伪装学渣
Wei Zhuang Xue Zha
UNICODE
စိတ်အေးအေးထား ငါတို့နိုင်နိုင်ပါတယ်
သူတို့စကားပြောဖို့ကိုပင် ဝမ့်သာက အခွင့်အရေးမပေး ၊ တစ်လျှောက်လုံး 'အသိလေးကပ်ဖို့တောင်းဆိုပါတယ်' ဆိုတာကိုသာအခေါက်ခေါက်အော်လျက်မှ ထိုင်နေရာစီပြန်ပြေးသွားသည်။
ရှဲ့ယွီ အပေါက်ဝ၌ရပ်နေရင်းမှ အာရုံလည်းနောက်လာမိရ၏။
". . . . . . ငါတို့က အသိကပ်နေတာပဲလေ။"
ဟယ့်ကျောင်းသည် ယခုနကအနေအထားအတိုင်း ရှဲ့ယွီလည်ပင်းကိုဆွဲဖက်လျက်သားရှိရင်းမှ ဝမ့်သာရဲ့ထိုးနှက်ချက်တို့ကြောင့် ကြောင်အလျက်။
". . . . . . တကယ်ကြီး အသိကပ်နေတာပါကွာ။"
ဟယ့်ကျောင်းသည် ပြောပြီးနောက် ဝမ့်သာကျောခိုင်းသွားသည့်ဘက် လှည့်လို့အော်ပြောပစ်လိုက်ပါသည်။
"မင်းပဲမယုံနေလိုက် အမှတ်ပြည့်လေးယူရုံပဲဟာကို။"
ထိုစကားကြောင့် ဝမ့်သာတင်စိတ်ပျက်သွားသည်မဟုတ် လျိုချွိင်ဟောက်ကပါ လက်ထဲကအင်္ဂလိပ်စာဝေါဟာရစာအုပ်ဖြင့် ထိုနှစ်ယောက်မျက်နှာတည့်တည့် ပစ်ပေါက်ချင်သွားရ၏။
"ဘာကိုယုံရမှာတုန်း ၊ ငါတို့ကြားယုံကြည်မှုဆိုတာမရှိဘူး! မင်းသာအမှတ်ပြည့်ရလို့ကတော့လေ လပတ်စာမေးပွဲကစာရွက်တွေ ငါဝါးစားပစ်လိုက်မယ်။"
". . . . . ."
မနက်ပိုင်းself-studyချိန်ပြီးသွားချိန်မှာတော့ အတန်းတိုင်းရှိ ဆူညံပွက်လောရိုက်နေသံများလည်း တဖြည်းဖြည်းငြိမ်ကျသွားလေသည်။
အင်္ဂလိပ်ဆရာမက ဖတ်စာအုပ်ကိုင်ကာရုံးခန်းမှထွက်လာပြီး ကော်ရစ်တာထက်လျှောက်လာစဉ်မှာပဲ အခန်း(3)အပေါက်ဝတွင်ရပ်နေကြသည့်နှစ်ယောက်အားတွေ့လိုက်ရသည်။
"—- —- မင်းတို့နှစ်ယောက် အပေါက်ဝနားရပ်ပြီး ဘာလုပ်နေကြတာလဲ ၊ ကိုယ့်နေရာကိုယ်မြန်မြန်သွားထိုင်ကြစမ်း ကျောင်းတက်တာမသိဘူးလား?"
ရှဲ့ယွီ သက်ပြင်းအသာချမိလျက် ထိုသူတို့နှင့် ထိုကိစ္စအကြောင်းထပ်အငြင်းပွားမနေတော့ဘဲ နောက်ဆုံးတန်းရှိရာလျှောက်သွားပြီး ထိုင်ခုံကိုသာဆွဲထုတ်လိုက်ပါသည်။
"ဒီနေ့အခန်း(3)စာကြိုးစားနေကြတာ မဆိုးဘူးပဲ. ."
အင်္ဂလိပ်ဆရာမ အတန်းထဲဝင်ဝင်ချင်းမှာပဲ အရင်နှင့်မတူတမူထူးနေသည့်အခြေအနေနှင့်ကြုံလိုက်ရ၏။ ကိုယ်ကိုငုံ့ကာ ကွန်ပျူတာထဲက listeningဖိုင်တွဲတို့ကိုပြင်ဆင်ရင်ဆိုလိုက်သည်။
"ဝေါဟာရတွေကို ကြိုးကြိုးစားစားပဲကျက်နေကြတာ လပတ်စာမေးပွဲဖြေရဖို့အတွက် ဖိအားတွေရနေကြတာပေါ့?"
အင်္ဂလိပ်ဆရာမက လေသံကိုမြှင့်ကာ ထပ်လို့ဆိုလိုက်သည်။
"မင်းတို့တွေ အဲ့လောက်ကြီးစိတ်ပူစရာမလိုပါဘူး ၊ လပတ်စာမေးပွဲကို ပုံမှန်အတိုင်းပဲရင်ဆိုင်ရင်ကိုရပါတယ် ၊ ကိုယ့်စိတ်ကိုယ် ပြင်ဆင်ထား. . . . . ."
အခန်း(3)ကထိုတစ်စုမှာ ကပ်ရပ်ခန်းကအခန်း(4)နှင့်ယှဉ်ပြီး သူသေကိုယ်သေပြိုင်ကြဖို့အတွက်သာဖြစ်သည်ကိုတော့ ဆရာမမသိရှာ။
ရှဲ့ယွီလည်း လိုက်၍listening အပုဒ်တွေလုပ်ဖြစ်သည်။
ကားစီးဖို့အတွက် မနက်(၅)နာရီကျော်ကတည်းကထလာရ၍ နှစ်ပုဒ်မျှနားထောင်အပြီးမှာပဲ အနည်းငယ်အိပ်ငိုက်လို့လာ၏။ အဆုံးတွင်တော့ စားပွဲပေါ်သာမှောက်ကာ လက်ချောင်းတို့ကြားဘောပင်ကိုဆုပ်ကိုင်ထားရင်း ချရေးလာသည့်အင်္ဂလိပ်စာလုံးများကတော့ ပိုပိုမသပ်မရပ်ဖြစ်လာတော့သည်။
ဟယ့်ကျောင်းစောင်းငဲ့လို့ကြည့်လိုက်မိသည်နှင့် မျက်ဝန်းတို့ကတစ်ဝက်မျှသာပွင့်တော့ပြီး အိပ်ချင်နေလေသည့်ကလေးလေးအား တွေ့လိုက်ရသည်။ ရှဲ့ယွီမေးခွန်းဖြေပုံကတော့ မြန်ဆန်လျက် ပုစ္ဆာကမေးခွန်းမေးတာပင်မဆုံးသေး အဖြေကိုရွေးကာဝိုင်းပြီးနေပြီဖြစ်သည်။
ရှဲ့ယွီ အဖြေကိုဝိုင်းရင်း စိတ်ထဲတွေးနေမိ၏ ၊ သူသည်ကျောင်းသို့စရောက်ကတည်း မိမိအတွက်ကိုယ် လူးသာလွန့်သာအနေအထားလေးတော့ပေးလို့ထားထားသည် ၊ တစ်ခါတစ်ရံ၌ ပုစ္ဆာများကိုတစ်ဝက်နဲ့တန်းလန်းထားပစ်ခဲ့ပြီး ဘာသာရပ်ဆရာများကို အံ့အားသင့်စေသည်။
"မင်းဒီအပုဒ်ကိုကြည့်ဦး ၊ ဒါဘယ်လိုဆက်ဖြေရှင်းရမလဲ သိနေပြီမဟုတ်ဘူးလား ၊ မင်းအဲ့ဒါပုံသေနည်းတွေကောင်းကောင်းမကျက်လို့ နို့မို့ဆိုဒီလိုအစရှိသေး တစ်နေမှာမဟုတ်ဘူး. . . . . ."
ထင်မှတ်မထားသည်မှာ ထိုသို့သောတွေးဆစရာ အံ့ဖွယ်လေးတွေက အတန်းဖော်များနှင့် ဆရာများစိတ်ထဲသဲလွန်စလေးစိုးစိမျှပင်မကျန်ခဲ့တော့ခြင်း။
"ဘောပင်အပိုရှိသေးလား?"
ဟယ့်ကျောင်းက မေးလာသည်။
"မင်းဘောပင်ကရော?"
"အကျင့်ပါနေပြီ. . . . . . ယူမလာဘူး။"
ဟန်ဆောင်ခြင်းအမှုကြာညောင်းလှပြီဖြစ်၍ ထိုအလုပ်အပေါ်ပရိုကျလို့နေခြင်းရဲ့ရလဒ်ကတော့ ရှဲ့ယွီခုံစောင်းအတွင်းနှိုက်ရှာကြည့်တာတောင် ဘောပင်နောက်တစ်ချောင်းဆိုတာ ထပ်ထွက်မလာတော့။ အရင်အတိုင်း မွဲတေလျက်ပါပင်။
နှစ်ဦးသား ထိုအတိုင်းသာတစ်ယောက်မျက်နှာတစ်ယောက် အတော်ကြာကြည့်နေမိကြ၏။
". . . . . ."
ရှဲ့ယွီ ဦးစွာအကြည့်တို့ကိုပြန်ရုတ်သိမ်းလိုက်လျက် ဘောပင်ဖြင့်ရှေ့ကလူရဲ့ကျောကို လှမ်းတို့လိုက်ပါသည်။ ဘောပင်အပိုရှိသေးလာဟုမေးမည်အပြုမှာပဲ ပုံမှန်ဆိုအနောက်တန်းကအစ်ကိုကြီးနှစ်ယောက်အား ရိုသေလေးစားလှသည့်ကျောင်းသားမှာ အတန်ငယ်စိတ်ဆတ်လျက်ရှိနေချေသည်။
ရှေ့နောက်ထိုင်ကြတာကြာပြီဖြစ်သော်ငြား ရှေ့တန်းကနှစ်ယောက်မှာ နောက်တန်းအား ပြောမပြတတ်အောင် ကြောက်လည်းကြောက်ရိုလည်းရိုသေ၏။ အစပိုင်းကတော့ ရှောက်ပါ့ဟူသည့်ဂုဏ်သတင်းကြောင့် ကြောက်ရွံ့မိရပြီး နောက်ပိုင်းကြ ထိုနှစ်ယောက်ရဲ့ gayလွန်းမှုတွေကြောင့် လန့်လာရသည်။
ဂေးချက်က ဒီထက်ပိုပြီးဂေးစရာမရှိတော့လောက်အောက်ကို ဂေးခြင်း။
ရှဲ့ယွီလှမ်းတို့လိုက်ပေမယ့် အရှေ့ကကျောင်းသားကတော့ လှည့်ပင်ကြည့်မလာဘဲ ပြောလာတော့သည်။
"အစ်ကိုကြီး ကျွန်တော်listening လုပ်နေတာကို မနှောက်ယှက်ပါနဲ့ ၊ အခုအချိန်က ကျွန်တော်တို့အတန်းရဲ့သေရေးရှင်ရေးအခြေအနေကြီး အာရုံလွင့်လို့မဖြစ်ဘူး။"
ရှဲ့ယွီ မျက်ခုံးစပ်ကြားနေရာကိုဖိနှိပ်ရင်း ထိုလူတစ်စုအပေါ် အတော်လေးစိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။
အင်္ဂလိပ်ဆရာမမှာ အခန်း(3)ရဲ့စာကြိုးစားလို့နေကြတဲ့ပုံစံတွေကြောင့် အတော်လေးကျေနပ်လျက်ရှိ၏။ အတန်းချိန်ပြီးချိန်မှာတော့ ပစ္စည်းတို့ကိုသိမ်းရင်း အတန်းထဲမှထွက်ခါနီးပြုံးလျက်ဆိုလာချေသည်။
"မင်းတို့တွေ ပြုစားခံရတာလားဘာလားတော့မသိပေမယ့် အခန်း(3)ကိုဒီအတိုင်းလေးပဲ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ဆရာမမျှော်လင့်တယ်. . . . . ."
အတန်းချိန်တွေကြားထဲနားချိန်တွင်လည်း အခန်း(3)တစ်တန်းလုံး အတန်းဖော်အချင်းချင်း ခေါင်းချင်းဆိုင်ကာ စာအကြောင်းဆွေနွေးနေကြသည်ကလွဲ ကျန်သည့်ဘာလှုပ်ရှားသံမှမရှိ။
အခန်း(3)ကရွှယ်ဝေရဲ့ ထိုင်နေရာရှေ့တွင်တော့ လူတချို့တန်းစီလျက်မှ စာမေးနေသည်မှာ ဆေးခန်းသွားပြီး ဆရာဝန်စောင့်နေကြသကဲ့သို့ပင်။
ရွှဲရှီရှိန်းက တည်တည်ငြိမ်ငြိမ်ဖြင့်ပင် မျက်မှန်ကိုပင့်တင်လိုက်ပြီး ဝမ့်သာအားဂျီဩမေထြီပုစ္ဆာတစ်ပုဒ်ကိုရှင်းပြပေးနေ၏ ၊ လက်ထဲဘောပင်ကိုကိုင်ထားရင်းမှ ပြောလာသည်။
"နောက်တစ်ယောက်။"
ရွှီချင်ချင်က ရိုရိုသေသေဖြင့်ရှေ့တက်လိုက်ပြီး chemistry လေ့ကျင့်ခန်းစာအုပ်အား ရွှဲရှီရှိန်းစားပွဲထက်တင်လိုက်သည်။
"ရွှဲလောင်ရှစ် စာမျက်နှာ(၆၇)က တတိယအပုဒ်ပါ ၊ သင်ပြပေးပါဦး။"
ရွှီချင်ချင်၏ နောက်တွင်ကား လော်ဝိန်ချန်ရှိကာ စောင့်နေရချိန်အတွင်း အချိန်ကိုအကျိုးရှိရှိအသုံချလျက် သင်္ချာပုံသေနည်းတို့ကိုကျက်မှတ်နေလေသည်။
ရှဲ့ယွီ၏ အတွေးကတော့ ရှင်းသည် ၊ ဘယ်လိုပြောပြောကို မည်သူကမှမယုံကြဘဲရှိရာ စောက်ရစ်ရှည်မနေတော့ဘဲ အချိန်ကျကာမှ စာမေးပွဲကထွက်လာသည့်အဆင့်ဖြင့်စကားပြောမည်ဖြစ်သည်။
ဟယ့်ကျောင်းကတော့ လက်မလျှော့သေး ၊ ပုံစံကခြေပစ်လက်ပစ်ဖြင့် ခြေချိတ်ထားလျက်မှ ဘာကိုမှဂရုမစိုက်ဘဲ လော်ဝိိန်ချန်ထံလက်ညှိုးထိုးလျက် လှမ်းအော်လိုက်၏။
"—- —- အားကစားကိုယ်စားလှယ်။"
လော်ဝိန်ချန်က ခေါင်းထောင်လာသည်။
"ဟမ်?"
"မင်းဘယ်အပုဒ်မရတာလဲ. ."
ဟယ့်ကျောင်းက ဆို၏။
"ငါသင်ပေးမယ်။"
လော်ဝိန်ချန်တစ်ယောက် ဘာပါလိမ့်ဟုထင်နေရာမှ ထိုစကားကိုကြားချိန်မှာတော့ ရင်ဝကတစ်စို့လာကာ နင်သွားရသည်။ ဆို့နင့်သွားရသည့်ခံစားချက်တို့မှာ အတော်ကြာသည်အထိပင်မပြယ်။
သူအသက်ဝဝပြန်ရှူနေစဲမှာပဲ ဟယ့်ကျောင်းက တစ်ခွန်းထပ်ဆိုလာပြန်သည်။
"မင်းမယုံရင်ယူလာခဲ့ ငါတစ်ခေါက်တွက်ပြမယ်။"
လော်ဝိန်ချန် : ". . . . . ."
လော်ဝိန်ချန်မည်သို့တုံ့ပြန်မည်ကို ကြိုမြင်နေ၍ ရှဲ့ယွီသည် ဟယ့်ကျောင်းအင်္ကျီအနားအားဆွဲကာ သတိပေးလိုက်ပါသည်။
"ထားလိုက်တော့။"
ဟယ့်ကျောင်းက ခပ်တိုးတိုးဆိုလာ၏။
"တစ်ခါလောက်ဖြစ်ဖြစ်ကယ်တင်ကြည့်လို့ ရဦးမယ်လို့ကိုယ်ထင်တယ်။"
ရှဲ့ယွီ : ". . . . . . မင်းဆက်ပြောကြည့်လိုက်လေ ၊ ကယ်တင်ဖို့လိုအပ်တာက ဘယ်သူဖြစ်သွားမလဲလို့။"
လော်ဝိန်ချန်အတွက်တော့ ယခုလက်ရှိ၌လူနာတင်ယာဉ်တစ်စီး အလွန့်အလွန်ကိုလိုအပ်လို့နေပြီဖြစ်သည်။
ခေါင်းထဲ၌ ဗုန်းတွေရှိနေသလိုပင် တစ်လုံပြီးတစ်လုံထပေါက်ကွဲနေ၏။
မင်းကလား ချီးကိုတွက်ပြမှာ!
လစ်စမ်း!
အား!
လော်ဝိန်ချန်သည် အဆုံးတွင်တော့ အသက်ဝဝရှူရှိုက်ကာ ငြင်းဆိုပစ်လိုက်ပါသည်။
"အစ်ကိုကျောင်း ဒီလိုပါ ငါ့အတွက်တော့အခုအချိန်တွေက အရမ်းကိုတန်ဖိုးရှိတယ် ၊ တစ်မိနစ်တစ်စက္ကန့်လေးတောင် အလဟဿဖြစ်လို့မရဘူး ၊ မင်း ငါဆိုလိုချင်တာကို နားလည်တယ်မလား။"
ဟယ့်ကျောင်း : "မင်း ဘာလို့ငါ့ကိုမယုံကြည်ရတာတုန်း ၊ ချန်ချန် ငါတို့တစ်ယောက်နဲ့တစ်ယောက် အခွင့်အရေးတစ်ခါတော့ပေးကြရအောင် မကောင်းဘူးလား။"
သူ့ကိုတုံ့ပြန်လာသည်ကတော့ လော်ဝိန်ချန်၏ တွေဝေခြင်းအလျဉ်းမရှိ လှည့်ထွက်သွားသည့် ကျောပြင်ပါပေ။
လော်ဝိန်ချန် လမ်းလျှောက်နေရင်းကို ခြေပင်မခိုင်ချင်ဘဲ လူကအိပ်မက်ထဲပဲမျောလွင့်နေသယောင် - ငါကဘယ်သူလဲ ၊ ငါဘယ်မှာလဲ။
လော်ဝိန်ချန်၏ တုံ့ပြန်ချက်ကပြင်းထန်လွန်းပြီး တည့်ထိ၍ ရှဲ့ယွီပင် ဟယ့်ကျောင်းအင်္ကျီအနားစွန်းအား ဆွဲထားသည့်လက်ကိုလွှတ်လိုက်ပြီး တစ်ဖက်ကပ်ကာမထိန်းနိုင်ဘဲရယ်မိချေသည်။
". . . . . ."
ဟယ့်ကျောင်းလည်း ဆံပင်တွေကိုဆွဲဖွရင်း 'တစ်ခါပဲဖြစ်ဖြစ် ကယ်တင်ချင်ပါသည်'ဆိုသည့်အတွေးပင်အလျဉ်းမရှိတော့ ၊ ဘာပြောလို့ပြောရမှန်းလည်း မသိတော့အောင်ထိ။
"ဒီကောင်တွေ ယုံကြည်ပေးဖို့လေးကို ဒီလောက်တောင်ပဲခက်လား။"
ရှဲ့ယွီ ဆိုလိုက်သည်။
"ကော မင်းသာလက်လျှော့လိုက်တာကောင်းမယ်လို့ ငါထင်တယ်။"
အခန်း(3)၏ကြေညာသင်ပုန်းထက်က 'သဘာဝကိုဖီဆန်ပြီး ကံကြမ္မာကိုပြောင်းလဲပစ်မယ်' ဆိုသည့်ဘေးတွင် လပတ်စာမေးပွဲရောက်မည့်ရက်ကို countdownလုပ်လို့ထားထား၏။ တစ်တန်းလုံပဲ ထိုရက်တွေပြောင်းသွားတာကိုကြည့်ရင်း ပိုပိုပြီးစိတ်တွေလှုပ်ရှားလာကြတော့သည်။
လောင်ထန်ပင် သူတို့အား လက်ထဲကစာအုပ်တွေကိုချပြီး အပြင်လေးဘာလေးလမ်းထွက်လျှောက်ဦးဟု နားချရသည်အထိ။
"အလုပ်နဲ့ အနားယူမှုကိုမျှမျှတတထားရမယ် စာလုပ်တာလည်း အသင့်အတင့်ပဲလုပ် ၊ မင်းတို့တွေ တစ်နေ့တစ်နေ့ ကာယချိန်တောင်မတက်ချင်ကြတော့ဘူး ဘာတွေလုပ်နေကြတာလဲ။"
သို့ပေသည့်တိုင် အခန်း(3)ကတော့ ယတိပြတ်ကိုစိတ်ဆုံးဖြတ်ချက်ချထားပြီးဖြစ်ရာ လောင်ထန်ဘယ်လိုပဲ နားချချကို နားချမရတော့။
လပတ်စာမေးပွဲဖြေဆိုရမည့်နေ့၌ အသံလွှင့်စက်မှ ခွေးရူး၏ 'အတန်းတိုင်းပဲ ဖြေဆိုဖို့ထိုင်နေရာတွေစီကြ ၊ နာရီဝက်နေရင်တော့ ကိုယ်ဖြေဆိုရမယ့်စာမေးပွဲခန်းကို သွားကြပါ' ဆိုသည့်အသံအပြင် စားပွဲထိုင်ခုံရွှေ့သံများသာကျန်ရှိလေသည်။
နှစ်ပတ်တိတိ ပြန်လှန်လေ့ကျင့်ခန်းတွေအလွန်အကျူးလုပ်ထားကြ၍ အခန်း(3)ကလူတိုင်းလိုလို တက်ကြွမှုကင်းကာပန်းလျနေကြ၏။
လျိုချွိင်ဟောက်က ဖုန်သုတ်ဝတ်ကိုယူလိုက်ပြီး သင်ပုန်းထက်က '1'ဆိုသည်ကိုဖျက်ကာ countdown တွက်သည့်ဘေး၌ '0'ဟု ပြန်ပြောင်းရေးလိုက်၏။
"အားလုံးပဲ စိတ်အေးအေးထားကြ. ."
လျိုချွိင်ဟောက်မျက်ဝန်းအောက်တွင်တော့ ဒီနှစ်ပတ်လုံး ညလုံးပေါက်အထိစာလုပ်ထား၍ဖြစ်ပေါ်သည့် မျက်ကွင်းညိုကြီးရှိသည် ၊ ပင်ပန်းသည်မှန်သော်ငြား မျက်ဝန်းတို့ကတော့ တောက်ပလင်းလက်နေ၏။
"ငါတို့နိုင်နိုင်ပါတယ်ကွ။"
ရှဲ့ယွီ စားပွဲထိုင်ခုံတို့ကိုရွှေ့ရင်းမှ တွေးမိသည်မှာ သူတို့ပုံစံတွေက ရေကုန်ရေခန်းတိုက်ပွဲဝင်နေတာထက် လှိုင်းပြင်းပြင်းရှိုက်ခက်၍ မကြာခင်မှာပဲနစ်မြုပ်တော့မည့်အတွက် သည်းကြီးမည်းကြီးလှော်ခတ်နေသည့် ကျိုးပဲ့နေသည့်လှေငယ်ထက်က ခရီးသည်များနှင့် ပိုလို့ပင်တူနေသည်ဟု။
. . . . . .
ရှဲ့ယွီနှင့် ဟယ့်ကျောင်းနှစ်ယောက်လုံးပဲ ရှေ့နှစ်ခေါက်ဖြေထားသည့် စာမေးပွဲ၌အနည်းငယ်တိုးတက်လာသည် မှန်သော်ငြား ဘိတ်ချေးစာမေးပွဲခန်းသို့ သွားရောက်ဖြေဆိုရမည့်ရေစက်ကတော့ မကုန်ဆုံးသေး။
ကော်ရစ်တာထက် လူတွေပိတ်ကြပ်နေ၏ ၊ အကုန်လုံး စာမေးပွဲခန်းသို့အလောတကြီးသွားနေကြသည်မှာ ကြားထဲရေပင်စီးမရအောင်ပိတ်ဆို့နေတော့သည်။
"အရင်တစ်ခေါက်တုန်းက ပြောထားတဲ့ အတည်အဆင့်(၁)ဆိုတာကို. ."
လှေကားဝ၌မိနစ်ဝက်ခန့်ပိတ်နေ၍ ဟယ့်ကျောင်းကခြေလှမ်းတို့ကိုရပ်ကာ သူ့အားတစ်ချက်လှမ်းကြည့်လာသည်။
"ပြိုင်ကြမလား?"
ပထမဘာသာက တရုတ်စာ ၊ ရှဲ့ယွီကတော့ ခဲတံနှစ်ချောင်းကလွဲ ကျန်တာဘာမှယူမလာခဲ့ ၊ ခဲဖျက်ကိုပင် ယူမလာ ကတ်ပြားပေါ်ခြစ်ရသည့်အချိန်ကြ မှားလျှင်ဖျက်စရာမရှိဘဲဖြစ်မည်ကိုလည်း မတွေး။
"ဖြစ်တယ်လေ။"
ရှဲ့ယွီသည် ပြောပြီးနောက် ငုံ့၍ဖုန်းကိုပါဝါပိတ်အပြီး ပြန်မော့လာချိန်၌ ကွက်တိဆိုသလို လျန်ဟွေးတို့တစ်တွေကလည်း အိမ်သာခန်းထဲမှထွက်လာကြသည်။
လျန်ဟွေးတစ်ယောက် ဘယ်အချိန်ကဆံပင်ဆေးဆိုးလိုက်သည်မသိ ၊ နားထင်နားက ဆံပင်အနီတို့က ထင်းထွက်နေပြီး တစ်ကိုယ်လုံးလည်းစီးကရက်နံ့တို့မွှန်ထူနေ၏။ အကြည့်တို့ကမှုန်ကုတ်နေပြီး လူပုံစံကလျော့ရိလျော့ရဲဖြင့် လက်အားဘောင်းဘီအိတ်ကပ်တွင်းထိုးလို့ထားသည်။
အသံလွှင့်စက်မှနေပြီး သတိပေးချက်တို့အဆက်မပြတ်ထွက်ပေါ်လျက်ရှိ၏။
နှစ်ဖွဲ့စလုံး တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ အဆုံးတွင်တော့ ဘယ်သူ့ကိုဘယ်သူမှအရေးထားမနေတော့။
"ဖြေဆိုမည့်ကျောင်းသားကျောင်းသူမှာ စာမေးပွဲခန်းသို့သွားကြပါ ၊ ဖြေဆိုမည့်ကျောင်းသားကျောင်းသူမှာ စာမေးပွဲခန်းသို့သွားကြပါ ၊ စာမေးပွဲဖြေဆိုဖို့ (၁၀)မိနစ်ပဲလိုပါတော့တယ် ၊ အချိန်ကိုအလေးထားကြပါ။"
"ပထမဆုံးဖြေမယ့်ဘာသာရပ်ကတော့ တရုတ်စာပါ။"
"စာမေးပွဲဖြေဆိုဖို့ အချိန်(၁၀)မိနစ်ပဲလိုပါတော့တယ်။"
ဒီတစ်ကြိမ်လပတ်စာမေးပွဲသည်ကား Aမြို့ရှိအစိုးရကျောင်းအကုန်စုပေါင်းပြီးမေးခွန်းထုတ်ထားခြင်းဖြစ်ရာ အရင်တုန်းကစာမေးပွဲများထက်ပိုလို့ခက်၏။
စာမေးပွဲမစခင်၌ စာညံ့သူများစုဝေးရာအခန်းတွင်းရှိ တစ်ယောက်မှာဆိုခေါင်းငိုက်စိုက်ကျကာ အိပ်ပျော်လျက်ပင်ရှိသည်။ စာမေးပွဲခန်းစောင့်ဆရာ အခန်းထဲဝင်လာချိန်တွင်တော့ ထိုသူမှာဟောက်ပင်ဟောက်လို့နေလေပြီ။
ဖြည်းဖြည်းနဲ့ရှည်လျားလှသည့်ဟောက်သံကြီးကြောင့် အခန်းစောင့်ဆရာ၏ခြေလှမ်းတို့ပင် တန့်သွားခဲ့ရသည်။
စာမေးပွဲစောင့်ဆရာက မမြင်တွေ့ဖူးသည့်လူစိမ််းတစ်ယောက် ၊ ဒီစာမေးပွဲခန်းအား အထင်သေးဟန်ရှိသည်မှာလည်း သိသာပေါ်လွင်လှကာ မေးခွန်းလွှာတို့ကိုရေတွက်ရင်း မျက်မှောင်ကြုတ်လျက် အားလုံးကိုတစ်ချက်ဝေ့ကြည့်လာ၏။
". . . . . ."
အောက်ဘက်တွင်တော့ လုပ်ချင်ရာလုပ်နေကြသူများသာရှိသည်။ မကြောက်တဲ့ကျောင်းသားများကတော့ သူတို့ကိုယ်သူတို့ပိရိတယ်ထင်ကာ ခေါင်းငုံ့ဖုန်းသုံးနေကြသည်။
ပရမ်းပတာဖြင့် အဆင့်ကလည်းမကောင်း ၊ ဤသည်မှာယခုစာမေးပွဲခန်း၏ ပြယုဂ်ပါပင်။
စာမေးပွဲဖြေဆိုဖို့ရာ ခေါင်းလောင်းထိုးလာချိန်မှာတော့ အခန်းစောင့်ဆရာက မေးခွန်းလွှာတို့အား သူ့အုပ်စုနဲ့သူဝေပေးလာကာ ၊ ရှေ့တန်းမှ နောက်တန်းသို့ လက်ဆင့်ကမ်းစေ၏။
ဟောက်နေလေသည့်ကျောင်းသားလည်း ခေါင်းလောင်းသံကြောင့်ပင်နိုးလာပြီး နှုတ်ခမ်းစွန်းကိုဖိသုတ်ကာ အိပ်ချင်နေသည့်မျက်ဝန်းတို့ကိုအတင်းပြူးပြဲဖွင့်ရ၏။
အနှီစာမေးပွဲခန်းထဲတွင်တော့ စိတ်လှုပ်ရှားဖွယ်စာမေးပွဲအငွေ့အသက်တို့ စိုးစိပင်ရှိမနေ။
ရှဲ့ယွီ လည်ချောင်းအနည်းငယ်ခြောက်လာသလို ခံစားမိသည်။
မေးခွန်းလွှာလက်ထဲရောက်သည်နှင့် တံတောင်ဖြင့်စာရွက်ကိုဖိကာ တန်း၍နာမည်ကိုချရေးလိုက်ပါပြီး ကျန်တစ်ဖက်ဖြင့် ကျန်သည့်မေးခွန်းလွှာအားနောက်သို့ ကမ်းပေးလိုက်သည်။
'ရှဲ့'ဆိုသည့်စာလုံးအား စုတ်ချက်နှစ်ချက်သာဆွဲရသေး၏။
ဟယ့်ကျောင်းက လက်ဆန့်လျက် ရှဲ့ယွီလက်ထဲကမေးခွန်းလွှာအား ယူလို့သွားလေသည်။
ZAWGYI
အခန္း(၉၈)
စိတ္ေအးေအးထား ငါတို႔နိုင္နိုင္ပါတယ္
သူတို႔စကားေျပာဖို႔ကိုပင္ ဝမ့္သာက အခြင့္အေရးမေပး ၊ တစ္ေလၽွာက္လုံး 'အသိေလးကပ္ဖို႔ေတာင္းဆိုပါတယ္' ဆိုတာကိုသာအေခါက္ေခါက္ေအာ္လ်က္မွ ထိုင္ေနရာစီျပန္ေျပးသြားသည္။
ရွဲ႕ယြီ အေပါက္ဝ၌ရပ္ေနရင္းမွ အာ႐ုံလည္းေနာက္လာမိရ၏။
". . . . . . ငါတို႔က အသိကပ္ေနတာပဲေလ။"
ဟယ့္ေက်ာင္းသည္ ယခုနကအေနအထားအတိုင္း ရွဲ႕ယြီလည္ပင္းကိုဆြဲဖက္လ်က္သားရွိရင္းမွ ဝမ့္သာရဲ့ထိုးႏွက္ခ်က္တို႔ေၾကာင့္ ေၾကာင္အလ်က္။
". . . . . . တကယ္ႀကီး အသိကပ္ေနတာပါကြာ။"
ဟယ့္ေက်ာင္းသည္ ေျပာၿပီးေနာက္ ဝမ့္သာေက်ာခိုင္းသြားသည့္ဘက္ လွည့္လို႔ေအာ္ေျပာပစ္လိုက္ပါသည္။
"မင္းပဲမယုံေနလိုက္ အမွတ္ျပည့္ေလးယူ႐ုံပဲဟာကို။"
ထိုစကားေၾကာင့္ ဝမ့္သာတင္စိတ္ပ်က္သြားသည္မဟုတ္ လ်ိဳခၽြိင္ေဟာက္ကပါ လက္ထဲကအဂၤလိပ္စာေဝါဟာရစာအုပ္ျဖင့္ ထိုႏွစ္ေယာက္မ်က္ႏွာတည့္တည့္ ပစ္ေပါက္ခ်င္သြားရ၏။
"ဘာကိုယုံရမွာတုန္း ၊ ငါတို႔ၾကားယုံၾကည္မွုဆိုတာမရွိဘူး! မင္းသာအမွတ္ျပည့္ရလို႔ကေတာ့ေလ လပတ္စာေမးပြဲကစာရြက္ေတြ ငါဝါးစားပစ္လိုက္မယ္။"
". . . . . ."
မနက္ပိုင္းself-studyခ်ိန္ၿပီးသြားခ်ိန္မွာေတာ့ အတန္းတိုင္းရွိ ဆူညံပြက္ေလာရိုက္ေနသံမ်ားလည္း တျဖည္းျဖည္းၿငိမ္က်သြားေလသည္။
အဂၤလိပ္ဆရာမက ဖတ္စာအုပ္ကိုင္ကာ႐ုံးခန္းမွထြက္လာၿပီး ေကာ္ရစ္တာထက္ေလၽွာက္လာစဥ္မွာပဲ အခန္း(3)အေပါက္ဝတြင္ရပ္ေနၾကသည့္ႏွစ္ေယာက္အားေတြ႕လိုက္ရသည္။
"—- —- မင္းတို႔ႏွစ္ေယာက္ အေပါက္ဝနားရပ္ၿပီး ဘာလုပ္ေနၾကတာလဲ ၊ ကိုယ့္ေနရာကိုယ္ျမန္ျမန္သြားထိုင္ၾကစမ္း ေက်ာင္းတက္တာမသိဘူးလား?"
ရွဲ႕ယြီ သက္ျပင္းအသာခ်မိလ်က္ ထိုသူတို႔ႏွင့္ ထိုကိစၥအေၾကာင္းထပ္အျငင္းပြားမေနေတာ့ဘဲ ေနာက္ဆုံးတန္းရွိရာေလၽွာက္သြားၿပီး ထိုင္ခုံကိုသာဆြဲထုတ္လိုက္ပါသည္။
"ဒီေန႔အခန္း(3)စာႀကိဳးစားေနၾကတာ မဆိုးဘူးပဲ. ."
အဂၤလိပ္ဆရာမ အတန္းထဲဝင္ဝင္ခ်င္းမွာပဲ အရင္ႏွင့္မတူတမူထူးေနသည့္အေျခအေနႏွင့္ၾကဳံလိုက္ရ၏။ ကိုယ္ကိုငုံ႔ကာ ကြန္ပ်ဴတာထဲက listeningဖိုင္တြဲတို႔ကိုျပင္ဆင္ရင္ဆိုလိုက္သည္။
"ေဝါဟာရေတြကို ႀကိဳးႀကိဳးစားစားပဲက်က္ေနၾကတာ လပတ္စာေမးပြဲေျဖရဖို႔အတြက္ ဖိအားေတြရေနၾကတာေပါ့?"
အဂၤလိပ္ဆရာမက ေလသံကိုျမႇင့္ကာ ထပ္လို႔ဆိုလိုက္သည္။
"မင္းတို႔ေတြ အဲ့ေလာက္ႀကီးစိတ္ပူစရာမလိုပါဘူး ၊ လပတ္စာေမးပြဲကို ပုံမွန္အတိုင္းပဲရင္ဆိုင္ရင္ကိုရပါတယ္ ၊ ကိုယ့္စိတ္ကိုယ္ ျပင္ဆင္ထား. . . . . ."
အခန္း(3)ကထိုတစ္စုမွာ ကပ္ရပ္ခန္းကအခန္း(4)ႏွင့္ယွဥ္ၿပီး သူေသကိုယ္ေသၿပိဳင္ၾကဖို႔အတြက္သာျဖစ္သည္ကိုေတာ့ ဆရာမမသိရွာ။
ရွဲ႕ယြီလည္း လိုက္၍listening အပုဒ္ေတြလုပ္ျဖစ္သည္။
ကားစီးဖို႔အတြက္ မနက္(၅)နာရီေက်ာ္ကတည္းကထလာရ၍ ႏွစ္ပုဒ္မၽွနားေထာင္အၿပီးမွာပဲ အနည္းငယ္အိပ္ငိုက္လို႔လာ၏။ အဆုံးတြင္ေတာ့ စားပြဲေပၚသာေမွာက္ကာ လက္ေခ်ာင္းတို႔ၾကားေဘာပင္ကိုဆုပ္ကိုင္ထားရင္း ခ်ေရးလာသည့္အဂၤလိပ္စာလုံးမ်ားကေတာ့ ပိုပိုမသပ္မရပ္ျဖစ္လာေတာ့သည္။
ဟယ့္ေက်ာင္းေစာင္းငဲ့လို႔ၾကည့္လိုက္မိသည္ႏွင့္ မ်က္ဝန္းတို႔ကတစ္ဝက္မၽွသာပြင့္ေတာ့ၿပီး အိပ္ခ်င္ေနေလသည့္ကေလးေလးအား ေတြ႕လိုက္ရသည္။ ရွဲ႕ယြီေမးခြန္းေျဖပုံကေတာ့ ျမန္ဆန္လ်က္ ပုစၧာကေမးခြန္းေမးတာပင္မဆုံးေသး အေျဖကိုေရြးကာဝိုင္းၿပီးေနၿပီျဖစ္သည္။
ရွဲ႕ယြီ အေျဖကိုဝိုင္းရင္း စိတ္ထဲေတြးေနမိ၏ ၊ သူသည္ေက်ာင္းသို႔စေရာက္ကတည္း မိမိအတြက္ကိုယ္ လူးသာလြန့္သာအေနအထားေလးေတာ့ေပးလို႔ထားထားသည္ ၊ တစ္ခါတစ္ရံ၌ ပုစၧာမ်ားကိုတစ္ဝက္နဲ႔တန္းလန္းထားပစ္ခဲ့ၿပီး ဘာသာရပ္ဆရာမ်ားကို အံ့အားသင့္ေစသည္။
"မင္းဒီအပုဒ္ကိုၾကည့္ဦး ၊ ဒါဘယ္လိုဆက္ေျဖရွင္းရမလဲ သိေနၿပီမဟုတ္ဘူးလား ၊ မင္းအဲ့ဒါပုံေသနည္းေတြေကာင္းေကာင္းမက်က္လို႔ နို႔မို႔ဆိုဒီလိုအစရွိေသး တစ္ေနမွာမဟုတ္ဘူး. . . . . ."
ထင္မွတ္မထားသည္မွာ ထိုသို႔ေသာေတြးဆစရာ အံ့ဖြယ္ေလးေတြက အတန္းေဖာ္မ်ားႏွင့္ ဆရာမ်ားစိတ္ထဲသဲလြန္စေလးစိုးစိမၽွပင္မက်န္ခဲ့ေတာ့ျခင္း။
"ေဘာပင္အပိုရွိေသးလား?"
ဟယ့္ေက်ာင္းက ေမးလာသည္။
"မင္းေဘာပင္ကေရာ?"
"အက်င့္ပါေနၿပီ. . . . . . ယူမလာဘူး။"
ဟန္ေဆာင္ျခင္းအမွုၾကာေညာင္းလွၿပီျဖစ္၍ ထိုအလုပ္အေပၚပရိုက်လို႔ေနျခင္းရဲ့ရလဒ္ကေတာ့ ရွဲ႕ယြီခုံေစာင္းအတြင္းႏွိုက္ရွာၾကည့္တာေတာင္ ေဘာပင္ေနာက္တစ္ေခ်ာင္းဆိုတာ ထပ္ထြက္မလာေတာ့။ အရင္အတိုင္း မြဲေတလ်က္ပါပင္။
ႏွစ္ဦးသား ထိုအတိုင္းသာတစ္ေယာက္မ်က္ႏွာတစ္ေယာက္ အေတာ္ၾကာၾကည့္ေနမိၾက၏။
". . . . . ."
ရွဲ႕ယြီ ဦးစြာအၾကည့္တို႔ကိုျပန္႐ုတ္သိမ္းလိုက္လ်က္ ေဘာပင္ျဖင့္ေရွ႕ကလူရဲ့ေက်ာကို လွမ္းတို႔လိုက္ပါသည္။ ေဘာပင္အပိုရွိေသးလာဟုေမးမည္အျပဳမွာပဲ ပုံမွန္ဆိုအေနာက္တန္းကအစ္ကိုႀကီးႏွစ္ေယာက္အား ရိုေသေလးစားလွသည့္ေက်ာင္းသားမွာ အတန္ငယ္စိတ္ဆတ္လ်က္ရွိေနေခ်သည္။
ေရွ႕ေနာက္ထိုင္ၾကတာၾကာၿပီျဖစ္ေသာ္ျငား ေရွ႕တန္းကႏွစ္ေယာက္မွာ ေနာက္တန္းအား ေျပာမျပတတ္ေအာင္ ေၾကာက္လည္းေၾကာက္ရိုလည္းရိုေသ၏။ အစပိုင္းကေတာ့ ေရွာက္ပါ့ဟူသည့္ဂုဏ္သတင္းေၾကာင့္ ေၾကာက္ရြံ႕မိရၿပီး ေနာက္ပိုင္းၾက ထိုႏွစ္ေယာက္ရဲ့ gayလြန္းမွုေတြေၾကာင့္ လန့္လာရသည္။
ေဂးခ်က္က ဒီထက္ပိုၿပီးေဂးစရာမရွိေတာ့ေလာက္ေအာက္ကို ေဂးျခင္း။
ရွဲ႕ယြီလွမ္းတို႔လိုက္ေပမယ့္ အေရွ႕ကေက်ာင္းသားကေတာ့ လွည့္ပင္ၾကည့္မလာဘဲ ေျပာလာေတာ့သည္။
"အစ္ကိုႀကီး ကၽြန္ေတာ္listening လုပ္ေနတာကို မေႏွာက္ယွက္ပါနဲ႔ ၊ အခုအခ်ိန္က ကၽြန္ေတာ္တို႔အတန္းရဲ့ေသေရးရွင္ေရးအေျခအေနႀကီး အာ႐ုံလြင့္လို႔မျဖစ္ဘူး။"
ရွဲ႕ယြီ မ်က္ခုံးစပ္ၾကားေနရာကိုဖိႏွိပ္ရင္း ထိုလူတစ္စုအေပၚ အေတာ္ေလးစိတ္ပ်က္လက္ပ်က္ျဖစ္သြားရသည္။
အဂၤလိပ္ဆရာမမွာ အခန္း(3)ရဲ့စာႀကိဳးစားလို႔ေနၾကတဲ့ပုံစံေတြေၾကာင့္ အေတာ္ေလးေက်နပ္လ်က္ရွိ၏။ အတန္းခ်ိန္ၿပီးခ်ိန္မွာေတာ့ ပစၥည္းတို႔ကိုသိမ္းရင္း အတန္းထဲမွထြက္ခါနီးျပဳံးလ်က္ဆိုလာေခ်သည္။
"မင္းတို႔ေတြ ျပဳစားခံရတာလားဘာလားေတာ့မသိေပမယ့္ အခန္း(3)ကိုဒီအတိုင္းေလးပဲ ဆက္လက္ထိန္းသိမ္းထားနိုင္ဖို႔ ဆရာမေမၽွာ္လင့္တယ္. . . . . ."
အတန္းခ်ိန္ေတြၾကားထဲနားခ်ိန္တြင္လည္း အခန္း(3)တစ္တန္းလုံး အတန္းေဖာ္အခ်င္းခ်င္း ေခါင္းခ်င္းဆိုင္ကာ စာအေၾကာင္းေဆြေႏြးေနၾကသည္ကလြဲ က်န္သည့္ဘာလွုပ္ရွားသံမွမရွိ။
အခန္း(3)ကရႊယ္ေဝရဲ့ ထိုင္ေနရာေရွ႕တြင္ေတာ့ လူတခ်ိဳ႕တန္းစီလ်က္မွ စာေမးေနသည္မွာ ေဆးခန္းသြားၿပီး ဆရာဝန္ေစာင့္ေနၾကသကဲ့သို႔ပင္။
ရႊဲရွီရွိန္းက တည္တည္ၿငိမ္ၿငိမ္ျဖင့္ပင္ မ်က္မွန္ကိုပင့္တင္လိုက္ၿပီး ဝမ့္သာအားဂ်ီဩေမႀထီပုစၧာတစ္ပုဒ္ကိုရွင္းျပေပးေန၏ ၊ လက္ထဲေဘာပင္ကိုကိုင္ထားရင္းမွ ေျပာလာသည္။
"ေနာက္တစ္ေယာက္။"
ရႊီခ်င္ခ်င္က ရိုရိုေသေသျဖင့္ေရွ႕တက္လိုက္ၿပီး chemistry ေလ့က်င့္ခန္းစာအုပ္အား ရႊဲရွီရွိန္းစားပြဲထက္တင္လိုက္သည္။
"ရႊဲေလာင္ရွစ္ စာမ်က္ႏွာ(၆၇)က တတိယအပုဒ္ပါ ၊ သင္ျပေပးပါဦး။"
ရႊီခ်င္ခ်င္၏ ေနာက္တြင္ကား ေလာ္ဝိန္ခ်န္ရွိကာ ေစာင့္ေနရခ်ိန္အတြင္း အခ်ိန္ကိုအက်ိဳးရွိရွိအသုံခ်လ်က္ သခၤ်ာပုံေသနည္းတို႔ကိုက်က္မွတ္ေနေလသည္။
ရွဲ႕ယြီ၏ အေတြးကေတာ့ ရွင္းသည္ ၊ ဘယ္လိုေျပာေျပာကို မည္သူကမွမယုံၾကဘဲရွိရာ ေစာက္ရစ္ရွည္မေနေတာ့ဘဲ အခ်ိန္က်ကာမွ စာေမးပြဲကထြက္လာသည့္အဆင့္ျဖင့္စကားေျပာမည္ျဖစ္သည္။
ဟယ့္ေက်ာင္းကေတာ့ လက္မေလၽွာ့ေသး ၊ ပုံစံကေျခပစ္လက္ပစ္ျဖင့္ ေျခခ်ိတ္ထားလ်က္မွ ဘာကိုမွဂ႐ုမစိုက္ဘဲ ေလာ္ဝိိန္ခ်န္ထံလက္ညႇိုးထိုးလ်က္ လွမ္းေအာ္လိုက္၏။
"—- —- အားကစားကိုယ္စားလွယ္။"
ေလာ္ဝိန္ခ်န္က ေခါင္းေထာင္လာသည္။
"ဟမ္?"
"မင္းဘယ္အပုဒ္မရတာလဲ. ."
ဟယ့္ေက်ာင္းက ဆို၏။
"ငါသင္ေပးမယ္။"
ေလာ္ဝိန္ခ်န္တစ္ေယာက္ ဘာပါလိမ့္ဟုထင္ေနရာမွ ထိုစကားကိုၾကားခ်ိန္မွာေတာ့ ရင္ဝကတစ္စို႔လာကာ နင္သြားရသည္။ ဆို႔နင့္သြားရသည့္ခံစားခ်က္တို႔မွာ အေတာ္ၾကာသည္အထိပင္မျပယ္။
သူအသက္ဝဝျပန္ရွူေနစဲမွာပဲ ဟယ့္ေက်ာင္းက တစ္ခြန္းထပ္ဆိုလာျပန္သည္။
"မင္းမယုံရင္ယူလာခဲ့ ငါတစ္ေခါက္တြက္ျပမယ္။"
ေလာ္ဝိန္ခ်န္ : ". . . . . ."
ေလာ္ဝိန္ခ်န္မည္သို႔တုံ႔ျပန္မည္ကို ႀကိဳျမင္ေန၍ ရွဲ႕ယြီသည္ ဟယ့္ေက်ာင္းအကၤ်ီအနားအားဆြဲကာ သတိေပးလိုက္ပါသည္။
"ထားလိုက္ေတာ့။"
ဟယ့္ေက်ာင္းက ခပ္တိုးတိုးဆိုလာ၏။
"တစ္ခါေလာက္ျဖစ္ျဖစ္ကယ္တင္ၾကည့္လို႔ ရဦးမယ္လို႔ကိုယ္ထင္တယ္။"
ရွဲ႕ယြီ : ". . . . . . မင္းဆက္ေျပာၾကည့္လိုက္ေလ ၊ ကယ္တင္ဖို႔လိုအပ္တာက ဘယ္သူျဖစ္သြားမလဲလို႔။"
ေလာ္ဝိန္ခ်န္အတြက္ေတာ့ ယခုလက္ရွိ၌လူနာတင္ယာဥ္တစ္စီး အလြန့္အလြန္ကိုလိုအပ္လို႔ေနၿပီျဖစ္သည္။
ေခါင္းထဲ၌ ဗုန္းေတြရွိေနသလိုပင္ တစ္လုံၿပီးတစ္လုံထေပါက္ကြဲေန၏။
မင္းကလား ခ်ီးကိုတြက္ျပမွာ!
လစ္စမ္း!
အား!
ေလာ္ဝိန္ခ်န္သည္ အဆုံးတြင္ေတာ့ အသက္ဝဝရွူရွိုက္ကာ ျငင္းဆိုပစ္လိုက္ပါသည္။
"အစ္ကိုေက်ာင္း ဒီလိုပါ ငါ့အတြက္ေတာ့အခုအခ်ိန္ေတြက အရမ္းကိုတန္ဖိုးရွိတယ္ ၊ တစ္မိနစ္တစ္စကၠန့္ေလးေတာင္ အလဟႆျဖစ္လို႔မရဘူး ၊ မင္း ငါဆိုလိုခ်င္တာကို နားလည္တယ္မလား။"
ဟယ့္ေက်ာင္း : "မင္း ဘာလို႔ငါ့ကိုမယုံၾကည္ရတာတုန္း ၊ ခ်န္ခ်န္ ငါတို႔တစ္ေယာက္နဲ႔တစ္ေယာက္ အခြင့္အေရးတစ္ခါေတာ့ေပးၾကရေအာင္ မေကာင္းဘူးလား။"
သူ႔ကိုတုံ႔ျပန္လာသည္ကေတာ့ ေလာ္ဝိန္ခ်န္၏ ေတြေဝျခင္းအလ်ဥ္းမရွိ လွည့္ထြက္သြားသည့္ ေက်ာျပင္ပါေပ။
ေလာ္ဝိန္ခ်န္ လမ္းေလၽွာက္ေနရင္းကို ေျခပင္မခိုင္ခ်င္ဘဲ လူကအိပ္မက္ထဲပဲေမ်ာလြင့္ေနသေယာင္ - ငါကဘယ္သူလဲ ၊ ငါဘယ္မွာလဲ။
ေလာ္ဝိန္ခ်န္၏ တုံ႔ျပန္ခ်က္ကျပင္းထန္လြန္းၿပီး တည့္ထိ၍ ရွဲ႕ယြီပင္ ဟယ့္ေက်ာင္းအကၤ်ီအနားစြန္းအား ဆြဲထားသည့္လက္ကိုလႊတ္လိုက္ၿပီး တစ္ဖက္ကပ္ကာမထိန္းနိုင္ဘဲရယ္မိေခ်သည္။
". . . . . ."
ဟယ့္ေက်ာင္းလည္း ဆံပင္ေတြကိုဆြဲဖြရင္း 'တစ္ခါပဲျဖစ္ျဖစ္ ကယ္တင္ခ်င္ပါသည္'ဆိုသည့္အေတြးပင္အလ်ဥ္းမရွိေတာ့ ၊ ဘာေျပာလို႔ေျပာရမွန္းလည္း မသိေတာ့ေအာင္ထိ။
"ဒီေကာင္ေတြ ယုံၾကည္ေပးဖို႔ေလးကို ဒီေလာက္ေတာင္ပဲခက္လား။"
ရွဲ႕ယြီ ဆိုလိုက္သည္။
"ေကာ မင္းသာလက္ေလၽွာ့လိုက္တာေကာင္းမယ္လို႔ ငါထင္တယ္။"
အခန္း(3)၏ေၾကညာသင္ပုန္းထက္က 'သဘာဝကိုဖီဆန္ၿပီး ကံၾကမၼာကိုေျပာင္းလဲပစ္မယ္' ဆိုသည့္ေဘးတြင္ လပတ္စာေမးပြဲေရာက္မည့္ရက္ကို countdownလုပ္လို႔ထားထား၏။ တစ္တန္းလုံပဲ ထိုရက္ေတြေျပာင္းသြားတာကိုၾကည့္ရင္း ပိုပိုၿပီးစိတ္ေတြလွုပ္ရွားလာၾကေတာ့သည္။
ေလာင္ထန္ပင္ သူတို႔အား လက္ထဲကစာအုပ္ေတြကိုခ်ၿပီး အျပင္ေလးဘာေလးလမ္းထြက္ေလၽွာက္ဦးဟု နားခ်ရသည္အထိ။
"အလုပ္နဲ႔ အနားယူမွုကိုမၽွမၽွတတထားရမယ္ စာလုပ္တာလည္း အသင့္အတင့္ပဲလုပ္ ၊ မင္းတို႔ေတြ တစ္ေန႔တစ္ေန႔ ကာယခ်ိန္ေတာင္မတက္ခ်င္ၾကေတာ့ဘူး ဘာေတြလုပ္ေနၾကတာလဲ။"
သို႔ေပသည့္တိုင္ အခန္း(3)ကေတာ့ ယတိျပတ္ကိုစိတ္ဆုံးျဖတ္ခ်က္ခ်ထားၿပီးျဖစ္ရာ ေလာင္ထန္ဘယ္လိုပဲ နားခ်ခ်ကို နားခ်မရေတာ့။
လပတ္စာေမးပြဲေျဖဆိုရမည့္ေန႔၌ အသံလႊင့္စက္မွ ေခြး႐ူး၏ 'အတန္းတိုင္းပဲ ေျဖဆိုဖို႔ထိုင္ေနရာေတြစီၾက ၊ နာရီဝက္ေနရင္ေတာ့ ကိုယ္ေျဖဆိုရမယ့္စာေမးပြဲခန္းကို သြားၾကပါ' ဆိုသည့္အသံအျပင္ စားပြဲထိုင္ခုံေရႊ႕သံမ်ားသာက်န္ရွိေလသည္။
ႏွစ္ပတ္တိတိ ျပန္လွန္ေလ့က်င့္ခန္းေတြအလြန္အက်ဴးလုပ္ထားၾက၍ အခန္း(3)ကလူတိုင္းလိုလို တက္ႂကြမွုကင္းကာပန္းလ်ေနၾက၏။
လ်ိဳခၽြိင္ေဟာက္က ဖုန္သုတ္ဝတ္ကိုယူလိုက္ၿပီး သင္ပုန္းထက္က '1'ဆိုသည္ကိုဖ်က္ကာ countdown တြက္သည့္ေဘး၌ '0'ဟု ျပန္ေျပာင္းေရးလိုက္၏။
"အားလုံးပဲ စိတ္ေအးေအးထားၾက. ."
လ်ိဳခၽြိင္ေဟာက္မ်က္ဝန္းေအာက္တြင္ေတာ့ ဒီႏွစ္ပတ္လုံး ညလုံးေပါက္အထိစာလုပ္ထား၍ျဖစ္ေပၚသည့္ မ်က္ကြင္းညိဳႀကီးရွိသည္ ၊ ပင္ပန္းသည္မွန္ေသာ္ျငား မ်က္ဝန္းတို႔ကေတာ့ ေတာက္ပလင္းလက္ေန၏။
"ငါတို႔နိုင္နိုင္ပါတယ္ကြ။"
ရွဲ႕ယြီ စားပြဲထိုင္ခုံတို႔ကိုေရႊ႕ရင္းမွ ေတြးမိသည္မွာ သူတို႔ပုံစံေတြက ေရကုန္ေရခန္းတိုက္ပြဲဝင္ေနတာထက္ လွိုင္းျပင္းျပင္းရွိုက္ခက္၍ မၾကာခင္မွာပဲနစ္ျမဳပ္ေတာ့မည့္အတြက္ သည္းႀကီးမည္းႀကီးေလွာ္ခတ္ေနသည့္ က်ိဳးပဲ့ေနသည့္ေလွငယ္ထက္က ခရီးသည္မ်ားႏွင့္ ပိုလို႔ပင္တူေနသည္ဟု။
. . . . . .
ရွဲ႕ယြီႏွင့္ ဟယ့္ေက်ာင္းႏွစ္ေယာက္လုံးပဲ ေရွ႕ႏွစ္ေခါက္ေျဖထားသည့္ စာေမးပြဲ၌အနည္းငယ္တိုးတက္လာသည္ မွန္ေသာ္ျငား ဘိတ္ေခ်းစာေမးပြဲခန္းသို႔ သြားေရာက္ေျဖဆိုရမည့္ေရစက္ကေတာ့ မကုန္ဆုံးေသး။
ေကာ္ရစ္တာထက္ လူေတြပိတ္ၾကပ္ေန၏ ၊ အကုန္လုံး စာေမးပြဲခန္းသို႔အေလာတႀကီးသြားေနၾကသည္မွာ ၾကားထဲေရပင္စီးမရေအာင္ပိတ္ဆို႔ေနေတာ့သည္။
"အရင္တစ္ေခါက္တုန္းက ေျပာထားတဲ့ အတည္အဆင့္(၁)ဆိုတာကို. ."
ေလွကားဝ၌မိနစ္ဝက္ခန့္ပိတ္ေန၍ ဟယ့္ေက်ာင္းကေျခလွမ္းတို႔ကိုရပ္ကာ သူ႔အားတစ္ခ်က္လွမ္းၾကည့္လာသည္။
"ၿပိဳင္ၾကမလား?"
ပထမဘာသာက တ႐ုတ္စာ ၊ ရွဲ႕ယြီကေတာ့ ခဲတံႏွစ္ေခ်ာင္းကလြဲ က်န္တာဘာမွယူမလာခဲ့ ၊ ခဲဖ်က္ကိုပင္ ယူမလာ ကတ္ျပားေပၚျခစ္ရသည့္အခ်ိန္ၾက မွားလၽွင္ဖ်က္စရာမရွိဘဲျဖစ္မည္ကိုလည္း မေတြး။
"ျဖစ္တယ္ေလ။"
ရွဲ႕ယြီသည္ ေျပာၿပီးေနာက္ ငုံ႔၍ဖုန္းကိုပါဝါပိတ္အၿပီး ျပန္ေမာ့လာခ်ိန္၌ ကြက္တိဆိုသလို လ်န္ေဟြးတို႔တစ္ေတြကလည္း အိမ္သာခန္းထဲမွထြက္လာၾကသည္။
လ်န္ေဟြးတစ္ေယာက္ ဘယ္အခ်ိန္ကဆံပင္ေဆးဆိုးလိုက္သည္မသိ ၊ နားထင္နားက ဆံပင္အနီတို႔က ထင္းထြက္ေနၿပီး တစ္ကိုယ္လုံးလည္းစီးကရက္နံ႔တို႔မႊန္ထူေန၏။ အၾကည့္တို႔ကမွုန္ကုတ္ေနၿပီး လူပုံစံကေလ်ာ့ရိေလ်ာ့ရဲျဖင့္ လက္အားေဘာင္းဘီအိတ္ကပ္တြင္းထိုးလို႔ထားသည္။
အသံလႊင့္စက္မွေနၿပီး သတိေပးခ်က္တို႔အဆက္မျပတ္ထြက္ေပၚလ်က္ရွိ၏။
ႏွစ္ဖြဲ႕စလုံး တစ္ေယာက္နဲ႔တစ္ေယာက္ၾကည့္ကာ အဆုံးတြင္ေတာ့ ဘယ္သူ႔ကိုဘယ္သူမွအေရးထားမေနေတာ့။
"ေျဖဆိုမည့္ေက်ာင္းသားေက်ာင္းသူမွာ စာေမးပြဲခန္းသို႔သြားၾကပါ ၊ ေျဖဆိုမည့္ေက်ာင္းသားေက်ာင္းသူမွာ စာေမးပြဲခန္းသို႔သြားၾကပါ ၊ စာေမးပြဲေျဖဆိုဖို႔ (၁၀)မိနစ္ပဲလိုပါေတာ့တယ္ ၊ အခ်ိန္ကိုအေလးထားၾကပါ။"
"ပထမဆုံးေျဖမယ့္ဘာသာရပ္ကေတာ့ တ႐ုတ္စာပါ။"
"စာေမးပြဲေျဖဆိုဖို႔ အခ်ိန္(၁၀)မိနစ္ပဲလိုပါေတာ့တယ္။"
ဒီတစ္ႀကိမ္လပတ္စာေမးပြဲသည္ကား Aၿမိဳ႕ရွိအစိုးရေက်ာင္းအကုန္စုေပါင္းၿပီးေမးခြန္းထုတ္ထားျခင္းျဖစ္ရာ အရင္တုန္းကစာေမးပြဲမ်ားထက္ပိုလို႔ခက္၏။
စာေမးပြဲမစခင္၌ စာညံ့သူမ်ားစုေဝးရာအခန္းတြင္းရွိ တစ္ေယာက္မွာဆိုေခါင္းငိုက္စိုက္က်ကာ အိပ္ေပ်ာ္လ်က္ပင္ရွိသည္။ စာေမးပြဲခန္းေစာင့္ဆရာ အခန္းထဲဝင္လာခ်ိန္တြင္ေတာ့ ထိုသူမွာေဟာက္ပင္ေဟာက္လို႔ေနေလၿပီ။
ျဖည္းျဖည္းနဲ႔ရွည္လ်ားလွသည့္ေဟာက္သံႀကီးေၾကာင့္ အခန္းေစာင့္ဆရာ၏ေျခလွမ္းတို႔ပင္ တန့္သြားခဲ့ရသည္။
စာေမးပြဲေစာင့္ဆရာက မျမင္ေတြ႕ဖူးသည့္လူစိမ္္းတစ္ေယာက္ ၊ ဒီစာေမးပြဲခန္းအား အထင္ေသးဟန္ရွိသည္မွာလည္း သိသာေပၚလြင္လွကာ ေမးခြန္းလႊာတို႔ကိုေရတြက္ရင္း မ်က္ေမွာင္ၾကဳတ္လ်က္ အားလုံးကိုတစ္ခ်က္ေဝ့ၾကည့္လာ၏။
". . . . . ."
ေအာက္ဘက္တြင္ေတာ့ လုပ္ခ်င္ရာလုပ္ေနၾကသူမ်ားသာရွိသည္။ မေၾကာက္တဲ့ေက်ာင္းသားမ်ားကေတာ့ သူတို႔ကိုယ္သူတို႔ပိရိတယ္ထင္ကာ ေခါင္းငုံ႔ဖုန္းသုံးေနၾကသည္။
ပရမ္းပတာျဖင့္ အဆင့္ကလည္းမေကာင္း ၊ ဤသည္မွာယခုစာေမးပြဲခန္း၏ ျပယုဂ္ပါပင္။
စာေမးပြဲေျဖဆိုဖို႔ရာ ေခါင္းေလာင္းထိုးလာခ်ိန္မွာေတာ့ အခန္းေစာင့္ဆရာက ေမးခြန္းလႊာတို႔အား သူ႔အုပ္စုနဲ႔သူေဝေပးလာကာ ၊ ေရွ႕တန္းမွ ေနာက္တန္းသို႔ လက္ဆင့္ကမ္းေစ၏။
ေဟာက္ေနေလသည့္ေက်ာင္းသားလည္း ေခါင္းေလာင္းသံေၾကာင့္ပင္နိုးလာၿပီး ႏွုတ္ခမ္းစြန္းကိုဖိသုတ္ကာ အိပ္ခ်င္ေနသည့္မ်က္ဝန္းတို႔ကိုအတင္းျပဴးျပဲဖြင့္ရ၏။
အႏွီစာေမးပြဲခန္းထဲတြင္ေတာ့ စိတ္လွုပ္ရွားဖြယ္စာေမးပြဲအေငြ႕အသက္တို႔ စိုးစိပင္ရွိမေန။
ရွဲ႕ယြီ လည္ေခ်ာင္းအနည္းငယ္ေျခာက္လာသလို ခံစားမိသည္။
ေမးခြန္းလႊာလက္ထဲေရာက္သည္ႏွင့္ တံေတာင္ျဖင့္စာရြက္ကိုဖိကာ တန္း၍နာမည္ကိုခ်ေရးလိုက္ပါၿပီး က်န္တစ္ဖက္ျဖင့္ က်န္သည့္ေမးခြန္းလႊာအားေနာက္သို႔ ကမ္းေပးလိုက္သည္။
'ရွဲ႕'ဆိုသည့္စာလုံးအား စုတ္ခ်က္ႏွစ္ခ်က္သာဆြဲရေသး၏။
ဟယ့္ေက်ာင္းက လက္ဆန့္လ်က္ ရွဲ႕ယြီလက္ထဲကေမးခြန္းလႊာအား ယူလို႔သြားေလသည္။