伪装学渣
Wei Zhuang Xue Zha
UNICODE
စာညံ့တဲ့ကျောင်းသားဖြစ်ရတဲ့ဝန်က လေးလွန်းတယ်
ဆူညံလွန်းလှသည့် လျှပ်စစ်စီးကြောင်းသံတစ်သံကြောင့် ရှဲ့ယွီနိုးသွားခဲ့ရ၏။
မနက်(၆)နာရီအချိန် ၊ ခွေးရူးမှာ အသံလွှင့်စက်မှနေ အသံနေအသံထားဖြင့်စတင်အော်ပြောနေပြီဖြစ်သည်။
"မနက်ခင်းဆိုတာ အားမာန်အပြည့်နဲ့ တက်ကြွနေတဲ့အချိန်ပဲ ၊ လုံးဝမပျင်းရိကြပါနဲ့ အားလုံးပဲနိုးကြားတက်ကြွစွာနဲ့ နေ့သစ်ကိုကြိုဆို စိန်ခေါ်မှုအသစ်တွေကိုကြိုဆိုကြ။"
"ကျောင်းသားကျောင်းသူတို့ မင်းတို့တွေအဆင်သင့်ဖြစ်နေပြီလို့ ငါယုံကြည်တယ်!"
ခွေးရူး၏ စကားနှစ်ခွန်းပင်အဆုံးမသတ်သေး ကော်ရစ်တာထက်ဆူညံပွက်လောရိုက်နေပြီဖြစ်သည်။
"ချီးကိုအဆင်သင့်ဖြစ်ရမှာလား!"
"ဒါအမိနိုင်ငံရဲ့အဖူးအညွန့်လေးတွေကို ဖျက်စီးနေတာပဲကွ—- —-!"
"ဘော်ဒါတို့ မင်းတို့ငါ့ကိုမတားကြနဲ့တော့ ၊ ငါတက်ပြီးလျှပ်စစ်ကြိုးသွားဖျက်ပြီပဲ ၊ အဲ့အစုတ်အပြတ်အသံလွှင့်စက်ကို ဒီနေ့ငါသေချာပေါက်ကို စုတ်ဖြဲပစ်ဦးမယ် သူသေကိုယ်သေပဲ ဒီလိုကြီးဆက်မနေနိုင်တော့ဘူး။"
သူသည် ထိုအသံတွေကိုကြားနေရရင်းမှ မျက်ဝန်းတို့ကိုမှိတ်ကာ ခဏမျှငြိမ်နေလိုက်၏။ ပြီးနောက်မှ အချိန်ကြည့်ရန် လက်ထဲရောက်တာနှင့် ကောက်ပေါက်ပစ်တတ်သည်သာများသည့် ကုတင်ခေါင်းရင်းရှိနှိုးစက်အားလှမ်းယူဖို့စိတ်ကူးမိလေသည်။
သို့သော်ငြား သူ့မှာလက်ချောင်းတို့ကိုသာလှုပ်ရသေးသည် တစ်ကိုယ်လုံးနာကျင်လျက်ရှိကြောင်းခံစားမိရ၏။
ရှဲ့ယွီ မျက်ဝန်းတို့အားတစ်ဝက်မျှဖွင့်မိခိုက်မှာပဲ အမြင်အာရုံထဲသို့ ဟယ့်ကျောင်း၏ဘေးတစ်စောင်းကျကျမျက်နှာကဝင်ရောက်လာခဲ့သည်။ တစ်ယောက်အိပ်ကုတင်ထက် နှစ်ယောက်တိုးကပ်အိပ်ရသည်မှာအနည်းငယ်ကျပ်ညှပ်လှ၍ နေရာနည်းနည်းကျယ်စေရန်ဘေးစောင်းအိပ်မှသာရလေသည်။
ထိုသူမှာမနိုးသေး ၊ သို့တိုင်ဆူညံသံတို့ကြောင့် အနှောက်အယှက်ဖြစ်ကာ ရှဲ့ယွီခါးထက်တင်ထားသည့်လက်မှာ မရည်ရွယ်ဘဲခပ်တင်းတင်းဖက်တွယ်လို့လာသည်။
ရှဲ့ယွီအကြည့်တို့ ထိုသူ့မျက်နှာမှ အောက်အနည်းငယ်ရွေ့မိစဉ်မှာပဲ ဟယ့်ကျောင်းလည်တိုင်ထက်စီက သိပ်မသိသာသည့်အနီမှတ်အနည်းငယ်နှင့်ကြုံဆုံကာ မနေ့ညကနဲ့ဆက်နွယ်သည့် မှတ်ဉာဏ်တို့လည်းတစ်စတစ်စပြန်ပေါ်လာခဲ့ရသည်။
. . . . . .
ထိုအရာများက သူကုပ်ဆွဲမိခြင်းကြောင့် ဖြစ်ပေါ်သောအရာများပင်။
ရှဲ့ယွီသည် ခေါင်းအုံးထက်ခေါင်းကိုနစ်မြုပ်မတတ်တိုးဝင်ရင်း တဖန်မျက်ဝန်းတို့ကိုမှိတ်ထားလိုက်၏။ မနေ့ညကပုံရိပ်တို့မှာ ရုပ်ရှင်တစ်ကားနောက်ကြောင်းပြန်သကဲ့သို့ ခေါင်းထဲဝင်ရောက်လာနေတော့သည်။
သူ့၌ကား ဘယ်သူအပေါ်ဘယ်သူအောက်ဖြစ်ရမယ်ဆိုပြီး ခံယူထားချက်မျိုးမရှိ ၊ ကိုယ်တိုင်ကအေးတိအေးစက်စရိုက်ရှိသူဖြစ်တာကြောင့် ဟယ့်ကျောင်းသာမဟုတ်ပါက အနှီလူသာမဟုတ်ပါက ထိုသို့ပြုလိုခြင်းမျိုးပင် ရှိမည်မဟုတ်လောက်။
ထပ်ပေါင်းအနေနဲ့ မနေ့ညကသောက်တာများသွားတာလည်းပါ၏။ ခေါင်းကြည်ကာအသိရှိနေသည်မှန်သော်ငြား ချုပ်ထိန်းမထားတော့လေဘဲ ဟယ့်ကျောင်းထံမှအုပ်မိုးလုပ်လို့လာခြင်းကိုသာ ခံလိုက်တော့သည်။
ခွေးရူးရဲ့ ဒုတိယမိန့်ခွန်းစတင်ပြောလာချိန်အခါမှ ဟယ့်ကျောင်းကလုံးလုံးနိုးလာလေပြီး ဆံပင်တွေကိုဆွဲဖွရင်း တိုးတိုးလေးမေးလာသည်။
"မောနင်း ဘယ်နှစ်နာရီရှိပြီလဲ?"
ရှဲ့ယွီမှာ 'မဆူနဲ့ ကိုယ့်ဘာသာကြည့်'ဟုပြောချင်မိရပေမယ့် လည်ချောင်းတစ်လျှောက်ခြောက်ကပ်နေကာ စကားသံတို့တိမ်ဝင်လျက်ရှိကြောင်းသိလိုက်ရသည်။
သူသည် ခဏမျှငြိမ်နေလိုက်ကာ အဆုံးမှာတော့ ဘာမှမပြောဖြစ်တော့ဘဲ စောင်ကိုဖယ်ကာ ကုတင်ထက်မှထလိုက်ပြီး ခြေဗလာနှင့်ပဲကြမ်းခင်းထက်ဆင်းလိုက်ပါသည်။ ကြမ်းခင်းထက်ခြေချမိသည့် တဒင်္ဂမှာပဲ စစ်ခနဲနာကာတစ်ချက်ညည်းမိရရင်းမှ အသက်ပြင်းပြင်းရှူမိရ၏။
မနေ့ညက လုပ်တာနည်းနည်းကြမ်းသွားမှန်း ဟယ့်ကျောင်းလည်းသိသည်။ သို့တိုင် ကနဦးတွင်မူရှဲ့ယွီမှာ ကုတင်ထက်ခေါင်းမာလျက်ဖြင့်ကို သူ့အားလာဆွခြင်းပါပေ။
"မင်းလုပ်မှာလား မလုပ်ဘူးလား။"
နောက်ဆုံးသူ့ဘက်ကတကယ်ကြီး လုပ်မိပြန်တော့လည်း မခံနိုင်ဘဲရှိ၏ ၊ တစ်ကိုယ်လုံးကတောင့်ခဲနေလျက်မှ မျိုသိပ်အောင့်ခံနေပြီးနောက် တဖန်မလိုလားစွာဖြင့် သက်ညှာပေးဖို့တောင်းဆိုလာပြန်သည်။
ထိုအကြောင်းပြန်တွေးမိရင်းမှ ဟယ့်ကျောင်းလည်းထထိုင်ကာ မေးလိုက်သည်။
"နာနေသေးတုန်းလား?"
ရှဲ့ယွီ အနည်းငယ်ဒေါပွလာရ၏။
အောက်ရှိအဝတ်တို့ကိုသာ တစ်ထည်ပြီးတစ်ထည်ငုံ့ကောက်မိသည်။ အရက်နာကျခြင်းကြောင့် ခေါင်းကိုက်နေသည့်အပြင် တစ်ကိုယ်လုံးလည်းမသက်မသာဖြစ်၍နေ၏။
"မင်းပြောကြည့်လေ။"
ဟယ့်ကျောင်း : "ဒါဆို ကိုယ်နောက်တစ်ခါကြ. . . . . ."
"နောက်တစ်ခါဆိုတာ ထပ်မရှိတော့ဘူး။"
ရှဲ့ယွီ တံခါးကိုဆွဲဖွင့်ရင်းမှ ပြောခဲ့လိုက်ပါသည်။
"စကေးကညံ့ချက်။"
နှစ်ဦးစလုံး၌ အတွေ့အကြုံကားမရှိ ၊ ဟယ့်ကျောင်းလှုပ်ရှားမှုတို့ကကြမ်းတမ်းပြီး မညှာမတာဖြင့် စိတ်လိုက်မာန်ပါရှိပေရာ စကေးအကြောင်းတော့ ပြောစရာစကားပင်မရှိ။
သို့သော်ငြား ကိုယ်ခန္ဓာသာယာမှုထက် စိတ်ခံစားချက်သာယာမှုကပို၏။
ဒီလူက ငါ့အပိုင်။
သံသယအလျဉ်းပင်မရှိ။
ခန္ဓာကိုယ်ထက်က အစိတ်အပိုင်းတိုင်းအကုန် သူ့အပိုင်ပါပေ။
ရှဲ့ယွီက အစကတော့အခန်းပြန်ယူစရာရှိတာယူပြီး အတန်းသွားမနက်ပိုင်းအချိန်တက်ဖို့ စိတ်ကူးမိပေမယ့် မိမိခန္ဓာကိုယ်အားလည်း ထည့်တွက်ရသေး၏။
နေ့လည်အထိအိပ်ပစ်လိုက်ပြီး နေ့လည်ထမင်းစားနားချိန်မှသာနိုးလို့လာခဲ့သည်။
ဟယ့်ကျောင်းတစ်ယောက် နေ့လည်စာဆွဲကာ တံခါးတွန်းဖွင့်ဝင်လာချိန်၌ ရှဲ့ယွီကစောင်ထဲကွေးလျက်ရှိနေလေသည်။
"ထ နည်းနည်းလောက်စားပြီးမှ ဆက်အိပ်. ."
ဟယ့်ကျောင်းသည် လက်ထဲကထမင်းဘူးအား စားပွဲထက်တင်လိုက်ပြီး ကုတင်ဘေးနားလျှောက်သွားကာ လက်ဆန့်၍ရှဲ့ယွီဆံပင်တို့ထက်နှစ်ချက်မျှ ပွတ်သပ်လိုက်သည်။
"လိမ္မာတယ် စကားနားထောင်နော်။"
သူ့အားတုံ့ပြန်လာသည်မှာတော့ သူ့ကိုယ်ထက်ထိမှန်လာသည့် ရှဲ့ယွီပစ်ပေါက်ထည့်လိုက်သည့် ခေါင်းအုံးပါပေ။
". . . . . ."
ရှဲ့ယွီက ပစ်ပေါက်ပြီးမှထထိုင်လာကာ စောင်သည်လည်းခါးအောက်သို့ပင်လျှောကျသွားခဲ့ပြီး ကိုယ်ထက်ဝတ်ထားသည့်အင်္ကျီမှာ မသေမသပ်ဖြင့် ကော်လာမှာလည်း ပွင့်ဟရွဲ့စောင်းနေ၏။
ဟယ့်ကျောင်းမှာ တစ်ချက်မျှသာကြည့်ပြီး ထပ်မကြည့်ရဲတော့။
ရှဲ့ယွီသည် ကုတင်ထက်မှဆင်းလိုက်ပြီး အဝတ်ဗီရိုထဲမှလျှော်ပြီးသားအဝတ်နှစ်ထည်အား ငုံ့ယူလိုက်ပါသည်။
ဟယ့်ကျောင်းက ရေချိုးခန်းတံခါးကိုမှီကာ အထဲကရေကျသံတို့ကိုနားထောင်ရင်း ဆိုင်းမဆင့်ဗုံမဆင့်ဆိုလို့လာသည်။
"မနက်က နောက်ကျတဲ့သူတော်တော်များတယ် ၊ လောင်ထန်ကသူတို့ကို ကော်ရစ်တာဆွဲခေါ်ပြီးတစ်ယောက်ချင်းမေးတော့တာ ၊ အဲ့ကောင်တွေကလည်း တစ်ယောက်တစ်မျိုးဆင်ခြေတွေရှာပေးလာတော့တာပဲ. . . . . ."
မနက်က ကျောင်းနောက်ကျသူတော်တော်များ၏ ၊ မနေ့ညကခေါင်မိုးထက်၌ ဘီယာသောက်ရင်း လူ့ဘဝအကြောင်းပြောဆိုဆွေးနွေးကြသည့် အဆောင်နေကျောင်းသားအကုန်နီးပါး မနက်တွင်မထနိုင်ဘဲရှိကြလေသည်။ ခုနှစ်ယောက်ရှစ်ယောက်လောက် ပြုံကာအတန်းအပေါက်ဝ၌တန်းစီရပ်နေကြရ၏။
လောင်ထန်မှာ သဘောကောင်းသူဖြစ်ရပေမယ့် ယခုလိုတစ်ပြုံလိုက်ကြီးနောက်ကျကြတဲ့ဖြစ်ရပ်မျိုးကိုတော့ ပထမဆုံးအကြိမ်ကြုံတွေ့ဖူးခြင်းဖြစ်လေရာ. .
"မင်းတို့တွေ ဘယ်လိုဖြစ်ကြတာလဲ ၊ မနေ့ညကဘာတွေများလုပ်ထားကြတာလဲ?"
သင်းလျန့်ဟွာက အတော်ကြာဝေ့လည်ကြောင်ပတ်လုပ်နေပြီးမှ ပြောလာသည်။
". . . . . . တောင်းပန်ပါတယ်ဆရာ ကျွန်တော်အအိပ်လွန်သွားလို့။"
လောင်ထန်က ထိပ်ဆုံးမှနေနောက်ဆုံးထိ တစ်ယောက်ချင်းမေးလေတော့သည်။
ဆင်ခြေရှာကြရမှာပေမယ့် တစ်ယောက်နဲ့တစ်ယောက်ထပ်နေလို့ကလည်းမဖြစ်။ လောင်ထန်ကမေးလေလေ စိတ်ကူးစိတ်သန်းတို့အား စိန်ခေါ်ရလေလေပင်။
အဆုံးမှာတော့ ထိုသူတို့မှာ လမ်းလျှောက်နေရင်းတစ်ဝက်မှာပဲ ဘောင်းဘီပြဲသွားလို့ဆိုသည့် ဆင်ခြေမျိုးတွေပင်ပေးလာကြတော့သည်။
"ဆရာ ကျွန်တော် စာသင်ဆောင်အောက်ရောက်ရုံပဲရှိသေးတယ် ရုတ်တရက်ကြီးအောက်ဘက်ကနေ အဝတ်စပြဲသံကြီးကြားလိုက်ရရော. . . . . . အဲ့အခိုက်အတန့်မှာပဲ ကျွန်တော့်အချိန်တွေလည်း ရပ်တန့်သွားပြီး အရောင်အသွေးစုံလင်နေတဲ့လောကကြီးတစ်ခုလုံး အဖြူအမည်းပြောင်းလဲသွားတော့တာပဲ။"
ဟယ့်ကျောင်းတုပပြောလာပုံက အတော်လေးဆင်တူ၏။
ရှဲ့ယွီ ရေပန်းခလုတ်ကိုပိတ်လိုက်ရင်းမှ ဝေဖန်လိုက်ပါသည်။
"သူ့ခေါင်များချောင်သွားတာလား။"
ရေချိုးခန်းထဲက ရေကျသံတို့မှာဖြည်းဖြည်းချင်း တိတ်လို့သွားခဲ့သည်။
"မင်းဘယ်လိုနေသေးလဲ. ."
ဟယ့်ကျောင်း ထပ်လို့ပြောလိုက်ပါသည်။
". . . . . . နေ့လည်ပိုင်းမတက်ရင်လည်း မတက်နဲ့တော့ ၊ မင်းခဏလောက်ဆက်အိပ်ရင်အိပ်လိုက် ၊ လောင်ထန်စီ ကိုယ်ခွင့်သွားတိုင်လိုက်မယ်။"
တစ်ကိုယ်လုံးမသက်မသာဖြင့် သိပ်နေလို့မကောင်းရှိသော်ငြား ဟယ့်ကျောင်းစိတ်ပူနေသလောက်ကြီးထိတော့မဆိုး။
ရှဲ့ယွီသည် အင်္ကျီထပ်ဝတ်လိုက်ရင်းမှ တံခါးဖွင့်ကာပြောလိုက်ပါသည်။
"ငါက ကျိုးနေတာလည်းမဟုတ်ဘူး။"
"ကိုယ့်စကေးက တကယ်ညံ့တာလားဟင်. ."
ဟယ့်ကျောင်းမှာ ဘေးသို့နှစ်လှမ်းမျှဆုပ်ကာနေရာဖယ်ပေးရင်း မနက်ကစကားတစ်ခွန်းအားလည်း အလွန်အလေးအနက်ထားလျက်ရှိချေသည်။
"မင်းအသံက သာယာနေခဲ့တာမဟုတ်ဘူးလား။"
". . . . . ."
အဲ့တာက မင်းမေလူး နာလို့ကွဟု ရှဲ့ယွီအလွန်မှ ပြောပစ်ချင်သွားရ၏။
ထမင်းစားပြီးနောက် အချိန်လည်းဘယ်လောက်မှမလိုတော့တာနှင့် ရှဲ့ယွီနှင့်ဟယ့်ကျောင်းတို့နှစ်ယောက်သားလည်း အတန်းပြန်လာကြခိုက် အပြင်ထွက်လာသည့်ဝမ့်သာနှင့် ဝင်တိုက်မိကုန်သည်။
"အစ်ကိုယွီ မင်းရောက်လာပြီပေါ့? တကယ်ပါဘီယာမဝယ်လိုက်သင့်ဘူး ငါဆိုမနက်ကနိုးကိုမနိုးတာ ငါ့အတန်းဖော် ကုတင်ပေါ်ကကန်ချလို့သာ တော်သေးတာ. . . . . ."
ဝမ့်သာမှာ စကားဆိုနေရင်းမှ ဘယ်နားကမူမမှန်နေမှန်းခံစားမိလာရ၍ အထပ်ထပ်ကြည့်မိလေသည်။ ရှဲ့ယွီလည်ပင်းထက်က ကော်လာအနီးနားကနေရာ၌ရှိနေသည့်အနီရောင်အမှတ်လေးအား မသဲမကွဲလှမ်းမြင်လိုက်ရ၏။
ရှဲ့ယွီအသားအရေမှာ နဂိုကတည်းကဖြူလှပေရာ အနားသို့ပင်တိုးကပ်ကြည့်ပါက အရေပြားထက်ကသွေးကြောစိမ်းများကိုပင်မြင်လို့တွေ့ရသည်။
ထိုအနီမှတ်လေးမှာဆို အလွန်မှသိသာလွန်းနေ၏။
"ဟုတ်သား. ."
ရှဲ့ယွီလျှောက်ထွက်သွားကာမှ ဝမ့်သာလည်း ခေါင်းကိုရိုက်မိရင်း သတိရလို့သွားသည်။
"ခုနကလောင်ထန်လာသွားသေးတယ်ရယ် ၊ မင်းကို သူ့ရုံးခန်းလာခဲ့ဦးတဲ့။"
ဒီစာသင်နှစ်မှာတော့ ရှဲ့ယွီသည် အတန်းလစ်တာနည်းပြီး ပြဿနာရှာ ရန်ဖြစ်တာတွေလည်းမလုပ်တော့ရာ အရင်ကထက်စလျှင် အတော်လေးစိတ်အေးရ၏။
ဘာသာရပ်ဆရာတိုင်းပင် ထို'ရေပန်းစားလှတဲ့ပုဂ္ဂိုလ်'နှစ်ဦးအကြောင်း အမြဲလိုလိုပြောဆိုဖြစ်ကြသည်။
"အဲ့ဟယ့်ကျောင်းလေ ရှေ့နှစ်ဝက်နောက်ဆုံးစာမေးပွဲဖြေထားတာ မဆိုးဘူးပဲ. ."
ဆရာမတစ်ဦးမှာ အိမ်စာတွေစစ်ပေးပြီးနောက် ထိုင်ခုံနောက်မှီကိုလှန်ချကာ နေ့လည်နေခင်းခဏလောက်အိပ်မည်ပြင်ရင်း နှုတ်မှလည်းနှစ်ခွန်းမျှဆိုလာသည်။
"လောင်ဝူက ကောင်းကောင်းသင်ပြတတ်တာပဲ ၊ (၄၉)မှတ်တောင်ရယ် တော်တော်လေးမဆိုးဘူး ၊ ကျွန်မမှတ်မိတာတော့ အရင်တုန်းကဆို(၁၀)မှတ် အမှတ်(၂၀)လောက်ပဲရတာ. . . . . ."
နေ့လည်ပိုင်းထမင်းစားနားချိန်တွင် ဆရာတွေရုံးခန်းထဲ၌ ဘယ်ကျောင်းသားမှမရှိ ၊ ဆရာတွေသာလျှင် တစ်ယောက်တစ်ခွန်းစကားဆိုနေကြလေ၏။
လောင်ထန်ကတော့ စကားဝိုင်းထဲဝင်မပါ ၊ လုပ်လက်စအလုပ်များကိုသာလုပ်နေလျက် ရှဲ့ယွီထံမှတံခါးခေါက်လာပါမှ ခေါင်းထောင်လို့လာသည်။
"လာပြီလား? ထိုင်။"
လောင်ထန်က သူမနက်ပိုင်းအတန်းလစ်တဲ့ကိစ္စကိုပြောမည်ဟုသာ ရှဲ့ယွီထင်မိလေ၍ 'နောက်တစ်ခါမဖြစ်စေရပါဘူး'ဟု ပြောမည်အပြုမှာပဲ လောင်ထန်မှာသူ့လက်ထဲက စာရွက်အထပ်လိုက်ကြီးအား ရှဲ့ယွီအနားတွန်းပို့ပေးလာသည်။
အပေါ်ဆုံးA4စာရွက်ထက်ရေးသားထားသည်မှာကား - စာမေးပွဲဖြေဆိုဖို့ရာ အဓိကကျသည့်အချက်များနှင့် အနှစ်ချုပ် ဟူ၏။
အကုန်လုံးက အခြေခံကျသည့်အရာများပေ ၊ အလယ်တန်းတုန်းက သိသင့်သည့်အချက်များကစလို့ ပြင်ဆင်လို့ပေးထားပြီး ပထမဆုံးတစ်ကြောင်းသည်ကား 'စိစစ်သရုပ်ခွဲစာစီစာကုံး ရေးနည်း'အကြောင်းဖြစ်ကာ အရေးကြီးနေရာတို့အား မင်နီဖြင့်လုပ်ထားပေးလေသည်။
ရှဲ့ယွီသည် ကြည့်ရင်းမှကြက်သေသေကာ ခဏချင်းတွင်းမည်သို့ပြောရမည်ပင်မသိတော့။
"ဒါတွေအားလုံး ပိတ်ရက်မှာဆရာအချိန်ရှာလုပ်ပေးထားတာ ၊ အပြည့်စုံကြီးရယ်တော့မဟုတ်ဘူးပေါ့ ၊ မင်းပြန်ရင် ဟယ့်ကျောင်းနဲ့အတူကြည့်ချေ ဒါမှမဟုတ်မိတ္တူတစ်ခုထပ်ဆွဲလိုက်လည်းရတယ်။"
လောင်ထန်က ရေဘူးကိုလှည့်ဖွင့်ပြီး Gojiရေနွေးကြမ်းအားငှဲ့လိုက်သည်။
"မင်းတို့ရဲ့ အခုဖြစ်နေတဲ့ပြဿနာက လေ့လာမှတ်သားမှုအားနည်းနေလို့ ၊ ဒါတွေကများများကြည့် များများမှတ်မှရတာ ၊ ဒါမှမေးခွန်းဖြေရာမှာလည်း ဘယ်လိုနည်းနဲ့ဖြေရမယ်ဆိုတာကို သိနေမှာ. . . . . ."
'အချိန်ရှာလုပ်ပေးထားတာ'ဟုဆိုပေမယ့် ထိုအချက်အလက်တို့အားတစ်ချက်ကြည့်လိုက်တာနှင့် အချိန်အတော်လေးအကုန်ခံလုပ်ပေးထားမှန်း သိသာ၏။
ထို့နောက် လောင်ထန်မှာ တဖန်တွေးဆလျက်မှဆိုလာပြန်သည်။
"မင်းရဲ့အခုအဆင့်နဲ့ဆို တက္ကသိုလ်ဝင်စာမေးပွဲဖြေဖို့က နည်းနည်းအန္တရာယ်များတယ်။"
ရှဲ့ယွီမှာတော့ ထိုဆရာဘာတွေပြောနေမှန်းကို နားမလည်တော့။
". . . . . ."
"ကိစ္စတော့မရှိပါဘူး ဒါပေမယ့် ဆရာတွေပေးလိုက်တဲ့သင်ရိုးပြင်ပအိမ်စာတွေကိုတော့ စမ်းပြီးလုပ်ကြည့်ကြည့်. ."
လောင်ထန်က သက်ပြင်းချကာ ဆက်လို့ပြောလာသည်။
"ပြီးတော့ အတန်းတက်နေချိန်မှာ ရုပ်ပြစာအုပ်တွေပဲဖတ်မနေနဲ့။"
ကျောင်းပြန်ဖွင့်သည့်အချိန်မှစလို့ ရှဲ့ယွီသည် စာညံ့တဲ့ကျောင်းသားအဖြစ်ထပ်ဟန်မဆောင်တော့သော်ငြား လူအများအမြင်၌ လေးလေးနက်နက်မရှိ ၊ အနာဂတ်အတွက်မျှော်လင့်ချက်အလားအလာပင်မရှိတဲ့ပုံစံမျိုးတော့ ဖြစ်နေစဲပါပင်။
အမှတ်(၂)ရဲ့သင်ကြားရေးက ခက်ခဲမှုနှုန်းမမြင့် ၊ ပုံမှန်ပေးနေကြ သင်ရိုးပြင်ပအိမ်စာတို့က လွယ်ကူလွန်းလှရာ သူနှင့်ဟယ့်ကျောင်းမှာဆို လုပ်ပင်မလုပ်ဖြစ်။ နှစ်ချက်မျှကြည့်လိုက်တာနှင့် အဖြေကိုတန်းသိနေပြီဖြစ်ရာ ချရေးနေစရာပင်မလိုအပ် ၊ ထိုအပုဒ်တို့ထက်အချိန်ဖြုန်းနေမည့်အစား ပုစ္ဆာအခက်တွေကိုသာများများလုပ်လိုက်တော့မည်ဖြစ်သည်။
အတန်းတက်နေချိန်တွင်လည်း ထိုနည်း၎င်းပင် ၊ စိတ်ဝင်စားဖို့ကောင်းမှသာ ခဏမျှခေါင်းထောင်လိုက်ကြည့်မိပြီး ကျန်အချိန်များကိုတော့ဖြင့် ကိုယ်တိုင်ဝယ်ထားသည့် အိုလံပစ်ပုစ္ဆာများကိုသာကြည့်နေဖြစ်သည်။
ယခုစာသင်နှစ်စသည်မှာ လဝက်မျှပင်မရှိသေးလေရာ စာမေးပွဲလည်းမဖြေရသေးဘဲရှိ၏။ ကိုယ်ထက်က'စာညံ့တဲ့ကျောင်းသား'ဆိုသည့်ဝန်ထုပ်ဝန်ပိုးမှာလေးလံလွန်းပြီး ဘယ်လိုမှချွတ်ချလို့မရရှိနေခြင်းကို ရှဲ့ယွီပထမဆုံးခံစားမိလာရသည်။
ရှဲ့ယွီသည် နှုတ်ဟ၍ ဆရာ့အား မဟုတ်ဘူးဟုပြောချင်မိရ၏။
"ဟုတ်သား ဒါရောပဲ။"
လောင်ထန်သည် ရေနွေးအားသောက်ပြီးနောက် ဘူးကိုပြန်ချကာ အံဆွဲတွင်းမှဖိုင်တစ်ခုအားထုတ်ယူလိုက်သည်။
ထိုဖိုင်အတွင်းမှာတော့ သူနှင့်ဟယ့်ကျောင်းရဲ့ အရင်ကစာမေးပွဲအဖြေလွှာများရှိနေလေသည်။
သူနှင့်ဟယ့်ကျောင်းတို့ နှစ်ယောက်လုံးပဲ ဘယ်တုန်းကမှ ပုစ္ဆာအမှားတို့ကိုအမှန်ပြန်မပြင်ချေ။ သို့တိုင်ယခုအခါမှာတော့ ပုစ္ဆာအမှားတို့ဘေး၌ လောင်ထန်က မင်နီဖြင့်ရေးမှတ်ပေးထား၏ ၊ အဖြေမှန်ကိုရေးထားပေးရုံသာမက ဖြေရှင်းနည်းအဆင့်ဆင့်နှင့် နမူနာနည်းများအားလည်း မှတ်စုစာရွက်လေးများထက်ရေးကာ ဘေးနားကပ်ထားပေးလေ၏။
ရှဲ့ယွီမှာ လုံးလုံးကိုစကားမဆိုနိုင်ရှိရ၏။
ကျောင်းသားဆိုးဆိုတဲ့ဝန်က အဆမတန်လေးလွန်းလာပြီးကို ပေါက်ကွဲထွက်လာတော့မတတ်ခံစားလာရတော့သည်။
လောင်ထန်ကဲ့သို့သောဆရာမျိုးအား ရှဲ့ယွီမကြုံတွေ့ခဲ့ဖူးပါချေ။
အရင်ဟေးရွှေလမ်းမှာနေစဉ်အခါတုန်းကတော့အဆင့်ကောင်းလှသဖြင့် အတန်းပိုင်မှာသူ့အား အမြဲလိုလိုပြိုင်ပွဲတို့ဝင်ပြိုင်ခိုင်းတတ်သည်ကလွဲ ဆရာများနှင့်က တခြားဘာအဆက်အဆံမှမရှိခဲ့။ အမှတ်(၂)သို့ရောက်လာခဲ့ပြီးနောက်မှာတော့ ဘာသာရပ်ဆရာများထံမှ ပြဿနာမရှာဖို့နှင့် အေးအေးဆေးဆေးနေ ပြဿနာမရှာရင်ကိုဖြစ်တယ်ဟု တောင်းဆိုလာခြင်းခံရသည်။
ထိုစာရွက်အထပ်လိုက်ကိုကြည့်ပြီး အရင်တစ်ခေါက် ဟယ့်ကျောင်းပြောခဲ့သည့် 'သူတို့တွေလန့်ဖျန့်ကုန်ကြမှာ စိုးလို့'ဆိုသည့်စကားအား ရှဲ့ယွီနားလည်လိုက်သည်။ ထိုအခန်း(3)ကအတန်းပိုင်ဆရာမှာ သူနှင့်ဟယ့်ကျောင်းအား ပံ့ပိုးပေးဖို့လိုအပ်သည့်ကျောင်းသားလေးတွေဟုသာ အတည်ကြီးမှတ်ယူထားရှာလေသည်။
ပြီးတော့ ပုံမှန်ဆို သူ့တို့အဆင့်တွေအတွက်နဲ့ စိုးရိမ်ပူပန်လျက်ရှိပါသည့် ရွှယ်ဝေ။
ဟယ့်ကျောင်းတစ်ယောက် နောက်ဆုံးစာမေးပွဲ၌ အမှတ်အတော်များများတိုးလာတုန်းကဆိုလည်း အခန်း(3)ကထိုတစ်စုမှာ အတန်းgroup chatထဲ ကိုယ်အမှတ်များများရတာထက်တောင် ပိုလို့ဝမ်းသာနေခဲ့ကြသည်ပင်။
. . . . . .
လက်ထဲက ထိုစာရွက်အထပ်လိုက်ကြီးမှာ ရုတ်တရက်ပိုလို့ပင်လေလံလာခဲ့သလိုရှိ၏။
လောင်ထန်မှာ အချိန်ကြည့်ကာ ကျောင်းတက်ဖို့ဘယ်လောက်မှမလိုတော့တာနှင့် လက်ပြကာပြောလိုက်တော့သည်။
"ရပြီ အတန်းပြန်တော့။"
ရှဲ့ယွီထိုစာရွက်အထပ်လိုက်ကိုယူ၍ အတန်းပြန်ချိန်တွင် အခန်း(3)အတွင်းကားဆူညံပွက်လောရိုက်နေလေသည်။ ကျောင်းကဘာအားကစားအစီအစဉ်တွေလုပ်ဖို့ရှိပြန်သည်မသိ လော်ဝိန်ချန်မှာစာရွက်ကိုင်လျက် အော်ပြောလာ၏။
"—- —- လူရှိသေးလား ၊ ဘယ်သူပါဝင်ချင်သေးလဲ?"
ဟယ့်ကျောင်းမှာ နောက်နားတွင်ထိုင်ရင်း လိုက်လျှောက်အော်နေရင်းမှ သူလာသည်ကိုတွေ့သည်နှင့် ပါးစပ်ပိတ်သွားတော့သည်။
ရှဲ့ယွီ စာရွက်တို့အားစားပွဲထက်ပစ်တင်လိုက်တာနှင့် ဟယ့်ကျောင်းကလှမ်းယူကြည့်လာသည်။
"လောင်ထန်က မင်းကိုရှာပြီးဘာတွေပြောလိုက်တာလဲ ၊ ဒါတွေကရောဘာကြီးတွေလဲ?"
"မှတ်စုတွေ. ."
ရှဲ့ယွီသည် ပြောပြီးနောက် အသံတိတ်သက်ပြင်းချရင်း ခဏမျှတွေဝေနေပြီးမှ မေးလိုက်ပါသည်။
"မင်း. . . . . .ဟိုပလန်ချထားတဲ့စာအုပ်ရော? ငါကြည့်ကြည့်မယ်။"
"ဘာကြီး?"
ရှဲ့ယွီပြောလိုက်၏။
"မသိမသာနဲ့ အမှတ်တိုးဖို့လုပ်မယ့်အစီအစဉ်ဆိုတာလေ။"
လော်ဝိန်ချန်ကတော့ စင်ထက်မှနေ မည်သူပါဝင်ဦးမလဲအားမေးလို့နေစဲရှိ၏။
တစ်ယောက်မှာ အခုမှအပြင်ကပြန်ရောက်လာပြီး ထိုစကားအားကြားလိုက်၍ တစ်ခွန်းမျှလှမ်းမေးလာသည်။
"ဘာပြိုင်ပွဲလဲ?"
လော်ဝိန်ချန်က ပြောသည်။
"ဘတ်စကက်ဘောပြိုင်ပွဲ! စိတ်လှုပ်ရှားစရာပဲဟုတ်? ယောက်ျားတို့ရဲ့သွေးတွေဆူပွက်လာတယ်လို့ ခံစားမိကြတယ်မလား?"
"ပြောတော့ကြ ပယ်ဖျက်လိုက်တာဆို။"
"ဝမ့်သာပြောတာတော့ ခွေးရူးက အထက်ကိုခဏခဏတင်ပြရင်း နောက်ဆုံးတော့ထောက်ခံစာပြန်ကျလာတယ်တဲ့. . . . . ."
မနှစ်ကဘတ်စကက်ဘောပြိုင်ပွဲမှာဆို အဆုံး၌ရန်ပွဲဖြစ်လုနီးဖြစ်သွားခဲ့၍ ခွေးရူးမှာဆို ထိုကိစ္စအားတစ်ကျောင်းလုံးရှေ့ချပြအပြစ်ဖော်ဆုံးမလာတော့သည်။ ပြင်းပြင်းထန်ထန်ကိုဆူပူကြိမ်းမောင်းကာ ထိုအစီအစဉ်ကိုဖျက်သိမ်းပစ်မည်ဟုလည်း ခြိမ်ခြောက်လာလျက် သူတို့အား ကြက်တောင်ကိုခြေဖြင့်ခတ်ရသည့်ကစားနည်းကိုပဲ သွားကစားခိုင်းလေတော့သည်။
သို့တိုင် ကျောင်းရဲ့ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ထံ တိတ်တဆိတ်နဲ့ တင်ပြတောင်းဆိုပြီး ဘတ်စကက်ဘောပြိုင်ပွဲအားပြန်ကျင်းပဖို့ လုပ်လာတာကလည်း ခွေးရူးပါပင်။
ကျောင်းတက်ခေါင်းလောင်းထိုးလာချိန်အခါမှာတော့ သူတို့လည်း နှမြောတသစွာဖြင့်ဘတ်စကက်ဘောအကြောင်းပြောနေခြင်းအား ရပ်လိုက်ကြရပြီး လောင်ဝူမှာအတန်းထဲဝင်လာလျက်မှ ဆူလာတော့၏။
"မင်းတို့က အစည်းအဝေးကျင်းပနေကြတာပေါ့လေ ကျောင်းတက်ခေါင်းလောင်းထိုးတာ မကြားကြဘူးလား?"
နေ့လည်ပိုင်းပထမအချိိန်တွင်တော့ လောင်ဝူကသိရမည့်အချက်တချို့အကြောင်းပြောပြလာပြီး အတန်းထဲမှာတင်သူတို့အား ပိုင်နိုင်လေအောင်လေ့ကျင့်ခန်းအပုဒ်တွေပါတွက်ခိုင်းလာသည်။
စာသင်ခန်းအတွင်း၌ စာရေးကိရိယာတို့အားလှမ်းယူစဉ် စားပွဲနှင့်ထိတိုက်မိသည့်အသံတို့နှင့် ကျောင်းသားတချို့ခေါင်းချင်းဆိုင်ကာ မေးခွန်းအကြောင်းခပ်တိုးတိုးဆွေးနွေးနေကြသံတို့သာလျှင် ရှိတော့လေသည်။
ရှဲ့ယွီမှာ ဘောပင်ကိုဆုပ်ကိုင်ထားလျက်ရှိ၏ ၊ စားပွဲထက်တွင်တော့ ဆရာတွေအကုန်ကရုပ်ပြစာအုပ်ဟုထင်နေကြသည့် အိုလံပစ်မေးခွန်းစာအုပ်ရှိနေလေသည်။
စိတ်ထဲ အနည်းငယ်လည်း စိတ်ပျက်လက်ပျက်ဖြစ်နေမိ၏။
ဟယ့်ကျောင်းက စားပွဲထက်မှောက်အိပ်နေပေမယ့် အိပ်မပျော်ဘဲရှိ၍ လက်ဆန့်ကာရှဲ့ယွီလက်ထဲက ဘောပင်အားဆွဲယူလိုက်ပါသည်။
"မင်းဘယ်လိုတွေးထားလဲ?"
ရှဲ့ယွီလက်ထဲလစ်ဟာလို့သွားရလေသည် ၊ သူသည် အိုလံပစ်မေးခွန်းစာအုပ်အားပိတ်လိုက်ရင်းမှ - ဘယ်လိုတွေးရဦးမှာလဲ ၊ စာညံ့တဲ့ကျောင်းသားဖြစ်ရတဲ့ဝန်က လေးလွန်းနေရုံပါပဲ ဟုစိတ်ထဲမှနေဆိုမိလျက် ပြောလိုက်ပါသည်။
"အခြားသူတွေကို အခွင့်အလမ်းလေးပေးရဦးမလားလို့ တွေးနေတာ။"
ZAWGYI
အခန္း(၉၃)
စာညံ့တဲ့ေက်ာင္းသားျဖစ္ရတဲ့ဝန္က ေလးလြန္းတယ္
ဆူညံလြန္းလွသည့္ လၽွပ္စစ္စီးေၾကာင္းသံတစ္သံေၾကာင့္ ရွဲ႕ယြီနိုးသြားခဲ့ရ၏။
မနက္(၆)နာရီအခ်ိန္ ၊ ေခြး႐ူးမွာ အသံလႊင့္စက္မွေန အသံေနအသံထားျဖင့္စတင္ေအာ္ေျပာေနၿပီျဖစ္သည္။
"မနက္ခင္းဆိုတာ အားမာန္အျပည့္နဲ႔ တက္ႂကြေနတဲ့အခ်ိန္ပဲ ၊ လုံးဝမပ်င္းရိၾကပါနဲ႔ အားလုံးပဲနိုးၾကားတက္ႂကြစြာနဲ႔ ေန႔သစ္ကိုႀကိဳဆို စိန္ေခၚမွုအသစ္ေတြကိုႀကိဳဆိုၾက။"
"ေက်ာင္းသားေက်ာင္းသူတို႔ မင္းတို႔ေတြအဆင္သင့္ျဖစ္ေနၿပီလို႔ ငါယုံၾကည္တယ္!"
ေခြး႐ူး၏ စကားႏွစ္ခြန္းပင္အဆုံးမသတ္ေသး ေကာ္ရစ္တာထက္ဆူညံပြက္ေလာရိုက္ေနၿပီျဖစ္သည္။
"ခ်ီးကိုအဆင္သင့္ျဖစ္ရမွာလား!"
"ဒါအမိနိုင္ငံရဲ့အဖူးအညြန့္ေလးေတြကို ဖ်က္စီးေနတာပဲကြ—- —-!"
"ေဘာ္ဒါတို႔ မင္းတို႔ငါ့ကိုမတားၾကနဲ႔ေတာ့ ၊ ငါတက္ၿပီးလၽွပ္စစ္ႀကိဳးသြားဖ်က္ၿပီပဲ ၊ အဲ့အစုတ္အျပတ္အသံလႊင့္စက္ကို ဒီေန႔ငါေသခ်ာေပါက္ကို စုတ္ျဖဲပစ္ဦးမယ္ သူေသကိုယ္ေသပဲ ဒီလိုႀကီးဆက္မေနနိုင္ေတာ့ဘူး။"
သူသည္ ထိုအသံေတြကိုၾကားေနရရင္းမွ မ်က္ဝန္းတို႔ကိုမွိတ္ကာ ခဏမၽွၿငိမ္ေနလိုက္၏။ ၿပီးေနာက္မွ အခ်ိန္ၾကည့္ရန္ လက္ထဲေရာက္တာႏွင့္ ေကာက္ေပါက္ပစ္တတ္သည္သာမ်ားသည့္ ကုတင္ေခါင္းရင္းရွိႏွိုးစက္အားလွမ္းယူဖို႔စိတ္ကူးမိေလသည္။
သို႔ေသာ္ျငား သူ႔မွာလက္ေခ်ာင္းတို႔ကိုသာလွုပ္ရေသးသည္ တစ္ကိုယ္လုံးနာက်င္လ်က္ရွိေၾကာင္းခံစားမိရ၏။
ရွဲ႕ယြီ မ်က္ဝန္းတို႔အားတစ္ဝက္မၽွဖြင့္မိခိုက္မွာပဲ အျမင္အာ႐ုံထဲသို႔ ဟယ့္ေက်ာင္း၏ေဘးတစ္ေစာင္းက်က်မ်က္ႏွာကဝင္ေရာက္လာခဲ့သည္။ တစ္ေယာက္အိပ္ကုတင္ထက္ ႏွစ္ေယာက္တိုးကပ္အိပ္ရသည္မွာအနည္းငယ္က်ပ္ညႇပ္လွ၍ ေနရာနည္းနည္းက်ယ္ေစရန္ေဘးေစာင္းအိပ္မွသာရေလသည္။
ထိုသူမွာမနိုးေသး ၊ သို႔တိုင္ဆူညံသံတို႔ေၾကာင့္ အေႏွာက္အယွက္ျဖစ္ကာ ရွဲ႕ယြီခါးထက္တင္ထားသည့္လက္မွာ မရည္ရြယ္ဘဲခပ္တင္းတင္းဖက္တြယ္လို႔လာသည္။
ရွဲ႕ယြီအၾကည့္တို႔ ထိုသူ႔မ်က္ႏွာမွ ေအာက္အနည္းငယ္ေရြ႕မိစဥ္မွာပဲ ဟယ့္ေက်ာင္းလည္တိုင္ထက္စီက သိပ္မသိသာသည့္အနီမွတ္အနည္းငယ္ႏွင့္ၾကဳံဆုံကာ မေန႔ညကနဲ႔ဆက္ႏြယ္သည့္ မွတ္ဉာဏ္တို႔လည္းတစ္စတစ္စျပန္ေပၚလာခဲ့ရသည္။
. . . . . .
ထိုအရာမ်ားက သူကုပ္ဆြဲမိျခင္းေၾကာင့္ ျဖစ္ေပၚေသာအရာမ်ားပင္။
ရွဲ႕ယြီသည္ ေခါင္းအုံးထက္ေခါင္းကိုနစ္ျမဳပ္မတတ္တိုးဝင္ရင္း တဖန္မ်က္ဝန္းတို႔ကိုမွိတ္ထားလိုက္၏။ မေန႔ညကပုံရိပ္တို႔မွာ ႐ုပ္ရွင္တစ္ကားေနာက္ေၾကာင္းျပန္သကဲ့သို႔ ေခါင္းထဲဝင္ေရာက္လာေနေတာ့သည္။
သူ႔၌ကား ဘယ္သူအေပၚဘယ္သူေအာက္ျဖစ္ရမယ္ဆိုၿပီး ခံယူထားခ်က္မ်ိဳးမရွိ ၊ ကိုယ္တိုင္ကေအးတိေအးစက္စရိုက္ရွိသူျဖစ္တာေၾကာင့္ ဟယ့္ေက်ာင္းသာမဟုတ္ပါက အႏွီလူသာမဟုတ္ပါက ထိုသို႔ျပဳလိုျခင္းမ်ိဳးပင္ ရွိမည္မဟုတ္ေလာက္။
ထပ္ေပါင္းအေနနဲ႔ မေန႔ညကေသာက္တာမ်ားသြားတာလည္းပါ၏။ ေခါင္းၾကည္ကာအသိရွိေနသည္မွန္ေသာ္ျငား ခ်ဳပ္ထိန္းမထားေတာ့ေလဘဲ ဟယ့္ေက်ာင္းထံမွအုပ္မိုးလုပ္လို႔လာျခင္းကိုသာ ခံလိုက္ေတာ့သည္။
ေခြး႐ူးရဲ့ ဒုတိယမိန့္ခြန္းစတင္ေျပာလာခ်ိန္အခါမွ ဟယ့္ေက်ာင္းကလုံးလုံးနိုးလာေလၿပီး ဆံပင္ေတြကိုဆြဲဖြရင္း တိုးတိုးေလးေမးလာသည္။
"ေမာနင္း ဘယ္ႏွစ္နာရီရွိၿပီလဲ?"
ရွဲ႕ယြီမွာ 'မဆူနဲ႔ ကိုယ့္ဘာသာၾကည့္'ဟုေျပာခ်င္မိရေပမယ့္ လည္ေခ်ာင္းတစ္ေလၽွာက္ေျခာက္ကပ္ေနကာ စကားသံတို႔တိမ္ဝင္လ်က္ရွိေၾကာင္းသိလိုက္ရသည္။
သူသည္ ခဏမၽွၿငိမ္ေနလိုက္ကာ အဆုံးမွာေတာ့ ဘာမွမေျပာျဖစ္ေတာ့ဘဲ ေစာင္ကိုဖယ္ကာ ကုတင္ထက္မွထလိုက္ၿပီး ေျခဗလာႏွင့္ပဲၾကမ္းခင္းထက္ဆင္းလိုက္ပါသည္။ ၾကမ္းခင္းထက္ေျခခ်မိသည့္ တဒဂၤမွာပဲ စစ္ခနဲနာကာတစ္ခ်က္ညည္းမိရရင္းမွ အသက္ျပင္းျပင္းရွူမိရ၏။
မေန႔ညက လုပ္တာနည္းနည္းၾကမ္းသြားမွန္း ဟယ့္ေက်ာင္းလည္းသိသည္။ သို႔တိုင္ ကနဦးတြင္မူရွဲ႕ယြီမွာ ကုတင္ထက္ေခါင္းမာလ်က္ျဖင့္ကို သူ႔အားလာဆြျခင္းပါေပ။
"မင္းလုပ္မွာလား မလုပ္ဘူးလား။"
ေနာက္ဆုံးသူ႔ဘက္ကတကယ္ႀကီး လုပ္မိျပန္ေတာ့လည္း မခံနိုင္ဘဲရွိ၏ ၊ တစ္ကိုယ္လုံးကေတာင့္ခဲေနလ်က္မွ မ်ိဳသိပ္ေအာင့္ခံေနၿပီးေနာက္ တဖန္မလိုလားစြာျဖင့္ သက္ညႇာေပးဖို႔ေတာင္းဆိုလာျပန္သည္။
ထိုအေၾကာင္းျပန္ေတြးမိရင္းမွ ဟယ့္ေက်ာင္းလည္းထထိုင္ကာ ေမးလိုက္သည္။
"နာေနေသးတုန္းလား?"
ရွဲ႕ယြီ အနည္းငယ္ေဒါပြလာရ၏။
ေအာက္ရွိအဝတ္တို႔ကိုသာ တစ္ထည္ၿပီးတစ္ထည္ငုံ႔ေကာက္မိသည္။ အရက္နာက်ျခင္းေၾကာင့္ ေခါင္းကိုက္ေနသည့္အျပင္ တစ္ကိုယ္လုံးလည္းမသက္မသာျဖစ္၍ေန၏။
"မင္းေျပာၾကည့္ေလ။"
ဟယ့္ေက်ာင္း : "ဒါဆို ကိုယ္ေနာက္တစ္ခါၾက. . . . . ."
"ေနာက္တစ္ခါဆိုတာ ထပ္မရွိေတာ့ဘူး။"
ရွဲ႕ယြီ တံခါးကိုဆြဲဖြင့္ရင္းမွ ေျပာခဲ့လိုက္ပါသည္။
"စေကးကညံ့ခ်က္။"
ႏွစ္ဦးစလုံး၌ အေတြ႕အၾကဳံကားမရွိ ၊ ဟယ့္ေက်ာင္းလွုပ္ရွားမွုတို႔ကၾကမ္းတမ္းၿပီး မညႇာမတာျဖင့္ စိတ္လိုက္မာန္ပါရွိေပရာ စေကးအေၾကာင္းေတာ့ ေျပာစရာစကားပင္မရွိ။
သို႔ေသာ္ျငား ကိုယ္ခႏၶာသာယာမွုထက္ စိတ္ခံစားခ်က္သာယာမွုကပို၏။
ဒီလူက ငါ့အပိုင္။
သံသယအလ်ဥ္းပင္မရွိ။
ခႏၶာကိုယ္ထက္က အစိတ္အပိုင္းတိုင္းအကုန္ သူ႔အပိုင္ပါေပ။
ရွဲ႕ယြီက အစကေတာ့အခန္းျပန္ယူစရာရွိတာယူၿပီး အတန္းသြားမနက္ပိုင္းအခ်ိန္တက္ဖို႔ စိတ္ကူးမိေပမယ့္ မိမိခႏၶာကိုယ္အားလည္း ထည့္တြက္ရေသး၏။
ေန႔လည္အထိအိပ္ပစ္လိုက္ၿပီး ေန႔လည္ထမင္းစားနားခ်ိန္မွသာနိုးလို႔လာခဲ့သည္။
ဟယ့္ေက်ာင္းတစ္ေယာက္ ေန႔လည္စာဆြဲကာ တံခါးတြန္းဖြင့္ဝင္လာခ်ိန္၌ ရွဲ႕ယြီကေစာင္ထဲေကြးလ်က္ရွိေနေလသည္။
"ထ နည္းနည္းေလာက္စားၿပီးမွ ဆက္အိပ္. ."
ဟယ့္ေက်ာင္းသည္ လက္ထဲကထမင္းဘူးအား စားပြဲထက္တင္လိုက္ၿပီး ကုတင္ေဘးနားေလၽွာက္သြားကာ လက္ဆန့္၍ရွဲ႕ယြီဆံပင္တို႔ထက္ႏွစ္ခ်က္မၽွ ပြတ္သပ္လိုက္သည္။
"လိမၼာတယ္ စကားနားေထာင္ေနာ္။"
သူ႔အားတုံ႔ျပန္လာသည္မွာေတာ့ သူ႔ကိုယ္ထက္ထိမွန္လာသည့္ ရွဲ႕ယြီပစ္ေပါက္ထည့္လိုက္သည့္ ေခါင္းအုံးပါေပ။
". . . . . ."
ရွဲ႕ယြီက ပစ္ေပါက္ၿပီးမွထထိုင္လာကာ ေစာင္သည္လည္းခါးေအာက္သို႔ပင္ေလၽွာက်သြားခဲ့ၿပီး ကိုယ္ထက္ဝတ္ထားသည့္အကၤ်ီမွာ မေသမသပ္ျဖင့္ ေကာ္လာမွာလည္း ပြင့္ဟရြဲ႕ေစာင္းေန၏။
ဟယ့္ေက်ာင္းမွာ တစ္ခ်က္မၽွသာၾကည့္ၿပီး ထပ္မၾကည့္ရဲေတာ့။
ရွဲ႕ယြီသည္ ကုတင္ထက္မွဆင္းလိုက္ၿပီး အဝတ္ဗီရိုထဲမွေလၽွာ္ၿပီးသားအဝတ္ႏွစ္ထည္အား ငုံ႔ယူလိုက္ပါသည္။
ဟယ့္ေက်ာင္းက ေရခ်ိဳးခန္းတံခါးကိုမွီကာ အထဲကေရက်သံတို႔ကိုနားေထာင္ရင္း ဆိုင္းမဆင့္ဗုံမဆင့္ဆိုလို႔လာသည္။
"မနက္က ေနာက္က်တဲ့သူေတာ္ေတာ္မ်ားတယ္ ၊ ေလာင္ထန္ကသူတို႔ကို ေကာ္ရစ္တာဆြဲေခၚၿပီးတစ္ေယာက္ခ်င္းေမးေတာ့တာ ၊ အဲ့ေကာင္ေတြကလည္း တစ္ေယာက္တစ္မ်ိဳးဆင္ေျခေတြရွာေပးလာေတာ့တာပဲ. . . . . ."
မနက္က ေက်ာင္းေနာက္က်သူေတာ္ေတာ္မ်ား၏ ၊ မေန႔ညကေခါင္မိုးထက္၌ ဘီယာေသာက္ရင္း လူ႔ဘဝအေၾကာင္းေျပာဆိုေဆြးေႏြးၾကသည့္ အေဆာင္ေနေက်ာင္းသားအကုန္နီးပါး မနက္တြင္မထနိုင္ဘဲရွိၾကေလသည္။ ခုႏွစ္ေယာက္ရွစ္ေယာက္ေလာက္ ျပဳံကာအတန္းအေပါက္ဝ၌တန္းစီရပ္ေနၾကရ၏။
ေလာင္ထန္မွာ သေဘာေကာင္းသူျဖစ္ရေပမယ့္ ယခုလိုတစ္ျပဳံလိုက္ႀကီးေနာက္က်ၾကတဲ့ျဖစ္ရပ္မ်ိဳးကိုေတာ့ ပထမဆုံးအႀကိမ္ၾကဳံေတြ႕ဖူးျခင္းျဖစ္ေလရာ. .
"မင္းတို႔ေတြ ဘယ္လိုျဖစ္ၾကတာလဲ ၊ မေန႔ညကဘာေတြမ်ားလုပ္ထားၾကတာလဲ?"
သင္းလ်န့္ဟြာက အေတာ္ၾကာေဝ့လည္ေၾကာင္ပတ္လုပ္ေနၿပီးမွ ေျပာလာသည္။
". . . . . . ေတာင္းပန္ပါတယ္ဆရာ ကၽြန္ေတာ္အအိပ္လြန္သြားလို႔။"
ေလာင္ထန္က ထိပ္ဆုံးမွေနေနာက္ဆုံးထိ တစ္ေယာက္ခ်င္းေမးေလေတာ့သည္။
ဆင္ေျခရွာၾကရမွာေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ထပ္ေနလို႔ကလည္းမျဖစ္။ ေလာင္ထန္ကေမးေလေလ စိတ္ကူးစိတ္သန္းတို႔အား စိန္ေခၚရေလေလပင္။
အဆုံးမွာေတာ့ ထိုသူတို႔မွာ လမ္းေလၽွာက္ေနရင္းတစ္ဝက္မွာပဲ ေဘာင္းဘီျပဲသြားလို႔ဆိုသည့္ ဆင္ေျခမ်ိဳးေတြပင္ေပးလာၾကေတာ့သည္။
"ဆရာ ကၽြန္ေတာ္ စာသင္ေဆာင္ေအာက္ေရာက္႐ုံပဲရွိေသးတယ္ ႐ုတ္တရက္ႀကီးေအာက္ဘက္ကေန အဝတ္စျပဲသံႀကီးၾကားလိုက္ရေရာ. . . . . . အဲ့အခိုက္အတန့္မွာပဲ ကၽြန္ေတာ့္အခ်ိန္ေတြလည္း ရပ္တန့္သြားၿပီး အေရာင္အေသြးစုံလင္ေနတဲ့ေလာကႀကီးတစ္ခုလုံး အျဖဴအမည္းေျပာင္းလဲသြားေတာ့တာပဲ။"
ဟယ့္ေက်ာင္းတုပေျပာလာပုံက အေတာ္ေလးဆင္တူ၏။
ရွဲ႕ယြီ ေရပန္းခလုတ္ကိုပိတ္လိုက္ရင္းမွ ေဝဖန္လိုက္ပါသည္။
"သူ႔ေခါင္မ်ားေခ်ာင္သြားတာလား။"
ေရခ်ိဳးခန္းထဲက ေရက်သံတို႔မွာျဖည္းျဖည္းခ်င္း တိတ္လို႔သြားခဲ့သည္။
"မင္းဘယ္လိုေနေသးလဲ. ."
ဟယ့္ေက်ာင္း ထပ္လို႔ေျပာလိုက္ပါသည္။
". . . . . . ေန႔လည္ပိုင္းမတက္ရင္လည္း မတက္နဲ႔ေတာ့ ၊ မင္းခဏေလာက္ဆက္အိပ္ရင္အိပ္လိုက္ ၊ ေလာင္ထန္စီ ကိုယ္ခြင့္သြားတိုင္လိုက္မယ္။"
တစ္ကိုယ္လုံးမသက္မသာျဖင့္ သိပ္ေနလို႔မေကာင္းရွိေသာ္ျငား ဟယ့္ေက်ာင္းစိတ္ပူေနသေလာက္ႀကီးထိေတာ့မဆိုး။
ရွဲ႕ယြီသည္ အကၤ်ီထပ္ဝတ္လိုက္ရင္းမွ တံခါးဖြင့္ကာေျပာလိုက္ပါသည္။
"ငါက က်ိဳးေနတာလည္းမဟုတ္ဘူး။"
"ကိုယ့္စေကးက တကယ္ညံ့တာလားဟင္. ."
ဟယ့္ေက်ာင္းမွာ ေဘးသို႔ႏွစ္လွမ္းမၽွဆုပ္ကာေနရာဖယ္ေပးရင္း မနက္ကစကားတစ္ခြန္းအားလည္း အလြန္အေလးအနက္ထားလ်က္ရွိေခ်သည္။
"မင္းအသံက သာယာေနခဲ့တာမဟုတ္ဘူးလား။"
". . . . . ."
အဲ့တာက မင္းေမလူး နာလို႔ကြဟု ရွဲ႕ယြီအလြန္မွ ေျပာပစ္ခ်င္သြားရ၏။
ထမင္းစားၿပီးေနာက္ အခ်ိန္လည္းဘယ္ေလာက္မွမလိုေတာ့တာႏွင့္ ရွဲ႕ယြီႏွင့္ဟယ့္ေက်ာင္းတို႔ႏွစ္ေယာက္သားလည္း အတန္းျပန္လာၾကခိုက္ အျပင္ထြက္လာသည့္ဝမ့္သာႏွင့္ ဝင္တိုက္မိကုန္သည္။
"အစ္ကိုယြီ မင္းေရာက္လာၿပီေပါ့? တကယ္ပါဘီယာမဝယ္လိုက္သင့္ဘူး ငါဆိုမနက္ကနိုးကိုမနိုးတာ ငါ့အတန္းေဖာ္ ကုတင္ေပၚကကန္ခ်လို႔သာ ေတာ္ေသးတာ. . . . . ."
ဝမ့္သာမွာ စကားဆိုေနရင္းမွ ဘယ္နားကမူမမွန္ေနမွန္းခံစားမိလာရ၍ အထပ္ထပ္ၾကည့္မိေလသည္။ ရွဲ႕ယြီလည္ပင္းထက္က ေကာ္လာအနီးနားကေနရာ၌ရွိေနသည့္အနီေရာင္အမွတ္ေလးအား မသဲမကြဲလွမ္းျမင္လိုက္ရ၏။
ရွဲ႕ယြီအသားအေရမွာ နဂိုကတည္းကျဖဴလွေပရာ အနားသို႔ပင္တိုးကပ္ၾကည့္ပါက အေရျပားထက္ကေသြးေၾကာစိမ္းမ်ားကိုပင္ျမင္လို႔ေတြ႕ရသည္။
ထိုအနီမွတ္ေလးမွာဆို အလြန္မွသိသာလြန္းေန၏။
"ဟုတ္သား. ."
ရွဲ႕ယြီေလၽွာက္ထြက္သြားကာမွ ဝမ့္သာလည္း ေခါင္းကိုရိုက္မိရင္း သတိရလို႔သြားသည္။
"ခုနကေလာင္ထန္လာသြားေသးတယ္ရယ္ ၊ မင္းကို သူ႔႐ုံးခန္းလာခဲ့ဦးတဲ့။"
ဒီစာသင္ႏွစ္မွာေတာ့ ရွဲ႕ယြီသည္ အတန္းလစ္တာနည္းၿပီး ျပႆနာရွာ ရန္ျဖစ္တာေတြလည္းမလုပ္ေတာ့ရာ အရင္ကထက္စလၽွင္ အေတာ္ေလးစိတ္ေအးရ၏။
ဘာသာရပ္ဆရာတိုင္းပင္ ထို'ေရပန္းစားလွတဲ့ပုဂၢိဳလ္'ႏွစ္ဦးအေၾကာင္း အျမဲလိုလိုေျပာဆိုျဖစ္ၾကသည္။
"အဲ့ဟယ့္ေက်ာင္းေလ ေရွ႕ႏွစ္ဝက္ေနာက္ဆုံးစာေမးပြဲေျဖထားတာ မဆိုးဘူးပဲ. ."
ဆရာမတစ္ဦးမွာ အိမ္စာေတြစစ္ေပးၿပီးေနာက္ ထိုင္ခုံေနာက္မွီကိုလွန္ခ်ကာ ေန႔လည္ေနခင္းခဏေလာက္အိပ္မည္ျပင္ရင္း ႏွုတ္မွလည္းႏွစ္ခြန္းမၽွဆိုလာသည္။
"ေလာင္ဝူက ေကာင္းေကာင္းသင္ျပတတ္တာပဲ ၊ (၄၉)မွတ္ေတာင္ရယ္ ေတာ္ေတာ္ေလးမဆိုးဘူး ၊ ကၽြန္မမွတ္မိတာေတာ့ အရင္တုန္းကဆို(၁၀)မွတ္ အမွတ္(၂၀)ေလာက္ပဲရတာ. . . . . ."
ေန႔လည္ပိုင္းထမင္းစားနားခ်ိန္တြင္ ဆရာေတြ႐ုံးခန္းထဲ၌ ဘယ္ေက်ာင္းသားမွမရွိ ၊ ဆရာေတြသာလၽွင္ တစ္ေယာက္တစ္ခြန္းစကားဆိုေနၾကေလ၏။
ေလာင္ထန္ကေတာ့ စကားဝိုင္းထဲဝင္မပါ ၊ လုပ္လက္စအလုပ္မ်ားကိုသာလုပ္ေနလ်က္ ရွဲ႕ယြီထံမွတံခါးေခါက္လာပါမွ ေခါင္းေထာင္လို႔လာသည္။
"လာၿပီလား? ထိုင္။"
ေလာင္ထန္က သူမနက္ပိုင္းအတန္းလစ္တဲ့ကိစၥကိုေျပာမည္ဟုသာ ရွဲ႕ယြီထင္မိေလ၍ 'ေနာက္တစ္ခါမျဖစ္ေစရပါဘူး'ဟု ေျပာမည္အျပဳမွာပဲ ေလာင္ထန္မွာသူ႔လက္ထဲက စာရြက္အထပ္လိုက္ႀကီးအား ရွဲ႕ယြီအနားတြန္းပို႔ေပးလာသည္။
အေပၚဆုံးA4စာရြက္ထက္ေရးသားထားသည္မွာကား - စာေမးပြဲေျဖဆိုဖို႔ရာ အဓိကက်သည့္အခ်က္မ်ားႏွင့္ အႏွစ္ခ်ဳပ္ ဟူ၏။
အကုန္လုံးက အေျခခံက်သည့္အရာမ်ားေပ ၊ အလယ္တန္းတုန္းက သိသင့္သည့္အခ်က္မ်ားကစလို႔ ျပင္ဆင္လို႔ေပးထားၿပီး ပထမဆုံးတစ္ေၾကာင္းသည္ကား 'စိစစ္သ႐ုပ္ခြဲစာစီစာကုံး ေရးနည္း'အေၾကာင္းျဖစ္ကာ အေရးႀကီးေနရာတို႔အား မင္နီျဖင့္လုပ္ထားေပးေလသည္။
ရွဲ႕ယြီသည္ ၾကည့္ရင္းမွၾကက္ေသေသကာ ခဏခ်င္းတြင္းမည္သို႔ေျပာရမည္ပင္မသိေတာ့။
"ဒါေတြအားလုံး ပိတ္ရက္မွာဆရာအခ်ိန္ရွာလုပ္ေပးထားတာ ၊ အျပည့္စုံႀကီးရယ္ေတာ့မဟုတ္ဘူးေပါ့ ၊ မင္းျပန္ရင္ ဟယ့္ေက်ာင္းနဲ႔အတူၾကည့္ေခ် ဒါမွမဟုတ္မိတၱဴတစ္ခုထပ္ဆြဲလိုက္လည္းရတယ္။"
ေလာင္ထန္က ေရဘူးကိုလွည့္ဖြင့္ၿပီး Gojiေရေႏြးၾကမ္းအားငွဲ႕လိုက္သည္။
"မင္းတို႔ရဲ့ အခုျဖစ္ေနတဲ့ျပႆနာက ေလ့လာမွတ္သားမွုအားနည္းေနလို႔ ၊ ဒါေတြကမ်ားမ်ားၾကည့္ မ်ားမ်ားမွတ္မွရတာ ၊ ဒါမွေမးခြန္းေျဖရာမွာလည္း ဘယ္လိုနည္းနဲ႔ေျဖရမယ္ဆိုတာကို သိေနမွာ. . . . . ."
'အခ်ိန္ရွာလုပ္ေပးထားတာ'ဟုဆိုေပမယ့္ ထိုအခ်က္အလက္တို႔အားတစ္ခ်က္ၾကည့္လိုက္တာႏွင့္ အခ်ိန္အေတာ္ေလးအကုန္ခံလုပ္ေပးထားမွန္း သိသာ၏။
ထို႔ေနာက္ ေလာင္ထန္မွာ တဖန္ေတြးဆလ်က္မွဆိုလာျပန္သည္။
"မင္းရဲ့အခုအဆင့္နဲ႔ဆို တကၠသိုလ္ဝင္စာေမးပြဲေျဖဖို႔က နည္းနည္းအႏၲရာယ္မ်ားတယ္။"
ရွဲ႕ယြီမွာေတာ့ ထိုဆရာဘာေတြေျပာေနမွန္းကို နားမလည္ေတာ့။
". . . . . ."
"ကိစၥေတာ့မရွိပါဘူး ဒါေပမယ့္ ဆရာေတြေပးလိုက္တဲ့သင္ရိုးျပင္ပအိမ္စာေတြကိုေတာ့ စမ္းၿပီးလုပ္ၾကည့္ၾကည့္. ."
ေလာင္ထန္က သက္ျပင္းခ်ကာ ဆက္လို႔ေျပာလာသည္။
"ၿပီးေတာ့ အတန္းတက္ေနခ်ိန္မွာ ႐ုပ္ျပစာအုပ္ေတြပဲဖတ္မေနနဲ႔။"
ေက်ာင္းျပန္ဖြင့္သည့္အခ်ိန္မွစလို႔ ရွဲ႕ယြီသည္ စာညံ့တဲ့ေက်ာင္းသားအျဖစ္ထပ္ဟန္မေဆာင္ေတာ့ေသာ္ျငား လူအမ်ားအျမင္၌ ေလးေလးနက္နက္မရွိ ၊ အနာဂတ္အတြက္ေမၽွာ္လင့္ခ်က္အလားအလာပင္မရွိတဲ့ပုံစံမ်ိဳးေတာ့ ျဖစ္ေနစဲပါပင္။
အမွတ္(၂)ရဲ့သင္ၾကားေရးက ခက္ခဲမွုႏွုန္းမျမင့္ ၊ ပုံမွန္ေပးေနၾက သင္ရိုးျပင္ပအိမ္စာတို႔က လြယ္ကူလြန္းလွရာ သူႏွင့္ဟယ့္ေက်ာင္းမွာဆို လုပ္ပင္မလုပ္ျဖစ္။ ႏွစ္ခ်က္မၽွၾကည့္လိုက္တာႏွင့္ အေျဖကိုတန္းသိေနၿပီျဖစ္ရာ ခ်ေရးေနစရာပင္မလိုအပ္ ၊ ထိုအပုဒ္တို႔ထက္အခ်ိန္ျဖဳန္းေနမည့္အစား ပုစၧာအခက္ေတြကိုသာမ်ားမ်ားလုပ္လိုက္ေတာ့မည္ျဖစ္သည္။
အတန္းတက္ေနခ်ိန္တြင္လည္း ထိုနည္း၎ပင္ ၊ စိတ္ဝင္စားဖို႔ေကာင္းမွသာ ခဏမၽွေခါင္းေထာင္လိုက္ၾကည့္မိၿပီး က်န္အခ်ိန္မ်ားကိုေတာ့ျဖင့္ ကိုယ္တိုင္ဝယ္ထားသည့္ အိုလံပစ္ပုစၧာမ်ားကိုသာၾကည့္ေနျဖစ္သည္။
ယခုစာသင္ႏွစ္စသည္မွာ လဝက္မၽွပင္မရွိေသးေလရာ စာေမးပြဲလည္းမေျဖရေသးဘဲရွိ၏။ ကိုယ္ထက္က'စာညံ့တဲ့ေက်ာင္းသား'ဆိုသည့္ဝန္ထုပ္ဝန္ပိုးမွာေလးလံလြန္းၿပီး ဘယ္လိုမွခၽြတ္ခ်လို႔မရရွိေနျခင္းကို ရွဲ႕ယြီပထမဆုံးခံစားမိလာရသည္။
ရွဲ႕ယြီသည္ ႏွုတ္ဟ၍ ဆရာ့အား မဟုတ္ဘူးဟုေျပာခ်င္မိရ၏။
"ဟုတ္သား ဒါေရာပဲ။"
ေလာင္ထန္သည္ ေရေႏြးအားေသာက္ၿပီးေနာက္ ဘူးကိုျပန္ခ်ကာ အံဆြဲတြင္းမွဖိုင္တစ္ခုအားထုတ္ယူလိုက္သည္။
ထိုဖိုင္အတြင္းမွာေတာ့ သူႏွင့္ဟယ့္ေက်ာင္းရဲ့ အရင္ကစာေမးပြဲအေျဖလႊာမ်ားရွိေနေလသည္။
သူႏွင့္ဟယ့္ေက်ာင္းတို႔ ႏွစ္ေယာက္လုံးပဲ ဘယ္တုန္းကမွ ပုစၧာအမွားတို႔ကိုအမွန္ျပန္မျပင္ေခ်။ သို႔တိုင္ယခုအခါမွာေတာ့ ပုစၧာအမွားတို႔ေဘး၌ ေလာင္ထန္က မင္နီျဖင့္ေရးမွတ္ေပးထား၏ ၊ အေျဖမွန္ကိုေရးထားေပး႐ုံသာမက ေျဖရွင္းနည္းအဆင့္ဆင့္ႏွင့္ နမူနာနည္းမ်ားအားလည္း မွတ္စုစာရြက္ေလးမ်ားထက္ေရးကာ ေဘးနားကပ္ထားေပးေလ၏။
ရွဲ႕ယြီမွာ လုံးလုံးကိုစကားမဆိုနိုင္ရွိရ၏။
ေက်ာင္းသားဆိုးဆိုတဲ့ဝန္က အဆမတန္ေလးလြန္းလာၿပီးကို ေပါက္ကြဲထြက္လာေတာ့မတတ္ခံစားလာရေတာ့သည္။
ေလာင္ထန္ကဲ့သို႔ေသာဆရာမ်ိဳးအား ရွဲ႕ယြီမၾကဳံေတြ႕ခဲ့ဖူးပါေခ်။
အရင္ေဟးေရႊလမ္းမွာေနစဥ္အခါတုန္းကေတာ့အဆင့္ေကာင္းလွသျဖင့္ အတန္းပိုင္မွာသူ႔အား အျမဲလိုလိုၿပိဳင္ပြဲတို႔ဝင္ၿပိဳင္ခိုင္းတတ္သည္ကလြဲ ဆရာမ်ားႏွင့္က တျခားဘာအဆက္အဆံမွမရွိခဲ့။ အမွတ္(၂)သို႔ေရာက္လာခဲ့ၿပီးေနာက္မွာေတာ့ ဘာသာရပ္ဆရာမ်ားထံမွ ျပႆနာမရွာဖို႔ႏွင့္ ေအးေအးေဆးေဆးေန ျပႆနာမရွာရင္ကိုျဖစ္တယ္ဟု ေတာင္းဆိုလာျခင္းခံရသည္။
ထိုစာရြက္အထပ္လိုက္ကိုၾကည့္ၿပီး အရင္တစ္ေခါက္ ဟယ့္ေက်ာင္းေျပာခဲ့သည့္ 'သူတို႔ေတြလန့္ဖ်န့္ကုန္ၾကမွာ စိုးလို႔'ဆိုသည့္စကားအား ရွဲ႕ယြီနားလည္လိုက္သည္။ ထိုအခန္း(3)ကအတန္းပိုင္ဆရာမွာ သူႏွင့္ဟယ့္ေက်ာင္းအား ပံ့ပိုးေပးဖို႔လိုအပ္သည့္ေက်ာင္းသားေလးေတြဟုသာ အတည္ႀကီးမွတ္ယူထားရွာေလသည္။
ၿပီးေတာ့ ပုံမွန္ဆို သူ႔တို႔အဆင့္ေတြအတြက္နဲ႔ စိုးရိမ္ပူပန္လ်က္ရွိပါသည့္ ရႊယ္ေဝ။
ဟယ့္ေက်ာင္းတစ္ေယာက္ ေနာက္ဆုံးစာေမးပြဲ၌ အမွတ္အေတာ္မ်ားမ်ားတိုးလာတုန္းကဆိုလည္း အခန္း(3)ကထိုတစ္စုမွာ အတန္းgroup chatထဲ ကိုယ္အမွတ္မ်ားမ်ားရတာထက္ေတာင္ ပိုလို႔ဝမ္းသာေနခဲ့ၾကသည္ပင္။
. . . . . .
လက္ထဲက ထိုစာရြက္အထပ္လိုက္ႀကီးမွာ ႐ုတ္တရက္ပိုလို႔ပင္ေလလံလာခဲ့သလိုရွိ၏။
ေလာင္ထန္မွာ အခ်ိန္ၾကည့္ကာ ေက်ာင္းတက္ဖို႔ဘယ္ေလာက္မွမလိုေတာ့တာႏွင့္ လက္ျပကာေျပာလိုက္ေတာ့သည္။
"ရၿပီ အတန္းျပန္ေတာ့။"
ရွဲ႕ယြီထိုစာရြက္အထပ္လိုက္ကိုယူ၍ အတန္းျပန္ခ်ိန္တြင္ အခန္း(3)အတြင္းကားဆူညံပြက္ေလာရိုက္ေနေလသည္။ ေက်ာင္းကဘာအားကစားအစီအစဥ္ေတြလုပ္ဖို႔ရွိျပန္သည္မသိ ေလာ္ဝိန္ခ်န္မွာစာရြက္ကိုင္လ်က္ ေအာ္ေျပာလာ၏။
"—- —- လူရွိေသးလား ၊ ဘယ္သူပါဝင္ခ်င္ေသးလဲ?"
ဟယ့္ေက်ာင္းမွာ ေနာက္နားတြင္ထိုင္ရင္း လိုက္ေလၽွာက္ေအာ္ေနရင္းမွ သူလာသည္ကိုေတြ႕သည္ႏွင့္ ပါးစပ္ပိတ္သြားေတာ့သည္။
ရွဲ႕ယြီ စာရြက္တို႔အားစားပြဲထက္ပစ္တင္လိုက္တာႏွင့္ ဟယ့္ေက်ာင္းကလွမ္းယူၾကည့္လာသည္။
"ေလာင္ထန္က မင္းကိုရွာၿပီးဘာေတြေျပာလိုက္တာလဲ ၊ ဒါေတြကေရာဘာႀကီးေတြလဲ?"
"မွတ္စုေတြ. ."
ရွဲ႕ယြီသည္ ေျပာၿပီးေနာက္ အသံတိတ္သက္ျပင္းခ်ရင္း ခဏမၽွေတြေဝေနၿပီးမွ ေမးလိုက္ပါသည္။
"မင္း. . . . . .ဟိုပလန္ခ်ထားတဲ့စာအုပ္ေရာ? ငါၾကည့္ၾကည့္မယ္။"
"ဘာႀကီး?"
ရွဲ႕ယြီေျပာလိုက္၏။
"မသိမသာနဲ႔ အမွတ္တိုးဖို႔လုပ္မယ့္အစီအစဥ္ဆိုတာေလ။"
ေလာ္ဝိန္ခ်န္ကေတာ့ စင္ထက္မွေန မည္သူပါဝင္ဦးမလဲအားေမးလို႔ေနစဲရွိ၏။
တစ္ေယာက္မွာ အခုမွအျပင္ကျပန္ေရာက္လာၿပီး ထိုစကားအားၾကားလိုက္၍ တစ္ခြန္းမၽွလွမ္းေမးလာသည္။
"ဘာၿပိဳင္ပြဲလဲ?"
ေလာ္ဝိန္ခ်န္က ေျပာသည္။
"ဘတ္စကက္ေဘာၿပိဳင္ပြဲ! စိတ္လွုပ္ရွားစရာပဲဟုတ္? ေယာက္်ားတို႔ရဲ့ေသြးေတြဆူပြက္လာတယ္လို႔ ခံစားမိၾကတယ္မလား?"
"ေျပာေတာ့ၾက ပယ္ဖ်က္လိုက္တာဆို။"
"ဝမ့္သာေျပာတာေတာ့ ေခြး႐ူးက အထက္ကိုခဏခဏတင္ျပရင္း ေနာက္ဆုံးေတာ့ေထာက္ခံစာျပန္က်လာတယ္တဲ့. . . . . ."
မႏွစ္ကဘတ္စကက္ေဘာၿပိဳင္ပြဲမွာဆို အဆုံး၌ရန္ပြဲျဖစ္လုနီးျဖစ္သြားခဲ့၍ ေခြး႐ူးမွာဆို ထိုကိစၥအားတစ္ေက်ာင္းလုံးေရွ႕ခ်ျပအျပစ္ေဖာ္ဆုံးမလာေတာ့သည္။ ျပင္းျပင္းထန္ထန္ကိုဆူပူႀကိမ္းေမာင္းကာ ထိုအစီအစဥ္ကိုဖ်က္သိမ္းပစ္မည္ဟုလည္း ၿခိမ္ေျခာက္လာလ်က္ သူတို႔အား ၾကက္ေတာင္ကိုေျချဖင့္ခတ္ရသည့္ကစားနည္းကိုပဲ သြားကစားခိုင္းေလေတာ့သည္။
သို႔တိုင္ ေက်ာင္းရဲ့ႀကီးၾကပ္ကြပ္ကဲေရးအဖြဲ႕ထံ တိတ္တဆိတ္နဲ႔ တင္ျပေတာင္းဆိုၿပီး ဘတ္စကက္ေဘာၿပိဳင္ပြဲအားျပန္က်င္းပဖို႔ လုပ္လာတာကလည္း ေခြး႐ူးပါပင္။
ေက်ာင္းတက္ေခါင္းေလာင္းထိုးလာခ်ိန္အခါမွာေတာ့ သူတို႔လည္း ႏွေျမာတသစြာျဖင့္ဘတ္စကက္ေဘာအေၾကာင္းေျပာေနျခင္းအား ရပ္လိုက္ၾကရၿပီး ေလာင္ဝူမွာအတန္းထဲဝင္လာလ်က္မွ ဆူလာေတာ့၏။
"မင္းတို႔က အစည္းအေဝးက်င္းပေနၾကတာေပါ့ေလ ေက်ာင္းတက္ေခါင္းေလာင္းထိုးတာ မၾကားၾကဘူးလား?"
ေန႔လည္ပိုင္းပထမအခ်ိိန္တြင္ေတာ့ ေလာင္ဝူကသိရမည့္အခ်က္တခ်ိဳ႕အေၾကာင္းေျပာျပလာၿပီး အတန္းထဲမွာတင္သူတို႔အား ပိုင္နိုင္ေလေအာင္ေလ့က်င့္ခန္းအပုဒ္ေတြပါတြက္ခိုင္းလာသည္။
စာသင္ခန္းအတြင္း၌ စာေရးကိရိယာတို႔အားလွမ္းယူစဥ္ စားပြဲႏွင့္ထိတိုက္မိသည့္အသံတို႔ႏွင့္ ေက်ာင္းသားတခ်ိဳ႕ေခါင္းခ်င္းဆိုင္ကာ ေမးခြန္းအေၾကာင္းခပ္တိုးတိုးေဆြးေႏြးေနၾကသံတို႔သာလၽွင္ ရွိေတာ့ေလသည္။
ရွဲ႕ယြီမွာ ေဘာပင္ကိုဆုပ္ကိုင္ထားလ်က္ရွိ၏ ၊ စားပြဲထက္တြင္ေတာ့ ဆရာေတြအကုန္က႐ုပ္ျပစာအုပ္ဟုထင္ေနၾကသည့္ အိုလံပစ္ေမးခြန္းစာအုပ္ရွိေနေလသည္။
စိတ္ထဲ အနည္းငယ္လည္း စိတ္ပ်က္လက္ပ်က္ျဖစ္ေနမိ၏။
ဟယ့္ေက်ာင္းက စားပြဲထက္ေမွာက္အိပ္ေနေပမယ့္ အိပ္မေပ်ာ္ဘဲရွိ၍ လက္ဆန့္ကာရွဲ႕ယြီလက္ထဲက ေဘာပင္အားဆြဲယူလိုက္ပါသည္။
"မင္းဘယ္လိုေတြးထားလဲ?"
ရွဲ႕ယြီလက္ထဲလစ္ဟာလို႔သြားရေလသည္ ၊ သူသည္ အိုလံပစ္ေမးခြန္းစာအုပ္အားပိတ္လိုက္ရင္းမွ - ဘယ္လိုေတြးရဦးမွာလဲ ၊ စာညံ့တဲ့ေက်ာင္းသားျဖစ္ရတဲ့ဝန္က ေလးလြန္းေန႐ုံပါပဲ ဟုစိတ္ထဲမွေနဆိုမိလ်က္ ေျပာလိုက္ပါသည္။
"အျခားသူေတြကို အခြင့္အလမ္းေလးေပးရဦးမလားလို႔ ေတြးေနတာ။"