Burmese Translation of {我的徒弟都是大反派} by author 谋生任转蓬
Translator - ME
အခန်း (၃၀) ကျုပ်စကားနားထောင်ပါ သူတို့ကို ရန်မစမိစေနဲ့
“မိုးပြာနဂါးဂိုဏ်း ရှင်းထုတ်ခံလိုက်ရပြီလား၊ ဘယ်သူ့လက်ချက်လဲ ” ယဲ့ထျန်းရှင်းက မျက်မှောင်အနည်းငယ်ကြုတ်ကာ မေးလိုက်သည်။
“ကျွန်တော်တို့ မသိသေးပါဘူး။ ဒါပေမဲ့ သဲလွန်စတွေအရတော့ တိုက်ခိုက်သူက ဗြဟ္မာပင်လယ်နယ်ပယ်အဆင့်မှာ ချီသွေးကြောရှစ်ခုဖွင့်ထားတဲ့ ကျင့်ကြံသူပဲ ဖြစ်ရမယ် ”
ကျောင်းယွဲ့က ဘေးမှဝင်ပြောလိုက်သည်။ “ ရှောင်ယွမ်အာများလား ”
“ ရှောင်ယွမ်အာက နတ်ဒေဝါ ဦးတည် နယ်ပယ်အဆင့်ဆိုတော့ သူမရဲ့အကျင့်စရိုက်အရ အဲဒီလူတွေကို သတ်ပစ်တာ ဖြစ်နိုင်လောက်တယ်။ ဒါပေမဲ့ သူမက ကျင့်ကြံဆင့်ကိုတော့ ဖုံးကွယ်ထားမှာ မဟုတ်ဘူး ”
ယဲ့ထျန်းရှင်းက သုံးသပ်ပြလိုက်သည်။
“ ရွှေနန်းဥယျာဉ်တောင်ကနေ လူအိုကြီးလည်း သူမနဲ့အတူတူ ထွက်လာတာဆိုရင်ရော” ကျောင်းယွဲ့က တဖန်မေးလိုက်ပြန်သည်။
ယဲ့ထျန်းရှင်းက ခေါင်းခါကာ “ အဲလိုတော့ မဖြစ်နိုင်လောက်ဘူး။ ဒါပေမဲ့ သေချာအောင်တော့ စီမိသားစုဆီ လူတစ်ယောက်ပို့ပြီး စုံစမ်းခိုင်းလိုက်မယ် … လာကြစမ်း ”
“ ဟုတ် သခင်မ ”
“ဒီပုံတူတွေကို ယူသွားပြီးတော့ စီမိသားစုထဲမှာ သွားပုန်းနေလိုက်။ သူတို့ကို မြင်တာနဲ့ ချက်ချင်း သတင်းပို့ ”
“ နားလည်ပါပြီ ”
ယဲ့ထျန်းရှင်းက လက်တစ်ချက်အဝေ့ဖြင့် ပုံတူကားနှစ်ချပ် ပေါ်လာသည်။ တစ်ယောက်မှာ တစ်ခေါင်းလုံး ဆံမွေးဖြူများဖြင့် အသက်ကြီးနေသော ကျိထျန်းတောက် ဖြစ်ပြီး နောက်တစ်ယောက်မှာ အပြာရောင်ဝတ်စုံလေးနှင့် ချစ်စဖွယ်ကောင်းသည့် ယွမ်အာ၏ ပုံတူ ဖြစ်ပေသည်။
သူမက အမိန့်ပေးလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။ “ တော်ဝင်တပ် တံဆိပ်အတွက်တော့ … ”
“အဲဒီပစ္စည်းက တော်ဝင်တပ်ကို လှုပ်ရှားအောင် အမိန့်ပေးနိုင်ပေမဲ့ အမြဲတမ်း တာ့ယန်ဘုရင်လက်ထဲပဲ ရှိခဲ့တာမလား။ ဘယ်လိုလုပ် အန်းယန်မှာ ပေါ်လာတာလဲ ” ကျောင်းယွဲ့က စဉ်းစားရင်း ပြောလိုက်သည်။
“ဘယ်လိုဖြစ်ဖြစ် ကိစ္စမရှိဘူး။ တော်ဝင်တပ်က တံဆိပ်တော်ကို နာခံပေမဲ့ လှုပ်ရှားခိုင်းဖို့တော့ မလွယ်ဘူး။ ဖြစ်နိုင်ခြေက နှစ်ခုပဲ ရှိတယ်။ တစ်ယောက်ယောက် အတုလုပ်ထားတာမျိုး ဒါမှမဟုတ် ဧကရာဇ်ကိုယ်တိုင် သာမန်လူအဖြစ် ရုပ်ဖျက်ပြီး ရောက်နေတာမျိုး … ဒါပေမဲ့ တာ့ယန်က စစ်ပွဲကြောင့် အပူများနေတာဆိုတော့ ဧကရာဇ်က အန္တရာယ်များတာမျိုး လုပ်မှာ မဟုတ်ဘူး ”
“ အဲဒါက အဓိပ္ပာယ်ရှိတယ် ”
ယဲ့ထျန်းရှင်း နှုတ်ခမ်းဖျား၌ အပြုံးလေးပေါ်လာကာ “ ရှစ်ကျဲရေ စိုးရိမ်မနေပါနဲ့။ အားလုံးက ညီမရဲ့ ထိန်းချုပ်မှုအောက်မှာပါ ”
……………
ထိုစဉ် လုကျိုးနှင့် ရှောင်ယွမ်အာတို့က မုရုံမိသားစု အိမ်တော်အပြင်ဘက်သို့ ရောက်ရှိလာကြသည်။
“ရှောင်ယွမ်အာ … မင်းက အရမ်းထင်ပေါ်လွန်းတော့ တခြားသူအာရုံ စိုက်စရာဖြစ်လာလိမ့်မယ်။ အခုကစပြီး ငါ ပြောတဲ့အတိုင်းပဲ လုပ် ကြားလား ”
“ တပည့် နားလည်ပါပြီ ”
“ နောက်ကွယ်က ကြိုးကိုင်သူက မင်းရဲ့ ရှစ်ရှိုးတို့၊ ရှစ်ကျဲတို့ ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ ” လုကျိုးက သူတို့လက်ချက် မဟုတ်လျှင်ပင် သူတို့နှင့် တစ်နည်းတဖုံ ပတ်သက်နေလိမ့်မည်ဟု ခံစားချက်မျိုး ရနေသည်။
“ သူတို့ မဖြစ်နိုင်ပါဘူး … သူတို့က တပည့်ကို အမြဲတမ်းကြင်ကြင်နာနာ ဆက်ဆံပေးတယ်။ တပည့်ရဲ့ မိသားစုကို ပြန်ပေးဆွဲလောက်တဲ့ စိတ်နှလုံးသားမျိုး မရှိကြပါဘူး ” ရှောင်ယွမ်အာလေးက ဆံပင်လေးကို လိမ်ကာ ကစားရင်း ပြောလိုက်သည်။
လုကျိုးက ခေါင်းတခါခါဖြင့် တွေးလိုက်မိသည် “ အရမ်းရိုးလိုက်တာ ”
“ အထဲဝင်ကြစို့ ”
“ ရှစ်စွင်း … တပည့် တံခါးသွားခေါက်ပေးပါ့မယ် ”
“ ကန်ဖွင့်လိုက် ”
ရှောင်ယွမ်အာ “ … ”
ဝုန်း
တံခါးကား ဘန်းခနဲ ပွင့်သွားလေသည်။ အသံကို ကြားကာ အစောင့်များက ပျားများသဖွယ် ချက်ချင်း ထွက်လာကြပြီး ကျူးကျော်သူများမှာ လူအိုကြီးတစ်ယောက်နှင့် မိန်းမငယ်လေးတစ်ယောက် ဖြစ်နေကြောင်း တွေ့လိုက်ရသည့်အခါ တစ်ယောက်က မချေမငံ့ မေးလိုက်သည်။
“ မုရုံမိသားစုရဲ့တံခါးကို ဘယ်လိုများ ကန်ဖွင့်ရဲတာလဲ … သူတို့ကို ချကြစမ်း ”
လုကျိုးက အစောင့်များကို ကြည့်ကာ လက်ဝေ့ပြလိုက်သည်။ ရှောင်ယွမ်အာလေးက လက်ဟန်ကို နားမလည်ဘဲ မေးလိုက်သည်။
“ နောက်ဆုတ်ရမှာလား ”
“ သူတို့ကို ရိုက်ပစ် ”
“ တပည့် အကြိုက်ပဲ ” သူမက ရှစ်စွင်း ရိုက်နှက်မှုကို ခံထားရပြီးနောက် စိတ်ဓာတ်ကျနေခဲ့သော်လည်း ဖြေလျော့ရမည့် နည်းလမ်း မရှိခဲ့ပေ။ ယခုအခါ ပျော်ရွှင်မှုအတိဖြင့် မိန်းမငယ်လေးက သိုးအုပ်ကြား ဝင်တော့မည့် ဝံပုလွေတစ်ကောင်သဖွယ် လူအုပ်ကြား ချက်ချင်း ခုန်ဝင်သွားပြီး အားလုံးကို လျှပ်စီးနှုန်းဖြင့် ရိုက်နှက်ထိုးချပစ်လေသည်။
အစောင့်များက သူမလှုပ်ရှားမှုများကို အမီမလိုက်နိုင်ခင် သူတို့အားလုံး လွှင့်စင်သွားလေရာ မည်သူကမှ ပြန်လည် မတိုက်ခိုက်နိုင်လိုက်ကြပေ။ ခဏလေးအတွင်း တိုက်ပွဲကား အဆုံးသတ်သွားလေ၏။
ရှောင်ယွမ်အာလေးက ကျေနပ်အားရစွာဖြင့် လက်ခါကာ “ အဘိုး … သူတို့က အရမ်းအားနည်းလိုက်တာ ”
လုကျိုးပင် ဘာပြန်ပြောရမည်မှန်း မသိတော့ပေ။ နတ်ဒေဝါ ဦးတည် နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်က အစောပိုင်း ခန္ဓာတည်ဖွဲ့ခြင်းအဆင့်မှ အစောင့်အုပ်စုကို သွား၍ အနိုင်ကျင့်နေသည့်အခါ ဘာကိုများ ကြွားစရာရှိမည်နည်း။ အစောင့်များက ဆိုးဆိုးရွားရွား ဖြစ်နေကြလေသည်။ အားလုံးက ဖူးယောင်ကာ နှာခေါင်းသွေးသံရဲရဲဖြင့် မြေပြင်ပေါ် အတုံးအရုံး လဲကျနေပြီး ညည်းညူနေကြကာ မတ်တတ်ရပ်ဖို့ပင် အနိုင်နိုင် ဖြစ်နေရှာသည်။
ဆူညံသံများက အိမ်တော်အပြင်ဘက်ရှိ လူများ၏ အာရုံကို ဖမ်းစားသွားလေသည်။ သိပ်မကြာခင် မိသားစုခေါင်းဆောင် မုရုံဟိုင်လည်း နောက်လိုက်ကျင့်ကြံသူများနှင့် ရောက်ရှိလာသည်။ အဖြစ်အပျက်ကို မြင်လိုက်ရသည့်အခါ လုကျိုးအား စိုက်ကြည့်ပြီး မေးလိုက်သည်။
“ ခင်ဗျားက ဘယ်သူလဲ ”
လုကျိုးက စိတ်မပါတပါဖြင့် “ ဝမ်ဖူကွေ့က မင်းရဲ့ အိမ်တော်မှာမလား ”
“ သူက တော်ဝင်တပ် တံဆိပ်တော်ကို အတုလုပ်ထားလို့ ဖမ်းထားပြီး အာဏာပိုင်တွေဆီ ပို့လိုက်ပြီ ”
လုကျိုးက အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည်။ သူ ရွှေနန်းဥယျာဉ်တောင်တွင် ရှိစဉ်အခါက မည်သူကမှ သူ့အား ဤသို့မပြောရဲကြပေ။
“ ယွမ်အာ … သူ ကောင်းကောင်း ပြောချင်လာအောင် လုပ်လိုက် ”
“ တပည့် သဘောပေါက်ပါပြီ ” ရှောင်ယွမ်အာက လက်အညောင်းအညာဆန့်လိုက်ရင်း ရယ်မောကာ ပြောလိုက်သည် “ ဟေး … ကောင်းကောင်းပြောတာ ကောင်းမယ် ”
“ ဒီမိုက်ရိုင်းနေတဲ့ ကလေးမက ဘယ်သူလဲ။ မင်း မိဘတွေက မင်းကို သင်ပေးမထား … ”
မုရုံဟိုင် စကားမဆုံးခင် ရှောင်ယွမ်အာလေးက နေရာမှ ပျောက်ကွယ်သွားပြီး လေထုထဲ ပုံရိပ်များချန်ရစ်ကာ သူ့ဆီ ချည်းကပ်လာလေသည်။ မျက်စိတစ်မှိတ်အတွင်း သူမက အားလုံးကို မြေပြင်ပေါ် အမှောက်သိပ်ချလိုက်၏။
“ ဗြဟ္မာပင်လယ်နယ်ပယ်ရဲ့ ချီသွေးကြောရှစ်ခု ဖွင့်ထားတဲ့သူပဲ ” မုရုံဟိုင်က မြေပြင်ပေါ် ထိုင်လျက် ကျသွားလေသည်။
“ … ” မုရုံဟိုင်က ယွမ်အာလေးအား ပုံဆိုးပန်းဆိုးမျက်နှာဖြင့် ကြည့်လိုက်သည်။ ကျန်လူများကား ရင်ဘတ်များတွင် နီရဲနေပြီး မလှုပ်ရှားနိုင်တော့ပေ။
“ အိုး … ရှင်က တခြားသူတွေထက် မာကြောပုံပဲ ” ရှောင်ယွမ်အာလေးက စိတ်ဝင်စားလာပြီး ထပ်ရိုက်ဖို့ ပြင်လိုက်သည်။
“ မလုပ်ပါနဲ့ … ရပ်ပါတော့။ ကျေးဇူးပြုပြီး တော်လိုက်ပါတော့ ” မုရုံဟိုင်က လက်ကာပြကာ အဆက်မပြတ် တောင်းပန်နေသည် “ တစ်ယောက်ယောက် ဝမ်ဖူကွေ့ကို လွှတ်ပေးလိုက်ကြစမ်း။ သူက အဆင်ပြေပြေရှိနေပါတယ် ”
သိပ်မကြာခင် မျက်နှာတစ်ဝိုက် ဒဏ်ရာအပြည့်နှင့် ဝမ်ဖူကွေ့ကို လက်နောက်တုပ်ထားလျက် ခေါ်ထုတ်လာလေသည်။
“ ခွေးကို ရိုက်ချင်ရင် သခင် မျက်နှာကြည့်ရမယ်” ဆိုသော စကားပုံ ရှိသေးသည် မဟုတ်ပါလော။ ရှောင်ယွမ်အာက မြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဒေါသထွက်သွားတော့သည်။
“ အဘိုး ”
“ စိတ်ကြိုက်သာ လုပ်လိုက် ”
ရှောင်ယွမ်အာက လက်ဆစ်ချိုးရင်း အံ့ကြိတ်ကာ ပြောလိုက်သည် “ ဖူကွေ့ကို ဘယ်သူရိုက်တာလဲ ”
လူအုပ်ကြား တိတ်ဆိတ်သွားကာ မည်သူမှ သူမအား ပြန်မဖြေရဲကြပေ။ သူမ စွမ်းအားကို ပြသထားပြီးနောက်တွင် မည်သူများ ဝန်ခံရဲမည်နည်း။ မုရုံမိသားစု၏ ကျင့်ကြံသူများက သူမအတွက် သာမန်လူများနှင့် မခြားနားလှပေ။
“ ရှင့်လက်ချက်ပဲ ” ရှောင်ယွမ်အာက မုရုံဟိုင်ကို လက်ညိုးထိုးကာ ပြောလိုက်သည်။
“မဟုတ် .. မဟုတ်ပါဘူး ” မုရုံဟိုင်က အဆက်မပြတ် ငြင်းလိုက်သည်။ ဝမ်ဖူကွေ့လိုမျိုး အစေခံတစ်ယောက်ကို အိမ်တော်ခေါင်းဆောင် ဖြစ်သည့် သူကိုယ်တိုင် နှိပ်စက်ဖို့ ထိုက်တန်မည်လား။
“ ဟုတ်ပါတယ် … ရှင့်လက်ချက်ပါ ” ရှောင်ယွမ်အာက မျက်စိတစ်မှိတ်အတွင်း မုရုံဟိုင်ရှေ့ ရောက်လာပြီး လက်သီးဖြင့် ထိုးချလိုက်သည်။
ဖောင်း ဖောင်း ဖောင်း
လုကျိုးက အကြည့်လွှဲထားလိုက်သည်။
လက်သီးချက်အနည်းငယ် ခံယူပြီးနောက် မုရုံဟိုင်၏ မျက်နှာမှာ ဖူးယောင်လာကာ နှာခေါင်းသွေးလဲ စီးကျလာသည် “ ကျုပ်ကို ဘာလို့ လုပ်ရတာလဲ။ ခင်ဗျားတို့နဲ့ ဘာရန်ကြွေးမှ မရှိပါဘူးဗျာ ” သူက ငိုကြီးရှိုက်မအသံဖြင့် ပြောလိုက်သည်။
လုကျိုးက မေးလိုက်၏။
“ စီမိသားစု ပြန်ပေးဆွဲခံလိုက်ရတဲ့အကြောင်း သိလား ”
လူအုပ်က တိတ်ဆိတ်သွားလေ၏။
“ မြန်မြန်ဖြေဖို့ မလိုဘူး ” လုကျိုးက ထပ်ပြောလိုက်သည်။ ထို့နောက် သူက ရှောင်ယွမ်အာဘက် လှည့်ကာ “ တကယ်လို့ သူ လိမ်နေသေးတယ်လို့ ငါ ခံစားနေရတုန်းဆိုရင် သူ့ခြေထောက်ကိုသာ ချိုးပစ်လိုက် ”
“ ဟုတ် အဘိုး ”ရှောင်ယွမ်အာလေးက လူတစ်ယောက်ကို ရိုက်နိုင်ကြောင်း ကြားလိုက်ရသည့်အခါ စိတ်တက်ကြွလာသည်။
မုရုံဟိုင်က စိတ်ဓာတ်ကျလာမိကာ စိတ်ထဲမှ “ ငါ ဘယ်လိုဖြေရမလဲ … တစ်ယောက်ယောက် ပြောကြပါဦး”
ကျန်လူများက မသိမသာ နောက်ဆုတ်လိုက်ကြသည်။
“ ဟုတ်ကဲ့ … ကျုပ် သိထားပါတယ် ”
“ ဘယ်သူလုပ်တာလဲ ”
“ ကျုပ်အနေနဲ့ သူတို့ကို အားကောင်းတဲ့ ကျင့်ကြံသူတွေ နောက်ခံပေးထားတယ်ဆိုတာပဲ သိတာပါ။ ကျုပ်မိသားစုနဲ့ စီမိသားစုက ရန်ဘက်တွေဆိုပေမဲ့ သူတို့အိမ်တော်ကို တစ်ညတည်းနဲ့ လူရာချီ ပြန်ပေးဆွဲနိုင်လောက်တဲ့ စွမ်းရည်မျိုး မရှိပါဘူး” မုရုံဟိုင်က ပြောလိုက်သည်။
“ အားကောင်းတဲ့ ကျင့်ကြံသူတွေလား ”
မုရုံဟိုင်က ဝမ်ဖူကွေ့အား တစ်ချက်ကြည့်လိုက်သည်။ ဤလူအိုကြီးသည် စီမိသားစုနှင့် ဆက်ဆံရေးကောင်းကြောင်း မှန်းဆမိလိုက်ပြီးနောက် ပြောလိုက်သည်။
“ ဆရာကြီး ကျုပ်စကားနားထောင်ပါ… အဲဒီလူတွေကို သွားရန်မစသင့်ဘူး ”
“ သူတို့ကို သိလား ”
မုရုံဟိုင်က ခေါင်းခါကာ “ မသိပါဘူး။ ကျုပ်အနေနဲ့ အဲဒီလူတွေက ရွှေနန်းဥယျာဉ်တောင်နဲ့ ဆက်စပ်နေတယ်ဆိုတာပဲ သိတာပါ။ ရွှေနန်းဥယျာဉ်တောင်ကို သိတယ်မလား ”
“ မသိဘူး … ပြောပြပါဦး ”
သူက ရွှေနန်းဥယျာဉ်တောင်ကို မကြားဖူးဘူးတဲ့ … ပြီးတော့ သူ့ရဲ့ အရှိန်အဝါနဲ့ ဟန်ပန်ကို ကြည့်ရတာ လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေတဲ့ သူတော်စင် ကျင့်ကြံသူပဲ ဖြစ်လိမ့်မယ် …
“ ရွှေနန်းဥယျာဉ်တောင်ထိပ်မှာ မိစ္ဆာဂိုဏ်းချုပ် ရှိတယ်လေ။ သူဆီမှာ တပည့်ကိုးယောက် ရှိတယ်။ တစ်ယောက်ချင်းစီကလည်း နာမည်ဆိုးနဲ့ ကျော်ကြားတယ်။ အဲဒီကျင့်ကြံသူအုပ်စုက ရွှေနန်းဥယျာဉ်တောင်ထိပ်က မိစ္ဆာတွေနဲ့ပတ်သက်နေတာ ဖြစ်ဖို့များတယ် … သူတို့က မျက်တောင်မခတ်ဘဲ လူသတ်ပစ်ပြီးတော့ မကောင်းတာမှန်သမျှ အကုန်လုပ်တယ်။ ဆရာကြီးက ကြင်နာတတ်တဲ့သူဆိုတော့ သူတို့ကို ရန်သွားမစမိဖို့ပဲ ပြောချင်တယ်ဗျာ ”
...
Zawgyi
အခန္း (၃၀) က်ဳပ္စကားနားေထာင္ပါ သူတို႔ကို ရန္မစမိေစနဲ႕
မိုးျပာနဂါးဂိုဏ္း ရွင္းထုတ္ခံလိုက္ရၿပီလား၊ ဘယ္သူ႕လက္ခ်က္လဲ ယဲ့ထ်န္းရွင္းက မ်က္ေမွာင္အနည္းငယ္ၾကဳတ္ကာ ေမးလိုက္သည္။
ကြၽန္ေတာ္တို႔ မသိေသးပါဘူး။ ဒါေပမဲ့ သဲလြန္စေတြအရေတာ့ တိုက္ခိုက္သူက ျဗဟၼာပင္လယ္နယ္ပယ္အဆင့္မွာ ခ်ီေသြးေၾကာရွစ္ခုဖြင့္ထားတဲ့ က်င့္ႀကံသူပဲ ျဖစ္ရမယ္
ေက်ာင္းယြဲ႕က ေဘးမွဝင္ေျပာလိုက္သည္။ ေရွာင္ယြမ္အာမ်ားလား
ေရွာင္ယြမ္အာက နတ္ေဒဝါ ဦးတည္ နယ္ပယ္အဆင့္ဆိုေတာ့ သူမရဲ႕အက်င့္စရိုက္အရ အဲဒီလူေတြကို သတ္ပစ္တာ ျဖစ္နိုင္ေလာက္တယ္။ ဒါေပမဲ့ သူမက က်င့္ႀကံဆင့္ကိုေတာ့ ဖုံးကြယ္ထားမွာ မဟုတ္ဘူး
ယဲ့ထ်န္းရွင္းက သုံးသပ္ျပလိုက္သည္။
ေ႐ႊနန္းဥယ်ာဥ္ေတာင္ကေန လူအိုႀကီးလည္း သူမနဲ႕အတူတူ ထြက္လာတာဆိုရင္ေရာ ေက်ာင္းယြဲ႕က တဖန္ေမးလိုက္ျပန္သည္။
ယဲ့ထ်န္းရွင္းက ေခါင္းခါကာ အဲလိုေတာ့ မျဖစ္နိုင္ေလာက္ဘူး။ ဒါေပမဲ့ ေသခ်ာေအာင္ေတာ့ စီမိသားစုဆီ လူတစ္ေယာက္ပို႔ၿပီး စုံစမ္းခိုင္းလိုက္မယ္ လာၾကစမ္း
ဟုတ္ သခင္မ
ဒီပုံတူေတြကို ယူသြားၿပီးေတာ့ စီမိသားစုထဲမွာ သြားပုန္းေနလိုက္။ သူတို႔ကို ျမင္တာနဲ႕ ခ်က္ခ်င္း သတင္းပို႔
နားလည္ပါၿပီ
ယဲ့ထ်န္းရွင္းက လက္တစ္ခ်က္အေဝ့ျဖင့္ ပုံတူကားႏွစ္ခ်ပ္ ေပၚလာသည္။ တစ္ေယာက္မွာ တစ္ေခါင္းလုံး ဆံေမြးျဖဴမ်ားျဖင့္ အသက္ႀကီးေနေသာ က်ိထ်န္းေတာက္ ျဖစ္ၿပီး ေနာက္တစ္ေယာက္မွာ အျပာေရာင္ဝတ္စုံေလးႏွင့္ ခ်စ္စဖြယ္ေကာင္းသည့္ ယြမ္အာ၏ ပုံတူ ျဖစ္ေပသည္။
သူမက အမိန႔္ေပးလိုက္ၿပီးေနာက္ ထပ္ေျပာလိုက္သည္။ ေတာ္ဝင္တပ္ တံဆိပ္အတြက္ေတာ့
အဲဒီပစၥည္းက ေတာ္ဝင္တပ္ကို လႈပ္ရွားေအာင္ အမိန႔္ေပးနိုင္ေပမဲ့ အၿမဲတမ္း တာ့ယန္ဘုရင္လက္ထဲပဲ ရွိခဲ့တာမလား။ ဘယ္လိုလုပ္ အန္းယန္မွာ ေပၚလာတာလဲ ေက်ာင္းယြဲ႕က စဥ္းစားရင္း ေျပာလိုက္သည္။
ဘယ္လိုျဖစ္ျဖစ္ ကိစၥမရွိဘူး။ ေတာ္ဝင္တပ္က တံဆိပ္ေတာ္ကို နာခံေပမဲ့ လႈပ္ရွားခိုင္းဖို႔ေတာ့ မလြယ္ဘူး။ ျဖစ္နိုင္ေျခက ႏွစ္ခုပဲ ရွိတယ္။ တစ္ေယာက္ေယာက္ အတုလုပ္ထားတာမ်ိဳး ဒါမွမဟုတ္ ဧကရာဇ္ကိုယ္တိုင္ သာမန္လူအျဖစ္ ႐ုပ္ဖ်က္ၿပီး ေရာက္ေနတာမ်ိဳး ဒါေပမဲ့ တာ့ယန္က စစ္ပြဲေၾကာင့္ အပူမ်ားေနတာဆိုေတာ့ ဧကရာဇ္က အႏၱရာယ္မ်ားတာမ်ိဳး လုပ္မွာ မဟုတ္ဘူး
အဲဒါက အဓိပၸာယ္ရွိတယ္
ယဲ့ထ်န္းရွင္း ႏႈတ္ခမ္းဖ်ား၌ အၿပဳံးေလးေပၚလာကာ ရွစ္က်ဲေရ စိုးရိမ္မေနပါနဲ႕။ အားလုံးက ညီမရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာပါ
ထိုစဥ္ လုက်ိဳးႏွင့္ ေရွာင္ယြမ္အာတို႔က မု႐ုံမိသားစု အိမ္ေတာ္အျပင္ဘက္သို႔ ေရာက္ရွိလာၾကသည္။
ေရွာင္ယြမ္အာ မင္းက အရမ္းထင္ေပၚလြန္းေတာ့ တျခားသူအာ႐ုံ စိုက္စရာျဖစ္လာလိမ့္မယ္။ အခုကစၿပီး ငါ ေျပာတဲ့အတိုင္းပဲ လုပ္ ၾကားလား
တပည့္ နားလည္ပါၿပီ
ေနာက္ကြယ္က ႀကိဳးကိုင္သူက မင္းရဲ႕ ရွစ္ရွိုးတို႔၊ ရွစ္က်ဲတို႔ ျဖစ္ေနခဲ့ရင္ ဘယ္လိုလုပ္မလဲ လုက်ိဳးက သူတို႔လက္ခ်က္ မဟုတ္လွ်င္ပင္ သူတို႔ႏွင့္ တစ္နည္းတဖုံ ပတ္သက္ေနလိမ့္မည္ဟု ခံစားခ်က္မ်ိဳး ရေနသည္။
သူတို႔ မျဖစ္နိုင္ပါဘူး သူတို႔က တပည့္ကို အၿမဲတမ္းၾကင္ၾကင္နာနာ ဆက္ဆံေပးတယ္။ တပည့္ရဲ႕ မိသားစုကို ျပန္ေပးဆြဲေလာက္တဲ့ စိတ္ႏွလုံးသားမ်ိဳး မရွိၾကပါဘူး ေရွာင္ယြမ္အာေလးက ဆံပင္ေလးကို လိမ္ကာ ကစားရင္း ေျပာလိုက္သည္။
လုက်ိဳးက ေခါင္းတခါခါျဖင့္ ေတြးလိုက္မိသည္ အရမ္းရိုးလိုက္တာ
အထဲဝင္ၾကစို႔
ရွစ္စြင္း တပည့္ တံခါးသြားေခါက္ေပးပါ့မယ္
ကန္ဖြင့္လိုက္
ေရွာင္ယြမ္အာ
ဝုန္း
တံခါးကား ဘန္းခနဲ ပြင့္သြားေလသည္။ အသံကို ၾကားကာ အေစာင့္မ်ားက ပ်ားမ်ားသဖြယ္ ခ်က္ခ်င္း ထြက္လာၾကၿပီး က်ဴးေက်ာ္သူမ်ားမွာ လူအိုႀကီးတစ္ေယာက္ႏွင့္ မိန္းမငယ္ေလးတစ္ေယာက္ ျဖစ္ေနေၾကာင္း ေတြ႕လိုက္ရသည့္အခါ တစ္ေယာက္က မေခ်မငံ့ ေမးလိုက္သည္။
မု႐ုံမိသားစုရဲ႕တံခါးကို ဘယ္လိုမ်ား ကန္ဖြင့္ရဲတာလဲ သူတို႔ကို ခ်ၾကစမ္း
လုက်ိဳးက အေစာင့္မ်ားကို ၾကည့္ကာ လက္ေဝ့ျပလိုက္သည္။ ေရွာင္ယြမ္အာေလးက လက္ဟန္ကို နားမလည္ဘဲ ေမးလိုက္သည္။
ေနာက္ဆုတ္ရမွာလား
သူတို႔ကို ရိုက္ပစ္
တပည့္ အႀကိဳက္ပဲ သူမက ရွစ္စြင္း ရိုက္ႏွက္မႈကို ခံထားရၿပီးေနာက္ စိတ္ဓာတ္က်ေနခဲ့ေသာ္လည္း ေျဖေလ်ာ့ရမည့္ နည္းလမ္း မရွိခဲ့ေပ။ ယခုအခါ ေပ်ာ္႐ႊင္မႈအတိျဖင့္ မိန္းမငယ္ေလးက သိုးအုပ္ၾကား ဝင္ေတာ့မည့္ ဝံပုေလြတစ္ေကာင္သဖြယ္ လူအုပ္ၾကား ခ်က္ခ်င္း ခုန္ဝင္သြားၿပီး အားလုံးကို လွ်ပ္စီးႏႈန္းျဖင့္ ရိုက္ႏွက္ထိုးခ်ပစ္ေလသည္။
အေစာင့္မ်ားက သူမလႈပ္ရွားမႈမ်ားကို အမီမလိုက္နိုင္ခင္ သူတို႔အားလုံး လႊင့္စင္သြားေလရာ မည္သူကမွ ျပန္လည္ မတိုက္ခိုက္နိုင္လိုက္ၾကေပ။ ခဏေလးအတြင္း တိုက္ပြဲကား အဆုံးသတ္သြားေလ၏။
ေရွာင္ယြမ္အာေလးက ေက်နပ္အားရစြာျဖင့္ လက္ခါကာ အဘိုး သူတို႔က အရမ္းအားနည္းလိုက္တာ
လုက်ိဳးပင္ ဘာျပန္ေျပာရမည္မွန္း မသိေတာ့ေပ။ နတ္ေဒဝါ ဦးတည္ နယ္ပယ္အဆင့္ က်င့္ႀကံသူတစ္ေယာက္က အေစာပိုင္း ခႏၶာတည္ဖြဲ႕ျခင္းအဆင့္မွ အေစာင့္အုပ္စုကို သြား၍ အနိုင္က်င့္ေနသည့္အခါ ဘာကိုမ်ား ႂကြားစရာရွိမည္နည္း။ အေစာင့္မ်ားက ဆိုးဆိုး႐ြား႐ြား ျဖစ္ေနၾကေလသည္။ အားလုံးက ဖူးေယာင္ကာ ႏွာေခါင္းေသြးသံရဲရဲျဖင့္ ေျမျပင္ေပၚ အတုံးအ႐ုံး လဲက်ေနၿပီး ညည္းၫူေနၾကကာ မတ္တတ္ရပ္ဖို႔ပင္ အနိုင္နိုင္ ျဖစ္ေနရွာသည္။
ဆူညံသံမ်ားက အိမ္ေတာ္အျပင္ဘက္ရွိ လူမ်ား၏ အာ႐ုံကို ဖမ္းစားသြားေလသည္။ သိပ္မၾကာခင္ မိသားစုေခါင္းေဆာင္ မု႐ုံဟိုင္လည္း ေနာက္လိုက္က်င့္ႀကံသူမ်ားႏွင့္ ေရာက္ရွိလာသည္။ အျဖစ္အပ်က္ကို ျမင္လိုက္ရသည့္အခါ လုက်ိဳးအား စိုက္ၾကည့္ၿပီး ေမးလိုက္သည္။
ခင္ဗ်ားက ဘယ္သူလဲ
လုက်ိဳးက စိတ္မပါတပါျဖင့္ ဝမ္ဖူေကြ႕က မင္းရဲ႕ အိမ္ေတာ္မွာမလား
သူက ေတာ္ဝင္တပ္ တံဆိပ္ေတာ္ကို အတုလုပ္ထားလို႔ ဖမ္းထားၿပီး အာဏာပိုင္ေတြဆီ ပို႔လိုက္ၿပီ
လုက်ိဳးက အနည္းငယ္ မ်က္ေမွာင္ၾကဳတ္မိသြားသည္။ သူ ေ႐ႊနန္းဥယ်ာဥ္ေတာင္တြင္ ရွိစဥ္အခါက မည္သူကမွ သူ႕အား ဤသို႔မေျပာရဲၾကေပ။
ယြမ္အာ သူ ေကာင္းေကာင္း ေျပာခ်င္လာေအာင္ လုပ္လိုက္
တပည့္ သေဘာေပါက္ပါၿပီ ေရွာင္ယြမ္အာက လက္အေညာင္းအညာဆန႔္လိုက္ရင္း ရယ္ေမာကာ ေျပာလိုက္သည္ ေဟး ေကာင္းေကာင္းေျပာတာ ေကာင္းမယ္
ဒီမိုက္ရိုင္းေနတဲ့ ကေလးမက ဘယ္သူလဲ။ မင္း မိဘေတြက မင္းကို သင္ေပးမထား
မု႐ုံဟိုင္ စကားမဆုံးခင္ ေရွာင္ယြမ္အာေလးက ေနရာမွ ေပ်ာက္ကြယ္သြားၿပီး ေလထုထဲ ပုံရိပ္မ်ားခ်န္ရစ္ကာ သူ႕ဆီ ခ်ည္းကပ္လာေလသည္။ မ်က္စိတစ္မွိတ္အတြင္း သူမက အားလုံးကို ေျမျပင္ေပၚ အေမွာက္သိပ္ခ်လိဳက္၏။
ျဗဟၼာပင္လယ္နယ္ပယ္ရဲ႕ ခ်ီေသြးေၾကာရွစ္ခု ဖြင့္ထားတဲ့သူပဲ မု႐ုံဟိုင္က ေျမျပင္ေပၚ ထိုင္လ်က္ က်သြားေလသည္။
မု႐ုံဟိုင္က ယြမ္အာေလးအား ပုံဆိုးပန္းဆိုးမ်က္ႏွာျဖင့္ ၾကည့္လိုက္သည္။ က်န္လူမ်ားကား ရင္ဘတ္မ်ားတြင္ နီရဲေနၿပီး မလႈပ္ရွားနိုင္ေတာ့ေပ။
အိုး ရွင္က တျခားသူေတြထက္ မာေၾကာပုံပဲ ေရွာင္ယြမ္အာေလးက စိတ္ဝင္စားလာၿပီး ထပ္ရိုက္ဖို႔ ျပင္လိုက္သည္။
မလုပ္ပါနဲ႕ ရပ္ပါေတာ့။ ေက်းဇူးျပဳၿပီး ေတာ္လိုက္ပါေတာ့ မု႐ုံဟိုင္က လက္ကာျပကာ အဆက္မျပတ္ ေတာင္းပန္ေနသည္ တစ္ေယာက္ေယာက္ ဝမ္ဖူေကြ႕ကို လႊတ္ေပးလိုက္ၾကစမ္း။ သူက အဆင္ေျပေျပရွိေနပါတယ္
သိပ္မၾကာခင္ မ်က္ႏွာတစ္ဝိုက္ ဒဏ္ရာအျပည့္ႏွင့္ ဝမ္ဖူေကြ႕ကို လက္ေနာက္တုပ္ထားလ်က္ ေခၚထုတ္လာေလသည္။
ေခြးကို ရိုက္ခ်င္ရင္ သခင္ မ်က္ႏွာၾကည့္ရမယ္ ဆိုေသာ စကားပုံ ရွိေသးသည္ မဟုတ္ပါေလာ။ ေရွာင္ယြမ္အာက ျမင္ကြင္းကို ျမင္လိုက္ရသည့္အခါ ေဒါသထြက္သြားေတာ့သည္။
အဘိုး
စိတ္ႀကိဳက္သာ လုပ္လိုက္
ေရွာင္ယြမ္အာက လက္ဆစ္ခ်ိဳးရင္း အံ့ႀကိတ္ကာ ေျပာလိုက္သည္ ဖူေကြ႕ကို ဘယ္သူရိုက္တာလဲ
လူအုပ္ၾကား တိတ္ဆိတ္သြားကာ မည္သူမွ သူမအား ျပန္မေျဖရဲၾကေပ။ သူမ စြမ္းအားကို ျပသထားၿပီးေနာက္တြင္ မည္သူမ်ား ဝန္ခံရဲမည္နည္း။ မု႐ုံမိသားစု၏ က်င့္ႀကံသူမ်ားက သူမအတြက္ သာမန္လူမ်ားႏွင့္ မျခားနားလွေပ။
ရွင့္လက္ခ်က္ပဲ ေရွာင္ယြမ္အာက မု႐ုံဟိုင္ကို လက္ညိုးထိုးကာ ေျပာလိုက္သည္။
မဟုတ္ .. မဟုတ္ပါဘူး မု႐ုံဟိုင္က အဆက္မျပတ္ ျငင္းလိုက္သည္။ ဝမ္ဖူေကြ႕လိုမ်ိဳး အေစခံတစ္ေယာက္ကို အိမ္ေတာ္ေခါင္းေဆာင္ ျဖစ္သည့္ သူကိုယ္တိုင္ ႏွိပ္စက္ဖို႔ ထိုက္တန္မည္လား။
ဟုတ္ပါတယ္ ရွင့္လက္ခ်က္ပါ ေရွာင္ယြမ္အာက မ်က္စိတစ္မွိတ္အတြင္း မု႐ုံဟိုင္ေရွ႕ ေရာက္လာၿပီး လက္သီးျဖင့္ ထိုးခ်လိဳက္သည္။
ေဖာင္း ေဖာင္း ေဖာင္း
လုက်ိဳးက အၾကည့္လႊဲထားလိုက္သည္။
လက္သီးခ်က္အနည္းငယ္ ခံယူၿပီးေနာက္ မု႐ုံဟိုင္၏ မ်က္ႏွာမွာ ဖူးေယာင္လာကာ ႏွာေခါင္းေသြးလဲ စီးက်လာသည္ က်ဳပ္ကို ဘာလို႔ လုပ္ရတာလဲ။ ခင္ဗ်ားတို႔နဲ႕ ဘာရန္ေႂကြးမွ မရွိပါဘူးဗ်ာ သူက ငိုႀကီးရွိုက္မအသံျဖင့္ ေျပာလိုက္သည္။
လုက်ိဳးက ေမးလိုက္၏။
စီမိသားစု ျပန္ေပးဆြဲခံလိုက္ရတဲ့အေၾကာင္း သိလား
လူအုပ္က တိတ္ဆိတ္သြားေလ၏။
ျမန္ျမန္ေျဖဖို႔ မလိုဘူး လုက်ိဳးက ထပ္ေျပာလိုက္သည္။ ထို႔ေနာက္ သူက ေရွာင္ယြမ္အာဘက္ လွည့္ကာ တကယ္လို႔ သူ လိမ္ေနေသးတယ္လို႔ ငါ ခံစားေနရတုန္းဆိုရင္ သူ႕ေျခေထာက္ကိုသာ ခ်ိဳးပစ္လိုက္
ဟုတ္ အဘိုး ေရွာင္ယြမ္အာေလးက လူတစ္ေယာက္ကို ရိုက္နိုင္ေၾကာင္း ၾကားလိုက္ရသည့္အခါ စိတ္တက္ႂကြလာသည္။
မု႐ုံဟိုင္က စိတ္ဓာတ္က်လာမိကာ စိတ္ထဲမွ ငါ ဘယ္လိုေျဖရမလဲ တစ္ေယာက္ေယာက္ ေျပာၾကပါဦး
က်န္လူမ်ားက မသိမသာ ေနာက္ဆုတ္လိုက္ၾကသည္။
ဟုတ္ကဲ့ က်ဳပ္ သိထားပါတယ္
ဘယ္သူလုပ္တာလဲ
က်ဳပ္အေနနဲ႕ သူတို႔ကို အားေကာင္းတဲ့ က်င့္ႀကံသူေတြ ေနာက္ခံေပးထားတယ္ဆိုတာပဲ သိတာပါ။ က်ဳပ္မိသားစုနဲ႕ စီမိသားစုက ရန္ဘက္ေတြဆိုေပမဲ့ သူတို႔အိမ္ေတာ္ကို တစ္ညတည္းနဲ႕ လူရာခ်ီ ျပန္ေပးဆြဲနိုင္ေလာက္တဲ့ စြမ္းရည္မ်ိဳး မရွိပါဘူး မု႐ုံဟိုင္က ေျပာလိုက္သည္။
အားေကာင္းတဲ့ က်င့္ႀကံသူေတြလား
မု႐ုံဟိုင္က ဝမ္ဖူေကြ႕အား တစ္ခ်က္ၾကည့္လိုက္သည္။ ဤလူအိုႀကီးသည္ စီမိသားစုႏွင့္ ဆက္ဆံေရးေကာင္းေၾကာင္း မွန္းဆမိလိုက္ၿပီးေနာက္ ေျပာလိုက္သည္။
ဆရာႀကီး က်ဳပ္စကားနားေထာင္ပါ အဲဒီလူေတြကို သြားရန္မစသင့္ဘူး
သူတို႔ကို သိလား
မု႐ုံဟိုင္က ေခါင္းခါကာ မသိပါဘူး။ က်ဳပ္အေနနဲ႕ အဲဒီလူေတြက ေ႐ႊနန္းဥယ်ာဥ္ေတာင္နဲ႕ ဆက္စပ္ေနတယ္ဆိုတာပဲ သိတာပါ။ ေ႐ႊနန္းဥယ်ာဥ္ေတာင္ကို သိတယ္မလား
မသိဘူး ေျပာျပပါဦး
သူက ေ႐ႊနန္းဥယ်ာဥ္ေတာင္ကို မၾကားဖူးဘူးတဲ့ ၿပီးေတာ့ သူ႕ရဲ႕ အရွိန္အဝါနဲ႕ ဟန္ပန္ကို ၾကည့္ရတာ ေလာကႀကီးနဲ႕ အဆက္အသြယ္ျပတ္ေနတဲ့ သူေတာ္စင္ က်င့္ႀကံသူပဲ ျဖစ္လိမ့္မယ္
ေ႐ႊနန္းဥယ်ာဥ္ေတာင္ထိပ္မွာ မိစ္ဆာဂိုဏ္းခ်ဳပ္ ရွိတယ္ေလ။ သူဆီမွာ တပည့္ကိုးေယာက္ ရွိတယ္။ တစ္ေယာက္ခ်င္းစီကလည္း နာမည္ဆိုးနဲ႕ ေက်ာ္ၾကားတယ္။ အဲဒီက်င့္ႀကံသူအုပ္စုက ေ႐ႊနန္းဥယ်ာဥ္ေတာင္ထိပ္က မိစ္ဆာေတြနဲ႕ပတ္သက္ေနတာ ျဖစ္ဖို႔မ်ားတယ္ သူတို႔က မ်က္ေတာင္မခတ္ဘဲ လူသတ္ပစ္ၿပီးေတာ့ မေကာင္းတာမွန္သမွ် အကုန္လုပ္တယ္။ ဆရာႀကီးက ၾကင္နာတတ္တဲ့သူဆိုေတာ့ သူတို႔ကို ရန္သြားမစမိဖို႔ပဲ ေျပာခ်င္တယ္ဗ်ာ
...