-ဝမ်းကွဲညီအစ်ကို
ရှရှီပေ ယွီဇီချီ၏ အဝတ်အစားတွေက သာမန်မဟုတ်ဘူးဆိုတာ ပြောနိုင်သည်။
သူမ အဝတ်အစားနှင့် ဖိနပ်တို့ကို မရင်းနှီးပေမယ့်လည်း သူမ သူဝတ်သည့်အရာများက ဈေးမပေါဘူးဆိုတာ သိသည်။
ပြီးနောက် သူ ဒီနေရာတွင် ပုံမှန်လို ပြုမူနေသည်ရယ် သူ အကုန်လုံး ထုတ်ဖော်ပြောတော့မလိုဖြစ်နေတာရယ်ကြောင့် ရှရှီပေ ဒီစားသောက်ဆိုင်က သူ့မိသားစု ပိုင်သည်ဟု ကောက်ချက်ချလိုက်သည်။
သို့ပေမယ့် သူမ များများစားစားမတွေး။ ပြောရရင် သူ့မိသားစုနောက်ခံက သူမ သူ့ကို သူငယ်ချင်းဖြစ်ရသည့် ရည်ရွယ်ချက်မဟုတ်။
အရှူရာကြောင့်သာမဟုတ်ရင် သူမ သူနှင့် အစကတည်းက တွေ့ဖြစ်ကြမှာမဟုတ်။
မကြာမှီပင် စားစရာများချလာသည်။
ဈေးကြီးပေမယ့်လည်း စားစရာတွေက တော်တော်ကောင်းတယ်ဆိုတာတော့ သူတို့ ဝန်ခံရပေမည်။
ရှရှီပေနှင့် ထန်လော်တို့ လွန်ခဲ့သော နာရီလောက်ကမှ ညစာစားပြီးခဲ့ပြီး ဗိုက်မဆာပေမယ့်လည်း စားကြည့်ကြသည်။
သူတို့ စားရင်း စကားပြောနေကြပြီး စိတ်ဝင်စားစရာအများကြီးရှိနေသည်။
အရှူရာနှင့် ဟန်နီက ရှရှီပေ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး သူမကို စိုက်ကြည့်နေကြသည်။
ရန်ကျွင်းချန်နှင့် ယွီဇီချန်တို့ သူတို့အိမ်မွေးကောင်လေးတွေရဲ့ ဘေးတွင် ထိုင်နေပေမယ့် သူတို့အချစ်တော်ကောင်လေးတွေက ရှရှီပေကိုသာ အာရုံစိုက်နေကြပြီး သူတို့ကို အကြည့်လေးတစ်ချက်ဖြင့်တောင် မကြည့်။
ရှရှီပေ ချစ်စရာကောင်းတာ သူမအပြစ်ဘဲလား?
သူတို့က ပျော်ပျော်ရွှင်ရွှင်ဖြင့် စကားပြောနေကြပြီး ကြောင်လေးခွေးလေးကတော့ တစ်ခါတစ်ခါ အော်ေနကြပြီး မြင်ကွင်းတစ်ခုလုံးကို ပျော်စရာတို့ဖြင့် ပြည့်နှက်နေစေပြီး အသက်ဝင်စေသည်။
ရုတ်တရက် ယွီဇီချီ ဖုန်းမြည်လာသည်။
"ဆောရီး ငါ ဖုန်းဖြေလိုက်ဦးမယ်"
ယွီဇီချီ ဖုန်းဖြေလိုက်သည်။ "ဝမ်းကွဲ? ကျွန်တော်က ထူးကဲရသာမှာ....ကိုကြီးလည်း ဒီမှာဘဲလား? ကျွန်တော်က သူငယ်ချင်းတွေနဲ့ စားနေတာ ကိုကြီးလည်း လာချင်လို့လား? ခဏနေဦး..."
သူ ဖုန်းမိုက်ခရိုဖုန်းကို အုပ်ထားပြီး မေးလိုက်သည်။ "ငါ့ ဝမ်းကွဲအကိုက ဒီကိုလာချင်တယ်တဲ့ လာခိုင်းလို့ရလား?"
"ဘာလို့ မရရမှာလဲ?" ရှရှီပေ ရယ်လိုက်သည်။ "သူ့ကို လာခိုင်းလိုက်ပါ"
"ကောင်းပြီ" ယွီဇီချီ ခေါင်းငြိမ့်ပြီး တစ်ဖက်က လူကို ပြန်ပြောလိုက်သည်။ "အဲ့တာဆို လာလေ! သီးသန့်အခန်း နံပါတ်သုံး"
မကြာခင်မှာပင် အခန်းတံခါးပွင့်လာပြီး အရပ်ရှည်ရှည်ရုပ်ချောချောယောက်ျားတစ်ယောက် ဝင်လာသည်။
သူမ ထိုယောက်ျား၏ မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရတော့ ရှရှီပေ မျက်လုံးထဲက အကြည့်က နက်ရှိုင်းစွာ ပြောင်းလဲသွားသည်။
"နျဲ့ဇဲဟိုင်?"
"မင်း ငါ့ကို သိတယ်ပေါ့?" နျဲ့ဇဲဟိုင် အံ့ဩစွာဖြင့် မျက်ခုံးပင့်လိုက်သည်။
"ကျွန်မ ရှင့်ကို ဒရာမာတွေထဲမှာ အရင်က တွေ့ဖူးတယ်" ရှရှီပေ၏ အပြုံးက တည်ငြိမ်နေသည်။ "ရှင့်ရဲ့ သရုပ်ဆောင်တာတွေက ကောင်းတယ် ကျွန်မကြိုက်တယ်"
"ကိုကြီး ကျွန်တော် ကိုကြီးမှာ ပရိသတ်ရှိမယ်ထင်မထားဘူး!" ယွီဇီချီ ပျော်ရွှင်စွာ အော်လိုက်သည်။ "ကြည့်ရတာ ကိုကြီး အချိန်ဖြုန်းနေတာ မဟုတ်ဘူးဘဲ!"
နျဲ့ဇဲဟိုင် သူ့ခေါင်းကို အပြုံးလေးနှင့် ပုတ်လိုက်သည်။ "ငါ ဘယ်တုန်းက အချိန်ဖြုန်းလိူ့လဲ? ငါ့မှာ ပရိသတ်တွေ အများကြီးရှိတယ် ဟုတ်ပြီလား! ဒါပေမယ့် ဒါက ငါ ဒီလောက်လှတဲ့ ပရိသတ်ကို တွေ့ဖူးတာဘဲ"
နျဲ့ဇဲဟိုင် ရှရှီပေကို စစဝင်ခြင်း အကြည့်တစ်ချက်တည်းကထဲက သတိထားမိလိုက်ပြီး သူမရုပ်ရည်ကြောင့် မှင်သက်သွားသည်။
မီးရောင်မှိန်မှိန်အောက်တွင် ရှရှီပေ မျက်နှာလေးက ဝိုးတဝါးဖြင့် ချောမွတ်နေပြီး သူမ မျက်နှာသွင်ပြင်ကို ပိုနူးညံ့ကာ စင်းလုံးချောနေစေသည်။
သို့ပေမယ့် ရှရှီပေလို အလှလေးတွေက ရှားသထက်ရှားလာသည်။
"မင်း ဆယ်လီမဖြစ်ချင်ဘူးလား?" သူ ရိုးသားစွာ မေးလိုက်သည်။
"ကိုကြီး;" ယွီဇီချီ မပျော်ရွှင်စွာ နှာမှုတ်လိုက်သည်။ "အဓိပ္ပာယ်မရှိတာတွေ ရပ်လိုက်! အကုန်လုံးက ကိုကြီးလို ဖေျာ်ဖြေရေးလောကထဲမှာ ယောင်တောင်တောင် လုပ်ချင်နေတဲ့ သူတွေဘဲလို့ ထင်နေတာလား?"
ပြီးတော့ သူ့စကားလုံးများက မကောင်းသောရည်ရွယ်ချက်ရှိသည့် လူဆိုးနှင့် တူနေသည်။
"ဟေး ကောင်စုတ်လေး! မင်းဘာတွေပြောနေတာလဲ!" နျဲ့ဇဲဟိုင် ဒေါသဖြင့် အော်ပြီး ဒီတစ်ကြိမ် သူ့ခေါင်းကို နာနာ ရိုက်လိုက်ပြန်သည်။ "ငါက ဒီကောင်မလေး လှတယ်ထင်လို့ရယ် ဒါဘဲ ငါ ဘာလုပ်ဖို့ ကြိုးစားနေတယ်လို့ မင်းက ထင်နေတာလဲ?"
"ကျွန်တော့်ကို မရိုက်နဲ့တော့!" ယွီဇီချီ မနှစ်မျို့စွာ အော်လိုက်ပြီး သူ့လက်ကို ရှောင်လိုက်သည်။ "ကျွန်တော် ဉာဏ်ထိုင်းတော့မှာဘဲ!"
"မင်း ဉာဏ်ထိုင်းတာကို သူများကို အပြစ်တင်မနေနဲ့!" နျဲ့ဇဲဟိုင် သူ့ကို တစ်ခါထုလိုက်ပြန်ပေမယ့် ဒီတစ်ခါကတော့ အားနည်းနည်းလျော့သည်။
သူတို့သုံးယောက်၏ ရှော့ရနေသော မျက်လုံးတို့ကို တွေ့ပြီးမှ နျဲ့ဇဲဟိုင် အသိပြန်ဝင်လာသည်။
သူ ရှက်ကာ ရှင်းပြလိုက်သည်။ "အဲ့အတွက် ဆော်ရီးနော် ကိုယ်တို့က အဲ့လိုဘဲ လျှောက်ဆော့နေတတ်တာ မင်းတို့ စိတ်ထဲမထားဖို့ဘဲ ကိုယ် မျှော်လင့်ပါတယ်"
.....
-ဝမ္းကြဲညီအစ္ကို
႐ွ႐ွီေပ ယြီဇီခ်ီ၏ အဝတ္အစားေတြက သာမန္မဟုတ္ဘူးဆိုတာ ေျပာႏိုင္သည္။
သူမ အဝတ္အစားႏွင့္ ဖိနပ္တို႔ကို မရင္းႏွီးေပမယ့္လည္း သူမ သူဝတ္သည့္အရာမ်ားက ေဈးမေပါဘူးဆိုတာ သိသည္။
ၿပီးေနာက္ သူ ဒီေနရာတြင္ ပုံမွန္လို ျပဳမူေနသည္ရယ္ သူ အကုန္လုံး ထုတ္ေဖာ္ေျပာေတာ့မလိုျဖစ္ေနတာရယ္ေၾကာင့္ ႐ွ႐ွီေပ ဒီစားေသာက္ဆိုင္က သူ႕မိသားစု ပိုင္သည္ဟု ေကာက္ခ်က္ခ်လိုက္သည္။
သို႔ေပမယ့္ သူမ မ်ားမ်ားစားစားမေတြး။ ေျပာရရင္ သူ႕မိသားစုေနာက္ခံက သူမ သူ႕ကို သူငယ္ခ်င္းျဖစ္ရသည့္ ရည္႐ြယ္ခ်က္မဟုတ္။
အ႐ွဴရာေၾကာင့္သာမဟုတ္ရင္ သူမ သူႏွင့္ အစကတည္းက ေတြ႕ျဖစ္ၾကမွာမဟုတ္။
မၾကာမွီပင္ စားစရာမ်ားခ်လာသည္။
ေဈးႀကီးေပမယ့္လည္း စားစရာေတြက ေတာ္ေတာ္ေကာင္းတယ္ဆိုတာေတာ့ သူတို႔ ဝန္ခံရေပမည္။
႐ွ႐ွီေပႏွင့္ ထန္ေလာ္တို႔ လြန္ခဲ့ေသာ နာရီေလာက္ကမွ ညစာစားၿပီးခဲ့ၿပီး ဗိုက္မဆာေပမယ့္လည္း စားၾကည့္ၾကသည္။
သူတို႔ စားရင္း စကားေျပာေနၾကၿပီး စိတ္ဝင္စားစရာအမ်ားႀကီး႐ွိေနသည္။
အ႐ွဴရာႏွင့္ ဟန္နီက ႐ွ႐ွီေပ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနၿပီး သူမကို စိုက္ၾကည့္ေနၾကသည္။
ရန္ကြၽင္းခ်န္ႏွင့္ ယြီဇီခ်န္တို႔ သူတို႔အိမ္ေမြးေကာင္ေလးေတြရဲ႕ ေဘးတြင္ ထိုင္ေနေပမယ့္ သူတို႔အခ်စ္ေတာ္ေကာင္ေလးေတြက ႐ွ႐ွီေပကိုသာ အာ႐ုံစိုက္ေနၾကၿပီး သူတို႔ကို အၾကည့္ေလးတစ္ခ်က္ျဖင့္ေတာင္ မၾကည့္။
႐ွ႐ွီေပ ခ်စ္စရာေကာင္းတာ သူမအျပစ္ဘဲလား?
သူတို႔က ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖင့္ စကားေျပာေနၾကၿပီး ေၾကာင္ေလးေခြးေလးကေတာ့ တစ္ခါတစ္ခါ ေအာ္ေနၾကၿပီး ျမင္ကြင္းတစ္ခုလုံးကို ေပ်ာ္စရာတို႔ျဖင့္ ျပည့္ႏွက္ေနေစၿပီး အသက္ဝင္ေစသည္။
႐ုတ္တရက္ ယြီဇီခ်ီ ဖုန္းျမည္လာသည္။
"ေဆာရီး ငါ ဖုန္းေျဖလိုက္ဦးမယ္"
ယြီဇီခ်ီ ဖုန္းေျဖလိုက္သည္။ "ဝမ္းကြဲ? ကြၽန္ေတာ္က ထူးကဲရသာမွာ....ကိုႀကီးလည္း ဒီမွာဘဲလား? ကြၽန္ေတာ္က သူငယ္ခ်င္းေတြနဲ႔ စားေနတာ ကိုႀကီးလည္း လာခ်င္လို႔လား? ခဏေနဦး..."
သူ ဖုန္းမိုက္ခ႐ိုဖုန္းကို အုပ္ထားၿပီး ေမးလိုက္သည္။ "ငါ့ ဝမ္းကြဲအကိုက ဒီကိုလာခ်င္တယ္တဲ့ လာခိုင္းလို႔ရလား?"
"ဘာလို႔ မရရမွာလဲ?" ႐ွ႐ွီေပ ရယ္လိုက္သည္။ "သူ႕ကို လာခိုင္းလိုက္ပါ"
"ေကာင္းၿပီ" ယြီဇီခ်ီ ေခါင္းၿငိမ့္ၿပီး တစ္ဖက္က လူကို ျပန္ေျပာလိုက္သည္။ "အဲ့တာဆို လာေလ! သီးသန္႔အခန္း နံပါတ္သုံး"
မၾကာခင္မွာပင္ အခန္းတံခါးပြင့္လာၿပီး အရပ္႐ွည္႐ွည္႐ုပ္ေခ်ာေခ်ာေယာက်္ားတစ္ေယာက္ ဝင္လာသည္။
သူမ ထိုေယာက်္ား၏ မ်က္ႏွာကို ႐ွင္း႐ွင္းလင္းလင္းျမင္ရေတာ့ ႐ွ႐ွီေပ မ်က္လုံးထဲက အၾကည့္က နက္႐ိႈင္းစြာ ေျပာင္းလဲသြားသည္။
"ႏ်ဲ႕ဇဲဟိုင္?"
"မင္း ငါ့ကို သိတယ္ေပါ့?" ႏ်ဲ႕ဇဲဟိုင္ အံ့ဩစြာျဖင့္ မ်က္ခုံးပင့္လိုက္သည္။
"ကြၽန္မ ႐ွင့္ကို ဒရာမာေတြထဲမွာ အရင္က ေတြ႕ဖူးတယ္" ႐ွ႐ွီေပ၏ အျပဳံးက တည္ၿငိမ္ေနသည္။ "႐ွင့္ရဲ႕ သ႐ုပ္ေဆာင္တာေတြက ေကာင္းတယ္ ကြၽန္မႀကိဳက္တယ္"
"ကိုႀကီး ကြၽန္ေတာ္ ကိုႀကီးမွာ ပရိသတ္႐ွိမယ္ထင္မထားဘူး!" ယြီဇီခ်ီ ေပ်ာ္႐ႊင္စြာ ေအာ္လိုက္သည္။ "ၾကည့္ရတာ ကိုႀကီး အခ်ိန္ျဖဳန္းေနတာ မဟုတ္ဘူးဘဲ!"
ႏ်ဲ႕ဇဲဟိုင္ သူ႕ေခါင္းကို အျပဳံးေလးႏွင့္ ပုတ္လိုက္သည္။ "ငါ ဘယ္တုန္းက အခ်ိန္ျဖဳန္းလိူ႕လဲ? ငါ့မွာ ပရိသတ္ေတြ အမ်ားႀကီး႐ွိတယ္ ဟုတ္ၿပီလား! ဒါေပမယ့္ ဒါက ငါ ဒီေလာက္လွတဲ့ ပရိသတ္ကို ေတြ႕ဖူးတာဘဲ"
ႏ်ဲ႕ဇဲဟိုင္ ႐ွ႐ွီေပကို စစဝင္ျခင္း အၾကည့္တစ္ခ်က္တည္းကထဲက သတိထားမိလိုက္ၿပီး သူမ႐ုပ္ရည္ေၾကာင့္ မွင္သက္သြားသည္။
မီးေရာင္မွိန္မွိန္ေအာက္တြင္ ႐ွ႐ွီေပ မ်က္ႏွာေလးက ဝိုးတဝါးျဖင့္ ေခ်ာမြတ္ေနၿပီး သူမ မ်က္ႏွာသြင္ျပင္ကို ပိုႏူးညံ့ကာ စင္းလုံးေခ်ာေနေစသည္။
သို႔ေပမယ့္ ႐ွ႐ွီေပလို အလွေလးေတြက ႐ွားသထက္႐ွားလာသည္။
"မင္း ဆယ္လီမျဖစ္ခ်င္ဘူးလား?" သူ ႐ိုးသားစြာ ေမးလိုက္သည္။
"ကိုႀကီး;" ယြီဇီခ်ီ မေပ်ာ္႐ႊင္စြာ ႏွာမႈတ္လိုက္သည္။ "အဓိပၸာယ္မ႐ွိတာေတြ ရပ္လိုက္! အကုန္လုံးက ကိုႀကီးလို ေဖ်ာ္ေျဖေရးေလာကထဲမွာ ေယာင္ေတာင္ေတာင္ လုပ္ခ်င္ေနတဲ့ သူေတြဘဲလို႔ ထင္ေနတာလား?"
ၿပီးေတာ့ သူ႕စကားလုံးမ်ားက မေကာင္းေသာရည္႐ြယ္ခ်က္႐ွိသည့္ လူဆိုးႏွင့္ တူေနသည္။
"ေဟး ေကာင္စုတ္ေလး! မင္းဘာေတြေျပာေနတာလဲ!" ႏ်ဲ႕ဇဲဟိုင္ ေဒါသျဖင့္ ေအာ္ၿပီး ဒီတစ္ႀကိမ္ သူ႕ေခါင္းကို နာနာ ႐ိုက္လိုက္ျပန္သည္။ "ငါက ဒီေကာင္မေလး လွတယ္ထင္လို႔ရယ္ ဒါဘဲ ငါ ဘာလုပ္ဖို႔ ႀကိဳးစားေနတယ္လို႔ မင္းက ထင္ေနတာလဲ?"
"ကြၽန္ေတာ့္ကို မ႐ိုက္နဲ႔ေတာ့!" ယြီဇီခ်ီ မႏွစ္မ်ိဳ႕စြာ ေအာ္လိုက္ၿပီး သူ႕လက္ကို ေ႐ွာင္လိုက္သည္။ "ကြၽန္ေတာ္ ဉာဏ္ထိုင္းေတာ့မွာဘဲ!"
"မင္း ဉာဏ္ထိုင္းတာကို သူမ်ားကို အျပစ္တင္မေနနဲ႔!" ႏ်ဲ႕ဇဲဟိုင္ သူ႕ကို တစ္ခါထုလိုက္ျပန္ေပမယ့္ ဒီတစ္ခါကေတာ့ အားနည္းနည္းေလ်ာ့သည္။
သူတို႔သုံးေယာက္၏ ေ႐ွာ့ရေနေသာ မ်က္လုံးတို႔ကို ေတြ႕ၿပီးမွ ႏ်ဲ႕ဇဲဟိုင္ အသိျပန္ဝင္လာသည္။
သူ ႐ွက္ကာ ႐ွင္းျပလိုက္သည္။ "အဲ့အတြက္ ေဆာ္ရီးေနာ္ ကိုယ္တို႔က အဲ့လိုဘဲ ေလွ်ာက္ေဆာ့ေနတတ္တာ မင္းတို႔ စိတ္ထဲမထားဖို႔ဘဲ ကိုယ္ ေမွ်ာ္လင့္ပါတယ္"
.....