伪装学渣
Wei Zhuang Xue Zha
UNICODE
အကောင်းဆုံးကတော့ နေ့တိုင်းမျက်လုံးဖွင့်လိုက်တာနဲ့ မြင်တွေ့ရမှာမျိုး
အခန်း(၃)ကတစ်စု အနောက်တန်းနားစုအုံနေကြလေသည်။
ရှဲ့ယွီသည် စားပွဲစွန်းကရေဘူးကိုလှမ်းယူလိုက်ပြီး ဝမ့်သာ၏ဇာတ်ဟန်ပါပါတစ်ခေါက်ထပ် သရုပ်ဆောင်ပြလာမှုအား ကြည့်နေမိ၏။
ဟယ့်ကျောင်းကတော့ လုပ်နေကြအတိုင်း အားပေးအားမြှောက်ပြုလို့လာသည်။
"ကောင်းတယ် ကောင်းတယ် ၊ သရုပ်ဆောင်တာ မဆိုးဘူး။"
"မြှောက်လွန်းနေပါပြီ. ."
ဝမ့်သာက လက်နှစ်ဖက်ကိုဆုပ်ကိုင်အရိုအသေပြုလာရင်း. .
"ဒါက ဘော်ဒါရောင်းရင်းတို့ရဲ့အားပေးမှုကြောင့်ပါ။"
ရှဲ့ယွီသည် နဂိုကတော့ စိတ်ဝင်စားဖို့ကောင်းသည်ဟုပင်မထင်မိ ၊ ရေတစ်ငုံသောက်က ဘူးကိုအဖုံးပြန်ဖုံးရင်းမှ ထိုသူတို့ရဲ့အော်ရယ်လာသံတို့ကြောင့် အဆုံး၌မနေနိုင်တော့ဘဲ ထိုသူတို့နဲ့အတူ လိုက်ပါရယ်မောမိရသည်။
". . . . . . မမောနိုင်ကြဘူးလားပဲ။"
တကယ်တော့ အဆင့်ကိုပုံမှန်အတိုင်းပြန်ရယူရန်မတိုင်ခင်တုန်းက ရှဲ့ယွီအနည်းငယ်တော့ တွေဝေမိခဲ့သေး၏။
သို့တိုင် သူနောက်ပိုင်းတဖြည်းဖြည်းသိလာရသည်မှာ အဆင့်ကောင်းကောင်းမကောင်းကောင်း —- —- အတန်းရဲ့ပျမ်းမျှအမှတ်အား ဆွဲချထားမိတာက တစ်ပါးသူကိုမျက်လုံးစုံမှိတ်လျက် အဆောင်ပေါ်ကခုန်ချချင်အောင်ကို ဆွဲချထားမိပါစေ ၊ ယခုကြလည်း 'ထိပ်ဆုံး4.6မှတ်' ရပြန်ပါစေ ထိုသူတို့ရဲ့စိတ်သဘောထားတွေကတော့ ဘာမှပြောင်းလဲမသွားခဲ့ဘူးဆိုတာပင်။
အစတုန်းကတော့ သူတို့ကိုထိုးမယ်တဂဲဂဲရှိပေမယ့် နောက်ပိုင်းအချိန်တစ်ခုအကြာမှာတော့ စိတ်တွေပြေသွားကြ၏။
လျိုချွိင်ဟောက်တစ်ယောက် ဟယ့်ကျောင်းထံစာလာမေးတုန်းကဆို နှစ်ခွန်းပင်ဆိုလာသေးသည်။
"ငါတကယ် မင်းတို့ကိုလက်မြှောက်တယ် ၊ မင်းတို့က ငါတို့ကျောင်းရဲ့ တကယ့်အဆင့်(၁)နဲ့(၂)အစ်ကိုကြီးတွေပဲ. . . . . . ရှေ့ကရေရေ နောက်ကရေရေ။"
"ဘာအဓိပ္ပာယ်နဲ့ပြောချင်တာလဲ ၊ ငါ့ကိုချီးကျူးတာလား စော်ကားတာလား?"
ဟယ့်ကျောင်းက မေးခွန်းကိုဖတ်နေ၏ ၊ လျိုချွိင်ဟောက်ယူလာပြီးမေးတာက ဂိုက်ဆရာပေးထားသည့်အပုဒ်တွေဖြစ်သည်။ ဟယ့်ကျောင်းမှာ ဘောပင်ကိုကိုင်ထားရင်းမှ ထပ်လို့ပြောလိုက်ပါ၏။
"မင်းကို နှစ်မိနစ်အချိန်ပေးမယ် ၊ စကားလုံးတွေပြန်စီလိုက်ဦး။"
လျိုချွိင်ဟောက်အဖို့ ကံကြမ္မာအတက်အကျကိုသိရှိနားလည်လိုက်ရပြီးဖြစ်သည်။ အရင်ဟယ့်ကျောင်းတစ်ယောက်ကိုယ်တိုင်ကိုယ်ကျ သူ့အိမ်စာကိုကူးဖို့ပြောလာတုန်းက သရဲပဲတွေ့သလိုလိုရှိခဲ့သည့် မိမိမှာ ယခုတွင်တော့ 'လက်လှမ်းမမီနိုင်တဲ့ အမြင့်ထိတက်ပြမယ်' ဆိုသည့်စကားအား လက်ခံလိုက်ရပြီးဖြစ်သည်။
သူသည် မျက်စိမှိတ်လို့သာ တစ်လှေကြီးချီးမွမ်းစကားတို့ဆိုလိုက်ပါသည်။
"မင်းတို့ တော်လွန်းချက်ပါပဲ! ယောက်ျားဆိုတာ ဒါပဲလေ! အမှတ်(၂)ရဲ့ဂုဏ်ဆောင်! အဲ့ဒါကြောင့်မို့ ဒီပုစ္ဆာကဘယ်လိုတွက်ရတာလဲ?"
ထို့နောက် လျိုချွိင်ဟောက်အမွှမ်းတင်ပြီးအဆုံးမှာတော့ ဟယ့်ကျောင်းပြောလာသံအားကြားလိုက်ရပါ၏။
"ဒီပုစ္ဆာက တွက်နည်းသုံး/လေးမျိုးရှိတယ် ၊ မင်းက လွယ်ကူရိုးရှင်းတာကိုကြိုက်လား ဒါမှမဟုတ် နည်းနည်းထွင်ထားတဲ့ဆန်းသစ်တာမျိုးကိုကြိုက်လား. . . . . ."
". . . . . ."
လျိုချွိင်ဟောက် စိတ်ထဲမှသာဆိုမိရချေသည် ၊ အစ်ကိုကြီးခမျာ ကျွန်တော့်ကို ညှာတာပေးပါဦး ၊ ကျွန်တော်က ရိုးရိုးရှင်းရှင်းလေးပဲပုစ္ဆာဖြေရှင်းချင်တာပါ။
ရှဲ့ယွီလည်း ကြည့်မနေနိုင်တော့ရာ ဟယ့်ကျောင်းလက်ထဲက လေ့ကျင့်ခန်းစာအုပ်အား ဆွဲသာယူလိုက်တော့သည်။
"ဘယ်အပုဒ်လဲ။"
ရှဲ့ယွီက စာရှင်းပြရာ၌ အပိုဆားဒါးတစ်ခွန်းမှမဆို ၊ တွေးခေါ်နိုင်စွမ်းက ရှင်းလင်းပြီး အခွန်းရေအနည်းငယ်မျှဖြင့်ကို လျိုချွိင်ဟောက်နားထောက်လိုက်တာနှင့် နားလည်ကာ ဉာဏ်အလင်းပွင့်စေပေ၏။
ဟယ့်ကျောင်းက သူ့ကိုယ်သူလက်ညှိုးထိုးလာလျက်. .
"ငါရှင်းပြတာကကြ အဲ့လောက်ညံ့လို့လား?"
ရှဲ့ယွီက တန်ပြန်မေးလိုက်၏။
"ညံ့မညံ့ ကိုယ့်ကိုယ်ကိုယ်သိမနေဘူးလား?"
လျိုချွိင်ဟောက်သည် စာရှင်းပြတာနားထောင်ပြီးနောက် နေ့စဉ်နေ့တိုင်းငြင်းခုံစကားများနေတတ်သည့် နှစ်ယောက်အားကြည့်နေမိရသည်။
သူခုနကမပြောဖြစ်ဘဲရှိသည်မှာ - ရှေ့ကရေရေ နောက်ကရေရေ ငါတို့သိကျွမ်းတဲ့အစ်ကိုကြီးနှစ်ယောက်ပါပဲဟု ဆိုတာကိုပင်—- —- မိန်းကလေးတစ်ယောက်ကို ကာကွယ်ပေးဖို့ရန်အတွက် သည်းခံကာ အစွပ်စွဲခံအပြောအဆိုခံခဲ့ပါသည့် ဟယ့်ကျောင်း ၊ ဘတ်စကက်ဘောပြိုင်ပွဲ၌ အပိုမပြောဘဲ အင်္ကျီလက်ကိုပင့်ကာ ကွင်းထဲဆင်းလာပါသည့် ရှဲ့ယွီ။
အခန်း(3)ကလူများအမြင်တွင်တော့ ထိုနှစ်ယောက်ကိုသိကျွမ်းလာခဲ့တာက အဆင့်ဆိုတဲ့အတိုင်းအတာထက်ကို ကျော်လွန်းနေခဲ့ပြီဖြစ်သည်ဆိုတာပင်။ အတန်းစခွဲချိန်တုန်းကဆို ထိုနှစ်ယောက်ဆိုတာက ကြားတာနဲ့လန့်ဖို့ကောင်းသည့် ရှောက်ပါ့တွေ ၊ ပြစ်မှုပေါင်းစုံလည်းကျူးလွန်းပြီး မျက်တောင်မခတ်စတမ်း လူသတ်နိုင်တဲ့သူတွေဟု သိခဲ့ကြရ၏။
သို့တိုင် ပေါင်းကြည့်မိတော့ကြ လုံးဝထိုသို့မဟုတ်ရပါ။
ရှဲ့ယွီ လေ့ကျင့်ခန်းစာအုပ်ကိုပိတ်ကာ လျိုချွိင်ဟောက်ကိုလှမ်းပေးခိုက်မှာပဲ မျက်ဝန်းထောင့်မှနေ ရွှဲရှီရှိန်း၏ မျက်တောင်ပင်မခတ်သူတို့အားစိုက်လို့ကြည့်နေသည်ကို မြင်လိုက်ရသည်။
ထိုအကြည့်တို့က ရှုပ်ထွေးနေဟန်ဖြင့် စိုက်ကြည့်နေမှုက ကြက်သီးထချင်စရာပင်ကောင်းသည်။
ရွှဲရှီရှိန်းမှာ နေ့စဉ်ရက်ဆက် ဇွဲမလျှော့စတမ်းကို သူတို့နှင့်အတူစာလေ့လာမယ့်နည်းတွေ ဖလှယ်ချင်လျက်ရှိသည်မှာ ဘယ်လိုမှာရှောင်ဖယ်မရအောင်ထိ။
"မင်းတို့ တမင်ယုတ်ပြီး အတန်းရဲ့ပျမ်းမျှအမှတ်ကို ကျစေတာကထားလိုက်တော့ ၊ ငါနဲ့အတူ စာလုပ်ပုံလုပ်နည်းတွေ ဖလှယ်တာကိုတော့ မလုပ်ပေးနိုင်ဘူးလားကွ။"
ဟယ့်ကျောင်းလည်း ရွှယ်ဝေရဲ့ဝံပုလွေလိုကျားလိုချောင်းနေတဲ့အကြည့်တို့ကိုသတိထားမိ၍ အကြံပေးမိ၏။
"ရှိန်ကျယ်ရှိတဲ့စီသွားရှောင်ကြမလား?"
ရှဲ့ယွီ : "မင်းသေချာရဲ့လား?"
". . . . . ."
ရှဲ့ယွီ ထပ်လို့ဆိုလိုက်ပါသည်။
"အဲ့ကောင်ကရူးနေတာလေ မသွားပါနဲ့တော့။"
လပတ်စာမေးပွဲ အောင်စာရင်းထွက်တဲ့ချိန်ကစလို့ ရှိန်ကျယ်တစ်ယောက် ရူးကြောင်ကြောင်ဖြစ်လျက်ရှိသည်။
အချိန်တစ်ခဏအတွင်းကို စာမေးပွဲတိုင်းအမှတ်နည်းနည်းသာရသည့် ဘော်ဒါကြီးမှာ တစ်ရက်အတွင်းမှာပဲ မိုးပေါ်ထောင်တက်သွားခဲ့ပြီး သူ့ရှေ့ရပ်လို့ သူ့အား 'ဆောရီး တကယ်တော့ ငါကအဲ့လိုကိုထူးချွန်တာလေ' ဟုပင်ဆိုလာခဲ့ခြင်း။
စာမေးပွဲဖြေတိုင်း ရှဲ့ယွီရှေ့တွင်ထိုင်သည့်တစ်ယောက်ကလည်း အခန်း(8)ကဖြစ်ရာ တစ်ရက်လုံးပဲ နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်လို့ ကြောင်အမ်းအမ်းဖြင့်စိတ်ထဲရှိသည်တို့ပြောဖြစ်ကြလျက်။
ထိုတစ်ယောက်မှာ နောက်ဆုံးစာမေးပွဲခန်းတွင်ဖြေရခြင်းဖြစ်သည့်တိုင် ဘယ်လိုပဲဖြေဖြေ ၊ ဘယ်လောက်ဖြေတာညံ့ပါစေဦး အမြဲနောက်၌သူဘိတ်ချေးမရလေအောင် အမြဲထောက်ကန်ပေးထားသည့် လူနှစ်ယောက်ကြီးများတောင်ရှိနေလေသည်။ အောင်စာရင်းထွက်လာလေတိုင်း သူသည် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်အပြည့်ဖြင့် မိဘတွေကိုပြောနိုင်၏ - ကျွန်တော်က အညံ့ဆုံးမဟုတ်ဘူး! အဖေနဲ့အမေ ဒီမှာကြည့် ကျွန်တော့်ထက်ပိုညံ့တဲ့သူ နှစ်ယောက်တောင်ရှိတယ်!
ယခုတွင်တော့ သူ့အနောက်က နှစ်ယောက်မှာ ကျောခိုင်းနှုတ်ဆက်သွားခဲ့လေပြီ။
သူ့အဖို့ အသက်ရှင်ချင်စိတ်ပင်မရှိတော့ ၊ အရောင်အသွေးစုံလင်သည့်ကမ္ဘာကြီးပင် အဖြူအမည်းပြောင်းသွားခဲ့ပါလေသည်။
စကားပြောနေခိုက်မှာပဲ မှန်ပြတင်ပေါက်အား တစ်စုံတစ်ယောက်က နှစ်ချက်မျှခေါက်လာ၏။
တစ်ဆက်တည်း ခွေးရူး၏မျက်နှာကြီးသည်လည်း သရဲကားတွေထဲကလို ပြတင်းပေါက်ဘေးမှထွက်ပေါ်လို့လာသည်။
ပုံမှန်ဆို ညပိုင်းself-studyချိန်တိုင်း ဖုန်းခိုးသုံးနေတတ်ရာ ပြတင်းပေါက်ကနေတိတ်တဆိတ်လာစစ်တတ်သည့်ခွေးရူးကြောင့် ဟယ့်ကျောင်းမှာကျောပင်အနည်းငယ် အေးစိမ့်သွားရသည်။
သို့တိုင် ဒီတစ်ခေါက်မှာတော့ ခွေးရူးကဘာမှပြောမလာဘဲ 'အမှတ်(၂)ရဲ့မျှော်လင့်ချက်'ဖြစ်သည့်နှစ်ယောက်အား လက်ယပ်သာလှမ်းခေါ်လာ၏။
"မင်းတို့ခဏထွက်လာခဲ့ဦး။"
ခွေးရူးမှာ တစ်လမ်းလုံးထိုသို့သာဆိုလာသည်။
"ခဏနေကြ စိတ်လှုပ်ရှားမနေဘဲ စိတ်အေးအေးသာထား။"
"ဆရာတို့အမှတ်(၂)ကကျောင်းသားဆိုပြီး မျက်နှာပန်းလှအောင်ထုတ်ဖော်ပြ။"
ပြောလေလေ မတွေးတတ်အောင်ရှိလာရလေလေ။
ဘာမှကောင်းတဲ့ကိစ္စမဟုတ်ဟုသာ ခံစားလာရသည်။
ခွေးရူးနောက်ကလိုက်လာပြီး ကျောင်းအုပ်ကြီးရုံခန်းအပေါက်ဝသို့ရောက်ကာ တံခါးထက်ကဘုတ်ပြားကိုမြင်သည့်တစ်လျှောက်ထိ ရှဲ့ယွီညာဘက်မျက်ခွံကလည်း အဆက်မပြတ်လှုပ်လို့နေသည်။ မကောင်းတဲ့ခံစားချက်မျိုးရကာ စိတ်ထဲထင့်နေရင်း သူတို့ကိုခေါ်လာပြီးဘာလုပ်ချင်သည့်အကြောင်းကိုလည်း အနည်းငယ်တော့ရိပ်စားမိလိုက်၏။
"အဖြေလွှာကိုကိုင်ပြီး သေချာလေးရပ် ၊ ကျောင်းသားနှစ်ယောက် နည်းနည်းကပ်မယ်. . . . . ."
"ကျောင်းအုပ်ချန်က ဘေးနားနည်းနည်းတိုးရပ်. . . . . ."
"ခေါင်းမော့ရင်ကော့ထား ၊ ကျွန်တော် သုံး နှစ် တစ်ရေမယ်နော် ချိစ်လို့အော်။"
ကျောင်းအုပ်ရုံးခန်းတွင်း၌ လူခုနှစ်ယောက်ရှစ်ယောက်ခန့်ရပ်လျက်ရှိပြီး ကျောင်းရဲ့ဦးဆောင်သူလူကြီးများက နှစ်တန်းခွဲရပ်လို့ အနောက်တိုင်းဝတ်စုံများဝတ်ထားကြသည်။
အမှတ်(၂)ကျောင်းအုပ်မှာ ထိပ်ကပြောင်နေတာဖြစ်သည့်တိုင် မလျှော့သောဇွဲဖြင့်ကို ဘယ်လောက်မှမရှိသည့်ဆံပင်တို့ထက်ဂျယ်တို့သုတ်လိမ်းထားသည်မှာ ပြောင်လက်နေ၏။ သူသည် ရှဲ့ယွီပုခုံးထက်လက်တင်ပြီး ပြုံးပြနေသည်မှာ ကျေနပ်အားရနေဟန်တို့အပြည့်ပင်။
"ချိစ်။"
ဟယ့်ကျောင်း : "ချိစ်။"
ရှဲ့ယွီ : ". . . . . ."
"ပြုံးပါဦး ဟိုကျောင်သားလေး နည်းနည်းလောက်ပြုံးထားပေးလို့ရမလား?"
"အဲ့လောက်ကြီး. ."
ဓာတ်ပုံဆရာမှာ အဲ့လောက်ကြီးမှုန်ကုတ်မနေနဲ့လေဟုပြောချင်ရပေမယ့် ပြောရင်းတန်းလန်းထိုစကားလုံးကိုသုံးဖို့ကသိပ်ပြီးမသင့်လျော်ကြောင်းတွေးမိ၍ ပြောင်းလို့သာပြောလိုက်ပါသည်။
"အဲ့လောက်ကြီး တည်မထားနဲ့။"
အမှတ်(၂)ကျောင်းအုပ်မှာ ရှေ့တစ်ခေါက်တုန်းက သူတို့နှစ်ယောက်ကို ကျောင်းသမိုင်းထဲထည့်မှတ်မယ်ဟုဆိုထားသေးမယ့် ရှဲ့ယွီအနေနှင့်က ဒီအတိုင်းအပျော်သဘောလျှောက်ပြောတာဟုသာ ထင်ထားခဲ့တာဖြစ်သည်။ ထင်မှတ်မထားသည်မှာတော့ ကျောင်းကလူကြီးများမှာ ဓာတ်ပုံဆရာကိုပင်ခေါ်လို့ သူတို့အားဓာတ်ပုံပင်ရိုက်ခိုင်းလို့လာ၏။
လှမ်းဝင်လိုက်ပြီးနောက် ရုံးခန်းထဲကအခြေအနေကိုပင်သေချာမကြည့်ရသေး ကျောင်းအုပ်ကစလွယ်ကိုကိုင်ကာ သူ့ကိုယ်ပေါ်တန်းကိုဝတ်ပေးလာတော့သည်။
အဝါခံကိုမှ အနီရောင်စာလုံးတို့ဖြင့် ရွှေအနားကွပ်နှစ်တန်းလည်းပါသေးပြီး ထိုအထက်ရေးထားသည်မှာတော့ - ထူးချွန်ကျောင်းသား ဟူ၏။
"ကျောင်းသမိုင်းထဲထည့်သွင်းမယ်! ဒီဓာတ်ပုံကို သေချာပေါက် အလယ်တည့်တည့်မှာထားရမယ်!"
"အမှတ်(၂)ကကျောင်းသားရဲ့ အံ့ဖွယ်ဖြစ်ထွန်းမှုကြီး ၊ ခေါင်းစီးမှာကိုရေးဦးမယ်. . . . . ."
"သူတို့တအားပျော်နေကြတာ. ."
ဓာတ်ပုံရိုက်ပြီးသည့်နောက်မှာတော့ ဌာနမှူးကျန်းပင်မနေနိုင်တော့ဘဲ သူတို့အားခေါ်လို့ ထွက်လာခဲ့တော့သည်။
"မင်းတို့ နေ့လည်ပိုင်းအတန်းချိန်ရှိသေးတယ်မလား ပြန်ကြတော့။"
ရှဲ့ယွီကတော့ အပိုပင်မပြော တန်းလို့ရင်ဘက်ပေါ်ကစလွယ်ကိုသာ ချွတ်ပစ်လိုက်ပါသည်။
ဟယ့်ကျောင်းက တံခါးကိုပိတ်လိုက်ပြီး အောက်ထပ်ဆင်းခါနီး၌ လှေကားဝတွင်ရပ်လိုက်၏။
"ဌာနမှူးကျန်း။"
ဌာနမှူးကျန်းက လှည့်ကြည့်လာသည်။
"ကိစ္စရှိသေးလို့လား?"
ဟယ့်ကျောင်း ပြုံးလျက်ဆိုလိုက်၏။
"ကျွန်တော် ဒီတစ်ခေါက်ဖြေတာကောင်းတယ်။"
"အင်း?"
"ကျွန်တော့်ထုံကျောဖြေတာလည်း မဆိုးဘူး။"
ဆိုလာပုံကအတော်လေးနက်နဲလှ၍ ဌာနမှူးကျန်းမှာ ထိုအထိနားထောင်လာပြီးသည့်တိုင် ဟယ့်ကျောင်းဘာကိုဆိုလိုချင်သလဲအား နားမလည်သေးဘဲရှိရသည်။
"အင်း။"
ထို့နောက်မှာတော့ ဟယ့်ကျောင်းပြောလိုက်ပါသည်။
"အဲ့ဒါကြောင့် ကျွန်တော်တို့အဆောင်အခန်းပြောင်းလို့ရနိုင်ပြီလား?"
အရင်က ဟယ့်ကျောင်းအခန်းပြောင်းဖို့စာလာတင်တုန်းကဆို ဌာနမှူးကျန်းမှာ ဒေါသတွေအလွန်ပင်ထွက်ခဲ့ရ၏ ၊ ဘိတ်ချေးအဆင့်နှစ်ယောက်က အခန်းတစ်ခုထဲအတူနေချင်သတဲ့ ၊ ဒါကစိတ်ကြိုက်အရူးအမူးကမြင်းကြမည့်သဘောရှိသည်မဟုတ်ပေလား ၊ ဤသို့ဖြင့် စဉ်းပင်မစဉ်းစားဘဲတန်းကာနှစ်ယောက်လုံးကိုငေါက်ပစ်ခဲ့သည်။
မထင်ထားသည်မှာ သူတို့ကထိုကိစ္စကိုအလေးထားနေတုန်းပင်။
ဌာနမှူးကျန်သည် တွေဝေလျက်မှ. .
"မင်းတို့. . . . . ."
ဟယ့်ကျောင်း : "ကျွန်တော်တို့က အပြန်အလှန်ကူညီပြီး အတူစာလုပ်ပြီး အတူတကွတိုးတက်အောင်လုပ်မလို့ပါ။"
ရှဲ့ယွီသည် လှေကားလက်ရန်းကိုမှီထားရင်းမှ ထိုသူရဲ့လျှောက်ရွှီးနေမှုများကြောင့် နားထောင်ရင်းသည်းမခံနိုင်တော့ဘဲ ကန်ထည့်ပစ်မိသည်။
ဌာနမှူးကျန်းမှာ ခဏကြာစဉ်းစားလို့ သူတို့နှစ်ယောက်ရဲ့ဒီတစ်ခေါက်အဆင့်တွေကိုပါတွေးမိလျက် ဟယ့်ကျောင်းရဲ့ 'အတူတကွတိုးတက်အောင်လုပ်ဖို့'ဆိုသည့်စကားနဲ့လည်းချုပ်မိကာ အဆုံးမှာတော့ဆိုလိုက်ပါသည်။
"ကောင်းပြီး ဒါဆိုမင်းလျှောက်လွှာသေချာဖြည့်ပြီး ကျောင်းဆင်းလို့ရှိရင် ငါ့ရုံးခန်းကိုလာပေး။"
အမှတ်(၂)သည်ကား ဆောင်ရွက်မှုတို့မြန်ဆန်လှ၏။
လျှောက်လွှာတင်ပြီး ဘယ်လောက်မှမကြာပြီးစီးလို့သွားပြီဖြစ်သည်။
ထိုနေ့က ညပိုင်းself-studyချိန်ပြီးသည့်နောက်တွင် ရှဲ့ယွီ၏အဆောင်ခန်းတံခါးဘေးက နေထိုင်သူကျောင်းသားစာရင်းထက်၌ နာမည်တစ်ခုတိုးလို့နေလေပြီ။
ရှဲ့ယွီအဖို့ တစ်ယောက်တည်းနေတာအကျင့်ပါနေပြီဖြစ်သည်။ စားပွဲထက်တွင်တော့ နမူနာမေးခွန်းလွှာတွေရှိကာ ထိုင်ခုံထက်ခြေတစ်ဖက်ကွေးထိုင်နေရင်းမှ သွားလိုက်လာလိုက်ဖြင့်အလုပ်ရှုပ်နေလေသည့်ဟယ့်ကျောင်းကို ကြည့်နေမိသည်။ အစကဗလာကျင်းရှင်းလင်းနေသည့်အခန်းတစ်ဝက်မှာ ယခုတွင်တော့ပစ္စည်းတို့အပြည့်ဖြစ်နေပြီဖြစ်၍ တခဏအတွင်းအနည်းငယ်နေသားမကျဖြစ်မိရ၏။
သူသည် ကြိုးစား၍စာထဲအာရုံပြန်စိုက်ဖို့လုပ်ပေမယ့် စာထဲအကြည့်နှစ်ချက်သာရောက်ပြီး ဘောပင်ကိုပြန်ချထားလိုက်ရပြန်သည်။ ထို့နောက်တွင်မှ ဟယ့်ကျောင်းရဲ့ပစ္စည်းတွေက အစောကတည်းကကြိုတင်ပြင်ဆင်လို့ စက္ကူဘူးတွေထဲစီထည့်ထားခြင်းဖြစ်သည်ကို သတိထားမိလိုက်ပါသည်။
"မင်းဘယ်အချိန်ကတည်းက ပြင်ဆင်ထားတာလဲ?"
"ရှေ့သုံး/လေးရက်လောက်ကတည်းက။"
"ကိုယ့်ရဲ့ကလေးလေးနဲ့ အနည်းငယ်ပိုပြီးနီးစပ်ချင်လို့. ."
ဟယ့်ကျောင်းတစ်ယောက် အခေါက်ရေအနည်းငယ်ကြာရွှေ့ပြောင်းလိုက်ရ၍ ကျောပြင်ထက်ချွေးတို့ပင်စို့လာလေရာ အပေါ်ဝတ်ကိုချွတ်ရင်း ပြောလိုက်ပါသည်။
"အကောင်းဆုံးကတော့ နေ့တိုင်းမျက်စိဖွင့်တာနဲ့ မြင်တွေ့ရမှာမျိုးပေါ့။"
ရှဲ့ယွီမှာ နားထောင်ပြီးမှင်တက်သွားခဲ့ရ၏။
ဟယ့်ကျောင်းက ကုတင်ကိုပြင်ဆင်နေတာပြီးစီးလုရှိတဲ့ချိန်မှ ရှဲ့ယွီတစ်ယောက် အသိကပ်ကာ ခုနကလုပ်နေတဲ့အပုဒ်ကမေးခွန်းကိုပင်မမှတ်မိတော့အောင်ရှိရသည်။
ဟယ့်ကျောင်း ပစ္စည်းတွေကသိပ်အများကြီးမဟုတ် ၊ သေတ္တာအနည်းငယ်ရွှေ့ပြောင်းပြီးနောက်ပြီးစီးလို့သွား၏။ ဒါ့အပြင် သူ့အခန်းအပေါက်ဝတွင်ကပ်ထားသည့် 'တက္ကသိုလ်ဝင်စာမေးပွဲအတွက် ပြင်ဆင်နေပါတယ်'ဆိုသည့်စာရွက်ကြီးကိုပါ တစ်ပါတည်းပြောင်းရွှေ့လို့လာသည်။
အန်တီမေဖုန်းဆက်လာချိန်မှာတော့ ဟယ့်ကျောင်းကအကုန်ရွှေ့လို့ပြီးပြီဖြစ်လျက် လဲစရာအဝတ်တို့ယူကာ ရေချိုးရန်ရေချိုးခန်းထဲဝင်သွားတော့သည်။
ရွှီယန့်မေက ဝမ်းသာလွန်းနေ၍အသံတွေပင်တုန်နေ၏။
"တကယ်ကြီး အဆင့်(၁)ပေါ့လေ?"
ရေချိုးခန်းတွင်းက ရေကျသံတို့ကိုနားထောင်နေရင်းမှ ရှဲ့ယွီသည် သိပ်အရေးမစိုက်လှဟန်ဖြင့် 'အင်း'ဟုသာဆိုလိုက်ပါသည်။
"မင်းအိမ်ကဟိုတစ်ယောက်လေဘယ်သူ ရူးကြောင်ကြောင်ကောင်လေ မင်းကိုပြဿနာလာမရှာပါဘူးနော်?"
ရွှီယန့်မေက စိတ်တည်ငြိမ်လို့သွားတာနှင့် တစ်ဆက်တည်း 'ရူးကြောင်ကြောင်ကောင်'ဟုပြောရင်းမှညစ်ညစ်ညမ်းညမ်းတွေဆဲရေးပစ်လိုက်၏။
ရှဲ့ယွီမှာ အတွေးတို့များသွားရလျက် အတော်ကြာပါမှ 'ရူးကြောင်ကြောင်ကောင်'ဆိုတာနှင့် ကျုံးကျယ်ရယ်ကိုဆက်စပ်မိသွားသည်။
"မရှာဘူး ၊ အန်တီမေစိတ်မပူပါနဲ့။"
ကျုံးကျယ်မည်သို့တုံ့ပြန်သလဲအား သူမသိ ၊ မဒမ်ကုက ထိုအကြောင်းအရေးမစိုက်ဖို့သာသူ့အားပြောထားသည်။ အောင်စာရင်းထွက်တာအနည်းငယ်ကြာပြီဖြစ်ပေမယ့် ကျုံးကျယ်ထံမှဖုန်းဆက်လာခြင်းလည်းမရှိ။
ခဏကြာမျှ စကားပြောဖြစ်ကြ၏ ၊ ရှဲ့ယွီကဖုန်းပြောနေရင်း အာရုံခွဲလို့ လုပ်လက်စမေးခွန်းလွှာထဲက နောက်ဆုံးပုစ္ဆာတစ်ပုဒ်အား တွက်ကာအဖြေထုတ်လိုက်သည်။
"ဟုတ်ပြီ ဒါဆိုငါ မင်းနဲ့လေဆက်မပေါတော့ဘူး ၊ မင်းကျန်းမာရေးဂရုစိုက်. . . . . ."
အန်တီမေရဲ့မှာတမ်းချွေမှုအဆုံးမှာတော့ ရှဲ့ယွီဖုန်းချလိုက်ပြီး ဖုန်းအားဘေးသို့ပစ်တင်လိုက်သည်။ ထိုအခါမှ ရေချိုးလို့ပြီးကာ အင်္ကျီကိုကောင်းကောင်းမွန်မွန်ဝတ်မထားသည့် တစ်စုံတစ်ယောက်သောသူရဲ့ တံခါးဖွင့်လို့ထွက်လာသည်ကိုလှမ်းတွေ့လိုက်ရ၏။
ဟယ့်ကျောင်းဆံပင်တို့က ရေတို့စိုနေစဲရှိပြီး ရှပ်အင်္ကျီတစ်ထည်ကိုဝတ်ထားလျက် ကြယ်သီးတို့ကိုတော့ဖြင့် ဘယ်နှစ်လုံးမှတပ်မထား။
အနှီလူနဲ့တစ်ခန်းထဲအတူနေမည်ဟုဆုံဖြတ်လိုက်မိခြင်းက ဘာမှအသိတရားရှိရှိနဲ့သင့်တင့်လျှောက်ပတ်တဲ့ဆုံးဖြတ်ချက်မဟုတ်ဟုသာ ရှဲ့ယွီခံစားမိလိုက်ရပေသည်။
ZAWGYI
အခန္း(၁၀၄)
အေကာင္းဆုံးကေတာ့ ေန႔တိုင္းမ်က္လုံးဖြင့္လိုက္တာနဲ႔ ျမင္ေတြ႕ရမွာမ်ိဳး
အခန္း(၃)ကတစ္စု အေနာက္တန္းနားစုအုံေနၾကေလသည္။
ရွဲ႕ယြီသည္ စားပြဲစြန္းကေရဘူးကိုလွမ္းယူလိုက္ၿပီး ဝမ့္သာ၏ဇာတ္ဟန္ပါပါတစ္ေခါက္ထပ္ သ႐ုပ္ေဆာင္ျပလာမွုအား ၾကည့္ေနမိ၏။
ဟယ့္ေက်ာင္းကေတာ့ လုပ္ေနၾကအတိုင္း အားေပးအားေျမႇာက္ျပဳလို႔လာသည္။
"ေကာင္းတယ္ ေကာင္းတယ္ ၊ သ႐ုပ္ေဆာင္တာ မဆိုးဘူး။"
"ေျမႇာက္လြန္းေနပါၿပီ. ."
ဝမ့္သာက လက္ႏွစ္ဖက္ကိုဆုပ္ကိုင္အရိုအေသျပဳလာရင္း. .
"ဒါက ေဘာ္ဒါေရာင္းရင္းတို႔ရဲ့အားေပးမွုေၾကာင့္ပါ။"
ရွဲ႕ယြီသည္ နဂိုကေတာ့ စိတ္ဝင္စားဖို႔ေကာင္းသည္ဟုပင္မထင္မိ ၊ ေရတစ္ငုံေသာက္က ဘူးကိုအဖုံးျပန္ဖုံးရင္းမွ ထိုသူတို႔ရဲ့ေအာ္ရယ္လာသံတို႔ေၾကာင့္ အဆုံး၌မေနနိုင္ေတာ့ဘဲ ထိုသူတို႔နဲ႔အတူ လိုက္ပါရယ္ေမာမိရသည္။
". . . . . . မေမာနိုင္ၾကဘူးလားပဲ။"
တကယ္ေတာ့ အဆင့္ကိုပုံမွန္အတိုင္းျပန္ရယူရန္မတိုင္ခင္တုန္းက ရွဲ႕ယြီအနည္းငယ္ေတာ့ ေတြေဝမိခဲ့ေသး၏။
သို႔တိုင္ သူေနာက္ပိုင္းတျဖည္းျဖည္းသိလာရသည္မွာ အဆင့္ေကာင္းေကာင္းမေကာင္းေကာင္း —- —- အတန္းရဲ့ပ်မ္းမၽွအမွတ္အား ဆြဲခ်ထားမိတာက တစ္ပါးသူကိုမ်က္လုံးစုံမွိတ္လ်က္ အေဆာင္ေပၚကခုန္ခ်ခ်င္ေအာင္ကို ဆြဲခ်ထားမိပါေစ ၊ ယခုၾကလည္း 'ထိပ္ဆုံး4.6မွတ္' ရျပန္ပါေစ ထိုသူတို႔ရဲ့စိတ္သေဘာထားေတြကေတာ့ ဘာမွေျပာင္းလဲမသြားခဲ့ဘူးဆိုတာပင္။
အစတုန္းကေတာ့ သူတို႔ကိုထိုးမယ္တဂဲဂဲရွိေပမယ့္ ေနာက္ပိုင္းအခ်ိန္တစ္ခုအၾကာမွာေတာ့ စိတ္ေတြေျပသြားၾက၏။
လ်ိဳခၽြိင္ေဟာက္တစ္ေယာက္ ဟယ့္ေက်ာင္းထံစာလာေမးတုန္းကဆို ႏွစ္ခြန္းပင္ဆိုလာေသးသည္။
"ငါတကယ္ မင္းတို႔ကိုလက္ေျမႇာက္တယ္ ၊ မင္းတို႔က ငါတို႔ေက်ာင္းရဲ့ တကယ့္အဆင့္(၁)နဲ႔(၂)အစ္ကိုႀကီးေတြပဲ. . . . . . ေရွ႕ကေရေရ ေနာက္ကေရေရ။"
"ဘာအဓိပၸာယ္နဲ႔ေျပာခ်င္တာလဲ ၊ ငါ့ကိုခ်ီးက်ဴးတာလား ေစာ္ကားတာလား?"
ဟယ့္ေက်ာင္းက ေမးခြန္းကိုဖတ္ေန၏ ၊ လ်ိဳခၽြိင္ေဟာက္ယူလာၿပီးေမးတာက ဂိုက္ဆရာေပးထားသည့္အပုဒ္ေတြျဖစ္သည္။ ဟယ့္ေက်ာင္းမွာ ေဘာပင္ကိုကိုင္ထားရင္းမွ ထပ္လို႔ေျပာလိုက္ပါ၏။
"မင္းကို ႏွစ္မိနစ္အခ်ိန္ေပးမယ္ ၊ စကားလုံးေတြျပန္စီလိုက္ဦး။"
လ်ိဳခၽြိင္ေဟာက္အဖို႔ ကံၾကမၼာအတက္အက်ကိုသိရွိနားလည္လိုက္ရၿပီးျဖစ္သည္။ အရင္ဟယ့္ေက်ာင္းတစ္ေယာက္ကိုယ္တိုင္ကိုယ္က် သူ႔အိမ္စာကိုကူးဖို႔ေျပာလာတုန္းက သရဲပဲေတြ႕သလိုလိုရွိခဲ့သည့္ မိမိမွာ ယခုတြင္ေတာ့ 'လက္လွမ္းမမီနိုင္တဲ့ အျမင့္ထိတက္ျပမယ္' ဆိုသည့္စကားအား လက္ခံလိုက္ရၿပီးျဖစ္သည္။
သူသည္ မ်က္စိမွိတ္လို႔သာ တစ္ေလွႀကီးခ်ီးမြမ္းစကားတို႔ဆိုလိုက္ပါသည္။
"မင္းတို႔ ေတာ္လြန္းခ်က္ပါပဲ! ေယာက္်ားဆိုတာ ဒါပဲေလ! အမွတ္(၂)ရဲ့ဂုဏ္ေဆာင္! အဲ့ဒါေၾကာင့္မို႔ ဒီပုစၧာကဘယ္လိုတြက္ရတာလဲ?"
ထို႔ေနာက္ လ်ိဳခၽြိင္ေဟာက္အမႊမ္းတင္ၿပီးအဆုံးမွာေတာ့ ဟယ့္ေက်ာင္းေျပာလာသံအားၾကားလိုက္ရပါ၏။
"ဒီပုစၧာက တြက္နည္းသုံး/ေလးမ်ိဳးရွိတယ္ ၊ မင္းက လြယ္ကူရိုးရွင္းတာကိုႀကိဳက္လား ဒါမွမဟုတ္ နည္းနည္းထြင္ထားတဲ့ဆန္းသစ္တာမ်ိဳးကိုႀကိဳက္လား. . . . . ."
". . . . . ."
လ်ိဳခၽြိင္ေဟာက္ စိတ္ထဲမွသာဆိုမိရေခ်သည္ ၊ အစ္ကိုႀကီးခမ်ာ ကၽြန္ေတာ့္ကို ညႇာတာေပးပါဦး ၊ ကၽြန္ေတာ္က ရိုးရိုးရွင္းရွင္းေလးပဲပုစၧာေျဖရွင္းခ်င္တာပါ။
ရွဲ႕ယြီလည္း ၾကည့္မေနနိုင္ေတာ့ရာ ဟယ့္ေက်ာင္းလက္ထဲက ေလ့က်င့္ခန္းစာအုပ္အား ဆြဲသာယူလိုက္ေတာ့သည္။
"ဘယ္အပုဒ္လဲ။"
ရွဲ႕ယြီက စာရွင္းျပရာ၌ အပိုဆားဒါးတစ္ခြန္းမွမဆို ၊ ေတြးေခၚနိုင္စြမ္းက ရွင္းလင္းၿပီး အခြန္းေရအနည္းငယ္မၽွျဖင့္ကို လ်ိဳခၽြိင္ေဟာက္နားေထာက္လိုက္တာႏွင့္ နားလည္ကာ ဉာဏ္အလင္းပြင့္ေစေပ၏။
ဟယ့္ေက်ာင္းက သူ႔ကိုယ္သူလက္ညႇိုးထိုးလာလ်က္. .
"ငါရွင္းျပတာကၾက အဲ့ေလာက္ညံ့လို႔လား?"
ရွဲ႕ယြီက တန္ျပန္ေမးလိုက္၏။
"ညံ့မညံ့ ကိုယ့္ကိုယ္ကိုယ္သိမေနဘူးလား?"
လ်ိဳခၽြိင္ေဟာက္သည္ စာရွင္းျပတာနားေထာင္ၿပီးေနာက္ ေန႔စဥ္ေန႔တိုင္းျငင္းခုံစကားမ်ားေနတတ္သည့္ ႏွစ္ေယာက္အားၾကည့္ေနမိရသည္။
သူခုနကမေျပာျဖစ္ဘဲရွိသည္မွာ - ေရွ႕ကေရေရ ေနာက္ကေရေရ ငါတို႔သိကၽြမ္းတဲ့အစ္ကိုႀကီးႏွစ္ေယာက္ပါပဲဟု ဆိုတာကိုပင္—- —- မိန္းကေလးတစ္ေယာက္ကို ကာကြယ္ေပးဖို႔ရန္အတြက္ သည္းခံကာ အစြပ္စြဲခံအေျပာအဆိုခံခဲ့ပါသည့္ ဟယ့္ေက်ာင္း ၊ ဘတ္စကက္ေဘာၿပိဳင္ပြဲ၌ အပိုမေျပာဘဲ အကၤ်ီလက္ကိုပင့္ကာ ကြင္းထဲဆင္းလာပါသည့္ ရွဲ႕ယြီ။
အခန္း(3)ကလူမ်ားအျမင္တြင္ေတာ့ ထိုႏွစ္ေယာက္ကိုသိကၽြမ္းလာခဲ့တာက အဆင့္ဆိုတဲ့အတိုင္းအတာထက္ကို ေက်ာ္လြန္းေနခဲ့ၿပီျဖစ္သည္ဆိုတာပင္။ အတန္းစခြဲခ်ိန္တုန္းကဆို ထိုႏွစ္ေယာက္ဆိုတာက ၾကားတာနဲ႔လန့္ဖို႔ေကာင္းသည့္ ေရွာက္ပါ့ေတြ ၊ ျပစ္မွုေပါင္းစုံလည္းက်ဴးလြန္းၿပီး မ်က္ေတာင္မခတ္စတမ္း လူသတ္နိုင္တဲ့သူေတြဟု သိခဲ့ၾကရ၏။
သို႔တိုင္ ေပါင္းၾကည့္မိေတာ့ၾက လုံးဝထိုသို႔မဟုတ္ရပါ။
ရွဲ႕ယြီ ေလ့က်င့္ခန္းစာအုပ္ကိုပိတ္ကာ လ်ိဳခၽြိင္ေဟာက္ကိုလွမ္းေပးခိုက္မွာပဲ မ်က္ဝန္းေထာင့္မွေန ရႊဲရွီရွိန္း၏ မ်က္ေတာင္ပင္မခတ္သူတို႔အားစိုက္လို႔ၾကည့္ေနသည္ကို ျမင္လိုက္ရသည္။
ထိုအၾကည့္တို႔က ရွုပ္ေထြးေနဟန္ျဖင့္ စိုက္ၾကည့္ေနမွုက ၾကက္သီးထခ်င္စရာပင္ေကာင္းသည္။
ရႊဲရွီရွိန္းမွာ ေန႔စဥ္ရက္ဆက္ ဇြဲမေလၽွာ့စတမ္းကို သူတို႔ႏွင့္အတူစာေလ့လာမယ့္နည္းေတြ ဖလွယ္ခ်င္လ်က္ရွိသည္မွာ ဘယ္လိုမွာေရွာင္ဖယ္မရေအာင္ထိ။
"မင္းတို႔ တမင္ယုတ္ၿပီး အတန္းရဲ့ပ်မ္းမၽွအမွတ္ကို က်ေစတာကထားလိုက္ေတာ့ ၊ ငါနဲ႔အတူ စာလုပ္ပုံလုပ္နည္းေတြ ဖလွယ္တာကိုေတာ့ မလုပ္ေပးနိုင္ဘူးလားကြ။"
ဟယ့္ေက်ာင္းလည္း ရႊယ္ေဝရဲ့ဝံပုေလြလိုက်ားလိုေခ်ာင္းေနတဲ့အၾကည့္တို႔ကိုသတိထားမိ၍ အႀကံေပးမိ၏။
"ရွိန္က်ယ္ရွိတဲ့စီသြားေရွာင္ၾကမလား?"
ရွဲ႕ယြီ : "မင္းေသခ်ာရဲ့လား?"
". . . . . ."
ရွဲ႕ယြီ ထပ္လို႔ဆိုလိုက္ပါသည္။
"အဲ့ေကာင္က႐ူးေနတာေလ မသြားပါနဲ႔ေတာ့။"
လပတ္စာေမးပြဲ ေအာင္စာရင္းထြက္တဲ့ခ်ိန္ကစလို႔ ရွိန္က်ယ္တစ္ေယာက္ ႐ူးေၾကာင္ေၾကာင္ျဖစ္လ်က္ရွိသည္။
အခ်ိန္တစ္ခဏအတြင္းကို စာေမးပြဲတိုင္းအမွတ္နည္းနည္းသာရသည့္ ေဘာ္ဒါႀကီးမွာ တစ္ရက္အတြင္းမွာပဲ မိုးေပၚေထာင္တက္သြားခဲ့ၿပီး သူ႔ေရွ႕ရပ္လို႔ သူ႔အား 'ေဆာရီး တကယ္ေတာ့ ငါကအဲ့လိုကိုထူးခၽြန္တာေလ' ဟုပင္ဆိုလာခဲ့ျခင္း။
စာေမးပြဲေျဖတိုင္း ရွဲ႕ယြီေရွ႕တြင္ထိုင္သည့္တစ္ေယာက္ကလည္း အခန္း(8)ကျဖစ္ရာ တစ္ရက္လုံးပဲ ႏွစ္ေယာက္သားတစ္ေယာက္ကိုတစ္ေယာက္ၾကည့္လို႔ ေၾကာင္အမ္းအမ္းျဖင့္စိတ္ထဲရွိသည္တို႔ေျပာျဖစ္ၾကလ်က္။
ထိုတစ္ေယာက္မွာ ေနာက္ဆုံးစာေမးပြဲခန္းတြင္ေျဖရျခင္းျဖစ္သည့္တိုင္ ဘယ္လိုပဲေျဖေၿဖ ၊ ဘယ္ေလာက္ေျဖတာညံ့ပါေစဦး အျမဲေနာက္၌သူဘိတ္ေခ်းမရေလေအာင္ အျမဲေထာက္ကန္ေပးထားသည့္ လူႏွစ္ေယာက္ႀကီးမ်ားေတာင္ရွိေနေလသည္။ ေအာင္စာရင္းထြက္လာေလတိုင္း သူသည္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္ခ်က္အျပည့္ျဖင့္ မိဘေတြကိုေျပာနိုင္၏ - ကၽြန္ေတာ္က အညံ့ဆုံးမဟုတ္ဘူး! အေဖနဲ႔အေမ ဒီမွာၾကည့္ ကၽြန္ေတာ့္ထက္ပိုညံ့တဲ့သူ ႏွစ္ေယာက္ေတာင္ရွိတယ္!
ယခုတြင္ေတာ့ သူ႔အေနာက္က ႏွစ္ေယာက္မွာ ေက်ာခိုင္းႏွုတ္ဆက္သြားခဲ့ေလၿပီ။
သူ႔အဖို႔ အသက္ရွင္ခ်င္စိတ္ပင္မရွိေတာ့ ၊ အေရာင္အေသြးစုံလင္သည့္ကမၻာႀကီးပင္ အျဖဴအမည္းေျပာင္းသြားခဲ့ပါေလသည္။
စကားေျပာေနခိုက္မွာပဲ မွန္ျပတင္ေပါက္အား တစ္စုံတစ္ေယာက္က ႏွစ္ခ်က္မၽွေခါက္လာ၏။
တစ္ဆက္တည္း ေခြး႐ူး၏မ်က္ႏွာႀကီးသည္လည္း သရဲကားေတြထဲကလို ျပတင္းေပါက္ေဘးမွထြက္ေပၚလို႔လာသည္။
ပုံမွန္ဆို ညပိုင္းself-studyခ်ိန္တိုင္း ဖုန္းခိုးသုံးေနတတ္ရာ ျပတင္းေပါက္ကေနတိတ္တဆိတ္လာစစ္တတ္သည့္ေခြး႐ူးေၾကာင့္ ဟယ့္ေက်ာင္းမွာေက်ာပင္အနည္းငယ္ ေအးစိမ့္သြားရသည္။
သို႔တိုင္ ဒီတစ္ေခါက္မွာေတာ့ ေခြး႐ူးကဘာမွေျပာမလာဘဲ 'အမွတ္(၂)ရဲ့ေမၽွာ္လင့္ခ်က္'ျဖစ္သည့္ႏွစ္ေယာက္အား လက္ယပ္သာလွမ္းေခၚလာ၏။
"မင္းတို႔ခဏထြက္လာခဲ့ဦး။"
ေခြး႐ူးမွာ တစ္လမ္းလုံးထိုသို႔သာဆိုလာသည္။
"ခဏေနၾက စိတ္လွုပ္ရွားမေနဘဲ စိတ္ေအးေအးသာထား။"
"ဆရာတို႔အမွတ္(၂)ကေက်ာင္းသားဆိုၿပီး မ်က္ႏွာပန္းလွေအာင္ထုတ္ေဖာ္ျပ။"
ေျပာေလေလ မေတြးတတ္ေအာင္ရွိလာရေလေလ။
ဘာမွေကာင္းတဲ့ကိစၥမဟုတ္ဟုသာ ခံစားလာရသည္။
ေခြး႐ူးေနာက္ကလိုက္လာၿပီး ေက်ာင္းအုပ္ႀကီး႐ုံခန္းအေပါက္ဝသို႔ေရာက္ကာ တံခါးထက္ကဘုတ္ျပားကိုျမင္သည့္တစ္ေလၽွာက္ထိ ရွဲ႕ယြီညာဘက္မ်က္ခြံကလည္း အဆက္မျပတ္လွုပ္လို႔ေနသည္။ မေကာင္းတဲ့ခံစားခ်က္မ်ိဳးရကာ စိတ္ထဲထင့္ေနရင္း သူတို႔ကိုေခၚလာၿပီးဘာလုပ္ခ်င္သည့္အေၾကာင္းကိုလည္း အနည္းငယ္ေတာ့ရိပ္စားမိလိုက္၏။
"အေျဖလႊာကိုကိုင္ၿပီး ေသခ်ာေလးရပ္ ၊ ေက်ာင္းသားႏွစ္ေယာက္ နည္းနည္းကပ္မယ္. . . . . ."
"ေက်ာင္းအုပ္ခ်န္က ေဘးနားနည္းနည္းတိုးရပ္. . . . . ."
"ေခါင္းေမာ့ရင္ေကာ့ထား ၊ ကၽြန္ေတာ္ သုံး ႏွစ္ တစ္ေရမယ္ေနာ္ ခ်ိစ္လို႔ေအာ္။"
ေက်ာင္းအုပ္႐ုံးခန္းတြင္း၌ လူခုႏွစ္ေယာက္ရွစ္ေယာက္ခန့္ရပ္လ်က္ရွိၿပီး ေက်ာင္းရဲ့ဦးေဆာင္သူလူႀကီးမ်ားက ႏွစ္တန္းခြဲရပ္လို႔ အေနာက္တိုင္းဝတ္စုံမ်ားဝတ္ထားၾကသည္။
အမွတ္(၂)ေက်ာင္းအုပ္မွာ ထိပ္ကေျပာင္ေနတာျဖစ္သည့္တိုင္ မေလၽွာ့ေသာဇြဲျဖင့္ကို ဘယ္ေလာက္မွမရွိသည့္ဆံပင္တို႔ထက္ဂ်ယ္တို႔သုတ္လိမ္းထားသည္မွာ ေျပာင္လက္ေန၏။ သူသည္ ရွဲ႕ယြီပုခုံးထက္လက္တင္ၿပီး ျပဳံးျပေနသည္မွာ ေက်နပ္အားရေနဟန္တို႔အျပည့္ပင္။
"ခ်ိစ္။"
ဟယ့္ေက်ာင္း : "ခ်ိစ္။"
ရွဲ႕ယြီ : ". . . . . ."
"ျပဳံးပါဦး ဟိုေက်ာင္သားေလး နည္းနည္းေလာက္ျပဳံးထားေပးလို႔ရမလား?"
"အဲ့ေလာက္ႀကီး. ."
ဓာတ္ပုံဆရာမွာ အဲ့ေလာက္ႀကီးမွုန္ကုတ္မေနနဲ႔ေလဟုေျပာခ်င္ရေပမယ့္ ေျပာရင္းတန္းလန္းထိုစကားလုံးကိုသုံးဖို႔ကသိပ္ၿပီးမသင့္ေလ်ာ္ေၾကာင္းေတြးမိ၍ ေျပာင္းလို႔သာေျပာလိုက္ပါသည္။
"အဲ့ေလာက္ႀကီး တည္မထားနဲ႔။"
အမွတ္(၂)ေက်ာင္းအုပ္မွာ ေရွ႕တစ္ေခါက္တုန္းက သူတို႔ႏွစ္ေယာက္ကို ေက်ာင္းသမိုင္းထဲထည့္မွတ္မယ္ဟုဆိုထားေသးမယ့္ ရွဲ႕ယြီအေနႏွင့္က ဒီအတိုင္းအေပ်ာ္သေဘာေလၽွာက္ေျပာတာဟုသာ ထင္ထားခဲ့တာျဖစ္သည္။ ထင္မွတ္မထားသည္မွာေတာ့ ေက်ာင္းကလူႀကီးမ်ားမွာ ဓာတ္ပုံဆရာကိုပင္ေခၚလို႔ သူတို႔အားဓာတ္ပုံပင္ရိုက္ခိုင္းလို႔လာ၏။
လွမ္းဝင္လိုက္ၿပီးေနာက္ ႐ုံးခန္းထဲကအေျခအေနကိုပင္ေသခ်ာမၾကည့္ရေသး ေက်ာင္းအုပ္ကစလြယ္ကိုကိုင္ကာ သူ႔ကိုယ္ေပၚတန္းကိုဝတ္ေပးလာေတာ့သည္။
အဝါခံကိုမွ အနီေရာင္စာလုံးတို႔ျဖင့္ ေရႊအနားကြပ္ႏွစ္တန္းလည္းပါေသးၿပီး ထိုအထက္ေရးထားသည္မွာေတာ့ - ထူးခၽြန္ေက်ာင္းသား ဟူ၏။
"ေက်ာင္းသမိုင္းထဲထည့္သြင္းမယ္! ဒီဓာတ္ပုံကို ေသခ်ာေပါက္ အလယ္တည့္တည့္မွာထားရမယ္!"
"အမွတ္(၂)ကေက်ာင္းသားရဲ့ အံ့ဖြယ္ျဖစ္ထြန္းမွုႀကီး ၊ ေခါင္းစီးမွာကိုေရးဦးမယ္. . . . . ."
"သူတို႔တအားေပ်ာ္ေနၾကတာ. ."
ဓာတ္ပုံရိုက္ၿပီးသည့္ေနာက္မွာေတာ့ ဌာနမွူးက်န္းပင္မေနနိုင္ေတာ့ဘဲ သူတို႔အားေခၚလို႔ ထြက္လာခဲ့ေတာ့သည္။
"မင္းတို႔ ေန႔လည္ပိုင္းအတန္းခ်ိန္ရွိေသးတယ္မလား ျပန္ၾကေတာ့။"
ရွဲ႕ယြီကေတာ့ အပိုပင္မေျပာ တန္းလို႔ရင္ဘက္ေပၚကစလြယ္ကိုသာ ခၽြတ္ပစ္လိုက္ပါသည္။
ဟယ့္ေက်ာင္းက တံခါးကိုပိတ္လိုက္ၿပီး ေအာက္ထပ္ဆင္းခါနီး၌ ေလွကားဝတြင္ရပ္လိုက္၏။
"ဌာနမွူးက်န္း။"
ဌာနမွူးက်န္းက လွည့္ၾကည့္လာသည္။
"ကိစၥရွိေသးလို႔လား?"
ဟယ့္ေက်ာင္း ျပဳံးလ်က္ဆိုလိုက္၏။
"ကၽြန္ေတာ္ ဒီတစ္ေခါက္ေျဖတာေကာင္းတယ္။"
"အင္း?"
"ကၽြန္ေတာ့္ထုံေက်ာေျဖတာလည္း မဆိုးဘူး။"
ဆိုလာပုံကအေတာ္ေလးနက္နဲလွ၍ ဌာနမွူးက်န္းမွာ ထိုအထိနားေထာင္လာၿပီးသည့္တိုင္ ဟယ့္ေက်ာင္းဘာကိုဆိုလိုခ်င္သလဲအား နားမလည္ေသးဘဲရွိရသည္။
"အင္း။"
ထို႔ေနာက္မွာေတာ့ ဟယ့္ေက်ာင္းေျပာလိုက္ပါသည္။
"အဲ့ဒါေၾကာင့္ ကၽြန္ေတာ္တို႔အေဆာင္အခန္းေျပာင္းလို႔ရနိုင္ၿပီလား?"
အရင္က ဟယ့္ေက်ာင္းအခန္းေျပာင္းဖို႔စာလာတင္တုန္းကဆို ဌာနမွူးက်န္းမွာ ေဒါသေတြအလြန္ပင္ထြက္ခဲ့ရ၏ ၊ ဘိတ္ေခ်းအဆင့္ႏွစ္ေယာက္က အခန္းတစ္ခုထဲအတူေနခ်င္သတဲ့ ၊ ဒါကစိတ္ႀကိဳက္အ႐ူးအမူးကျမင္းၾကမည့္သေဘာရွိသည္မဟုတ္ေပလား ၊ ဤသို႔ျဖင့္ စဥ္းပင္မစဥ္းစားဘဲတန္းကာႏွစ္ေယာက္လုံးကိုေငါက္ပစ္ခဲ့သည္။
မထင္ထားသည္မွာ သူတို႔ကထိုကိစၥကိုအေလးထားေနတုန္းပင္။
ဌာနမွူးက်န္သည္ ေတြေဝလ်က္မွ. .
"မင္းတို႔. . . . . ."
ဟယ့္ေက်ာင္း : "ကၽြန္ေတာ္တို႔က အျပန္အလွန္ကူညီၿပီး အတူစာလုပ္ၿပီး အတူတကြတိုးတက္ေအာင္လုပ္မလို႔ပါ။"
ရွဲ႕ယြီသည္ ေလွကားလက္ရန္းကိုမွီထားရင္းမွ ထိုသူရဲ့ေလၽွာက္ရႊီးေနမွုမ်ားေၾကာင့္ နားေထာင္ရင္းသည္းမခံနိုင္ေတာ့ဘဲ ကန္ထည့္ပစ္မိသည္။
ဌာနမွူးက်န္းမွာ ခဏၾကာစဥ္းစားလို႔ သူတို႔ႏွစ္ေယာက္ရဲ့ဒီတစ္ေခါက္အဆင့္ေတြကိုပါေတြးမိလ်က္ ဟယ့္ေက်ာင္းရဲ့ 'အတူတကြတိုးတက္ေအာင္လုပ္ဖို႔'ဆိုသည့္စကားနဲ႔လည္းခ်ဳပ္မိကာ အဆုံးမွာေတာ့ဆိုလိုက္ပါသည္။
"ေကာင္းၿပီး ဒါဆိုမင္းေလၽွာက္လႊာေသခ်ာျဖည့္ၿပီး ေက်ာင္းဆင္းလို႔ရွိရင္ ငါ့႐ုံးခန္းကိုလာေပး။"
အမွတ္(၂)သည္ကား ေဆာင္ရြက္မွုတို႔ျမန္ဆန္လွ၏။
ေလၽွာက္လႊာတင္ၿပီး ဘယ္ေလာက္မွမၾကာၿပီးစီးလို႔သြားၿပီျဖစ္သည္။
ထိုေန႔က ညပိုင္းself-studyခ်ိန္ၿပီးသည့္ေနာက္တြင္ ရွဲ႕ယြီ၏အေဆာင္ခန္းတံခါးေဘးက ေနထိုင္သူေက်ာင္းသားစာရင္းထက္၌ နာမည္တစ္ခုတိုးလို႔ေနေလၿပီ။
ရွဲ႕ယြီအဖို႔ တစ္ေယာက္တည္းေနတာအက်င့္ပါေနၿပီျဖစ္သည္။ စားပြဲထက္တြင္ေတာ့ နမူနာေမးခြန္းလႊာေတြရွိကာ ထိုင္ခုံထက္ေျခတစ္ဖက္ေကြးထိုင္ေနရင္းမွ သြားလိုက္လာလိုက္ျဖင့္အလုပ္ရွုပ္ေနေလသည့္ဟယ့္ေက်ာင္းကို ၾကည့္ေနမိသည္။ အစကဗလာက်င္းရွင္းလင္းေနသည့္အခန္းတစ္ဝက္မွာ ယခုတြင္ေတာ့ပစၥည္းတို႔အျပည့္ျဖစ္ေနၿပီျဖစ္၍ တခဏအတြင္းအနည္းငယ္ေနသားမက်ျဖစ္မိရ၏။
သူသည္ ႀကိဳးစား၍စာထဲအာ႐ုံျပန္စိုက္ဖို႔လုပ္ေပမယ့္ စာထဲအၾကည့္ႏွစ္ခ်က္သာေရာက္ၿပီး ေဘာပင္ကိုျပန္ခ်ထားလိုက္ရျပန္သည္။ ထို႔ေနာက္တြင္မွ ဟယ့္ေက်ာင္းရဲ့ပစၥည္းေတြက အေစာကတည္းကႀကိဳတင္ျပင္ဆင္လို႔ စကၠဴဘူးေတြထဲစီထည့္ထားျခင္းျဖစ္သည္ကို သတိထားမိလိုက္ပါသည္။
"မင္းဘယ္အခ်ိန္ကတည္းက ျပင္ဆင္ထားတာလဲ?"
"ေရွ႕သုံး/ေလးရက္ေလာက္ကတည္းက။"
"ကိုယ့္ရဲ့ကေလးေလးနဲ႔ အနည္းငယ္ပိုၿပီးနီးစပ္ခ်င္လို႔. ."
ဟယ့္ေက်ာင္းတစ္ေယာက္ အေခါက္ေရအနည္းငယ္ၾကာေရႊ႕ေျပာင္းလိုက္ရ၍ ေက်ာျပင္ထက္ေခၽြးတို႔ပင္စို႔လာေလရာ အေပၚဝတ္ကိုခၽြတ္ရင္း ေျပာလိုက္ပါသည္။
"အေကာင္းဆုံးကေတာ့ ေန႔တိုင္းမ်က္စိဖြင့္တာနဲ႔ ျမင္ေတြ႕ရမွာမ်ိဳးေပါ့။"
ရွဲ႕ယြီမွာ နားေထာင္ၿပီးမွင္တက္သြားခဲ့ရ၏။
ဟယ့္ေက်ာင္းက ကုတင္ကိုျပင္ဆင္ေနတာၿပီးစီးလုရွိတဲ့ခ်ိန္မွ ရွဲ႕ယြီတစ္ေယာက္ အသိကပ္ကာ ခုနကလုပ္ေနတဲ့အပုဒ္ကေမးခြန္းကိုပင္မမွတ္မိေတာ့ေအာင္ရွိရသည္။
ဟယ့္ေက်ာင္း ပစၥည္းေတြကသိပ္အမ်ားႀကီးမဟုတ္ ၊ ေသတၱာအနည္းငယ္ေရႊ႕ေျပာင္းၿပီးေနာက္ၿပီးစီးလို႔သြား၏။ ဒါ့အျပင္ သူ႔အခန္းအေပါက္ဝတြင္ကပ္ထားသည့္ 'တကၠသိုလ္ဝင္စာေမးပြဲအတြက္ ျပင္ဆင္ေနပါတယ္'ဆိုသည့္စာရြက္ႀကီးကိုပါ တစ္ပါတည္းေျပာင္းေရႊ႕လို႔လာသည္။
အန္တီေမဖုန္းဆက္လာခ်ိန္မွာေတာ့ ဟယ့္ေက်ာင္းကအကုန္ေရႊ႕လို႔ၿပီးၿပီျဖစ္လ်က္ လဲစရာအဝတ္တို႔ယူကာ ေရခ်ိဳးရန္ေရခ်ိဳးခန္းထဲဝင္သြားေတာ့သည္။
ရႊီယန့္ေမက ဝမ္းသာလြန္းေန၍အသံေတြပင္တုန္ေန၏။
"တကယ္ႀကီး အဆင့္(၁)ေပါ့ေလ?"
ေရခ်ိဳးခန္းတြင္းက ေရက်သံတို႔ကိုနားေထာင္ေနရင္းမွ ရွဲ႕ယြီသည္ သိပ္အေရးမစိုက္လွဟန္ျဖင့္ 'အင္း'ဟုသာဆိုလိုက္ပါသည္။
"မင္းအိမ္ကဟိုတစ္ေယာက္ေလဘယ္သူ ႐ူးေၾကာင္ေၾကာင္ေကာင္ေလ မင္းကိုျပႆနာလာမရွာပါဘူးေနာ္?"
ရႊီယန့္ေမက စိတ္တည္ၿငိမ္လို႔သြားတာႏွင့္ တစ္ဆက္တည္း '႐ူးေၾကာင္ေၾကာင္ေကာင္'ဟုေျပာရင္းမွညစ္ညစ္ညမ္းညမ္းေတြဆဲေရးပစ္လိုက္၏။
ရွဲ႕ယြီမွာ အေတြးတို႔မ်ားသြားရလ်က္ အေတာ္ၾကာပါမွ '႐ူးေၾကာင္ေၾကာင္ေကာင္'ဆိုတာႏွင့္ က်ဳံးက်ယ္ရယ္ကိုဆက္စပ္မိသြားသည္။
"မရွာဘူး ၊ အန္တီေမစိတ္မပူပါနဲ႔။"
က်ဳံးက်ယ္မည္သို႔တုံ႔ျပန္သလဲအား သူမသိ ၊ မဒမ္ကုက ထိုအေၾကာင္းအေရးမစိုက္ဖို႔သာသူ႔အားေျပာထားသည္။ ေအာင္စာရင္းထြက္တာအနည္းငယ္ၾကာၿပီျဖစ္ေပမယ့္ က်ဳံးက်ယ္ထံမွဖုန္းဆက္လာျခင္းလည္းမရွိ။
ခဏၾကာမၽွ စကားေျပာျဖစ္ၾက၏ ၊ ရွဲ႕ယြီကဖုန္းေျပာေနရင္း အာ႐ုံခြဲလို႔ လုပ္လက္စေမးခြန္းလႊာထဲက ေနာက္ဆုံးပုစၧာတစ္ပုဒ္အား တြက္ကာအေျဖထုတ္လိုက္သည္။
"ဟုတ္ၿပီ ဒါဆိုငါ မင္းနဲ႔ေလဆက္မေပါေတာ့ဘူး ၊ မင္းက်န္းမာေရးဂ႐ုစိုက္. . . . . ."
အန္တီေမရဲ့မွာတမ္းေခၽြမွုအဆုံးမွာေတာ့ ရွဲ႕ယြီဖုန္းခ်လိုက္ၿပီး ဖုန္းအားေဘးသို႔ပစ္တင္လိုက္သည္။ ထိုအခါမွ ေရခ်ိဳးလို႔ၿပီးကာ အကၤ်ီကိုေကာင္းေကာင္းမြန္မြန္ဝတ္မထားသည့္ တစ္စုံတစ္ေယာက္ေသာသူရဲ့ တံခါးဖြင့္လို႔ထြက္လာသည္ကိုလွမ္းေတြ႕လိုက္ရ၏။
ဟယ့္ေက်ာင္းဆံပင္တို႔က ေရတို႔စိုေနစဲရွိၿပီး ရွပ္အကၤ်ီတစ္ထည္ကိုဝတ္ထားလ်က္ ၾကယ္သီးတို႔ကိုေတာ့ျဖင့္ ဘယ္ႏွစ္လုံးမွတပ္မထား။
အႏွီလူနဲ႔တစ္ခန္းထဲအတူေနမည္ဟုဆုံျဖတ္လိုက္မိျခင္းက ဘာမွအသိတရားရွိရွိနဲ႔သင့္တင့္ေလၽွာက္ပတ္တဲ့ဆုံးျဖတ္ခ်က္မဟုတ္ဟုသာ ရွဲ႕ယြီခံစားမိလိုက္ရေပသည္။