အခန်း (၄၂) အသက်ကြီးလေ ဉာဏ်ပိုကြီးလေ
လုကျိုးက နောက်ဆုံး အထွတ်အထိပ် သဏ္ဍာန်ကတ်ကို ချွေတာဖို့ မရွေးချယ်ခဲ့ပေ။ သူ ကျိထျန်းတောက် ဖြစ်လာကတည်းက သူ့ဆုံးဖြတ်ချက် ချပြီးသွားလေပြီ။ သူက ဤလမ်းကြောင်းကို ဆက်လျှောက်ဖို့ ကံကြမ္မာပါလာပြီးသား ဖြစ်၏။
ဤရက်စက်လှသည့် ကျင့်ကြံရေးလောကကြီး၌ ဘေးကင်းလုံခြုံသည့် နေရာဟူ၍ မရှိပေ။ ရွှေနန်းဥယျာဉ်တောင်သည် သူ့ကောင်းကင်ဘုံ ဖြစ်သလို အုတ်မြစ်လည်း ဖြစ်သောကြောင့် မည်သူမှ သူ့ထံမှ ယူဆောင်သွားခွင့် မပြုနိုင်ချေ။
သူ့ဆီတွင် ရည်ရွယ်ချက် နှစ်ခု ရှိလာသည်။ သူက ဤအခွင့်အရေးကို အသုံးချကာ ရွှေနန်းဥယျာဉ်တောင်ကို မျက်စိကျနေကြသည့် လူများနှင့် လောကကြီးကို သူက ဆေးပေါ် မှီခိုနေခြင်း မဟုတ်ဘဲ ကိုယ်ပိုင်စွမ်းအားအပေါ် မှီခိုနေခြင်းသာ ဖြစ်ကြောင်း သတိပေးလိုက်ချင်သည်။ သူ့အပိုင် စွမ်းအားတစ်ခုတည်းကသာ ဆက်တိုက် ထွက်ပေါ်လာနိုင်ခြင်း ဖြစ်၏။ ပြင်ပအင်အား၊ ဆေး သို့မဟုတ် လှည့်ကွက်များက ထိုသို့လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
သမာသမတ်ဂိုဏ်းများနှင့် ကောင်းကင်ဓားဂိုဏ်းမှ တပည့်များက ကြောင်အမ်းကုန်ကြသည်။ ပွင့်ချပ်ကိုးလွှာ ဒုက္ခမိုင်တစ်ရာရှုကွင်း သဏ္ဌာန်အောက်တွင် သူတို့ မည်သို့လှုပ်ရှားရမည်ကိုပါ မေ့လျော့သွားဟန်ပေါ်သည်။ တိုက်ခိုက်သူ၏ စွမ်းအားကို တိုးလာစေသည့်အပြင် စိတ်ဝိညာဉ် သဏ္ဌာန်က ရန်သူများကို အာရုံခံမိနိုင်စွမ်း ရှိပုံပေါ်၏။ ထို့အပြင် ကျင့်ကြံဆင့်ကြားရှိ ကွာဟချက်က ကြီးလေလေ သက်ရောက်မှုက ပိုအားပြင်းလာလေလေ ဖြစ်သည်။
ရလဒ်အနေနှင့် နတ်ဒေဝါ ဦးတည် နယ်ပယ်အဆင့်အောက်ရှိ ကျင့်ကြံသူများက မြေပြင်ပေါ် တုန်တုန်ယင်ယင် လဲကျကုန်သည်။ အားလုံးအနက် အားအကောင်းဆုံးဖြစ်သည့် ဖန်ကျင်းရှန်ပင် နောက်ပြန်မဆုတ်ဘဲ မနေနိုင်တော့ပေ။ သူက ကြောက်ရွံ့တုန်လှုပ်နေပြီး ထွက်ပြေးချင်နေသည်။ သူ့တွင် နဂါးနှလုံးသား ဒိုင်းကာ ရှိထားသောကြောင့် ထွက်ပြေးဖို့ အကူအညီဖြစ်နိုင်သည်။ သို့သော် သူ့အနေနှင့် အရင်ဆုံး အခွင့်အရေးကို ရှာဖွေရဦးမည်။
လုကျိုးက ကောင်းကင်ယံထဲ ပျံဝဲနေကာ လူအုပ်ကြီးကို ငုံ့ကြည့်လိုက်လေသည်။ ထို့နောက် သူ့အကြည့်တို့က တွမ့်မူရှန်းပေါ် ရောက်ရှိသွားကာ “ တွမ့်မူရှန်း ”
“ ဟုတ် ရှစ်စွင်း ” တွမ့်မူရှန်းက တုန်ယင်သွားလေသည်။
“ အံ့ဖွယ်တစ်ပါးကျင့်စဉ်ရဲ့ နောက်ဆုံးအပိုင်းမှာ ဓားပညာရပ်နဲ့ လှံပညာရပ်တို့ ပါတယ်။ အခု မင်းကို သရုပ်ဖော်ပြမယ်။ ဒါပေမဲ့ တစ်ကြိမ်တည်းမလို့ သေချာကြည့်ထား ”
တွမ့်မူရှန်းက ထိုစကားကို ကြားလိုက်သည်နှင့် အပျော်လွန်သွားလေသည်။ သူက ဂိုဏ်းကို စောစောစီးစီး ဝင်ခဲ့သော်လည်း သူ့တိုးတက်နှုန်းက အခြားတပည့်များထက် နောက်ကျခဲ့ရသည်။ ကျိထျန်းတောက်က သူ့အား ပြီးပြည့်စုံသော အံ့ဖွယ်တစ်ပါးကျင့်စဉ်ကို သင်ပေးခဲ့သော်ငြား သူ့အနေနှင့် နှစ်များစွာ လေ့ကျင့်ပြီးသည့်တိုင် နောက်ဆုံးအပိုင်းကို မကျွမ်းကျင်သေးပေ။ သူက သူ့ဘာသာ လေ့လာနေသောကြောင့် အမှောင်ထုထဲ လမ်းပျောက်သလို ဖြစ်ကာ တိုးတက်မှု နှေးကွေးလှသည်။
လုကျိုးက ဓားအစား လက်ချောင်းများကို အသုံးပြုလိုက်ပြီး ဓားအလင်းတန်းက စွမ်းအားမှ ဖွဲ့စည်းလာကာ သူတို့ဆီ ပေါ်လာသည်။
“ မင်းလက်ချောင်းတွေကို ဓားတစ်ချောင်သဖွယ် ဖွဲ့စည်းလိုက် …. အံ့ဖွယ်ချို့ယွင်းချက် ဖြည့်ဆည်းခြင်း”
လက်ညိုးနှင့် လက်ခလယ်တို့မှ ကြောက်မက်ဖွယ် စွမ်းအားတို့နှင့်အတူ မျက်စိစူးမတတ် အလင်းတန်းလည်း ထွက်ပေါ်လာသည်။ ထို့နောက် ဓားရိုက်ချက်က ဖန်ကျင်းရှန်ဆီ တည့်တည့်မတ်မတ် ဝင်ရောက်သွားတော့သည်။
“ မဟုတ်ဘူး ….” ဖန်ကျင်းရှန်က အဆုတ်ကွဲမတတ် အော်လျက် သူ့မျက်လုံးများက ပြူးကျယ်လာသည်။ သူ့ဆီမှ အားပြင်းပြင်း စွမ်းအားတစ်ခု ပေါက်ကွဲထွက်သွားပြီး တစ်ချိန်တည်းတွင် ကောင်းကင်အဆင့် ရတနာ အသက်ဝင်လာကာ ရွှေရောင်အလင်းတန်းများ ထွက်လာသည်။
“ ဒါက နဂါးနှလုံးသား အကာအကွယ်လား ”
နဂါးနှလုံးသား အကာအကွယ်၏ အဓိကလုပ်ဆောင်ချက်သည် ကာကွယ်ရေးအတွက် ဖြစ်ပြီး ဖန်ကျင်းရှန်အား ရှုံးနိမ့်ခြင်းမှ ကာကွယ်ပေးထားသည်။ သမာသမတ်ဂိုဏ်း၏ ဂိုဏ်းချုပ်က သူ့အား လွှတ်လိုက်ရသည့် အကြောင်းအရင်းအား အံ့ဩစရာ မလိုတော့ပေ။ သူက နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့်ကို တိုက်ခိုက်နိုင်ရုံသာမက သူ မနိုင်လျှင်လည်း ထွက်ပြေးဖို့ အခွင့်အရေး ရှိသေး၏။
“ဒုတိယအကြီးအကဲ ” ကျင့်ကြံသူများက ဓားချက် ကျရောက်လာပြီးနောက် မျက်စိစူးမတတ် အလင်းတန်း ပေါက်ကွဲထွက်သွားသောကြောင့် မျက်လုံးမှိတ်ထားလိုက်ကြရသည်။
ဝုန်း
ကျင့်ကြံသူများက တိုက်ပွဲနောက်ဆက်တွဲ ဖြစ်ရပ်ကို မသိသေးသလို ဖန်ကျင်းရှန် သေသည်၊ ရှင်သည်ကိုလည်း မသိကြသေးစဉ် လုကျိုး၏ အားပြင်းပြင်း အသံက ထွက်ပေါ်လာပြန်သည်။
“ မင်းရဲ့ လက်ဝါးကို အခြေအနေနဲ့ သုံးပြီးတော့ စွမ်းအားကို ဖွဲ့စည်းလိုက် … လှိုင်းလုံးထောင်ချီ ”
ဤသည်မှာ အံ့ဖွယ်တစ်ပါးကျင့်စဉ် ကို လှံပုံစံဖြင့် အသုံးပြုသည့်အခါ ရလဒ် ဖြစ်၏။ ထိုအရာက အဝေးတိုက်ခိုက်မှုအတွက် ဖြစ်ပြီး နာမည်အတိုင်း စွမ်းအားများက လှိုင်းလုံးထောင်ချီ ဖြစ်ပေါ်လာကာ လှံတစ်ထောင်ကဲ့သို့ အားပြင်းပြင်း ထွက်သွားသည်။ ထိုအချက်က အံ့ဖွယ်တစ်ပါးကျင့်စဉ် ၏ ပင်မတိုက်ကွက် ဖြစ်၏။
တိုက်ခိုက်မှုကို မြင်ကာ နတ်ဒေဝါ ဦးတည် နယ်ပယ်အဆင့် ကျင့်ကြံသူအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး အမူအယာတို့ ပြောင်းကုန်ကြသည်။
“ မကောင်းတော့ဘူး။ ပြေးကြတော့ ”
သူတို့က အစီအရင်ကို မြန်မြန် ရပ်ကာ ထွက်ပြေးဖို့ ပြင်လိုက်ကြသည်။ တိုက်ခိုက်မှုက ကြောက်ခမန်းလိလိ ဖြစ်ရာ နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူပင် ရင်ဆိုင်ရဲမည် မဟုတ်ပေ။
သို့သော်လည်း ထိုအရာက ကျင့်ကြံသူအုပ်စုကို ပစ်မှတ်မထားဘဲ ဖန်ကျင်းရှန် ရှိနေသည့်နေရာကိုသာ တည့်တည့်ကြီး ကျရောက်သွားသည်။
ဝုန်း
သူက ထိုတိုက်ခိုက်မှုအပြီးတွင် အသက်ရှင်ရစ်ပါ့မလားဆိုတာ မည်သူမှ မသိနိုင်ပေ။ အကြောင်းမှာ သူတို့အမြင်အာရုံကို ဖုန်မှုန့်များ ကာဆီးထား၍ ဖြစ်၏။ အကယ်၍ နဂါးနှလုံးသားအကာအကွယ်ဖြင့် ထိုအားကောင်းကောင်း တိုက်ခိုက်မှုမျိုးကို ခံနိုင်ရည်ရှိပါ့မလားဟု မည်သူမှ မသိပေ။
အားပြင်းပြင်း ပေါက်ကွဲမှုကြောင့် နေရာတိုင်း ပျံ့နှံ့သွားကာ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူအားလုံး လွှင့်ထွက်သွားလေသည်။ ထိုအခိုက်အတန့်၌ စူးစူးဝါးဝါး အော်သံများဖြင့် ပြည့်နှက်သွားလေသည်။ ပါရမီထူးလှသည့် ကျိုးကျစ်ဖုန်းပင် ပေါက်ကွဲမှုအဖျားခတ်ခံလိုက်ရပြီး သူ့ကိုယ်သူ ရပ်နေနိုင်ဖို့အတွက် စွမ်းအားထုတ်သုံးထားလိုက်ရသည်။
‘သူက အရင်တစ်ခေါက် ထိပ်တန်းပညာရှင်ဆယ်ယောက် ရွှေနန်းဥယျာဉ်တောင်ဆီ လာခဲ့တုန်းကထက် ပိုအားကောင်းလာတာပဲ … ဒါက ပွင့်ချပ်ကိုးလွှာ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်ကြောင့်လား’
ကျိုးကျစ်ဖုန်းက တွေးလိုက်မိသည်။ သူက တစ်ခုတော့ သေချာသိလိုက်၏။ ကျိထျန်းတောက်သည် ပို၍ အားကောင်းလာလေသည်။
သို့သော်လည်း သူက လုကျိုးသည် နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖန်ကျင်းရှန်နှင့် ရင်ဆိုင်ဖို့ရာ ထိုမျှလောက် အားကောင်းသည့် တိုက်ကွက်မျိုး အဘယ်ကြောင့် ထုတ်သုံးကြောင်း နားမလည်ပေ။ မှက်ကို လက်ကိုင်ရှည် တူကြီးဖြင့် ထုနေသလို ဖြစ်နေပေမည်။ နဂါးနှလုံးသား အကာအကွယ်အနေနှင့် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။ သူက ကောင်းကင်အဆင့် ရတနာသည် ပထမရိုက်ချက်ကတည်းက ပျက်စီးသွားပြီဖြစ်ကြောင်း သံသယဝင်မိ၏။ သူက လုကျိုးသည် နောက်တစ်ခေါက် ထပ်တိုက်ခိုက်ခြင်းမှာ ဒေါသကြောင့် ဒါမှမဟုတ် သူ့တပည့်အတွက် လမ်းညွှန်ပေးချင်တာကြောင့်ဟု ထင်မိသည်။
ရိုက်ချက်နှစ်ချက်အပြီးတွင် လေများငြိမ်ကျသွားပြီး တိမ်များလည်း ကင်းစင်ကာ ဖုန်မှုန့်များနှင့် စွမ်းအားများလည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။
လုကျိုးက တည်တည်ငြိမ်ငြိမ် အမူအယာဖြင့် လက်နှစ်ဖက် နောက်ပစ်ထားလိုက်သည်။ သူက စနစ်မှ လက်ကျန်အချိန်ကို ကြည့်ကာ သုံးမိနစ်သာ ရှိသေးကြောင်း သိလိုက်ရသည်။ အကယ်၍ သူ့အနေနှင့် အထွတ်အထိပ် သဏ္ဌာန်ကတ်ကို ထိုကျင့်ကြံသူအုပ်စု ဖြေရှင်းဖို့အတွက် အသုံးပြုလိုက်ရလျှင် နှမြောဖို့ ကောင်းလွန်းလှသည်။ တကယ်တော့ သူက ယခုထက် ပိုလုပ်ဖို့ ကြံစည်ထား၏။
“ သေချာကြည့်ခဲ့ရဲ့လား ”
တွမ့်မူရှန်းက ဒူးထောက်ကာ “ ရှစ်စွင်းကို ကျေးဇူးတင်ပါတယ်။ ရှစ်စွင်း သရုပ်ပြတာက ကျွန်တော်တစ်ယောက်တည်း ဆယ်နှစ်ကျော်လေ့လာတာထက် ပိုအကျိုးရှိပါတယ် ”
“ ကောင်းတယ် ”
ဖုန်မှုန့်များ အနည်ထိုင်သွားပြီးနောက် စိတ်ဝိညာဉ်သဏ္ဌာန်အောက်ရှိ မြေကြီးပေါ်တွင် ချိုင့်ကြီး ဖြစ်နေကာ ဖန်ကျင်းရှန်ကို ရှာလို့ပင် မတွေ့တော့ချေ။ သူက လုံးဝ ပျောက်ဆုံးသွားလေပြီ။
ထို့နောက် ကျင့်ကြံသူများစွာက နေရာအနှံ့ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။
“ ရှစ်စွင်း ” ရှောင်ယွမ်အာက စိုးရိမ်လာမိသည်။ သူက သူမအား တိုက်ခိုက်ခွင့် မပြုသေးလျှင် သူတို့ လွတ်မြောက်သွားကြလိမ့်မည်။
ကျင့်ကြံသူအုပ်စုက ယခင်တစ်ခေါက် ရွှေနန်းဥယျာဉ်တောင်ကို ကျူးကျော်စဉ်အတွင်း အသုံးပြုခဲ့သော နည်းလမ်းအတိုင်း ပြန်လည်ချည်းကပ်ခဲ့ကြခြင်း ဖြစ်၏။
လုကျိုးက စွမ်းအားကြီးသော်လည်း ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိနေခြင်း မဟုတ်သောကြောင့် ကိုယ်ပွား မလုပ်နိုင်ပေ။ သူတို့သာ နေရာတစ်ဖက်စီ ထွက်ပြေးနိုင်သရွေ့ သူတို့ကို လိုက်ဖမ်းနိုင်တော့မည် မဟုတ်ပေ။ ဤသည်မှာ သူတို့ ရောက်လာကတည်းက တွေးထားခဲ့သော ဗျူဟာ ဖြစ်ပြီး အဓိကလူအများစုအသက်ကို ကယ်တင်ဖို့ လူအနည်းငယ်ကို စတေးပစ်ရပေမည်။
သူတို့က သူ့ကို အနိုင်မယူနိုင်သောကြောင့် ထွက်ပြေးရပေမည်။
“ မင်းတို့အားလုံး ဒီမှာနေရမယ်လို့ ပြောပြီးပြီလေ။ ပြောချင်တာက မင်းတို့တွေ တစ်ယောက်မှ ငါ့ဆီက ထွက်ပြေးလို့ မရဘူး”
ပွင့်ချပ်ကိုးလွှာ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်က ဖျတ်ခနဲ ပေါ်လာကာ ရွှေနန်းဥယျာဉ်တောင်တစ်ခုလုံးကို အုပ်လွှမ်းသွားသည်။ ထို့နောက် လုကျိုးက တောင်၏ အတားအဆီး အစီအရင်ဗဟိုချက်ဆီ သွားလိုက်သည်။
“ ရှစ်စွင်း …” တွမ့်မူရှန်းပင် ကြောင်အမ်းသွားသည်။ သူက တခြားသူများ ဘာလုပ်မည်ကို မသိပေ။ ရှောင်ယွမ်အာလည်း နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။ ထိုစဉ် ကျင့်ကြံသူများက လှည့်မကြည့်ရဲဘဲ ကတိုက်ကရိုက် ဆက်လက် ထွက်ပြေးနေကြသည်။
ကံဆိုးသည်မှာ သူတို့က နတ်ဝိညာဉ် ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူများ မဟုတ်သောကြောင့် ထွက်ပြေးဖို့ စွမ်းရည်ကောင်းကောင်း မရှိကြချေ။
ထိုစဉ် လုကျိုးက သူ့စွမ်းအင်ဗဟိုချက်မှ စွမ်းအားအားလုံးကို အစီအရင်ဗဟိုချက်ထဲ ထည့်သွင်းလိုက်၏။
“ ရှစ်စွင်းက အကာအရံကို ပြန်ပြင်နေတာလား ”
“ ဒါက … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
ရွှေနန်းဥယျာဉ်တောင်၏ အကာအရံသည် ရှေ့မျိုးဆက် ပညာရှင်များက တည်ဆောက်ထားခြင်း ဖြစ်ပြီး ရာသီဥတုနှင့် ရေမြေသဘာဝပေါ် မူတည်၍ စွမ်းအားအမြောက်အမြား စုပ်ယူကာ အလုပ်လုပ်ကြသည်။ ယခင် လုကျိုးက သူ့တတိယ တပည့်၊ စတုတ္ထတပည့်နှင့် ပဥ္စမတပည့်တို့ကို ပြင်ဆင်ဖို့ အပြစ်ပေးခဲ့ကာ ထိုတာဝန်ကို ပြီးမြောက်ဖို့အတွက် အနည်းဆုံး သုံးနှစ်လောက် အချိန်ယူရပေမည်။ ထို့အပြင် လူတစ်ယောက်တည်း ပြင်ဆင်ပါက ဆယ်နှစ်အနည်းဆုံး ကြာသွားနိုင်၏။
‘ရှစ်စွင်းက အသက်ကြီးနေပြီ။ သူက စွမ်းအားကို ချွေတာမထားသင့်ဘူးလား … ဘာလို့ ဒါတွေ လုပ်နေတာလဲ ’
ဤသည်မှာ လုကျိုး၏ တကယ့် ရည်ရွယ်ချက် ဖြစ်သလို ဒုတိယ ရည်ရွယ်ချက်လည်း ဖြစ်ပေသည်။
အထွတ်အထိပ် သဏ္ဌာန်ကတ်က သူ့စွမ်းအင်ဗဟိုချက်ထဲ စွမ်းအားများ ဆက်တိုက် ဖြည့်တင်းပေးနေလေရာ ဖန်ကျင်းရှန်ကို အဆုံးသတ်ဖို့ အချိန်သိပ်မယူလိုက်ရပေ။ ထို့ကြောင့် ကျန်ရှိနေသော အချိန်များကို အကာအရံပြင်ဆင်ဖို့ အသုံးပြုရန် တွေးလိုက်မိသည်။ သူက အခွင့်ကောင်းကို မည်သို့ လက်လွှတ်ခံရမည်နည်း။
အစီအရင် ဗဟိုချက်ထံ စွမ်းအားအမြောက်အမြား သွန်းလောင်းလိုက်ပြီးနောက် ဖန်နှင့်တူသော အကာအရံတစ်ခုက တောင်ဝန်းကျင် ချက်ချင်း ပေါ်လာကာ ထွက်ပြေးနေသော ကျင့်ကြံသူများအား တားဆီးလိုက်သည်။ ထိုအခါမှ တွမ့်မူရှန် သဘောပေါက်သွားလေ၏။
‘ ရှစ်စွင်းက သူတို့အားလုံးကို အကာအရံထဲ ထည့်ပိတ်ထားပြီး တစ်ယောက်ပြီး တစ်ယောက် ဖမ်းချင်နေတာပဲ ’
‘အသက်ကြီးလေ ဉာဏ်ပိုကြီးလေ’ ဆိုသော စကားမှာ မှန်ပေသည်။
...
Zawgyi
အခန္း (၄၂) အသက္ႀကီးေလ ဉာဏ္ပိုႀကီးေလ
လုက်ိဳးက ေနာက္ဆုံး အထြတ္အထိပ္ သ႑ာန္ကတ္ကို ေခြၽတာဖို႔ မေ႐ြးခ်ယ္ခဲ့ေပ။ သူ က်ိထ်န္းေတာက္ ျဖစ္လာကတည္းက သူ႕ဆုံးျဖတ္ခ်က္ ခ်ၿပီးသြားေလၿပီ။ သူက ဤလမ္းေၾကာင္းကို ဆက္ေလွ်ာက္ဖို႔ ကံၾကမၼာပါလာၿပီးသား ျဖစ္၏။
ဤရက္စက္လွသည့္ က်င့္ႀကံေရးေလာကႀကီး၌ ေဘးကင္းလုံၿခဳံသည့္ ေနရာဟူ၍ မရွိေပ။ ေ႐ႊနန္းဥယ်ာဥ္ေတာင္သည္ သူ႕ေကာင္းကင္ဘုံ ျဖစ္သလို အုတ္ျမစ္လည္း ျဖစ္ေသာေၾကာင့္ မည္သူမွ သူ႕ထံမွ ယူေဆာင္သြားခြင့္ မျပဳနိုင္ေခ်။
သူ႕ဆီတြင္ ရည္႐ြယ္ခ်က္ ႏွစ္ခု ရွိလာသည္။ သူက ဤအခြင့္အေရးကို အသုံးခ်ကာ ေ႐ႊနန္းဥယ်ာဥ္ေတာင္ကို မ်က္စိက်ေနၾကသည့္ လူမ်ားႏွင့္ ေလာကႀကီးကို သူက ေဆးေပၚ မွီခိုေနျခင္း မဟုတ္ဘဲ ကိုယ္ပိုင္စြမ္းအားအေပၚ မွီခိုေနျခင္းသာ ျဖစ္ေၾကာင္း သတိေပးလိုက္ခ်င္သည္။ သူ႕အပိုင္ စြမ္းအားတစ္ခုတည္းကသာ ဆက္တိုက္ ထြက္ေပၚလာနိုင္ျခင္း ျဖစ္၏။ ျပင္ပအင္အား၊ ေဆး သို႔မဟုတ္ လွည့္ကြက္မ်ားက ထိုသို႔လုပ္ေဆာင္နိုင္မည္ မဟုတ္ေခ်။
သမာသမတ္ဂိုဏ္းမ်ားႏွင့္ ေကာင္းကင္ဓားဂိုဏ္းမွ တပည့္မ်ားက ေၾကာင္အမ္းကုန္ၾကသည္။ ပြင့္ခ်ပ္ကိုးလႊာ ဒုကၡမိုင္တစ္ရာရႈကြင္း သဏၭာန္ေအာက္တြင္ သူတို႔ မည္သို႔လႈပ္ရွားရမည္ကိုပါ ေမ့ေလ်ာ့သြားဟန္ေပၚသည္။ တိုက္ခိုက္သူ၏ စြမ္းအားကို တိုးလာေစသည့္အျပင္ စိတ္ဝိညာဥ္ သဏၭာန္က ရန္သူမ်ားကို အာ႐ုံခံမိနိုင္စြမ္း ရွိပုံေပၚ၏။ ထို႔အျပင္ က်င့္ႀကံဆင့္ၾကားရွိ ကြာဟခ်က္က ႀကီးေလေလ သက္ေရာက္မႈက ပိုအားျပင္းလာေလေလ ျဖစ္သည္။
ရလဒ္အေနႏွင့္ နတ္ေဒဝါ ဦးတည္ နယ္ပယ္အဆင့္ေအာက္ရွိ က်င့္ႀကံသူမ်ားက ေျမျပင္ေပၚ တုန္တုန္ယင္ယင္ လဲက်ကဳန္သည္။ အားလုံးအနက္ အားအေကာင္းဆုံးျဖစ္သည့္ ဖန္က်င္းရွန္ပင္ ေနာက္ျပန္မဆုတ္ဘဲ မေနနိုင္ေတာ့ေပ။ သူက ေၾကာက္႐ြံ႕တုန္လႈပ္ေနၿပီး ထြက္ေျပးခ်င္ေနသည္။ သူ႕တြင္ နဂါးႏွလုံးသား ဒိုင္းကာ ရွိထားေသာေၾကာင့္ ထြက္ေျပးဖို႔ အကူအညီျဖစ္နိုင္သည္။ သို႔ေသာ္ သူ႕အေနႏွင့္ အရင္ဆုံး အခြင့္အေရးကို ရွာေဖြရဦးမည္။
လုက်ိဳးက ေကာင္းကင္ယံထဲ ပ်ံဝဲေနကာ လူအုပ္ႀကီးကို ငုံ႕ၾကည့္လိုက္ေလသည္။ ထို႔ေနာက္ သူ႕အၾကည့္တို႔က တြမ့္မူရွန္းေပၚ ေရာက္ရွိသြားကာ တြမ့္မူရွန္း
ဟုတ္ ရွစ္စြင္း တြမ့္မူရွန္းက တုန္ယင္သြားေလသည္။
အံ့ဖြယ္တစ္ပါးက်င့္စဥ္ရဲ႕ ေနာက္ဆုံးအပိုင္းမွာ ဓားပညာရပ္နဲ႕ လွံပညာရပ္တို႔ ပါတယ္။ အခု မင္းကို သ႐ုပ္ေဖာ္ျပမယ္။ ဒါေပမဲ့ တစ္ႀကိမ္တည္းမလို႔ ေသခ်ာၾကည့္ထား
တြမ့္မူရွန္းက ထိုစကားကို ၾကားလိုက္သည္ႏွင့္ အေပ်ာ္လြန္သြားေလသည္။ သူက ဂိုဏ္းကို ေစာေစာစီးစီး ဝင္ခဲ့ေသာ္လည္း သူ႕တိုးတက္ႏႈန္းက အျခားတပည့္မ်ားထက္ ေနာက္က်ခဲ့ရသည္။ က်ိထ်န္းေတာက္က သူ႕အား ၿပီးျပည့္စုံေသာ အံ့ဖြယ္တစ္ပါးက်င့္စဥ္ကို သင္ေပးခဲ့ေသာ္ျငား သူ႕အေနႏွင့္ ႏွစ္မ်ားစြာ ေလ့က်င့္ၿပီးသည့္တိုင္ ေနာက္ဆုံးအပိုင္းကို မကြၽမ္းက်င္ေသးေပ။ သူက သူ႕ဘာသာ ေလ့လာေနေသာေၾကာင့္ အေမွာင္ထုထဲ လမ္းေပ်ာက္သလို ျဖစ္ကာ တိုးတက္မႈ ႏွေးေကြးလွသည္။
လုက်ိဳးက ဓားအစား လက္ေခ်ာင္းမ်ားကို အသုံးျပဳလိုက္ၿပီး ဓားအလင္းတန္းက စြမ္းအားမွ ဖြဲ႕စည္းလာကာ သူတို႔ဆီ ေပၚလာသည္။
မင္းလက္ေခ်ာင္းေတြကို ဓားတစ္ေခ်ာင္သဖြယ္ ဖြဲ႕စည္းလိုက္ . အံ့ဖြယ္ခ်ိဳ႕ယြင္းခ်က္ ျဖည့္ဆည္းျခင္း
လက္ညိုးႏွင့္ လက္ခလယ္တို႔မွ ေၾကာက္မက္ဖြယ္ စြမ္းအားတို႔ႏွင့္အတူ မ်က္စိစူးမတတ္ အလင္းတန္းလည္း ထြက္ေပၚလာသည္။ ထို႔ေနာက္ ဓားရိုက္ခ်က္က ဖန္က်င္းရွန္ဆီ တည့္တည့္မတ္မတ္ ဝင္ေရာက္သြားေတာ့သည္။
မဟုတ္ဘူး . ဖန္က်င္းရွန္က အဆုတ္ကြဲမတတ္ ေအာ္လ်က္ သူ႕မ်က္လုံးမ်ားက ျပဴးက်ယ္လာသည္။ သူ႕ဆီမွ အားျပင္းျပင္း စြမ္းအားတစ္ခု ေပါက္ကြဲထြက္သြားၿပီး တစ္ခ်ိန္တည္းတြင္ ေကာင္းကင္အဆင့္ ရတနာ အသက္ဝင္လာကာ ေ႐ႊေရာင္အလင္းတန္းမ်ား ထြက္လာသည္။
ဒါက နဂါးႏွလုံးသား အကာအကြယ္လား
နဂါးႏွလုံးသား အကာအကြယ္၏ အဓိကလုပ္ေဆာင္ခ်က္သည္ ကာကြယ္ေရးအတြက္ ျဖစ္ၿပီး ဖန္က်င္းရွန္အား ရႈံးနိမ့္ျခင္းမွ ကာကြယ္ေပးထားသည္။ သမာသမတ္ဂိုဏ္း၏ ဂိုဏ္းခ်ဳပ္က သူ႕အား လႊတ္လိုက္ရသည့္ အေၾကာင္းအရင္းအား အံ့ဩစရာ မလိုေတာ့ေပ။ သူက နတ္ဝိညာဥ္ ဝဋ္ေႂကြးေခ် နယ္ပယ္အဆင့္ကို တိုက္ခိုက္နိုင္႐ုံသာမက သူ မနိုင္လွ်င္လည္း ထြက္ေျပးဖို႔ အခြင့္အေရး ရွိေသး၏။
ဒုတိယအႀကီးအကဲ က်င့္ႀကံသူမ်ားက ဓားခ်က္ က်ေရာက္လာၿပီးေနာက္ မ်က္စိစူးမတတ္ အလင္းတန္း ေပါက္ကြဲထြက္သြားေသာေၾကာင့္ မ်က္လုံးမွိတ္ထားလိုက္ၾကရသည္။
ဝုန္း
က်င့္ႀကံသူမ်ားက တိုက္ပြဲေနာက္ဆက္တြဲ ျဖစ္ရပ္ကို မသိေသးသလို ဖန္က်င္းရွန္ ေသသည္၊ ရွင္သည္ကိုလည္း မသိၾကေသးစဥ္ လုက်ိဳး၏ အားျပင္းျပင္း အသံက ထြက္ေပၚလာျပန္သည္။
မင္းရဲ႕ လက္ဝါးကို အေျခအေနနဲ႕ သုံးၿပီးေတာ့ စြမ္းအားကို ဖြဲ႕စည္းလိုက္ လွိုင္းလုံးေထာင္ခ်ီ
ဤသည္မွာ အံ့ဖြယ္တစ္ပါးက်င့္စဥ္ ကို လွံပုံစံျဖင့္ အသုံးျပဳသည့္အခါ ရလဒ္ ျဖစ္၏။ ထိုအရာက အေဝးတိုက္ခိုက္မႈအတြက္ ျဖစ္ၿပီး နာမည္အတိုင္း စြမ္းအားမ်ားက လွိုင္းလုံးေထာင္ခ်ီ ျဖစ္ေပၚလာကာ လွံတစ္ေထာင္ကဲ့သို႔ အားျပင္းျပင္း ထြက္သြားသည္။ ထိုအခ်က္က အံ့ဖြယ္တစ္ပါးက်င့္စဥ္ ၏ ပင္မတိုက္ကြက္ ျဖစ္၏။
တိုက္ခိုက္မႈကို ျမင္ကာ နတ္ေဒဝါ ဦးတည္ နယ္ပယ္အဆင့္ က်င့္ႀကံသူအားလုံး ပါးစပ္အေဟာင္းသား ျဖစ္သြားၾကၿပီး အမူအယာတို႔ ေျပာင္းကုန္ၾကသည္။
မေကာင္းေတာ့ဘူး။ ေျပးၾကေတာ့
သူတို႔က အစီအရင္ကို ျမန္ျမန္ ရပ္ကာ ထြက္ေျပးဖို႔ ျပင္လိုက္ၾကသည္။ တိုက္ခိုက္မႈက ေၾကာက္ခမန္းလိလိ ျဖစ္ရာ နတ္ဝိညာဥ္ ဝဋ္ေႂကြးေခ် နယ္ပယ္အဆင့္ က်င့္ႀကံသူပင္ ရင္ဆိုင္ရဲမည္ မဟုတ္ေပ။
သို႔ေသာ္လည္း ထိုအရာက က်င့္ႀကံသူအုပ္စုကို ပစ္မွတ္မထားဘဲ ဖန္က်င္းရွန္ ရွိေနသည့္ေနရာကိုသာ တည့္တည့္ႀကီး က်ေရာက္သြားသည္။
ဝုန္း
သူက ထိုတိုက္ခိုက္မႈအၿပီးတြင္ အသက္ရွင္ရစ္ပါ့မလားဆိုတာ မည္သူမွ မသိနိုင္ေပ။ အေၾကာင္းမွာ သူတို႔အျမင္အာ႐ုံကို ဖုန္မႈန႔္မ်ား ကာဆီးထား၍ ျဖစ္၏။ အကယ္၍ နဂါးႏွလုံးသားအကာအကြယ္ျဖင့္ ထိုအားေကာင္းေကာင္း တိုက္ခိုက္မႈမ်ိဳးကို ခံနိုင္ရည္ရွိပါ့မလားဟု မည္သူမွ မသိေပ။
အားျပင္းျပင္း ေပါက္ကြဲမႈေၾကာင့္ ေနရာတိုင္း ပ်ံ့ႏွံ႕သြားကာ နတ္ေဒဝါဦးတည္နယ္ပယ္အဆင့္ က်င့္ႀကံသူအားလုံး လႊင့္ထြက္သြားေလသည္။ ထိုအခိုက္အတန႔္၌ စူးစူးဝါးဝါး ေအာ္သံမ်ားျဖင့္ ျပည့္ႏွက္သြားေလသည္။ ပါရမီထူးလွသည့္ က်ိဳးက်စ္ဖုန္းပင္ ေပါက္ကြဲမႈအဖ်ားခတ္ခံလိုက္ရၿပီး သူ႕ကိုယ္သူ ရပ္ေနနိုင္ဖို႔အတြက္ စြမ္းအားထုတ္သုံးထားလိုက္ရသည္။
သူက အရင္တစ္ေခါက္ ထိပ္တန္းပညာရွင္ဆယ္ေယာက္ ေ႐ႊနန္းဥယ်ာဥ္ေတာင္ဆီ လာခဲ့တုန္းကထက္ ပိုအားေကာင္းလာတာပဲ ဒါက ပြင့္ခ်ပ္ကိုးလႊာ ဒုကၡမိုင္တစ္ရာရႈကြင္း စိတ္ဝိညာဥ္သဏၭာန္ေၾကာင့္လား
က်ိဳးက်စ္ဖုန္းက ေတြးလိုက္မိသည္။ သူက တစ္ခုေတာ့ ေသခ်ာသိလိုက္၏။ က်ိထ်န္းေတာက္သည္ ပို၍ အားေကာင္းလာေလသည္။
သို႔ေသာ္လည္း သူက လုက်ိဳးသည္ နတ္ေဒဝါဦးတည္နယ္ပယ္အဆင့္ က်င့္ႀကံသူ ဖန္က်င္းရွန္ႏွင့္ ရင္ဆိုင္ဖို႔ရာ ထိုမွ်ေလာက္ အားေကာင္းသည့္ တိုက္ကြက္မ်ိဳး အဘယ္ေၾကာင့္ ထုတ္သုံးေၾကာင္း နားမလည္ေပ။ မွက္ကို လက္ကိုင္ရွည္ တူႀကီးျဖင့္ ထုေနသလို ျဖစ္ေနေပမည္။ နဂါးႏွလုံးသား အကာအကြယ္အေနႏွင့္ တိုက္ခိုက္မႈကို ခံနိုင္ရည္ ရွိမည္ မဟုတ္ေခ်။ သူက ေကာင္းကင္အဆင့္ ရတနာသည္ ပထမရိုက္ခ်က္ကတည္းက ပ်က္စီးသြားၿပီျဖစ္ေၾကာင္း သံသယဝင္မိ၏။ သူက လုက်ိဳးသည္ ေနာက္တစ္ေခါက္ ထပ္တိုက္ခိုက္ျခင္းမွာ ေဒါသေၾကာင့္ ဒါမွမဟုတ္ သူ႕တပည့္အတြက္ လမ္းၫႊန္ေပးခ်င္တာေၾကာင့္ဟု ထင္မိသည္။
ရိုက္ခ်က္ႏွစ္ခ်က္အၿပီးတြင္ ေလမ်ားၿငိမ္က်သြားၿပီး တိမ္မ်ားလည္း ကင္းစင္ကာ ဖုန္မႈန႔္မ်ားႏွင့္ စြမ္းအားမ်ားလည္း ေပ်ာက္ကြယ္သြားၿပီ ျဖစ္၏။
လုက်ိဳးက တည္တည္ၿငိမ္ၿငိမ္ အမူအယာျဖင့္ လက္ႏွစ္ဖက္ ေနာက္ပစ္ထားလိုက္သည္။ သူက စနစ္မွ လက္က်န္အခ်ိန္ကို ၾကည့္ကာ သုံးမိနစ္သာ ရွိေသးေၾကာင္း သိလိုက္ရသည္။ အကယ္၍ သူ႕အေနႏွင့္ အထြတ္အထိပ္ သဏၭာန္ကတ္ကို ထိုက်င့္ႀကံသူအုပ္စု ေျဖရွင္းဖို႔အတြက္ အသုံးျပဳလိုက္ရလွ်င္ ႏွေျမာဖို႔ ေကာင္းလြန္းလွသည္။ တကယ္ေတာ့ သူက ယခုထက္ ပိုလုပ္ဖို႔ ႀကံစည္ထား၏။
ေသခ်ာၾကည့္ခဲ့ရဲ႕လား
တြမ့္မူရွန္းက ဒူးေထာက္ကာ ရွစ္စြင္းကို ေက်းဇူးတင္ပါတယ္။ ရွစ္စြင္း သ႐ုပ္ျပတာက ကြၽန္ေတာ္တစ္ေယာက္တည္း ဆယ္ႏွစ္ေက်ာ္ေလ့လာတာထက္ ပိုအက်ိဳးရွိပါတယ္
ေကာင္းတယ္
ဖုန္မႈန႔္မ်ား အနည္ထိုင္သြားၿပီးေနာက္ စိတ္ဝိညာဥ္သဏၭာန္ေအာက္ရွိ ေျမႀကီးေပၚတြင္ ခ်ိဳင့္ႀကီး ျဖစ္ေနကာ ဖန္က်င္းရွန္ကို ရွာလို႔ပင္ မေတြ႕ေတာ့ေခ်။ သူက လုံးဝ ေပ်ာက္ဆုံးသြားေလၿပီ။
ထို႔ေနာက္ က်င့္ႀကံသူမ်ားစြာက ေနရာအႏွံ႕ ေၾကာက္လန႔္တၾကား ထြက္ေျပးကုန္ၾကသည္။
ရွစ္စြင္း ေရွာင္ယြမ္အာက စိုးရိမ္လာမိသည္။ သူက သူမအား တိုက္ခိုက္ခြင့္ မျပဳေသးလွ်င္ သူတို႔ လြတ္ေျမာက္သြားၾကလိမ့္မည္။
က်င့္ႀကံသူအုပ္စုက ယခင္တစ္ေခါက္ ေ႐ႊနန္းဥယ်ာဥ္ေတာင္ကို က်ဴးေက်ာ္စဥ္အတြင္း အသုံးျပဳခဲ့ေသာ နည္းလမ္းအတိုင္း ျပန္လည္ခ်ည္းကပ္ခဲ့ၾကျခင္း ျဖစ္၏။
လုက်ိဳးက စြမ္းအားႀကီးေသာ္လည္း ေခါင္းသုံးလုံး၊ လက္ေျခာက္ဖက္ ရွိေနျခင္း မဟုတ္ေသာေၾကာင့္ ကိုယ္ပြား မလုပ္နိုင္ေပ။ သူတို႔သာ ေနရာတစ္ဖက္စီ ထြက္ေျပးနိုင္သေ႐ြ႕ သူတို႔ကို လိုက္ဖမ္းနိုင္ေတာ့မည္ မဟုတ္ေပ။ ဤသည္မွာ သူတို႔ ေရာက္လာကတည္းက ေတြးထားခဲ့ေသာ ဗ်ဴဟာ ျဖစ္ၿပီး အဓိကလူအမ်ားစုအသက္ကို ကယ္တင္ဖို႔ လူအနည္းငယ္ကို စေတးပစ္ရေပမည္။
သူတို႔က သူ႕ကို အနိုင္မယူနိုင္ေသာေၾကာင့္ ထြက္ေျပးရေပမည္။
မင္းတို႔အားလုံး ဒီမွာေနရမယ္လို႔ ေျပာၿပီးၿပီေလ။ ေျပာခ်င္တာက မင္းတို႔ေတြ တစ္ေယာက္မွ ငါ့ဆီက ထြက္ေျပးလို႔ မရဘူး
ပြင့္ခ်ပ္ကိုးလႊာ ဒုကၡမိုင္တစ္ရာရႈကြင္း စိတ္ဝိညာဥ္သဏၭာန္က ဖ်တ္ခနဲ ေပၚလာကာ ေ႐ႊနန္းဥယ်ာဥ္ေတာင္တစ္ခုလုံးကို အုပ္လႊမ္းသြားသည္။ ထို႔ေနာက္ လုက်ိဳးက ေတာင္၏ အတားအဆီး အစီအရင္ဗဟိုခ်က္ဆီ သြားလိုက္သည္။
ရွစ္စြင္း တြမ့္မူရွန္းပင္ ေၾကာင္အမ္းသြားသည္။ သူက တျခားသူမ်ား ဘာလုပ္မည္ကို မသိေပ။ ေရွာင္ယြမ္အာလည္း နားမလည္နိုင္ဟန္ျဖင့္ ၾကည့္လိုက္မိသည္။ ထိုစဥ္ က်င့္ႀကံသူမ်ားက လွည့္မၾကည့္ရဲဘဲ ကတိုက္ကရိုက္ ဆက္လက္ ထြက္ေျပးေနၾကသည္။
ကံဆိုးသည္မွာ သူတို႔က နတ္ဝိညာဥ္ ဝဋ္ေႂကြးေခ် နယ္ပယ္အဆင့္ က်င့္ႀကံသူမ်ား မဟုတ္ေသာေၾကာင့္ ထြက္ေျပးဖို႔ စြမ္းရည္ေကာင္းေကာင္း မရွိၾကေခ်။
ထိုစဥ္ လုက်ိဳးက သူ႕စြမ္းအင္ဗဟိုခ်က္မွ စြမ္းအားအားလုံးကို အစီအရင္ဗဟိုခ်က္ထဲ ထည့္သြင္းလိုက္၏။
ရွစ္စြင္းက အကာအရံကို ျပန္ျပင္ေနတာလား
ဒါက ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ
ေ႐ႊနန္းဥယ်ာဥ္ေတာင္၏ အကာအရံသည္ ေရွ႕မ်ိဳးဆက္ ပညာရွင္မ်ားက တည္ေဆာက္ထားျခင္း ျဖစ္ၿပီး ရာသီဥတုႏွင့္ ေရေျမသဘာဝေပၚ မူတည္၍ စြမ္းအားအေျမာက္အျမား စုပ္ယူကာ အလုပ္လုပ္ၾကသည္။ ယခင္ လုက်ိဳးက သူ႕တတိယ တပည့္၊ စတုတၳတပည့္ႏွင့္ ပဥ္စမတပည့်တို့ကို ျပင္ဆင္ဖို႔ အျပစ္ေပးခဲ့ကာ ထိုတာဝန္ကို ၿပီးေျမာက္ဖို႔အတြက္ အနည္းဆုံး သုံးႏွစ္ေလာက္ အခ်ိန္ယူရေပမည္။ ထို႔အျပင္ လူတစ္ေယာက္တည္း ျပင္ဆင္ပါက ဆယ္ႏွစ္အနည္းဆုံး ၾကာသြားနိုင္၏။
ရွစ္စြင္းက အသက္ႀကီးေနၿပီ။ သူက စြမ္းအားကို ေခြၽတာမထားသင့္ဘူးလား ဘာလို႔ ဒါေတြ လုပ္ေနတာလဲ
ဤသည္မွာ လုက်ိဳး၏ တကယ့္ ရည္႐ြယ္ခ်က္ ျဖစ္သလို ဒုတိယ ရည္႐ြယ္ခ်က္လည္း ျဖစ္ေပသည္။
အထြတ္အထိပ္ သဏၭာန္ကတ္က သူ႕စြမ္းအင္ဗဟိုခ်က္ထဲ စြမ္းအားမ်ား ဆက္တိုက္ ျဖည့္တင္းေပးေနေလရာ ဖန္က်င္းရွန္ကို အဆုံးသတ္ဖို႔ အခ်ိန္သိပ္မယူလိုက္ရေပ။ ထို႔ေၾကာင့္ က်န္ရွိေနေသာ အခ်ိန္မ်ားကို အကာအရံျပင္ဆင္ဖို႔ အသုံးျပဳရန္ ေတြးလိုက္မိသည္။ သူက အခြင့္ေကာင္းကို မည္သို႔ လက္လႊတ္ခံရမည္နည္း။
အစီအရင္ ဗဟိုခ်က္ထံ စြမ္းအားအေျမာက္အျမား သြန္းေလာင္းလိုက္ၿပီးေနာက္ ဖန္ႏွင့္တူေသာ အကာအရံတစ္ခုက ေတာင္ဝန္းက်င္ ခ်က္ခ်င္း ေပၚလာကာ ထြက္ေျပးေနေသာ က်င့္ႀကံသူမ်ားအား တားဆီးလိုက္သည္။ ထိုအခါမွ တြမ့္မူရွန္ သေဘာေပါက္သြားေလ၏။
ရွစ္စြင္းက သူတို႔အားလုံးကို အကာအရံထဲ ထည့္ပိတ္ထားၿပီး တစ္ေယာက္ၿပီး တစ္ေယာက္ ဖမ္းခ်င္ေနတာပဲ
အသက္ႀကီးေလ ဉာဏ္ပိုႀကီးေလ ဆိုေသာ စကားမွာ မွန္ေပသည္။
...