔သာ ရွိေသးရာ ယင္းတို႔က နတ္ဝိညာဥ္ ဝဋ္ေႂကြးေျခနယ္ပယ္ က်င့္ႀကံသူမ်ား ျဖစ္ၾကသည္။ သူတို႔၏ အျမင္တြင္ အလြန္နိမ့္က်သည့္ လက္နက္မ်ား ျဖစ္သည္။ လုက်ိဳး အတြက္လည္း တူညီေပ၏။ သူသည္ သူတို႔ကို အၾကမ္းဖ်င္း ၾကည့္ၿပီးေနာက္ စိတ္ဝင္စားမႈ မရွိေတာ့ေပ။ သူတို႔ အားလုံးက ဖုန္ေတာထဲတြင္ ရွိေနသည္ကား အခ်ိန္အေတာ္ၾကာ မထိထားဟု မဆိုလိုတာပဲ ျဖစ္သည္။ အမ်ားစုက ေဟာင္းႏြမ္းေနၿပီ ျဖစ္ရာ လုက်ိဳးသည္ သူတို႔မည္သည့္ ေနရာမွ လာေၾကာင္း မည္သို႔ အသုံးျပဳရမလဲဆိုတာကို မမွတ္မိေတာ့ေခ်။
ထိုစဥ္ မိစ္ဆာေဝဟင္ ေမွ်ာ္နန္းထဲရွိ ၿခံဝင္းထဲတြင္ ယ်ဲ့ထ်န္းရွင္းက သူမ ဝမ္းဗိုက္ထဲမွ အင္မတန္ နာက်င္မႈေၾကာင့္ နိုးထလာသည္။ သူမက မ်က္လုံးကို ခဲရာ ခဲဆစ္ ဖြင့္ၿပီးေနာက္ ပတ္ဝန္းက်င္ကို ၾကည့္လိုက္၏။
ဒါက မိစ္ဆာေဝဟင္ ေမွ်ာ္နန္းလား
သူမ ဂိုဏ္းထဲသို႔ ဝင္ၿပီးေနာက္ လြန္ခဲ့သည့္ ႏွစ္ေပါင္းမ်ားစြာက အခမ္းအနား က်င္းပသည့္ ေနရာျဖစ္သည္။ သူမ တစ္ခ်က္ ၾကည့္႐ုံႏွင့္ မွတ္မိ၏။ ဤေနရာရွိ အရာအားလုံးက သူမႏွင္ ရင္းႏွီးေနသည္။ အပင္တိုင္း၊ နံရံတိုင္း နံရံေပၚရွိ မ်ဥ္းမ်ားေတာင္ ရင္းႏွီးေန၏။ ထိုစဥ္ အေတာ္ေလး အားနည္းသည့္ အသံတစ္သံ ေပၚထြက္လာသည္။
လ်ိဳ႕ရွစ္ေမ့
ယဲ့ထ်န္းရွင္းက ထိတ္လန႔္သြားသည္။ သူမ၏ အသံလာရာဖက္ကို ၾကည့္လိုက္ရာ မင္ရွစ္ရင္ ဝင္လာတာကို ေတြ႕လိုက္ရၿပီး ဆံပင္မ်ားက မေသမသပ္ ျဖစ္ေနၿပီး မ်က္ႏွာက ညစ္ေပကာ ရင္ဖက္တြင္ ေသြးမ်ား စြန္းထင္းေန၏။
စစ္ရွစ္ရွိုးလား
မင္ရွစ္ရင္က သူမေဘးတြင္ ထိုင္ၿပီး ႏြမ္းႏြယ္သည့္ အၿပဳံးျဖင့္ ၿပဳံးျပလိုက္သည္။
ရွစ္ေမ့ ျပန္လာတာေကာင္းတယ္
ဘာ
ယဲ့ထ်န္းရွင္းက မ်က္ေမွာင္ အနည္းငယ္ က်ဳံ႕လိုက္သည္။ သူဆိုလိုတာကို သူမ နားမလည္နိုင္ေခ်။
အသားက်ေအာင္သာေန။ ဒါေတြ အားလုံးက လွည့္ကြက္ေတြပဲ အဟြတ္အဟြတ္
မင္ရွစ္ရင္က ေခ်ာင္းဆိုးလိုက္ၿပီးေနာက္ သူ႕ႏႈတ္ခမ္းမွ ေသြးမ်ားကို အနက္ေရာင္လက္ျဖင္ သုတ္လိုက္ေတာ့သည္။
...