ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူး...

By Vanilla_IceCream61

1.6M 249K 16.2K

ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က... More

1 (Arc 1)
2
3
4
5
6
7
8
9
10
11
12
13 (Arc 2)
14
15
16
17
18
19
20
21
22
23
24 (Arc 3)
25
26
27
28
29
30
31
32
33
34
35
36 (Arc 4)
37
38
39
40
41
42
43
44
45
46
47
48
49 (Arc 5)
50
51
52
53
54
55
56
57
58
59
60
61
62
63 (Arc 6)
64
65
66
67
68
69
70
71
72
73
74
75
76
77 (Arc 7)
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97 (Arc 8)
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113 (Arc 9)
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134 (Arc 10)
135
136
137
138
139
140
141
142
143
144
145.1
145.2
145.3
146 (Return)
147
148
149
150
151
152.1
152.2
153
154
155 (Extra)
156 (Extra)
157 (Extra)
158 (Extra)
159.1 (Extra)

159.2 (Extra)

15K 1.4K 134
By Vanilla_IceCream61

တင်ဆက်သူက နောက်ဆုံးတွင်တော့ အဓိကအပိုင်းသို့ရောက်လာပြီဟု ခံစားမိလိုက်သဖြင့် ဤကလေးများ၏ စိတ်ပိုင်းဆိုင်ရာဒဏ်ရာကိုလစ်လျူရှုကာ သူတို့မည်မျှ နှိပ်စက်ခံရကြောင်း မေးချင်သည်။ "မကောင်းဆိုးဝါးကြီးက မင်းတို့ကို ဘာလုပ်ခဲ့တာလဲ။ သူကမင်းတို့ကိုရိုက်လား။"

ကောင်လေးက ခေတ္တမျှတွေးပြီးနောက် ပါးပေါ်လက်တင်၍ ပြောလိုက်သည်။ "သူက သားတို့ကို အလင်းတန်းထွက်တဲ့မျက်လုံးကြီးနဲ့ကြည့်တာ။ အဲ့ဒါက ကြောက်စရာကောင်းတယ်။ အဲ့ဒါကြောင့် သားတို့ အိပ်ရာစောစောဝင်ရတယ်။"

"..." တင်ဆက်သူကော၊ တိုက်ရိုက်ကြည့်ရှုနေသူများပါ ဆွံ့အသွားကြသည်။ ၎င်းကသူတို့ထင်ထားသည်နှင့် ကွာခြားနေသည်။

ဘာကို အလင်းတန်းကြီးလဲ။

တင်ဆက်သူက အခြားစိတ်လှုပ်ရှားစရာကို ရှာရန်ပူပန်နေစဉ်တွင် ကောင်လေးမှ ရုတ်တရက်ပြောလာသည်။ " သူက သားတို့ကို အဆိပ်လည်းကျွေးတယ်။"

ဤစကားကိုကြားသည်နှင့် ပရိသတ်အားလုံး အလေးအနက်ဖြစ်လာကြသည်။ အဆိပ်ကျွေးတာလား။ ဘာအဆိပ်လဲ။ လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် မူးယစ်ဆေးသုံး၍နှိပ်စက်သောအမှုတစ်ခု ပေါ်ပေါက်ခဲ့သည်။ ဤမိဘမဲ့ဂေဟာက ထိုအဖြစ်အပျက်နှင့်လည်း ဆက်စပ်နေသည်လား။

တင်ဆက်သူကလည်း စိတ်လှုပ်ရှားလာကာ ကျည်ဆန်ကဲ့သို့မြန်မြန်မေးလိုက်သည်။ "အဆိပ်ဟုတ်လား။ အဲ့ဒါက ဘယ်လိုဟာမျိုးလဲ။ သူက မင်းတို့ကို အဲ့ဒါကို ဘယ်လိုပုံစံနဲ့ကျွေးတာလဲ။ မင်းအဲ့ဒါကို စားပြီးတော့ ဘယ်လိုခံစားရလဲ။"

ကောင်လေးက မြေကြီးပေါ်သို့ ညွှန်ပြသည်။ မြေကြီးပေါ်၌ ဟိုတစ်စဒီတစ်စပြန့်ကြဲနေသော ကွတ်ကီးများအား တင်ဆက်သူတွေ့လိုက်ရသည်။ ဤကွတ်ကီးများ၏ ပုံမှာအလွန်လှပပြီး အရောင်မှာလည်း အလွန်ဆွဲဆောင်မှုရှိသည်။

အချို့သော ကွတ်ကီးများမှာ စားပြီသားဖြစ်ကာ အချို့ကို ကလေးများက ကစားရန် လက်ထဲတွင်ကိုင်ထားကြသည်။

ထိုအချိန်၌ တင်ဆက်သူသဘောပေါက်သွားသည်။ ထောင့်တွင် မှိုစိုက်နေသည်ဟု သူထင်ခဲ့သောကလေးများ၏လက်ထဲ၌ ရှိနေသည်မှာ လက်ရာမြောက်သောကွတ်ကီးများဖြစ်နေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု၌ ခေတ္တမျှ ငြိမ်သွားပြီးနောက် တုန့်ပြန်မှုအချို့ပေါ်လာသည်။

"အမ် အဆိပ်လား။ ဒါ အဆိပ်ကျွေးတဲ့ပုံစံလား။ ငါ ကုချန်းကို ရူးတယ်လို့ပြောရမလား၊ တုံးတယ်လို့ပြောရမလား။"

"ကလေးကို အဆိပ်ကျွေးဖို့အတွက် ဒီနည်းလမ်းကို သုံးရမှာလား။ လူဆိုးက မိဘတွေ ဆေးတိုက်သလို မုန့်ထဲမှာ အဆိပ်ထည့်ကျွေးမှာ မို့လို့လား။"

"ဒီကွတ်ကီးတွေက အရသာရှိပုံပေါက်တယ်လို့ပဲ ငါတွေးမိတယ်။ ဒီကွတ်ကီးတွေကိုတောင် လွှင့်ပစ်တဲ့ကလေးက တော်တော်ကောင်းကောင်း အကျွေးမွေးခံထားရတာဖြစ်မယ်။"

"ငါလည်း စားချင်တယ်။ တင်ဆက်သူက တစ်ခုလောက်စားကြည့်ပါလား။''

တကယ်တမ်းတွင် ဤကွတ်ကီးများကို ချင်းယွင်ဖုတ်ထားခြင်းပင်။ သို့သော် အရသာသိပ်မကောင်းသည့်အတွက် ဤကလေးများက တစ်ကြိမ်စားပြီးနောက် အဆိပ်အဖြစ်သတ်မှတ်လိုက်ကြသည်။

ထို့ကြောင့် နောက်ပိုင်းတွင်တော့ ချင်းယွင်၎င်းတို့ကို ကစားစရာအဖြစ် ဆော့ခွင့်ပြုလိုက်သည်။

ကွတ်ကီးများကိုတွေ့သောအခါ တင်ဆက်သူစိတ်ပျက်သွားသည်။ သူကဂေဟာ၏အတွင်းမှ အဖြစ်ဆိုးကို ဖော်ထုတ်ရန်ပိုက်ဆံလက်ခံပြီးပြီဖြစ်သည်။ သူအဓိကအချက်အား မရပါက ဘယ်သူကျေနပ်မည်နည်း။

သို့ရာတွင် ပညာရှင်တစ်ယောက်၏ဝိညာဉ်အရ ကွတ်ကီးတစ်ခုကို ကောက်ယူကာ ၎င်းအားစစ်ဆေးရန်လိုအပ်သည်ဟုပြော၍ သိမ်းလိုက်သည်။

အချိန်နောက်ကျနေပြီဖြစ်ပြီး ကုချန်းနှင့်ပက်သက်၍ သိက္ခာကျစရာအား မရသေးသောအခါ သူစိုးရိမ်ပူပန်လာသည်။ သူက ကလေး၏မျက်နှာရှေ့သို့ မိုက်ခရိုဖုန်းအသေးစားတစ်ခု ချိန်ကာ မေးလိုက်သည်။ "ကလေး၊ ဦးဦး ဒီမှာရောက်နေပြီ၊ ဟုတ်ပြီလား။ မကောင်းဆိုးဝါးကြီးလုပ်ဖူးတဲ့ မကောင်းတဲ့ကိစ္စတွေအားလုံး ဦးဥိီးကို ပြောနိုင်တယ်။"

ကောင်လေးက တင်ဆက်သူ၏မေးခွန်းကြောင့် တကယ်စိတ်အနှောင့်အယှက်ဖြစ်သွားပုံပေါ်သည်။ သူက အခြားတစ်ဖက်မှ ရေသေနတ်အား မြှောက်ကာ တင်ဆက်သူ၏မျက်နှာကို ပစ်လိုက်သည်။

တင်ဆက်သူက ဒေါသထွက်သွားကာ ခြိမ်းခြောက်ပြောဆိုလိုက်သည်။ "ဟေး၊ ကောင်ဆိုးလေး။ မင်းငါ့ကို အမှန်အတိုင်းပြောမလား။ ဒါမှမဟုတ် မင်းကိုကုချန်းသတ်တဲ့အထိ စောင့်မှာလား။ ဘယ်သူမင်းကို လာကယ်မလဲ ကြည့်လေ။"

သူ့အသံက ကျယ်သဖြင့် ခြံထဲမှ အခြားကလေးများထံမှလည်း အာရုံစိုက်ခံလိုက်ရသည်။

ဤကလေးများက မသိသာလျှင်ပင် စိတ်ဒဏ်ရာအချို့ရှိနေရာ တင်ဆက်သူ၏ ခြိမ်းခြောက်မှုအောက်တွင် ထိတ်လန့်သွားကြသည်။

ဤကလေးများ ကြောက်လန့်သွားသောအခါ သာမန်ကလေးများကဲ့သို့ ငိုမည့်အစား နေရာတွင်သာမျက်လုံးပြူးနေကြပြီး တင်ဆက်သူအား ကြောက်လန့်စွာကြည့်နေကြသည်။

ရေသေနတ်နှင့် ဓားအားကိုင်ထားသော ကောင်လေးသည် တင်ဆက်သူထံမှ အဖမ်းခံရပြီး ကြောက်လန့်သွားသည်။

"မင်းကို ဘယ်သူဝင်ခွင့်ပြုလို့လဲ။" ကြည်လင်သောအသံတစ်သံထွက်လာသည်။ တင်ဆက်သူက လက်ထဲမှကလေးကို အောက်ချကာ ကင်မရာအားချက်ချင်းလှည့်လိုက်သည်။

အိမ်ထဲမှ ထွက်လာသူမှာ အိမ်အဝတ်အစားဖြင့် လူငယ်လေးပင်။ လူငယ်လေးက ဝက်ဝံအေပရွန်အား ဝတ်ထားပြီး လက်များတွင် ဂျုံမှုန့်များပင်ပေနေသည်။ သူက အလောတကြီးထွက်လာသည်မှာ သိသာသည်။

ဤလူက ချင်းယွင်ပင်။ ကုချန်းဤသို့ဝတ်စားထားသည်ကို တွေ့သောအခါ တင်ဆက်သူက မမှတ်မိပေ။ သို့သော် တင်ဆက်သူထံမှ အခြောက်ခံလိုက်ရသည့် ကလေးများက ချင်းယွင်ထံသို့ပြေးလာကြသည်။

ဤကလေးအားလုံးက ချင်းယွင်၏အနောက်တွင် လာပုန်းကြပြီး ကောင်မလေးတစ်ယောက်က ချင်းယွင်၏ဘောင်းဘီစကိုပင်ကိုင်ကာ တင်ဆက်သူအား သေချာကြည့်နေသည်။ ချင်းယွင်အပေါ် သူ၏မှီခိုပုံမှာ စကားပြောလိုက်သည်ထက်ပင် ပိုထင်ရှားသည်။

သူတို့က ချင်းယွင်အား ကြောက်သော်လည်း ဤကလေးများ၏နှလုံးသားထဲတွင် ချင်းယွင်သည် ကောင်းကင်ပေါ်မှပြုတ်ကျလာသော အမှီခိုနိုင်ဆုံးလူပင်။

စောနက ဘာခံစားချက်မှမရှိသည့် ကောင်မလေးသည် ချင်းယွင်၏အနောက်၌ရောက်နေချိန်တွင် မျက်ဝန်းများ၌မကျေနပ်မှုများ၊မျက်ရည်များ ရှိနေကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများအားလုံး မှင်တက်သွားကြသည်။

ဒါ ကလေးများပြောသော မကောင်းဆိုးဝါးလား။

ကုချန်းက မကောင်းဆိုးဝါးကြီးဆိုလျှင် ဤကလေးများကမကောင်းဆိုးဝါးလေးများပင်။ ထိုသို့သာမဟုတ်လျှင် သူတို့က ကုချန်းအား ဘာကြောင့် ဤမျှတွယ်ကပ်နေမည်နည်း။ အပြင်၌ပြောကြသကဲ့သို့ ကုချန်းက ၎င်းတို့ကို နှိပ်စက်သည်ဆိုလျှင် ဤကလေးများက သူနှင့်အလွန်တွယ်ကပ်နေမည်လား။

တင်ဆက်သူက လက်မလျှော့သေးဘဲ ချင်းယွင်အား မေးမြန်းချင်နေသည်။ သို့သော်ချင်းယွင်က ကင်မရာအသေးစားအား ပုတ်ချကာ မောင်းထုတ်လိုက်သည်။ "ထွက်သွားစမ်း။ အစောင့်တွေ ဘယ်မှာလဲဲ။ သူ့ကိုမောင်းထုတ်လိုက်။" သူ၏ပေါင်အားဖက်တွယ်ထားသော ကလေးတွဲလောင်း ခုနစ်ယောက်၊ ရှစ်ယောက်နှင့် မြင်ကွင်းမှာ ဖော်မပြနိုင်လောက်အောင် နွေးထွေးနေသည်။

"ပျင်းစရာကြီး။ ဒီမိဘမဲ့ဂေဟာက မရှင်းမရှင်းဖြစ်နေတယ်လို့ ပြောရမှာတောင် ငါရှက်တယ်။"

"အဲ့သတင်းတွေက တကယ်လှည့်စားထားတာတွေပဲ။ မိဘမဲ့တစ်ယောက်အနေနဲ့ ငါမှန်မှန်ကန်ကန်ပြောရရင် ဒီလိုမိဘမဲ့ဂေဟာမျိုးမှာ ကြီးပြင်းလာချင်တယ်။"

အမျိုးသမီးပရိသတ်တစ်ဦးကလည်းပြောသည်။ " ဟေး၊ တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်ပြီးတော့ ငါအမှန်ကိုတွေ့မယ်လို့ထင်ခဲ့တာ။ အခုတော့ ငါအဆုံးသတ်သွားပြီ။ ကုချန်းက ရုံးလည်းသွားနိုင်တယ်၊ မီးဖိုချောင်လည်းဝင်နိုင်တယ်။ သူကပိုက်ဆံလည်းရှာနိုင်တယ်၊ ကလေးလည်းထိန်းနိုင်တယ်။ သူအေပရွန်ပဲဝတ်ထားထား၊ အနောက်တိုင်းဝတ်စုံပဲဝတ်ထားထား သိပ်ခံ့ညားတာပဲ။ ငါဒီလိုယောက်ျားမျိုး တစ်ဒါဇင်လောက်လိုချင်တယ်။ အခု ကုချန်းရဲ့ စေ့စပ်ထားတာလဲ ပျက်သွားပြီဆိုတော့ ငါ့အတွက်အခွင့်အရေးရှိလာမယ်ထင်တယ်။"

"နင့်ဖင်ကြီးကို အခွင့်အရေးရှိနေလိုက်။ ကုချန်းချန်းက ငါ့အပိုင်ပဲ။"

ထို့နောက် ယခင်အဖြစ်အပျက်က ဟာသတစ်ခုဖြစ်သွားသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ပြီးနောက် ကောလဟာလများမှာ အမှားများဖြစ်နေသဖြင့် လူအများစိတ်သက်သာရာရသွားသည်။ ဤဂေဟာက ကလေးများအတွက် သေသေချာချာစီမံထားသည်။ ဂေဟာ၏ပုံစံနှင့် ကလေးများ သန့်ရှင်းနေပုံကို ကြည့်ကာ ဤဂေဟာသည်အလွန်ကောင်းမွန်သော ဂေဟာတစ်ခုမှန်း ကြည့်ရှုသူများသဘောပေါက်သွားကြသည်။

သတိပေးစာခဏခဏလက်ခံရရှိခဲ့သော ဒေသခံလူမှုဖူလုံးရေးအသင်းနှင့် ပြည်သူလူထုလုံခြုံရေးဌာနတို့ကပင် မကြာခင်တွင် ကုမိသားစုမိဘမဲ့ဂေဟာ၏နာမည်ဆိုးကို ရှင်းလင်းရန် ကြေငြာချက်များထုတ်ခဲ့ကြသည်။ ထို့အပြင် ယခင်ကယန်လင်ဟောက်နှင့်အတူ ကြီးပြင်းလာသည့်မိဘမဲ့ကလေးများကလည်း အားလုံးထွက်လာပြီး ကုချန်းနှင့်ဤမိဘမဲ့ဂေဟာအတွက် အကောင်းပြောပေးကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်လိုက်ရသူများပင် သူတို့၏ပါးစပ်ဖျား၌အလွန်ဆိုးရွားနေသည့်မိဘမဲ့ဂေဟာမှာ အလွန်နွေးထွေးသောနေရာဖြစ်ပြီး 'ပြဿနာ' ရှိသဖြင့် ခွဲခြားခံရသောကလေးများသည်ပင် ထိုနေရာ၌အကောင်းဆုံးဆက်ဆံခံရကြောင်း သိသွားသည်။

*****

ထို့အပြင် အစောင့်များထံမှ ဆွဲထုတ်ခံလိုက်ရသည့် တင်ဆက်သူက အပြင်ထွက်လာသည်နှင့် လူဆိုးနှစ်ယောက်ထံမှ လမ်းကြားထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။

"ပြောစမ်း။ မင်းကို မိဘမဲ့ဂေဟာဆီ ဘယ်သူကလာခိုင်းတာလဲ။" လူဆိုးတစ်ယောက်က လည်ပင်းကို ဓားထောက်၍မေးသည်။

"မဟုတ်ပါဘူး။ ငါက တရားမျှတမှုရှိဖို့ လာတာပါ။" တင်ဆက်သူက ညာလိုက်ပြီး အကူအညီတောင်းရန် နည်းလမ်းရှာနေသည်။

"မင်းဖင်ကြီးကိုပဲ မျှတချင်နေလိုက်။ ပိုက်ဆံကြောင့်လို့ပဲ ငါထင်တယ်။" နောက်လူဆိုးတစ်ယောက်က ခေါင်းအားရိုက်ချလိုက်သည်။ "ငါတို့ကို အထင်မသေးနဲ့။ ငါတို့က လူဆိုးဂိုဏ်းဝင်တွေပဲ။ ငါတို့ဒီမြို့ထဲမှ ရှိနေသေးသမျှ မင်းကိုရှာပြီးဒုက္ခပေးလို့ရတယ်။ မင်းငါ့ကိုမယုံရင် ကြိုးစားကြည့်လေ။"

လူဆိုးနှစ်ယောက်က တင်ဆက်သူအား ထိုးနှက်ကန်ကျောက်လိုက်သည်။ ဂေဟာထဲ၌ မည်သို့သောကလေးမျိုးရှိနေသည်ကို သူတို့သိသည်။ ဤတင်ဆက်သူက ဂေဟာထဲဝင်ကာ ကလေးများအား လှုံ့ဆော်ချင်ခဲ့ရာ လူဆိုးနှစ်ယောက်က ဤလူကိုအထင်သေးသည်။

မကြာခင်တွင် တင်ဆက်သူ မခံနိုင်တော့သဖြင့် အမှန်အားပြောလာသည်။ " မရိုက်ပါနဲ့တော့။ အဲ့ဒါ ယန်မိသားစုပါ။ ယန်မိသားစုက ငါ့ကို ကြိုက်တဲ့နည်းသုံးပြီး ကုချန်းရဲ့မကောင်းသတင်း စုံစမ်းခိုင်းလိုက်တာ။"

အဖြေရပြီးနောက် လူဆိုးနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ထွက်ခွာသွားကြသည်။

*******

မကြာခင်တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးသွားသည့်ယန်လင်ဟောက်က မိဘမဲ့ဂေဟာသို့ရောက်လာသည်။ သူကဖုန်းပေါ်မှစာတိုအားကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် မျကိနှာအမူအရာကိုပြင်ကာ ချင်းယွင်၏အခန်းထဲသို့ တန်းဝင်သွားသည်။

ကလေးများအား ချော့မော့ပြီးသော ချင်းယွင်က မီးဖိုချောင်ထဲရောက်နေသည်။ ယခုအချိန်တွင် သူကအေပရွန်တစ်ခုအား ဝတ်ထားပြီး မုန့်ဖုတ်စက်ထဲမှ စားစရာများကိုခါးကိုင်း၍ထုတ်နေသည်။

ကွတ်ကီးအချို့က ပျော့နေသေးပြီး ချင်းယွင်တစ်ခုယူ၍ အရသာခံကြည့်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။

ပုံစံက သိသိသာသာကို လှသည့်အပြင် ပါဝင်ပစ္စည်းများ၏ အချိုးအစားလည်း မှန်သည်။ သို့သော် ဘာကြောင့် အရသာမကောင်းသနည်း။

ချင်းယွင်က ကိုယ့်ကိုယ်ကိုယ် ပြိုင်တတ်သူပင်။ နောက်ဆုံးတစ်ကြိမ်က သူယန်လင်ဟောက်အတွက် ကိတ်ပြုလုပ်ရာတွင် ကျရှုံးပြီးနောက် မုန့်လုပ်ရာတွင် စိတ်ပါသွားပြီး အချိန်ရတိုင်း တစ်ခုခုဖုတ်လေ့ရှိသည်။

သို့ရာတွင် အချို့အရည်အချင်းများကိုတော့ သဘာဝကကောင်းချီးမပေးထားပုံပင်။ သူကြိုးစားကြည့်သောအကြိမ်တိုင်းတွင် ရလဒ်မှာကျေနပ်လောက်ဖွယ်မရှိချေ။ ထိုသို့သာမဟုတ်ပါက ကလေးများထံမှ အဆိပ်ဟုအခေါ်ခံရစရာအကြောင်းမရှိပေ။

ချင်းယွင်၏ အမူအရာကို တံခါးနားတွက် ရပ်ကြည့်နေသော ယန်လင်ဟောက်၏ မျက်လုံးများ၍ အပြုံးရိပ်ထင်ဟပ်လာသည်။ သူ့အစ်ကိုက အလွန်ချစ်စရာကောင်းသည်ဟု သူထင်သည်။

"ကိုကို..." ယန်လင်ဟောက် ချင်းယွင်၏ခါးကို အနောက်ဘက်မှနေ၍ ပွေ့ဖက်လိုက်သည်။ ထိုလူ၏ တစ်ကိုယ်လုံး သူ့ရင်ခွင်ထဲရောက်လာသောအခါမှ သူကျေနပ်စွာ ပြုံးလိုက်သည်။

"ပြန်လာပြီလား။" ချင်းယွင်က သူ့အားပြန်ကြည့်သော်လည်း သူ့စိတ်မှာ သိသိသာသာကိုပင် ထိုကွတ်ကီးများပေါ်၌ရောက်နေသည်။

ယန်လင်ဟောက် မကျေမနပ်ဖြစ်လာပြီး သူ့လက်များကို အေပရွန်ထဲ ထည့်လိုက်သည်။ "ကိုကို၊ ကိုကိုက အေပရွန်ဝတ်ထားတယ်ဆိုတော့ ကျွန်တော်တို့ ဟိုလိုလုပ်ကြည့်မလား။"

"ထွက်သွားစမ်း" ချင်းယွင် ထိုကလေး၏ခေါင်းကို ရိုက်ပစ်လိုက်သည်။ သူက နောင်တွင် အေပရွန်မဝတ်ရတော့ဘူး မို့လို့လား။

ယန်လင်ဟောက်က ချင်းယွင်ကိုကြည့်ရင်း အိပ်ရာပေါ်သို့ ချီသွားသည်။ သူ၏စိုးရိမ်ပူပန်နေပုံကြည့်ကာ ချင်းယွင် တကယ်ရယ်ချင်လာသည်။

သူတို့နှစ်ယောက် အိပ်ယာပေါ်သို့ ရောက်သွားသောအခါ ယန်လင်ဟောက်က ချင်းယွင်ကိုငြိမ်သက်စွာဖက်ထားကာ ပြောလိုက်သည်။ "ကိုကို၊ ကျွန်တော် ယန်မိသားစုအိမ်ဆီ ပြန်တော့မယ်။"

ချင်းယွင်သူ့အား တိတ်ဆိတ်စွာ ကြည့်နေမိသည်။ အိမ်ပြန်တော့ဟု သူယခင်ကပြောစဉ်တွင် ဤကလေးသောင်းကျန်းခဲ့သော်လည်း ယခုအခါ သူ့ဘာသာသူပြန်သွားတော့မည်လား။

ချင်းယွင်ဘေးမှ ထွက်သွားရမည်ဟု တွေးမိသောအခါ ယန်လင်ဟောက် ဝမ်းနည်းလာသော်လည်း အားပြန်တင်းကာ ခွေးပေါက်ကဲ့သို့တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ "ကိုကို၊ ကျွန်တော်ရက်နည်းနည်းလောက် ထွက်သွားရမှာဆိုတော့  အတိုးယူလို့ရမလား။ ကျွန်တော် ရုံးခန်းဝရန်တာကော မီးဖိုချောင်ကောလိုချင်တယ်။"

"မင်း တော်လောက်ပြီ"

"ကိုကို ကျွန်တော့်ကို ရိုက်တယ်ပေါ့။ ကိုကိုက တကယ့်ကိုမကောင်းဆိုးဝါးကြီးပဲ။"  တံခါးပိတ်သွားပြီး ရယ်မောသံများ  ဝေဝါးသွားကာ နှလုံးခုန်မြန်စေသည့်အသံများ အခန်းထဲမှထွက်လာသည်။

*****

နောက်တစ်နေ့မနက်တွင် ယန်လင်ဟောက် စွပ်ကျယ်သာဝတ်ကာ ထိုအခန်းထဲမှထွက်လာပြီး မိုးသောက်နေရောင်အောက်၌ အကြောဆန့်နေသည်။ သူက တံခါးရှေ့မှ လှေကားပေါ်တွင်ထိုင်၍ ယန်မိသားစု၌ဘာလုပ်ရမည်ကို တွေးနေသည်။

ဤတစ်ယောက်က အာဏာလိုချင်၍သာ ပြန်သွားသည်ဟု ချင်းယွင်တွေးနေသော်လည်း အာဏာကြီးသူများ၏ စွမ်းအားမှာ စောင့်ရှောက်စရာမရှိလျှင် အဓိပ္ပါယ် မရှိကြောင်းမသိပေ။

သို့သော် ယန်လင်ဟောက် ကာကွယ်ချင်သော ကလေးတစ်ယောက်ရှိနေသည်။

မနက်စောစော ထလာသောကလေးများက ဤနေရာ၌ထိုင်နေသော ယန်လင်ဟောက်ကိုတွေ့၍ တ်တ်ဆိတ်စွာလာတို့သည်။ အဘယ့်ကြောင့်ဆီုသော် ကလေးများ၏အမြင်တွင် ယန်လင်ဟောက်က ချင်းယွင်နှင့်မတူပေ။ တစ်ခါတစ်ရံတွင် ဤကလေးများ ချင်းယွင်အနားသို့မသွားရန်အတွက် သူဤကလေးများနှင့်ကစားပေးလေ့ရှိသည်။

ထို့ကြောင့် ကလေးများက ချင်းယွင်ထက် ယန်လင်ဟောက်အနား ပိုကပ်ကြသည်။

မနေ့ကဆိုလျှင် ဤကောင်ဆိုးလေးက ဦးဆောင်၍ ယန်လင်ဟောက်ထံပြေးလာခဲ့သည်။ သူက ချင်းယွင်၏ ပိတ်ထားသောအခန်းတံခါးအားကြည့်ကာ အနောက်မှကလေးများကို လက်ဝှေ့ယမ်းပြပြီး သတင်းပေးလိုက်သည်။ "လာ။ မကောင်းဆိုးဝါးကြီး ရှုံးသွားပြီ။"

လွန်ခဲ့သည့်ရက်အနည်းငယ်က ယန်လင်ဟောက် ဤနေရာသို့ရောက်နေချိန်တိုင်းတွင် ချင်းယွင်သည် မနက်ဆိုလျှင်နောက်ကျမှနိုးလာတတ်သည်။ ဤကလေးများက သဘောသဘာဝကို သိရှိသွားသည်။

"ကိုကြီးဟောက်က သူရဲကောင်းပဲ။" ကလေးအုပ်စုက ယန်လင်ဟောက်အား လေးစားသောအကြည့်ဖြင့်ကြည့်နေကြသည်။ မကောင်းဆိုးဝါးကြီးအား အနိုင်တိုက်လိုက်သည့်အတွက် သူ့ကိုချီးကျူးနေပုံပင်။

သူရဲကောင်းက မကောင်းဆိုးဝါးဘုရင်ကြီးကိုအနိုင်တိုက်လိုက်တယ်လား။ ယန်လင်ဟောက် မနေ့ညကမြင်ကွင်းအား ပြန်တွေးမိကာ ကျယ်လောင်စွာရယ်မောလိုက်သည်။

မမျှော်လင့်ထားသည်မှာ ကောင်လေးကပြောလာသည်။ "ကျွန်တော်လည်း သူရဲကောင်းဖြစ်အောင်လုပ်ပြီး မကောင်းဆိုးဝါးကြီးကို အနိုင်တိုက်ပစ်မယ်။"

"လစ်လိုက်စမ်း။" ကောင်လေး၏စကားကိုကြားသောအခါ ယန်လင်ဟောက်၏မျက်နှာကြီး ခက်ထန်သွားကာ ကလေး၏ကော်လံအားဆွဲလိုက်သည်။

"အဲ့ဒါ ငါတစ်ယောက်တည်းရဲ့ မကောင်းဆိုးဝါးကြီးပဲ။"

မကြာမီတွင်ပင် ယန်လင်ဟောက်ထွက်သွားပြီး သူပြောခဲ့သည့် ရုံးခန်းထဲမှအတိုးကိုပင် ယူရန်အချိန်မရသွားပေ။

ထိုကောင်ဆိုးလေးရှိစဉ်က သူ့ကိုပင်တွယ်ကပ်နေသဖြင့် ချင်းယွင်အာရုံနောက်ခဲ့သော်လည်း ယခုခွေးသားရေပလာစတာမရှိတော့သောအခါ ချင်းယွင်အနည်းငယ်ကသိကအောက်ဖြစ်မိသည်။ သူရက်အနည်းငယ်မျှ နေရခက်ကာ လွမ်းဆွတ်နေစဉ်တွင် ကုချင်းက ပစ်ကွင်းသို့ရောက်လာသည်။

မိဘမဲ့ဂေဟာအား ဦးစီးသူမှာ ကုချန်းဟုသိပြီးနောက် သူမအကျိုးယုတ်တော့မည်ကို ကုချင်းသိလိုက်သည်။ မျှော်လင့်ထားသလိုပင် ဂေဟာပြဿနာမှာ မကြာခင်တွင် ရှင်းလင်းသွားသည်။ ကုချန်းနှင့် ကုမိသားစုတို့ သိက္ခာမကျရုံသာမက ချီးပင်ချီးမွမ်းခံရသည်။

ဆန့်ကျင်ဘက်အနေဖြင့် သတင်းမှားပြန်ဝေမျှခဲ့သောကုချင်းမှာ လူများထံမှ သံသယအဝင်ခံရသည်။ သို့သော် လွန်ခဲ့သည့်ဆယ်နှစ်အကြာက မိဘမဲ့ဂေဟာကိစ္စကိုလည်း အတည်ပြုထားရာ မည်သူကမှ ကုချင်းအားအပုပ်မချရဲပေ။

ကုချင်းက ရလဒ်နှင့်ပက်သက်၍ မကျေနပ်ပေ။ သူမနှင့်ကုချန်းတို့နှစ်ယောက်လုံး မျက်နှာခွာချလိုက်သော်လည်း ယခုအခါကုချန်းက အဆင်ပြေနေပြီး သူမကပြဿနာတက်နေသည်။

သူမနှင့် ယန်ယိရှန်တို့၏ပက်သက်မှုကို ကုချန်းထုတ်ပြောလိုက်မည်အား စိုးရိမ်သဖြင့် ကုချင်း လျှို့ဝှက်ချက်ကို သူမဘာသာဖော်ထုတ်လိုက်ရသည်။

မိဘမဲ့ဂေဟာဖြစ်ရပ်၏ နောက်ဆက်တွဲအရှိန်ကို အခွင့်ကောင်းယူ၍ သူမ ကုမိသားစုထံတွင် နေခဲ့စဉ်က ဘဝကို စာပိုဒ်အရှည်ကြီးဖြင့်တင်လိုက်သည်။ သူမပြောထားသည်မှာ မိဘမဲ့တစ်ယောက်အနေဖြင့် ကုဖေဖေကသူမအားမွေးစားရသည့် အကြောင်းအရင်းမှာ ကုချန်း၏ဇနီးအဖြစ်ပျိုးထောင်ပေးချင်၍ဖြစ်ကြောင်း၊ ဤသို့သောဘဝတွင် နေရသည့်အတွက် ကုမိသားစုအားကျေးဇူးတင်သော်လည်း အလွန်စိတ်ဓာတ်ကျမိကြောင်းများပင်။

ကုချင်း၏စာထဲတွင် ယန်ယိရှန်ကို သူမအတွက် စကားစမြည်ပြောဆိုနိုင်သော သူငယ်ချင်းတစ်ယောက်အဖြစ် ဖော်ပြထားပြီး နောက်ပိုင်းတွင် သူမတို့၏အချစ်ရေးရာအား ဖော်ထုတ်နိုင်ရန် လမ်းခင်းခဲ့သည်။

ကုချင်းတွင် ပြည်တွင်းပြည်ပမှ ပရိသတ်များရှိပြီး ပြည်ပမှပရိသတ်များက ပိုများရာ သူမ၏ဖြစ်ရပ်အတွက် ကြေကွဲပေးနေကြသည်။

မွေးစားသမီးကို ကလေးချွေးမ အဖြစ်မွေးစားခဲ့သည်ဟု ကုချင်း၏စာထဲ၌ဖော်ပြထားသည့်အကြောင်းအား လူများဆွေးနွေးရင်း အုပ်စုများပင် ကွဲကုန်ကြသည်။

ကုမိသားစုတွင် လုပ်ငန်းများစွာရှိသော်လည်း တော်လှန်ရေးခေတ်မတိုင်ခင်ကကဲ့သို့ ကလေးချွေးမဝယ်သည့် လုပ်ရပ်များ လုပ်နေသေးသည်ဟု ပြောဆိုကြသည်။

အချို့လူများကမူ ကုချင်းအတွက် ဝမ်းနည်းပေးပြီး မိဘမဲ့တစ်ယောက်ဖြစ်ရသည်မှာ မလွယ်ခဲ့သည့်အတွက် သနားနေကြသည်။

ဂေဟာကိစ္စကြောင့် ကုချန်းထံမှဆွဲဆောင်ခံလိုက်ရသည့် ရည်းစားကောင်မလေးအုပ်စုကမူ ကုချန်း၏ပရိသတ်များအား လှောင်ပြောင်၍ခွန်းတုန့်ပြန်ခဲ့သည်။ "ငါ့မိသားစုဝင် ကုချန်းကို မထိကြနဲ့။ ငါသိရသလောက်ကတော့ ကလေးချွေးမတစ်ယောက်ကို ကလေးအရင်းလိုမျိုး ပြုစုပျိုးထောင်ပေးကြလို့လား။"

မည်သို့ပင်ဆိုစေ ကုချင်း၏ရည်မှန်းချက်အား ရရှိသွားသည်။ ယန်ယိရှန်အကြောင်းကို အရိပ်အမြွက်ပြနိုင်ခဲ့ရုံသာမက သူမနှင့် ကုကျားမင်တို့၏ အကြောင်းကိုလည်း ဒွိဟဖြစ်ဖွယ် ဖော်ပြနိုင်ခဲ့သည်။

အရင်အတိုင်းဆိုလျှင် ချင်းယွင် ဤအဆင့်မျှသော လူထုထင်မြင်ချက်ကို လစ်လျူရှုထားနိုင်သော်လည်း ကုချင်း၏ပြောဆိုချက်များက ဖေဖေကုအားစွပ်စွဲနေသည့်အချက်ကို ချင်းယွင်လုံးဝသည်းမခံနိုင်ပေ။

သူအတွင်းရေးမှူးကိုခေါ်လိုက်သည်။ "နောက်ရက်ပိုင်းလောက်ကျရင် ကုချင်းကိစ္စနဲ့ပက်သက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်မယ်။ ငါ့အတွက် အချိန်စီစဉ်ထားပေး။"

ချင်းယွင်ဖုန်းချခါစသာ ရှိသေးစဉ်တွင် ရက်သတ္တပတ်အကြာမျှ အဝေးရောက်နေခဲ့သော ယန်လင်ဟောက်ထံမှ ဖုန်းဝင်လာသည်။

"ကိုကို၊ ကျွန်တော် ကိုကို့ ကို တအားလွမ်းတယ်။" သူက ကလူ၏သို့မြှူ၏သို့ အသံဖြင့်ပြောလိုက်ရာ ချင်းယွင်မှင်တက်သွားသည်။

"ဘာလဲ၊ ယန်သားအဖက မင်းကိုတကယ်ဆွဲထားရဲလို့လား။" ချင်းယွင်မေးလိုက်သည်။ ယန်ယိရှန်နှင့် ယန်ကျန်ရှင်းတို့ ယန်လင်ဟောက်အား ပြန်ခေါ်သွားလိုစဉ်တွင် ပြဿနာကြီးကြီးရှာခဲ့ပြီး ယန်ကျန်ရှင်းက ယန်လင်ဟောက်၏ကျောင်းသို့ပင်လိုက်သွားခဲ့သည်။

သို့သော် နှစ်ကြိမ်မျှကြိုးစားပြီးနောက် ယန်လင်ဟောက်သည် တည်သီးပျော့မဟုတ်ဟု သိသွားကာ ဖြည်းဖြည်းချင်းနောက်ဆုတ်သွားပြီး ယန်လင်ဟောက်အားပြန်ခေါ်မည်ဟု လုံးဝမပြောတော့ပေ။

သို့သော် ယခုအခါတွင် ယန်လင်ဟောက်က စိတ်ကူးပြောင်းသွားကာ သွေးသားတော်စပ်မှုသက်သေဖြင့် ရောက်လာရာ ထိုသားအဖမှာ ယန်လင်ဟောက်အား မျက်နှာမလွှဲနိုင်တော့ပေ။

"ကျွန်တော် မျက်လုံးဖြူဝံပုလွေလိုမျိုး ဟန်ဆောင်လိုက်တယ်။ ကျွန်တော် ပါးစပ်ဖွင့်ဖွင့်၊ ပိတ်ပိတ် ကုချန််းမကောင်းကြောင်းချည်းပဲ။ ကျွန်တော် ကုမိသားစုရဲ့ လုပ်ငန်းလျှို့ဝှက်ချက် နည်းနည်းကိုလည်း ဖော်ထုတ်လိုက်တယ်။ အဲ့ဒါက ယန်ကျန်ရှင်းရဲ့ သံသယကို ပါးပါးလေးပဲ ဖယ်ရှားလိုက်နိုင်တော့ သူတို့က ကျွန်တော့်ကို တကယ်အရာမဝင်တဲ့ရာထူးတစ်ခုပေးလာတယ်။" ယန်လင်ဟောက်က ဖုန်းထဲ၌ တတွတ်တွတ်ပြောလိုက်သော်လည်း သူ့အစ်ကိုအပေါ် လုံးဝမကောင်းမပြောချင်ပေ။ ထိုနေ့ရက်ပိုင်းအတွင်း အဖြစ်အပျက်များကို ပြန်တွေးရုံနှင့်ပင် သူစိတ်ဓာတ်ကျလာသည်။ သူယန်ယိရှန်တို့သားအဖအားဆွဲဖြဲရန် မစောင့်နိုင်တော့ပေ။ "အခုကျွန်တော် အဲ့နှစ်ယောက်ကို ကိုင်တွယ်နိုင်မဲ့သော့ချက်နည်းနည်းလောက်ရနေပြီ။ ကျွန်တော့်အဖိုးရဲ့ သေတမ်းစာကိုလည်း သူတို့ပြောင်းထားတယ်။"

ယန်လင်ဟောက်က ရုတ်တရက် အထွန့်တက်သည်။ "ကိုကို ကျွန်တော့်ကိုပဲ မပြောခိုင်းနဲ့လေ။ ကိုကိုလည်းပြောဦး။ ကျွန်တော် ကိုကို့အသံကြားချင်တယ်။"

ချင်းယွင်က အကူအညီမဲ့စွာပြောလာသည်။ "မင်းက ငါ့ဆီကနေ ဘာကြားချင်တာလဲ။"

"ကျွန်တော့်ကို ချစ်တယ်လို့ပြော။" ယန်လင်ဟောက်က ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။

ချင်းယွင်ကဲ့သို့ မာနကြီးသူက ဤစကားအားမည်သို့ပြောနိုင်မည်နည်း။ သူအခြားတစ်ဖက်မှ အသံအချို့ကြားလိုက်ရာ မျက်ခုံးပင့်၍မေးလိုက်သည်။ "မင်းဘာလုပ်နေတာလဲ။"

"ကိုကို မှန်းကြည့်လေ။" ယန်လင်ဟောက်၏ ခပ်တိုးတိုးရယ်သံနှစ်ချက်ထွက်လာသည်။ ထို့နောက် ဆွဲဆောင်မှုရှိရှိ ညည်းသံထွက်လာသည်။ " ကိုကို စကားပြော။ ကျွန်တော် အစ်ကို့အသံ မကြားလို့မရတော့ဘူး..."

ထိုကလေး ဘာလုပ်နေသည်ကို ချင်းယွင်နောက်ဆုံးတော့ သဘောပေါက်သွားပြီး ဒေါသထွက်ထွက်ဖြင့် အော်လိုက်သည်။ "တော်စမ်း"

ဖုန်းချလိုက်ပြီးနောက် ချင်းယွင်၏နားမှာ အနည်းငယ်နီနေသည်။

တစ်ဖက်၌ ယန်လင်ဟောက်က ချင်းယွင်ဒေါသထွက်နေပုံကိုတွေးကာ ရယ်မောမိသည်။ သူ့ကိုယ်ရေးကိုယ်တာပြဿနာကို ဖြေရှင်းပြီးနောက် ဖုန်းယူကာ ကုချင်း၏ဝေးပေါ်အားကြည့်၍ လှောင်ပြုံးပြုံးလိုက်သည်။

ဤကုချင်းက သူမနှင့်ယန်ယိရှန်တို့အတွက် လမ်းဖောက်နေသော်လည်း သူမ 'ကုချန်းနှင့်စေ့စပ်ထားသူ' ဟူသည့် အမည်နာမအား ချန်ထားခဲ့ပြီးနောက် ယန်ယိရှန်သည် သူမအား တဖြည်းဖြည်းစိတ်မဝင်စားတော့သည်ကို မသိပေ။

ဤသို့တွေးမိသောအခါ ယန်လင်ဟောက်၏ အကြည့်များအလွန်အေးစက်သွားသည်။

သူကိုကိုအား သူ့ထံမှလုယူချင်နေသူများမှာ အတော်များသည်။ ထိုအကြောင်းကြောင့်ပင် ယန်လင်ဟောက်က ယန်ယိရှန်နှင့် သူ့အဖေတို့ကို လုံးဝငဲ့ညှာတော့မည် မဟုတ်ပေ။

သူက ပြတင်းပေါက်နားတွင်ရပ်ကာ ရင်းနှီးသော်လည်းမရင်းနှီးသောယန်မိသားစုနယ်မြေအား ကြည့်နေသည်။ ယန်ယိရှန်နှင့် ယန်ကျန်ရှင်းတို့ မည်မျှယုတ်မာနိုင်သည်ဖြစ်စေ ယန်မိသားစု၏ဆက်ခံသူအစစ်ဖြစ်သူနှင့် ဖက်ပြိုင်အံမတုနိုင်ပေ။

သက်တမ်းရင့် ယန်မိသားစုရှိ လူအို မည်မျှက ဤနှစ်ယောက်ကိုသည်းခံနိုင်မည်နည်း။

အလင်းရောင်တစ်ခုပေါ်လာပြီး ယန်ယိရှန်ပြန်လာကာ ချင်းယွင်နှင့် မျက်လုံးချင်းဆင်တူသော ကြယ်ပွင့်တစ်ယောက်ကို ခေါ်လာသည်။

ယန်ယင်ဟောက်လက်မြှောက်ကာ ပန်းအိုးထဲမှ ပန်းခြောက်များကို ခြေလိုက်သည်။

"ယန်ယိရှန် ခင်ဗျား သေချင်ပြီလား။" လူငယ်တစ်ယောက်၏ သဘောမကျသောလေသံက အမှောင်ထုထဲ၌ပေါ်လာသည်။

*****

မကြာခင်တွင် ကုမိသားစုက သတင်းစာရှင်းလင်းပွဲလုပ်မည့်သတင်းထွက်လာသည်။ မင်းသမီးကုချင်းနှင့်ပက်သက်၍ ဖြေရှင်းမည့်ပုံပင်။ မိဘမဲ့ဂေဟာကိစ္စကြောင့် လူအများက ကုမိသားစုအပေါ် အကောင်းမြင်ကြသည်။ ယခုအခါ ကုတို့က ပွင့်ပွင့်လင်းလင်းဖြင့် အကောင်းဘက်မှ တုန့်ပြန်လာရာ သူတို့ရင်ထဲမှမျှခြေသည် ကုများဘက်သို့ ပိုသာသွားကြသည်။

မည်သို့ပင်ဆိုစေ ကုမိသားစုမှအရာအားလုံးမှာ ကုချင်း၏ပြောစကားပင်ဖြစ်သည်။ သူမကမွေးစားသမီး၊ အားနည်းသူဖြစ်သော်လည်း သူမ၏စကားများမှန်ကန်ကြောင်းကို သက်သေမပြနိုင်ပေ။

ဟုတ်သည်။ ဤသည်မှာ ဘေးလူများ၏အမြင်ပင်။ ကုချင်း၏ပရိသတ်များအတွက်မူ ကွာခြားသည်။ သူတို့၏အမြင်တွင် ကုချန်းက စေ့စပ်ထားသူအား စွန့်ပစ်သောအမှိုက်ကောင်ပင်။ သူက ကုချင်းအား ကလေးအရွယ်၌ အသုံးချကာ စေ့စပ်ရန်ဖိအားပေးခဲ့ပြီး ယခုအခါ စွန့်ပစ်လိုက်သည်။

ကုချန်းကအခြားအမျိုးသမီးများနှင့် ဘာကောလဟာလမှ မထွက်သော်လည်း ဤပရိသတ်များက သူ့ကို အမှိုက်ကောင်အဖြစ် ဇာတ်လမ်းဆင်ပြီးဖြစ်သည်။

သတင်းစာရှင်းလင်းပွဲနေ့တွင် ချင်းယွင် ကုကုမ္ပဏီဥက္ကဋ္ဌအနေဖြင့် ကိုယ်တိုင်ပေါ်လာပြီး ဘက်ပေါင်းစုံမှသတင်းထောက်များကို ရင်ဆိုင်သည်။

ထိုယောက်ျားက ကင်မရာရှေ့၌ ခါးအားမတ်မတ်ရပ်နေပြီး သူ၏အရှိန်အဝါမှာ ဥက္ကဋ္ဌအဖြစ်ကျော်ကြားသော အနုပညာရှင်များထက် ပိုသာလွန်နေသည်။

"ဒါ တကယ့် သက်ရှိ ဥက္ကဋ္ဌကြီးပဲ။" သတင်းစာရှင်းလင်းပွဲအားကြည့်နေသူများက ချင်းယွင်ကိုသဘောကျကာ လျက်နေကြသည်။

မည်သို့ပင်ဆိုစေ တကယ်တမ်းတွင်တော့ ဥက္ကဋ္ဌကုက စွမ်းအားကြီးကာခံ့ညားပြီး ဤအဆင့်အထိ အရှိန်အဝါရှိသူ သိပ်မများပေ။

"ဒီသတင်းစာရှင်းလင်းပွဲရဲ့ရည်ရွယ်ချက်ကတော့ ကုချင်းနဲ့ ကုမိသားစုကြားက စေ့စပ်မှုအကြောင်းဖြေရှင်းဖို့ပါ။ ကျွန်တော်နဲ့ သူမကြားက စေ့စပ်ပွဲက နဂိုအတိုင်းဆို နှစ်ယောက်သားကြားက ပုဂ္ဂလိကကိစ္စပါ။ ကျွန်တော်ဒီကိစ္စကို အများရှေ့မှာ ထုတ်မပြောချင်ပေမဲ့ ကုချင်းရဲ့စကားတွေထဲမှာ ကျွန်တော့်အဖေကိုထိပါးပြောဆိုထားပါတယ်။ ဒီတော့ သားတစ်ယောက်အနေနဲ့ကျွန်တော် အရှေ့ထွက်ပြီးရှင်းပြရပါမယ်။"

"ပထမဆုံးအနေနဲ့ ကုချင်းကို ကျွန်တော့်အဖေကနေ လုပ်ရိုးလုပ်စဉ်အတိုင်းမွေးစားထားတာလို့ ကျွန်တော်ရှင်းပြရပါမယ်။ ဒီအချက်ကိုတော့ ကျွန်တော်ထပ်ပြောစရာမလိုပါဘူး။ ဌာနမျိုးစုံမှာ စာရင်းသွင်းပြီးသားပါ။ ဒုတိယအနေနဲ့ကျွန်တော်ရှင်းပြမှာက စေ့စပ်ပွဲဖျက်သိမ်းမှုပါ။ ကျွန်တော် ကုချင်းနဲ့ယန်ယိရှန်းတို့ကို ဟိုတယ်မှာလွန်ခဲ့တဲ့ငါးနှစ်အကြာက တွေ့ခဲ့ပါတယ်။ သူမဘက်ကနေလည်း တစ်ဖက်သတ်စေ့စပ်မှုဖျက်သိမ်းဖို့ ပြောဖူးပေမဲ့ သူမမှာကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရှိတဲ့အတွက် ကျွန်တော်ဘာမှမဝေဖန်ခဲ့ဘူး။"

ထို့နောက် မျကိနှာပြင်ကြီးတွင် အချိန်နှင့်တကွပါသောဓာတ်ပုံများပေါ်လာသည်။ အကုန်လုံးတွင် ကုချင်းနှင့်ယန်ယိရှန်တို့ ဟိုတယ်ဝင်သွားပုံ၊ သို့မဟုတ် ကားပါကင်တွင် နှုတ်ဆက်နေသည့် တရင်းတနှီးဓာတ်ပုံများပါသည်။

ဓာတ်ပုံများကြောင့် သတင်းထောက်များ ခဏမှင်တက်သွားပြီးနောက် အလင်းရောင်များတလက်လက်ထွက်လာကာ မျက်နှာပြင်ပေါ်မှဓာတ်ပုံအား မှတ်တမ်းတင်ကြတော့သည်။

ကုတို့၏သတင်းစာရှင်းလင်းပွဲမှာ အံ့ဩစရာပင်။ စဖွင့်စဉ်ကတည်းကပင် မျက်နှာဖြတ်ရိုက်လိုက်သည်။

ကုချင်းနှင့် ယန်ယိရှန်တို့က သူငယ်ချင်းသာဖြစ်ကြောင်း ကုချင်း၏ပရိသတ်များက စတင်အော်ဟစ်ခဲ့ကြသည်လေ။ ဤတရင်းတနှီးဓာတ်ပုံများကို မည်သို့ရှင်းပြမည်နည်း။

သို့သော် ဦးနှောက်ရှိသူများက ရယ်မောလှောင်ပြောင်နေကြသည်။ ဟိုတယ်ထဲသို့ဝင်သွားခြင်းမှာ စကားပြောရန်သက်သက်အတွက် အခန်းဌားရုံပဲလား။

ကုမိသားစု၏သတင်းစာရှင်းလင်းပွဲအား ကြည့်နေသောကုချင်းမှာ ဤဓာတ်ပုံများကိုမြင်ပြီးနောက် ခေါင်းထူပူသွားသည်။

ထိုအချိန်ပင်။ ကုချင်းနှင့်ယန်ယိရှန်တို့ငယ်စဉ်က အပြင်ဟိုတယ်၌သာ အခန်းဌားတတ်သည်။ ကုချန်း၏လက်ထဲမှသက်သေမှာ ထိုအချိန်က ဓာတ်ပုံဖြစ်နေမည်ဟု ကုချင်းမထင်ထားခဲ့ပေ။

ချင်းယွင်က ကုချင်းနှင့်ယန်ယိရှန်တို့ကို များစွာအပြစ်မတင်ပေ။ ဤဓာတ်ပုံများကိုမြန်မြန်ကျော်ကာ သူဆက်ပြောသည်။

"ကုချင်းရဲ့စာထဲမှာ ကျွန်တော့်အဖေက ကုချင်းကို 'ကလေးချွေးမ' အဖြစ်မွေးစားခဲ့တယ်လို့ မှားယွင်းပြောဆိုထားပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ကုချင်းတို့ ချစ်ကြိုက်တဲ့အခါမှာ အကြီးဆုံးအတားအဆီးက အဖေပါပဲ။" ချင်းယွင်၏စူးရှသောအကြည့်က ကင်မရာသို့တည့်တည့်ကြည့်နေပြီး သတင်းစာရှင်းလင်းပွဲအားကြည့်နေသော ကုချင်းမှာ ဤအကြည့်ကြောင့် နှလုံးသားအောက်ခြေမှပင် ပူပန်လာသည်။

ဟုတ်သည်။ သူမနှင့်ကုချန်းတို့ တွဲနေသည်ကိုသိရှိပြီးနောက် ကုဖေဖေဒေါသထွက်လာကာ ကုချန်းအားသတ်တော့မလိုပင်။ သို့သော် နောက်ပိုင်း၌ ဘာဖြစ်သွားသနည်း။ သူမ အဝေးသို့အပို့မခံရဘူးလား။ ကုဖေဖေက ဘက်လိုက်နေသေးသည်မဟုတ်လား။

"ကျွန်တော့် အဖေက ကျွန်တော့်ခြေထောက်ကို ဖြတ်လုနီးပါး ဒေါသထွက်ခဲ့ပေမဲ့၊ ကုချင်းကိုတော့လုံးဝမထိခဲ့ပါဘူး။ နောက်ပိုင်းမှာ ကုချင်း ပိုရွေးချယ်နိုင်ဖို့အတွက် အဝေးကိုပို့လိုက်ပါတယ်။"

အောက်ဘက်မှ သတင်းထောက်တစ်ယောက်က ချက်ချင်းမေးသည်။ "ဒါပေမဲ့ အဲ့ဒါ မင်းတို့မိသားစုဘက်ကပြောတာပဲလေ။ အဲ့ဒါက မဟုတ်မှန်ပါဘူးလို့လည်း သက်သေမပြနိုင်ဘူး။ ဒါ့အပြင် ကျွန်တော်မှတ်မိသလောက်ဆိုရင် ဒီတိုင်းပြည်မှာ စည်းမျဉ်းတွေရှိတယ်မလား။ မောင်နှမအချင်းချင်းလက်ထပ်မှုကို ကန့်သတ်ထားတယ်လေ။ ဥပဒေအရ မောင်နှမတွေ လက်ထပ်လို့မရဘူးမလား။ မိသားစုက ဒီကိစ္စနဲ့ပက်သက်ပြီး ဘယ်လိုဖြေရှင်းခဲ့ပါသလဲ။"

"ဟုတ်ပါတယ်။ ခင်ဗျားပြောတာမှန်တယ်။ တကယ်တမ်း အစပိုင်းမှာ ကျွန်တော် ကုချင်းနဲ့ လက်ထပ်ခွင့်မရခဲ့ဘူး။ အဲ့ဒါက ကျွန်တော်ဒီတစ်ကြိမ်မှာပြချင်တဲ့အဓိကသက်သေပါပဲ။"

ချင်းယွင်၏စကားများက သတင်းထောက်များအား နားစွင့်စေသည်။ သူတို့ သက်သေအကြောင်းတွေးမိသည်။ မည်သို့ပင်ဆိုစေ ကုမိသားစုက ချမ်းသာသောမိသားစုပင်။ မွေးစားသမီးက သားအရင်းနှင့် စေ့စပ်နိုင်လောက်အောင် ဘာဖြစ်ခဲ့သနည်း။ ဤကိစ္စတွင် ကုချင်းမှားသွားသည်။ ကုမိသားစုက ကုချင်း၏နာမည်ကို မိသားစုထဲမှ အချိန်အတော်ကြာကတည်းကပင် ထုတ်ပစ်ခဲ့သည်လား။

သို့ရာတွင် ကုချန်း၏စကားများက သူတို့၏မျက်နှာအားဖြတ်ရိုက်လိုက်သည်။

"ကုချင်းရဲ့ အသည်းအသန်တောင်းဆိုမှုကြောင့် ကျွန်တော့်အဖေက ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို လက်ခံပေးပြီး စေ့စပ်ဖို့ခွင့်ပြုပေးခဲ့တယ်။ အဲ့တစ်နှစ်အတွက်းမှာပဲ ကျွန်တော့်အဖေက ကျွန်တော့်ရဲ့ ကုချန်းဆိုတဲ့နာမည်ကို ကုမိသားစုကနေ ထုတ်ခဲ့တယ်။ ကျွန်တော့်ကို ကိုကိုယ်ပိုင်စီးပွားရေးလုပ်ခွင့်ပေးပြီး အနာဂတ်မှာ ကုချင်းနဲ့လက်ထပ်ရာမှာ အဆင်သင့်ဖြစ်နေအောင် ကူညီပေးခဲ့တယ်။"

ချင်းယွင်၏စကားများက ပရိသတ်များကြား၌ ဆူဆူညံညံဖြစ်သွားစေသည်။ ဘာ၊ သူက ကုချင်းကိုမထုတ်ဘဲ သားအရင်းကို ထုတ်ပယ်လိုက်တာလား။

ကုဖေဖေက မည်မျှရက်စက်သနည်း။ သူက ကုချင်းကို မည်မျှပင်ချစ်၍ ဤသို့သောကိစ္စအထိ လုပ်ဆောင်နိုင်သနည်း။

မျက်နှာပြင်ကြီးပေါ်၌ အိမ်ထောင်စုစာရင်းနှင့် ပက်သက်သောပုံပေါ်လာသည်။ ၎င်းက တကယ်ကို ကုချင်းနှင့် ကုချန်းတို့စေ့စပ်သောနှစ်ပင်။

"ကုချင်းပြောသလိုဆိုရင် ကျွန်တော့်အဖေက သူမကို ကလေးချွေးမအဖြစ် ပျိုးထောင်ပေးခဲ့တယ်တဲ့။ ဒါပေမဲ့ အဲ့လိုလူရဲ့ရင်ထဲမှာ ဘာကပိုအရေးကြီးမလဲ။ သားအရင်းလား၊ မွေးစားသမီးလား။ သူက သားအရင်းကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခိုင်းပေမဲ့ မွေးစားသမီးရဲ့ဆန္ဒတွေကိုတော့ ဖြည့်ဆည်းပေးခဲ့တယ်။"

ချင်းယွင်၏စကားများကိုကြားသောအခါ ပရိသတ်များ၊ သတင်းထောက်များ အားလုံးငြိမ်သက်သွားပြီး ကွန်လွန်သွားသောအဖိုးကြီးမှ ကုချင်းအပေါ် အသေအချာကာကွယ်ပေးပုံအား တွေးမိသည်။

သူက ကုချင်းအား သမီးအရင်းပမာ ချစ်ခင်သဖြင့် သားအရင်းကိုပင် လက်လွှတ်လိုက်သည်။ ကုချင်းကမူ ဘာလုပ်သနည်း။ သူမက ကုမိသားစု၏ငွေကို သုံးကာကျောင်းတက်ခဲ့သည်။ သူမက ကုမိသားစု၏အရှိန်အဝါကိုသုံးကာ ဖျော်ဖြေရေးလောက၌ လွှမ်းမိုးခဲ့ပြီး ကုချန်းနှင့်စေ့စပ်ထားစဉ်မှာပင် ယန်ယိရှန်အား တွဲကာ နောက်ဆုံးတွင်တော့ ကုမိသားစုကို သိက္ခာချရန်ကြိုးစားခဲ့သည်။

ယခုအခါ ကုချင်း၏ခေါင်းကြောမာသောပရိသတ်များပင် ဘာမှမပြောနိုင်တော့ပေ။

အဘယ့်ကြောင့်ဆိုသော် ကုချင်းက ကုချန်းအားမကြိုက်လျှင် ယန်ယိရှန်ကို ရွေးချယ်နိုင်သော်လည်း ကုဖေဖေအပေါ်  အသရေဖျက်ခွင့်မရှိပေ။

"ကျွန်တော့်အဖေကွယ်လွန်ခါနီးတော့ ပိုင်ဆိုင်မှုတွေကို သုံးပိုင်းခွဲခဲ့ပါတယ်။ တစ်ပိုင်းက ပရဟိတအတွက်ပါ။ ကျန်တဲ့နှစ်ပိုင်းကို ကုချင်းနဲ့ကျွန်တော့်အတွက် သာတူညီမျှ ခွဲဝေပေးခဲ့ပါတယ်။ ကုချင်းအိမ်ပြန်မလာတာ ဆယ်နှစ်လောက်ရှိပါပြီ။ သူမက ရှေ့နေဆီကဆက်သွယ်မှုတွေကိုလည်း ထပ်ကာထပ်ကာငြင်းဆန်ခဲ့တယ်။ ကျွန်တော် သူမရဲ့အမွေတွေကို ထိန်းသိမ်းထားပါတယ်။ ဒါပေမဲ့၊ ကုချင်း၊ မင်းဒီအမွေတွေကို လာယူရဲလား။"

ကုချင်း၏နှလုံးသားမှာ ထိုလူငယ်၏စကားကြောင့် တုန်နေသည်။

ဤသတင်းစာရှင်းလင်းပွဲ၌ စိတ်ထိခိုက်ရဆုံးမှာ ကုချင်း၏ပရိသတ်များ၊ သတင်းထောက်များမဟုတ်ဘဲ ကုချင်းပင်။

သူမက မျက်နှာပြင်အား ရူးသွပ်နေသကဲ့သို့ ကိုင်တွယ်နေသည်။ သူမက ထိုပုံကို သေသေချာချာ မြင်ချင်နေသည်။ ကုဖေဖေက သူမ၏တောင်းဆိုချက်ကြောင့် ကုချန်းအား တကယ်ကို ကုမိသားစုထဲမှ ထုတ်လိုက်သည်လား။

ကုဖေဖေက အမွေများကို ဘာတောင်းဆိုမှုမပြုဘဲ ချန်ထားရစ်ခဲ့သည်လား။ သူမကို ကုချန်းနှင့် အဆက်ဖြတ်ရန် ဖိအားမပေးခဲ့ဘူးလား။

ကုချင်း၏ စိတ်မှာရှုပ်ထွေးနေသည်။ သူမက ကြမ်းပြင်ပေါ်၌ ထိုင်နေပြီး ကိစ္စများက ဘာကြောင့် ဤသို့ဖြစ်သွားကြောင်း၊ သူမမျှော်မှန်းထားသည်များနှင့် ဘာကြောင့်လုံးဝကွဲပြားနေရသည့်အကြောင်း နားမလည်နိုင်ချေ။

သို့သော် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်၏ ကြင်နာချိုသာသောမျက်နှာတစ်ခုက ကုချင်း၏စိတ်ထဲ၌ပေါ်လာရာ သူမမျက်နှာကိုအုပ်ကာ ခါးသီးစွာငိုတော့သည်။

သူမ ဘာကို လွဲမှားသွားသနည်း။

******

ကုမိသားစု၏ ဤသတင်းစာရှင်းလင်းပွဲက ကုဖေဖေနှင့် ကုမိသားစု၏ နာမည်ကို လုံးဝပြုပြင်လိုက်ရာ သူတို့၏ကုမိသားစုသည် ကုချင်းအားဘာမှ အကြွေးမတင်ထားကြောင်း ကမ္ဘာပေါ်ရှိလူတိုင်း မြင်နိုင်သည်။ ကုမိသားစုဘက်က လုံးဝကိုလိပ်ပြာသန့်သည်။

ဤသတင်းစာရှင်းလင်းပွဲပြီးနောက် ကုတို့၏ဂုဏ်သတင်းပိုကောင်းမွန်လာသည်ကိုတွေ့ကာ ယန်ယိရှန်း ဒေါသထွက်လွန်းသဖြင့် ခွက်ကိုပေါက်ခွဲလိုက်သည်။

ဤသည်က ကုချင်းကြောင့်မဟုတ်ဘဲ ကုချန်းက ပို၍ပို၍ မြင့်မားလာသောကြောင့်ဖြစ်သည်။ ယန်ယိရှန်အနေဖြင့် ဤမြင်ကွင်းကိုလုံးဝအလိုမရှိပေ။ ၎င်းက သူ့တွင်အခွင့်အရေးမရှိတော့သကဲ့သို့ ခံစားရစေသည်။ ဘယ်လိုပင်ဖြစ်ဖြစ် သူက ကုချန်း၏ရှေ့တွင်ရပ်နေပြီး အသနားခံမှုအား လက်ခံရန်စောင့်နေရမည်ဟု အိပ်မက်မက်ခဲ့သည်။

အတွင်းရေးမှူးဝင်လာပြီး ယန်ယိရှန် သူ့အားကြည့်ကာအမိန့်ပေးလိုက်သည်။ "ကုမိသားစုရဲ့ သတင်းစာရှင်းလင်းပွဲကိုဖုံးဖို့ လူကြိုက်များတဲ့သတင်းတွေဖြန့်လိုက်။ ဘယ်သတင်းဖြစ်ဖြစ်သုံးလို့ရတယ်။ အဲ့ဒါက ကုမိသားစုကို ပိတ်ဆို့နိုင်ရင်အကောင်းဆုံးပဲ။"

သို့သော် ယခုတစ်ကြိမ် သူ၏ပြောစကားကိုကြားသောအခါ အတွင်းရေးမှူးကဘာမှပြန်မဖြေဘဲ ရပ်သာရပ်နေသည်။ "ဥက္ကဋ္ဌ..."

"ဘာကိစ္စလဲ။ မင်းရဲ့ကိစ္စအကြောင်းပြောပြီးရင် ငါခိုင်းတာသွားလုပ်တော့။" ယန်ယိရှန်ပြောပြီးသည်နှင့် ရဲသားနှစ်ယောက်ဝင်လာကာ အထောက်အထားပြပြီး တင်းမာစွာပြောသည်။

"မစ္စတာယန်ယိရှန်းနဲ့ မစ္စတာယန်ကျန်ရှင်းတို့က အခွန်တိမ်းရှောင်မှု၊ တရားမဝင်အရောင်းအဝယ်ပြုလုပ်မှုတို့ လုပ်ဆောင်နေတယ်လို့ သံသယရှိပါတယ်။ ပမာဏက ပြစ်ဒဏ်အချခံရဖို့ လုံလောက်တယ်။ မင်းက တခြားလူရဲ့ကိုယ်ရေးကိုယ်တာကိစ္စမှာလည်း တရားမဝင် ဝင်ရောက်စွက်ဖက်ခဲ့တယ်လို့ အတိုင်ခံထားရပါတယ်။ ဒီတော့ကျေးဇူးပြု၍ ငါတို့နဲ့အတူ လိုက်ခဲ့ပေးပါ။"

ရဲများ၏စကားကိုကြားသောအခါ ယန်ယိရှန်၏လက်များတုန်သွားသည်။ တစ်စုံတစ်ယောက်က သူ့အားတိုင်တန်းချင်နေသည်။ တစ်စုံတစ်ယောက်က သူတို့၏ယန်မိသားစုအား ထိုးချချင်နေသည်။ မည်သူဖြစ်နိုင်သနည်း။

သူရုံးခန်းထဲမှ အခေါ်ခံလာရသောအခါ လျှောက်လမ်း၏အဆုံးတွင် အနောက်တိုင်းဝတ်စုံနှင့်ယန်လင်ဟောက်အားတွေ့ကာ အရာအားလုံးကိုရုတ်တရက်နားလည်သွားသည်။

ဤကလေးက မျက်လုံးဖြူဝံပုလွေကဲ့သို့ ဟန်ဆောင်နေပုံပေါ်ခဲ့သော်လည်း သူတို့၏အညှာအား ကိုင်လိုက်နိုင်မည်ဟု သူမထင်ထားခဲ့ပေ။

"ခွေးသား၊ ကုချန်းက မင်းကိုခိုင်းထားတာမဟုတ်လား။" ယန်ယိရှန်အော်ဟစ်ကာ ဆွဲထိုးချင်သော်လည်း ရဲထံမှတားဆီးခံလိုက်ရသည်။

ထိုအချိန်တွင် ရဲကဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိခဲ့သည်။ ဖုန်းချပြီးနောက် သူကယန်ယိရှန်အား စိုက်ကြည့်လာသည်။ "ဆရာသမား။ မင်းက လွန်ခဲ့တဲ့ဆယ်နှစ်အကြာက ကလေးပြန်ပေးဆွဲမှုနဲ့လည်း သက်ဆိုင်နေတယ်လို့ ရဲစခန်းကသတင်းရတယ်။"

ရဲ၏ပြောစကားကိုကြားပြီးနောက် ယန်ယိရှန် ယန်လင်ဟောက်အား မယုံကြည်နိုင်စွာ ကြည့်လိုက်သော်လည်း တစ်ကိုယ်လုံးမှာ ယိုယွင်းနေသည်။

ယန်လင်ဟောက်သည်လည်း ရဲ၏စကားကိုကြားလိုက်ပြီး ခေတ္တမျှမှင်တက်သွားကာ ညင်သာစွာ ဆိုလိုက်သည်။ "ကိုကို"

ထို့နောက် သူယန်ယိရှန်အား မလိုမုန်းထားစွာပြုံးပြကာ ပါးစပ်အမူအရာဖြင့်ပြောလိုက်သည်။ "ကုချန်းက ငါ့အပိုင်ပဲ။ မင်း လုယူသွားလို့မရဘူး။"

ယန်ယိရှန်က ယန်လင်ဟောက်ပြောချင်သည်ကို သဘောပေါက်ကာ မိုးကြိုးအပစ်ခံလိုက်ရသလိုပင်။ ကုချန်းနှင့် ယန်လင်ဟောက်တို့နှစ်ယောက်ပေါင်းကာ သူ့အားချောက်ချခဲ့သည်လား။ ယန်လင်ဟောက်က ယန်မိသားစုကို ကုချန်းအတွက်ယူပေးပြီး ကုချန်းက ယန်လင်ဟောက်အတွက် ကလဲ့စားချေရန်၊ ယန်လင်ဟောက်၏အနေအထားခိုင်မာစေရန် ထိုနှစ်ကပြန်ပေးဆွဲမှုအား ဖော်ထုတ်ခဲ့သည်။

မမျှော်လင့်ထားစွာဖြင့် ဤနှစ်ယောက်သည် ထိုသို့သောဆက်ဆံရေးမျိုး...

သို့သော် ယန်ယိရှန်မည်မျှ မလိုလားနေပါစေ အသုံးမဝင်ပေ။ သူနှင့်ယန်ကျန်ရှင်းတို့က ကျန်သက်တမ်းတစ်လျှောက်လုံး၌ အကျဉ်းထောင်ထဲတွင် နေသွားရရန်သာ ကံပါသည်။

******

ယန်မိသားစုကခေါင်းဆောင် ထပ်ပြောင်းသွားသည့်အတွက် အထက်တန်းစားအသိုင်းအဝိုင်း၌ ပွက်လောရိုက်နေသည်။ လွန်ခဲ့သောဆယ်နှစ်အကြာက ပြန်ပေးဆွဲခံလိုက်ရသည့် ယန်လင်ဟောက်တစ်ယောက် ထင်ထင်ပေါ်ပေါ်ပြန်ရောက်လာသည်။ သူက ဦးလေးဖြစ်သူနှင့် ဝမ်းကွဲအစ်ကိုတို့၏အညှာကိုကိုင်ကာ ထောင်သို့သေသေသပ်သပ်ပို့ပေးလိုက်သည်။

သို့သော် ယန်လင်ဟောက်က ငယ်ရွယ်လွန်းသည်။ ဤငယ်ရွယ်သောမိသားစုခေါင်းဆောင်က ကျော်ကြားသောမျိုးနွယ်ထဲ၌ အခြေခိုင်မည်ဟု မည်သူမှမတွေးပေ။ သို့သော် ယန်လင်ဟောက် လုပ်နိုင်ခဲ့သည်။ သူက မစ္စတာယန်၏ သေတမ်းစာဖြင့် ရှယ်ယာအများစုကိုပြန်ယူကာ ကုမ္ပဏီ၌အကြွင်းမဲ့ပြောဆိုပိုင်ခွင့်ရလာသည်။

သို့သော် ကုချန်း၏နည်းလမ်းများမှာ ပြတ်သားသည်။ မကြာခင်တွင် ယန်မိသားစု၏ခေါင်းဆောင်သစ်သည် အနိုင်ကျင့်ခံရပြီး ယန်တစ်မိသားစုလုံး အစအနမကျန် ပျောက်ကွယ်သွားလိမ့်မည်။

ကုမိသားစုနှင့် ယန်မိသားစုတို့၏ ပြဿနာမှာလည်း မြန်မြန်အဆုံးသတ်သွားသည်။ တစ်နှစ်တည်းမှာပင် ကုမိသားစု၏သတင်းစာရှင်းလင်းပွဲပြီးနောက် ကုချင်းဖျော်ဖြေရေးလောကမှ ထွက်သွားကာ ခြေရာဖျောက်သွားသည်။

ကုချင်းက သူမ၏အမွေများကို လာယူသော်လည်း ကုဖေဖေကဲ့သို့ပင် ပရဟိတအဖွဲ့သို့လှူလိုက်သည်။

သူမက နှလုံးသားထဲမှစွဲလမ်းမှုအားလုံးကို စွန့်လွှတ်လိုက်သည်။ အဝတ်အစားကောင်းများ၊ လက်ဝတ်လက်စားများကို သံယောဇဉ်ဖြတ်ကာ မိဘမဲ့ဂေဟာတစ်ခု၌အခြေချပြီး မိဘမဲ့ကလေးများအား ရိုးရှင်းစွာမူကြိုစာ သင်ပေးနေသည်။

ကုချင်းက ကုဖေဖေ၏အတွေးများကို နားမလည်ခဲ့ပေ။ သို့သော်ယင်းသည်လည်း အရေးမကြီးပေ။ သူမက ကုဖေဖေ၏ခြေလှမ်းများအတိုင်း တစ်လှမ်းပြီးတစ်လှမ်း လိုက်လျှောက်နိုင်သည်။

*****

နှစ်ပေါင်းများစွာကြာပြီးနောက် ကျော်ကြားသောစီးပွားရေးဆိုင်ရာ ပွဲတစ်ပွဲတွင် ကုမိသားစုခေါင်းဆောင်နှင့် ယန်မိသားစုခေါင်းဆောင်တို့အတူတကွ ရှိနေပုံက လူတိုင်းထံမှအာရုံစိုက်ခံနေရသည်။

နှစ်ယောက်သားကြားမှ အတင်းအဖျင်းမှာ စိတ်ဝင်စားစရာကောင်းသည်။ စီးပွားရေး လောက၌ ကုမိသားစုနှင့် ယန်မိသားစုတို့က အမြဲတမ်းရန်သူများပင်။

သွေးသားတော်စပ်မှုမရှိသည်မှာ သနားစရာပင်။ ပြန်ထွက်သွားမည့်ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ပေးခဲ့ခြင်းမှာ ကုချန်းအတွက်တွက်ခြေမကိုက်ဟု လူတိုင်းခံစားရသည်။

မဟုတ်ပေ။ ဥက္ကဋ္ဌနှစ်ယောက်ဆုံသည်နှင့် လက်နက်များချကာ တစ်ဦးကိုတစ်ဦးကြည့်နေချိန်၌ ပတ်ဝန်းကျင်တွင် တလက်လက်တောက်ပနေသည်ဟု ဘေးလူများရုတ်တရက်ခံစားလိုက်ရသည်။

အထူးသဖြင့် ဥက္ကဋ္ဌကုရောက်လာသည်နှင့် ဥက္ကဋ္ဌယန်၏အမူအရာချက်ချင်းပြောင်းလဲသွားသည်ကို ၎င်း၏ဒေါသနှင့်ရင်းနှီးနေသူများ သတိထားမိလိုက်ကြသည်။ အရာအားလုံးပေါ် ဒေါပွကာ ဂရုမစိုက်သော မစ္စတာယန်သည် မစ္စတာကုအား အလွန့်အလွန်ကြောက်လန့်ဖွယ်ရာမျက်လုံးများဖြင့်ကြည့်နေသည်။ သူကတစ်စုံတစ်ရာကိုပင် ထူးဆန်းသောညှို့ဓာတ်ဖြင့်ပြောလိုက်သည်။

"မစ္စတာကုနဲ့ မတွေ့ရတာကြာပြီနော်။" ယန်လင်ဟောက်က ချင်းယွင်၏အနားသို့လာကာ ခွက်ချင်းတိုက်ပြီးနောက် ခေါင်းမော့၍ဝိုင်သောက်လိုက်သည်။

'မတွေ့ရတာကြာပြီ' ဟူသည့်စကားအား လေးလံစွာအံကြိတ်၍ပြောခဲ့သည်။ ဝိုင်သောက်နေချိန်မှာပင် သူ၏မျက်ဆန်မည်းများက ချင်းယွင်ထံတွင်သာကပ်နေပြီး ရဲတင်းစွာဖြင့် အပေါ်အောက်ကြည့်နေသည်။

ချင်းယွင်က ဤယောင်ချာချာကောင်လေး၏ အသွင်အပြင်ကိုကြည့်ကာ ဘာမှမပြောချေ။

ဤရက်ပိုင်းအတွင်းတွင် ယန်လင်ဟောက်က အလွန်အလုပ်များနေသဖြင့် အိမ်ပြန်မလာသည်မှာ တစ်ပတ်လောက်ရှိလေပြီ။ သူအသက်ရှူရခက်နေမည်ကိုပင် စိုးရိမ်ရသည်။

ချင်းယွင် ရယ်၍မပြီးသေးခင်မှာပင် ယန်ယိဟောက်က အခွင့်အရေးရသွားကာ ချင်းယွင်ကို အိမ်သာအခန်းငယ်ထဲသို့ ဆွဲခေါ်သွားပြီး နံရံတွင်ကပ်၍ မွတ်မွတ်သိပ်သိပ်နမ်းရှိုက်လိုက်သည်။

"ကိုကို ကိုကိုက ဒီဝတ်စုံနဲ့ သိပ်ကြည့်ကောင်းတာပဲ။ ကျွန်တော်မအောင့်နိုင်တော့ဘူး။"

"ကိုကို ကျွန်တော်တအားနေရခက်နေတယ်..."

အပြင်လူများ၏အမြင်တွင် ဥက္ကဋ္ဌယန်က အေးစက်စက်ဖြင့် ခက်ထန်ကာ ရက်စက်သော်လည်း ယခုအချိန်၌ သူက ချင်းယွင်၏ကိုယ်ပေါ်တွင် ခွေးသားရေကဲ့သို့ကပ်နေကာ ခွာ၍ပင်မရချေ။

" မင်း...တော်လောက်ပြီ။" ချင်းယွင် သူ့အားတွန်းထုတ်လိုက်သည်။ အသန့်ကြိုက်ရောဂါရှိသူက ဤနေရာတွင် လုပ်ခွင့်ပေးရမည်လား။ မည်သို့ဖြစ်နိုင်မည်နည်း။

ယန်လင်ဟောက်က သူ့အတွေးကိုသိသွားကာ သနားစဖွယ်အမူအရာဖြင့် မျက်နှာလာကပ်ပြကာ အနမ်းတောင်းသည်။ "ဒါဆိုကိုကို ကျွန်တော့်ကိုနမ်း။"

"သွားစမ်းပါ။" ချင်းယွင်ထိုမျက်နှာကြီးကို လက်တစ်ဖက်တည်းနှင့်ပင် တွန်းဖယ်လိုက်သည်။ ဤကမ္ဘာ၌နေချိန် ကြာလေလေ ထိုယောက်ျား ကလေးဆန်လာလေလေပင်။ သူထိုသို့ပြုမူရသည်ကို နှစ်သက်မှန်း ချင်းယွင်ဘာကြောင့်မသိခဲ့သနည်း။

ယန်လင်ဟောက် သည်းမခံနိုင်တော့ပေ။ သူချင်းယွင်ကိုဖိထားကာ ဝမ်းနည်းစွာ ပြောလာသည်။ "ကိုကိုက ကျွန်တော့်ကို မချစ်တော့ဘူး။ ကိုကိုက ကျွန်တော့်ကိုမသနားဘူး။ ကျွန်တော် အအောင့်လွန်ပြီး ပန်းသေသွားရင်ဘယ်လိုလုပ်မလဲ။"

"ကျွန်တော် ယန်မိသားစုကို ဂရုမစိုက်ပေးချင်ဘူး။ ကိုကိုက ယန်ကုမ္ပဏီကို ဘယ်တော့မှ အပိုင်သိမ်းမှာလဲ။"

ဒါ ဥက္ကဋ္ဌတစ်ယောက်က ပြောရမဲ့စကားလား။

" ငါယန်မိသားစုကို အပိုင်သိမ်းလိုက်ရင် မင်းက အနောက်မြောက်ဘက်က လေကိုပဲ သောက်မှာလား။"

"ဘာမှမဖြစ်ဘူး။ ကိုကိုက ကျွန်တော့်ကို ထောက်ပံ့လိမ့်မယ်။" ယန်လင်ဟောက်က ဆက်လှည့်ဖြားနေသည်။ "ကိုကို ကျွန်တော့်ကို ထောက်ပံ့ပေးမှာလား။"

"မင်းငါ့ကို စိတ်ဝင်စားစရာတစ်ခုနဲ့ ကမ်းလှမ်းကြည့်လေ။ "

"ကျွန်တော့်မှာ ဘာမှမရှိဘူး။ ကျွန်တော်ကအိပ်ရာပေါ်မှာပဲ အသုံးဝင်တာ"

အတိုချုပ်ပြောရလျှင် မစ္စတာယန်နှင့် မစ္စတာကုတို့ မည်သို့ပက်သက်နေကြောင်းကို မည်သူမှမသိပေ။

*****

နှစ်တစ်ရာကြာပြီးနောက် အာကာသထဲ၌ ပုံရိပ်နှစ်ခုပေါ်လာသည်။

ချင်းယွင်က မင်းရန်အား အေးစက်စွာစိုက်ကြည့်နေသည်။

တစ်စုံတစ်ယောက်မှာ တုန်သွားပြီး ချင်းယွင်အား အသနားခံရတော့သည်။ "ကလေး၊ ကိုယ်မှားသွားပါတယ်။" ချင်းယွင် ထိုယောက်ျားကိုကန်ထုတ်လိုက်ပြီး ပြဿနာရှိသောကမ္ဘာအား ဆက်ရှာနေသည်။

မင်းရန် ငိုမဲ့မဲ့ဖြစ်သွားပြီးနောက် မျက်ဝန်းများလက်ခနဲ ဖြစ်သွားကာ ချင်းယွင်းအား အော်ခေါ်လိုက်သည်။ "ကိုကို"

ဤတစ်ကြိမ်တွင် ချင်းယွင်ကြံ့ကြံ့ခံကာ မင်းရန်ကိုရိုက်ပစ်လိုက်သည်။

ထိုယောက်ျားက မျက်နှာကိုအုပ်ကိုင်ကာ ကိုင်းကျလာသည်။ "ကလေးရေ၊ ဒေါသမထွက်ပါနဲ့။ ကိုယ်နည်းလမ်းကောင်းတစ်ခုရထားတယ်။ ကိုယ်တို့ပြန်ဝင်ကြမလား။ ဒီတစ်ကြိမ်မှာ ကိုယ်ကမင်းကို ပျိုးထောင်ပေးမယ်လေ။"

"ဘယ်လိုလဲ။ ကောင်းတယ်မလား။"

Continue Reading

You'll Also Like

3.6M 361K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
10.8K 1.2K 5
Main title: God Plz!Grab me!Love me!Save me! Arc-4.(I used to love you) started date:15/7/2022 End: ???????
419K 16K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
74.3K 9.1K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...