ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)

By Meng_L

1.4M 234K 22.4K

Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ေက်ာင္းသာ... More

ဇာတ်ကောင်မိတ်ဆက်
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄) ပ
အခန်း(၂၄) ဒု
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း(၆၉)
အခန်း(၇၀)
အခန်း(၇၁)
အခန်း(၇၂)
အခန်း(၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)
အခန်း(၇၈)
အခန်း(၇၉)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂)
အခန်း(၈၃)
အခန်း(၈၄)
အခန်း(၈၅)
အခန်း(၈၆)
အခန်း(၈၇)
အခန်း(၈၉)
အခန်း(၉၀)
အခန်း(၉၁)
အခန်း၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၈)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၃)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်း(၁၀၈)
အခန်း(၁၀၉)
အခန်း(၁၁၀)
အခန်း(၁၁၁)
အခန်း(၁၁၂)
အမေးအဖြေ(၃၀)
အချပ်ပို(၁)
အချပ်ပို(၂)
အချပ်ပို(၃)
အချပ်ပို(၄) ပ
အချပ်ပို(၄) ဒု
အချပ်ပို(၄) တ
T/N
Notice!

အခန်း(၈၈)

8.3K 1.6K 155
By Meng_L

伪装学渣
Wei Zhuang Xue Zha


UNICODE

သူ့မှာ သက်ဆိုင်သူရှိတယ်


ရှဲ့ယွီပထမဆုံးတုံ့ပြန်ပြောချင်သည်မှာ 'မဟုတ်ဘူး' ဟု ၊ သို့တိုင် 'မဟုတ်ဘူး'ဆိုသည့်စကားလုံးသုံးလုံးမှာ ပါးစပ်ဝတွင်သာတဝဲလည်လည်ရှိနေရ၏။

ကျိုးသာ့လေမှာ ထိုစကားအားအလေးအနက်ဖြင့်အတည်မေးလာခြင်းဖြစ်သည်။

အချင်းချင်းသိကျွမ်းတာကြာနေပြီဖြစ်၍ ပုံမှန်ဆိုအမြဲပြုံးဖြီးနေသည့်မျက်နှာကိုသာ မြင်တွေ့ရကာ စိတ်ထဲလည်းသိပ်မထားတတ်ဘဲ ကျိုးသာ့လေအလေးအနက်ရှိသည့်အချိန်ကလက်ချိုးရေတွက်၍ရသည်။ ငယ်ငယ်တုန်းက ကြိုက်လွန်းလှသည့်အရုပ်အားလုယူသွားခံရချိန်နှင့် တစ်လောကသာ့မေထွက်သွားတုန်းကအကြိမ်တို့သာရှိ၏ ၊ ဘီယာတွေတစ်ဘူးပြီးတစ်ဘူးသောက်ကာ လမ်းထိပ်တွင်ထိုင်ရင်း မူးမူးဖြင့်သူ့အားမေးလာ၏။

"သာ့မေကပြန်လာပါဦးမလား။"

ပြန်လာမလာကမပြောနိုင်ပါ ၊ လူတိုင်းလူတိုင်းကိုယ့်လမ်းကိုယ်တော့လျှောက်ကြရစမြဲ။

ရှဲ့ယွီသည် သူ့အားကြည့်ရင်း အသံတိတ်သက်ပြင်းချကာ ပြောလိုက်ပါသည်။

"ပြန်လာမှာပါ။"





ဆောင်းရာသီကျောင်းပိတ်ရက်အတောအတွင်း ကျိုးသာ့လေမှာ အကြောင်းရှိရှိမရှိရှိ သူ့အားလာလာဆွလျက်ရှိသည်။ သူစာလုပ်နေတဲ့အချိန်ကိုပင်ရွေးပြီး ညကြီးသန်းခေါင်းအမြဲစာပို့လာတတ်၏။

-အိပ်ပြီလား ရှဲ့ဘောစ် ၊ ဘာလုပ်နေတာလဲ။

-မအိပ်သေးဘူး ဂိမ်းဆော့။

-ဘာဂိမ်းလဲ?

ရှဲ့ယွီသည် အစကတော့စိတ်ထဲမထားမိပေမယ့် ယခုပြန်စဉ်းစားကြည့်တော့မှ ဘယ်နားမူမမှန်သည်ကို သတိထားမိလာသည်။

ကျိုးသာ့လေစိတ်ထဲ အတွေးတွေသံသယတွေမပြတ်ထွက်ပေါ်လို့နေရင်း သူသည်ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလျှောက်ကာ မျက်နှာထက်ကပျက်ယွင်းနေတဲ့အမူအရာတို့ကို ထိန်းချုပ်ထားမိ၏။

"မင်းပြောလေကွာ ၊ မင်း. . .  . . ."

ရှဲ့ယွီက ခဏကြာနှုတ်ဆိတ်နေပြီးမှ ဖြတ်ပြောလာ၍ ကျိုးသာ့လေ ဆက်ပြောမထွက်တော့။

"ဟုတ်တယ် ငါပဲ။"

ရှဲ့ယွီသည် တန်ပြန်မေးလိုက်ပါသည်။

"မင်းကဘယ်လိုသိတာလဲ?"

ထိုစကားကြောင့် ကျိုးသာ့လေမှာဒေါသငယ်ထိပ်တက်သွားရလျက် လိမ်ညာခံရတယ်ဆိုတဲ့ခံစားချက်တို့ပြင်းထန်လာရကာ ထိုတဒင်္ဂအတွင်း 'သူ့ရဲ့ရှဲ့ဘော့စ်က ဘာကြောင့်ဒီလိုဖြစ်ရသလဲ' ဆိုသည်ကိုသုံသပ်ကြည့်ဖို့မေ့သွားခဲ့သည်။

"ငါဘယ်လိုသိတာလဲ—-  —- မင်းစိတ်ထဲနည်းနည်းမှသိမနေဘူးလား ၊ ငါ မင်းရဲ့အိမ်စာတွေကိုကူးရေးလာတာ နှစ်ဘယ်လောက်ကြာနေပြီလဲ ၊ မင်းရေးတဲ့စာလုံးတွေ မြန်မြန်ပဲရေးရေး နှေးနှေးပဲရေးရေး သော့ပဲရေးထားထား မင်းဘယ်ဘက်လက်နဲ့ပြောင်းရေးထားပါစေဦးတော့ ငါအကုန်မှတ်မိတယ်ကွ!"

". . . . . ."

ဒါကတကယ်ကို သူ့ရဲ့ကျဆုံးခန်းမှန်း ရှဲ့ယွီလုံးဝထင်မှတ်မထားခဲ့။

"ငါမင်းနဲ့ညီအစ်ကိုလိုပေါင်းလာတာ ဒီလောက်နှစ်ကြာနေပြီကို မင်းကငါ့ဒီလိုလိမ်တယ်ပေါ့? "

ကျိုးသာ့လေသည် ဆဲဆိုရင်းမှ ရှဲ့ယွီအားအင်္ကျီကော်လာမှဆွဲကာ ထောင့်စွန်းဘက်သို့ဆွဲခေါ်သွားသည်။

"ငါပထမဆုံးအကြိမ် မင်းအဆင့်တွေကဘယ်လိုဖြစ်ရတာလဲဆိုပြီးမေးတုန်းက မင်းငါ့ကိုဘယ်လိုပြန်ပြောခဲ့လဲ ၊ ဘာတဲ့ ကျယ်ပြောလှတဲ့ကမ္ဘာကြီးမှာ ကိုယ်တိုင်ထက် ပိုတော်တဲ့သူတွေဆိုတာရှိတယ် လူ့ဘဝဆိုတာကောင်းတစ်ခါ ဆိုးတလှည့်ဆိုလား ၊ သောက်ရေးမပါတာတွေ!"

ကျိုးသာ့လေသည် ကရားရေလွှတ်ပြောပြီးတာတောင် ဒေါသကမပြယ်။

ရှဲ့ယွီသည် ခွန်းတုံ့မပြန်ဘဲ သူ့အားဆဲချင်သလောက်ဆဲခွင့်ပြုထားလိုက်၏ ၊ ဤသည်မှာ ဘဝတစ်လျှောက်လုံး၌ တစ်ကြိမ်တည်းသော စိတ်ရှည်ထားနိုင်ခြင်းဟုခေါ်နိုင်သည်။

"ဆဲလို့ဝပြီလား မဝသေးရင်ဆက်ဆဲ။"

ကျိုးသာ့လေသည် စီးကရက်ဘူးကိုနှိုက်ကာ နံရံထောင့်ကွယ်၍တစ်လိပ်ကုန်အောင် သောက်လိုက်သည်။ ရှဲ့ယွီသည် အချိန်အားကြည့်ကာ ပြန်မည်လုပ်တော့မှ ကျိုးသာ့လေကလက်ကိုလှမ်းဆွဲထားပြီး လေသံတိုးတိုးဖြင့်ဆိုလာသည်။

"မင်းဘယ်လို​တောင်စိတ်ကူးလိုက်တာလဲ ၊ မသွားသေးနဲ့ဦး ဆောင့်ကြောင့်လာထိုင် ငါတို့စကားပြောကြရအောင်။"

"ချီးကိုဆောင့်ကြောင့်ထိုင်ရမှာလား ၊ မသွားရင် ဘတ်စ်မမီတော့ဘူးကွ။"

"ဒါဆိုလည်း ငါတို့သွားရင်းနဲ့ ပြောကြတာပေါ့. ."

ကျိုးသာ့လေက ချက်ချင်းပဲအလျှော့ပေးကာ ညှိညှိနှိုင်းနှိုင်းဆိုလာသည်။

"မင်းဖြည်းဖြည်းလျှောက်။"

ကျိုးသာ့လေသည် ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရင်းပေါင်းစုံကိုတွေးကြည့်ပြီးပေမယ့် ထိုအခြေအနေကြောင့်လို့တော့ ထင်မထားခဲ့။

နောက်ဆုံးဘတ်စ်သည်ကား (၉)နာရီတွင်ဖြစ်သည်။ ကားစောင့်နေရင်း ရှဲ့ယွီအကျဉ်းချုပ်ပြောပြပြီးနောက်မှာတော့ ကျိုးသာ့လေမှာနားထောင်ပြီးတာနဲ့ တရစပ်ညစ်ညစ်ညမ်းညမ်းတွေဆဲရေးတိုင်းထွာကာ ဖရုဿဝါစာတွေကလွဲ ကျန်တာမပြောတတ်တော့။

"ခွေးသူတောင်းစား ကျုံးမျိုးရိုးကောင်. . .  . . ."

သူသည် အစကတော့ ရှဲ့ယွီကိုဒေါသထွက်ကာ စိတ်တွေဆိုးပြီးနောက် တဖန်မအောင့်အည်းထားနိုင်ဘဲ ရှဲ့ယွီကိုယ်စားဒေါသထွက်လို့လာရသည်။

ဒေါသထွက်လွန်း၍ စီးကရက်ကိုင်ထားသည့်လက်ပင်တုန်ယင်ကာ ခေါင်းထဲအပြည့် 'ဖာ့ခ်'ဆိုသည်သာရှိတော့၏။

နေရာတင် ဟေးရွှေလမ်း၏ဆဲတဲ့နေရာမှာဆရာတစ်ဆူဖြစ်သည့်အလား စကေးတွေထုတ်ပြနေသည်ကိုဟန့်တားဖို့ ရှဲ့ယွီသည် သူ့အားတစ်ချက်ကန်ထည့်လိုက်သည်။

"တော်တော့ ကားလာနေပြီ မင်းဒီမှာပဲဝေ့မနေနဲ့ ပြန်နားတော့။ မြန်မြန်လစ်။"

ဘတ်စကားမှား လမ်းထိပ်မှဖြည်းဖြည်းချင်းကွေ့ဝင်လာပြီး သူတို့ရှိရာကားမီးရောင်ကတည့်တည့်ကျရောက်လာ၏။

ရှဲ့ယွီသည် ကားပေါ်တက်ပြီးနှစ်လှမ်းမျှလျှောက်အပြီး၌ ကားတံခါးမပိတ်သေးခင်အခွင့်ယူကာ အပေါက်နားပြန်လှည့်ပြီး တံခါးလက်ရန်းအားကိုင်ထားရင်း ကိုယ်တစ်ဝက်ရှေ့ငိုက်လို့ပြောလိုက်သည်။

"မသေချင်ရင်လျှောက်မပြောနဲ့ ။ ငါအတည်ပြောတာ အကောင်းဆုံးကတော့မင်းပါးစပ်ကိုနည်းလမ်းရှာပြီးတော့သာ ပိတ်ထားလိုက်—-  —-"






ကျိုးသာ့လေမှာ အပေါက်ပိတ်ထားချင်သော်ငြား သူသည်ပြန်ရောက်တာနှင့် ဟိုလှည့်ဒီလှည့်ရှိရရင်း အတော်ကြာအိပ်မပျော်ဘဲရှိသည်။

လေမားမှာ ညကြီးထပြီးဧည့်ခန်းထဲရေလာသောက်ချိန်၌ မှောင်မှောင်မည်းမည်းထဲဆိုဖာပေါ်ငုတ်တုတ်ထိုင်နေတဲ့သားတော်မောင်ကြောင့် လန့်ကာအသက်ထွက်မတတ်ဖြစ်ရသည်။

ကျိုးသာ့လေသည် ဆိုဖာထက်အတော်ကြာထိုင်နေပြီးနောက် စိတ်မထိန်းနိုင်ဘဲရှိရရင်းဖုန်းcontacts ထဲဝင်ကာလက်ချောင်းတို့က အန်တီကုဆိုသည့်စာကြောင်းထက်ထိထားမိ၏။ ခေါင်းထဲရှုပ်ထွေးလို့နေကာ တော်ပါပြီလေဟုတွေးနေတုန်းမှာပဲ လက်တစ်ချက်တုန်သွား၍ မတော်တဆဖုန်းခေါ်မိသွားတော့သည်။

". . . . . ."






ဆောင်းရာသီကျောင်းပိတ်ရက်သည်ကား တစ်လသာကြာ၏။ ပိတ်ရက်အတွင်းလုပ်ဖို့ပေးလိုက်တဲ့ အိမ်စာတွေတစ်ပုံကြီးအား ရှဲ့ယွီတစ်လုံးမှမထိရသေး ၊ နာမည်ကိုသာရေးထိုးထားပြီး နောက်ထပ်ထပ်ပင်လှန်မကြည့်မိတော့။

မဒမ်ကုမှာ ဒီရက်ပိုင်းထဲသူ့အား ဂိုက်ဆရာခေါ်ဖို့အရေးဆိုလို့လာသည်။

"ဒီဆောင်းရာသီပိတ်ရက်တစ်လျှောက်လုံး ဘာတွေလုပ်နေလဲ မင်းကိုယ်မင်းပြန်တွေးကြည့်ဦး။"

ရှဲ့ယွီသည် အောက်ထပ်ဆင်းကာ ရေလာထည့်ရင်းမှပြောလိုက်သည်။

"ကျွန်တော်အခုအဆင်ပြေနေတာပဲမဟုတ်လား ကောင်းကောင်းအိပ်ကောင်းကောင်းစားနေတာ။"

ကုရွှယ်လန် : "မင်းစကားလမ်းကြောင်းလွှဲမပစ်စမ်းနဲ့  ၊ မင်းဒီလိုပဲဆက်သွားပြီး ဘာတွေများလုပ်ချင်နေတာလဲ ငါမင်းကိုတွန်းအားမပေးဘူးများထင်နေတာလား မင်း—-  —-"

ရှဲ့ယွီအရင်ကတည်းက ဂိုက်ဆရာမခေါ်ချင်သည်မှာ အဓိကကကျောင်းမှာတင်အမှတ်တွေကိုထိန်းဖြေနေရတာစိတ်ရှုပ်ဖို့ကောင်းသည့်ကြား ဂိုက်ဆရာပါခေါ်လိုက်ပါက ပိုလို့များများလိုက်ထိန်းချုပ်ရမည်ဖြစ်ပြီး လွယ်လွယ်လည်းပေါ်သွားနိုင်သည်ကြောင့်။

မဒမ်ကုပြောတာလည်း အကြိမ်ပေါင်းမနည်းတော့ပေမယ့် သူကတော့ဤသို့သာလျှင်ဆိုလေသည်။

"မား ကျွန်တော်ကိုယ့်ဘာသာကိုယ်သိတယ်။"

သူပြောအပြီးတွင် ဒီတစ်ခေါက်မဒမ်ဒုမှာ အရင်တွေတုန်းကလို 'မင်းကဘာတွေများသိတာလဲ'ဟု သူ့အားဒေါသထွက်ထွက်နှင့်သရော်ခြင်းပြုမလာ။

ကုရွှယ်လန်သည် ဆိုဖာထက်ထိုင်နေ၏ ၊ လက်ဘေးနားတွင်တော့ တီဗွီရီမုရှိသည်။

တီဗွီဖန်သားပြင်ထက်မှာတော့ ဖန်တစ်ရာတေအပ်ကြောင်းထပ်ဇာတ်ကွက်တွေနဲ့ ဇာတ်လမ်းတွဲတစ်တွဲပြသလို့နေကာ အသံတို့အားနားတစ်ဝိုက်ကြားနေရသည်။ ကုရွှယ်လန်၏မျက်နှာအမူအရာကတော့ အနှောက်အယှက်ဖြစ်ဟန်မရှိဘဲ မျက်နှာထားခပ်တည်တည်ဖြင့် မျက်ဝန်းတို့ကသံသယနှင့် မေးမြန်ချင်နေသည့်အရိပ်အယောင်တို့ထင်ဟပ်နေ၏။





ကုရွှယ်လန်သည် မနေ့ညကဝင်လာသည့်ခေါင်းခြောက်စေပါသည့်ဖုန်းကောအား ပြန်လည်အမှတ်ရလာသည်။

ဟေးရွှေလမ်းမှပြောင်းလာပြီးနောက် သူ့ဘဝမှာအရင်ကနှင့်မတူတော့။ ရွှီယန့်မေတို့တစ်တွေနဲ့ ဆက်ဆံရေးမှာဆိုလည်း ဝေးလို့သွားပြီး နှစ်သစ်ကူးပွဲတော်ရက်များ၌သာ ဆုတောင်းစကားပေးပို့သည်ကလွဲ တခြားဆက်သွယ်တာမျိုးတွေမရှိ။

ကျိုးသာ့လေဖုန်းထဲမှပြောလာသည့် စကားတို့ကတောင်ရောက်မြောက်ရောက် ၊ မတော်တဆမှားခေါ်မိတာဟုလည်းဆိုသေးပြီး ခဏနေပြန်တော့လည်း အန်တီကုဟုခေါ်လာပြီး တဖန်နှုတ်ဆိတ်သွားပြန်သည်။ သူ(မ)မှာညသန်းခေါင်းကြီးဖုန်းဝင်လာ၍ နှိုးလာရကာခေါင်းကမကြည်ဘဲရှိရင်း ကျိုးသာ့လေဘာတွေပြောနေမှန်းလည်း နားမလည် ၊ မီးအိမ်အသေးလေးကိုလှမ်းဖွင့်ရင်း ထထိုင်ကာမေးမိသည်။

"ဘာဖြစ်လို့လဲ သာ့လေ?"

ကျိုးသာ့လေက ပြောလာ၏။

"အန်တီကု တွေးကြည့်ဖူးလား ရှဲ့ဘော့စ်ရဲ့အဆင့်က. . .  . . ."

ကုရွှယ်လန်သည် 'အဆင့်'ဆိုသည့်စကားလုံးနှစ်လုံးအား ရှင်းရှင်းလင်းလင်းကြီးကိုကြားလိုက်ရသည်။ သို့တိုင်ထိုကောင်လေးမှာ တဖန်ရုတ်တရက်ကြီးစကားလမ်းကြောင်းလွှဲသွားပြီး ဟိုလျှောက်ပြောဒီလျှောက်ပြောဖြင့် အဆုံးတွင်ထိုသို့ဆိုလာသည်။

"ဒီညလမင်းကြီးက ဝိုင်းစက်နေတာပဲ။"

ကုရွှယ်လန် : ". . . . . ."

"ဝင်းပနေတဲ့လမင်းကြီးကိုတွေ့ပြီး ကျွန်တော် အန်တီကုကိုသတိရလာလို့။"

ကုရွှယ်လန်မှာ ဘယ်လိုပဲအသားအရည်ထိန်းသိမ်းထိန်းသိမ်း အရွယ်ရလာပြီဖြစ်သည့်အတွက် မျက်ဝန်းထောင့်တွေ၌ အရေးအကြောင်းတို့ပေါ်လို့လာနေပြီဖြစ်သည်။ စိတ်ရှုပ်စရာကိစ္စတချို့လည်းရှိ၍ ထိုဖုန်းကောဝင်လာခြင်းက သူ(မ)အားအတော်ကြာအိပ်မပျော်ဖြစ်စေသည်။

ဟိုလှည့်ဒီလှည့်ရှိရရင်း အိပ်ပျော်ခါနီးချိန်ကြမှ အတွေးထဲကနေ မြင်ကွင်းတစ်ခုကထွက်ပေါ်လို့လာသည်။ ရှဲ့ယွီငယ်စဉ်အခါကဖြစ်ပြီး စားပွဲထက်ဖြစ်သလိုတင်ထားသည့် ဆုများ။

ဘာဆုတွေလဲ?

ထိုအချိန်တုန်းက သူ(မ)မှာအလုပ်အရမ်းများကာ အလုပ်သုံး/လေးခုကြားပတ်လည်ရိုက်လျက်ရှိသည်။

"မင်းမှာဘာအစီအစဉ်တွေများရှိလဲ ပြောပြကြည့်ကြည့်ပါဦး. ."

ကုရွှယ်လန်က အေးဆေးတည်ငြိမ်စွာဖြင့် သူ့အားမေးလို့လာသည်။

". . .  . . . မင်းစိတ်ထဲဘာတွေများရှိနေတာလဲ။"

ကုရွှယ်လန်မှာ ပြောပြီးနောက်မှ မိမိဘာကိုသံသယဝင်လို့ဝင်နေမှန်းနားမလည်ဖြစ်ရ၏။ ဒီရက်ပိုင်းထဲကောင်းကောင်းအိပ်မပျော်တာကြောင့်ဖြစ်နိုင်သည်။ သူ(မ)သည် မျက်ခုံးကြားကနေရာအား နှိပ်နှယ်ရင်းမှ လက်ယမ်းလို့ပြလိုက်တော့သည်။

"တော်ပြီ မင်းအပေါ်တက်တော့ အာရုံနောက်အောင်ဒီနားရပ်မနေနဲ့။"





ရှဲ့ယွီသည် ဖန်ခွက်ကိုကိုင်ထားရင်း အပေါ်ရောက်တာနှင့် ကွန်ပျူတာရှေ့အတော်ကြာထိုင်နေမိကာ ဗီဒီယိုထဲက နိုင်ငံခြားဘာသာပါ​မောက္ခပြောသွားသည့် grammar နှင့်စာကြောင်းတည်ဆောင်ပုံတို့အား တစ်ခွန်းမှနားထဲမဝင်လိုက်။

"ကလေးလေး ဘာလုပ်နေတာလဲ။"

ဟယ့်ကျောင်းထံမှဖုန်းဝင်လာကာမှ ရှဲ့ယွီလည်းအသိပြန်ကပ်ကာ ရေအားနှစ်ငုံလောက်သောက်ပြီး မပီမသပြန်ထူးလိုက်သည်။

ဟယ့်ကျောင်းမှာ ယခုလေးတင်တက္ကစီပေါ်မှဆင်းကာ ပြတင်းပေါက်နားရပ်ငွေရှင်းပေးရင်း အကြွေတို့အားအိတ်ထောင်ထဲထိုးထည့်လိုက်သည်။

"နွားနို့သောက်နေတာလား?"

"ရေသောက်နေတာ။"

ကလေးလေးကနွားနို့သောက်နေတာမဟုတ်ဘူးဟု ကြားပြီးနောက်မှာတော့ ဟယ့်ကျောင်းသည် စိတ်ထဲနှမြောတသဖြစ်သွားရသည်။

"တခြားဟာများတွေးလို့မရဘူးလား မင်းအတွေးကြီးကအန္တရာယ်များလွန်းတယ်. ."

ရှဲ့ယွီသည် ရေခွက်ကိုချလိုက်ပြီး ကွန်ပျူတာစခရင်ညာဘက်အောက်ထောင့်နားက ရက်စွဲကိုတစ်ချက်လှမ်းကြည့်ကာ ဟယ့်ကျောင်းတစ်စုံတစ်ယောက်နဲ့တွေ့ဖို့ချိန်းထားသည့်ရက်ကလည်း ဒီအပတ်ပိတ်ရက်ဆိုတာကိုအမှတ်ရ၍ မေးလိုက်ပါသည်။

"တွေ့ပြီးပြီလား?"

"မတွေ့ရသေးဘူး အခုမှကားပေါ်ကဆင်းတာ။"






ဟယ့်ကျောင်းသည် ချိန်းသည့်နေရာအားရှာလို့တွေ့၏—-  —- တကယ်တမ်းကြရှာစရာပင်မလိုပါ ၊ ထိုဆိုင်မှာအလယ်တန်းတက်တုန်းက သူတို့သုံးယောက်အလာများသည့် ကျောင်းနှင့်နီးသည့်ခေါက်ဆွဲဆိုင်ပင်ဖြစ်သည်။

မှတ်မိနေသေးသည်မှာတော့ ကျဉ်းမြောင်းကာယိုယွင်းအိုဟောင်းနေသည့်ဆိုင်ငယ်ကလေး။ နံရံတို့ထက်ကား ဆီငွေ့မီးခိုးငွေ့တွေအခိုးရိုက်၍မည်းညစ်လို့နေ၏။

အလယ်တန်းတက်စဉ်အခါက မုန့်ဖိုးရတာနည်းကာ ကျောင်းဆင်းချိန်တွင်မနေနိုင်အောင်ဗိုက်ဆာလွန်း၍ အမြဲမင်းနှစ်ယွမ်ထုတ်ငါသုံးယွမ်ထုတ်မယ်ဆိုကာ သုံးယောက်စုလိုက်ကြပြီးမှခေါက်ဆွဲဝယ်စားကာ ဗိုက်ဖြည့်လိုက်ကြသည်သာ။

"ဆိုင်ရှင်အန်တီကြီးက ကိုယ့်ကိုမှတ်မိသေးတယ် အဆာပြေစားဖို့မုန့်တောင်လာချပေးတာ. ."

ဟယ့်ကျောင်းသည် နေရာလွတ်တစ်နေရာတွင်ဝင်ထိုင်လိုက်ရင်း ဖုန်းပြောနေစဉ်စားပွဲထက်လက်ကိုတင်ထား၏။

"နောက်တစ်ခေါက်ကြ မင်းကိုခေါ်လာမယ်။"

ဟယ့်ကျောင်းစကားပြောနေစဉ်၌ လေသံကပုံမှန်ပင်ဖြစ်ပေမယ့် ဒီအရူးတော့စိတ်တွေပူပင်ကြောင့်ကြနေလောက်တယ်ဟု ရှဲ့ယွီမတွေးမိတာတော့မရှိ။

တကယ်တမ်းလည်း ဟယ့်ကျောင်းမှာ ဘာလုပ်လို့ဘာကိုင်ရမည်မသိရှိနေရသည်။

ခေါက်ဆွဲဆိုင်မှာ ဘယ်အချိန်ကတည်းကအသစ်ပြန်ဆောက်ထားသည်မသိပေမယ့် မီနျူးထက်တွင်တော့ ရင်းနှီးသည့်ဟင်းပွဲတွေကိုတွေ့ရသည်။ အသစ်ထပ်ထည့်ထားတာတွေလည်း အနည်းငယ်ရှိ၏ ၊ ဟယ့်ကျောင်းသည် ပြောပြီးနောက် မီနျူးထက်က 'ငရုတ်အနှစ်ခေါက်ဆွဲ'ဆိုသည့်စကားလုံးတို့ထံခဏမျှစိုက်ကြည့်ကာ အသံတိတ်သက်ပြင်းချရင်း ပြတင်းပေါက်အပြင်ဘက်သို့လှမ်းကြည့်မိ၏။

ရှဲ့ယွီက များများစားစားမဆို ၊ ကိစ္စရှိရင်သူ့စီဖုန်းဆက်ဟုသာပြောလာသည်။

ရှဲ့ယွီသည် ခြေဗလာဖြင့် ကွန်ပျူတာရှေ့ကထိုင်ခုံကြီးထက်ကွေးထိုင်နေရင်း ဖုန်းချခါနီးမှတစ်ခွန်းပြောလိုက်ပါသည်။

"ဆေးလိပ်မသောက်ရဘူးနော်။"

ဟယ့်ကျောင်းက ပြောသည်။

"ကောင်းပါပြီဗျ။"





ရှဲ့ယွီသည် အာရုံသိပ်မပျံ့လွင့်တော့ဘဲ သင်ခန်းစာဗီဒီယိုဖိုင်အားအပြီးထိ သေချာလိုက်နားထောင်ဖြစ်သည်။ အိပ်ခါနီးဖုန်းကိုတစ်ချက်ဝင်ကြည့်ရာ group chatထဲမှာတော့အမျှင်မပြတ်စကားတွေဖောင်ဖွဲ့နေကြလျက်ရှိ၏။ ရွှီချင်ချင်မှာ သရဲကားကြည့်ချင်ပြီး တစ်ယောက်တည်းလည်းမကြည့်ရဲ၍ groupထဲသူနဲ့အတူလိုက်ကြည့်ပေးဖို့အဖော်လာရှာရာ အဆုံးမှာတော့ အတန်းgroup chatတစ်ခုလုံး 'အားးး ! ! !' ဆိုသည်များသာလွှမ်းမိုးလို့သွား၏။

ဟယ့်ကျောင်းဘက်စီကနေတော့ ဘာအသံမှမကြားရ။ သူသည်ထိုအကြောင်းစဉ်းစားရင်း အိပ်ခါနီး၌ silent modeအားပိတ်ထားလိုက်ပါသည်။

ဟယ့်ကျောင်းထံမှ ဖုန်းဝင်လာချိန်က (၁၂)နာရီပင်ထိုးခါနီးနေလေပြီ။

အရင်လိုသာဆိုပါက ရှဲ့ယွီသည်မကိုင်ဘဲထား blockပစ်ကာ ဖုန်းကိုလွှင့်ပစ်စသည့်ဝန်ဆောင်မှုတွေတသီကြီးပေးလိုက်မည်သာဖြစ်သည်။

သူ့အထင် ဟယ့်ကျောင်းအိမ်ပြန်ရောက်လောက်ပြီဟု မှန်းဆထားပေမယ့် ဖုန်းကိုင်လိုက်ပြီးနားထောင်ချိန်၌ တစ်ဖက်မှနေကားဟွန်းသံတွေပါခပ်ရေးရေးကြားလိုက်ရသည်။

"မင်းဘယ်မှာလဲ?"

ဟယ့်ကျောင်းကမထူး။

ရှဲ့ယွီ သုံးခါမြောက်မေးပြီး မေးရတာစိတ်မရှည်ဖြစ်လာခါနီးချိန်မှ ဟယ့်ကျောင်းကနှုတ်ဟ၍ သူ့နာမည်အားခေါ်လာသည်။

ဟယ့်ကျောင်းလေသံသည်ကား ဗလုံးဗထွေးဖြင့်မူးနေသံရောယှက်လို့ အသိဥာဏ်လွတ်ကင်းနေပုံရလျက်ရှိပေမယ့် သူ့နာမည်ကိုရေရွတ်လာချိန်မှာတော့ အလေးအနက်ရှိလွန်းကာ ကြင်နာချစ်ခင်မှုတို့အပြည့်။

"ရှဲ့ယွီ။"

ဟယ့်ကျောင်းမှာ သူ့နာမည်အားထပ်ခါထပ်ခါအခေါက်ရေအတော်များများခေါ်ဆိုလာ၏။ လေသံကကွဲအက်လို့ ရှုပ်ထွေးနေသည့်စိတ်ခံစားချက်တို့ပါရောယှက်နေကာ ဘေးပတ်ဝန်းကျင်ကအသံတို့ပါကြားညှပ်ပါဝင်လျက်ရှိသည်။

"ကော. ."

ရှဲ့ယွီသည် အိပ်ချင်စိတ်လုံးလုံးပျောက်ကာ ထရပ်လိုက်ပါ၏။ လေအေးပေးစက်အားအစောကတည်းက ပိတ်ထားပေမယ့် အအေးဓာတ်မှာအဝတ်အပါးစအတွင်းတိုးဝှေ့ဝင်ရောက်လာသည်။

"မင်း အရက်သောက်ထားတာလား?"

ဟယ့်ကျောင်းသည် လမ်းဘေးတွင်ဆောင့်ကြောင့်ထိုင်နေရင်း လက်ဖဝါးပြင်ထဲမျက်နှာကွယ်ဝှက်ထား၏။ အစကတော့ ဘာမှမဖြစ်ပါ ၊ ရှဲ့ယွီအား ဘေးကင်းကြောင်းဖုန်းဆက်လှမ်းပြောချင်ရုံပေမယ့် ရှဲ့ယွီအသံလေးတစ်ချက်အားကြားမိတာနှင့် သောက်ထားတာကထွေလာကာ မချုပ်တည်းနိုင်တော့ဘဲ. . .  . . . ခေါ်နေချင်မိတော့သည်။





ဟယ့်ကျောင်းမှာ နဂိုကဆို ထိုကိစ္စကလွယ်လွယ်နဲ့အဆုံးသတ်မှာမဟုတ်ဟု ထင်ထားခဲ့တာဖြစ်သည်။

ရလဒ်ကတော့ ထရပ်ကာ ရှေ့ဆက်လျှောက်ပြီး ထိုအရှေ့ရောက်သွားခိုက်မှာတော့ သူထင်သလောက်ကြီးလည်းခက်ခဲမနေကြောင်း တွေ့လိုက်ရသည်။

ဆုံကြချိန်တွင် သူ့ထံသို့ အာ့လေကတန်းတန်းမတ်မတ်ပဲ လက်သီးတစ်ချက်ပစ်သွင်းလာလျက် ထိုးပြီးနောက်သူ့အားမေးလာ၏။

"ကျေနပ်ပြီလား စိတ်ထဲနေသာသွားပြီလား။"

ထိုဆွဲထိုးလာတဲ့လက်သီးချက်က ကျီစယ်ခြင်းမဟုတ် ၊ အားကုန်သုံးပစ်သွင်းလာခြင်းဖြစ်၍ ဟယ့်ကျောင်းမှာ တစ်စက္ကန့်မျှမူးဝေလို့သွားရကာ နံရံထက်ကျောပြင်ကိုမှီထားရင်း နှုတ်ခမ်းစွန်းအားပွတ်သုတ်လိုက်သည် ၊ ပါးစပ်တွင်းမှနေသွေးညှီနံ့အနည်းငယ်လည်း ရလိုက်သည်။

ဖန်းရှောင်လေမှာ အရင်ကနှင့်ကွာခြားခြင်းသိပ်မရှိ ၊  အနည်းငယ်ဝလာကာ ဝတ်စားထားပုံကရင့်ကျက်ပြီး ရွယ်တူတွေနှင့်ယှဉ်ပါက ကျောင်းသားအငွေ့အသက်တို့ရှိမနေတော့။

—-  —- "အရင်ကကိစ္စကို ထားလိုက်တော့။"

—-  —- "အစ်ကိုကျောင်း အရင်တစ်ခေါက် မင်းငါ့ကိုလာရှာတုန်းကလည်း မင်းအမှားမဟုတ်ဘူးလို့ ငါပြောလိုက်ပါတယ် ၊ အခုလည်းငါအမှန်အတိုင်းတစ်ခွန်းထပ်ပြောချင်သေးတယ် ငါမင်းကိုအပြစ်မတင်ဘူး။ မင်းနဲ့မျက်နှာချင်းဆိုင်ပြီး ကိုယ်တိုင်ကိုယ်ကျပြောချင်ခဲ့တာ။"

သူ့နားတစ်ဝိုက် အာ့လေ၏စကားများသာ တစ်ဝဲလည်လည်ပဲ့တင်ထပ်နေ၏။

ပြောမပြတတ်အောင်ရှိတဲ့ ရင်ဝကိုဖိထားတဲ့အလေးအပင်ကြီးက အသက်ရှူနေစဲမှာပဲဝန်အကုန်လျော့ပါးသွားသလိုပင်။

ထိုကဲ့သို့ အဓိကကျတဲ့အရာပျောက်ဆုံးသွားတဲ့ ခံစားချက်က လျှပ်တစ်ပြတ်မျှပင်။






ဟယ့်ကျောင်းသည် မျက်စိရှေ့လမ်းမထက်က ကားတွေသွားလာနေသည်အား ကြည့်မိသည် ၊ ကားမီးအလင်းတို့က ညအမှောင်ထုကိုထိုးဖောက်လို့ ကျရောက်လာသည်မှာမျက်စိပင်ကျိန်း၏။

"မသောက်ပါဘူး. ."

ဟယ့်ကျောင်းသည် တစ်ခွန်းမျှဆိုပြီး တဖန်နှုတ်ဆိတ်ကာ မျက်တောင်အသာခတ်မိ၏ ၊ မျက်ဝန်းတို့ကရဲလျက်။

"နည်းနည်းလေးပဲသောက်တာပါ။"

လျှာတွေတောင်ထွေနေပြီကို မင်းမေလူးကိုနည်းနည်းပဲသောက်တာလား။

ရှဲ့ယွီသည် စိတ်ပူကာဒေါသလည်းအတန်ငယ်ထွက်လာရလျက် အပေါ်ဝတ်ထပ်ဝတ်ရင်းမေးလိုက်သည်။

"မင်းအခုဘယ်မှာလဲ?"

ဟယ့်ကျောင်းမှာ ကျောင်းအနီးနားမှာပဲ ရှိစဲဖြစ်သည်။





လွန်ခဲ့တဲ့နာရီအနည်းငယ်က သုံးယောက်သားဆုံကာ စကားတော့များများစားစားမပြောဖြစ်ကြဘဲ ဘီယာတွေသာတစ်ပုလင်းပြီးတစ်ပုလင်းမော့ဖြစ်ကြသည်။

လေကျွင့်ကသောက်တာ အပက်စက်ဆုံး။

ထိုနှစ်တွေတုန်းကကိစ္စရပ်ထဲ လေကျွင့်သည်ကားပါဝင်ခဲ့ခြင်းမရှိသည့်အပြင် အာ့လေကလည်းထွက်သွားတာမြန်၍ ကိစ္စအကုန်အားမေးတဲ့စီမရောက်တော့ဘဲ သူသည်အဆိုးဆုံးသာတွေးကာကောက်ချက်ချလို့ပစ်ခဲ့မိသည်။ သူသည် ဟယ့်ကျောင်းအင်္ကျီကော်လာစအားဆောင့်ဆွဲ၍ ထိုးလို့ပစ်ရင်းမှ လူကိုမြေပြင်ထပ်ဖိချုပ်ကာဆက်ထိုးသည်မှာ ကျောင်းအစောင့်ပင် လူနာတင်ယာဉ်ခေါ်ရတော့မလိုရှိခဲ့သည်။

"မင်းလုပ်ခဲ့တာမဟုတ်ဘူးလား တာဝန်မယူဘဲခေါင်းရှောင်တာပေါ့လေ—-  —-"

ဟယ့်ကျောင်းသည် ရှင်းလည်းမပြသလို လက်လည်းပြန်မပါခဲ့ ၊ စိတ်ထဲမှနေ ပိုပြီးခပ်ပြင်းပြင်းထပ်ထိုးလာဖို့သာမျှော်လင့်မိ၏။

ပိုပြီး ခပ်ကြမ်းကြမ်းလေးထိုး။

ထိုနောက်ပိုင်းမှာတော့ လေကျွင့်သည် ကျောင်းဆက်မတက်တော့ဘဲ အလယ်တန်းအဆင့်သက်မွေးမှုကျောင်းကိုသာတိုက်ရိုက်ပြောင်းလိုက်တော့သည်။ သူအထက်တန်းဝင်ခွင့်စာမေးပွဲဖြေဖြေမဖြေဖဖြေ သိပ်ပြီးကွာခြားမည်မဟုတ်။ 'အရင်ကသူငယ်ချင်း' ဆိုသူနှင့်ပတ်သက်သည့်သတင်းတွေလည်း အကုန်ဘာမှမသိချင်တော့။

နောက်တစ်ကြိမ်ပြန်ဆုံကြချိန်ကတော့ တျန့်ကျစ်အနီးအနားက ထမင်းဆိုင်လေးထဲမှာဖြစ်သည်။

လေကျွင့်မှာ ဒေါသထွက်ဖို့သာသိနေခဲ့၍ ဒီလူဘယ်လိုလုပ်အမှတ်(၂)ကိုရောက်နေတာလဲဆိုသည်ကိုပင် တွေးဖို့မေ့သွားခဲ့၏။ ပြန်ရောက်ကာမှလူရှာစုံစမ်းခိုင်းမိရာ ကျောင်းတင်မဟုတ် အတန်းကလည်းကိုက်ညီမနေသည်ကို တွေ့ရှိခဲ့သည်။

တစ်နှစ်အောက်ပစ်ရုံသာမက Aမြို့ကသာမန်အဖြစ်ဆုံးအထက်တန်းကျောင်းကိုသာတက်ရောက်ခဲ့သည်။

အာ့လေမှာ နဂိုတုန်းကတော့သိပ်မသောက်နိုင်သော်ငြား ဒီနှစ်တွေထဲညစာစားပွဲတွေ၌အလေ့အကျင့်ဖြစ်နေ၍ ခဏလေးနဲ့တစ်ပုလင်းပြောင်လို့သွားသည်။

"ငါ့မှာအလုပ်တွေများ နေရာစုံပတ်ပြေးနေရတာနဲ့ မေ့နေပြီ. . .  . . . မင်းနဲ့ အစ်ကိုကျောင်း ဒီနှစ်တွေထဲမဆုံမိကြဘူးပေါ့?"

"ဆုံမိတယ်. ."

ဟယ့်ကျောင်းသောက်တာကလည်း များ၏ ၊ သူသည်နောက်ကိုမှီကာ လက်ထဲကဘီယာပုလင်းအကုန်အား စားပွဲထက်တင်လိုက်သည်။

"ရှေ့လအနည်းငယ်တုန်းက ခဏစကားပြောဖြစ်ကြတယ်။"

လေကျွင့် : "မင်းမေကြီးတော်ကို စကားပြောတာလား ၊ လက်သီးအချင်းချင်းသုံးတာကိုလည်း စကားပြောတယ်ယူဆတယ်ပေါ့?"

". . . . . ."

သောက်ကြရင်းမှ အဆုံး၌သုံးယောက်သား မူးနေသည့်ကြားက အရင်တုန်းကနေ့ရက်တို့ထံပြန်လည်ရောက်ရှိသွားခဲ့သလိုပါပင်။





ရှဲ့ယွီသည် လိပ်စာကိုမှတ်လိုက်၏ ၊ ဟယ့်ကျောင်းကသောက်လို့ထားပြီး တစ်ယောက်တည်းလည်းတစ်ယောက်တည်းညသန်းခေါင်ကြီး၌အပြင်မှာမို့ စိတ်မချရှိရ၍ အပေါ်ဝတ်အင်္ကျီအားကောက်ဝတ်ကာ အိမ်မှထွက်လာပြီး ကားပေါ်တက်ပြီးကာမှဖုန်းမေ့ကျန်ခဲ့သည်ကိုသတိရသည်။

လောနေတာကြောင့် အပေါ်ဝတ်ထပ်ဝတ်ချိန်တွင် ဖုန်းကိုကုတင်ထက်ပစ်တင်ထားမိလျက် ဝတ်ပြီးနောက် တန်းထွက်လာခဲ့တာဖြစ်သည်။

~~~~~~

ဟယ့်ကျောင်းသည် လမ်းဘေးတွင်ခဏကြာဆောင့်ကြောင့်ထိုင်နေပြီးနောက် အရက်ရှိန်လည်းကျလို့သွား၏။

လမ်းမထက်၌ လူတွေသွားသွားလာလာသိပ်မရှိတော့။ လူတစ်စုမှာ လေကလေးချွန်လျက် မျက်နှာချင်းဆိုင်ထမင်းဆိုင်မှနေ သောက်တာများ၍တစ်ယောက်နှင့်တစ်ယောက်ပုခုံးချင်းဖက် ထွက်လာကြသည်။ အသက်ငယ်ငယ်ရွယ်ရွယ်တွေဖြစ်ပြီး ထိုအုပ်စုထဲ၌ မိန်းကလေးတချို့လည်းပါ၏။

မိုးကဆုံးဆုံးချုပ်သွားပြီဖြစ်ပေမယ့် လမ်းမီးရောင်တို့ရှိရာ တစ်ဖက်လမ်းသို့ကောင်းကောင်းလှမ်းမြင်ရသည်။ သူ(မ)တို့မှာ အချင်းချင်းတွန်းတိုက်ကာဆိုလာကြတော့သည်။

"ဟေ့ဟေ့ဟေ့ မျက်နှာချင်းဆိုင်ကတစ်ယောက်ကိုကြည့်စမ်း။"

ကောင်ကလေးမှာ ဆောင့်ကြောင့်ထိုင်နေတာပေမယ့် အရပ်ကရှည်မှာသေချာပြီး အပေါ်ဝတ်အားဇစ်ပင်ဆွဲမထား ၊ ခေါင်းကိုလည်းငုံ့ထား၍ မျက်နှာအားသေချာမမြင်တွေ့ရသော်ငြား ထိုသူ၏ကိုယ်လုံးကိုယ်ပေါက် ဟန်အမူအရာတို့ကသာမန်ထက်ထူးကဲ၏။

ဟယ့်ကျောင်းမှာ ညသန်းခေါင်ကြီးစျေးရောင်းတဲ့သူနဲ့တွေ့ဦးမည်ဟုထင်မထား ၊ ဒီအချိန်ပဲရှိနေပြီ။

သူသည် မျက်လွှာကိုပင့်၍ ရှေ့ကလူအနည်းငယ်အားလှမ်းကြည့်ကာ 'မဝယ်သေးဘူး'ဟုလှမ်းပြောမည်ပြင်ခိုက်မှာပဲ တစ်စုံတစ်ယောက်ကသူ့အနောက်ကော်လာအားဆွဲကာ အကြမ်းပတမ်းပင်ဆောင့်ဆွဲလို့လာသည်။

"သူ့မှာ သက်ဆိုင်သူရှိတယ်။"

ရှဲ့ယွီမှာ မျက်နှာမကောင်း အကြည့်တွေကစိတ်အနှောက်အယှက်ဖြစ်နေဟန်အပြည့်။ သူ(မ)တို့တစ်တွေကြောင်အနေကြသည်ကိုမြင်တော့ တစ်ခေါက်ထပ်ပြောလိုက်ပါသည်။

"သူက ပိုင်ရှင်ရှိပြီးသား။"






ZAWGYI


အခန္း(၈၈)
သူ႔မွာ သက္ဆိုင္သူရွိတယ္


ရွဲ႕ယြီပထမဆုံးတုံ႔ျပန္ေျပာခ်င္သည္မွာ 'မဟုတ္ဘူး' ဟု ၊ သို႔တိုင္ 'မဟုတ္ဘူး'ဆိုသည့္စကားလုံးသုံးလုံးမွာ ပါးစပ္ဝတြင္သာတဝဲလည္လည္ရွိေနရ၏။

က်ိဳးသာ့ေလမွာ ထိုစကားအားအေလးအနက္ျဖင့္အတည္ေမးလာျခင္းျဖစ္သည္။

အခ်င္းခ်င္းသိကၽြမ္းတာၾကာေနၿပီျဖစ္၍ ပုံမွန္ဆိုအျမဲျပဳံးၿဖီးေနသည့္မ်က္ႏွာကိုသာ ျမင္ေတြ႕ရကာ စိတ္ထဲလည္းသိပ္မထားတတ္ဘဲ က်ိဳးသာ့ေလအေလးအနက္ရွိသည့္အခ်ိန္ကလက္ခ်ိဳးေရတြက္၍ရသည္။ ငယ္ငယ္တုန္းက ႀကိဳက္လြန္းလွသည့္အ႐ုပ္အားလုယူသြားခံရခ်ိန္ႏွင့္ တစ္ေလာကသာ့ေမထြက္သြားတုန္းကအႀကိမ္တို႔သာရွိ၏ ၊ ဘီယာေတြတစ္ဘူးၿပီးတစ္ဘူးေသာက္ကာ လမ္းထိပ္တြင္ထိုင္ရင္း မူးမူးျဖင့္သူ႔အားေမးလာ၏။

"သာ့ေမကျပန္လာပါဦးမလား။"

ျပန္လာမလာကမေျပာနိုင္ပါ ၊ လူတိုင္းလူတိုင္းကိုယ့္လမ္းကိုယ္ေတာ့ေလၽွာက္ၾကရစျမဲ။

ရွဲ႕ယြီသည္ သူ႔အားၾကည့္ရင္း အသံတိတ္သက္ျပင္းခ်ကာ ေျပာလိုက္ပါသည္။

"ျပန္လာမွာပါ။"





ေဆာင္းရာသီေက်ာင္းပိတ္ရက္အေတာအတြင္း က်ိဳးသာ့ေလမွာ အေၾကာင္းရွိရွိမရွိရွိ သူ႔အားလာလာဆြလ်က္ရွိသည္။ သူစာလုပ္ေနတဲ့အခ်ိန္ကိုပင္ေရြးၿပီး ညႀကီးသန္းေခါင္းအျမဲစာပို႔လာတတ္၏။

-အိပ္ၿပီလား ရွဲ႕ေဘာစ္ ၊ ဘာလုပ္ေနတာလဲ။

-မအိပ္ေသးဘူး ဂိမ္းေဆာ့။

-ဘာဂိမ္းလဲ?

ရွဲ႕ယြီသည္ အစကေတာ့စိတ္ထဲမထားမိေပမယ့္ ယခုျပန္စဥ္းစားၾကည့္ေတာ့မွ ဘယ္နားမူမမွန္သည္ကို သတိထားမိလာသည္။

က်ိဳးသာ့ေလစိတ္ထဲ အေတြးေတြသံသယေတြမျပတ္ထြက္ေပၚလို႔ေနရင္း သူသည္ေရွ႕သို႔ေျခလွမ္းအနည္းငယ္တိုးေလၽွာက္ကာ မ်က္ႏွာထက္ကပ်က္ယြင္းေနတဲ့အမူအရာတို႔ကို ထိန္းခ်ဳပ္ထားမိ၏။

"မင္းေျပာေလကြာ ၊ မင္း. . .  . . ."

ရွဲ႕ယြီက ခဏၾကာႏွုတ္ဆိတ္ေနၿပီးမွ ျဖတ္ေျပာလာ၍ က်ိဳးသာ့ေလ ဆက္ေျပာမထြက္ေတာ့။

"ဟုတ္တယ္ ငါပဲ။"

ရွဲ႕ယြီသည္ တန္ျပန္ေမးလိုက္ပါသည္။

"မင္းကဘယ္လိုသိတာလဲ?"

ထိုစကားေၾကာင့္ က်ိဳးသာ့ေလမွာေဒါသငယ္ထိပ္တက္သြားရလ်က္ လိမ္ညာခံရတယ္ဆိုတဲ့ခံစားခ်က္တို႔ျပင္းထန္လာရကာ ထိုတဒဂၤအတြင္း 'သူ႔ရဲ့ရွဲ႕ေဘာ့စ္က ဘာေၾကာင့္ဒီလိုျဖစ္ရသလဲ' ဆိုသည္ကိုသုံသပ္ၾကည့္ဖို႔ေမ့သြားခဲ့သည္။

"ငါဘယ္လိုသိတာလဲ—-  —- မင္းစိတ္ထဲနည္းနည္းမွသိမေနဘူးလား ၊ ငါ မင္းရဲ့အိမ္စာေတြကိုကူးေရးလာတာ ႏွစ္ဘယ္ေလာက္ၾကာေနၿပီလဲ ၊ မင္းေရးတဲ့စာလုံးေတြ ျမန္ျမန္ပဲေရးေရး ေႏွးေႏွးပဲေရးေရး ေသာ့ပဲေရးထားထား မင္းဘယ္ဘက္လက္နဲ႔ေျပာင္းေရးထားပါေစဦးေတာ့ ငါအကုန္မွတ္မိတယ္ကြ!"

". . . . . ."

ဒါကတကယ္ကို သူ႔ရဲ့က်ဆုံးခန္းမွန္း ရွဲ႕ယြီလုံးဝထင္မွတ္မထားခဲ့။

"ငါမင္းနဲ႔ညီအစ္ကိုလိုေပါင္းလာတာ ဒီေလာက္ႏွစ္ၾကာေနၿပီကို မင္းကငါ့ဒီလိုလိမ္တယ္ေပါ့? "

က်ိဳးသာ့ေလသည္ ဆဲဆိုရင္းမွ ရွဲ႕ယြီအားအကၤ်ီေကာ္လာမွဆြဲကာ ေထာင့္စြန္းဘက္သို႔ဆြဲေခၚသြားသည္။

"ငါပထမဆုံးအႀကိမ္ မင္းအဆင့္ေတြကဘယ္လိုျဖစ္ရတာလဲဆိုၿပီးေမးတုန္းက မင္းငါ့ကိုဘယ္လိုျပန္ေျပာခဲ့လဲ ၊ ဘာတဲ့ က်ယ္ေျပာလွတဲ့ကမၻာႀကီးမွာ ကိုယ္တိုင္ထက္ ပိုေတာ္တဲ့သူေတြဆိုတာရွိတယ္ လူ႔ဘဝဆိုတာေကာင္းတစ္ခါ ဆိုးတလွည့္ဆိုလား ၊ ေသာက္ေရးမပါတာေတြ!"

က်ိဳးသာ့ေလသည္ ကရားေရလႊတ္ေျပာၿပီးတာေတာင္ ေဒါသကမျပယ္။

ရွဲ႕ယြီသည္ ခြန္းတုံ႔မျပန္ဘဲ သူ႔အားဆဲခ်င္သေလာက္ဆဲခြင့္ျပဳထားလိုက္၏ ၊ ဤသည္မွာ ဘဝတစ္ေလၽွာက္လုံး၌ တစ္ႀကိမ္တည္းေသာ စိတ္ရွည္ထားနိုင္ျခင္းဟုေခၚနိုင္သည္။

"ဆဲလို႔ဝၿပီလား မဝေသးရင္ဆက္ဆဲ။"

က်ိဳးသာ့ေလသည္ စီးကရက္ဘူးကိုႏွိုက္ကာ နံရံေထာင့္ကြယ္၍တစ္လိပ္ကုန္ေအာင္ ေသာက္လိုက္သည္။ ရွဲ႕ယြီသည္ အခ်ိန္အားၾကည့္ကာ ျပန္မည္လုပ္ေတာ့မွ က်ိဳးသာ့ေလကလက္ကိုလွမ္းဆြဲထားၿပီး ေလသံတိုးတိုးျဖင့္ဆိုလာသည္။

"မင္းဘယ္လို​ေတာင္စိတ္ကူးလိုက္တာလဲ ၊ မသြားေသးနဲ႔ဦး ေဆာင့္ေၾကာင့္လာထိုင္ ငါတို႔စကားေျပာၾကရေအာင္။"

"ခ်ီးကိုေဆာင့္ေၾကာင့္ထိုင္ရမွာလား ၊ မသြားရင္ ဘတ္စ္မမီေတာ့ဘူးကြ။"

"ဒါဆိုလည္း ငါတို႔သြားရင္းနဲ႔ ေျပာၾကတာေပါ့. ."

က်ိဳးသာ့ေလက ခ်က္ခ်င္းပဲအေလၽွာ့ေပးကာ ညႇိညႇိႏွိုင္းႏွိုင္းဆိုလာသည္။

"မင္းျဖည္းျဖည္းေလၽွာက္။"

က်ိဳးသာ့ေလသည္ ျဖစ္နိုင္ေခ်ရွိတဲ့အေၾကာင္းအရင္းေပါင္းစုံကိုေတြးၾကည့္ၿပီးေပမယ့္ ထိုအေျခအေနေၾကာင့္လို႔ေတာ့ ထင္မထားခဲ့။

ေနာက္ဆုံးဘတ္စ္သည္ကား (၉)နာရီတြင္ျဖစ္သည္။ ကားေစာင့္ေနရင္း ရွဲ႕ယြီအက်ဥ္းခ်ဳပ္ေျပာျပၿပီးေနာက္မွာေတာ့ က်ိဳးသာ့ေလမွာနားေထာင္ၿပီးတာနဲ႔ တရစပ္ညစ္ညစ္ညမ္းညမ္းေတြဆဲေရးတိုင္းထြာကာ ဖ႐ုႆဝါစာေတြကလြဲ က်န္တာမေျပာတတ္ေတာ့။

"ေခြးသူေတာင္းစား က်ဳံးမ်ိဳးရိုးေကာင္. . .  . . ."

သူသည္ အစကေတာ့ ရွဲ႕ယြီကိုေဒါသထြက္ကာ စိတ္ေတြဆိုးၿပီးေနာက္ တဖန္မေအာင့္အည္းထားနိုင္ဘဲ ရွဲ႕ယြီကိုယ္စားေဒါသထြက္လို႔လာရသည္။

ေဒါသထြက္လြန္း၍ စီးကရက္ကိုင္ထားသည့္လက္ပင္တုန္ယင္ကာ ေခါင္းထဲအျပည့္ 'ဖာ့ခ္'ဆိုသည္သာရွိေတာ့၏။

ေနရာတင္ ေဟးေရႊလမ္း၏ဆဲတဲ့ေနရာမွာဆရာတစ္ဆူျဖစ္သည့္အလား စေကးေတြထုတ္ျပေနသည္ကိုဟန့္တားဖို႔ ရွဲ႕ယြီသည္ သူ႔အားတစ္ခ်က္ကန္ထည့္လိုက္သည္။

"ေတာ္ေတာ့ ကားလာေနၿပီ မင္းဒီမွာပဲေဝ့မေနနဲ႔ ျပန္နားေတာ့။ ျမန္ျမန္လစ္။"

ဘတ္စကားမွား လမ္းထိပ္မွျဖည္းျဖည္းခ်င္းေကြ႕ဝင္လာၿပီး သူတို႔ရွိရာကားမီးေရာင္ကတည့္တည့္က်ေရာက္လာ၏။

ရွဲ႕ယြီသည္ ကားေပၚတက္ၿပီးႏွစ္လွမ္းမၽွေလၽွာက္အၿပီး၌ ကားတံခါးမပိတ္ေသးခင္အခြင့္ယူကာ အေပါက္နားျပန္လွည့္ၿပီး တံခါးလက္ရန္းအားကိုင္ထားရင္း ကိုယ္တစ္ဝက္ေရွ႕ငိုက္လို႔ေျပာလိုက္သည္။

"မေသခ်င္ရင္ေလၽွာက္မေျပာနဲ႔ ။ ငါအတည္ေျပာတာ အေကာင္းဆုံးကေတာ့မင္းပါးစပ္ကိုနည္းလမ္းရွာၿပီးေတာ့သာ ပိတ္ထားလိုက္—-  —-"






က်ိဳးသာ့ေလမွာ အေပါက္ပိတ္ထားခ်င္ေသာ္ျငား သူသည္ျပန္ေရာက္တာႏွင့္ ဟိုလွည့္ဒီလွည့္ရွိရရင္း အေတာ္ၾကာအိပ္မေပ်ာ္ဘဲရွိသည္။

ေလမားမွာ ညႀကီးထၿပီးဧည့္ခန္းထဲေရလာေသာက္ခ်ိန္၌ ေမွာင္ေမွာင္မည္းမည္းထဲဆိုဖာေပၚငုတ္တုတ္ထိုင္ေနတဲ့သားေတာ္ေမာင္ေၾကာင့္ လန့္ကာအသက္ထြက္မတတ္ျဖစ္ရသည္။

က်ိဳးသာ့ေလသည္ ဆိုဖာထက္အေတာ္ၾကာထိုင္ေနၿပီးေနာက္ စိတ္မထိန္းနိုင္ဘဲရွိရရင္းဖုန္းcontacts ထဲဝင္ကာလက္ေခ်ာင္းတို႔က အန္တီကုဆိုသည့္စာေၾကာင္းထက္ထိထားမိ၏။ ေခါင္းထဲရွုပ္ေထြးလို႔ေနကာ ေတာ္ပါၿပီေလဟုေတြးေနတုန္းမွာပဲ လက္တစ္ခ်က္တုန္သြား၍ မေတာ္တဆဖုန္းေခၚမိသြားေတာ့သည္။

". . . . . ."






ေဆာင္းရာသီေက်ာင္းပိတ္ရက္သည္ကား တစ္လသာၾကာ၏။ ပိတ္ရက္အတြင္းလုပ္ဖို႔ေပးလိုက္တဲ့ အိမ္စာေတြတစ္ပုံႀကီးအား ရွဲ႕ယြီတစ္လုံးမွမထိရေသး ၊ နာမည္ကိုသာေရးထိုးထားၿပီး ေနာက္ထပ္ထပ္ပင္လွန္မၾကည့္မိေတာ့။

မဒမ္ကုမွာ ဒီရက္ပိုင္းထဲသူ႔အား ဂိုက္ဆရာေခၚဖို႔အေရးဆိုလို႔လာသည္။

"ဒီေဆာင္းရာသီပိတ္ရက္တစ္ေလၽွာက္လုံး ဘာေတြလုပ္ေနလဲ မင္းကိုယ္မင္းျပန္ေတြးၾကည့္ဦး။"

ရွဲ႕ယြီသည္ ေအာက္ထပ္ဆင္းကာ ေရလာထည့္ရင္းမွေျပာလိုက္သည္။

"ကၽြန္ေတာ္အခုအဆင္ေျပေနတာပဲမဟုတ္လား ေကာင္းေကာင္းအိပ္ေကာင္းေကာင္းစားေနတာ။"

ကုရႊယ္လန္ : "မင္းစကားလမ္းေၾကာင္းလႊဲမပစ္စမ္းနဲ႔  ၊ မင္းဒီလိုပဲဆက္သြားၿပီး ဘာေတြမ်ားလုပ္ခ်င္ေနတာလဲ ငါမင္းကိုတြန္းအားမေပးဘူးမ်ားထင္ေနတာလား မင္း—-  —-"

ရွဲ႕ယြီအရင္ကတည္းက ဂိုက္ဆရာမေခၚခ်င္သည္မွာ အဓိကကေက်ာင္းမွာတင္အမွတ္ေတြကိုထိန္းေျဖေနရတာစိတ္ရွုပ္ဖို႔ေကာင္းသည့္ၾကား ဂိုက္ဆရာပါေခၚလိုက္ပါက ပိုလို႔မ်ားမ်ားလိုက္ထိန္းခ်ဳပ္ရမည္ျဖစ္ၿပီး လြယ္လြယ္လည္းေပၚသြားနိုင္သည္ေၾကာင့္။

မဒမ္ကုေျပာတာလည္း အႀကိမ္ေပါင္းမနည္းေတာ့ေပမယ့္ သူကေတာ့ဤသို႔သာလၽွင္ဆိုေလသည္။

"မား ကၽြန္ေတာ္ကိုယ့္ဘာသာကိုယ္သိတယ္။"

သူေျပာအၿပီးတြင္ ဒီတစ္ေခါက္မဒမ္ဒုမွာ အရင္ေတြတုန္းကလို 'မင္းကဘာေတြမ်ားသိတာလဲ'ဟု သူ႔အားေဒါသထြက္ထြက္ႏွင့္သေရာ္ျခင္းျပဳမလာ။

ကုရႊယ္လန္သည္ ဆိုဖာထက္ထိုင္ေန၏ ၊ လက္ေဘးနားတြင္ေတာ့ တီဗြီရီမုရွိသည္။

တီဗြီဖန္သားျပင္ထက္မွာေတာ့ ဖန္တစ္ရာေတအပ္ေၾကာင္းထပ္ဇာတ္ကြက္ေတြနဲ႔ ဇာတ္လမ္းတြဲတစ္တြဲျပသလို႔ေနကာ အသံတို႔အားနားတစ္ဝိုက္ၾကားေနရသည္။ ကုရႊယ္လန္၏မ်က္ႏွာအမူအရာကေတာ့ အေႏွာက္အယွက္ျဖစ္ဟန္မရွိဘဲ မ်က္ႏွာထားခပ္တည္တည္ျဖင့္ မ်က္ဝန္းတို႔ကသံသယႏွင့္ ေမးျမန္ခ်င္ေနသည့္အရိပ္အေယာင္တို႔ထင္ဟပ္ေန၏။





ကုရႊယ္လန္သည္ မေန႔ညကဝင္လာသည့္ေခါင္းေျခာက္ေစပါသည့္ဖုန္းေကာအား ျပန္လည္အမွတ္ရလာသည္။

ေဟးေရႊလမ္းမွေျပာင္းလာၿပီးေနာက္ သူ႔ဘဝမွာအရင္ကႏွင့္မတူေတာ့။ ရႊီယန့္ေမတို႔တစ္ေတြနဲ႔ ဆက္ဆံေရးမွာဆိုလည္း ေဝးလို႔သြားၿပီး ႏွစ္သစ္ကူးပြဲေတာ္ရက္မ်ား၌သာ ဆုေတာင္းစကားေပးပို႔သည္ကလြဲ တျခားဆက္သြယ္တာမ်ိဳးေတြမရွိ။

က်ိဳးသာ့ေလဖုန္းထဲမွေျပာလာသည့္ စကားတို႔ကေတာင္ေရာက္ေျမာက္ေရာက္ ၊ မေတာ္တဆမွားေခၚမိတာဟုလည္းဆိုေသးၿပီး ခဏေနျပန္ေတာ့လည္း အန္တီကုဟုေခၚလာၿပီး တဖန္ႏွုတ္ဆိတ္သြားျပန္သည္။ သူ(မ)မွာညသန္းေခါင္းႀကီးဖုန္းဝင္လာ၍ ႏွိုးလာရကာေခါင္းကမၾကည္ဘဲရွိရင္း က်ိဳးသာ့ေလဘာေတြေျပာေနမွန္းလည္း နားမလည္ ၊ မီးအိမ္အေသးေလးကိုလွမ္းဖြင့္ရင္း ထထိုင္ကာေမးမိသည္။

"ဘာျဖစ္လို႔လဲ သာ့ေလ?"

က်ိဳးသာ့ေလက ေျပာလာ၏။

"အန္တီကု ေတြးၾကည့္ဖူးလား ရွဲ႕ေဘာ့စ္ရဲ့အဆင့္က. . .  . . ."

ကုရႊယ္လန္သည္ 'အဆင့္'ဆိုသည့္စကားလုံးႏွစ္လုံးအား ရွင္းရွင္းလင္းလင္းႀကီးကိုၾကားလိုက္ရသည္။ သို႔တိုင္ထိုေကာင္ေလးမွာ တဖန္႐ုတ္တရက္ႀကီးစကားလမ္းေၾကာင္းလႊဲသြားၿပီး ဟိုေလၽွာက္ေျပာဒီေလၽွာက္ေျပာျဖင့္ အဆုံးတြင္ထိုသို႔ဆိုလာသည္။

"ဒီညလမင္းႀကီးက ဝိုင္းစက္ေနတာပဲ။"

ကုရႊယ္လန္ : ". . . . . ."

"ဝင္းပေနတဲ့လမင္းႀကီးကိုေတြ႕ၿပီး ကၽြန္ေတာ္ အန္တီကုကိုသတိရလာလို႔။"

ကုရႊယ္လန္မွာ ဘယ္လိုပဲအသားအရည္ထိန္းသိမ္းထိန္းသိမ္း အရြယ္ရလာၿပီျဖစ္သည့္အတြက္ မ်က္ဝန္းေထာင့္ေတြ၌ အေရးအေၾကာင္းတို႔ေပၚလို႔လာေနၿပီျဖစ္သည္။ စိတ္ရွုပ္စရာကိစၥတခ်ိဳ႕လည္းရွိ၍ ထိုဖုန္းေကာဝင္လာျခင္းက သူ(မ)အားအေတာ္ၾကာအိပ္မေပ်ာ္ျဖစ္ေစသည္။

ဟိုလွည့္ဒီလွည့္ရွိရရင္း အိပ္ေပ်ာ္ခါနီးခ်ိန္ၾကမွ အေတြးထဲကေန ျမင္ကြင္းတစ္ခုကထြက္ေပၚလို႔လာသည္။ ရွဲ႕ယြီငယ္စဥ္အခါကျဖစ္ၿပီး စားပြဲထက္ျဖစ္သလိုတင္ထားသည့္ ဆုမ်ား။

ဘာဆုေတြလဲ?

ထိုအခ်ိန္တုန္းက သူ(မ)မွာအလုပ္အရမ္းမ်ားကာ အလုပ္သုံး/ေလးခုၾကားပတ္လည္ရိုက္လ်က္ရွိသည္။

"မင္းမွာဘာအစီအစဥ္ေတြမ်ားရွိလဲ ေျပာျပၾကည့္ၾကည့္ပါဦး. ."

ကုရႊယ္လန္က ေအးေဆးတည္ၿငိမ္စြာျဖင့္ သူ႔အားေမးလို႔လာသည္။

". . .  . . . မင္းစိတ္ထဲဘာေတြမ်ားရွိေနတာလဲ။"

ကုရႊယ္လန္မွာ ေျပာၿပီးေနာက္မွ မိမိဘာကိုသံသယဝင္လို႔ဝင္ေနမွန္းနားမလည္ျဖစ္ရ၏။ ဒီရက္ပိုင္းထဲေကာင္းေကာင္းအိပ္မေပ်ာ္တာေၾကာင့္ျဖစ္နိုင္သည္။ သူ(မ)သည္ မ်က္ခုံးၾကားကေနရာအား ႏွိပ္ႏွယ္ရင္းမွ လက္ယမ္းလို႔ျပလိုက္ေတာ့သည္။

"ေတာ္ၿပီ မင္းအေပၚတက္ေတာ့ အာ႐ုံေနာက္ေအာင္ဒီနားရပ္မေနနဲ႔။"





ရွဲ႕ယြီသည္ ဖန္ခြက္ကိုကိုင္ထားရင္း အေပၚေရာက္တာႏွင့္ ကြန္ပ်ဴတာေရွ႕အေတာ္ၾကာထိုင္ေနမိကာ ဗီဒီယိုထဲက နိုင္ငံျခားဘာသာပါ​ေမာကၡေျပာသြားသည့္ grammar ႏွင့္စာေၾကာင္းတည္ေဆာင္ပုံတို႔အား တစ္ခြန္းမွနားထဲမဝင္လိုက္။

"ကေလးေလး ဘာလုပ္ေနတာလဲ။"

ဟယ့္ေက်ာင္းထံမွဖုန္းဝင္လာကာမွ ရွဲ႕ယြီလည္းအသိျပန္ကပ္ကာ ေရအားႏွစ္ငုံေလာက္ေသာက္ၿပီး မပီမသျပန္ထူးလိုက္သည္။

ဟယ့္ေက်ာင္းမွာ ယခုေလးတင္တကၠစီေပၚမွဆင္းကာ ျပတင္းေပါက္နားရပ္ေငြရွင္းေပးရင္း အေႂကြတို႔အားအိတ္ေထာင္ထဲထိုးထည့္လိုက္သည္။

"ႏြားနို႔ေသာက္ေနတာလား?"

"ေရေသာက္ေနတာ။"

ကေလးေလးကႏြားနို႔ေသာက္ေနတာမဟုတ္ဘူးဟု ၾကားၿပီးေနာက္မွာေတာ့ ဟယ့္ေက်ာင္းသည္ စိတ္ထဲႏွေျမာတသျဖစ္သြားရသည္။

"တျခားဟာမ်ားေတြးလို႔မရဘူးလား မင္းအေတြးႀကီးကအႏၲရာယ္မ်ားလြန္းတယ္. ."

ရွဲ႕ယြီသည္ ေရခြက္ကိုခ်လိုက္ၿပီး ကြန္ပ်ဴတာစခရင္ညာဘက္ေအာက္ေထာင့္နားက ရက္စြဲကိုတစ္ခ်က္လွမ္းၾကည့္ကာ ဟယ့္ေက်ာင္းတစ္စုံတစ္ေယာက္နဲ႔ေတြ႕ဖို႔ခ်ိန္းထားသည့္ရက္ကလည္း ဒီအပတ္ပိတ္ရက္ဆိုတာကိုအမွတ္ရ၍ ေမးလိုက္ပါသည္။

"ေတြ႕ၿပီးၿပီလား?"

"မေတြ႕ရေသးဘူး အခုမွကားေပၚကဆင္းတာ။"






ဟယ့္ေက်ာင္းသည္ ခ်ိန္းသည့္ေနရာအားရွာလို႔ေတြ႕၏—-  —- တကယ္တမ္းၾကရွာစရာပင္မလိုပါ ၊ ထိုဆိုင္မွာအလယ္တန္းတက္တုန္းက သူတို႔သုံးေယာက္အလာမ်ားသည့္ ေက်ာင္းႏွင့္နီးသည့္ေခါက္ဆြဲဆိုင္ပင္ျဖစ္သည္။

မွတ္မိေနေသးသည္မွာေတာ့ က်ဥ္းေျမာင္းကာယိုယြင္းအိုေဟာင္းေနသည့္ဆိုင္ငယ္ကေလး။ နံရံတို႔ထက္ကား ဆီေငြ႕မီးခိုးေငြ႕ေတြအခိုးရိုက္၍မည္းညစ္လို႔ေန၏။

အလယ္တန္းတက္စဥ္အခါက မုန့္ဖိုးရတာနည္းကာ ေက်ာင္းဆင္းခ်ိန္တြင္မေနနိုင္ေအာင္ဗိုက္ဆာလြန္း၍ အျမဲမင္းႏွစ္ယြမ္ထုတ္ငါသုံးယြမ္ထုတ္မယ္ဆိုကာ သုံးေယာက္စုလိုက္ၾကၿပီးမွေခါက္ဆြဲဝယ္စားကာ ဗိုက္ျဖည့္လိုက္ၾကသည္သာ။

"ဆိုင္ရွင္အန္တီႀကီးက ကိုယ့္ကိုမွတ္မိေသးတယ္ အဆာေျပစားဖို႔မုန့္ေတာင္လာခ်ေပးတာ. ."

ဟယ့္ေက်ာင္းသည္ ေနရာလြတ္တစ္ေနရာတြင္ဝင္ထိုင္လိုက္ရင္း ဖုန္းေျပာေနစဥ္စားပြဲထက္လက္ကိုတင္ထား၏။

"ေနာက္တစ္ေခါက္ၾက မင္းကိုေခၚလာမယ္။"

ဟယ့္ေက်ာင္းစကားေျပာေနစဥ္၌ ေလသံကပုံမွန္ပင္ျဖစ္ေပမယ့္ ဒီအ႐ူးေတာ့စိတ္ေတြပူပင္ေၾကာင့္ၾကေနေလာက္တယ္ဟု ရွဲ႕ယြီမေတြးမိတာေတာ့မရွိ။

တကယ္တမ္းလည္း ဟယ့္ေက်ာင္းမွာ ဘာလုပ္လို႔ဘာကိုင္ရမည္မသိရွိေနရသည္။

ေခါက္ဆြဲဆိုင္မွာ ဘယ္အခ်ိန္ကတည္းကအသစ္ျပန္ေဆာက္ထားသည္မသိေပမယ့္ မီန်ဴးထက္တြင္ေတာ့ ရင္းႏွီးသည့္ဟင္းပြဲေတြကိုေတြ႕ရသည္။ အသစ္ထပ္ထည့္ထားတာေတြလည္း အနည္းငယ္ရွိ၏ ၊ ဟယ့္ေက်ာင္းသည္ ေျပာၿပီးေနာက္ မီန်ဴးထက္က 'င႐ုတ္အႏွစ္ေခါက္ဆြဲ'ဆိုသည့္စကားလုံးတို႔ထံခဏမၽွစိုက္ၾကည့္ကာ အသံတိတ္သက္ျပင္းခ်ရင္း ျပတင္းေပါက္အျပင္ဘက္သို႔လွမ္းၾကည့္မိ၏။

ရွဲ႕ယြီက မ်ားမ်ားစားစားမဆို ၊ ကိစၥရွိရင္သူ႔စီဖုန္းဆက္ဟုသာေျပာလာသည္။

ရွဲ႕ယြီသည္ ေျခဗလာျဖင့္ ကြန္ပ်ဴတာေရွ႕ကထိုင္ခုံႀကီးထက္ေကြးထိုင္ေနရင္း ဖုန္းခ်ခါနီးမွတစ္ခြန္းေျပာလိုက္ပါသည္။

"ေဆးလိပ္မေသာက္ရဘူးေနာ္။"

ဟယ့္ေက်ာင္းက ေျပာသည္။

"ေကာင္းပါၿပီဗ်။"





ရွဲ႕ယြီသည္ အာ႐ုံသိပ္မပ်ံ႕လြင့္ေတာ့ဘဲ သင္ခန္းစာဗီဒီယိုဖိုင္အားအၿပီးထိ ေသခ်ာလိုက္နားေထာင္ျဖစ္သည္။ အိပ္ခါနီးဖုန္းကိုတစ္ခ်က္ဝင္ၾကည့္ရာ group chatထဲမွာေတာ့အမၽွင္မျပတ္စကားေတြေဖာင္ဖြဲ႕ေနၾကလ်က္ရွိ၏။ ရႊီခ်င္ခ်င္မွာ သရဲကားၾကည့္ခ်င္ၿပီး တစ္ေယာက္တည္းလည္းမၾကည့္ရဲ၍ groupထဲသူနဲ႔အတူလိုက္ၾကည့္ေပးဖို႔အေဖာ္လာရွာရာ အဆုံးမွာေတာ့ အတန္းgroup chatတစ္ခုလုံး 'အားးး ! ! !' ဆိုသည္မ်ားသာလႊမ္းမိုးလို႔သြား၏။

ဟယ့္ေက်ာင္းဘက္စီကေနေတာ့ ဘာအသံမွမၾကားရ။ သူသည္ထိုအေၾကာင္းစဥ္းစားရင္း အိပ္ခါနီး၌ silent modeအားပိတ္ထားလိုက္ပါသည္။

ဟယ့္ေက်ာင္းထံမွ ဖုန္းဝင္လာခ်ိန္က (၁၂)နာရီပင္ထိုးခါနီးေနေလၿပီ။

အရင္လိုသာဆိုပါက ရွဲ႕ယြီသည္မကိုင္ဘဲထား blockပစ္ကာ ဖုန္းကိုလႊင့္ပစ္စသည့္ဝန္ေဆာင္မွုေတြတသီႀကီးေပးလိုက္မည္သာျဖစ္သည္။

သူ႔အထင္ ဟယ့္ေက်ာင္းအိမ္ျပန္ေရာက္ေလာက္ၿပီဟု မွန္းဆထားေပမယ့္ ဖုန္းကိုင္လိုက္ၿပီးနားေထာင္ခ်ိန္၌ တစ္ဖက္မွေနကားဟြန္းသံေတြပါခပ္ေရးေရးၾကားလိုက္ရသည္။

"မင္းဘယ္မွာလဲ?"

ဟယ့္ေက်ာင္းကမထူး။

ရွဲ႕ယြီ သုံးခါေျမာက္ေမးၿပီး ေမးရတာစိတ္မရွည္ျဖစ္လာခါနီးခ်ိန္မွ ဟယ့္ေက်ာင္းကႏွုတ္ဟ၍ သူ႔နာမည္အားေခၚလာသည္။

ဟယ့္ေက်ာင္းေလသံသည္ကား ဗလုံးဗေထြးျဖင့္မူးေနသံေရာယွက္လို႔ အသိဥာဏ္လြတ္ကင္းေနပုံရလ်က္ရွိေပမယ့္ သူ႔နာမည္ကိုေရရြတ္လာခ်ိန္မွာေတာ့ အေလးအနက္ရွိလြန္းကာ ၾကင္နာခ်စ္ခင္မွုတို႔အျပည့္။

"ရွဲ႕ယြီ။"

ဟယ့္ေက်ာင္းမွာ သူ႔နာမည္အားထပ္ခါထပ္ခါအေခါက္ေရအေတာ္မ်ားမ်ားေခၚဆိုလာ၏။ ေလသံကကြဲအက္လို႔ ရွုပ္ေထြးေနသည့္စိတ္ခံစားခ်က္တို႔ပါေရာယွက္ေနကာ ေဘးပတ္ဝန္းက်င္ကအသံတို႔ပါၾကားညႇပ္ပါဝင္လ်က္ရွိသည္။

"ေကာ. ."

ရွဲ႕ယြီသည္ အိပ္ခ်င္စိတ္လုံးလုံးေပ်ာက္ကာ ထရပ္လိုက္ပါ၏။ ေလေအးေပးစက္အားအေစာကတည္းက ပိတ္ထားေပမယ့္ အေအးဓာတ္မွာအဝတ္အပါးစအတြင္းတိုးေဝွ႕ဝင္ေရာက္လာသည္။

"မင္း အရက္ေသာက္ထားတာလား?"

ဟယ့္ေက်ာင္းသည္ လမ္းေဘးတြင္ေဆာင့္ေၾကာင့္ထိုင္ေနရင္း လက္ဖဝါးျပင္ထဲမ်က္ႏွာကြယ္ဝွက္ထား၏။ အစကေတာ့ ဘာမွမျဖစ္ပါ ၊ ရွဲ႕ယြီအား ေဘးကင္းေၾကာင္းဖုန္းဆက္လွမ္းေျပာခ်င္႐ုံေပမယ့္ ရွဲ႕ယြီအသံေလးတစ္ခ်က္အားၾကားမိတာႏွင့္ ေသာက္ထားတာကေထြလာကာ မခ်ဳပ္တည္းနိုင္ေတာ့ဘဲ. . .  . . . ေခၚေနခ်င္မိေတာ့သည္။





ဟယ့္ေက်ာင္းမွာ နဂိုကဆို ထိုကိစၥကလြယ္လြယ္နဲ႔အဆုံးသတ္မွာမဟုတ္ဟု ထင္ထားခဲ့တာျဖစ္သည္။

ရလဒ္ကေတာ့ ထရပ္ကာ ေရွ႕ဆက္ေလၽွာက္ၿပီး ထိုအေရွ႕ေရာက္သြားခိုက္မွာေတာ့ သူထင္သေလာက္ႀကီးလည္းခက္ခဲမေနေၾကာင္း ေတြ႕လိုက္ရသည္။

ဆုံၾကခ်ိန္တြင္ သူ႔ထံသို႔ အာ့ေလကတန္းတန္းမတ္မတ္ပဲ လက္သီးတစ္ခ်က္ပစ္သြင္းလာလ်က္ ထိုးၿပီးေနာက္သူ႔အားေမးလာ၏။

"ေက်နပ္ၿပီလား စိတ္ထဲေနသာသြားၿပီလား။"

ထိုဆြဲထိုးလာတဲ့လက္သီးခ်က္က က်ီစယ္ျခင္းမဟုတ္ ၊ အားကုန္သုံးပစ္သြင္းလာျခင္းျဖစ္၍ ဟယ့္ေက်ာင္းမွာ တစ္စကၠန့္မၽွမူးေဝလို႔သြားရကာ နံရံထက္ေက်ာျပင္ကိုမွီထားရင္း ႏွုတ္ခမ္းစြန္းအားပြတ္သုတ္လိုက္သည္ ၊ ပါးစပ္တြင္းမွေနေသြးညႇီနံ႔အနည္းငယ္လည္း ရလိုက္သည္။

ဖန္းေရွာင္ေလမွာ အရင္ကႏွင့္ကြာျခားျခင္းသိပ္မရွိ ၊  အနည္းငယ္ဝလာကာ ဝတ္စားထားပုံကရင့္က်က္ၿပီး ရြယ္တူေတြႏွင့္ယွဥ္ပါက ေက်ာင္းသားအေငြ႕အသက္တို႔ရွိမေနေတာ့။

—-  —- "အရင္ကကိစၥကို ထားလိုက္ေတာ့။"

—-  —- "အစ္ကိုေက်ာင္း အရင္တစ္ေခါက္ မင္းငါ့ကိုလာရွာတုန္းကလည္း မင္းအမွားမဟုတ္ဘူးလို႔ ငါေျပာလိုက္ပါတယ္ ၊ အခုလည္းငါအမွန္အတိုင္းတစ္ခြန္းထပ္ေျပာခ်င္ေသးတယ္ ငါမင္းကိုအျပစ္မတင္ဘူး။ မင္းနဲ႔မ်က္ႏွာခ်င္းဆိုင္ၿပီး ကိုယ္တိုင္ကိုယ္က်ေျပာခ်င္ခဲ့တာ။"

သူ႔နားတစ္ဝိုက္ အာ့ေလ၏စကားမ်ားသာ တစ္ဝဲလည္လည္ပဲ့တင္ထပ္ေန၏။

ေျပာမျပတတ္ေအာင္ရွိတဲ့ ရင္ဝကိုဖိထားတဲ့အေလးအပင္ႀကီးက အသက္ရွူေနစဲမွာပဲဝန္အကုန္ေလ်ာ့ပါးသြားသလိုပင္။

ထိုကဲ့သို႔ အဓိကက်တဲ့အရာေပ်ာက္ဆုံးသြားတဲ့ ခံစားခ်က္က လၽွပ္တစ္ျပတ္မၽွပင္။






ဟယ့္ေက်ာင္းသည္ မ်က္စိေရွ႕လမ္းမထက္က ကားေတြသြားလာေနသည္အား ၾကည့္မိသည္ ၊ ကားမီးအလင္းတို႔က ညအေမွာင္ထုကိုထိုးေဖာက္လို႔ က်ေရာက္လာသည္မွာမ်က္စိပင္က်ိန္း၏။

"မေသာက္ပါဘူး. ."

ဟယ့္ေက်ာင္းသည္ တစ္ခြန္းမၽွဆိုၿပီး တဖန္ႏွုတ္ဆိတ္ကာ မ်က္ေတာင္အသာခတ္မိ၏ ၊ မ်က္ဝန္းတို႔ကရဲလ်က္။

"နည္းနည္းေလးပဲေသာက္တာပါ။"

လၽွာေတြေတာင္ေထြေနၿပီကို မင္းေမလူးကိုနည္းနည္းပဲေသာက္တာလား။

ရွဲ႕ယြီသည္ စိတ္ပူကာေဒါသလည္းအတန္ငယ္ထြက္လာရလ်က္ အေပၚဝတ္ထပ္ဝတ္ရင္းေမးလိုက္သည္။

"မင္းအခုဘယ္မွာလဲ?"

ဟယ့္ေက်ာင္းမွာ ေက်ာင္းအနီးနားမွာပဲ ရွိစဲျဖစ္သည္။





လြန္ခဲ့တဲ့နာရီအနည္းငယ္က သုံးေယာက္သားဆုံကာ စကားေတာ့မ်ားမ်ားစားစားမေျပာျဖစ္ၾကဘဲ ဘီယာေတြသာတစ္ပုလင္းၿပီးတစ္ပုလင္းေမာ့ျဖစ္ၾကသည္။

ေလကၽြင့္ကေသာက္တာ အပက္စက္ဆုံး။

ထိုႏွစ္ေတြတုန္းကကိစၥရပ္ထဲ ေလကၽြင့္သည္ကားပါဝင္ခဲ့ျခင္းမရွိသည့္အျပင္ အာ့ေလကလည္းထြက္သြားတာျမန္၍ ကိစၥအကုန္အားေမးတဲ့စီမေရာက္ေတာ့ဘဲ သူသည္အဆိုးဆုံးသာေတြးကာေကာက္ခ်က္ခ်လို႔ပစ္ခဲ့မိသည္။ သူသည္ ဟယ့္ေက်ာင္းအကၤ်ီေကာ္လာစအားေဆာင့္ဆြဲ၍ ထိုးလို႔ပစ္ရင္းမွ လူကိုေျမျပင္ထပ္ဖိခ်ဳပ္ကာဆက္ထိုးသည္မွာ ေက်ာင္းအေစာင့္ပင္ လူနာတင္ယာဥ္ေခၚရေတာ့မလိုရွိခဲ့သည္။

"မင္းလုပ္ခဲ့တာမဟုတ္ဘူးလား တာဝန္မယူဘဲေခါင္းေရွာင္တာေပါ့ေလ—-  —-"

ဟယ့္ေက်ာင္းသည္ ရွင္းလည္းမျပသလို လက္လည္းျပန္မပါခဲ့ ၊ စိတ္ထဲမွေန ပိုၿပီးခပ္ျပင္းျပင္းထပ္ထိုးလာဖို႔သာေမၽွာ္လင့္မိ၏။

ပိုၿပီး ခပ္ၾကမ္းၾကမ္းေလးထိုး။

ထိုေနာက္ပိုင္းမွာေတာ့ ေလကၽြင့္သည္ ေက်ာင္းဆက္မတက္ေတာ့ဘဲ အလယ္တန္းအဆင့္သက္ေမြးမွုေက်ာင္းကိုသာတိုက္ရိုက္ေျပာင္းလိုက္ေတာ့သည္။ သူအထက္တန္းဝင္ခြင့္စာေမးပြဲေျဖေျဖမေျဖဖေၿဖ သိပ္ၿပီးကြာျခားမည္မဟုတ္။ 'အရင္ကသူငယ္ခ်င္း' ဆိုသူႏွင့္ပတ္သက္သည့္သတင္းေတြလည္း အကုန္ဘာမွမသိခ်င္ေတာ့။

ေနာက္တစ္ႀကိမ္ျပန္ဆုံၾကခ်ိန္ကေတာ့ တ်န့္က်စ္အနီးအနားက ထမင္းဆိုင္ေလးထဲမွာျဖစ္သည္။

ေလကၽြင့္မွာ ေဒါသထြက္ဖို႔သာသိေနခဲ့၍ ဒီလူဘယ္လိုလုပ္အမွတ္(၂)ကိုေရာက္ေနတာလဲဆိုသည္ကိုပင္ ေတြးဖို႔ေမ့သြားခဲ့၏။ ျပန္ေရာက္ကာမွလူရွာစုံစမ္းခိုင္းမိရာ ေက်ာင္းတင္မဟုတ္ အတန္းကလည္းကိုက္ညီမေနသည္ကို ေတြ႕ရွိခဲ့သည္။

တစ္ႏွစ္ေအာက္ပစ္႐ုံသာမက Aၿမိဳ႕ကသာမန္အျဖစ္ဆုံးအထက္တန္းေက်ာင္းကိုသာတက္ေရာက္ခဲ့သည္။

အာ့ေလမွာ နဂိုတုန္းကေတာ့သိပ္မေသာက္နိုင္ေသာ္ျငား ဒီႏွစ္ေတြထဲညစာစားပြဲေတြ၌အေလ့အက်င့္ျဖစ္ေန၍ ခဏေလးနဲ႔တစ္ပုလင္းေျပာင္လို႔သြားသည္။

"ငါ့မွာအလုပ္ေတြမ်ား ေနရာစုံပတ္ေျပးေနရတာနဲ႔ ေမ့ေနၿပီ. . .  . . . မင္းနဲ႔ အစ္ကိုေက်ာင္း ဒီႏွစ္ေတြထဲမဆုံမိၾကဘူးေပါ့?"

"ဆုံမိတယ္. ."

ဟယ့္ေက်ာင္းေသာက္တာကလည္း မ်ား၏ ၊ သူသည္ေနာက္ကိုမွီကာ လက္ထဲကဘီယာပုလင္းအကုန္အား စားပြဲထက္တင္လိုက္သည္။

"ေရွ႕လအနည္းငယ္တုန္းက ခဏစကားေျပာျဖစ္ၾကတယ္။"

ေလကၽြင့္ : "မင္းေမႀကီးေတာ္ကို စကားေျပာတာလား ၊ လက္သီးအခ်င္းခ်င္းသုံးတာကိုလည္း စကားေျပာတယ္ယူဆတယ္ေပါ့?"

". . . . . ."

ေသာက္ၾကရင္းမွ အဆုံး၌သုံးေယာက္သား မူးေနသည့္ၾကားက အရင္တုန္းကေန႔ရက္တို႔ထံျပန္လည္ေရာက္ရွိသြားခဲ့သလိုပါပင္။





ရွဲ႕ယြီသည္ လိပ္စာကိုမွတ္လိုက္၏ ၊ ဟယ့္ေက်ာင္းကေသာက္လို႔ထားၿပီး တစ္ေယာက္တည္းလည္းတစ္ေယာက္တည္းညသန္းေခါင္ႀကီး၌အျပင္မွာမို႔ စိတ္မခ်ရွိရ၍ အေပၚဝတ္အကၤ်ီအားေကာက္ဝတ္ကာ အိမ္မွထြက္လာၿပီး ကားေပၚတက္ၿပီးကာမွဖုန္းေမ့က်န္ခဲ့သည္ကိုသတိရသည္။

ေလာေနတာေၾကာင့္ အေပၚဝတ္ထပ္ဝတ္ခ်ိန္တြင္ ဖုန္းကိုကုတင္ထက္ပစ္တင္ထားမိလ်က္ ဝတ္ၿပီးေနာက္ တန္းထြက္လာခဲ့တာျဖစ္သည္။

~~~~~~

ဟယ့္ေက်ာင္းသည္ လမ္းေဘးတြင္ခဏၾကာေဆာင့္ေၾကာင့္ထိုင္ေနၿပီးေနာက္ အရက္ရွိန္လည္းက်လို႔သြား၏။

လမ္းမထက္၌ လူေတြသြားသြားလာလာသိပ္မရွိေတာ့။ လူတစ္စုမွာ ေလကေလးခၽြန္လ်က္ မ်က္ႏွာခ်င္းဆိုင္ထမင္းဆိုင္မွေန ေသာက္တာမ်ား၍တစ္ေယာက္ႏွင့္တစ္ေယာက္ပုခုံးခ်င္းဖက္ ထြက္လာၾကသည္။ အသက္ငယ္ငယ္ရြယ္ရြယ္ေတြျဖစ္ၿပီး ထိုအုပ္စုထဲ၌ မိန္းကေလးတခ်ိဳ႕လည္းပါ၏။

မိုးကဆုံးဆုံးခ်ဳပ္သြားၿပီျဖစ္ေပမယ့္ လမ္းမီးေရာင္တို႔ရွိရာ တစ္ဖက္လမ္းသို႔ေကာင္းေကာင္းလွမ္းျမင္ရသည္။ သူ(မ)တို႔မွာ အခ်င္းခ်င္းတြန္းတိုက္ကာဆိုလာၾကေတာ့သည္။

"ေဟ့ေဟ့ေဟ့ မ်က္ႏွာခ်င္းဆိုင္ကတစ္ေယာက္ကိုၾကည့္စမ္း။"

ေကာင္ကေလးမွာ ေဆာင့္ေၾကာင့္ထိုင္ေနတာေပမယ့္ အရပ္ကရွည္မွာေသခ်ာၿပီး အေပၚဝတ္အားဇစ္ပင္ဆြဲမထား ၊ ေခါင္းကိုလည္းငုံ႔ထား၍ မ်က္ႏွာအားေသခ်ာမျမင္ေတြ႕ရေသာ္ျငား ထိုသူ၏ကိုယ္လုံးကိုယ္ေပါက္ ဟန္အမူအရာတို႔ကသာမန္ထက္ထူးကဲ၏။

ဟယ့္ေက်ာင္းမွာ ညသန္းေခါင္ႀကီးေစ်းေရာင္းတဲ့သူနဲ႔ေတြ႕ဦးမည္ဟုထင္မထား ၊ ဒီအခ်ိန္ပဲရွိေနၿပီ။

သူသည္ မ်က္လႊာကိုပင့္၍ ေရွ႕ကလူအနည္းငယ္အားလွမ္းၾကည့္ကာ 'မဝယ္ေသးဘူး'ဟုလွမ္းေျပာမည္ျပင္ခိုက္မွာပဲ တစ္စုံတစ္ေယာက္ကသူ႔အေနာက္ေကာ္လာအားဆြဲကာ အၾကမ္းပတမ္းပင္ေဆာင့္ဆြဲလို႔လာသည္။

"သူ႔မွာ သက္ဆိုင္သူရွိတယ္။"

ရွဲ႕ယြီမွာ မ်က္ႏွာမေကာင္း အၾကည့္ေတြကစိတ္အေႏွာက္အယွက္ျဖစ္ေနဟန္အျပည့္။ သူ(မ)တို႔တစ္ေတြေၾကာင္အေနၾကသည္ကိုျမင္ေတာ့ တစ္ေခါက္ထပ္ေျပာလိုက္ပါသည္။

"သူက ပိုင္ရွင္ရွိၿပီးသား။"

Continue Reading

You'll Also Like

1.1M 100K 142
Authors: Ka Pi Chu, Zhang Pei Wen Xue, Zhen Shai All credits to owner. Translated by Lilac🌺 ❗နာမည်တွေမှားနေပါတယ်၊ အချိန်မအားတာကြောင့်မပြင်ရသေးပါ။ သိ...
107K 8.3K 130
Art workကအရမ်းလှလွန်းလို့ရယ်.. ရယ်လည်းရယ်ရလို့ရယ်.. ဒီManhuaလေးကို...စပြီးမြန်မာပြန်ကြည့်လိုက်တာပါ... Enjoy!!! 😍😍😍 I do not own this and all right...
1.2M 188K 78
Original author: Yǐnlù Xīng - 引路星 Associated name:Wǒ xǐhuān nǐ de xìnxī sù 我喜欢你的信息素 I don't own this story.I just translate.Fully credit to original...
983K 136K 95
သာမန်ရိုးရှင်းတဲ့အိမ်ထောင်သည်ဘဝဟာသဘာသာပြန်လေးပါ.. All Credit original authors & translators. Fan translation and offlline purpose .